ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

50.3K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

243

279 36 0
By SoeHmue

Chapter 243: ဘာလုပ်လုပ် နာမည်မဝှက်

တိုက်ပွဲက အထွဋ်အတိပ်ရောက်လာသည်။ ချူဟုန်ခိုင် ဓားက မြွေတစ်ကောင်လို ပျော့ပျောင်းစွာ ထိုလူ၏ အရေးကြီးအင်္ဂါများထံ ဦးတည်နေသည်။
အနီရောင်ဆံပင်နဲ့လူက အခွင့်အရေး မရှိတော့ဘဲဘေးကို မီတာများစွာ ရှောင်လိုက်ရသည်။

ထိုအချိန်တွင် ချူယွီရှန်မှာ မျက်နှာကို ဦးတည် ရောက်လာသော ဓားအိမ်ကို ရှောင်လိုက်သည်။ သို့သော် ကန်လာသော ခြေထောက်ကိုတော့ မရှောင်နိုင်လိုက်ပေ။ ရန်သူ့ကန်ချက်က ဆက်တိုက်ဖြစ်ပြီး သူ့ခန္ဓာကိုယ် မြေပေါ်လိမ့်ကာ နောက်က တိုင်တစ်ခုထံ တိုက်မိသွားသည်။ အင်မော်တယ်ဗိမ္မာန်တစ်ခုလုံး တုန်ခါသွားသလိုပင်။

“မျိုးမစစ်ကောင်…”
သူက လူအားလုံးရှေ့တွင် အရှက်ခွဲခံလိုက်ရသည်။ အထူးသဖြင့် သူနှင့် သိကျွမ်းစပြုနေပြီဖြစ်သော ဝက်ဝံမလေးရှေ့တွင် ဖြစ်သည်။ ချူယွီရှန်မှာ ဘာသိက္ခာကျန်သေးလဲ။ မျက်လုံးများ ပိုမိုနီရဲလာကာ အသံကုန်ဟစ်ကာ ရန်သူထံ ဆက်ပြေးဝင်လာသည်။

သူ့ခုခံနိုင်စွမ်းက ပွဲကြည့်သူများကို လေးစားစေသည်။ ဒီဖက်တီးက ဒီလောက် ဒဏ်ရာပြင်းပြင်းရတာတောင် ဘယ်လိုမှ မနေသလိုပဲ။

ဇူအန် ပွဲကြည့်သူအမြင်ဖြင့် အေးဆေးစွာ ကြည့်နေလိုက်သည်။ ချူယွီရှန် နှင့် ချူဟုန်ခိုင် နှစ်ယောက်လုံးက အဆင့် ၄ ထိပ်ဆုံးအဆင့်တွင် ရှိနေကြောင်း အကြမ်းဖြင့် ခန့်မှန်းနိုင်သည်။

သို့သော် သူတို့ပုံစံက လုံးဝ ကွာလေသည်။ တစ်ယောက်က ခုခံမှုအားကောင်းပြီး တိုက်ခိုက်မှု အားနည်းသည်။ နောက်တစ်ယောက်က ပြောင်းပြန်ပင်။ သူတို့နှစ်ယောက်သာ အချင်းချင်းတိုက်ရင် ချူဟုန်ခိုင် ချူယွီရှန်ကို တစ်ချက်တည်းနဲ့ အသေသတ်မှ ရမည်။ တိုက်ပွဲအချိန်ကြာလေ သူ့အတွက် အခြေအနေမကောင်းလေပင်။
ဇူအန် သက်ပြင်းချလိုက်သည်။ ချင်ဝမ်ယွီ ပြောသလိုပဲ။ ချူပင်မအိမ်တော်က အိမ်တော်ခွဲတွေနဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံရေးရှိပြီး အမြဲတမ်း စောင့်ကြပ်နေရတယ်။

ဒါပေမဲ့ ချူဟုန်ခိုင် နှင့် ချူယွီရှန် ၏ ပူးပေါင်းတိုက်စစ်ကို မြင်လိုက်သောအခါ သူတို့ အလွန်ရင်းနှီးကြောင်း သိနိုင်သည်။
ဟင်း..ဒါတွေက ချင်ဝမ်ယွီရဲ့ လူမှုရေး ကျရှုံးလို့လား ဘာလားလို့ ငါတွေးမိတယ်။ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်သင့်တယ်။
ပြီးတော့ ဒီလူက ဘယ်က လာတာလဲ။ သူတို့ညီအစ်ကိုနှစ်ယောက်ကို ရင်ဆိုင်တာတောင် မခက်ခဲဘူး။ သူ့ကျင့်ကြံမှုကို သူတို့ထက် အများကြီး ပိုမြင့်သလိုပဲ။

အဆင့် ၅လား အဆင့် ၆လား။
ဇူအန် မပြောနိုင်ပေ။ အဲ့ဒီလူက ဘာဒြပ်စင်စွမ်းရည်ကိုမှ ထုတ်မသုံးချေ။ ထို့အစား ခွန်အား၊ အရှိန်နှင့် တိုက်ပွဲအတွေ့အကြုံ ကိုသာသုံးပြီး အခြေအနေကို လွယ်လွယ်ကူကူဖြေရှင်းနိုင်နေတဲ့ပုံပဲ။

ဝမ်ယွမ်လုံ သတိပြန်ဝင်လာသည်။ ယပ်တောင်တစ်ချောင်း ထုတ်လိုက်ပြီး တိုက်ပွဲတွင်း ဝင်လိုက်သည်။
"အစ်ကို ယွီရှန် ကျွန်တော် ကူမယ်"
ကံမကောင်းစွာ သူ့အဆင့်က ချူညီအစ်ကိုထက်ပင် နိမ့်ကျ၍ အနီရောင်ဆံပင်နဲ့လူသာဆို ပိုအလှမ်းကွာသေးသည်။
သူက ဘာလုပ်နိုင်မှာလဲ။

"အား.."
ဆိုးရွားသော အော်သံတစ်ခုဖြင့် ဝင်ဝင်ချင်း အကန်ခံလိုက်ရသည်။

သူ့တွင် ချူယွီရှန်ပိုင်ဆိုင်သော ခုခံနိုင်တဲ့ အဆီ မရှိပေ။ အဲ့ဒီကန်ချက်က သူ့ဝမ်းဗိုက်ထံ ကျရောက်သွားပြီး အတွင်းအင်္ဂါများ နေရာမှားသွားသယောင်ပင်။ ပြန်မထနိုင်ဘဲ မြေကြီးပေါ်တွင် လဲလျောင်းနေသည်။

လေထဲတွင် စူးရှသော အက်ကွဲသံတစ်ခု ပေါ်လာသည်။ အနီရောင်ဆံပင်နဲ့လူက ဟာကွက်တစ်ခုတွေ့သွားပြီး သူ့ဓားအိမ်က ချူဟုန်ခိုင် လက်မောင်းကို ထိုးနှက်လိုက်သည်။
ချူဟုန်ခိုင် အရိုက်ခံလိုက်ရသောနေရာက နာကျင်လွန်း၍ ကိုင်ထားသော ဓားပင် လွတ်ကျမတတ်ဖြစ်သွားသည်။

ဓားကို ကိုင်ထားနိုင်လိုက်သော်လည်း သူ့ခန္ဓာကိုယ်အတွင်း စွမ်းအင်စီးဆင်းမှု ပြတ်တောက်သွားရသည်။ အသက်ရှူသံ အမြန်ထိန်းလိုက်သော်လည်း တိုက်ခိုက်နိုင်ရန် အချိန်ခဏ လိုပေသေးသည်။
ချူယွီရှန် အခြေအနေကို နားလည်လေသည်။ သူ့အစ်ကို ၂နှင့် အနီရောင်ဆံပင်နဲ့လူကြား ဝင်လိုက်ပြီး ချူဟုန်ခိုင် အတွက် အချိန်ဆွဲပေးလိုက်သည်။

ထိုလူက ချူယွီရှန်ကို အချက်များစွာ ထိုးနှက်လေသည်။ သာမန်လူသာဆို ဒီရိုက်ချက်များက အရိုးများကျိုးစေပြီး အတွင်းဒဏ်ရာများစွာ ရနိုင်လောက်သည်။ သို့သော် သူ့ရှေ့က ၀တုတ်ကတော့ လုံးဝ အကောင်းတိုင်းလိုပင် ။

အချက်များစွာ ရိုက်နှက်ပြီးနောက် စိတ်မရှည်တော့ပေ။ သူ့ဓားကို ဆွဲထုတ်ကာ
"ဝက်စုတ် မင်းကိုယ်က ငါ့ဓားဆီက ခုတ်ချက်ဘယ်နှစ်ချက် ခံနိုင်လောက်လဲ ကြည့်ကြသေးတာပေါ့"

ချူယွီရှန် မျက်နှာဖြူဖျော့သွားသည်။ တစ်ဖက်လူက လက်နက်မသုံးတာတောင် အနိုင်မတိုက်နိုင်တာ လက်နက်နဲ့သာဆို ဘယ်လိုလုပ်ကြမလဲ။
သူ့ခန္ဓာကိုယ်က ဘယ်လောက် မာမာ အသွေးအသာ။နှင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ဓားချက်များကို ဘယ်ခံနိုင်လိမ့်မလဲ။
ဒါပေမဲ့ ချိန်ထားတဲ့ မြားက ပစ်ဖို့ လိုသေးတယ်။ သူရွေးချယ်လိုက်မှတော့ ချူဟုန်ခိုင် ပြန်မကောင်းမချင်း ဓားချက်တစ်ချို့ခံနိုင်ဖို့ သတ္တိမွေးရတော့မှာပေါ့။

ကံမကောင်းစွာ အနီရောင်ဆံပင်နဲ့လူ၏ အင်အားမှာ အဆများစွာ ပိုကောင်းပြီး အခု ဓားပါ ထုတ်လိုက်ပြီးပြီ။ သူ့ကိုယ်က အေးစက်စက် ဓားရောင်အောက် ဖုံးသွားသည်။

ချူယွီရှန် သူ့ရှေ့တွင် အလွှာလိုက် မခုတ်ခံရခင် အခု ဝင်ပါမှရမည်ဖြစ်ကြောင်း ဇူအန် သိသည်။
ဘေးကိုကြည့်လိုက်သည်။ ရေနွေးအိုးတစ်လုံးကောက်ကိုင်၍ ထိုလူ့ခေါင်းထံ ပစ်ပေါက်လိုက်လေသည်။

မြေအောက်ဂူမှ အတွေ့အကြုံနှင့် ရှေးဟောင်းမူလကျန်းဂန် ကြောင့် ဇူအန် ခွန်အားနှင့် အရှိန်နှုန်းမှာ အဆင့် ၅တစ်ယောက်နီးပါး ဖြစ်လာပြီ။
ထို့အပြင် နောက်မှ ချောင်းလုပ်ကြံသောကြောင့် သေသေချာချာလည်း ချိန်နိုင်လိုက်သည်။
အနီရောင်ဆံပင်နဲ့လူ အန္တရာယ်ကို ခံစားမိချိန်မှာတော့ နောက်ကျလွန်းသွားပြီ။

“ခွမ်း”
စူးရှသော အသံတစ်ခု ထွက်လာသည်။ ရေနွေးအိုးမှာ တစ်စစီ ဖြစ်သွားသည်။
သူ့တစ်ကိုယ်လုံး ရေနွေးပူပူများ လောင်းမိသွားသည်။

သို့သော် ဇူအန် ပျော်ရန် အချိန်မရှိပေ။ ထိုလူကိုကြည့်ရင်း မျက်နှာတင်းသွားသည်။
သူ့ကိုယ်တစ်လျှောက်တွင် အကြည်ရောင်အကာတစ်ခု ပေါ်လာပြီး ရေနွေးများ ထိုအကာပေါ်တွင် စီးကျနေသည်က ပိုသိသာစေသည်။

ဒုတိယထပ်မှ အော်သံများစွာ ပေါ်လာသည်။
ခန်းမထဲတွင်လည်း ဗဟုသုတများသော သူတစ်ချို့ ရှိလေသည်။ တစ်ယောက်က အော်လိုက်သည်။
"အ..အဆင့် ၆လား"

အစက ပွဲကြည့်သူများက ဒီလူရမ်းကားအုပ်စုကို လမ်းပျောက်လာသော တောဖရုံများဟု သတ်မှတ်၍ အပျင်းပြေ ကြည့်နေကြခြင်းပင်။ သို့သော် အဆင့် ၆ဟု သိသွားချိန်တွင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
အဆင့် ၆ ကျင့်ကြံသူက လပြည့်မြို့တွင်ပင် ထိပ်တန်းအဆင့် လူတစ်ယောက်ပင်။ အကယ်ဒမီမှ ဆရာများစွာလည်း အဆင့် ၆ ပင်။

ထိူလူက နောက်လှည့်ပြီး ဇူအန်ကို ကြမ်းတမ်းစွာ ကြည့်လိုက်သည်။
"နောက်ကနေတိုက်တာက ဂုဏ်ရှိတဲ့လူတစ်ယောက် လုပ်ရပ်မဟုတ်ဘူး"

ဇူအန် အော်ရယ်လိုက်သည်။
"ဒါဆို ဖိတ်စာခိုးတာကျတော့  ဂုဏ်ရှိတယ်ပေါ့။ ကျုပ်က ရန်သူနဲ့ မိတ်ဆွေ ခွဲခြားတတ်တဲ့လူဗျ။ ကျုပ်ကို သူရဲကောင်းတစ်ယောက် ပြရင် ကျုပ်က သူရဲကောင်းလို ပြုမူမယ်။ ဒါပေမဲ့ ခင်ဗျားလို နိမ့်ကျပြီး  အဆင့်အတန်းမရှိတဲ့လူကိုကျ ကျုပ်မှာ ရွေးစရာမရှိဘဲ ဒီလို နိမ့်ကျတဲ့နည်း သုံးပေးရတာပေါ့"

"ဟားဟားဟားဟား"
ရယ်သံတစ်ခု ပေါ်လာသည်။ ဇူအန်ကို အားပါးတရ ထောက်ခံနေသော ဝေဆောင်ထက် ဘယ်သူမှ ပိုစိတ်မလှုပ်ရှားနေပေ။ မလိုအပ်ဘဲ အာရုံမစိုက်ခံရရန် ဝေဟုန်ဒီ သူ့ကို ထိုင်ခုံပေါ် အကြိမ်များစွာ ပြန်ဆွဲချနေရသည်။

"မင်းက ဘယ်သူလဲ" အနီရောင်ဆံပင်နဲ့လူမျက်နှာက မည်းနေသည်။ သို့သော် အလျင်စလို မလုပ်ပေ။ ဒီလူက ရေနွေးအိုးကို သာမန်လူထက်သာတဲ့ ခွန်အားနဲ့ သူ့ဆီ ပစ်လိုက်တာ။ သတိထားတာက အရေးအကြီးဆုံးပဲ။

"ကျုပ်က ဘာပဲလုပ်လုပ် နာမည်ကို ဝှက်ထားလေ့မရှိဘူး။ မျိုးရိုးက ချီ၊ နာမည်က ရှို့ ပါ" ဇူအန် ရင်ဘတ်ကို ပုတ်၍ ကြေညာလိုက်သည်။ သူ့လေသံက ရိုးသားဖြောင့်မတ်မှု အပြည့်အဝပင်။

ခန်းမတစ်လျှောက် မယုံနိုင်စွာ  ပါးစပ်များ အဟောင်းသားဖြစ်သွားရသည်။
ဒီစကားက ဘာကို ဆိုလိုတာလဲ သိလား။

ချူယွီရှန် နှင့် အခြားလူများပင် ငေးကြည့်လာကြသည်။

"ဖွီး" ချီရှို့ ရေနွေးသီးသွားသည်။
ဘာလားဟ။
"ကျွန်တော့်နာမည်ကို ကြားလိုက်တာလားဟင်"

ချီဒေါင်ရင်း မရယ်မိအောင် ကြိုးစားရင်း သူ့မောင်ကို ခေါင်းညိတ်ပြလိုက်သည်။ အောက်ကလူက တကယ့်ကို အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ။
သို့သော် ဒီလောက်မျက်နှာပြောင်သော မောင်တစ်ယောက်ရှိမည်ဟု တွေးမိလိုက်သော် မျက်နှာ နီရဲသွားသည်။ အဲ့လိုသာ ဖြစ်လာရင် ကိုယ့်ကိုကိုယ် သတ်သေတာကမှ ပိုကောင်းဦးမယ်။

နောက်တစ်ခန်းမှ ဖေးမြန့်မုန် မေးထောက်ကာ အောက်က မြင်ကွင်းကို ကြည့်ရင်းတွေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီအရှက်မရှိတဲ့ ကလိမ်ကကျစ်က ထင်တဲ့အတိုင်းပဲ...အဲ့ဒီအေးစက်စက် ချူယန်က သူ့ကို ဘာလို့ကြိုက်သွားလဲ တကယ် စဉ်းစားမရဘူး"

မူးမေ့လောက်အောင်လှသော မိန်းမလှတစ်ဦးလည်း ပြတင်းပေါက်ဘောင်အနီးထိုင်ကာ အောက်ကို ကြည့်နေသည်။ ဇူအန်စကားများကို ကြားသော် မပြုံးဘဲ မနေနိုင်ပေ။
"ဒီလူက အတော်လေး အရှက်မဲ့ မနေဘူးလား"

သူ့ဘေးက ယောက်ျားမှာ နှာခေါင်းရှုံ့၍ သူ့ရနံ့ကို လောဘတကြီး ရှုနေသည်။ သူ့လက်များက ဆွဲဆောင်မှုပြည့်နေသော တင်ပါးများထံ အကြိမ်ကြိမ် လှမ်းလိုက်သော်လည်း တကယ် မထိရဲပေ။
"ဘယ်လိုလုပ် ဒီလောက်အရှက်မဲ့တဲ့ လူတစ်ယောက်ကို ဒီလို အရေးကြီးတဲ့ တာဝန် ပေးလို့ ရမလဲ။ ဆရာတူညီမလေး မင်းဆုံးဖြတ်ချက်ကိုပြောင်းဖို့ အချိန်မနှောင်းသေးဘူးနော်"

"အမှန်တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ" သူ့နှုတ်ခမ်းများ ပြုံးလာသည်။
"သူ့လိုလူကပဲ ကျွန်မတို့အစီအစဉ်ကို အောင်မြင်အောင် လုပ်နိုင်မှာ။ ဟဟ တဖြည်းဖြည်း သူ့ကို ပိုစိတ်ဝင်စားလာပြီ"

သူ့စကားများက ကြည်နူးစရာသဘော မပါဝင်ကြောင်းသိသော်လည်း ဒီလို တင့်တယ်လွန်းသော မိန်းမထံမှ တစ်ခြားယောက်ျားတစ်ယောက်ကို စိတ်ဝင်စားကြောင်း ကြားရသည်ကပင် သူ့ကို မနာလို၍ ရူးသွပ်လောက်စေသည်။

"အခြေအနေမလွန်ခင် ကျွန်မ အောက်ဆင်းဖို့လိုပြီ" မိန်းမလှက လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကျောက်မြက်များလို တောက်ပနေသည်။ သူ့ဘေးက လူကို အကြည့်စုံလိုက်ပြီး
"ဆရာတူအစ်ကို ကျွန်မ အဝတ်လဲဖို့လိုတယ်"

ထိုလူ ချက်ချင်း ထခုန်လိုက်သည်။
"ငါ ချက်ချင်း ထွက်သွားပါ့မယ်"
ထိုမိန်းကလေး အဝတ်လဲနေတာကို သိလိုက်ရုံကပင် စိတ်လှုပ်ရှားစေသည်။

ထိုမိန်းကလေးက သူ့ကို လိုက်ပို့သည်။ တံခါးမပိတ်ခင် ခေတ္တရပ်လိုက်ပြီးမှ ပြုံးကာ ပြောလိုက်သည်။
"ဆရာတူအစ်ကို ခိုးမကြည့်ရဘူးနော်"

ထိုလူ့မျက်နှာ ချက်ချင်း ရဲတက်သွားသည်။ ထိပ်လန့်သော လေသံဖြင့် အမြန်ပြန်ဖြေသည်။
"အစ်ကိုက အဲ့လို လူစားမျိုး လုံးဝ မဟုတ်ပါဘူး"

သက်သေပြရန် နောက်ပြန်လှည့်၍ ခြေလှမ်းကျယ်များဖြင့် စင်္ကြံကိုဖြတ်ကာ လှေကားထံ ပျောက်ကွယ်သွားသည်။
"ကျေးဇူးပါ" တံခါးပိတ်လိုက်ပြီးနောက် သူ့မျက်နှာမှ အပြုံးမှာ အစမကျန်အောင် ပျောက်ကွယ်သွားလေသည်။

မျက်လုံးတွင် အေးစက်မှုအရိပ်တစ်ခု ဖြတ်သွားလေသည်။ သူ့အစ်ကို၏ မရိုးသားသော လုပ်ရပ်များက သူ့အာရုံမှ မလွတ်ပေ။
"အနည်းဆုံးတော့ သူက အဲ့လောက် မတုံးသေးဘူးပဲ"

....

ခန်းမထဲတွင် အနီရောင်ဆံပင်နဲ့လူက မျက်မှောင်ကြုံ့လိုက်သည်။
"မင်းက ချီရှို့လား"

"မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ" ဇူအန် ဂုဏ်ယူစွာ ရင်ကော့လိုက်သည်။
"လပြည့်မြို့တစ်ခုလုံးမှာ ချူအိမ် သခင်လေးကလွဲရင် ရုပ်ချောတဲ့နေရာမှာ ကျုပ်ကို ဘယ်သူမီလို့လဲ"

----- ----- --------------------------------------- ----- ---- ---- ----

Chapter 243: ဘာလုပ္လုပ္ နာမည္မဝွက္

တိုက္ပြဲက အထြဋ္အတိပ္ေရာက္လာသည္။ ခ်ဴဟုန္ခိုင္ ဓားက ေႁမြတစ္ေကာင္လို ေပ်ာ့ေပ်ာင္းစြာ ထိုလူ၏ အေရးႀကီးအဂၤါမ်ားထံ ဦးတည္ေနသည္။
အနီေရာင္ဆံပင္နဲ႕လူက အခြင့္အေရး မရွိေတာ့ဘဲေဘးကို မီတာမ်ားစြာ ေရွာင္လိုက္ရသည္။

ထိုအခ်ိန္တြင္ ခ်ဴယြီရွန္မွာ မ်က္ႏွာကို ဦးတည္ ေရာက္လာေသာ ဓားအိမ္ကို ေရွာင္လိုက္သည္။ သို႔ေသာ္ ကန္လာေသာ ေျခေထာက္ကိုေတာ့ မေရွာင္နိုင္လိုက္ေပ။ ရန္သူ႕ကန္ခ်က္က ဆက္တိုက္ျဖစ္ၿပီး သူ႕ခႏၶာကိုယ္ ေျမေပၚလိမ့္ကာ ေနာက္က တိုင္တစ္ခုထံ တိုက္မိသြားသည္။ အင္ေမာ္တယ္ဗိမၼာန္တစ္ခုလုံး တုန္ခါသြားသလိုပင္။

မ်ိဳးမစစ္ေကာင္
သူက လူအားလုံးေရွ႕တြင္ အရွက္ခြဲခံလိုက္ရသည္။ အထူးသျဖင့္ သူႏွင့္ သိကြၽမ္းစျပဳေနၿပီျဖစ္ေသာ ဝက္ဝံမေလးေရွ႕တြင္ ျဖစ္သည္။ ခ်ဴယြီရွန္မွာ ဘာသိကၡာက်န္ေသးလဲ။ မ်က္လုံးမ်ား ပိုမိုနီရဲလာကာ အသံကုန္ဟစ္ကာ ရန္သူထံ ဆက္ေျပးဝင္လာသည္။

သူ႕ခုခံနိုင္စြမ္းက ပြဲၾကည့္သူမ်ားကို ေလးစားေစသည္။ ဒီဖက္တီးက ဒီေလာက္ ဒဏ္ရာျပင္းျပင္းရတာေတာင္ ဘယ္လိုမွ မေနသလိုပဲ။

ဇူအန္ ပြဲၾကည့္သူအျမင္ျဖင့္ ေအးေဆးစြာ ၾကည့္ေနလိုက္သည္။ ခ်ဴယြီရွန္ ႏွင့္ ခ်ဴဟုန္ခိုင္ ႏွစ္ေယာက္လုံးက အဆင့္ ၄ ထိပ္ဆုံးအဆင့္တြင္ ရွိေနေၾကာင္း အၾကမ္းျဖင့္ ခန့္မွန္းနိုင္သည္။

သို႔ေသာ္ သူတို႔ပုံစံက လုံးဝ ကြာေလသည္။ တစ္ေယာက္က ခုခံမႈအားေကာင္းၿပီး တိုက္ခိုက္မႈ အားနည္းသည္။ ေနာက္တစ္ေယာက္က ေျပာင္းျပန္ပင္။ သူတို႔ႏွစ္ေယာက္သာ အခ်င္းခ်င္းတိုက္ရင္ ခ်ဴဟုန္ခိုင္ ခ်ဴယြီရွန္ကို တစ္ခ်က္တည္းနဲ႕ အေသသတ္မွ ရမည္။ တိုက္ပြဲအခ်ိန္ၾကာေလ သူ႕အတြက္ အေျခအေနမေကာင္းေလပင္။
ဇူအန္ သက္ျပင္းခ်လိဳက္သည္။ ခ်င္ဝမ္ယြီ ေျပာသလိုပဲ။ ခ်ဴပင္မအိမ္ေတာ္က အိမ္ေတာ္ခြဲေတြနဲ႕ ၾကမ္းတမ္းတဲ့ ဆက္ဆံေရးရွိၿပီး အၿမဲတမ္း ေစာင့္ၾကပ္ေနရတယ္။

ဒါေပမဲ့ ခ်ဴဟုန္ခိုင္ ႏွင့္ ခ်ဴယြီရွန္ ၏ ပူးေပါင္းတိုက္စစ္ကို ျမင္လိုက္ေသာအခါ သူတို႔ အလြန္ရင္းႏွီးေၾကာင္း သိနိုင္သည္။
ဟင္း..ဒါေတြက ခ်င္ဝမ္ယြီရဲ႕ လူမႈေရး က်ရႈံးလို႔လား ဘာလားလို႔ ငါေတြးမိတယ္။ ကိုယ့္ကိုကိုယ္ ျပန္ဆန္းစစ္သင့္တယ္။
ၿပီးေတာ့ ဒီလူက ဘယ္က လာတာလဲ။ သူတို႔ညီအစ္ကိုႏွစ္ေယာက္ကို ရင္ဆိုင္တာေတာင္ မခက္ခဲဘူး။ သူ႕က်င့္ႀကံမႈကို သူတို႔ထက္ အမ်ားႀကီး ပိုျမင့္သလိုပဲ။

အဆင့္ ၅လား အဆင့္ ၆လား။
ဇူအန္ မေျပာနိုင္ေပ။ အဲ့ဒီလူက ဘာျဒပ္စင္စြမ္းရည္ကိုမွ ထုတ္မသုံးေခ်။ ထို႔အစား ခြန္အား၊ အရွိန္ႏွင့္ တိုက္ပြဲအေတြ႕အႀကဳံ ကိုသာသုံးၿပီး အေျခအေနကို လြယ္လြယ္ကူကူေျဖရွင္းနိုင္ေနတဲ့ပုံပဲ။

ဝမ္ယြမ္လုံ သတိျပန္ဝင္လာသည္။ ယပ္ေတာင္တစ္ေခ်ာင္း ထုတ္လိုက္ၿပီး တိုက္ပြဲတြင္း ဝင္လိုက္သည္။
"အစ္ကို ယြီရွန္ ကြၽန္ေတာ္ ကူမယ္"
ကံမေကာင္းစြာ သူ႕အဆင့္က ခ်ဴညီအစ္ကိုထက္ပင္ နိမ့္က်၍ အနီေရာင္ဆံပင္နဲ႕လူသာဆို ပိုအလွမ္းကြာေသးသည္။
သူက ဘာလုပ္နိုင္မွာလဲ။

"အား.."
ဆိုး႐ြားေသာ ေအာ္သံတစ္ခုျဖင့္ ဝင္ဝင္ခ်င္း အကန္ခံလိုက္ရသည္။

သူ႕တြင္ ခ်ဴယြီရွန္ပိုင္ဆိုင္ေသာ ခုခံနိုင္တဲ့ အဆီ မရွိေပ။ အဲ့ဒီကန္ခ်က္က သူ႕ဝမ္းဗိုက္ထံ က်ေရာက္သြားၿပီး အတြင္းအဂၤါမ်ား ေနရာမွားသြားသေယာင္ပင္။ ျပန္မထနိုင္ဘဲ ေျမႀကီးေပၚတြင္ လဲေလ်ာင္းေနသည္။

ေလထဲတြင္ စူးရွေသာ အက္ကြဲသံတစ္ခု ေပၚလာသည္။ အနီေရာင္ဆံပင္နဲ႕လူက ဟာကြက္တစ္ခုေတြ႕သြားၿပီး သူ႕ဓားအိမ္က ခ်ဴဟုန္ခိုင္ လက္ေမာင္းကို ထိုးႏွက္လိုက္သည္။
ခ်ဴဟုန္ခိုင္ အရိုက္ခံလိုက္ရေသာေနရာက နာက်င္လြန္း၍ ကိုင္ထားေသာ ဓားပင္ လြတ္က်မတတ္ျဖစ္သြားသည္။

ဓားကို ကိုင္ထားနိုင္လိုက္ေသာ္လည္း သူ႕ခႏၶာကိုယ္အတြင္း စြမ္းအင္စီးဆင္းမႈ ျပတ္ေတာက္သြားရသည္။ အသက္ရႉသံ အျမန္ထိန္းလိုက္ေသာ္လည္း တိုက္ခိုက္နိုင္ရန္ အခ်ိန္ခဏ လိုေပေသးသည္။
ခ်ဴယြီရွန္ အေျခအေနကို နားလည္ေလသည္။ သူ႕အစ္ကို ၂ႏွင့္ အနီေရာင္ဆံပင္နဲ႕လူၾကား ဝင္လိုက္ၿပီး ခ်ဴဟုန္ခိုင္ အတြက္ အခ်ိန္ဆြဲေပးလိုက္သည္။

ထိုလူက ခ်ဴယြီရွန္ကို အခ်က္မ်ားစြာ ထိုးႏွက္ေလသည္။ သာမန္လူသာဆို ဒီရိုက္ခ်က္မ်ားက အရိုးမ်ားက်ိဳးေစၿပီး အတြင္းဒဏ္ရာမ်ားစြာ ရနိုင္ေလာက္သည္။ သို႔ေသာ္ သူ႕ေရွ႕က ၀တုတ်ကတော့ လုံးဝ အေကာင္းတိုင္းလိုပင္ ။

အခ်က္မ်ားစြာ ရိုက္ႏွက္ၿပီးေနာက္ စိတ္မရွည္ေတာ့ေပ။ သူ႕ဓားကို ဆြဲထုတ္ကာ
"ဝက္စုတ္ မင္းကိုယ္က ငါ့ဓားဆီက ခုတ္ခ်က္ဘယ္ႏွစ္ခ်က္ ခံနိုင္ေလာက္လဲ ၾကည့္ၾကေသးတာေပါ့"

ခ်ဴယြီရွန္ မ်က္ႏွာျဖဴေဖ်ာ့သြားသည္။ တစ္ဖက္လူက လက္နက္မသုံးတာေတာင္ အနိုင္မတိုက္နိုင္တာ လက္နက္နဲ႕သာဆို ဘယ္လိုလုပ္ၾကမလဲ။
သူ႕ခႏၶာကိုယ္က ဘယ္ေလာက္ မာမာ အေသြးအသာ။ႏွင့္ တည္ေဆာက္ထားျခင္းျဖစ္သည္။ ဓားခ်က္မ်ားကို ဘယ္ခံနိုင္လိမ့္မလဲ။
ဒါေပမဲ့ ခ်ိန္ထားတဲ့ ျမားက ပစ္ဖို႔ လိုေသးတယ္။ သူေ႐ြးခ်ယ္လိုက္မွေတာ့ ခ်ဴဟုန္ခိုင္ ျပန္မေကာင္းမခ်င္း ဓားခ်က္တစ္ခ်ိဳ႕ခံနိုင္ဖို႔ သတၱိေမြးရေတာ့မွာေပါ့။

ကံမေကာင္းစြာ အနီေရာင္ဆံပင္နဲ႕လူ၏ အင္အားမွာ အဆမ်ားစြာ ပိုေကာင္းၿပီး အခု ဓားပါ ထုတ္လိုက္ၿပီးၿပီ။ သူ႕ကိုယ္က ေအးစက္စက္ ဓားေရာင္ေအာက္ ဖုံးသြားသည္။

ခ်ဴယြီရွန္ သူ႕ေရွ႕တြင္ အလႊာလိုက္ မခုတ္ခံရခင္ အခု ဝင္ပါမွရမည္ျဖစ္ေၾကာင္း ဇူအန္ သိသည္။
ေဘးကိုၾကည့္လိုက္သည္။ ေရႏြေးအိုးတစ္လုံးေကာက္ကိုင္၍ ထိုလူ႕ေခါင္းထံ ပစ္ေပါက္လိုက္ေလသည္။

ေျမေအာက္ဂူမွ အေတြ႕အႀကဳံႏွင့္ ေရွးေဟာင္းမူလက်န္းဂန္ ေၾကာင့္ ဇူအန္ ခြန္အားႏွင့္ အရွိန္ႏႈန္းမွာ အဆင့္ ၅တစ္ေယာက္နီးပါး ျဖစ္လာၿပီ။
ထို႔အျပင္ ေနာက္မွ ေခ်ာင္းလုပ္ႀကံေသာေၾကာင့္ ေသေသခ်ာခ်ာလည္း ခ်ိန္နိုင္လိုက္သည္။
အနီေရာင္ဆံပင္နဲ႕လူ အႏၱရာယ္ကို ခံစားမိခ်ိန္မွာေတာ့ ေနာက္က်လြန္းသြားၿပီ။

ခြမ္း
စူးရွေသာ အသံတစ္ခု ထြက္လာသည္။ ေရႏြေးအိုးမွာ တစ္စစီ ျဖစ္သြားသည္။
သူ႕တစ္ကိုယ္လုံး ေရႏြေးပူပူမ်ား ေလာင္းမိသြားသည္။

သို႔ေသာ္ ဇူအန္ ေပ်ာ္ရန္ အခ်ိန္မရွိေပ။ ထိုလူကိုၾကည့္ရင္း မ်က္ႏွာတင္းသြားသည္။
သူ႕ကိုယ္တစ္ေလွ်ာက္တြင္ အၾကည္ေရာင္အကာတစ္ခု ေပၚလာၿပီး ေရႏြေးမ်ား ထိုအကာေပၚတြင္ စီးက်ေနသည္က ပိုသိသာေစသည္။

ဒုတိယထပ္မွ ေအာ္သံမ်ားစြာ ေပၚလာသည္။
ခန္းမထဲတြင္လည္း ဗဟုသုတမ်ားေသာ သူတစ္ခ်ိဳ႕ ရွိေလသည္။ တစ္ေယာက္က ေအာ္လိုက္သည္။
"အ..အဆင့္ ၆လား"

အစက ပြဲၾကည့္သူမ်ားက ဒီလူရမ္းကားအုပ္စုကို လမ္းေပ်ာက္လာေသာ ေတာဖ႐ုံမ်ားဟု သတ္မွတ္၍ အပ်င္းေျပ ၾကည့္ေနၾကျခင္းပင္။ သို႔ေသာ္ အဆင့္ ၆ဟု သိသြားခ်ိန္တြင္ မ်က္ႏွာအမူအရာမ်ား ေျပာင္းလဲသြားၾကသည္။
အဆင့္ ၆ က်င့္ႀကံသူက လျပည့္ၿမိဳ႕တြင္ပင္ ထိပ္တန္းအဆင့္ လူတစ္ေယာက္ပင္။ အကယ္ဒမီမွ ဆရာမ်ားစြာလည္း အဆင့္ ၆ ပင္။

ထိူလူက ေနာက္လွည့္ၿပီး ဇူအန္ကို ၾကမ္းတမ္းစြာ ၾကည့္လိုက္သည္။
"ေနာက္ကေနတိုက္တာက ဂုဏ္ရွိတဲ့လူတစ္ေယာက္ လုပ္ရပ္မဟုတ္ဘူး"

ဇူအန္ ေအာ္ရယ္လိုက္သည္။
"ဒါဆို ဖိတ္စာခိုးတာက်ေတာ့  ဂုဏ္ရွိတယ္ေပါ့။ က်ဳပ္က ရန္သူနဲ႕ မိတ္ေဆြ ခြဲျခားတတ္တဲ့လူဗ်။ က်ဳပ္ကို သူရဲေကာင္းတစ္ေယာက္ ျပရင္ က်ဳပ္က သူရဲေကာင္းလို ျပဳမူမယ္။ ဒါေပမဲ့ ခင္ဗ်ားလို နိမ့္က်ၿပီး  အဆင့္အတန္းမရွိတဲ့လူကိုက် က်ဳပ္မွာ ေ႐ြးစရာမရွိဘဲ ဒီလို နိမ့္က်တဲ့နည္း သုံးေပးရတာေပါ့"

"ဟားဟားဟားဟား"
ရယ္သံတစ္ခု ေပၚလာသည္။ ဇူအန္ကို အားပါးတရ ေထာက္ခံေနေသာ ေဝေဆာင္ထက္ ဘယ္သူမွ ပိုစိတ္မလႈပ္ရွားေနေပ။ မလိုအပ္ဘဲ အာ႐ုံမစိုက္ခံရရန္ ေဝဟုန္ဒီ သူ႕ကို ထိုင္ခုံေပၚ အႀကိမ္မ်ားစြာ ျပန္ဆြဲခ်ေနရသည္။

"မင္းက ဘယ္သူလဲ" အနီေရာင္ဆံပင္နဲ႕လူမ်က္ႏွာက မည္းေနသည္။ သို႔ေသာ္ အလ်င္စလို မလုပ္ေပ။ ဒီလူက ေရႏြေးအိုးကို သာမန္လူထက္သာတဲ့ ခြန္အားနဲ႕ သူ႕ဆီ ပစ္လိုက္တာ။ သတိထားတာက အေရးအႀကီးဆုံးပဲ။

"က်ဳပ္က ဘာပဲလုပ္လုပ္ နာမည္ကို ဝွက္ထားေလ့မရွိဘူး။ မ်ိဳးရိုးက ခ်ီ၊ နာမည္က ရွို႔ ပါ" ဇူအန္ ရင္ဘတ္ကို ပုတ္၍ ေၾကညာလိုက္သည္။ သူ႕ေလသံက ရိုးသားေျဖာင့္မတ္မႈ အျပည့္အဝပင္။

ခန္းမတစ္ေလွ်ာက္ မယုံနိုင္စြာ  ပါးစပ္မ်ား အေဟာင္းသားျဖစ္သြားရသည္။
ဒီစကားက ဘာကို ဆိုလိုတာလဲ သိလား။

ခ်ဴယြီရွန္ ႏွင့္ အျခားလူမ်ားပင္ ေငးၾကည့္လာၾကသည္။

"ဖြီး" ခ်ီရွို႔ ေရႏြေးသီးသြားသည္။
ဘာလားဟ။
"ကြၽန္ေတာ့္နာမည္ကို ၾကားလိုက္တာလားဟင္"

ခ်ီေဒါင္ရင္း မရယ္မိေအာင္ ႀကိဳးစားရင္း သူ႕ေမာင္ကို ေခါင္းညိတ္ျပလိုက္သည္။ ေအာက္ကလူက တကယ့္ကို အံ့ၾသစရာေတြနဲ႕ ျပည့္ေနတာပဲ။
သို႔ေသာ္ ဒီေလာက္မ်က္ႏွာေျပာင္ေသာ ေမာင္တစ္ေယာက္ရွိမည္ဟု ေတြးမိလိုက္ေသာ္ မ်က္ႏွာ နီရဲသြားသည္။ အဲ့လိုသာ ျဖစ္လာရင္ ကိုယ့္ကိုကိုယ္ သတ္ေသတာကမွ ပိုေကာင္းဦးမယ္။

ေနာက္တစ္ခန္းမွ ေဖးျမန့္မုန္ ေမးေထာက္ကာ ေအာက္က ျမင္ကြင္းကို ၾကည့္ရင္းေတြးနက္ေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
"ဒီအရွက္မရွိတဲ့ ကလိမ္ကက်စ္က ထင္တဲ့အတိုင္းပဲ...အဲ့ဒီေအးစက္စက္ ခ်ဴယန္က သူ႕ကို ဘာလို႔ႀကိဳက္သြားလဲ တကယ္ စဥ္းစားမရဘူး"

မူးေမ့ေလာက္ေအာင္လွေသာ မိန္းမလွတစ္ဦးလည္း ျပတင္းေပါက္ေဘာင္အနီးထိုင္ကာ ေအာက္ကို ၾကည့္ေနသည္။ ဇူအန္စကားမ်ားကို ၾကားေသာ္ မၿပဳံးဘဲ မေနနိုင္ေပ။
"ဒီလူက အေတာ္ေလး အရွက္မဲ့ မေနဘူးလား"

သူ႕ေဘးက ေယာက္်ားမွာ ႏွာေခါင္းရႈံ႕၍ သူ႕ရနံ႕ကို ေလာဘတႀကီး ရႈေနသည္။ သူ႕လက္မ်ားက ဆြဲေဆာင္မႈျပည့္ေနေသာ တင္ပါးမ်ားထံ အႀကိမ္ႀကိမ္ လွမ္းလိုက္ေသာ္လည္း တကယ္ မထိရဲေပ။
"ဘယ္လိုလုပ္ ဒီေလာက္အရွက္မဲ့တဲ့ လူတစ္ေယာက္ကို ဒီလို အေရးႀကီးတဲ့ တာဝန္ ေပးလို႔ ရမလဲ။ ဆရာတူညီမေလး မင္းဆုံးျဖတ္ခ်က္ကိုေျပာင္းဖို႔ အခ်ိန္မႏွောင္းေသးဘူးေနာ္"

"အမွန္ေတာ့ လုံးဝ ဆန့္က်င္ဘက္ပဲ" သူ႕ႏႈတ္ခမ္းမ်ား ၿပဳံးလာသည္။
"သူ႕လိုလူကပဲ ကြၽန္မတို႔အစီအစဥ္ကို ေအာင္ျမင္ေအာင္ လုပ္နိုင္မွာ။ ဟဟ တျဖည္းျဖည္း သူ႕ကို ပိုစိတ္ဝင္စားလာၿပီ"

သူ႕စကားမ်ားက ၾကည္ႏူးစရာသေဘာ မပါဝင္ေၾကာင္းသိေသာ္လည္း ဒီလို တင့္တယ္လြန္းေသာ မိန္းမထံမွ တစ္ျခားေယာက္်ားတစ္ေယာက္ကို စိတ္ဝင္စားေၾကာင္း ၾကားရသည္ကပင္ သူ႕ကို မနာလို၍ ႐ူးသြပ္ေလာက္ေစသည္။

"အေျခအေနမလြန္ခင္ ကြၽန္မ ေအာက္ဆင္းဖို႔လိုၿပီ" မိန္းမလွက လွည့္ၾကည့္လိုက္သည္။ သူ႕မ်က္လုံးမ်ားက ေက်ာက္ျမက္မ်ားလို ေတာက္ပေနသည္။ သူ႕ေဘးက လူကို အၾကည့္စုံလိုက္ၿပီး
"ဆရာတူအစ္ကို ကြၽန္မ အဝတ္လဲဖို႔လိုတယ္"

ထိုလူ ခ်က္ခ်င္း ထခုန္လိုက္သည္။
"ငါ ခ်က္ခ်င္း ထြက္သြားပါ့မယ္"
ထိုမိန္းကေလး အဝတ္လဲေနတာကို သိလိုက္႐ုံကပင္ စိတ္လႈပ္ရွားေစသည္။

ထိုမိန္းကေလးက သူ႕ကို လိုက္ပို႔သည္။ တံခါးမပိတ္ခင္ ေခတၱရပ္လိုက္ၿပီးမွ ၿပဳံးကာ ေျပာလိုက္သည္။
"ဆရာတူအစ္ကို ခိုးမၾကည့္ရဘူးေနာ္"

ထိုလူ႕မ်က္ႏွာ ခ်က္ခ်င္း ရဲတက္သြားသည္။ ထိပ္လန့္ေသာ ေလသံျဖင့္ အျမန္ျပန္ေျဖသည္။
"အစ္ကိုက အဲ့လို လူစားမ်ိဳး လုံးဝ မဟုတ္ပါဘူး"

သက္ေသျပရန္ ေနာက္ျပန္လွည့္၍ ေျခလွမ္းက်ယ္မ်ားျဖင့္ စၾကၤံကိုျဖတ္ကာ ေလွကားထံ ေပ်ာက္ကြယ္သြားသည္။
"ေက်းဇူးပါ" တံခါးပိတ္လိုက္ၿပီးေနာက္ သူ႕မ်က္ႏွာမွ အၿပဳံးမွာ အစမက်န္ေအာင္ ေပ်ာက္ကြယ္သြားေလသည္။

မ်က္လုံးတြင္ ေအးစက္မႈအရိပ္တစ္ခု ျဖတ္သြားေလသည္။ သူ႕အစ္ကို၏ မရိုးသားေသာ လုပ္ရပ္မ်ားက သူ႕အာ႐ုံမွ မလြတ္ေပ။
"အနည္းဆုံးေတာ့ သူက အဲ့ေလာက္ မတုံးေသးဘူးပဲ"

....

ခန္းမထဲတြင္ အနီေရာင္ဆံပင္နဲ႕လူက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"မင္းက ခ်ီရွို႔လား"

"မဟုတ္ရင္ ဘယ္သူျဖစ္ရမွာလဲ" ဇူအန္ ဂုဏ္ယူစြာ ရင္ေကာ့လိုက္သည္။
"လျပည့္ၿမိဳ႕တစ္ခုလုံးမွာ ခ်ဴအိမ္ သခင္ေလးကလြဲရင္ ႐ုပ္ေခ်ာတဲ့ေနရာမွာ က်ဳပ္ကို ဘယ္သူမီလို႔လဲ"

----- ----- --------------------------------------- ----- ---- ---- ----

Continue Reading

You'll Also Like

31.1K 2.8K 32
" បងកាន់តែចង់អោយខ្ញុំចេញ ខ្ញុំកាន់តែចង់ចូល!! ខ្ញុំមិនស្តាយក្រោយទេដែលស្រឡាញ់បង!! "
2.1M 108K 51
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
224K 5.8K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
427K 27.2K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"