ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.1K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

228

303 44 0
By SoeHmue

Chapter 228: အထင်ကြီးမှုခံယူခြင်း

ထိုဇာတ်ညွှန်းများ ရွတ်လိုက်ပြီး ဇူအန် သေနတ်ပစ်လိုက်သလို လက်ချောင်းထိပ်ကိုပင် လေမှုတ်လိုက်သေးသည်။

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လေထုက ထူးဆန်းစွာ ငြိမ်သက်နေသည်။
သခင်မပြောတဲ့ ကျူးကျော်သူက ဘယ်လောက်အင်အားကြီးပါလိမ့်။ အဆင့် ၈လား။

အနည်းဆုံး သူတို့လူတစ်ဝက်ခန့် ဆုံးရှုံးရန် စိတ်ထဲပြင်ပြီး ရောက်လာခြင်းပင်။ သို့သော် ဒီလောက်အားကောင်းတဲ့ ရန်သူကို သခင်လေးက အသာလေး အနိုင်ရလိုက်သည်။

"အကြော ၆မျိုး နတ်ဓားသိုင်းက ဘယ်လိုသိုင်းပါလိမ့်"

အစောင့်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရာ အကုန်လုံးမျက်လုံးထဲတွင် မသိခြင်းများ ပြည့်နေကြသည်။ ထို့ကြောင့် အားလုံးထဲတွင် ဗဟုသုတအပြည့်ဆုံး သူတို့ခေါင်းဆောင် ယွဲ့ရှန် ထံ မျက်လုံးပို့လိုက်ကြသည်။

"ငါက ဘယ်လိုလုပ် သိမလဲ"
ယွဲ့ရှန် မျက်နှု ပူလာသည်။ သူက ကျင့်စဉ် များစွာ နှင့် တိုက်နည်းပေါင်းစုံ သိသော်လည်း အကြော ၆မျိုး နတ်ဓားသိုင်းကို မကြားဖူးပေ။

သူတစ်ခါမှ မကြားဖူးသော်လည်း နာမည်တစ်ခုတည်းကပင် အားကောင်းကြောင်း သိသာစေသည်။ အနည်းဆုံး အဲ့တာက မြေအဆင့်သိုင်းပညာဖြစ်လောက်သည်။ နာမည်တွင် နတ် ပါသောကြောင့် ကောင်းကင်အဆင့်လည်း ဖြစ်နိုင်သေးသည်။

ကီကျောက်နှင့် လက်နက်များကဲ့သို့ သိုင်းကျမ်းများကိုလည်း သေမျိုးအဆင့် မြေအဆင့် ကောင်းကင်အဆင့်ဟု ခွဲခြားနိုင်သည်။ လပြည့်ဝန်းအကယ်ဒမီ၏ အခြေခံဓားပညာမှာ သေမျိုးအဆင့် ဖြစ်လေသည်။

သေမျိုးအဆင့် သိုင်းကျမ်းက အားနည်းသည်ဟု ထင်ရသော်လည်း သိုင်းကျမ်းမရှိသောသူနှင့် အင်အားကွာခြားမှုအကြီးကြီး ရှိသေးသည်။ အမှန်တော့ သိုင်းကျမ်းရနိုင်သောနေရာက အိမ်တော်ကြီးများနှင့် အကယ်ဒမီတွင်သာ ဖြစ်လေသည်။ ထို့ကြောင့် နောက်ခံကောင်းကောင်းမရှိသော ပုံမှန်ကျင့်ကြံသူက သိုင်းကျမ်းလုံးဝရမည်မဟုတ်ပေ။အများစုက သူတို့ရဲ့ အာရုံနှင့် တိုက်ပွဲအတွေ့အကြုံအပေါ် မူတည်၍ တိုက်ခိုက်ကြခြင်းပင်။

အဆင့်တူသော ကျင့်ကြံသူများအကြား သိုင်းကျမ်းရှိသူက သိုင်းကျမ်းမရှိသူများကို အုပ်မိုးနိုင်လေသည်။
သိုင်းကျမ်းရှိသူအများစုက သေမျိုးအဆင့်သိုင်းကျမ်းများပင် ဖြစ်သည်။ များသောအားဖြင့် အကယ်ဒမီမှ ပါရမီရှင်များနှင့် အိမ်တော်ကြီးများ၏ အဓိကအိမ်သားများသာ မြေအဆင့်သိုင်းကျမ်း ရနိုင်သည်။ ကောင်းကင်အဆင့်ကတော့ ဒဏ္ဍာရီတောင် ဖြစ်နေပြီ။

ချူအိမ်အစောင့်များက အကြော၆မျိုး နတ်ဓားသိုင်းကို မည်သည့်အဆင့်ဖြစ်ကြောင်း အဖြေထုတ်နေကြစဉ် ချင်ဝမ်ယွီ လည်း အံ့သြ၍ ကြောင်နေသေးသည်။
အခြားအစောင့်များက အနက်ရောင်ဝတ်လူနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးပေ။ တိုက်ဖူးသောအစောင့်နှစ်ယောက်က သေလေပြီ။ သို့သော် သူကိုယ်တိုင် ထိုလူနှင့်တိုက်ဖူး၍ သိလေသည်။

အဆင့် ၆ကျင့်ကြံသူ ဖြစ်တာတောင် တစ်ချက်တည်းနှင့် ရှုံးသွားရသေးသည်။ ဒါတောင် တစ်ဖက်လူက သူ့ကို ညှာလိုက်၍ပင်။ ထိုအရာက အနက်ရောင်လူမှာ သူ့ထက်အများကြီး ပိုအားကောင်းကြောင်း ပြနေသည်။
အနည်းဆုံး အဆင့် ၇ဖြစ်ပေလိမ့်မည်။ အဆင့် ၈တောင် ဖြစ်နိုင်သေးသည်။

ဒါတောင် ဇူအန်က အလွယ်လေး သတ်နိုင်လိုက်တယ်လား။
အချိန်ဘယ်လောက် ကြာသေးလို့လဲ။ ထို့အပြင် အသံလုံးဝ မထွက်ပေ။
ဤအရာများက ဇူအန် ထိုလူကို အားသာချက်အများကြီးဖြင့် အနိုင်ရလိုက်ကြောင်း ပြနေသည်။

ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချင်ဝမ်ယွီ မကြာခင် အာရုံပြန်ကပ်လာပြီး အခြေအနေကို ဝင်ထိန်းလိုက်သည်။ အစောင့်များကို သေဆုံးသူအားစစ်ဆေးရန် မှာလိုက်ပြီး ဇူအန်အနား လျှောက်လာသည်။

"ဇူအန် မင်းအဆင်ပြေလား"

"ကျုပ်ပြောထားသားပဲ ကျုပ်ကို အားဇူလို့ ခေါ်ပါဆို" ဇူအန် သူ့ခြေထောက်ကိုခါရင်း ပြောလိုက်သည်။ သူ တမင်လုပ်ယူထားသည့် ဤ ထူးဆန်းသော ကိုယ်ဟန်ကို ထိန်းရန် အတော်လေးခက်လှသည်။

"အု...အု....လုပ်ကြပါဦး ငါ့...ခါး..ခါး"
ဖြီးဖြန်းရန်အတွက် အင်မတန်ခက်သော အနေအထားကို လုပ်ထားလိုက်မိ၍ ကြွက်တက်လာခြင်းပင်။

"..."ချင်ဝမ်ယွီ
သူ့မှာ မေးစရာမေးခွန်း တပုံကြီးရှိသော်လည်း သူမမေးနိုင်ခင် ဇူအန်က နဂိုပုံစံ ပြန်ဖြစ်လာသည်။
ငါ ဘာမေးမလို့ပါလိမ့်။ သေစမ်း.ဒီကောင်က ငါ့ခေါင်းထဲကဟာကို မေ့အောင် လုပ်လိုက်တယ်။

ချင်ဝမ်ယွီ ဇူအန်ကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်ပြီး နောက်ဆုံး စိတ်ထိန်းကာ မေးလိုက်သည်။
"မင်းဒဏ်ရာရသွားတာလား။ အခု ဘယ်လိုနေသေးလဲ။ အဲ့လူ မင်းရင်ဘတ်ကို ချိန်ထားတာ မြင်လိုက်တယ်..."

ထိုလူကသာ အမှန်တကယ် အဆင့် ၈ကျင့်ကြံသူ ဖြစ်ပါက လပြည့်မြို့၏ နံပါတ်တစ်ဖြစ်သော သူ့ယောက်ျား ချူကျုန်းထန် ပင် အနည်းဆုံး ဒဏ်ရာအပြင်းအထန် ရပေလိမ့်မည်။ ထို့ကြောင့် ဇူအန် အခြေအနေဆိုးမည်ကို စိုးရိမ်နေခြင်းပင်။

"ဒဏ်ရာရတာလား...အာ..ဟုတ်သားပဲ ကျုပ်က ဒဏ်ရာရထားတာ" ဇူအန် ရင်ဘတ်ကို ဆုတ်လျက် သူ့အကျင့်အတိုင်း ချင်ဝမ်ယွီ ဘက် လဲကျသွားလေသည်။
ဒါပေမဲ့ တစ်ဝက်တစ်ပျက်တွင် သူ့ရှေ့က သူ့မိန်းမမဟုတ်ကြောင်း သတိရလိုက်ကာ လန့်ဖြန့်ပြီး အမြန်ရပ်လိုက်ရသည်။
သူက အစောင့်များထံလှမ်းကာ
"ကောင်းကင်ကီကျောက်တစ်ချို့ ယူလာခဲ့။ မရှိရင် မြေကီကျောက်လည်းရတယ်။ ပြီးတော့ အဆင့်မြင့် ဆေးဝါးတွေနဲ့ အားဖြည့်တဲ့ ဆေးရွက်တွေရော ယူလာခဲ့။ ငါ့ဒဏ်ရာကနေ သေချာပြန်ကောင်းအောင် လုပ်ဖို့လိုတယ်"

"..."ချင်ဝမ်ယွီ

ဇူအန်၏ မရှက်မဲ့သော တောင်းဆိုချက်များကို ကြားလိုက်သော် ဇူအန် လုံးဝဒဏ်ရာမရကြောင်း သဘောပေါက်သွားသည်။ သို့သော် ချူအိမ်ကို အပျိုးဆောင်လိုက်တာကို ငဲ့ပြီး သူ့ကို ဆူငေါက်ဖို့မသင့်ကြောင်း သိလိုက်၍ ယွဲ့ရှန်ဘက် အာရုံလှည့်လိုက်သည်။

"ကျူးကျော်သူရဲ့ အထောက်အထားကို သိရပြီလား"

"မသိသေးဘူး။ သူ့ကိုယ်မှာ နောက်ကြောင်းလိုက်လို့ရတဲ့ ပစ္စည်းတစ်ခုမှ မရှိဘူး။ ပြီးတော့..."

ဇူအန်ကို ကြောက်လန့်တကြား တစ်ချက်ကြည့်ပြီး ဆက်ပြောသည်။
"သခင်လေးရဲ့ အကြော၆မျိုး နတ်ဓားသိုင်းက အရမ်းကိုအားကောင်းပြီး ကျူးကျော်သူရဲ့ ခေါင်းကို ပေါက်ထွက်သွားစေတာ။ သူ့ကို မှတ်မိစရာမကျန်တော့ဘူး"

ဇူအန် အတော်လေး ရွံရှာသွားသည်။
လောင်မိုင်က အတော်လေး မရက်စက်လွန်းဘူးလား။ အသေသတ်တာက ထားလိုက်ပါတော့။ ဦးခေါင်းကို ဖရဲသီးလို ရိုက်ခွဲလိုက်တာကတော့ လွန်မနေဘူးလား။

ဇူအန် လက်ကို အဝတ်တွင် အမြန်သုတ်လိုက်သည်။ ကြွားဝါဖို့ ရှီလဲ့ဇီ ခေါင်းကို လက်ညှိုးနဲ့ ထောက်လိုက်မိသေးသည်။ သူ့လက်ထိပ်တွင် ချွဲကျိကျိ ခံစားလိုက်ရကြောင်း သတိထားမိခဲ့သည်။ သွေး မဟုတ်ရင် ဦးနှောက် တစ်ခုခု ဖြစ်ပေလိမ့်မည်။

ပြောသာပြောရတာ ဇူအန် ၁၀% အံ့သြခြင်း၊ ၂၀%ကြောက်လန့်ခြင်း၊ ၃၀% အားကျခြင်းနှင့် ၄၀%လေးစားသော အကြည့်များ အစောင့်များထံမှ ရလိုက်သည်။ ဂျင်စင်းအတောင့်လိုက်စားလိုက်ရသလို ဇူအန် အားတက်လာရသည်။

အားကောင်းတာ သိပ်ခံစားလို့ကောင်းတာပဲ။ အင်းလေ အတုဆိုရင်တောင် ငါ့အစွမ်းအစနဲ့ အတုလုပ်ထားရတာပဲ။

"ဇူ..." ချင်၀မ်ယွီ ပြောမလို့ကြံရင်း ဇူအန်စကားကို သတိရလိုက်ပြီး ပြောင်းလိုက်သည်။
"အားဇူ မင်းဒီလူဘယ်သူလဲ သိလား"

ဇူအန် တွေဝေကာ ခေါင်းယမ်းလိုက်သည်။
"ကျုပ်လည်းမသေချာဘူး။ ကျုပ်က ချူယန်ဒဏ်ရာကိုစိတ်ပူပြီး အိပ်မပျော်လို့ လမ်းထလျှောက်တာ။ ဒါပေမဲ့ ဒီလူက ရုတ်တရက်ကြီးပေါ်လာပြီး ကျုပ်ကို တိုက်တာပဲ"

ရှီလဲ့ဇီ ကိုဖော်လိုက်လျှင် ပြဿနာတစ်ပုံကြီးတက်လာနိုင်ကြောင်းသိ၍ ဇူအန် ထုတ်မပြောပေ။ ရှီလဲ့ဇီက နာမည်ကြီး အဆင့် ၈ ကျင့်ကြံသူ ပင်။ ရှီလဲ့ဇီ သူ့လက်ထဲသေသွားခြင်းကို သိသွားပါက ဇူအန် လပြည့်မြို့၏ အခြားအင်အားကြီးအုပ်စုများထံမှ မလိုအပ်သော အာရုံစိုက်မှုကို ရပေလိမ့်မည်။

သူ့မှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အင်အားမရှိသေး၍ ဒါက အလွန်ပြဿနာကြီးပေလိမ့်မည်။ ထို့အပြင် ထင်ပေါ်အောင်နေခြင်းက သူ့စရိုက်မဟုတ်ပေ။ သူက အမှောင်ထဲတွင် ပုန်းအောင်းပြီး ရန်သူကို လုပ်ကြံတာ ပိုကြိုက်လေသည်။
ရှီခွန်း သူ့နောက်လိုက်သေတာနဲ့ ပတ်သက်ပြီး စိတ်မလုံမခြုံဖြစ်နေတာ ပိုကောင်းတယ်။

သူ့သမီးကို စိတ်ပူနေကြောင်း ကြားလိုက်သော် ချင်ဝမ်ယွီ ကျေနပ်သွားသည်။
အနည်းဆုံးတော့ မင်းမှာ အသိစိတ်ရှိသေးတယ်။

သို့သော် ဇူအန်စကားက သူ့ကို ပိုသံသယဝင်စေသည်။
"တစ်ယောက်ယောက်က ဘာလို့ ရုတ်တရက်ပေါ်လာပြီး မင်းကို တိုက်ခိုက်ရမှာလဲ"

ဇူအန် တည်ငြိမ်စွာ ပုခုံးတွန့်၍
"ကျုပ်ဘယ်လိုလုပ်သိမလဲ။ ကျုပ်လို ထူးချွန်တဲ့လူက မိန်းမလှတွေရဲ့ လေးစားနှစ်သက်တဲ့အကြည့်ကို အမြဲတမ်းခံရတယ်။ အဲ့တာကြောင့် တစ်ချို့လူတွေက ကျုပ်ကို အငြှိုးထားပြီး လက်တုံ့ပြန်တာလည်း ဖြစ်နိုင်တာပဲ"

"..."ချင်ဝမ်ယွီ

"..."ယွဲ့ရှန်

"...."အစောင့်များ

သူ့နောက်ကို တစ်ခြားလူတစ်ယောက် လိုက်နေတာ အဆန်းမဟုတ်တော့ကြောင်း သဘောပေါက်သွားကြသည်။ အဲ့ဒီအစား သူ့ကို ဘယ်သူမှ လိုက်မသတ်မှသာ ထူးဆန်းမည်ဖြစ်သည်။

ဘေးပတ်လည်က လူများ၏ မျက်နှာထားကိုကြည့်ပြီး သူ့စကားကို သံသယဝင်နေကြမှန်း ဇူအန် ရိပ်မိသည်။
ဟေး..ဘယ်လိုတောင် ရွဲ့ချင်စရာကောင်းလဲ။ငါလိမ်တဲ့အခါကျရင် တန်းယုံပြီး ငါအမှန်အတိုင်းပြောရင်ကျ ငါ့ကို ချက်ချင်း သံသယဝင်တော့တာပဲ။

"အဲ့တာဆို သူက အဆင့် ၈ကျင့်ကြံသူ မှန်း မင်းဘယ်လိုသိလဲ" ချင်ဝမ်ယွီက မေးလိုက်သည်။

"မှန်းလိုက်တာလေ။ သူကအတော်လေး အားကောင်းပုံပဲ" ဇူအန် အပြစ်ကင်းသော မျက်လုံးများဖြင့် ပြောလေသည်။

ချင်ဝမ်ယွီက ခေါင်းညိတ်လိုက်သည်။ အဆင့် ၈ကျင့်ကြံသူ တစ်ယောက် ဇူအန်လက်ထဲ သေရန်မဖြစ်နိုင်၍ အနက်ရောင်ဝတ်ထားသောလူက အဆင့် ၇ သို့မဟုတ် အတင့် ၆ ထိပ်ဆုံးလောက်သာ ဖြစ်နိုင်သည်။

သို့သော် ဘယ်လိုဖြစ်ဖြစ် ထိုလူက ဇူအန်သတ်နိုင်လောက်သော သူမဟုတ်ချေ။ ထို့ကြောင့် ဆက်မေးလိုက်သည်။
"ဘယ်လိုသတ်လိုက်တာလဲ"

"ဘယ်လိုရမှာလဲ။ ကျုပ်က သူ့ထက် ပိုအားကောင်းလို့ပေါ့" ဇူအန် ပုခုံးတွန့်လိုက်သည်။
"ကျုပ် ကြိုးဝိုင်းထဲမှာ ဘယ်လောက်မိုက်လဲ မမြင်လိုက်ဖူးလား။ ကျုပ်ကလည်း သိုင်းပညာရှင်တစ်ယောက်ပါ။ တစ်ခြားလူတစ်ယောက်ကို သတ်နိုင်တာ ပုံမှန်ပါပဲ"

ချင်ဝမ်ယွီ နှာမှူတ်လိုက်မိသည်။ သူ့ဝှက်ဖဲကို ထုတ်မပြချင်ဟု တွေးလိုက်ပြီး ဆက်မမေးတော့ပေ။

"ပြောရင်းနဲ့ ဟိုမိန်းမ ဘယ်မလဲ"
ဇူအန် တစ်ခြားမိန်းမတစ်ယောက်လက်ကို ဆွဲပြေးနေခြင်းကို သတိရလိုက်ပြီး မျက်နှာမည်းသွားသည်။

"အာ အဲ့ဒီ မိန်းမက အခွင့်အရေး ရရချင်း ပြေးသွားတာ" ဇူအန် ပြန်ဖြေလိုက်သည်။
ထို့နောက် လက်ဝါးထဲ လက်သီးထုလိုက်ပြီး ကြိမ်းဝါးလိုက်သည်။
"အာ ကျုပ်အသက်ကို လူတစ်ယောက် ဘာလို့ရန်ရှာနေတာလဲ စဉ်းစားနေတာ။ အခုမှ တွေးကြည့်မိတယ်။ ဒီအနက်ရောင်နဲ့လူက အဲ့ဒီမိန်းမနောက်လိုက်လာတာ ဖြစ်ရမယ်။ ဟေ..အပြေးမြန်သွားတာ နှမြေစရာပဲ။ ငါ နာမည်လေးတောင် မမေးလိုက်ရဘူး။ အနည်းဆုံးတော့ သူ့အသက်ကိုကယ်တဲ့အတွက် သူ့ခန္ဓာကိုယ် ကျုပ်ဆီအပ်နှင်းလိုက်သင့်တာပေါ့ မဟုတ်ဘူးလား"

ယွဲ့ရှန် ဇူအန်ကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်မိသည်။
ငါတို့သခင်လေးက ဘယ်လိုတောင် အံ့သြစရာကောင်းလိုက်လဲ။ သူ့ယောက္ခမရှေ့မှာ တစ်ခြားမိန်းမတစ်ယောက်ကို ယူချင်တယ့်အကြောင်း ပြောရဲတယ်။

တစ်ဖက်မှာတော့ ချင်ဝမ်ယွီက အတွေးမတူပေ။
ငါလည်း အစောက သူကယ်တာ ခံလိုက်ရတာပဲ။ ငါ့ခန္ဓာကိုယ်ကို အပ်နှင်းသင့်တယ်လို့ ပြောနေတာများလား။

ဟမ့် သူ့မှာ အဲ့လိုလုပ်ရဲတဲ့ သတ္တိမရှိဘူးလို့ ထင်တာပဲ။
သူ့အတွေးများက အတော်လေး အနေခက်စေသောကြောင့် အစောင့်များကို အမိန့်ပေးကာ အလုပ်ရှုပ်စေလိုက်သည်။ အနီးအနားတွင် ကျူးကျော်သူကျန်သေးလား ရှာခိုင်းပြီး ကျန်သူများကို ချူအိမ်ဝန်း အပြင်ဘက်ကို ကင်းလှည့်ခိုင်းလိုက်သည်။

ထို့နောက် တစ်ခြားအိမ်တော်ခွဲများက အိမ်သားများ၊ ယွဲ့ရှန်၊ ဟုန်ကျုံး နှင့် ချူအိမ်၏ လက်ရုံးများကို စုကာ ဒီကိစ္စကို တိုင်ပင်လိုက်သည်။

မကြာခင် ခြံဝန်းထဲတွင် ကျန်ခဲ့သော တစ်ယောက်သောသူက ဇူအန်ပင်။ လူတိုင်းသွားတာ သေချာပြီးနောက် ရှောင်းရွှယ်ယင်ကို ချုံပုတ်ထဲမှ ထုတ်လိုက်ရာ သူမတစ်ကိုယ်လုံး မီးဖိုထဲမှ ထွက်လာသလို ပူကျစ်နေကြောင်း တွေ့လိုက်ရသည်။

တစ်ခြားသူများ သတိထားမိမည်စိုး၍ သူ့အခန်းထဲကို အမြန်သယ်လိုက်သည်။
သူ့အခန်းအနီးတွင် တာဝန်ကျသောအစောင့်များမှာ ရုတ်တရက်ကျူးကျော်သူကြောင့် အခြားနေရာများကို အပို့ခံလိုက်ရတာ ကံကောင်းလေသည်။ ထို့ကြောင့် ဘယ်သူမှမသိဘဲ ရှောင်းရွှယ်ယင်ကို အခန်းထဲ ပို့လိုက်နိုင်သည်။

သူအမြန် အပူငြိမ်းသောရေနွေးကြမ်းတစ်ခွက် တိုက်လိုက်သော်လည်း အသုံးဝင်ပုံမရ။ အရင်ဘဝတုန်းက အဖျားတက်သောသူကို နဖူးတွင် ရေစွတ်ထားသော အဝတ်တင်ပေးကြောင်း သတိရလိုက်ပြီး အမြန် ရေခပ်ရန် ပြင်လိုက်သည်။ သို့သော် သူ့မထနိုင်ခင်ပင် ဇူအန်လက်မောင်းကို တစ်ခုခုဆွဲထားကြောင်း ခံစားလိုက်ရသည်။

ခေါင်းကိုပြန်လှည့်ကြည့်ရာ ရှောင်းရွှယ်ယင် နိုးနေကြောင်း တွေ့လိုက်သည်။ သူမမျက်လုံးများက ခါတိုင်းလောက် ကြည်မနေပေ။ ထို့အစား စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသည်။
"မသွားပါနဲ့.."

"မင်းကို အေးအောင်လုပ်ဖို့ ရေသွားယူရုံပါ။ မဟုတ်လည်း မင်းရေအေးအေးချိုးလို့ရအောင် ရေကန်ဆီ ခေါ်သွားပေးမယ်။ အဲ့တာဆို မင်းအဆိပ်ကို ဖြေနိုင်လောက်မှာပါ ။ ဟုတ်တယ်မလား" ဇူအန် ပူပန်စွာဖြင့် မေးလိုက်သည်။

သို့သော် ရှောင်းရွှယ်ယင် ခေါင်းယမ်းလိုက်ပြီး
"ရှီအိမ်ရဲ့အဆိပ်က အဲ့လောက်လွယ်လွယ် ပြေနိုင်စရာ အကြောင်းမရှိဘူး"

"အာ ရှောင်ချီ အရင်တစ်ခါပေးထားတဲ့ နှလုံးငြိမ်ဆေး ရှိသေးလား" ဇူအန် မေးလိုက်သည်။

"မရှိဘူး" ရှောင်းရွှယ်ယင် ဇူအန်ကို တစ်ချိန်လုံး စိုက်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

"အဲ့တာဆို ဘာလုပ်ကြမလဲ" ဇူအန် မျက်မှောင်ကြုံ့လိုက်သည်။
"မင်းကို ရှောင်ချီဆီ ခေါ်သွားပေးရမလား"

"ငတုံးကောင်။ တမင် မသိချင်ယောင်ဆောင်နေတာလား" ရှောင်းရွှယ်ယင်၏ ပုံမှန်အသံစူးစူးက ပျားရည် အုပ်ထားသလို ချိုမြိန်၍ နားထောင်ကောင်းနေသည်။

----- ----- --------------------------------- ----- ----- - - - - - - - - - - -

Chapter 228: အထင္ႀကီးမႈခံယူျခင္း

ထိုဇာတ္ၫႊန္းမ်ား ႐ြတ္လိုက္ၿပီး ဇူအန္ ေသနတ္ပစ္လိုက္သလို လက္ေခ်ာင္းထိပ္ကိုပင္ ေလမႈတ္လိုက္ေသးသည္။

လူတိုင္း ပါးစပ္အေဟာင္းသား ျဖစ္သြားၿပီး ေလထုက ထူးဆန္းစြာ ၿငိမ္သက္ေနသည္။
သခင္မေျပာတဲ့ က်ဴးေက်ာ္သူက ဘယ္ေလာက္အင္အားႀကီးပါလိမ့္။ အဆင့္ ၈လား။

အနည္းဆုံး သူတို႔လူတစ္ဝက္ခန့္ ဆုံးရႈံးရန္ စိတ္ထဲျပင္ၿပီး ေရာက္လာျခင္းပင္။ သို႔ေသာ္ ဒီေလာက္အားေကာင္းတဲ့ ရန္သူကို သခင္ေလးက အသာေလး အနိုင္ရလိုက္သည္။

"အေၾကာ ၆မ်ိဳး နတ္ဓားသိုင္းက ဘယ္လိုသိုင္းပါလိမ့္"

အေစာင့္မ်ား တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ရာ အကုန္လုံးမ်က္လုံးထဲတြင္ မသိျခင္းမ်ား ျပည့္ေနၾကသည္။ ထို႔ေၾကာင့္ အားလုံးထဲတြင္ ဗဟုသုတအျပည့္ဆုံး သူတို႔ေခါင္းေဆာင္ ယြဲ႕ရွန္ ထံ မ်က္လုံးပို႔လိုက္ၾကသည္။

"ငါက ဘယ္လိုလုပ္ သိမလဲ"
ယြဲ႕ရွန္ မ်က္ႏႈ ပူလာသည္။ သူက က်င့္စဥ္ မ်ားစြာ ႏွင့္ တိုက္နည္းေပါင္းစုံ သိေသာ္လည္း အေၾကာ ၆မ်ိဳး နတ္ဓားသိုင္းကို မၾကားဖူးေပ။

သူတစ္ခါမွ မၾကားဖူးေသာ္လည္း နာမည္တစ္ခုတည္းကပင္ အားေကာင္းေၾကာင္း သိသာေစသည္။ အနည္းဆုံး အဲ့တာက ေျမအဆင့္သိုင္းပညာျဖစ္ေလာက္သည္။ နာမည္တြင္ နတ္ ပါေသာေၾကာင့္ ေကာင္းကင္အဆင့္လည္း ျဖစ္နိုင္ေသးသည္။

ကီေက်ာက္ႏွင့္ လက္နက္မ်ားကဲ့သို႔ သိုင္းက်မ္းမ်ားကိုလည္း ေသမ်ိဳးအဆင့္ ေျမအဆင့္ ေကာင္းကင္အဆင့္ဟု ခြဲျခားနိုင္သည္။ လျပည့္ဝန္းအကယ္ဒမီ၏ အေျခခံဓားပညာမွာ ေသမ်ိဳးအဆင့္ ျဖစ္ေလသည္။

ေသမ်ိဳးအဆင့္ သိုင္းက်မ္းက အားနည္းသည္ဟု ထင္ရေသာ္လည္း သိုင္းက်မ္းမရွိေသာသူႏွင့္ အင္အားကြာျခားမႈအႀကီးႀကီး ရွိေသးသည္။ အမွန္ေတာ့ သိုင္းက်မ္းရနိုင္ေသာေနရာက အိမ္ေတာ္ႀကီးမ်ားႏွင့္ အကယ္ဒမီတြင္သာ ျဖစ္ေလသည္။ ထို႔ေၾကာင့္ ေနာက္ခံေကာင္းေကာင္းမရွိေသာ ပုံမွန္က်င့္ႀကံသူက သိုင္းက်မ္းလုံးဝရမည္မဟုတ္ေပ။အမ်ားစုက သူတို႔ရဲ႕ အာ႐ုံႏွင့္ တိုက္ပြဲအေတြ႕အႀကဳံအေပၚ မူတည္၍ တိုက္ခိုက္ၾကျခင္းပင္။

အဆင့္တူေသာ က်င့္ႀကံသူမ်ားအၾကား သိုင္းက်မ္းရွိသူက သိုင္းက်မ္းမရွိသူမ်ားကို အုပ္မိုးနိုင္ေလသည္။
သိုင္းက်မ္းရွိသူအမ်ားစုက ေသမ်ိဳးအဆင့္သိုင္းက်မ္းမ်ားပင္ ျဖစ္သည္။ မ်ားေသာအားျဖင့္ အကယ္ဒမီမွ ပါရမီရွင္မ်ားႏွင့္ အိမ္ေတာ္ႀကီးမ်ား၏ အဓိကအိမ္သားမ်ားသာ ေျမအဆင့္သိုင္းက်မ္း ရနိုင္သည္။ ေကာင္းကင္အဆင့္ကေတာ့ ဒ႑ာရီေတာင္ ျဖစ္ေနၿပီ။

ခ်ဴအိမ္အေစာင့္မ်ားက အေၾကာ၆မ်ိဳး နတ္ဓားသိုင္းကို မည္သည့္အဆင့္ျဖစ္ေၾကာင္း အေျဖထုတ္ေနၾကစဥ္ ခ်င္ဝမ္ယြီ လည္း အံ့ၾသ၍ ေၾကာင္ေနေသးသည္။
အျခားအေစာင့္မ်ားက အနက္ေရာင္ဝတ္လူႏွင့္ တစ္ခါမွ မတိုက္ခိုက္ဖူးေပ။ တိုက္ဖူးေသာအေစာင့္ႏွစ္ေယာက္က ေသေလၿပီ။ သို႔ေသာ္ သူကိုယ္တိုင္ ထိုလူႏွင့္တိုက္ဖူး၍ သိေလသည္။

အဆင့္ ၆က်င့္ႀကံသူ ျဖစ္တာေတာင္ တစ္ခ်က္တည္းႏွင့္ ရႈံးသြားရေသးသည္။ ဒါေတာင္ တစ္ဖက္လူက သူ႕ကို ညွာလိုက္၍ပင္။ ထိုအရာက အနက္ေရာင္လူမွာ သူ႕ထက္အမ်ားႀကီး ပိုအားေကာင္းေၾကာင္း ျပေနသည္။
အနည္းဆုံး အဆင့္ ၇ဖြစ်ပေလိမ့်မည်။ အဆင့္ ၈ေတာင္ ျဖစ္နိုင္ေသးသည္။

ဒါေတာင္ ဇူအန္က အလြယ္ေလး သတ္နိုင္လိုက္တယ္လား။
အခ်ိန္ဘယ္ေလာက္ ၾကာေသးလို႔လဲ။ ထို႔အျပင္ အသံလုံးဝ မထြက္ေပ။
ဤအရာမ်ားက ဇူအန္ ထိုလူကို အားသာခ်က္အမ်ားႀကီးျဖင့္ အနိုင္ရလိုက္ေၾကာင္း ျပေနသည္။

ဒါေပမဲ့ ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ။
ခ်င္ဝမ္ယြီ မၾကာခင္ အာ႐ုံျပန္ကပ္လာၿပီး အေျခအေနကို ဝင္ထိန္းလိုက္သည္။ အေစာင့္မ်ားကို ေသဆုံးသူအားစစ္ေဆးရန္ မွာလိုက္ၿပီး ဇူအန္အနား ေလွ်ာက္လာသည္။

"ဇူအန္ မင္းအဆင္ေျပလား"

"က်ဳပ္ေျပာထားသားပဲ က်ဳပ္ကို အားဇူလို႔ ေခၚပါဆို" ဇူအန္ သူ႕ေျခေထာက္ကိုခါရင္း ေျပာလိုက္သည္။ သူ တမင္လုပ္ယူထားသည့္ ဤ ထူးဆန္းေသာ ကိုယ္ဟန္ကို ထိန္းရန္ အေတာ္ေလးခက္လွသည္။

"အု...အု....လုပ္ၾကပါဦး ငါ့ခါး..ခါး"
ၿဖီးျဖန္းရန္အတြက္ အင္မတန္ခက္ေသာ အေနအထားကို လုပ္ထားလိုက္မိ၍ ႂကြက္တက္လာျခင္းပင္။

"..."ခ်င္ဝမ္ယြီ
သူ႕မွာ ေမးစရာေမးခြန္း တပုံႀကီးရွိေသာ္လည္း သူမေမးနိုင္ခင္ ဇူအန္က နဂိုပုံစံ ျပန္ျဖစ္လာသည္။
ငါ ဘာေမးမလို႔ပါလိမ့္။ ေသစမ္း.ဒီေကာင္က ငါ့ေခါင္းထဲကဟာကို ေမ့ေအာင္ လုပ္လိုက္တယ္။

ခ်င္ဝမ္ယြီ ဇူအန္ကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္လိုက္ၿပီး ေနာက္ဆုံး စိတ္ထိန္းကာ ေမးလိုက္သည္။
"မင္းဒဏ္ရာရသြားတာလား။ အခု ဘယ္လိုေနေသးလဲ။ အဲ့လူ မင္းရင္ဘတ္ကို ခ်ိန္ထားတာ ျမင္လိုက္တယ္..."

ထိုလူကသာ အမွန္တကယ္ အဆင့္ ၈က်င့္ႀကံသူ ျဖစ္ပါက လျပည့္ၿမိဳ႕၏ နံပါတ္တစ္ျဖစ္ေသာ သူ႕ေယာက္်ား ခ်ဴက်ဳန္းထန္ ပင္ အနည္းဆုံး ဒဏ္ရာအျပင္းအထန္ ရေပလိမ့္မည္။ ထို႔ေၾကာင့္ ဇူအန္ အေျခအေနဆိုးမည္ကို စိုးရိမ္ေနျခင္းပင္။

"ဒဏ္ရာရတာလား...အာ..ဟုတ္သားပဲ က်ဳပ္က ဒဏ္ရာရထားတာ" ဇူအန္ ရင္ဘတ္ကို ဆုတ္လ်က္ သူ႕အက်င့္အတိုင္း ခ်င္ဝမ္ယြီ ဘက္ လဲက်သြားေလသည္။
ဒါေပမဲ့ တစ္ဝက္တစ္ပ်က္တြင္ သူ႕ေရွ႕က သူ႕မိန္းမမဟုတ္ေၾကာင္း သတိရလိုက္ကာ လန့္ျဖန့္ၿပီး အျမန္ရပ္လိုက္ရသည္။
သူက အေစာင့္မ်ားထံလွမ္းကာ
"ေကာင္းကင္ကီေက်ာက္တစ္ခ်ိဳ႕ ယူလာခဲ့။ မရွိရင္ ေျမကီေက်ာက္လည္းရတယ္။ ၿပီးေတာ့ အဆင့္ျမင့္ ေဆးဝါးေတြနဲ႕ အားျဖည့္တဲ့ ေဆး႐ြက္ေတြေရာ ယူလာခဲ့။ ငါ့ဒဏ္ရာကေန ေသခ်ာျပန္ေကာင္းေအာင္ လုပ္ဖို႔လိုတယ္"

"..."ခ်င္ဝမ္ယြီ

ဇူအန္၏ မရွက္မဲ့ေသာ ေတာင္းဆိုခ်က္မ်ားကို ၾကားလိုက္ေသာ္ ဇူအန္ လုံးဝဒဏ္ရာမရေၾကာင္း သေဘာေပါက္သြားသည္။ သို႔ေသာ္ ခ်ဴအိမ္ကို အပ်ိဳးေဆာင္လိုက္တာကို ငဲ့ၿပီး သူ႕ကို ဆူေငါက္ဖို႔မသင့္ေၾကာင္း သိလိုက္၍ ယြဲ႕ရွန္ဘက္ အာ႐ုံလွည့္လိုက္သည္။

"က်ဴးေက်ာ္သူရဲ႕ အေထာက္အထားကို သိရၿပီလား"

"မသိေသးဘူး။ သူ႕ကိုယ္မွာ ေနာက္ေၾကာင္းလိုက္လို႔ရတဲ့ ပစၥည္းတစ္ခုမွ မရွိဘူး။ ၿပီးေတာ့..."

ဇူအန္ကို ေၾကာက္လန့္တၾကား တစ္ခ်က္ၾကည့္ၿပီး ဆက္ေျပာသည္။
"သခင္ေလးရဲ႕ အေၾကာ၆မ်ိဳး နတ္ဓားသိုင္းက အရမ္းကိုအားေကာင္းၿပီး က်ဴးေက်ာ္သူရဲ႕ ေခါင္းကို ေပါက္ထြက္သြားေစတာ။ သူ႕ကို မွတ္မိစရာမက်န္ေတာ့ဘူး"

ဇူအန္ အေတာ္ေလး ႐ြံရွာသြားသည္။
ေလာင္မိုင္က အေတာ္ေလး မရက္စက္လြန္းဘူးလား။ အေသသတ္တာက ထားလိုက္ပါေတာ့။ ဦးေခါင္းကို ဖရဲသီးလို ရိုက္ခြဲလိုက္တာကေတာ့ လြန္မေနဘူးလား။

ဇူအန္ လက္ကို အဝတ္တြင္ အျမန္သုတ္လိုက္သည္။ ႂကြားဝါဖို႔ ရွီလဲ့ဇီ ေခါင္းကို လက္ညွိုးနဲ႕ ေထာက္လိုက္မိေသးသည္။ သူ႕လက္ထိပ္တြင္ ခြၽဲက်ိက်ိ ခံစားလိုက္ရေၾကာင္း သတိထားမိခဲ့သည္။ ေသြး မဟုတ္ရင္ ဦးႏွောက္ တစ္ခုခု ျဖစ္ေပလိမ့္မည္။

ေျပာသာေျပာရတာ ဇူအန္ ၁၀% အံ့ၾသျခင္း၊ ၂၀%ေၾကာက္လန့္ျခင္း၊ ၃၀% အားက်ျခင္းႏွင့္ ၄၀%ေလးစားေသာ အၾကည့္မ်ား အေစာင့္မ်ားထံမွ ရလိုက္သည္။ ဂ်င္စင္းအေတာင့္လိုက္စားလိုက္ရသလို ဇူအန္ အားတက္လာရသည္။

အားေကာင္းတာ သိပ္ခံစားလို႔ေကာင္းတာပဲ။ အင္းေလ အတုဆိုရင္ေတာင္ ငါ့အစြမ္းအစနဲ႕ အတုလုပ္ထားရတာပဲ။

"ဇူ..." ခ်င္၀မ္ယြီ ေျပာမလို႔ႀကံရင္း ဇူအန္စကားကို သတိရလိုက္ၿပီး ေျပာင္းလိုက္သည္။
"အားဇူ မင္းဒီလူဘယ္သူလဲ သိလား"

ဇူအန္ ေတြေဝကာ ေခါင္းယမ္းလိုက္သည္။
"က်ဳပ္လည္းမေသခ်ာဘူး။ က်ဳပ္က ခ်ဴယန္ဒဏ္ရာကိုစိတ္ပူၿပီး အိပ္မေပ်ာ္လို႔ လမ္းထေလွ်ာက္တာ။ ဒါေပမဲ့ ဒီလူက ႐ုတ္တရက္ႀကီးေပၚလာၿပီး က်ဳပ္ကို တိုက္တာပဲ"

ရွီလဲ့ဇီ ကိုေဖာ္လိုက္လွ်င္ ျပႆနာတစ္ပုံႀကီးတက္လာနိုင္ေၾကာင္းသိ၍ ဇူအန္ ထုတ္မေျပာေပ။ ရွီလဲ့ဇီက နာမည္ႀကီး အဆင့္ ၈ က်င့္ႀကံသူ ပင္။ ရွီလဲ့ဇီ သူ႕လက္ထဲေသသြားျခင္းကို သိသြားပါက ဇူအန္ လျပည့္ၿမိဳ႕၏ အျခားအင္အားႀကီးအုပ္စုမ်ားထံမွ မလိုအပ္ေသာ အာ႐ုံစိုက္မႈကို ရေပလိမ့္မည္။

သူ႕မွာ ကိုယ့္ကိုကိုယ္ ကာကြယ္ဖို႔ အင္အားမရွိေသး၍ ဒါက အလြန္ျပႆနာႀကီးေပလိမ့္မည္။ ထို႔အျပင္ ထင္ေပၚေအာင္ေနျခင္းက သူ႕စရိုက္မဟုတ္ေပ။ သူက အေမွာင္ထဲတြင္ ပုန္းေအာင္းၿပီး ရန္သူကို လုပ္ႀကံတာ ပိုႀကိဳက္ေလသည္။
ရွီခြန္း သူ႕ေနာက္လိုက္ေသတာနဲ႕ ပတ္သက္ၿပီး စိတ္မလုံမၿခဳံျဖစ္ေနတာ ပိုေကာင္းတယ္။

သူ႕သမီးကို စိတ္ပူေနေၾကာင္း ၾကားလိုက္ေသာ္ ခ်င္ဝမ္ယြီ ေက်နပ္သြားသည္။
အနည္းဆုံးေတာ့ မင္းမွာ အသိစိတ္ရွိေသးတယ္။

သို႔ေသာ္ ဇူအန္စကားက သူ႕ကို ပိုသံသယဝင္ေစသည္။
"တစ္ေယာက္ေယာက္က ဘာလို႔ ႐ုတ္တရက္ေပၚလာၿပီး မင္းကို တိုက္ခိုက္ရမွာလဲ"

ဇူအန္ တည္ၿငိမ္စြာ ပုခုံးတြန့္၍
"က်ဳပ္ဘယ္လိုလုပ္သိမလဲ။ က်ဳပ္လို ထူးခြၽန္တဲ့လူက မိန္းမလွေတြရဲ႕ ေလးစားႏွစ္သက္တဲ့အၾကည့္ကို အၿမဲတမ္းခံရတယ္။ အဲ့တာေၾကာင့္ တစ္ခ်ိဳ႕လူေတြက က်ဳပ္ကို အျငႇိုးထားၿပီး လက္တုံ႕ျပန္တာလည္း ျဖစ္နိုင္တာပဲ"

"..."ခ်င္ဝမ္ယြီ

"..."ယြဲ႕ရွန္

"...."အေစာင့္မ်ား

သူ႕ေနာက္ကို တစ္ျခားလူတစ္ေယာက္ လိုက္ေနတာ အဆန္းမဟုတ္ေတာ့ေၾကာင္း သေဘာေပါက္သြားၾကသည္။ အဲ့ဒီအစား သူ႕ကို ဘယ္သူမွ လိုက္မသတ္မွသာ ထူးဆန္းမည္ျဖစ္သည္။

ေဘးပတ္လည္က လူမ်ား၏ မ်က္ႏွာထားကိုၾကည့္ၿပီး သူ႕စကားကို သံသယဝင္ေနၾကမွန္း ဇူအန္ ရိပ္မိသည္။
ေဟး..ဘယ္လိုေတာင္ ႐ြဲ႕ခ်င္စရာေကာင္းလဲ။ငါလိမ္တဲ့အခါက်ရင္ တန္းယုံၿပီး ငါအမွန္အတိုင္းေျပာရင္က် ငါ့ကို ခ်က္ခ်င္း သံသယဝင္ေတာ့တာပဲ။

"အဲ့တာဆို သူက အဆင့္ ၈က်င့္ႀကံသူ မွန္း မင္းဘယ္လိုသိလဲ" ခ်င္ဝမ္ယြီက ေမးလိုက္သည္။

"မွန္းလိုက္တာေလ။ သူကအေတာ္ေလး အားေကာင္းပုံပဲ" ဇူအန္ အျပစ္ကင္းေသာ မ်က္လုံးမ်ားျဖင့္ ေျပာေလသည္။

ခ်င္ဝမ္ယြီက ေခါင္းညိတ္လိုက္သည္။ အဆင့္ ၈က်င့္ႀကံသူ တစ္ေယာက္ ဇူအန္လက္ထဲ ေသရန္မျဖစ္နိုင္၍ အနက္ေရာင္ဝတ္ထားေသာလူက အဆင့္ ၇ သို႔မဟုတ္ အတင့္ ၆ ထိပ္ဆုံးေလာက္သာ ျဖစ္နိုင္သည္။

သို႔ေသာ္ ဘယ္လိုျဖစ္ျဖစ္ ထိုလူက ဇူအန္သတ္နိုင္ေလာက္ေသာ သူမဟုတ္ေခ်။ ထို႔ေၾကာင့္ ဆက္ေမးလိုက္သည္။
"ဘယ္လိုသတ္လိုက္တာလဲ"

"ဘယ္လိုရမွာလဲ။ က်ဳပ္က သူ႕ထက္ ပိုအားေကာင္းလို႔ေပါ့" ဇူအန္ ပုခုံးတြန့္လိုက္သည္။
"က်ဳပ္ ႀကိဳးဝိုင္းထဲမွာ ဘယ္ေလာက္မိုက္လဲ မျမင္လိုက္ဖူးလား။ က်ဳပ္ကလည္း သိုင္းပညာရွင္တစ္ေယာက္ပါ။ တစ္ျခားလူတစ္ေယာက္ကို သတ္နိုင္တာ ပုံမွန္ပါပဲ"

ခ်င္ဝမ္ယြီ ႏွာမႉတ္လိုက္မိသည္။ သူ႕ဝွက္ဖဲကို ထုတ္မျပခ်င္ဟု ေတြးလိုက္ၿပီး ဆက္မေမးေတာ့ေပ။

"ေျပာရင္းနဲ႕ ဟိုမိန္းမ ဘယ္မလဲ"
ဇူအန္ တစ္ျခားမိန္းမတစ္ေယာက္လက္ကို ဆြဲေျပးေနျခင္းကို သတိရလိုက္ၿပီး မ်က္ႏွာမည္းသြားသည္။

"အာ အဲ့ဒီ မိန္းမက အခြင့္အေရး ရရခ်င္း ေျပးသြားတာ" ဇူအန္ ျပန္ေျဖလိုက္သည္။
ထို႔ေနာက္ လက္ဝါးထဲ လက္သီးထုလိုက္ၿပီး ႀကိမ္းဝါးလိုက္သည္။
"အာ က်ဳပ္အသက္ကို လူတစ္ေယာက္ ဘာလို႔ရန္ရွာေနတာလဲ စဥ္းစားေနတာ။ အခုမွ ေတြးၾကည့္မိတယ္။ ဒီအနက္ေရာင္နဲ႕လူက အဲ့ဒီမိန္းမေနာက္လိုက္လာတာ ျဖစ္ရမယ္။ ေဟ..အေျပးျမန္သြားတာ ႏွေျမစရာပဲ။ ငါ နာမည္ေလးေတာင္ မေမးလိုက္ရဘူး။ အနည္းဆုံးေတာ့ သူ႕အသက္ကိုကယ္တဲ့အတြက္ သူ႕ခႏၶာကိုယ္ က်ဳပ္ဆီအပ္ႏွင္းလိုက္သင့္တာေပါ့ မဟုတ္ဘူးလား"

ယြဲ႕ရွန္ ဇူအန္ကို ေလးစားမႈအျပည့္ျဖင့္ ၾကည့္လိုက္မိသည္။
ငါတို႔သခင္ေလးက ဘယ္လိုေတာင္ အံ့ၾသစရာေကာင္းလိုက္လဲ။ သူ႕ေယာကၡမေရွ႕မွာ တစ္ျခားမိန္းမတစ္ေယာက္ကို ယူခ်င္တယ့္အေၾကာင္း ေျပာရဲတယ္။

တစ္ဖက္မွာေတာ့ ခ်င္ဝမ္ယြီက အေတြးမတူေပ။
ငါလည္း အေစာက သူကယ္တာ ခံလိုက္ရတာပဲ။ ငါ့ခႏၶာကိုယ္ကို အပ္ႏွင္းသင့္တယ္လို႔ ေျပာေနတာမ်ားလား။

ဟမ့္ သူ႕မွာ အဲ့လိုလုပ္ရဲတဲ့ သတၱိမရွိဘူးလို႔ ထင္တာပဲ။
သူ႕အေတြးမ်ားက အေတာ္ေလး အေနခက္ေစေသာေၾကာင့္ အေစာင့္မ်ားကို အမိန့္ေပးကာ အလုပ္ရႈပ္ေစလိုက္သည္။ အနီးအနားတြင္ က်ဴးေက်ာ္သူက်န္ေသးလား ရွာခိုင္းၿပီး က်န္သူမ်ားကို ခ်ဴအိမ္ဝန္း အျပင္ဘက္ကို ကင္းလွည့္ခိုင္းလိုက္သည္။

ထို႔ေနာက္ တစ္ျခားအိမ္ေတာ္ခြဲမ်ားက အိမ္သားမ်ား၊ ယြဲ႕ရွန္၊ ဟုန္က်ဳံး ႏွင့္ ခ်ဴအိမ္၏ လက္႐ုံးမ်ားကို စုကာ ဒီကိစၥကို တိုင္ပင္လိုက္သည္။

မၾကာခင္ ၿခံဝန္းထဲတြင္ က်န္ခဲ့ေသာ တစ္ေယာက္ေသာသူက ဇူအန္ပင္။ လူတိုင္းသြားတာ ေသခ်ာၿပီးေနာက္ ေရွာင္း႐ႊယ္ယင္ကို ခ်ဳံပုတ္ထဲမွ ထုတ္လိုက္ရာ သူမတစ္ကိုယ္လုံး မီးဖိုထဲမွ ထြက္လာသလို ပူက်စ္ေနေၾကာင္း ေတြ႕လိုက္ရသည္။

တစ္ျခားသူမ်ား သတိထားမိမည္စိုး၍ သူ႕အခန္းထဲကို အျမန္သယ္လိုက္သည္။
သူ႕အခန္းအနီးတြင္ တာဝန္က်ေသာအေစာင့္မ်ားမွာ ႐ုတ္တရက္က်ဴးေက်ာ္သူေၾကာင့္ အျခားေနရာမ်ားကို အပို႔ခံလိုက္ရတာ ကံေကာင္းေလသည္။ ထို႔ေၾကာင့္ ဘယ္သူမွမသိဘဲ ေရွာင္း႐ႊယ္ယင္ကို အခန္းထဲ ပို႔လိုက္နိုင္သည္။

သူအျမန္ အပူၿငိမ္းေသာေရႏြေးၾကမ္းတစ္ခြက္ တိုက္လိုက္ေသာ္လည္း အသုံးဝင္ပုံမရ။ အရင္ဘဝတုန္းက အဖ်ားတက္ေသာသူကို နဖူးတြင္ ေရစြတ္ထားေသာ အဝတ္တင္ေပးေၾကာင္း သတိရလိုက္ၿပီး အျမန္ ေရခပ္ရန္ ျပင္လိုက္သည္။ သို႔ေသာ္ သူ႕မထနိုင္ခင္ပင္ ဇူအန္လက္ေမာင္းကို တစ္ခုခုဆြဲထားေၾကာင္း ခံစားလိုက္ရသည္။

ေခါင္းကိုျပန္လွည့္ၾကည့္ရာ ေရွာင္း႐ႊယ္ယင္ နိုးေနေၾကာင္း ေတြ႕လိုက္သည္။ သူမမ်က္လုံးမ်ားက ခါတိုင္းေလာက္ ၾကည္မေနေပ။ ထို႔အစား စိတ္လႈပ္ရွားမႈမ်ားႏွင့္ ျပည့္ေနသည္။
"မသြားပါနဲ႕.."

"မင္းကို ေအးေအာင္လုပ္ဖို႔ ေရသြားယူ႐ုံပါ။ မဟုတ္လည္း မင္းေရေအးေအးခ်ိဳးလို႔ရေအာင္ ေရကန္ဆီ ေခၚသြားေပးမယ္။ အဲ့တာဆို မင္းအဆိပ္ကို ေျဖနိုင္ေလာက္မွာပါ ။ ဟုတ္တယ္မလား" ဇူအန္ ပူပန္စြာျဖင့္ ေမးလိုက္သည္။

သို႔ေသာ္ ေရွာင္း႐ႊယ္ယင္ ေခါင္းယမ္းလိုက္ၿပီး
"ရွီအိမ္ရဲ႕အဆိပ္က အဲ့ေလာက္လြယ္လြယ္ ေျပနိုင္စရာ အေၾကာင္းမရွိဘူး"

"အာ ေရွာင္ခ်ီ အရင္တစ္ခါေပးထားတဲ့ ႏွလုံးၿငိမ္ေဆး ရွိေသးလား" ဇူအန္ ေမးလိုက္သည္။

"မရွိဘူး" ေရွာင္း႐ႊယ္ယင္ ဇူအန္ကို တစ္ခ်ိန္လုံး စိုက္ၾကည့္ကာ ေခါင္းယမ္းလိုက္သည္။

"အဲ့တာဆို ဘာလုပ္ၾကမလဲ" ဇူအန္ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"မင္းကို ေရွာင္ခ်ီဆီ ေခၚသြားေပးရမလား"

"ငတုံးေကာင္။ တမင္ မသိခ်င္ေယာင္ေဆာင္ေနတာလား" ေရွာင္း႐ႊယ္ယင္၏ ပုံမွန္အသံစူးစူးက ပ်ားရည္ အုပ္ထားသလို ခ်ိဳၿမိန္၍ နားေထာင္ေကာင္းေနသည္။

----- ----- --------------------------------- ----- ----- - - - - - - - - - - -

Continue Reading

You'll Also Like

471K 57K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
328K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
378K 25.4K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"