ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.2K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

224

290 37 0
By SoeHmue

Chapter 224: ညလယ်ခေါင်က သူခိုး

“ဒီလောက်လှတဲ့မြင်ကွင်းကို ကိုယ် ကြည့်ခွင့်ရတာ ရှားတယ်လေ။ အဲ့တော့ နည်းနည်းလောက် ကိုယ် ငေးကြည့်ချင်တာ ပုံမှန်ပဲမလား” ဇူအန် ပြုံးရင်း မေးလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သူမနှင့် ချစ်ပွဲ၀င်ခဲ့ပြီးဖြစ်သော်လည်း သူမကိုယ်ခန္ဓာကို ကောင်းကောင်းမကြည့်မိလောက်အောင်ထိ သာယာသောခံစားမှု၏ လွှမ်းမိုးခြင်းခံခဲ့ရသည်။

“…..” ချူချူယန်
အဲ့လိုမျိုးစကားကို အကျယ်ကြီး ထုတ်ပြောနိုင်လောက်အောင်ထိ အဲ့လူက ဘယ်လောက်တောင် အရှက်မဲ့မလဲဆိုတာ သူမ မစဉ်းစားနိုင်တော့ပါ။

သင်သည် ချူချူယန်ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိပါသည်။

သူမ တကယ်စိတ်ဆိုးလာနေပြီကို တွေ့သည့်အခါ ဇူအန် သူ့အပြုံးကို အလျှင်အမြန် ထိန်းလိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။ ကိုယ် အခုချက်ချင်း စတော့မယ်။ ကိုယ့်ကို ခုခံဖို့ မင်းရဲ့ ကီတွေကို လုံးဝထုတ်သုံးလို့မရဘူးနော်။ မဟုတ်ရင် ကိုယ်တို့ အခုချိန်ထိ လုပ်လာခဲ့သမျှ အရာအားလုံး ပျက်စီးသွားလိမ့်မယ်”

ချူချူယန် ခေါင်းညိတ်ပြလိုက်သည်။

တဖက်သားကို ယုံကြည်လို့ရကြောင်း မသေချာပါဘဲ ကျင့်ကြံသူတစ်ယောက်အတွက် နောက်ကျင့်ကြံသူတစ်ယောက်ရှေ့ သတိမထားဘဲ လုံးဝအငြိမ်ထိုင်နေဖို့သည် တားမြစ်ထားသည့် အရာဖြစ်သည်။ ဇူအန်သည် ပေါက်ကရတွေ ပြောဆိုပြီး သူမကို ခေါင်းစားစေတတ်သော်လည်း အပြည့်အဝ ယုံကြည်ရဆဲဖြစ်သည်။ အထူးသဖြင့် မြေအောက်နန်းဆောင်တွင် သူမကို ကာကွယ်ရန် ကြိုးကြိုးစားစား တိုက်ခိုက်ခဲ့ပုံကို ပြန်စဉ်းစားမိသည့်အချိန်တွင်ဖြစ်သည်။

သူမ ခန္ဓာကိုယ် သက်သောင့်သက်သာ ဖြစ်သွားသည်ကို တွေ့သည့်အခါ ဇူအန်သည် သူမနောက်ကျောဘက်ရှိ သွေးကြောဆုံမှတ်များပေါ်သို့ ငွေရောင်အပ်များကို တစ်ခုပြီးတစ်ခု စတင်ထိုးစိုက်ပေးလိုက်သည်။

သူ့ရွေ့လျားပုံသည် နှေးကွေးသော်လည်း ချောမွေ့သည်။ မတော်တဆ သူ အားပိုစိုက်မိသွားပြီး သူမခန္ဓာကိုယ်အား ထိခိုက်သွားစေမှာကို သူ စိုးရိမ်သည်။ သူမခန္ဓာကိုယ်ပေါ်တွင် အမာရွတ်တစ်ခုမှ မကျန်စေချင်ပါ။

ချူချူယန်သည် မျက်လုံးပိတ်ထားလျက် ထိုင်ရင်း သူမနောက်ကျောဘက်က အထိအတွေ့ကို ခံစားနေမိသည်။

ငွေရောင်အပ်တစ်ခု သူမ ကိုယ်ထဲသို့ ထိုးစိုက်ဝင်သွားသည့်အချိန်တိုင်း၌ သူမကိုယ်ထဲ ရောက်လာသည့် ပူနွေးမှုအထိအတွေ့ကို သူမ ခံစားမိသည်။ သူမကိုယ်ထဲရှိ ဆီးနှင်းခဲများသည် ၎င်းတို့နှင့် အနီးကပ်ဆုံးငွေအပ်များမှတစ်ဆင့် အပြင်ဘက်သို့ စတင်စီးထွက်သွားကြသည်။

အစတုန်းက သူမ စိုးရိမ်ကြောက်လန့်နေသေးသော်လည်း ငွေရောင်အပ်အများအပြား ထိုးစိုက်သွားသည်နှင့်အမျှ သူမ၏ တောင့်တင်းနေသော အာရုံကြောများလည်း စတင်ပြေလျော့လာကြသည်။

သူမကိုယ်ထဲရှိ ဆီးနှင်းခဲများ အပြင်ဘက်သို့ ဖြည်းဖြည်းချင်းရှင်းထုတ်ခံရသည်ကို ခံစားနေရင်း ရုတ်တရက် သူမစိတ်ထဲ အတွေးတစ်ခု ပေါ်လာပြီး အရေးကြီးပြဿနာတစ်ရပ်ကို သူမ စဉ်းစားမိသွားသည်။ ချက်ချင်း မေးလိုက်သည်။ “ဒီကုသမှုက ကျွန်မကျင့်ကြံခြင်းအဆင့်ကို လျော့ကျသွားစေမလား”

မည်သို့ဆိုဆို သူမသည် ရန်သူပြိုင်ဘက်များကို တိုက်ခိုက်ဖြေရှင်းရန် သူမ၏ ရေခဲကီကို အားကိုးအသုံးပြုနေရသူဖြစ်သည်။ တကယ်လို့ သူမကိုယ်ထဲက ဆီးနှင်းခဲတွေအားလုံး ရှင်းထုတ်ခံရရင် နှစ်အကြာကြီး သူမ လေ့ကျင့်ကျင့်နေခဲ့သော နှင်းပန်းဓါးသိုင်း က လုံးဝအသုံးမဝင်တော့မှာ မဟုတ်ဘူးလား။

သူမ၏ တုန်ယင်နေသော အသံကို ကြားသည့်အခါ ဇူအန် သူမကို နှစ်သိမ့်ပေးလိုက်သည်။ “အဲ့လိုမဖြစ်ပါဘူး။ ကိုယ့်အပ်စိုက်ကုထုံးက မင်း မထိန်းချုပ်နိုင်တဲ့ ဆီးနှင်းခဲတွေကိုပဲ ဖယ်ရှားပဲမှာ။ မင်း ပုံမှန်ထိန်းချုပ်နိုင်တဲ့ အပိုင်းထဲက ရေခဲကီတွေကို သွားနှောင့်ယှက်မှာ မဟုတ်ဘူး”

ထိုစကားကြားသည့်အခါ ချူချူယန် အံ့အားသင့်သွားသည်။ သူမလို အခြေအနေမျိုး ရောက်နေသူတစ်ယောက်က ကုသလို့ရတယ်ဆိုသည့်အချက်ကပင် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။ ယင်းကုသမှုက ဆိုးကျိုးတစ်စုံတစ်ရာ မချန်ထားလောက်ဘူးဟု တွေးရအောင်ထိ သူမ မတုံးအသေးပါ။ သူမသည် သူမ၏ ကျင့်ကြံခြင်းအဆင့် ထိုးကျသွားခြင်း၊ သို့မဟုတ် နောက်ထပ်တစ်ဖန် ဒုက္ခိတဖြစ်သွားရခြင်းမျိုးကို ခံစားရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် အဲ့လိုမျိုး ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ဘယ်သူထင်ထားခဲ့မှာလဲ။

စောစောတုန်းက ပေါင်းယွဲ့လု ၏ အဆိုးဘက်ကချည်း စဉ်းစားပုံကို သူမ ပြန်စဉ်းစားမိသွားသည်။ အခုဆို သူသည် ချူအိမ်တော်၏ လူများကို ကုသပေးလာသည်မှာ နှစ်အများကြီးရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့ပညာ ကျွမ်းကျင်ပုံအဆင့်ကို သူမ ရင်းနှီးသည်။ အမှန်မှာ သူသည် လပြည့်မြို့၌ ကျီတန်ထုထက် ပိုမတော်ရုံလေးသာဖြစ်သည်။
ဤအခြေအနေမှ သူမ ဒီလောက်အလွယ်တကူ ပြန်သက်သာသွားနိုင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းသည် ဇူအန် ကျေးဇူးကြောင့်ဖြစ်သည်။

ရုတ်တရက် သူမကိုယ်သူမ ဇူအန်ကို စကားအများကြီးပြောချင်ကြောင်း  တွေ့ရှိလိုက်သည်။ သို့သော် သူမ ရှင်းရှင်းလင်းလင်း မထုတ်ပြောတတ်ချေ။ နောက်ဆုံး၌ စကားလုံးနှစ်လုံးကိုသာ ညင်ညင်သာသာနှင့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”

ဇူအန် လိုလိုလားလား ပြုံးပြီး ပြောလိုက်သည်။ “ဘာပဲဆိုဆို ကိုယ်တို့က လင်မယားတွေပဲလေ။ မင်းကို ကူပေးဖို့က ကိုယ့်တာဝန်ပဲလေ။ အဲ့ဒါကြောင့် ကိုယ့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး”

“လင်မယားဟုတ်လား ဟမ်” ချူချူယန် ငေးကြောင်ကြောင်ဖြင့် ရေရွတ်မိသည်။

နောက်တခဏအကြာတွင် ဇူအန် ပြောလိုက်သည်။ “ကောင်းပြီ။ နောက်ကျောဘက်တော့ ကိုယ် ပြီးသွားပြီ။ ဒီဘက်လှည့်လာတော့”

ချူချူယန် လိမ်လိမ်မာမာဖြင့် သူမကိုယ်ကို လှည့်လိုက်သည်။ ထိုအခါမှ တစ်ခုခု မူမမှန်ကြောင်း ချက်ချင်းရိပ်မိသွားသည်။ ခေါင်းငုံ့ပြီး သူမ၏ ကိုယ်လုံးတီးခန္ဓာကိုယ်ကို မြင်သည့််အခါ အလိုအလျောက် အော်ချင်မိသွားသည်။ သို့သော် အပြင်က သူမညီမလေးကို ထိတ်လန့်သွားစေမှာလည်း စိုးရိမ်သည်။

ဟွမ်ကျောက်စရိုက်နဲ့ဆို ဒီကိစ္စက ရက်ပိုင်းအတွင်း အိမ်တော်တစ်ခုလုံးမှာ သေချာပေါက် ပြန့်သွားမှာပဲ။

ချူချူယန်၏ နီရဲနေသော မျက်နှာကို ကြည့်ပြီး ဇူအန် ပြုံးလျက် ပြောလိုက်သည်။ “စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။ မင်းခန္ဓာကိုယ်ကို ပုဝါနဲ့ ဖုံးအုပ်ထားပြီးပြီမလား။ အဲ့အပြင် မင်းရဲ့ အထိမခံတဲ့အပိုင်းတွေကို မြင်နိုင်တာမှ မဟုတ်တာ…..”

ရှင် အကုန်လုံးကို မြင်ခဲ့ပြီးပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ချူချူယန် ဇူအန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ သို့သော် ထိုစကားကို ထုတ်မပြောရဲပါ။

ဇူအန်သည် သူမ၏ သွယ်လျသော လည်ပင်း ၊ လှပကြော့ရှင်းသော ညှပ်ရိုး နှင့် ဆီးနှင်းလို ဖြူဆွတ်နေသည့် အသားအရေကို ကြည့်လိုက်သည်။ ၎င်းတို့အားလုံးက သူ့ကို အနည်းငယ် သွေးပူသွားစေသည်။

“ဒီမိန်းကလေးက တကယ်အရမ်းလှတာပဲ။ ငါ အပြစ်ပြောစရာတစ်ခုလေးတောင် မရှိဘူး” မိန်လိက မှတ်ချက်ပေးလိုက်သည်။

ဇူအန် အတော်ဆွံ့အသွားသည်။ အစ်မတော် ခင်ဗျားလည်း မိန်းကလေးတစ်ယောက်ပဲနော်။ ဘာလို့ နှာဘူးကျတဲ့ အဘိုးကြီးတစ်ယောက်လိုမျိုး ပြောရတာလဲ။

“အကုန်လုံး မင်းအမှားပဲ။ မင်းသာ ဝင်မစွက်ဖက်ခဲ့ရင် ဒီလောက်ပြည့်စုံလှပတဲ့ ခန္ဓာကိုယ်မျိုးကို ငါ ရနိုင်မှာ” မိန်လိက အံကြိတ်ထားရင်း ငြီးတွားလိုက်သည်။ “ငါ့နဂိုခန္ဓာကိုယ်ထက်တော့ နိမ့်ကျပေမယ့် သူ့ရဲ့ လှပကြော့ရှင်းပုံကို ကြည့်ပြီး ငါ လက်ခံနိုင်ပါသေးတယ်”

သင်သည် မိန်လိထံမှ အမျက်ပွိုင့် ၂၅၆ ရရှိပါသည်။

“……”
အလို…ခင်ဗျားက အဲ့ကိစ္စလေးအတွက်နဲ့ အငြိုးထားနေဆဲလား။

“ငါ့ကို စိုက်ကြည့်နေတာ ရပ်လို့ရမလား…..” အရင်တုန်းက ချူချူယန် ဒီလောက်အောက်မကျို့တတ်ခဲ့ပါ။ သူမဘဝတစ်လျှောက်လုံး၌ အခြားလူတစ်ယောက်ကို ဒီလိုအသံမျုးနှင့်လည်း မတောင်းဆိုခဲ့ဖူးပါ။

သူမစကားက ဇူအန် နှလုံးသားကို ကလောက်ဆန်သွားစေသည်။ ချက်ချင်းပင် သူ မိန်းမောတွေဝေနေရာမှ အသိပြန်ဝင်လာခဲ့သည်။ အနည်းငယ်နီရဲသော မျက်နှာနှင့် သူ ပြောလိုက်သည်။ “ကိုယ် အခုချက်ချင်း စလိုက်မယ်”

ချူချူယန် ခေါင်းငုံ့ပြီး အသံတိုးတိုးဖြင့် ‘အင်’ လို့ပြောပြီးနောက် တိတ်ဆိတ်သွားသည်။

“ဖွီး…ငါ သည်းမခံနိုင်တော့ဘူး။ ဒီလိုမျိုး ဖူးသစ်ခါစအချစ်ရဲ့ အငွေ့အသက်က အရမ်းမုန်းဖို့ကောင်းတယ်” မိန်လိ ပြောလိုက်သည်။

“အို ခင်ဗျားတို့ခေတ်က လူတွေကရော အဲ့လိုဗန်းစကားမျိုး သုံးကြတာလား” ဇူအန် အံ့သြသွားသည်။ “ဟဲဟဲ ခင်ဗျားလိုမျိုး နိုင်ငံရေးအရ ယင်ကျန်းနဲ့ လက်ထပ်ဖို့ အတင်းခိုင်းစေခံရတဲ့သူက ကျုပ်တို့ကို မနာလိုဖြစ်မှာက ပုံမှန်ပဲလေ”

“…..” မိန်လိ
“အဲ့အကြောင်းကို ထပ်ပြောရဲပြောကြည့်၊ ဒီကိစ္စကနေ ငါ နှုတ်ထွက်ပြီး မင်းဇနီးကို သေခိုင်းလိုက်မယ်”

သင်သည် မိန်လိထံမှ အမျက်ပွိုင့် ၆၆၆ ရရှိပါသည်။

ဇူအန် ချက်ချင်း အရှုံးပေးလိုက်သည်။ “အစ်မတော် မိဖုရားကြီး ကျုပ် မှားပါတယ်။ စိတ်လျော့ပါအုံး…..”
သူမ၏ ဒေါသပျောက်ပြယ်သွားသည်ထိ သူ အချိန်အတန်ကြာအောင် သူမကို ချော့ရသေးသည်။ မိန်လိ တကယ်စိတ်ဆိုးသွားမှာ စိုးရိမ်စိတ်ကြောင့် သူ့ပါးစပ်ကို နည်းနည်းလောက်ထိန်းချုပ်ရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။

ဇူအန် သူ့အတွေးများကို မြန်မြန်စုစည်းပြီး သူမကိုယ်ရှေ့ပိုင်း၌ အက်စိုက်ကုထုံး စလုပ်လိုက်သည်။

သူမကိုယ်ရှေ့ဘက်တွင် ပုဝါအပါး ကိုင်ထားသဖြင့် သူမကိုယ်အစိတ်အပိုင်းတော်တော်များများကို ဖုံးသွားသည်။ အပ် ထိုးစိုက်ရမယ့် သွေးကြောဆုံမှတ်ရှိရာ နေရာအမှန်ကို ရှာရန် ပုဝါကို အနည်းငယ်လှပ်ရသည်။

ထိုသို့ လုပ်နေစဉ် ချူချူယန် ခန္ဓာကိုယ် အနည်းငယ်တုန်သွားသော်လည်း ဘာစကားတစ်ခွန်းမှ ထုတ်မပြောချ။

ကုသမှုဖြစ်စဉ်တစ်လျှောက်လုံး ချူချူယန် နှင့် ဇူအန် တို့နှစ်ယောက်လုံးအတွက် တောင့်ခံထားရန် အလွန်ခက်ခဲသည်။ မည်သို့ဆိုဆို သူ့ရှေ့မှာ ဒီလောက်ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက် ထိုင်နေလျက်နှင့် သူ့ကိုယ်သူ ထိန်းချုပ်နေရသည်မဟုတ်လော။

သူ့အသက်ရှူသံ ပိုပြင်းလာပြီး  ချွေးသီးများ သူ့နဖူးပေါ် ထွက်ပေါ်လာကြသည်ကို သတိပြုမိသောအခါ ချူချူယန် မနေနိုင်ဘဲ မေးလိုက်သည်။  “ကျွန်မကို ကုတာ အရမ်းပင်ပန်းရတာလား”

ဇူအန် ခဏကြောင်သွားပြီးမှ သူမ အထင်မှားနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဒီလောက်ကောင်းမွန်တဲ့ အထင်လွဲမှုမျိုးကို သူ ရှင်းပြစရာအကြောင်း သေချာပေါက် မရှိပါ။ ထို့ကြောင့် အသံကို အနည်းငယ်လှုပ်ခါစေပြီး တိုးသက်စွာသူ ပြန်ပြောလိုက်သည်။ “ရပါတယ်။ ကိုယ် တောင့်ခံနိုင်ပါသေးတယ်”

ချူချူယန် တုံ့ဆိုင်းစွာဖြင့် နှုတ်ခမ်းကိုက်ပြီး သူမကို သိမ်မွေ့ပြီး ကျေးဇူးတင်သော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“မင်းက ငါ ထင်ထားတာထက် အများကြီးပိုအရှက်မဲ့နေတာပဲ။ ကြည့်ရတာ အနာဂတ်မှာ ငါ မင်းကို သတိထားပြီး ဆက်ဆံမှ ဖြစ်မယ့်ပုံပဲ။ မဟုတ်ရင် မင်း ငါ့ကို လိမ်ညာလှည့်စားသွားမှဖြင့်” မိန်လိ နှာရှုံ့ပြီး ပြောလိုက်သည်။

ဇူအန် အလွန်အမင်း ဆွံ့အသွားသည်။ “ခင်ဗျား လှတယ်ဆိုတာနဲ့ပဲ အမှန်တရားကို မလိမ့်တပတ်လုပ်လို့ မရဘူးလေ။ တစ်ခုခုဖြစ်ခဲ့ရင် အခုချိန်ထိ ကျုပ်ကို အရူးလုပ်နေတဲ့သူက ခင်ဗျားလေ”

“ဟင့် အဲ့ဒါက မင်းက ကြောက်ရွံစရာကောင်းတဲ့ လူ ဆိုတဲ့အချက်ကို မပြောင်းလဲပေးဘူး” မိန်လိ အေးတိအေးစက်ဖြင့် နှာရှုံ့ပြီး ပြောလိုက်သည်။

“အစ်မတော် ဘုရင်မကြီး ခင်ဗျားလည်း လူကောင်းတစ်ယောက်မဟုတ်ပါဘူး။ အို အဲ့ဒါက ကျုပ်တို့ကို လိုက်ဖက်တဲ့ စုံတွဲ မဖြစ်သွားစေဘူးလား” ဇူအန် ချူချူယန်ကိုယ်ပေါ် အက်စိုက်ကုထုံး လုပ်နေတာ ပြီးခါနီးပြီဖြစ်သည်။ ထို့ကြောင့် သူမကို အနည်းငယ်ရန်စမိသွားရင်လည်း စိုးရိမ်စရာမရှိပါ။

“မင်း ငါ့ကို ကလူနေတာလား” မိန်လိ ရင့်သီးခက်ထန်သော အသံဖြင့် ပြောလိုက်သည်။

သင်သည် မိန်လိထံမှ အမျက်ပွိုင့် ၅၁၁ ရရှိပါသည်။

“ကျုပ် ခင်ဗျားကို ကျီစားရုံသက်သက်ပါ။ အဲ့လောက်စိတ်တိုသွားဖို့မလိုပါဘူး” ဇူအန် ပြန်ပြောလိုက်သည်။

“ဟိုခေတ်အခါတုန်းကသာ မင်း ငါ့ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောရဲခဲ့ရင် အခုလောက်ဆို မင်းလျှာကို ဆွဲနှုတ်ပစ်လောက်ပြီ” မိန်လိ နှာရှုတ်ပြီး ပြောပြီးမှ တိတ်သွားသည်။

ဇူအန် မသိမသာ ရယ်လိုက်မိသည်။ သူမနဲ့ ရံဖန်ရံခါ ငြင်းခုန်ရတာကလည်း ပျော်စရာတစ်မျိုးပဲ။

ခဏအကြာတွင် ချူချူယန်ကိုယ်ပေါ်မှ ငွေရောင်အပ်များကို တစ်ခုပြီးတစ်ခု ဆွဲနှုတ်ပြီး မေးလိုက်သည်။ “မင်း အခု ဘယ်လိုခံစားရလဲ”

“ငါ….ရေပူစမ်းတစ်ခုခုမှာ အနားယူနေရသလိုမျိုး ခံစားရတယ်” ချူချူယန် အံ့အားသင့်သွားသည်။ သူမ ခန္ဓာကိုယ်သည် အမြဲတမ်းအေးစက်နေခဲ့ပြီး သူမဗိုက်ပေါ် ရေခဲတုံးကြီးတစ်ခု တင်ထားသလိုမျိုး အမြဲတမ်း ခံစားခဲ့ရသည်။ ယင်းခံစားချက်သည် လုံးဝမပျောက်ကွယ်သွားသေးသော်လည်း အရင်ကထက် သူမ ပိုသက်သာသလို ခံစားရသည်။
ဆေးပညာဘက်တွင် ဗဟုသုတမရှိသော်လည်း ဤကုသမှုနည်းလမ်းက အကျိုးရှိကြောင်း သူမ ပြောနိုင်သည်။

“နောက်သုံးလထိ ဒီကုသမှုကို ကိုယ်တို့ဆက်လုပ်နေသရွေ့ မင်းရဲ့ဝေဒနာက ပြန်ကောင်းသွားမှာပါ” အပ်များကို ဆွဲနှုတ်ရင်း ဇူအန် ပြောလိုက်သည်။ သူမ ခန္ဓာကိုယ်ကို ကြည့်ရှုခံစားဖို့လည်း မမေ့ခဲ့ပါ။

အခုချိန်၌ ချူချူယန်သည် သူ၏ အရှက်မရှိ စိုက်ကြည့်တတ်မှုကို ကျင့်သားရနေပြီဖြစ်သည်။ မြင်လို့ရတဲ့ အစိတ်အပိုင်းအားလုံးကို မြင်ပြီးပြီဆိုမှတော့ သူ ထပ်ကြည့်ကြည့် မကြည့်ကြည့် ဘာမှမထူးခြားကြောင်း သူမ သဘောပေါက်သွားသည်။

“ဒီလောက်တောင် ကြာသွားတာလား” ချူချူယန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
အခုချိန် ချူအိမ်တော် ရင်ဆိုင်နေရသည့် ရန်သူများကို စဉ်းစားပြီး သူမအခြေအနေကို အခြားသူများအား သိခွင့်မပြုနိုင်ပါ။

“အဲ့ဒါကြောင့်ပဲ ကိုယ် မင်းနဲ့ အတူတူလာနေဖို့ကို မင်း စဉ်းစားသင့်တာ။ ကိုယ်တို့အခန်းတစ်ခုထဲ အတူတူနေမယ်ဆို ကိုယ့်အတွက်လည်း မင်းကို ကုသပေးဖို့ အများကြီးပိုလွယ်ကူသွားလိမ့်မယ်” ဇူအန် စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ကျွန်မကို အချိန်နည်းနည်းပေးပါအုံး ဟုတ်ပြီလား။ ကျွန်မ….တကယ် မပြင်ဆင်ထားသေးဘူး” ချူချူယန် တောင်းဆိုနေသည့် အသံမျိုးဖြင့် ပြောလိုက်သည်။

ဇူအန် နည်းနည်းအလျော့ပေးလိုက်သည်။ “ဒါပေမယ့်လည်း ကိုယ် မင်းအခန်းကို နေ့တိုင်းနေ့တိုင်း လာနေရရင် အဲ့ဒါက သံသယဝင်အောင် ဖြစ်သွားစေလိမ့်မယ်”

ချူချူယန် နှုတ်ခမ်းတင်းတင်းစေ့ထားပြီးမှ ပြောလိုက်သည်။ “ညလယ်ခေါင်မှာ ရှင် လာလို့ရတာပဲ။ ဘယ်သူမှ ရှင့်ကို မမြင်အောင်ပဲ သေချာလုပ်ပါ။ ကျွန်မ ရှင့်အတွက် တံခါးဖွင့်ပေးခဲ့မယ်”

“တကယ်လား” ဇူအန် မျက်လုံးလက်သွားသည်။

သူ၏ ဝမ်းမြောက်ပျော်ရွှင်သွားသော အမူအရာက ချူချူယန်ကို လန့်သွားစေသည်။ သူမ အလျှင်အမြန် ရှင်းပြလိုက်သည်။ “ကျွန်မကို ကုဖို့ပဲ ရှင်လာရမှာ….အတွေးမလွန်သွားနဲ့”

“သေချာတာပေါ့” ဇူအန် ဟက်ခနဲ ရယ်ပြီး ပြန်ဖြေလိုက်သည်။ အင်း ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်တို့ နေ့တိုင်း ညလယ်ခေါင်မှာ တွေ့ကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့ အချိန်တစ်ခုပဲ လိုအပ်မှာ။

ရုတ်တရက် ညည်းသံတစ်သံ ထွက်လာပြီး တစ်ချိန်လုံး သစ်သားကုတင်ပေါ် လှဲနေသည့် ချင်ဝမ်ယွီသည် အနည်းငယ် စလှုပ်ရှားလာခဲ့သည်။ မေ့ဆေးအာနိသင်က ပျက်ပြယ်သွားသည့်ဟန်ပေါ်၏။

သူမအမေ နိုးလာတော့မယ်ကို တွေ့သည့်အခါ ချူချူယန်မျက်နှာသည် ကြောက်လန့်တုန်လှုပ်စွာဖြင့် ဖြူရော်သွားသည်။ အဝတ်မဝတ်ထားရုံတမယ်ဖြစ်နေသည့် သူမနှင့် ဇူအန်တို့ အတူတူရှိနေသည်ကို အမေ မြင်သွားရင်ဆိုသည့် အတွေးက သူမနှလုံးကို ကြောက်လန့်တကြား တုန်ခါသွားစေသည်။ ချက်ချင်းပင် ဇူအန်ကို တွန်းထုတ်ပြီး ပြောလိုက်သည်။ “ငေးကြောင်ကြောင်နဲ့ ဘာလို့ရပ်နေသေးတာလဲ။ မြန်မြန်သွားတော့။ အမေ နင့်ကို မမြင်စေနဲ့”

ဇူအန်၏ မိန်းမောတွေဝေနေသော အမူအရာကြောင့် အလိုအလျောက် သူမ ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုအခါမှသာ သူ့ကို တွန်းထုတ်လိုက်စဉ် သူမကိုယ်ရှေ့ကို ဖုံးအုပ်ပေးသည့် ပုဝါက ကျသွားပြီး သူမ၏ ကိုယ်လုံးတီးပုံစံ ပေါ်လွင်သွားသည်ကို သတိပြုမိသွားသည်။

“……” ချူချူယန်

“…..” ဇူအန်

ချူချူယန်အခန်းထဲရှိ ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်လိုက်ပြီးနောက်မှာပင် စောစောကဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်စဉ်းစားရင်း ဇူအန် မထိန်းချုပ်နိုင်ဘဲ အရူးတစ်ယောက်ပမာ ရယ်နေမိသည်။

ထိုအချိန်တွင် လူတစ်ယောက်သည် ရုတ်တရက် နံရံကို ခုန်ကျော်ပြီး သူ့ကိုယ်ပေါ် ကျလာခဲ့သည်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် တိုက်မိသွားကြ၏။

“သောက်ကျိုးနည်း” ဇူအန်သည် သူ၏ သာယာသော မှတ်ဉာဏ်ထဲ နစ်ဝင်နေစဉ် လူတစ်ယောက်က သူ့အတွေးထဲမှ ရုန်းထွက်လာအောင် အတင်းလုပ်လာခဲ့သည်။ ထို့ကြောင့် သူ စိတ်ဆိုးသွားသည်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း သူ သတိပြုမိသွားသည်၊ ပိုပြီး အတိအကျပြောရရင် သူ့လက်ဖဝါးထဲက နူးညံ့သော အထိအတွေ့ဖြစ်သည်။ ကျူးကျော်လာသူသည် နူးညံ့သိမ်မွေ့၍ သွယ်လျသော ခန္ဓာကိုယ်ရှိပြီး ရင်းနှီးနေသော ရနံ့မျိုး ပေးနေသည်။

တဖက်လူကလည်း နံရံအောက်တွင် အခြားလူတစ်ယောက်ရှိလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားနေသည်။ ရုတ်တရက် ပွေ့ဖက်ခံလိုက်ရသည့်အဖြစ်က သူမကို စိတ်တိုသွားစေသည်။ ထို့ကြောင့် ထိုလူကို ချက်ချင်းတိုက်ခိုက်လိုက်သည်။

ကံကောင်းစွာဖြင့် ဇူအန်သည် အရင်လိုမျိုး မဟုတ်တော့ချေ။ သူမလက်ကို အလျှင်အမြန် ဖမ်းချုပ်လိုက်ပြီး သူမ ပုံစံကို သေသေချာချာ ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားရလေတော့၏။ “မင်းလား”

----- ----- ----------------------------------- ----- - - - - - - - - - - - -

Chapter 224: ညလယ္ေခါင္က သူခိုး

ဒီေလာက္လွတဲ့ျမင္ကြင္းကို ကိုယ္ ၾကည့္ခြင့္ရတာ ရွားတယ္ေလ။ အဲ့ေတာ့ နည္းနည္းေလာက္ ကိုယ္ ေငးၾကည့္ခ်င္တာ ပုံမွန္ပဲမလား ဇူအန္ ၿပဳံးရင္း ေမးလိုက္သည္။ လြန္ခဲ့သည့္ ရက္အနည္းငယ္တုန္းက သူမႏွင့္ ခ်စ္ပြဲ၀င္ခဲ့ၿပီးျဖစ္ေသာ္လည္း သူမကိုယ္ခႏၶာကို ေကာင္းေကာင္းမၾကည့္မိေလာက္ေအာင္ထိ သာယာေသာခံစားမႈ၏ လႊမ္းမိုးျခင္းခံခဲ့ရသည္။

.. ခ်ဴခ်ဴယန္
အဲ့လိုမ်ိဳးစကားကို အက်ယ္ႀကီး ထုတ္ေျပာနိုင္ေလာက္ေအာင္ထိ အဲ့လူက ဘယ္ေလာက္ေတာင္ အရွက္မဲ့မလဲဆိုတာ သူမ မစဥ္းစားနိုင္ေတာ့ပါ။

သင္သည္ ခ်ဴခ်ဴယန္ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိပါသည္။

သူမ တကယ္စိတ္ဆိုးလာေနၿပီကို ေတြ႕သည့္အခါ ဇူအန္ သူ႕အၿပဳံးကို အလွ်င္အျမန္ ထိန္းလိုက္ၿပီး ေျပာလိုက္သည္။ ေကာင္းၿပီ။ ကိုယ္ အခုခ်က္ခ်င္း စေတာ့မယ္။ ကိုယ့္ကို ခုခံဖို႔ မင္းရဲ႕ ကီေတြကို လုံးဝထုတ္သုံးလို႔မရဘူးေနာ္။ မဟုတ္ရင္ ကိုယ္တို႔ အခုခ်ိန္ထိ လုပ္လာခဲ့သမွ် အရာအားလုံး ပ်က္စီးသြားလိမ့္မယ္

ခ်ဴခ်ဴယန္ ေခါင္းညိတ္ျပလိုက္သည္။

တဖက္သားကို ယုံၾကည္လို႔ရေၾကာင္း မေသခ်ာပါဘဲ က်င့္ႀကံသူတစ္ေယာက္အတြက္ ေနာက္က်င့္ႀကံသူတစ္ေယာက္ေရွ႕ သတိမထားဘဲ လုံးဝအၿငိမ္ထိုင္ေနဖို႔သည္ တားျမစ္ထားသည့္ အရာျဖစ္သည္။ ဇူအန္သည္ ေပါက္ကရေတြ ေျပာဆိုၿပီး သူမကို ေခါင္းစားေစတတ္ေသာ္လည္း အျပည့္အဝ ယုံၾကည္ရဆဲျဖစ္သည္။ အထူးသျဖင့္ ေျမေအာက္နန္းေဆာင္တြင္ သူမကို ကာကြယ္ရန္ ႀကိဳးႀကိဳးစားစား တိုက္ခိုက္ခဲ့ပုံကို ျပန္စဥ္းစားမိသည့္အခ်ိန္တြင္ျဖစ္သည္။

သူမ ခႏၶာကိုယ္ သက္ေသာင့္သက္သာ ျဖစ္သြားသည္ကို ေတြ႕သည့္အခါ ဇူအန္သည္ သူမေနာက္ေက်ာဘက္ရွိ ေသြးေၾကာဆုံမွတ္မ်ားေပၚသို႔ ေငြေရာင္အပ္မ်ားကို တစ္ခုၿပီးတစ္ခု စတင္ထိုးစိုက္ေပးလိုက္သည္။

သူ႕ေ႐ြ႕လ်ားပုံသည္ ႏွေးေကြးေသာ္လည္း ေခ်ာေမြ႕သည္။ မေတာ္တဆ သူ အားပိုစိုက္မိသြားၿပီး သူမခႏၶာကိုယ္အား ထိခိုက္သြားေစမွာကို သူ စိုးရိမ္သည္။ သူမခႏၶာကိုယ္ေပၚတြင္ အမာ႐ြတ္တစ္ခုမွ မက်န္ေစခ်င္ပါ။

ခ်ဴခ်ဴယန္သည္ မ်က္လုံးပိတ္ထားလ်က္ ထိုင္ရင္း သူမေနာက္ေက်ာဘက္က အထိအေတြ႕ကို ခံစားေနမိသည္။

ေငြေရာင္အပ္တစ္ခု သူမ ကိုယ္ထဲသို႔ ထိုးစိုက္ဝင္သြားသည့္အခ်ိန္တိုင္း၌ သူမကိုယ္ထဲ ေရာက္လာသည့္ ပူႏြေးမႈအထိအေတြ႕ကို သူမ ခံစားမိသည္။ သူမကိုယ္ထဲရွိ ဆီးႏွင္းခဲမ်ားသည္ ၎တို႔ႏွင့္ အနီးကပ္ဆုံးေငြအပ္မ်ားမွတစ္ဆင့္ အျပင္ဘက္သို႔ စတင္စီးထြက္သြားၾကသည္။

အစတုန္းက သူမ စိုးရိမ္ေၾကာက္လန့္ေနေသးေသာ္လည္း ေငြေရာင္အပ္အမ်ားအျပား ထိုးစိုက္သြားသည္ႏွင့္အမွ် သူမ၏ ေတာင့္တင္းေနေသာ အာ႐ုံေၾကာမ်ားလည္း စတင္ေျပေလ်ာ့လာၾကသည္။

သူမကိုယ္ထဲရွိ ဆီးႏွင္းခဲမ်ား အျပင္ဘက္သို႔ ျဖည္းျဖည္းခ်င္းရွင္းထုတ္ခံရသည္ကို ခံစားေနရင္း ႐ုတ္တရက္ သူမစိတ္ထဲ အေတြးတစ္ခု ေပၚလာၿပီး အေရးႀကီးျပႆနာတစ္ရပ္ကို သူမ စဥ္းစားမိသြားသည္။ ခ်က္ခ်င္း ေမးလိုက္သည္။ ဒီကုသမႈက ကြၽန္မက်င့္ႀကံျခင္းအဆင့္ကို ေလ်ာ့က်သြားေစမလား

မည္သို႔ဆိုဆို သူမသည္ ရန္သူၿပိဳင္ဘက္မ်ားကို တိုက္ခိုက္ေျဖရွင္းရန္ သူမ၏ ေရခဲကီကို အားကိုးအသုံးျပဳေနရသူျဖစ္သည္။ တကယ္လို႔ သူမကိုယ္ထဲက ဆီးႏွင္းခဲေတြအားလုံး ရွင္းထုတ္ခံရရင္ ႏွစ္အၾကာႀကီး သူမ ေလ့က်င့္က်င့္ေနခဲ့ေသာ ႏွင္းပန္းဓါးသိုင္း က လုံးဝအသုံးမဝင္ေတာ့မွာ မဟုတ္ဘူးလား။

သူမ၏ တုန္ယင္ေနေသာ အသံကို ၾကားသည့္အခါ ဇူအန္ သူမကို ႏွစ္သိမ့္ေပးလိုက္သည္။ အဲ့လိုမျဖစ္ပါဘူး။ ကိုယ့္အပ္စိုက္ကုထုံးက မင္း မထိန္းခ်ဳပ္နိုင္တဲ့ ဆီးႏွင္းခဲေတြကိုပဲ ဖယ္ရွားပဲမွာ။ မင္း ပုံမွန္ထိန္းခ်ဳပ္နိုင္တဲ့ အပိုင္းထဲက ေရခဲကီေတြကို သြားႏွောင့္ယွက္မွာ မဟုတ္ဘူး

ထိုစကားၾကားသည့္အခါ ခ်ဴခ်ဴယန္ အံ့အားသင့္သြားသည္။ သူမလို အေျခအေနမ်ိဳး ေရာက္ေနသူတစ္ေယာက္က ကုသလို႔ရတယ္ဆိုသည့္အခ်က္ကပင္ အံ့ၾသဖြယ္ေကာင္းေနၿပီျဖစ္သည္။ ယင္းကုသမႈက ဆိုးက်ိဳးတစ္စုံတစ္ရာ မခ်န္ထားေလာက္ဘူးဟု ေတြးရေအာင္ထိ သူမ မတုံးအေသးပါ။ သူမသည္ သူမ၏ က်င့္ႀကံျခင္းအဆင့္ ထိုးက်သြားျခင္း၊ သို႔မဟုတ္ ေနာက္ထပ္တစ္ဖန္ ဒုကၡိတျဖစ္သြားရျခင္းမ်ိဳးကို ခံစားရန္ ျပင္ဆင္ထားခဲ့သည္။ သို႔ေသာ္ အဲ့လိုမ်ိဳး ဘာတစ္ခုမွ ျဖစ္လာမွာမဟုတ္ဘူးလို႔ ဘယ္သူထင္ထားခဲ့မွာလဲ။

ေစာေစာတုန္းက ေပါင္းယြဲ႕လု ၏ အဆိုးဘက္ကခ်ည္း စဥ္းစားပုံကို သူမ ျပန္စဥ္းစားမိသြားသည္။ အခုဆို သူသည္ ခ်ဴအိမ္ေတာ္၏ လူမ်ားကို ကုသေပးလာသည္မွာ ႏွစ္အမ်ားႀကီးရွိခဲ့ၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူ႕ပညာ ကြၽမ္းက်င္ပုံအဆင့္ကို သူမ ရင္းႏွီးသည္။ အမွန္မွာ သူသည္ လျပည့္ၿမိဳ႕၌ က်ီတန္ထုထက္ ပိုမေတာ္႐ုံေလးသာျဖစ္သည္။
ဤအေျခအေနမွ သူမ ဒီေလာက္အလြယ္တကူ ျပန္သက္သာသြားနိုင္ရသည့္ တစ္ခုတည္းေသာ အေၾကာင္းရင္းသည္ ဇူအန္ ေက်းဇူးေၾကာင့္ျဖစ္သည္။

႐ုတ္တရက္ သူမကိုယ္သူမ ဇူအန္ကို စကားအမ်ားႀကီးေျပာခ်င္ေၾကာင္း  ေတြ႕ရွိလိုက္သည္။ သို႔ေသာ္ သူမ ရွင္းရွင္းလင္းလင္း မထုတ္ေျပာတတ္ေခ်။ ေနာက္ဆုံး၌ စကားလုံးႏွစ္လုံးကိုသာ ညင္ညင္သာသာႏွင့္ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။ ေက်းဇူးတင္ပါတယ္

ဇူအန္ လိုလိုလားလား ၿပဳံးၿပီး ေျပာလိုက္သည္။ ဘာပဲဆိုဆို ကိုယ္တို႔က လင္မယားေတြပဲေလ။ မင္းကို ကူေပးဖို႔က ကိုယ့္တာဝန္ပဲေလ။ အဲ့ဒါေၾကာင့္ ကိုယ့္ကို ေက်းဇူးတင္ဖို႔မလိုပါဘူး

လင္မယားဟုတ္လား ဟမ္ ခ်ဴခ်ဴယန္ ေငးေၾကာင္ေၾကာင္ျဖင့္ ေရ႐ြတ္မိသည္။

ေနာက္တခဏအၾကာတြင္ ဇူအန္ ေျပာလိုက္သည္။ ေကာင္းၿပီ။ ေနာက္ေက်ာဘက္ေတာ့ ကိုယ္ ၿပီးသြားၿပီ။ ဒီဘက္လွည့္လာေတာ့

ခ်ဴခ်ဴယန္ လိမ္လိမ္မာမာျဖင့္ သူမကိုယ္ကို လွည့္လိုက္သည္။ ထိုအခါမွ တစ္ခုခု မူမမွန္ေၾကာင္း ခ်က္ခ်င္းရိပ္မိသြားသည္။ ေခါင္းငုံ႕ၿပီး သူမ၏ ကိုယ္လုံးတီးခႏၶာကိုယ္ကို ျမင္သည့္္အခါ အလိုအေလ်ာက္ ေအာ္ခ်င္မိသြားသည္။ သို႔ေသာ္ အျပင္က သူမညီမေလးကို ထိတ္လန့္သြားေစမွာလည္း စိုးရိမ္သည္။

ဟြမ္ေက်ာက္စရိုက္နဲ႕ဆို ဒီကိစၥက ရက္ပိုင္းအတြင္း အိမ္ေတာ္တစ္ခုလုံးမွာ ေသခ်ာေပါက္ ျပန့္သြားမွာပဲ။

ခ်ဴခ်ဴယန္၏ နီရဲေနေသာ မ်က္ႏွာကို ၾကည့္ၿပီး ဇူအန္ ၿပဳံးလ်က္ ေျပာလိုက္သည္။ စိတ္လႈပ္ရွားေနဖို႔ မလိုပါဘူး။ မင္းခႏၶာကိုယ္ကို ပုဝါနဲ႕ ဖုံးအုပ္ထားၿပီးၿပီမလား။ အဲ့အျပင္ မင္းရဲ႕ အထိမခံတဲ့အပိုင္းေတြကို ျမင္နိုင္တာမွ မဟုတ္တာ..

ရွင္ အကုန္လုံးကို ျမင္ခဲ့ၿပီးၿပီလို႔ ေျပာခဲ့တာ မဟုတ္ဘူးလား။ ခ်ဴခ်ဴယန္ ဇူအန္ကို မေက်မနပ္ျဖင့္ စိုက္ၾကည့္လိုက္သည္။ သို႔ေသာ္ ထိုစကားကို ထုတ္မေျပာရဲပါ။

ဇူအန္သည္ သူမ၏ သြယ္လ်ေသာ လည္ပင္း ၊ လွပေၾကာ့ရွင္းေသာ ညွပ္ရိုး ႏွင့္ ဆီးႏွင္းလို ျဖဴဆြတ္ေနသည့္ အသားအေရကို ၾကည့္လိုက္သည္။ ၎တို႔အားလုံးက သူ႕ကို အနည္းငယ္ ေသြးပူသြားေစသည္။

ဒီမိန္းကေလးက တကယ္အရမ္းလွတာပဲ။ ငါ အျပစ္ေျပာစရာတစ္ခုေလးေတာင္ မရွိဘူး မိန္လိက မွတ္ခ်က္ေပးလိုက္သည္။

ဇူအန္ အေတာ္ဆြံ႕အသြားသည္။ အစ္မေတာ္ ခင္ဗ်ားလည္း မိန္းကေလးတစ္ေယာက္ပဲေနာ္။ ဘာလို႔ ႏွာဘူးက်တဲ့ အဘိုးႀကီးတစ္ေယာက္လိုမ်ိဳး ေျပာရတာလဲ။

အကုန္လုံး မင္းအမွားပဲ။ မင္းသာ ဝင္မစြက္ဖက္ခဲ့ရင္ ဒီေလာက္ျပည့္စုံလွပတဲ့ ခႏၶာကိုယ္မ်ိဳးကို ငါ ရနိုင္မွာ မိန္လိက အံႀကိတ္ထားရင္း ၿငီးတြားလိုက္သည္။ ငါ့နဂိုခႏၶာကိုယ္ထက္ေတာ့ နိမ့္က်ေပမယ့္ သူ႕ရဲ႕ လွပေၾကာ့ရွင္းပုံကို ၾကည့္ၿပီး ငါ လက္ခံနိုင္ပါေသးတယ္

သင္သည္ မိန္လိထံမွ အမ်က္ပြိုင့္ ၂၅၆ ရရွိပါသည္။

အလိုခင္ဗ်ားက အဲ့ကိစၥေလးအတြက္နဲ႕ အၿငိဳးထားေနဆဲလား။

ငါ့ကို စိုက္ၾကည့္ေနတာ ရပ္လို႔ရမလား.. အရင္တုန္းက ခ်ဴခ်ဴယန္ ဒီေလာက္ေအာက္မက်ိဳ႕တတ္ခဲ့ပါ။ သူမဘဝတစ္ေလွ်ာက္လုံး၌ အျခားလူတစ္ေယာက္ကို ဒီလိုအသံမ်ဳးႏွင့္လည္း မေတာင္းဆိုခဲ့ဖူးပါ။

သူမစကားက ဇူအန္ ႏွလုံးသားကို ကေလာက္ဆန္သြားေစသည္။ ခ်က္ခ်င္းပင္ သူ မိန္းေမာေတြေဝေနရာမွ အသိျပန္ဝင္လာခဲ့သည္။ အနည္းငယ္နီရဲေသာ မ်က္ႏွာႏွင့္ သူ ေျပာလိုက္သည္။ ကိုယ္ အခုခ်က္ခ်င္း စလိုက္မယ္

ခ်ဴခ်ဴယန္ ေခါင္းငုံ႕ၿပီး အသံတိုးတိုးျဖင့္ အင္ လို႔ေျပာၿပီးေနာက္ တိတ္ဆိတ္သြားသည္။

ဖြီးငါ သည္းမခံနိုင္ေတာ့ဘူး။ ဒီလိုမ်ိဳး ဖူးသစ္ခါစအခ်စ္ရဲ႕ အေငြ႕အသက္က အရမ္းမုန္းဖို႔ေကာင္းတယ္ မိန္လိ ေျပာလိုက္သည္။

အို ခင္ဗ်ားတို႔ေခတ္က လူေတြကေရာ အဲ့လိုဗန္းစကားမ်ိဳး သုံးၾကတာလား ဇူအန္ အံ့ၾသသြားသည္။ ဟဲဟဲ ခင္ဗ်ားလိုမ်ိဳး နိုင္ငံေရးအရ ယင္က်န္းနဲ႕ လက္ထပ္ဖို႔ အတင္းခိုင္းေစခံရတဲ့သူက က်ဳပ္တို႔ကို မနာလိုျဖစ္မွာက ပုံမွန္ပဲေလ

.. မိန္လိ
အဲ့အေၾကာင္းကို ထပ္ေျပာရဲေျပာၾကည့္၊ ဒီကိစၥကေန ငါ ႏႈတ္ထြက္ၿပီး မင္းဇနီးကို ေသခိုင္းလိုက္မယ္

သင္သည္ မိန္လိထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိပါသည္။

ဇူအန္ ခ်က္ခ်င္း အရႈံးေပးလိုက္သည္။ အစ္မေတာ္ မိဖုရားႀကီး က်ဳပ္ မွားပါတယ္။ စိတ္ေလ်ာ့ပါအုံး..
သူမ၏ ေဒါသေပ်ာက္ျပယ္သြားသည္ထိ သူ အခ်ိန္အတန္ၾကာေအာင္ သူမကို ေခ်ာ့ရေသးသည္။ မိန္လိ တကယ္စိတ္ဆိုးသြားမွာ စိုးရိမ္စိတ္ေၾကာင့္ သူ႕ပါးစပ္ကို နည္းနည္းေလာက္ထိန္းခ်ဳပ္ရန္ သူ႕ကိုယ္သူ သတိေပးလိုက္သည္။

ဇူအန္ သူ႕အေတြးမ်ားကို ျမန္ျမန္စုစည္းၿပီး သူမကိုယ္ေရွ႕ပိုင္း၌ အက္စိုက္ကုထုံး စလုပ္လိုက္သည္။

သူမကိုယ္ေရွ႕ဘက္တြင္ ပုဝါအပါး ကိုင္ထားသျဖင့္ သူမကိုယ္အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကို ဖုံးသြားသည္။ အပ္ ထိုးစိုက္ရမယ့္ ေသြးေၾကာဆုံမွတ္ရွိရာ ေနရာအမွန္ကို ရွာရန္ ပုဝါကို အနည္းငယ္လွပ္ရသည္။

ထိုသို႔ လုပ္ေနစဥ္ ခ်ဴခ်ဴယန္ ခႏၶာကိုယ္ အနည္းငယ္တုန္သြားေသာ္လည္း ဘာစကားတစ္ခြန္းမွ ထုတ္မေျပာခ်။

ကုသမႈျဖစ္စဥ္တစ္ေလွ်ာက္လုံး ခ်ဴခ်ဴယန္ ႏွင့္ ဇူအန္ တို႔ႏွစ္ေယာက္လုံးအတြက္ ေတာင့္ခံထားရန္ အလြန္ခက္ခဲသည္။ မည္သို႔ဆိုဆို သူ႕ေရွ႕မွာ ဒီေလာက္ဆြဲေဆာင္မႈရွိတဲ့ လူတစ္ေယာက္ ထိုင္ေနလ်က္ႏွင့္ သူ႕ကိုယ္သူ ထိန္းခ်ဳပ္ေနရသည္မဟုတ္ေလာ။

သူ႕အသက္ရႉသံ ပိုျပင္းလာၿပီး  ေခြၽးသီးမ်ား သူ႕နဖူးေပၚ ထြက္ေပၚလာၾကသည္ကို သတိျပဳမိေသာအခါ ခ်ဴခ်ဴယန္ မေနနိုင္ဘဲ ေမးလိုက္သည္။  ကြၽန္မကို ကုတာ အရမ္းပင္ပန္းရတာလား

ဇူအန္ ခဏေၾကာင္သြားၿပီးမွ သူမ အထင္မွားေနျခင္းျဖစ္ေၾကာင္း သေဘာေပါက္သြားသည္။ ဒီေလာက္ေကာင္းမြန္တဲ့ အထင္လြဲမႈမ်ိဳးကို သူ ရွင္းျပစရာအေၾကာင္း ေသခ်ာေပါက္ မရွိပါ။ ထို႔ေၾကာင့္ အသံကို အနည္းငယ္လႈပ္ခါေစၿပီး တိုးသက္စြာသူ ျပန္ေျပာလိုက္သည္။ ရပါတယ္။ ကိုယ္ ေတာင့္ခံနိုင္ပါေသးတယ္

ခ်ဴခ်ဴယန္ တုံ႕ဆိုင္းစြာျဖင့္ ႏႈတ္ခမ္းကိုက္ၿပီး သူမကို သိမ္ေမြ႕ၿပီး ေက်းဇူးတင္ေသာ အၾကည့္မ်ိဳးျဖင့္ ၾကည့္လိုက္သည္။

မင္းက ငါ ထင္ထားတာထက္ အမ်ားႀကီးပိုအရွက္မဲ့ေနတာပဲ။ ၾကည့္ရတာ အနာဂတ္မွာ ငါ မင္းကို သတိထားၿပီး ဆက္ဆံမွ ျဖစ္မယ့္ပုံပဲ။ မဟုတ္ရင္ မင္း ငါ့ကို လိမ္ညာလွည့္စားသြားမွျဖင့္ မိန္လိ ႏွာရႈံ႕ၿပီး ေျပာလိုက္သည္။

ဇူအန္ အလြန္အမင္း ဆြံ႕အသြားသည္။ ခင္ဗ်ား လွတယ္ဆိုတာနဲ႕ပဲ အမွန္တရားကို မလိမ့္တပတ္လုပ္လို႔ မရဘူးေလ။ တစ္ခုခုျဖစ္ခဲ့ရင္ အခုခ်ိန္ထိ က်ဳပ္ကို အ႐ူးလုပ္ေနတဲ့သူက ခင္ဗ်ားေလ

ဟင့္ အဲ့ဒါက မင္းက ေၾကာက္႐ြံစရာေကာင္းတဲ့ လူ ဆိုတဲ့အခ်က္ကို မေျပာင္းလဲေပးဘူး မိန္လိ ေအးတိေအးစက္ျဖင့္ ႏွာရႈံ႕ၿပီး ေျပာလိုက္သည္။

အစ္မေတာ္ ဘုရင္မႀကီး ခင္ဗ်ားလည္း လူေကာင္းတစ္ေယာက္မဟုတ္ပါဘူး။ အို အဲ့ဒါက က်ဳပ္တို႔ကို လိုက္ဖက္တဲ့ စုံတြဲ မျဖစ္သြားေစဘူးလား ဇူအန္ ခ်ဴခ်ဴယန္ကိုယ္ေပၚ အက္စိုက္ကုထုံး လုပ္ေနတာ ၿပီးခါနီးၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူမကို အနည္းငယ္ရန္စမိသြားရင္လည္း စိုးရိမ္စရာမရွိပါ။

မင္း ငါ့ကို ကလူေနတာလား မိန္လိ ရင့္သီးခက္ထန္ေသာ အသံျဖင့္ ေျပာလိုက္သည္။

သင္သည္ မိန္လိထံမွ အမ်က္ပြိုင့္ ၅၁၁ ရရွိပါသည္။

က်ဳပ္ ခင္ဗ်ားကို က်ီစား႐ုံသက္သက္ပါ။ အဲ့ေလာက္စိတ္တိုသြားဖို႔မလိုပါဘူး ဇူအန္ ျပန္ေျပာလိုက္သည္။

ဟိုေခတ္အခါတုန္းကသာ မင္း ငါ့ကို ဒီလိုပုံစံမ်ိဳးနဲ႕ စကားေျပာရဲခဲ့ရင္ အခုေလာက္ဆို မင္းလွ်ာကို ဆြဲႏႈတ္ပစ္ေလာက္ၿပီ မိန္လိ ႏွာရႈတ္ၿပီး ေျပာၿပီးမွ တိတ္သြားသည္။

ဇူအန္ မသိမသာ ရယ္လိုက္မိသည္။ သူမနဲ႕ ရံဖန္ရံခါ ျငင္းခုန္ရတာကလည္း ေပ်ာ္စရာတစ္မ်ိဳးပဲ။

ခဏအၾကာတြင္ ခ်ဴခ်ဴယန္ကိုယ္ေပၚမွ ေငြေရာင္အပ္မ်ားကို တစ္ခုၿပီးတစ္ခု ဆြဲႏႈတ္ၿပီး ေမးလိုက္သည္။ မင္း အခု ဘယ္လိုခံစားရလဲ

ငါ.ေရပူစမ္းတစ္ခုခုမွာ အနားယူေနရသလိုမ်ိဳး ခံစားရတယ္ ခ်ဴခ်ဴယန္ အံ့အားသင့္သြားသည္။ သူမ ခႏၶာကိုယ္သည္ အၿမဲတမ္းေအးစက္ေနခဲ့ၿပီး သူမဗိုက္ေပၚ ေရခဲတုံးႀကီးတစ္ခု တင္ထားသလိုမ်ိဳး အၿမဲတမ္း ခံစားခဲ့ရသည္။ ယင္းခံစားခ်က္သည္ လုံးဝမေပ်ာက္ကြယ္သြားေသးေသာ္လည္း အရင္ကထက္ သူမ ပိုသက္သာသလို ခံစားရသည္။
ေဆးပညာဘက္တြင္ ဗဟုသုတမရွိေသာ္လည္း ဤကုသမႈနည္းလမ္းက အက်ိဳးရွိေၾကာင္း သူမ ေျပာနိုင္သည္။

ေနာက္သုံးလထိ ဒီကုသမႈကို ကိုယ္တို႔ဆက္လုပ္ေနသေ႐ြ႕ မင္းရဲ႕ေဝဒနာက ျပန္ေကာင္းသြားမွာပါ အပ္မ်ားကို ဆြဲႏႈတ္ရင္း ဇူအန္ ေျပာလိုက္သည္။ သူမ ခႏၶာကိုယ္ကို ၾကည့္ရႈခံစားဖို႔လည္း မေမ့ခဲ့ပါ။

အခုခ်ိန္၌ ခ်ဴခ်ဴယန္သည္ သူ၏ အရွက္မရွိ စိုက္ၾကည့္တတ္မႈကို က်င့္သားရေနၿပီျဖစ္သည္။ ျမင္လို႔ရတဲ့ အစိတ္အပိုင္းအားလုံးကို ျမင္ၿပီးၿပီဆိုမွေတာ့ သူ ထပ္ၾကည့္ၾကည့္ မၾကည့္ၾကည့္ ဘာမွမထူးျခားေၾကာင္း သူမ သေဘာေပါက္သြားသည္။

ဒီေလာက္ေတာင္ ၾကာသြားတာလား ခ်ဴခ်ဴယန္ မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္သည္။
အခုခ်ိန္ ခ်ဴအိမ္ေတာ္ ရင္ဆိုင္ေနရသည့္ ရန္သူမ်ားကို စဥ္းစားၿပီး သူမအေျခအေနကို အျခားသူမ်ားအား သိခြင့္မျပဳနိုင္ပါ။

အဲ့ဒါေၾကာင့္ပဲ ကိုယ္ မင္းနဲ႕ အတူတူလာေနဖို႔ကို မင္း စဥ္းစားသင့္တာ။ ကိုယ္တို႔အခန္းတစ္ခုထဲ အတူတူေနမယ္ဆို ကိုယ့္အတြက္လည္း မင္းကို ကုသေပးဖို႔ အမ်ားႀကီးပိုလြယ္ကူသြားလိမ့္မယ္ ဇူအန္ စိတ္အားထက္သန္စြာ ေျပာလိုက္သည္။

ကြၽန္မကို အခ်ိန္နည္းနည္းေပးပါအုံး ဟုတ္ၿပီလား။ ကြၽန္မ.တကယ္ မျပင္ဆင္ထားေသးဘူး ခ်ဴခ်ဴယန္ ေတာင္းဆိုေနသည့္ အသံမ်ိဳးျဖင့္ ေျပာလိုက္သည္။

ဇူအန္ နည္းနည္းအေလ်ာ့ေပးလိုက္သည္။ ဒါေပမယ့္လည္း ကိုယ္ မင္းအခန္းကို ေန႕တိုင္းေန႕တိုင္း လာေနရရင္ အဲ့ဒါက သံသယဝင္ေအာင္ ျဖစ္သြားေစလိမ့္မယ္

ခ်ဴခ်ဴယန္ ႏႈတ္ခမ္းတင္းတင္းေစ့ထားၿပီးမွ ေျပာလိုက္သည္။ ညလယ္ေခါင္မွာ ရွင္ လာလို႔ရတာပဲ။ ဘယ္သူမွ ရွင့္ကို မျမင္ေအာင္ပဲ ေသခ်ာလုပ္ပါ။ ကြၽန္မ ရွင့္အတြက္ တံခါးဖြင့္ေပးခဲ့မယ္

တကယ္လား ဇူအန္ မ်က္လုံးလက္သြားသည္။

သူ၏ ဝမ္းေျမာက္ေပ်ာ္႐ႊင္သြားေသာ အမူအရာက ခ်ဴခ်ဴယန္ကို လန့္သြားေစသည္။ သူမ အလွ်င္အျမန္ ရွင္းျပလိုက္သည္။ ကြၽန္မကို ကုဖို႔ပဲ ရွင္လာရမွာ.အေတြးမလြန္သြားနဲ႕

ေသခ်ာတာေပါ့ ဇူအန္ ဟက္ခနဲ ရယ္ၿပီး ျပန္ေျဖလိုက္သည္။ အင္း ေကာင္ေလးတစ္ေယာက္နဲ႕ ေကာင္မေလးတစ္ေယာက္တို႔ ေန႕တိုင္း ညလယ္ေခါင္မွာ ေတြ႕ၾကမယ္ဆိုရင္ တစ္ေယာက္နဲ႕တစ္ေယာက္ ရင္းႏွီးဖို႔ အခ်ိန္တစ္ခုပဲ လိုအပ္မွာ။

႐ုတ္တရက္ ညည္းသံတစ္သံ ထြက္လာၿပီး တစ္ခ်ိန္လုံး သစ္သားကုတင္ေပၚ လွဲေနသည့္ ခ်င္ဝမ္ယြီသည္ အနည္းငယ္ စလႈပ္ရွားလာခဲ့သည္။ ေမ့ေဆးအာနိသင္က ပ်က္ျပယ္သြားသည့္ဟန္ေပၚ၏။

သူမအေမ နိုးလာေတာ့မယ္ကို ေတြ႕သည့္အခါ ခ်ဴခ်ဴယန္မ်က္ႏွာသည္ ေၾကာက္လန့္တုန္လႈပ္စြာျဖင့္ ျဖဴေရာ္သြားသည္။ အဝတ္မဝတ္ထား႐ုံတမယ္ျဖစ္ေနသည့္ သူမႏွင့္ ဇူအန္တို႔ အတူတူရွိေနသည္ကို အေမ ျမင္သြားရင္ဆိုသည့္ အေတြးက သူမႏွလုံးကို ေၾကာက္လန့္တၾကား တုန္ခါသြားေစသည္။ ခ်က္ခ်င္းပင္ ဇူအန္ကို တြန္းထုတ္ၿပီး ေျပာလိုက္သည္။ ေငးေၾကာင္ေၾကာင္နဲ႕ ဘာလို႔ရပ္ေနေသးတာလဲ။ ျမန္ျမန္သြားေတာ့။ အေမ နင့္ကို မျမင္ေစနဲ႕

ဇူအန္၏ မိန္းေမာေတြေဝေနေသာ အမူအရာေၾကာင့္ အလိုအေလ်ာက္ သူမ ေခါင္းငုံ႕ၾကည့္လိုက္သည္။ ထိုအခါမွသာ သူ႕ကို တြန္းထုတ္လိုက္စဥ္ သူမကိုယ္ေရွ႕ကို ဖုံးအုပ္ေပးသည့္ ပုဝါက က်သြားၿပီး သူမ၏ ကိုယ္လုံးတီးပုံစံ ေပၚလြင္သြားသည္ကို သတိျပဳမိသြားသည္။

ခ်ဴခ်ဴယန္

.. ဇူအန္

ခ်ဴခ်ဴယန္အခန္းထဲရွိ ျပတင္းေပါက္မွတစ္ဆင့္ ခုန္ထြက္လိုက္ၿပီးေနာက္မွာပင္ ေစာေစာကျဖစ္ပ်က္ခဲ့သည့္ အရာမ်ားကို ျပန္စဥ္းစားရင္း ဇူအန္ မထိန္းခ်ဳပ္နိုင္ဘဲ အ႐ူးတစ္ေယာက္ပမာ ရယ္ေနမိသည္။

ထိုအခ်ိန္တြင္ လူတစ္ေယာက္သည္ ႐ုတ္တရက္ နံရံကို ခုန္ေက်ာ္ၿပီး သူ႕ကိုယ္ေပၚ က်လာခဲ့သည္။ ႏွစ္ေယာက္သား တစ္ေယာက္ႏွင့္တစ္ေယာက္ တိုက္မိသြားၾက၏။

ေသာက္က်ိဳးနည္း ဇူအန္သည္ သူ၏ သာယာေသာ မွတ္ဉာဏ္ထဲ နစ္ဝင္ေနစဥ္ လူတစ္ေယာက္က သူ႕အေတြးထဲမွ ႐ုန္းထြက္လာေအာင္ အတင္းလုပ္လာခဲ့သည္။ ထို႔ေၾကာင့္ သူ စိတ္ဆိုးသြားသည္မွာ ပုံမွန္ပင္ျဖစ္သည္။

သို႔ေသာ္ ႐ုတ္တရက္ တစ္ခုခု မွားယြင္းေနေၾကာင္း သူ သတိျပဳမိသြားသည္၊ ပိုၿပီး အတိအက်ေျပာရရင္ သူ႕လက္ဖဝါးထဲက ႏူးညံ့ေသာ အထိအေတြ႕ျဖစ္သည္။ က်ဴးေက်ာ္လာသူသည္ ႏူးညံ့သိမ္ေမြ႕၍ သြယ္လ်ေသာ ခႏၶာကိုယ္ရွိၿပီး ရင္းႏွီးေနေသာ ရနံ႕မ်ိဳး ေပးေနသည္။

တဖက္လူကလည္း နံရံေအာက္တြင္ အျခားလူတစ္ေယာက္ရွိလိမ့္မယ္ဟု မေမွ်ာ္လင့္ထားခဲ့သည္မွာ ထင္ရွားေနသည္။ ႐ုတ္တရက္ ေပြ႕ဖက္ခံလိုက္ရသည့္အျဖစ္က သူမကို စိတ္တိုသြားေစသည္။ ထို႔ေၾကာင့္ ထိုလူကို ခ်က္ခ်င္းတိုက္ခိုက္လိုက္သည္။

ကံေကာင္းစြာျဖင့္ ဇူအန္သည္ အရင္လိုမ်ိဳး မဟုတ္ေတာ့ေခ်။ သူမလက္ကို အလွ်င္အျမန္ ဖမ္းခ်ဳပ္လိုက္ၿပီး သူမ ပုံစံကို ေသေသခ်ာခ်ာ ၾကည့္လိုက္သည့္အခါ အံ့အားသင့္သြားရေလေတာ့၏။ မင္းလား

----- ----- ----------------------------------- ----- - - - - - - - - - - - -

Continue Reading

You'll Also Like

79K 10.8K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
735K 41.6K 26
Jk - Possessive type #Warning Cv_ Pinterest
1.1M 66.1K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...