ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

50.3K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

234

337 41 0
By SoeHmue

Chapter 234: အပြန်အလှန်

ကျီတန်ထု ချက်ချင်း ဇူအန်အင်္ကျီရင်ဘတ်ကို ဖမ်းဆုပ်လိုက်သည်။ “ရှောင်ချီအပေါ် မင်း ဘာလုပ်ခဲ့တာလဲ”

“အစ်ကိုကြီး စိတ်လျော့ပါအုံး စိတ်လျော့ပါအုံး” အဲ့လိုတုံ့ပြန်မှုမျိုး ရလိမ့်မယ်လို့ ဇူအန် ဘယ်လိုမှ ကြိုမတွေးမိခဲ့ပေ။ ချက်ချင်း မတရားခံရသော အသံမျိုးဖြင့် ပြောလိုက်သည်။ “ကျုပ် ဘာမှမလုပ်ခဲ့ပါဘူး”

“အဲ့ဒါဆို မင်းညီလေး ပြန်ကောင်းမကောင်း ဘာလို့ သူ့ဆီမေးခိုင်းရတာလဲ” ကျီတန်ထုမျက်ဝန်းထဲ၌ အန္တရာယ်များသည့် အရိပ်အခြည် ဖျတ်ခနဲ လက်သွားသည်။ သူ၏ ပုံမှန်ပေါ့ပြက်ပြက်နိုင်သော အမူအကျင့်သည် ဘယ်ရောက်သွားမှန်း မသိတော့ချေ။

“သူကျုပ်ကို အဲ့အကြောင်း မေးလို့ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး ကျုပ် သူ့ကို ပြောပြခဲ့လို့ပေါ့” ဇူအန် လုံးဝဆွံ့အသွားသည်။ အဖေတွေအားလုံးက သူတို့သမီးတွေ အခြားယောကျာ်းလေးတွေရဲ့ ချဉ်းကပ်ခံလိုက်ရရင် ဒီလိုပုံစံမျိုး ဖြစ်သွားကြတာလား။ သူ့သမီးနဲ့တွေ့ရင် ယောက်ျားတွေအကုန် ငတ်ပြတ်နေတဲ့ ၀က်တွေ ဂေါ်ဖီထုပ်တွေ့သလို ပြုမူကြမယ်ထင်ထားကြတာလား။

ထိုအခါကျမှသာ ကျီတန်ထု၏ အမူအရာ ပြေလျော့နူးညံ့သွားနိုင်တော့သည်။ သို့သော် သူ့မျက်ခုံးများကို ပင့်တက်သွားစေသည့် အကြောင်းအရာတစ်ခုအား သူ ချက်ချင်း စဉ်းစားမိလိုက်ပြန်သည်။ “မင်းတို့နှစ်ယောက်က ဘာလို့အဲ့လိုအကြောင်းမျိုး ပြောကြတာလဲ”

“ကျီ မိန်းကလေးက နဂိုကတည်းက ကြင်နာတတ်တဲ့သူလေ။ ဘယ်လိုပဲဆိုဆို သူငယ်ချင်းတစ်ယောက်ကို စိုးရိမ်စိတ်ပူပေးမှာက ပုံမှန်ပဲမလား” ဇူအန်သည် နတ်ဆေးဆရာ၏ လက်ကို သူ့အင်္ကျီကော်လာမှ ဖယ်ရှားပစ်ဖို့ ကြိုးစားလိုက်သည်။ “အဲ့ဒါတွေအပြင် သူက အမြဲတမ်း ဆေးပညာကို စိတ်ထက်သန်သန်နဲ့ လေ့လာသင်ယူနေခဲ့တာပဲ။ ဒီလောက်ခက်တဲ့ ကိစ္စမျိုး ထွက်ပေါ်လာချိန် ကုသနည်းလမ်းစဉ်ကို သူစိတ်ဝင်စားမှာက သေချာနေတာပဲလေ”

ထိုမျှ စကားအများကြီးပြောပြီးနောက် သူ စပြီး စိတ်တိုလာတော့သည်။
“ခင်ဗျား ဘယ်လိုလုပ်ဒီအကြောင်းကို စပြောရဲတာလဲ။ ရှောင်ချီကသာ ကျုပ်ကို မပြောရင် ခင်ဗျားရဲ့ ချိတ်ပိတ်မန္တာန်ပျက်ပြယ်ဆေး ဆိုတာက ဒီအတိုင်း ကြုံရာပြောလိုက်တာပဲဆိုတာ ကျုပ် သိခဲ့ရမှာ မဟုတ်ဘူး။ အဲ့ဒါက အလုပ်ဖြစ်မဖြစ် ခင်ဗျားကိုယ်တိုင်တောင် မသိခဲ့ဘဲနဲ့”

ထိုစကားက ကျီတန်ထု၏ နောက်ဆုံးသံသယကို ပျောက်ပြယ်သွားစေသည်။ သူ့ဖမ်းဆုပ်မှုကို လွှတ်ပေးပြီး ရှက်ရယ်ရယ်ရင်း ပြောလိုက်သည်။
“ငါ မင်းကို အဲ့အချက်မပြောပြတာက ကုသတဲ့နေရာမှာ စိတ်ဓာတ်ကလည်း အရမ်းအရမ်းအရေးကြီးလို့ပါ။ အဲ့အပြင် အဲ့ဆေးက အလုပ်ဖြစ်လိမ့်မယ်လို့ ငါ ခုနှစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ထိ ယုံကြည်ခဲ့ပါတယ်……”
သူ့ကိုယ်သူ ယုံကြည်မှု လျော့ပါးသွားသည့်ပမာ သူ့အသံသည် တဖြည်းဖြည်း တိုးသွားသည်။

ဇူအန် ဟက်ကနဲ သရော်လိုက်သည်။ ကျုပ် ခင်ဗျားကို ယုံမယ့်အတိုင်းပဲ။ အဖိုးကြီး ခင်ဗျားက တကယ်ကို တစ်ခုခုပဲ။ တကယ်လို့ ကျုပ် ခန္ဓာကိုယ်သာ ကမ္ဘာဦးမူလကျင့်စဉ်ရဲ့ ဆေးကြောသန့်စင်မှု မခံရခဲ့ရင် ကျုပ်က နှစ်ကြိမ်နှစ်ခါတောင် လှည့်စားခံလိုက်ရမှာလေ။

“ကျေးဇူးပြုပြီး အရမ်းစိတ်မတိုသွားပါနဲ့” ကျီတန်ထု ရယ်လိုက်သည်။ “အခုတော့ မင်း ကောင်းသွားပြီပဲမလား။ မင်းရဲ့ အသက်စွမ်းအင်က ပြည့်လျှံနေပြီး မင်းရဲ့ ယင်စွမ်းအင်စီးကြောင်းက သာမာန်ယောကျာ်းလေးတွေထက် အများကြီး ပိုပြင်းထန်ပြီး ပိုတည်ငြိမ်နေတယ်။ မင်း ပျော်နေသင့်တာ မဟုတ်ဘူးလား”

ယီးကို ပျော်ရွှင်…
မည်သို့ပင်ဖြစ်စေ အမှန်မှာ ဇူအန် အနည်းငယ် ကြောက်လန့်သွားမိသည်။ ဒီလူကြီးက ငါ့ကော်လာကို ဖမ်းဆုပ်တဲ့ အချိန်တခဏလေးမှာ ငါ့သွေးခုန်နှုန်းကို စမ်းသပ်သွားတာ….ဒီလောက် အဆင့်မြင့်တဲ့ ဆေးပညာရှင်မျိုးက တကယ်ကြောက်ဖို့ကောင်းတယ်။

ကျီတန်ထု ရုတ်တရက် မျက်နှာပြန်တည်သွားသည်။ “အဲ့လိုဆိုရင်တောင် နောက်ဆို ရှောင်ချီနဲ့ ဝေးဝေးမှာ နေနော်။ မင်းကို သူ့အနား သွားခွင့်မပြုတော့ဘူး” သူ လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

“ဘာလို့လဲ” ဇူအန် ကြောင်သွားသည်။  ကျီရှောင်ချီက ချစ်ဖို့လည်းကောင်းပြီး ကြင်လည်းကြင်နာတတ်တယ်၊ ပြီးတော့ သူ့ကို ကောင်းကောင်းဆက်ဆံသေးတယ်။  ဘယ်သူက ဒီလိုမျိုး သူငယ်ချင်းကောင်းကို မလိုချင်မှာလဲ။

“ဘာလို့လဲ ဆိုတာမျိုး မရှိဘူး” ကျီတန်ထု နှာရှုံ့လိုက်ပြီး “အရင်တုန်းက မင်းတို့နှစ်ယောက် ခင်ကြတာကို ငါ အရေးမလုပ်ရတဲ့အကြောင်းရင်းက မင်းညီလေးက အသုံးမကျခဲ့လို့ပဲ။ အခု အဲ့ဒါက ပြန်ကောင်းနေပြီဆိုတော့ မင်းကို ငါ့ရဲ့ အဖိုးတန်သမီးကို အန္တရာယ်ပြုခွင့် လုံးဝမပေးနိုင်ဘူး”

အသုံးမကျ ဆိုသည့် စကားကို ကြားလိုက်သည့်အချိန် ဇူအန် မျက်လုံး ပြူးကျယ်သွားသည်။ ခင်ဗျား ဒီ့ထက်ပိုပြီး ဒဲ့ပြောနိုင်အုံးမလား……

ကျီတန်ထု သူ့ကို ထူးဆန်းသည့် မျက်နှာထားနှင့် ကြည့်ပြီးထပ်ပြောလိုက်သည်။ “အဲ့ဒါတွေအပြင် မင်းက အဲ့လိုစာအုပ်မျိုးကိုလည်း ရေးသေးတာ။ မင်းဦးခေါင်းက အမှိုက်သရိုက်တွေနဲ့ပဲ ပြည့်နေတာ အသေအချာပဲ။  မင်း ငါ့သမီးနား ရှိနေတာ သိလျက်နဲ့ ငါ ဘယ်လိုလုပ်စိတ်အေးနိုင်မှာလဲ”

ဇူအန် သူ့ကို ကြည့်သာကြည့်နေလိုက်တော့သည်။
ဒီနေရာမှာ တစ်ခုခုတော့ အကြီးကြီးလွဲနေပြီ။ အဲ့လိုစာအုပ်မျိုး ဖတ်ချင်တဲ့သူက ခင်ဗျားပဲမလား။ အဲ့စာအုပ်တွေကို မူရင်းရေးတဲ့သူက ကျုပ်လည်း မဟုတ်ဘူး။

“အဲ့လိုစိတ်ညစ်စရာကောင်းတဲ့အကြောင်းမျိုး ပြောနေတာ ရပ်ကြရအောင်” ကျီတန်ထု စကားကြောင်းပြောင်းလိုက်သည်။ ဇူအန် ပုခုံးပေါ်သို့ နောက်ထပ်လက်ပြန်တင်လိုက်ပြီး “အဲ့လိုကိစ္စမျိုး ငါတို့ယောကျာ်းနှစ်ယောက်ကြား ဖြစ်လာခွင့်မပြုကြရအောင်……စကားမစပ် ကျောင်းအုပ် ‘ကောင်း’ ရဲ့ ပုံပြင်အကြောင်း အတွဲ ၂ ကို မင်းထံကနေ ငါ ဘယ်ချိန်လောက်မှာ ရနိုင်မလဲ”

“အဲ့ဝတ္ထုရဲ့ အတွဲ ၂ က လောလောဆယ် မရနိုင်သေးဘူး” ဇူအန် အံကြိတ်ရင်း ပြောလိုက်သည်။ “ဒါပေမယ့် အခြားဝတ္ထုတစ်ခုတော့ ရှိတယ်။ ခင်ဗျား လိုချင်လား မလိုချင်ဘူးလား”

“အာ…အတွဲ ၂ မရှိဘူးလား”  ကျီတန်ထု မျက်နှာသည် စိတ်ပျက်မှုများနှင့် ပြည့်သွားသည်။ “အဲ့နောက်ဝတ္ထုက အရင်တစ်ခုလိုမျိုး ကောင်းလား”

“ကောင်းတယ်။ အဲ့ဒါက ပိုစိတ်လှုပ်ရှားဖို့ကောင်းပြီး ပိုကောင်းတာ အသေအချာပဲ။ ခင်ဗျား မခံစားဖူးတဲ့ အရာမျိုးကို ခံစားရလိမ့်မယ်လို့ ကျုပ် အာမခံပေးနိုင်တယ်” ဇူအန် မျက်နှာထက်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာသည်။ အရင်တုန်းက ကျီတန်ထု၏ ကုသမှု ရရှိနိုင်ရန်အတွက် သူ့အကြိုက်ပုံစံအလိုက် ပေးရန် စာအုပ်အများအပြား သူ ပြင်ဆင်ထားခဲ့သည်။
မတူညီကွဲပြားသော စာအုပ်မျိုးစုံ ရှိသည်။ ဤလူအိုကြီးက ဘယ်လိုစာအုပ်မျိုးကို ကြိုက်လဲဆိုသည်ကိုသာ သူ မသိတာဖြစ်သည်။

ကျောင်းအုပ် ‘ကောင်း’ အကြောင်း ရေးထားတဲ့ ဝတ္ထုလေးတစ်ပုဒ်လောက်က သူ့ကို ကုစေချင်စိတ်ဖြစ်ပေါ်စေလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။ ထိုအကြောင်းကြောင့် အခြားစာအုပ်များကို ပေးရန် သူ အလျင်မလိုခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အခုချိန်တွင် အထူးအခွင့်အရေးက သူ့ဘာသာ ရောက်လာခဲ့သည်။

“ပိုစိတ်လှုပ်ရှားဖို့ကောင်းပြီး ပိုကောင်းတဲ့စာအုပ်” ကျီတန်ထု မျက်လုံး ဖျတ်ခနဲ လင်းလက်သွားသည်။ သူက စိတ်မရှည်စွာဖြင့် တောင်းလိုက်သည်။ “အဲ့ဒါက ဘယ်မှာလဲ။ မြန်မြန် ငါ့ကိုပေး ငါ့ကိုပေးတော့”

“ဒီကနေ ခဏစောင့်လိုက်” ဇူအန် သူ့အခန်းသို့ မြန်မြန်ပြေးသွားလိုက်သည်။ သူ့ကုတင်အောက်ရှိ သေတ္တာအောက်မှ အဖုံးအစိမ်းရောင်ဖြစ်သော စာအုပ်တစ်ခုကို ထုတ်ယူလိုက်သည်။ သူ့မျက်နှာထက်တွင် စဉ်းလဲကောက်ကျစ်သည့် အပြုံးများ ဖြတ်ပြေးသွားသည်။

ကျီတန်ထုထံသို့ သူ အလျှင်အမြန် ပြန်သွားလိုက်သည်။ ကျီတန်ထုသည် စိတ်လှုပ်ရှားစွာဖြင့် ဒယ်အိုးပေါ်က ပုရွက်ဆိတ်ပမ မနေနိုင်မထိုင်နိုင် ရှေ့နောက်လျှောက်သွားနေ၏။

“ရော့” ကျီတန်ထု အဖုံးအစိမ်းရောင်စာအုပ်ကို သူ့လက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။

ကျီတန်ထု မျက်လုံးများ ဝိုင်းကျယ်သွားပြီး ခိုးမကြည့်ဘဲ မနေနိုင်တော့ပါ။ ဇူအန် ချက်ချင်း သူ့ကို တားလိုက်သည်။ “အိမ်ပြန်ရောက်မှ ခင်ဗျား ဘာသာ သွားဖတ်လိုက်ပါ။ ချူအိမ်တော်ထဲ ခင်ဗျား အဲ့ဒါဖတ်နေတာ အဖမ်းခံရရင် ကောင်းမှာမဟုတ်ဘူး”

သူ့စကားများက ကျီတန်ထုကို အသိပြန်ဝင်သွားစေခဲ့သည်။ ဖတ်နေရင်း သူ စိတ်ထသွားရင် ဒီလိုလူအများနေရာမှာ သူ ဘာမှလုပ်နိုင်မှာ မဟုတ်ချေ။ သူ့အခန်းထဲ ဖြည်းဖြည်းဖတ်ရင် အများကြီးပိုကောင်းလိမ့်မည်။ သူ စိတ်ပါတာနဲ့ ခန်းဆီးတွေကို ပိတ်ပြီး…….

ကျီတန်ထုပုံစံသည် အနှိုင်းမဲ့ရတနာတပါးကို ရသွားသည့် ယောကျာ်းကြီးတစ်ယောက်ပမာ ဖြစ်သွားသည်။ ဇူအန် စိတ်ထဲမှ တိတ်တိတ်လေး လှောင်လိုက်သည်။ ဒီစာအုပ်က နည်းနည်းထူးခြားတယ်…..စာအုပ်အဖုံးက အထဲမှာ ရေးသားထားတဲ့ အကြောင်းအရာကို ထင်ဟပ်ပြနေတာ။
(မှတ်ချက် - တရုတ်မှာ အစိမ်းရောင်က ဖောက်ပြန်ခံရတယ်လို့ ဆိုလိုတဲ့ အရောင်ပါ။ တရုတ်အဆို ‘အစိမ်းရောင်ဦးထုတ်ဆောင်းတယ်’ ဆိုတာက ဖောက်ပြန်ခံရတယ်လို့ ပြောချင်တာပါ)

ယင်းစာအုပ်ထဲ ပါသည့် အကြောင်းအရာအချို့သည် အရင်တစ်ခါ ကျီတန်ထုကို သူ ပေးသည့် စာအုပ်ထဲက အကြောင်းအရာများနှင့် ဆင်တူသော်လည်း အဓိကအသားပေးထားသည့် အကြောင်းအရာသည် ဇာတ်ဆောင်မိန်းကလေးနှင့် သူ့လင်ငယ်တို့အကြောင်းဖြစ်နေဆဲပင်။
ယခင်စာအုပ်က ထိုလင်ငယ် သို့မဟုတ် အဓိကဇာတ်ဆောင်နေရာကို ရင်းနှီးသော လူတစ်ယောက်ယောက်အား အစားထိုးရန် လုံလောက်နေသည်။ ဇာတ်ဆောင်မင်းသားသည် သနားစရာကောင်းသည့် ဇာတ်ကောင်သက်သက်သာဖြစ်သည်။

သို့သော် ဤစာအုပ်ကမူ ထူးခြားသည်။ ဤစာအုပ်ကို အစမှအဆုံးထိ ရှေးခေတ်ဝတ္ထုပုံစံဖြင့် ရေးသားထားခြင်းဖြစ်ပြီး အဓိကဇာတ်ဆောင်မင်းသားအမြင်ဘက်မှ ရေးသားထားခြင်းဖြစ်သည်။ ၎င်းက စာဖတ်သူအား သူ့ကိုယ်သူ အဓိကဇာတ်ဆောင်မင်းသားနေရာမှ စိတ်ကူးယဉ်မိသွားစေအောင် အတင်းခိုင်းစေနိုင်သည်။ တဏှာရမက်ထဲ သူ နစ်မြုပ်သွားသည်နှင့် သူ့အတွက် အလွန်နောက်ကျသွားပြီဖြစ်လိမ့်မည်။

ဇာတ်ဝင်ခန်းများ ပေါ်ထွက်လာပြီး နှီးနှောနိုင်ချေရှိသည့် အရိပ်အယောင် အများအပြား စတင်ပေါ်လာသည်နှင့် စာဖတ်သူသည် စိတ်ထသွားပြီး သူ့စိတ်ကူးယဉ်အတိုင်း ဖြစ်လာရန် မျှော်လင့်ချက်နှင့် နှလုံးတွေ တဒိတ်ဒိတ်ခုနေမည်ဖြစ်သည်။ သို့သော်ငြားလည်း ရှက်စဖွယ် ဖောက်ပြန်ခံရသည့် အကြောင်းအရာများနှင့်သာ တစ်ကြိမ်ပြီးတစ်ကြိမ် အရှက်ခွဲခံရမည်ဖြစ်သည်။

ထိုကဲ့သို့သော ဝတ္ထိုမျိုးကို စွဲလမ်းနှစ်သက်တတ်သည့် လူထူးလူဆန်းအချု့မှအပ ထိုစာအုပ်မျိုးကို ဖတ်မိသည့် သာမာန်လူသားများသည် လုံးဝစိတ်ဓာတ်ကျသွားတတ်ကြသည်။ အချို့ဆိုလျှင် ၎င်းက သူတို့စိတ်ကို စိတ်မထနိုင်တော့မည့်ပမာ တစ်သက်လုံး လွှမ်းမိုးသွားသည်။

ဒါက ခုန ငါ့ကို အနိုင်ကျင့်တဲ့ ကျီတန်ထုရဲ့ ကိုယ်ပိုင်အမှားပဲ။ ဒီစာအုပ်က သူ့ကို သင်ခန်းစာပေးလိမ့်မယ်။

ဤစာအုပ်အား ဖတ်လိုက်ပြီးနောက် ကျီတန်ထု မျက်နှာတစ်ပြင်လုံးကို လွှမ်းခြုံသွားမည့် စိတ်ဓာတ်ကျပြီး ဤလောကအပေါ် ယုံကြည်မှုပျောက်ဆုံးသည့် အမူအရာမျိုးကို သူ မြင်ယောင်နိုင်နေပြီဖြစ်သည်။ ထိုအတွေးကြောင့် သူ အလိုအလျောက် ပြုံးမိသွားသည်။

“ကောင်စုတ်လေး ဘာတွေရယ်နေတာလဲ” ကျီတန်ထု သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း ချိတ်ပိတ်တာ ပျောက်ကင်းသွားလို့ ပျော်နေလို့ပါ” ဇူအန် ရှင်းပြလိုက်သည်။

“အဲ့ဒါက သေချာပေါက် ပျော်သင့်တဲ့ ကိစ္စတစ်ခုပဲလေ” ကျီတန်ထု စိတ်အေးသွားသည်မှာ သိသာနေသည်။ ထိုအချိန်တွင် နှစ်ယောက်သား ချူအိမ်တော်ထဲမှ ထွက်လာခဲ့ကြပြီဖြစ်သည်။ ဘေးနားတဝိုက်ကို ခိုးကြောင်ခိုးဝှက် လိုက်ကြည့်ပြီးနောက် ဇူအန်ကို ချောင်ကျသော ထောင့်တစ်နေရာသို့ ဆွဲခေါ်လိုက်သည်။ “စကားမစပ် အရင်တစ်ခေါက်တုန်းက ချင်ဝမ်ယွီရဲ့ အတွင်းခံကို မင်း ယူလာနိုင်ခဲ့တယ်ဆိုတော့ ငါ့အတွက် နောက်တစ်ခု ခိုးယူလာပေးနိုင်မလား”

“အရင်တစ်ခါ ကျုပ် ခင်ဗျားကို ပေးခဲ့တဲ့ တစ်ခုရော ဘာဖြစ်သွားတာလဲ” ဇူအန် မျက်ခုံးများ ကြုတ်သွားသည်။ သူ ဒီကိစ္စကို တကယ် ထပ်မပြောချင်တော့ပါ။ အရင်တုန်းက စနိုးသည် သတ်ပစ်ရန် သူ တစ်ခါမက စဉ်းစားခဲ့ဖူးသည့် ရန်သူဖြစ်ခဲ့သည်။ ထို့ကြောင့် သူမ၏ အတွင်းခံကို ချင်ဝမ်ယွီ၏ အတွင်းခံလိုမျိုး သူ ပေးခဲ့သည်။ အဲ့လိုဖြစ်ပြီးနောက်မှ နှစ်ယောက်သား ရင်းနှီးခင်မင်သွားကြလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။

စနိုးအနံ့ကို ငါ့ထက်သူအရင်….
ထိုအတွေးဖြင့် သူ ချက်ချင်းစိတ်ဓာတ်ကျသွားသည်။ ဒီတစ်ခါ ငါ အကြီးအကျယ် ရှုံးသွားတာပဲ….

“အရင်ရက်တုန်းက ငါ အိမ်ပြန်ရောက်တဲ့အချိန် ရှောင်ချီဒေါ်လေးက ရှာတွေ့သွားလို့ တစ်စစီဆုတ်ဖြဲပစ်လိုက်တယ်….” ကျီတန်ထုအသံသည် နှာမျောနာကြင်မှုများနှင့် ပြည့်နေသည်။ အဲ့မိန်းကလေး (သူ့ခယ်မ)က တကယ် အရမ်းအရမ်းကြောက်ဖို့ကောင်းတဲ့ လူပဲ။

“ဘာ” ဇူအန်သည် အပြင်ပိုင်းတွင် ကျီတန်ထုလိုမျိုး နှမျောတသသည့် အမူအရာမျိုး လုပ်နေသော်လည်း စိတ်ထဲတွင်မူ အပျော်လွန်နေမိသည်။ ကြော့ရှင်းကျက်သရေရှိတဲ့ ကျောင်းအုပ်ကြီး ခင်ဗျားက အကောင်းဆုံးပဲ။ နောက်မှ အခွင့်အရေးရှာပြီး ခင်ဗျားအတွင်းခံ အဲ…အဲ…ခင်ဗျားကို ကောင်းကောင်း ကျေးဇူးလာတင်ပါ့မယ်။

“ငါ့ကို ထပ်ရှာပေးပါအုံး။ မင်း နောက်တစ်စုံ ပြန်ရှာတွေ့နိုင်ရင် မင်း တောင်းဆိုသမျှကို ငါ သဘောတူပေးမယ်” သူ့တောင်းဆိုမှုကို ဇူအန် အရေးတယူ မလုပ်မှာ စိုးရိမ်သဖြင့် ကျီတန်ထုသည် အာမခံသည့်အနေဖြင့် သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ “ငါ ကျီတန်ထုရဲ့ ဂုဏ်သိက္ခာက နည်းနည်းတော့ တန်ဖိုးရှိပါသေးတယ်။ လူအများကြီးက ငါ့ကို သူတို့အပေါ် အကြွေးတင်စေချင်ကြပေမယ့် အဲ့လိုစက်ဆုပ်ဖွယ်ကောင်းတဲ့ သက်ရှိတွေပေါ် ငါ ခံစားရတဲ့ အထင်သေးရွံရှာမှုက တိုင်းတာလို့ မရဘူး”

ဇူအန် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ခင်ဗျားအတွက် သခင်မကြီးရဲ့ အတွင်းခံကို ကျုပ်ကို ခိုးစေချင်နေတယ်ပေါ့။ အမိခံလိုက်ရရင် ကျုပ် သေအောင် အရိုက်ခံရမှာ မဟုတ်ဘူးလား။ ဒါ့အပြင် အနာဂတ်မှာ ချူချူယန်ကို ကျုပ် ဘယ်လိုရင်ဆိုင်နိုင်တော့မလဲ။

သို့သော် ဤတဏှာရူးပြောသည့် စကားများက နောက်ဆုံးတော့ အရှိုက်ထိသွားခဲ့သည်။ “ဘယ်အရာမဆို ခင်ဗျား တကယ် သဘောတူမှာလား”
ဒီလောက်အားစိုက်ထုတ်နေပုံထောက်ရင် ကြည့်ရတာ ဒီလူကြီးက ချင်ဝမ်ယွီကို အကြာကြီး အရူးအမူးတကယ်ချစ်ခဲ့တဲ့ပုံပဲ။ တကယ်လို့ အဲ့အဝတ်စလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကျီရှောင်ချီတို့ကို လဲလှယ်နိုင်မယ်ဆိုရင်တော့ စွန့်စားကြည့်ဖို့ ထိုက်လောက်တယ်။

“ဘယ်အရာမဆိုပဲ” ကျီတန်ထု ရုတ်တရပ် တောင့်သွားသည်။ ဇူအန် စိတ်ကို ဖတ်နိုင်သည့်ပမာ သူက ချက်ချင်းထပ်ပြောလိုက်သည်။ “ငါ့သမီးမှအပပေါ့”

“ကျုပ်က အဲ့လိုလူမျိုးမို့လို့လား” ဇူအန် ချက်ချင်းပြန်အော်ပြောလိုက်သည်။ ဒါပေမယ့် ဒါက တကယ်ထူးဆန်းတဲ့ တိုက်ဆိုင်မှုပဲ။ ဒီလူကြီးက ဘယ်လိုလုပ် သူ့လိုမျိုး တစ်ထပ်တည်းတွေးနိုင်ရတာလဲ။ သူတို့နှစ်ယောက်က တူညီတဲ့ လူစားမျိုး ဖြစ်နေကြတာများလား။ ဖီ…။

“ကောင်းပြီ။ အဲ့ဒါဆို သဘောတူလိုက်ပြီနော်”

သူ၏ စိတ်ကူးရန်သူ ချူကျုန်းထန်ကို မြေးတစ်ယောက်အား ဆူငေါက်သည့်ပမာ သူ ပြစ်တင်ဝေဖန်ပြောဆိုနိုင်ခဲ့ရုံမက စာအုပ်အသစ် ရသွားပြီး အံ့သြဖွယ်ကောင်းသည့် သဘောတူညီမှုမျိုးး လုပ်နိုင်ခဲ့သေးသည်။
ကျီတန်ထု အလွန်ပျော်နေမိသည်။ ခေါင်းမော့ ရင်မော့ဖြင့် ကြွားကြွားဝင့်ဝင့် လျှောက်သွားပြီး အခံ့ညားဆုံးသူပမာ အိမ်သို့ ပြန်သွားလိုက်သည်။

သူ၏ ပျော်ရွှင်အူမြူးနေသော စိတ်နှင့် ဆန့်ကျင်ဘက်ပင် လပြည့်မြို့ အခြားအိမ်တော်တစ်ခု၏ စာကြည့်ခန်းထဲ၌ ရှီခွန်းသည် စိုးရိမ်တကြီးဖြင့် ရှေ့နောက်လျောက်သွားနေသည်။

ရုတ်တရက် တံခါးခေါက်သံ ထွက်လာခဲ့သည်။ ပုံမှန်အားဖြင့် သူသည် တံခါးခေါက်သူဘက်မှ တံခါးဖွင့်သည်ကို စိတ်ရှည်ရှည်နှင့် စောင့်စားတတ်သည့်သူဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ စက္ကန့်ပိုင်းအတွင်း တံခါးဝဆီ ရောက်နေသည်ကို သူ့ကိုယ်သူ တွေ့လိုက်ရသည်။ “ဘယ်လိုလဲ။ အကြီးအကဲ ရှီကို ရှာတွေ့သွားကြပြီလား”

“မတွေ့သေးပါဘူး။ သူ ရှိနိုင်ချေရှိတဲ့ နေရာမျိုးစုံကို ကျွန်တော်တို့ စစ်ဆေးခဲ့ပြီးပါပြီ။ ဒါပေမယ့် အကြီးအကဲ ရှီရဲ့ အရိပ်အယောင်လေး တစ်ခုတောင် မရှိဘူး” သူ့လက်အောက်ငယ်သားက စိုးရိမ်ကြောက်လန့်သော အမူအရာနှင့် တင်ပြလာခဲ့သည်။

“အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီခွန်း သူ့ဘာသာ ရေရွတ်မိသည်။ နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီးနောက် ထိုင်ခုံတစ်ခုပေါ်သို့ သူ ထိုင်ကျသွားသည်။

အရင်နေ့တုန်းက ဟိုသစ္စာဖောက် ရှောင်းရွှယ်ယင်ကို ဖမ်းရန် ရှီလဲ့ဇီအား စေလွှတ်လိုက်ပြီးနောက် ဤအခန်းထဲ၌ သူ စိတ်ရှည်ရှည်ဖြင့် စောင့်နေခဲ့သည်။ သူသည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေခဲ့ပြီး ထိုနတ်သူငယ်မလေးကို သူ တစ်ယောက်တည်း သာယာခံစားအောင် မျှော်လင့်နေခဲ့သည်။
သို့သော် သတင်းတစ်ခုလေးမှ မရဘဲ အချိန်အကြာကြီး စောင့်နေပြီးနောက် သူ အိပ်ပျော်သွားခဲ့သည်။ နောက်မနက် ထိတ်ထိတ်ပျာပျာဖြင့် သူ ပြန်နိုးလာသည့်အချိန်တွင် ရှီလဲ့ဇီသည် ပြန်ရောက်မလာသေးပါ။

သူ့ပထမဆုံးတုံ့ပြန်မှုသည် ဒေါသတကြီး ပေါက်ကွဲလိုက်ခြင်းဖြစ်သည်။ ရှီလဲ့ဇီသည် သူ့ကိုယ်ပိုင်သဘောဖြင့် လှုပ်ရှားလိုက်တာဖြစ်မယ်ဟု သူ ထင်ထားခဲ့သည်။ သူ့ကိုယ်ပိုင်သာယာရေးအတွက် ရှောင်းရွှယ်ယင်ကို အသုံးချရန် လျို့ဝှက်နေရာတစ်ခုခုသို့ ခေါ်သွားတာဖြစ်မယ်ဟုပင် သူ တွေးမိသွားခဲ့သည်။

ဘယ်လိုပဲဆိုဆို ရှီလဲ့ဇီသည် အဖြူစင်ဆုံးမိန်းကလေးကိုတောင် အသိစိတ်ပျောက်သွားအောင် လုပ်နိုင်သည့် အထူးကာမဆေးတစ်မျိုးကို ယူသွားခဲ့သည်။ စနိုးသည် အလွန်လှပတင့်တကယ်သည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ရှီလဲ့ဇီက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ဘူးဆိုလျှင်တောင် သူ အံ့သြသွားမှာ မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ သူ့ကိုယ်သူ စိတ်ငြိမ်အောင် လုပ်ပြီး သူ့မယုံသင်္ကာဖြစ်မှုကို ဘေးဖယ်ထားလိုက်သည်။ ရှီလဲ့ဇီသည် ရှီအိမ်တော်အတွက် နှစ်အများကြီးကြာအောင် အလုပ်လုပ်ပေးခဲ့ပြီး အမြဲတမ်း သစ္စာစောင့်သိခဲ့သည်။ ရှီအိမ်တော်ကို သစ္စာဖောက်ခြင်းကြောင့် ပေးဆပ်ရမယ့် အဖိုးအခကိုလည်း သူ နားလည်ထားသောကြောင့် ထိုမျှမိုက်မဲသည့် လုပ်ရပ်များကို ရွေးချယ်မှာ မဟုတ်ပါ။

ထိုသို့ဆိုလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေအရာသည် တစ်ခုခု မှားသွားတာပဲဖြစ်ရမည်။
သူ့လက်အောက်ရှိ လူအားလုံးကို သူ ချက်ချင်းစေလွှတ်ခဲ့သည်။ သို့သော် ဘယ်သူကမှ ရှီလဲ့ဇီကို ရှာမတွေ့နိုင်ကြပါ။

“ချူအိမ်တော်များ ဖြစ်နိုင်မလား” နောက်လက်အောက်ငယ်သားတစ်ယောက်က မေးလိုက်သည်။ “မနေ့ညတုန်းက ချူအိမ်တော်ကို သူခိုးတစ်ယောက် ကျူးကျော်ခဲ့ပြီး ချူအိမ်တော်က သူခိုးကို…သတ်လိုက်တယ်လို့ ကျွန်တော် ကြားခဲ့တယ်”

----- ---- ------------------------------------------ -- -- - - - - - -----

Chapter 234: အျပန္အလွန္

က်ီတန္ထု ခ်က္ခ်င္း ဇူအန္အကၤ်ီရင္ဘတ္ကို ဖမ္းဆုပ္လိုက္သည္။ ေရွာင္ခ်ီအေပၚ မင္း ဘာလုပ္ခဲ့တာလဲ

အစ္ကိုႀကီး စိတ္ေလ်ာ့ပါအုံး စိတ္ေလ်ာ့ပါအုံး အဲ့လိုတုံ႕ျပန္မႈမ်ိဳး ရလိမ့္မယ္လို႔ ဇူအန္ ဘယ္လိုမွ ႀကိဳမေတြးမိခဲ့ေပ။ ခ်က္ခ်င္း မတရားခံရေသာ အသံမ်ိဳးျဖင့္ ေျပာလိုက္သည္။ က်ဳပ္ ဘာမွမလုပ္ခဲ့ပါဘူး

အဲ့ဒါဆို မင္းညီေလး ျပန္ေကာင္းမေကာင္း ဘာလို႔ သူ႕ဆီေမးခိုင္းရတာလဲ က်ီတန္ထုမ်က္ဝန္းထဲ၌ အႏၱရာယ္မ်ားသည့္ အရိပ္အျခည္ ဖ်တ္ခနဲ လက္သြားသည္။ သူ၏ ပုံမွန္ေပါ့ျပက္ျပက္နိုင္ေသာ အမူအက်င့္သည္ ဘယ္ေရာက္သြားမွန္း မသိေတာ့ေခ်။

သူက်ဳပ္ကို အဲ့အေၾကာင္း ေမးလို႔ ျဖစ္ပ်က္ခဲ့တဲ့ အရာအားလုံး က်ဳပ္ သူ႕ကို ေျပာျပခဲ့လို႔ေပါ့ ဇူအန္ လုံးဝဆြံ႕အသြားသည္။ အေဖေတြအားလုံးက သူတို႔သမီးေတြ အျခားေယာက်ာ္းေလးေတြရဲ႕ ခ်ဥ္းကပ္ခံလိုက္ရရင္ ဒီလိုပုံစံမ်ိဳး ျဖစ္သြားၾကတာလား။ သူ႕သမီးနဲ႕ေတြ႕ရင္ ေယာက္်ားေတြအကုန္ ငတ္ျပတ္ေနတဲ့ ၀က်တွေ ေဂၚဖီထုပ္ေတြ႕သလို ျပဳမူၾကမယ္ထင္ထားၾကတာလား။

ထိုအခါက်မွသာ က်ီတန္ထု၏ အမူအရာ ေျပေလ်ာ့ႏူးညံ့သြားနိုင္ေတာ့သည္။ သို႔ေသာ္ သူ႕မ်က္ခုံးမ်ားကို ပင့္တက္သြားေစသည့္ အေၾကာင္းအရာတစ္ခုအား သူ ခ်က္ခ်င္း စဥ္းစားမိလိုက္ျပန္သည္။ မင္းတို႔ႏွစ္ေယာက္က ဘာလို႔အဲ့လိုအေၾကာင္းမ်ိဳး ေျပာၾကတာလဲ

က်ီ မိန္းကေလးက နဂိုကတည္းက ၾကင္နာတတ္တဲ့သူေလ။ ဘယ္လိုပဲဆိုဆို သူငယ္ခ်င္းတစ္ေယာက္ကို စိုးရိမ္စိတ္ပူေပးမွာက ပုံမွန္ပဲမလား ဇူအန္သည္ နတ္ေဆးဆရာ၏ လက္ကို သူ႕အကၤ်ီေကာ္လာမွ ဖယ္ရွားပစ္ဖို႔ ႀကိဳးစားလိုက္သည္။ အဲ့ဒါေတြအျပင္ သူက အၿမဲတမ္း ေဆးပညာကို စိတ္ထက္သန္သန္နဲ႕ ေလ့လာသင္ယူေနခဲ့တာပဲ။ ဒီေလာက္ခက္တဲ့ ကိစၥမ်ိဳး ထြက္ေပၚလာခ်ိန္ ကုသနည္းလမ္းစဥ္ကို သူစိတ္ဝင္စားမွာက ေသခ်ာေနတာပဲေလ

ထိုမွ် စကားအမ်ားႀကီးေျပာၿပီးေနာက္ သူ စၿပီး စိတ္တိုလာေတာ့သည္။
ခင္ဗ်ား ဘယ္လိုလုပ္ဒီအေၾကာင္းကို စေျပာရဲတာလဲ။ ေရွာင္ခ်ီကသာ က်ဳပ္ကို မေျပာရင္ ခင္ဗ်ားရဲ႕ ခ်ိတ္ပိတ္မႏၱာန္ပ်က္ျပယ္ေဆး ဆိုတာက ဒီအတိုင္း ႀကဳံရာေျပာလိုက္တာပဲဆိုတာ က်ဳပ္ သိခဲ့ရမွာ မဟုတ္ဘူး။ အဲ့ဒါက အလုပ္ျဖစ္မျဖစ္ ခင္ဗ်ားကိုယ္တိုင္ေတာင္ မသိခဲ့ဘဲနဲ႕

ထိုစကားက က်ီတန္ထု၏ ေနာက္ဆုံးသံသယကို ေပ်ာက္ျပယ္သြားေစသည္။ သူ႕ဖမ္းဆုပ္မႈကို လႊတ္ေပးၿပီး ရွက္ရယ္ရယ္ရင္း ေျပာလိုက္သည္။
ငါ မင္းကို အဲ့အခ်က္မေျပာျပတာက ကုသတဲ့ေနရာမွာ စိတ္ဓာတ္ကလည္း အရမ္းအရမ္းအေရးႀကီးလို႔ပါ။ အဲ့အျပင္ အဲ့ေဆးက အလုပ္ျဖစ္လိမ့္မယ္လို႔ ငါ ခုႏွစ္ဆယ္ ရွစ္ဆယ္ရာခိုင္ႏႈန္းေလာက္ထိ ယုံၾကည္ခဲ့ပါတယ္
သူ႕ကိုယ္သူ ယုံၾကည္မႈ ေလ်ာ့ပါးသြားသည့္ပမာ သူ႕အသံသည္ တျဖည္းျဖည္း တိုးသြားသည္။

ဇူအန္ ဟက္ကနဲ သေရာ္လိုက္သည္။ က်ဳပ္ ခင္ဗ်ားကို ယုံမယ့္အတိုင္းပဲ။ အဖိုးႀကီး ခင္ဗ်ားက တကယ္ကို တစ္ခုခုပဲ။ တကယ္လို႔ က်ဳပ္ ခႏၶာကိုယ္သာ ကမၻာဦးမူလက်င့္စဥ္ရဲ႕ ေဆးေၾကာသန့္စင္မႈ မခံရခဲ့ရင္ က်ဳပ္က ႏွစ္ႀကိမ္ႏွစ္ခါေတာင္ လွည့္စားခံလိုက္ရမွာေလ။

ေက်းဇူးျပဳၿပီး အရမ္းစိတ္မတိုသြားပါနဲ႕ က်ီတန္ထု ရယ္လိုက္သည္။ အခုေတာ့ မင္း ေကာင္းသြားၿပီပဲမလား။ မင္းရဲ႕ အသက္စြမ္းအင္က ျပည့္လွ်ံေနၿပီး မင္းရဲ႕ ယင္စြမ္းအင္စီးေၾကာင္းက သာမာန္ေယာက်ာ္းေလးေတြထက္ အမ်ားႀကီး ပိုျပင္းထန္ၿပီး ပိုတည္ၿငိမ္ေနတယ္။ မင္း ေပ်ာ္ေနသင့္တာ မဟုတ္ဘူးလား

ယီးကို ေပ်ာ္႐ႊင္
မည္သို႔ပင္ျဖစ္ေစ အမွန္မွာ ဇူအန္ အနည္းငယ္ ေၾကာက္လန့္သြားမိသည္။ ဒီလူႀကီးက ငါ့ေကာ္လာကို ဖမ္းဆုပ္တဲ့ အခ်ိန္တခဏေလးမွာ ငါ့ေသြးခုန္ႏႈန္းကို စမ္းသပ္သြားတာ.ဒီေလာက္ အဆင့္ျမင့္တဲ့ ေဆးပညာရွင္မ်ိဳးက တကယ္ေၾကာက္ဖို႔ေကာင္းတယ္။

က်ီတန္ထု ႐ုတ္တရက္ မ်က္ႏွာျပန္တည္သြားသည္။ အဲ့လိုဆိုရင္ေတာင္ ေနာက္ဆို ေရွာင္ခ်ီနဲ႕ ေဝးေဝးမွာ ေနေနာ္။ မင္းကို သူ႕အနား သြားခြင့္မျပဳေတာ့ဘူး သူ ေလးေလးနက္နက္ျဖင့္ ေျပာလိုက္သည္။

ဘာလို႔လဲ ဇူအန္ ေၾကာင္သြားသည္။  က်ီေရွာင္ခ်ီက ခ်စ္ဖို႔လည္းေကာင္းၿပီး ၾကင္လည္းၾကင္နာတတ္တယ္၊ ၿပီးေတာ့ သူ႕ကို ေကာင္းေကာင္းဆက္ဆံေသးတယ္။  ဘယ္သူက ဒီလိုမ်ိဳး သူငယ္ခ်င္းေကာင္းကို မလိုခ်င္မွာလဲ။

ဘာလို႔လဲ ဆိုတာမ်ိဳး မရွိဘူး က်ီတန္ထု ႏွာရႈံ႕လိုက္ၿပီး အရင္တုန္းက မင္းတို႔ႏွစ္ေယာက္ ခင္ၾကတာကို ငါ အေရးမလုပ္ရတဲ့အေၾကာင္းရင္းက မင္းညီေလးက အသုံးမက်ခဲ့လို႔ပဲ။ အခု အဲ့ဒါက ျပန္ေကာင္းေနၿပီဆိုေတာ့ မင္းကို ငါ့ရဲ႕ အဖိုးတန္သမီးကို အႏၱရာယ္ျပဳခြင့္ လုံးဝမေပးနိုင္ဘူး

အသုံးမက် ဆိုသည့္ စကားကို ၾကားလိုက္သည့္အခ်ိန္ ဇူအန္ မ်က္လုံး ျပဴးက်ယ္သြားသည္။ ခင္ဗ်ား ဒီ့ထက္ပိုၿပီး ဒဲ့ေျပာနိုင္အုံးမလား

က်ီတန္ထု သူ႕ကို ထူးဆန္းသည့္ မ်က္ႏွာထားႏွင့္ ၾကည့္ၿပီးထပ္ေျပာလိုက္သည္။ အဲ့ဒါေတြအျပင္ မင္းက အဲ့လိုစာအုပ္မ်ိဳးကိုလည္း ေရးေသးတာ။ မင္းဦးေခါင္းက အမွိုက္သရိုက္ေတြနဲ႕ပဲ ျပည့္ေနတာ အေသအခ်ာပဲ။  မင္း ငါ့သမီးနား ရွိေနတာ သိလ်က္နဲ႕ ငါ ဘယ္လိုလုပ္စိတ္ေအးနိုင္မွာလဲ

ဇူအန္ သူ႕ကို ၾကည့္သာၾကည့္ေနလိုက္ေတာ့သည္။
ဒီေနရာမွာ တစ္ခုခုေတာ့ အႀကီးႀကီးလြဲေနၿပီ။ အဲ့လိုစာအုပ္မ်ိဳး ဖတ္ခ်င္တဲ့သူက ခင္ဗ်ားပဲမလား။ အဲ့စာအုပ္ေတြကို မူရင္းေရးတဲ့သူက က်ဳပ္လည္း မဟုတ္ဘူး။

အဲ့လိုစိတ္ညစ္စရာေကာင္းတဲ့အေၾကာင္းမ်ိဳး ေျပာေနတာ ရပ္ၾကရေအာင္ က်ီတန္ထု စကားေၾကာင္းေျပာင္းလိုက္သည္။ ဇူအန္ ပုခုံးေပၚသို႔ ေနာက္ထပ္လက္ျပန္တင္လိုက္ၿပီး အဲ့လိုကိစၥမ်ိဳး ငါတို႔ေယာက်ာ္းႏွစ္ေယာက္ၾကား ျဖစ္လာခြင့္မျပဳၾကရေအာင္စကားမစပ္ ေက်ာင္းအုပ္ ေကာင္း ရဲ႕ ပုံျပင္အေၾကာင္း အတြဲ ၂ ကို မင္းထံကေန ငါ ဘယ္ခ်ိန္ေလာက္မွာ ရနိုင္မလဲ

အဲ့ဝတၳဳရဲ႕ အတြဲ ၂ က ေလာေလာဆယ္ မရနိုင္ေသးဘူး ဇူအန္ အံႀကိတ္ရင္း ေျပာလိုက္သည္။ ဒါေပမယ့္ အျခားဝတၳဳတစ္ခုေတာ့ ရွိတယ္။ ခင္ဗ်ား လိုခ်င္လား မလိုခ်င္ဘူးလား

အာအတြဲ ၂ မရွိဘူးလား  က်ီတန္ထု မ်က္ႏွာသည္ စိတ္ပ်က္မႈမ်ားႏွင့္ ျပည့္သြားသည္။ အဲ့ေနာက္ဝတၳဳက အရင္တစ္ခုလိုမ်ိဳး ေကာင္းလား

ေကာင္းတယ္။ အဲ့ဒါက ပိုစိတ္လႈပ္ရွားဖို႔ေကာင္းၿပီး ပိုေကာင္းတာ အေသအခ်ာပဲ။ ခင္ဗ်ား မခံစားဖူးတဲ့ အရာမ်ိဳးကို ခံစားရလိမ့္မယ္လို႔ က်ဳပ္ အာမခံေပးနိုင္တယ္ ဇူအန္ မ်က္ႏွာထက္တြင္ ထူးဆန္းသည့္ အၿပဳံးတစ္ခု ေပၚလာသည္။ အရင္တုန္းက က်ီတန္ထု၏ ကုသမႈ ရရွိနိုင္ရန္အတြက္ သူ႕အႀကိဳက္ပုံစံအလိုက္ ေပးရန္ စာအုပ္အမ်ားအျပား သူ ျပင္ဆင္ထားခဲ့သည္။
မတူညီကြဲျပားေသာ စာအုပ္မ်ိဳးစုံ ရွိသည္။ ဤလူအိုႀကီးက ဘယ္လိုစာအုပ္မ်ိဳးကို ႀကိဳက္လဲဆိုသည္ကိုသာ သူ မသိတာျဖစ္သည္။

ေက်ာင္းအုပ္ ေကာင္း အေၾကာင္း ေရးထားတဲ့ ဝတၳဳေလးတစ္ပုဒ္ေလာက္က သူ႕ကို ကုေစခ်င္စိတ္ျဖစ္ေပၚေစလိမ့္မယ္လို႔ ဘယ္သူထင္ထားခဲ့မွာလဲ။ ထိုအေၾကာင္းေၾကာင့္ အျခားစာအုပ္မ်ားကို ေပးရန္ သူ အလ်င္မလိုခဲ့ျခင္းျဖစ္သည္။
မည္သို႔ပင္ျဖစ္ေစ အခုခ်ိန္တြင္ အထူးအခြင့္အေရးက သူ႕ဘာသာ ေရာက္လာခဲ့သည္။

ပိုစိတ္လႈပ္ရွားဖို႔ေကာင္းၿပီး ပိုေကာင္းတဲ့စာအုပ္ က်ီတန္ထု မ်က္လုံး ဖ်တ္ခနဲ လင္းလက္သြားသည္။ သူက စိတ္မရွည္စြာျဖင့္ ေတာင္းလိုက္သည္။ အဲ့ဒါက ဘယ္မွာလဲ။ ျမန္ျမန္ ငါ့ကိုေပး ငါ့ကိုေပးေတာ့

ဒီကေန ခဏေစာင့္လိုက္ ဇူအန္ သူ႕အခန္းသို႔ ျမန္ျမန္ေျပးသြားလိုက္သည္။ သူ႕ကုတင္ေအာက္ရွိ ေသတၱာေအာက္မွ အဖုံးအစိမ္းေရာင္ျဖစ္ေသာ စာအုပ္တစ္ခုကို ထုတ္ယူလိုက္သည္။ သူ႕မ်က္ႏွာထက္တြင္ စဥ္းလဲေကာက္က်စ္သည့္ အၿပဳံးမ်ား ျဖတ္ေျပးသြားသည္။

က်ီတန္ထုထံသို႔ သူ အလွ်င္အျမန္ ျပန္သြားလိုက္သည္။ က်ီတန္ထုသည္ စိတ္လႈပ္ရွားစြာျဖင့္ ဒယ္အိုးေပၚက ပု႐ြက္ဆိတ္ပမ မေနနိုင္မထိုင္နိုင္ ေရွ႕ေနာက္ေလွ်ာက္သြားေန၏။

ေရာ့ က်ီတန္ထု အဖုံးအစိမ္းေရာင္စာအုပ္ကို သူ႕လက္ထဲသို႔ ပစ္ထည့္ေပးလိုက္သည္။

က်ီတန္ထု မ်က္လုံးမ်ား ဝိုင္းက်ယ္သြားၿပီး ခိုးမၾကည့္ဘဲ မေနနိုင္ေတာ့ပါ။ ဇူအန္ ခ်က္ခ်င္း သူ႕ကို တားလိုက္သည္။ အိမ္ျပန္ေရာက္မွ ခင္ဗ်ား ဘာသာ သြားဖတ္လိုက္ပါ။ ခ်ဴအိမ္ေတာ္ထဲ ခင္ဗ်ား အဲ့ဒါဖတ္ေနတာ အဖမ္းခံရရင္ ေကာင္းမွာမဟုတ္ဘူး

သူ႕စကားမ်ားက က်ီတန္ထုကို အသိျပန္ဝင္သြားေစခဲ့သည္။ ဖတ္ေနရင္း သူ စိတ္ထသြားရင္ ဒီလိုလူအမ်ားေနရာမွာ သူ ဘာမွလုပ္နိုင္မွာ မဟုတ္ေခ်။ သူ႕အခန္းထဲ ျဖည္းျဖည္းဖတ္ရင္ အမ်ားႀကီးပိုေကာင္းလိမ့္မည္။ သူ စိတ္ပါတာနဲ႕ ခန္းဆီးေတြကို ပိတ္ၿပီး.

က်ီတန္ထုပုံစံသည္ အႏွိုင္းမဲ့ရတနာတပါးကို ရသြားသည့္ ေယာက်ာ္းႀကီးတစ္ေယာက္ပမာ ျဖစ္သြားသည္။ ဇူအန္ စိတ္ထဲမွ တိတ္တိတ္ေလး ေလွာင္လိုက္သည္။ ဒီစာအုပ္က နည္းနည္းထူးျခားတယ္..စာအုပ္အဖုံးက အထဲမွာ ေရးသားထားတဲ့ အေၾကာင္းအရာကို ထင္ဟပ္ျပေနတာ။
(မွတ္ခ်က္ - တ႐ုတ္မွာ အစိမ္းေရာင္က ေဖာက္ျပန္ခံရတယ္လို႔ ဆိုလိုတဲ့ အေရာင္ပါ။ တ႐ုတ္အဆို အစိမ္းေရာင္ဦးထုတ္ေဆာင္းတယ္ ဆိုတာက ေဖာက္ျပန္ခံရတယ္လို႔ ေျပာခ်င္တာပါ)

ယင္းစာအုပ္ထဲ ပါသည့္ အေၾကာင္းအရာအခ်ိဳ႕သည္ အရင္တစ္ခါ က်ီတန္ထုကို သူ ေပးသည့္ စာအုပ္ထဲက အေၾကာင္းအရာမ်ားႏွင့္ ဆင္တူေသာ္လည္း အဓိကအသားေပးထားသည့္ အေၾကာင္းအရာသည္ ဇာတ္ေဆာင္မိန္းကေလးႏွင့္ သူ႕လင္ငယ္တို႔အေၾကာင္းျဖစ္ေနဆဲပင္။
ယခင္စာအုပ္က ထိုလင္ငယ္ သို႔မဟုတ္ အဓိကဇာတ္ေဆာင္ေနရာကို ရင္းႏွီးေသာ လူတစ္ေယာက္ေယာက္အား အစားထိုးရန္ လုံေလာက္ေနသည္။ ဇာတ္ေဆာင္မင္းသားသည္ သနားစရာေကာင္းသည့္ ဇာတ္ေကာင္သက္သက္သာျဖစ္သည္။

သို႔ေသာ္ ဤစာအုပ္ကမူ ထူးျခားသည္။ ဤစာအုပ္ကို အစမွအဆုံးထိ ေရွးေခတ္ဝတၳဳပုံစံျဖင့္ ေရးသားထားျခင္းျဖစ္ၿပီး အဓိကဇာတ္ေဆာင္မင္းသားအျမင္ဘက္မွ ေရးသားထားျခင္းျဖစ္သည္။ ၎က စာဖတ္သူအား သူ႕ကိုယ္သူ အဓိကဇာတ္ေဆာင္မင္းသားေနရာမွ စိတ္ကူးယဥ္မိသြားေစေအာင္ အတင္းခိုင္းေစနိုင္သည္။ တဏွာရမက္ထဲ သူ နစ္ျမဳပ္သြားသည္ႏွင့္ သူ႕အတြက္ အလြန္ေနာက္က်သြားၿပီျဖစ္လိမ့္မည္။

ဇာတ္ဝင္ခန္းမ်ား ေပၚထြက္လာၿပီး ႏွီးႏွောနိုင္ေခ်ရွိသည့္ အရိပ္အေယာင္ အမ်ားအျပား စတင္ေပၚလာသည္ႏွင့္ စာဖတ္သူသည္ စိတ္ထသြားၿပီး သူ႕စိတ္ကူးယဥ္အတိုင္း ျဖစ္လာရန္ ေမွ်ာ္လင့္ခ်က္ႏွင့္ ႏွလုံးေတြ တဒိတ္ဒိတ္ခုေနမည္ျဖစ္သည္။ သို႔ေသာ္ျငားလည္း ရွက္စဖြယ္ ေဖာက္ျပန္ခံရသည့္ အေၾကာင္းအရာမ်ားႏွင့္သာ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ အရွက္ခြဲခံရမည္ျဖစ္သည္။

ထိုကဲ့သို႔ေသာ ဝတၳိုမ်ိဳးကို စြဲလမ္းႏွစ္သက္တတ္သည့္ လူထူးလူဆန္းအခ်ဳ႕မွအပ ထိုစာအုပ္မ်ိဳးကို ဖတ္မိသည့္ သာမာန္လူသားမ်ားသည္ လုံးဝစိတ္ဓာတ္က်သြားတတ္ၾကသည္။ အခ်ိဳ႕ဆိုလွ်င္ ၎က သူတို႔စိတ္ကို စိတ္မထနိုင္ေတာ့မည့္ပမာ တစ္သက္လုံး လႊမ္းမိုးသြားသည္။

ဒါက ခုန ငါ့ကို အနိုင္က်င့္တဲ့ က်ီတန္ထုရဲ႕ ကိုယ္ပိုင္အမွားပဲ။ ဒီစာအုပ္က သူ႕ကို သင္ခန္းစာေပးလိမ့္မယ္။

ဤစာအုပ္အား ဖတ္လိုက္ၿပီးေနာက္ က်ီတန္ထု မ်က္ႏွာတစ္ျပင္လုံးကို လႊမ္းၿခဳံသြားမည့္ စိတ္ဓာတ္က်ၿပီး ဤေလာကအေပၚ ယုံၾကည္မႈေပ်ာက္ဆုံးသည့္ အမူအရာမ်ိဳးကို သူ ျမင္ေယာင္နိုင္ေနၿပီျဖစ္သည္။ ထိုအေတြးေၾကာင့္ သူ အလိုအေလ်ာက္ ၿပဳံးမိသြားသည္။

ေကာင္စုတ္ေလး ဘာေတြရယ္ေနတာလဲ က်ီတန္ထု သူ႕ကို မယုံသကၤာျဖင့္ ၾကည့္လိုက္သည္။

ဘာမွမဟုတ္ပါဘူး။ ဒီအတိုင္း ခ်ိတ္ပိတ္တာ ေပ်ာက္ကင္းသြားလို႔ ေပ်ာ္ေနလို႔ပါ ဇူအန္ ရွင္းျပလိုက္သည္။

အဲ့ဒါက ေသခ်ာေပါက္ ေပ်ာ္သင့္တဲ့ ကိစၥတစ္ခုပဲေလ က်ီတန္ထု စိတ္ေအးသြားသည္မွာ သိသာေနသည္။ ထိုအခ်ိန္တြင္ ႏွစ္ေယာက္သား ခ်ဴအိမ္ေတာ္ထဲမွ ထြက္လာခဲ့ၾကၿပီျဖစ္သည္။ ေဘးနားတဝိုက္ကို ခိုးေၾကာင္ခိုးဝွက္ လိုက္ၾကည့္ၿပီးေနာက္ ဇူအန္ကို ေခ်ာင္က်ေသာ ေထာင့္တစ္ေနရာသို႔ ဆြဲေခၚလိုက္သည္။ စကားမစပ္ အရင္တစ္ေခါက္တုန္းက ခ်င္ဝမ္ယြီရဲ႕ အတြင္းခံကို မင္း ယူလာနိုင္ခဲ့တယ္ဆိုေတာ့ ငါ့အတြက္ ေနာက္တစ္ခု ခိုးယူလာေပးနိုင္မလား

အရင္တစ္ခါ က်ဳပ္ ခင္ဗ်ားကို ေပးခဲ့တဲ့ တစ္ခုေရာ ဘာျဖစ္သြားတာလဲ ဇူအန္ မ်က္ခုံးမ်ား ၾကဳတ္သြားသည္။ သူ ဒီကိစၥကို တကယ္ ထပ္မေျပာခ်င္ေတာ့ပါ။ အရင္တုန္းက စနိုးသည္ သတ္ပစ္ရန္ သူ တစ္ခါမက စဥ္းစားခဲ့ဖူးသည့္ ရန္သူျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ သူမ၏ အတြင္းခံကို ခ်င္ဝမ္ယြီ၏ အတြင္းခံလိုမ်ိဳး သူ ေပးခဲ့သည္။ အဲ့လိုျဖစ္ၿပီးေနာက္မွ ႏွစ္ေယာက္သား ရင္းႏွီးခင္မင္သြားၾကလိမ့္မယ္လို႔ ဘယ္သူထင္ထားခဲ့မွာလဲ။

စနိုးအနံ႕ကို ငါ့ထက္သူအရင္.
ထိုအေတြးျဖင့္ သူ ခ်က္ခ်င္းစိတ္ဓာတ္က်သြားသည္။ ဒီတစ္ခါ ငါ အႀကီးအက်ယ္ ရႈံးသြားတာပဲ.

အရင္ရက္တုန္းက ငါ အိမ္ျပန္ေရာက္တဲ့အခ်ိန္ ေရွာင္ခ်ီေဒၚေလးက ရွာေတြ႕သြားလို႔ တစ္စစီဆုတ္ၿဖဲပစ္လိုက္တယ္. က်ီတန္ထုအသံသည္ ႏွာေမ်ာနာၾကင္မႈမ်ားႏွင့္ ျပည့္ေနသည္။ အဲ့မိန္းကေလး (သူ႕ခယ္မ)က တကယ္ အရမ္းအရမ္းေၾကာက္ဖို႔ေကာင္းတဲ့ လူပဲ။

ဘာ ဇူအန္သည္ အျပင္ပိုင္းတြင္ က်ီတန္ထုလိုမ်ိဳး ႏွေမ်ာတသသည့္ အမူအရာမ်ိဳး လုပ္ေနေသာ္လည္း စိတ္ထဲတြင္မူ အေပ်ာ္လြန္ေနမိသည္။ ေၾကာ့ရွင္းက်က္သေရရွိတဲ့ ေက်ာင္းအုပ္ႀကီး ခင္ဗ်ားက အေကာင္းဆုံးပဲ။ ေနာက္မွ အခြင့္အေရးရွာၿပီး ခင္ဗ်ားအတြင္းခံ အဲအဲခင္ဗ်ားကို ေကာင္းေကာင္း ေက်းဇူးလာတင္ပါ့မယ္။

ငါ့ကို ထပ္ရွာေပးပါအုံး။ မင္း ေနာက္တစ္စုံ ျပန္ရွာေတြ႕နိုင္ရင္ မင္း ေတာင္းဆိုသမွ်ကို ငါ သေဘာတူေပးမယ္ သူ႕ေတာင္းဆိုမႈကို ဇူအန္ အေရးတယူ မလုပ္မွာ စိုးရိမ္သျဖင့္ က်ီတန္ထုသည္ အာမခံသည့္အေနျဖင့္ သူ႕ရင္ဘတ္ကို ပုတ္လိုက္သည္။ ငါ က်ီတန္ထုရဲ႕ ဂုဏ္သိကၡာက နည္းနည္းေတာ့ တန္ဖိုးရွိပါေသးတယ္။ လူအမ်ားႀကီးက ငါ့ကို သူတို႔အေပၚ အေႂကြးတင္ေစခ်င္ၾကေပမယ့္ အဲ့လိုစက္ဆုပ္ဖြယ္ေကာင္းတဲ့ သက္ရွိေတြေပၚ ငါ ခံစားရတဲ့ အထင္ေသး႐ြံရွာမႈက တိုင္းတာလို႔ မရဘူး

ဇူအန္ စိတ္ထဲမွ က်ိန္ဆဲလိုက္သည္။ ခင္ဗ်ားအတြက္ သခင္မႀကီးရဲ႕ အတြင္းခံကို က်ဳပ္ကို ခိုးေစခ်င္ေနတယ္ေပါ့။ အမိခံလိုက္ရရင္ က်ဳပ္ ေသေအာင္ အရိုက္ခံရမွာ မဟုတ္ဘူးလား။ ဒါ့အျပင္ အနာဂတ္မွာ ခ်ဴခ်ဴယန္ကို က်ဳပ္ ဘယ္လိုရင္ဆိုင္နိုင္ေတာ့မလဲ။

သို႔ေသာ္ ဤတဏွာ႐ူးေျပာသည့္ စကားမ်ားက ေနာက္ဆုံးေတာ့ အရွိုက္ထိသြားခဲ့သည္။ ဘယ္အရာမဆို ခင္ဗ်ား တကယ္ သေဘာတူမွာလား
ဒီေလာက္အားစိုက္ထုတ္ေနပုံေထာက္ရင္ ၾကည့္ရတာ ဒီလူႀကီးက ခ်င္ဝမ္ယြီကို အၾကာႀကီး အ႐ူးအမူးတကယ္ခ်စ္ခဲ့တဲ့ပုံပဲ။ တကယ္လို႔ အဲ့အဝတ္စေလးနဲ႕ ခ်စ္ဖို႔ေကာင္းတဲ့ က်ီေရွာင္ခ်ီတို႔ကို လဲလွယ္နိုင္မယ္ဆိုရင္ေတာ့ စြန့္စားၾကည့္ဖို႔ ထိုက္ေလာက္တယ္။

ဘယ္အရာမဆိုပဲ က်ီတန္ထု ႐ုတ္တရပ္ ေတာင့္သြားသည္။ ဇူအန္ စိတ္ကို ဖတ္နိုင္သည့္ပမာ သူက ခ်က္ခ်င္းထပ္ေျပာလိုက္သည္။ ငါ့သမီးမွအပေပါ့

က်ဳပ္က အဲ့လိုလူမ်ိဳးမို႔လို႔လား ဇူအန္ ခ်က္ခ်င္းျပန္ေအာ္ေျပာလိုက္သည္။ ဒါေပမယ့္ ဒါက တကယ္ထူးဆန္းတဲ့ တိုက္ဆိုင္မႈပဲ။ ဒီလူႀကီးက ဘယ္လိုလုပ္ သူ႕လိုမ်ိဳး တစ္ထပ္တည္းေတြးနိုင္ရတာလဲ။ သူတို႔ႏွစ္ေယာက္က တူညီတဲ့ လူစားမ်ိဳး ျဖစ္ေနၾကတာမ်ားလား။ ဖီ။

ေကာင္းၿပီ။ အဲ့ဒါဆို သေဘာတူလိုက္ၿပီေနာ္

သူ၏ စိတ္ကူးရန္သူ ခ်ဴက်ဳန္းထန္ကို ေျမးတစ္ေယာက္အား ဆူေငါက္သည့္ပမာ သူ ျပစ္တင္ေဝဖန္ေျပာဆိုနိုင္ခဲ့႐ုံမက စာအုပ္အသစ္ ရသြားၿပီး အံ့ၾသဖြယ္ေကာင္းသည့္ သေဘာတူညီမႈမ်ိဳးး လုပ္နိုင္ခဲ့ေသးသည္။
က်ီတန္ထု အလြန္ေပ်ာ္ေနမိသည္။ ေခါင္းေမာ့ ရင္ေမာ့ျဖင့္ ႂကြားႂကြားဝင့္ဝင့္ ေလွ်ာက္သြားၿပီး အခံ့ညားဆုံးသူပမာ အိမ္သို႔ ျပန္သြားလိုက္သည္။

သူ၏ ေပ်ာ္႐ႊင္အူျမဴးေနေသာ စိတ္ႏွင့္ ဆန့္က်င္ဘက္ပင္ လျပည့္ၿမိဳ႕ အျခားအိမ္ေတာ္တစ္ခု၏ စာၾကည့္ခန္းထဲ၌ ရွီခြန္းသည္ စိုးရိမ္တႀကီးျဖင့္ ေရွ႕ေနာက္ေလ်ာက္သြားေနသည္။

႐ုတ္တရက္ တံခါးေခါက္သံ ထြက္လာခဲ့သည္။ ပုံမွန္အားျဖင့္ သူသည္ တံခါးေခါက္သူဘက္မွ တံခါးဖြင့္သည္ကို စိတ္ရွည္ရွည္ႏွင့္ ေစာင့္စားတတ္သည့္သူျဖစ္သည္။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္မူ စကၠန့္ပိုင္းအတြင္း တံခါးဝဆီ ေရာက္ေနသည္ကို သူ႕ကိုယ္သူ ေတြ႕လိုက္ရသည္။ ဘယ္လိုလဲ။ အႀကီးအကဲ ရွီကို ရွာေတြ႕သြားၾကၿပီလား

မေတြ႕ေသးပါဘူး။ သူ ရွိနိုင္ေခ်ရွိတဲ့ ေနရာမ်ိဳးစုံကို ကြၽန္ေတာ္တို႔ စစ္ေဆးခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ အႀကီးအကဲ ရွီရဲ႕ အရိပ္အေယာင္ေလး တစ္ခုေတာင္ မရွိဘူး သူ႕လက္ေအာက္ငယ္သားက စိုးရိမ္ေၾကာက္လန့္ေသာ အမူအရာႏွင့္ တင္ျပလာခဲ့သည္။

အဲ့ဒါက ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ ရွီခြန္း သူ႕ဘာသာ ေရ႐ြတ္မိသည္။ ေနာက္ဘက္သို႔ ေျခလွမ္းအနည္းငယ္ ယိုင္သြားၿပီးေနာက္ ထိုင္ခုံတစ္ခုေပၚသို႔ သူ ထိုင္က်သြားသည္။

အရင္ေန႕တုန္းက ဟိုသစၥာေဖာက္ ေရွာင္း႐ႊယ္ယင္ကို ဖမ္းရန္ ရွီလဲ့ဇီအား ေစလႊတ္လိုက္ၿပီးေနာက္ ဤအခန္းထဲ၌ သူ စိတ္ရွည္ရွည္ျဖင့္ ေစာင့္ေနခဲ့သည္။ သူသည္ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနခဲ့ၿပီး ထိုနတ္သူငယ္မေလးကို သူ တစ္ေယာက္တည္း သာယာခံစားေအာင္ ေမွ်ာ္လင့္ေနခဲ့သည္။
သို႔ေသာ္ သတင္းတစ္ခုေလးမွ မရဘဲ အခ်ိန္အၾကာႀကီး ေစာင့္ေနၿပီးေနာက္ သူ အိပ္ေပ်ာ္သြားခဲ့သည္။ ေနာက္မနက္ ထိတ္ထိတ္ပ်ာပ်ာျဖင့္ သူ ျပန္နိုးလာသည့္အခ်ိန္တြင္ ရွီလဲ့ဇီသည္ ျပန္ေရာက္မလာေသးပါ။

သူ႕ပထမဆုံးတုံ႕ျပန္မႈသည္ ေဒါသတႀကီး ေပါက္ကြဲလိုက္ျခင္းျဖစ္သည္။ ရွီလဲ့ဇီသည္ သူ႕ကိုယ္ပိုင္သေဘာျဖင့္ လႈပ္ရွားလိုက္တာျဖစ္မယ္ဟု သူ ထင္ထားခဲ့သည္။ သူ႕ကိုယ္ပိုင္သာယာေရးအတြက္ ေရွာင္း႐ႊယ္ယင္ကို အသုံးခ်ရန္ လ်ိဳ႕ဝွက္ေနရာတစ္ခုခုသို႔ ေခၚသြားတာျဖစ္မယ္ဟုပင္ သူ ေတြးမိသြားခဲ့သည္။

ဘယ္လိုပဲဆိုဆို ရွီလဲ့ဇီသည္ အျဖဴစင္ဆုံးမိန္းကေလးကိုေတာင္ အသိစိတ္ေပ်ာက္သြားေအာင္ လုပ္နိုင္သည့္ အထူးကာမေဆးတစ္မ်ိဳးကို ယူသြားခဲ့သည္။ စနိုးသည္ အလြန္လွပတင့္တကယ္သည့္ မိန္းကေလးတစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ ရွီလဲ့ဇီက သူ႕ကိုယ္သူ မထိန္းခ်ဳပ္နိုင္ခဲ့ဘူးဆိုလွ်င္ေတာင္ သူ အံ့ၾသသြားမွာ မဟုတ္ပါ။

မည္သို႔ပင္ျဖစ္ေစ သူ႕ကိုယ္သူ စိတ္ၿငိမ္ေအာင္ လုပ္ၿပီး သူ႕မယုံသကၤာျဖစ္မႈကို ေဘးဖယ္ထားလိုက္သည္။ ရွီလဲ့ဇီသည္ ရွီအိမ္ေတာ္အတြက္ ႏွစ္အမ်ားႀကီးၾကာေအာင္ အလုပ္လုပ္ေပးခဲ့ၿပီး အၿမဲတမ္း သစၥာေစာင့္သိခဲ့သည္။ ရွီအိမ္ေတာ္ကို သစၥာေဖာက္ျခင္းေၾကာင့္ ေပးဆပ္ရမယ့္ အဖိုးအခကိုလည္း သူ နားလည္ထားေသာေၾကာင့္ ထိုမွ်မိုက္မဲသည့္ လုပ္ရပ္မ်ားကို ေ႐ြးခ်ယ္မွာ မဟုတ္ပါ။

ထိုသို႔ဆိုလွ်င္ တစ္ခုတည္းေသာ ျဖစ္နိုင္ေခ်အရာသည္ တစ္ခုခု မွားသြားတာပဲျဖစ္ရမည္။
သူ႕လက္ေအာက္ရွိ လူအားလုံးကို သူ ခ်က္ခ်င္းေစလႊတ္ခဲ့သည္။ သို႔ေသာ္ ဘယ္သူကမွ ရွီလဲ့ဇီကို ရွာမေတြ႕နိုင္ၾကပါ။

ခ်ဴအိမ္ေတာ္မ်ား ျဖစ္နိုင္မလား ေနာက္လက္ေအာက္ငယ္သားတစ္ေယာက္က ေမးလိုက္သည္။ မေန႕ညတုန္းက ခ်ဴအိမ္ေတာ္ကို သူခိုးတစ္ေယာက္ က်ဴးေက်ာ္ခဲ့ၿပီး ခ်ဴအိမ္ေတာ္က သူခိုးကိုသတ္လိုက္တယ္လို႔ ကြၽန္ေတာ္ ၾကားခဲ့တယ္

----- ---- ------------------------------------------ -- -- - - - - - -----

Continue Reading

You'll Also Like

331K 8.4K 53
ក្មេងក្រោមអាយុ18ឆ្នាំហាមចូលអាន តែបើចង់អានក៏ចូលអានទៅ សុំទោសចំពោះពាក្យណាដែលមិនសមរម្យ បើមិនពេញចិត្ត អូសរំលងចុះ ហាមខមិនអ្វីប៉ះពាល់ដល់អ្នកសរសេរ👌 ...
1.3M 96.3K 65
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Artist-Thin Thin Hlaing
126K 4.5K 26
Short novel Mixed by Sakurak🌸