ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

50.3K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

276

270 26 0
By SoeHmue

Chapter 276: အချိန်ဆွဲခံရခြင်း

မြစ်ကမ်းစောင့်တပ် က မြစ်ရေလျှံခြင်းအတွက် ကာကွယ်တားဆီးမှုများ ကြိုတင်ဆောင်ရွက် ပြုလုပ်ထားပြီးသားဖြစ်သည်။ အကယ်၍ မြစ်ရေလျှံပါက တာရိုးကို ပြုပြင်ရန်အတွက် လူ လုပ်အား ပမာဏ အများအပြား အသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ဖို့အတွက်လည်း တူးမြောင်းများ တူးပေးရန် လိုအပ်သေးသည်။

နောက်ဆုံးတွင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာသည့်အတွက်ကြောင့် မြစ်ကမ်းစောင့်တပ်က မြစ်တစ်လျှောက် ဘေးကင်းလုံခြုံရေး တာဝန်ကို ပြန်လည် ထမ်းဆောင်ကြရသည်။ အနီးနားပတ်ဝန်းကျင်ရှိ တောရိုင်းတိရစ္ဆာန် တစ်ချို့ကို ရှင်းလင်းခြင်းကိုလည်း တာဝန်ယူကြရသည်။

လပြည့်မြို့၏ ကြီးပွားချမ်းသာခြင်းမှာ ဆားလုပ်ငန်းကြောင့်ဖြစ်သည်။ အကျိုးအမြတ် အလားအလာကောင်းများရှိနေသော်လည်း ဆားမှောင်ခိုမှာ ပြဿနာတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် မှောင်ခိုသမားများအား ဖိနှိပ်ရခြင်း အလုပ်ကိုလည်း မြစ်ကမ်းစောင့်တပ်က တာ၀န်ယူခဲ့ရသည်။ အချိန်ကြာလာသောအခါ သူတို့ကို လူအများက မြစ်ကမ်းစောင့်ရဲမက်များ ဟု ခေါ်ဝေါ်လာကြသည်။

မြစ်ကမ်းစောင့်တပ် ရုံးခန်းအတွင်းရှိ လျှို့ဝှက်အခန်း တစ်ခု အတွင်းတွင် ဗိုလ်မှူးဆန်းရှန် က လူကြီးတစ်ယောက်ကို တရိုတသေ ဦးညွတ်လိုက်သည်။ “အဖေ့ရဲ့ အကွက် က တကယ်ကို ကောင်းတာပဲ။ ၀မ်ကလန် နဲ့ ချူကလန် တို့ကို အားစိုက်စရာမလိုဘဲ ကွဲစေခဲ့တယ်”

ဆန်းဟုန် က မုတ်ဆိတ်ကို အသာအယာ သပ်လိုက်သည်။ သူ၏ အမူအရာတွင် ပျော်ရွှင်မှု သိပ်မပါဝင်ပေ။ “အဲ့ဒါက ဘယ်လိုလုပ် ဒီလောက် ရိုးရှင်းမှာလဲ။ အကယ်၍ ဒီအရာအတွက်ကြောင့်နဲ့ မိသားစုနှစ်ခု အချင်းများဖို့ လုံလောက်တယ်ဆိုရင် ချူကျုံးထန်ကို ငါ တကယ်ပဲ အထင်သေးမိမှာပဲ”

“ချူကျုန်းထန် က ကိစ္စတွေ ပြောင်းလဲနိုင်သေးတယ်ဆိုတာ ဖြစ်နိုင်လို့လား” ဆန်းရှန် မေးလိုက်သည်။

“သူက အဖြေအချို့ကို သေချာပေါက်ကို တွေးမိမှာပဲ။ ဒါပေမယ့် အဲ့ဒါ ကိစ္စမရှိပါဘူးလေ” ဆန်းဟုန် ခပ်ဖော့ဖော့ ရယ်လိုက်သည်။ “ဒီ ခွင့်ပြုမိန့်က အစပဲရှိသေးတယ်။ သူ့ကို စောင့်နေတဲ့ လှည့်ကွက် တွေ တစ်ပုံကြီး ရှိသေးတယ်။ သူတို့ရဲ့ အရေးပါတဲ့ မဟာမိတ်ကို အရင်ဆုံး ဖြတ်တောက်ပစ်ရမယ်။ ပြီးမှ သီးခြားဖြစ်နေတဲ့ ချူကလန်ကို ကိုင်ကွယ်ဖြေရှင်းရမယ်”

“လပြည့်မြို့ဝန် ကို အတော်လေး အထင်ကြီးထားပုံရတယ်။ ဒါပေမယ့် သူက အဖေ့ရဲ့ လက်ထဲမှာ ကစားခံနေတုန်းပဲ မဟုတ်လား” ဆန်းရှန် ရယ်မောလိုက်သည်။

ဆန်းဟုန် ခေါင်းခါလိုက်သည်။ “ ချူကျုန်းထန် က နိမ့်နေတာမဟုတ်ဘူး။ ငါ့ရဲ့ အနောက်မှာ အရှင်နဲ့ အရှင်မ တို့ ရှိနေလို့ပဲ။ ဒီ တားဆီးလို့မရတဲ့ အရာက လူတစ်ယောက်တည်းနဲ့ ရင်ဆိုင်လို့ရတဲ့ တစ်စုံတစ်ရာမဟုတ်ဘူး”

သူ၏ အဖေမှာ အဓိပ္ပါယ် မရှိသော အရာများကို အမြဲချဲ့ကားပြောဆိုတတ်သည်ဟု ဆန်းရှန် ရေရွတ်လိုက်သည်။ အဖေ ရဲ့ လုပ်ရပ်က ထက်မြက်နေတာပဲကို သူက တစ်ခြားလူတွေကို အထင်ကြီးနေသေးတယ်။ တကယ်ကို နှိမ့်ချတတ်တာပဲ။
“ဒါနဲ့ စကားမစပ် အဖေလည်း ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုတယ်။ လပြည့်မြို့ရဲ့ ချမ်းသာတဲ့ ကုန်သည်အချို့က အင်မော်တယ်ဗိမ္မာန်ရဲ့ ပစ္စည်းကောင်းတွေကို လာပို့ထားတာရှိတယ်” ဆန်းရှန် က သူ၏ အဖေကို သိတယ်မလား ဟူသော မျက်နှာအမူအရာ ဖြင့် ပြောလိုက်သည်။

ဆန်းဟုန်က သူ၏ သားဖြစ်သူကို မျက်လုံးလိမ့်ပြလိုက်သည်။ “နောက်ဆုံးအကြိမ်က မင်းကို အင်မော်တယ်ဗိမ္မာန်ဆီ သွားခွင့်မပြုခဲ့တာကို စိတ်ဆိုးနေတုန်းပဲလား။ ငါ ကျောလှည့်လိုက်တာနဲ့ သူတို့ရဲ့ မိန်းကလေးတွေကို လှမ်းခေါ်ရဲတယ်ပေါ့”

“သား မလုပ်ရဲပါဘူး” ဆန်းရှန် က တောင်းပန်သောအနေအထားဖြင့် ခေါင်းငိုက်လိုက်သည်။ သို့သော် စိတ်ထဲတွင် အခြားအတွေးတစ်ချို့ရှိနေသည်။
“အဖေက အမြဲတမ်း ဖြောင့်မတ်ပြီး ရိုးသားတယ်။ ဒီနေ့ အဲ့ဒီ ကိုယ်ရံတော်တွေကို ဆုံးဖြတ်ချက် အလောကြီးပြီး ခေါ်လိုက်မိတယ်။ အဖေ့ရဲ့ လေးစားစရာကောင်းတဲ့ နာမည်ကို အပုပ်ချ နိုင်ပြီးတော့ နိုင်ငံရေး တိုက်ခိုက်မှုတွေလည်း အလွယ်တကူ ဆွဲခေါ်လာနိုင်တယ်”

“တော်ဝင်အိမ်တော်က ပေးတဲ့ တာဝန်ကို ငါ ထမ်းဆောင်နေသရွေ့ ရိုးသားတယ်ဆိုတဲ့ ဂုဏ်ပုဒ်က အလကားပဲ။ ဒီနေ့ အဖေက မင်းကို အကြံဉာဏ် တစ်ခုပေးမယ်” ဆန်းဟုန် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ရိုးသားဖြောင့်မတ်တဲ့ ပုံပန်းသွင်ပြင်က ဂုဏ်သတင်းကောင်းတာက လွဲပြီးတော့ ဘာမှအသုံးမဝင်ဘူး။ အကယ်၍ မင်းက ရိုးသားပြီး ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အဲ့ဒီ အကျင့်ပျက်အရာရှိတွေထက်ကို ပိုပြီးတော့ ကောက်ကျစ်ဉာဏ်များနိုင်မှ တော်ကာကျမယ်”
“တစ်ခါတစ်ရံ အဲ့ဒီကလန်တွေရဲ့ ရက်ရောတဲ့ လက်ဆောင်ကို လက်ခံမှပဲ နောက်ပိုင်းမှာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရတာ ပိုလွယ်ကူစေလိမ့်မယ်။ မလိုအပ်တဲ့ နားလည်မှုလွဲတာ တစ်ချို့ ရှင်းသွားတာပေါ့…ဒီတစ်ခါ အဖေတို့ကို ပေးခဲ့တဲ့ တာဝန်က ချူကလန်ကို ဖြေရှင်းပြီးတော့ သူတို့ရဲ့ ဆား နဲ့ သံသတ္တု ကြွယ်ဝမှုတွေကို လွှတ်တော်ဆီ ပြန်ယူခဲ့ဖို့ပဲ။ ကျန်တဲ့အရာအားလုံးက ဒုတိယပဲ”

ဆန်းရှန် လေးစားစွာ ဦးညွတ်လိုက်သည်။ “အဖေ့ရဲ့ လမ်းညွှန်မှုတွေက အမြော်အမြင်ကြီးလှပါတယ်”
သူ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ မိန်းမတွေနဲ့ အိပ်ဖို့အတွက်ကိုတောင် ဒီလို သင့်တော်တဲ့ စကားလုံးတွေ အကြောင်းပြချက်တွေနဲ့ အမှန်လုပ်ချင်နေသေးတယ်။ ဒီကမ္ဘာမှာ ဒီလိုလုပ်တာ အဖေတစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။

“သတင်းပို့ပါတယ်...ချူကလန်ရဲ့ သခင်လေး ဇူအန်က သူ့လူတွေခေါ်လာပြီးတော့ တွေ့ဆုံခွင့်တောင်းနေပါတယ်” တံခါးအပေါက်ဝမှ နေ၍ စစ်သားတစ်ဦးက လှမ်းလျှောင်တင်လိုက်သည်။

“ဒီကို သူ ဘာဖြစ်လို့ လာရတာလဲ” ဆန်းရှန် မျက်မှောင်ကျုံ့လိုက်သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် ဇူအန်ကို သူ တကယ်ကြည့်မရပေ။
ဒုတိယတန်းစား အလကားကောင်တစ်ယောက်က ဘယ်လိုလုပ် ချူမိန်းကလေးလို နတ်သမီးမျိုးကို ရခဲ့တာလဲ။ ဒါက ချီးပုံထဲကျတဲ့ ပန်းတစ်ပွင့်ပဲ။ မဟုတ်သေးဘူး။ ဒါက ပန်းတစ်ပွင့်က ချီးတွင်းထဲကို ပြုတ်ကျတာပဲ။
သူ၏ မိသားစုပိုင် လောင်းကစားဝိုင်းမှ ငွေစတစ်သန်းအနိုင်ရသွားခဲ့သည်ကို ပြန်သတိရမိကာ ပိုမို စိတ်ကသိကအောင့်ဖြစ်သွားစေသည်။

“မင်းရဲ့ ခံစားချက်တွေကို အရမ်းဦးစားပေးတာပဲ။ မင်းကို ငါ ဘယ်နှခါသင်ပေးရမလ၊။ မင်းက တတ်ကိုမတတ်ဘူး” ဆန်းဟုန် အလိုမကျစွာ ပြောလိုက်သည်။ သူ၏ သားဖြစ်သူမှာ မရင့်ကျက်နိုင်သေးပေ။ အဖေဖြစ်သူ၏ အရည်အချင်း တစ်စကိုပင် လိုက်မမှီသေးပေ။ “ဇူအန် ဘာအတွက်လာလဲ သွားကြည့်ရအောင်”

“ဟုတ်...” ဆန်းဟုန် ပြန်ပြောလိုက်သည်။ အဖေ ဆူတာ ထပ်ခံရတယ်။ ဒါတွေအားလုံးက အဲ့ဒီ ဇူအန်ရဲ့ အမှားကြောင့်ပဲ။ 

...

ခန်းမထဲတွင် ဇူအန် စောင့်ဆိုင်းနေသည်။ ဆန်းရှန် ထံမှ  အမျက်ပွိုင့် နှစ်ကြောင်း တက်လာသည်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။
ဇူအန် ဆွံ့အသွားသည်။ သူတို့ နှစ်ယောက်ကို တွေ့တောင်မတွေ့ရသေးဘူး။ ဘာဖြစ်လို့ သူက အရမ်းစိတ်ဆိုးနေတာလဲ။
သူ့သတို့သမီးလောင်းနဲ့ ငါနဲ့ကြားမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို သိသွားလို့များလား။
ဒါပေမယ့် အနည်းငယ် မရှင်းမရှင်း ဆက်ဆံရေးကလွဲပြီးတော့ တကယ်ကို ဘာမှမဖြစ်ခဲ့ပါဘူး။
အဲ့ဒီနေရာမှာတော့ ငါတကယ်ကို မှားခဲ့တာပဲ။

သူ အတွေးများနေစဉ်တွင် ဆန်းရှန် ရောက်လာခဲ့သည်။ “သခင်လေး ဇူ က ဘာအကြောင်းကိစ္စများရှိလို့ ဒီနေ့ မြစ်စောင့်တပ်ဖွဲ့ရုံး ကို ရောက်လာရတာလဲ”
ဒီကောင့်ကို သခင်လေး လို့ ခေါ်ရတာ ကိုင်ပေါက်ချင်စိတ်တောင်ပေါက်တယ်။ သူ့လိုလူမျိုး နဲ့ သခင်လေး ဆိုတဲ့ စကားလုံးနှစ်လုံးက ဘယ်လိုလုပ် အံဝင်ခွင်ကျမှာလဲ။
ဒါပေမယ့် အဖေကပြောထားတယ်။ ဒေါသကို အတတ်နိုင်ဆုံး ထိန်းထားတဲ့။ ဒီကောင့်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်လိုက်ရင် သူ ပိုပြီးတော့ ဆိုးသွားလိမ့်မယ်။
ဆန်းရှန် စိတ်ထဲတွင် အတွေးများ အတော်ရှုပ်ထွေးနေသည်။ သို့သော် ဇူအန်က သူ၏ ဧည့်မခံလိုစိတ်ကို အခြားတစ်နည်းဖြင့် သိနေသည်ဟု မည်ကဲ့သို့ သူ သိနိုင်မည်နည်း။

“ဒီနေ့ည တံတားအောက်မှာ တရားမဝင်ဆားတွေ တစ်ပုံကြီး ကုန်ချထားတာကို ကျုပ်တို့ ရှာတွေ့ခဲ့တယ်။ ဒါကြောင့် ဗိုလ်မှူးဆန်းရှန် က လူတွေခေါ်ပြီး အဲ့ဒီ တရားမဝင်ဆား ကုန်ကူးသူတွေကို ဖြေရှင်းစေချင်တယ်” ဇူအန်လည်း ထိုသူနှင့် အချိန်မဖြုန်းတီးချင်တော့ပေ။ ထို့ကြောင့် လိုရင်းကို ဒဲ့တိုးပြောလိုက်သည်။

“တရားမဝင်ဆား ဟုတ်လား” ဆန်းရှန် ချက်ချင်း ထိတ်လန့်သွသည်။ “ဒီသတင်းကို ညီနောင် ဇူ ဘယ်ကနေရလာခဲ့တာလဲ။ ဘာဖြစ်လို့ ငါတို့ မြစ်ကမ်းစောင့်တပ်ဖွဲ့ က ဒီအကြောင်း ဘာသတင်းမှမရတာလဲ”
စကားပြောနေရင်း သူ၏ လက်အောက်ငယ်သားတစ်ဦးကို အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုလက်အောက်ငယ်သားမှာလည်း အနည်းငယ် ခေါင်းပြန်ငြိမ့်ပြလိုက်ပြီး တိတ်တဆိတ် ဆုတ်ခွာသွားသည်။

ဇူအန် နှင့်အခြားသူများ မည်သည့်အရာတစ်ခုကိုမှ သတိမပြုမိခဲ့ပေ။ လက်ရှိ ဤနေရာတွင် မြစ်ကမ်းစောင့်တပ်ဖွဲ့၏ လူများစွာရှိနေသောကြောင့်ဖြစ်ပြီး မည်သူမှလည်း ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိပေ။
“ဒီသတင်း ဘယ်ကလာသလဲဆိုတဲ့အချက်က အခုချိန်မှာ အရေးကြီးတယ်လို့ ကျုပ်တော့မထင်ဘူး။ ဒါပေမယ့် အဲ့ဒီ ရာဇဝတ်သားတွေကို အတတ်နိုင်ဆုံး မြန်မြန်ဖမ်းဖို့လိုအပ်တယ်” ဇူအန် က ရှို့ဟုန်လေကို ဆွဲထည့်မည်မဟုတ်ပေ။

အစက သူသည် ဆန်းရှန်ကို လှောင်ပြောင်ချင်ခဲ့သည်။ ဤကဲ့သို့သော ရာဇဝတ် လှုပ်ရှားမှု၏ သတင်းမျိုးကို ဆောင်ကြာမြိုင် တစ်ခုက စစ်တပ်တစ်ခုထက်ပင် သတင်းစုဆောင်းနိုင်ခဲ့သည်ဟူ၍ ဖြစ်သည်။ သူတို့မှာ လုံးဝဆန်ကုန်မြေလေးများ မဟုတ်ပါလော။
သို့သော် အချက်အလက်တစ်ချို့ ထည့်စဉ်းစားပြီးနောက် ချူကလန်မှာ အနာဂတ်တွင်လည်း ဆန်းဟုန်တို့အပေါ် မှီခိုအားထားနေရဦးမည်ဖြစ်သည်။ ထို့ကြောင့် ထိုစကားလုံးများကို ယခုအချိန်တွင် သိမ်းထားလိုက်သည်။ ကိစ္စများ ဆုံးဖြတ်ပြီးဆုံးသည့်အခါမှ လှော်တော့မည်ဖြစ်သည်။

“ခင်ဗျားကို တကယ် မယုံကြည်ချင်လို့ မဟုတ်ဘူး။ ဒါပေမယ့် ဒီကိစ္စက အရမ်းအရေးကြီးတယ်။ အကယ်၍ တရားမဝင်ဆားကုန်ကူးသူတွေကို လှန့်သလိုဖြစ်သွားရင် နောင်အခါ သူတို့ကို ဖမ်းဆီးဖို့ ပိုခက်ခဲသွားလိမ့်မယ်” ဆန်းဟုန် က လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ကျုပ်ရဲ့ သတင်းက လုံးဝကို ယုံကြည်လို့ရတယ်။ ဗိုလ်မှူးက ကိုယ့်အပိုင်း ကိုယ်လုပ်ပြီးတော့ သူတို့ကို ဖမ်းလိုက်ရုံပဲ” ဇူအန် ပြောလိုက်သည်။ ထိုစကားမှာ ရှို့ဟုန်လေ ကို လုံးဝယုံကြည်နေ၍မဟုတ်ပေ။ သူကိုယ်တိုင်လည်း ခြေရာကောက် အတည်ပြုပြီးသားဖြစ်သည်။ ထို့ကြောင့် မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။

“ဒါဆိုလည်း ညီနောင်ဇူ က စစ်အမိန့် ကို ချရေးရဲလား” ဆန်းရှန် ထရပ်လိုက်ကာ သူ၏ အမူအရာမှာလည်း လေးနက်သွားသည်။

ဇူအန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ခေါင်းခါကာ သူပြောလိုက်သည်။ “ကျုပ်က စစ်သားတစ်ယောက်မှမဟုတ်တာပဲ။ ဘာဖြစ်လို့ စစ်အမိန့် နဲ့ အလုပ်ရှုပ်ခံရမှာလဲ”
သူ့တွင် ယုံကြည်မှုအပြည့်ရှိသော်လည်း အကြောင်းအရင်းမရှိဘဲ မစွန့်စားချင်ပေ။
မမျှော်လင့်ထားသောအရာများမှာ အမြဲတစေဖြစ်ပေါ်တတ်သည် မဟုတ်ပါလား။
ဒီကောင်က ငါ့ကို စစ်အမိန့် တစ်ချို့ပေးအောင်လုပ်ခိုင်းတာ သေချာပေါက် ကောင်းတဲ့ အရာရှိမှာမဟုတ်ဘူး။
ဇူအန် မျက်မှောင်ကျုံ့လိုက်သည်။ အနည်းငယ် တွေးလိုက်ပြီးနောက် ဤစစ်ဆင်ရေးမှာ သူ တွေးထင်ထားသလို အဆင်ပြေချောမွေ့လိမ့်မည်မဟုတ်ဟု ခံစားလိုက်ရသည်။

ဆန်းဟုန် ရယ်မောကာ ပြောလိုက်သည်။ “ညီနောင် ဇူ သတိကြီးစရာမလိုပါဘူး။ ငါက သတင်းတိကျမှုကိုပဲ သိချင်ရုံပါ။ တပ်သားတွေ စေလွှတ်ပေးရတာက ထင်သလောက်လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ အထက်အရာရှိတွေရဲ့ လက်ခံဖို့ တင်ပြဖို့လိုသေးတယ်။ အကယ်၍ ဘာမှမဟုတ်ဘဲ ဝရုန်းသုန်းကားဖြစ်စေခဲ့ရင် အထက် ကနေ အောက်ဆုံး စစ်သားတွေအထိ မကျေနပ်သံတွေ ထွက်လာစေလိမ့်မယ်”

“အထက်လူရဲ့ အမိန့်ကို တောင်းခံဖို့လိုသေးတာလား” ဇူအန် တွေဝေသွားသည်။ “ဒါဆိုလည်း ဒီမှာ ဘာဖြစ်လို့ အချိန်ဖြုန်းနေတာလဲ။ ဒီလုပ်ငန်းစဉ်ပြီးဖို့ အချိန်ဘယ်လောက် ကြာမှာလဲ”
ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုအချိန်ဖြုန်းစရာ ဘာရှိလို့လဲ။ ဒီကောင်တွေက တကယ်ကို အသုံးမဝင်ဘူးပဒ။ ဒါကြောင့် တရားမဝင်ဆားကုန်ကူးမှုက ထိန်းမရအောင်ဖြစ်နေတာ အံသြစရာမရှိတော့ပါဘူး။

ဆန်းရှန်က ခေါင်းစဉ်အမျိုးမျိုးပြကာ အချိန်ဆွဲထားလိုက်သည်။ ထိုအရာအားလုံး ကို ဇူအန် အမူအရာမပျက်ပြန်ဖြေနေရသည်။
အချိန်တခဏကြာပြီးနောက် ဇူအန် လုံးဝ စိတ်မရှည်တော့ပေ။ သူ ထရပ်ကာ ပြောလိုက်သည်။ “အကယ်၍ ဗိုလ်မှူးရဲ့ဘက်က ဘာမှ အကူအညီမဖြစ်ဘူးဆိုရင်လည်း ချူကလန် လူတွေနဲ့ပဲ ရာဇဝတ်သားတွေကို သွားဖမ်းလိုက်တော့မယ်”
အချိန်ပိုကြာသွားပါက ကိစ္စများ လွဲချော်တော့မည့်အခွင့်အရေး များနေဝည်။ ဤနေရာတွင် ကြာနေရခြင်းက သူ့ကို မကောင်းသော ခံစားချက် ခပ်မှိန်မှိန် ဖြစ်ပေါ်စေသည်။

“စိတ်အရမ်းမလောပါနဲ့ ညီနောင်ဇူ။ မကြာခင်ပြီးတော့မှာပါ” ဆန်းရှန် အကြောင်းအရာပြောင်းလိုက်သည်။ “ပြီးတော့ တရားမဝင်ဆားကုန်ကူးမှုကို ဖမ်းဆီးရမှာက ငါတို့ မြစ်ကမ်းစောင့်တပ် ရဲ့ တာဝန်ပဲမဟုတ်လား။ ဒါကြောင့် လပြည့်မြို့ဝန် ကို ဘယ်လိုလုပ် ဒုက္ခပေးရမှာလဲ။ အကယ်၍ မြို့စားသာ ဒီသတင်းကို ကြားသွားရင် တာဝန်ပျက်ကွက်မှုအတွက် ငါ အပြစ်ကြီးကြီးခံရလိမ့်မယ်”

“ နောက်ထပ် ဆယ်မိနစ် စောင့်မယ်။ ဘာမှမတိုးတက်ဘူးဆိုရင် ကိုယ့်ဘာသာပဲ ရင်ဆိုင်ဖြေရှင်းလိုက်တော့မယ်” လုပ်ရိုးလုပ်စဉ်အရ ချူကျန်းတန်က သူ့ကို ဤသို့ လာစေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဇူအန် သိနေသည်။ သူ့ကိုအသုံးချကာ နိုင်ငံရေး ရန်သူများ အခွင့်အရေး ယူခြင်းမှာ ကာကွယ်ရန်ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင် အတိုင်းအဆ မရှိ မစောင့်နေနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးက ထိုတရားမဝင်ဆားကုန်ကူးသူများကို တကယ်ပဲ ခြောက်လှန့်လိုက်ပါက အရာအားလုံး အချည်းအနှီး ဖြစ်သွားတော့မည်ဖြစ်သည်။

“မိနစ် ဟုတ်လား” ၎င်းအချိန်အတိုင်းအတာကို ဆန်းရှန် နားမလည်ပေ။ သို့သော်လည်း ဇူအန်၏ ရည်ရွယ်ချက် ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ “မကြာခင် သတင်းကြားရတော့မှာပါ။ စိတ်ရှည်ပါဦး ညီနောင်ဇူ”
နှိပ်စက်ဖွယ် မိနစ်အချို့ကို ဇူအန်စောင့်ပြီးနောက် ဆက်လက် သည်းမခံနိုင်တော့ပေ။ သူစတင် ထွက်သွားဟန်ပြင်လိုက်သည်။

တိုက်ဆိုင်ခြင်း ဟုတ်မဟုတ် မသိဘဲ စစ်သားတစ်ယောက်က ရုတ်တရက် ပြေးဝင်လာသည်။ “အထက်ကနေ အမိန့်ရပါတယ်”

ဆန်းရှန် ရယ်မောကာပြောလိုက်သည်။ “ကောင်းတယ်။ တပ်သားတွေကို ချက်ချင်း လွှတ်လိုက်တော့”

မြစ်ကမ်းစောင့် ၏ စစ်သားများ စတင်စုဝေးလာသည်။ ထိုစစ်သားများ မည်မျှ နှေးနှေးကွေးကွေး လှုပ်ရှားနေကြသနည်းဆို သူတို့၏ သံချပ်ဝတ်စုံများကိုပင် သေသေသပ်သပ်မ၀တ်နိုင်ကြပေ။ ဒါကိုဇူအန် မြင်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ဒါက စစ်သားတွေလား ရိုးရိုးလူတွေလား။
ဒီလိုစစ်တပ်မျိုးက တာဝန်ယူထားရတော့ တရားမဝင်ဆားကုန်ကူးမှုက အရမ်း ကြီးထွားလာတာ မဆန်းတော့ပါဘူး။

ဆန်းရှန်၏ အမူအရာအနည်းငယ် ပျက်သွားကာ အလျှင်အမြန် ရှင်းပြလိုက်သည်။ “မနေ့က လေ့ကျင့်ရေးက နည်းနည်းနောက်ကျသွားခဲ့တယ်။ ငါ့လူတွေ အပြည့်အဝပြန် အားမပြည့်သေးဘူးထင်တယ်”
သူ၏ လက်အောက်ငယ်သားများကို အော်ပြောလိုက်သည်။ “မြန်မြန်လုပ်ကြ။ ပျော့စိစိ လုပ်မနေကြနဲ့”

ကံမကောင်းသည်မှာ မည်မျှပင် သူ အော်ဟစ်စေကာမူ ထိုစစ်သားများမှာ ဟန်ဆောင်ရုံသာရှိနေကြသည်။ အမြန်မလုပ်ကြပေ။
တပ်သားစုဝေးမှုဖြင့်ပင် နာရီဝက်လောက် ကြာမြင့်ခဲ့သည်။
ကောင်းကင်ကို ကျေးဇူတင်ရမည်မှာ အဆုံးတွင် သူတို့ ထွက်ခွာခဲ့သောကြောင့်ဖြစ်သည်။

ထွက်ခွာသွားသော တပ်သားများကို ဆန်းဟုန် တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။ သူ၏ လက်ထဲမှ ဆေးတံကို တစ်ချက် ဖွာရှိုက်လိုက်ပြီးနောက် လိမ့်တက်လာသော မီးခိုးနောက်ကွယ်တွင် သူ၏ မျက်နှာတစ်ချက်လက်သွားသည်။
သူ၏ စိတ်ထဲတွင် တွေဝေမှုတစ်ခု ဖြစ်ပေါ်နေသည်။ “ဇူအန်က ဘယ်လိုလုပ်ပြီးတော့ တရားမဝင်ဆားကုန်သည်တွေရဲ့ ဆုံမှတ်နေရာကို သိသွားရတာလဲ”

ချူအိမ်တော်၏ အစောင့်တပ် နှင့် မြစ်စောင့်တပ်၏ စစ်သားများကိုခေါ်ကာ တံတားအောက်သို့ ဇူအန် ဦးတည်နေသည်။ တရားမဝင်ဆားကုန်ကူးသူများ ထွက်ပြေးသွားနှင့်မည်ကို ဇူအန် အလွန်စိုးရိမ်နေသည်။ သူ၏ မြင်းကို အကြမ်းပတမ်း ပြေးလွှားစေလိုက်သည်။

လမ်းတစ်ဝက်တွင် လမ်းကြားထဲမှ ဝေါယာဉ်တစ်ခု ရုတ်တရက် ပြေးထွက်လာသည်။
ဇူအန်က သူ၏ မြင်းကို အလျှင်အမြန်ဇက်ကျိုးဆွဲကာ ရပ်လိုက်ရသည်။ နောက်ဆုံးအခိုက်အတန့်တွင် ရပ်တန့်သွားခဲ့သော်လည်း ထိုအထမ်းသမားများမှာ လန့်ဖြန့်သွားခဲ့သည်။
ထိုသူများ၏ ပုခုံးအထက်ရှိ ဝေါယာဉ်ထဲမှ လူလည်း ဘေးသို့ ယိုင်သွားသည်။

“အမလေး” အထဲမှ မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာသည်။

----- ------------------------------------ ----- - - - - - - - - ----- -- -- -

Chapter 276: အခ်ိန္ဆြဲခံရျခင္း

ျမစ္ကမ္းေစာင့္တပ္ က ျမစ္ေရလွ်ံျခင္းအတြက္ ကာကြယ္တားဆီးမႈမ်ား ႀကိဳတင္ေဆာင္႐ြက္ ျပဳလုပ္ထားၿပီးသားျဖစ္သည္။ အကယ္၍ ျမစ္ေရလွ်ံပါက တာရိုးကို ျပဳျပင္ရန္အတြက္ လူ လုပ္အား ပမာဏ အမ်ားအျပား အသုံးျပဳရမည္ျဖစ္သည္။ ထို႔အျပင္ လမ္းပန္းဆက္သြယ္ေရး လြယ္ကူေခ်ာေမြ႕ဖို႔အတြက္လည္း တူးေျမာင္းမ်ား တူးေပးရန္ လိုအပ္ေသးသည္။

ေနာက္ဆုံးတြင္ လမ္းပန္းဆက္သြယ္ေရး ဖြံ႕ၿဖိဳးတိုးတက္လာသည့္အတြက္ေၾကာင့္ ျမစ္ကမ္းေစာင့္တပ္က ျမစ္တစ္ေလွ်ာက္ ေဘးကင္းလုံၿခဳံေရး တာဝန္ကို ျပန္လည္ ထမ္းေဆာင္ၾကရသည္။ အနီးနားပတ္ဝန္းက်င္ရွိ ေတာရိုင္းတိရစ္ဆာန္ တစ္ခ်ိဳ႕ကို ရွင္းလင္းျခင္းကိုလည္း တာဝန္ယူၾကရသည္။

လျပည့္ၿမိဳ႕၏ ႀကီးပြားခ်မ္းသာျခင္းမွာ ဆားလုပ္ငန္းေၾကာင့္ျဖစ္သည္။ အက်ိဳးအျမတ္ အလားအလာေကာင္းမ်ားရွိေနေသာ္လည္း ဆားေမွာင္ခိုမွာ ျပႆနာတစ္ခုျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ ေမွာင္ခိုသမားမ်ားအား ဖိႏွိပ္ရျခင္း အလုပ္ကိုလည္း ျမစ္ကမ္းေစာင့္တပ္က တာ၀န္ယူခဲ့ရသည္။ အခ်ိန္ၾကာလာေသာအခါ သူတို႔ကို လူအမ်ားက ျမစ္ကမ္းေစာင့္ရဲမက္မ်ား ဟု ေခၚေဝၚလာၾကသည္။

ျမစ္ကမ္းေစာင့္တပ္ ႐ုံးခန္းအတြင္းရွိ လွ်ို႔ဝွက္အခန္း တစ္ခု အတြင္းတြင္ ဗိုလ္မႉးဆန္းရွန္ က လူႀကီးတစ္ေယာက္ကို တရိုတေသ ဦးၫြတ္လိုက္သည္။ အေဖ့ရဲ႕ အကြက္ က တကယ္ကို ေကာင္းတာပဲ။ ၀မ်ကလန် နဲ႕ ခ်ဴကလန္ တို႔ကို အားစိုက္စရာမလိုဘဲ ကြဲေစခဲ့တယ္

ဆန္းဟုန္ က မုတ္ဆိတ္ကို အသာအယာ သပ္လိုက္သည္။ သူ၏ အမူအရာတြင္ ေပ်ာ္႐ႊင္မႈ သိပ္မပါဝင္ေပ။ အဲ့ဒါက ဘယ္လိုလုပ္ ဒီေလာက္ ရိုးရွင္းမွာလဲ။ အကယ္၍ ဒီအရာအတြက္ေၾကာင့္နဲ႕ မိသားစုႏွစ္ခု အခ်င္းမ်ားဖို႔ လုံေလာက္တယ္ဆိုရင္ ခ်ဴက်ဳံးထန္ကို ငါ တကယ္ပဲ အထင္ေသးမိမွာပဲ

ခ်ဴက်ဳန္းထန္ က ကိစၥေတြ ေျပာင္းလဲနိုင္ေသးတယ္ဆိုတာ ျဖစ္နိုင္လို႔လား ဆန္းရွန္ ေမးလိုက္သည္။

သူက အေျဖအခ်ိဳ႕ကို ေသခ်ာေပါက္ကို ေတြးမိမွာပဲ။ ဒါေပမယ့္ အဲ့ဒါ ကိစၥမရွိပါဘူးေလ ဆန္းဟုန္ ခပ္ေဖာ့ေဖာ့ ရယ္လိုက္သည္။ ဒီ ခြင့္ျပဳမိန့္က အစပဲရွိေသးတယ္။ သူ႕ကို ေစာင့္ေနတဲ့ လွည့္ကြက္ ေတြ တစ္ပုံႀကီး ရွိေသးတယ္။ သူတို႔ရဲ႕ အေရးပါတဲ့ မဟာမိတ္ကို အရင္ဆုံး ျဖတ္ေတာက္ပစ္ရမယ္။ ၿပီးမွ သီးျခားျဖစ္ေနတဲ့ ခ်ဴကလန္ကို ကိုင္ကြယ္ေျဖရွင္းရမယ္

လျပည့္ၿမိဳ႕ဝန္ ကို အေတာ္ေလး အထင္ႀကီးထားပုံရတယ္။ ဒါေပမယ့္ သူက အေဖ့ရဲ႕ လက္ထဲမွာ ကစားခံေနတုန္းပဲ မဟုတ္လား ဆန္းရွန္ ရယ္ေမာလိုက္သည္။

ဆန္းဟုန္ ေခါင္းခါလိုက္သည္။  ခ်ဴက်ဳန္းထန္ က နိမ့္ေနတာမဟုတ္ဘူး။ ငါ့ရဲ႕ အေနာက္မွာ အရွင္နဲ႕ အရွင္မ တို႔ ရွိေနလို႔ပဲ။ ဒီ တားဆီးလို႔မရတဲ့ အရာက လူတစ္ေယာက္တည္းနဲ႕ ရင္ဆိုင္လို႔ရတဲ့ တစ္စုံတစ္ရာမဟုတ္ဘူး

သူ၏ အေဖမွာ အဓိပ္ပါယ် မရွိေသာ အရာမ်ားကို အၿမဲခ်ဲ့ကားေျပာဆိုတတ္သည္ဟု ဆန္းရွန္ ေရ႐ြတ္လိုက္သည္။ အေဖ ရဲ႕ လုပ္ရပ္က ထက္ျမက္ေနတာပဲကို သူက တစ္ျခားလူေတြကို အထင္ႀကီးေနေသးတယ္။ တကယ္ကို ႏွိမ့္ခ်တတ္တာပဲ။
ဒါနဲ႕ စကားမစပ္ အေဖလည္း ကိုယ့္ခႏၶာကိုယ္ကို ဂ႐ုစိုက္ဖို႔လိုတယ္။ လျပည့္ၿမိဳ႕ရဲ႕ ခ်မ္းသာတဲ့ ကုန္သည္အခ်ိဳ႕က အင္ေမာ္တယ္ဗိမၼာန္ရဲ႕ ပစၥည္းေကာင္းေတြကို လာပို႔ထားတာရွိတယ္ ဆန္းရွန္ က သူ၏ အေဖကို သိတယ္မလား ဟူေသာ မ်က္ႏွာအမူအရာ ျဖင့္ ေျပာလိုက္သည္။

ဆန္းဟုန္က သူ၏ သားျဖစ္သူကို မ်က္လုံးလိမ့္ျပလိုက္သည္။ ေနာက္ဆုံးအႀကိမ္က မင္းကို အင္ေမာ္တယ္ဗိမၼာန္ဆီ သြားခြင့္မျပဳခဲ့တာကို စိတ္ဆိုးေနတုန္းပဲလား။ ငါ ေက်ာလွည့္လိုက္တာနဲ႕ သူတို႔ရဲ႕ မိန္းကေလးေတြကို လွမ္းေခၚရဲတယ္ေပါ့

သား မလုပ္ရဲပါဘူး ဆန္းရွန္ က ေတာင္းပန္ေသာအေနအထားျဖင့္ ေခါင္းငိုက္လိုက္သည္။ သို႔ေသာ္ စိတ္ထဲတြင္ အျခားအေတြးတစ္ခ်ိဳ႕ရွိေနသည္။
အေဖက အၿမဲတမ္း ေျဖာင့္မတ္ၿပီး ရိုးသားတယ္။ ဒီေန႕ အဲ့ဒီ ကိုယ္ရံေတာ္ေတြကို ဆုံးျဖတ္ခ်က္ အေလာႀကီးၿပီး ေခၚလိုက္မိတယ္။ အေဖ့ရဲ႕ ေလးစားစရာေကာင္းတဲ့ နာမည္ကို အပုပ္ခ် နိုင္ၿပီးေတာ့ နိုင္ငံေရး တိုက္ခိုက္မႈေတြလည္း အလြယ္တကူ ဆြဲေခၚလာနိုင္တယ္

ေတာ္ဝင္အိမ္ေတာ္က ေပးတဲ့ တာဝန္ကို ငါ ထမ္းေဆာင္ေနသေ႐ြ႕ ရိုးသားတယ္ဆိုတဲ့ ဂုဏ္ပုဒ္က အလကားပဲ။ ဒီေန႕ အေဖက မင္းကို အႀကံဉာဏ္ တစ္ခုေပးမယ္ ဆန္းဟုန္ က ေလးနက္ေသာ အသံျဖင့္ ေျပာလိုက္သည္။ ရိုးသားေျဖာင့္မတ္တဲ့ ပုံပန္းသြင္ျပင္က ဂုဏ္သတင္းေကာင္းတာက လြဲၿပီးေတာ့ ဘာမွအသုံးမဝင္ဘူး။ အကယ္၍ မင္းက ရိုးသားၿပီး ေျဖာင့္မတ္တဲ့ အရာရွိတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ အဲ့ဒီ အက်င့္ပ်က္အရာရွိေတြထက္ကို ပိုၿပီးေတာ့ ေကာက္က်စ္ဉာဏ္မ်ားနိုင္မွ ေတာ္ကာက်မယ္
တစ္ခါတစ္ရံ အဲ့ဒီကလန္ေတြရဲ႕ ရက္ေရာတဲ့ လက္ေဆာင္ကို လက္ခံမွပဲ ေနာက္ပိုင္းမွာ သူတို႔နဲ႕ ပူးေပါင္းေဆာင္႐ြက္ရတာ ပိုလြယ္ကူေစလိမ့္မယ္။ မလိုအပ္တဲ့ နားလည္မႈလြဲတာ တစ္ခ်ိဳ႕ ရွင္းသြားတာေပါ့ဒီတစ္ခါ အေဖတို႔ကို ေပးခဲ့တဲ့ တာဝန္က ခ်ဴကလန္ကို ေျဖရွင္းၿပီးေတာ့ သူတို႔ရဲ႕ ဆား နဲ႕ သံသတၱဳ ႂကြယ္ဝမႈေတြကို လႊတ္ေတာ္ဆီ ျပန္ယူခဲ့ဖို႔ပဲ။ က်န္တဲ့အရာအားလုံးက ဒုတိယပဲ

ဆန္းရွန္ ေလးစားစြာ ဦးၫြတ္လိုက္သည္။ အေဖ့ရဲ႕ လမ္းၫႊန္မႈေတြက အေျမာ္အျမင္ႀကီးလွပါတယ္
သူ၏ စိတ္ထဲတြင္ သက္ျပင္းခ်လိဳက္မိသည္။ မိန္းမေတြနဲ႕ အိပ္ဖို႔အတြက္ကိုေတာင္ ဒီလို သင့္ေတာ္တဲ့ စကားလုံးေတြ အေၾကာင္းျပခ်က္ေတြနဲ႕ အမွန္လုပ္ခ်င္ေနေသးတယ္။ ဒီကမၻာမွာ ဒီလိုလုပ္တာ အေဖတစ္ေယာက္တည္းပဲ ရွိမယ္ထင္တယ္။

သတင္းပို႔ပါတယ္...ခ်ဴကလန္ရဲ႕ သခင္ေလး ဇူအန္က သူ႕လူေတြေခၚလာၿပီးေတာ့ ေတြ႕ဆုံခြင့္ေတာင္းေနပါတယ္ တံခါးအေပါက္ဝမွ ေန၍ စစ္သားတစ္ဦးက လွမ္းေလွ်ာင္တင္လိုက္သည္။

ဒီကို သူ ဘာျဖစ္လို႔ လာရတာလဲ ဆန္းရွန္ မ်က္ေမွာင္က်ဳံ႕လိုက္သည္။ အေၾကာင္းအရင္းတစ္ခ်ိဳ႕ေၾကာင့္ ဇူအန္ကို သူ တကယ္ၾကည့္မရေပ။
ဒုတိယတန္းစား အလကားေကာင္တစ္ေယာက္က ဘယ္လိုလုပ္ ခ်ဴမိန္းကေလးလို နတ္သမီးမ်ိဳးကို ရခဲ့တာလဲ။ ဒါက ခ်ီးပုံထဲက်တဲ့ ပန္းတစ္ပြင့္ပဲ။ မဟုတ္ေသးဘူး။ ဒါက ပန္းတစ္ပြင့္က ခ်ီးတြင္းထဲကို ျပဳတ္က်တာပဲ။
သူ၏ မိသားစုပိုင္ ေလာင္းကစားဝိုင္းမွ ေငြစတစ္သန္းအနိုင္ရသြားခဲ့သည္ကို ျပန္သတိရမိကာ ပိုမို စိတ္ကသိကေအာင့္ျဖစ္သြားေစသည္။

မင္းရဲ႕ ခံစားခ်က္ေတြကို အရမ္းဦးစားေပးတာပဲ။ မင္းကို ငါ ဘယ္ႏွခါသင္ေပးရမလ၊။ မင္းက တတ္ကိုမတတ္ဘူး ဆန္းဟုန္ အလိုမက်စြာ ေျပာလိုက္သည္။ သူ၏ သားျဖစ္သူမွာ မရင့္က်က္နိုင္ေသးေပ။ အေဖျဖစ္သူ၏ အရည္အခ်င္း တစ္စကိုပင္ လိုက္မမွီေသးေပ။ ဇူအန္ ဘာအတြက္လာလဲ သြားၾကည့္ရေအာင္

ဟုတ္... ဆန္းဟုန္ ျပန္ေျပာလိုက္သည္။ အေဖ ဆူတာ ထပ္ခံရတယ္။ ဒါေတြအားလုံးက အဲ့ဒီ ဇူအန္ရဲ႕ အမွားေၾကာင့္ပဲ။ 

...

ခန္းမထဲတြင္ ဇူအန္ ေစာင့္ဆိုင္းေနသည္။ ဆန္းရွန္ ထံမွ  အမ်က္ပြိုင့္ ႏွစ္ေၾကာင္း တက္လာသည္ကို သူ ႐ုတ္တရက္ ျမင္လိုက္ရသည္။
ဇူအန္ ဆြံ႕အသြားသည္။ သူတို႔ ႏွစ္ေယာက္ကို ေတြ႕ေတာင္မေတြ႕ရေသးဘူး။ ဘာျဖစ္လို႔ သူက အရမ္းစိတ္ဆိုးေနတာလဲ။
သူ႕သတို႔သမီးေလာင္းနဲ႕ ငါနဲ႕ၾကားမွာ ဘာျဖစ္ခဲ့သလဲဆိုတာကို သိသြားလို႔မ်ားလား။
ဒါေပမယ့္ အနည္းငယ္ မရွင္းမရွင္း ဆက္ဆံေရးကလြဲၿပီးေတာ့ တကယ္ကို ဘာမွမျဖစ္ခဲ့ပါဘူး။
အဲ့ဒီေနရာမွာေတာ့ ငါတကယ္ကို မွားခဲ့တာပဲ။

သူ အေတြးမ်ားေနစဥ္တြင္ ဆန္းရွန္ ေရာက္လာခဲ့သည္။ သခင္ေလး ဇူ က ဘာအေၾကာင္းကိစၥမ်ားရွိလို႔ ဒီေန႕ ျမစ္ေစာင့္တပ္ဖြဲ႕႐ုံး ကို ေရာက္လာရတာလဲ
ဒီေကာင့္ကို သခင္ေလး လို႔ ေခၚရတာ ကိုင္ေပါက္ခ်င္စိတ္ေတာင္ေပါက္တယ္။ သူ႕လိုလူမ်ိဳး နဲ႕ သခင္ေလး ဆိုတဲ့ စကားလုံးႏွစ္လုံးက ဘယ္လိုလုပ္ အံဝင္ခြင္က်မွာလဲ။
ဒါေပမယ့္ အေဖကေျပာထားတယ္။ ေဒါသကို အတတ္နိုင္ဆုံး ထိန္းထားတဲ့။ ဒီေကာင့္ရဲ႕ နာမည္ကို တိုက္ရိုက္ေခၚလိုက္ရင္ သူ ပိုၿပီးေတာ့ ဆိုးသြားလိမ့္မယ္။
ဆန္းရွန္ စိတ္ထဲတြင္ အေတြးမ်ား အေတာ္ရႈပ္ေထြးေနသည္။ သို႔ေသာ္ ဇူအန္က သူ၏ ဧည့္မခံလိုစိတ္ကို အျခားတစ္နည္းျဖင့္ သိေနသည္ဟု မည္ကဲ့သို႔ သူ သိနိုင္မည္နည္း။

ဒီေန႕ည တံတားေအာက္မွာ တရားမဝင္ဆားေတြ တစ္ပုံႀကီး ကုန္ခ်ထားတာကို က်ဳပ္တို႔ ရွာေတြ႕ခဲ့တယ္။ ဒါေၾကာင့္ ဗိုလ္မႉးဆန္းရွန္ က လူေတြေခၚၿပီး အဲ့ဒီ တရားမဝင္ဆား ကုန္ကူးသူေတြကို ေျဖရွင္းေစခ်င္တယ္ ဇူအန္လည္း ထိုသူႏွင့္ အခ်ိန္မျဖဳန္းတီးခ်င္ေတာ့ေပ။ ထို႔ေၾကာင့္ လိုရင္းကို ဒဲ့တိုးေျပာလိုက္သည္။

တရားမဝင္ဆား ဟုတ္လား ဆန္းရွန္ ခ်က္ခ်င္း ထိတ္လန့္သြသည္။ ဒီသတင္းကို ညီေနာင္ ဇူ ဘယ္ကေနရလာခဲ့တာလဲ။ ဘာျဖစ္လို႔ ငါတို႔ ျမစ္ကမ္းေစာင့္တပ္ဖြဲ႕ က ဒီအေၾကာင္း ဘာသတင္းမွမရတာလဲ
စကားေျပာေနရင္း သူ၏ လက္ေအာက္ငယ္သားတစ္ဦးကို အနည္းငယ္ ေခါင္းၿငိမ့္ျပလိုက္သည္။ ထိုလက္ေအာက္ငယ္သားမွာလည္း အနည္းငယ္ ေခါင္းျပန္ၿငိမ့္ျပလိုက္ၿပီး တိတ္တဆိတ္ ဆုတ္ခြာသြားသည္။

ဇူအန္ ႏွင့္အျခားသူမ်ား မည္သည့္အရာတစ္ခုကိုမွ သတိမျပဳမိခဲ့ေပ။ လက္ရွိ ဤေနရာတြင္ ျမစ္ကမ္းေစာင့္တပ္ဖြဲ႕၏ လူမ်ားစြာရွိေနေသာေၾကာင့္ျဖစ္ၿပီး မည္သူမွလည္း ဤေနရာႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈမရွိေပ။
ဒီသတင္း ဘယ္ကလာသလဲဆိုတဲ့အခ်က္က အခုခ်ိန္မွာ အေရးႀကီးတယ္လို႔ က်ဳပ္ေတာ့မထင္ဘူး။ ဒါေပမယ့္ အဲ့ဒီ ရာဇဝတ္သားေတြကို အတတ္နိုင္ဆုံး ျမန္ျမန္ဖမ္းဖို႔လိုအပ္တယ္ ဇူအန္ က ရွို႔ဟုန္ေလကို ဆြဲထည့္မည္မဟုတ္ေပ။

အစက သူသည္ ဆန္းရွန္ကို ေလွာင္ေျပာင္ခ်င္ခဲ့သည္။ ဤကဲ့သို႔ေသာ ရာဇဝတ္ လႈပ္ရွားမႈ၏ သတင္းမ်ိဳးကို ေဆာင္ၾကာၿမိဳင္ တစ္ခုက စစ္တပ္တစ္ခုထက္ပင္ သတင္းစုေဆာင္းနိုင္ခဲ့သည္ဟူ၍ ျဖစ္သည္။ သူတို႔မွာ လုံးဝဆန္ကုန္ေျမေလးမ်ား မဟုတ္ပါေလာ။
သို႔ေသာ္ အခ်က္အလက္တစ္ခ်ိဳ႕ ထည့္စဥ္းစားၿပီးေနာက္ ခ်ဴကလန္မွာ အနာဂတ္တြင္လည္း ဆန္းဟုန္တို႔အေပၚ မွီခိုအားထားေနရဦးမည္ျဖစ္သည္။ ထို႔ေၾကာင့္ ထိုစကားလုံးမ်ားကို ယခုအခ်ိန္တြင္ သိမ္းထားလိုက္သည္။ ကိစၥမ်ား ဆုံးျဖတ္ၿပီးဆုံးသည့္အခါမွ ေလွာ္ေတာ့မည္ျဖစ္သည္။

ခင္ဗ်ားကို တကယ္ မယုံၾကည္ခ်င္လို႔ မဟုတ္ဘူး။ ဒါေပမယ့္ ဒီကိစၥက အရမ္းအေရးႀကီးတယ္။ အကယ္၍ တရားမဝင္ဆားကုန္ကူးသူေတြကို လွန့္သလိုျဖစ္သြားရင္ ေနာင္အခါ သူတို႔ကို ဖမ္းဆီးဖို႔ ပိုခက္ခဲသြားလိမ့္မယ္ ဆန္းဟုန္ က ေလးနက္ေသာအသံျဖင့္ေျပာလိုက္သည္။

က်ဳပ္ရဲ႕ သတင္းက လုံးဝကို ယုံၾကည္လို႔ရတယ္။ ဗိုလ္မႉးက ကိုယ့္အပိုင္း ကိုယ္လုပ္ၿပီးေတာ့ သူတို႔ကို ဖမ္းလိုက္႐ုံပဲ ဇူအန္ ေျပာလိုက္သည္။ ထိုစကားမွာ ရွို႔ဟုန္ေလ ကို လုံးဝယုံၾကည္ေန၍မဟုတ္ေပ။ သူကိုယ္တိုင္လည္း ေျခရာေကာက္ အတည္ျပဳၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ မွားယြင္းနိုင္စရာ အေၾကာင္းမရွိေပ။

ဒါဆိုလည္း ညီေနာင္ဇူ က စစ္အမိန့္ ကို ခ်ေရးရဲလား ဆန္းရွန္ ထရပ္လိုက္ကာ သူ၏ အမူအရာမွာလည္း ေလးနက္သြားသည္။

ဇူအန္၏ မ်က္လုံးမ်ား က်ဥ္းေျမာင္းသြားသည္။ ေခါင္းခါကာ သူေျပာလိုက္သည္။ က်ဳပ္က စစ္သားတစ္ေယာက္မွမဟုတ္တာပဲ။ ဘာျဖစ္လို႔ စစ္အမိန့္ နဲ႕ အလုပ္ရႈပ္ခံရမွာလဲ
သူ႕တြင္ ယုံၾကည္မႈအျပည့္ရွိေသာ္လည္း အေၾကာင္းအရင္းမရွိဘဲ မစြန့္စားခ်င္ေပ။
မေမွ်ာ္လင့္ထားေသာအရာမ်ားမွာ အၿမဲတေစျဖစ္ေပၚတတ္သည္ မဟုတ္ပါလား။
ဒီေကာင္က ငါ့ကို စစ္အမိန့္ တစ္ခ်ိဳ႕ေပးေအာင္လုပ္ခိုင္းတာ ေသခ်ာေပါက္ ေကာင္းတဲ့ အရာရွိမွာမဟုတ္ဘူး။
ဇူအန္ မ်က္ေမွာင္က်ဳံ႕လိုက္သည္။ အနည္းငယ္ ေတြးလိုက္ၿပီးေနာက္ ဤစစ္ဆင္ေရးမွာ သူ ေတြးထင္ထားသလို အဆင္ေျပေခ်ာေမြ႕လိမ့္မည္မဟုတ္ဟု ခံစားလိုက္ရသည္။

ဆန္းဟုန္ ရယ္ေမာကာ ေျပာလိုက္သည္။ ညီေနာင္ ဇူ သတိႀကီးစရာမလိုပါဘူး။ ငါက သတင္းတိက်မႈကိုပဲ သိခ်င္႐ုံပါ။ တပ္သားေတြ ေစလႊတ္ေပးရတာက ထင္သေလာက္လြယ္တဲ့ ကိစၥမဟုတ္ဘူး။ အထက္အရာရွိေတြရဲ႕ လက္ခံဖို႔ တင္ျပဖို႔လိုေသးတယ္။ အကယ္၍ ဘာမွမဟုတ္ဘဲ ဝ႐ုန္းသုန္းကားျဖစ္ေစခဲ့ရင္ အထက္ ကေန ေအာက္ဆုံး စစ္သားေတြအထိ မေက်နပ္သံေတြ ထြက္လာေစလိမ့္မယ္

အထက္လူရဲ႕ အမိန့္ကို ေတာင္းခံဖို႔လိုေသးတာလား ဇူအန္ ေတြေဝသြားသည္။ ဒါဆိုလည္း ဒီမွာ ဘာျဖစ္လို႔ အခ်ိန္ျဖဳန္းေနတာလဲ။ ဒီလုပ္ငန္းစဥ္ၿပီးဖို႔ အခ်ိန္ဘယ္ေလာက္ ၾကာမွာလဲ
ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီလိုအခ်ိန္ျဖဳန္းစရာ ဘာရွိလို႔လဲ။ ဒီေကာင္ေတြက တကယ္ကို အသုံးမဝင္ဘူးပဒ။ ဒါေၾကာင့္ တရားမဝင္ဆားကုန္ကူးမႈက ထိန္းမရေအာင္ျဖစ္ေနတာ အံၾသစရာမရွိေတာ့ပါဘူး။

ဆန္းရွန္က ေခါင္းစဥ္အမ်ိဳးမ်ိဳးျပကာ အခ်ိန္ဆြဲထားလိုက္သည္။ ထိုအရာအားလုံး ကို ဇူအန္ အမူအရာမပ်က္ျပန္ေျဖေနရသည္။
အခ်ိန္တခဏၾကာၿပီးေနာက္ ဇူအန္ လုံးဝ စိတ္မရွည္ေတာ့ေပ။ သူ ထရပ္ကာ ေျပာလိုက္သည္။ အကယ္၍ ဗိုလ္မႉးရဲ႕ဘက္က ဘာမွ အကူအညီမျဖစ္ဘူးဆိုရင္လည္း ခ်ဴကလန္ လူေတြနဲ႕ပဲ ရာဇဝတ္သားေတြကို သြားဖမ္းလိုက္ေတာ့မယ္
အခ်ိန္ပိုၾကာသြားပါက ကိစၥမ်ား လြဲေခ်ာ္ေတာ့မည့္အခြင့္အေရး မ်ားေနဝည္။ ဤေနရာတြင္ ၾကာေနရျခင္းက သူ႕ကို မေကာင္းေသာ ခံစားခ်က္ ခပ္မွိန္မွိန္ ျဖစ္ေပၚေစသည္။

စိတ္အရမ္းမေလာပါနဲ႕ ညီေနာင္ဇူ။ မၾကာခင္ၿပီးေတာ့မွာပါ ဆန္းရွန္ အေၾကာင္းအရာေျပာင္းလိုက္သည္။ ၿပီးေတာ့ တရားမဝင္ဆားကုန္ကူးမႈကို ဖမ္းဆီးရမွာက ငါတို႔ ျမစ္ကမ္းေစာင့္တပ္ ရဲ႕ တာဝန္ပဲမဟုတ္လား။ ဒါေၾကာင့္ လျပည့္ၿမိဳ႕ဝန္ ကို ဘယ္လိုလုပ္ ဒုကၡေပးရမွာလဲ။ အကယ္၍ ၿမိဳ႕စားသာ ဒီသတင္းကို ၾကားသြားရင္ တာဝန္ပ်က္ကြက္မႈအတြက္ ငါ အျပစ္ႀကီးႀကီးခံရလိမ့္မယ္

  ေနာက္ထပ္ ဆယ္မိနစ္ ေစာင့္မယ္။ ဘာမွမတိုးတက္ဘူးဆိုရင္ ကိုယ့္ဘာသာပဲ ရင္ဆိုင္ေျဖရွင္းလိုက္ေတာ့မယ္ လုပ္ရိုးလုပ္စဥ္အရ ခ်ဴက်န္းတန္က သူ႕ကို ဤသို႔ လာေစခဲ့ျခင္း ျဖစ္နိုင္သည္ဟု ဇူအန္ သိေနသည္။ သူ႕ကိုအသုံးခ်ကာ နိုင္ငံေရး ရန္သူမ်ား အခြင့္အေရး ယူျခင္းမွာ ကာကြယ္ရန္ျဖစ္သည္။
သို႔ေသာ္လည္း ဤေနရာတြင္ အတိုင္းအဆ မရွိ မေစာင့္ေနနိုင္ေပ။ အကယ္၍ တစ္စုံတစ္ဦးက ထိုတရားမဝင္ဆားကုန္ကူးသူမ်ားကို တကယ္ပဲ ေျခာက္လွန့္လိုက္ပါက အရာအားလုံး အခ်ည္းအႏွီး ျဖစ္သြားေတာ့မည္ျဖစ္သည္။

မိနစ္ ဟုတ္လား ၎အခ်ိန္အတိုင္းအတာကို ဆန္းရွန္ နားမလည္ေပ။ သို႔ေသာ္လည္း ဇူအန္၏ ရည္႐ြယ္ခ်က္ ကို အၾကမ္းဖ်င္း ခန့္မွန္းမိလိုက္သည္။ မၾကာခင္ သတင္းၾကားရေတာ့မွာပါ။ စိတ္ရွည္ပါဦး ညီေနာင္ဇူ
ႏွိပ္စက္ဖြယ္ မိနစ္အခ်ိဳ႕ကို ဇူအန္ေစာင့္ၿပီးေနာက္ ဆက္လက္ သည္းမခံနိုင္ေတာ့ေပ။ သူစတင္ ထြက္သြားဟန္ျပင္လိုက္သည္။

တိုက္ဆိုင္ျခင္း ဟုတ္မဟုတ္ မသိဘဲ စစ္သားတစ္ေယာက္က ႐ုတ္တရက္ ေျပးဝင္လာသည္။ အထက္ကေန အမိန့္ရပါတယ္

ဆန္းရွန္ ရယ္ေမာကာေျပာလိုက္သည္။ ေကာင္းတယ္။ တပ္သားေတြကို ခ်က္ခ်င္း လႊတ္လိုက္ေတာ့

ျမစ္ကမ္းေစာင့္ ၏ စစ္သားမ်ား စတင္စုေဝးလာသည္။ ထိုစစ္သားမ်ား မည္မွ် ႏွေးႏွေးေကြးေကြး လႈပ္ရွားေနၾကသနည္းဆို သူတို႔၏ သံခ်ပ္ဝတ္စုံမ်ားကိုပင္ ေသေသသပ္သပ္မ၀တ္နိုင္ၾကေပ။ ဒါကိုဇူအန္ ျမင္ရေသာအခါ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒါက စစ္သားေတြလား ရိုးရိုးလူေတြလား။
ဒီလိုစစ္တပ္မ်ိဳးက တာဝန္ယူထားရေတာ့ တရားမဝင္ဆားကုန္ကူးမႈက အရမ္း ႀကီးထြားလာတာ မဆန္းေတာ့ပါဘူး။

ဆန္းရွန္၏ အမူအရာအနည္းငယ္ ပ်က္သြားကာ အလွ်င္အျမန္ ရွင္းျပလိုက္သည္။ မေန႕က ေလ့က်င့္ေရးက နည္းနည္းေနာက္က်သြားခဲ့တယ္။ ငါ့လူေတြ အျပည့္အဝျပန္ အားမျပည့္ေသးဘူးထင္တယ္
သူ၏ လက္ေအာက္ငယ္သားမ်ားကို ေအာ္ေျပာလိုက္သည္။ ျမန္ျမန္လုပ္ၾက။ ေပ်ာ့စိစိ လုပ္မေနၾကနဲ႕

ကံမေကာင္းသည္မွာ မည္မွ်ပင္ သူ ေအာ္ဟစ္ေစကာမူ ထိုစစ္သားမ်ားမွာ ဟန္ေဆာင္႐ုံသာရွိေနၾကသည္။ အျမန္မလုပ္ၾကေပ။
တပ္သားစုေဝးမႈျဖင့္ပင္ နာရီဝက္ေလာက္ ၾကာျမင့္ခဲ့သည္။
ေကာင္းကင္ကို ေက်းဇူတင္ရမည္မွာ အဆုံးတြင္ သူတို႔ ထြက္ခြာခဲ့ေသာေၾကာင့္ျဖစ္သည္။

ထြက္ခြာသြားေသာ တပ္သားမ်ားကို ဆန္းဟုန္ တိတ္ဆိတ္စြာ ၾကည့္ေနလိုက္သည္။ သူ၏ လက္ထဲမွ ေဆးတံကို တစ္ခ်က္ ဖြာရွိုက္လိုက္ၿပီးေနာက္ လိမ့္တက္လာေသာ မီးခိုးေနာက္ကြယ္တြင္ သူ၏ မ်က္ႏွာတစ္ခ်က္လက္သြားသည္။
သူ၏ စိတ္ထဲတြင္ ေတြေဝမႈတစ္ခု ျဖစ္ေပၚေနသည္။ ဇူအန္က ဘယ္လိုလုပ္ၿပီးေတာ့ တရားမဝင္ဆားကုန္သည္ေတြရဲ႕ ဆုံမွတ္ေနရာကို သိသြားရတာလဲ

ခ်ဴအိမ္ေတာ္၏ အေစာင့္တပ္ ႏွင့္ ျမစ္ေစာင့္တပ္၏ စစ္သားမ်ားကိုေခၚကာ တံတားေအာက္သို႔ ဇူအန္ ဦးတည္ေနသည္။ တရားမဝင္ဆားကုန္ကူးသူမ်ား ထြက္ေျပးသြားႏွင့္မည္ကို ဇူအန္ အလြန္စိုးရိမ္ေနသည္။ သူ၏ ျမင္းကို အၾကမ္းပတမ္း ေျပးလႊားေစလိုက္သည္။

လမ္းတစ္ဝက္တြင္ လမ္းၾကားထဲမွ ေဝါယာဥ္တစ္ခု ႐ုတ္တရက္ ေျပးထြက္လာသည္။
ဇူအန္က သူ၏ ျမင္းကို အလွ်င္အျမန္ဇက္က်ိဳးဆြဲကာ ရပ္လိုက္ရသည္။ ေနာက္ဆုံးအခိုက္အတန့္တြင္ ရပ္တန့္သြားခဲ့ေသာ္လည္း ထိုအထမ္းသမားမ်ားမွာ လန့္ျဖန့္သြားခဲ့သည္။
ထိုသူမ်ား၏ ပုခုံးအထက္ရွိ ေဝါယာဥ္ထဲမွ လူလည္း ေဘးသို႔ ယိုင္သြားသည္။

အမေလး အထဲမွ မိန္းကေလးအသံတစ္သံ ထြက္ေပၚလာသည္။

----- ------------------------------------ ----- - - - - - - - - ----- -- -- -

Continue Reading

You'll Also Like

791K 29.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
2.1M 108K 51
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...