ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.2K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

210

328 46 3
By SoeHmue

Chapter 210: စိတ်ဒဏ်ရာ

ချီရှို့ ပိုမို တွေဝေသွားသည်။
ထို့နောက် ပန်လုန်နှင့်ဖူဖုန်း တို့လည်း မျက်နှာဖြူဖြင့် ပြန်လာကြသည်ကို မြင်လိုက်ရသည်။ သူတို့ခန္ဓာမှ ဝိညာဉ်သည် ဖယ်ခွာသွားသည့်ဟန် ရှိနေသည်။

သူ၏ စပ်စုချင်စိတ်ကို ထိန်းမရတော့ဘဲ အလျှင်အမြန် ရှေ့တိုးသွားလိုက်သည်။ ထို့နောက် ထိုအရာကို နောက်ဆုံး မြင်တွေ့လိုက်ရပြီဖြစ်သည်။
ဇူအန် သည် သစ်ပင် တစ်ပင်၏ အောက်တွင် အဝတ်အစားလဲနေသည်။ သူ၏ ဘောင်းဘီအပါအဝင် သူ၏ စုတ်ပြဲနေသော အဝတ်အားလုံးကို ချွတ်ထားကာ သူ၏ ကောင်းမွန်စွာထုဆစ်ထားသော ခန္ဓာကိုယ်ကို ပြသနေသည်။

ပထမအကြည့်တစ်ချက်တွင် ထိုကိစ္စကို သိပ်မစဉ်းစားပေ။ အမှန်တွင် ကောင်မလေးအများစုသည် ဗလတောင့်သော ယောက်ျားများကို သိပ်စိတ်မဝင်စားကြပေ။ သူကဲ့သို့သော ပိန်သွယ်သော သူမျိုးကိုသာ ပိုနှစ်သက်ကြသည်။ ထို့ကြောင့် ဇူအန်၏ ပုံကို မနာလိုဖြစ်စရာ အကြောင်းမရှိပေ။
သို့သော် သူ၏ မျက်လုံးများက အနည်းငယ်အောက်သို့ ဆင်းသွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း တဆတ်ဆတ်တုန်သွားရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ” ချီရှို့ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သေးသည်။ ထင်ယောင်ထင်မှားမြင်နေသလားဟု တွေးနေမိသည်။
သူ၏ မျက်လုံးများမှာ သူ့ကို လှည့်စားမနေကြောင်း အတည်ပြုပြီးသောအခါမှ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ အဘယ်ကြောင့် လူတိုင်းက မျက်စိပျက်မျက်နှာပျက်ဖြစ်နေရသည့် အကြောင်းအရင်း ကို နောက်ဆုံး သူ သဘောပေါက်သွားပြီဖြစ်သည်။
သူ၏ လက်ကောက်၀တ်ဖြင့် အရွယ်အစားကို နှိုင်းယှဉ် ရန် စဉ်းစားမိသောအခါ သူ၏ မျက်နှာ လုံးဝ ပြိုလဲသွားတော့သည်။

သူက အဲ့ဒါကို တမင်လုပ်နေတာပဲ။
ပုံမှန်ဆိုရင် လူတွေက အင်္ကျီမဝတ်ခင်မှာ ဘောင်းဘီကို အရင်ဝတ်ကြတယ်။ ဒါပေမယ့် ဇူအန်က တမင်ကို အင်္ကျီကို အရင်ဝတ်တယ်။... နောက်ပြီးတော့ သူ အဝတ်အစားကို အရမ်းနှေးနှေးကွေးကွေးဝတ်နေသေးတယ်။ တစ်ခါတစ်ခါ ဘယ် ညာတောင် ရမ်းပြနေသေးတယ်။

ဒီတိရစ္ဆာန်ကောင်ကတော့။

ချီရှို့ သည် ဇူအန်က သူတို့ကို ချောင်းမကြည့်ကြရန် ရည်ရွယ်ချက်ရှိရှိပြောခဲ့သည့်အကြောင်းကို တွေးမိလိုက်သည်။ ၎င်းသည် သူတို့အတွက် ပြင်ဆင်ထားသော ထောင်ချောက်တစ်ခုဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
ထိုစဉ်တွင် ဘေးတွင်ရှိနေသော မိန်းကလေးများသည် မျက်နှာဖြူလျော်ကာ၊ မျက်လုံးများ ဗလာဖြစ်ကာ ပြန်လာကြသော ယောက်ျားလေးများကို သတိထားမိသွားကြသည်။ သူတို့လည်း မည်သည့်အရာကို မြင်ခဲ့ရသနည်းကို သိချင်နေမိသည်။

စဉ်းစားဉာဏ်မရှိသော ဝူချင်းက ပန်လုန်နှင့်ဖူဖုန်း တို့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ဘာမှားနေလို့လဲ။ နင်တို့ကို ကြည့်ရတာ သရဲမြင်လာရတဲ့အတိုင်းပဲ”

“အဲ့…အဲ့ဒါက သရဲတစ်ကောင် ထက်တောင် ကြောက်ဖို့ကောင်းသေးတယ်” ပန်လုန်နှင့်ဖူဖုန်း တို့ က ခါးသီးသောမျက်နှာဖြင့် ဖြေလိုက်ကြသည်။

“နင်တို့ ဘာမြင်ခဲ့ရလို့လဲ။ ငါ့ကို ပဟေဠိ ဖွဲ့နေတာတွေ ရပ်လိုက်တော့” ဝူချင်းက စိတ်မရှည်စွာ ပြောလိုက်သည်။

ပန်လုန်နှင့်ဖူဖုန်း တို့သည် ပုံမှန်အချိန်တွင် ဝူချင်း၏ အမိန့်ကို အလွန်လိုက်နာကြသော်လည်း ဤတစ်ကြိမ်တွင် ခေါင်းဆတ်ဆတ်ခါရမ်းကာ ပြန်ဖြေရန် ငြင်းဆန်လိုက်ကြသည်။
ငါတို့ကို နောက်နေတာလား။ အဲ့ဒီလိုအရာမျိုးကို ဘယ်လိုလုပ် ပြောထွက်မှာလဲ။ ငါတို့မှာလည်း မာနရှိသေးတယ်။

အခြားမိန်းကလေးများလည်း တူညီသောမေးခွန်းကို မေးနေကြသည်။ သို့သော် အံသြစရာကောင်းသည်မှာ ယောက်ျားလေး ကျောင်းသားများအားလုံး သည် ဤတစ်ကြိမ်တွင် တူညီသောဘက်တွင် ရှိနေကြဟန်ပေါ်သည်။ ဇူအန်၏ လျှို့ဝှက်ချက်ကို ဖော်ပြသော ကျောင်းသားတစ်ဦးပင် ရှိမနေပေ။

ဖေးမြန့်မုန် က ချီရှို့ မှာ အစောက တည်ငြိမ်သောမျက်နှာဖြင့် လျှောက်လှမ်းသွားခဲ့ပြီး ယခုအခါတွင် စိတ်ပျက်လက်ပျက် ပြန်လာနေသည်ကို သတိပြုမိလိုက်သည်။ သူမ မနေနိုင်ဘဲ မေးမိလိုက်သည်။ “ရှို့အာ ဘာဖြစ်လို့လဲ။ နင့်ကြည့်ရတာ ဆိုးရွားနေပုံပဲ”

ချီဘုရင် ဘက်ခြမ်း အချင်းချင်းဖြစ်သောကြောင့် သူမသည် ချီ ကလန် နှင့် အဆက်အသွယ်နီးစပ်၍ ချီဒေါင်ရင်း နှင့်လည်း သူငယ်ချင်းကောင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ချီရှို့၏ အရှေ့တွင် ပုံမှန်ပင်ဖြစ်သည်။

ချီရှို့ အားစိုက်ကာ ပြုံးလိုက်ပြီး ဖြေလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ ငါတို့ နေထိုင်နေတဲ့ ကမ္ဘာ ဘယ်လောက်တောင် ကြီး…သလဲဆိုတာကို အံသြနေမိရုံပါပဲ”
၎င်းသည် သူ့ထံမှ အဓိပ္ပါယ် မပေါ်လွင်သော တုန့်ပြန်မှုတစ်ခုသာဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူ့တွင် စကားပြောချင်စိတ်မရှိနေပေ။ သစ်ပင်တစ်ပင်အောက်သို့ လျှောက်သွား၍ ထိုင်ချလိုက်ကာ ဟင်းလင်းပြင်ဆီသို့ စိတ်မှိုင်လက်မှိုင် ငေးစိုက်နေသည်။

ဖေးမြန့်မုန် က ချူချူယန် ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “အဲ့ဒီယောက်ျားတွေ ဘာဖြစ်နေတာလဲ”

“ငါ ဘယ်လိုလုပ်သိမှာလဲ။ ဇူအန်ကို မေးကြည့်ပေါ့ “ ချူချူယန်က နီမြန်းသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

“ထင်ရတာပဲ” ဖေးမြန့်မုန် အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်လိုက်သည်။

ထိုစဉ်တွင် ထိုယောက်ျားလေးအားလုံးသည် တီးတိုးပြောဆိုနေသော မိန်းကလေးနှစ်ယောက်ကို ကြည့်ကာ အမှန်တရား ကို သိမြင်သွားကြသည်။ ယခုအချိန်အထိ သူတို့အဖို့ ဝေဝါးနေခဲ့သော အရာမှာ ပေါ်လွင်လာဟန်ရှိသဖြင့် ရုတ်တရက် တောက်ခေါက်လိုက်ကြသည်။
ဒါကြောင့် အဆင့်အတန်းမြင့်ပြီး သိမ်မွေ့ယဉ်ကျေးတဲ့ ချူချူယန်က ဒီလို သုံးစားမရတဲ့ ဆန်ကုန်မြေလေးတစ်ယောက်ကို သူမ ခင်ပွန်းအဖြစ် ရွေးခဲ့တာ အံသြစရာမရှိပါဘူး။ သူ့မှာ ကြွားစရာ ဘာမှမရှိဘူးလို့ လူတိုင်းကထင်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မမြင်ရတဲ သူ့ကိုယ်ထည် တစ်ပိုင်းက မယုံနိုင်လောက်အောင် ကြွားလို့ရနေတာကိုး။
ဒါကြောင့် မိန်းမလှလေးတွေရဲ့ နှစ်သက်ခုံမင်မှုကို အနိုင်ရနိုင်တာ မဆန်းပါဘူး။ သူ့ရဲ့ လျှို့ဝှက်လက်နက်က အဲ့ဒါဖြစ်နေတာပဲ။ ဒီလိုယောက်ျားမျိုးကို ဘယ်မိန်းကလေးက မကြိုက်ဘဲနေမလဲ။

ဘယ်ခေတ်တွင်မဆို ယောက်ျားလေးများသည် ထိုအရာကိုသာ အဓိကဟု ထင်နေကြဆဲဖြစ်သည်။ ထိုမိန်းကလေးများ၏ အာရုံစိုက်မှုက ဇူအန်၏ အသက်နှင့်ရင်း၍ ပေးဆပ်ရယူခဲ့ခြင်းဆိုသည်ကို ဘယ်သူမှ မမြင်နိုင်ကြချေ။

...

ယောက်ျားလေး ကျောင်းသားများ၏ စိတ်ထဲတွင် အတွေးများစွာ ပြေးလွှားနေသည်။ သူတို့ မြတ်နိုးရသေယ ထိုလှပသော မိန်းကလေးများ သည် ဤယောက်ျား၏ ‘ခွန်အား’ ဖြင့် တဖြည်းဖြည်း သိမ်းသွင်းခံနေရသည်ကို တွေးမိသောအခါ သူတို့တွင် မနာလိုသော၊ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်သော၊ အားကျသော စသည့် ရှုပ်ထွေးသော ခံစားချက်များဖြင့် ချက်ချင်း ပြည့်နှက်သွားကြသည်။ အဆုံးသတ်တွင် ထိုအရာအားလုံးမှာ ဒေါသအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဟုန်ရှင်းယင် သည် ဇူအန် ကို အမြဲအထင်သေးခဲ့ကာ သူ့ကို မယှဉ်နိုင်ဟု တွေးနေခဲ့သည်။ ဇူအန်က ကလန်ပြိုင်ပွဲ တွင် နာမည်ရအောင် လုပ်နိုင်ခဲ့သော်လည်း ထိုကိစ္စကို ခေါင်းထဲပင်မထည့်ထားဘဲ နောက်ဆုံးတွင် သူသာ သာလွန်မည့်သူဟု တစ်စိုက်မတ်မတ် မှတ်ယူထားခဲ့သည်။
သို့သော်လည်း ယခုသူမြင်လိုက်ကသော အရာမှာ သူ၏ ယုံကြည်မှုအပြည့်ရှိခြင်း အဖို့ ကြီးမားသော ထိုးနှက်ချက်ကြီးတစ်ခုဖြစ်သည်။ ၎င်းသည် သူ၏တစ်ဘဝလုံး တွင် လိုက်မှီနိုင်မည့် အရာမဟုတ်ပေ။ ထိုကဲ့သို့သော သူနှင့် ယှဉ်ရသောအခါ လုံးဝနောက်ကျကျန်ခဲ့ပြီဟု ခံစားရစေသည်။ ထို့အပြင် ဇူအန်၏ အရှေ့တွင် နောက်ထပ် ဦးမော့နိုင်တော့မည်မဟုတ်ပေ။

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။

ထိုကဲ့သို့သော အတွေးရှိသူမှာ သူတစ်ဦးတည်းသာ မဟုတ်ပေ။

သင်သည် ပန်လုန် ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။
သင်သည် ဖူဖုန်း ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။
သင်သည် ချီရှို့ ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။
သင်သည် ဝေဟုန်ဒီ ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိလိုက်သည်။
...

အမျက်ပွိုင့် ပမာဏများစွာ ဝင်ရောက်လာသည်ကို မြင်ရသောအခါ ဇူအန် ပျော်ရွှင်သွားသည်။ မင်းတို့ကို ငါ သတိပေးခဲ့တာပဲ မဟုတ်ဘူးလား။ မင်းတို့က တောင့်တနေတာကိုး။ ဒါကြောင့် အခု ဘယ်သူ ငါ့ကို အပြစ်တင်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။

အဝတ်အစားများ သေချာဝတ်ဆင်ပြီးနောက် ဇူအန် လှည့်ကာ လူအုပ်ကြီးဆီသို့ သွားလိုက်သည်။ အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေသော ယောက်ျားလေး ကျောင်းသား တစ်အုပ်တမကြီးကို မြင်တွေ့လိုက်ရသည်။ ကျေးဇူး။ ကျေးဇူး။ မင်းတို့ရဲ့ ရက်ရောတဲ့ အမျက်ပွိုင့် တွေအတွက် ကျေးဇူးတင်တယ်။ ဟီဟီး။

ရုတ်တရက် ကီးဘုတ်၏ အချက်ပြတွင် ပေါ်လာသော ရင်းနှီးသော နာမည်တစ်ခုကို သတိပြုမိလိုက်သည်။
ဝေဟုန်ဒီ လား။ အဲ့ဒါ လောင်မိုင် ငါ့ကို ရင်းနှီးနေဖို့ ပြောတဲ့ လူမဟုတ်လား။

ဝေဟုန်ဒီ ဘေးသို့ ဇူအန် သွားလိုက်သည်။ ပိန်လှီသော ဉာဏ်များမည့်ရုပ်ရှိသော ဝေဆောင် နှင့် ယှဉ်လျှင် ဝေဟုန်ဒီ မှာ ပိုမိုရိုးသား၍ ဖြောင့်မတ်ဟန်ရှိသည်။ သူတို့နှစ်ယောက်လုံး က တကယ်ပဲ သားအိမ်တစ်ခုတည်းကနေ မွေးလာတာရော ဟုတ်ရဲ့လား။

“ညီကို ဝေ” ဇူအန် က သူ၏ လက်မောင်းကို ဝေဟုန်ဒီ၏ ပခုံးအပေါ် တင်ကာ နှုတ်ဆက်လိုက်သည်။ “မင်း နာမည်ကို ကြားဖူးနေတာ ကြာပြီ။ တွေ့ရတာ ဝမ်းသာပါတယ်”

ဇူအန်က သူ့ဆီသို့ ရုတ်တရက် ရောက်လာပြီး ဖက်လိုက်မည်ဟု ဝေဟုန်ဒီ မထင်မှတ်ထားခဲ့ပေ။ သူ အနည်းငယ် ကို့ရို့ကားယား ဖြစ်ကာ မေးလိုက်သည်။ “ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလို့လား”
ငါ့နာမည်ကို ကြားဖူးတာ ကြာပြီဟုတ်လား။ ကျော်ကြားမှုအကြောင်းပြောမယ်ဆိုရင် ဒီအကယ်ဒမီမှာ မင်းကို လိုက်မှီတဲ့သူမရှိဘူး။ ဒီကို မင်းရောက်လာတာ ရက်အနည်းငယ်ပဲရှိသေးတယ်။ ဒါပေမယ့် မင်းနာမည်ကို မသိတဲ့သူ မရှိဘူး။
ဝေဟုန်ဒီ၏ မျက်လုံးများက ဇူအန်၏ ခွာကြားဆီသို့ ရောက်သွားသည်ကို ထိန်းမရခဲ့ပေ။ ယခင်က သူ မြင်တွေ့ခဲ့ရသော အရာကို ခေါင်းထဲပေါ်လာကာ သူ၏ မျက်နှာဖြူဖတ်သွားသည်။

“ဝေဆောင် နဲ့ ငါက ခုံဘေးချင်းကပ်ထိုင်ကြတာလေ။ သူက ငါ့ရဲ့ ညီကိုကောင်းတစ်ယောက်ပဲ။ ပြီးတော့ သူ့မှာ အကယ်ဒမီမှာတတ်နေတဲ့ အစ်ကိုတစ်ယောက်ရှိတယ်လို့ တစ်ခါပြောဖူးတယ်။ မင်းဆီကို တစ်ခေါက်လောက် လာလည်ချင်ခဲ့တာ။ ဒါပေမယ့် အခုထိတောင် အခွင့်အရေး တစ်ခုမရခဲ့ဘူးလေ” ဇူအန် ရှင်းပြလိုက်သည်။

“အော်။ ဒါဆို ဝေဆောင် ကိုး” ဝေဟုန်ဒီ အပြုံးတစ်ခု ဖော်ပြလိုက်ကာ သူ၏ ခေါထွက်နေသော ရှေ့သွားနှစ်ချောင်းကို ပေါ်စေလိုက်သည်။ ထိုအချိန်မှာ ဝေဆောင် နှင့် ဝေဟုန်ဒီတို့မှာ ညီအစ်ကို အရင်း တကယ်ဟုတ်မဟုတ် ဟူသော အဖြေမှာ နောက်ဆုံး ရှင်းလင်းသွားပြီဖြစ်သည်။

သူတို့နှစ်ဦး အနည်းငယ်ကြာကြာ ဆက်လက် စကားပြောနေခဲ့သော်လည်း ဇူအန်မှာ သူ့ထံမှ အသုံးဝင်သော သတင်းအချက်အလက် မရရှိခဲ့ပေ။ မည်မျှပင် သူ ကြည့်စေကာမူ ဝေဟုန်ဒီ တွင် ထူးခြားသော အချက်တစ်ခုပင် မရှိနေပေ။ ကောင်းကင် အခန်းသို့ ကြိုးစား၍ ရောက်ရှိခဲ့သည်က လွဲ၍ သူ့တွင် ထူးချွန်သော အရာတစ်ခုမျှ ရှိမနေပေ။
လောင်မိုင်က သူ့ကို ဝေဟုန်ဒီ နှင့် အဘယ်ကြောင့် နီးကပ်စေခဲ့သည်ကို နားမလည်နိုင်ဖြစ်နေသည်။

“အားဇူ ရေ။ ဒီကို ခဏလာပါဦး” ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဇူအန် လှည့်ကြည့်လိုက်သောအခါ ဖေးမြန့်မုန် က သူမ၏ မျက်လုံး၀န်းအစုံက လပြည့်၀န်းလို ချိုသာစွာ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်ကလေးဖြင့် သူ့ကို ညင်သာစွာ ယက်ခေါ်နေသည်။

“ကောင်းပြီလေ”
ဇူအန် တွန့်ဆုတ်ခြင်းမရှိ သွားလိုက်သည်။ ထိုချွေးစော်နံသော ယောက်ျားလေးများ ထက် အမိုက်စား ကောင်မလေးများနှင့် စကားပြောရန် ရွေးချယ်မည်မှာ ဖော်ပြစရာပင် မလိုအပ်ပေ။

ထိုမြင်ကွင်းကို မြင်ရသောအခါ ယောက်ျားလေး ကျောင်းသားများတွင် နောက်ထပ် မနာလိုမှုတစ်ခု တိုးလာသည်။
သူတို့သည် ဆန္ဒဖော်ထုတ်သော စကားလုံးများကို ပြောချင်နေကြသော်လည်း ယခင်က သူတို့ မြင်ခဲ့ရသော တုန်လှုပ်ဖွယ် မွန်းစတားကောင်အကြောင်းမှတ်ဉာဏ်မှာ သူတို့ ခေါင်းထဲတွင် ပြန်ပေါ်လာသောကြောင့် ချက်ချင်း မှိုင်တွေသွားကြပြန်သည်။

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။
သင်သည် ပန်လုန် ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။
သင်သည် ဖူဖုန်း ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။
သင်သည် ချီရှို့ ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။
သင်သည် ဝေဟုန်ဒီ ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။

...

အဲ့ဘက် ကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်လို့ သူတို့ရဲ့ အကြည့်တွေအားလုံး က ထူးဆန်းနေရတာလဲ” ဖေးမြန့်မုန် စပ်စုလိုက်သည်။
သူမ၏ ဘေးတွင် ချူချူယန် မှာ စိတ်မဝင်စားဟန်ရှိနေသည်။ သို့သော် သူ နီရဲနေသော နားရွက်များက မတူသော ပုံပြင်တစ်ခုကို ပြောပြနေသည်။

“သူတို့တွေက မထင်မှတ်ဘဲ စိတ်ဒဏ်ရာ ရသွားတာနေမယ်” ဇူအန် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ “သူတို့ကို ချောင်းမကြည့်ကြဖို့ ငါ ပြောခဲ့သားပဲ။ ဒါပေမယ့် သူတို့တွေက ဆက်ခေါင်းမာနေတာကိုး”

“...” အခြားယောက်ျားလေး ကျောင်းသားများ
မင်း သူတောင်းစား။ အဲ့ဒီစကားတွေ ပြောနေတော့ ငါတို့တွေ ကြည့်ချင်ကြမယ်လို့ မင်းသိနေတယ်မဟုတ်လား။ မင်း ငါးစာချလိုက်တာ သိသာနေတာပဲ။ တောက်။ ဒီလို နှိပ်စက်မှုမျိုးကို ငါ ဘာဖြစ်လို့ ကြုံခဲ့ရတာလဲ။ အဲ့ဒီမြင်ကွင်းကို ဖျောက်ဖို့ ငါ့မျက်လုံးကို ရေနဲ့သွားဆေးဖို့ လိုအပ်နေပြီ။

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။
သင်သည် ပန်လုန်ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။
သင်သည် ဖူဖုန်းထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။

...

“ဘယ်လို စိတ်ဒဏ်ရာ မျိုးလဲ” ဇူအန် ရည်ညွှန်းသောအရာကို ဇဝေဇဝါ ဖြစ်ကာ ယောက်ျားလေး ကျောင်းသားများ ကို တစ်ချက်ကြည့်လိုက်သည်။
ပုံမှန်ဆိုလျှင် ထိုယောက်ျားလေး ကျောင်းသားများသည် ဖေးမြန့်မုန် ၏ စွဲမက်ဖွယ် မျက်လုံးများနှင့် အကြည့်ဆုံရန် ငမ်းငမ်းတက် လိုချင်နေကြသူများဖြစ်ကြသည်။ သို့သော် ယခုအခါတွင် လူတိုင်းသည် ယုံကြည်မှု မရှိကြသဖြင့် သူမ၏ အကြည့်ကို မခံစားနိုင်ကြပေ။ သူမက သူတို့ကို ခေါ်မေးမည်ကို စိုးသဖြင့် တစ်ခြားတစ်နေရာရာသို့ အကြည့်လွှဲလိုက်ကြသည်။

“အဲ့ဒါ ဘာမှအရေးမပါပါဘူး။ ယောက်ျားလေးတွေကြားက လျှို့ဝှက်ချက်တစ်ချို့ပါပဲ” ဇူအန်က ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။ မည်မျှပင် အရေထူစေကာမူ သူ၏ ကိုယ်ပိုင် ပစ္စည်းကို မိန်းမတစ်ယောက်ရှေ့ ထုတ်ကြွားပြောရသည်မှာ ရိုးရှင်းသော ရွံရှာစရာပင်ဖြစ်သည်။
သူ့ကို ဆက်လက် မေးမြန်းနေမည်ကို စိုးရိမ်သဖြင့် အလျှင်အမြန်ထွက်ခွာသွားကာ ကျီရှောင်ချီ ဘေးသို့ ရောက်သွားသည်။

ဖေးမြန့်မုန် က စိတ်ဆိုးကာ ခြေဆောင့်လိုက်ကာ ချူချူယန်ကို အနည်းငယ် ဆွပေးလိုက်သည်။ “ ဟေ့ အဲ့ဒါ နင့်ယောက်ျားလား။ သူများ ယောက်ျားလား။ ဘာဖြစ်လို့ သူက တစ်ခြားမိန်းကလေးတွေ ဘေးကိုပဲ ပြေးလွှားနေရတာလဲ”

“အဲ့ဒီအကြောင်း အရမ်းသိချင်နေရင် ဘာဖြစ်လို့ နင်ကိုယ်တိုင် သွားပြီးတော့ ပြန်မလုတာလဲ” ထို့နောက် ချူချူယန် လှည့်ကာ ထွက်သွားတော့သည်။
အမှန်တွင် ထိုယောက်ျားလေး ကျောင်းသားများ၏ ငိုင်တိုင်တိုင် အမူအရာမှတစ်ဆင့် မည်သည်တို့ဖြစ်နေသည်ကို သူမ အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။ ထိုအရာကို ပထမဦးဆုံး နဖူးတွေ့ဒူးတွေ့ ခံစားခဲ့ရသောသူမှာ သူမဖြစ်ကြောင့် ခန့်မှန်းရန်မှာ မခက်ခဲလှပေ။

မြေအောက်ဂူတွင် ဖြစ်ခဲ့သော အကြောင်းကို ပြန်တွေးမိရုံဖြင့် သူမ၏ မျက်နှာမှာ အငွေ့ပျံမတတ် ပူလောင်စေသည်။ ဖေးမြန့်မုန် က ထိုအကြောင်းအရာကို ဆက်လက်ပြောဆိုနေပါက သူမ ခံနိုင်တော့မည်မဟုတ်ပေ။

ဖေးမြန့်မုန် က ချူချူယန်ကို ကြည့်ကု မျက်မှောင်ကြုတ်မိလိုက်သည်။ ဒီနေ့ လူတိုင်း ဘာဖြစ်လို့ ထူးထူးဆန်းဆန်း တွေ ပြုမူနေရတာလဲ။

ထို့နောက် လုဒီက ချောင်းဟန့်လိုက်ကည လူအမျညး၏ အာရုံကို ပြန်စုလိုက်သည်။ “ကောင်းပြီ။ မင်းတို့ အားလုံးအဆင်ပြေကြတယ်ဆိုတော့ ငါတို့ လုပ်နေတဲ့ အကြောင်းအရာ ကိုပြန်ဆက်ရအောင်။ မြေအောက်ဂူတစ်ခုကို စူးစမ်းရှာဖွေရတာ ငါတို့အတွက် ရှားပါးတဲ့ အခွင်အရေးတစ်ခု ပဲ။ ပြီးတော့ ငါတို့မှာ အချိန်သုံးရက်လည်းရှိသေးတယ်။ ငါတို့ရဲ့ အဖိုးတန်အချိန်တွေကို မဖြုန်းတီးကြရအောင်။ ဟုတ်ပြီလား”

ယောက်ျားလေး ကျောင်းသားများသည် လုဒီ၏ စကားကို လက်ခံသဘောတူကာ အရပ်မျက်နှာအသီးသီးသို့ ယုန်ငယ်လေးများသဖွယ် ပြေးလွှားပြန့်ကျဲသွားကြသည်။ ဇူအန် နှင့်အတူရှိနေရခြင်းမှာ သူတို့အဖို့ အလွန်ဖိအားကြီးနေသည်။

လုဒီ နှင့် ပိုင်စုစု တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သူတို့ကျောင်းသားအုပ်များနောက်သို့ ကိုယ်စီထွက်ခွာသွားကြသည်။

ဇူအန်က ရှောင်ရွှယ်ယင်း ကို ဂရုစိုက်ရန် ထိုနေရာတွင်သာ ကျန်နေခဲ့သေးသည်။ ကျီရှောင်ချီ ကလည်း သူမ၏ လက်ကောက်ဝတ် အဆစ်လွဲနေသဖြင့် ကောင်းစွာ မလှုပ်ရှားနိုင်သောကြောင့် ကျန်နေခဲ့သည်။

ကျန်းတန်က အရာများစွာ ဇူအန် နှင့် စကားပြောချင်နေသော်လည်း ဤနေရာတွင် အခြား မိန်းကလေးများစွာ ရှိနေသဖြင့် သူမ လှုပ်ရှားရန် မသင့်လျော်ပေ။ ထို့ကြောင့် သူ့ကို အပြုံးတစ်ခု ပြုံးပြကာ ထိုနေရာမှ ထွက်သွားတော့သည်။

ချူချူယန် လည်း ရှက်ရွံမှုကို မထိန်းနိုင်သောကြောင့် တစ်နေရာတည်းတွင် မနေချင်တော့ပေ။

ဖေးမြန့်မုန် က တခဏ တွန့်ဆုတ်လိုက်ပြီးနောက် ကျန်းတန် လုပ်ခဲ့သကဲ့သို့ ပြုမူကာ မြေအောက်နန်းတော် အကြွင်းအကျန်များဆီသို့ လှည့်လိုက်သည်။ ထိုနေရာတွင် သူမ အတွက် ကောင်းမွန်သော တစ်စုံတစ်ရာ ကျန်ရစ်နေဦးမလားဟု တွေးနေသည်။

“ကျန်းတန် က နင့်ကို ကလူတဲ့ အကြည့်တစ်ချက် ပေးသွားတာလား” ရှောင်ရွှယ်ယင်း က ဇူအန်လက်မောင်းကို မပျော်မရွှင်စွာ ဆွဲဆိတ်လိုက်သည်။

ဇူအန် အံအားသင့်သွားသည်။ “မင်း ဘယ်အချိန်က နိုးနေတာလဲ”

“ဘာဖြစ်လို့လဲ။ ငါ မမြင်သင့်တဲ့ တစ်ခုခု မြင်သွားမှာကို စိုးရိမ်နေလို့လား” ရှောင်ရွှယ်ယင်း နှာခေါင်းမှုတ်လိုက်သည်။

“သေချာပေါက်ကို မဟုတ်ဘူးပေါ့။ အခုနက ထင်ယောင်ထင်မှားဖြစ်တာနေပါလိမ့်မယ်။ ငါက ဘယ်လိုလုပ် ကျန်းတန် နဲ့ ပတ်သက်စရာရှိမှာလဲ “ ဇူအန် က ရိုးသားသောမျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
ဒီအကြောင်း ကို မိန်းကလေးတွေအရှေ့မှာ ဘယ်လိုလုပ် ဝန်ခံရမှာလဲ။

ရှောင်ရွှယ်ယင်း တခဏတွန့်ဆုတ်လိုက်ပြီး အကြံပေးလိုက်သည်။ “သတိထား။ အဲ့ဒီမိန်းမက နင့်မှာရှိတဲ့ ငွေစ ခုနစ်သန်းခွဲ စာချုပ်အတွက် အနားကပ်နေတာ”
သူမသည် ရှီခွန်း၏ လက်အောက်ငယ်သား အဖြစ် ကျန်းတန် နှင့် ထိတွေ့ဖူးသောကြောင့် ကျန်းတန်၏ အကြံကို အလွယ်တကူ ခန့်မှန်းသိနေသည်။

“အော်။ မင်းက ငါ့ကို အဲ့ဒီလောက် စိတ်ပူပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ဇူအန် လှိုက်လှိုက်လှဲလှဲ ရယ်မောကာ ဖြေလိုက်သည်။ “စိတ်မပူနဲ့။ သူ့ရဲ့ လှည့်ကွက်တွေကို ငါ အလွယ်တကူ မကျပါဘူး။ အဟဲ။ သူ့ရဲ့ ဘဝမှာ ငါက အကြီးမားဆုံး မှားယွင်းမှုဖြစ်ရအောင် သေချာလုပ်ပြမယ်”

----- ----- ------------------------------------- ----- ----- - - - - - - - - - - - -

Chapter 210: စိတ္ဒဏ္ရာ

ခ်ီရွို႔ ပိုမို ေတြေဝသြားသည္။
ထို႔ေနာက္ ပန္လုန္ႏွင့္ဖူဖုန္း တို႔လည္း မ်က္ႏွာျဖဴျဖင့္ ျပန္လာၾကသည္ကို ျမင္လိုက္ရသည္။ သူတို႔ခႏၶာမွ ဝိညာဥ္သည္ ဖယ္ခြာသြားသည့္ဟန္ ရွိေနသည္။

သူ၏ စပ္စုခ်င္စိတ္ကို ထိန္းမရေတာ့ဘဲ အလွ်င္အျမန္ ေရွ႕တိုးသြားလိုက္သည္။ ထို႔ေနာက္ ထိုအရာကို ေနာက္ဆုံး ျမင္ေတြ႕လိုက္ရၿပီျဖစ္သည္။
ဇူအန္ သည္ သစ္ပင္ တစ္ပင္၏ ေအာက္တြင္ အဝတ္အစားလဲေနသည္။ သူ၏ ေဘာင္းဘီအပါအဝင္ သူ၏ စုတ္ၿပဲေနေသာ အဝတ္အားလုံးကို ခြၽတ္ထားကာ သူ၏ ေကာင္းမြန္စြာထုဆစ္ထားေသာ ခႏၶာကိုယ္ကို ျပသေနသည္။

ပထမအၾကည့္တစ္ခ်က္တြင္ ထိုကိစၥကို သိပ္မစဥ္းစားေပ။ အမွန္တြင္ ေကာင္မေလးအမ်ားစုသည္ ဗလေတာင့္ေသာ ေယာက္်ားမ်ားကို သိပ္စိတ္မဝင္စားၾကေပ။ သူကဲ့သို႔ေသာ ပိန္သြယ္ေသာ သူမ်ိဳးကိုသာ ပိုႏွစ္သက္ၾကသည္။ ထို႔ေၾကာင့္ ဇူအန္၏ ပုံကို မနာလိုျဖစ္စရာ အေၾကာင္းမရွိေပ။
သို႔ေသာ္ သူ၏ မ်က္လုံးမ်ားက အနည္းငယ္ေအာက္သို႔ ဆင္းသြားခ်ိန္တြင္ သူ၏ ခႏၶာကိုယ္မွာ ခ်က္ခ်င္း တဆတ္ဆတ္တုန္သြားရသည္။

ဘယ္လိုျဖစ္နိုင္မွာလဲ ခ်ီရွို႔ မ်က္လုံးမ်ားကို ပြတ္သပ္ၾကည့္လိုက္ေသးသည္။ ထင္ေယာင္ထင္မွားျမင္ေနသလားဟု ေတြးေနမိသည္။
သူ၏ မ်က္လုံးမ်ားမွာ သူ႕ကို လွည့္စားမေနေၾကာင္း အတည္ျပဳၿပီးေသာအခါမွ ခ်က္ခ်င္း တိတ္ဆိတ္သြားေတာ့သည္။ အဘယ္ေၾကာင့္ လူတိုင္းက မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္ေနရသည့္ အေၾကာင္းအရင္း ကို ေနာက္ဆုံး သူ သေဘာေပါက္သြားၿပီျဖစ္သည္။
သူ၏ လက္ေကာက္၀တ္ျဖင့္ အ႐ြယ္အစားကို ႏွိုင္းယွဥ္ ရန္ စဥ္းစားမိေသာအခါ သူ၏ မ်က္ႏွာ လုံးဝ ၿပိဳလဲသြားေတာ့သည္။

သူက အဲ့ဒါကို တမင္လုပ္ေနတာပဲ။
ပုံမွန္ဆိုရင္ လူေတြက အကၤ်ီမဝတ္ခင္မွာ ေဘာင္းဘီကို အရင္ဝတ္ၾကတယ္။ ဒါေပမယ့္ ဇူအန္က တမင္ကို အကၤ်ီကို အရင္ဝတ္တယ္။... ေနာက္ၿပီးေတာ့ သူ အဝတ္အစားကို အရမ္းႏွေးႏွေးေကြးေကြးဝတ္ေနေသးတယ္။ တစ္ခါတစ္ခါ ဘယ္ ညာေတာင္ ရမ္းျပေနေသးတယ္။

ဒီတိရစ္ဆာန္ေကာင္ကေတာ့။

ခ်ီရွို႔ သည္ ဇူအန္က သူတို႔ကို ေခ်ာင္းမၾကည့္ၾကရန္ ရည္႐ြယ္ခ်က္ရွိရွိေျပာခဲ့သည့္အေၾကာင္းကို ေတြးမိလိုက္သည္။ ၎သည္ သူတို႔အတြက္ ျပင္ဆင္ထားေသာ ေထာင္ေခ်ာက္တစ္ခုျဖစ္ေၾကာင္း ခ်က္ခ်င္း သိလိုက္ရသည္။
ထိုစဥ္တြင္ ေဘးတြင္ရွိေနေသာ မိန္းကေလးမ်ားသည္ မ်က္ႏွာျဖဴေလ်ာ္ကာ၊ မ်က္လုံးမ်ား ဗလာျဖစ္ကာ ျပန္လာၾကေသာ ေယာက္်ားေလးမ်ားကို သတိထားမိသြားၾကသည္။ သူတို႔လည္း မည္သည့္အရာကို ျမင္ခဲ့ရသနည္းကို သိခ်င္ေနမိသည္။

စဥ္းစားဉာဏ္မရွိေသာ ဝူခ်င္းက ပန္လုန္ႏွင့္ဖူဖုန္း တို႔ဘက္သို႔ လွည့္ကာ ေမးလိုက္သည္။ ဘာမွားေနလို႔လဲ။ နင္တို႔ကို ၾကည့္ရတာ သရဲျမင္လာရတဲ့အတိုင္းပဲ

အဲ့အဲ့ဒါက သရဲတစ္ေကာင္ ထက္ေတာင္ ေၾကာက္ဖို႔ေကာင္းေသးတယ္ ပန္လုန္ႏွင့္ဖူဖုန္း တို႔ က ခါးသီးေသာမ်က္ႏွာျဖင့္ ေျဖလိုက္ၾကသည္။

နင္တို႔ ဘာျမင္ခဲ့ရလို႔လဲ။ ငါ့ကို ပေဟဠိ ဖြဲ႕ေနတာေတြ ရပ္လိုက္ေတာ့ ဝူခ်င္းက စိတ္မရွည္စြာ ေျပာလိုက္သည္။

ပန္လုန္ႏွင့္ဖူဖုန္း တို႔သည္ ပုံမွန္အခ်ိန္တြင္ ဝူခ်င္း၏ အမိန့္ကို အလြန္လိုက္နာၾကေသာ္လည္း ဤတစ္ႀကိမ္တြင္ ေခါင္းဆတ္ဆတ္ခါရမ္းကာ ျပန္ေျဖရန္ ျငင္းဆန္လိုက္ၾကသည္။
ငါတို႔ကို ေနာက္ေနတာလား။ အဲ့ဒီလိုအရာမ်ိဳးကို ဘယ္လိုလုပ္ ေျပာထြက္မွာလဲ။ ငါတို႔မွာလည္း မာနရွိေသးတယ္။

အျခားမိန္းကေလးမ်ားလည္း တူညီေသာေမးခြန္းကို ေမးေနၾကသည္။ သို႔ေသာ္ အံၾသစရာေကာင္းသည္မွာ ေယာက္်ားေလး ေက်ာင္းသားမ်ားအားလုံး သည္ ဤတစ္ႀကိမ္တြင္ တူညီေသာဘက္တြင္ ရွိေနၾကဟန္ေပၚသည္။ ဇူအန္၏ လွ်ို႔ဝွက္ခ်က္ကို ေဖာ္ျပေသာ ေက်ာင္းသားတစ္ဦးပင္ ရွိမေနေပ။

ေဖးျမန့္မုန္ က ခ်ီရွို႔ မွာ အေစာက တည္ၿငိမ္ေသာမ်က္ႏွာျဖင့္ ေလွ်ာက္လွမ္းသြားခဲ့ၿပီး ယခုအခါတြင္ စိတ္ပ်က္လက္ပ်က္ ျပန္လာေနသည္ကို သတိျပဳမိလိုက္သည္။ သူမ မေနနိုင္ဘဲ ေမးမိလိုက္သည္။ ရွို႔အာ ဘာျဖစ္လို႔လဲ။ နင့္ၾကည့္ရတာ ဆိုး႐ြားေနပုံပဲ

ခ်ီဘုရင္ ဘက္ျခမ္း အခ်င္းခ်င္းျဖစ္ေသာေၾကာင့္ သူမသည္ ခ်ီ ကလန္ ႏွင့္ အဆက္အသြယ္နီးစပ္၍ ခ်ီေဒါင္ရင္း ႏွင့္လည္း သူငယ္ခ်င္းေကာင္းျဖစ္သည္။ ထို႔ေၾကာင့္ သူမသည္ ခ်ီရွို႔၏ အေရွ႕တြင္ ပုံမွန္ပင္ျဖစ္သည္။

ခ်ီရွို႔ အားစိုက္ကာ ၿပဳံးလိုက္ၿပီး ေျဖလိုက္သည္။ ဘာမွ မဟုတ္ပါဘူး။ ငါတို႔ ေနထိုင္ေနတဲ့ ကမၻာ ဘယ္ေလာက္ေတာင္ ႀကီးသလဲဆိုတာကို အံၾသေနမိ႐ုံပါပဲ
၎သည္ သူ႕ထံမွ အဓိပ္ပါယ် မေပၚလြင္ေသာ တုန့္ျပန္မႈတစ္ခုသာျဖစ္သည္။ ယခုအခိုက္အတန့္တြင္ သူ႕တြင္ စကားေျပာခ်င္စိတ္မရွိေနေပ။ သစ္ပင္တစ္ပင္ေအာက္သို႔ ေလွ်ာက္သြား၍ ထိုင္ခ်လိဳက္ကာ ဟင္းလင္းျပင္ဆီသို႔ စိတ္မွိုင္လက္မွိုင္ ေငးစိုက္ေနသည္။

ေဖးျမန့္မုန္ က ခ်ဴခ်ဴယန္ ဘက္သို႔ လွည့္ကာ ေမးလိုက္သည္။ အဲ့ဒီေယာက္်ားေတြ ဘာျဖစ္ေနတာလဲ

ငါ ဘယ္လိုလုပ္သိမွာလဲ။ ဇူအန္ကို ေမးၾကည့္ေပါ့  ခ်ဴခ်ဴယန္က နီျမန္းေသာ မ်က္ႏွာျဖင့္ ျပန္ေျဖလိုက္သည္။

ထင္ရတာပဲ ေဖးျမန့္မုန္ အၿပဳံးတစ္ခုျဖင့္ ေခါင္းၿငိမ့္လိုက္သည္။

ထိုစဥ္တြင္ ထိုေယာက္်ားေလးအားလုံးသည္ တီးတိုးေျပာဆိုေနေသာ မိန္းကေလးႏွစ္ေယာက္ကို ၾကည့္ကာ အမွန္တရား ကို သိျမင္သြားၾကသည္။ ယခုအခ်ိန္အထိ သူတို႔အဖို႔ ေဝဝါးေနခဲ့ေသာ အရာမွာ ေပၚလြင္လာဟန္ရွိသျဖင့္ ႐ုတ္တရက္ ေတာက္ေခါက္လိုက္ၾကသည္။
ဒါေၾကာင့္ အဆင့္အတန္းျမင့္ၿပီး သိမ္ေမြ႕ယဥ္ေက်းတဲ့ ခ်ဴခ်ဴယန္က ဒီလို သုံးစားမရတဲ့ ဆန္ကုန္ေျမေလးတစ္ေယာက္ကို သူမ ခင္ပြန္းအျဖစ္ ေ႐ြးခဲ့တာ အံၾသစရာမရွိပါဘူး။ သူ႕မွာ ႂကြားစရာ ဘာမွမရွိဘူးလို႔ လူတိုင္းကထင္ၾကတယ္။ ဒါေပမယ့္ ဘယ္သူမွ မျမင္ရတဲ သူ႕ကိုယ္ထည္ တစ္ပိုင္းက မယုံနိုင္ေလာက္ေအာင္ ႂကြားလို႔ရေနတာကိုး။
ဒါေၾကာင့္ မိန္းမလွေလးေတြရဲ႕ ႏွစ္သက္ခုံမင္မႈကို အနိုင္ရနိုင္တာ မဆန္းပါဘူး။ သူ႕ရဲ႕ လွ်ို႔ဝွက္လက္နက္က အဲ့ဒါျဖစ္ေနတာပဲ။ ဒီလိုေယာက္်ားမ်ိဳးကို ဘယ္မိန္းကေလးက မႀကိဳက္ဘဲေနမလဲ။

ဘယ္ေခတ္တြင္မဆို ေယာက္်ားေလးမ်ားသည္ ထိုအရာကိုသာ အဓိကဟု ထင္ေနၾကဆဲျဖစ္သည္။ ထိုမိန္းကေလးမ်ား၏ အာ႐ုံစိုက္မႈက ဇူအန္၏ အသက္ႏွင့္ရင္း၍ ေပးဆပ္ရယူခဲ့ျခင္းဆိုသည္ကို ဘယ္သူမွ မျမင္နိုင္ၾကေခ်။

...

ေယာက္်ားေလး ေက်ာင္းသားမ်ား၏ စိတ္ထဲတြင္ အေတြးမ်ားစြာ ေျပးလႊားေနသည္။ သူတို႔ ျမတ္နိုးရေသယ ထိုလွပေသာ မိန္းကေလးမ်ား သည္ ဤေယာက္်ား၏ ခြန္အား ျဖင့္ တျဖည္းျဖည္း သိမ္းသြင္းခံေနရသည္ကို ေတြးမိေသာအခါ သူတို႔တြင္ မနာလိုေသာ၊ ကိုယ့္ကိုယ္ကို ျပန္ဆင္ျခင္ေသာ၊ အားက်ေသာ စသည့္ ရႈပ္ေထြးေသာ ခံစားခ်က္မ်ားျဖင့္ ခ်က္ခ်င္း ျပည့္ႏွက္သြားၾကသည္။ အဆုံးသတ္တြင္ ထိုအရာအားလုံးမွာ ေဒါသအျဖစ္သို႔ ေျပာင္းလဲသြားၾကသည္။

ဟုန္ရွင္းယင္ သည္ ဇူအန္ ကို အၿမဲအထင္ေသးခဲ့ကာ သူ႕ကို မယွဥ္နိုင္ဟု ေတြးေနခဲ့သည္။ ဇူအန္က ကလန္ၿပိဳင္ပြဲ တြင္ နာမည္ရေအာင္ လုပ္နိုင္ခဲ့ေသာ္လည္း ထိုကိစၥကို ေခါင္းထဲပင္မထည့္ထားဘဲ ေနာက္ဆုံးတြင္ သူသာ သာလြန္မည့္သူဟု တစ္စိုက္မတ္မတ္ မွတ္ယူထားခဲ့သည္။
သို႔ေသာ္လည္း ယခုသူျမင္လိုက္ကေသာ အရာမွာ သူ၏ ယုံၾကည္မႈအျပည့္ရွိျခင္း အဖို႔ ႀကီးမားေသာ ထိုးႏွက္ခ်က္ႀကီးတစ္ခုျဖစ္သည္။ ၎သည္ သူ၏တစ္ဘဝလုံး တြင္ လိုက္မွီနိုင္မည့္ အရာမဟုတ္ေပ။ ထိုကဲ့သို႔ေသာ သူႏွင့္ ယွဥ္ရေသာအခါ လုံးဝေနာက္က်က်န္ခဲ့ၿပီဟု ခံစားရေစသည္။ ထို႔အျပင္ ဇူအန္၏ အေရွ႕တြင္ ေနာက္ထပ္ ဦးေမာ့နိုင္ေတာ့မည္မဟုတ္ေပ။

သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။

ထိုကဲ့သို႔ေသာ အေတြးရွိသူမွာ သူတစ္ဦးတည္းသာ မဟုတ္ေပ။

သင္သည္ ပန္လုန္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။
သင္သည္ ဖူဖုန္း ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။
သင္သည္ ခ်ီရွို႔ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။
သင္သည္ ေဝဟုန္ဒီ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိလိုက္သည္။
...

အမ်က္ပြိုင့္ ပမာဏမ်ားစြာ ဝင္ေရာက္လာသည္ကို ျမင္ရေသာအခါ ဇူအန္ ေပ်ာ္႐ႊင္သြားသည္။ မင္းတို႔ကို ငါ သတိေပးခဲ့တာပဲ မဟုတ္ဘူးလား။ မင္းတို႔က ေတာင့္တေနတာကိုး။ ဒါေၾကာင့္ အခု ဘယ္သူ ငါ့ကို အျပစ္တင္နိုင္ဦးမလဲ ၾကည့္ရေသးတာေပါ့။

အဝတ္အစားမ်ား ေသခ်ာဝတ္ဆင္ၿပီးေနာက္ ဇူအန္ လွည့္ကာ လူအုပ္ႀကီးဆီသို႔ သြားလိုက္သည္။ အလြန္စိတ္ပ်က္လက္ပ်က္ျဖစ္ေနေသာ ေယာက္်ားေလး ေက်ာင္းသား တစ္အုပ္တမႀကီးကို ျမင္ေတြ႕လိုက္ရသည္။ ေက်းဇူး။ ေက်းဇူး။ မင္းတို႔ရဲ႕ ရက္ေရာတဲ့ အမ်က္ပြိုင့္ ေတြအတြက္ ေက်းဇူးတင္တယ္။ ဟီဟီး။

႐ုတ္တရက္ ကီးဘုတ္၏ အခ်က္ျပတြင္ ေပၚလာေသာ ရင္းႏွီးေသာ နာမည္တစ္ခုကို သတိျပဳမိလိုက္သည္။
ေဝဟုန္ဒီ လား။ အဲ့ဒါ ေလာင္မိုင္ ငါ့ကို ရင္းႏွီးေနဖို႔ ေျပာတဲ့ လူမဟုတ္လား။

ေဝဟုန္ဒီ ေဘးသို႔ ဇူအန္ သြားလိုက္သည္။ ပိန္လွီေသာ ဉာဏ္မ်ားမည့္႐ုပ္ရွိေသာ ေဝေဆာင္ ႏွင့္ ယွဥ္လွ်င္ ေဝဟုန္ဒီ မွာ ပိုမိုရိုးသား၍ ေျဖာင့္မတ္ဟန္ရွိသည္။ သူတို႔ႏွစ္ေယာက္လုံး က တကယ္ပဲ သားအိမ္တစ္ခုတည္းကေန ေမြးလာတာေရာ ဟုတ္ရဲ႕လား။

ညီကို ေဝ ဇူအန္ က သူ၏ လက္ေမာင္းကို ေဝဟုန္ဒီ၏ ပခုံးအေပၚ တင္ကာ ႏႈတ္ဆက္လိုက္သည္။ မင္း နာမည္ကို ၾကားဖူးေနတာ ၾကာၿပီ။ ေတြ႕ရတာ ဝမ္းသာပါတယ္

ဇူအန္က သူ႕ဆီသို႔ ႐ုတ္တရက္ ေရာက္လာၿပီး ဖက္လိုက္မည္ဟု ေဝဟုန္ဒီ မထင္မွတ္ထားခဲ့ေပ။ သူ အနည္းငယ္ ကို႔ရို႔ကားယား ျဖစ္ကာ ေမးလိုက္သည္။ ငါတို႔ တစ္ေယာက္နဲ႕တစ္ေယာက္ သိလို႔လား
ငါ့နာမည္ကို ၾကားဖူးတာ ၾကာၿပီဟုတ္လား။ ေက်ာ္ၾကားမႈအေၾကာင္းေျပာမယ္ဆိုရင္ ဒီအကယ္ဒမီမွာ မင္းကို လိုက္မွီတဲ့သူမရွိဘူး။ ဒီကို မင္းေရာက္လာတာ ရက္အနည္းငယ္ပဲရွိေသးတယ္။ ဒါေပမယ့္ မင္းနာမည္ကို မသိတဲ့သူ မရွိဘူး။
ေဝဟုန္ဒီ၏ မ်က္လုံးမ်ားက ဇူအန္၏ ခြာၾကားဆီသို႔ ေရာက္သြားသည္ကို ထိန္းမရခဲ့ေပ။ ယခင္က သူ ျမင္ေတြ႕ခဲ့ရေသာ အရာကို ေခါင္းထဲေပၚလာကာ သူ၏ မ်က္ႏွာျဖဴဖတ္သြားသည္။

ေဝေဆာင္ နဲ႕ ငါက ခုံေဘးခ်င္းကပ္ထိုင္ၾကတာေလ။ သူက ငါ့ရဲ႕ ညီကိုေကာင္းတစ္ေယာက္ပဲ။ ၿပီးေတာ့ သူ႕မွာ အကယ္ဒမီမွာတတ္ေနတဲ့ အစ္ကိုတစ္ေယာက္ရွိတယ္လို႔ တစ္ခါေျပာဖူးတယ္။ မင္းဆီကို တစ္ေခါက္ေလာက္ လာလည္ခ်င္ခဲ့တာ။ ဒါေပမယ့္ အခုထိေတာင္ အခြင့္အေရး တစ္ခုမရခဲ့ဘူးေလ ဇူအန္ ရွင္းျပလိုက္သည္။

ေအာ္။ ဒါဆို ေဝေဆာင္ ကိုး ေဝဟုန္ဒီ အၿပဳံးတစ္ခု ေဖာ္ျပလိုက္ကာ သူ၏ ေခါထြက္ေနေသာ ေရွ႕သြားႏွစ္ေခ်ာင္းကို ေပၚေစလိုက္သည္။ ထိုအခ်ိန္မွာ ေဝေဆာင္ ႏွင့္ ေဝဟုန္ဒီတို႔မွာ ညီအစ္ကို အရင္း တကယ္ဟုတ္မဟုတ္ ဟူေသာ အေျဖမွာ ေနာက္ဆုံး ရွင္းလင္းသြားၿပီျဖစ္သည္။

သူတို႔ႏွစ္ဦး အနည္းငယ္ၾကာၾကာ ဆက္လက္ စကားေျပာေနခဲ့ေသာ္လည္း ဇူအန္မွာ သူ႕ထံမွ အသုံးဝင္ေသာ သတင္းအခ်က္အလက္ မရရွိခဲ့ေပ။ မည္မွ်ပင္ သူ ၾကည့္ေစကာမူ ေဝဟုန္ဒီ တြင္ ထူးျခားေသာ အခ်က္တစ္ခုပင္ မရွိေနေပ။ ေကာင္းကင္ အခန္းသို႔ ႀကိဳးစား၍ ေရာက္ရွိခဲ့သည္က လြဲ၍ သူ႕တြင္ ထူးခြၽန္ေသာ အရာတစ္ခုမွ် ရွိမေနေပ။
ေလာင္မိုင္က သူ႕ကို ေဝဟုန္ဒီ ႏွင့္ အဘယ္ေၾကာင့္ နီးကပ္ေစခဲ့သည္ကို နားမလည္နိုင္ျဖစ္ေနသည္။

အားဇူ ေရ။ ဒီကို ခဏလာပါဦး ဆြဲေဆာင္မႈရွိေသာ အသံတစ္သံ ထြက္ေပၚလာသည္။
ဇူအန္ လွည့္ၾကည့္လိုက္ေသာအခါ ေဖးျမန့္မုန္ က သူမ၏ မ်က္လုံး၀န္းအစုံက လျပည့္၀န္းလို ခ်ိဳသာစြာ သူ႕ကို ၾကည့္ေနသည္ကို ျမင္လိုက္ရသည္။ သူမ၏ လက္ကေလးျဖင့္ သူ႕ကို ညင္သာစြာ ယက္ေခၚေနသည္။

ေကာင္းၿပီေလ
ဇူအန္ တြန့္ဆုတ္ျခင္းမရွိ သြားလိုက္သည္။ ထိုေခြၽးေစာ္နံေသာ ေယာက္်ားေလးမ်ား ထက္ အမိုက္စား ေကာင္မေလးမ်ားႏွင့္ စကားေျပာရန္ ေ႐ြးခ်ယ္မည္မွာ ေဖာ္ျပစရာပင္ မလိုအပ္ေပ။

ထိုျမင္ကြင္းကို ျမင္ရေသာအခါ ေယာက္်ားေလး ေက်ာင္းသားမ်ားတြင္ ေနာက္ထပ္ မနာလိုမႈတစ္ခု တိုးလာသည္။
သူတို႔သည္ ဆႏၵေဖာ္ထုတ္ေသာ စကားလုံးမ်ားကို ေျပာခ်င္ေနၾကေသာ္လည္း ယခင္က သူတို႔ ျမင္ခဲ့ရေသာ တုန္လႈပ္ဖြယ္ မြန္းစတားေကာင္အေၾကာင္းမွတ္ဉာဏ္မွာ သူတို႔ ေခါင္းထဲတြင္ ျပန္ေပၚလာေသာေၾကာင့္ ခ်က္ခ်င္း မွိုင္ေတြသြားၾကျပန္သည္။

သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိလိုက္သည္။
သင္သည္ ပန္လုန္ ထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိလိုက္သည္။
သင္သည္ ဖူဖုန္း ထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိလိုက္သည္။
သင္သည္ ခ်ီရွို႔ ထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိလိုက္သည္။
သင္သည္ ေဝဟုန္ဒီ ထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိလိုက္သည္။

...

အဲ့ဘက္ ကမၻာမွာ ဘာေတြျဖစ္ေနတာလဲ။ ဘာျဖစ္လို႔ သူတို႔ရဲ႕ အၾကည့္ေတြအားလုံး က ထူးဆန္းေနရတာလဲ ေဖးျမန့္မုန္ စပ္စုလိုက္သည္။
သူမ၏ ေဘးတြင္ ခ်ဴခ်ဴယန္ မွာ စိတ္မဝင္စားဟန္ရွိေနသည္။ သို႔ေသာ္ သူ နီရဲေနေသာ နား႐ြက္မ်ားက မတူေသာ ပုံျပင္တစ္ခုကို ေျပာျပေနသည္။

သူတို႔ေတြက မထင္မွတ္ဘဲ စိတ္ဒဏ္ရာ ရသြားတာေနမယ္ ဇူအန္ ရွက္ကိုးရွက္ကန္း ေျပာလိုက္သည္။ သူတို႔ကို ေခ်ာင္းမၾကည့္ၾကဖို႔ ငါ ေျပာခဲ့သားပဲ။ ဒါေပမယ့္ သူတို႔ေတြက ဆက္ေခါင္းမာေနတာကိုး

... အျခားေယာက္်ားေလး ေက်ာင္းသားမ်ား
မင္း သူေတာင္းစား။ အဲ့ဒီစကားေတြ ေျပာေနေတာ့ ငါတို႔ေတြ ၾကည့္ခ်င္ၾကမယ္လို႔ မင္းသိေနတယ္မဟုတ္လား။ မင္း ငါးစာခ်လိဳက္တာ သိသာေနတာပဲ။ ေတာက္။ ဒီလို ႏွိပ္စက္မႈမ်ိဳးကို ငါ ဘာျဖစ္လို႔ ႀကဳံခဲ့ရတာလဲ။ အဲ့ဒီျမင္ကြင္းကို ေဖ်ာက္ဖို႔ ငါ့မ်က္လုံးကို ေရနဲ႕သြားေဆးဖို႔ လိုအပ္ေနၿပီ။

သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။
သင္သည္ ပန္လုန္ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။
သင္သည္ ဖူဖုန္းထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။

...

ဘယ္လို စိတ္ဒဏ္ရာ မ်ိဳးလဲ ဇူအန္ ရည္ၫႊန္းေသာအရာကို ဇေဝဇဝါ ျဖစ္ကာ ေယာက္်ားေလး ေက်ာင္းသားမ်ား ကို တစ္ခ်က္ၾကည့္လိုက္သည္။
ပုံမွန္ဆိုလွ်င္ ထိုေယာက္်ားေလး ေက်ာင္းသားမ်ားသည္ ေဖးျမန့္မုန္ ၏ စြဲမက္ဖြယ္ မ်က္လုံးမ်ားႏွင့္ အၾကည့္ဆုံရန္ ငမ္းငမ္းတက္ လိုခ်င္ေနၾကသူမ်ားျဖစ္ၾကသည္။ သို႔ေသာ္ ယခုအခါတြင္ လူတိုင္းသည္ ယုံၾကည္မႈ မရွိၾကသျဖင့္ သူမ၏ အၾကည့္ကို မခံစားနိုင္ၾကေပ။ သူမက သူတို႔ကို ေခၚေမးမည္ကို စိုးသျဖင့္ တစ္ျခားတစ္ေနရာရာသို႔ အၾကည့္လႊဲလိုက္ၾကသည္။

အဲ့ဒါ ဘာမွအေရးမပါပါဘူး။ ေယာက္်ားေလးေတြၾကားက လွ်ို႔ဝွက္ခ်က္တစ္ခ်ိဳ႕ပါပဲ ဇူအန္က ဆန္းၾကယ္ေသာ အၿပဳံးတစ္ခုျဖင့္ ေျဖလိုက္သည္။ မည္မွ်ပင္ အေရထူေစကာမူ သူ၏ ကိုယ္ပိုင္ ပစၥည္းကို မိန္းမတစ္ေယာက္ေရွ႕ ထုတ္ႂကြားေျပာရသည္မွာ ရိုးရွင္းေသာ ႐ြံရွာစရာပင္ျဖစ္သည္။
သူ႕ကို ဆက္လက္ ေမးျမန္းေနမည္ကို စိုးရိမ္သျဖင့္ အလွ်င္အျမန္ထြက္ခြာသြားကာ က်ီေရွာင္ခ်ီ ေဘးသို႔ ေရာက္သြားသည္။

ေဖးျမန့္မုန္ က စိတ္ဆိုးကာ ေျခေဆာင့္လိုက္ကာ ခ်ဴခ်ဴယန္ကို အနည္းငယ္ ဆြေပးလိုက္သည္။  ေဟ့ အဲ့ဒါ နင့္ေယာက္်ားလား။ သူမ်ား ေယာက္်ားလား။ ဘာျဖစ္လို႔ သူက တစ္ျခားမိန္းကေလးေတြ ေဘးကိုပဲ ေျပးလႊားေနရတာလဲ

အဲ့ဒီအေၾကာင္း အရမ္းသိခ်င္ေနရင္ ဘာျဖစ္လို႔ နင္ကိုယ္တိုင္ သြားၿပီးေတာ့ ျပန္မလုတာလဲ ထို႔ေနာက္ ခ်ဴခ်ဴယန္ လွည့္ကာ ထြက္သြားေတာ့သည္။
အမွန္တြင္ ထိုေယာက္်ားေလး ေက်ာင္းသားမ်ား၏ ငိုင္တိုင္တိုင္ အမူအရာမွတစ္ဆင့္ မည္သည္တို႔ျဖစ္ေနသည္ကို သူမ အၾကမ္းဖ်င္း ခန့္မွန္းမိခဲ့သည္။ ထိုအရာကို ပထမဦးဆုံး နဖူးေတြ႕ဒူးေတြ႕ ခံစားခဲ့ရေသာသူမွာ သူမျဖစ္ေၾကာင့္ ခန့္မွန္းရန္မွာ မခက္ခဲလွေပ။

ေျမေအာက္ဂူတြင္ ျဖစ္ခဲ့ေသာ အေၾကာင္းကို ျပန္ေတြးမိ႐ုံျဖင့္ သူမ၏ မ်က္ႏွာမွာ အေငြ႕ပ်ံမတတ္ ပူေလာင္ေစသည္။ ေဖးျမန့္မုန္ က ထိုအေၾကာင္းအရာကို ဆက္လက္ေျပာဆိုေနပါက သူမ ခံနိုင္ေတာ့မည္မဟုတ္ေပ။

ေဖးျမန့္မုန္ က ခ်ဴခ်ဴယန္ကို ၾကည့္ကု မ်က္ေမွာင္ၾကဳတ္မိလိုက္သည္။ ဒီေန႕ လူတိုင္း ဘာျဖစ္လို႔ ထူးထူးဆန္းဆန္း ေတြ ျပဳမူေနရတာလဲ။

ထို႔ေနာက္ လုဒီက ေခ်ာင္းဟန့္လိုက္ကည လူအမ်ညး၏ အာ႐ုံကို ျပန္စုလိုက္သည္။ ေကာင္းၿပီ။ မင္းတို႔ အားလုံးအဆင္ေျပၾကတယ္ဆိုေတာ့ ငါတို႔ လုပ္ေနတဲ့ အေၾကာင္းအရာ ကိုျပန္ဆက္ရေအာင္။ ေျမေအာက္ဂူတစ္ခုကို စူးစမ္းရွာေဖြရတာ ငါတို႔အတြက္ ရွားပါးတဲ့ အခြင္အေရးတစ္ခု ပဲ။ ၿပီးေတာ့ ငါတို႔မွာ အခ်ိန္သုံးရက္လည္းရွိေသးတယ္။ ငါတို႔ရဲ႕ အဖိုးတန္အခ်ိန္ေတြကို မျဖဳန္းတီးၾကရေအာင္။ ဟုတ္ၿပီလား

ေယာက္်ားေလး ေက်ာင္းသားမ်ားသည္ လုဒီ၏ စကားကို လက္ခံသေဘာတူကာ အရပ္မ်က္ႏွာအသီးသီးသို႔ ယုန္ငယ္ေလးမ်ားသဖြယ္ ေျပးလႊားျပန့္က်ဲသြားၾကသည္။ ဇူအန္ ႏွင့္အတူရွိေနရျခင္းမွာ သူတို႔အဖို႔ အလြန္ဖိအားႀကီးေနသည္။

လုဒီ ႏွင့္ ပိုင္စုစု တို႔ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ကာ သူတို႔ေက်ာင္းသားအုပ္မ်ားေနာက္သို႔ ကိုယ္စီထြက္ခြာသြားၾကသည္။

ဇူအန္က ေရွာင္႐ႊယ္ယင္း ကို ဂ႐ုစိုက္ရန္ ထိုေနရာတြင္သာ က်န္ေနခဲ့ေသးသည္။ က်ီေရွာင္ခ်ီ ကလည္း သူမ၏ လက္ေကာက္ဝတ္ အဆစ္လြဲေနသျဖင့္ ေကာင္းစြာ မလႈပ္ရွားနိုင္ေသာေၾကာင့္ က်န္ေနခဲ့သည္။

က်န္းတန္က အရာမ်ားစြာ ဇူအန္ ႏွင့္ စကားေျပာခ်င္ေနေသာ္လည္း ဤေနရာတြင္ အျခား မိန္းကေလးမ်ားစြာ ရွိေနသျဖင့္ သူမ လႈပ္ရွားရန္ မသင့္ေလ်ာ္ေပ။ ထို႔ေၾကာင့္ သူ႕ကို အၿပဳံးတစ္ခု ၿပဳံးျပကာ ထိုေနရာမွ ထြက္သြားေတာ့သည္။

ခ်ဴခ်ဴယန္ လည္း ရွက္႐ြံမႈကို မထိန္းနိုင္ေသာေၾကာင့္ တစ္ေနရာတည္းတြင္ မေနခ်င္ေတာ့ေပ။

ေဖးျမန့္မုန္ က တခဏ တြန့္ဆုတ္လိုက္ၿပီးေနာက္ က်န္းတန္ လုပ္ခဲ့သကဲ့သို႔ ျပဳမူကာ ေျမေအာက္နန္းေတာ္ အႂကြင္းအက်န္မ်ားဆီသို႔ လွည့္လိုက္သည္။ ထိုေနရာတြင္ သူမ အတြက္ ေကာင္းမြန္ေသာ တစ္စုံတစ္ရာ က်န္ရစ္ေနဦးမလားဟု ေတြးေနသည္။

က်န္းတန္ က နင့္ကို ကလူတဲ့ အၾကည့္တစ္ခ်က္ ေပးသြားတာလား ေရွာင္႐ႊယ္ယင္း က ဇူအန္လက္ေမာင္းကို မေပ်ာ္မ႐ႊင္စြာ ဆြဲဆိတ္လိုက္သည္။

ဇူအန္ အံအားသင့္သြားသည္။ မင္း ဘယ္အခ်ိန္က နိုးေနတာလဲ

ဘာျဖစ္လို႔လဲ။ ငါ မျမင္သင့္တဲ့ တစ္ခုခု ျမင္သြားမွာကို စိုးရိမ္ေနလို႔လား ေရွာင္႐ႊယ္ယင္း ႏွာေခါင္းမႈတ္လိုက္သည္။

ေသခ်ာေပါက္ကို မဟုတ္ဘူးေပါ့။ အခုနက ထင္ေယာင္ထင္မွားျဖစ္တာေနပါလိမ့္မယ္။ ငါက ဘယ္လိုလုပ္ က်န္းတန္ နဲ႕ ပတ္သက္စရာရွိမွာလဲ  ဇူအန္ က ရိုးသားေသာမ်က္ႏွာထားျဖင့္ ျပန္ေျဖလိုက္သည္။
ဒီအေၾကာင္း ကို မိန္းကေလးေတြအေရွ႕မွာ ဘယ္လိုလုပ္ ဝန္ခံရမွာလဲ။

ေရွာင္႐ႊယ္ယင္း တခဏတြန့္ဆုတ္လိုက္ၿပီး အႀကံေပးလိုက္သည္။ သတိထား။ အဲ့ဒီမိန္းမက နင့္မွာရွိတဲ့ ေငြစ ခုနစ္သန္းခြဲ စာခ်ဳပ္အတြက္ အနားကပ္ေနတာ
သူမသည္ ရွီခြန္း၏ လက္ေအာက္ငယ္သား အျဖစ္ က်န္းတန္ ႏွင့္ ထိေတြ႕ဖူးေသာေၾကာင့္ က်န္းတန္၏ အႀကံကို အလြယ္တကူ ခန့္မွန္းသိေနသည္။

ေအာ္။ မင္းက ငါ့ကို အဲ့ဒီေလာက္ စိတ္ပူေပးလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး ဇူအန္ လွိုက္လွိုက္လွဲလွဲ ရယ္ေမာကာ ေျဖလိုက္သည္။ စိတ္မပူနဲ႕။ သူ႕ရဲ႕ လွည့္ကြက္ေတြကို ငါ အလြယ္တကူ မက်ပါဘူး။ အဟဲ။ သူ႕ရဲ႕ ဘဝမွာ ငါက အႀကီးမားဆုံး မွားယြင္းမႈျဖစ္ရေအာင္ ေသခ်ာလုပ္ျပမယ္

----- ----- ------------------------------------- ----- ----- - - - - - - - - - - - -

Continue Reading

You'll Also Like

329K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន