ကီးဘုတ်အင်မော်တယ်-ဇူအန်
By SoeHmue
45.2K 5.9K 37
အတွဲ(၂) More
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400
217
299 47 1
By SoeHmue
Chapter 217: ငါ့ခန္ဓာကိုယ်ကို မက်မောနေတာ
ကျီရှောင်ချီ ၏ စကားကို ကြားလိုက်ရသောအခါ ရှီခွန်း စိတ်မလိုမကျပေ။ “မိန်းကလေး ကျီ ရဲ့ စကားတွေက အရမ်းကို အဓိပ္ပါယ်မရှိဘူးဆိုတာ မသိဘူးလား”
ကျီရှောင်ချီ ၏ မျက်နှာ ရဲတွတ်သွားသည်။ သူမ၏ အကဲဖြတ်မှုမှာ အလွန် မသေချာသည့်ပုံပေါက်နေသည်ကို သူမသိနေသည်။ အမှန်တွင် သူမ၏ ဆေးပညာအသိက မှေးမှိန်ကြာပွင့်၏ ဆေးစွမ်းဖြင့် လူတစ်ယောက်၏ ကီသွေးကြောများကို ပြန်ဆက်ရန် မဖြစ်နိုင်ဟု ပြောပြနေသည်။ သို့သော်လည်း ဇူအန်ကို ကူညီရန်အတွက် လက်ရှိအနေအထားကို ဖြစ်နိုင်သည်ဟု ရွေးချယ်လိုက်သည်။
သူမ ပြန်မတုန့်ပြန်ခင်မှာပင် ကျန်းလော့ဖူ ပြောလိုက်သည်။ “ဒီနေရာမှာ သူ့အလုပ် သူလုပ်ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပေးနေတာပဲ။ ဒါကြောင့် သူ့ရဲ့ စကားတွေက အဓိပ္ပါယ်မရှိဘူးလို့ ဘာဖြစ်လို့ ပြောရတာလဲ”
ကျန်းလော့ဖူသည် ကျီရှောင်ချီ ၏ ဒေါ်လေးဖြစ်သည်ကို ရှီခွန်း နောက်ကျမှ သတိရလိုက်သဖြင့် အနည်းငယ် တွန့်ဆုတ်သွားသည်။ ကျီရှောင်ချီက ဇူအန် အဖို့ ပြောပေးနေသည်ကို မြင်ရသောအခါ သူ အလွန်စိတ်လောသွားသဖြင့် သူတို့၏ ပတ်သက်မှုကို မေ့သွားခဲ့သည်။ ထို့ကြောင့် အလျှင်အမြန်တောင်းပန်လိုက်သည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ။ စကားပြောမှားသွားတယ်”
“နင်တို့နှစ်ယောက်က ကိုယ်ပိုင်ထွက်ဆိုချက်တွေ ပြောတာပဲ။ ပြီးတော့ တိကျခိုင်မာတဲ့ သက်သေ နဲ့ မျက်မြင်သက်သေ လည်း မရှိဘူးတော့ ဘယ်သူ မှန်တယ် မှားတယ်ဆိုတာကို ခွဲမရဘူး။ ဒါကြောင့် အကယ်ဒမီက ဒီကိစ္စကို အသေးစိတ်စုံစမ်းမယ်။ အထူးသဖြင့် မြေအောက်ဂူထဲမှာ သေခဲ့ရတဲ့ လူတွေရဲ့ အကြောင်းအရင်း ၊ သူတို့ရဲ့ နောက်ခံနဲ့ ဘယ်သူနဲ့ ပတ်သက်သလဲဆိုတာတွေကို ပေါ့။ မကြာခင် အမှန်တရားထွက်ပေါ်လာမယ်ဆိုတာ ငါ ယုံကြည်တယ်” ကျန်းလော့ဖူ လေးနက်စွာပြောလိုက်သည်။
ထိုစကားကိုပြောလိုက်ကာ သူမ၏ အကြည့်က ရှီခွန်းဆီတွင် အချိန်တခဏ အဓိပ္ပါယ်ရှိစွာ ရစ်ဝဲနေသည်။
ရှီခွန်း နှလုံးခုန်မြန်သွားသည်။ သို့သော် သူ၏မျက်လုံးများကို တည်စေကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်ရဲ့ နစ်နာမှုကို မျှတမှုရှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကျန်း”
သူ ကျူးလွန်ခဲ့သည်ဟု ရှာမတွေ့သမျှ ကာလလုံး အရာအားလုံး ကို လက်ခံပေးနိုင်နေသည်။ ဤအမှုကို ရှီကလန် ကိုင်တွယ်ရန် အဆက်အသွယ် လုံလောက်မှုရှိသည်ဟု သူ ယုံကြည်နေသည်။
ထိုစဉ်တွင် ချူချူယန် က ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ မြေအောက်ဂူ မှာ ပိတ်သွားပြီဖြစ်သောကြောင့် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေမရှိတော့ပေ။ ထို့အပြင် ရှီခွန်း အပြစ်ရှိခြင်းကို ဖုံးဖိရန် တတ်နိုင်သမျှလုပ်ဆောင်ကြမည်ဖြစ်သည်။
ဇူအန် က ရိုးရှင်းစွာ ပုခုံးတွန့်ပြလိုက်သည်။ ဤကိစ္စမှာ အသေးအမွှား မဟုတ်သဖြင့် ယခုကဲ့သို့သော ရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ရှီခွန်း အပြစ်ရှိသည်ဟု ကြေညာလိုက်ခြင်းသည် သူ့ကို သေဒဏ်ချမှတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ လပြည့်အကယ်ဒမီ ၏ ကျောင်းအုပ်ဖြစ်နေရင်တောင် ကျန်းလော့ဖူ သည် ထိုအမှု၏ သက်သေအခိုင်အမာမရှိဘဲ အလောင်းအစားမလုပ်ရဲပေ။
ထိုအကြောင်းပြချက်ကြောင့် ၎င်းကိစ္စကိုဖြေရှင်းရန်အတွက် ဇူအန် အစောက အရိုးရှင်းဆုံးသော နည်းလမ်းကို သုံးခဲ့ခြင်းဖြစ်သည်။ သို့သော် ရှီလဲ့ဇီ မှာ အနီးနားတွင် အချိန်ပြည့်စောင့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းလော့ဖူ လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။ “တော်လောက်ပြီ။ မြေအောက်ဂူမှာ တွေ့ကြုံရသမျှ ရသမျှ အားလုံးကို အကယ်ဒမီ ကို အစီအရင်ခံစာ တင်ကြ။ မင်းတို့ရသမျှအားလုံးကို အကယ်ဒမီက ဘဏ္ဍာပိုင်မသိမ်းပါဘူး။ စိတ်မပူကြနဲ့။ ဒီနည်းလမ်း က မင်းတို့ရဲ့ ကျင့်ကြံမှု အတွက် ဘာတွေရခဲ့သလဲ ဘယ်လိုအကောင်းဆုံး အသုံးချရမလဲဆိုတာကို ထောက်ပြ အကြံပေးဖို့ အတွက် ရိုးရိုးရှင်းရှင်း ပဲ။ မင်းတို့ရဲ့ အတွေ့အကြုံတွေကို ဂျူနီယာတွေကို သင်ပြပေးမှာတော့ ဟုတ်တယ်။ ဒါမှပဲ အတွေ့အကြုံကို ကိုးကားပြီးတော့ အသုံးချနိုင်မှာပေါ့။
မင်းတို့ အလုပ်ပြီးရင် အိမ်ပြန်ပြီး နားလို့ရပြီ။ အနားယူဖို့ အချိန်သုံးရက်ပေးမယ်”
လူအုပ်မှာ ပျော်ရွှင် ဆူညံသွားကြသည်။ မြေအောက်ဂူထဲတွင် ရှိနေခဲ့စဉ်တစ်ချိန်လုံး တွင် သူတို့ စိတ်အာရုံများ တင်းမာနေခဲ့ကြသည်။ နေရာတိုင်းတွင် ပေါ်ထွက်လာနိုင်သော အမည်မသိသော အန္တရာယ်များကို စိုးရိမ်နေရင်း ကံကောင်းသော ကြုံတွေ့မှုများကိုလည့း လိုချင်နေကြသေးသည်။ သူတို့တွင် စုစည်းနေသော စိတ်ဖိစီးမှုသည် သူတို့ကို အလွန်စိတ်ပင်ပန်းစေသည်။ ထို့ကြောင့် ၎င်းအားလပ်ရက်တိုမှာ အမှန်ပင်လိုအပ်နေသော အရာဖြစ်သည်။
လူအုပ်ကြီး တဖြည်းဖြည်း လျော့ပါးသွားပြီးနောက် ရှောင်းရွှယ်ယင် နှင့် ချူချူယန် တို့စကားပြောနေကြစဉ် ဖေးမြန့်မုန် က ဇူအန်ဘေးသို့ လျှောက်သွားကာ မေးလိုက်သည်။
“ငါတို့ရဲ့ သဘောတူညီချက်ကို ရှိနေသေးလား”
“ဘာ သဘောတူညီချက် လဲ” ဇူအန် မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ဒီမိန်းမက အရမ်းကို ညှို့ငင်မှုရှိလွန်းတယ်။ သူမရဲ့ မက်မွန်မျက်လုံးလေးတွေက ပြုံနေသလိုပဲ တောက်ပနေတာပဲ။ အဲ့ဒါက ယောက်ျားတွေရဲ့ အသည်းနှလုံးကို အလွယ်တကူ အရည်ပျော်ကျစေနိုင်တယ်။ ကံကောင်းတာက ငါ့မှာ နံပါတ်တစ် အလှပဂေး ဇနီးတစ်ယောက်ရှိနေတာပဲ။ အဲ့ဒါက မိန်းမလှလေး တွေအပေါ် ခုခံအားကောင်းစေတယ်။ ဒါမှဟုတ်ရင် သူ့ရဲ့ ထောင်ချောက်ထဲ ကျသွားနိုင်တယ်။
ဖေးမြန့်မုန် အသာအယာ သက်ပြင်းချလိုက်ကာ မေးလိုက်သည်။ “ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပေးထားတဲ့ ကတိ ကို မေ့သွားမယ်ဆိုတာ ငါ သိနေတယ်”
“...” ဇူအန်
မင်း အသံအနေအထား က ဘာဖြစ်နေတာလဲ။ မင်းကို စိတ်ပျက်စေတဲ့ သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေသလို ပြုမူနေတာပဲ။... အင်း ရိုးရိုးသားသားပြောရရင် မင်းလို မိန်းကလေးကို ဘယ်လိုယောက်ျားမျိုးက စွန့်ပစ်နိုင်မှာလဲ။
“ကြည့်ရတာ စာရင်းစာအုပ် ကို ရှာဖွေပေးချင်စိတ် မရှိဘူးထင်တယ်” ဖေးမြန့်မုန် က အပြုံးကို ကျောက်ချကာ မေးလိုက်သည်။
ဇူအန် ပခုံးတွန့်ကာ ဖြေလိုက်သည်။ “မင်းလည်း ငါ့ကို ချူချူယန် နဲ့ နီးစပ်ဖို့ မကူညီပေးခဲ့ဘူးလေ”
ချူချူယန်နဲ့ ငါ က အရမ်းနီးကပ်နေလွန်းလို့ ငါတို့ကြားက အကွာအဝေးက အပေါင်းကိုတောင် ကျော်နေပြီ။ ငါတို့ကို အောင်သွယ်ပေးဖို့ မင်းကို လိုအပ်နေသေးတယ်လို့ ထင်နေတာလား။
ဖေးမြန့်မုန် လည်း ထိုအချက်ကို တွေးမိလိုက်သည်။ “ကြည့်ရတာ မြေအောက်ဂူထဲမှာ အချိန်ဖြုန်းပြီးနောက်မှာ နင်တို့နှစ်ယောက် နီးစပ်သွားပြီထင်တယ်။ ဟူး အဲ့ဒီလို ဖြစ်မယ်မှန်းသိရင် နင်နဲ့အတူ အဲ့ဒီကို လိုက်လာခဲ့ပါတယ်”
ထိုစကားလုံးများက ဇူအန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်သွားစေသည်။ အကယ်၍ မင်းက ငါတို့နဲ့ အတူလိုက်လာခဲ့ရင် မင်းရဲ့ ကီသွေးကြောတွေလည်း ပျက်စီးသွားမှာပဲ။ ဒါဆိုရင် ငါ ကယ်တင်ရမယ့်သူက နှစ်ယောက်တောင် ဖြစ်မသွားဘူးလား။
သူတို့ကို ကယ်တင်ရန် စိုက်ထုတ်ရမည့် လုံ့လကို တွေးမိစေကာ လေးနက်စွာ မှတ်ချက်ပေးလိုက်သည်။ “အင်း မင်း ငါတို့နဲ့ အတူလိုက်လာခဲ့ရင် တကယ်ကိုကောင်းမှာပဲ”
ဖေးမြန့်မုန် ကြောင်သွားသည်။ သူ၏ စကားလုံးများ၏ အဓိပ္ပါယ်ကို နားမလည်ပေ။ ဇူအန်၏ မျက်လုံးထဲတွင် တကယ်ကို ထူးဆန်းသော တစ်စုံတစ်ရာရှိနေသည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် သူမ ၏ အဝတ်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ “ချူချူယန် နဲ့ နင်က အရမ်းမြန်မြန်ကြီး နီးစပ်နိုင်မယ်လို့ မထင်ခဲ့တဲ့အတွက် အရင်က မကူညီပေးခဲ့တာပဲ။ ဒါကြောင့် ဒီလိုလုပ်ရအောင်။ ငါတို့ရဲ့ ကတိကို ဆက်ထိန်းထားမယ်။ ဒါပေမယ့် ငါ နင့်ကို တစ်ခုခုကမ်းလှမ်းပေးမယ်။ နင် ဘယ်လို ထင်လဲ”
“ငါ ဘာကို တောင်းဆိုရမှာလဲ” ဇူအန် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“နင့် အပြုံးက နည်းနည်း ကြောက်ဖို့ကောင်းတာပဲ” ဖေးမြန့်မုန် က သူမ၏ ကြောက်ရွံမှု၏ အရိပ်အယောင်ကို အနည်းငယ်ပင် မျက်နှာတွင် မပေါ်စေပေ။ “နင် ဘာလိုချင်တာလဲ “
“ငါ နင့်ကို လိုချင်တယ်လို့ ပြောရင်တောင် နင်လက်ခံပေးမှာလား” ဇူအန် မေးလိုက်သည်။
“သိချင်ရင် မေးကြည့်ဖို့တော့ လိုတာပေါ့” ဖေးမြန့်မုန် က အန္တရာယ်ရှိသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
သူမ၏ ညှို့ငင်သော မျက်ဝန်းကို တခဏကြာအောင် အသေအချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်သည်။ “ထားလိုက်တော့။ ငါ့ဇနီးရဲ့ သူငယ်ချင်း နဲ့ ဇယားရှုပ်တဲ့ ရွံစရာကောင်မဖြစ်ချင်ဘူး”
“...” ဖေးမြန့်မုန် ၏ အပြုံးအေးခဲသွားသည်။
ဘာဖြစ်လို့ ဒီစကားတွေက အရမ်း ကို့ရို့ကားယားဖြစ်နေတာလဲ။ ငါ့ကို အရင်က အကြိမ်များစွာ ဆွဲဆောင်ဖို့ ကြိုးစားခဲ့တယ်မဟုတ်ဘူးလား။ ဘာဖြစ်လို့ ရုတ်တရက် လူကြီးလူကောင်း ဟန်ဆောင်နေတာလဲ။
အကယ်၍ နင်က အဲ့ဒီလို လူစားမျိုးမဟုတ်ဘူးဆိုရင် ငါက နင့်ကို  ဖြားယောင်းဖို့ ကြိုးစားနေတဲ့သူ လို့ ပြောချင်တာလား။
သင်သည် ဖေးမြန့်မုန် ထံမှ အမျက်ပွိုင့် ၂၅၆ ရရှိလိုက်သည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ့ရဲ့ လိုချက်တဲ့အချက်ကို မတွေးရသေးဘူး။ ဒါကြောင့် စိတ်ဆုံးဖြတ်ပြီးရင် ပြန်ဆက်သွယ်လိုက်မယ်။ အချိန်တစ်ခုအထိတော့ မင်းကိုယ်စား စာရင်းစာအုပ် ကို ရှာပေးထားမယ်” ဇူအန် ပြောလိုက်သည်။
ယခုအခါတွင် ချူချူယန် မှာ သူ၏ တရားဝင်ဇနီး ဖြစ်သွားသဖြင့် ချူကလန်၏ စီးပွားရေးကို အပြင်လူတစ်ယောက် နှောင့်ယှက်ခွင့်မပေးနိုင်ပေ။ သို့သော်လည်း ဖေးမြန့်မုန်ကို ငြင်းဆန်လိုက်ပါက အလုပ်လုပ်ရန် အခြားသူတစ်ယောက်ကို ရှာဖွေရန် ကြိုးစားလိမ့်မည်ကို စိုးရိမ်လိုက်သည်။ ထိုအခါတွင် သူမ ကို သတိထားရန် ပိုမိုခက်ခဲသွားတော့မည်ဖြစ်သည်။
ထို့ကြောင့် သူမ ၏ ရည်ရွယ်ချက်ကို သိရန်အတွက် အချိန်တစ်ခုအထိ လိုက်လျောနေရန် ပိုကောင်းမည်ဖြစ်သည်။
ဟုတ်တယ်။ ဒါက ငါ့ ရည်ရွယ်ချက်ပဲ။ အဲ့ဒါက သူမ မှာ ရင်သားကြီးကြီးတွေ ရှိနေလို့မဟုတ်ဘူး။
ဒါက အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ။
ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့ သူတို့ဆီသို့ လျှောက်လှမ်းလာနေသည်ကို မြင်ရသောအခါ ဖေးမြန့်မုန် က သူ့ကို ဖလိုင်းကစ်(စ်) တစ်ခုပေးလိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးကာ ထွက်သွားသည်။
“သူ့ကို အဲ့ဒီလောက် ပျော်သွားစေရအောင် နင် ဘာတွေပြောလိုက်သလဲ” ချူချူယန်က သံသယဝင်ကာ မေးလိုက်သည်။
“အနာဂတ်မှာ သူ့ကို ငါ့ ကိုယ်လုပ်တော် ခန့်မယ်လို့ ပြောလိုက်တယ်။ ဒါမှ သူက မင်းကို အစ်မကြီးလို့ ခေါ်နိုင်မယ်။ ဒါကြောင့်သူအရမ်း၀မ်းသာသွားပြီး အပြုံးကို မရပ်နိုင်တော့ဘူး။ အင်း သူက ငါ့ခန္ဓာကိုယ် ကို တကယ်ပဲ ဆန္ဒရှိနေရှာတာပဲ”
“...” ချူချူယန်
“...” ရှောင်ရွှယ်ယင်း
ဒီကောင်ကတော့ အရင်အတိုင်း အရှက်မရှိ တုန်းပဲ။
ချူချူယန် တခဏ တွန့်ဆုတ်လိုက်ကာ မှတ်ချက်ပေးလိုက်သည်။ “သူ့ကို ဒေါသထွက်အောင် မလုပ်တာကောင်းလိမ့်မယ်။ သူ့ရဲ့ ညင်သာပြီး ခင်မင်တဲ့ အသွင်အပြင်နောက်ကွယ်မှာ သူက တကယ်ကို ရက်စက်ပြီး ကြောက်စရာကောင်းတယ်။ သူ့ရဲ့ အနက်ရောင်မီးတောက်တွေက နင့်ကို အလွယ်တကူ ပြာကျစေနိုင်တယ်။ ဒါကြောင့် သူ့အနားမှာ သတိလက်လွတ်မဖြစ်စေနဲ့”
ဇူအန်က ဖေးမြန့်မုန် ကို မတော်တဆ အပြစ်လုပ်မိမည်ကို သူမ စိုးရိမ်နေသည်။ အကယ်၍ ဖေးမြန့်မုန် က သူ့ကို စိတ်အပြောင်းအလဲကြောင့် ပြာချပစ်ရန် တကယ်ပဲ ရွေးချယ်ခဲ့ပါက သူ့ကို ကယ်တင်ရန် သူမ တတ်နိုင်သော အရာမရှိပေ။
သို့သော်လည်း သူမ၏ စကားမှာ အနည်းငယ် တဖျစ်တောက်တောက်နိုင်နေသည်ကို နောက်ကျမှ သတိထားမိလိုက်သည်။ ထို့ကြောင့် သူမ အလျှင်အမြန်ထပ်ဖြည့်လိုက်သည်။
“ငါ စနိုးနဲ့ စကားပြောပြီးပြီ။ ပြီးတော့ သူက မကြာခင်မှာ ငါတို့ကို နှုတ်ဆက်သွားတော့မယ်”
“နှုတ်ဆက်တော့မယ် ဟုတ်လား” ဇူအန် အံသြသွားသည်။
ရှောင်းရွှယ်ယင် ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ “ဒီနှစ်တွေမှာ မိန်းကလေးချူရဲ့ ဂရုစိုက်အလေးပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့ရဲ့ သရုပ်မှန်က နည်းနည်း ထိခိုက်စရာဖြစ်နေတယ်။ ဒီနေရာမှာ ဆက်ရှိနေဖို့အတွက် မသင့်လျော်ဘူး”
“ဘာဖြစ်လို့ သူ့ တစ်ယောက်တည်းကိုပဲ ကျေးဇူးတင်ရတာလဲ။ ငါရော ဘယ်မှာလဲ။ ငါလည်း မင်းကို ကောင်းကောင်းဂရုစိုက်ပေးခဲ့တာပဲ မဟုတ်လား” ဇူအန် က စိတ်မကျေနပ်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“...” ရှောင်းရွှယ်ယင်
သူမ အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ “တစ်ခုခုဆိုရင်တောင် နင်က ငါ့ကို ကျေးဇူးတင်သင့်တယ်”
ဇူအန် ရှက်ကိုးရှက်ကန်း ပြုံးကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ ငါတို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်ကြမယ်။ ဟုတ်ပြီလား။ ပြီးတော့ မင်းမှာ နောက်ထပ်ဆုံးရှုံးစရာလည်း သိပ်မရှိပါဘူး။ မင်းရဲ့ ကျင့်ကြံမှု မှာ ကြိုးစားရင် မင်းရဲ့ သက်တမ်းဆုံးရှုံးမှုကို ပြန်အဖတ်ဆယ်လို့ရနိုင်တာပဲ”
ရှောင်းရွှယ်ယင် တိတ်ဆိတ်သွားသည်။ အမှန်တရားကို ဇူအန် ပြောနေကြောင်း သူမသိနေသည်။ သူမ၏ ပါရမီ အဆင့်မြင့်သွားခြင်းသည် သူမကို ပိုမိုလျှင်မြန်စွာ ကျင့်ကြံအားထုတ်စေခွင့်ပြုမည်ဖြစ်သည်။ ထိုအခါ သူမ၏ ဆုံးရှုံးခဲ့ရသော သက်တမ်းကို ပြန်အဖတ်ဆည်နိုင်မည်ဖြစ်သည်။
အမှန်တွင် သူမ၏ သက်တမ်းတစ်၀က်ကြမ္မာ ကို သုံးလိုက်ရခြင်းအပေါ် စိတ်ထဲမထားတော့ပေ။ မြေအောက်ဂူထဲတွင် ဇူအန်က သူမကို သွေးအိုင်ထဲမှ ပြန်လည် ကယ်တင်ပေးခဲ့သည်ကို စဉ်းစားသည့်အခါတိုင်း သူ့ကို သူမ၏ အသက်တစ်ဝက်ပေးလိုက်ခြင်းမှာ မဆိုးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ဇူအန့်တွင် ဆိုးရွားသော ပါးစပ်ပေါက်တစ်ခုသာရှိနေခြင်းဖြစ်ပြီး သူမ ဆန္ဒရှိရှိမရှိရှိ သူနှင့် အမြဲပြိုင်ငြင်းနေရခြင်းဖြစ်သည်။
“နင်တို့ နှစ်ယောက် ဘာတွေပြောနေတာလဲ” ချူချူယန်က သူတို့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး” ရှောင်ရွှယ်ယင်း ခေါင်းတစ်ချက်ခါလိုက်သည်။ သူမသည် ၎င်းကိစ္စကို ချူချူယန်ကို မသိစေချင်ပေ။
ဇူအန်လည်း အပြုံးကို ထိန်းကာ ဆက်မေးလိုက်သည်။ “မင်း တကယ်ပဲ ထွက်သွားတော့မလို့လား”
ရှောင်းရွှယ်ယင် ခေါင်းငြိမ့်လိုက်သည်။ “မြို့တော်မှာ လုပ်စရာ တစ်ချို့ရှိနေသေးတယ်။ ငါ ကယ်တင်ဖို့လိုအပ်နေတဲ့ ညီနောင်တွေ အများကြီးရှိနေသေးတယ်”
“ဇူအန် သက်ပြင်းချကာ ပြောလိုက်သည်။ “ငါတို့ တစ်ယောက်ကိုတစ်ယောက် ပြန်တွေ့တာ မကြာသေးဘူး။ အခုလည်း ရုတ်တရက် လမ်းခွဲရဦးမယ်။ ကောင်းပြီလေ။ လမ်းခရီးသာယာဖြောင့်ဖြူးပါစေ ဆုတောင်းပေးလိုက်ပါတယ်”
ရှောင်းရွှယ်ယင် ၏ မျက်နှာတွင် ရှုပ်ထွေးသော အကြည့်တစ်ခုရှိနေသည်။ သူ နှင့် ချူချူယန်ကို အချိန်တခဏ ကြည့်လိုက်ကာ သူမ ကောင်းချီးပေးလိုက်သည်။ “နင်လည်း မိန်းကလေးချူ နဲ့ ပျော်ရွှင်စရာဘဝလေး အတူပိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်”
“ဒီကိစ္စထဲကို ဘာဖြစ်လို့ ငါ့ကို ရုတ်တရက်ကြီးဆွဲထည့်ရတာလဲ” ချူချူယန်၏ မျက်နှာမှာ လျှင်မြန်စွာ နီရဲသွားသည်။ ယခင်က သူမသည် ဇူအန် နှင့် အမည်ခံစုံတွဲဟု၍ သာ နေထိုင်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် မြေအောက်ဂူထဲတွင် မင်္ဂလာခန်းဝင်ခဲ့ခြင်းဖြင့် အဆုံးသတ်လိမ့်မည်ဟု မည်သူက တွေးထင်မိခဲ့မည်နည်း။ ၎င်းသည် သူမ၏ အစီအစဉ်တွင် မထင်မှတ်ထားသော ဖြစ်ရပ်ဖြစ်စေကာ အနာဂတ်တွင် ဇူအန်ကို ရင်ဆိုင်ရမည်ကို မျက်နှာပူနေသည်။
ထို့ကြောင့် ရှောင်ရွှယ်ယင်း ၏ စကားလုံးများကို ကြားရသောအခါ စိတ်ဆိုးဟန်ဖြင့် ခြေဆောင့်ကာ ရှက်သွေးဖြာ၍ အဝေးသို့ လျှောက်လှမ်းထွက်သွားတော့သည်ါ
ရှောင်းရွှယ်ယင် တခဏတွန့်ဆုတ်ကာ ပြောလိုက်သည်။ “မိန်းကလေးချူက အပေါ်ယံမှာ အေးစက်တယ်ထင်ရပေမယ့် တကယ်တော့ အရမ်းစိတ်ကူးယဉ်ဆန်တဲ့ မိန်းမငယ်လေးတစ်ယောက်ပဲ။ ဒီလိုကိစ္စတွေနဲ့ ပတ်သတ်လာရင် သူက အရမ်းရှက်တတ်တယ်။ ဒါကြောင့် သူရုတ်တရက်ကြီး စိတ်ဆိုးသွားတာကို သိပ်ခေါင်းထဲမထည့်နဲ့။ သူ့ကို အချိန်တစ်ချို့ပေးလိုက်။ အချိန်ကြာလာတာနဲ့အမျှ နင့်ကို လက်ခံပေးလာမယ်ဆိုတာ ငါ ယုံကြည်တယ်”
သူမတို့ နှစ်ဦးမှာ နှစ်ပေါင်းများစွာ အတူကုန်ဆုံးခဲ့ကြရသဖြင့် ချူချူယန်၏ အမူအကျင့်ကို သူမ ကောင်းကောင်းသိနားလည်နေသည်။
ဇူအန်၏ မျက်နှာတွင် အပြုံးချိုချိုတစ်ခု ကွေးသွားသည်။ ချူချူယန်ကို သူ အချိန်ကြာကြာ မသိခဲ့ပေ။ သို့သော် သူမသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို အကြမ်းဖျင်း သိနေပြီးသားဖြစ်သည်။ “ငါ သိပါတယ်။ အခုတော့ သူ့အကြောင်း မပြောရအောင်။ အနာဂတ်မှာ ငါတို့ ထပ်တွေ့ကြဦးမှာလား”
“ကံတရား က ခွင့်ပြုပေးရင်တော့ ငါတို့ ပြန်ဆုံတွေ့မှာပါ” ထိုစကားလုံးများ ပြောထွက်ရအောင် မည်သည့်အရာက ဖြစ်စေခဲ့သည်ကို ရှောင်းရွှယ်ယင် မသိပေ။ သူမ၏ မျက်နှာမှာ မြန်ဆန်စွာ နီရဲသွားသည်။ ထို့နောက် သူမ နောက်လှည့်ကာ ကပျာကယာ ထွက်ခွာသွားပြီး သူမ၏ ကိုယ်သင်းရနံ့ ကိုသာ ကျန်စေခဲ့သည်။
သိပ်မဝေးသော တစ်နေရာတွင် ရှီခွန်းက ထိုလူသုံးယောက်ကို ကြည့်ကာ တံတွေးထွေးလိုက်သည်။ “ရှောင်းရွှယ်ယင်က ဘယ်လိုတောင် ငါ့အပေါ် သစ္စာဖောက်ရဲတာလဲ”
“သခင်လေးအတွက် အဲ့ဒီ သစ္စာဖောက်ကို ဒီည ရှင်းပစ်လိုက်ပါ့မယ်” ရှီလဲ့ဇီ ပြောလိုက်သည်။
သို့သော်လည်း ရှီခွန်း ခေါင်းခါလိုက်ကာ သူ၏ နှုတ်ခမ်းများ အေးစက်စွာ ပြုံးလိုက်သည်။ “သူ့ကို ဒီအတိုင်းပဲ သတ်လိုက်ရင် အရမ်းနှမြောစရာကောင်းတယ်။ တကယ်တော့ သူလည်း ရှားပါးတဲ့မိန်းမလှလေးပဲ။ နောက်ပြီး သူက နတ်သူငယ် မင်းသမီးတစ်ပါးလည်း ဖြစ်သေးတယ်။ သူက ငါ့အပေါ်ကို သစ္စာရှိရှိ ခစားခဲ့တဲ့အတွက် အရင်က သူ့အပေါ်ကို လက်တောင်မရွယ်ခဲ့ဖူးဘူး။ ဒါပေမယ့် သူက ငါ့ကို ကျောခိုင်းဖို့ ရွေးချယ်ခဲ့တယ်ဆိုတော့ သူ့ကို အပြည့်အဝ အသုံးမချနိုင်စရာ ဘာအကြောင်းမှမရှိတော့ဘူး”
ရှီလဲ့ဇီ ၏ မျက်နှာပေါ်တွင် ယောက်ျားသားအားလုံး ပြောစရာမလိုအောင် နားလည်နိုင်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုကဲ့သို့သော အလုပ်မျိုးကို နှစ်များစွာ လုပ်ဆောင်ခဲ့ပြီးသည်မှာ ထင်ရှားနေသည်။ “ကျုပ်နားလည်ပါပြီ။ သူ့ကို ဖမ်းပြီးတော့ သခင်လေး အရှေ့ကို ခေါ်ဆောင်လာပေးပါ့မယ်”
----- ----- ----------------------------------- --- --- -----------
ထိုစကားကိုပြောလိုက်ကာ သူမ၏ အကြည့်က ရှီခွန်းဆီတွင် အချိန်တခဏ အဓိပ်ပါယျရှိစှာ ရစ်ဝဲနေသည်။
... ဇူအန်
... ချူချူယန်
... ရှောင်ရွှယ်ယင်း
... ရှောင်းရွှယ်ယင်
----- ----- ----------------------------------- --- --- -----------
Continue Reading
You'll Also Like
378K 69K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
175K 5K 44
329K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន