ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.1K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

237

284 41 0
By SoeHmue

Chapter 237: အထက်တန်းစား အပျော်မယ်

ဆန်းရှန် ရင်ထိတ်သွားသည်။
"အဖေ ဘယ်လိုလုပ် သိလဲ"

"ကိစ္စတစ်ခုကို လုံးဝမသိစေချင်ရင် သိသမျှလူတိုင်းကို နှုတ်ပိတ်နိုင်မှ ရမယ်" ဆန်းဟုန် အေးစက်စက် ပြောလိုက်သည်။
"ပျားရည်ထောင်ချောက်တဲ့။ မင်းလိုလူပဲ ဒီလိုအရာမျိုး စဉ်းစားမှာ"

ဆန်းရှန် အရှက်ရ၍ နီရဲသွားသည်။
"ကျွန်တော်က မက်မွန်ပွင့်ဂိုဏ်းရဲ့ စီးပွားရေးကို လက်လွှဲယူဖို့ လုပ်နေတာပါ။ ကျုပ်တို့မှာလည် ကိုယ်ပိုင် လောင်းကစား.."

"တော်ပြီ။  ငါဒီလိုအကြောင်းတွေကို မသိချင်ဘူး" ဆန်းဟုန် စိတ်မရှည်ဟန် ဖြတ်ပြောလိုက်သည်။

"အာ.." ဆန်းရှန် စိတ်ထဲက အဆက်မပြတ် ကျိန်ဆဲလိုက်မိသည်။
အဖေကတော့ မြင့်မြတ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တာပေါ့။ စည်းစိမ်ဥစ္စာလည်း မမက်မောဘူး။ ဒါပေမဲ့ တော်ဝင်လွှတ်တော်မှာ ရာထူးတက်ဖို့ စည်းစိမ်အများကြီးလိုအပ်တယ်။ ဘယ်လိုလုပ် အရာရှိလစာတစ်ခုတည်းက လုံလောက်မလဲ။

ထိုသို့တွေးသော်လည်း ဆန်းရှန်ဖြေရှင်းချက်ထုတ်လိုက်သေးသည်။
"ရည်မှန်းချက်ကြီးတဲ့လူတွေက ကိစ္စသေးသေးလေးတွေကို စိတ်ထဲမထားဘူး။ ပြီးတော့  ရမ္မက်နဲ့ ဆွဲဆောင်တာ ဘယ်လောက်အသုံးဝင်လဲ သမိုင်းမှာ အကြိမ်များစွာ သက်သေရှိပြီးသား"

ဆန်းဟုန် သူ့သားကို မျက်စောင်းထိုးလိုက်သည်။
"မင်းတကယ် တုံးတာလား။ တစ်ခြားလူတွေက သေချာပျိုးထောင်ထားတဲ့ မိန်းမသူလျှိုတွေကို သုံးတာလေ။ ဘယ်သူက သူတို့ကိုယ်ပိုင် သတို့သမီးလောင်းကို သုံးလို့လဲ"

ဆန်းရှန် အသာရယ်လိုက်သည်။
"ဒီလောက်အချိန်တိုအတွင် သင့်တော်တဲ့လူကို ရှာမတွေ့လို့ပါ။ အဲ့တာကြောင့် ကျန်းတန်ကို စမ်းခိုင်းလိုက်တာ။ စိတ်မပူပါနဲ့ ။ သူက တင့်တယ်ပြီး သိက္ခာကြီးတယ် ။ ပြီးတော့ အတော်လေးလည်း ဉာဏ်ကောင်းတယ်။ သူက ဇူအန်သူ့ကို အသားယူတာခံမှာ မဟုတ်ပါဘူး"

ဆန်းဟုန် အေးစက်စက်ပြောလိုက်သည်။
"မင်းဘယ်နားက ယုံကြည်မှုတွေ ရလာလဲ ငါမသိဘူး။ ဒါက မီးနဲ့ ကစားနေတာပဲ။ တစ်ချက်လေးမှားတာနဲ့ မင်းမိန်းမကိုပါ ပေးလိုက်ရမယ်"

"စိတ်မပူနဲ့ အဖေ။ သူက ဘယ်လိုလုပ် ရုပ်ရည် နောက်ခံနဲ့ အစွမ်းအစမှာ ကျုပ်ကို မီမှာလဲ။ " ဆန်းရှန် ဂုဏ်မောက်စွာ ပြောလိုက်သည်။
"ကျန်းမိန်းကလေး က ဒီလောက် အမြင့်မှန်းတာ အဲ့လိုကောင်တစ်ယောက်ကို ဘယ်လိုလုပ် ကြိုက်မလဲ"

ဒီကိစ္စကို ပေါ့ပေါ့လေး သဘောထားနေသော သူ့သားကြောင့် ဆန်းဟုန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တကယ်ကြီး မြောက်ကြွကြွ နိုင်လွန်းနေသည်။ သို့သော် ဆန်းဟုန် ထိုကလေးမ ကျန်းတန်ကို မြင်ဖူးသည်။ အပေါ်ယံတွင် နူးညံ့ပြီး ချိုသာပုံပေါ်သော်လည်း ခေါင်းမာသော မိန်းကလေးတစ်ဦးပင်။ သူ့မှာ နောက်ခံလည်း ကောင်းကောင်းရှိသော်ကြောင့် အိမ်ပါသားမက်တစ်ယောက်အပေါ် စိတ်ရောက်ရန် အတော်လေး အခွင့်နည်းလေသည်။

သူ့အကြောင်းပြချက်နှင့်သူ စိတ်ချသွားရပြီး
"ထားလိုက်ပါတော့။ အရာအားလုံးက လုပ်လက်စဆိုတော့ သူ့ကို နောက်ထပ် တာဝန်တစ်ခု ပေးလိုက်။ ဇူအန်နောက်က အဲ့ဒီပညာရှင်အကြောင်း တစ်ခုခုသိနိုင်လား မေးခိုင်းလိုက်"

ဆန်းရှန် ကြောင်သွားပြီး
"ခုနက ကျွန်တော်နဲ့ မျက်နှာဖုံးစွတ်လူကို တာဝန်ခွဲပေးပြီးပြီ မဟုတ်ဘူးလား"

ဆန်းဟုန် ခေါင်းယမ်းလိုက်သည်။
"အဲ့ဒီပညာရှင်က သူ့အကြောင်းကို တမင်တကာ ဖုံးကွယ်ထားတာဆိုရင် သူတို့ ချူအိမ်ထဲကနေ ထုတ်နိုင်မှာမဟုတ်ဘူး။ မင်းဘက်ကလည်း တူတူပဲ။ အဲ့တာကြောင့် ဇူအန် သူ့အလှမှာမြောပြီး တစ်ခုခုပြောပြရင် ပိုကောင်းလိမ့်မယ်။ "
သူ့မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာသည်။ လပြည့်မြို့တွင် လုပ်ရမည့်တာဝန်ကို ကျေပွန်မည်ဟု အလွန်ယုံကြည်မှု ပြည့်ဝခဲ့သည်။ သို့သော် ဒီပညာရှင်၏ သတင်းက နောက်ထပ် မသိနိုင်သောအပြောင်းအလဲဖြစ်လာသည်။ သူ့အကြံ အနိုင်အရှုံးက ဒီကိစ္စအပေါ် မူတည်နေသည်။ ဒါ့ကြောင့်ပဲ ဒီအပြောင်းအလဲတွေကို အမြန်ဆုံး ဖယ်ရှားရမည်။

"ကောင်းပြီလေ ကျွန်တော် ကျန်းတန်နဲ့ စကားပြောလိုက်မယ်" ဆန်းရှန် သဘောတူလိုက်သည်။ သူ မကျေနပ်သလို ခံစားလိုက်ရသည်။ သူ့ သတို့သမီးတောင်းကို ပျားရည်ထောင်ချောက်အဖြစ် အသုံးချသောကြောင့် အဆူခံလိုက်ရပြီး နောက်ဆုံး သူ့အဖေကပါ ဒီအစီအစဉ်ကို အသုံးချလိုက်သေးသည်။

ခေတ္တတွေဝေပြီးနောက် ဆန်းဟုန်မေးလိုက်သည်။
"မင်းနောက်တစ်ခု စိတ်ထဲ ထည့်ထားရမှာ ရှိသေးတယ်။ ကျန်းတန်သာ မင်းကိုစိတ်ပျက်စေတဲ့ တစ်ခုခု လုပ်မိသွားရင် မင်းဘာဆက်လုပ်မလဲ"

"သူလုပ်ရဲတယ်လား" ကျန်းတန် ဇူအန်အောက်တွင် ရောက်နေပုံကို မြင်ယောင်ပြီး သွားဖုံးများနာလာအောင်ပင်အံကြိတ်လိုက်မိသည်။
"ကျုပ်ကိုသာ စိတ်ပျက်စေတဲ့ တစ်ခုခုလုပ်လိုက်ရင် သူ့အိမ်က ခွေးပါ အသက်မရှင်စေရဘူးလို့ အာမခံတယ်"

"အရင်လိုပဲ။ မင်းရဲ့ ဒေါသက မင်းရဲ့ အခြေအနေမသိတာက စတာပဲ" ဆန်းဟုန် ဒေါသတကြီး ပြန်ပြောသည်။
"အဲ့လိုသာ တကယ်ဖြစ်သွားရင် မင်ဘာမှ မဖြစ်သလို ဟန်ဆောင်ရမယ်"

သူ့စကားမဆုံးခင်ပင် အဖြတ်ခံလိုက်ရသည်။
"အဲ့တာက ဖောက်ပြန်ဖို့ ခွင့်ပြုလိုက်တာနဲ့ အတူတူပဲ မလား"

"ဒါပေါ့ ဘယ်တူမလဲ။ " ဆန်းဟုန် ဒေါသတကြီးဖြင့် ငြင်းမရနိုင်သော လေသံသုံးကာ ပြောလေသည်။
"မင်းကိစ္စအကြီးကြီးတွေ အောင်မြင်ချင်ရင် မင်းသာမန်လူထက်ပိုပြီး သည်းခံနိုင်ရမယ်။ အဲ့လိုသာ တကယ်ဖြစ်သွားရင် ကိစ္စကို အဆုံးထိမသိဘဲ မင်းကျန်းတန်ကို အပြစ်တင်လို့မရဘူး။ မဟုတ်ရင် မင်းသူ့ကို တစ်ခြားယောက်ျားရင်ခွင်ထဲ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်။ "

"မင်းလုပ်ရမှာက သူ့ကို နှစ်သိမ့်ပေးပြီး ခွင့်လွှတ်ရမယ်။ သူ့စိတ်ကို လုံးဝ စိတ်ချရအောင်လုပ်ပြီး သူ့ကို မင်းအတွက် ဆက်အလုပ်လုပ်ပေးဖို့ မင်းလုပ်နိုင်သမျှ အားလုံး လုပ်ရမယ်။ အခြေအနေအားလုံး ပြီးဆုံးသွားတဲ့အခါမှ မင်းသူနဲ့ စာရင်းရှင်းလို့ရမှာ"

ဆန်းရှန် ဒီကိစ္စကို သဘောမတူနိုင်ပေ။ သို့သော် သူ့အဖေက အမြဲတမ်း စည်းပမ်းတင်းကြပ်၍ ပြန်ငြင်းရန် မတတ်နိုင်ပေ။
"ဟုတ်ပြီ ကျွန်တော်သိပြီ"

သူ့ စိတ်မပါ့တပါ အသံက ဆန်းဟုန်ကို မျက်လုံးများ ကျဉ်းမြောင်းသွားစေသည်။ သို့သော် ဘာမှတော့ ဆက်မပြောချေ။ ကျန်းတန်က လမ်းမှားမရောက်မိအောင် ဉာဏ်ကောင်းဖို့ပဲ မျှော်လင့်ရတော့သည်။
ဆန်းဟုန် ပြန်ထိုင်လိုက်ပြီး
"ငါ အခုမှ အမှတ်ရတယ်။ မင်းက အထက်တန်းစား အပျော်မယ် စုဝေးပွဲကို သွားမလို့မလား"ရေနွေးသောက်ရင်း အေးအေးဆေးဆေး မေးလိုက်သည်။

"ဟုတ်တယ် ။ အင်မော်တယ် ဗိမ္မာန် ရဲ့ ဘုရင်မ ရှို့ဟုန်လေ က ဧည့်သည်တစ်ယောက်တည်းက ဖျော်ဖြေပေးမယ်လို့ ကြားလိုက်လို့။ ရှို့သခင်မရဲ့ အနုပညာက တစ်ဖက်ကမ်းခတ်တယ်။ ယောက်ျားပေါင်းများစွာ သူ့ရှေ့မှာ ခစားပေမဲ့ ဒီအချိန်ထိ အနုပညာပဲ ရောင်းပြီး ခန္ဓာကိုယ်မရောင်းဘဲ အပျိုစင်ဖြစ်နေတုန်းပဲ။ ဒီမြို့က ယောက်ျားတွေ သူ့ကို မျက်စိကျနေတာ ကြာပြီ။ ကျွန်တော်လည်း ဒီည ကံသွားစမ်းကြည့်မလို့..."
ပြောရင်းနှင့် သူ့အအဖေမျက်နှာ အန္တရာယ် အရိပ်အငွေ့များ ပေါ်လာကြောင်း သတိထားမိလိုက်ပြီး တဖြည်းဖြည်း ပါးစပ်ပိတ်လိုက်သည်။ သူ့အဖေနဲ့ ဒါတွေပြောနေရတာ ရှက်စရာကောင်းလွန်းသည်။

ဆန်းဟုန် နှာမှုတ်လိုက်ပြီး
"မင်း ဒီည သွားဖို့မလိုဘူး။ အစိုးရ အရာရှိတစ်ယောက် အပျော်မယ်တွေရဲ့ နေရာကို သွားတာ..နောက်ဆို ဘာလာဦးမလဲ"

"အပျော်မယ်အိမ်ရာက ချောမောပြီး တင့်တယ်တဲ့ လူတွေပဲ။ ဒါကို လက်မခံနိုင်စရာ မရှိပါဘူး" ဆန်းရှန် ခုခံလိုက်သည်။

"အဲ့ဒီ ရှို့ဟုန်လေက မြင်ရတာထက် ပိုတယ်" ဆန်းဟုန် အသံလေးလေးဖြင့် ပြောလိုက်သည်။
"ငါသူ့အကြောင်း နောက်ကြောင်းလိုက်ဖူးတယ်..."

အာ..လက်စသတ်တော့ ငါ့အဖေလည်း သူ့ကို စိတ်ဝင်စားနေတာကိုး။
ဆန်းရှန် သိသားပဲ ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ငါ့ကို မသွားခိုင်းတာ မဆန်းတော့ဘူး။
ငါ့ကို သူနဲ့ အပြိုင်လုမှာ ကြောက်လို့ပဲ မလား။

အကြည့်တစ်ချက်တည်းနှင့် သူ့သားဘာတွေးနေလဲ ဆန်းဟုန် သိလိုက်သည်။ သူ့မျက်နှာ မည်းသွားပြီး
"ပေါက်ကရတွေ။ ငါ့တာဝန်ပြီးမြောက်အောက် လိုအပ်တဲ့ သတင်းအကုန် ရဖို့ပဲ ငါလုပ်ခဲ့တာ။ ဒီမိန်းမက လပြည့်မြို့မှာ နာမည်ကြီးလို့ ငါသူ့အကြောင်း စုံစမ်းရတာပေါ့။ သာမန် အပျော်မယ်တစ်ယောက် ဖြစ်နေတာ နှမြောစရာပဲ"

"အစတည်းက သူက အပျော်မယ်လား" သူ့အဖေ ဘာကို ဆိုလိုမှန်း ဆန်းရှန် မှန်းလိုက်သည်။

"အဲ့တာက ထူးဆန်းတာပဲ။ " ဆန်းဟုန် ပြတင်းပေါက်မှတစ်ဆင့် မြို့တောင်ခြမ်းကို ကြည့်လိုက်သည်။
"သူက ဒီလောက်လှလို့ ဂုဏ်သတင်း ကျော်ကြားတာ။ သူသာ သာမန်အပျော်မယ်ဆို ဒီအချိန်ထိ သူ့ရဲ့ ဖြူစင်မှုကို ဘယ်လို ထိန်းသိမ်းထားနိုင်မှာလဲ"

"အာ.." သူ့အဖေ ထောက်ပြမှ တစ်ခုခုမှားနေကြောင်း သတိထားမိလိုက်သည်။

ဆန်းဟုန် ဆက်ပြောသည်။
"ပြီးတော့ မင်းက ကျန်းအိမ်နဲ့ စေ့စပ်ပွဲကို ကြေညာထားတာ မကြာသေးဘူး။ ဒါတောင် မင်းက ပြည့်တန်ဆာတစ်ယောက်ကို သွားရှာနေသေးတယ်။ ကျန်းတန်နဲ့ ကျန်းတစ်အိမ်လုံးကို ဘာပြချင်လို့လဲ။ ချူအိမ်ကို ရင်ဆိုင်ဖို့အတွက် ငါတို့ ကျန်းအိမ်ရဲ့ အကူအညီ လိုတယ်။ မင်းရဲ့ အခွင့်အရေး ဆိုတာကြောင့် အိမ်တော်နှစ်ခုကြား အငြင်းပွားစရာ ဖြစ်မှာ ငါမလိုချင်ဘူး။ ဒီနေ့အိမ်မှာနေ။ မင်းဘယ်မှ သွားခွင့်မရှိဘူး"

ဆန်းရှန် ခေါင်းငိုက်စိုက်ကျသွားသည်။ သို့သော် သူ့အဖေအမိန့်ကို မလွန်ဆန်နိုင်ကြောင်း သူနားလည်လေသည်။ အင်မော်တယ်ဗိမ္မာန်ရှိရာ မြို့တောင်ဘက်ကို ငေးရင်း ခါးသက်နေမိသည်။ ဒီလို ထူးခြားတဲ့ပန်းကို ဘယ်ကံကောင်းတဲ့မျိုးမစစ် ရသွားမလဲ တွေးမိနေသည်။

...

ဇူအန် ကျီတန်ထုကို လိုက်ပို့ပြီးနောက် အခန်းပြန်ကာ တရားဆက်ထိုင်၍ ကျင့်ကြံလိုက်သည်။ ချင်ဝမ်ယွီက ချူချူယန်ကို စောင့်ကြည့်နေ၍ သူသွားရန် မဖြစ်နိုင်ပေ။

သူထိုင်ပြီး မကြာခင် တံခါးခေါက်သံ ဆက်တိုက် ပေါ်လာသည်။
"အားဇူ အားဇူ မင်းဒီမှာလား"

ဇူအန် ခေတ္တ ကြောင်သွားသည်။ ဒီအသံက တစ်ချက် ရင်းနှီးနေသည်။ အချိန်တစ်ခုကြာအောင် တွေးလိုက်ပြီးနောက် အိမ်တော်ပြိုင်ပွဲတွင် တွေ့ခဲ့သော တတိယ အိမ်တော်ခွဲမှ ချူယွဲ့ရှန် ဖြစ်ကြောင်း သတိရလိုက်သည်။ ချူအိမ်တော်တွင် အရင်တုန်းကလည်း တစ်ခါတစ်ရံ နှုတ်ဆက်ဖြစ်ကြသည်။ သို့သော် အဲ့တာထက် မပိုပေ။

ဒီကောင် ငါ့ဆီက ဘာလိုချင်တာလဲ။
ဇူအန် ပဟေဠိ ဖြစ်နေသည်။ ဇူအန် ထကြည့်လိုက်သည်။ အမှန်ပဲ။ ဝဝတုတ်တုတ် လူငယ်တစ်ယောက် အပြုံးကြီးကြီး တစ်ခုဖြင့် အဝတွင် ရပ်နေလေသည်။
မျက်လုံးများ မှေးလွန်း၍ ပိတ်ကျလုနီးပါးပင်။

ဇူအန် သူ့ကို လျှော့မတွက်ရဲပေ။ အိမ်တော်ပြိုင်ပွဲတုန်းက ဒီကောင်လေးက အဆီများက လူသားဒိုင်းကာဖြစ်ပြီး သံချပ်ကာကားတစ်စီးလို လှိမ့်ခဲ့လေသည်။ ရန်သူကို ပြန်တုံပြန်ရင် အခွင့်အရေးပင် မပေးခဲ့ချေ။
ပိုအံ့သြစရာကောင်းတာက နောက်လူတစ်ယောက် ရှိနေခြင်းပေ။ ရင်ဘတ်ရှေ့တွင် ဓါးတစ်ချောင်းပိုက်ကာကိုင်ထားသည်။ မျက်နှာက အေးစက်စွာ မာနကြီးဟန်ရှိသည်။ ဒါကတော့ ဒုတိယအိမ်တော်ခွဲက ချူဟုန်ခိုင် ပင် ဖြစ်တော့သည်။

"မင်းတို့နှစ်ယောက် ငါ့ကိုရှာတာ ဘာလိုလို့လဲ" ဇူအန် သိချင်စွာ မေးလိုက်သည်။

"ဒါပေါ့။ မင်းကို ကောင်းတာတစ်ခုခုအတွက် လိုအပ်လို့" ချူယွဲ့ရှန် ရှေ့တက်ကာ ဇူအန်ပုခုံးကို ဖက်လိုက်သည်။ မျက်နှာတွင် အချင်းချင်း သိနေသော အပြုံးဖြင့်
"ဒီနေ့ညက အင်မော်တယ် ဗိမ္မာန်ရဲ့ အထက်တန်းစား အပျော်မယ် စုဝေးပွဲလေ။ မင်းလိုက်မှာလား"

----- ----- ---------------------------------------------- -- -- -- -----

Chapter 237: အထက္တန္းစား အေပ်ာ္မယ္

ဆန္းရွန္ ရင္ထိတ္သြားသည္။
"အေဖ ဘယ္လိုလုပ္ သိလဲ"

"ကိစၥတစ္ခုကို လုံးဝမသိေစခ်င္ရင္ သိသမွ်လူတိုင္းကို ႏႈတ္ပိတ္နိုင္မွ ရမယ္" ဆန္းဟုန္ ေအးစက္စက္ ေျပာလိုက္သည္။
"ပ်ားရည္ေထာင္ေခ်ာက္တဲ့။ မင္းလိုလူပဲ ဒီလိုအရာမ်ိဳး စဥ္းစားမွာ"

ဆန္းရွန္ အရွက္ရ၍ နီရဲသြားသည္။
"ကြၽန္ေတာ္က မက္မြန္ပြင့္ဂိုဏ္းရဲ႕ စီးပြားေရးကို လက္လႊဲယူဖို႔ လုပ္ေနတာပါ။ က်ဳပ္တို႔မွာလည္ ကိုယ္ပိုင္ ေလာင္းကစား.."

"ေတာ္ၿပီ။  ငါဒီလိုအေၾကာင္းေတြကို မသိခ်င္ဘူး" ဆန္းဟုန္ စိတ္မရွည္ဟန္ ျဖတ္ေျပာလိုက္သည္။

"အာ.." ဆန္းရွန္ စိတ္ထဲက အဆက္မျပတ္ က်ိန္ဆဲလိုက္မိသည္။
အေဖကေတာ့ ျမင့္ျမတ္ၿပီး ကိုယ္က်င့္တရားေကာင္းမြန္တာေပါ့။ စည္းစိမ္ဥစၥာလည္း မမက္ေမာဘူး။ ဒါေပမဲ့ ေတာ္ဝင္လႊတ္ေတာ္မွာ ရာထူးတက္ဖို႔ စည္းစိမ္အမ်ားႀကီးလိုအပ္တယ္။ ဘယ္လိုလုပ္ အရာရွိလစာတစ္ခုတည္းက လုံေလာက္မလဲ။

ထိုသို႔ေတြးေသာ္လည္း ဆန္းရွန္ေျဖရွင္းခ်က္ထုတ္လိုက္ေသးသည္။
"ရည္မွန္းခ်က္ႀကီးတဲ့လူေတြက ကိစၥေသးေသးေလးေတြကို စိတ္ထဲမထားဘူး။ ၿပီးေတာ့  ရမၼက္နဲ႕ ဆြဲေဆာင္တာ ဘယ္ေလာက္အသုံးဝင္လဲ သမိုင္းမွာ အႀကိမ္မ်ားစြာ သက္ေသရွိၿပီးသား"

ဆန္းဟုန္ သူ႕သားကို မ်က္ေစာင္းထိုးလိုက္သည္။
"မင္းတကယ္ တုံးတာလား။ တစ္ျခားလူေတြက ေသခ်ာပ်ိဳးေထာင္ထားတဲ့ မိန္းမသူလွ်ိုေတြကို သုံးတာေလ။ ဘယ္သူက သူတို႔ကိုယ္ပိုင္ သတို႔သမီးေလာင္းကို သုံးလို႔လဲ"

ဆန္းရွန္ အသာရယ္လိုက္သည္။
"ဒီေလာက္အခ်ိန္တိုအတြင္ သင့္ေတာ္တဲ့လူကို ရွာမေတြ႕လို႔ပါ။ အဲ့တာေၾကာင့္ က်န္းတန္ကို စမ္းခိုင္းလိုက္တာ။ စိတ္မပူပါနဲ႕ ။ သူက တင့္တယ္ၿပီး သိကၡာႀကီးတယ္ ။ ၿပီးေတာ့ အေတာ္ေလးလည္း ဉာဏ္ေကာင္းတယ္။ သူက ဇူအန္သူ႕ကို အသားယူတာခံမွာ မဟုတ္ပါဘူး"

ဆန္းဟုန္ ေအးစက္စက္ေျပာလိုက္သည္။
"မင္းဘယ္နားက ယုံၾကည္မႈေတြ ရလာလဲ ငါမသိဘူး။ ဒါက မီးနဲ႕ ကစားေနတာပဲ။ တစ္ခ်က္ေလးမွားတာနဲ႕ မင္းမိန္းမကိုပါ ေပးလိုက္ရမယ္"

"စိတ္မပူနဲ႕ အေဖ။ သူက ဘယ္လိုလုပ္ ႐ုပ္ရည္ ေနာက္ခံနဲ႕ အစြမ္းအစမွာ က်ဳပ္ကို မီမွာလဲ။ " ဆန္းရွန္ ဂုဏ္ေမာက္စြာ ေျပာလိုက္သည္။
"က်န္းမိန္းကေလး က ဒီေလာက္ အျမင့္မွန္းတာ အဲ့လိုေကာင္တစ္ေယာက္ကို ဘယ္လိုလုပ္ ႀကိဳက္မလဲ"

ဒီကိစၥကို ေပါ့ေပါ့ေလး သေဘာထားေနေသာ သူ႕သားေၾကာင့္ ဆန္းဟုန္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူက တကယ္ႀကီး ေျမာက္ႂကြႂကြ နိုင္လြန္းေနသည္။ သို႔ေသာ္ ဆန္းဟုန္ ထိုကေလးမ က်န္းတန္ကို ျမင္ဖူးသည္။ အေပၚယံတြင္ ႏူးညံ့ၿပီး ခ်ိဳသာပုံေပၚေသာ္လည္း ေခါင္းမာေသာ မိန္းကေလးတစ္ဦးပင္။ သူ႕မွာ ေနာက္ခံလည္း ေကာင္းေကာင္းရွိေသာ္ေၾကာင့္ အိမ္ပါသားမက္တစ္ေယာက္အေပၚ စိတ္ေရာက္ရန္ အေတာ္ေလး အခြင့္နည္းေလသည္။

သူ႕အေၾကာင္းျပခ်က္ႏွင့္သူ စိတ္ခ်သြားရၿပီး
"ထားလိုက္ပါေတာ့။ အရာအားလုံးက လုပ္လက္စဆိုေတာ့ သူ႕ကို ေနာက္ထပ္ တာဝန္တစ္ခု ေပးလိုက္။ ဇူအန္ေနာက္က အဲ့ဒီပညာရွင္အေၾကာင္း တစ္ခုခုသိနိုင္လား ေမးခိုင္းလိုက္"

ဆန္းရွန္ ေၾကာင္သြားၿပီး
"ခုနက ကြၽန္ေတာ္နဲ႕ မ်က္ႏွာဖုံးစြတ္လူကို တာဝန္ခြဲေပးၿပီးၿပီ မဟုတ္ဘူးလား"

ဆန္းဟုန္ ေခါင္းယမ္းလိုက္သည္။
"အဲ့ဒီပညာရွင္က သူ႕အေၾကာင္းကို တမင္တကာ ဖုံးကြယ္ထားတာဆိုရင္ သူတို႔ ခ်ဴအိမ္ထဲကေန ထုတ္နိုင္မွာမဟုတ္ဘူး။ မင္းဘက္ကလည္း တူတူပဲ။ အဲ့တာေၾကာင့္ ဇူအန္ သူ႕အလွမွာေျမာၿပီး တစ္ခုခုေျပာျပရင္ ပိုေကာင္းလိမ့္မယ္။ "
သူ႕မ်က္ႏွာတြင္ စိုးရိမ္မႈမ်ား ေပၚလာသည္။ လျပည့္ၿမိဳ႕တြင္ လုပ္ရမည့္တာဝန္ကို ေက်ပြန္မည္ဟု အလြန္ယုံၾကည္မႈ ျပည့္ဝခဲ့သည္။ သို႔ေသာ္ ဒီပညာရွင္၏ သတင္းက ေနာက္ထပ္ မသိနိုင္ေသာအေျပာင္းအလဲျဖစ္လာသည္။ သူ႕အႀကံ အနိုင္အရႈံးက ဒီကိစၥအေပၚ မူတည္ေနသည္။ ဒါ့ေၾကာင့္ပဲ ဒီအေျပာင္းအလဲေတြကို အျမန္ဆုံး ဖယ္ရွားရမည္။

"ေကာင္းၿပီေလ ကြၽန္ေတာ္ က်န္းတန္နဲ႕ စကားေျပာလိုက္မယ္" ဆန္းရွန္ သေဘာတူလိုက္သည္။ သူ မေက်နပ္သလို ခံစားလိုက္ရသည္။ သူ႕ သတို႔သမီးေတာင္းကို ပ်ားရည္ေထာင္ေခ်ာက္အျဖစ္ အသုံးခ်ေသာေၾကာင့္ အဆူခံလိုက္ရၿပီး ေနာက္ဆုံး သူ႕အေဖကပါ ဒီအစီအစဥ္ကို အသုံးခ်လိဳက္ေသးသည္။

ေခတၱေတြေဝၿပီးေနာက္ ဆန္းဟုန္ေမးလိုက္သည္။
"မင္းေနာက္တစ္ခု စိတ္ထဲ ထည့္ထားရမွာ ရွိေသးတယ္။ က်န္းတန္သာ မင္းကိုစိတ္ပ်က္ေစတဲ့ တစ္ခုခု လုပ္မိသြားရင္ မင္းဘာဆက္လုပ္မလဲ"

"သူလုပ္ရဲတယ္လား" က်န္းတန္ ဇူအန္ေအာက္တြင္ ေရာက္ေနပုံကို ျမင္ေယာင္ၿပီး သြားဖုံးမ်ားနာလာေအာင္ပင္အံႀကိတ္လိုက္မိသည္။
"က်ဳပ္ကိုသာ စိတ္ပ်က္ေစတဲ့ တစ္ခုခုလုပ္လိုက္ရင္ သူ႕အိမ္က ေခြးပါ အသက္မရွင္ေစရဘူးလို႔ အာမခံတယ္"

"အရင္လိုပဲ။ မင္းရဲ႕ ေဒါသက မင္းရဲ႕ အေျခအေနမသိတာက စတာပဲ" ဆန္းဟုန္ ေဒါသတႀကီး ျပန္ေျပာသည္။
"အဲ့လိုသာ တကယ္ျဖစ္သြားရင္ မင္ဘာမွ မျဖစ္သလို ဟန္ေဆာင္ရမယ္"

သူ႕စကားမဆုံးခင္ပင္ အျဖတ္ခံလိုက္ရသည္။
"အဲ့တာက ေဖာက္ျပန္ဖို႔ ခြင့္ျပဳလိုက္တာနဲ႕ အတူတူပဲ မလား"

"ဒါေပါ့ ဘယ္တူမလဲ။ " ဆန္းဟုန္ ေဒါသတႀကီးျဖင့္ ျငင္းမရနိုင္ေသာ ေလသံသုံးကာ ေျပာေလသည္။
"မင္းကိစၥအႀကီးႀကီးေတြ ေအာင္ျမင္ခ်င္ရင္ မင္းသာမန္လူထက္ပိုၿပီး သည္းခံနိုင္ရမယ္။ အဲ့လိုသာ တကယ္ျဖစ္သြားရင္ ကိစၥကို အဆုံးထိမသိဘဲ မင္းက်န္းတန္ကို အျပစ္တင္လို႔မရဘူး။ မဟုတ္ရင္ မင္းသူ႕ကို တစ္ျခားေယာက္်ားရင္ခြင္ထဲ တြန္းပို႔သလို ျဖစ္သြားလိမ့္မယ္။ "

"မင္းလုပ္ရမွာက သူ႕ကို ႏွစ္သိမ့္ေပးၿပီး ခြင့္လႊတ္ရမယ္။ သူ႕စိတ္ကို လုံးဝ စိတ္ခ်ရေအာင္လုပ္ၿပီး သူ႕ကို မင္းအတြက္ ဆက္အလုပ္လုပ္ေပးဖို႔ မင္းလုပ္နိုင္သမွ် အားလုံး လုပ္ရမယ္။ အေျခအေနအားလုံး ၿပီးဆုံးသြားတဲ့အခါမွ မင္းသူနဲ႕ စာရင္းရွင္းလို႔ရမွာ"

ဆန္းရွန္ ဒီကိစၥကို သေဘာမတူနိုင္ေပ။ သို႔ေသာ္ သူ႕အေဖက အၿမဲတမ္း စည္းပမ္းတင္းၾကပ္၍ ျပန္ျငင္းရန္ မတတ္နိုင္ေပ။
"ဟုတ္ၿပီ ကြၽန္ေတာ္သိၿပီ"

သူ႕ စိတ္မပါ့တပါ အသံက ဆန္းဟုန္ကို မ်က္လုံးမ်ား က်ဥ္းေျမာင္းသြားေစသည္။ သို႔ေသာ္ ဘာမွေတာ့ ဆက္မေျပာေခ်။ က်န္းတန္က လမ္းမွားမေရာက္မိေအာင္ ဉာဏ္ေကာင္းဖို႔ပဲ ေမွ်ာ္လင့္ရေတာ့သည္။
ဆန္းဟုန္ ျပန္ထိုင္လိုက္ၿပီး
"ငါ အခုမွ အမွတ္ရတယ္။ မင္းက အထက္တန္းစား အေပ်ာ္မယ္ စုေဝးပြဲကို သြားမလို႔မလား"ေရႏြေးေသာက္ရင္း ေအးေအးေဆးေဆး ေမးလိုက္သည္။

"ဟုတ္တယ္ ။ အင္ေမာ္တယ္ ဗိမၼာန္ ရဲ႕ ဘုရင္မ ရွို႔ဟုန္ေလ က ဧည့္သည္တစ္ေယာက္တည္းက ေဖ်ာ္ေျဖေပးမယ္လို႔ ၾကားလိုက္လို႔။ ရွို႔သခင္မရဲ႕ အႏုပညာက တစ္ဖက္ကမ္းခတ္တယ္။ ေယာက္်ားေပါင္းမ်ားစြာ သူ႕ေရွ႕မွာ ခစားေပမဲ့ ဒီအခ်ိန္ထိ အႏုပညာပဲ ေရာင္းၿပီး ခႏၶာကိုယ္မေရာင္းဘဲ အပ်ိဳစင္ျဖစ္ေနတုန္းပဲ။ ဒီၿမိဳ႕က ေယာက္်ားေတြ သူ႕ကို မ်က္စိက်ေနတာ ၾကာၿပီ။ ကြၽန္ေတာ္လည္း ဒီည ကံသြားစမ္းၾကည့္မလို႔..."
ေျပာရင္းႏွင့္ သူ႕အအေဖမ်က္ႏွာ အႏၱရာယ္ အရိပ္အေငြ႕မ်ား ေပၚလာေၾကာင္း သတိထားမိလိုက္ၿပီး တျဖည္းျဖည္း ပါးစပ္ပိတ္လိုက္သည္။ သူ႕အေဖနဲ႕ ဒါေတြေျပာေနရတာ ရွက္စရာေကာင္းလြန္းသည္။

ဆန္းဟုန္ ႏွာမႈတ္လိုက္ၿပီး
"မင္း ဒီည သြားဖို႔မလိုဘူး။ အစိုးရ အရာရွိတစ္ေယာက္ အေပ်ာ္မယ္ေတြရဲ႕ ေနရာကို သြားတာ..ေနာက္ဆို ဘာလာဦးမလဲ"

"အေပ်ာ္မယ္အိမ္ရာက ေခ်ာေမာၿပီး တင့္တယ္တဲ့ လူေတြပဲ။ ဒါကို လက္မခံနိုင္စရာ မရွိပါဘူး" ဆန္းရွန္ ခုခံလိုက္သည္။

"အဲ့ဒီ ရွို႔ဟုန္ေလက ျမင္ရတာထက္ ပိုတယ္" ဆန္းဟုန္ အသံေလးေလးျဖင့္ ေျပာလိုက္သည္။
"ငါသူ႕အေၾကာင္း ေနာက္ေၾကာင္းလိုက္ဖူးတယ္..."

အာ..လက္စသတ္ေတာ့ ငါ့အေဖလည္း သူ႕ကို စိတ္ဝင္စားေနတာကိုး။
ဆန္းရွန္ သိသားပဲ ဟူေသာ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။
ငါ့ကို မသြားခိုင္းတာ မဆန္းေတာ့ဘူး။
ငါ့ကို သူနဲ႕ အၿပိဳင္လုမွာ ေၾကာက္လို႔ပဲ မလား။

အၾကည့္တစ္ခ်က္တည္းႏွင့္ သူ႕သားဘာေတြးေနလဲ ဆန္းဟုန္ သိလိုက္သည္။ သူ႕မ်က္ႏွာ မည္းသြားၿပီး
"ေပါက္ကရေတြ။ ငါ့တာဝန္ၿပီးေျမာက္ေအာက္ လိုအပ္တဲ့ သတင္းအကုန္ ရဖို႔ပဲ ငါလုပ္ခဲ့တာ။ ဒီမိန္းမက လျပည့္ၿမိဳ႕မွာ နာမည္ႀကီးလို႔ ငါသူ႕အေၾကာင္း စုံစမ္းရတာေပါ့။ သာမန္ အေပ်ာ္မယ္တစ္ေယာက္ ျဖစ္ေနတာ ႏွေျမာစရာပဲ"

"အစတည္းက သူက အေပ်ာ္မယ္လား" သူ႕အေဖ ဘာကို ဆိုလိုမွန္း ဆန္းရွန္ မွန္းလိုက္သည္။

"အဲ့တာက ထူးဆန္းတာပဲ။ " ဆန္းဟုန္ ျပတင္းေပါက္မွတစ္ဆင့္ ၿမိဳ႕ေတာင္ျခမ္းကို ၾကည့္လိုက္သည္။
"သူက ဒီေလာက္လွလို႔ ဂုဏ္သတင္း ေက်ာ္ၾကားတာ။ သူသာ သာမန္အေပ်ာ္မယ္ဆို ဒီအခ်ိန္ထိ သူ႕ရဲ႕ ျဖဴစင္မႈကို ဘယ္လို ထိန္းသိမ္းထားနိုင္မွာလဲ"

"အာ.." သူ႕အေဖ ေထာက္ျပမွ တစ္ခုခုမွားေနေၾကာင္း သတိထားမိလိုက္သည္။

ဆန္းဟုန္ ဆက္ေျပာသည္။
"ၿပီးေတာ့ မင္းက က်န္းအိမ္နဲ႕ ေစ့စပ္ပြဲကို ေၾကညာထားတာ မၾကာေသးဘူး။ ဒါေတာင္ မင္းက ျပည့္တန္ဆာတစ္ေယာက္ကို သြားရွာေနေသးတယ္။ က်န္းတန္နဲ႕ က်န္းတစ္အိမ္လုံးကို ဘာျပခ်င္လို႔လဲ။ ခ်ဴအိမ္ကို ရင္ဆိုင္ဖို႔အတြက္ ငါတို႔ က်န္းအိမ္ရဲ႕ အကူအညီ လိုတယ္။ မင္းရဲ႕ အခြင့္အေရး ဆိုတာေၾကာင့္ အိမ္ေတာ္ႏွစ္ခုၾကား အျငင္းပြားစရာ ျဖစ္မွာ ငါမလိုခ်င္ဘူး။ ဒီေန႕အိမ္မွာေန။ မင္းဘယ္မွ သြားခြင့္မရွိဘူး"

ဆန္းရွန္ ေခါင္းငိုက္စိုက္က်သြားသည္။ သို႔ေသာ္ သူ႕အေဖအမိန့္ကို မလြန္ဆန္နိုင္ေၾကာင္း သူနားလည္ေလသည္။ အင္ေမာ္တယ္ဗိမၼာန္ရွိရာ ၿမိဳ႕ေတာင္ဘက္ကို ေငးရင္း ခါးသက္ေနမိသည္။ ဒီလို ထူးျခားတဲ့ပန္းကို ဘယ္ကံေကာင္းတဲ့မ်ိဳးမစစ္ ရသြားမလဲ ေတြးမိေနသည္။

...

ဇူအန္ က်ီတန္ထုကို လိုက္ပို႔ၿပီးေနာက္ အခန္းျပန္ကာ တရားဆက္ထိုင္၍ က်င့္ႀကံလိုက္သည္။ ခ်င္ဝမ္ယြီက ခ်ဴခ်ဴယန္ကို ေစာင့္ၾကည့္ေန၍ သူသြားရန္ မျဖစ္နိုင္ေပ။

သူထိုင္ၿပီး မၾကာခင္ တံခါးေခါက္သံ ဆက္တိုက္ ေပၚလာသည္။
"အားဇူ အားဇူ မင္းဒီမွာလား"

ဇူအန္ ေခတၱ ေၾကာင္သြားသည္။ ဒီအသံက တစ္ခ်က္ ရင္းႏွီးေနသည္။ အခ်ိန္တစ္ခုၾကာေအာင္ ေတြးလိုက္ၿပီးေနာက္ အိမ္ေတာ္ၿပိဳင္ပြဲတြင္ ေတြ႕ခဲ့ေသာ တတိယ အိမ္ေတာ္ခြဲမွ ခ်ဴယြဲ႕ရွန္ ျဖစ္ေၾကာင္း သတိရလိုက္သည္။ ခ်ဴအိမ္ေတာ္တြင္ အရင္တုန္းကလည္း တစ္ခါတစ္ရံ ႏႈတ္ဆက္ျဖစ္ၾကသည္။ သို႔ေသာ္ အဲ့တာထက္ မပိုေပ။

ဒီေကာင္ ငါ့ဆီက ဘာလိုခ်င္တာလဲ။
ဇူအန္ ပေဟဠိ ျဖစ္ေနသည္။ ဇူအန္ ထၾကည့္လိုက္သည္။ အမွန္ပဲ။ ဝဝတုတ္တုတ္ လူငယ္တစ္ေယာက္ အၿပဳံးႀကီးႀကီး တစ္ခုျဖင့္ အဝတြင္ ရပ္ေနေလသည္။
မ်က္လုံးမ်ား ေမွးလြန္း၍ ပိတ္က်လဳနီးပါးပင္။

ဇူအန္ သူ႕ကို ေလွ်ာ့မတြက္ရဲေပ။ အိမ္ေတာ္ၿပိဳင္ပြဲတုန္းက ဒီေကာင္ေလးက အဆီမ်ားက လူသားဒိုင္းကာျဖစ္ၿပီး သံခ်ပ္ကာကားတစ္စီးလို လွိမ့္ခဲ့ေလသည္။ ရန္သူကို ျပန္တုံျပန္ရင္ အခြင့္အေရးပင္ မေပးခဲ့ေခ်။
ပိုအံ့ၾသစရာေကာင္းတာက ေနာက္လူတစ္ေယာက္ ရွိေနျခင္းေပ။ ရင္ဘတ္ေရွ႕တြင္ ဓါးတစ္ေခ်ာင္းပိုက္ကာကိုင္ထားသည္။ မ်က္ႏွာက ေအးစက္စြာ မာနႀကီးဟန္ရွိသည္။ ဒါကေတာ့ ဒုတိယအိမ္ေတာ္ခြဲက ခ်ဴဟုန္ခိုင္ ပင္ ျဖစ္ေတာ့သည္။

"မင္းတို႔ႏွစ္ေယာက္ ငါ့ကိုရွာတာ ဘာလိုလို႔လဲ" ဇူအန္ သိခ်င္စြာ ေမးလိုက္သည္။

"ဒါေပါ့။ မင္းကို ေကာင္းတာတစ္ခုခုအတြက္ လိုအပ္လို႔" ခ်ဴယြဲ႕ရွန္ ေရွ႕တက္ကာ ဇူအန္ပုခုံးကို ဖက္လိုက္သည္။ မ်က္ႏွာတြင္ အခ်င္းခ်င္း သိေနေသာ အၿပဳံးျဖင့္
"ဒီေန႕ညက အင္ေမာ္တယ္ ဗိမၼာန္ရဲ႕ အထက္တန္းစား အေပ်ာ္မယ္ စုေဝးပြဲေလ။ မင္းလိုက္မွာလား"

----- ----- ---------------------------------------------- -- -- -- -----

Continue Reading

You'll Also Like

77.6K 10.6K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
471K 57K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
1.7M 94.3K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...