ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.2K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

253

287 34 0
By SoeHmue

Chapter 253: အဆံချောင်နဲ့ အမှိုက်ကောင်

သင်သည် ချန်ရွှမ်း ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။
သင်သည် ကျင်းဖန် ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။
သင်သည် ချူဟုန်ခိုင် ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။
သင်သည်....

အသစ်ရောက်ရှိလာသော အမျက်ပွိုင့် လှိုင်းတစ်ခုပြီးတစ်ခုစီကို ကြည့်ကာ ဇူအန် ကျေနပ်အားရနေသည်။
တကယ်ကိုပဲယယယ ထူးခြားတဲ့လူက ထူးခြားတဲ့အလုပ်တွေကို လုပ်ရတာပဲ။

ထိုလူများမှာ သူ၏ အသက်ကို လိုချင်နေသည့်ပုံ ရှိနေသောကြောင့် ဤနေရာတွင် ဆက်လက်နေကာ အထုထောင်းခံရလောက်အောင် မမိုက်မဲတော့ပေ။
မည်သူမှ မတုန့်ပြန်နိုင်ခင်တွင် အရိပ်အယောင်ပင် မချန်ခဲ့ဘဲ ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်သည်။ သူ၏အနောက်ကို ဒေါသထွက်နေသော လူအုပ်ကြီး မလိုက်သွားအောင် အင်မော်တယ်ဗိမ္မာန် ၏ ဝန်ထမ်းများ က ကြိုးစားပမ်းစား တားဆီးပေးလိုက်ရသည်။

အစ်မဟွား က သူမ၏ လက်အောက်ငယ်သားများကို ဒေါသထွက်နေသည့် လူအုပ်ကြီးအား ထိန်းရန် တောက်လျှောက်ညွှန်ကြားနေရသည်။ ဇူအန်၏ ပျောက်ကွယ်သွားသော အရိပ်ကို မုန်းတီးသော အကြည့်တစ်ချက် ကြည့်လိုက်သည်။ ဒီကောင်က ပြဿနာ ဘယ်လိုရှာရမလဲဆိုတာကို ကောင်းကောင်းသိတာပဲ။ အခုတော့ ဒီအရှုပ်ထုပ်ကို ငါ ရှင်းပေးနေရပြီ။

ဇူအန်ကတော့ ပျော်ရွှင်စွာ အခိုင်းအစေ၏ အနောက်သို့ လိုက်ပါသွားလေသည်။ ဤကဲ့သို့သော နေရာမျိုးကို သူ ထပ်လာရောက်သင့်သည်ဟု တွေးတောနေမိသည်။
ဟုတ်တာပေါ့။ ငါ့လို အံသြစရာလူမျိုးက ဒီလိုနေရာကို မိန်းကလေးတွေအတွက်ကြောင့် လာမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီနေရာမှာ အမျက်ပွိုင့် ရှာရတာ တကယ်ကို လွယ်ကူလွန်းနေရုံပဲ။
အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် အင်မော်တယ်ဗိမ္မာန် တွင် သူ ရရှိလိုက်သော အမျက်ပွိုင့်ကိန်းဂဏန်းမှာ ယခင်အကြိမ်များထက် များစွာ ပိုနေသည်ကို တွေ့လိုက်ရသည်။
အကယ်၍ ယခုကဲ့သို့ အမျက်ပွိုင့် များစွာ နေ့တိုင်း ရိတ်သိမ်းနိုင်ပါက မသေမျိုးအဖြစ်သို့ တက်ရောက်နိုင်ရန်မှာ မဖြစ်နိုင်သော အိမ်မက်တစ်ခု မဟုတ်တော့ပေ။

သူ၏ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း မှောင်လာသည်။ အင်မော်တယ်ဗိမ္မာန် ၏ အတွင်းပိုင်းမှ ထွက်လာခဲ့ပြီကို သတိပြုမိလိုက်သည်။ လင်းလက်တောက်ပနေသည့် လပြည့်မြစ်၏ မြစ်ကမ်းနဖူးသို့ ရောက်ရှိနေသည်။ ကောင်းကင်မှာ မှောင်ရီပျိုးစပြုလာနေပြီး မီးအိမ်များလည်း ထွန်းညှိထားကာ ညနေခင်းအချိန်ကို ညွှန်ပြနေသည်။ ရေမျက်နှာပြင်အပေါ်တွင် မီးအိမ်များ၏ ရောင်ပြန်ထင်ဟပ်အရိပ်တချို့ရှိနေပြီး ၎င်းတို့သည် ညကောင်းကင်တွင် မရေမတွက်နိုင်သော ကြယ်များရှိနေသည့်ဟန်ပန် ဖြစ်ပေါ်စေသည်။

လူစည်ကားသိုက်မြိုက်လှသည့် ဆောင်ကြာမြိုင်လမ်းတွင်သာ ဤကဲ့သို့သော ရှုခင်းမျိုးကို မြင်တွေ့နိုင်သည်။
ဇူအန် သက်ပြင်းချလိုက်ကာ အစေခံကို မေးလိုက်သည်။ “ဒီက ချစ်စရာကောင်းတဲ့ ညီမငယ်လေး။ ကျုပ်တို့တွေ ဘယ်ကို သွားနေတာလဲဟင်”
သူ၏ ပတ်ဝန်းကျင် ကို ကြည့်လိုက်သည်။ ဒါက ရှို့ဟုန်လေ ရဲ့ မိန်းကလေး အခန်းဆောင်လည်းမဟုတ်ပါဘူး။

“ချစ်စရာညီမလေး..”
ထိုအစေခံမိန်းကလေး ကြောင်သွားသည်။ ယခင်က သူမကို ဤကဲ့သို့ ခေါ်ဝေါ်ဖူးသူမရှိခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။
သူမကဲ့သို့သော အစေခံများကို အခြားသူများ ဆက်ဆံပုံမှာ မလေးမစားဟန်ရှိကြပြီး သူတို့ကို ခိုင်းစေရန်အတွက်သာ ရှိနေရသည့် တည်ရှိမှုတစ်ခုကဲ့သို့ ဆက်ဆံခဲ့ကြသည်။ ထို့ကြောင့် ဤ ညီမငယ်လေး ဟူသောအသံမှာ နားဝင်ချိုဟန်ရှိနေသည်။

သူမ၏ မျက်နှာတွင် ပျော်ရွှင်မှု များပြည့်သွားသည်။ “မမလေးက ရှင့်ကို လှေပေါ်မှာ စောင့်နေတယ်”

“လှေ ဟုတ်လား” ဇူအန် တွေဝေသွားသည်။ ဒီမှာ လှေတစ်စင်းမှ မရှိနေတာကို ဘယ်လိုသွားရမှာလဲ။

အစေခံမလေးက ထိုင်ချလိုက်ကာ ကမ်းစပ်ကုန်းဘောင်ပေါ်တွင်ရှိနေသော သစ်သားတံခါးတစ်ခုကို တွန်းဖွင့်လိုက်ကာ လှေခါးတစ်ခုကို ပြလိုက်သည်။ အနီးနားတွင် လှေငယ်တစ်စင်း ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။

“သခင်လေး ကျေးဇူးပြုပြီးတော့...” အစေခံမလေးက လှေခါးဆီသို့ လက်ပြလိုက်သည်။

“မင်းမမလေးက အရမ်း ဟိတ်ဟန်များတာပဲ” ဇူအန် ပြုံးလိုက်သည်။ သို့သော်လည်း ဤအရာက သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေပေ။ လှေခါးကို ကိုင်ကာ အောက်ဆင်းလိုက်သည်ါ
လှေပေါ်သို့ သူရောက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းသည် မြစ်၏ အလယ်ခေါင်သို့ တဖြည်းဖြည်း ရွေ့လျားသွားတော့သည်။

ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ထောင်ချောက်တစ်ခုတော့ မဟုတ်လောက်ဘူးထင်ရတာပဲ။
သို့သော်လည်း ထိုအတွေးကို ဖျောက်လိုက်သည်။ သူသည် ကြံစည်အကွက်ခံရရန် ထိုက်တန်သူမဟုတ်ဟု တွေးလိုက်သည်။
ထို့အပြင် သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ယခုအခါတွင် တိုးတက်နေပြီဖြစ်သည်။ ကျွမ်းကျင်မှုများလည်း ပိုမိုစွမ်းအားကြီးလာပြီဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်ကို အလျှင်အမြန် ပြန်လည် တည်ငြိမ်စေလိုက်သည်။

“အဲ့ဒီချစ်စရာညီမလေး လည်း အတူလိုက်မလာတာ နှမြောစရာပဲ။ သူ့ရဲ့ နာမည်ကို မေးဖို့တောင် မေ့သွားတယ်” ဇူအန် နောင်တရနေသည်။

“ထင်ထားတဲ့အတိုင်းပဲယ သခင်လေးက အခြားသာမန်လူတွေနဲ့ ကွဲပြားခြားနားတာပဲ။ ရှင့်မှာ အကြောက်အလန့်ရှိပုံမရဘူး”
လှေ၀မ်းတွင်းမှ သိမ်မွေ့နူးညံသော မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းအသံမှာ ရှို့ဟုန်လေ ၏ တုနှိုင်းမရသော အသံမှတစ်ပါး အခြားမဖြစ်နိုင်တော့ပေ။

“ငါက ဘာတွေကို ကြောက်ရမှာလဲ။ မိန်းကလေး က ငါ့ကို ဝါးစားမှာ မလို့လား” ဇူအန်က အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“ဘယ်လိုရယ်စရာပြောရမလဲဆိုတာကို သခင်လေးက တကယ်ကို သိတာပဲ။ ရှင့်ရဲ့ အစားခံရမှာကို ကြောက်ရမယ့်သူက ကျွန်မ ဖြစ်မနေသင့်ဘူးလား” ရှို့ဟုန်လေ ၏ အသံမှာ ချောမွေ့နေပြီး စကားလုံးတိုင်းက သူ၏ နှလုံးသားကြိုးမျှင်ကို လှုပ်ခတ်စေသည်။
“အမြန်အထဲကို ဝင်လာလေ။ အပြင်မှာ လေအရမ်းတိုက်တယ်”

...

တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောဆိုနေစဉ်တွင် ဇူအန် ထွက်လာခဲ့သော ကမ်းစပ်ကုန်းဘောင်ပေါ်တွင် ဖွံ့ဖြိုးမှုရှိသော လူရိပ်တစ်ခုပေါ်လာခဲ့သည်။
လှေထွက်ခွာသွားသည်ကိုကြည့်ကာ ဖေးမြန့်မုန် ခြေဆောင့်လိုက်သည်။ “ဘယ်လောက်တောင် ကောက်ကျစ်လိုက်တဲ့ မြေခွေးမလဲ”
သူတို့ လှေပေါ်တွင် ရှိနေပြီဖြစ်သောကြောင့် သူတို့၏ စကားဝိုင်းကို သူမ နားထောင်နိုင်စရာမရှိတော့ပေ။

“ထားလိုက်တော့။ သူ့ရဲ့ အခန်းကိုပဲ အရင်ရှာတော့မယ်။ အဲ့ဒီမှာ တစ်ခုခု ရှာတွေ့ပါစေလို့ပဲ မျှော်လင့်ရတော့မယ်” ဖေးမြန့်မုန် နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ ရုပ်ပုံမှာ အရိပ်အယောင်ပင်မကျန် အလျှင်အမြန် ပျောက်ကွယ်သွားတော့သည်။

...

အလှပဂေးတစ်ဦး၏ ဖိတ်ကြားမှုကြောင့် ဇူအန်က လှေအခန်းထဲသို့ ဝင်ရန် လိုက်ကာကို ပင့်တင်လိုက်သည်။
လှေမှာ အရွယ်သေးငယ်သော်လည်း အတွင်းပိုင်းလှေခန်းမှာမူ နွေးထွေး၍ သက်တောင့်သက်သာရှိနေသည်။ သပ်ရပ်စွာ ခင်းကျင်းထားသော ဟင်းလျာပန်းကန်များတင်ထားသည့် စားပွဲဝိုင်းငယ်တစ်ခုကို ဇူအန် သတိထားမိလိုက်သည်။ စားပွဲ၏ဘေးတွင် ရှို့ဟုန်လေ ထိုင်နေပြီး သူ့ကို ပြုံးပြနေသည်။

သူမ၏ မျက်လုံးများတွင် ကွယ်လျှိုနေသော စာသားများရှိနေသည်ဟု ထင်ရသည်။
သူမအကြောင်းကို မသိပါက လင်ယောက်ျား၏ အိမ်အပြန်ကို စောင့်မျှော်နေသော ဇနီးသည်တစ်ဦးဖြစ်သည် ဇူအန် တွေးထင်မိမည်မှာ အမှန်ပင်။

နံရံတွင် သေးငယ်လှပသော မီးအိမ်ငယ်တစ်ခု ချိတ်ဆွဲထားသည်။ အဝါရောင်မီးရောင်ခပ်မှိနိမှိန်တစ်ခုက သူမ၏ ခန္ဓာကိုယ်ကို ဝင်းပနေစေကာ သူမကို နွေးထွေးသော ပယင်းကျောက်လွှာတစ်ခုက လွှမ်းခြုံထားဟန်ရှိနေသည်။

“သခင်လေးက အဲ့ဒီ မီးအိမ်လေးကို ဘာဖြစ်လို့များ စိတ်ဝင်တစား စိုက်ကြည့်နေရတာလဲ။ ဘာလဲ။ ကျွန်မက အဲ့ဒီ မီးအိမ်လေးလောက် မလှလို့လား” ရှို့ဟုန်လေ ၏ အသံမှာ ဝမ်းနည်းဖွယ်ပေါ်နေသည်။ သို့သော်လည်း သူမ၏ မျက်နှာတွင် အလိုမကျသော အရိပ်အယောင် မတွေ့ရပေ။

“ဒီလို အဝါရောင်မီးအိမ်မျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး” ဇူအန် စားပွဲဘေးတွင် ထိုင်လိုက်သည်။
သူ၏ နည်းလမ်းအတိုင်းသာဆိုပါက သူမနှင့် ပိုမိုနီးကပ်ရန်အတွက် ရှို့ဟုန်လေ၏ နံဘေးတွင် ဇူအန် ထိုင်လိုက်မည်ဖြစ်သည်။
သို့သော်လည်း ဤလှေငယ်မှာ အလွန်သေးနေသဖြင့် လှေခန်းတစ်ခုလုံးတွင် စားပွဲတစ်ခုဖြင့်သာ နေရာပြည့်လုနီးပါးဖြစ်နေသည်။ သူမ ဘေးတွင် အတင်းတိုးဝင် ထိုင်စရာ နေရာရှာမတွေ့ပေ။ ထို့ကြောင့် သူမ၏ မျက်နှာချင်းဆိုင် တွင်သာ ထိုင်လိုက်ရသည်။
ဒီမိန်းကလေး ဒါကို တမင်လုပ်တာလား။ ဘယ်သူ့ကို ကာနေတာလဲ။ ဇူအန် အလိုမကျစွာ တွေးလိုက်မိသည်။

“အကယ်၍ သခင်လေးက မီးအိမ်ကို မနှစ်သက်ဘူးဆိုရင် ကျွန်မ ငြှိမ်းလိုက်ပါ့မယ်” ရှို့ဟုန်လေ က ထဟန်ပြင်လိုက်ကာ သူမ၏ အဆုံးမဲ့သော ဆွဲဆောင်မှုရှိသည့် ခါးလေးကို ဖော်ပြလိုက်သည်။

ဇူအန်က သူမကို တားလိုက်သည်။ “မလိုအပ်ပါဘူး။ တကယ်တော့ အဝါရောင်မီးအလင်းရောင်က ကျုပ်ကို နွေးစေတာပဲ။ ပြီးတော့ အဲ့ဒါမရှိဘဲနဲ့ ရှို့မိန်းကလေး ရဲ့ အလှအပကိုလည်း ခံစားနိုင်မှာမဟုတ်ဘူး။ အဲ့ဒီလိုဆိုရင် အရမ်းနှမြောစရာကောင်းမှာပဲ”

“သခင်လေးက တကယ်ကို အပြောချိုတာပဲ။ ဒါကြောင့် ကျွန်မရဲ့ အစေခံကို စိတ်ကျေနပ်စေခဲ့တာကို မအံသြတော့ပါဘူး” ရှို့ဟုန်လေ က စွဲမက်ဖွယ်အပြုံးဖြင့်ပြောလိုက်သည်။

ဇူအန် ထိတ်လန့်သွားသည်။ “မင်းက အကြားအမြင်ရနေတာ ဒါမဟုတ် တစ်ခုခုရှိနေတာလား”
သူမနှင့် အဝေးတွင် လုပ်ခဲ့သောအရာကို သူမ မည်ကဲ့သို့ သိရှိနေသနည်း။

ရှို့ဟုန်လေ ပြုံးလိုက်သည်။ သူမ ပြန်မဖြေရှင်းပေ။ သူမ ဘေးတွင်ရှိနေသော အိုးငယ်နှစ်ခုကို ညွှန်ပြလိုက်သည်။ “သခင်ကေ လက်ဖက်ရည် သောက်ချင်လား။ သေရည်သောက်ချင်လား”

“သေချာပေါက်ကို သေရည်ပဲပေါ့” တွန့်ဆုတ်ခြင်းမရှိ ဇူအန် ပြန်ဖြေလိုက်သည်။

“ကျွန်မလည်း ထင်မိပါတယ်။ ‘သိုင်းလောကရဲ့စိန်ခေါ်သံ’ ဆိုတဲ့ အထင်ကြီးစရာသီချင်းမျိုးကို ရေးစပ်နိုင်တဲ့သူဆိုတော့ သေချာပေါက်ကို သေရည်ကြိုက်တဲ့ ရဲရင့်တဲ့ယောက်ျားတစ်ယောက်ဖြစ်ရမယ်လို့ပေါ့” ရှို့ဟုန်လေက သေရည်အိုးကို ယူလိုက်ကာ သူ့အတွက် ခွက်တစ်ခွက်ငှဲ့ပေးလိုက်သည်။
သူမ၏ အင်္ကျီလက်ရှည်စ က စားပွဲပေါ်တွင်ရှိနေသော ဟင်းလျာများကို မထိမိအောင် သူမ၏ ကျန်လက်တစ်ဖက်ဖြင့် အသာအယာ ပင့် မ လိုက်သောကြောင့် အဖြူရောင်ကျောက်စိမ်းထက်ပင် ပိုမိုသန့်စင်သော သူမ၏ လှပသော လက်တံလေးများ ပေါ်သွားစေသည်။

ဇူအန် အံသြမှုဖြင့် သက်ပြင်းချမိလိုက်သည်။ တစ်ချို့လူတွေက မွေးကတည်းက ကံကောင်းမှုတွေနဲ့ မွေးလာခဲ့တာပဲ။ သူမရဲ့ ခန္ဓာကိုယ် တစ်ပိုင်းချင်းစီက အနုပညာလက်ရာတစ်ခုလိုပဲ။
“အဲ့ဒီအကြောင်းပြချက်ကြောင့်တော့ သေရည်သောက်ရတာမဟုတ်ပါဘူး။ သောက်ပြီးတဲ့နောက် မဆင်မခြင်လုပ်မိတဲ့ ကိစ္စမှန်သမျှကို ဆင်ခြေပေးဖို့ အကြောင်းရှာရုံသက်သက်ပါပဲ”

ရှို့ဟုန်လေ ၏ အပြုံးမှာ တခဏတာ အေးခဲသွားသည်။ သို့သော် သူမ၏ အမူအရာကို အလျှင်အမြန် ပြန်ပြင်လိုက်သည်။ “အကယ်၍ အဲ့ဒီလိုမျိုး အရင်ကပြောခဲ့ရင် သခင်လေးက နှာဗူးတစ်ယောက်လို့ သေချာပေါက် တွေးထင်မိမှာပဲ။ သခင်လေးကို ချက်ချင်းတောင် မောင်းထုတ်မိလိုက်ဦးမှာပဲ”

“ဘာအရာက မင်း စိတ်ကို ပြောင်းစေခဲ့တာလဲ” ဇူအန် မေးလိုက်သည်။

“ဒီလို သီချင်းတစ်ပုဒ်ကို ရေးစပ်နိုင်တဲ့ သူက သေချာပေါက် အမှန်တရားကို ချစ်မြတ်နိုးပြီးတော့ အရည်အချင်းပြည့်ဝတဲ့ ရဲစွမ်းသတ္တိရှိတဲ့သူ တစ်ယောက်ဖြစ်မှာပဲ။ သခင်လေးရဲ့ ကြမ်းတမ်းတဲ့ လျော့တိလျော့ရဲ အပြုအမူတွေက အပေါ်ယံအလွှာသာသာတစ်ခုပဲ” ရှို့ဟုန်လေ က အပြုံးတစ်ခုဖြင့် သူမ၏ ခွက်ကို မြှောက်လိုက်သည်။ “သခင်လေး ယူဆောင်လာတဲ့ သီချင်းကြောင့် ကျွန်မ တကယ်ကို ပျော်ခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတို့တွေလည်း ပိုရင်းနှီးသွားတာပေါ့။ ဒီနိမ့်ကျတဲ့ မိန်းကလေးက သခင်လေးကို တစ်ခွက် ဂါဝရပြုပါတယ်”

လေထဲတွင် မွှေးပျံ့သောရနံ့ သင်းနေလျက် ဇူအန်လည်း သက်ပြင်းချလိုက်မိသည်။ အရည်အချင်းရှိတဲ့သူတွေလည်း နှာဗူးမထရဘူးလို့ ဘယ်သူပြောလဲ။
ကျီတန်ထု ၏ အပေါစားဆန်သော အပြုံးတစ်ခု သူ၏ ခေါင်းထဲတွင် ပေါ်လာသည်။ ပျို့တက်လာကာ ထိုအတွေးပုံရိပ်ကို သူ၏ ခေါင်းထဲမှ အလျှင်အမြန်ဖျောက်ပစ်လိုက်သည်။ “ပြီးတော့လည်း အဲ့ဒီ သီချင်းက ကျုပ်ရဲ့ အနုပညာမဟုတ်ဘူး။ တစ်ခြားသူတစ်ဦးရဲ့ အောင်မြင်မှုကို ပြန်လည် မျှဝေပေးရုံပါပဲ”
အိမ်ကိုလွမ်းသည့်လှိုင်းတစ်ချက်က သူ့ကို ရိုက်ခတ်သွားသည်။ သူ၏ ယခင်ကမ္ဘာကို ဘယ်တော့မှ ပြန်နိုင်တော့မည်မဟုတ်သည်ကို စိုးရိမ်မိကာ တစ်ချိုင့်တည်း မော့ချလိုက်တော့သည်။

ရှို့ဟုန်လေ က ခွက်ကို ပြန်ချလိုက်သည်။ ခွက်အနားသတ်တွင် သူမ၏ နှုတ်ခမ်းနီရာ ထင်ကျန်ခဲ့သည်။ “သခင်လေးက အရမ်းရိုးသားပဲ။ ဟုန်လေက မတော်ရင်တောင်မှ သီချင်းမျိုးစုံကိုတော့ ရင်းနှီးကျွမ်းဝင်ပြီးသားပါယ ဒီလို ‘သိုင်းလောကရဲ့စိန်ခေါ်သံ’ ဆိုတဲ့ သီချင်းမျိုးကို ပထမဆုံး ကြားဖူးတာပဲ။ အကယ်၍ အဲ့ဒါကို သခင်လေး ရေးထားတာမဟုတ်ရင် ဘယ်သူကများ ရေးစပ်နိုင်ဦးမှာလဲ”

ဇူအန် တစ်ခုခု ကို ပြောထွက်လုနီးပါးဖြစ်သွားသည်။ သို့သော် သူ တွန့်ဆုတ်နေခဲ့သည်။ ဖြစ်နေသော အကြောင်းအရာ ကို ရှင်းပြရန် အတွေးကို လက်လျော့လိုက်သည်။ အမှန်တွင်လည်း ဤနေရာသို့ သူ ကမ္ဘာပြောင်းရောက်လာခဲ့သည်ဟု သူမကို ပြောပြစရာအကြောင်းလည်းမရှိပေ။
ဒီကမ္ဘာက တစ်ကယ်ကို တစ်ခုခုမှားနေပြီ။ ငါဘယ်လောက် အမှန်ပြောပြော ဘယ်သူမှ ငါ့ကို မယုံကြဘူး။ ဒါပေမယ့် ငါ့ရဲ့ အလိမ်အညာတွေကိုတော့ တစ်ချက်တောင် မေးခွန်းမထုတ်ကြဘူး”

“သခင်လေးကို ကျွန်မ မေးခွန်းတစ်ခုမေးလို့ရမလား” ရှို့ဟုန်လေ က သူ့ကို သူမ၏ လှပသောမျက်ဝန်းလေးများဖြင့် အေးဆေးကြည့်လိုက်သည်။

“ကျေးဇူးပြုပြီးတော့ ကျုပ်ကို သခင်လေးလို့ ဆက်မခေါ်ပါနဲ့တော့ နောင်ကျရင် ကျုပ်ကို အားဇူလို့ပဲ ခေါ်ပါတော့” ဇူအန် ဖြေလိုက်သည်။ “ကျုပ်ကို ဘာမေးချင်လို့လဲ”

ရှို့ဟုန်လေ ပြောလိုက်သည်။ “ရိုးရိုးသားသား ပြောရရင် သခင်လေးအကြောင်း ကောလာဟလတွေ ကျွန်မ အတော်လေးကြားခဲ့ရတယ်။ တစ်ခုမှကောင်းတာကို မရှိဘူး”

“ကျုပ်က အမှိုက်တစ်စ သာသာပဲဆိုတာတွေ ဖြစ်မှာပေါ့။ ကျုပ်ရဲ့ ခံစားချက်တွေကို မိန်းကလေး စိုးရိမ်ပေးစရာမလိုအပ်ပါဘူး” ဇူအန်က လုံးဝ ဂရုမစိုက်သော အပြုအမူဖြင့် ရယ်မောလိုက်သည်။ “နေသားကျနေပါပြီ”

ရှို့ဟုန်လေ ၏ မျက်နှာ အနည်းငယ်နီသွားသည်။ သူ့ကို အကဲခတ်လိုက်သည်။ “ဒီနေ့မှပဲ သခင်လေးက အမှန်တော့ အတော်ထူးချွန်တဲ့ ယောက်ျားတစ်ယောက်ဆိုတာကို ကျွန်မသိလိုက်ရတယ်။ ဘာဖြစ်လို့များ... ဒီကမ္ဘာတစ်ခုလုံးကို ကစားပွဲတစ်ခုလို ဆက်ဆံနေရတာလဲ”
ဇူအန်၏ နေထိုင်မှုကို ဖော်ပြရန် မှန်ကန်သောစကားလုံးကို သူမ ရှာမတွေ့ပေ။ ‘အပေါစားဆန်ဆန်’ ဟူသော စကားလုံးသည် အတော်ကွက်တိကျနေသော်လည်း အလွန်ရင့်သီးလွန်းသည်။ ထိုကဲ့သို့သော ပုံစံမျိုးကို သူမ မည်ကဲ့သို့ ပြောထွက်နိုင်မည်နည်း။

“ကျူပ် က ဟန်ဆောင်နေတာမှ မဟုတ်ဘဲ။ ကျုပ်က ဒီလိုလူစားပဲကို” ဇူအန် က အပူအပင်ကင်းသော အမူအရာဖြင့်ပြောလိုက်သည်။

ရှို့ဟုန်လေ က သူ့ကို မယုံကြည်ပေ။ “ကြည့်ရတာ သခင်လေးက ကျွန်မကို ဆွေမျိုးသားချင်းတစ်ယောက်လို မဆက်ဆံဘူးပဲ” ခံစားရသော အမူအရာဖြင့် သူမ ပြောလိုက်သည်။

ဇူအန် တိတ်တဆိတ် ကြိမ်ဆဲလိုက်သည်။ ငါတို့တွေက လင်မယား လား။ အိပ်ခန်းတောင် မဝင်ရသေးဘူး။ ဒီစကားကို ပြောထွက်ရဲသေးတာလား။

သူ၏ တိတ်ဆိတ်မှုကို မြင်ရသောအခါ ရှို့ဟုန်လေ က ဆက်လက်တူးဆွလိုက်သည်။ “အရမ်းထူးချွန်နေခြင်းက ချူကလန်ကို မလွယ်မကူဖြစ်စေမှာကို သခင်လေး စိုးရိမ်နေတာလား”

ဇူအန် ကြောင်တောင်တောင် ကြည့်လိုက်သည်။ “အဲ့ဒါကြောင့် ဘာဖြစ်လို့ ချူကလန်က မလွယ်မကူဖြစ်ရမှာလဲ”

ရှို့ဟုန်လေ အသာအယာ ပြုံးလိုက်သည်။ “လက်ရှိ လပြည့်မြို့ဝန်မှာ သမီးနှစ်ယောက်နဲ့ သားတစ်ယောက်ရှိတယ်။ သားဖြစ်သူက မြို့တော်မှာ ခစား...အဲ ပညာသင်ကြားနေတယ်။ သူ့ရဲ့ ဒုတိယမြောက်သမီးကလည်း...အဲ…ဒေါသမထိန်းနိုင်ဘဲ ပေါက်ကွဲတတ်တဲ့ ကလေးတစ်ယောက်အဖြစ် လူသိများကြတယ်။ ဒါကြောင့် သူမက ချူကလန်ရဲ့ ကိစ္စတွေကို စီမံနိုင်မှာမဟုတ်ဘူး”

စိတ်ထဲတွင် ဇူအန် ကြိတ်ရယ်မောနေသည်။ ငါ့ခယ်မကို အဆံချောင်လို့ ပြောချင်တာမလား။ အဲ့ဒီစကားကို နှုတ်ကျိုးနေလို့ လွှတ်ခနဲ ပြောမိတော့မလိုတောင်ဖြစ်သွားသေးတယ်။
ရိုးရိုးသားသား ပြောရရင် အဲ့ဒီမိန်းမကြမ်းလေးနဲ့ ငါက အတော်လေး အတွဲညီတာပဲ။ အဆံချောင်နဲ့ အမှိုက်ကောင်ပေါ့ ဟားဟား…။

ရှို့ဟုန်လေ ၏ မျက်နှာအမူအရာ တွင် ကို့ရို့ကားယားဖြစ်မှု အရိပ်အယောင် အသေးအမွှားဖျပ်ခနဲ ဖြစ်ပေါ်သွားခဲ့သည်။ သူမ ဆက်ပြောလိုက်သည်။ “ချူကလန်ရဲ့ ကိစ္စတစ်ဝက်လောက်နီးပါးကို ပထမချူသခင်မလေးက စီမံရတာပဲ။ ပထမချူသခင်မလေးက အရမ်းကိုလှပပြီးတော့ အရမ်းထူးချွန်တယ်။ သူမက ချူကလန်ရဲ့ အသင့်လျော်ဆုံး ဆက်ခံသူပဲ။ ကံမကောင်းတာက သူမကလည်း မိန်းကလေးတစ်ယောက် ဖြစ်နေတာပဲ။
ဒါကြောင့် သူမရဲ့ ခင်ပွန်းနဲ့ အခြေအနေက နည်းနည်းလေး ကို့ရို့ကားယား ဖြစ်နေတယ်။ အကယ်၍ သူ့ခင်ပွန်းက အရမ်းလုပ်ရည်ကိုင်ရည်ရှိနေရင် ချူကလန်ကို  တတိတိနဲ့ သိမ်းယူသွားမှာပဲ။
ဒါကြောင့် ပထမချူသခင်မလေး ရွေးချယ်ခဲ့တာက...ရွေးခဲ့တာ က သခင်လေးလို ထင်ရှားတဲ့နောက်ခံဇာတ်ကြောင်း မရှိတဲ့ သူကိုပဲ။ အပြင်ပန်းမှာတော့ သူမရဲ့ ခင်ပွန်းဖြစ်ဖို့ အရည်အချင်း တစ်စက်မှမရှိတဲ့ လူတစ်ယောက်ကို ရွေးချယ်လိုက်တဲ့ပုံပေါ့။ ကျွန်မ ထင်ခဲ့တာက ပထမချူသခင်မလေးရဲ့ ရည်ရွယ်ချက်က မှန်ကန်တယ်လို့ပေါ့။ ဒါပေမယ့် ဒီနေ့ သခင်လေးနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ကျွန်မ အတော်လေးမှားခဲ့တာကို သိလိုက်တယ်။
သခင်လေးက မိန်းကလေးချူကို တမင် လှည့်ဖျားခဲ့တာလား။ ဒါမှမဟုတ် မိန်းကလေးချူက သခင်လေးအကြောင်းကို အစကတည်းက သိနေလို့ သူမရဲ့ ခင်ပွန်းအဖြစ်ရွေးချယ်ခဲ့တာလား”

ဇူအန်က သူ၏ လက်ထဲရှိ ခွက်ကို အသာအယာလှုပ်ခါရင်း အခန်း၏ နံရံတစ်ဖက်ကို ကျောမှီလိုက်သည်။ သူ၏ အမူအရာမှာ အကဲခတ်ရန် ပိုမိုခက်ခဲလာသည်။
“ဒီလိုအရာမျိုးက အပျော်မယ်တစ်ယောက် ဂရုစိုက်သင့်တဲ့ တစ်စုံတစ်ရာ ဖြစ်မယ့်ပုံမပေါ်ဘူး။ ဟုတ်တယ်မလား။ တကယ်တော့ မင်းက ဘယ်သူလဲ”
----- ----- ----------------------------------- ----- -- -- -- -- -- -- -

Chapter 253: အဆံေခ်ာင္နဲ႕ အမွိုက္ေကာင္

သင္သည္ ခ်န္႐ႊမ္း ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။
သင္သည္ က်င္းဖန္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။
သင္သည္ ခ်ဴဟုန္ခိုင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။
သင္သည္....

အသစ္ေရာက္ရွိလာေသာ အမ်က္ပြိုင့္ လွိုင္းတစ္ခုၿပီးတစ္ခုစီကို ၾကည့္ကာ ဇူအန္ ေက်နပ္အားရေနသည္။
တကယ္ကိုပဲယယယ ထူးျခားတဲ့လူက ထူးျခားတဲ့အလုပ္ေတြကို လုပ္ရတာပဲ။

ထိုလူမ်ားမွာ သူ၏ အသက္ကို လိုခ်င္ေနသည့္ပုံ ရွိေနေသာေၾကာင့္ ဤေနရာတြင္ ဆက္လက္ေနကာ အထုေထာင္းခံရေလာက္ေအာင္ မမိုက္မဲေတာ့ေပ။
မည္သူမွ မတုန့္ျပန္နိုင္ခင္တြင္ အရိပ္အေယာင္ပင္ မခ်န္ခဲ့ဘဲ ထြက္ေျပးလြတ္ေျမာက္သြားၿပီျဖစ္သည္။ သူ၏အေနာက္ကို ေဒါသထြက္ေနေသာ လူအုပ္ႀကီး မလိုက္သြားေအာင္ အင္ေမာ္တယ္ဗိမၼာန္ ၏ ဝန္ထမ္းမ်ား က ႀကိဳးစားပမ္းစား တားဆီးေပးလိုက္ရသည္။

အစ္မဟြား က သူမ၏ လက္ေအာက္ငယ္သားမ်ားကို ေဒါသထြက္ေနသည့္ လူအုပ္ႀကီးအား ထိန္းရန္ ေတာက္ေလွ်ာက္ၫႊန္ၾကားေနရသည္။ ဇူအန္၏ ေပ်ာက္ကြယ္သြားေသာ အရိပ္ကို မုန္းတီးေသာ အၾကည့္တစ္ခ်က္ ၾကည့္လိုက္သည္။ ဒီေကာင္က ျပႆနာ ဘယ္လိုရွာရမလဲဆိုတာကို ေကာင္းေကာင္းသိတာပဲ။ အခုေတာ့ ဒီအရႈပ္ထုပ္ကို ငါ ရွင္းေပးေနရၿပီ။

ဇူအန္ကေတာ့ ေပ်ာ္႐ႊင္စြာ အခိုင္းအေစ၏ အေနာက္သို႔ လိုက္ပါသြားေလသည္။ ဤကဲ့သို႔ေသာ ေနရာမ်ိဳးကို သူ ထပ္လာေရာက္သင့္သည္ဟု ေတြးေတာေနမိသည္။
ဟုတ္တာေပါ့။ ငါ့လို အံၾသစရာလူမ်ိဳးက ဒီလိုေနရာကို မိန္းကေလးေတြအတြက္ေၾကာင့္ လာမွာမဟုတ္ဘူး။ ဒါေပမယ့္ ဒီေနရာမွာ အမ်က္ပြိုင့္ ရွာရတာ တကယ္ကို လြယ္ကူလြန္းေန႐ုံပဲ။
အၾကမ္းဖ်င္း တြက္ခ်က္ၾကည့္ၿပီးေနာက္ အင္ေမာ္တယ္ဗိမၼာန္ တြင္ သူ ရရွိလိုက္ေသာ အမ်က္ပြိုင့္ကိန္းဂဏန္းမွာ ယခင္အႀကိမ္မ်ားထက္ မ်ားစြာ ပိုေနသည္ကို ေတြ႕လိုက္ရသည္။
အကယ္၍ ယခုကဲ့သို႔ အမ်က္ပြိုင့္ မ်ားစြာ ေန႕တိုင္း ရိတ္သိမ္းနိုင္ပါက မေသမ်ိဳးအျဖစ္သို႔ တက္ေရာက္နိုင္ရန္မွာ မျဖစ္နိုင္ေသာ အိမ္မက္တစ္ခု မဟုတ္ေတာ့ေပ။

သူ၏ ပတ္ဝန္းက်င္မွာ တျဖည္းျဖည္း ေမွာင္လာသည္။ အင္ေမာ္တယ္ဗိမၼာန္ ၏ အတြင္းပိုင္းမွ ထြက္လာခဲ့ၿပီကို သတိျပဳမိလိုက္သည္။ လင္းလက္ေတာက္ပေနသည့္ လျပည့္ျမစ္၏ ျမစ္ကမ္းနဖူးသို႔ ေရာက္ရွိေနသည္။ ေကာင္းကင္မွာ ေမွာင္ရီပ်ိဳးစျပဳလာေနၿပီး မီးအိမ္မ်ားလည္း ထြန္းညွိထားကာ ညေနခင္းအခ်ိန္ကို ၫႊန္ျပေနသည္။ ေရမ်က္ႏွာျပင္အေပၚတြင္ မီးအိမ္မ်ား၏ ေရာင္ျပန္ထင္ဟပ္အရိပ္တခ်ိဳ႕ရွိေနၿပီး ၎တို႔သည္ ညေကာင္းကင္တြင္ မေရမတြက္နိုင္ေသာ ၾကယ္မ်ားရွိေနသည့္ဟန္ပန္ ျဖစ္ေပၚေစသည္။

လူစည္ကားသိုက္ၿမိဳက္လွသည့္ ေဆာင္ၾကာၿမိဳင္လမ္းတြင္သာ ဤကဲ့သို႔ေသာ ရႈခင္းမ်ိဳးကို ျမင္ေတြ႕နိုင္သည္။
ဇူအန္ သက္ျပင္းခ်လိဳက္ကာ အေစခံကို ေမးလိုက္သည္။ ဒီက ခ်စ္စရာေကာင္းတဲ့ ညီမငယ္ေလး။ က်ဳပ္တို႔ေတြ ဘယ္ကို သြားေနတာလဲဟင္
သူ၏ ပတ္ဝန္းက်င္ ကို ၾကည့္လိုက္သည္။ ဒါက ရွို႔ဟုန္ေလ ရဲ႕ မိန္းကေလး အခန္းေဆာင္လည္းမဟုတ္ပါဘူး။

ခ်စ္စရာညီမေလး..
ထိုအေစခံမိန္းကေလး ေၾကာင္သြားသည္။ ယခင္က သူမကို ဤကဲ့သို႔ ေခၚေဝၚဖူးသူမရွိခဲ့ေၾကာင္း ရွင္းရွင္းလင္းလင္း သိေနသည္။
သူမကဲ့သို႔ေသာ အေစခံမ်ားကို အျခားသူမ်ား ဆက္ဆံပုံမွာ မေလးမစားဟန္ရွိၾကၿပီး သူတို႔ကို ခိုင္းေစရန္အတြက္သာ ရွိေနရသည့္ တည္ရွိမႈတစ္ခုကဲ့သို႔ ဆက္ဆံခဲ့ၾကသည္။ ထို႔ေၾကာင့္ ဤ ညီမငယ္ေလး ဟူေသာအသံမွာ နားဝင္ခ်ိဳဟန္ရွိေနသည္။

သူမ၏ မ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈ မ်ားျပည့္သြားသည္။ မမေလးက ရွင့္ကို ေလွေပၚမွာ ေစာင့္ေနတယ္

ေလွ ဟုတ္လား ဇူအန္ ေတြေဝသြားသည္။ ဒီမွာ ေလွတစ္စင္းမွ မရွိေနတာကို ဘယ္လိုသြားရမွာလဲ။

အေစခံမေလးက ထိုင္ခ်လိဳက္ကာ ကမ္းစပ္ကုန္းေဘာင္ေပၚတြင္ရွိေနေသာ သစ္သားတံခါးတစ္ခုကို တြန္းဖြင့္လိုက္ကာ ေလွခါးတစ္ခုကို ျပလိုက္သည္။ အနီးနားတြင္ ေလွငယ္တစ္စင္း ခ်ည္ႏွောင္ထားသည္ကို ေတြ႕လိုက္ရသည္။

သခင္ေလး ေက်းဇူးျပဳၿပီးေတာ့... အေစခံမေလးက ေလွခါးဆီသို႔ လက္ျပလိုက္သည္။

မင္းမမေလးက အရမ္း ဟိတ္ဟန္မ်ားတာပဲ ဇူအန္ ၿပဳံးလိုက္သည္။ သို႔ေသာ္လည္း ဤအရာက သူ႕ကို စိတ္အႏွောင့္အယွက္မျဖစ္ေစေပ။ ေလွခါးကို ကိုင္ကာ ေအာက္ဆင္းလိုက္သည္ါ
ေလွေပၚသို႔ သူေရာက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ၎သည္ ျမစ္၏ အလယ္ေခါင္သို႔ တျဖည္းျဖည္း ေ႐ြ႕လ်ားသြားေတာ့သည္။

ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒါက ေထာင္ေခ်ာက္တစ္ခုေတာ့ မဟုတ္ေလာက္ဘူးထင္ရတာပဲ။
သို႔ေသာ္လည္း ထိုအေတြးကို ေဖ်ာက္လိုက္သည္။ သူသည္ ႀကံစည္အကြက္ခံရရန္ ထိုက္တန္သူမဟုတ္ဟု ေတြးလိုက္သည္။
ထို႔အျပင္ သူ၏ က်င့္ႀကံမႈအဆင့္မွာလည္း ယခုအခါတြင္ တိုးတက္ေနၿပီျဖစ္သည္။ ကြၽမ္းက်င္မႈမ်ားလည္း ပိုမိုစြမ္းအားႀကီးလာၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူ၏စိတ္ကို အလွ်င္အျမန္ ျပန္လည္ တည္ၿငိမ္ေစလိုက္သည္။

အဲ့ဒီခ်စ္စရာညီမေလး လည္း အတူလိုက္မလာတာ ႏွေျမာစရာပဲ။ သူ႕ရဲ႕ နာမည္ကို ေမးဖို႔ေတာင္ ေမ့သြားတယ္ ဇူအန္ ေနာင္တရေနသည္။

ထင္ထားတဲ့အတိုင္းပဲယ သခင္ေလးက အျခားသာမန္လူေတြနဲ႕ ကြဲျပားျခားနားတာပဲ။ ရွင့္မွာ အေၾကာက္အလန့္ရွိပုံမရဘူး
ေလွ၀မ္းတြင္းမွ သိမ္ေမြ႕ႏူးညံေသာ မိန္းကေလးအသံတစ္သံ ထြက္ေပၚလာသည္။ ၎အသံမွာ ရွို႔ဟုန္ေလ ၏ တုႏွိုင္းမရေသာ အသံမွတစ္ပါး အျခားမျဖစ္နိုင္ေတာ့ေပ။

ငါက ဘာေတြကို ေၾကာက္ရမွာလဲ။ မိန္းကေလး က ငါ့ကို ဝါးစားမွာ မလို႔လား ဇူအန္က အၿပဳံးတစ္ခုျဖင့္ ေမးလိုက္သည္။

ဘယ္လိုရယ္စရာေျပာရမလဲဆိုတာကို သခင္ေလးက တကယ္ကို သိတာပဲ။ ရွင့္ရဲ႕ အစားခံရမွာကို ေၾကာက္ရမယ့္သူက ကြၽန္မ ျဖစ္မေနသင့္ဘူးလား ရွို႔ဟုန္ေလ ၏ အသံမွာ ေခ်ာေမြ႕ေနၿပီး စကားလုံးတိုင္းက သူ၏ ႏွလုံးသားႀကိဳးမွ်င္ကို လႈပ္ခတ္ေစသည္။
အျမန္အထဲကို ဝင္လာေလ။ အျပင္မွာ ေလအရမ္းတိုက္တယ္

...

တစ္ဦးႏွင့္တစ္ဦး စကားစျမည္ေျပာဆိုေနစဥ္တြင္ ဇူအန္ ထြက္လာခဲ့ေသာ ကမ္းစပ္ကုန္းေဘာင္ေပၚတြင္ ဖြံ႕ၿဖိဳးမႈရွိေသာ လူရိပ္တစ္ခုေပၚလာခဲ့သည္။
ေလွထြက္ခြာသြားသည္ကိုၾကည့္ကာ ေဖးျမန့္မုန္ ေျခေဆာင့္လိုက္သည္။ ဘယ္ေလာက္ေတာင္ ေကာက္က်စ္လိုက္တဲ့ ေျမေခြးမလဲ
သူတို႔ ေလွေပၚတြင္ ရွိေနၿပီျဖစ္ေသာေၾကာင့္ သူတို႔၏ စကားဝိုင္းကို သူမ နားေထာင္နိုင္စရာမရွိေတာ့ေပ။

ထားလိုက္ေတာ့။ သူ႕ရဲ႕ အခန္းကိုပဲ အရင္ရွာေတာ့မယ္။ အဲ့ဒီမွာ တစ္ခုခု ရွာေတြ႕ပါေစလို႔ပဲ ေမွ်ာ္လင့္ရေတာ့မယ္ ေဖးျမန့္မုန္ ႏွာေခါင္းရႈံ႕လိုက္သည္။ သူမ၏ ႐ုပ္ပုံမွာ အရိပ္အေယာင္ပင္မက်န္ အလွ်င္အျမန္ ေပ်ာက္ကြယ္သြားေတာ့သည္။

...

အလွပေဂးတစ္ဦး၏ ဖိတ္ၾကားမႈေၾကာင့္ ဇူအန္က ေလွအခန္းထဲသို႔ ဝင္ရန္ လိုက္ကာကို ပင့္တင္လိုက္သည္။
ေလွမွာ အ႐ြယ္ေသးငယ္ေသာ္လည္း အတြင္းပိုင္းေလွခန္းမွာမူ ႏြေးေထြး၍ သက္ေတာင့္သက္သာရွိေနသည္။ သပ္ရပ္စြာ ခင္းက်င္းထားေသာ ဟင္းလ်ာပန္းကန္မ်ားတင္ထားသည့္ စားပြဲဝိုင္းငယ္တစ္ခုကို ဇူအန္ သတိထားမိလိုက္သည္။ စားပြဲ၏ေဘးတြင္ ရွို႔ဟုန္ေလ ထိုင္ေနၿပီး သူ႕ကို ၿပဳံးျပေနသည္။

သူမ၏ မ်က္လုံးမ်ားတြင္ ကြယ္လွ်ိုေနေသာ စာသားမ်ားရွိေနသည္ဟု ထင္ရသည္။
သူမအေၾကာင္းကို မသိပါက လင္ေယာက္်ား၏ အိမ္အျပန္ကို ေစာင့္ေမွ်ာ္ေနေသာ ဇနီးသည္တစ္ဦးျဖစ္သည္ ဇူအန္ ေတြးထင္မိမည္မွာ အမွန္ပင္။

နံရံတြင္ ေသးငယ္လွပေသာ မီးအိမ္ငယ္တစ္ခု ခ်ိတ္ဆြဲထားသည္။ အဝါေရာင္မီးေရာင္ခပ္မွိနိမွိန္တစ္ခုက သူမ၏ ခႏၶာကိုယ္ကို ဝင္းပေနေစကာ သူမကို ႏြေးေထြးေသာ ပယင္းေက်ာက္လႊာတစ္ခုက လႊမ္းၿခဳံထားဟန္ရွိေနသည္။

သခင္ေလးက အဲ့ဒီ မီးအိမ္ေလးကို ဘာျဖစ္လို႔မ်ား စိတ္ဝင္တစား စိုက္ၾကည့္ေနရတာလဲ။ ဘာလဲ။ ကြၽန္မက အဲ့ဒီ မီးအိမ္ေလးေလာက္ မလွလို႔လား ရွို႔ဟုန္ေလ ၏ အသံမွာ ဝမ္းနည္းဖြယ္ေပၚေနသည္။ သို႔ေသာ္လည္း သူမ၏ မ်က္ႏွာတြင္ အလိုမက်ေသာ အရိပ္အေယာင္ မေတြ႕ရေပ။

ဒီလို အဝါေရာင္မီးအိမ္မ်ိဳးကို အရင္က တစ္ခါမွ မျမင္ဖူးဘူး ဇူအန္ စားပြဲေဘးတြင္ ထိုင္လိုက္သည္။
သူ၏ နည္းလမ္းအတိုင္းသာဆိုပါက သူမႏွင့္ ပိုမိုနီးကပ္ရန္အတြက္ ရွို႔ဟုန္ေလ၏ နံေဘးတြင္ ဇူအန္ ထိုင္လိုက္မည္ျဖစ္သည္။
သို႔ေသာ္လည္း ဤေလွငယ္မွာ အလြန္ေသးေနသျဖင့္ ေလွခန္းတစ္ခုလုံးတြင္ စားပြဲတစ္ခုျဖင့္သာ ေနရာျပည့္လုနီးပါးျဖစ္ေနသည္။ သူမ ေဘးတြင္ အတင္းတိုးဝင္ ထိုင္စရာ ေနရာရွာမေတြ႕ေပ။ ထို႔ေၾကာင့္ သူမ၏ မ်က္ႏွာခ်င္းဆိုင္ တြင္သာ ထိုင္လိုက္ရသည္။
ဒီမိန္းကေလး ဒါကို တမင္လုပ္တာလား။ ဘယ္သူ႕ကို ကာေနတာလဲ။ ဇူအန္ အလိုမက်စြာ ေတြးလိုက္မိသည္။

အကယ္၍ သခင္ေလးက မီးအိမ္ကို မႏွစ္သက္ဘူးဆိုရင္ ကြၽန္မ ျငႇိမ္းလိုက္ပါ့မယ္ ရွို႔ဟုန္ေလ က ထဟန္ျပင္လိုက္ကာ သူမ၏ အဆုံးမဲ့ေသာ ဆြဲေဆာင္မႈရွိသည့္ ခါးေလးကို ေဖာ္ျပလိုက္သည္။

ဇူအန္က သူမကို တားလိုက္သည္။ မလိုအပ္ပါဘူး။ တကယ္ေတာ့ အဝါေရာင္မီးအလင္းေရာင္က က်ဳပ္ကို ႏြေးေစတာပဲ။ ၿပီးေတာ့ အဲ့ဒါမရွိဘဲနဲ႕ ရွို႔မိန္းကေလး ရဲ႕ အလွအပကိုလည္း ခံစားနိုင္မွာမဟုတ္ဘူး။ အဲ့ဒီလိုဆိုရင္ အရမ္းႏွေျမာစရာေကာင္းမွာပဲ

သခင္ေလးက တကယ္ကို အေျပာခ်ိဳတာပဲ။ ဒါေၾကာင့္ ကြၽန္မရဲ႕ အေစခံကို စိတ္ေက်နပ္ေစခဲ့တာကို မအံၾသေတာ့ပါဘူး ရွို႔ဟုန္ေလ က စြဲမက္ဖြယ္အၿပဳံးျဖင့္ေျပာလိုက္သည္။

ဇူအန္ ထိတ္လန့္သြားသည္။ မင္းက အၾကားအျမင္ရေနတာ ဒါမဟုတ္ တစ္ခုခုရွိေနတာလား
သူမႏွင့္ အေဝးတြင္ လုပ္ခဲ့ေသာအရာကို သူမ မည္ကဲ့သို႔ သိရွိေနသနည္း။

ရွို႔ဟုန္ေလ ၿပဳံးလိုက္သည္။ သူမ ျပန္မေျဖရွင္းေပ။ သူမ ေဘးတြင္ရွိေနေသာ အိုးငယ္ႏွစ္ခုကို ၫႊန္ျပလိုက္သည္။ သခင္ေက လက္ဖက္ရည္ ေသာက္ခ်င္လား။ ေသရည္ေသာက္ခ်င္လား

ေသခ်ာေပါက္ကို ေသရည္ပဲေပါ့ တြန့္ဆုတ္ျခင္းမရွိ ဇူအန္ ျပန္ေျဖလိုက္သည္။

ကြၽန္မလည္း ထင္မိပါတယ္။ သိုင္းေလာကရဲ႕စိန္ေခၚသံ ဆိုတဲ့ အထင္ႀကီးစရာသီခ်င္းမ်ိဳးကို ေရးစပ္နိုင္တဲ့သူဆိုေတာ့ ေသခ်ာေပါက္ကို ေသရည္ႀကိဳက္တဲ့ ရဲရင့္တဲ့ေယာက္်ားတစ္ေယာက္ျဖစ္ရမယ္လို႔ေပါ့ ရွို႔ဟုန္ေလက ေသရည္အိုးကို ယူလိုက္ကာ သူ႕အတြက္ ခြက္တစ္ခြက္ငွဲ႕ေပးလိုက္သည္။
သူမ၏ အကၤ်ီလက္ရွည္စ က စားပြဲေပၚတြင္ရွိေနေသာ ဟင္းလ်ာမ်ားကို မထိမိေအာင္ သူမ၏ က်န္လက္တစ္ဖက္ျဖင့္ အသာအယာ ပင့္ မ လိုက္ေသာေၾကာင့္ အျဖဴေရာင္ေက်ာက္စိမ္းထက္ပင္ ပိုမိုသန့္စင္ေသာ သူမ၏ လွပေသာ လက္တံေလးမ်ား ေပၚသြားေစသည္။

ဇူအန္ အံၾသမႈျဖင့္ သက္ျပင္းခ်မိလိုက္သည္။ တစ္ခ်ိဳ႕လူေတြက ေမြးကတည္းက ကံေကာင္းမႈေတြနဲ႕ ေမြးလာခဲ့တာပဲ။ သူမရဲ႕ ခႏၶာကိုယ္ တစ္ပိုင္းခ်င္းစီက အႏုပညာလက္ရာတစ္ခုလိုပဲ။
အဲ့ဒီအေၾကာင္းျပခ်က္ေၾကာင့္ေတာ့ ေသရည္ေသာက္ရတာမဟုတ္ပါဘူး။ ေသာက္ၿပီးတဲ့ေနာက္ မဆင္မျခင္လုပ္မိတဲ့ ကိစၥမွန္သမွ်ကို ဆင္ေျခေပးဖို႔ အေၾကာင္းရွာ႐ုံသက္သက္ပါပဲ

ရွို႔ဟုန္ေလ ၏ အၿပဳံးမွာ တခဏတာ ေအးခဲသြားသည္။ သို႔ေသာ္ သူမ၏ အမူအရာကို အလွ်င္အျမန္ ျပန္ျပင္လိုက္သည္။ အကယ္၍ အဲ့ဒီလိုမ်ိဳး အရင္ကေျပာခဲ့ရင္ သခင္ေလးက ႏွာဗူးတစ္ေယာက္လို႔ ေသခ်ာေပါက္ ေတြးထင္မိမွာပဲ။ သခင္ေလးကို ခ်က္ခ်င္းေတာင္ ေမာင္းထုတ္မိလိုက္ဦးမွာပဲ

ဘာအရာက မင္း စိတ္ကို ေျပာင္းေစခဲ့တာလဲ ဇူအန္ ေမးလိုက္သည္။

ဒီလို သီခ်င္းတစ္ပုဒ္ကို ေရးစပ္နိုင္တဲ့ သူက ေသခ်ာေပါက္ အမွန္တရားကို ခ်စ္ျမတ္နိုးၿပီးေတာ့ အရည္အခ်င္းျပည့္ဝတဲ့ ရဲစြမ္းသတၱိရွိတဲ့သူ တစ္ေယာက္ျဖစ္မွာပဲ။ သခင္ေလးရဲ႕ ၾကမ္းတမ္းတဲ့ ေလ်ာ့တိေလ်ာ့ရဲ အျပဳအမူေတြက အေပၚယံအလႊာသာသာတစ္ခုပဲ ရွို႔ဟုန္ေလ က အၿပဳံးတစ္ခုျဖင့္ သူမ၏ ခြက္ကို ျမႇောက္လိုက္သည္။ သခင္ေလး ယူေဆာင္လာတဲ့ သီခ်င္းေၾကာင့္ ကြၽန္မ တကယ္ကို ေပ်ာ္ခဲ့ရပါတယ္။ ၿပီးေတာ့ ကြၽန္မတို႔ေတြလည္း ပိုရင္းႏွီးသြားတာေပါ့။ ဒီနိမ့္က်တဲ့ မိန္းကေလးက သခင္ေလးကို တစ္ခြက္ ဂါဝရျပဳပါတယ္

ေလထဲတြင္ ေမႊးပ်ံ့ေသာရနံ႕ သင္းေနလ်က္ ဇူအန္လည္း သက္ျပင္းခ်လိဳက္မိသည္။ အရည္အခ်င္းရွိတဲ့သူေတြလည္း ႏွာဗူးမထရဘူးလို႔ ဘယ္သူေျပာလဲ။
က်ီတန္ထု ၏ အေပါစားဆန္ေသာ အၿပဳံးတစ္ခု သူ၏ ေခါင္းထဲတြင္ ေပၚလာသည္။ ပ်ိဳ႕တက္လာကာ ထိုအေတြးပုံရိပ္ကို သူ၏ ေခါင္းထဲမွ အလွ်င္အျမန္ေဖ်ာက္ပစ္လိုက္သည္။ ၿပီးေတာ့လည္း အဲ့ဒီ သီခ်င္းက က်ဳပ္ရဲ႕ အႏုပညာမဟုတ္ဘူး။ တစ္ျခားသူတစ္ဦးရဲ႕ ေအာင္ျမင္မႈကို ျပန္လည္ မွ်ေဝေပး႐ုံပါပဲ
အိမ္ကိုလြမ္းသည့္လွိုင္းတစ္ခ်က္က သူ႕ကို ရိုက္ခတ္သြားသည္။ သူ၏ ယခင္ကမၻာကို ဘယ္ေတာ့မွ ျပန္နိုင္ေတာ့မည္မဟုတ္သည္ကို စိုးရိမ္မိကာ တစ္ခ်ိဳင့္တည္း ေမာ့ခ်လိဳက္ေတာ့သည္။

ရွို႔ဟုန္ေလ က ခြက္ကို ျပန္ခ်လိဳက္သည္။ ခြက္အနားသတ္တြင္ သူမ၏ ႏႈတ္ခမ္းနီရာ ထင္က်န္ခဲ့သည္။ သခင္ေလးက အရမ္းရိုးသားပဲ။ ဟုန္ေလက မေတာ္ရင္ေတာင္မွ သီခ်င္းမ်ိဳးစုံကိုေတာ့ ရင္းႏွီးကြၽမ္းဝင္ၿပီးသားပါယ ဒီလို သိုင္းေလာကရဲ႕စိန္ေခၚသံ ဆိုတဲ့ သီခ်င္းမ်ိဳးကို ပထမဆုံး ၾကားဖူးတာပဲ။ အကယ္၍ အဲ့ဒါကို သခင္ေလး ေရးထားတာမဟုတ္ရင္ ဘယ္သူကမ်ား ေရးစပ္နိုင္ဦးမွာလဲ

ဇူအန္ တစ္ခုခု ကို ေျပာထြက္လုနီးပါးျဖစ္သြားသည္။ သို႔ေသာ္ သူ တြန့္ဆုတ္ေနခဲ့သည္။ ျဖစ္ေနေသာ အေၾကာင္းအရာ ကို ရွင္းျပရန္ အေတြးကို လက္ေလ်ာ့လိုက္သည္။ အမွန္တြင္လည္း ဤေနရာသို႔ သူ ကမၻာေျပာင္းေရာက္လာခဲ့သည္ဟု သူမကို ေျပာျပစရာအေၾကာင္းလည္းမရွိေပ။
ဒီကမၻာက တစ္ကယ္ကို တစ္ခုခုမွားေနၿပီ။ ငါဘယ္ေလာက္ အမွန္ေျပာေျပာ ဘယ္သူမွ ငါ့ကို မယုံၾကဘူး။ ဒါေပမယ့္ ငါ့ရဲ႕ အလိမ္အညာေတြကိုေတာ့ တစ္ခ်က္ေတာင္ ေမးခြန္းမထုတ္ၾကဘူး

သခင္ေလးကို ကြၽန္မ ေမးခြန္းတစ္ခုေမးလို႔ရမလား ရွို႔ဟုန္ေလ က သူ႕ကို သူမ၏ လွပေသာမ်က္ဝန္းေလးမ်ားျဖင့္ ေအးေဆးၾကည့္လိုက္သည္။

ေက်းဇူးျပဳၿပီးေတာ့ က်ဳပ္ကို သခင္ေလးလို႔ ဆက္မေခၚပါနဲ႕ေတာ့ ေနာင္က်ရင္ က်ဳပ္ကို အားဇူလို႔ပဲ ေခၚပါေတာ့ ဇူအန္ ေျဖလိုက္သည္။ က်ဳပ္ကို ဘာေမးခ်င္လို႔လဲ

ရွို႔ဟုန္ေလ ေျပာလိုက္သည္။ ရိုးရိုးသားသား ေျပာရရင္ သခင္ေလးအေၾကာင္း ေကာလာဟလေတြ ကြၽန္မ အေတာ္ေလးၾကားခဲ့ရတယ္။ တစ္ခုမွေကာင္းတာကို မရွိဘူး

က်ဳပ္က အမွိုက္တစ္စ သာသာပဲဆိုတာေတြ ျဖစ္မွာေပါ့။ က်ဳပ္ရဲ႕ ခံစားခ်က္ေတြကို မိန္းကေလး စိုးရိမ္ေပးစရာမလိုအပ္ပါဘူး ဇူအန္က လုံးဝ ဂ႐ုမစိုက္ေသာ အျပဳအမူျဖင့္ ရယ္ေမာလိုက္သည္။ ေနသားက်ေနပါၿပီ

ရွို႔ဟုန္ေလ ၏ မ်က္ႏွာ အနည္းငယ္နီသြားသည္။ သူ႕ကို အကဲခတ္လိုက္သည္။ ဒီေန႕မွပဲ သခင္ေလးက အမွန္ေတာ့ အေတာ္ထူးခြၽန္တဲ့ ေယာက္်ားတစ္ေယာက္ဆိုတာကို ကြၽန္မသိလိုက္ရတယ္။ ဘာျဖစ္လို႔မ်ား... ဒီကမၻာတစ္ခုလုံးကို ကစားပြဲတစ္ခုလို ဆက္ဆံေနရတာလဲ
ဇူအန္၏ ေနထိုင္မႈကို ေဖာ္ျပရန္ မွန္ကန္ေသာစကားလုံးကို သူမ ရွာမေတြ႕ေပ။ အေပါစားဆန္ဆန္ ဟူေသာ စကားလုံးသည္ အေတာ္ကြက္တိက်ေနေသာ္လည္း အလြန္ရင့္သီးလြန္းသည္။ ထိုကဲ့သို႔ေသာ ပုံစံမ်ိဳးကို သူမ မည္ကဲ့သို႔ ေျပာထြက္နိုင္မည္နည္း။

က်ဴပ္ က ဟန္ေဆာင္ေနတာမွ မဟုတ္ဘဲ။ က်ဳပ္က ဒီလိုလူစားပဲကို ဇူအန္ က အပူအပင္ကင္းေသာ အမူအရာျဖင့္ေျပာလိုက္သည္။

ရွို႔ဟုန္ေလ က သူ႕ကို မယုံၾကည္ေပ။ ၾကည့္ရတာ သခင္ေလးက ကြၽန္မကို ေဆြမ်ိဳးသားခ်င္းတစ္ေယာက္လို မဆက္ဆံဘူးပဲ ခံစားရေသာ အမူအရာျဖင့္ သူမ ေျပာလိုက္သည္။

ဇူအန္ တိတ္တဆိတ္ ႀကိမ္ဆဲလိုက္သည္။ ငါတို႔ေတြက လင္မယား လား။ အိပ္ခန္းေတာင္ မဝင္ရေသးဘူး။ ဒီစကားကို ေျပာထြက္ရဲေသးတာလား။

သူ၏ တိတ္ဆိတ္မႈကို ျမင္ရေသာအခါ ရွို႔ဟုန္ေလ က ဆက္လက္တူးဆြလိုက္သည္။ အရမ္းထူးခြၽန္ေနျခင္းက ခ်ဴကလန္ကို မလြယ္မကူျဖစ္ေစမွာကို သခင္ေလး စိုးရိမ္ေနတာလား

ဇူအန္ ေၾကာင္ေတာင္ေတာင္ ၾကည့္လိုက္သည္။ အဲ့ဒါေၾကာင့္ ဘာျဖစ္လို႔ ခ်ဴကလန္က မလြယ္မကူျဖစ္ရမွာလဲ

ရွို႔ဟုန္ေလ အသာအယာ ၿပဳံးလိုက္သည္။ လက္ရွိ လျပည့္ၿမိဳ႕ဝန္မွာ သမီးႏွစ္ေယာက္နဲ႕ သားတစ္ေယာက္ရွိတယ္။ သားျဖစ္သူက ၿမိဳ႕ေတာ္မွာ ခစား...အဲ ပညာသင္ၾကားေနတယ္။ သူ႕ရဲ႕ ဒုတိယေျမာက္သမီးကလည္း...အဲေဒါသမထိန္းနိုင္ဘဲ ေပါက္ကြဲတတ္တဲ့ ကေလးတစ္ေယာက္အျဖစ္ လူသိမ်ားၾကတယ္။ ဒါေၾကာင့္ သူမက ခ်ဴကလန္ရဲ႕ ကိစၥေတြကို စီမံနိုင္မွာမဟုတ္ဘူး

စိတ္ထဲတြင္ ဇူအန္ ႀကိတ္ရယ္ေမာေနသည္။ ငါ့ခယ္မကို အဆံေခ်ာင္လို႔ ေျပာခ်င္တာမလား။ အဲ့ဒီစကားကို ႏႈတ္က်ိဳးေနလို႔ လႊတ္ခနဲ ေျပာမိေတာ့မလိုေတာင္ျဖစ္သြားေသးတယ္။
ရိုးရိုးသားသား ေျပာရရင္ အဲ့ဒီမိန္းမၾကမ္းေလးနဲ႕ ငါက အေတာ္ေလး အတြဲညီတာပဲ။ အဆံေခ်ာင္နဲ႕ အမွိုက္ေကာင္ေပါ့ ဟားဟား။

ရွို႔ဟုန္ေလ ၏ မ်က္ႏွာအမူအရာ တြင္ ကို႔ရို႔ကားယားျဖစ္မႈ အရိပ္အေယာင္ အေသးအမႊားဖ်ပ္ခနဲ ျဖစ္ေပၚသြားခဲ့သည္။ သူမ ဆက္ေျပာလိုက္သည္။ ခ်ဴကလန္ရဲ႕ ကိစၥတစ္ဝက္ေလာက္နီးပါးကို ပထမခ်ဴသခင္မေလးက စီမံရတာပဲ။ ပထမခ်ဴသခင္မေလးက အရမ္းကိုလွပၿပီးေတာ့ အရမ္းထူးခြၽန္တယ္။ သူမက ခ်ဴကလန္ရဲ႕ အသင့္ေလ်ာ္ဆုံး ဆက္ခံသူပဲ။ ကံမေကာင္းတာက သူမကလည္း မိန္းကေလးတစ္ေယာက္ ျဖစ္ေနတာပဲ။
ဒါေၾကာင့္ သူမရဲ႕ ခင္ပြန္းနဲ႕ အေျခအေနက နည္းနည္းေလး ကို႔ရို႔ကားယား ျဖစ္ေနတယ္။ အကယ္၍ သူ႕ခင္ပြန္းက အရမ္းလုပ္ရည္ကိုင္ရည္ရွိေနရင္ ခ်ဴကလန္ကို  တတိတိနဲ႕ သိမ္းယူသြားမွာပဲ။
ဒါေၾကာင့္ ပထမခ်ဴသခင္မေလး ေ႐ြးခ်ယ္ခဲ့တာက...ေ႐ြးခဲ့တာ က သခင္ေလးလို ထင္ရွားတဲ့ေနာက္ခံဇာတ္ေၾကာင္း မရွိတဲ့ သူကိုပဲ။ အျပင္ပန္းမွာေတာ့ သူမရဲ႕ ခင္ပြန္းျဖစ္ဖို႔ အရည္အခ်င္း တစ္စက္မွမရွိတဲ့ လူတစ္ေယာက္ကို ေ႐ြးခ်ယ္လိုက္တဲ့ပုံေပါ့။ ကြၽန္မ ထင္ခဲ့တာက ပထမခ်ဴသခင္မေလးရဲ႕ ရည္႐ြယ္ခ်က္က မွန္ကန္တယ္လို႔ေပါ့။ ဒါေပမယ့္ ဒီေန႕ သခင္ေလးနဲ႕ ေတြ႕ဆုံၿပီးတဲ့ေနာက္မွာ ကြၽန္မ အေတာ္ေလးမွားခဲ့တာကို သိလိုက္တယ္။
သခင္ေလးက မိန္းကေလးခ်ဴကို တမင္ လွည့္ဖ်ားခဲ့တာလား။ ဒါမွမဟုတ္ မိန္းကေလးခ်ဴက သခင္ေလးအေၾကာင္းကို အစကတည္းက သိေနလို႔ သူမရဲ႕ ခင္ပြန္းအျဖစ္ေ႐ြးခ်ယ္ခဲ့တာလား

ဇူအန္က သူ၏ လက္ထဲရွိ ခြက္ကို အသာအယာလႈပ္ခါရင္း အခန္း၏ နံရံတစ္ဖက္ကို ေက်ာမွီလိုက္သည္။ သူ၏ အမူအရာမွာ အကဲခတ္ရန္ ပိုမိုခက္ခဲလာသည္။
ဒီလိုအရာမ်ိဳးက အေပ်ာ္မယ္တစ္ေယာက္ ဂ႐ုစိုက္သင့္တဲ့ တစ္စုံတစ္ရာ ျဖစ္မယ့္ပုံမေပၚဘူး။ ဟုတ္တယ္မလား။ တကယ္ေတာ့ မင္းက ဘယ္သူလဲ
----- ----- ----------------------------------- ----- -- -- -- -- -- -- -

Continue Reading

You'll Also Like

174K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
353K 38.8K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
1.7M 94.8K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
260K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...