SUN { Season 1 }

By AKA_404

1.6M 111K 14.2K

Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov... More

Citation And References Books List
Prologue
Unicode - Prologue
SUN { 1 }
Unicode - 1
SUN { 2 }
Unicode - 2
SUN { 3 }
Unicode - 3
SUN { 4 }
Unicode - 4
SUN { 5 }
Unicode - 5
SUN { 6 }
Unicode - 6
SUN { 7 }
Unicode - 7
SUN { 8 }
Unicode - 8
SUN { 9 }
Unicode - 9
SUN { 10 }
Unicode - 10
SUN { 11 }
Unicode - 11
SUN { 12 }
Unicode - 12
SUN { 13 }
Unicode - 13
SUN { 14 }
Unicode - 14
SUN { 15 }
Unicode - 15
SUN { 16 }
Unicode - 16
SUN { 17 }
Unicode - 17
SUN { 18 }
Unicode - 18
SUN { 19 }
Unicode - 19
SUN { 20 }
Unicode - 20
SUN { 21 }
Unicode - 21
SUN { 22 }
Unicode - 22
SUN { 23 }
Unicode - 23
SUN { 24 }
Unicode - 24
SUN { 25 }
Unicode - 25
SUN { 26 }
Unicode - 26
SUN { 27 }
Unicode - 27
SUN { 28 }
Unicode - 28
SUN { 29 }
Unicode - 29
SUN { 30 }
Unicode - 30
SUN { 31 }
Unicode - 31
SUN { 32 }
Unicode - 32
SUN { 33 }
Unicode - 33
SUN { 34 }
Unicode - 34
SUN { 35 }
Unicode - 35
SUN { 36 }
Unicode - 36
SUN { 37 }
Unicode - 37
SUN { 38 }
Unicode - 38
SUN { 39 }
Unicode - 39
SUN { 40 }
Unicode - 40
SUN { 41 }
Unicode - 41
SUN { 42 }
Unicode - 42
SUN { 43 }
Unicode - 43
SUN { 44 }
Unicode - 44
SUN { 45 }
Unicode - 45
SUN { 46 }
Unicode - 46
SUN { 47 }
Unicode - 47
SUN { 48 }
Unicode - 48
SUN { 49 }
Unicode - 49
SUN { 50 }
Unicode - 50
SUN { 51 }
Unicode - 51
SUN { 52 }
Unicode - 52
SUN { 53 }
Unicode - 53
SUN { 54 }
Unicode -54
SUN { 55 }
Unicode - 55
SUN { 56 }
Unicode - 56
SUN { 57 }
Unicode - 57
SUN { 58 }
Unicode - 58
SUN { 59 }
Unicode - 59
SUN { 60 }
Unicode - 60
SUN { 61 }
Unicode - 61
SUN { 62 }
Unicode - 62
SUN { 63 }
Unicode - 63
SUN { 64 }
Unicode - 64
SUN { 65 }
Unicode - 65
SUN { 66 }
Unicode - 66
SUN { 67 }
Unicode - 67
SUN { 68 }
Unicode - 68
SUN { 69 }
Unicode - 69
SUN { 70 }
Unicode -70
SUN { 71 }
Unicode - 71
SUN { 72 }
Unicode - 72
SUN { 73 }
Unicode - 73
SUN { 74 }
Unicode - 74
SUN { 75 }
Unicode - 75
SUN { 76 }
Unicode - 76
SUN { 77 }
Unicode - 77
SUN { 78 }
SUN { 79 }
Unicode - 79
SUN { 80 }
Unicode - 80
Epilogue
Unicode - Epilogue
Season ( 2 )

Unicode - 78

5.4K 444 129
By AKA_404

"ယံ . ."

လေတိုးသံ တစ်ခုလား။

တိုးညင်းသော ခေါ်သံ တစ်ခုလား။

သေချာ မသဲကွဲ။

ဝေယံ ဘေးဘီဝဲယာကို လှည့်ပတ် ရှာဖွေမိသည်။

ရာပေါင်းများစွာ မတ်မတ် စီတန်းနေသော ဆာကူရာပင်တန်းတွေမှ လွဲ၍ တခြားသော ဘယ်လို အရာမျိုးမှ မရှိ။ အံ့သြစရာကောင်းစွာ ဆာကူရာ တောအုပ်ငယ် တစ်ခုထဲ သူ ရောက်နေခြင်း ဖြစ်သည်။ လှပ ညှို့ယူသော ဆာကူရာ ပွင့်လွှာများဟာ နူးညံ့ ဖြူစင်သည့် အရောင်အဆင်းဖြင့် ပတ်ဝန်းကျင်ကို ခမ်းခမ်းနားနား အလှဆင်ထားသည်။ ခြေဗလာဖြင့် နင်းမိထားသော မြက်ခင်းပြင်တွင် ပန်းသွေးဖြူရောင် ဆာကူရာ ပန်းကြွေများ အပြည့်။

ခံစားမှုက အသာအယာ။

ကြည်နူးဖွယ်ရာ ညင်သာလွန်း၏။

မျက်နှာ မော့လျက် ကြင်နာတတ်သော မျက်ဝန်းများဖြင့် ပင်ယံထက်မှ ပန်းခိုင်များကို ငေးကြည့်မိသည့် အခိုက် အေးမြသော လေညင်းက အချိန်ကိုက် ဖြတ်ပြေးသွားသည်။ ထိုအခါ သစ်ရွက်သစ်ခက်တို့နှင့် ပန်းခိုင်များ လှုပ်ခတ်သွားပြီး အချင်းချင်း ပွတ်တိုက် ထိမိကြရာမှ တရှဲရှဲ အသံ မြည်လာသည်။ တစ်ဆက်တည်းမှာပဲ ယုယဖွယ်ရာ ပန်းနုရောင် ပွင့်ဖတ်များ မြေပြင်ပေါ်သို့ တဖွဲဖွဲ ကြွေဆင်းလာတော့သည်။

တိုးတိတ်သော ခေါ်သံက
ထူးဆန်းစွာ ထပ်မံ ထွက်ပေါ်လာသည်။

"ယံ . ."

"ဘယ်သူလဲ"

ဝေယံ အသံ ထွက်လျက် အော်မေးလိုက်မိသည်။ မြင်ကွင်းမှာ သိပ်ပြီး မရှင်းလင်း။ သစ်တောသစ်ရိပ် အုပ်ဆိုင်းလို့ ပတ်ဝန်းကျင်တစ်ခွင် မီးခိုးရောင် မြူခိုးမှိုင်းထုများ အလွှာ အထပ်ထပ် ခြံရံနေသည်။

"ကျွန်တော့်ဆီကို လာပါ ယံ"

အသံက တိုးတိုးဖျဖျ။
သို့ရာတွင် ဆွဲဆောင်မှု အပြည့်။

ငြိမ်သက် အံ့သြစွာ မတ်တတ်ရပ်နေရာမှ ရုတ်တရက် အညှို့ ခံလိုက်ရသော လူ တစ်ယောက်လို အသံ လာရာသို့ ဖြည်းညင်းသော ခြေလှမ်းများဖြင့် စပြီး လျှောက်လှမ်းမိသည်။ ဝေယံ ရှိနေသော လမ်းကလေးသည် ညအမှောင်တွင် လမင်း၏ အလင်းဓာတ်ဖြင့် ထူးထူးခြားခြား လင်းဖြာနေသည်။ တစ်ဖက် တစ်ချက်တွင် ပန်းနုရောင် ဆာကူရာ ပွင့်ဖတ်ကလေးများ လေထုထဲ ပျော်ပျော်ပါးပါး ကခုန်နေကြ၏။

"ဒီည လမင်းကြီးက မလှဘူးလား"

ဝေယံ မဟူရာ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ တောက်ပ လင်းလဲ့နေသော လမင်းဆီမှ အသံရှင်၏ အပြုံးရိပ်ကို ဖျတ်ခနဲ မြင်လိုက်ရသလို ရှိသည်။

"သိပ် လှတာပဲ"

"ဟိုးအရင်က ဂျပန် အမျိုးသားတွေက ချစ်ရသူတွေကို ချစ်ကြောင်း ပြောဖို့ အရမ်း ရှက်ကြတယ်၊ အဲ့ဒါကြောင့် ချစ်တယ်လို့ ပြောမယ့်အစား လမင်းကြီးက လှတယ်နော် ဆိုပြီး ပြောတတ်ကြတယ်"

ဝေယံ နူးနူးညံ့ညံ့ ပြုံးလိုက်မိသည်။

ထိုခဏ ကြည်နူးဖွယ်ရာ ပတ်ဝန်းကျင်က ဝမ်းနည်း နာကျင်ဖွယ်ရာ မြင်ကွင်း တစ်ခုအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားသည်။

ပန်းကလေးတွေ မပွင့်လန်းတော့။

လမင်းကြီးလည်း မလင်းဖြာတော့။

လေညင်းတို့လည်း မတိုက်ခတ်တော့။

ဆာကူရာ တောအုပ်ငယ်ဟာ အရိုးပြိုင်းပြိုင်း ထနေသော သစ်ခြောက်ပင်များသာ ရှိနေသည့် ကြောက်မက်ဖွယ်ရာ တောနက်ကြီး တစ်ခု အသွင် ရုတ်ခြည်း ပြောင်းလဲသွားသည်။

"ကျွန်တော့်ကို ဖြေပါ ယံ၊ ရွေးချယ်မှာလား၊ ပစ်ပယ်မှာလား၊ ယံရဲ့ ဒုတိယ ရွေးချယ်မှုတော့ ကျွန်တော် ထပ်မဖြစ်ချင်တော့ဘူး"

ဝေယံ လက်က ရုတ်တရက် ဖမ်းဆုပ်ခံလိုက်ရသည်။ လက် နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မေးလာသော ရှေ့မှ လူ၏ မျက်နှာကို သေချာ မမြင်ရ။ မှုန်ဝါးပြီး ရီဝေနေသည်။ သို့ရာတွင် နှလုံးသားက စိမ်းသက် မနေ။ အလွန်တရာမှ ရင်းနှီးနေခဲ့သည်။

မေးလာသော မေးခွန်းကို ဖြေလိုက်ဖို့ နှုတ်ခမ်းများ ဟလိုက်သည့် တစ်ခဏ။ ထူးဆန်းသည့် ပြောင်းလဲမှု တစ်ခု ဖျတ်ခနဲ ဖြစ်ပျက်သွားသည်။ ဝေယံ၏ နှုတ်မှ ထင်မှတ် မထားသော စကားလုံးများ ထွက်ကျလာသည်။

"ငါ့အတွက် မိသားစုက အရေးကြီးဆုံးပဲ"

ထိုစကားကို နှုတ်ဖျားဆီမှ ပြောထွက်မိသွားတာ ဝေယံကိုယ်တိုင်တောင် မယုံနိုင်။ သူ ရည်ရွယ်ထားတာ ထိုစကားလုံးများ မဟုတ်။

သို့ရာတွင် ရှေ့မှ ကောင်လေးသည် ဆုပ်ကိုင်ထားသော ဝေယံ၏ လက်များကို ဗြုန်းခနဲ လွှတ်ချပစ်လိုက်သည်။ နှလုံးသား တစ်ခုလုံး လွတ်ကျသွားသလို အသည်းခိုက်အောင် နာကျင်သွားသည်။ ပြုံးနေသော နှုတ်ခမ်းများက ကြောက်စရာကောင်းစွာ တည်တင်းသွားပြီးနောက် တစ်ချက်တောင် လှည့်မကြည့်ဘဲ ဝေယံ့ကို ချန်ရစ်ပြီး သူ ထားပစ်ခဲ့သည်။

"နေပါဦး"

ဝမ်းနည်း နင့်သီးသွားရာမှ ပြေးလိုက်ဖို့ ဝေယံ ကြိုးစားမိသည်။ သို့ရာတွင် သစ်ခြောက်ပင်မှ ကြမ်းတမ်း ခိုင်မာသော သစ်ခက်များဟာ သူ၏ ခြေထောက်များကို ရစ်ပတ်ထားပြီ ဖြစ်သည်။ ခြေလှမ်းများ ရွေ့မရအောင် ခပ်တင်းတင်း ရစ်နှောင်ပြီးနောက် နွယ်ပင်များက ခြေဖျားဆီမှ ပေါင်ရင်းအထိ တရစ်ရစ် တိုးတက်လာသည်။ ထိတ်လန့် တုန်လှုပ်နေရင်းမှ စကား တစ်ခွန်းကို ကြားအောင် ဝေယံ အော်ပြောမိသည်။

"ငါ မင်းကို အမြဲတမ်း ရွေးချယ်ခဲ့တာပါ၊ မင်းက ငါ့ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံးသော ရွေးချယ်မှုပါ"

တဖြည်းဖြည်း ဝေးသွားသော နောက်ကျော ပုံရိပ်လေးကို ဝေယံ နှမြောတသ ဖြစ်စွာ လက် ဆန့်ထုတ်လျက် ဖမ်းဆုပ်မိသည်။ သို့ရာတွင် မမီနိုင်။ အဝေးကြီး ဝေးကွာလွန်းနေပြန်သည်။ သူ ကမ်းလင့်ထားသော လက်ဖျားထံမှ လက်သူကြွယ်တွင် တလက်လက် တောက်ပနေသော သက်ဝင်မှုလေး တစ်ခု ရှိနေသည်။ ငွေရောင် ပလက်တီနမ် လက်စွပ်လေး တစ်ကွင်းပဲ ဖြစ်သည်။

ရုတ်တရက် ခန္ဓာကိုယ်ပေါ် တရစ်ရစ် တက်လာနေသော သစ်ခက် နွယ်ကြိုးများသည် ထိုလက်စွပ်ငယ် ဝတ်ထားသော ဘယ်ဘက်လက်ကိုပါ ဆာလောင်စွာ ဝါးမျိုလာသည်။ ဝေယံ၏ ကိုယ်အထက်ပိုင်းက ခဏလေးအတွင်းမှာပဲ သစ်ခက်များဖြင့် ချုပ်နှောင်ခံရပြီးသား ဖြစ်သွားသည်။ မြင်ကွင်းထဲ သစ်စေးရောင် နွယ်ကြိုးများ တိုးဝင်လာပြီး မျက်လုံးများ မပိတ်ခင် တစ်ခဏ တိုးညင်းသော စကားသံကို နောက်ဆုံးအကြိမ် ထပ်ပြီး ကြားလိုက်ရသည်။

"စိတ်မပူပါနဲ့ . . ၊ ကျွန်တော် အမြဲတမ်း ယံနဲ့ အတူ ရှိနေမှာပါ"

သစ်ခက်များက လည်ပင်းကို ဖိညှစ်သည့်အခါ အသက်ရှူရ ခက်ခဲလာသည်။ ကိုယ်ထဲမှ သွေးတွေ အပြင်သို့ ပေါက်ကွဲထွက်တော့မလို အမြင်အာရုံတွေပါ မူးဝေလာသည်။ ဝေယံ မတ်မတ်ပင် မရပ်နိုင်တော့။

"ကတိ ပေးတယ်၊ သေခြင်းတရားက စည်း ခြားနေမယ် ဆိုရင်တောင် ယံ့အနား ကျွန်တော် အမြဲ ရှိနေမှာ . ."

စကားသံ အဆုံး ခိုင်မာသော နွယ်ကြိုးများဟာ တစ်ကိုယ်လုံးကို ရစ်နှောင် ဝါးမျိုသွားပြီး အမှောင်ထုထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

ဝေယံ အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာခဲ့သည်။

အိပ်ရာက နိုးလာတော့မှ အိပ်မက် ဖြစ်နေမှန်း သတိထားမိသွားသည်။ ဖြေသာသည့် သက်ပြင်းကို ဖွဖွလေး ရှိုက်ပြီးနောက် မျက်နှာကို လက်ဖြင့် တစ်ချက် ပွတ်သပ်မိသည်။ တစ်ကိုယ်လုံး ချွေးများ စိုရွှဲကာ အေးစက်လျက် ရှိသည်။

နာရီကို ကြည့်တော့ မနက် ၇ နာရီ။

နံဘေးတွင် နေသူရိန်မင်းခန့် မရှိတော့။

ထိုခဏ တစ်ခုခု လွတ်ကင်းနေသော ပျောက်ဆုံးမှု တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဘာများပါလိမ့်။ ဝေယံ သူ ဝတ်နေကျ ပလက်တီနမ် လက်စွပ်လေးကို ယောင်ယမ်း စမ်းမိသည်။ လက်ချောင်းများက လက်စွပ်ကို မထိမိ။ ဝေယံ လန့်ဖျပ်သွားပြီး နှလုံးသားက အပြင်သို့ ထွက်ကျသလို ဒိန်းခနဲ ဆောင့်ခုန်သွားသည်။

ဘယ်ဘက် လက်သူကြွယ်တွင် လက်စွပ် မရှိတော့။

သူ စိုးရိမ်စိတ်ဖြင့် တစ်ကိုယ်လုံး ပူထူသွားသည်။

လက်စွပ်က . . .
ဘယ်ရောက်သွားတာလဲ။
ဘယ်ပျောက်သွားတာလဲ။

ဝေယံ ခုတင်ပေါ် ထိုင်ရာမှ ဝုန်းခနဲ ထရပ်ကာ လက်စွပ်ကို ချက်ချင်း လိုက်ရှာမိသည်။ ပထမဆုံး အိပ်ရာခင်းတွေထဲ ရှာသည်။ ထို့နောက် ခြုံစောင်တွေထဲ လှန်လှော ရှာသည်။ ခေါင်းအုံး အောက်ပါ မချန်။ အိပ်ရာအနှံ့ လှည့်ပတ် ရှာသည်။ သို့သော် လက်စွပ်က ထွက်မလာ။ သို့ရာတွင် သူ လက်မလျှော့မိ။ အိပ်ခန်း အနှံ့ ထပ်ပြီး ရှာမိသည်။ အဝတ်ဗီရို၊ ခုတင် အောက်နှင့် ရေချိုးခန်းအထိ ရှာဖွေမိသည်။ ချောင်ကြိုချောင်ကြားပါ မကျန်စေရ။ ထောင့်စေ့အောင် လိုက်လို့ ရှာသည်။ ကံဆိုးသည်က ဒီလောက်အထိ စေ့စေ့စပ်စပ် ရှာဖွေတာတောင် လက်စွပ်၏ အရိပ်အယောင်ကို နည်းနည်းမှ မတွေ့ရ။

ဝေယံ ငိုချင်သွားသည်။

လုံးဝ မချွတ်စတမ်း ဝတ်ထားခဲ့သည့်
လက်စွပ်က ဘယ်ကို ရောက်သွားရတာလဲ။

နေမင်းကြီး သိပါက သူတော့ အသတ်ခံရမှာ သေချာသည်။

အမြဲ၊ ထာဝရ၊ တစ်သက်လုံး ဝတ်ထားဖို့ရာ တောင်းဆိုခဲ့သည့် နေသူရိန်မင်းခန့် စကားကို ပြန်လည် ကြားယောင်မိတော့ ဝေယံ အပြစ်ရှိ စိတ်ဖြင့် ရင်ထဲအထိ တုန်ယင်သွားသည်။

ရေချိုး အဝတ်အစား လဲပြီးသည့်အခါ အိမ် အောက်ထပ်သို့ ဝေယံ ဆင်းလာခဲ့သည်။ ထမင်းစားခန်းဆီ ဝင်တော့ နေသူရိန်မင်းခန့်ကို စားပွဲ၌ သတင်းစာ ဖတ်နေတာ မြင်ရသည်။ မနက်စာ ပန်းကန်က စားလက်စ။ ကော်ဖီခွက်ကို ညာဘက်လက်ဖြင့် ယူပြီး တစ်ငုံ သောက်ပြီးနောက် ထမင်းစားပွဲပေါ် ပြန်တင်လိုက်သည်။

မျက်စောင်းထိုး၌ ခေါက်ဆွဲအေး ပန်းကန်ဖြင့် တစ်ယောက်တည်း ကမ္ဘာတည်နေသူက နန်းယုဝေပဲ ဖြစ်သည်။ သူမ ပန်းကန်လုံးထဲ၌ ဝက်သားပြား၊ ကြက်ဥ၊ ရေညှိခြောက် အပြားများနှင့် ပြည့်နေကာ ခေါက်ဆွဲဖတ်က အနည်းငယ်သာ ရှိသည်။

ဝေယံ စားပွဲမှာ ဝင်ထိုင်ပြီးသည့်အခါ နှုတ်ခမ်းနားသို့ လက်သီးဆုပ် ကပ်လျက် မဝံ့မရဲ ချောင်းဟန့်မိသည်။ သို့ရာတွင် နေမင်းကြီးက စာဖတ်နေဆဲ။ အကြည့်များက သတင်းစာမှ မခွာ။ အိမ်အကူလေးက သူ စားဖို့ မနက်စာ လာချပေးသည့် အခိုက် ဝေယံ အရဲစွန့်ပြီး နေသူရိန်မင်းခန့်ကို တိုးတိုးလေး ခေါ်လိုက်မိသည်။

"ဒါလင် . ."

နေမင်းကြီးက အိပ်မက်ယောင်နေသူ တစ်ယောက်လို ခေါ်သံကို ကြားသည့်အခါ အလန့်တကြား တုံ့ပြန်လာသည်။

"ဟမ် . . ၊ အင်း ပြောလေ ယံ၊ ဘာများဖြစ်လို့လဲ"

"ဒါလင် . . ၊ ငါ ပြောရင် မင်း စိတ်မဆိုးနဲ့နော်"

ဝေယံ ခေါင်း ငုံ့လျက် လက် နှစ်ဖက်ကို ပွတ်ခြေနေမိသည်။ နေသူရိန်မင်းခန့်က ပုံမှန် မဟုတ်ဘဲ ကတုန်ကယင် ဖြစ်နေသည့် သူ၏ အမူအရာကို သတိထားမိသည့်အခါ ဖတ်လက်စ သတင်းစာကို ခေါက်သိမ်းပြီး ဝေယံ့ကို ဂရုတစိုက် စိုက်ကြည့်လာသည်။

"ပြောလေ . . ၊ ဘေဘီလေး ဘာဖြစ်လို့လဲ"

"ငါ . . ၊ ငါ လက်စွပ် ပျောက်သွားလို့"

ဝေယံ ပြောပြီးသည့်အခါ မျက်လုံး မှိတ်ထားမိသည်။ နေသူရိန်မင်းခန့်၏ ဒေါသကို ခံယူဖို့ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုစကား တစ်ခွန်း ပြောထွက်ဖို့ ဘယ်လောက် အားတင်းပြီး ကြိုးစားလိုက်ရမှန်း သူသာ အသိဆုံး ဖြစ်သည်။

"လက်စွပ် ပျောက်သွားတာလား"

သို့သော် နေသူရိန်မင်းခန့်က တွေးထားခဲ့သလို မပြုမူ။ သိပ်ကို တည်ငြိမ်လွန်းနေခဲ့သည်။ ဝေယံ မျက်စိ မှိတ်ထားရာမှ ဖြည်းဖြည်းချင်း ဖွင့်ကာ နေမင်းကြီးကို ခိုးကြည့်လိုက်သည်။ လျှို့ဝှက်သော မျက်လုံးများနှင့် အကြည့်ချင်း ဗြုန်းခနဲ ဆုံမိသွား၏။ နေသူရိန်မင်းခန့်က စားပွဲပေါ် လက်ထောက်ရင်း လက်ဖဝါးထဲ ပါးပြင် အပ်ကာ ပြုံးကြည့်နေခဲ့သည်။

"ပြဿနာ မရှိပါဘူး၊ ကျွန်တော် အသစ် ပြန်ဝယ်ပေးမယ်"

"အသစ် . . ၊ အသစ်လား"

"အင်း . ."

ဝေယံ အံ့သြသွားသည်။
တစ်ဆက်တည်းမှာပဲ ဝမ်းနည်းသွားသည်။

ထိုလက်စွပ်သည် သူတို့ နှစ်ဦးအတွက် တန်ဖိုး ဖြတ်၍ မရသော အဖိုးတန် အမှတ်တရလေး တစ်ခု ဖြစ်သည် ဟု ဝေယံ တွေးထင်ခဲ့မိသည်။ နှစ်ဦးသား၏ ချစ်ခြင်းတရားကို ကိုယ်စားပြုသော သင်္ကေတ တစ်ခု။ ထိုမျှမက ဖြစ်တည်ခဲ့သော၊ ဖြစ်တည်နေသော၊ ဖြစ်တည်ဦးမည် ဖြစ်သော နှစ်ဦးသား၏ သံယောဇဉ်၊ မေတ္တာ၊ အချစ်စိတ်နှင့် နှီးနွှယ် ပတ်သက်မှု များစွာဟာ ထိုဆင်တူ လက်စွပ် နှစ်ကွင်းထဲ ညီတူညီမျှ စီးဝင် ကိန်းအောင်းနေခဲ့သည်။ အသက် ဟု ခေါ်မည် ဆိုလည်း မမှားယွင်းနိုင်။

ဒီလောက်အထိ အဓိပ္ပါယ် ရှိနေသော ဆင်တူ လက်စွပ်ကို တခြားသော အသစ် တစ်ကွင်းနှင့် လဲပေးနိုင်သော နေသူရိန်မင်းခန့်၏ ဆုံးဖြတ်ချက်ကို ဝေယံ အံ့သြမိသည်။ နေမင်းကြီးအတွက် ထိုလက်စွပ်ဟာ လက်စွပ် တစ်ကွင်းထက် မပိုခဲ့လေသလား။ ဝေယံ နာကျင် ထိရှသွားရသည်။

"အချိန်လည်း မစောတော့ဘူး ဆိုတော့ ကျွန်တော် တက္ကသိုလ် သွားတော့မယ်၊ အိမ်မှာ ကောင်းကောင်း နေခဲ့နော်"

နေသူရိန်မင်းခန့် ဝေယံ၏ လက်ကို ဆုပ်ကိုင်ရင်း လက်ဖမိုးကို ခပ်ဖွဖွ ပုတ်သည်။ လက်သူကြွယ်တွင် လက်စွပ်ရာ ဖြူဖြူက ရှင်းရှင်းလင်းလင်း ထင်ကျန်နေဆဲ ဖြစ်သည်။ ဝေယံ ထိုစွန်းထင်းရာလေးကို အဓိပ္ပါယ် ရေရေရာရာ မရှိသော မျက်ဝန်းများဖြင့် စူးစူးစိုက်စိုက် ငေးကြည့်နေမိသည်။ နှမြောမိသည်လား။ တမ်းတမိသည်လား။ သေချာစွာ ကွဲကွဲပြားပြား မသိတော့။ ယခုအချိန်၌ ခံစားရသည်မှာ ဝမ်းနည်း နောင်တနှင့် ပြင်းပြသော ထိခိုက်မှု တစ်ခုသာ။

လက်ဖမိုးကို နှုတ်ခမ်းများဖြင့် ဖိကပ် နမ်းပြီးသည့်အခါ နေသူရိန်မင်းခန့် စားပွဲမှ ထသည်။

"ယုဝေ ကျောင်း သွားမယ်၊ လာတော့ . ."

နေမင်းကြီး ခေါ်တော့ နန်းယုက ခေါက်ဆွဲဖတ်များကို ပလုတ်ပလောင်း စားနေဆဲ ဖြစ်သည်။ ပန်းကန်းလုံးထဲ ဟင်းရည်များ တစ်ဝက်တိတိ ကျန်နေသေးသည်။ စားလို့ မပြီးခင် နေသူရိန်မင်းခန့်က ထမင်းစားခန်းမှ ထသွားတာမို့ သူမ ခေါက်ဆွဲဖတ်များကို ဝါးနေရင်းမှ စားပွဲမှ ထပြီး ဖခင် နောက် လိုက်သွားမိသည်။

ဒါပေမယ့် လမ်းတစ်ဝက် မရောက်ခင် ပါးစပ်ထဲမှ ခေါက်ဆွဲဖတ်များကို အကုန် စားလို့ ပြီးသွားသည်။ ထိုအခါ ပါးစပ်က အားသွားတာမို့ မတင်းတိမ်နိုင်တော့။ သံယောဇဉ် မပြတ်ပုံဖြင့် ထမင်းစားပွဲဆီ တစ်ခေါက် ပြန်ပြေးလာပြီး စားလက်စ ပန်းကန်ထဲမှ ဟင်းရည်များကို အကုန် မော့သောက်လိုက်သည်။ အကုန်အစင် သောက်ပြီးသည့်အခါ ဗိုက် ပြည့်သွားတော့သည်။ ထိုအခါမှ ကျေနပ်သွား၏။

"ကောင်းကောင်း စားခဲ့ရပါတယ်"

နန်းယု စားပွဲမှာ ဝိညာဉ် လွှင့်သည့်အလား ငူငိုင်စွာ ထိုင်နေသည့် ဖခင်ဖြစ်သူကို ခါးကိုင်း နှုတ်ဆက်လိုက်သည်။

"အိမ်မှာ အေးချမ်းစွာ နေရစ်ခဲ့ပါ ဖေဖေ"

"ကောင်းကောင်း သွားနော်၊ ဂရုစိုက်"

ဝေယံ စိတ်ညစ်နေရာမှ သမီးဖြစ်သူကို ရအောင် ပြုံးပြီး နှုတ်ဆက်လိုက်သည်။ ဧည့်ခန်းကို လှမ်းကြည့်တော့ နေသူရိန်မင်းခန့်က အပေါ်ကုတ်ကို ဝတ်ပြီး အပြင်ကို ဒီအတိုင်း သွားတော့မည့် ဟန်။ ဝေယံ စားပွဲမှ အားယူပြီး ထရပ်ကာ နေမင်းကြီးဆီ ခပ်သွက်သွက် လှမ်းသွားမိသည်။

"ဒါလင် . . Morning Kiss"

"အော . . ဟုတ်သား၊ ကျွန်တော် မေ့နေတာ"

သူ သတိပေးတော့ နေသူရိန်မင်းခန့်က ကုပ်ပိုးမှ ဆံပင်များကို သပ်ရင်း ခပ်သဲ့သဲ့ ရယ်သည်။ နေမင်းကြီးနှင့် အတူ လိုက်ပြီး ရယ်ချင်စိတ် မရှိတာမို့ ဝေယံ ပြုံးရုံသာ ပြုံးလိုက်မိသည်။ သို့သော် အပြုံးက မပီပြင်။ ပြုံးလိုက်သည့် အပြုံးကိုတောင် ကိုယ်တိုင် ပြန်ပြီး ခံစားလို့ ရနေသည်။ ခါးသက်သော အပြုံး တစ်ခုပဲ ဖြစ်သည်။

"သတိထားဦး၊ နောက်ဆို ငါ့ကိုပါ မေ့သွားဦးမယ်"

နေသူရိန်မင်းခန့် ဝေယံ၏ မေးဖျားကို အသာ ပင့်ယူကာ နှုတ်ခမ်းများကို နူးနူးညံ့ညံ့ ဖိကပ် နမ်းလာသည်။ အနမ်းကတော့ ချိုမြပါသည်။ သို့သော် ပူလောင်နေသည့် ရင်ကို မအေးမြနိုင်။

"မေ့သွားလည်း ကောင်းတာပဲ၊ နှလုံးသား အသစ်နဲ့ ယံ့ကို ဒုတိယအကြိမ် ထပ်ပြီး ချစ်လို့ ရတာပေါ့"

ပါးပြင်နှင့် မျက်ခွံတို့ကို ထပ်မံ နမ်းပြီးသည့်အခါ ပူးကပ်နေရာမှ လူချင်း ခွာလိုက်ကြသည်။

ဝေယံ တံခါးဘောင်ကို မှီရင်း ခြံထဲမှ ထွက်သွားသည့် သားအဖ နှစ်ယောက်၏ ကားနီလေးကို မြင်ကွင်းထဲ ပျောက်ကွယ်သည်အထိ ရပ်ငေး ကြည့်နေမိသည်။ အပြင်မှာ တိမ်တွေ အုပ်ဆိုင်းပြီး မှိုင်းညှို့နေခဲ့သည်။ သစ်ပင်တွေဟာ တိတ်ဆိတ် ငြိမ်သက်လို့။ အေးစက်ဖွယ် ကောင်းနေ၏။ ဌက်တွေ အုပ်လိုက်ကြီး ကောင်းကင်မှာ ပျံဝဲနေကြသည်။ မကြာခင် မိုးရွာတော့မည်။ သို့ရာတွင် သူ၏ ရင်ထဲမှာ မိုးတွေ ရွာနေခဲ့တာ အတော် ကြာပြီ ဖြစ်သည်။

"အကိုလေး . ."

ဝေယံ ရုတ်တရက် သတိဝင်လာခဲ့သည်။ သူ ထမင်းစားပွဲကို ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ဘယ်လို ရောက်လာမှန်း သူကိုယ်တိုင်ပင် မသိ။ အိမ်အကူလေးက ထမင်းစားပွဲနှင့် ခပ်လှမ်းလှမ်း အကွာမှာ မတ်တတ်ရပ်နေပြီး ထူးဆန်းသော မျက်လုံးများဖြင့် ငေးကြည့်နေသည်။ ဝေယံ ရှေ့က ခေါက်ဆွဲပန်းကန်သည် ယခုထိ အရာ မယွင်းသေး။ လျှာဖျားတွင် ခေါက်ဆွဲ၏ အစိမ့်ဓာတ်ကို ခံစားမိသည်။ ကြည့်ရတာ တစ်ဇွန်း၊ နှစ်ဇွန်းတော့ စားမိသည် ထင်ပါ၏။

"အကိုလေး ငိုနေတာလား"

"ငိုတာ . ."

အိမ်အကူလေး၏ စကားကြောင့် ဝေယံ ကိုယ့်ပါးပြင်ကိုယ် ပြန်စမ်းမိသည်။ လက်ချောင်းထိပ်တွင် စွတ်စို ပူနွေးသော လှုပ်ခတ်မှု တစ်ခုကို ခံစားမိသည်။ ကြည့်လိုက်သည့်အခါ မျက်ရည်စတွေ။ ထိုအခါမှ အသိ မကပ်ဘဲ သတိလက်လွတ် ဖြစ်နေခဲ့တာကို ဝေယံ သိသွားသည်။ ခြေဦးတည့်ရာ လွတ်ထွက်ချင်နေသော စိတ်များကို အမြန် ထိန်းချုပ်လိုက်ရသည်။ မလွယ်ပါ့လား။ မသိလိုက်ခင် ခဏ မျက်ရည်အထိ ကျမိနေသည်တဲ့လား။

"ငိုနေတာ မဟုတ်ပါဘူး၊ မျက်ရည် ကျတာပါ"

"အဲ့ . . ၊ မျက်ရည် ကျတာ"

ဝေယံ အဖြေကြောင့် အိမ်အကူလေး အူကြောင်ကြောင် ဖြစ်သွားသည်။ သူ မနက်စာကို စားချင်စိတ် မရှိတော့တာမို့ ထမင်းစားခန်းမှ ထွက်လာခဲ့လိုက်သည်။

ဝေယံ မသိသည်က
မျက်ရည် ကျတာနှင့် ငိုကြွေးတာ
အဓိပ္ပါယ် တူညီသည်ပဲ ဆိုတာပင်။

ဧည့်ခန်းသို့ သူ ရောက်လာသည့်အခါ အပြင်မှာ မိုးတွေ တဖွဲဖွဲ ရွာနေပြီ ဖြစ်သည်။ မှန်နံရံကို မိုးစက်များ လာစင်၍ မြူများ ဆိုင်းကာ ဝေဝါးနေခဲ့သည်။ ပတ်ဝန်းကျင် တစ်ခွင် မိုးစက်ဥများနှင့် မြူမှုန်များ အပြည့်။ အဝေးဆီမှ အရာတို့ကို သဲသဲကွဲကွဲ မမြင်ရ။ အရိပ်သဏ္ဌာန် လှုပ်ခတ်ကာ ရီဝေဝေသာ မြင်ရတော့သည်။

ပုလဲဥများ တင်ကျန် စီးလာနေသော ဧည့်ခန်း မှန်နံရံ ပြတင်းပြင်မှတစ်ဆင့် ဖောက်မြင်ရသော အိမ်ရှေ့ မျက်နှာစာရှိ ပန်းအိုးများထဲတွင် မိုးရေတို့ဖြင့် ပြည့်နေပြီ ဖြစ်သည်။ ကြမ်းတမ်းသော မိုးဒဏ်၏ ရိုက်ခတ်မှု အောက် ပန်းအိုးထဲမှ ပန်းကလေးများ တလှုပ်လှုပ် ယိမ်းခါနေကြသည်။ သို့သော် ကြွေလွင့် မသွား။ နူးညံ့သော ပန်းကလေးများက သဘာဝတရား၏ ပြင်းထန်သော ရိုက်ချက်ကို စွမ်းနိုင်သလောက် သန်မာစွာ ကြံ့ကြံ့ခံနေကြသည်။ အရွက်အခက် များသော သစ်ကိုင်းတချို့က မိုးစက်တို့ တွဲခိုလာခြင်းကြောင့် လေးလံမှုကို မထိန်းနိုင်စွာ အောက်သို့ ငိုက်စိုက်နေကြသည်။

ဝေယံ ဆိုဖာမှာ ထိုင်ပြီး ထိုမြင်ကွင်းကို တိတ်တဆိတ် ငေးကြည့်နေမိသည်။ အတွေးများက ရောက်တတ်ရာရာ ပြေးလွှားလျက်။

မိုးတွေ အများကြီး ရွာနေတာကြောင့် လမ်းမများပေါ် ရေတွေ အိုင်ပြီး လမ်းတွေ ချော်နေမလား။ ကားတွေရော ရှုပ်နေမလား။

နာရီကို ကြည့်တော့ ၉ နာရီ။

ဒီအချိန်ဆို တက္ကသိုလ်ကို နေသူရိန်မင်းခန့် ရောက်လောက်ရောပေါ့။ ထီးရော ပါသွားရဲ့လား။ မိုးတွေ စိုကုန်ပါက အအေးမိသွားမှာပေါ့။ ဒီနေ့ ဝတ်သွားသည့် အပေါ်ဝတ်က နည်းနည်းတော့ ပါးနေသလိုပဲ။ နေမကောင်းတော့ မဖြစ်လောက်ပါဘူးနော်။ တက္ကသိုလ်၏ ဆေးပေးခန်းမှာ ပြုစုပေးမယ့် ဆရာဝန်ရော ရှိရဲ့လား။ ကောင်မလေးတွေတော့ ဝိုင်းနေမှာပဲ။ ဒါဖြင့် သူ့ကို မလိုတော့ဘူးပေါ့နော်။

ဝေယံ ဝမ်းနည်းသွားသည်။

အတွေးတွေ ဒီထက်ပိုပြီး မပြန့်လွင့်စေဖို့ စားပွဲပေါ်မှ စာအုပ်ကို ကောက်ပြီး လှန်လှော် ဖတ်မိသည်။ ၅ မိနစ်တောင် မကြာ။ နေမင်းကြီးက ဇာတ်လမ်းထဲ ရောက်လာပြန်သည်။ ဇာတ်လမ်းထဲမှ မင်းသမီးသည် သူ ဖြစ်ကာ မင်းသားက နေသူရိန်မင်းခန့် ဖြစ်နေသည်။ ဇာတ်ဆောင် မင်းသမီးသည် မင်းသား၏ ပြောင်းလဲမှုများကြောင့် ဝမ်းနည်းနေရသတဲ့။ ဝေယံ စာအုပ် အဆုံးကို လှန်ကာ ဇာတ်သိမ်းကို ကျော်ဖတ်မိသည်။ ဇာတ်ဆောင် နှစ်ဦး ဝေးကွာသွားကြသည် ဟု အဆုံးသတ်ထားသည်။

ဝေယံ ရင်မောသွားသည်။

စာအုပ်ကို လက်ထဲ ကိုင်ထားလျက် ဆိုဖာ နောက်မှီပေါ် ခေါင်း လှန်တင်ကာ သက်ပြင်း အရှည်ကြီး ချမိသည်။ စာ ဆက်ဖတ်ဖို့ မရဲတော့တာကြောင့် စာအုပ်ကို စားပွဲပေါ် ပြန်တင်ကာ တီဗွီ ကြည့်ဖို့သာ ဆုံးဖြတ်မိသည်။ အပြင်မှာ မိုးရွာနေတာကြောင့် မိုးလေဝသ သတင်းသာ ဖွင့်ထားလိုက်သည်။ အစီအစဉ် တင်ဆက်သူသည် ယောကျာ်း တစ်ယောက် ဖြစ်သည်။ အညိုရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ထားပြီး ဂျပန် တစ်နိုင်ငံလုံး၏ ရာသီဥတု အခြေအနေများကို ရှင်းလင်း ပြတ်သားသည့် အသံဖြင့် ဆွဲဆောင်မှု ရှိရှိ ကြေညာနေသည်။

"နှလုံးသား ရပ်ဝန်းမှာ အနီရောင် အဆင့် မုန်တိုင်း တစ်ခု ဗဟိုပြု တိုက်ခတ်နေတာကြောင့် မျက်ဝန်းမြို့မှာ မိုးတွေ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ပါတယ်"

အဆီငေါ် မတည့်သည့် သတင်း ကြေညာမှုကို ရုတ်တရက် ကြားလိုက်ရတာကြောင့် သူများ နားကြား မှားသလား ဟု ဝေယံ တီဗွီကို ပြူးပြဲ ကြည့်မိသည်။ ထိုအခါ အံ့သြမှုကြောင့် နှုတ်ခမ်းက အလိုလို ပွင့်သွားရသည်။

စောစောက အညိုရောင် အနောက်တိုင်း ဝတ်စုံနှင့် လူသည် အစီအစဉ် တင်ဆက်သူ မဟုတ်တော့ဘဲ နေသူရိန်မင်းခန့် ဖြစ်နေကြောင်း အထိတ်တလန့် မြင်လိုက်ရသည်။ အနောက်မှာ ပိတ်ကားဖြင့် ပြထားသော မြေပုံပင် ဂျပန်နိုင်ငံ၏ မြေပုံ မဟုတ်တော့။ လူ တစ်ယောက်၏ ခန္ဓာကိုယ် အတွင်းပိုင်းကို ခွဲခြမ်းပြသထားသည့် ပုံကြမ်း တစ်ခု ဖြစ်နေသည်။ အတိအကျ ဝေယံ၏ ခန္ဓာကိုယ်ပင်။

ဝေယံ ကိုယ့်မျက်လုံးကို မယုံနိုင်။ သူ ဘာတွေ မြင်နေရတာလဲ။ လက် နှစ်ဖက်ဖြင့် မျက်လုံးကို ပွတ်ပြီး သေချာစွာ ထပ်ကြည့်မိသည်။ တီဗွီထက်မှ နေသူရိန်မင်းခန့် မျက်နှာက ပျောက်မသွား။ ရင်ခုန်စရာကောင်းသည့် အပြုံးကို ပြုံးကာ သစ်သား တုတ်တံဖြင့် ခန္ဓာကိုယ်၏ ပုံကြမ်း မြေပုံကို ထောက်ရင်း ရာသီဥတု အခြေအနေကို စမတ်ကျကျ တင်ဆက်နေသည်။

"အချိန်အခါ မလပ် ဖြစ်တတ်တဲ့ လေဖိအားများ သက်ပြင်းကြောင့် . . အသည်း ပြည်နယ်မှာ ကြီးမားတဲ့ ငလျင် လှုပ်ခတ်မှုတွေ ဖြစ်ပွားလျက် ရှိနေတာကို . . ယခုလို သိရှိရပါတယ်၊ ဒဏ်ရာရ အချစ်ဆဲလ်တွေကို အချိန်မီ ကူညီ ကယ်ဆယ်ဖို့ရာ . . အစိုးရ ဦးနှောက်ပိုင်းဆီ သတင်း ပေးပို့ပေမယ့် . . နှလုံးသား ရပ်ဝန်းမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် လမ်းတံတားတွေ ပိတ်ဆို့နေပါတယ်"

သစ်သား တုတ်တံက ပုံကြမ်းမှ နှလုံးသားကို ထောက်လိုက်သည့်အခါ အပြင်မှ ဝေယံ၏ နှလုံးသားကပါ နေသူရိန်မင်းခန့် လက်ညှိုးဖြင့် အထောက်ခံလိုက်ရသလို ယားယံပြီး ကျင်တက်သွားသည်။ သူ တီဗွီကို အမြန် ထပိတ်လိုက်ရသည်။ ဒီပုံစံနှင့် သူတော့ အရူး လုံးလုံး ဖြစ်တော့မည်ပဲ။ ဝေယံ နဖူးနှင့် နားထင်ကို လက်ဖဝါးဖြင့် ထောက်ကာ စိတ်ညစ်သည့် သက်ပြင်းကို ခပ်သာသာ ချလိုက်မိသည်။ ဒီလောက်အထိ နေမင်းကြီးက သူ၏ စိတ်ကို စိုးမိုးထားသတဲ့လား။

"အကိုလေး . . ၊ ယံယံ နိုးပြီ"

ဝေယံ အသံ လာရာသို့ လှည့်ကြည့်လိုက်သည်။ ကလေးထိန်းဖို့ အပေါ်ထပ်ကို သူ လွှတ်ထားခဲ့သည့် အိမ်အကူလေးက နေယံလေးကို ချီပြီး လှေကားမှ ဆင်းလာနေသည်။ နေယံက ရေချိုး သန့်စင်ထားပြီး အဝတ်အစား အသစ်၊ ဒိုက်ပါ အသစ်ဖြင့် ထွေးဥ ယုယချင်စရာလေး ဖြစ်နေသည်။ အိပ်ရေးဝစွာ မျက်တောင်ရှည်တွေ ကော့ဆင်းနေသော မျက်လုံးများက ပြူးကျယ်စွာ တောက်ပ ရွှန်းလဲ့လို့။ လက်ထဲမှာ ကစားစရာ အရုပ်ကို ကိုင်ထားသေးသည်။

ဝေယံ အိမ်အကူ မိန်းကလေးထံမှ နေယံလေးကို လွှဲပြောင်း ချီယူလိုက်သည်။ ရင်ခွင်ထဲ ရောက်လာသည့် နေယံလေးကို ထွေးဖက်ထားပြီးနောက် ဖွေးဥ မွှေးကြိုင်သော ပါးပြင်လေးကို ရွှတ်ခနဲ တစ်ချက် နမ်းလိုက်သည်။ ပုံမှန်ဆို စူပုပ်စွာ မျက်လုံးပြူးနှင့် စိုက်ကြည့်တတ်သော်လည်း ယခုက ဗိုက်ဆာနေပြီ ဖြစ်၍ အနမ်း ခံရတာကို အရေးမစိုက်။ နို့ သောက်နိုင်ဖို့သာ အရေးကြီးနေသည်။ ထို့နောက် ဝေယံ ဝတ်ထားသည့် ရှပ်အင်္ကျီကို ဇွတ်အတင်း ဆွဲလှန်နေသည်။ ဝေယံ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။

"သားသားရ ဖေဖေက နို့ မထွက်ဘူးလေ"

"ဒယ်ဒယ် . . သောက်သောက်"

ဝေယံ မျက်နှာ ရဲတက်သွားသည်။ နေယံက နေသူရိန်မင်းခန့် အသားယူသည်ကို မြင်ပြီး ကလေး အတွေးနှင့် နို့ ထွက်သည် ဟု ထင်သွားခြင်း ဖြစ်သည်။ နောက်ဆို ကလေး ရှေ့ အနေအထိုင် ဆင်ခြင်မှ ဖြစ်တော့မည်။ မဟုတ်ပါက မလွယ်။ ထိုခဏ ထမင်းစားခန်းမှ အိမ်အကူလေးက အလိုက်သိစွာ နေယံလေး စားဖို့ မနက်စာအဖြစ် အာဟာရမှုန့်များ ဖျော်စပ်ထားသည့် မုန့်ပန်းကန်ကို ယူလာပေးသည်။ ဝေယံ ကျေးဇူးတင်မိသွားသည်။

"မုန့် စားကြမယ်၊ သားသားက သားသားရဲ့ ထိုင်ခုံလေးပေါ်မှာ ထိုင်နော်"

ဝေယံ နေယံလေးကို ချီမြှောက်ကာ ကလေး ထိုင်ခုံလေးထဲ ထည့်ပေးလိုက်သည်။ ထို့နောက် ထိုင်ခုံနှင့် တွဲဆက်ထားသည့် ရှေ့မှ ထမင်းပန်းကန် တင်နိုင်သည့် အခံပြားပေါ် ဖိုက်ပါ ပန်းကန်လုံးလေး ချကာ အထဲမှ မုန့်အနှစ်များကို ဇွန်းဖြင့် မွှေပြီး နေယံလေးကို ခွံ့ကျွေးသည်။ နေယံက သူ ကိုင်ထားသည့် အရုပ်ကလေးနှင့် ဆော့နေရင်းမှ ဖခင် ကျွေးသမျှကို တမြုံမြုံ စားနေသည်။

"အာ"

"အာ . ."

"စားလို့ ကောင်းတယ်မလား"

နေယံက ခေါင်း တညိတ်ညိတ်ဖြင့် အရသာ တွေ့နေသည်။ ဆော့လိုက် စားလိုက်ဖြင့် မိနစ်ပိုင်းလောက် ကြာသည့်အခါ ပန်းကန်ထဲမှ မုန့်နှစ်တွေ အားလုံး စားလို့ ပြီးသွားသည်။ ဝေယံ နေယံ၏ ပေပွနေသည့် နှုတ်ခမ်းလေးကို လက်ကိုင်ပဝါဖြင့် ဖွဖွ သုတ်ပေးမိသည်။ ကုန်စင်သွားသည့် ပန်းကန်ကို ဆေးကြောဖို့ အိမ်အကူလေးကို ပေးသည့်အခါ နေယံက နို့ သောက်ဖို့ ထပ်ပြီး ပူဆာလာသည်။

"နို့ဘူးလေးပါ ဖျော်ပေးပါဦး"

"ဟိုက် . ."

ဝေယံ နို့မှုန့် ဖျော်ဖို့ပါ ထပ်ပြီး တောင်းဆိုလိုက်ရသည်။

နို့ဘူး ရလာတော့ နေယံက မသောက်တော့။ တကယ်တမ်း သူ သောက်ချင်တာ ဖခင်၏ နို့ရည်ပဲ ဖြစ်သည်။ ထို့ကြောင့် နို့ဘူးကို ဘယ်လိုပဲ တိုက်တိုက် လုံးဝ မသောက်။ ခေါင်းမာစွာ ငြင်းဆန်နေ၏။ ဝေယံ စိတ်ညစ်သွားသည်။ နေယံက သူ ဝတ်ထားသည့် အင်္ကျီ ရင်ဘတ်ပေါ် နှုတ်ခမ်း အပ်ပြီး ဖခင်ဆီမှ နို့ သောက်နိုင်ဖို့ ဇွတ်အတင်း အားထုတ်နေသည်။ ဝေယံ နေယံလေးကို ချီယူပြီး ရင်ခွင်နှင့် ဝေးရာကို မြှောက်ထားမိသည်။ ထိုအခါ နေယံက ရုန်းကန်တော့သည်။

"သားသား မဆိုးရဘူးလေ၊ ဖေဖေက နို့ မထွက်ဘူး၊ အဲ့ဒါကြောင့် သားသား နို့ သောက်လို့ မရဘူးလေ"

ဝေယံ စကားကို ကလေးက ဘယ်လို မှတ်ယူလိုက်သည်လဲ မသိ။ အသံပြဲဖြင့် အော်ငိုတော့သည်။ ဝေယံ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ နေယံက ဘယ်လိုပင် ချော့ချော့ အငို မတိတ်။ အာခေါင်ခြစ်ပြီး အသံပြာအောင်အထိ ငိုနေတော့သည်။

သူ စိတ်ညစ်ကာ အခက်တွေ့နေမိသည်။ တစ်ဖက်မှာ လိုက်လျောပေးဖို့ မသင့်တော်သည့် ကိစ္စ။ နောက်တစ်ဖက်၌ ခင်ပွန်းဖြစ်သူကို အလိုလိုက်ပြီး သားဖြစ်သူအပေါ်တော့ ပစ်ပယ်သည် ဟု နေယံလေး တွေးသွားမည်ကို သူ စိုးရွံ့မိသည်။ ကလေးကို စိတ်ဒဏ်ရာ မပေးချင်။ နေယံကလည်း ဘယ်လိုပဲ ပြောပြော ငိုနေတာကို မရပ်။ မမောနိုင် မပန်းနိုင် ရှိုက်ကာ ရှိုက်ကာ ငိုကြွေးနေသည်။ မတတ်နိုင်သည့် အဆုံး နေယံ ဖြစ်ချင်တာကို လိုက်လျောပေးဖို့ ဝေယံ ဆုံးဖြတ်လိုက်မိသည်။

"ဟုတ်ပြီ၊ ဟုတ်ပြီ . . ၊ သားသားကို နို့ တိုက်မယ်နော်"

ဝေယံ ဝတ်ထားသည့် ရှပ်အင်္ကျီ၏ ကြယ်သီးများကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် နေယံလေး နို့ စို့နိုင်အောင် လဲလျက်လေး ချီယူကာ ရင်ခွင် အနား တိုးကပ်ပေးသည်။ အတွေးထဲမှာတော့ ကလေး သဘာဝ နို့ မထွက်မှန်း သိသည်နှင့် ဆက်မသောက်တော့ဘဲ နို့ဘူးကိုသာ ရွေးလိုက်မည် ဟု ထင်ထားခဲ့မိသည်။

တကယ်တမ်း နို့ စသောက်သည့်အခါ နေယံက မလွှတ်တော့။ နှုတ်ခမ်းများဖြင့် အားပါစွာ မလွတ်တမ်း စုပ်ယူထားသည်။ ထိုမျှမက ကျန်နေသည့် တစ်ဖက်ကိုပါ လက်သေးသေးလေးဖြင့် ဆုပ်ကိုင်ထားသည်။ ကြောင်ပေါက်လေး တစ်ကောင် ငါးကြော် စားနေသလို။ သူ စားနေသည့် အစာကောင်းကို တခြား အကောင်များ လာလုမည်ကို စိုးတာကြောင့် လက်သည်းတွေ ထုတ်ပြီး စားမာန်ခုပ်နေသည့် ပုံစံလေးနှင့်တောင် တူနေ၏။

"သားသား ဖေဖေ့ကို မကိုက်ရဘူးနော်၊ ဖေဖေ နာသွားလိမ့်မယ်"

နေယံက သွားတွေ ပေါက်နေပြီမို့ သွား ယားပြီး ကိုက်လိုက်မည်ကို စိုးရိမ်တာကြောင့် ဝေယံ သတိပေးမိသည်။ တကယ်တော့ သူ သတိပေးမိတာ အပို ဖြစ်သွားသည်။ နေယံက နို့ဘူးနှင့်သာ အမြဲ နို့ သောက်ခဲ့ရသည် ဖြစ်၍ လူသား တစ်ဦးဆီမှ နို့ စို့ရသည်ကို သဘောကျနေသည်။ ထို့ကြောင့် ကိုက်ဖို့ စိတ်မဝင်စား။ မျက်ရည်တွေ စိုနေသည့် မျက်ဝန်းတွေကပါ ပြုံးလာပြီး နို့ စို့နေသည့် နှုတ်ခမ်းပါးလေးကပင် ကော့တက်လာသည်။

ဝေယံ နေယံလေးကို မြတ်နိုးစွာ ပြုံးကြည့်ပြီး မျက်ရည်စတွေကို လက်မဖြင့် အသာအယာ ဖိသုတ်ပေးမိသည်။ ထိုအခါ နေယံက နို့ စို့နေရင်းမှ အနေအထား မပျက် အနှောင့်အယှက် ပေးသည် ဟု အဓိပ္ပါယ် ရသော သဘောမျိုးဖြင့် မျက်စိ စွေကြည့်လာသည်။ ထိုပုံစံက နေသူရိန်မင်းခန့်နှင့် တူလွန်း၏။ ဝေယံ သဘောကျစွာ ရယ်လိုက်မိသည်။ ရုပ်ရည်ချင်း ဆင်တူအောင် မွေးပေးထားသော်လည်း အကျင့်စရိုက်တွေကပါ ဒီလောက်အထိ လာတူလိမ့်မည် ဟု သူ မထင်ခဲ့မိ။

ထိုခဏ မေ့နေသည့် ကိစ္စကို ဝေယံ သတိရသွားသည်။ တစ်မနက်လုံး ပူပန်ခဲ့ရသည့် ပြဿနာပဲ ဖြစ်သည်။

"သားသား သိလား၊ သားသား ဖေဖေကြီးက ဖေဖေ့ကို မချစ်တော့ဘူး"

သူ ပြောတာကို နေယံ နားလည်သလား၊ နားမလည်သလား မပြောတတ်။ သို့ရာတွင် နေယံက နို့ စို့နေရာမှ ခဏ ရပ်ကာ ဝိုင်းစက်သော မျက်လုံးပြူးကြီးများဖြင့် ဖခင်ကို မော့ကြည့်လာသည်။ ထို့နောက် မပီမသ စကား တစ်ခွန်းကို ခပ်ဝါးဝါး ပြောသည်။

"ဂျစ်တော့ဝူး . ."

"ဟုတ်တယ်၊ ချစ်တော့ဘူး"

ထို့နောက် နေယံက အိပ်ငိုက်စွာ သန်းဝေလာသည်။

နေယံ မအိပ်ခင် နို့ စို့နေသည့် တစ်ချိန်လုံး ဝေယံ တစ်ယောက် သားချော့တေးကို ခပ်တိုးတိုး ညည်းကာ နေယံ၏ တင်ပါးကို လက်ဖဝါးဖြင့် ဖွဖွလေး ပုတ်ရင်း အိပ်ပျော်အောင် ချော့သိပ်နေမိသည်။ နေယံက နည်းနည်းတော့ ဉာဏ်ပြေးသည်။ ဖခင် ရင်ခွင်ထဲ မျက်လုံးများ မှိတ်ပြီး အိပ်နေပေမယ့် နို့ စို့နေသည့် နှုတ်ခမ်းများ၏ လှုပ်ရှားမှုကိုတော့ လုံးဝ မရပ်။ အိပ်ပျော်သွားပြီ ထင်ပြီး နို့ တိုက်တာကို ဝေယံ ရပ်လိုက်သည့်အခါ နေယံက မျက်လုံးတွေ ပြန်ပွင့်လာသည်။ မတတ်နိုင်။ နေယံလေး အတိအလင်း အိပ်ပျော်သည့် အချိန်ထိ ဝေယံ စောင့်လိုက်ရသည်။

ရင်ဘတ်ပေါ်မှ နေယံ နှုတ်ခမ်းများ ကင်းကွာသွားသည့်အခါ ဝေယံ၏ ပွင့်ဖတ်ကလေးများက နီမြကာ ကျိန်းစက်နေခဲ့သည်။ သို့သော် သူ မညည်းရဲ။ နေယံ နိုးလာမည်ကို ကြောက်မိတာကြောင့် ဖြစ်သည်။ အပေါ်ထပ်သို့ တက်ပြီး ကလေးကို သေချာစွာ သိပ်ပြီးသည့်အခါမှ သက်ပြင်းရဲရဲကို သူ ချမိတော့သည်။

သို့သော် ဝေယံ အေးဆေးနေဖို့ ကံ မပါသေး။

အားလပ်သွားသည့်အခါ ရင်ပူစေသော အတွေးများက တစ်ခေါက် ပြန်လည် အသက်ဝင်လာသည်။ သူ လစ်ဟင်းနေသော လက်သူကြွယ်ကို မနေတတ်စွာ ယောင်ယမ်း စမ်းမိသည့် အခိုက် မရည်ရွယ်ပါဘဲ နေသူရိန်မင်းခန့်ကို သတိရမိသွားသည်။ ထိုအခါ အတွေးများ၏ ဖြန့်ကျက်မှုကို ထိန်းသိမ်း မရတော့။

စကတည်းက အချစ်ကြောင့် မျက်ကန်းတစ္ဆေ ဖြစ်နေသော နှလုံးသားဟာ ဦးနှောက်၏ ဆင်ခြင် ကြံဆမှုများနှင့် တားမြစ်မှုများကို အာခံကာ အတွေးလွန်ခြင်း ကမ္ဘာထဲ ပြတ်ပြတ်ထင်ထင် မင်း မူတော့သည်။ နေ့လယ်ပိုင်းမှ စလိုက်သော အတွေးများသည် ညနေခင်းအထိ မရပ်တန့်နိုင်။ အတွေးပေါင်း သောင်းခြောက်ထောင်ဖြင့်။ အတွေးလွန်ခြင်း ဝင်္ကပါထဲ အချိန်တွေ အကြာကြီး လမ်းပျောက်နေမိသည်။

စားလည်း နေမင်းကြီး။

သွားလည်း နေမင်းကြီး။

အိမ်မှုကိစ္စ လုပ်နေသည့် အချိန်များမှာတောင် နေမင်းကြီး။

မတွေးမိပါဘဲ ခေါင်းထဲသို့ အလိုလို ရောက်လာကြခြင်း ဖြစ်သည်။ ဝေယံ ကိုယ့်စိတ်ကို ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေသည်။ လူ့စိတ် ဆိုတာလည်း အခက်သား။ မတွေးဖို့ တားမြစ်ခါမှ ရဲရဲတင်းတင်း တွေးမိနေတော့သည်။ ဒီလိုနှင့် ညနေ ၄ နာရီ ထိုးသွားသည်။

အတွေးလွန်နေ၍ သမီးဖြစ်သူကို သွားကြိုဖို့ ဝေယံ မေ့နေသည်။ သတိရသည့်အခါ နန်းယုက အိမ်ကိုပင် ရောက်နေပြီ ဖြစ်သည်။ အိမ်ချင်း နီးသော အတန်းထဲမှ သူငယ်ချင်းဖြစ်သူနှင့် နှစ်ယောက် အတူတူ လမ်းလျှောက်ပြန်လာခြင်း ဖြစ်သည်။

ဂျပန်မှ ကျောင်းများသည် ကလေးများအတွက် ကျောင်းကား စီစဉ်ပေးခြင်း မရှိ။ ငယ်စဉ်ကတည်းက ကိုယ့်အားကိုယ် ကိုးနိုင်ရန် ရည်ရွယ်ကာ ကျောင်းကို စက်ဘီး သို့မဟုတ် ခြေကျင်လျှောက်ပြီး ကျောင်း တက်ရသည်။ ငယ်ရွယ်လွန်းသော ကလေးများအတွက် မိဘများက အဖော်ပြုပြီး ကျောင်း ပို့ ကျောင်း ကြို လုပ်ပေးနိုင်သည်။ သို့ရာတွင် ကျောင်းသား အများစုက ခြေကျင်လျှောက်ပြီးသာ ကျောင်း တက်ကြသည်။ ထို့ကြောင့် ကျောင်းမှ လမ်းလျှောက်ပြန်လာခြင်းသည် မိဘများအတွက် အထူးအဆန်း မဟုတ်။

"ဖေဖေ သမီးကို မေ့သွားတယ်၊ ဂိုမဲန့် . ."

"ဒိုက်ဂျောဖု . . ဒိုက်ဂျောဖု၊ ယုလေးက ကလေး မဟုတ်တော့ဘူးလေ၊ နောက်ဆို ဖေဖေ လာမကြိုနဲ့တော့နော်၊ ယုလေး တစ်ယောက်တည်း ပြန်လာလည်း ဖြစ်တယ်၊ သိလား"

"ဖေဖေ့သမီးက လိမ္မာလိုက်တာ၊ အခု အဝတ်အစား သွားလဲတော့ . . ၊ ဖေဖေကြီး ပြန်လာရင် ညစာ စားကြမယ်"

"ဟိုက် . ."

နန်းယု အပေါ် တက်သွားသည့်အခါ ဝေယံ ဧည့်ခန်းမှာ ထိုင်ပြီး နေသူရိန်မင်းခန့် ပြန်အလာကို စောင့်နေမိသည်။

နေမင်းကြီး အိမ် ပြန်ရောက်ပါက ဖြစ်တည်ခဲ့ရသည့် ရင်ထဲမှ အစိုင်အခဲတွေကို ခြေဖျက်ဖို့ရာ ညစာ မစားခင် နှစ်ဦးတည်း သီးသန့် ဆုံပြီး စိတ်ခုခဲ့ရသော မနက်ပိုင်းက ကိစ္စများကို ဖြေရှင်း မေးမြန်းဖို့ သူ တွေးထားသည်။ လေးလံခဲ့ရသည့် သံသယ ဝန်ထုပ်ကို ပိုးလွယ်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ပန်လေးဖြင့် သူ ဟန်ဆောင် မနေနိုင်။ ဒီဝန်ထုပ်ဝန်ပိုးဟာ ဝေယံ့အတွက် သိပ်ပြီး လေးလံသည်။ ထို့ကြောင့် သူ ဆက်ပြီး သယ်မထားချင်။

ခက်တာက နေသူရိန်မင်းခန့်သည် ယခုအချိန်အထိ ပေါ်မလာသေး။ ဝေယံ လက်မှ နာရီကို ကြည့်မိသည်။ ညနေ ၆ နာရီ ထိုးနေပြီ ဖြစ်သည်။ ပုံမှန်ဆို နေမင်းကြီးက တစ်နာရီလောက် စောပြီး အိမ်ကို ပြန်လာတတ်သည်။ သူ စိတ်ပူလာသည်။ ပူပန်သည့်အခါ အတွေးများတတ် သူ ဖြစ်၍ ထုံးစံအတိုင်း စိုးရိမ်စိတ်တို့ ခန္ဓာကိုယ်အနှံ့ စိုးမိုး ဖြာဝေလာပြီး မေးခွန်းပေါင်း မြောက်မြားစွာက စက်သေနတ် ပစ်သလို ဦးနှောက်ထဲ တဒိုင်းဒိုင်း စုပြုံ တိုးဝင်လာတော့သည်။

တက္ကသိုလ်မှာ အရေးအကြီး ကိစ္စ ရှိနေလို့လား။ စာသင်ချိန် မပြီးသေးလို့များလား။ တက္ကသိုလ် စာကြည့်တိုက်မှာ စာလေ့လာလို့ ကြာနေသည်လား။ သို့မဟုတ် မနက်က မိုးမိ၍ ဆေးပေးခန်းမှာ အဖျားကြီးပြီး အိပ်ပျော်နေသည်လား။ မဟုတ်မှလွဲရော လမ်းမှာ မတော်တဆ တစ်ခုခုများ ဖြစ်နေလို့လား။

ဝေယံ ခေါင်း ယမ်းလိုက်သည်။

ဖွက်ဖွက် . . လွဲပါစေ ပယ်ပါစေ

သူ တွေးပူနေခြင်းသာ ဖြစ်ပါလိမ့်မည်။

ထိုခဏ ဆန့်ကျင်ဘက် ရှုထောင့်ဖြင့် တခြားသော ဖြစ်နိုင်ခြေ တစ်ခုကို ဝေယံ တွေးမိသွားသည်။ သေချာပါသည်။ ဒီလောက် နောက်ကျနေပုံ ထောက်။ ကောင်မလေးများနှင့် Bar ထိုင်၊ Club တက်နေခြင်းသာ ဖြစ်ရမည်။ ယခင်က ဗီဇတွေ ပြန်ပေါ်လာသည်များလား။ အကယ်၍ ထိုသို့ ဖြစ်နေပါက သူ ဘယ်လိုလုပ်ရမလဲ။ ဝေယံ ဒေါသစိတ်ဖြင့် ဆိုဖာတွင် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်မိသည်။

ထိုအခိုက် ဖုန်းသံက ရုတ်တရက် ကျယ်လောင်စွာ မြည်ဟီးလာသည်။ နေသူရိန်မင်းခန့်၏ ဖုန်းခေါ်ဆိုမှုပဲ ဖြစ်သည်။ ဝေယံ လွှတ်ခနဲ စိတ်ခုန်သွားကာ ချက်ချင်း ကောက်ကိုင်လိုက်သည်။

"ဟဲလို . ."

"ယံ . ."

အင်အား မရှိသော နေသူရိန်မင်းခန့် အသံက ဖုန်းထဲမှ တိုးညင်းစွာ ထွက်ပေါ်လာသည်။ ဝေယံ ရင်တုန်သွားသည်။ ခေါ်သံမှာ အဖျားခတ်ကာ တုန်ယင်နေ၏။ တစ်ချက်တစ်ချက် အသက်ရှူသံ ပြင်းပြင်းနှင့် ကပ်ပါလာသည်က နာကျင် ပြင်းပြသော ညည်းတွားသံ တစ်ခုပဲ ဖြစ်သည်။ နှလုံးသားက အပြင်သို့ ပေါက်ကွဲ ထွက်မတတ် စူးကျင်စွာ လှိုက်ခုန်သွားသည်။ မဟုတ်မှလွဲရော အန္တရာယ် တစ်ခုခုများ ကြုံကြိုက်နေပြီလား။

"ဒါလင် . . ၊ တစ်ခုခု ဖြစ်လို့လား၊ ခိုက်မိထားတာလားဟင်၊ ဘာတွေဖြစ်နေတာလဲ၊ ပြောပါဦး . . ၊ ငါ စိတ်ပူလာပြီ"

"ယံ ကျွန်တော့်ဆီကို မြန်မြန် လာပါ၊ ကျေးဇူးပြုပြီး မြန်မြန်လေး လာခဲ့ပေးပါ၊ ကျွန်တော် တကယ် မရတော့ . ."

ဖုန်းလိုင်းက ရုတ်တရက် ပြုတ်ကျသွားသည်။ ဝေယံ သွေးပူသွားကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ ဖုန်းကို ဆုပ်ကိုင်ထားရင်း ကြောင်အနေသည့် အခိုက် Message တစ်စောင် ဝင်ရောက်လာသည်။ နေသူရိန်မင်းခန့်ဆီမှ ဖြစ်သည်။ ဝေယံ ဖွင့်ပြီး ဖတ်ကြည့်သည့်အခါ လိပ်စာ တစ်ခု ဖြစ်နေသည်။

သေချာသည်။

နေမင်းကြီး ရှိနေသည့် နေရာပဲ ဖြစ်ရမည်။

ဝေယံ အချိန် ဆွဲမနေတော့။

ကားသော့ကို ယူပြီး ဖုန်းထဲမှ လိပ်စာဆီ သွားဖို့ လုပ်ရသည်။

အိမ်မှ မထွက်ခင် ကလေး နှစ်ယောက်ကို သေချာစွာ ကြည့်ထားပေးရန် အိမ်အကူများထံ သူ အကူအညီ တောင်းမိသည်။ တကယ်တော့ ယခုအချိန်က အိမ်အကူ နှစ်ယောက်၏ အလုပ် ဆင်းချိန် ဖြစ်သည်။ အိမ်အကူများ၏ လစာကို နာရီနှင့် ရှင်းရသည် ဖြစ်၍ အချိန်ပိုကြေးအတွက် နောက်မှ ရှင်းပေးဖို့ ဝေယံ ယာထားလိုက်သည်။ စိတ်ချဖို့ရာအတွက် သမီးဖြစ်သူ နန်းယုဝေအား မောင်လေးကို ကြည့်ထားဖို့နှင့် လုံခြုံစွာ ဂရုတစိုက် နေဖို့ပါ သူ မှာထားခဲ့သည်။

ဝေယံ ကားဖြင့် မောင်းထွက်လာသည့်အခါ အပြင်မှာ မှောင်ရီဝေနေပြီ ဖြစ်သည်။ လမ်းတစ်လျှောက် စိုးရိမ်စိတ်ဖြင့် သူ ငိုလာခဲ့မိသည်။ အားရပါးရ ငိုထားသည့် အရှိန်ဖြင့် မျက်နှာ တစ်ခုလုံး မျက်ရည်များ ရွှဲရွှဲစိုပြီး မိုးမိနေသည့် ကြောင်ဖြူလေးလို တဆတ်ဆတ် တုန်နေခဲ့သည်။ ဘုရားရှင်ထံ နေသူရိန်မင်းခန့် ဘာမှမဖြစ်စေဖို့ ဆုတောင်းမိတာလည်း အကြိမ်ကြိမ်။ ကံကောင်းသည်က ကားလမ်း မပိတ်တာဘဲ ဖြစ်သည်။

ဖုန်းထဲမှ လိပ်စာကို သူ ရောက်သွားတော့ စာကြည့်တိုက် တစ်ခု ဖြစ်နေမှန်း အံ့သြစွာ သိလိုက်သည်။ ဝေယံ ပါကင်မှာ ကား ထိုးရပ်ပြီး တံခါး ဖွင့် ဆင်းလာခဲ့သည်။ ကားရပ်နားကွင်းတွင် ထူးဆန်းစွာ ဝေယံ၏ ကားဖြူလေး တစ်စီးသာ ရှိနေခဲ့သည်။ အားလုံးဟာ လူသူ ကင်းမဲ့လျက် ခြောက်ကပ် တိတ်ဆိတ်လို့ နေသည်။ ဝေယံ လိပ်စာ မှားနေသည် ထင်၍ ဖုန်းထဲမှ စာကို သေချာ ပြန်ကြည့်မိသည်။ မမှား . . ။ ပြောထားသည့် လိပ်စာအတိုင်း သူ ရောက်လာခဲ့ခြင်း ဖြစ်သည်။

နေသူရိန်မင်းခန့်ဆီ ဖုန်း ခေါ်ပြန်တော့ ဆက်သွယ်မှု ဧရိယာ ပြင်ပ။ ဝေယံ စောင့်နေဖို့ အချိန် မပေးနိုင်တာမို့ စာကြည့်တိုက်ထဲ ဝင်ဖို့သာ ဆုံးဖြတ်လိုက်သည်။

စာကြည့်တိုက်သည် အထပ် နှစ်ထပ် ပါပြီး ကြီးမား ကျယ်ဝန်းသော အဖြူရောင် အဆောက်အဦးကြီး တစ်ခု ဖြစ်သည်။ ဘေးပတ်ဝန်းကျင်တွင် ဘယ်လို အဆောက်အအုံမျိုးမှ မရှိ။ လှပသော ကွင်းပြင်ကျယ် ဥယျာဉ်ထဲ ထီးထီးကြီး တည်ဆောက်ထားခြင်း ဖြစ်သည်။

စာကြည့်တိုက်ဆီ သွားရသော လမ်းကျယ်ကျယ်ကို ကွန်ကရစ်များဖြင့် ခင်းကျင်းထားပြီး တစ်ဖက်တစ်ချက်၌ ဆာကူရာပင်များကို အလှ စိုက်ပျိုးထားသည်။ ကွန်ကရစ်လမ်း ဘောင်၌ နှင်းဆီပင်တို့ကို အိုးလှလှများဖြင့် အနားသတ်ထားသည်။ နှင်းဆီများက အနီ၊ အဝါ၊ အဖြူ ၊ လိမ္မော်၊ ပန်းရောင်၊ စိမ်းနု၊ နို့နှစ် ဟူ၍ အသီးသီး ပွင့်လန်းနေကာ လမ်းစမှ လမ်း ဆုံးသည်အထိ သက်တံ့ရောင် ပန်းခင်းပမာ အရောင်အဝါများ သေသပ်စွာ တောက်ပနေသည်။

လျှောက်လှမ်းနေရင်းမှ အေးစက်သော လေ တစ်ချက် တိုက်လိုက်သဖြင့် ဝေယံ ကျော ချမ်းသွားသည်။ စာကြည့်တိုက်၏ ဖောက်ထွင်းမြင်ရသော မှန်နံရံများမှ တစ်ဆင့် အတွင်းကို စူးစမ်းကြည့်တော့ အံ့သြစရာကောင်းစွာ မဲမှောင်ပြီး ဆိတ်ငြိမ်နေသည်။ မီးများ ပိတ်၊ လူများ တိတ်လို့။ စာကြည့်တိုက်၏ အစောင့်နှင့် ဝန်ထမ်းများပင် ရှိမနေ။ သူ ထူးဆန်းသွားသည်။ နေသူရိန်မင်းခန့် အထဲမှာ ရှိနေပါ့မလား။ စာကြည့်တိုက်၏ ပင်မတံခါးကြီးကို တွင်းဖွင့်တော့ သော့ ခတ်မထား။ အလွယ်တကူ ပွင့်သွားသည်။

"စုမိမစဲန်း . ."

ဝေယံ ခွင့်တောင်းကာ အထဲသို့ ဝင်လိုက်သည်။ စာကြည့်တိုက် အတွင်း၌ မှောင်မဲလွန်း၍ သေချာစွာ ရှင်းရှင်းလင်းလင်း မမြင်ရ။ ဖုန်း ဖလက်လ်မီးကို ဖွင့်ပြီး လမ်းလျှောက်ရသည်။ ဝေယံ၏ ခြေသံသည် စာကြည့်တိုက် အုတ်သမံတလင်းမှာ ကျယ်လောင်စွာ ပဲ့တင် ထပ်နေသည်။ တကယ်တော့ ဝေယံ၏ ခြေသံက သိပ်ပြီး မပြင်း။ ညင်သာသည့် အထဲတွင် ပါသည်။ တိတ်ဆိတ်လွန်းသည့် ပတ်ဝန်းကျင်ကြောင့် သေးငယ်လွန်းသော အသံလေးက အစ ရှင်းလင်း ပြတ်သားစွာ ကြားနေရခြင်း ဖြစ်သည်။

"ဒါလင် . ."

ဝေယံ နေသူရိန်မင်းခန့်ကို အော်ခေါ်လိုက်သည်။ သို့ရာတွင် ပြန်ထူးသံ မလာ။ ထိုခဏ နောက်ဖျားဆီမှ တစ်ခုခု ရွေ့သွားသံကို ရုတ်တရက် ကြားလိုက်ရသည်။ ဝေယံ လန့်ဖျပ်သွားပြီး ထိုနေရာကို အလင်းရောင်ဖြင့် ထိုးကြည့်လိုက်သည်။ ကြီးမားသော စာအုပ်စင်ကြီးများနှင့် များပြားသော စာအုပ်ထူထူတို့မှ လွဲ၍ ဘယ်သူမှ မရှိ။ သက်ပြင်း ချမည် ကြံရွယ်တုန်း ဘေးနားမှ နီးနီးကပ်ကပ် ဖြတ်လျှောက်သွားသော လူရိပ် တစ်ခုကို ထပ်ပြီး ခံစားလိုက်ရသည်။ ကြောက်စိတ်ဖြင့် ခြေလှမ်းများ အလိုလို နောက်ဆုတ်မိသည့်အခါ နံရံ တစ်ခုနှင့် ဝင်ဆောင့်မိသည်။

ပစ်တိုက်မိသည့် အားက နည်းနည်းတော့ ပြင်းသည်။ နောက်ကျောက အင့်ခနဲ။ သို့သော် သွေးပူနေတာကြောင့် နာကျင်မှုကို အာရုံ မထားမိ။ ဝေယံ စောစောက သူ ရပ်နေခဲ့သည့် နေရာကို မီးဖြင့် ထိုးကြည့်မိသည်။ ဘယ်သူမှ မရှိ။ သူ နည်းနည်းတော့ လန့်လာပြီ ဖြစ်သည်။

လူလား . . ။

သရဲလား . . ။

အကယ်၍ သရဲ ဖြစ်နေပါက ကိစ္စ မရှိ။ လူ ဆိုလျှင်တော့ သူ ကြောက်ရသည်။ ဤကမ္ဘာ၌ သရဲထက် ကြောက်စရာကောင်းသည့် လူတွေ အများကြီး ရှိသည်။ အန္တရာယ် ပြုမည်ကိုပါ စိုးထိတ်ရသည်။ နေမင်းကြီးလည်း ဘယ်ရောက်နေမှန်း သူ မသိရသေး။ စိုးရိမ်ရသည့် အခြေအနေ ဖြစ်တာကြောင့် ဘေးဘီဝဲယာကို မီးရောင်ဖြင့် ထိုးကာ နှံ့နှံ့စပ်စပ် ရှာဖွေမိသည်။ ဘယ်သူမှ ရှိမနေ။ စာအုပ်စင်၊ စာအုပ်များ၊ စာကြည့်စားပွဲနှင့် ထိုင်ခုံများသာ ရှိလေသည်။

"ဒါလင် . . မင်းလား၊ ငါ့ကို စနေတာ မဟုတ်လား၊ တကယ်လို့ မင်းဆို ထွက်ခဲ့နော်၊ ထွက်မလာရင် ငါ စိတ်ဆိုးလိုက်မှာ . ."

ဝေယံ အော်ပြောမိသည်။ သို့သော် ဘယ်လို တုံ့ပြန်မှုမှ မရှိ။ ဝေယံ ကြောက်စိတ်ဖြင့် ချွေးများ ပြန်လာကာ နှလုံးခုန်သံတွေပါ မြန်လာသည်။ အသက်ပြင်းပြင်း ရှူလိုက်သည့်အခါ ရင်အစုံက နိမ့်ချည် မြင့်ချည် မို့မောက်လာသည်။ ထိုအခိုက် သူ မှီထားသည့် နံရံ နောက်မှ ရုတ်တရက် တိုးထွက်လာသော အသံများကို ကြားလိုက်ရသည်။ ဝေယံ ထခုန်မိတော့မတတ် ဖြစ်သွားသည်။ သို့ရာတွင် အသံများက ရေရေရာရာ ခွဲခြားနိုင်သည့် အသံတွေတော့ မဟုတ်။

နောက်ကို လှည့်ကြည့်လိုက်သည့်အခါ သူ မှီထားတာ နံရံ တစ်ခု မဟုတ်ဘဲ တံခါး တစ်ခု ဖြစ်နေမှန်း သိလိုက်ရသည်။ ဝေယံ အေးစက်နေသော လက်များဖြင့် တံခါးလက်ကိုင်ကို ကိုင်လိုက်မိသည်။ လှည့်မဖွင့်ခင် တံခါး အနား ကပ်ပြီး အထဲမှ အသံများကို တစ်ဖန် နားစိုက်ထောင်မိသည်။ သူ တံခါး ဖွင့်လိုက်သည့်အခါ အထဲမှ ကြောက်စရာကောင်းသည့် အရာ တစ်ခု ခုန်ထွက်လာမည်ကို စိုးရွံ့တာကြောင့် ဖြစ်သည်။

အခန်းတွင်း၌ ထွက်ပေါ်နေသည့် အသံတို့ကို တိုးညင်းစွာ ဝိုးတိုးဝါးတားလေး ကြားနေရသည်။ သေချာစွာ နားထောင်ကြည့်မှ လေ တိုက်ခတ်မှုကြောင့် တဖျတ်ဖျတ် လွင့်နေသော စာရွက်များ၏ လှုပ်ရှားသံ ဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။ ဝေယံ တံခါးလက်ကိုင်ကို ဒီအတိုင်း ကိုင်ထားပြီး ဝင်ရမလား၊ ထွက်သွားရမလား စဉ်းစားနေမိသည်။ အစက မဝင်တော့ဖို့ လုပ်ထားမိသည်။ သို့ရာတွင် တံခါး နောက်မှ လာသော တစ်စုံတစ်ရာသော ဆွဲအားသည် ဝေယံ့ကို အထဲသို့ လာချင်အောင် ဆွဲဆောင်နေသည်။

တံခါး နောက်တွင် နေသူရိန်မင်းခန့် ရှိနေမလား။

ထိုသို့ တွေးလိုက်သည့်အခါ ဝေယံ နှလုံးသားက နွေးပူစွာ တဆတ်ဆတ် လှိုက်ခုန်လာသည်။ သူ စဉ်းစား မနေတော့။ တံခါးကို ဆွဲဖွင့်ပြီး အထဲသို့ လှမ်းဝင်လိုက်သည်။ ဝင်လိုက်သည့်အခါ အထဲမှ လာသော မီးရောင်ကြောင့် မျက်စိ စူးသွားသည်။ ဝေယံ မျက်လုံးများကို လက်ချောင်းတွေဖြင့် အမြန် ကာလိုက်မိသည်။ အခန်း၏ လင်းမြမှုကို အသားကျသည့်အခါ ကာထားသော လက်ချောင်းများကြားမှ အခန်းတွင်းကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။

ဝေယံ ထိတ်လန့်သွားရသည်။

ကြယ်တာရာ အစင်းပမာ လင်းထိန် တောက်ပသော အနန္တ အလင်းစတို့သည် မြင်ကွင်းပြည့် ခမ်းခမ်းနားနား လျှံညီးနေသည်။

ဝေယံ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်။

ထောင်သောင်းမက ပြည့်ဝန်းနေသော ဆီးနှင်းဖြူရောင် ဖယောင်းတိုင်တို့သည် အပူရောင် မီးပန်းကလေးများကို ပန်ဆင်လို့ အခန်းတစ်ခွင် မှိတ်တုတ်မှိတ်တုတ် လင်းလဲ့နေသည်။ ပိန်းပိတ်အောင် မှောင်သော ညနက်နက်၌ ပိုးစုန်းကြူးလေးများ ဤကမ္ဘာမြေကို လင်းလင်းမြမြ အလင်းပေးနေသလို။ လူစည်ကားသော ပွဲတော်ညတွင် မဟူရာ ကောင်းကင်ယံထက် ရေတွက်လို့ မရနိုင်သည့် အနန္တ မီးပုံများအား လွှတ်တင်ထားသလို။

ဝေယံ အံ့သြစိတ်တို့ဖြင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်မိသည်။

သူ ရပ်နေသော ကြမ်းပြင်တွင် တစ်ကိုယ်စာ သွားလာနိုင်သော လမ်းကလေး တစ်သွယ် ဖြစ်ထွန်းနေသည်။ ဆီးနှင်းဖြူဖြူ မီးရောင်တို့ဖြင့် ဘောင်ခတ်ထားသော လမ်း တစ်သွယ် ဖြစ်သည်။ မီးရောင်များ တဖိတ်ဖိတ် လဲ့နေသော ဖယောင်းတိုင်တို့ကို ဖန်ခွက်ကလေးများထဲ ထည့်သွင်းကာ အုတ်သမံတလင်း ကြမ်းပြင်တွင် လှလှ မွမ်းမံ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုဖယောင်း လမ်းကလေး အပြည့် ကြဲဖြန့်ထားသည်က ဆာကူရာ ပန်းကြွေများ။

ဝေယံ သူ ဝတ်ထားသော ဖိနပ်များကို ချွတ်လိုက်သည်။ ပန်းကြွေများကို နင်းရတော့မည် ဆိုပါက ခြေဗလာဖြင့်သာ သူ နင်းချင်သည်။ နုနယ်သည့် ပွင့်ဖတ်ကလေးများပေါ် နီမြန်းသော ခြေဖဝါးတို့ အပ်နင်းလိုက်မိသည့် တစ်ခဏ စွဲညှို့သော အာရုံက နှလုံးသားကို လှုပ်ယမ်းလိုက်သည်။ တစ်ကိုယ်လုံး ကြည်နူးစိတ်ကြောင့် တမော့တမော မိန်းမောသွားရသည်။

နှေးကွေးသော ခြေလှမ်းများဖြင့် လမ်းသွယ်လေးထက် လျှောက်လှမ်းနေရင်းမှ အပေါ်သို့ ဝေယံ မော့ကြည့်မိသည်။ ခိုင်ခံ့သော ကြိုးများဖြင့် သီကာ လေဟာနယ်ထဲ ချိတ်ဆွဲထားသည့် ဆီးနှင်းဖြူရောင် ဖယောင်းတိုင်တို့၏ အလင်းစများသည် ဝေယံ၏ အမြင်ကို ဖမ်းစားသွားသည်။ အိပ်မက် တိုင်းပြည်ထဲ ရောက်နေသလို။ ဆန်းကြယ်လွန်းစွာ စာကြည့်တိုက် ဟောခန်းကျယ်၏ ကောင်းကင်ထက်တွင် ဖယောင်းတိုင်များပဲ ရှိနေသည်တော့ မဟုတ်။ ရာပေါင်း များစွာသော စက္ကူစတို့နှင့် စာရွက်များကိုပါ လှလှပပ ချိတ်ဆွဲထားသည်။ ထိုစာရွက်များတွင် စာကြောင်းများ ကိုယ်စီ ရေးသားထားသည်။

ဝေယံ မီနိုင်သည့် အနားမှ စာရွက်ကလေး တစ်ရွက်ကို ဆွဲယူကာ ဖတ်ကြည့်မိသည်။ အချစ်ကဗျာတွေ ဖြစ်နေသည်။

မင်းနဲ့ပဲ စပြီး
မင်းနဲ့ပဲ ဆုံးမယ့်
သံသရာ ဆိုတဲ့ ဒီခရီးကို
အချစ်တွေနဲ့ ပေါင်းစပ်ထားတဲ့
တေးသွားလေး တစ်ပုဒ် ကိုယ် ဖန်ဆင်းထားတယ်

မယုံဘူးလားကွယ်

ရင်ဘတ်ကို ဖိပြီး
နားထောင် ကြည့်
နှလုံးခုန်သံ တစ်ချက်တိုင်း

မင်း နာမည်လေးပဲ မြည်ပါတယ်

ဝေယံ နောက်ထပ် တစ်ရွက်ကို ဆွဲယူကာ ဖတ်ကြည့်မိပြန်သည်။

လောဘကြီးတယ် လို့ ပြောလည်း ခံပါ့မယ်
တလောကလုံးနဲ့ ယှဉ်ပြီး ရွေးရတိုင်း
မင်းကိုပဲ ယူချင်တယ်

မင်းကိုပဲ ယုံပါတယ်
ကိုယ့်ရဲ့ အရာရာကို
မင်း လက်ထဲပဲ ပုံချင်ပါတယ်

ချစ်စရာကောင်းသည့် စာသားများ ဖြစ်တာမို့ ဝေယံ ပြုံးလိုက်မိသည်။ တစ်ဆက်တည်းမှာပဲ ချိုမြိန်လွန်းသော စာသားများကြောင့် နောက်ထပ်သော ကဗျာများအား ဖတ်ကြည့်လာချင်သည့် စိတ်အဟုန်ကို နည်းနည်းလေးမှ သူ ထိန်းမရတော့။

မင်းနဲ့မှ မဟုတ်ရင်
ကိုယ်ကလေ ဘယ်သူနဲ့မှ မဖြစ်ဘူး တကယ်
မင်း မျက်နှာ တစ်ကမ္ဘာ . . မင်းကသာ အရာရာ

ဘဝထဲမှာရော ရင်ထဲမှာပါ
ကြင်နာရိပ် အမြဲ သန်းနေမှာ အမှန်ပါ

တစ်ပုဒ် ဆုံးသွားတိုင်း နှလုံးသားထဲက သံစဉ်တွေ ထွက်ပေါ်လာသလို လှိုက်မော ကြည်နူးနေမိသည်။

မင်းလေးက
ကိုယ် သဘောကျစရာ လေပြည်ကလေးများလား
ဝင်သက် ထွက်သက်တိုင်းမှာ မင်းကိုပဲ မြင်ယောင်နေခဲ့

တစ်ဘဝလုံးစာအတွက်
နောက်တစ်ယောက် ထပ် မရှိတာ
သေချာတဲ့ ထောင့်ငါးရာရဲ့ ချစ်ခြင်းမေတ္တာမျိုးပဲ

ကိုယ့်နှလုံးသားမှာ
တိတ်တခိုး မေတ္တာပန်းတွေ
ပျိုးသွားခဲ့တာ ရောင်စုံကမ္ဘာပဲ
ဘယ်နှရာသီစာအထိ ကိုယ် မင်းကို ချစ်ရဦးမလဲ

ဆွဲငင်လွန်းသော စာသားများကြောင့် မနားတမ်း နောက်ထပ်သော ကဗျာများကိုပါ ထပ်ပြီး ယူဖတ်မိသည်။

ကိုယ့်မှာ
ရွေးချယ်ခွင့်တွေ ရှိလာခဲ့ရင်တောင်
အဆုံးစွန်အထိ မင်း တစ်ယောက်တည်းကိုပဲ
လက်ညှိုး ထိုးမယ်

ဘယ်လို ဘယ်ပုံ ရွေးရ ရွေးရ
မင်းကိုမှ ချစ်ခဲ့မိလေခြင်း ဆိုတဲ့
နက်နက်ရှိုင်းရှိုင်း ဖြစ်တည်မှုမျိုးနဲ့

ရင်ထဲက အကြင်နာတွေဟာ
အချိန်တွေ အကြာကြီး အကြာကြီးအထိ
မင်း တစ်ယောက်တည်းအတွက်ပါပဲ

ကဗျာတွေ ဖတ်ရင်း လျှောက်လာမိသော လမ်းကလေးက နောက်ဆုံး၌ အဆုံးသတ်သွားသည်။

ဝေယံ သိချင်လာသည်။

စိတ်ကူးယဉ်ဆန်စွာ လှပ တင့်တယ်သော
ဒီပြင်ဆင်မှုတွေ အားလုံးဟာ ဘာအတွက်များလဲ။

ထိုခဏ လင်းထိန်သော အလင်းတန်း တစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာသည်။ ကြည်ဖြူရောင် ထိုအလင်းသည် ဝေယံ ဘေးမှ သီသီလေး ဖြတ်ကျော်ပြီး စင်မြင့်ထက်သို့ ဖြောင့်မတ်စွာ သွားသည်။ အလင်း ထိုးနေသော နေရာတွင် အိပ်မက်ဆန်စွာ လှပသော အဖြူရောင် စန္ဒာရားကြီး တစ်ခု ရှိနေခဲ့သည်။ စန္ဒရား၏ တီးခတ်မည့် သူ ထိုင်ရမည့် ခုံတန်းတွင် ယောကျာ်း တစ်ယောက် ရှိနေသည်။ ထိုသူက ဘေး တစ်ခြမ်းစောင်း အနေအထားဖြင့် ထိုင်နေကာ အဖြူရောင် ဝတ်စုံပြည့်ကို လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။

ပထမတော့ လူစိမ်း တစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည် ဖြစ်၍ ဝေယံ လန့်ဖျပ်သွားသည်။ နောက်မှ အံ့သြမှုက တွဲလျက် ကပ်ပါလာတော့သည်။ မထင်မှတ်စွာ ထိုယောကျာ်းဟာ နေသူရိန်မင်းခန့် ဖြစ်နေခဲ့သည်။

"ဒါလင် . ."

ဝေယံ အသံက တိုးတိုးလေး ထွက်လာခဲ့သည်။ သို့သော် နေသူရိန်မင်းခန့် ကြားလိုက်သည် ထင်ပါ၏။ ကြင်နာသည့် မျက်ဝန်းများဖြင့် ငေးကြည့်ပြီး ဆွဲမက်ဖွယ် အပြုံး တစ်ခုကို လက်ဆောင် ပေးလာသည်။ ရင်ခုန်သွားစေမည့် အပြုံးမျိုးပဲ ဖြစ်သည်။

မေးခွန်းပေါင်း များစွာဖြင့် ဝေယံ အံ့သြကာ ငြိမ်သက်နေသည့် အခိုက် စန္ဒရားသံက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သာယာလှသော စန္ဒရားသံနှင့် အတူ နေမင်းကြီး၏ ဆွဲဆောင်မှု ရှိသည့် သီချင်း ဆိုသံကိုပါ မိန်းမောစွာ ကြားလိုက်ရသည်။

I found a love for me
ကိုယ့်အတွက် အချစ် တစ်ခုကို ရှာတွေ့ခဲ့ပြီ

Darling , just dive right in
and follow my lead
အချစ်ရေ ကိုယ် ခေါ်ရာ နောက်ကို
ရဲရဲကြီးသာ လိုက်ခဲ့ပါတော့

Well , I found a boy
beautiful and sweet
ချစ်စရာကောင်းပြီး အရမ်းကို
နူးညံ့တဲ့ ကောင်လေးကို ရှာတွေ့ခဲ့ပြီ

I never knew you were
the someone waiting for me
ကိုယ့်ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်ဟာ
မင်း ဖြစ်နေမှန်း ကိုယ် မသိခဲ့ဘူး

Cause we were just kids
when we fell in love
ကိုယ်တို့ စချစ်မိတုန်းက နှစ်ယောက်စလုံး
ကလေးလေးတွေပဲ ရှိဦးမယ်

Not knowing what it was
အချစ် ဆိုတာ ဘာမှန်းတောင် သေချာ မသိကြဘူးလေ

I will not give you up this time
ဒီတစ်ခါတော့ ကိုယ် မင်းကို အဆုံးရှုံး မခံတော့ဘူးနော်

နေသူရိန်မင်းခန့် အသံသည် နှလုံးသားထဲမှ ပဲ့တင်ထပ်ကာ လှိုက်ထွက်လာသော သီဆိုသံပဲ ဖြစ်သည်။ ဝေယံ ရပ်ငေးနေရင်းမှ စိတ်လှုပ်ရှားလျက် လက်ဖျား ခြေဖျားတွေပါ အေးစက်လာပြီ ဖြစ်သည်။

But darling , just kiss me slow
ကြင်နာတဲ့ အနမ်းလေးများနဲ့

your heart is all I own
မင်း နှလုံးသားလေး ကိုယ့်ကို အပိုင်ပေးပါ

And in your eyes
you're holding mine
မင်း မျက်လုံးထဲမှာ ကိုယ်ကလည်း
မင်း အပိုင် ဆိုတာ ကိုယ် မြင်နေရတယ်

ယခုတော့ အခြေအနေ အမှန်ကို ဝေယံ ဖြည်းဖြည်းချင်း သဘောပေါက်လာရပြီ ဖြစ်သည်။ ဒီဖန်တီးမှုတွေ အားလုံးသည် သူ့အတွက် နေသူရိန်မင်းခန့် ပြင်ဆင်ထားခြင်းသာ ဖြစ်ရမည်။ အန္တရာယ် ကြုံနေရသည့် ပုံစံဖြင့် လာရန် ခေါ်ခဲ့သော ဟန်ဆောင်မှုတွေသည်လည်း ဒီကို သူ ရောက်လာဖို့ ကြိုတင် စီစဉ်ပြီး လုပ်ဆောင်ခဲ့ခြင်းပဲ ဖြစ်ရမည်။ စင့်မြင်ထက် စန္ဒရား တီးကာ သီချင်းဆို နေသော နေမင်းကြီးသည် ဘယ်လို ထိခိုက်မှုမျိုးမှ မရှိ။ အကောင်းပကတိအတိုင်း ဖြစ်သည်။

သူ အညာမိခဲ့ပြီပေါ့။

ကြီးကြီးမားမား ထိခိုက်သွားမည်ကို စိုးရိမ်ပြီး တစ်လမ်းလုံး ငိုလာခဲ့သည့် ပုံစံကို ဝေယံ ပြန်၍ မြင်ယောင်မိတော့ ရှက်ရွံ့သွားရသည်။ မျက်ဝန်းအိမ်တွင် ယခုအချိန်အထိ မျက်ရည်များ မခြောက်သေး။ မျက်တောင်ဖျားတွင် မျက်ရည်ဥများ စိုနေဆဲ ဖြစ်သည်။ အိမ်မှ အဝတ်အစားပင် မလဲဘဲ ပျာယာခတ် ထွက်လာခဲ့ရသည် ဖြစ်၍ မလွဲဧကန် ညစ်ပတ် ပေတူးနေမှာ အမှန်။

သေချာပါသည်။

နေမင်းကြီး မျက်လုံးထဲ သူ ရုပ်ဆိုးနေတော့မည် ဖြစ်သည်။

Baby , I'm
dancing in the dark
ဘေဘီ မင်းသာ ကိုယ့်အနား ရှိရင်
မှောင်မိုက်တဲ့ နေ့တွေကို ဖြတ်ကျော်ရဲပါတယ်

With you between my arms
မင်းကို ဖက်ထားရင်း နှစ်ယောက် အတူတူ ရင်ဆိုင်ကြမယ်

Barefoot on the grass
မြက်ခင်းပြင်ပေါ် ခြေဗလာနဲ့ လျှောက်သွားရင်း

Listening to our favourite song
ကိုယ်တို့ရဲ့ အကြိုက်ဆုံး သီချင်းလေးကို နားထောင်ကြမယ်

When you said you looked a mess
မင်း ကိုယ့်ကိုယ်ကိုယ် မလှဘူး လို့ ပြောလာတဲ့အခါ

I whispered
underneath my breath
အသက်ရှူသံလေး အောက်
ကိုယ် မင်းကို တိုးတိုးလေး ပြောမယ်

But you heard it
ဒါကို မင်း ကြားလိုက်ပါတယ်

Darling , you look perfect tonight
အချစ်ရေ ဒီည မင်း သိပ်ကို လှနေတာပါပဲကွာ

နေသူရိန်မင်းခန့်က သီချင်းဖြင့် သွယ်ဝိုက်ပြီး သူ လှနေကြောင်း ပြောလိုက်တာမို့ ဝေယံ ပါးပြင်များ ရဲသွားသည်။

Well I found a man
ကိုယ် ကောင်လေး တစ်ယောက်ကို ရှာတွေ့ခဲ့တယ်

Stronger than anyone I know
ကိုယ် သိတဲ့ လူတွေ အားလုံးထက် ပိုပြီး ကြံ့ခိုင်တဲ့ သူ

He shares my dreams
ကိုယ့်အိပ်မက်တွေကို မျှဝေ ခံစားပေးတဲ့ ဒီကောင်လေးနဲ့

I hope that someday I'll share his home
တစ်နေ့မှာ အတူ နေနိုင်ဖို့ ကိုယ် မျှော်လင့်တယ်

I found a love
ကိုယ့်အတွက် အချစ် တစ်ခုကို ရှာတွေ့ခဲ့ပြီ

To carry more than just my secrets
ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးမယ့် သူ

To carry love
အချစ်တွေ မွေးဖွားပေးမယ့် သူ

To carry children of our own
ကိုယ်တို့ရဲ့ ကလေးတွေကို စောင့်ရှောက်ပေးမယ့် သူပေါ့

We are still kids
but we're so in love
ကိုယ်တို့က ငယ်ရွယ်သေးတယ် ဆိုပေမယ့်
တစ်ယောက်ကို တစ်ယောက် သိပ် ချစ်မိနေကြပြီ

Fighting against all odds
ကြမ်းတမ်းတဲ့ လောကဒဏ်တွေ
အားလုံးကို ရင်ဆိုင် တိုက်ခိုက်ကြမယ်

I know we'll be alright this time
ကိုယ် သိပါတယ် ဒီတစ်ခါတော့ ကိုယ်တို့ မခွဲရတော့ဘူးနော်

နေသူရိန်မင်းခန့် ဆိုပြသည့် သီချင်းကို နားဆင်ရင်း ဝေယံ နှလုံးသားတွေ တုန်ယင်နေမိသည်။ မထင်မှတ်စွာ ဆွတ်ပျံ့ ကြည်နူးဖွယ် ကောင်းသော ထိုသီချင်းသည် သူတို့နှစ်ဦး၏ ဘဝနှင့် တူညီစွာ တိုက်ဆိုင်နေခဲ့သည်။ ဖြစ်ပျက်ခဲ့သည် အတိတ်ဖြစ်ရပ်တွေ အားလုံးကို မီးမောင်း ထိုးပြလိုက်သလို ဝေယံ မျက်လုံးထဲ အစီအရီ မြင်လာမိသည်။ ပင်ပန်း ကြမ်းတမ်းသော နေ့ရက်များကို သူတို့ ဖြတ်ကျော်ခဲ့ရသည်ပဲ ဖြစ်သည်။

ဒီတစ်ခါတော့ မခွဲရတော့ဖို့ ဝေယံ ယုံကြည်မိသည်။ သူတို့ စီးနင်းလိုက်ပါလာသော လှေကလေးသည် မကြာခင်မှာ ပျော်ရွှင်မှုတွေ စီးကြိုနေသည့် ကြည်နူးဖွယ်ရာ အိပ်မက်မြေကို ကမ်းကပ်တော့မည်ပဲ ဖြစ်သည်။

Darling , just hold my hand
အချစ်ရေ ကိုယ့်လက်ကို တွဲထားပြီး

Be my lover
I'll be your man
ကိုယ့် ချစ်သူလေး ဖြစ်ပေးပါ
ကိုယ်ကလည်း မင်း ကောင်လေး ဖြစ်နေမှာ

I see my future in your eyes
ကိုယ့်ရဲ့ အနာဂတ်ကို မင်း မျက်လုံးထဲမှာ မြင်နေရတယ်

Baby , I'm
dancing in the dark
ဘေဘီ မင်းသာ ကိုယ့်အနား ရှိရင်
မှောင်မိုက်တဲ့ နေ့တွေကို ဖြတ်ကျော်ရဲပါတယ်

with you between my arms
မင်းကို ဖက်ထားရင်း နှစ်ယောက် အတူတူ ရင်ဆိုင်ကြမယ်

Barefoot on the grass
မြက်ခင်းပြင်ပေါ် ခြေဗလာနဲ့ လျှောက်သွားရင်း

Listening to our favourite song
ကိုယ်တို့ရဲ့ အကြိုက်ဆုံး သီချင်းလေးကို နားထောင်ကြမယ်

I have faith in what I see
ကိုယ့်စိတ်ကူးတွေ တကယ် ဖြစ်လာမယ် ဆိုတာ ယုံကြည်တယ်

Now I know
I have met an angel in person
ဒီစိတ်ကူးတွေကို တကယ် ဖြစ်လာအောင် လုပ်ပေးမယ့်
နတ်သားလေးက ကိုယ့်ဘေးနားမှာ ရှိနေပြီပဲ မဟုတ်လား

And he looks perfect
သူက ကိုယ့်အတွက် အကောင်းဆုံးပါပဲ

I don't deserve this
ကိုယ်နဲ့ မထိုက်တန်ဘူး လို့ ထင်ရလောက်အောင်

You look perfect tonight
ဒီည မင်းက သိပ်ကို ပြီးပြည့်စုံနေခဲ့တယ်

သီချင်း ဆုံးသွားသည့်အခါ နေသူရိန်မင်းခန့်က စင်မြင့်ထက်မှ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ နေမင်းကြီး၏ ခြေလှမ်းများ နီးလာလေ ဝေယံ ရင်တွေ တလှပ်လှပ် ခုန်လာလေ ဖြစ်သည်။ အနားသို့ နီးကပ်စွာ ရောက်လာသည့်အခါ ဝေယံ ဘာမှမပြောရသေးခင် နေမင်းကြီးက ရုတ်တရက် ဒူးထောက်လိုက်သည်။ လှစ်ခနဲ ခုန်သွားသော ရင်ဖြင့် ဝေယံ နှုတ်ခမ်းထက် လက်ဖဝါး နှစ်ဖက်ကို စုကာ အုပ်လိုက်မိသည်။

"လောဘကြီးတယ်လို့ ပြောလည်း ခံပါ့မယ်၊ တလောကလုံးနဲ့ ယှဉ်ပြီး ယံ့ကို ရွေးရဖို့ . . ကျွန်တော် ယံ့ကို လက်ထပ်ပါရစေ"

ဘောင်းဘီ အိတ်ကပ်ထဲမှ ကတ္တီပါ လက်စွပ်ဘူးလေးကို ထုတ်ကာ ဖွင့်ရင်း လက်ထပ်ခွင့် တောင်းလာသည်။ အဖြစ်အပျက်က မြန်လွန်း၍ ဝေယံ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ တဒိုင်းဒိုင်း ခုန်နေသော နှလုံးသား တစ်ခု အပြင်သို့ ထွက်မကျလာအောင် အသက်ရှူသာ အောင့်ထားမိသည်။ သို့ရာတွင် ပျော်ရွှင် ကြည်နူးမှုကြောင့် ဝမ်းသာ မျက်ရည်များ မျက်ဝန်းများ စို့လာသည်။

နေမင်းကြီး ဆုပ်ကိုင်ထားသော ကတ္တီပါဘူးလေးထဲတွင် မနက်က ပျောက်သွားခဲ့သည့် ဝေယံ၏ လက်စွပ်လေး ရှိနေခဲ့သည်။

Sei Mio ဟု ထွင်းဖော်ထားသော လက်စွပ်ကလေး။

မင်းက ကိုယ့်အပိုင် ဟု အဓိပ္ပါယ် ရသော လက်စွပ်ကလေး။

ဝေယံ ပီတိစိတ်ဖြင့် မျက်ရည်များ ကျဆင်းလာသည်။ သူ နေသူရိန်မင်းခန့်ထံ ဘယ်ဘက်လက်ကို ကမ်းပေးလိုက်သည်။ နေမင်းကြီးက သူ၏ လက်ကလေးကို ယုယစွာ ဆုပ်ကိုင်ရင်း လက်သူကြွယ်ထက် ပလက်တီနမ် လက်စွပ်ဖြူကို ကြင်ကြင်နာနာ ဝတ်ပေးလာသည်။ ထို့နောက် လက်ဖမိုး တစ်ချက် ဖိနမ်းကာ ဒူးထောက်ရာမှ ထလာခဲ့သည်။

နေသူရိန်မင်းခန့်၏ လက်သူကြွယ်ထက်တွင်တော့ Sono Tuo ဟု ရေးထိုးထားသော လက်စွပ်လေး ရှိနေသည်။

ကိုယ်က မင်းအပိုင် ဟု ဝန်ခံနေသည့် လက်စွပ်ကလေးပဲ ဖြစ်သည်။

"ဘာလို့ ငိုနေရတာလဲ ဘေဘီလေးရဲ့"

နေသူရိန်မင်းခန့်က မျက်ရည်များကို လက်မဖြင့် ဖွဖွလေး သုတ်ပေးလာသည်။ ဝေယံ ခေါင်းသာ ယမ်းမိသည်။ စကားပြောဖို့ ရင်ထဲမှာ စို့နင့်နေတာကြောင့် ဖြစ်သည်။ သို့သော် ကြည်နူးစိတ် အဟုန်ဖြင့် စိတ်ဆောင်ရာမှ နေမင်းကြီး၏ အင်္ကျီ ကော်လံစကို အားဖြင့် ဆွဲပြီး နှုတ်ခမ်းများကို ဖိကပ် နမ်းမိသည်။ ရုတ်တရက် လုပ်လိုက်သည် ဖြစ်၍ နေသူရိန်မင်းခန့် အံ့သြသွားသည်။ သို့သော် ကျေနပ်မှုကြောင့် မျက်လုံးများက ပြုံးနေသည်။

ဝေယံ အနမ်းကို ရပ်တန့်ဖို့ လုပ်သည့်အခါ နေသူရိန်မင်းခန့်က မလွတ်ပေးတော့။ လက် တစ်ဖက်က ခါးကို တင်းကျပ်စွာ ဖက်ထားပြီး နောက်တစ်ဖက်က ဝေယံ၏ နောက်စေ့ကို အုပ်ကိုင်ကာ နှုတ်ခမ်းများကို မွတ်သိပ်စွာ နမ်းလာသည်။ အသက်ရှူရ ခက်ခဲစေသည့် အနမ်းများပဲ ဖြစ်သည်။ နုနယ်သော နှုတ်ခမ်းသားများကိုပင် ရဲပတောင်း ခက်စေခဲ့သည်။

မထူးဆန်းပါချေ . . . ။

ထိုညက ဖယောင်းမီးတို့၏ အနန္တ အလင်းစများ
မှိတ်ငြိမ်းသည်အထိ အနမ်းတိုက်ပွဲက ကြာရှည်ခဲ့သည်။

တကယ်တော့ နေမင်းကြီးမှာ စိတ်ကူး တစ်ခု ရှိခဲ့သည်။

ဘဝက စာအုပ် တစ်အုပ် ဖြစ်မည်ဆို
နိဒါန်း၊ စာကိုယ်၊ နိဂုံး အားလုံးကို ပယ်ဖျက်ပြီး
နှစ်ကိုယ်တူ ချစ်ခရီးလမ်းကို သီကုံးလိုက်ဖို့ပဲ ဖြစ်သည်။

ထို့ကြောင့်
စာအုပ်တွေကို ချစ်မြတ်နိုးသည့်
အလှလေး သဘောကျစေရန် ရည်ရွယ်၍
စာကြည့်တိုက်၌ လက်ထပ်ခွင့် တောင်းခဲ့ခြင်းပဲ ဖြစ်သည်။

~•~ S U N ~•~

5 / December / 2021
6 : 34 PM
 

Continue Reading

You'll Also Like

88.7K 2.7K 80
Unicode အဲ့မှာ ငိုနေလိုက် မင်းငါ့ကို ချစ်တာမဟုတ်ဘူး ကလေးကို လိုချင်တာ ငါထပ်ပြောမယ် ကလေးလိုချင်ရင် ကလေးမွေးပေးနိုင်တဲ့ မိန်းမကို အစကတည်းကနေ ယူထားလိုက်...
1.3M 44K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
252K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.7K 326 14
Unicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်လေး..ဒီမိုးစက် နာမည်ကြီးအဆိုတော်ဖြစ်ဖို့...