ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.2K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

258

267 33 0
By SoeHmue

Chapter 258: ပေါ်ပြီ

ကုယွဲ့ယီ ဆံပင်များထောင်မတ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ ရမ္မက်ပြည့်ဝသော ငေးမောမှုမှ နိုးလာပြီး အလျှင်အမြန် ရှင်းပြလိုက်သည်။
“ဂိုဏ်းတူ ညီမလေး စောစောက ငါ အားနည်းပြီး မူးဝေနေလို့ပါ။ မင်းကို အပြစ်လုပ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး”

ရှို့ဟုန်လေ၏ အမူအရာမှာ အေးစက်နေသည်။ တောက်ပသော အဝါရောင်အလင်းရောင်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“ဒါမျိူးထပ်ဖြစ်ခဲ့ရင် ဂိုဏ်းတူအချင်းချင်းတောင် မယဉ်ကျေးဘူးလို့ ကျွန်မကို အပြစ်မတင်နဲ့”

“ဟုတ်…ဟုတ်ပါပြီ။ ဒါက မတော်တဆတစ်ခုပဲ။ သေချာပေါက်ကို ဒုတိယအကြိမ်မရှိစေရဘူး” ချွေးစေးများဖြင့် အလျှင်အမြန် နောက်ဆုတ်လိုက်သည်။ သူတို့နှစ်ဦး ကြားတွင် လိုက်ကာ တစ်ခုရှိနေပြီဖြစ်သော်လည်း သူမကို စိတ်မဆိုးစေရန်အတွက် သူ၏ ဦးခေါင်းကို အတတ်နိုင်ဆုံး ငိုက်စိုက်ချထားလိုက်သည်။

ဤမိန်းကလေးကို အလွန်မြင့်မားစွာ မျှော်လင့်ထားခဲ့သော်လည်း သူမ ဤမျှအစွမ်းထက်လိမ့်မည်ကို မထင်မှတ်ထားခဲ့ပေ။
ပြီးတော့ ဒီမီးအိမ်ကရော ဘာလဲ။ အဲ့ဒါက ဆရာက သူ့ကို ပေးထားတဲ့ တစ်ခုခုလား။
ဆရာက တကယ်ကို ဘက်လိုက်တာပဲ။

သူမကို ယခင်က အသားယူရန် အကြိမ်များစွာ ကြိုးစားမိခဲ့သည်ကို ပြန်တွေးမိကာ ချွေးစေးများ ထွက်လာသည်။ သူ၏ မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ရသည်။
သို့သော်လည်း တစ်စုံတစ်ခုမှာ မူမမှန်ပေ။ ပုံမှန်အချိန်တွင် သူမကို အပြစ်လုပ်မိသောအခါ သူမက ချိုသာသော အပြုံးတစ်ခုဖြင့်သာ တုန့်ပြန့်လေ့ရှိသည်။ သို့သော် ယခုအခါတွင် အဘယ့်ကြောင့် သူမ အလွန်ဒေါသထွက်နေရသနည်း။

“ပြီးတော့ နောက်ဆိုရင် နင် ထွက်ပြေးတော့မယ်ဆိုရင်လည်း ဒီအတိုင်းပဲ ထွက်ပြေး။ ကိုယ့်လူတွေကို လူသားဒိုင်းတွေအဖြစ် မဆက်ဆံနဲ့” ရှို့ဟုန်လေ အေးစက်စွာ နှာမှုတ်လိုက်သည်။ လှေပေါ်မှ သူ၏ အပြုအမူကို သူမ အလွန်အလိုမကျဖြစ်နေသည်။

ကုယွဲ့ယီ အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။ “ကောင်း ကောင်းပါပြီ။ နောက်မလုပ်တော့ပါဘူး”
သူ၏ နှလုံးသားထဲတွင် သူမကို ကြိမ်ဆဲလိုက်သည်။ မင်းက ဒီလောက်တောင် အစွမ်းထက်နေရင် လှေပေါ်မှာကတည်းက ကိုယ့်ဟာကိုယ် ဘာလို့ မလှုပ်ရှားခဲ့တာလဲ။ အကယ်၍ ငါတို့ နှစ်ယောက် ပူးပေါင်းလုပ်ခဲ့မယ်ဆိုရင် ချန်ရွှမ်းလက်ကနေ အခုလိုမျိုး ရုပ်ပျက်ဆင်းပျက် ထွက်ပြေးလာရမှာမဟုတ်ဘူး။
သူ၏ အတွေးများကို အပေါ်ယံတွင် ပေါ်လာခွင့်မပြုပေ။

“သွားတော့” ရှို့ဟုန်လေ က သူမ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ သူနှင့် ဆက်လက် စကားပြောချင်စိတ်မရှိတော့သည်မှာ ထင်ရှားနေသည်။
အမိန့်တစ်ခု ရရှိလိုက်သကဲ့သို့ ကုယွဲ့ယီ ခံစားလိုက်ရကာ အလောတကြီး ထွက်သွားတော့သည်။

ရှို့ဟုန်လေ က သူမ၏ လက်ထဲတွင် ပင်လယ်ခရုခွံကို ဆုပ်ကိုင်ထားကာ သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်။
ယခုအကြိမ်တွင် သူမ၏ အကြံအစည်များ ပျက်စီးခဲ့ရခြင်းမှာ ချန်ရွှမ်း ၏ အမှားကြောင့်ဖြစ်သည်။ သို့သော်လည်း ကိစ္စများ ဆက်လက်အဆင်ပြေနေပါက ထိုသူသည် သူမ၏ စိတ်ဝင်စားမှု နှင့် ထိုက်တန်သည်မှာ သေချာသည်။

...

“ဟပ်ချိုး..” ချူအိမ်တော်သို့ ဇူအန် ပြန်ရောက်ရောက်ချင်း အေးစိမ့်မှုတစ်ခုဖြတ်သန်းသွားသည်ကို ခံစားလိုက်ရကာ သူ့ကို ကျယ်လောင်စွာ နှာချေစေခဲ့သည်။
သန့်ရှင်းသော အဝတ်အစားတစ်စုံလဲပြီးနောက် ချူချူယန် ၏ အဆောင်ဘက်သို့ အလျှင်အမြန်သွားလိုက်သည်။

ငါ ဝင်ဖို့ လမ်းကြောင်းတစ်ခုချန်ထားဖို့ကို သူသတိရပါ့မလားမသိဘူး။ ဇူအန် ကောင်းကင်သို့ တစ်ချက် အမြန်ကြည့်လိုက်သည်။ ခေါင်းပေါ်တွင် လမင်းကြီး ဝိုင်းစက်သာယာနေသည်ကို မြင်လိုက်ရသည်။ အချိန်မှာ အလွန်နောက်ကျနေပြီဖြစ်သည်။
ချူချူယန်၏ ခြံဝန်းထဲသို့ တိတ်တိတ်လေး ဝင်သွားလိုက်သည်။ ယခင်အဖြစ်အပျက်ဖြစ်စဉ်ကတည်းက အစောင့်အကြပ်အရေအတွက်ကို တိုးမြှင့်ရန် ချင်ဝမ်ယွီ ကိုယ်တိုင် အမိန့်ပေးခဲ့သည်။
ဤနေရာရှိ လုံခြုံရေးမှာ အမှန်တကယ် တင်းကြပ်လှသည်။ သို့သော် ဇူအန်တွင် အဆင့်မြှင့်ထားသော နေကြာပန်းသိုင်း ရှိနေသည်။ အစောင့်များ၏ မြင်ကွင်းကို မရှောင်လွှဲနိုင်သောအခါတွင်လည်း မဟာလေပြင်းကို အသုံးပြနိုင်သေးသည်။ ဤအရာများက သူ့ကို ပြဿနာတစ်စုံတစ်ရာမရှိစေဘဲ ဝင်ရောက်နိုင်စေခဲ့သည်။

ဇူအန် အလွန်ပင် စိတ်မကျေမနပ်ဖြစ်နေသည်။ ဒါက ဘယ်လိုမျိုးလဲ။ ကိုယ့်မိန်းမ အခန်းကို ဘာဖြစ်လို့ သူခိုးတစ်ယောက်လိုမျိုး ပြုမူသွားလာနေရတာလဲ။
ချိန်းဆိုထားသော ပြတင်းပေါက်အရှေ့သို့ ရောက်သောအခါ အခန်းထဲတွင် အလင်းရောင်များ ငြှိမ်းသက်ထားပြီးသားဖြစ်နေသည်ကို သတိထားမိလိုက်သည်။
ငါ့ မိန်းမ က တကယ်ကို ကြောက်တတ်တာပဲ။ မီးဆက်ထွန်းထားရင် သူများတွေ သံသယဝင်မှာကို စိုးရိမ်နေသေးတယ်။
ပတ်ဝန်းကျင်တွင် မည်သူမှမရှိနေသည်ကို သေချာအောင်ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ကို ပြတင်းပေါက် အပေါ်သို့ တင်ကာ အသာအယာတွန်းလိုက်သည်။

ဟမ်။ ဘာဖြစ်လို့ မရွေ့တာလဲ။
ဇူအန် ထပ်မံကြိုးစားလိုက်သည်။ ဤတစ်ခါတွင် အားပိုထည့်လိုက်သည်။ သို့သော်လည်း ၎င်းမှာ တုပ်တုပ်ပင် မလှုပ်ပေ။
ဒီပြတင်းပေါက် က ပျက်နေတာလား။ သူတို့နှစ်ဦး၏ စကားကို ပြန်တွေးမိလိုက်သည်။ သူ နားကြားမှားခဲ့သည်ဟု တွေးမိလိုက်သည်။
အခြားပြတင်းပေါက်တစ်ခုကို ကြိုးစားကြည့်လိုက်သည်။ သို့သော် ၎င်းလည်း မထူးခြားပေ။ ဘာတွေဖြစ်နေတာလဲ။
အခြားကျန်ရှိနေသော ပြတင်းပေါက်များကိုလည်း ကြိုးစားကြည့်လိုက်သည်။ တစ်ချပ်တလေမှ မဖွင့်ထားပေ။
ဇူအန် မျက်လုံးပြူးသွားသည်။ ငါတို့တွေ အရင် ကြိုပြီးတော့ ချိန်းထားတယ်မဟုတ်လား။

ရှို့ဟုန်လေ ၏ စွမ်းအားပြင်းလှသော ဖျားယောင်းမှုကို ယခုလေးတင် သူ ငြင်းဆန်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ ဒီအတွက်ကြောင့် ငါ ပြန်လာခဲ့ရတာလား။
သူ၏ စိတ်ထဲတွင် အခြေအနေ ကို တွေးလိုက်သည်။ ချူချူယန်မှာ အလွန်ရှက်နေသေးကာ ဤအစီအစဉ်ကို နေသားမကျသေးသည်လည်းဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။
သို့သော်လည်း အစောပိုင်း၏ အေးစက်မှုကို ဖယ်ရှားခြင်းအဆင့်မှာ အရေးကြီးပြီး နှောင့်နှေး၍ မနေသင့်ပေ။

အပြင်ဘက်တွင်ရှိနေသော အစောင့်အကြပ်များ ကို အသိပေးလိုက်သလိုဖြစ်မည်စိုးသောကြောင့် ချူချူယန်ကို အော်လည်းမခေါ်ရဲပေ။ ထို့အစား ဓားမြောင်တစ်ချောင်းကို ထုတ်လိုက်သည်။ ၎င်းကို တံခါးကြားထဲသို့ အသာအယာထိုးထည့်ကာ ဂျက်ကို ဘေးသို့ တွန်းလိုက်သည်။
ခြေဖျားထောက်ကာ ဝင်ရောက်သွားပြီး တံခါးကိုပြန်ပိတ်လိုက်သည်။

ဘာဖြစ်လို့ သူခိုးတစ်ယောက်လို ခံစားချက်ဝင်နေရတာလဲ။
ဒါက ငါ့မိန်းမရဲ့ အခန်းပဲလေ။
ဇူအန် စိတ်ထဲတွင် အလွန်နေမကောင်းပေ။

အိပ်ရာဘေးသို့ လျှောက်သွားသောအခါ အံသြဖွယ်ကောင်းလောက်အောင် ကျက်သရေရှိသည့် ပုံရိပ်တစ်ခုဘေးတစ်စောင်း လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
ဒီမိန်းကလေးက တကယ်ကို ဆုံမမှုကောင်းကောင်လိုအပ်နေတာပဲ။ မိန်းကလေးဆိုတာ ဟုန်လေလို ဖြစ်နေရမှာ။ ဘယ်လောက်တောင် ချိုသာသိမ်မွေ့လိုက်သလဲ။
ပြတင်းပေါက်တစ်ပေါက်ဖွင့်ပေးထားရန် ချူချူယန် ရှင်းရှင်းလင်းလင်း သဘောတူညီထားပြီးသားဖြစ်သည်။ ဇူအန်၏ သွားများ စတင် ယားယံလာသည်။ သူ၏ မိန်းမဖြစ်သူ နှင့် ညှိနှိုင်းရန် နည်းလမ်းတစ်ခု အမှန်ပင်လိုအပ်နေသည်။

စကားတစ်ခွန်းမှ မပြောတော့ဘဲ စောင်အောက်သို့ လျှိုဝင်သွားကာ သူမကို နောက်ကျောဖက်မှ သိုင်းဖက်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးသည် မြေအောက်ဂူထဲတွင် ရောယှက်ပြီးသားဖြစ်သည်။ သူမကို ကုသရန်အတွက် ချူချူယန် ကိုယ်တိုင်ကပင် အဝတ်များ ချွတ်ပေးခဲ့သေးသည်။
ထိုသို့သော နွေးထွေးမှုမျိုးအနည်းငယ် ဖန်တီးယူရန် လိုအပ်နေသည်ဟု ခံစားရသည်။ ထို့နောက်တွင် သူမက သူ့ကို ယခုလောက် ခုခံနေတော့မည်မဟုတ်တော့မည်မှာ ဖြစ်နိုင်သည်။
သူ့လက်များက သူမ၏ နွေးထွေးသော သင်းပျံ့သော ခန္ဓာကိုယ်ကို ထွေးပွေ့လိုက်ပြီးနောက် ဇူအန် ဇဝေဇဝါဖြစ်သွားသည်။ သူနဲ့ မတွေ့တာ တစ်ရက်တောင် မပြည့်သေးပါဘူး။ ချူယန်က ဘယ်လိုလုပ် ပြည့်ဖြိုးလာရတာလဲ။

“မောင်…အရမ်းမဆိုးနဲ့ကွာ..”
ထိုလှပသောမိန်းမ က အိပ်နေရင်း ယောင်ရမ်းလိုက်သည်။

ဇူအန် အိပ်ရာထဲမှ ချက်ချင်း ခုန်ထွက်လုနီးပါးဖြစ်သွားသည်။ ဝိဉာဉ်လွင့်မတတ် ကြောက်လန့်သွားသည်။ ၎င်းသည် ချင်ဝမ်ယွီ ၏ အသံဖြစ်နေသည်မှာ ရှင်းလင်းနေသည်။
ထို့နောက် ချင်ဝမ်ယွီ က တစ်စုံတစ်ရာ မူမမှန်သည်ကို သတိပြုမိသွားသည်ဟု ထင်ရသည်။ အိပ်ချင်မူးတူးဖြင့် သူမ လှည့်ကြည့်ရန် ကြိုးစားလိုက်သည်။
နံဘေးမှ လက်ချောင်းတစ်ချောင်း ထွက်လာပြီး သူမ၏ မေ့ကြောကို နှိပ်လိုက်သည်။
ချင်ဝမ်ယွီ လည်း အသာအယာငြီးတွားကာ ပြန်လည် အိပ်ပျော်သွားတော့သည်။

အိပ်ရာ၏ အခြားတစ်ဖက်တွင် သွယ်လျ လှပသော ရုပ်ပုံတစ်ခု ထ ထိုင်လိုက်ကာ သူမ၏ ချစ်စရာကောင်းသော်လည်း အေးစက်သည့်မျက်နှာကို ဖော်ပြလိုက်သည်။ ထိုသူမှာ ချူချူယန် မှလွဲ၍ မည်သူရှိဦးမည်နည်း။
ဇူအန် ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ၏ ရင်ခွင်ထဲတွင် ရှိနေသော မိန်းမကို ငုံ့ကြည့်လိုက်မိသည်။ ခန္ဓာကိုယ်မှာ သူ၏ မိန်းမဖြစ်သူထက် ပိုမိုပြည့်တင်းနေသည်မှာ ရှင်းလင်းထင်ရှားနေသည်။ သူမသည် သူ၏ ယောက္ခမဖြစ်သော ချင်ဝမ်ယွီ ဖြစ်နေသည်။
ဘာတွေဖြစ်ကုန်တာလဲ။ ဇူအန်၏ စိတ် ဗလာကျင်းသွားသည်။

“အမေက ငါ့ရဲ့ အခြေအနေကို စိုးရိမ်လို့ ဒီမှာ အိပ်ဖို့ဆုံးဖြတ်ခဲ့တာ။ အကြိမ်များစွာ ငြင်းပါသေးတယ်။ ဒါပေမယ့် သူက ဆက်လက် ခေါင်းမာနေတုန်းပဲ။ သံသယလည်း အဝင်မခံချင်တာနဲ့။ အဆုံးမှာ လက်ခံလိုက်ရတယ်” ချူချူယန်က ရှက်သွေးဖြာနေသော မျက်နှာဖြင့်ပြောလိုက်သည်။

ဇူအန် တခဏတာ ဆွံ့အ သွားသည်။
ဒါက ဘယ်လို ဇာတ်ကွက်မျိုးလဲဟ။ ဒီလိုအရာကို ဘယ်လိုလုပ် ခန့်မှန်းမိခဲ့မှာလဲ။
“ငါ့ကို အချိန်ကြိုပြီး ဘာလို့မပြောခဲ့လဲ” ဇူအန် တွေဝေနေသည်။ အစောက ထိတ်လန့်မှု အကြီးစားကို ခံစားခဲ့ရသည်။ သူ၏ ထိခိုက်လွယ်သော စိတ်နှလုံးအဖို့ ပြင်းထန်သော ရိုက်ချက်တစ်ခုဖြစ်သညိ။ သို့သော်လည်း သူ၏ တွေးတောမှုမှာ လုံးဝ ပြန်ထိန်းနိုင်လိုက်ပြီဖြစ်သည်။

ချူချူယန် ၏ အကြည့်က အောက်သို့ ရွေ့သွားသည်။ “ရှင် လက်မလွှတ်သေးဘူးလား” မေးမြန်းလိုက်သော သူမ၏ အသံမှာ စိတ်ပျက်မှုများပါဝင်နေသည်။
ဇူအန် ခေါင်းငုံထားလိုက်ပြီး သူ၏ မျက်နှာမှာ ဝမ်းနည်းနေသည့် အီမိုဂျီနှင့်တူနေသည်။ သူ၏ လက်ကို အလျှင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။ “ဒါ...အခုနက အကြောက်လွန်ပြီး ကြောင်တောင်တောင်ဖြစ်သွားလို့.. “

ချူချူယန် နှာခေါင်းရှုံ့လိုက်သည်။ သူမ ပြောလိုက်သည်။ “ရှင့်ကို ရှာဖို့ ဟွမ်ကျောက်ကို ပြောခဲ့တယ်။ ဒါပေမယ့် ရှင်က အိမ်တော်ထဲမှာ မရှိဘူးလို့ သူမ ကပြောတယ်။ ဒါကြောင့် ရှင့်ကို ဘယ်လိုအသိပေးရမလဲ။ ဒါနဲ့ အခန်းပြတင်းပေါက်တွေအားလုံးကို သော့ခတ်ထားပြီးတော့ အခြေအနေကို သတိပေးဖို့ ကြိုးစားခဲ့တာပဲ။ ရှင် ဒီလိုမျိုး အတင်းဝင်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ”

“အခန်းကို ပထမဆုံးအကြိမ် ဖွင့်ပေးထားရတာကို မင်း နည်းနည်းရှက်နေတယ်ထင်လို့ပါ။ မင်းရဲ့ ဖျားနာမှုအတွက် ကနဦးကုသမှု အနည်းငယ်က အရေးကြီးတယ်လေ။ ဒါကြောင့် ငါလည်း ရွေးစရာမရှိဘဲ ဝင်လာခဲ့ရတာပဲ” ဇူအန် ရှင်းပြလိုက်သည်။ သူမ၏ အမြင်တွင် တစ်ခုခုဖြစ်သွားပါက သူ၏ တကယ့် အဆုံးသတ်ဖြစ်ပေတော့မည်ဖြစ်သည်။

ချူချူယန် နှုတ်ခမ်းစေ့ထားလိုက်ကာ ပြောရန် တွန့်ဆုတ်နေသည်။ “ဒါဆိုလည်း ထားတော့။ နောက်တစ်ခါကျရင့ အရမ်း နမော်နမဲ့ မလုပ်နဲ့တော့။ အချိန်တိုင်း အမေ့ရဲ့ မေ့ကြောကို အမြန်နှိပ်နိုင်မှာ မဟုတ်ဘူး။ သူ့ကို မရိုမသေပြုတာ သိသွားရင် ချူကလန်ထဲမှာ ရှင် ထပ်ရှိနေနိုင်တော့မှာ မဟုတ်ဘူး”
သူမ၏ အမေက ဇူအန်ကို ဘယ်တုန်းကမှ ကောင်းကောင်းမဆက်ဆံခဲ့သည့ကို သိနေသည်။ အကယ်၍ ဤကိစ္စအကြောင်း သိသွားပါက လုံးဝ ပေါက်ကွဲသွားမည်ဖြစ်သည်။ ထို့ကြောင့် သူမ တွင် ရွေးစရာမရှိဘဲ မေ့အောင်လုပ်လိုက်ရခြင်းဖြစ်သည်။

“ထင်ထားတဲ့အတိုင်းပဲ ငါ့မိန်းမက ငါ့ကို တကယ်စိုးရိမ်ပေးတာပဲ” ဇူအန်၏ မျက်နှာပေါ်တွင် ခပ်မှိန်မှိန် အပြုံးတစ်ခု ပေါ်လာသည်။ သူမကို ကယ်တင်ရန် သုံးခဲ့ရသော အင်အားအားလုံးမှာ အချည်းအနှီး မဖြစ်ခဲ့ပေ။

“ဘယ်သူက စိုးရိမ်ပေးနေလို့လဲ” ချူချူယန်၏ မျက်နှာ အနည်းငယ်နီသွားသည်။ “ရှင့်ကို သတိပေးချင်ရုံပဲ။ ဒါက မိသားစုတစ်ခုလုံးကို ကို့ရို့ကားယား အခြေအနေဖြစ်အောင် ဆွဲခေါ်သွားစေနိုင်တယ်” သူမ အလျှင်အမြန် ရှင်းပြလိုက်သည်။

“ကောင်းပါပြီ။ ကောင်းပါပြီ။ မြန်မြန် အဝတ်ချွတ်လိုက်တော့” ဇူအန် ပြုံးနေရင်း ငွေပင်အပ်များရှိနေသည့် အိတ်ကို ဖွင့်လိုက်သည်။

ဒီလူက စကားကို ကောင်းကောင်းမွန်မွန် ဘယ်လိုပြောရမလဲဆိုတာကို တကယ်ကို မသိဘူး။ ဒါက သာမန်ပဲကို ဘာဖြစ်လို့ သူ့ပါးစပ်ကနေ ထွက်လာတော့ အရမ်းထူးဆန်းနေရတာလဲ။
သူမ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူမ၏ အဝတ်ကို ဖြည်လျော့လိုက်သည်။
အပ်စိုက်ကုသပေးမည့်သူမှာ ဇူအန်မဟုတ်ဘဲ အခြားသူဆိုလျှင် သူမ ဘယ်တော့မှ လက်ခံမည်မဟုတ်ပေ။
မြေအောက်ဂူထဲမှ ရှုပ်ထွေးသော ဖြစ်ရပ်များပြီးနောက် သူမ၏ စိတ်ကူးအပေါ် တွယ်ကပ်မှုများမှာ သတိမမူမိဘဲ လျော့ကျလာဟန်ရှိသည်။

ချူချူယန်၏ နှင်းကဲ့သို့ ဖြူဖွေးနေသော အသားအရေကို ဇူအန် ချီးကျုးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ရှို့ဟုန်လေ ကဲ့သို့ ကိုယ်သင်းရနံ့ ခပ်ပြင်းပြင်း မရှိပေ။ သို့သော်လည်း သူမ၏ ခပ်မှိန်မှိန် ရနံ့က သူ၏ အာရုံတွင် ထင်ကျန်ရစ်စေနိုင်သေးသည်။
ငွေပင်အပ်တစ်ချောင်းကို ထုတ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အအေးဓာတ်ကို ဖယ်ရှားရန် အပ်စိုက်ခြင်းပညာကို စတင်လိုက်တော့သည်။

“အမေ့ကို မနိုးစေနဲ့” ချူချူယန် သတိပေးလိုက်သည်။
ဇူအန် ကြောင်ကြည့်လိုက်ပြီး ချင်ဝမ်ယွီ အနားမှ ဝေးဝေးရွှေ့လိုက်သည်။ “နားလည်ပါတယ်”

...

ကုသမှုမှာ အချိန်တခဏ ကြာပြီးနောက် ဇူအန်က ငွေအပ် အားလုံးကို ပြန်သိမ်းယူလိုက်ကာ သက်ပြင်းချလိုက်သည်။ “ဒီနေ့ကုသမှုကတော့ အောင်အောင်မြင်မြင် ပြီးမြောက်သွားပြီ”
ပင်ပန်းလိုက်တာ။ အခြားကုသနည်းနဲ့သာဆို ခနလေးပဲကို…ဟင်း…ဒါပေမဲ့ ငါ သူ့ကို လန့်အောင်လုပ်လို့မဖြစ်ဘူး။ တဖြည်းဖြည်း ချင်းစီ သွားရမယ်။

“ကျေးဇူး...” ချူချူယန်က တိတ်တိတ်လေး အဝတ်ပြန်ဝတ်နေသည်။ သူ၏ နဖူးပေါ်ရှိ ချွေးစက်များကို သူမ တွေ့လိုက်ရသောအခါ သူမ နှလုံးသား ပျော့ပျောင်းသွားသည်။ လက်ကိုင်ပုဝါတစ်ခုကို ယူကာ သူ့ကို ချွေးသုတ်ပေးတော့မည့်အချိန်တွင်...
သူမ၏ လက်က ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ အမူအရာအေးစက်သွားသည်။ “ရှင် ဘယ်ကနေ ပြန်လာတာလဲ”

“ယွဲ့ရှန်တို့ ဟုန်ခိုင်တို့နဲ့ အပြင်ခဏသွားတာပါ” ဇူအန် မပြတ်မသားပြောလိုက်သည်။ သူ၏ ဇနီးသည်ကို ဆောင်ကြာမြိုင်သွားခဲ့သည်ဟု ပြောပြရန် မဖြစ်နိုင်ပေ။

“ဒါပဲလား” ချူချူယန် နှာခေါင်းမှုတ်လိုက်သည်။

“ဘာဖြစ်ရဦးမှာလဲ” ဇူအန် ပြောလိုက်သည်။

ချူချူယန် တခဏ ငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်။ “ရှင့်ဆီကနေ တစ်ခြားမိန်းမတစ်ယောက်ရဲ့ အနံ့ရနေတယ်”

“ဘယ်လို” ဇူအန် က သူ၏ အင်္ကျီလက်ကို နမ်းကြည့်လိုက်သည်။ ငါ ဘာအနံ့မှ မရပါဘူးဟ။ ပြီးတော့ အဝတ်အစားအသစ်လဲထားတယ်လေ။ ကီးဘုတ်သူရဲကောင်းအနေနဲ့ ဒီလို ကလေးကလား အမှားမျိုးကို ဘယ်လိုလုပ်နိုင်ရမှာလဲ။
ဒါတောင် သူက ဘယ်လိုတောင် သတိထားမိနိုင်သေးတာလဲ။
မိန်းမတွေက တခြားမိန်းမတွေရဲ့ အနံ့ကို တကယ်ပဲ အာရုံခံကောင်းတာလား။

သူ့ကိုယ်သူ ပြန်စဉ်းစားနေရင်း ပြောလိုက်သည်။ “မင်း အထင်မှားတာရော မဖြစ်နိုင်ဘူးလား။ ငါ့အပေါ်မှာ မင်းအမေရဲ့ အနံ့ထင်ကျန်ခဲ့တာလည်း ဖြစ်နိုင်တာပဲ”

ချူချူယန် လှောင်ရယ်လိုက်သည်။ “ရှင့် ပါးစပ်ပေါ်မှာ နှုတ်ခမ်းနီရာရှိနေတာပဲ”
ဇူအန် လုံးဝ ဆွံ့အသွားသည်။ နောက်ဆုံးတွင် အဖြစ်အပျက်ကို သိလိုက်ရပြီဖြစ်သည်။ မြစ်ထဲတွင်ရှိနေစဉ်က ဟုန်လေ က သူ့ကို နမ်းခဲ့သည်။
ဒီတစ်ကွက် မေ့သွားတယ်ကွာ။

ဇူအန် ထွက်ပြေးချင်နေသည်။ ဤကမ္ဘာ၏ ကျင့်ဝတ်မရှိသော စီးပွားရေးသမားများကို ဆက်တိုက်ကြိမ်ဆဲနေသည်။ ရှို့ဟုန်လေက တန်ဖိုးကြီးသောရေစိုခံတာရှည်ခံ နှုတ်ခမ်းနီတောင့်ကို အသုံးပြုခဲ့ဟန်ရှိပြီး သူ့ကို ဒုက္ခရောက်စေတာဖြစ်မည်။
နေပါဦးဟ။ အရင်က တခြားမိန်းမ အရှာထွက်ဖို့ သူက ငါ့ကို ခွင့်ပြုပေးပြီးသားမဟုတ်လား။ ဘာဖြစ်လို့ ငါက အပြစ်ရှိသလိုခံစားနေရတာလဲ။ ဇူအန် ထထွက်သွားပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင်မှ သူ၏ ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည်။

ထားလိုက်တော့။ ဒီအရှုပ်ကို မရှင်းနေတော့ဘူး။
သူ၏ အခန်းသို့ ပြန်ရောက်သွားသောအခါ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ ဓားတစ်စင်းက သူ၏ လည်ပင်းကို ချိန်ထားသည်။

----- ----- ------------------------------------------- ----- -- -- -

Chapter 258: ေပၚၿပီ

ကုယြဲ႕ယီ ဆံပင္မ်ားေထာင္မတ္သြားသည္ဟု ခံစားလိုက္ရသည္။ သူ၏ ရမၼက္ျပည့္ဝေသာ ေငးေမာမႈမွ နိုးလာၿပီး အလွ်င္အျမန္ ရွင္းျပလိုက္သည္။
ဂိုဏ္းတူ ညီမေလး ေစာေစာက ငါ အားနည္းၿပီး မူးေဝေနလို႔ပါ။ မင္းကို အျပစ္လုပ္ဖို႔ ဘယ္တုန္းကမွ မရည္႐ြယ္ခဲ့ဘူး

ရွို႔ဟုန္ေလ၏ အမူအရာမွာ ေအးစက္ေနသည္။ ေတာက္ပေသာ အဝါေရာင္အလင္းေရာင္ကို ျပန္႐ုတ္သိမ္းလိုက္သည္။
ဒါမ်ိဴးထပ္ျဖစ္ခဲ့ရင္ ဂိုဏ္းတူအခ်င္းခ်င္းေတာင္ မယဥ္ေက်းဘူးလို႔ ကြၽန္မကို အျပစ္မတင္နဲ႕

ဟုတ္ဟုတ္ပါၿပီ။ ဒါက မေတာ္တဆတစ္ခုပဲ။ ေသခ်ာေပါက္ကို ဒုတိယအႀကိမ္မရွိေစရဘူး ေခြၽးေစးမ်ားျဖင့္ အလွ်င္အျမန္ ေနာက္ဆုတ္လိုက္သည္။ သူတို႔ႏွစ္ဦး ၾကားတြင္ လိုက္ကာ တစ္ခုရွိေနၿပီျဖစ္ေသာ္လည္း သူမကို စိတ္မဆိုးေစရန္အတြက္ သူ၏ ဦးေခါင္းကို အတတ္နိုင္ဆုံး ငိုက္စိုက္ခ်ထားလိုက္သည္။

ဤမိန္းကေလးကို အလြန္ျမင့္မားစြာ ေမွ်ာ္လင့္ထားခဲ့ေသာ္လည္း သူမ ဤမွ်အစြမ္းထက္လိမ့္မည္ကို မထင္မွတ္ထားခဲ့ေပ။
ၿပီးေတာ့ ဒီမီးအိမ္ကေရာ ဘာလဲ။ အဲ့ဒါက ဆရာက သူ႕ကို ေပးထားတဲ့ တစ္ခုခုလား။
ဆရာက တကယ္ကို ဘက္လိုက္တာပဲ။

သူမကို ယခင္က အသားယူရန္ အႀကိမ္မ်ားစြာ ႀကိဳးစားမိခဲ့သည္ကို ျပန္ေတြးမိကာ ေခြၽးေစးမ်ား ထြက္လာသည္။ သူ၏ မ်က္ႏွာေပၚမွ ေခြၽးမ်ားကို သုတ္လိုက္ရသည္။
သို႔ေသာ္လည္း တစ္စုံတစ္ခုမွာ မူမမွန္ေပ။ ပုံမွန္အခ်ိန္တြင္ သူမကို အျပစ္လုပ္မိေသာအခါ သူမက ခ်ိဳသာေသာ အၿပဳံးတစ္ခုျဖင့္သာ တုန့္ျပန့္ေလ့ရွိသည္။ သို႔ေသာ္ ယခုအခါတြင္ အဘယ့္ေၾကာင့္ သူမ အလြန္ေဒါသထြက္ေနရသနည္း။

ၿပီးေတာ့ ေနာက္ဆိုရင္ နင္ ထြက္ေျပးေတာ့မယ္ဆိုရင္လည္း ဒီအတိုင္းပဲ ထြက္ေျပး။ ကိုယ့္လူေတြကို လူသားဒိုင္းေတြအျဖစ္ မဆက္ဆံနဲ႕ ရွို႔ဟုန္ေလ ေအးစက္စြာ ႏွာမႈတ္လိုက္သည္။ ေလွေပၚမွ သူ၏ အျပဳအမူကို သူမ အလြန္အလိုမက်ျဖစ္ေနသည္။

ကုယြဲ႕ယီ အလွ်င္အျမန္ ေခါင္းညိတ္လိုက္သည္။ ေကာင္း ေကာင္းပါၿပီ။ ေနာက္မလုပ္ေတာ့ပါဘူး
သူ၏ ႏွလုံးသားထဲတြင္ သူမကို ႀကိမ္ဆဲလိုက္သည္။ မင္းက ဒီေလာက္ေတာင္ အစြမ္းထက္ေနရင္ ေလွေပၚမွာကတည္းက ကိုယ့္ဟာကိုယ္ ဘာလို႔ မလႈပ္ရွားခဲ့တာလဲ။ အကယ္၍ ငါတို႔ ႏွစ္ေယာက္ ပူးေပါင္းလုပ္ခဲ့မယ္ဆိုရင္ ခ်န္႐ႊမ္းလက္ကေန အခုလိုမ်ိဳး ႐ုပ္ပ်က္ဆင္းပ်က္ ထြက္ေျပးလာရမွာမဟုတ္ဘူး။
သူ၏ အေတြးမ်ားကို အေပၚယံတြင္ ေပၚလာခြင့္မျပဳေပ။

သြားေတာ့ ရွို႔ဟုန္ေလ က သူမ၏ လက္ကို ေဝွ႕ရမ္းလိုက္သည္။ သူႏွင့္ ဆက္လက္ စကားေျပာခ်င္စိတ္မရွိေတာ့သည္မွာ ထင္ရွားေနသည္။
အမိန့္တစ္ခု ရရွိလိုက္သကဲ့သို႔ ကုယြဲ႕ယီ ခံစားလိုက္ရကာ အေလာတႀကီး ထြက္သြားေတာ့သည္။

ရွို႔ဟုန္ေလ က သူမ၏ လက္ထဲတြင္ ပင္လယ္ခ႐ုခြံကို ဆုပ္ကိုင္ထားကာ သူမ၏ မ်က္ႏွာတြင္ အၿပဳံးတစ္ခု ျပန္ေပၚလာသည္။
ယခုအႀကိမ္တြင္ သူမ၏ အႀကံအစည္မ်ား ပ်က္စီးခဲ့ရျခင္းမွာ ခ်န္႐ႊမ္း ၏ အမွားေၾကာင့္ျဖစ္သည္။ သို႔ေသာ္လည္း ကိစၥမ်ား ဆက္လက္အဆင္ေျပေနပါက ထိုသူသည္ သူမ၏ စိတ္ဝင္စားမႈ ႏွင့္ ထိုက္တန္သည္မွာ ေသခ်ာသည္။

...

ဟပ္ခ်ိဳး.. ခ်ဴအိမ္ေတာ္သို႔ ဇူအန္ ျပန္ေရာက္ေရာက္ခ်င္း ေအးစိမ့္မႈတစ္ခုျဖတ္သန္းသြားသည္ကို ခံစားလိုက္ရကာ သူ႕ကို က်ယ္ေလာင္စြာ ႏွာေခ်ေစခဲ့သည္။
သန့္ရွင္းေသာ အဝတ္အစားတစ္စုံလဲၿပီးေနာက္ ခ်ဴခ်ဴယန္ ၏ အေဆာင္ဘက္သို႔ အလွ်င္အျမန္သြားလိုက္သည္။

ငါ ဝင္ဖို႔ လမ္းေၾကာင္းတစ္ခုခ်န္ထားဖို႔ကို သူသတိရပါ့မလားမသိဘူး။ ဇူအန္ ေကာင္းကင္သို႔ တစ္ခ်က္ အျမန္ၾကည့္လိုက္သည္။ ေခါင္းေပၚတြင္ လမင္းႀကီး ဝိုင္းစက္သာယာေနသည္ကို ျမင္လိုက္ရသည္။ အခ်ိန္မွာ အလြန္ေနာက္က်ေနၿပီျဖစ္သည္။
ခ်ဴခ်ဴယန္၏ ၿခံဝန္းထဲသို႔ တိတ္တိတ္ေလး ဝင္သြားလိုက္သည္။ ယခင္အျဖစ္အပ်က္ျဖစ္စဥ္ကတည္းက အေစာင့္အၾကပ္အေရအတြက္ကို တိုးျမႇင့္ရန္ ခ်င္ဝမ္ယြီ ကိုယ္တိုင္ အမိန့္ေပးခဲ့သည္။
ဤေနရာရွိ လုံၿခဳံေရးမွာ အမွန္တကယ္ တင္းၾကပ္လွသည္။ သို႔ေသာ္ ဇူအန္တြင္ အဆင့္ျမႇင့္ထားေသာ ေနၾကာပန္းသိုင္း ရွိေနသည္။ အေစာင့္မ်ား၏ ျမင္ကြင္းကို မေရွာင္လႊဲနိုင္ေသာအခါတြင္လည္း မဟာေလျပင္းကို အသုံးျပနိုင္ေသးသည္။ ဤအရာမ်ားက သူ႕ကို ျပႆနာတစ္စုံတစ္ရာမရွိေစဘဲ ဝင္ေရာက္နိုင္ေစခဲ့သည္။

ဇူအန္ အလြန္ပင္ စိတ္မေက်မနပ္ျဖစ္ေနသည္။ ဒါက ဘယ္လိုမ်ိဳးလဲ။ ကိုယ့္မိန္းမ အခန္းကို ဘာျဖစ္လို႔ သူခိုးတစ္ေယာက္လိုမ်ိဳး ျပဳမူသြားလာေနရတာလဲ။
ခ်ိန္းဆိုထားေသာ ျပတင္းေပါက္အေရွ႕သို႔ ေရာက္ေသာအခါ အခန္းထဲတြင္ အလင္းေရာင္မ်ား ျငႇိမ္းသက္ထားၿပီးသားျဖစ္ေနသည္ကို သတိထားမိလိုက္သည္။
ငါ့ မိန္းမ က တကယ္ကို ေၾကာက္တတ္တာပဲ။ မီးဆက္ထြန္းထားရင္ သူမ်ားေတြ သံသယဝင္မွာကို စိုးရိမ္ေနေသးတယ္။
ပတ္ဝန္းက်င္တြင္ မည္သူမွမရွိေနသည္ကို ေသခ်ာေအာင္ၾကည့္လိုက္သည္။ ထို႔ေနာက္ သူ၏ လက္ကို ျပတင္းေပါက္ အေပၚသို႔ တင္ကာ အသာအယာတြန္းလိုက္သည္။

ဟမ္။ ဘာျဖစ္လို႔ မေ႐ြ႕တာလဲ။
ဇူအန္ ထပ္မံႀကိဳးစားလိုက္သည္။ ဤတစ္ခါတြင္ အားပိုထည့္လိုက္သည္။ သို႔ေသာ္လည္း ၎မွာ တုပ္တုပ္ပင္ မလႈပ္ေပ။
ဒီျပတင္းေပါက္ က ပ်က္ေနတာလား။ သူတို႔ႏွစ္ဦး၏ စကားကို ျပန္ေတြးမိလိုက္သည္။ သူ နားၾကားမွားခဲ့သည္ဟု ေတြးမိလိုက္သည္။
အျခားျပတင္းေပါက္တစ္ခုကို ႀကိဳးစားၾကည့္လိုက္သည္။ သို႔ေသာ္ ၎လည္း မထူးျခားေပ။ ဘာေတြျဖစ္ေနတာလဲ။
အျခားက်န္ရွိေနေသာ ျပတင္းေပါက္မ်ားကိုလည္း ႀကိဳးစားၾကည့္လိုက္သည္။ တစ္ခ်ပ္တေလမွ မဖြင့္ထားေပ။
ဇူအန္ မ်က္လုံးျပဴးသြားသည္။ ငါတို႔ေတြ အရင္ ႀကိဳၿပီးေတာ့ ခ်ိန္းထားတယ္မဟုတ္လား။

ရွို႔ဟုန္ေလ ၏ စြမ္းအားျပင္းလွေသာ ဖ်ားေယာင္းမႈကို ယခုေလးတင္ သူ ျငင္းဆန္လာခဲ့ျခင္းျဖစ္သည္။ ၿပီးေတာ့ ဒီအတြက္ေၾကာင့္ ငါ ျပန္လာခဲ့ရတာလား။
သူ၏ စိတ္ထဲတြင္ အေျခအေန ကို ေတြးလိုက္သည္။ ခ်ဴခ်ဴယန္မွာ အလြန္ရွက္ေနေသးကာ ဤအစီအစဥ္ကို ေနသားမက်ေသးသည္လည္းျဖစ္နိုင္သည္ဟု ေတြးမိလိုက္သည္။
သို႔ေသာ္လည္း အေစာပိုင္း၏ ေအးစက္မႈကို ဖယ္ရွားျခင္းအဆင့္မွာ အေရးႀကီးၿပီး ႏွောင့္ႏွေး၍ မေနသင့္ေပ။

အျပင္ဘက္တြင္ရွိေနေသာ အေစာင့္အၾကပ္မ်ား ကို အသိေပးလိုက္သလိုျဖစ္မည္စိုးေသာေၾကာင့္ ခ်ဴခ်ဴယန္ကို ေအာ္လည္းမေခၚရဲေပ။ ထို႔အစား ဓားေျမာင္တစ္ေခ်ာင္းကို ထုတ္လိုက္သည္။ ၎ကို တံခါးၾကားထဲသို႔ အသာအယာထိုးထည့္ကာ ဂ်က္ကို ေဘးသို႔ တြန္းလိုက္သည္။
ေျခဖ်ားေထာက္ကာ ဝင္ေရာက္သြားၿပီး တံခါးကိုျပန္ပိတ္လိုက္သည္။

ဘာျဖစ္လို႔ သူခိုးတစ္ေယာက္လို ခံစားခ်က္ဝင္ေနရတာလဲ။
ဒါက ငါ့မိန္းမရဲ႕ အခန္းပဲေလ။
ဇူအန္ စိတ္ထဲတြင္ အလြန္ေနမေကာင္းေပ။

အိပ္ရာေဘးသို႔ ေလွ်ာက္သြားေသာအခါ အံၾသဖြယ္ေကာင္းေလာက္ေအာင္ က်က္သေရရွိသည့္ ပုံရိပ္တစ္ခုေဘးတစ္ေစာင္း လဲေလ်ာင္းေနသည္ကို ေတြ႕လိုက္ရသည္။
ဒီမိန္းကေလးက တကယ္ကို ဆုံမမႈေကာင္းေကာင္လိုအပ္ေနတာပဲ။ မိန္းကေလးဆိုတာ ဟုန္ေလလို ျဖစ္ေနရမွာ။ ဘယ္ေလာက္ေတာင္ ခ်ိဳသာသိမ္ေမြ႕လိုက္သလဲ။
ျပတင္းေပါက္တစ္ေပါက္ဖြင့္ေပးထားရန္ ခ်ဴခ်ဴယန္ ရွင္းရွင္းလင္းလင္း သေဘာတူညီထားၿပီးသားျဖစ္သည္။ ဇူအန္၏ သြားမ်ား စတင္ ယားယံလာသည္။ သူ၏ မိန္းမျဖစ္သူ ႏွင့္ ညွိႏွိုင္းရန္ နည္းလမ္းတစ္ခု အမွန္ပင္လိုအပ္ေနသည္။

စကားတစ္ခြန္းမွ မေျပာေတာ့ဘဲ ေစာင္ေအာက္သို႔ လွ်ိုဝင္သြားကာ သူမကို ေနာက္ေက်ာဖက္မွ သိုင္းဖက္လိုက္သည္။
မည္သို႔ပင္ျဖစ္ေစ သူတို႔ႏွစ္ဦးသည္ ေျမေအာက္ဂူထဲတြင္ ေရာယွက္ၿပီးသားျဖစ္သည္။ သူမကို ကုသရန္အတြက္ ခ်ဴခ်ဴယန္ ကိုယ္တိုင္ကပင္ အဝတ္မ်ား ခြၽတ္ေပးခဲ့ေသးသည္။
ထိုသို႔ေသာ ႏြေးေထြးမႈမ်ိဳးအနည္းငယ္ ဖန္တီးယူရန္ လိုအပ္ေနသည္ဟု ခံစားရသည္။ ထို႔ေနာက္တြင္ သူမက သူ႕ကို ယခုေလာက္ ခုခံေနေတာ့မည္မဟုတ္ေတာ့မည္မွာ ျဖစ္နိုင္သည္။
သူ႕လက္မ်ားက သူမ၏ ႏြေးေထြးေသာ သင္းပ်ံ့ေသာ ခႏၶာကိုယ္ကို ေထြးေပြ႕လိုက္ၿပီးေနာက္ ဇူအန္ ဇေဝဇဝါျဖစ္သြားသည္။ သူနဲ႕ မေတြ႕တာ တစ္ရက္ေတာင္ မျပည့္ေသးပါဘူး။ ခ်ဴယန္က ဘယ္လိုလုပ္ ျပည့္ၿဖိဳးလာရတာလဲ။

ေမာင္အရမ္းမဆိုးနဲ႕ကြာ..
ထိုလွပေသာမိန္းမ က အိပ္ေနရင္း ေယာင္ရမ္းလိုက္သည္။

ဇူအန္ အိပ္ရာထဲမွ ခ်က္ခ်င္း ခုန္ထြက္လုနီးပါးျဖစ္သြားသည္။ ဝိဉာဥ္လြင့္မတတ္ ေၾကာက္လန့္သြားသည္။ ၎သည္ ခ်င္ဝမ္ယြီ ၏ အသံျဖစ္ေနသည္မွာ ရွင္းလင္းေနသည္။
ထို႔ေနာက္ ခ်င္ဝမ္ယြီ က တစ္စုံတစ္ရာ မူမမွန္သည္ကို သတိျပဳမိသြားသည္ဟု ထင္ရသည္။ အိပ္ခ်င္မူးတူးျဖင့္ သူမ လွည့္ၾကည့္ရန္ ႀကိဳးစားလိုက္သည္။
နံေဘးမွ လက္ေခ်ာင္းတစ္ေခ်ာင္း ထြက္လာၿပီး သူမ၏ ေမ့ေၾကာကို ႏွိပ္လိုက္သည္။
ခ်င္ဝမ္ယြီ လည္း အသာအယာၿငီးတြားကာ ျပန္လည္ အိပ္ေပ်ာ္သြားေတာ့သည္။

အိပ္ရာ၏ အျခားတစ္ဖက္တြင္ သြယ္လ် လွပေသာ ႐ုပ္ပုံတစ္ခု ထ ထိုင္လိုက္ကာ သူမ၏ ခ်စ္စရာေကာင္းေသာ္လည္း ေအးစက္သည့္မ်က္ႏွာကို ေဖာ္ျပလိုက္သည္။ ထိုသူမွာ ခ်ဴခ်ဴယန္ မွလြဲ၍ မည္သူရွိဦးမည္နည္း။
ဇူအန္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားသည္။ သူ၏ ရင္ခြင္ထဲတြင္ ရွိေနေသာ မိန္းမကို ငုံ႕ၾကည့္လိုက္မိသည္။ ခႏၶာကိုယ္မွာ သူ၏ မိန္းမျဖစ္သူထက္ ပိုမိုျပည့္တင္းေနသည္မွာ ရွင္းလင္းထင္ရွားေနသည္။ သူမသည္ သူ၏ ေယာကၡမျဖစ္ေသာ ခ်င္ဝမ္ယြီ ျဖစ္ေနသည္။
ဘာေတြျဖစ္ကုန္တာလဲ။ ဇူအန္၏ စိတ္ ဗလာက်င္းသြားသည္။

အေမက ငါ့ရဲ႕ အေျခအေနကို စိုးရိမ္လို႔ ဒီမွာ အိပ္ဖို႔ဆုံးျဖတ္ခဲ့တာ။ အႀကိမ္မ်ားစြာ ျငင္းပါေသးတယ္။ ဒါေပမယ့္ သူက ဆက္လက္ ေခါင္းမာေနတုန္းပဲ။ သံသယလည္း အဝင္မခံခ်င္တာနဲ႕။ အဆုံးမွာ လက္ခံလိုက္ရတယ္ ခ်ဴခ်ဴယန္က ရွက္ေသြးျဖာေနေသာ မ်က္ႏွာျဖင့္ေျပာလိုက္သည္။

ဇူအန္ တခဏတာ ဆြံ႕အ သြားသည္။
ဒါက ဘယ္လို ဇာတ္ကြက္မ်ိဳးလဲဟ။ ဒီလိုအရာကို ဘယ္လိုလုပ္ ခန့္မွန္းမိခဲ့မွာလဲ။
ငါ့ကို အခ်ိန္ႀကိဳၿပီး ဘာလို႔မေျပာခဲ့လဲ ဇူအန္ ေတြေဝေနသည္။ အေစာက ထိတ္လန့္မႈ အႀကီးစားကို ခံစားခဲ့ရသည္။ သူ၏ ထိခိုက္လြယ္ေသာ စိတ္ႏွလုံးအဖို႔ ျပင္းထန္ေသာ ရိုက္ခ်က္တစ္ခုျဖစ္သညိ။ သို႔ေသာ္လည္း သူ၏ ေတြးေတာမႈမွာ လုံးဝ ျပန္ထိန္းနိုင္လိုက္ၿပီျဖစ္သည္။

ခ်ဴခ်ဴယန္ ၏ အၾကည့္က ေအာက္သို႔ ေ႐ြ႕သြားသည္။ ရွင္ လက္မလႊတ္ေသးဘူးလား ေမးျမန္းလိုက္ေသာ သူမ၏ အသံမွာ စိတ္ပ်က္မႈမ်ားပါဝင္ေနသည္။
ဇူအန္ ေခါင္းငုံထားလိုက္ၿပီး သူ၏ မ်က္ႏွာမွာ ဝမ္းနည္းေနသည့္ အီမိုဂ်ီႏွင့္တူေနသည္။ သူ၏ လက္ကို အလွ်င္အျမန္ ျပန္႐ုတ္သိမ္းလိုက္သည္။ ဒါ...အခုနက အေၾကာက္လြန္ၿပီး ေၾကာင္ေတာင္ေတာင္ျဖစ္သြားလို႔..

ခ်ဴခ်ဴယန္ ႏွာေခါင္းရႈံ႕လိုက္သည္။ သူမ ေျပာလိုက္သည္။ ရွင့္ကို ရွာဖို႔ ဟြမ္ေက်ာက္ကို ေျပာခဲ့တယ္။ ဒါေပမယ့္ ရွင္က အိမ္ေတာ္ထဲမွာ မရွိဘူးလို႔ သူမ ကေျပာတယ္။ ဒါေၾကာင့္ ရွင့္ကို ဘယ္လိုအသိေပးရမလဲ။ ဒါနဲ႕ အခန္းျပတင္းေပါက္ေတြအားလုံးကို ေသာ့ခတ္ထားၿပီးေတာ့ အေျခအေနကို သတိေပးဖို႔ ႀကိဳးစားခဲ့တာပဲ။ ရွင္ ဒီလိုမ်ိဳး အတင္းဝင္လာလိမ့္မယ္လို႔ ဘယ္သူထင္ထားမွာလဲ

အခန္းကို ပထမဆုံးအႀကိမ္ ဖြင့္ေပးထားရတာကို မင္း နည္းနည္းရွက္ေနတယ္ထင္လို႔ပါ။ မင္းရဲ႕ ဖ်ားနာမႈအတြက္ ကနဦးကုသမႈ အနည္းငယ္က အေရးႀကီးတယ္ေလ။ ဒါေၾကာင့္ ငါလည္း ေ႐ြးစရာမရွိဘဲ ဝင္လာခဲ့ရတာပဲ ဇူအန္ ရွင္းျပလိုက္သည္။ သူမ၏ အျမင္တြင္ တစ္ခုခုျဖစ္သြားပါက သူ၏ တကယ့္ အဆုံးသတ္ျဖစ္ေပေတာ့မည္ျဖစ္သည္။

ခ်ဴခ်ဴယန္ ႏႈတ္ခမ္းေစ့ထားလိုက္ကာ ေျပာရန္ တြန့္ဆုတ္ေနသည္။ ဒါဆိုလည္း ထားေတာ့။ ေနာက္တစ္ခါက်ရင့ အရမ္း နေမာ္နမဲ့ မလုပ္နဲ႕ေတာ့။ အခ်ိန္တိုင္း အေမ့ရဲ႕ ေမ့ေၾကာကို အျမန္ႏွိပ္နိုင္မွာ မဟုတ္ဘူး။ သူ႕ကို မရိုမေသျပဳတာ သိသြားရင္ ခ်ဴကလန္ထဲမွာ ရွင္ ထပ္ရွိေနနိုင္ေတာ့မွာ မဟုတ္ဘူး
သူမ၏ အေမက ဇူအန္ကို ဘယ္တုန္းကမွ ေကာင္းေကာင္းမဆက္ဆံခဲ့သည့ကို သိေနသည္။ အကယ္၍ ဤကိစၥအေၾကာင္း သိသြားပါက လုံးဝ ေပါက္ကြဲသြားမည္ျဖစ္သည္။ ထို႔ေၾကာင့္ သူမ တြင္ ေ႐ြးစရာမရွိဘဲ ေမ့ေအာင္လုပ္လိုက္ရျခင္းျဖစ္သည္။

ထင္ထားတဲ့အတိုင္းပဲ ငါ့မိန္းမက ငါ့ကို တကယ္စိုးရိမ္ေပးတာပဲ ဇူအန္၏ မ်က္ႏွာေပၚတြင္ ခပ္မွိန္မွိန္ အၿပဳံးတစ္ခု ေပၚလာသည္။ သူမကို ကယ္တင္ရန္ သုံးခဲ့ရေသာ အင္အားအားလုံးမွာ အခ်ည္းအႏွီး မျဖစ္ခဲ့ေပ။

ဘယ္သူက စိုးရိမ္ေပးေနလို႔လဲ ခ်ဴခ်ဴယန္၏ မ်က္ႏွာ အနည္းငယ္နီသြားသည္။ ရွင့္ကို သတိေပးခ်င္႐ုံပဲ။ ဒါက မိသားစုတစ္ခုလုံးကို ကို႔ရို႔ကားယား အေျခအေနျဖစ္ေအာင္ ဆြဲေခၚသြားေစနိုင္တယ္ သူမ အလွ်င္အျမန္ ရွင္းျပလိုက္သည္။

ေကာင္းပါၿပီ။ ေကာင္းပါၿပီ။ ျမန္ျမန္ အဝတ္ခြၽတ္လိုက္ေတာ့ ဇူအန္ ၿပဳံးေနရင္း ေငြပင္အပ္မ်ားရွိေနသည့္ အိတ္ကို ဖြင့္လိုက္သည္။

ဒီလူက စကားကို ေကာင္းေကာင္းမြန္မြန္ ဘယ္လိုေျပာရမလဲဆိုတာကို တကယ္ကို မသိဘူး။ ဒါက သာမန္ပဲကို ဘာျဖစ္လို႔ သူ႕ပါးစပ္ကေန ထြက္လာေတာ့ အရမ္းထူးဆန္းေနရတာလဲ။
သူမ တိတ္တဆိတ္ ႏွာေခါင္းရႈံ႕လိုက္သည္။ ထို႔ေနာက္ သူမ၏ အဝတ္ကို ျဖည္ေလ်ာ့လိုက္သည္။
အပ္စိုက္ကုသေပးမည့္သူမွာ ဇူအန္မဟုတ္ဘဲ အျခားသူဆိုလွ်င္ သူမ ဘယ္ေတာ့မွ လက္ခံမည္မဟုတ္ေပ။
ေျမေအာက္ဂူထဲမွ ရႈပ္ေထြးေသာ ျဖစ္ရပ္မ်ားၿပီးေနာက္ သူမ၏ စိတ္ကူးအေပၚ တြယ္ကပ္မႈမ်ားမွာ သတိမမူမိဘဲ ေလ်ာ့က်လာဟန္ရွိသည္။

ခ်ဴခ်ဴယန္၏ ႏွင္းကဲ့သို႔ ျဖဴေဖြးေနေသာ အသားအေရကို ဇူအန္ ခ်ီးက်ဳးလိုက္သည္။ သူမ၏ ခႏၶာကိုယ္မွာ ရွို႔ဟုန္ေလ ကဲ့သို႔ ကိုယ္သင္းရနံ႕ ခပ္ျပင္းျပင္း မရွိေပ။ သို႔ေသာ္လည္း သူမ၏ ခပ္မွိန္မွိန္ ရနံ႕က သူ၏ အာ႐ုံတြင္ ထင္က်န္ရစ္ေစနိုင္ေသးသည္။
ေငြပင္အပ္တစ္ေခ်ာင္းကို ထုတ္လိုက္ကာ သူမ၏ ခႏၶာကိုယ္အတြင္းမွ အေအးဓာတ္ကို ဖယ္ရွားရန္ အပ္စိုက္ျခင္းပညာကို စတင္လိုက္ေတာ့သည္။

အေမ့ကို မနိုးေစနဲ႕ ခ်ဴခ်ဴယန္ သတိေပးလိုက္သည္။
ဇူအန္ ေၾကာင္ၾကည့္လိုက္ၿပီး ခ်င္ဝမ္ယြီ အနားမွ ေဝးေဝးေ႐ႊ႕လိုက္သည္။ နားလည္ပါတယ္

...

ကုသမႈမွာ အခ်ိန္တခဏ ၾကာၿပီးေနာက္ ဇူအန္က ေငြအပ္ အားလုံးကို ျပန္သိမ္းယူလိုက္ကာ သက္ျပင္းခ်လိဳက္သည္။ ဒီေန႕ကုသမႈကေတာ့ ေအာင္ေအာင္ျမင္ျမင္ ၿပီးေျမာက္သြားၿပီ
ပင္ပန္းလိုက္တာ။ အျခားကုသနည္းနဲ႕သာဆို ခနေလးပဲကိုဟင္းဒါေပမဲ့ ငါ သူ႕ကို လန့္ေအာင္လုပ္လို႔မျဖစ္ဘူး။ တျဖည္းျဖည္း ခ်င္းစီ သြားရမယ္။

ေက်းဇူး... ခ်ဴခ်ဴယန္က တိတ္တိတ္ေလး အဝတ္ျပန္ဝတ္ေနသည္။ သူ၏ နဖူးေပၚရွိ ေခြၽးစက္မ်ားကို သူမ ေတြ႕လိုက္ရေသာအခါ သူမ ႏွလုံးသား ေပ်ာ့ေပ်ာင္းသြားသည္။ လက္ကိုင္ပုဝါတစ္ခုကို ယူကာ သူ႕ကို ေခြၽးသုတ္ေပးေတာ့မည့္အခ်ိန္တြင္...
သူမ၏ လက္က ႐ုတ္တရက္ ရပ္တန့္သြားၿပီး သူမ၏ အမူအရာေအးစက္သြားသည္။ ရွင္ ဘယ္ကေန ျပန္လာတာလဲ

ယြဲ႕ရွန္တို႔ ဟုန္ခိုင္တို႔နဲ႕ အျပင္ခဏသြားတာပါ ဇူအန္ မျပတ္မသားေျပာလိုက္သည္။ သူ၏ ဇနီးသည္ကို ေဆာင္ၾကာၿမိဳင္သြားခဲ့သည္ဟု ေျပာျပရန္ မျဖစ္နိုင္ေပ။

ဒါပဲလား ခ်ဴခ်ဴယန္ ႏွာေခါင္းမႈတ္လိုက္သည္။

ဘာျဖစ္ရဦးမွာလဲ ဇူအန္ ေျပာလိုက္သည္။

ခ်ဴခ်ဴယန္ တခဏ ၿငိမ္သက္သြားၿပီးေနာက္ ေျပာလိုက္သည္။ ရွင့္ဆီကေန တစ္ျခားမိန္းမတစ္ေယာက္ရဲ႕ အနံ႕ရေနတယ္

ဘယ္လို ဇူအန္ က သူ၏ အကၤ်ီလက္ကို နမ္းၾကည့္လိုက္သည္။ ငါ ဘာအနံ႕မွ မရပါဘူးဟ။ ၿပီးေတာ့ အဝတ္အစားအသစ္လဲထားတယ္ေလ။ ကီးဘုတ္သူရဲေကာင္းအေနနဲ႕ ဒီလို ကေလးကလား အမွားမ်ိဳးကို ဘယ္လိုလုပ္နိုင္ရမွာလဲ။
ဒါေတာင္ သူက ဘယ္လိုေတာင္ သတိထားမိနိုင္ေသးတာလဲ။
မိန္းမေတြက တျခားမိန္းမေတြရဲ႕ အနံ႕ကို တကယ္ပဲ အာ႐ုံခံေကာင္းတာလား။

သူ႕ကိုယ္သူ ျပန္စဥ္းစားေနရင္း ေျပာလိုက္သည္။ မင္း အထင္မွားတာေရာ မျဖစ္နိုင္ဘူးလား။ ငါ့အေပၚမွာ မင္းအေမရဲ႕ အနံ႕ထင္က်န္ခဲ့တာလည္း ျဖစ္နိုင္တာပဲ

ခ်ဴခ်ဴယန္ ေလွာင္ရယ္လိုက္သည္။ ရွင့္ ပါးစပ္ေပၚမွာ ႏႈတ္ခမ္းနီရာရွိေနတာပဲ
ဇူအန္ လုံးဝ ဆြံ႕အသြားသည္။ ေနာက္ဆုံးတြင္ အျဖစ္အပ်က္ကို သိလိုက္ရၿပီျဖစ္သည္။ ျမစ္ထဲတြင္ရွိေနစဥ္က ဟုန္ေလ က သူ႕ကို နမ္းခဲ့သည္။
ဒီတစ္ကြက္ ေမ့သြားတယ္ကြာ။

ဇူအန္ ထြက္ေျပးခ်င္ေနသည္။ ဤကမၻာ၏ က်င့္ဝတ္မရွိေသာ စီးပြားေရးသမားမ်ားကို ဆက္တိုက္ႀကိမ္ဆဲေနသည္။ ရွို႔ဟုန္ေလက တန္ဖိုးႀကီးေသာေရစိုခံတာရွည္ခံ ႏႈတ္ခမ္းနီေတာင့္ကို အသုံးျပဳခဲ့ဟန္ရွိၿပီး သူ႕ကို ဒုကၡေရာက္ေစတာျဖစ္မည္။
ေနပါဦးဟ။ အရင္က တျခားမိန္းမ အရွာထြက္ဖို႔ သူက ငါ့ကို ခြင့္ျပဳေပးၿပီးသားမဟုတ္လား။ ဘာျဖစ္လို႔ ငါက အျပစ္ရွိသလိုခံစားေနရတာလဲ။ ဇူအန္ ထထြက္သြားၿပီး ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္တြင္မွ သူ၏ ေခါင္းထဲတြင္ ထိုအေတြးေပၚလာသည္။

ထားလိုက္ေတာ့။ ဒီအရႈပ္ကို မရွင္းေနေတာ့ဘူး။
သူ၏ အခန္းသို႔ ျပန္ေရာက္သြားေသာအခါ သူ၏ ခႏၶာကိုယ္မွာ ႐ုတ္တရက္ ေတာင့္တင္းသြားသည္။ ဓားတစ္စင္းက သူ၏ လည္ပင္းကို ခ်ိန္ထားသည္။

----- ----- ------------------------------------------- ----- -- -- -

Continue Reading

You'll Also Like

1.7M 94.9K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
175K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
240K 17.2K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...