Chapter 271: ခွင့်ပြုချက်
ဘာဖြစ်ဖြစ်ကွာ။ ရှိရင်လည်း ရှိတယ်ပေါ့။ ငါ့ရဲ့ အစွမ်းအစတွေကို သူကိုယ်တိုင် မျက်မြင်တွေ့ချိန်တန်ပြီ။ သူ့မှာ မီးယပ်ကိုင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကြုံလာရင် ငါ့ကိုလာပြလို့ရတာပေါ့။
ဇူအန် နှာမှုတ်ကာ ခပ်တန်းတန်း ဝင်သွားလိုက်သည်။
ကြေးမုံတံလျှပ်ကြောင့် အခုဆို ခိုးဝင်ရတာ ပိုလွယ်သွားလေပြီ။ မဟာလေပြင်းတောင် သုံးစရာမလိုတော့ပေ။
ဒါပေါ့ အကြောင်းအရင်းအများစုက ချူအိမ်အစောင့်တွေမှာ အပြင်က လာတဲ့ ကျူးကျော်သူကိုပဲ သတိပိုထားနေကြလို့သာဖြစ်သည်။ အိမ်တော်တွင်းမှာပင် တစ်ယောက်ယောက်က ဟိုခိုး၀င် ဒီခိုးဝင် လုပ်လိမ့်မည်ဟု မထင်ထားကြပေ။
ချူချူယန် ပြတင်းပေါက်ကို လွယ်လွယ်ရောက်လာပြီး တံခါးကို အသာတွန်းဖွင့်လိုက်သည်။
ဒီနေ့တော့ ငါ့မိန်းမက တံခါးဖွင့်ထားဖို့ မမေ့တဲ့ပုံပဲ။
အမြန် ခုတင်နားကို ခြေဖွကာသွားလိုက်သည်။ ဘေးတွင် လှဲလျောင်းနေသော ပုံရိပ်တစ်ခုကို မြင်နိုင်လေသည်။ သို့သော် မျက်နှာကိုသေချာမြင်ရရန် အခန်းက မှောင်လွန်းနေသည်။
ဒီတစ်ခါတော့ ခုတင်ပေါ် ပစ်ဝင်ကာ လျှောက်မစမ်းရဲတော့ပေ။ အရင်တစ်ကြိမ်ကိုတော့ မတော်တဆဟုပြောကာ ကျော်လိုက်လို့ရသည်။ သို့သော် ချင်ဝမ်ယွီကို နောက်တစ်ကြိမ်ထိပါက ချူချူယန်က သူ့လက်ကို ဖြတ်ပေလိမ့်မည်။ ချင်ဝမ်ယွီ ဘာလုပ်နိုင်လဲ တွေးမိလျှင်ပင် ကြက်သီးထလာသည်။
"မိန်းမ မင်းလား" ဇူအန် မေးလိုက်သည်။
ပျင်းပျင်းရိရိအသံတစ်ခု ထွက်လာသည်။
"ဘယ်သူ ဖြစ်ရဦးမှာလဲ"
ဇူအန် စိတ်အေးသွားသည်။ ခုတင်ဘေးကိုအမြန်သွား၍ ထိုင်ချလိုက်သည်။
"မင်းအမေရော ဘယ်မှာလဲ"
ချူချူယန် အသားယူမခံရရန် အဝေးကို တန်းရွှေ့လိုက်သည်။
"ရှင် ကျွန်မကို ညကျရင် ကုရမယ်ဆိုတာ သူသိပြီးသားလေ။ သူက ဘယ်လိုလုပ် ဒီမှာမျက်နှာထူထူနဲ့ အားလုံးအရှက်ရအောင် နေမလဲ"
ဇူအန် ရယ်လိုက်သည်။
"လေးစားရတဲ့ ယောက္ခမကြီးက တကယ့်ကို တွေးပေးတတ်တာပဲ"
"အခုကျ သူ့ကို လေးစားရတဲ့ ယောက္ခမကြီးလို့ ခေါ်နေပြီပေါ့။ အစောကတော့ ရှင်တို့နှစ်ယောက်က လက်ပါကြတော့မယ့်အတိုင်းပဲ" ချူချူယန် စိတ်ရှုပ်စွာ ပြောလိုက်သည်။ သူ့စိတ်အခြေအနေကို ငဲ့၍ ဘာမှမပြောခြင်းဖြစ်သည်။ သို့သော် သူ့အမေနှင့် ထိပ်တိုက်တွေ့တာကိုတော့ ကျေနပ်ရန်အကြောင်းမရှိပေ။
"ဘယ်လိုပဲဖြစ်စေ ဘာမှမဖြစ်သွားဘူးမလား" ဇူအန် မျက်နှာပူနွေးလာသည်။
"ဟုတ်ပြီ ဟုတ်ပြီ။ အဆိုးဆုံးမှ သူ့ကို လျစ်လျူရှူလိုက်မယ် ဟုတ်ပြီလား။ သူ ငါ့ကိုရိုက်လည်း ပြန်မလုပ်ဘူး။ ဝေဖန်လည်း ပြန်မငြင်းတော့ဘူး။ အဲ့လိုဆို ရလား"
"တကယ်လား။ အဲ့တာက ရှင်နဲ့လည်း မတူဘူး" ချူချူယန် မျက်လုံးများက သူ့ကိုစိုက်ကြည့်ရင်း ကျောက်မျက်များလို တောက်ပနေသည်။ သူတို့ထဲတွင် သံသယစိတ်များပေါ်နေသလိုပင်။
"တကယ်ပေါ့။ ဒါပေမဲ့ သူတစ်ခါ ဆူရင် သူ့သမီးကို တစ်ခါနမ်းမယ်။ သူတစ်ခါရိုက်ရင် အဲ့ခါကျ ငါလည်း..." ဇူအန်အကြည့်က ချူချူယန်၏ လှပသောကောက်ကြောင်းပေါ် ရောက်လာသည်။
"ရှင်ဘာလုပ်မလို့လဲ" ချူချူယန် ရင်ထိတ်သွားပြီး ရင်ဘတ်နားက အဝတ်ကို ဆွဲစိလိုက်မိသည်။ သူ့ကျင့်ကြံမှုက ဇူအန်ထက်မြင့်သော်လည်း အကြောင်းမရှိ ဇူအန်ကို အလိုလို ကြောက်စိတ်ရှိနေသည်။
"ဒါဆို မင်းကို တစ်ခေါက် ရိုက်မယ်လေ။ မင်းက ဘာလုပ်မယ်ထင်နေလို့လဲ"သူ့ပျာယာခတ်နေသော အမူအရာကိုကြည့်ကာ ဇူအန် ပြုံးလိုက်မိသည်။
ချူချူယန် ပြောစရာ မရှိတော့ပေ။
ဒါက လုံးဝ သူတွေးနေတာမဟုတ်ဘူး။ သို့သော် အဲ့တာကို ထုတ်မပြောနိုင်ပေ။ ဒေါသထွက်စွာ ဇူအန်ကို မျက်စောင်းထိုးလိုက်သည်။
သင်သည် ချူချူယန် ထံမှ အမျက်ပွိုင့် ၅..၅...၅..၅..ရယူလိုက်သည်။
ချူချူယန် ပါးများဖောင်းလာတာ သတိထားမိပြီး ဇူအန် ရင်ခုန်လာသည်။ ဒါက ပုံမှန် အေးစက်နေမှုထက် ပိုချစ်စရာကောင်းလေသည်။ မနေနိုင်စွာ ညှစ်လိုက်မိသည်။
ချူချူယန် မျက်တောင်များ တုန်ခါလာသည်။ မျက်နှာပူလျက် ဘေးသို့ ခေါင်းလွှဲလိုက်ကာ လက်နှစ်ဖက်က အိပ်ရာခင်းကို ဆုတ်ကိုင်ထားမိသည်။ ဘာလုပ်ရမလဲမသိစွာ စိတ်ထဲတွင် ရုန်းကန်နေသည်။
သူ့ကို ချက်ချင်းမငြင်းပယ်သောကြောင့် ဇူအန် ပျော်သွားသည်။
ဒီရက်တွေ သူ့ကို ကုဖို့သုံးရတဲ့အချိန်တွေက အလကားမဖြစ်ဘူးပဲ။ ပထမတစ်ချက် ရှင်းသွားပြီ။ ငါတို့က အရင်ကထက် ပိုရင်းနှီးလာပြီ။
ဇူအန် သူမပါးကို နမ်းရန်ပြင်လိုက်စဉ် ချူချူယန် တောင့်ခဲသွားသည်။ သူ့ကိုရပ်ရန် လက်ကာလိုက်သည်။ ချက်ချင်း အရှက်ရနေသောမျက်နှာက ပုံမှန်အေးစက်မှုကို ပြန်ရောက်သွားသည်။
"ရှင့်ကိုယ်ပေါ်မှာ တစ်ခြားမိန်းမတစ်ယောက်ရဲ့ အနံ့ရှိတယ်"
ဇူအန် သူ့ပါးစပ်သူ ပြန်ရိုက်မိမတတ်ပင်။ သူက တစ်ခါအမှားလုပ်ပြီးသားကို နောက်တစ်ကြိမ် ကပ်ဆိုးကျအောင် လုပ်မိနေသေးသည်။
"အဲ့ဒီ ရှို့ဟုန်လေရဲ့နေရာကို နောက်တစ်ကြိမ် သွားထားပြန်တာလား" ချူချူယန် အမူအရာမဲ့လျက် မေးလာသည်။
ဇူအန် ပါးစပ်က အလိုလို အလုပ်လုပ်လာသည်။
သူဘာမှမပြောနိုင်သေးခင် ချူချူယန် နှာမှုတ်လိုက်သည်။
"ငြင်းဖို့ မကြိုးစားနဲ့။ ဒီတစ်ကြိမ် အနံ့က အရင်တစ်ခါနဲ့ အတူတူပဲ။ ဟမ့်။ သူ့အတွက်နဲ့ အမေနဲ့ရန်ဖြစ်ထားတာမှ မကြာသေးဘူး။ ချက်ချင်း သူ့ကို တွေ့ဖို့သွားတယ်ပေါ့။ ရှင်ကတော့ တစ်ခုခုပဲ။ "
သင်သည် ချူချူယန် ထံမှ အမျက်ပွိုင့် ၂၁၃ ရယူလိုက်သည်။
အမျက်ပွိုင့် များလာသည်ကိုမြင်သော် ဇူအန် စိတ်ပူသွားသည်။
ဒါကို ဆက်လွှတ်ထားရင် ငါတော့ သွားမှာ အသေအချာပဲ....
သူ အမြန်ပြောလိုက်သည်။
"ငါ မတရားအထင်လွဲခံရတာပါ။ သူ့ကို သွားရှာတာ မင်းထင်နေတဲ့ အကြောင်းကြောင့် မဟုတ်ပါဘူး။ အိမ်မှာ ဘာမှ စားစရာမရှိလို့လေ..အဲ့တာကြောင့် ဟိုမှာ သသွားစားဖို့ပြင်လိုက်တာ.."
သူ့အသံတိမ်ဝင်သွား၍ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
"ရှင်ကြိုက်တဲ့ အစေခံကို တစ်ခုခုစားဖို့ လုပ်ခိုင်းရင် သူတို့လုပ်ပေးမှာပေါ့။ အဲ့ဒီအပြင် အိမ်မှာစားစရာမရှိတာနဲ့ အပြင်က မိန်းမတစ်ယောက် ဆီမှာ သွားစားသင့်လို့လား" သူ ရှင်းမပြတာက ပိုကောင်းသေးသည်။ သူ့ပြီးစလွယ်ဆင်ခြေကြောင့် ချူချူယန် ပိုစိတ်တိုလာရသည်။
သင်သည် ချူချူယန် ထံမှ အမျက်ပွိုင့် ၄၇၆ ရယူလိုက်သည်။
ကံကောင်းစွာ ဇူအန် ခေါင်းက အလုပ်လုပ်တာ မြန်လေသည်။ အချိန်ခဏလေးအတွင်းမှာပင် နောက်တစ်ခု စဉ်းစားမိသွားသည်။
"ဒါပေါ့ စားဖို့သက်သက် သွားတာ မဟုတ်ဘူးလေ။ မင်းပဲ အစောက ဆားမှောင်ခိုကိစ္စကြောင့် မင်းခေါင်းကိုက်နေတယ်ဆို။ မင်းအတွက် စိတ်ပူလို့ အင်မော်တယ်ဗိမ္မာန်ကို သွားရတာပါ"
"ရှင်အဲ့ဒီကိုသွားတာနဲ့ ဆားမှောင်ခိုကိစ္စက ဘာဆိုင်လို့လဲ" ချူချူယန် မျက်မှောင်ကြုံ့လိုက်သည်။
ဇူအန် တံတွေးမြိုချလိုက်သည်။
"မင်းရဲ့ ချူအိမ်တော်က အစိုးရရဲ့ သရုပ်ပြလေ။ မင်းတို့သုံးလို့ အဆင်မပြေတဲ့ နည်းလမ်းတွေရှိတယ်။ ဒါပေမဲ့ အင်မော်တယ်ဗိမ္မာန်က မတူဘူး။ အဲ့ဒီနေရာကို လူစားတိုင်းလာပြီး သတင်းကလည်း အရမ်းအပြန့်မြန်တယ်။ အဲ့ဒီမှာ ရှို့ဟုန်လေ ရဲ့ နေရာက အဆင့်မြင့်တော့ သူ့မှာ အသုံးဝင်တဲ့ သတင်းတစ်ချို့ ရှိမှာပဲ ဆိုပြီး တွေးလိုက်တာ"
ထိုအခါမှ ချူချူယန် မျက်နှာထား ပျော့သွားသည်။
"ရှင် ဘယ်လိုသတင်းမျိုး မေးလို့ရခဲ့လို့လဲ"
"လပြည့်မြို့ရဲ့ အကြီးဆုံးဆားမှောင်ခိုဂိုဏ်းက ဝေလဂိုဏ်း။ ဂိုဏ်းခေါင်းဆောင်က အရမ်းကို ဆန်းကြယ်ပြီး ဘယ်သူမှ သူ့မျက်နှာကို မမြင်ဖူးကြဘူး" ဇူအန် ရှို့ဟုန်လေဆီက ကြားရသမျှကို အကုန်အသေးစိတ်ပြန်ပြောပြလိုက်သည်။
သူ့သတင်းကို ချူချူယန် အထင်ကြီးပုံမရပေ။
"နည်းနည်းကွာခြားတာကလွဲလို့ အများစုက ကျွန်မတို့ သိပြီးသားတွေ။ အဲ့ခရီးကနေ ဒါတွေပဲ ရလာတာလား"
မဟုတ်တာ။ ငါက ကြေးမုံတံလျှပ်လည်း ရလာသေးတယ်။
ဒါပေါ့ ဇူအန် အဲ့တာကို မပြောရဲပေ။ ဒါက သူ့ကို ပိုစိတ်တိုစေလိမ့်မည်။
"ဒါပေါ့ ဘယ်ဟုတ်မလဲ။ ကံမကောင်းစွာနဲ့ ရှို့ဟုန်လေက ဆားမှောင်ခိုကိစ္စကို သတိမထားဖူးဘူး။ ဒီကိစ္စကို သူကူပြီး စောင့်ကြည့်ပေးမယ်တဲ့။ အဲ့တာကြောင့် မကြာခင် ငါတို့ သတင်းတစ်ခုခုရလိမ့်မယ်လို့ ယုံတယ်"
"ဒါဆို သူ့ကို မကြာမကြာ သွားလည်နေရဦးမှာပေါ့" ချူချူယန် မကျေနပ်တာ သိသာသည်။
"အဲ့တာအားလုံး ချူအိမ်ရဲ့ အကျိုးအတွက်ပဲလေ။ ဒါပေမဲ့ အချစ်က ပြောလိုက်ရင် သူလာခေါ်ရင်တောင် မသွားတော့ဘူး။ အကုန်လုံးကို ခပ်ပြတ်ပြတ် ငြင်းလိုက်မယ်" ဇူအန် အလေးအနက် တိုင်တည်လိုက်သည်။
ချူချူယန် တွေဝေသွားသည်။ ဇူအန်ကို ထိုနေရာကို မသွားစေချင်တာ အသေအချာပင်။ သို့သော် ချူအိမ်ကြုံတွေ့နေရသော အခက်အခဲများကြောင့် ရှို့ဟုန်လေဆီက ရလာသမျှ သတင်းက အသုံးဝင်ပေလိမ့်မည်။
"အဲ့ဒီ ရှို့ဟုန်လေက ရှင့်ကို ဘာလို့ ဒီလောက်ကောင်းနေတာလဲ" မေးလိုက်သည်။
ချက်ချင်းမငြင်းပယ်တာမြင်လိုက်သော် ဇူအန် စိတ်ထဲမှ ပြောလိုက်သည်။
ဒီကလေးမက ချူအိမ်ရဲ့အကျိုးက ပထမနေရာမှာ ထားတာပဲ။
"ဒါပေါ့ အဲ့တာ ငါက ရုပ်ဖြောင့်လွန်းလို့လေ" ဇူအန် ရင်ကော့လိုက်သည်။
"မင်းလို မြို့တော်ဝန်အိမ်တော်က အဆင့်မြင့်သခင်မလေးတောင် ပြိုင်ပွဲဝင်အများကြီးထဲက ငါ့ကို ရွေးခဲ့သေးတာပဲ။ သူ့လို ရိုးရိုး အပျော်မယ်တစ်ယောက်က ငါ့ကို မကြွေရင် ချူအိမ်သခင်မလေးရဲ့ အမြင်မှားနေတယ်လို့ ထောက်ပြမနေဘူးလား။"
ချူချူယန် ပြောစရာစကား မရှိတော့ပေ။ ဒီလူက အရှက်မဲ့လွန်းတယ်။
ဆက်ငြင်းခုန်ရန် ခွန်အားမရှိတော့ဘဲ
"ထားလိုက်ပါတော့။နောက်ဆို အဲ့ဒီကိုသွားတာကို မတားတော့ဘူး။ ဒါပေမဲ့ ရှင်နောက်တစ်ကြိမ် သွားဖို့ ပြင်တဲ့အခါ နေရာနောက်တစ်ခုပါ ပြင်ထားလိုက်ဦး"
----- --------------------------- --------------- ----- - - - - - - - -
Chapter 271: ခြင့္ျပဳခ်က္
ဘာျဖစ္ျဖစ္ကြာ။ ရွိရင္လည္း ရွိတယ္ေပါ့။ ငါ့ရဲ႕ အစြမ္းအစေတြကို သူကိုယ္တိုင္ မ်က္ျမင္ေတြ႕ခ်ိန္တန္ၿပီ။ သူ႕မွာ မီးယပ္ကိုင္တာျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ ႀကဳံလာရင္ ငါ့ကိုလာျပလို႔ရတာေပါ့။
ဇူအန္ ႏွာမႈတ္ကာ ခပ္တန္းတန္း ဝင္သြားလိုက္သည္။
ေၾကးမုံတံလွ်ပ္ေၾကာင့္ အခုဆို ခိုးဝင္ရတာ ပိုလြယ္သြားေလၿပီ။ မဟာေလျပင္းေတာင္ သုံးစရာမလိုေတာ့ေပ။
ဒါေပါ့ အေၾကာင္းအရင္းအမ်ားစုက ခ်ဴအိမ္အေစာင့္ေတြမွာ အျပင္က လာတဲ့ က်ဴးေက်ာ္သူကိုပဲ သတိပိုထားေနၾကလို႔သာျဖစ္သည္။ အိမ္ေတာ္တြင္းမွာပင္ တစ္ေယာက္ေယာက္က ဟိုခိုး၀င္ ဒီခိုးဝင္ လုပ္လိမ့္မည္ဟု မထင္ထားၾကေပ။
ခ်ဴခ်ဴယန္ ျပတင္းေပါက္ကို လြယ္လြယ္ေရာက္လာၿပီး တံခါးကို အသာတြန္းဖြင့္လိုက္သည္။
ဒီေန႕ေတာ့ ငါ့မိန္းမက တံခါးဖြင့္ထားဖို႔ မေမ့တဲ့ပုံပဲ။
အျမန္ ခုတင္နားကို ေျခဖြကာသြားလိုက္သည္။ ေဘးတြင္ လွဲေလ်ာင္းေနေသာ ပုံရိပ္တစ္ခုကို ျမင္နိုင္ေလသည္။ သို႔ေသာ္ မ်က္ႏွာကိုေသခ်ာျမင္ရရန္ အခန္းက ေမွာင္လြန္းေနသည္။
ဒီတစ္ခါေတာ့ ခုတင္ေပၚ ပစ္ဝင္ကာ ေလွ်ာက္မစမ္းရဲေတာ့ေပ။ အရင္တစ္ႀကိမ္ကိုေတာ့ မေတာ္တဆဟုေျပာကာ ေက်ာ္လိုက္လို႔ရသည္။ သို႔ေသာ္ ခ်င္ဝမ္ယြီကို ေနာက္တစ္ႀကိမ္ထိပါက ခ်ဴခ်ဴယန္က သူ႕လက္ကို ျဖတ္ေပလိမ့္မည္။ ခ်င္ဝမ္ယြီ ဘာလုပ္နိုင္လဲ ေတြးမိလွ်င္ပင္ ၾကက္သီးထလာသည္။
"မိန္းမ မင္းလား" ဇူအန္ ေမးလိုက္သည္။
ပ်င္းပ်င္းရိရိအသံတစ္ခု ထြက္လာသည္။
"ဘယ္သူ ျဖစ္ရဦးမွာလဲ"
ဇူအန္ စိတ္ေအးသြားသည္။ ခုတင္ေဘးကိုအျမန္သြား၍ ထိုင္ခ်လိဳက္သည္။
"မင္းအေမေရာ ဘယ္မွာလဲ"
ခ်ဴခ်ဴယန္ အသားယူမခံရရန္ အေဝးကို တန္းေ႐ႊ႕လိုက္သည္။
"ရွင္ ကြၽန္မကို ညက်ရင္ ကုရမယ္ဆိုတာ သူသိၿပီးသားေလ။ သူက ဘယ္လိုလုပ္ ဒီမွာမ်က္ႏွာထူထူနဲ႕ အားလုံးအရွက္ရေအာင္ ေနမလဲ"
ဇူအန္ ရယ္လိုက္သည္။
"ေလးစားရတဲ့ ေယာကၡမႀကီးက တကယ့္ကို ေတြးေပးတတ္တာပဲ"
"အခုက် သူ႕ကို ေလးစားရတဲ့ ေယာကၡမႀကီးလို႔ ေခၚေနၿပီေပါ့။ အေစာကေတာ့ ရွင္တို႔ႏွစ္ေယာက္က လက္ပါၾကေတာ့မယ့္အတိုင္းပဲ" ခ်ဴခ်ဴယန္ စိတ္ရႈပ္စြာ ေျပာလိုက္သည္။ သူ႕စိတ္အေျခအေနကို ငဲ့၍ ဘာမွမေျပာျခင္းျဖစ္သည္။ သို႔ေသာ္ သူ႕အေမႏွင့္ ထိပ္တိုက္ေတြ႕တာကိုေတာ့ ေက်နပ္ရန္အေၾကာင္းမရွိေပ။
"ဘယ္လိုပဲျဖစ္ေစ ဘာမွမျဖစ္သြားဘူးမလား" ဇူအန္ မ်က္ႏွာပူႏြေးလာသည္။
"ဟုတ္ၿပီ ဟုတ္ၿပီ။ အဆိုးဆုံးမွ သူ႕ကို လ်စ္လ်ဴရႉလိုက္မယ္ ဟုတ္ၿပီလား။ သူ ငါ့ကိုရိုက္လည္း ျပန္မလုပ္ဘူး။ ေဝဖန္လည္း ျပန္မျငင္းေတာ့ဘူး။ အဲ့လိုဆို ရလား"
"တကယ္လား။ အဲ့တာက ရွင္နဲ႕လည္း မတူဘူး" ခ်ဴခ်ဴယန္ မ်က္လုံးမ်ားက သူ႕ကိုစိုက္ၾကည့္ရင္း ေက်ာက္မ်က္မ်ားလို ေတာက္ပေနသည္။ သူတို႔ထဲတြင္ သံသယစိတ္မ်ားေပၚေနသလိုပင္။
"တကယ္ေပါ့။ ဒါေပမဲ့ သူတစ္ခါ ဆူရင္ သူ႕သမီးကို တစ္ခါနမ္းမယ္။ သူတစ္ခါရိုက္ရင္ အဲ့ခါက် ငါလည္း..." ဇူအန္အၾကည့္က ခ်ဴခ်ဴယန္၏ လွပေသာေကာက္ေၾကာင္းေပၚ ေရာက္လာသည္။
"ရွင္ဘာလုပ္မလို႔လဲ" ခ်ဴခ်ဴယန္ ရင္ထိတ္သြားၿပီး ရင္ဘတ္နားက အဝတ္ကို ဆြဲစိလိုက္မိသည္။ သူ႕က်င့္ႀကံမႈက ဇူအန္ထက္ျမင့္ေသာ္လည္း အေၾကာင္းမရွိ ဇူအန္ကို အလိုလို ေၾကာက္စိတ္ရွိေနသည္။
"ဒါဆို မင္းကို တစ္ေခါက္ ရိုက္မယ္ေလ။ မင္းက ဘာလုပ္မယ္ထင္ေနလို႔လဲ"သူ႕ပ်ာယာခတ္ေနေသာ အမူအရာကိုၾကည့္ကာ ဇူအန္ ၿပဳံးလိုက္မိသည္။
ခ်ဴခ်ဴယန္ ေျပာစရာ မရွိေတာ့ေပ။
ဒါက လုံးဝ သူေတြးေနတာမဟုတ္ဘူး။ သို႔ေသာ္ အဲ့တာကို ထုတ္မေျပာနိုင္ေပ။ ေဒါသထြက္စြာ ဇူအန္ကို မ်က္ေစာင္းထိုးလိုက္သည္။
သင္သည္ ခ်ဴခ်ဴယန္ ထံမွ အမ်က္ပြိုင့္ ၅..၅...၅..၅..ရယူလိုက္သည္။
ခ်ဴခ်ဴယန္ ပါးမ်ားေဖာင္းလာတာ သတိထားမိၿပီး ဇူအန္ ရင္ခုန္လာသည္။ ဒါက ပုံမွန္ ေအးစက္ေနမႈထက္ ပိုခ်စ္စရာေကာင္းေလသည္။ မေနနိုင္စြာ ညွစ္လိုက္မိသည္။
ခ်ဴခ်ဴယန္ မ်က္ေတာင္မ်ား တုန္ခါလာသည္။ မ်က္ႏွာပူလ်က္ ေဘးသို႔ ေခါင္းလႊဲလိုက္ကာ လက္ႏွစ္ဖက္က အိပ္ရာခင္းကို ဆုတ္ကိုင္ထားမိသည္။ ဘာလုပ္ရမလဲမသိစြာ စိတ္ထဲတြင္ ႐ုန္းကန္ေနသည္။
သူ႕ကို ခ်က္ခ်င္းမျငင္းပယ္ေသာေၾကာင့္ ဇူအန္ ေပ်ာ္သြားသည္။
ဒီရက္ေတြ သူ႕ကို ကုဖို႔သုံးရတဲ့အခ်ိန္ေတြက အလကားမျဖစ္ဘူးပဲ။ ပထမတစ္ခ်က္ ရွင္းသြားၿပီ။ ငါတို႔က အရင္ကထက္ ပိုရင္းႏွီးလာၿပီ။
ဇူအန္ သူမပါးကို နမ္းရန္ျပင္လိုက္စဥ္ ခ်ဴခ်ဴယန္ ေတာင့္ခဲသြားသည္။ သူ႕ကိုရပ္ရန္ လက္ကာလိုက္သည္။ ခ်က္ခ်င္း အရွက္ရေနေသာမ်က္ႏွာက ပုံမွန္ေအးစက္မႈကို ျပန္ေရာက္သြားသည္။
"ရွင့္ကိုယ္ေပၚမွာ တစ္ျခားမိန္းမတစ္ေယာက္ရဲ႕ အနံ႕ရွိတယ္"
ဇူအန္ သူ႕ပါးစပ္သူ ျပန္ရိုက္မိမတတ္ပင္။ သူက တစ္ခါအမွားလုပ္ၿပီးသားကို ေနာက္တစ္ႀကိမ္ ကပ္ဆိုးက်ေအာင္ လုပ္မိေနေသးသည္။
"အဲ့ဒီ ရွို႔ဟုန္ေလရဲ႕ေနရာကို ေနာက္တစ္ႀကိမ္ သြားထားျပန္တာလား" ခ်ဴခ်ဴယန္ အမူအရာမဲ့လ်က္ ေမးလာသည္။
ဇူအန္ ပါးစပ္က အလိုလို အလုပ္လုပ္လာသည္။
သူဘာမွမေျပာနိုင္ေသးခင္ ခ်ဴခ်ဴယန္ ႏွာမႈတ္လိုက္သည္။
"ျငင္းဖို႔ မႀကိဳးစားနဲ႕။ ဒီတစ္ႀကိမ္ အနံ႕က အရင္တစ္ခါနဲ႕ အတူတူပဲ။ ဟမ့္။ သူ႕အတြက္နဲ႕ အေမနဲ႕ရန္ျဖစ္ထားတာမွ မၾကာေသးဘူး။ ခ်က္ခ်င္း သူ႕ကို ေတြ႕ဖို႔သြားတယ္ေပါ့။ ရွင္ကေတာ့ တစ္ခုခုပဲ။ "
သင္သည္ ခ်ဴခ်ဴယန္ ထံမွ အမ်က္ပြိုင့္ ၂၁၃ ရယူလိုက္သည္။
အမ်က္ပြိုင့္ မ်ားလာသည္ကိုျမင္ေသာ္ ဇူအန္ စိတ္ပူသြားသည္။
ဒါကို ဆက္လႊတ္ထားရင္ ငါေတာ့ သြားမွာ အေသအခ်ာပဲ....
သူ အျမန္ေျပာလိုက္သည္။
"ငါ မတရားအထင္လြဲခံရတာပါ။ သူ႕ကို သြားရွာတာ မင္းထင္ေနတဲ့ အေၾကာင္းေၾကာင့္ မဟုတ္ပါဘူး။ အိမ္မွာ ဘာမွ စားစရာမရွိလို႔ေလ..အဲ့တာေၾကာင့္ ဟိုမွာ သသြားစားဖို႔ျပင္လိုက္တာ.."
သူ႕အသံတိမ္ဝင္သြား၍ တျဖည္းျဖည္း တိတ္ဆိတ္သြားသည္။
"ရွင္ႀကိဳက္တဲ့ အေစခံကို တစ္ခုခုစားဖို႔ လုပ္ခိုင္းရင္ သူတို႔လုပ္ေပးမွာေပါ့။ အဲ့ဒီအျပင္ အိမ္မွာစားစရာမရွိတာနဲ႕ အျပင္က မိန္းမတစ္ေယာက္ ဆီမွာ သြားစားသင့္လို႔လား" သူ ရွင္းမျပတာက ပိုေကာင္းေသးသည္။ သူ႕ၿပီးစလြယ္ဆင္ေျခေၾကာင့္ ခ်ဴခ်ဴယန္ ပိုစိတ္တိုလာရသည္။
သင္သည္ ခ်ဴခ်ဴယန္ ထံမွ အမ်က္ပြိုင့္ ၄၇၆ ရယူလိုက္သည္။
ကံေကာင္းစြာ ဇူအန္ ေခါင္းက အလုပ္လုပ္တာ ျမန္ေလသည္။ အခ်ိန္ခဏေလးအတြင္းမွာပင္ ေနာက္တစ္ခု စဥ္းစားမိသြားသည္။
"ဒါေပါ့ စားဖို႔သက္သက္ သြားတာ မဟုတ္ဘူးေလ။ မင္းပဲ အေစာက ဆားေမွာင္ခိုကိစၥေၾကာင့္ မင္းေခါင္းကိုက္ေနတယ္ဆို။ မင္းအတြက္ စိတ္ပူလို႔ အင္ေမာ္တယ္ဗိမၼာန္ကို သြားရတာပါ"
"ရွင္အဲ့ဒီကိုသြားတာနဲ႕ ဆားေမွာင္ခိုကိစၥက ဘာဆိုင္လို႔လဲ" ခ်ဴခ်ဴယန္ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
ဇူအန္ တံေတြးၿမိဳခ်လိဳက္သည္။
"မင္းရဲ႕ ခ်ဴအိမ္ေတာ္က အစိုးရရဲ႕ သ႐ုပ္ျပေလ။ မင္းတို႔သုံးလို႔ အဆင္မေျပတဲ့ နည္းလမ္းေတြရွိတယ္။ ဒါေပမဲ့ အင္ေမာ္တယ္ဗိမၼာန္က မတူဘူး။ အဲ့ဒီေနရာကို လူစားတိုင္းလာၿပီး သတင္းကလည္း အရမ္းအျပန့္ျမန္တယ္။ အဲ့ဒီမွာ ရွို႔ဟုန္ေလ ရဲ႕ ေနရာက အဆင့္ျမင့္ေတာ့ သူ႕မွာ အသုံးဝင္တဲ့ သတင္းတစ္ခ်ိဳ႕ ရွိမွာပဲ ဆိုၿပီး ေတြးလိုက္တာ"
ထိုအခါမွ ခ်ဴခ်ဴယန္ မ်က္ႏွာထား ေပ်ာ့သြားသည္။
"ရွင္ ဘယ္လိုသတင္းမ်ိဳး ေမးလို႔ရခဲ့လို႔လဲ"
"လျပည့္ၿမိဳ႕ရဲ႕ အႀကီးဆုံးဆားေမွာင္ခိုဂိုဏ္းက ေဝလဂိုဏ္း။ ဂိုဏ္းေခါင္းေဆာင္က အရမ္းကို ဆန္းၾကယ္ၿပီး ဘယ္သူမွ သူ႕မ်က္ႏွာကို မျမင္ဖူးၾကဘူး" ဇူအန္ ရွို႔ဟုန္ေလဆီက ၾကားရသမွ်ကို အကုန္အေသးစိတ္ျပန္ေျပာျပလိုက္သည္။
သူ႕သတင္းကို ခ်ဴခ်ဴယန္ အထင္ႀကီးပုံမရေပ။
"နည္းနည္းကြာျခားတာကလြဲလို႔ အမ်ားစုက ကြၽန္မတို႔ သိၿပီးသားေတြ။ အဲ့ခရီးကေန ဒါေတြပဲ ရလာတာလား"
မဟုတ္တာ။ ငါက ေၾကးမုံတံလွ်ပ္လည္း ရလာေသးတယ္။
ဒါေပါ့ ဇူအန္ အဲ့တာကို မေျပာရဲေပ။ ဒါက သူ႕ကို ပိုစိတ္တိုေစလိမ့္မည္။
"ဒါေပါ့ ဘယ္ဟုတ္မလဲ။ ကံမေကာင္းစြာနဲ႕ ရွို႔ဟုန္ေလက ဆားေမွာင္ခိုကိစၥကို သတိမထားဖူးဘူး။ ဒီကိစၥကို သူကူၿပီး ေစာင့္ၾကည့္ေပးမယ္တဲ့။ အဲ့တာေၾကာင့္ မၾကာခင္ ငါတို႔ သတင္းတစ္ခုခုရလိမ့္မယ္လို႔ ယုံတယ္"
"ဒါဆို သူ႕ကို မၾကာမၾကာ သြားလည္ေနရဦးမွာေပါ့" ခ်ဴခ်ဴယန္ မေက်နပ္တာ သိသာသည္။
"အဲ့တာအားလုံး ခ်ဴအိမ္ရဲ႕ အက်ိဳးအတြက္ပဲေလ။ ဒါေပမဲ့ အခ်စ္က ေျပာလိုက္ရင္ သူလာေခၚရင္ေတာင္ မသြားေတာ့ဘူး။ အကုန္လုံးကို ခပ္ျပတ္ျပတ္ ျငင္းလိုက္မယ္" ဇူအန္ အေလးအနက္ တိုင္တည္လိုက္သည္။
ခ်ဴခ်ဴယန္ ေတြေဝသြားသည္။ ဇူအန္ကို ထိုေနရာကို မသြားေစခ်င္တာ အေသအခ်ာပင္။ သို႔ေသာ္ ခ်ဴအိမ္ႀကဳံေတြ႕ေနရေသာ အခက္အခဲမ်ားေၾကာင့္ ရွို႔ဟုန္ေလဆီက ရလာသမွ် သတင္းက အသုံးဝင္ေပလိမ့္မည္။
"အဲ့ဒီ ရွို႔ဟုန္ေလက ရွင့္ကို ဘာလို႔ ဒီေလာက္ေကာင္းေနတာလဲ" ေမးလိုက္သည္။
ခ်က္ခ်င္းမျငင္းပယ္တာျမင္လိုက္ေသာ္ ဇူအန္ စိတ္ထဲမွ ေျပာလိုက္သည္။
ဒီကေလးမက ခ်ဴအိမ္ရဲ႕အက်ိဳးက ပထမေနရာမွာ ထားတာပဲ။
"ဒါေပါ့ အဲ့တာ ငါက ႐ုပ္ေျဖာင့္လြန္းလို႔ေလ" ဇူအန္ ရင္ေကာ့လိုက္သည္။
"မင္းလို ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္က အဆင့္ျမင့္သခင္မေလးေတာင္ ၿပိဳင္ပြဲဝင္အမ်ားႀကီးထဲက ငါ့ကို ေ႐ြးခဲ့ေသးတာပဲ။ သူ႕လို ရိုးရိုး အေပ်ာ္မယ္တစ္ေယာက္က ငါ့ကို မေႂကြရင္ ခ်ဴအိမ္သခင္မေလးရဲ႕ အျမင္မွားေနတယ္လို႔ ေထာက္ျပမေနဘူးလား။"
ခ်ဴခ်ဴယန္ ေျပာစရာစကား မရွိေတာ့ေပ။ ဒီလူက အရွက္မဲ့လြန္းတယ္။
ဆက္ျငင္းခုန္ရန္ ခြန္အားမရွိေတာ့ဘဲ
"ထားလိုက္ပါေတာ့။ေနာက္ဆို အဲ့ဒီကိုသြားတာကို မတားေတာ့ဘူး။ ဒါေပမဲ့ ရွင္ေနာက္တစ္ႀကိမ္ သြားဖို႔ ျပင္တဲ့အခါ ေနရာေနာက္တစ္ခုပါ ျပင္ထားလိုက္ဦး"
----- --------------------------- --------------- ----- - - - - - - - -