ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.1K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

259

256 37 0
By SoeHmue

Chapter 259: အလိုက်တသိ

ဓား၏ အေးစက်မှုကြောင့် ဇူအန် ကြက်သီးမွှေးညှင်းများ ထသွားရသည်။ "သူရဲကောင်းကြီးရယ် ပိုက်ဆံလိုချင်တာလား ဒါမှမဟုတ်ရင်...ကျုပ်ကို လိုချင်တာလား။ ကျုပ်တို့ ဆွေးနွေးလို့ရပါတယ်။ ကျေးဇူးပြုပြီးတော့တာ ဓားကို လက်မချော်ပါစေနဲ့"
ထိုစကားကိုပြောရင်းနှင့် နေရာခုန်ကူးရန် မဟာလေပြင်းကို လျှို့ဝှက်စွာ အသင့်ပြင်ထားလိုက်သည်။

သူ၏ အနောက်မှ ကျိတ်ရယ်သံတစ်ခု ပေါ်ထွက်လာသည်။ "ပိုက်ဆံဆိုတာကိုတော့ ငါ နားလည်တယ်။ ဒါပေမယ့် နောက်တစ်ကြောင်းကတော့ အဲ့ဒါက ငါလိုချင်တဲ့ တစ်ခုခုရော တကယ်ဖြစ်ပါ့မလား"

မိန်းမတစ်ယောက်လား။ တိုက်ခိုက်သူ၏ အသံကို ကြားလိုက်ရသောအခါ ဇူအန် စိတ်သက်သာရာရသွားခဲ့သည်။ သူ့ကို လုပ်ကြံရန်အတွက် ယောက်ျားတစ်ယောက်ကို စေလွှတ်လိုက်မည်ကို စိုးရိမ်ခဲ့ရသည်။ သို့သော် မိန်းမဆိုပါက သူ၏ အထူးကျွမ်းကျင်မှုဖြစ်သည်။
"လေးစားစရာ သူရဲကောင်းလေး။ ဒါကိုတော့ ကျုပ် လက်မခံနိုင်ဘူး။ ကျုပ်ရဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားလို့ရတယ်။ ဒါပေမယ့် ကျုပ်ရဲ့ ချောမောတဲ့ရုပ်ရည်ကိုတော့ မစော်ကားပါနဲ့" ဇူအန်က ခိုင်မာသော မျက်နှာအမူအရာ ဖြင့်ပြောလိုက်သည်။

"ဖီ…ဘယလောက်တောင်သွက်လိုက်တဲ့ လျှာရှိတာလဲ။ ဒါကြောင့် အဲ့ဒီ မိန်းမပျက် ရှို့ဟုန်လေက နင့်ရှေ့မှာ လဲကျရတယ်ဆိုတာ မဆန်းတော့ပါဘူး" လေတိုးဝှေ့သံတစ်ခုဖြင့် သူ၏ လည်ပင်းတွင် ရှိနေသော ဓားမှာ ပျောက်ကွယ်သွားသည်။

ထို့နောက် ဇူအန် ဂရုတစိုက် လှည့်ကြည့်လိုက်သည်။ မျက်နှာဖုံးဝတ်ထားသော မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေရာမှ သူ့အိမ်ယာတွင်ဖြေးညင်းစွာ ထိုင်ချလိုက်သည်။
သူမ ထိုင်လိုက်သည်နှင့် သူမ၏ ရင်ဘတ်မှ လှိုင်းကြီးတစ်ခု တွန့်ခေါက်ထွက်ပေါ်လာသည်။

ဇူအန် တံတွေးမြိုချလိုက်ကာ "ကြီးလိုက်တာ..." ဟူ၍ အလိုအလျောက် ထွက်မိသွားသည်။
သူ၏ ခေါင်းတွင် မူလီတစ်ချောင်း ချောင်နေရင်တောင်မှ ပုံမှန်ဆိုလျှင် ယခုကဲ့သို့ အလွယ်တကူ လွှတ်ခနဲပြောထွက်သွားရန် မဖြစ်နိုင်ပေ။
သို့သော်လည်း သူမ၏ ၀တ်စုံနက် မှာ အလွန်တင်းကျပ်နေပြီး သူမ၏ ညှို့ယူဖမ်းစားဖွယ် ကိုယ်လုံးကိုယ်ပေါက်က ဇူအန် ထိန်းနိုင်သည်ထက် အလွန်ကျော်နေခဲ့သည်။
ထိုစကားလုံး သူ၏ ပါးစပ်မှ ထွက်လာပြီးနောက်တွင် ပြဿနာအကြီးအကျယ်ကျရောက်တော့မည်ကို ဇူအန် သိလိုက်သည်။

သေချာသည်မှာ မျက်နှာဖုံးဝတ် မိန်းကလေး၏ မျက်လုံးများ ချက်ချင်းအေးစက်သွားသည်။ "နင် ဘာပြောလိုက်တာလဲ"

"ငါပြောလိုက်တာက...မိန်းကလေး ဖေး ရဲ့ စကားကနေပြီးတော့ မနာလိုမှု ခပ်ကြီးကြီး အာရုံခံမိတယ်လို့ ပြောတာပါ" ဇူအန် က စကားလုံးများကို အလျှင်အမြန်လှည့်ပြောင်းလိုက်သည်။ သူမ၏ မက်မွန် မျက်ဝန်း နှင့် ရင်သားထု ကြီးကြီးကို ကြည့်ကာ မျက်နှာဖုံးဝတ်ထားရင်တောင် သူမ မည်သူဆိုသည်ကို ဇူအန် ချက်ချင်း ပြောနိုင်နေသည်။

"ငါက..မနာလိုဘူးဟုတ်လား" ဖေးမြန့်မုန် က သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ဘေးသို့ ပစ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။ "ကြည့်ရတာ ငါက နင့်အပေါ်..အတော်လေး ကောင်းကောင်းဆက်ဆံခဲ့မိတယ်နဲ့တူတယ်"

သူမ၏ အကြောင်းအရာ ပြောင်းသွားသောကြောင့် ဇူအန်က ပုခုံးပေါ်မှ အလေးကြီး ချက်ချင်း ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ "ဘာမှမဟုတ်တော့ပါဘူး။ ဉာဏ်အရမ်းထက်မြက်တဲ့ သူတွေက အမြဲတမ်း အလွယ်တကူ နားလည်မှုရှိတယ်လေ"

ဖေးမြန့်မုန် က အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒီကမ္ဘာမှာ ချူယန် က နင့်ကို ဘယ်လိုသည်းခံနေသလဲဆိုတာကို ငါ မသိဘူး"

"မင်း ချူယန်ရဲ့ အခန်းကိုလည်း သွားခဲ့သေးတာလား" ဇူအန် ချက်ချင်း ပြာယာခတ်သွားသည်။ ကုသမှုတွင် အာရုံများနေသောကြောင့် အပြင်ဘက်ရှိ လှုပ်ရှားမှုကို အာရုံစိုက်ရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော်လည်း အပြင်ဘက်တွင် လုံခြုံရေးအလွန်တင်းကြပ်နေပြီး သူ့ကဲ့သို့ ရုတ်ချည်းရွေ့လျားနိုင်သည့် ခြေလှမ်းပညာမရှိပါက သူမသည် သူတို့၏ အာရုံခံမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

"ငါ မသွားပါဘူး" ဖေးမြန့်မုန် ၏ အမူအရာမှာ ပိုမိုထူးဆန်းလာသည်။ သူမသည် သူမ၏ အခင်ဆုံးသူငယ်ချင်း ဆီသို့ သွားလည်ရမည့်အစား သူငယ်ချင်း၏ ယောက်ျားဖြစ်သူဆီသို့ ရောက်လာခဲ့သည်။ "သူမ နေမကောင်းဘူးလို့ ငါ ကြားတယ်။ ဒါကြောင့် ဒီညတော့ သူမကို အနှောင့်အယှက်မပေးတော့ဘူး" သူမ အလျှင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။
ထိုစကားပြောပြီးနောက် သူမ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်မှာ သဘာဝမကျ တွန့်လိမ်သွားသည်။

"မင်း ဒဏ်ရာ ရထားတာလား" သူမ၏ လှုပ်ရှားဟန်မှာ အနည်းငယ် တောင့်တင်းနေသည်ကို ဇူအန် သတိထားမိလိုက်သည်။ မည်သည်တို့ဖြစ်နေသည်ကို စဉ်းစားမိသွားစေသည်။

"ဟွန်း။ နင့်ကို ကယ်ဖို့အတွက် လာခဲ့ရတာကို နင်က အဲ့ဒီမြေခွေးမနဲ့ ထွက်ပြေးသွားတယ်။ ငါ့ကို အဲ့ဒီ အဆင့်ခြောက် ရှိတဲ့ ချန်ရွှမ်း နဲ့ သူ့ရဲ့ အနက်ရောင်လေခံတပ်အဖွဲ့၀င်တွေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ထားခဲ့တယ်။ အဲ့ဒါကို မေးရဲတဲ့ သတ္တိရှိသေးတာလား" ဖေးမြန့်မုန် ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး ရှို့ဟုန်လေ နှင့် ဇူအန်တို့ အတူထွက်ပြေးသွားသောမြင်ကွင်းကို ပြန်မြင်ယောင်လာသည်။

သင်သည် ဖေးမြန့်မုန် ထံမှ အမျက်ပွိုင့် ၆၆...၆၆...၆၆... ရရှိလိုက်သည်။

ဇူအန် ချက်ချင်း မျက်နှာ မဲ့သွားသည်။ "အဲ့ဒီတုန်းက ရှို့ဟုန်လေ က သူနဲ့အတူ ငါ့ကို ရေထဲဆွဲချခဲ့မယ်လို့ မထင်ထားခဲ့ဘူးလေ။ အရာအားလုံး က ဖြစ်သွားတာ အရမ်းမြန်ဆန်လွန်းတယ်။ သူက ငါ့ကို မြစ်ကမ်းဆီကို ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ ငါ အနောက်လှည့်ကြည့်ဖို့ အခွင့်ရတဲ့အခါမှာ မင်းတို့တိုက်ပွဲက လက်ရည်ညီနေတယ်။ ပြီးတော့ မြို့စောင့်တပ်ကလည်း လာနေပြီ။ ဒါကြောင့် မင်းကို ပြဿနာ ထပ်မတက်စေချင်တော့တဲ့အတွက်ကြောင့် ပြန်မလာတော့တာပဲ"

ရှို့ဟုန်လေ က သူ့ကို အောက်စီဂျင် ပေးခဲ့သည့်အချက်ကို ချန်လှပ်ထားခဲ့သည်။ သူ၏ ဇနီးသည်ကို စိတ်ဆိုးစေခဲ့ပြီးနောက် အခြားမိန်းမတစ်ဦးကို စိတ်မဆိုးစေချင်ခဲ့ပေ။
ပြန်မလာခင်တွင် နှုတ်ခမ်းနီကို သုတ်ခဲ့သည့်အတွက် ကောင်းကင်ကို ကျေးဇူးတင်ရမည်ဖြစ်စည်။ မဟုတ်ပါက ယနေ့သည် သူ၏ အသုဘနေ့ရက် ဖြစ်လာနိုင်ချေရှိသည်။

"ဟွန်း အနည်းဆုံးတော့ အသိတော့ ရှိသေးသားပဲ" သူမ၏ အခြေအနေကို အနည်းဆုံးသော အာရုံထားခဲ့သည်ဟု ကြားရသောအခါ ဖေးမြန့်မုန် ၏ အမူအရာ အနည်းငယ် လျော့ကျသွားသည်။ "ဓားပြ ဟုတ်ဟုတ် မဟုတ်ဟုတ် ချန်ရွှမ်းက အဆင့်ခြောက် ကျင့်ကြံသူတစ်ဦးဖြစ်နေတုန်းပဲ။ သူ့လို လူမျိုးနဲ့ ရင်ဆိုင်ရရင် အသက်ရှင်လျက် ထွက်လာနိုင်ရင်တောင် ကံကောင်း။ ဒဏ်ရာ အသေးအမွှားလေးက ဘာမှမဟုတ်ဘူး"

ဇူအန် မျက်လုံးပြူးကျယ်သွားသည်။ "မင်း ဘယ်နားထိခိုက်ထားတာလဲ။ ငါ့မှာ ဆေးရှိတယ်"
ဖီးနစ်ကောင်းကင်သိုင်းကျမ်းကို အားထုတ်ရန်အတွက် သေလုနီးပါးအခြေအနေများ ကျရောက်ခဲ့ရသည်။ ပိုက်ဆံတစ်ချို့ ရှာခဲ့ပြီးနောက် သူ အရင်ဆုံး စုဆောင်းခဲ့သည်မှာ ဆေးဝါးများဖြစ်သည်။ အများစုမှာ ကျီတန်ထု ၏ အကောင်းဆုံးလက်ရာများဖြစ်သည်။

"ဘယ်နား ထိခိုက်လဲလို့ ငါ့ကို မေးနေပြီးတော့ ဘာဖြစ်လို့ ငါ့ရင်ဘတ်ကို ပဲ စိုက်ကြည့်နေတာလဲ" ဖေးမြန့်မုန် ၏ အပြုံးတွင် အန္တရာယ်အငွေ့အသက်တစ်ခုပါနေသည်။

ဇူအန် မျက်နှာနီရဲသွားသည်။ "ဘယ်နား ထိသွားသလဲလို့ မှန်းကြည့်လိုက်ရုံပါ" အမြန်ပြန်ဖြေလိုက်သည်။

"မှန်းမနေနဲ့တော့။ အဲ့ဒါက နင်ထင်နေတဲ့ နေရာမဟုတ်ဘ" ဖေးမြန့်မုန် ၏ မျက်ဝန်းတွင် တွေဝေမှုတစ်ခု ရစ်ဝဲနေသည်။
"ချူယန်က နင့်လို ကောင်စားမျိုးနဲ့ ဘယ်လို တွေ့ခဲ့တာလဲမသိဘူး။ တကယ်ကို နားမလည်နိုင်ဘူး။ သူ တစ်ယောက်တည်းမဟုတ်ဘူး။ အဲ့ဒီး မြေခွေးမ ရှို့ဟုန်လေ ကလည်း နင့်ကို အတော်လေး နှစ်သက်နေပုံရတယ်။ နင့်မှာ ထူးခြားတာ ဘာတစ်ခုမှ ငါ မတွေ့ရပါဘူး"

ဇူအန် ရှက်ပြုံးပြုံးလိုက်သည်။ "ငါက ထုတ်မပြရသေးတဲ့ အရည်အချင်းတွေ အများကြီးရှိနေတဲ့ သူပဲလေ။ ငါ့ရဲ့ သန်မာမှုတွေကို သိချင်ရင် ငါ့အနားမှာ နေကြည့်လိုက်ပေါ့"

"နင်ကလား။ ကွယ်ဝှက်ထားတဲ့ အရည်အချင်းတွေလား" ဖေးမြန့်မုန် ချက်ချင်း ဟားတိုက်ရယ်မောလိုက်သည်။ ထို့နောက် သူမ၏ ဒဏ်ရာ ပြန်ထလာသဖြင့် နာကျင်မှုကြောင့် မျက်နှာမဲ့သွားသည်။ သူမ၏ လှပသော မျက်ခုံးများလည်း ဆွဲကပ်သွားသည်။

"ကျောဘက် မှာ နာနေတာလား" သူမ ဒဏ်ရာနေသည်ကို ဇူအန် သိပြီးသားဖြစ်သည်။ ထို့အပြင် ထိခိုက်နာကျင်မှုတွင် သူသည် စစ်မှန်သော ဆရာတစ်ဆူဖြစ်သည်။

"အင်း" ဖေးမြန့်မုန် ငြီးတွားလိုက်သည်။ ဇူအန်က သူမ၏ ဒဏ်ရာကို ကြည့်တော့မည့်ဟန် ပြင်လိုက်ချိန်တွင် ချက်ချင်းပင် ဓားမြှောက်ကာ ပြောလိုက်သညိ။ " နင့် အပူမပါဘူး။ ဒီလို ဒဏ်ရာအသေးလေးက ကိစ္စမရှိဘူး"

ဇူအန် လန့်သွားပြီး ပြုံးလိုက်သည်။ ဒီမိန်းမက အပြင်ပန်းမှာ ကလက်တက်တက် ပုံစံရှိနေပေမယ့် တကယ်တော့ အတွင်းဘက်မှာ ဒီလောက်ကို အထိမခံတာပဲ။
"အဲ့ဒါကို မြန်မြန်မကုသရင် အမာရွတ် ကျန်ခဲ့လိမ့်မယ်နော်" ဇူအန် သတိပေးလိုက်သည်။

ဖေးမြန့်မုန် လှောင်ရယ်လိုက်သည်။ "ငါ့ကို အဲ့ဒီ သိမ်မွေ့နူးညံတဲ့ မိန်းကလေးတွေလို ထင်နေတာလား။ ကျင့်ကြံသူတွေက သာမန်လူတွေနဲ့ ကွဲပြားတယ်။ ပြီးတော့ ငါက အမြဲ ပြန်ကောင်းတာမြန်တယ်။ ငယ်ငယ်ကတည်းက ဒဏ်ရာ ဘယ်နှကြိမ် ရခဲ့သလဲဆိုတာကို ရေတွက်လို့တောင်မရဘူး။ အဲ့ဒီဒဏ်ရာတွေရဲ့ အမာရွတ်ကို နင် မြင်ရလို့လား"

"မင်းက မိသားစုကြီးတစ်ခုရဲ့ အဖိုးတန် သမီးရတနာလေး တစ်ပါးလို့ အရင်က ထင်ထားခဲ့တာ။ ဒါပေမယ့် မင်းဘဝက အတော်လေး ခက်ခဲခဲ့တယ် ထင်တယ်" သူမ ငယ်ရွယ်စဉ်က ဒဏ်ရာများစွာ ရဖူးသည်ကို ဇူအန် သိလိုက်ရသောအခါ အံသြသွားသွားသည်။ သူမ၏ ပုံမှန်အချိန်က ပျော်ရွှင်တတ်သော၊ ညှို့ယူဖမ်းစားဖွယ် အသွင်အပြင်ဖြင့်ဆိုလျှင် ထိုအရာကို လက်ခံရန်မှာ သူ့အဖို့ အလွန်ခက်ခဲလှသည်။

ဖေးမြန့်မုန် ၏ အပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။ "နင်ရဲ့ သနားမှုကို မလိုအပ်ဘူး"

ဇူအန်က သူမ၏ ရုတ်တရက်ပြောင်းလဲသွားသော အမူအကျင့်ကို စိတ်ထဲမထားပေ။ "စိတ်မပူပါနဲ့။ ဒီအကြောင်းတွေကို ချူယန်ကို ပြန်မပြောပြပါဘူး"

"သူ့ကို ပြန်ပြောပြော မပြောပြော ငါက ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ" ဖေးမြန့်မုန် လှည့်လိုက်သည်။ သို့သော် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဖြေလျော့သွားသည်။

"ဘာပဲဖြစ်ဖြစ် ဒဏ်ရာကို အတတ်နိုင်ဆုံး မြန်မြန် ဂရုစိုက်သင့်တယ်" ဇူအန်က သူ၏ အမျိုးမျိုးသော အံဆွဲများကို လှန်လှောရှာဖွေလိုက်သည်။ "အဆင့်ခြောက်ကျင့်ကြံသူ တစ်ဦးဆီက ရတဲ့ ဒဏ်ရာကို ငါတို့ အထင်သေးလို့မရဘူး။ ချူယန်က အကောင်းဆုံး ဥပမာပဲ။ သူ့ရဲ့ လျစ်လျူရှု့မှုကြောင့် အခုဆိုရင် အဲ့ဒီ ဝူတိ နဲ့ တိုက်တုန်းက ရခဲ့တဲ့ အတွင်းဒဏ်ရာတစ်ချို့ကို ဆက်ပြီးတော့ ခံစားနေရတုန်းပဲ"

"ချူယန်ရဲ့ အခြေအနေက အဲ့ဒီလောက်တောင် ပြင်းထန်တာလား" ဖေးမြန့်မုန်၏ အမူအရာမှာ ချက်ချင်း ရှုပ်ထွေးသွားသည်။

"အဲ့လောက်လည်း မဆိုးပါဘူး။ ငါလိုသမားတော်တစ်ဦးရှိနေတော့ အဲ့ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး" ဇူအန် ဖြေလိုက်သည်။

"နင်ကလား" ဖေးမြန့်မုန် လှောင်ရယ်လိုက်သည်။ "သူ့ကို ကုပေးနေတာ သေချာပေါက်ကို နတ်ဆေးဆရာကျီပဲ ဖြစ်မှာပဲ"

"ဘဝက တကယ်ကို နှင်းရေခဲပြင်တစ်ခုလို အထီးကျန် ဆန်တယ်။ ငါ အမှန်တရားပြောရင် ဘယ်သူမှ မယုံကြည်ကြဘူး" ဇူအန်က ဆေးအမျိုးအစားများစွာ ထုတ်ယူလိုက်သည်။ "ဟိုဘက်လှည့်။ ဒဏ်ရာကို တစ်ချက် ကြည့်ရအောင်"

အနည်းငယ် တွန့်ဆုတ်ပြီးနောက် ဖေးမြန့်မုန် လှည့်လိုက်သည်။ "ငါ့ကို အသားယူမယ့်စိတ် မထားတာကောင်းမယ်။ နင်က ချူယန်ရဲ့ ယောက်ျားဖြစ်နေရင်တောင် နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး" သူမ အေးတိအေးစက်ပြောလိုက်သည်။

"ငါ့မျက်လုံးတွေ ဘယ်လောက် ရိုးသားဖြူစင်တယ်ဆိုတာ ကြည့်ပါလား။ ငါက အဲ့ဒီလို လူစားမျိုးလို့ တကယ်ပဲ ထင်ရတာလား" ဇူအန် အလွန်မကျေနပ်ဟန်ရှိနေသည်။

"ဟွန်း"

...

အလျှင်အမြန် ကြည့်ရှု့ပြီးနောက် သူမ၏ ကျောပြင်တွင် သုံးလက်မခန့် ဓားဒဏ်ရာတစ်ချက်ကို ဇူအန် တွေ့လိုက်ရသည်။ အင်္ကျီမှာ သွေးများဖြင့် စိုစွတ်နေပြီးသားဖြစ်သည်။ သူမ၏ ဝတ်စုံမှာ အနက်ရောင်ဖြစ်နေသောကြောင့် ယခင်က မသိသာခဲ့ပေ။ "အဲ့ဒီ ခွေးမသား ချန်ရွှမ်း ကတော့။ ဘာလို့ဒီလောက် ရက်စက်နိုင်တာလဲ"

"ဟွန်း။ သူက ဘာမှ မထူးခြားပါဘူး" ဖေးမြန့်မုန်က မာနကြီးစွာ ခေါင်းမော့လိုက်သည်။ သူမ အထင်သေးမခံချင်သည်မှာ ရှင်းလင်းနေသည်။

"ဟုတ်တယ်။ ဟုတ်တယ်။ မင်းက တကယ်ကို သန်မာပါတယ်" ဇူအန်က သူမ၏ ဒဏ်ရာ အနားရှိ အဝတ်ကို ညင်သာစွာ ဆုပ်ဖြဲလိုက်သည်။

"နင် ဘာလုပ်နေတာလဲ" ဖေးမြန့်မုန် ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူမ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"စိတ်လျော့ပါဦး။ ဒဏ်ရာကို အရင်မဆေးကြောဘဲနဲ့ ဘယ်လိုလုပ် ဆေးထည့်လို့ရမှာလဲ" ဇူအန် ဖြေလိုက်သည်။ "စိတ်မပူနဲ့။ ငါ့ဇနီးရဲ့ သူငယ်ချင်း ကို ဇနီးရဲ့ အိမ်မှာ အသားယူရလောက်တဲ့အထိ ငါ အောက်တန်းမကျပါဘူး"

"ဟ နင့်မှာ အဲ့ဒီလိုလုပ်ရဲတဲ့ သတ္တိမရှိဘူးဆိုတာကို ငါ သိသားပဲ" ဇူအန် ရှေ့ဆက်မတိုးတော့သည်ကို ဖေးမြန့်မုန် သတိပြုမိသောအခါ သူမ စိတ်အေးသွားရသည်။
ဇူအန်က ဒဏ်ရာအပေါ်သို့ ဆေးအနည်းငယ် သုတ်လိမ့်လိုက်သည်။ ၎င်းကို အသာအယာဆေးကြောပေးလိုက်သည်။ "နာလား"

"အဆင်ပြေပါတယ်။ ဆက်လုပ်" ဖေးမြန့်မုန် မျက်မှောင်ကြုတ်လိုက်သည်။ နာကျင်မှုကို အံကြိတ်ခံနေသည်မှာ ထင်ရှားနေသည်။
အခန်းမှာ အလျှင်အမြန် ငြိမ်သက်သွားသည်။ သူမ၏ ဒဏ်ရာကို ကုသပေးနေသည့် အသံသာ ကြားနေရသည်။

ဖေးမြန့်မုန် ရှက်သွေးဖြာသွားသည်။ ၎င်းသည် သူမ၏ အရေပြားကို ယောက်ျားတစ်ယောက် ထိတွေ့ဖူးသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ သို့သော်လည်း ရှက်ရွံခြင်းမှာ သူမ၏ ပုံစံမဟုတ်ပေ။ တခဏကြာပြီးနောက် သူမ ဂုဏ်ယူစွာ ရယ်လိုက်ကာ မေးလိုက်သည်။ "ချူယန်နဲ့ ငါ ဘယ်သူ့အသားအရေက ပိုကောင်းလဲ"

ဇူအန် ပြုံးကာ ပြောလိုက်သည်။ "မင်းရဲ့ အသားအရေက ငါ့မိန်းမထက် ပိုကောင်းတယ်လို့ ပြောစေချင်တာလား။ ဒါမှမဟုတ်ရင် ငါ့မိန်းမရဲ့ အသားအရေက မင်းထက် ပိုပြည့်စုံတယ်လို့ ပြောစေချင်တာလား"

သူမထံသို့ ပြန်ကန်ထည့်လိုက်သော ဘောလုံးကို ဖေးမြန့်မုန် မြင်ရသောအခါ နှာခေါင်းရှုံ့လိုက်သည်။ "ဟွန်း နင်က မြေခွေးတစ်ကောင်လို တကယ် ကောက်ကျစ်တာပဲ။ လပြည့်မြို့မှာ နင်ကြီးပြင်းလာတာရော ဟုတ်ရဲ့လား။ အခြား မွန်းစတားအိုကြီးတစ်ချို့ဆီမှာ မွေးလာသလားလို့ ငါ ထင်မိတယ်"

သူမ၏ စကားကြောင့် ဇူအန် အနည်းငယ် လန့်သွားသည်။ ငါ့မှာ မွန်းစတားအိုတစ်ကောင်လို အရာမျိုး ရှိနေတာပဲဟ။..မဟုတ်ဘူး။ အနည်းဆုံးတော့ ငါက မွန်းစတားလေးပဲ။ ငါ့ရဲ့ အရင်ကမ္ဘာမှာတုန်းကလည်း ငါက ငယ်ရွယ်နေသေးတာပဲလေ။

သူမကို ကုသပေးမှု ပြီးသွားသောအခါ ဇူအန် ပြောလိုက်သည်။ 'အားလုံးပြီးပြီ။ ဒါပေမယ့် မင်းက သွေးထွက်လွန်ထားတယ်။ ဒါကြောင့် အခုတော့ မင်း ခန္ဓာကိုယ်က အားနည်းနေလိမ့်မယ်။ ဒီည ရူးမနေနဲ့တော့။ ဒီမှာပဲ နားနေလိုက်။ မဟုတ်ရင် တစ်ခြား အပေအတေတစ်ချို့ ရဲ့ တိုက်ခိုက်မှုကြုံတွေ့ရရင် ငါ့နှလုံးသားလည်း တကယ် ခံစားနိုင်မှာမဟုတ်ဘူး"

ဖေးမြန့်မုန် မျက်လုံးများက စနောက်သော အလင်းရောင်ဖြင့် တဖျပ်ဖျပ်လက်သွားသည်။ "ဒီမှာနေရတာ အန္တရာယ်ပိုများတယ်လို့ ငါဘာလို့များ ခံစားနေရတာလဲ"

"ငါ့ရဲ့ ကိုယ်ကျင့်တရားကို မယုံကြည်ရင်လည်း အနည်းဆုံးတော့ ငါ့ကိုယောက်ျားအဖြစ်ရွေးချယ်ခဲ့တဲ့ ချူယန်ရဲ့ ဆုံးဖြတ်ချက်ကို တော့ ယုံကြည်သင့်တယ်။ ငါ နောက်တစ်ခန်းမှာ သွားအိပ်မယ်။ ဒါကြောင့် ဒီအခန်းမှာ မင်းတစ်ယောက်တည်းရှိနေမှာပဲ။ မင်းထွက်သွားချင်တဲ့အချိန် ထွက်သွားလို့ရတယ်"
တခဏတွန့်ဆုတ်ပြီးနောက် သူမ ပြောလိုက်သည်။ "ဒီနေ့ဖြစ်ခဲ့တာတွေကို ချူယန်ကို ပြန်မပြောနဲ့...သူ့ရဲ့ မိသားစုဝင်တွေကိုလည်း မပြောပြပါနဲ့"

ဇူအန် မနေနိုင်ဘဲ ရယ်လိုက်မိသည်။ "ဒါက သာမန်ကိစ္စပဲဟာကို။ ဘာဖြစ်လို့အဲ့တာကို မရိုးသားတဲ့အရာတစ်ခုလို ရုတ်တရက် ဆက်ဆံနေရတာလဲ။ စိတ်မပူနဲ့။ ဒါက ငါတို့ကြားထဲက လျှို့ဝှက်ချက်တစ်ခုအနေနဲ့ပဲ ရှိနေမှာပါ"

"နင့်လို လူမျိုးရဲ့ ပါးစပ်ကနေ စကားကောင်းတွေ ထွက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့သင့်ဘူး" ဖေးမြန့်မုန် က သူ၏ မျက်နှာအရှေ့တွင် တံခါးကို ဆောင့်ပိတ်လိုက်သည်။

ဇူအန် နှလုံးနင့်သွားသည်။ ဒီမိန်းမကတော့ အနည်းဆုံးတော့ ငါ့ကို စောင်လေးဘာလေး ယူဖို့ အချိန်တော့ ပေးပါဦးဟ။
သို့သော်လည်း သူ၏ လက်ရှိ ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့်ဆိုလျှင် စောင်ခြုံခြင်း မခြုံခြင်းမှာ မခြားနားပေ။ မည်သို့ပင်ဖြစ်စေ တံခါးကို ထပ်မခေါက်ချင်တော့ပေ။

နောက်အခန်းတံခါးသို့ သွားကာ ခုံတစ်ချို့ကို ဆွဲကပ်လိုက်သည်။ လဲလျောင်းကာ အိပ်တော့မည့်အချိန်တွင် သူ ရင်ထိတ်သွားရသည်။ သူ၏ ဘေးတွင် တစ်စုံတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။

----- -------------------------------------------- ----- ----- - - - - - - - - -

Chapter 259: အလိုက္တသိ

ဓား၏ ေအးစက္မႈေၾကာင့္ ဇူအန္ ၾကက္သီးေမႊးညွင္းမ်ား ထသြားရသည္။ "သူရဲေကာင္းႀကီးရယ္ ပိုက္ဆံလိုခ်င္တာလား ဒါမွမဟုတ္ရင္...က်ဳပ္ကို လိုခ်င္တာလား။ က်ဳပ္တို႔ ေဆြးႏြေးလို႔ရပါတယ္။ ေက်းဇူးျပဳၿပီးေတာ့တာ ဓားကို လက္မေခ်ာ္ပါေစနဲ႕"
ထိုစကားကိုေျပာရင္းႏွင့္ ေနရာခုန္ကူးရန္ မဟာေလျပင္းကို လွ်ို႔ဝွက္စြာ အသင့္ျပင္ထားလိုက္သည္။

သူ၏ အေနာက္မွ က်ိတ္ရယ္သံတစ္ခု ေပၚထြက္လာသည္။ "ပိုက္ဆံဆိုတာကိုေတာ့ ငါ နားလည္တယ္။ ဒါေပမယ့္ ေနာက္တစ္ေၾကာင္းကေတာ့ အဲ့ဒါက ငါလိုခ်င္တဲ့ တစ္ခုခုေရာ တကယ္ျဖစ္ပါ့မလား"

မိန္းမတစ္ေယာက္လား။ တိုက္ခိုက္သူ၏ အသံကို ၾကားလိုက္ရေသာအခါ ဇူအန္ စိတ္သက္သာရာရသြားခဲ့သည္။ သူ႕ကို လုပ္ႀကံရန္အတြက္ ေယာက္်ားတစ္ေယာက္ကို ေစလႊတ္လိုက္မည္ကို စိုးရိမ္ခဲ့ရသည္။ သို႔ေသာ္ မိန္းမဆိုပါက သူ၏ အထူးကြၽမ္းက်င္မႈျဖစ္သည္။
"ေလးစားစရာ သူရဲေကာင္းေလး။ ဒါကိုေတာ့ က်ဳပ္ လက္မခံနိုင္ဘူး။ က်ဳပ္ရဲ႕ ကိုယ္က်င့္သိကၡာကို ေစာ္ကားလို႔ရတယ္။ ဒါေပမယ့္ က်ဳပ္ရဲ႕ ေခ်ာေမာတဲ့႐ုပ္ရည္ကိုေတာ့ မေစာ္ကားပါနဲ႕" ဇူအန္က ခိုင္မာေသာ မ်က္ႏွာအမူအရာ ျဖင့္ေျပာလိုက္သည္။

"ဖီဘယေလာက္ေတာင္သြက္လိုက္တဲ့ လွ်ာရွိတာလဲ။ ဒါေၾကာင့္ အဲ့ဒီ မိန္းမပ်က္ ရွို႔ဟုန္ေလက နင့္ေရွ႕မွာ လဲက်ရတယ္ဆိုတာ မဆန္းေတာ့ပါဘူး" ေလတိုးေဝွ႕သံတစ္ခုျဖင့္ သူ၏ လည္ပင္းတြင္ ရွိေနေသာ ဓားမွာ ေပ်ာက္ကြယ္သြားသည္။

ထို႔ေနာက္ ဇူအန္ ဂ႐ုတစိုက္ လွည့္ၾကည့္လိုက္သည္။ မ်က္ႏွာဖုံးဝတ္ထားေသာ မိန္းကေလးတစ္ဦး မတ္တပ္ရပ္ေနရာမွ သူ႕အိမ္ယာတြင္ေျဖးညင္းစြာ ထိုင္ခ်လိဳက္သည္။
သူမ ထိုင္လိုက္သည္ႏွင့္ သူမ၏ ရင္ဘတ္မွ လွိုင္းႀကီးတစ္ခု တြန့္ေခါက္ထြက္ေပၚလာသည္။

ဇူအန္ တံေတြးၿမိဳခ်လိဳက္ကာ "ႀကီးလိုက္တာ..." ဟူ၍ အလိုအေလ်ာက္ ထြက္မိသြားသည္။
သူ၏ ေခါင္းတြင္ မူလီတစ္ေခ်ာင္း ေခ်ာင္ေနရင္ေတာင္မွ ပုံမွန္ဆိုလွ်င္ ယခုကဲ့သို႔ အလြယ္တကူ လႊတ္ခနဲေျပာထြက္သြားရန္ မျဖစ္နိုင္ေပ။
သို႔ေသာ္လည္း သူမ၏ ၀တ်စုံနက် မွာ အလြန္တင္းက်ပ္ေနၿပီး သူမ၏ ညွို႔ယူဖမ္းစားဖြယ္ ကိုယ္လုံးကိုယ္ေပါက္က ဇူအန္ ထိန္းနိုင္သည္ထက္ အလြန္ေက်ာ္ေနခဲ့သည္။
ထိုစကားလုံး သူ၏ ပါးစပ္မွ ထြက္လာၿပီးေနာက္တြင္ ျပႆနာအႀကီးအက်ယ္က်ေရာက္ေတာ့မည္ကို ဇူအန္ သိလိုက္သည္။

ေသခ်ာသည္မွာ မ်က္ႏွာဖုံးဝတ္ မိန္းကေလး၏ မ်က္လုံးမ်ား ခ်က္ခ်င္းေအးစက္သြားသည္။ "နင္ ဘာေျပာလိုက္တာလဲ"

"ငါေျပာလိုက္တာက...မိန္းကေလး ေဖး ရဲ႕ စကားကေနၿပီးေတာ့ မနာလိုမႈ ခပ္ႀကီးႀကီး အာ႐ုံခံမိတယ္လို႔ ေျပာတာပါ" ဇူအန္ က စကားလုံးမ်ားကို အလွ်င္အျမန္လွည့္ေျပာင္းလိုက္သည္။ သူမ၏ မက္မြန္ မ်က္ဝန္း ႏွင့္ ရင္သားထု ႀကီးႀကီးကို ၾကည့္ကာ မ်က္ႏွာဖုံးဝတ္ထားရင္ေတာင္ သူမ မည္သူဆိုသည္ကို ဇူအန္ ခ်က္ခ်င္း ေျပာနိုင္ေနသည္။

"ငါက..မနာလိုဘူးဟုတ္လား" ေဖးျမန့္မုန္ က သူမ၏ မ်က္ႏွာဖုံးကို ခြၽတ္လိုက္ၿပီး ေဘးသို႔ ပစ္လိုက္သည္။ သူမ၏ မ်က္ႏွာေပၚတြင္ အႏၱရာယ္ရွိေသာ အၿပဳံးတစ္ခု ေပၚလာသည္။ "ၾကည့္ရတာ ငါက နင့္အေပၚ..အေတာ္ေလး ေကာင္းေကာင္းဆက္ဆံခဲ့မိတယ္နဲ႕တူတယ္"

သူမ၏ အေၾကာင္းအရာ ေျပာင္းသြားေသာေၾကာင့္ ဇူအန္က ပုခုံးေပၚမွ အေလးႀကီး ခ်က္ခ်င္း က်ဆင္းသြားသည္ဟု ခံစားလိုက္ရသည္။ "ဘာမွမဟုတ္ေတာ့ပါဘူး။ ဉာဏ္အရမ္းထက္ျမက္တဲ့ သူေတြက အၿမဲတမ္း အလြယ္တကူ နားလည္မႈရွိတယ္ေလ"

ေဖးျမန့္မုန္ က အထင္အျမင္ေသးစြာ ႏွာေခါင္းရႈံ႕လိုက္သည္။ "ဒီကမၻာမွာ ခ်ဴယန္ က နင့္ကို ဘယ္လိုသည္းခံေနသလဲဆိုတာကို ငါ မသိဘူး"

"မင္း ခ်ဴယန္ရဲ႕ အခန္းကိုလည္း သြားခဲ့ေသးတာလား" ဇူအန္ ခ်က္ခ်င္း ျပာယာခတ္သြားသည္။ ကုသမႈတြင္ အာ႐ုံမ်ားေနေသာေၾကာင့္ အျပင္ဘက္ရွိ လႈပ္ရွားမႈကို အာ႐ုံစိုက္ရန္ မျဖစ္နိုင္ခဲ့ေပ။ သို႔ေသာ္လည္း အျပင္ဘက္တြင္ လုံၿခဳံေရးအလြန္တင္းၾကပ္ေနၿပီး သူ႕ကဲ့သို႔ ႐ုတ္ခ်ည္းေ႐ြ႕လ်ားနိုင္သည့္ ေျခလွမ္းပညာမရွိပါက သူမသည္ သူတို႔၏ အာ႐ုံခံမႈမွ လြတ္ေျမာက္နိုင္မည္မဟုတ္ေပ။

"ငါ မသြားပါဘူး" ေဖးျမန့္မုန္ ၏ အမူအရာမွာ ပိုမိုထူးဆန္းလာသည္။ သူမသည္ သူမ၏ အခင္ဆုံးသူငယ္ခ်င္း ဆီသို႔ သြားလည္ရမည့္အစား သူငယ္ခ်င္း၏ ေယာက္်ားျဖစ္သူဆီသို႔ ေရာက္လာခဲ့သည္။ "သူမ ေနမေကာင္းဘူးလို႔ ငါ ၾကားတယ္။ ဒါေၾကာင့္ ဒီညေတာ့ သူမကို အႏွောင့္အယွက္မေပးေတာ့ဘူး" သူမ အလွ်င္အျမန္ ထပ္ျဖည့္ေျပာလိုက္သည္။
ထိုစကားေျပာၿပီးေနာက္ သူမ ႐ုတ္တရက္ မ်က္ေမွာင္ၾကဳတ္လိုက္ကာ သူမ၏ ခႏၶာကိုယ္မွာ သဘာဝမက် တြန့္လိမ္သြားသည္။

"မင္း ဒဏ္ရာ ရထားတာလား" သူမ၏ လႈပ္ရွားဟန္မွာ အနည္းငယ္ ေတာင့္တင္းေနသည္ကို ဇူအန္ သတိထားမိလိုက္သည္။ မည္သည္တို႔ျဖစ္ေနသည္ကို စဥ္းစားမိသြားေစသည္။

"ဟြန္း။ နင့္ကို ကယ္ဖို႔အတြက္ လာခဲ့ရတာကို နင္က အဲ့ဒီေျမေခြးမနဲ႕ ထြက္ေျပးသြားတယ္။ ငါ့ကို အဲ့ဒီ အဆင့္ေျခာက္ ရွိတဲ့ ခ်န္႐ႊမ္း နဲ႕ သူ႕ရဲ႕ အနက္ေရာင္ေလခံတပ္အဖြဲ႕၀င္ေတြကို တစ္ေယာက္တည္း ရင္ဆိုင္ဖို႔ ထားခဲ့တယ္။ အဲ့ဒါကို ေမးရဲတဲ့ သတၱိရွိေသးတာလား" ေဖးျမန့္မုန္ ခ်က္ခ်င္း ေဒါသေပါက္ကြဲသြားၿပီး ရွို႔ဟုန္ေလ ႏွင့္ ဇူအန္တို႔ အတူထြက္ေျပးသြားေသာျမင္ကြင္းကို ျပန္ျမင္ေယာင္လာသည္။

သင္သည္ ေဖးျမန့္မုန္ ထံမွ အမ်က္ပြိုင့္ ၆၆...၆၆...၆၆... ရရွိလိုက္သည္။

ဇူအန္ ခ်က္ခ်င္း မ်က္ႏွာ မဲ့သြားသည္။ "အဲ့ဒီတုန္းက ရွို႔ဟုန္ေလ က သူနဲ႕အတူ ငါ့ကို ေရထဲဆြဲခ်ခဲ့မယ္လို႔ မထင္ထားခဲ့ဘူးေလ။ အရာအားလုံး က ျဖစ္သြားတာ အရမ္းျမန္ဆန္လြန္းတယ္။ သူက ငါ့ကို ျမစ္ကမ္းဆီကို ေခၚသြားခဲ့တယ္။ ဒါေပမဲ့ ငါ အေနာက္လွည့္ၾကည့္ဖို႔ အခြင့္ရတဲ့အခါမွာ မင္းတို႔တိုက္ပြဲက လက္ရည္ညီေနတယ္။ ၿပီးေတာ့ ၿမိဳ႕ေစာင့္တပ္ကလည္း လာေနၿပီ။ ဒါေၾကာင့္ မင္းကို ျပႆနာ ထပ္မတက္ေစခ်င္ေတာ့တဲ့အတြက္ေၾကာင့္ ျပန္မလာေတာ့တာပဲ"

ရွို႔ဟုန္ေလ က သူ႕ကို ေအာက္စီဂ်င္ ေပးခဲ့သည့္အခ်က္ကို ခ်န္လွပ္ထားခဲ့သည္။ သူ၏ ဇနီးသည္ကို စိတ္ဆိုးေစခဲ့ၿပီးေနာက္ အျခားမိန္းမတစ္ဦးကို စိတ္မဆိုးေစခ်င္ခဲ့ေပ။
ျပန္မလာခင္တြင္ ႏႈတ္ခမ္းနီကို သုတ္ခဲ့သည့္အတြက္ ေကာင္းကင္ကို ေက်းဇူးတင္ရမည္ျဖစ္စည္။ မဟုတ္ပါက ယေန႕သည္ သူ၏ အသုဘေန႕ရက္ ျဖစ္လာနိုင္ေခ်ရွိသည္။

"ဟြန္း အနည္းဆုံးေတာ့ အသိေတာ့ ရွိေသးသားပဲ" သူမ၏ အေျခအေနကို အနည္းဆုံးေသာ အာ႐ုံထားခဲ့သည္ဟု ၾကားရေသာအခါ ေဖးျမန့္မုန္ ၏ အမူအရာ အနည္းငယ္ ေလ်ာ့က်သြားသည္။ "ဓားျပ ဟုတ္ဟုတ္ မဟုတ္ဟုတ္ ခ်န္႐ႊမ္းက အဆင့္ေျခာက္ က်င့္ႀကံသူတစ္ဦးျဖစ္ေနတုန္းပဲ။ သူ႕လို လူမ်ိဳးနဲ႕ ရင္ဆိုင္ရရင္ အသက္ရွင္လ်က္ ထြက္လာနိုင္ရင္ေတာင္ ကံေကာင္း။ ဒဏ္ရာ အေသးအမႊားေလးက ဘာမွမဟုတ္ဘူး"

ဇူအန္ မ်က္လုံးျပဴးက်ယ္သြားသည္။ "မင္း ဘယ္နားထိခိုက္ထားတာလဲ။ ငါ့မွာ ေဆးရွိတယ္"
ဖီးနစ္ေကာင္းကင္သိုင္းက်မ္းကို အားထုတ္ရန္အတြက္ ေသလုနီးပါးအေျခအေနမ်ား က်ေရာက္ခဲ့ရသည္။ ပိုက္ဆံတစ္ခ်ိဳ႕ ရွာခဲ့ၿပီးေနာက္ သူ အရင္ဆုံး စုေဆာင္းခဲ့သည္မွာ ေဆးဝါးမ်ားျဖစ္သည္။ အမ်ားစုမွာ က်ီတန္ထု ၏ အေကာင္းဆုံးလက္ရာမ်ားျဖစ္သည္။

"ဘယ္နား ထိခိုက္လဲလို႔ ငါ့ကို ေမးေနၿပီးေတာ့ ဘာျဖစ္လို႔ ငါ့ရင္ဘတ္ကို ပဲ စိုက္ၾကည့္ေနတာလဲ" ေဖးျမန့္မုန္ ၏ အၿပဳံးတြင္ အႏၱရာယ္အေငြ႕အသက္တစ္ခုပါေနသည္။

ဇူအန္ မ်က္ႏွာနီရဲသြားသည္။ "ဘယ္နား ထိသြားသလဲလို႔ မွန္းၾကည့္လိုက္႐ုံပါ" အျမန္ျပန္ေျဖလိုက္သည္။

"မွန္းမေနနဲ႕ေတာ့။ အဲ့ဒါက နင္ထင္ေနတဲ့ ေနရာမဟုတ္ဘ" ေဖးျမန့္မုန္ ၏ မ်က္ဝန္းတြင္ ေတြေဝမႈတစ္ခု ရစ္ဝဲေနသည္။
"ခ်ဴယန္က နင့္လို ေကာင္စားမ်ိဳးနဲ႕ ဘယ္လို ေတြ႕ခဲ့တာလဲမသိဘူး။ တကယ္ကို နားမလည္နိုင္ဘူး။ သူ တစ္ေယာက္တည္းမဟုတ္ဘူး။ အဲ့ဒီး ေျမေခြးမ ရွို႔ဟုန္ေလ ကလည္း နင့္ကို အေတာ္ေလး ႏွစ္သက္ေနပုံရတယ္။ နင့္မွာ ထူးျခားတာ ဘာတစ္ခုမွ ငါ မေတြ႕ရပါဘူး"

ဇူအန္ ရွက္ၿပဳံးၿပဳံးလိုက္သည္။ "ငါက ထုတ္မျပရေသးတဲ့ အရည္အခ်င္းေတြ အမ်ားႀကီးရွိေနတဲ့ သူပဲေလ။ ငါ့ရဲ႕ သန္မာမႈေတြကို သိခ်င္ရင္ ငါ့အနားမွာ ေနၾကည့္လိုက္ေပါ့"

"နင္ကလား။ ကြယ္ဝွက္ထားတဲ့ အရည္အခ်င္းေတြလား" ေဖးျမန့္မုန္ ခ်က္ခ်င္း ဟားတိုက္ရယ္ေမာလိုက္သည္။ ထို႔ေနာက္ သူမ၏ ဒဏ္ရာ ျပန္ထလာသျဖင့္ နာက်င္မႈေၾကာင့္ မ်က္ႏွာမဲ့သြားသည္။ သူမ၏ လွပေသာ မ်က္ခုံးမ်ားလည္း ဆြဲကပ္သြားသည္။

"ေက်ာဘက္ မွာ နာေနတာလား" သူမ ဒဏ္ရာေနသည္ကို ဇူအန္ သိၿပီးသားျဖစ္သည္။ ထို႔အျပင္ ထိခိုက္နာက်င္မႈတြင္ သူသည္ စစ္မွန္ေသာ ဆရာတစ္ဆူျဖစ္သည္။

"အင္း" ေဖးျမန့္မုန္ ၿငီးတြားလိုက္သည္။ ဇူအန္က သူမ၏ ဒဏ္ရာကို ၾကည့္ေတာ့မည့္ဟန္ ျပင္လိုက္ခ်ိန္တြင္ ခ်က္ခ်င္းပင္ ဓားျမႇောက္ကာ ေျပာလိုက္သညိ။ " နင့္ အပူမပါဘူး။ ဒီလို ဒဏ္ရာအေသးေလးက ကိစၥမရွိဘူး"

ဇူအန္ လန့္သြားၿပီး ၿပဳံးလိုက္သည္။ ဒီမိန္းမက အျပင္ပန္းမွာ ကလက္တက္တက္ ပုံစံရွိေနေပမယ့္ တကယ္ေတာ့ အတြင္းဘက္မွာ ဒီေလာက္ကို အထိမခံတာပဲ။
"အဲ့ဒါကို ျမန္ျမန္မကုသရင္ အမာ႐ြတ္ က်န္ခဲ့လိမ့္မယ္ေနာ္" ဇူအန္ သတိေပးလိုက္သည္။

ေဖးျမန့္မုန္ ေလွာင္ရယ္လိုက္သည္။ "ငါ့ကို အဲ့ဒီ သိမ္ေမြ႕ႏူးညံတဲ့ မိန္းကေလးေတြလို ထင္ေနတာလား။ က်င့္ႀကံသူေတြက သာမန္လူေတြနဲ႕ ကြဲျပားတယ္။ ၿပီးေတာ့ ငါက အၿမဲ ျပန္ေကာင္းတာျမန္တယ္။ ငယ္ငယ္ကတည္းက ဒဏ္ရာ ဘယ္ႏွႀကိမ္ ရခဲ့သလဲဆိုတာကို ေရတြက္လို႔ေတာင္မရဘူး။ အဲ့ဒီဒဏ္ရာေတြရဲ႕ အမာ႐ြတ္ကို နင္ ျမင္ရလို႔လား"

"မင္းက မိသားစုႀကီးတစ္ခုရဲ႕ အဖိုးတန္ သမီးရတနာေလး တစ္ပါးလို႔ အရင္က ထင္ထားခဲ့တာ။ ဒါေပမယ့္ မင္းဘဝက အေတာ္ေလး ခက္ခဲခဲ့တယ္ ထင္တယ္" သူမ ငယ္႐ြယ္စဥ္က ဒဏ္ရာမ်ားစြာ ရဖူးသည္ကို ဇူအန္ သိလိုက္ရေသာအခါ အံၾသသြားသြားသည္။ သူမ၏ ပုံမွန္အခ်ိန္က ေပ်ာ္႐ႊင္တတ္ေသာ၊ ညွို႔ယူဖမ္းစားဖြယ္ အသြင္အျပင္ျဖင့္ဆိုလွ်င္ ထိုအရာကို လက္ခံရန္မွာ သူ႕အဖို႔ အလြန္ခက္ခဲလွသည္။

ေဖးျမန့္မုန္ ၏ အၿပဳံး ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။ "နင္ရဲ႕ သနားမႈကို မလိုအပ္ဘူး"

ဇူအန္က သူမ၏ ႐ုတ္တရက္ေျပာင္းလဲသြားေသာ အမူအက်င့္ကို စိတ္ထဲမထားေပ။ "စိတ္မပူပါနဲ႕။ ဒီအေၾကာင္းေတြကို ခ်ဴယန္ကို ျပန္မေျပာျပပါဘူး"

"သူ႕ကို ျပန္ေျပာေျပာ မေျပာေျပာ ငါက ဘာျဖစ္လို႔ ဂ႐ုစိုက္ရမွာလဲ" ေဖးျမန့္မုန္ လွည့္လိုက္သည္။ သို႔ေသာ္ သူမ၏ မ်က္ႏွာအမူအရာမွာ အနည္းငယ္ ေျဖေလ်ာ့သြားသည္။

"ဘာပဲျဖစ္ျဖစ္ ဒဏ္ရာကို အတတ္နိုင္ဆုံး ျမန္ျမန္ ဂ႐ုစိုက္သင့္တယ္" ဇူအန္က သူ၏ အမ်ိဳးမ်ိဳးေသာ အံဆြဲမ်ားကို လွန္ေလွာရွာေဖြလိုက္သည္။ "အဆင့္ေျခာက္က်င့္ႀကံသူ တစ္ဦးဆီက ရတဲ့ ဒဏ္ရာကို ငါတို႔ အထင္ေသးလို႔မရဘူး။ ခ်ဴယန္က အေကာင္းဆုံး ဥပမာပဲ။ သူ႕ရဲ႕ လ်စ္လ်ဴရႈ႕မႈေၾကာင့္ အခုဆိုရင္ အဲ့ဒီ ဝူတိ နဲ႕ တိုက္တုန္းက ရခဲ့တဲ့ အတြင္းဒဏ္ရာတစ္ခ်ိဳ႕ကို ဆက္ၿပီးေတာ့ ခံစားေနရတုန္းပဲ"

"ခ်ဴယန္ရဲ႕ အေျခအေနက အဲ့ဒီေလာက္ေတာင္ ျပင္းထန္တာလား" ေဖးျမန့္မုန္၏ အမူအရာမွာ ခ်က္ခ်င္း ရႈပ္ေထြးသြားသည္။

"အဲ့ေလာက္လည္း မဆိုးပါဘူး။ ငါလိုသမားေတာ္တစ္ဦးရွိေနေတာ့ အဲ့ဒါက ကိစၥႀကီးတစ္ခု မဟုတ္ပါဘူး" ဇူအန္ ေျဖလိုက္သည္။

"နင္ကလား" ေဖးျမန့္မုန္ ေလွာင္ရယ္လိုက္သည္။ "သူ႕ကို ကုေပးေနတာ ေသခ်ာေပါက္ကို နတ္ေဆးဆရာက်ီပဲ ျဖစ္မွာပဲ"

"ဘဝက တကယ္ကို ႏွင္းေရခဲျပင္တစ္ခုလို အထီးက်န္ ဆန္တယ္။ ငါ အမွန္တရားေျပာရင္ ဘယ္သူမွ မယုံၾကည္ၾကဘူး" ဇူအန္က ေဆးအမ်ိဳးအစားမ်ားစြာ ထုတ္ယူလိုက္သည္။ "ဟိုဘက္လွည့္။ ဒဏ္ရာကို တစ္ခ်က္ ၾကည့္ရေအာင္"

အနည္းငယ္ တြန့္ဆုတ္ၿပီးေနာက္ ေဖးျမန့္မုန္ လွည့္လိုက္သည္။ "ငါ့ကို အသားယူမယ့္စိတ္ မထားတာေကာင္းမယ္။ နင္က ခ်ဴယန္ရဲ႕ ေယာက္်ားျဖစ္ေနရင္ေတာင္ နင့္ကို အလြတ္ေပးမွာမဟုတ္ဘူး" သူမ ေအးတိေအးစက္ေျပာလိုက္သည္။

"ငါ့မ်က္လုံးေတြ ဘယ္ေလာက္ ရိုးသားျဖဴစင္တယ္ဆိုတာ ၾကည့္ပါလား။ ငါက အဲ့ဒီလို လူစားမ်ိဳးလို႔ တကယ္ပဲ ထင္ရတာလား" ဇူအန္ အလြန္မေက်နပ္ဟန္ရွိေနသည္။

"ဟြန္း"

...

အလွ်င္အျမန္ ၾကည့္ရႈ႕ၿပီးေနာက္ သူမ၏ ေက်ာျပင္တြင္ သုံးလက္မခန့္ ဓားဒဏ္ရာတစ္ခ်က္ကို ဇူအန္ ေတြ႕လိုက္ရသည္။ အကၤ်ီမွာ ေသြးမ်ားျဖင့္ စိုစြတ္ေနၿပီးသားျဖစ္သည္။ သူမ၏ ဝတ္စုံမွာ အနက္ေရာင္ျဖစ္ေနေသာေၾကာင့္ ယခင္က မသိသာခဲ့ေပ။ "အဲ့ဒီ ေခြးမသား ခ်န္႐ႊမ္း ကေတာ့။ ဘာလို႔ဒီေလာက္ ရက္စက္နိုင္တာလဲ"

"ဟြန္း။ သူက ဘာမွ မထူးျခားပါဘူး" ေဖးျမန့္မုန္က မာနႀကီးစြာ ေခါင္းေမာ့လိုက္သည္။ သူမ အထင္ေသးမခံခ်င္သည္မွာ ရွင္းလင္းေနသည္။

"ဟုတ္တယ္။ ဟုတ္တယ္။ မင္းက တကယ္ကို သန္မာပါတယ္" ဇူအန္က သူမ၏ ဒဏ္ရာ အနားရွိ အဝတ္ကို ညင္သာစြာ ဆုပ္ၿဖဲလိုက္သည္။

"နင္ ဘာလုပ္ေနတာလဲ" ေဖးျမန့္မုန္ ၏ ခႏၶာကိုယ္တစ္ခုလုံး ေတာင့္တင္းသြားသည္။ သူမ ဓားကို တင္းတင္းဆုပ္ကိုင္လိုက္သည္။

"စိတ္ေလ်ာ့ပါဦး။ ဒဏ္ရာကို အရင္မေဆးေၾကာဘဲနဲ႕ ဘယ္လိုလုပ္ ေဆးထည့္လို႔ရမွာလဲ" ဇူအန္ ေျဖလိုက္သည္။ "စိတ္မပူနဲ႕။ ငါ့ဇနီးရဲ႕ သူငယ္ခ်င္း ကို ဇနီးရဲ႕ အိမ္မွာ အသားယူရေလာက္တဲ့အထိ ငါ ေအာက္တန္းမက်ပါဘူး"

"ဟ နင့္မွာ အဲ့ဒီလိုလုပ္ရဲတဲ့ သတၱိမရွိဘူးဆိုတာကို ငါ သိသားပဲ" ဇူအန္ ေရွ႕ဆက္မတိုးေတာ့သည္ကို ေဖးျမန့္မုန္ သတိျပဳမိေသာအခါ သူမ စိတ္ေအးသြားရသည္။
ဇူအန္က ဒဏ္ရာအေပၚသို႔ ေဆးအနည္းငယ္ သုတ္လိမ့္လိုက္သည္။ ၎ကို အသာအယာေဆးေၾကာေပးလိုက္သည္။ "နာလား"

"အဆင္ေျပပါတယ္။ ဆက္လုပ္" ေဖးျမန့္မုန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ နာက်င္မႈကို အံႀကိတ္ခံေနသည္မွာ ထင္ရွားေနသည္။
အခန္းမွာ အလွ်င္အျမန္ ၿငိမ္သက္သြားသည္။ သူမ၏ ဒဏ္ရာကို ကုသေပးေနသည့္ အသံသာ ၾကားေနရသည္။

ေဖးျမန့္မုန္ ရွက္ေသြးျဖာသြားသည္။ ၎သည္ သူမ၏ အေရျပားကို ေယာက္်ားတစ္ေယာက္ ထိေတြ႕ဖူးသည့္ ပထမဆုံး အႀကိမ္ျဖစ္သည္။ သို႔ေသာ္လည္း ရွက္႐ြံျခင္းမွာ သူမ၏ ပုံစံမဟုတ္ေပ။ တခဏၾကာၿပီးေနာက္ သူမ ဂုဏ္ယူစြာ ရယ္လိုက္ကာ ေမးလိုက္သည္။ "ခ်ဴယန္နဲ႕ ငါ ဘယ္သူ႕အသားအေရက ပိုေကာင္းလဲ"

ဇူအန္ ၿပဳံးကာ ေျပာလိုက္သည္။ "မင္းရဲ႕ အသားအေရက ငါ့မိန္းမထက္ ပိုေကာင္းတယ္လို႔ ေျပာေစခ်င္တာလား။ ဒါမွမဟုတ္ရင္ ငါ့မိန္းမရဲ႕ အသားအေရက မင္းထက္ ပိုျပည့္စုံတယ္လို႔ ေျပာေစခ်င္တာလား"

သူမထံသို႔ ျပန္ကန္ထည့္လိုက္ေသာ ေဘာလုံးကို ေဖးျမန့္မုန္ ျမင္ရေသာအခါ ႏွာေခါင္းရႈံ႕လိုက္သည္။ "ဟြန္း နင္က ေျမေခြးတစ္ေကာင္လို တကယ္ ေကာက္က်စ္တာပဲ။ လျပည့္ၿမိဳ႕မွာ နင္ႀကီးျပင္းလာတာေရာ ဟုတ္ရဲ႕လား။ အျခား မြန္းစတားအိုႀကီးတစ္ခ်ိဳ႕ဆီမွာ ေမြးလာသလားလို႔ ငါ ထင္မိတယ္"

သူမ၏ စကားေၾကာင့္ ဇူအန္ အနည္းငယ္ လန့္သြားသည္။ ငါ့မွာ မြန္းစတားအိုတစ္ေကာင္လို အရာမ်ိဳး ရွိေနတာပဲဟ။..မဟုတ္ဘူး။ အနည္းဆုံးေတာ့ ငါက မြန္းစတားေလးပဲ။ ငါ့ရဲ႕ အရင္ကမၻာမွာတုန္းကလည္း ငါက ငယ္႐ြယ္ေနေသးတာပဲေလ။

သူမကို ကုသေပးမႈ ၿပီးသြားေသာအခါ ဇူအန္ ေျပာလိုက္သည္။ 'အားလုံးၿပီးၿပီ။ ဒါေပမယ့္ မင္းက ေသြးထြက္လြန္ထားတယ္။ ဒါေၾကာင့္ အခုေတာ့ မင္း ခႏၶာကိုယ္က အားနည္းေနလိမ့္မယ္။ ဒီည ႐ူးမေနနဲ႕ေတာ့။ ဒီမွာပဲ နားေနလိုက္။ မဟုတ္ရင္ တစ္ျခား အေပအေတတစ္ခ်ိဳ႕ ရဲ႕ တိုက္ခိုက္မႈႀကဳံေတြ႕ရရင္ ငါ့ႏွလုံးသားလည္း တကယ္ ခံစားနိုင္မွာမဟုတ္ဘူး"

ေဖးျမန့္မုန္ မ်က္လုံးမ်ားက စေနာက္ေသာ အလင္းေရာင္ျဖင့္ တဖ်ပ္ဖ်ပ္လက္သြားသည္။ "ဒီမွာေနရတာ အႏၱရာယ္ပိုမ်ားတယ္လို႔ ငါဘာလို႔မ်ား ခံစားေနရတာလဲ"

"ငါ့ရဲ႕ ကိုယ္က်င့္တရားကို မယုံၾကည္ရင္လည္း အနည္းဆုံးေတာ့ ငါ့ကိုေယာက္်ားအျဖစ္ေ႐ြးခ်ယ္ခဲ့တဲ့ ခ်ဴယန္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေတာ့ ယုံၾကည္သင့္တယ္။ ငါ ေနာက္တစ္ခန္းမွာ သြားအိပ္မယ္။ ဒါေၾကာင့္ ဒီအခန္းမွာ မင္းတစ္ေယာက္တည္းရွိေနမွာပဲ။ မင္းထြက္သြားခ်င္တဲ့အခ်ိန္ ထြက္သြားလို႔ရတယ္"
တခဏတြန့္ဆုတ္ၿပီးေနာက္ သူမ ေျပာလိုက္သည္။ "ဒီေန႕ျဖစ္ခဲ့တာေတြကို ခ်ဴယန္ကို ျပန္မေျပာနဲ႕...သူ႕ရဲ႕ မိသားစုဝင္ေတြကိုလည္း မေျပာျပပါနဲ႕"

ဇူအန္ မေနနိုင္ဘဲ ရယ္လိုက္မိသည္။ "ဒါက သာမန္ကိစၥပဲဟာကို။ ဘာျဖစ္လို႔အဲ့တာကို မရိုးသားတဲ့အရာတစ္ခုလို ႐ုတ္တရက္ ဆက္ဆံေနရတာလဲ။ စိတ္မပူနဲ႕။ ဒါက ငါတို႔ၾကားထဲက လွ်ို႔ဝွက္ခ်က္တစ္ခုအေနနဲ႕ပဲ ရွိေနမွာပါ"

"နင့္လို လူမ်ိဳးရဲ႕ ပါးစပ္ကေန စကားေကာင္းေတြ ထြက္လာလိမ့္မယ္လို႔ ငါ မေမွ်ာ္လင့္ခဲ့သင့္ဘူး" ေဖးျမန့္မုန္ က သူ၏ မ်က္ႏွာအေရွ႕တြင္ တံခါးကို ေဆာင့္ပိတ္လိုက္သည္။

ဇူအန္ ႏွလုံးနင့္သြားသည္။ ဒီမိန္းမကေတာ့ အနည္းဆုံးေတာ့ ငါ့ကို ေစာင္ေလးဘာေလး ယူဖို႔ အခ်ိန္ေတာ့ ေပးပါဦးဟ။
သို႔ေသာ္လည္း သူ၏ လက္ရွိ ခႏၶာကိုယ္ဖြဲ႕စည္းပုံျဖင့္ဆိုလွ်င္ ေစာင္ၿခဳံျခင္း မၿခဳံျခင္းမွာ မျခားနားေပ။ မည္သို႔ပင္ျဖစ္ေစ တံခါးကို ထပ္မေခါက္ခ်င္ေတာ့ေပ။

ေနာက္အခန္းတံခါးသို႔ သြားကာ ခုံတစ္ခ်ိဳ႕ကို ဆြဲကပ္လိုက္သည္။ လဲေလ်ာင္းကာ အိပ္ေတာ့မည့္အခ်ိန္တြင္ သူ ရင္ထိတ္သြားရသည္။ သူ၏ ေဘးတြင္ တစ္စုံတစ္ေယာက္ ႐ုတ္တရက္ ေပၚလာခဲ့သည္။

----- -------------------------------------------- ----- ----- - - - - - - - - -

Continue Reading

You'll Also Like

732K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest
49.4K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
471K 57K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
77.6K 10.6K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...