ကီးဘုတ်အင်မော်တယ်-ဇူအန်
By SoeHmue
50.3K 5.9K 37
အတွဲ(၂) More
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400
262
278 39 0
By SoeHmue
Chapter 262: အခွင့်သာခိုက်
“ကျေးဇူးပြုပြီး အရင်ဝင်လာပါ” ဇူအန် ဘေးသို့ တချက်ဖယ်ပေးပြီး သူမကို အထဲဝင်ရန် ပြောလိုက်သည်။ အကယ်၍ တစ်ယောက်ယောက်က အပြင်တွင် အပေါ်ပိုင်းအဝတ်ဗလာဖြင့် ရပ်နေသည့် သူ့ကို မြင်လျှင် အလွန်ရှက်စရာကောင်းလိမ့်မည်။
ရှန်းလျှို့ယီ တုံ့ဆိုင်းနေပြီး သူ၏ အဝတ်မဲ့နေသော ကိုယ်ပေါ်ပိုင်းကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ၏ စပ်စုချင်စိတ်က အနိုင်ရသွားသည်။ ကြော့ကြော့မော့မော့ဖြင့် အခန်းထဲသို့ သူမ ဝင်သွားလိုက်သည်။
ဇူအန် တံခါးပိတ်ပြီး ပြောလိုက်သည်။ “ကျောင်းတော်ကို လာရာလမ်းမှာ ကျုပ်တို့ လူသတ်သမားနဲ့ ကြုံခဲ့ရလို့ စိတ် မငြိမ်နိုင်သေးလို့ပါ”
“လူသတ်သမား…တစ်ယောက်ယောက်က မင်းကို သေစေချင်နေတာလား” ရှန်းလျှို့ယီ ၏ လှပတင့်တယ်သော မျက်ခုံးများ အတူတကွ ကျုံ့သွားကြသည်။ သူ့ကို လူမြင်ကွင်းတွင် တိုက်ခိုက်ရဲလောက်အောင်ထိ သတ္တိရှိမယ့် သူကို သူမ မစဉ်စားနိုင်ပါ။ မည်သို့ဆိုဆို သူသည် ချူအိမ်တော်၏ သခင်လေး ဖြစ်ရုံအပြင် ကျောင်းတော်၏ ဆရာတစ်ယောက်လည်း ဖြစ်နေသည်။
“အနက်ရောင်လေခံတပ် က ချန်ရွှမ်း ပါ” ဇူအန် ဇလုံထဲ ရေထည့်လိုက်ပြီး သူ့ကိုယ်ပေါ် စွန်းထင်းနေသေးသည့် မြင်း သွေးများကို သုတ်ပစ်ရင်း ဖြစ်ပျက်ခဲ့သည့်အရာကို ရှင်းပြလိုက်သည်။
ရှန်းလျှို့ယီ ကသိကအောက်ဖြင့် တဖက်သို့ ခေါင်းလှည့်ပြီး အပြင်က ပန်းဥယျာဉ်မြင်ကွင်းကို ကြည့်ရှုနေသည့်ပမာ ဟန်ဆောင်လိုက်သည်။ “အနက်ရောင်လေခံတပ်က ချန်ရွှမ်း…မင်း သူ့ကို ဘယ်လိုရန်သွားစမိတာလဲ”
“သူက ငွေချိတ်လောင်းကစားရုံရဲ့ မေချောက်ဖုန် နဲ့ သွေးသောက်ညီအစ်ကိုတွေဖြစ်နေတာ” နှစ်ယောက်သား အတူရှိကြသည့်အချိန် သိပ်မများသော်လည်း ဇူအန် ရှန်းလျှို့ယီ ၏ အကျင့်စရိုက်ကို ယုံကြည်သည်။ သူမထံမှ ဖုံးကွယ်ထားဖို့ လိုအပ်သည်ဟု သူ မထင်ပါ။
“အဖြစ်အပျက် အဲ့လိုကိုး” ရှန်းလျှို့ယီ နူးညံ့ညင်သာသော အသံဖြင့် ပြောလိုက်သည်။ “ချန်ရွှမ်း က အဆင့် ၆ ကျင့်ကြံသူလို့ ငါ ကြားခဲ့ဖူးတယ်။ မင်း အခု ဘာလုပ်တော့မလဲ”
“စိတ်မပူပါနဲ့။ ကျုပ်က အမြဲတမ်း အရှုံးမပေးတတ်တဲ့ ကောင်ပါ။ အဲ့လောက်လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး” ဇူအန် ပြုံးရင်း ပြန်ဖြေလိုက်သည်။
သို့သော် စိတ်ထဲတွင်မူ သူ လုံးဝအေးဆေးမနေပါ။ အကယ်၍ သူတို့သာ ထိပ်တိုက်တိုက်ခိုက်ခဲ့လျှင် ကောင်းကင်ဖီးနစ်ကျင့်စဉ် ၏ အားမြှင့်တင်ပေးနိုင်မှုက သူ့ကို အနိုင်ရစေလောက်သည်။
သို့သော် ချန်ရွှမ်း သည် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိတ်ကူးနည်းနည်းလေးမျှ မရှိပါ။ ထို့အစား သူက သတ်ပစ်ဖို့သာ တိုက်ရိုက်ရွေးချယ်လိ်ုသည်။ ဤတစ်ကြိမ်တွင်မူ အမျက်ပွိုင့်၏ သတိပေးမှုခံရသဖြင့် ဇူအန် ကံကောင်းသွားခဲ့သည်။ သို့သော် နောက်တစ်ကြိမ်မှာရော သူ ကံကောင်းနိုင်အုံးမလားဆိုတာ ဘယ်သူမှ မသိကြပါ။
ရှန်းလျှို့ယီ ခဏစဉ်းစားကြည့်ပြီးနောက် ဆွဲသီးလိုမျိုး ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ “ဒါကို မင်း သိမ်းထားပါ။ အရေးပေါ်အခြေအနေမှာ ဒါက မင်းအသက်ကို ကယ်ပေးနိုင်လောက်တယ်”
“ဒါက ဘာလဲ” အစတုန်းက ၎င်းကို ကျောက်ဆွဲသီးတစ်ခုဟု ဇူအန် ထင်ထားသော်လည်း သူ့လက်ထဲ ရောက်လာသည့်အခါ ၎င်းသည် သာမာန်ကျောက်ဆွဲသီးတစ်ခုထက် ပိုပါးလွှာနေကြောင်း ရှာတွေ့သွားသည်။ သို့သော်လည်း ၎င်းသည် အတော်လေးလှ၏။ ဤအဖြူရောင်ပစ္စည်းလေးသည် ခပ်မှိန်မှိန်အပြာရောင်နှင့် လင်းလက်တောက်ပနေသည့်ဟန်ပင်။
ရှန်းလျှို့ယီ ခဏတုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။ “အဲ့ဒါကို ကျောက်ဆွဲသီးတစ်ခုလိုမျိုး သတ်မှတ်လို့ရပါတယ်။ အဲ့ဒါက အားပြင်းလွန်းတဲ့ ရိုက်ချက်ကို တစ်ကြိမ်တားဆီးပေးနိုင်မှာပါ။ ဒါပေမယ့် မှတ်ထားပါ..အဲ့ဒါက အဲ့တိုက်ခိုက်မှုကို တားဆီးပြီးတာနဲ့ ချက်ချင်းကြေမွပျက်စီးသွားမှာ၊ အဲ့ဒါကြောင့် နောက်ပိုင်းတော့ နင့်တစ်ယောက်တည်းဖြစ်လိမ့်မယ်”
“အားပြင်းလွန်းတဲ့ ရိုက်ချက်ကို တစ်ကြိမ်တားဆီးနိုင်ရုံနဲ့တင် တကယ်အံ့သြဖို့ကောင်းနေပါပြီ” ဤပစ္စည်းအသေးလေးသည် ဤမျှ အသုံးဝင်လိမ့်မယ်ဟု ဇူအန် မထင်ထားခဲ့ပါ။ သူ ပြောစရာစကား ရှာမရဖြစ်သွားသည်။ ထိုပစ္စည်းအား အလျှင်အမြန် သူမထံသို့ ပြန်ပေးရန် လုပ်ပြီး ပြောလိုက်သည်။ “ဒီလောက်အဖိုးတန်တဲ့ ပစ္စည်းမျိုးကို ကျုပ်လုံးဝလက်မခံနိုင်ဘူး”
ရှန်းလျှို့ယီ ပြုံးလိုက်သည်။ သို့သော် ထိုပစ္စည်းကို ပြန်ယူသွားဖို့ မလုပ်ပါ။ “တန်ဖိုးအရှိဆုံးပစ္စည်းက အသက်တစ်ချောင်းလောက်တော့ တန်ဖိုးမရှိနိုင်ပါဘူး။ ယူထားလိုက်ပါ။ ဒီလိုကိစ္စလေးအတွက်နဲ့ ငါ့ရဲ့ ရှားပါးတဲ့ သူငယ်ချင်း အသက်ဆုံးရှုံးသွားမှာကို ငါ တကယ် မမြင်ချင်ဘူး”
“ကောင်းပြီ။ ဒါဆို ကျုပ်ခင်ဗျားရဲ့ ကြင်နာမှုကို မငြင်းတော့ဘူး။ ဒါက အခုချိန် ကျုပ်တကယ်လိုအပ်နေတဲ့ အရာပဲ” ဇူအန် ထိုကျောက်ဆွဲသီးကို ထည့်သိမ်းထားလိုက်သည်။ “ဒါပေမယ့် ကျုပ်မှာ အဲ့အတွက် ပြန်ပေးဖို့ ဘာမှမရှိဘူး…ခင်ဗျား ငွေသားလိုချင်လား”
အခုချိန် သူ့တွင် တန်ဖိုးရှိသည့် အရာ ဘာတစ်ခုမှ မရှိပါ။ ဟိုကောင်းကင်အဆင့် ကီကျောက်တွေကလည်း မိန်လိဟာများဖြစ်သဖြင့် သူ မပေးရဲပါ။ အထူးသဖြင့် သူမ သူ့ကို ဆူပူကြိမ်းမောင်းပြီးနောက်၌ ဖြစ်သည်။ သူ့တွင် ချင်ဆီသန့်စင်ဆေး တွေလည်း မရှိတော့ပါ။ သူ့တွင် ရှိနေလျှင်တောင် ရှန်းလျှို့ယီ သည် ကျင့်ကြံခြင်း ၊ သတ်ဖြတ်ခြင်း စသည့် ကိစ္စမျိုးကို သိပ်ဂရုစိုက်သည့် လူမျိုး ဖြစ်ဟန်မပေါ်ပါ။
သူ့တွင် ရှိနေသည့် တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာသည် ငွေစက္ကူများဖြစ်သည်။ မဟုတ်ရင်တော့….သူ့ခန္ဓာကိုယ်ကို ပေးလို့တော့ မဖြစ်ဘူးမလား။
သူ့အနေဖြင့် ပေးဆပ်နိုင်သော်လည်း သူမက သဘောတူမည်မဟုတ်သည်မှာ သိသာနေသည်။
ရှန်းရှို့ယီ ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး “ငွေသားကိုတော့ ငါ မယူတော့ပါဘူး။ ဒါပေမယ့် မြေအောက်ခန်းထဲ ဘာဖြစ်သွားခဲ့တာလဲဆိုတာတော့ ငါ တကယ် သိချင်မိတယ်။ အဲ့ကနေ ထွက်လာပြီးနောက်ပိုင်း မင်း နည်းနည်းပြောင်းလဲသွားသလိုပဲ။”
“ပြဿနာမရှိဘူး” သူ့ဘာသာ ပြုံးလိုက်မိသည်။ သေချာပေါက် ငါ အများကြီးပြောင်းလဲသွားတာပေါ့။ ငါ လူပျို မဟုတ်တော့ဘူးလေ။ ခဏ….သူမက တကယ်ယုံရရဲ့လား။
“အရင်ဆုံး အဝတ်ဝတ်လိုက်ပါအုံး” သူ မတ်တပ်ရပ်လိုက်သဖြင့် သူမ ကသိကအောက်ဖြင့် အကြည့်ရွှေ့လိုက်သည်။ သူမကို ညို့ယူဆွဲဆောင်နေသည့် ယောကျာ်းပီသမှုတွေက များလွန်းတယ်။ ဒီကောင် အရင်တုန်းကတော့ နူးညံ့သိမ်မွေ့ပြီး နုနယ်မယ့်ပုံ ပေါ်တာကို၊ အဝတ်မပါတဲ့ သူ့ခန္ဓာကိုယ်က တကယ်တော့ ဒီလိုမျိုးဖြစ်နေတာပဲ။
“တောင်းပန်ပါတယ် ကျုပ်ယဉ်ကျေးမှုတွေ ဘယ်ရောက်သွားပြီလဲ ဟားဟား….” ဇူအန်သည် သူ့အရင်ကမ္ဘာတွင် ကိုယ်ပေါ်ပိုင်းအဝတ်ဗလာဖြင့် နေရတာ ကျင့်သားရခဲ့သည်။ ဆေးကြောသန့်စင်တာ ပြီးခါနီးဖြစ်သဖြင့် အဝတ်အစားအချို့ကို ဖြစ်သလို ဝတ်လိုက်သည်။ ထို့နောက် မြေအောက်ခန်း၌ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူမအား ပြောပြလိုက်သည်။
သူသည် အတော်အသင့်ပုံပြောကောင်းသူဖြစ်သည်။ ထို့ကြောင့် သူ့ပုံပြင်က ထူးထူးခြားခြားဖြင့် ရင်ဖိုစရာလိုမျိုး ဖြစ်သွားသည်။
မိန်လိအား ပေးထားခဲ့သည့် ကတိကြောင့် တချို့အသေးစိတ်ကိုမူ သူ ချန်ထားခဲ့ရသည်။
ထို့လျှက်နှင့်တောင် ရှန်းလျှို့ယီ သည် အံ့အားသင့်နေခဲ့သည်။ “ဒီနှစ်တွေတစ်လျှောက်လုံး လပြည့်ဝန်းကျောင်းတော်ရဲ့ ကျောင်းသူကျောင်းသားများများက မြေအောက်ခန်းထဲ ဝင်သွားကြတယ်၊ ဒါပေမယ့် သူတို့အားလုံးရဲ့ အတွေ့အကြုံတွေကို ပေါင်းထည့်လိုက်ရင်တောင် မင်းအတွေ့အကြုံနဲ့ ယှဉ်ရင် သေးသိမ်နေတုန်းပဲ”
ဇူအန် ဝင့်ကြွားစွာ ပြုံးလိုက်ပြီး “သေချာပေါက်ပဲပေါ့။ ဒီအချက်က ကျုပ်ဟာ ရွေးချယ်ခံရတဲ့သူဆိုတာ သက်သေပြနေတာပဲ”
“မင်းရဲ့ အဲ့လိုအကောင်းမြင်တတ်ပုံကို ငါ တကယ်သဘောကျတယ်” ရှန်းလျှို့ယီ မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။ ယင်းအပြုံးက သူ့ဝိဉာဉ်ကို ဆောင်းလေညှင်းပမာ ချမ်းမြေ့သွားစေသည်။
ဇူအန် သူ့အိတ်ကပ်ကို ဟိုစမ်းသည်စမ်းလုပ်လိုက်သည်။ “အို အရင်တစ်ခေါက် ခင်ဗျားဆီကနေ ငှားသွားခဲ့တဲ့ ခရုခွံကို ကျုပ်ပြန်ပေးသင့်နေပြီ” ရုတ်တရက် သူ တောင့်တင်းသွားသည်။
အခုချိန်မှ မနေ့ညတုန်းက သူ ရှို့ဟုန်လေ ကို သူ့အပေါ် ဝတ်ရုံ ဌားခဲ့ပြီး ခရုခွံအား ယူခဲ့ဖို့ မေ့သွားခဲ့ကြောင်း သူ မှတ်မိသွားသည်။
သူ၏ ကသိကအောက်ဖြစ်သွားသော အမူအရာကို တွေ့သည့်အခါ ရှန်းလျှို့ယီ ပြုံးရင်း ပြောလိုက်သည်။ “ဘာဖြစ်တာလဲ။ မင်း မတော်တဆ အဲ့ဒါကို ပျောက်သွားလို့လား”
“ပျောက်သွားတာမဟုတ်ဘူး။ ကျုပ်တခြားဝတ်ရုံမှာ ကျန်ခဲ့မိတာပါ” ဇူအန် အလွန်ရှက်သွားမိသည်။ “နောက်တစ်ခါကျ ဆက်ဆက်ယူလာပေးပါ့မယ်”
“အလျင်လိုစရာမဟုတ်ပါဘူး” ရှန်းလျှို့ယီ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ “ငါ့အတန်းချိန်ရောက်ပြီ။ နောက်မှ ဆက်ပြောကြတာပေါ့”
“ကောင်းပါပြီ”
သူမပုံရိပ် အဝေးသို့ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်ကို ဇူအန် ကြည့်နေလိုက်သည်။ ကျောင်းတော်အတွင်းမှာ အဲ့လောက်ဂုဏ်သတင်းကြီးတာ အံ့သြစရာမရှိတော့ပါဘူး။ ဘယ်လိုလူမျိုးက သူမကို မကြိုက်ဘဲ နေနိုင်မည်နည်း။
ဇူအန်လည်း သူ့အတန်းသို့ သွားရမည်ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ ဆရာ တစ်ယောက်အနေနှင့် မဟုတ်ပါ။ မည်သို့ဆိုဆို သချာင်္ဘာသာရပ်သည် လပြည့်ဝန်းကျောင်းတော်တစ်ခုတည်းတွင် စိတ်ကြိုက်ထည့်ထားသည့် ဘာသာရပ်ဖြစ်သည်။ ထို့ကြောင့် သင်ကြားရမယ့် အတန်း အများကြီးမရှိပါ။
ကျောင်းတော်အတွင်း၌ သူ့အချိန်များကို အဝါရောင် အတန်းတွင် သူ့လုပ်ဖော်ကိုင်ဖက် ဆရာများ၏ သင်ကြားပို့ချချက်ကို နားထောင်ရင်း ဖြုန်းနေရဆဲဖြစ်သည်။
သို့သော် သူ့အတန်းတံခါးသို့ ရောက်သည်နှင့် ရေမွှေးအနံ့တစ်ခု သူ့နှာခေါင်းထဲ သင်းပျံ့လာသည်။ ထို့နောက် အေးစက်မာကြောသော်လည်း မာန်အပြည့်ပါသည့် အသံတစ်သံကို သူ့နားထဲ ကြားလိုက်ရသည်။ “ငါ့ရုံးခန်းထဲ လိုက်ခဲ့”
ယင်းအသံထဲတွင် ငြင်းလို့မရသည့် အာဏာမျိုး ပါနေသည်။ ငါ့ကို အဲ့လိုလေသံမျိုးနဲ့ ဘယ်သူက စကားပြောရဲတာလဲ။ ဒါက ငါ့အတန်းကနေ လစ်အောင် သွေးဆောင်နေတာမဟုတ်ဘူးလား။
သို့သော် သူ နောက်လှည့်ကြည့်ပြီး ကျက်သရေရှိသည့် မျက်မှန် ၊ ကောက်ကြောင်းပေါ်လွင်စေသည့် အဝတ်အစား နှင့် ရင်သပ်ရှုမောဖွယ်ဖြစ်သည့် ခြေတံရှည်ကို တွေ့လိုက်သည့်အခါ သူ့အမူအရာသည် ချက်ချင်း ရိုသေလေးစားမှုအဖြစ်သို့ ပြောင်းသွားသည်။ “ဟုတ်ကဲ့ပါ ကျောင်းအုပ်”
သူတို့နှစ်ယောက်သား အတူတူထွက်သွားကြသည်ကို တွေ့သည့်အခါ အတန်းထဲရှိ ကျောင်းသူကျောင်းသားများအားလုံး ပြတင်းပေါက်မှ ခေါင်းဆန့်ထုတ်လာကြသည်။
သူတို့ကြား၌ ဝေဆောင် ၏ လည်ပင်းသည် အရှည်ဆုံးဖြစ်သည်မှာ အသေအချာပင်။ သူ ပင့်သက်ရှိုက်လိုက်ပြီး “ကျောင်းအုပ်ကြီးက ဒီနေ့လည်း အသားရောင်ခြေအိတ်ရှည်ကိုပဲ ဝတ်လာပြန်တယ်။ ကြည့်ရတာ အခုတလော သူ အဲ့ပုံစံကို အတော်လေးသဘောကျနေတဲ့ပုံပဲ။ ဘာလို့ အနက်ရောင်ခြေအိတ်ရှည်လိုမျိုးကို မဝတ်ရတာလဲ”
“မင်း ဘာသိလို့လဲ။ ငါတော့ ဒီအရောင်က ကောင်းတယ်လို့ ထင်တယ်” သူ့ဘေးရှိ တစ်ယောက်က ပြန်ပြောလိုက်သည်။
“ဖွီး အနက်ရောင်က အကောင်းဆုံးပဲ” နောက်ကျောင်းသားတစ်ယောက်က ဝေဆောင် ကို ထောက်ခံပေးလိုက်သည်။
“ငါ့ကို မေးရင်တော့ မီးခိုးရောင်က ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်တယ်” နောက်တစ်ယောက်က မတူညီသော အမြင်ကို ပြောလာခဲ့သည်။
ကျောင်းသားများသည် အလွန်အမင်း စိတ်တက်ကြွနေကြသည်။
“အမ်…..အဖြူရောင်ကို မင်းတို့တစ်ယောက်မှ မကြိုက်ကြဘူးလား” ခပ်တိုးတိုးအသံတစ်ခု ထွက်လာသည်။
ကျန်ကျောင်းသားများသည် ထိုကျောင်းသားဖက်သို့ လှည့်ကြည့်လိုက်ကြသည်။ “နှာဘူး”  သူတို့အားလုံး တပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။
ဇူအန် ကျန်းလော့ဖူ နောက်မှ လိုက်သွားလိုက်သည်။ သူ့မျက်လုံးများသည် သူမ၏ လှုပ်ယမ်းနေသော ပုံရိပ်ပေါ် စွဲကပ်နေသည်။ သူမ၏ လမ်းလျှောက်ပုံဟန်နေဟန်ထားသည် ကျက်သရေရှိတင့်တယ်ပြီး သူမ၏ ထူးခြားသော အလှတရားကို ထောက်ပံ့ပေးနေသည်။
အကယ်၍ သူမ ခြေလှမ်းတွေသာ နည်းနည်းလောက်ပိုကျယ်သွားရင် ရိုင်းပျသလို ဖြစ်သွားပြီး နည်းနည်းလောက်ပိုလျော့လိုက်ရင် သူမ၏ ရင့်ကျက်သော သဘာဝအလှသည် အပြည့်အဝ ပေါ်လွင်တော့မှာ မဟုတ်ချေ။
ဒီကျောင်းအုပ်က တကယ်အံ့သြဖို့ကောင်းတာပဲ။
ဇူအန် သဘောတကျဖြင့် ပင့်သက်ရှိုက်လိုက်သည်။ ဟိုလူကြီး နှာဘူး ကျီတန်ထုက သူမအပေါ် ဘာလို့ လုံးဝစိတ်မဝင်စားတာလဲဆိုတာ သူ တကယ် မစဉ်းစားတတ်ပါ။
ကျေးဇူးပြုပြီး ကျောင်းအုပ်ကြီးက မိန်းမအစစ်မဟုတ်ဘူးလို့တော့လာမပြောနဲ့နော်။
ဇူအန် စိတ်သည် ထိတ်လန့်ချောက်ချားစွာဖြင့် ကြက်သေသေသွားသည်။ ချက်ချင်း သူမကို သေသေချာချာ အကဲပြန်ခတ်လိုက်သည်။
သေသေချာချာ စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီးနောက် သူမသည် မိန်းကလေးအားလုံးထဲ၌ အလှဆုံး ကျက်သရေအရှိဆုံးသူဖြစ်ကြောင်း သူ သေချာသွားသည်။
ဤအချက်က ကျီတန်ထုကိစ္စကို ပိုစဉ်းစားရခက်သွားစေသည်။
သူ့ကိုယ်ပိုင်အတွေးထဲ နစ်ဝင်သွားသဖြင့် ကျန်းလော့ဖူ အသံကို ကြားလိုက်သည့်အချိန်တွင် သူ အလန့်တကြားဖြစ်သွားသည်။ “တံခါးပိတ်လိုက်”
“ဪ….” ထိုအချိန်ကျမှ ဇူအန် အသိပြန်ဝင်လာသည်။ နှစ်ယောက်သား သူမရုံးခန်းသို့ ရောက်နေကြပြီဖြစ်သည်။
လေးလံလွန်းသည့် တံခါးကြီး ပိတ်လိုက်သည်နှင့် ကျန်းလော့ဖူသည် သူမ ဒေါက်မြင့်ကို ဖြစ်သလို ချွတ်ပစ်လိုက်ပြီး ကျောမှီလို့ရမယ့် ထိုင်ခုံတစ်ခုပေါ် ထိုင်လိုက်သည်။ ယောကျာ်းလေးအများအပြားကို ရူးသွပ်သွားစေသည့် သူမ၏ ခြေတံရှည်များကို ခွေးခြေတစ်ခုပေါ် တင်လိုက်သည်။
သူမစကတ်သည် ဇူအန်၏ အရင်ကမ္ဘာတုန်းက ခဲတံစကတ်ဟု ခေါ်ကြသည့် စကတ်ပုံစံမျိုးနှင့် အလွန်ဆင်တူသည်။ သူမစကတ်ဖြင့် သူမကိုယ်အောက်ပိုင်းအစိတ်အပိုင်းများကို ဖုံးအုပ်ထားရန် ခက်ခဲသည်။
ဇူအန် သူမကို တကယ်သြဘာပေးချီးကျူးရပေလိမ့်မည်။ သူ ဘာကိုဘာမှ ထင်ထင်ရှားရှား မမြင်ရသော်လည်း မငြင်းပယ်နိုင်သည့် ဖြားယောင်းဆွဲဆောင်မှုများသည် သူ့စိတ်ထဲ ပေါ်လာနေဆဲဖြစ်သည်။
“ကြည့်ကောင်းလား” ကျန်းလော့ဖူ စလိုက်သည်။
ဇူအန် ဆတ်ခနဲ တုန်သွားပြီး ချက်ချင်းအကြည့်ပြောင်းလိုက်သည်။ “ကျုပ် ဘာမှမမြင်ခဲ့ပါဘူး”
ကျန်းလော့ဖူ အထင်သေးစွာဖြင့် နှာရှုံ့ပြီး “ဒါဆို ဒီကို လာတဲ့လမ်းတစ်လျှောက်လုံး ငါ့ကို စိုက်ကြည့်နေခဲ့တဲ့သူက ဘယ်သူလဲ”
ဇူအန်၏ အရှက်မဲ့မှု ချက်ချင်းအသက်ဝင်လာသည်။ သူ အလျှင်အမြန် ရှင်းပြလိုက်သည်။ “ကျုပ်က လေးစားရတဲ့ ကျောင်းအုပ်ကြီးရဲ့ လမ်းလျှောက်ဟန်ကို လေ့လာနေတာပါ။ ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်က အံ့သြဖွယ်ကောင်းလောက်အောင် အဆင့်မြင့်ပြီး မင်းရဲ့လမ်းလျောက်ဟန်ကတောင် ကျင့်ကြံခြင်းအမြင်တွေနဲ့ ပြည့်နေတယ်။ ကျုပ်ကျင့်ကြံခြင်းအဆင့် အဆင့်တက်နိုင်မယ့် မျှော်လင့်ချက်နဲ့နည်းနည်းလောက် ပိုကြည့်လိုက်တာပါ…..”
ကျန်းလော့ဖူ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပါ။ “စကားကို မင်းဘက်က အခွင့်သာအောင် မလိမ့်တပတ်လုပ်ပြီး တကယ်ပြောတတ်တာပဲ။ ဒါဆို မင်း ဘယ်လိုထင်လဲ။ တစ်ခုခု သဘောပေါက်သွားခဲ့လား”
ဇူအန် ခေါင်းခါပြီး “ကျုပ်လေ့လာတာ မလုံလောက်ခဲ့ဘူး။ တကယ်လို့ ကျောင်းအုပ်ကြီးကသာ သုတေသနလုပ်တဲ့အနေနဲ့ ကျုပ်ကို လိုလိုလားလား အကဲခတ်ကြည့်ခွင့်ပေးရင် တားဆီးမရနိုင်တဲ့ ခြေလှမ်းသိုင်းကွက်တွေတောင် ရကောင်းရလာနိုင်လောက်တယ်”
သူ၏ အရှက်မဲ့မှုက ကျန်းလော့ဖူကို ခဏတာမျှ ဆွံ့အသွားစေခဲ့သည်။ “အဲ့လိုလုပ်ဖို့ မလိုပါဘူး” သူမ ပြန်ပြောလိုက်သည်။ “အိမ်တော်ပြိုင်ပွဲတုန်းက မင်း ထုတ်သုံးခဲ့တဲ့ ရွေ့လျားမှုသိုင်းကွက်က ထူးခြားပြောင်မြောက်လှပါပြီ”
“မဟုတ်ဘူး မဟုတ်ဘူး အဲ့ဒါက လုံးဝလိုအပ်ပါတယ်။ ကျုပ်က ကိုယ်ပိုင်တိုးတက်မှုက အကန့်အသတ်မရှိဘူးဆိုတာကို ယုံကြည်တဲ့ ယောကျာ်းတစ်ယောက်ပါ။ ကျုပ်ကိုယ်ကျုပ် ရောင့်ရဲတင်းတိမ်နေတဲ့လူ ဖြစ်လာခွင့် မပေးနိုင်ဘူး” ဇူအန် အလျှင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။ နေကြာပန်းသိုင်းအကြောင်း သူမ မေးလာမှာ စိုးရိမ်သောကြောင့်ဖြစ်၏။
ကျန်းလော့ဖူ သူ့ကို မျက်စောင်းထိုးလိုက်ပြီး “တော်ပြီ။ ငါတို့မှာ ဆွေးနွေးရမယ့် ပိုပြီး အရေးကြီးကိစ္စရှိသေးတယ်။ ဒီကို လာတဲ့လမ်းမှာ တောပုန်းကြီး ချန်ရွှမ်းရဲ့ တိုက်ခိုက်မှု မင်း ခံခဲ့ရတယ်လို့ ငါ ကြားခဲ့တယ်”
“ကျက်သရေရှိလှတဲ့ ကျွန်တော့်ကို ကယ်တင်ပေးပါ...ဒါကျောင်းအုပ်ရဲ့ တာ၀န်ပဲ” ဇူအန် ထိုအကြောင်းကို ကြားသည့်အခါ သူမထံသို့ ချက်ချင်းပြေးသွားပြီး အခွင့်သာခိုက် သူမခြေတံများကို တွယ်ဖက်ထားလျက် သနားစဖွယ် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ” ကျန်းလော့ဖူ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ သူ့အား ကန်ထုတ်ပစ်ချင်သည့် စိတ်ကို အတင်းချိုးနှိမ်နေရသည်။
“”အဲ့ဒါက ကျောင်းအုပ်ကြီး မေချောက်ဖုန် ကို သတ်လိုက်လို့ဆိုတာ ထင်ရှားနေတာပဲလေ။ ချန်ရွှမ်း က ခင်ဗျားရှေ့မှာဆို သူက ဘာမှမဟုတ်ဘူးဆိုတာ သိနားလည်တဲ့သူပါ။ အဲ့ဒါကြောင့် သူ့အမုန်းတရားတွေအားလုံးကို ကျုပ်အပေါ် ပုံချလိုက်တာ” ချန်ရွှမ်း နှင့် မေချောက်ဖုန် တို့ကြား ပတ်သက်ဆက်နွယ်ပုံ ၊ သူတို့နှင့် ရှီအိမ်တော်ကြား ပတ်သက်ပုံတို့ကို ဇူအန် ရှင်းပြလိုက်သည်။
“ဒီလောက်နှစ်အများကြီးကြာသွားတာတောင် ချန်ရွှမ်း ကို ဘယ်သူကမှ မရှင်းပစ်နိုင်ကြတာ မဆန်းတော့ပါဘူး။ လပြည့်မြို့ရဲ့ အထက်ပိုင်းမှာ သူလျိုရှိနေခဲ့တာကိုး။ ဒါဆို အဲ့ဒါက ရှီအိမ်တော်….” ကျန်းလော့ဖူသည် ထိုသတင်းအချက်အလက်ကြောင့် ထိတ်လန့်သွားပြီး ဇူအန်အား ကန်ထုတ်ပစ်ဖို့ကိုတောင် မေ့သွားသည်။
“ဒါက ရှီအိမ်တော်ကို ဆွဲချဖို့ လုံလောက်လား” ဇူအန် မေးလိုက်သည်။
ဟိုကောင် ရှီခွန်းက တကယ်အာရုံစားတဲ့ ဆူးခလုတ်ပဲ။ သူ့မှာ နောက်ခံအနေနဲ့ အဲ့လောက်ကြီးမားတဲ့ အိမ်တော်က ရှိနေသေးတယ်။ သူ့ကို ရန်သူအဖြစ် ရှိဖို့ဆို အရမ်းအန္တရာယ်များလွန်းတယ်။
“အဲ့ဒါက ဘယ်လိုလုပ် အဲ့လောက်လွယ်…..” ကျန်းလော့ဖူ ပြန်ဖြေတော့မယ့်ဆဲဆဲတွင် သူမ၏ တင့်တယ်လှပသော မျက်ခုံးများ တွန့်ကွေးသွားကြသည်။ “ငါ့ကို ပွတ်သပ်နေတာ ဝသွားပြီလား။ လွှတ်တော့”
----- -------------------------------- ----- - - - - - - - - - ----- --