ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

50.3K 5.9K 37

အတွဲ(၂) More

201
202
203
204
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

205

351 43 0
By SoeHmue

Chapter 205: ဦးနှောက်ပျက်တာက ကုဖို့ခက်တယ်

မိန်လိ ပြောစရာမရှိတော့ပေ။
ဒီကောင့် ဦးနှောက်က ပုံမှန်မဟုတ်ဘူး။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၅၀ ရယူလိုက်သည်။

"မင်းကတော့..." မိန်လိ အံကြိတ်လိုက်သည်။ သို့သော် သူမပေါက်ကွဲနိုင်ခင် ဇူအန် လက်ကာ၍ တားလိုက်လေသည်။

"ခဏလေးနေပါဦး"

"ဘာလဲ" ဇူအန် ဘာပြောချင်နေမှန်းမသိ၍ မိန်လိ မေးလိုက်သည်။

ဇူအန် သူ့ကီးဘုတ်ကို ဆင့်ခေါ်ကာ နောက်တစ်ကြိမ် ကံစမ်းလိုက်ပြန်သည်။
ဇူအန် အရင်တစ်ခေါက်က အမျက်ပွိုင့် ၃သောင်းကျော် ဆုံးရှုံးလိုက်ရ၍ နောက်တစ်ကြိမ် ထိုသို့ အမှားမခံနိုင်ပေ။ ထို့ကြောင့် ရလာသောအမျက်ပွိုင့်ကို ချက်ချင်းသုံးရန် ဆုံးဖြတ်လိုက်သည်။
အရင်က ၈၄ခု ကျန်ခဲ့၍ ဒီတစ်ခါ မိန်လိ ထံမှ အမျက်ပွိုင့် ၂၅၀ နှင့်ပေါင်းကာ စုစုပေါင်း ၃၃၄ ပွိုင့် ရှိသွားသည်။ ထို့ကြောင့် ၃ကြိမ် ကံစမ်းနိုင်လေသည်။
ဒီတစ်ခါတော့ ဇူအန် အမြတ်ရလိုက်သည်ဟု ခံစားမိလေသည်။

သူထင်ထားသလို ဘာမှမရလိုက်ပေ။ သို့သော် ခံစားချက်ကတော့ ကွာခြားသွားသည်။ နောက်ဆုံး ပိနေသော ဝန်ထုတ်ကြီးပစ်ချလိုက်ရသလို ပေါ့ပါးနေသည်။
နောက်ဆို ငါတော်ရုံ လွယ်လွယ်နဲ့ ကျိန်လို့မရတောဘူး။ ကံကြမ္မာဆိုတာ ယိလိုပဲ။

"ကောင်းပြီလေ။ ရပြီ။ မမကြီး စောစောက ဘာပြောနေတာလဲ" ဇူအန် စိတ်ပျော်နေ၍ ပြုံးပင်ပြုံးမိနေသေးသည်။

"ငါ ပြောချင်တာက..." မိန်လိ ပြောနေရင်းလမ်းတစ်ဝက်တွင် တောင့်ခဲသွားသည်။
ဟမ်..ငါခုနက ဘာပြောမလို့ပါလိမ့်။ ကြားဖြတ်ခံလိုက်ရသောကြောင့် ပြတ်တောက်သွားရခြင်းပင်။

အချိန်အကြာကြီးနေမှ သူမ ဘာပြောမလို့လဲ သတိပြန်ရသည်။
"ဟမ့်…ငါဘာလို့ မင်းနဲ့ သေခြင်းရှင်ခြင်းစာချုပ် ချုပ်ရလဲ မင်းက တစ်ခြားလူတွေထက် ပိုသိတာပဲ။ တွေးလိုက်ရင် ငါစိတ်တိုရတယ်။ နောက်တစ်ခါ ဒီကိစ္စကို အစပြန်ဖော်ပြီး ငါ့ရှေ့ပြောရင် မင်းကို ငါလွယ်လွယ်အလွတ်ပေးမှာ မဟုတ်ဘူး"

မိန်လိ သူ့ခြိမ်းခြောက်မှုက မသက်ရောက်ဘူးလားတွေးမိပြီး ခေတ္တရပ်လိုက်သေးသည်။ ထို့နောက် ဆက်ဖြည့်ပြောလိုက်သည်။
"ငါ မင်းကို မသတ်နိုင်ပေမဲ့ မင်းခြေလက်တွေကိုတော့ အသာလေး ဖြတ်လိုက်နိုင်တယ်။ မင်းက ဘာပဲပြောပြော ကျင့်ကြံမှုအဆင့်တက်ဖို့ အရိုက်ခံဖို့ လိုနေတာပဲ။ ငါက မင်းကိုတောင် ကူညီရာရောက်သေးတယ်။ ဟမ်း..တွေးကြည့်မှ တကယ် တစ်ခေါက်လောက် စမ်းကြည့်ချင်လာတယ်"

မိန်လိမျက်လုံးများ သူ့ခြေထောက်ထံ ရောက်လာသောကြောင့် ဇူအန် ကြောက်လန့်သွားရပြီး အမြန်ပြန်ဖြေသည်။
"အဲ့..အဲ့တာ စမ်းကြည့်ဖို့ မလိုပါဘူး။ ကျုပ် ခင်ဗျားစကားကို ယုံတယ်။ တကယ်ယုံပါတယ်။ အာ ဟုတ်သားပဲ။ ကျုပ်မေးခွန်းတစ်ခုရှိနေသေးတာ။ ယင်ကျန်းက ခင်ဗျားကို သတ်နိုင်မယ့်နည်းသိရင် ဘာလို့ အဲ့တုန်းက တစ်ခါတည်း မသန့်စင်ခဲ့ပဲ ချိတ်ပိတ်ထားရတာလဲ".

"အဲ့ဒီ ကမ္ဘာဦးမူလကျင့်စဉ်ရဲ့ သန့်စင်စွမ်းရည်က ဝိညာဉ်တွေအတွက်ပဲ အလုပ်ဖြစ်တာ။ ငါက ခန္ဓာကိုယ်ရဲ့ အကာအကွယ်ရှိတော့ ဘယ်လိုလုပ် အဲ့တာကို ကြောက်မှာလဲ"

"ဒါပေမဲ့ သူခင်ဗျားကိုသတ်ပြီး ဝိညာဉ်ကို သန့်စင်လိုက်လို့ရတာပဲ မဟုတ်ဘူးလား။ ကျုပ်ပွင့်ပွင့်လင်းလင်းပြောတာကို စိတ်မရှိနဲ့။ ခင်ဗျားက ယင်ကျန်းထက် ပိုအားနည်းတယ်မလား။ ခင်ဗျားကိုသတ်ဖို့ သူ့မှာ တစ်နည်းနည်းတော့ ရှိမှာပဲ ဟုတ်တယ်မလား"

မိန်လိ တစ်ချိန်လုံး ဒီကိစ္စကို သေချာမပြောပေ။ သို့သော် အခု ဇူအန်နှင့်သူက ချည်နှောင်ထား၍လားမသိ။ သေချာပြောပြရန် ဆုံးဖြတ်လိုက်သည်။
"သူက ခေါင်းမာတဲ့ လူတစ်ယောက်။ သူက ငါ့ကို အရှုံးပေးစေချင်တာ။ ဘယ်လိုလုပ် အဲ့တာက ဖြစ်နိုင်မှာလဲ။ ပြောရရင် ငါတို့ရဲ့ စုံတွဲသံယောဇဉ်ကြောင့် ငါ့ကို ညှာလိုက်တာတော့ အမှန်ပဲ။ ငါတို့ တိုက်ပွဲအပြီး မကြာခင် ယင်ကျန်းသေသွားလို့ ငါက စည်းထဲမှာ ချိတ်ပိတ်ပြီး ကျန်ရစ်ခဲ့တာ"

အတိတ်ကို ပြန်ပြောင်းသတိရနေသလို ထိုစကားများပြောရာတွင် မိန်လိ၏ ထူးဆန်းသော  မျက်နှာထားကို ဇူအန် သတိထားမိလိုက်သည်။ သူကို တစ်ခုခု ဖုံးကွယ်ထားသလို ဇူအန် ခံစားလိုက်ရသည်။
ဒီထက်ပိုမေးလည်း မိန်လိ မသိစေချင်သောအကြောင်းကို ထုတ်ပြောမည်မဟုတ်သောကြောင့် ဇူအန် အခုတော့ ဘေးဖယ်လိုက်ကာ နောင်တစ်ချိန် ရင်းနှီးသွားမှ ထပ်မေးရန် ဆုံးဖြတ်လိုက်သည်။

"ကျန်းဟန်က ရှန်းယွီနဲ့ ပေါင်းပြီး ဝိညာဉ်နှစ်သိန်းကို ချိတ်ပိတ်ခဲ့တာလို့ ခင်ဗျားပြောတယ်နော်။ ရှန်းယွီ ဒီသင်္ချိုင်းကိုရောက်လာမှတော့ သူတော်ဝင်မိသားစုကို ဒီလောက်မုန်းတာ ခင်ဗျားကိုဘာလို့ အလွတ်ပေးလိုက်တာလဲ"

"မင်းကတကယ်ပဲ ရှန်းယွီအကြောင်း ကောင်းကောင်းသိတာပဲ" မိန်လိ အံ့သြသွားသည်။
"အမှန်ပဲ ရှန်းယွီက ချင်ပြည်ကို အရမ်းမုန်းတယ်။ သူက လက်နက်ချတဲ့ ချင်စစ်သားတွေကို သတ်ပြီး နန်းတော်ကိုမီးရှို့၊ မြို့တော်တစ်ခုလုံးကို သူကြိုက်သလို ဖျက်စီးခဲ့တာ။ ကျန်းဟန်ဆီက ငါ့အကြောင်းကိုကြားတော့ ငါ့ကိုလည်း ကြံစည်ချင်သေးတာ"

မိန်လိစကားထဲတွင် ဒေါသတစ်ချို့ပါနေသေးသည်။
"ငါ့အလှကို သူကြားဖူးထားပြီး ချင်ဧကရီဖြစ်တဲ့ ငါ့အဆင့်အတန်းကလည်း သူ့ကို သိမ်းပိုက်ချင်စိတ်ဖြစ်စေတယ်။ ငါ့အပေါ် ယုတ်ညံ့တဲ့အတွေးတွေ ဖြစ်လာတယ်။ သူက ငါ့ကိုသဘောကျကြောင်း မြေအောက်လှိုက်ဂူထဲမှာ ပြောပြီး နောက်ဆုံး ရမ္မက်ကြီးပြီး စည်းကိုဖျက်ဖို့ ကြိုးစားသေးတယ်"

ဇူအန် လန့်သွားသည်။
"ရှန်းယွီ ခွန်အားအရ ဒီဝိညာဉ်ချုပ်စည်းကတောင် သူ့ကို တားနိုင်မှာ မဟုတ်ဘူးမဟုတ်လား"
သူ့အရင်ဘဝတွင် ရှန်းယွီက အားကောင်းသော သိုင်းပညာကြောင့် နာမည်ကြီးသော စစ်သူကြီးပင်။ သဘာဝလွန်စွမ်းအင်များရှိသောလောကတွင် ရှန်းယွီက အလွန်ခွန်အားကြီးသော ကျင့်ကြံသူ ဖြစ်ရမည်။

"မင်းအဲ့တာတော့ မှားသွားပြီ။ ရှန်းယွီက တကယ်ကို အားကောင်းတဲ့လူဆိုတာ အမှန်ပဲ။ လူစည်းနဲ့ မြေစည်းက သူ့ကို မတားနိုင်ဘူး။ သူက စမ်းသပ်ချက်ကို မင်းထက်တောင် မြန်မြန် ကျော်ဖြတ်နိုင်သေးတယ်" မိန်လိ ပြောလိုက်သည်။

ဇူအန် ခေါင်းကုတ်လိုက်မိသည်။
ပြောချင်တာက နာမည်ကြီး သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ကို ရှုံးတာ ဘာမှမဖြစ်ဘူးလေ။ ဟုတ်တယ်မလား။

"ဒါပေမဲ့ သူကောင်းကင်စည်းကို မကျော်နိုင်ဘူး။ သူဘယ်လောက်အင်အားကြီးကြီး ကောင်းကင်ရဲ့ အလိုဆန္ဒကိုတော့ လွန်ဆန်နိုင်မှာ မဟုတ်ဘူးလေ။ အဲ့တာအပြင် သူအပြင်ဘက်မှာလည်း ပြဿနာတစ်ချို့ကြုံသွားပုံပဲ။ ဒီသင်္ချိုင်းကို တစ်ခါမှ ပြန်မလာတော့ဘူး။ အဲ့တောကြောင့် ကောင်းကင်စည်းက အန္တရာယ်တွေနဲ့ပြည့်နေတယ်လို့ ငါထင်လိုက်တာ။ ရှန်းယွီလို အင်းအားကြီးတဲ့လူတောင် မကျော်ဖြတ်နိုင်ရင် မင်းလို အဆင့် ၃ကျင့်ကြံသူတစ်ယောက်ကို ငါက မျှော်လင့်ချက် မထားနိုင်ဘူးလေ။ ဒါတောင် သူကျရှုံးသွားတဲ့ကိစ္စကို မင်းက အနိုင်ရလိုက်သေးတယ်။ ဒါက ကောင်းကင်ရဲ့ဆန္ဒလည်း ဖြစ်နိုင်တာပဲ"
မိန်လိ တောင့်တောင့်တတဖြင့် အသာရယ်လိုက်သည်။

သို့သော် စည်းထဲမှ လွတ်ပြီးမကြာခင် နောက်ထပ်ကြိုးတစ်ခုဖြင့် အချည်နှောင်ခံလိုက်ရကြောင်း သတိရသွားပြီး မျက်နှာထား တင်းလာသည်။

"ကြည့်ရတာ ကျုပ်က ကောင်းကင်က ရွေးလိုက်တဲ့လူပဲ" ဇူအန် မြောက်ကြွကြွ ပြန်ဖြေသည်။

သူ့လေသံက မိန်လိကို ပိုမကျေမနပ်ဖြစ်စေသည်။
"ဟမ့် ရှန်းယွီ စည်းကိုဖျက်စီဖို့ကြိုးစားတုန်းက ထိုက်ဝူဓားဒဏ်ရာအပြင်းအထန်ရသွားလို့သာ မဟုတ်ရင် မင်းဒီထက် အဆများစွာ ပိုခက်ခဲနေမှာ"

ဇူအန် အရေးမလုပ်ပေ။
"ကျုပ်အတွက် အန္တရာယ်တွေအများကြီးထဲက အကုန်လုံးအဆင်ပြေသွားတာကိုကြည့်ရင် ကံတရားဘယ်လောက် အရေးပါလဲ သိသာတာပဲမလား။ ရှန်းယွီလို အင်အားကောင်းကျင့်ကြံသူတစ်ယောက် မလုပ်နိုင်တဲ့အရာကို ကျုပ်လို အဆင့်၃သာသာက လုပ်လိုက်နိုင်တာ စိတ်ဝင်စားစရာ မကောင်းဘူးလား"

မိန်လိ ထိုစကားများကြားသော် အံ့သြသွားသည်။ တိုးတိုးရေရွတ်လိုက်မိသည်။
"ကံတရား..ဟမ့်.."
အချိန်အတော်ကြာမှ အာရုံပြန်ကပ်သည်။
"မင်းက ငါ့ကို အကြာကြီးမေးနေတာ။ အခုငါမင်းကို ပြန်မေးရမယ့် အချိန်ရောက်ပြီ"

"မမကြီး ကြိုက်တာသာမေး။ ကျုပ်အကုန်လုံးကို သေချာဖြေပေးမယ်" ဇူအန် စိတ်အားထက်သန်စွာ ပြောလေသည်။

ဘာလိုလိုဖြင့် ဇူအန် ဆက်လိမ်တော့မည်ဟု မိန်လိခံစားနေရသည်။
"မင်း ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို ဘယ်ကရတာလဲ"

"ကောင်းပြီလေ။ ကျုပ်အဲ့တာကို ထူးဆန်းတဲ့ အဖိုးကြီးတစ်ယောက်ဆီက ရလာတာ." မိန်လိနဲ့ သေခြင်းရှင်ခြင်းစာချုပ် ချုပ်ထားသောကြောင့် ဖုန်းကွယ်စရာမရှိပေ။ ချူအိမ်တော်ကိုပြန်ရောက်သည်နှင့် သိသွားမည့်ကိစ္စပင်။
ပြီးတော့ လောင်မိုင်က တစ်ချိန်လုံး ကျောချမ်းစရာ ခံစားချက်မျိုးပေးနေ၍ မိန်လိနှင့် တိုင်ပင်တာ ကောင်းပေလိမ့်မည်။

မိန်လိ မျက်မှောင်ကြုံ့၍
"မင်းအဖေလား အဖိုးလား"

"..." ဇူအန်
ငါဘာလို့ အဆဲခံရသလို ခံစားမိလိုက်တာပါလိမ့်..
"ဘာမှ မတော်ဘူး"

"သူက မင်းနဲ့ မပတ်သက်ရင် ဒီလောက်ကောင်းတဲ့ ကျင့်စဉ် မင်းကို ဘာလို့ပေးမှာလဲ။ သူတစ်ခုခုကြံနေတာ သိသာနေတာပဲ" မိန်လိ သရော်လိုက်သည်။

ဇူအန်လည်း အတွေးတူလေသည်။ သို့သော် လောင်မိုင် ဘာကိုလိုချင်မှန်း သူလုံးဝ မတွေးနိုင်ပေ။

"အဲ့တာ ကျုပ်ရဲ့ ရုပ်ရည်လား။ ခင်ဗျားသိတာပဲ။ ကျုပ်က ကောင်းကင်က ရွေးချယ်ထားတဲ့ ဇာတ်လိုက်လို့ ကိုယ့်ကိုကိုယ် ထင်ထားတာဗျ။ အားကောင်းတဲ့ သိုင်းပညာရှင်တွေ ကျုပ်ကို အမွေပေးချင်တာ ပုံမှန်ပဲလို့ တွေးထားတာ"

"..."မိန်လိ

ဇူအန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ မေးလိုက်သည်။
"ဒါနဲ့ မင်း စိတ်ရောမှန်ရဲ့လား"

"…"ဇူအန်
ခင်ဗျားကမှ စိတ်ဖောက်ပြန်နေတာ။ ခင်ဗျားတစ်မိသားစုလုံးကမှ စိတ်ဖောက်ပြန်နေတာ။

"မင်းစိတ်မမှန်ရင် ငါ့ကို ချက်ချင်းပြောသင့်တယ်နော်။ ငါက မှော်အစီအရင်ပညာရှင်ဆိုပေမဲ့ ဆေးပညာလည်း တတ်သေးတယ်။ မင်းရောဂါသိပ်မကျွမ်းသေးခင် ငါကုရင် ကုနိုင်မှာ။ စိတ်ရောဂါဝေဒနာရှင်တွေက ကုရတာအခက်ဆုံးလို့ ဆေးလောကမှာ သိကြတယ်"

"..."ဇူအန်

သို့သော် ဇူအန် တစ်ခု သတိထားလိုက်မိသည်။
"နေပါဦး ခင်ဗျားက နတ်ဆေးဆရာလား"

"ဒါပေါ့ " မိန်လိ ဂုဏ်ယူစွာ ပြန်ဖြေသည်။
"အရင်တုန်းက ချင်ပြည်ကအလယ်ပိုင်းလွင်ပြင်တစ်ခုလုံးကိုအုပ်စိုးပြီး နိုင်ငံတိုင်းက တန်ဖိုးကြီးစာအုပ်တွေအားလုံး နန်းတော်ကို သယ်ယူလာတာ။ ငါ့မှာ အချိန်ရှိတဲ့အခါတိုင်း အဲ့ဒီစာအုပ်တွေ ဖတ်လေ့ရှိတယ်။ နောက်ဆုံး မှော်အစီအရင်နဲ့ ဆေးပညာကို တတ်ကျွမ်းပြီး ငါလမ်းတစ်ခု ဖောက်နိုင်ခဲ့တာ။ ငါက ဆေးပညာမှာ အတော်လေး ကောင်းသေးတယ်လို့ မင်းပြောလို့ရတယ်"

မိန်လိက အတော်လေးကောင်းရုံသာဟု ပြောသော်လည်း မျက်နှာထားက ငါ့ကို ချီးကျူးပြီး ကိုးကွယ်လိုက်ဟု ဂုဏ်ယူနေသလိုပင်။
"ခင်ဗျားက ဆေးဆရာဆိုမှတော့ စနိုးကို မြန်မြန်ကုလိုက်လေ" ဇူအန် အပျော်လွန်သွားသည်။ မိန်လိ က သူထင်တာထက် တန်ဖိုးရှိနေသေးသည်။

မိန်လိမျက်နှာ ချက်ချင်း အေးစက်သွားသည်။
"ငါ့ကိုယ်ပေါ်မှာ ဘာဆေးရွက် ဆေးလုံးမှ မရှိတာ။ မင်းက ငါ့ကို ဘယ်လို ကုစေချင်တာလဲ"

"ကျွတ်..ခင်ဗျားက ထင်သလောက်လည်း မတော်ပါဘူး" ဇူအန် ပြောလိုက်သည်။

"နင်ငါ့ကို ဆွပေးဖို့ မလိုဘူး" မိန်လိ ပြန်ဖြေသည်။
"အခြေအနေက တကယ်လိုအပ်ရင် သူ့ကို ငါကုပေးလို့ရတယ်။ ဒါပေမဲ့ ငါ့အခြေအနေက အရမ်း အားနည်းနေတယ်။ မကောင်းဆိုးဝါးဝိညာဉ်တွေကြောင့် ငါ မနည်း ကုထားရတာ။ ငါနဲ့ ဘာမှမဆိုင်တဲ့ မိန်းမတစ်ယောက် အတွက် ဘာလို့ ငါ့ကိုယ်ငါ အနစ်နာခံရမှာလဲ။ ပြီးတော့ သူက သေလောက်တာလည်း မဟုတ်ဘူး။ သူလိုတာက ရှင်သန်နိုင်စွမ်း မြှင့်ပေးတဲ့ ဆေးလေးနည်းနည်းစားလိုက်ရုံပဲ။ ဒါပြီးရင် ချက်ချင်း ပြန်ကောင်းလာမှာ"

ဇူအန်လည်း စိတ်ပူလွန်းပြီး မျက်စိမှောက်သွားကြောင်း သိလိုက်သည်။ သို့သော် အပြောကတော့ မလျှော့ပေ။
"ခင်ဗျားရဲ့ ဆေးပညာက သိပ်မကောင်းဘူးလို့ ကျုပ်ကတော့ ထင်တာပဲ။ မဟုတ်ရင် ခင်ဗျား ဘယ်လိုလုပ် လွယ်လွယ် အဆိပ်မိသွားရတာလဲ"

ဒီတစ်ကြိမ်တော့ မိန်လိ ဒေါသထွက်သွားသည်။
"မိုက်မဲတဲ့ ကောင်စုတ်။ မင်းဘာသိလို့လဲ။ ရှန်းအမျိုးသမီးရဲ့ မျက်ရည်နီက သေမျိုးလောကမှာ ရှိသင့်တဲ့ အရာမဟုတ်ဘူး။ အဲ့တာက မြေအင်မော်တယ်ကိုတောင် သတ်နိုင်တဲ့ အဆိပ်လေ။ ငါ့ရဲ့ မှော်အစီအရင်နဲ့ ဆေးပညာကျွမ်းကျင်မှုကြောင့် ခန္ဓာကိုယ်ထဲက ဝိညာဉ်အမြန်ဆွဲမထုတ်လိုက်ရင် ငါသေတာကြာပြီ"

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၅၁၂ ရယူလိုက်သည်။

ဇူအန် အံ့အားသင့်သွားသည်။  အဆိပ်ဒီလောက်ပြင်းမည်ဟု မထင်ထားပေ။ ကျန်းဟန် နောက်ဆုံးအစက်ကို သုံးလိုက်တာ နှမြောစရာပင်။ မဟုတ်ပါက ထိုအဆိပ်ဖြင့် ကြိုက်တဲ့လူကို အသေသတ်နိုင်ပေလိမ့်မည်။

ဇူအန်ကို တက်ပြောနေလျှင် နှလုံးရောဂါရနိုင်သည်ဟု တွေးလိုက်ပြီး မိန်လိ သူ့ကို လျစ်လျူရှူလိုက်သည်။ ထို့နောက် ဖုတ်ကောင်တပ်သားများဘက် လှည့်၍
"မင်းတို့ ပင်ပန်းသွားပြီ။ မင်းတို့သာ အချိန်ဆွဲဖို့ အားကုန်မတိုက်ခိုက်ပေးရင် ငါတို့ အဲ့ဒီမကောင်းဆိုးဝါးဝိညာဉ်တွေကို ချေမှုန်းနိုင်မှာ မဟုတ်ဘူး"

တပ်သားများက ထိုစကားများကြားသော် စိတ်လှုပ်ရှားသွားကြသည်။ သူတို့ ဒီမြေအောက်လှိုဏ်ဂူကို နှစ်တစ်ထောင်ကျော် စောင့်ကြပ်လာပြီး အခုချိန်မှ သူတို့ကြိုးစားမှုကို အသိအမှတ်ပြုခံရခြင်းပင်။ ဒါဟာ သူတို့အတွက်တော့ အလွန်အင်မတန် ဂုဏ်ယူစရာဖြစ်လေသည်။

"အခု ကျန်းဟန်သေသွားပြီ။ ချင်ပြည်ကလည်း ကျဆုံးသွားတော့ မင်းတို့အခုကစပြီး ငါ့ကိုပဲ ခစားကြတော့" မိန်လိ အလောင်းကောင်တပ်များကို အထက်စီးဆန်ဆန် ကြည့်၍ အမိန့်ပေးလိုက်သည်။

တပ်သားများက တစ်ယောက်ကိုတစ်ယောက် တွေဝေစွာကြည့်လိုက်ပြီး အမြန်ဒူးထောက်ကာ အလေးပြုလိုက်သည်။ ဒါက ချင်ပြည်တွင် ခစားမှု၏ ပြယုဂ်ပင်ဖြစ်သည်။

ဇူအန် ထိုအရာကိုမြင်သော် ဝမ်းသာသွားသည်။
ဒီတပ်ဖွဲ့နဲ့ ငါလုပ်ချင်တာလုပ်လို့ ရသွားပြီလား။ ငါ့ကိုဆန့်ကျင်တဲ့လူမှန်သမျှဆီ ဒီတပ်သားတွေ မိန်လိကို ပို့ခိုင်းလိုက်မယ်။ အား..ကြည့်ရတာ ငါက ကပ်စားဖို့ မွေးလာသလိုပဲ။
သူအတွေးမြောနေစဉ် မမျှော်လင့်သော အခြေအနေတစ်ခု ဖြစ်သွားသည်။ မိန်လိမျက်လုံးတွင် လူသတ်ငွေ့တစ်ချို့ ဖြတ်သွားပြီး ထိုက်ဝူဓားက တပ်သားများထံ ကျယ်ပြန့်သော အဟုန်ဖြင့် ပိုင်းဖြတ်လိုက်သည်။

သတိလက်လွတ်ဖြစ်နေသော တပ်သားအားလုံး တစ်ဝက်မှ အပိုင်းခံလိုက်ရသည်။

----- ----- ---------------------------- - - - - - - - - ------- -----

Chapter 205: ဦးႏွောက္ပ်က္တာက ကုဖို႔ခက္တယ္

မိန္လိ ေျပာစရာမရွိေတာ့ေပ။
ဒီေကာင့္ ဦးႏွောက္က ပုံမွန္မဟုတ္ဘူး။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၂၅၀ ရယူလိုက္သည္။

"မင္းကေတာ့..." မိန္လိ အံႀကိတ္လိုက္သည္။ သို႔ေသာ္ သူမေပါက္ကြဲနိုင္ခင္ ဇူအန္ လက္ကာ၍ တားလိုက္ေလသည္။

"ခဏေလးေနပါဦး"

"ဘာလဲ" ဇူအန္ ဘာေျပာခ်င္ေနမွန္းမသိ၍ မိန္လိ ေမးလိုက္သည္။

ဇူအန္ သူ႕ကီးဘုတ္ကို ဆင့္ေခၚကာ ေနာက္တစ္ႀကိမ္ ကံစမ္းလိုက္ျပန္သည္။
ဇူအန္ အရင္တစ္ေခါက္က အမ်က္ပြိုင့္ ၃ေသာင္းေက်ာ္ ဆုံးရႈံးလိုက္ရ၍ ေနာက္တစ္ႀကိမ္ ထိုသို႔ အမွားမခံနိုင္ေပ။ ထို႔ေၾကာင့္ ရလာေသာအမ်က္ပြိုင့္ကို ခ်က္ခ်င္းသုံးရန္ ဆုံးျဖတ္လိုက္သည္။
အရင္က ၈၄ခု က်န္ခဲ့၍ ဒီတစ္ခါ မိန္လိ ထံမွ အမ်က္ပြိုင့္ ၂၅၀ ႏွင့္ေပါင္းကာ စုစုေပါင္း ၃၃၄ ပြိုင့္ ရွိသြားသည္။ ထို႔ေၾကာင့္ ၃ႀကိမ္ ကံစမ္းနိုင္ေလသည္။
ဒီတစ္ခါေတာ့ ဇူအန္ အျမတ္ရလိုက္သည္ဟု ခံစားမိေလသည္။

သူထင္ထားသလို ဘာမွမရလိုက္ေပ။ သို႔ေသာ္ ခံစားခ်က္ကေတာ့ ကြာျခားသြားသည္။ ေနာက္ဆုံး ပိေနေသာ ဝန္ထုတ္ႀကီးပစ္ခ်လိဳက္ရသလို ေပါ့ပါးေနသည္။
ေနာက္ဆို ငါေတာ္႐ုံ လြယ္လြယ္နဲ႕ က်ိန္လို႔မရေတာဘူး။ ကံၾကမၼာဆိုတာ ယိလိုပဲ။

"ေကာင္းၿပီေလ။ ရၿပီ။ မမႀကီး ေစာေစာက ဘာေျပာေနတာလဲ" ဇူအန္ စိတ္ေပ်ာ္ေန၍ ၿပဳံးပင္ၿပဳံးမိေနေသးသည္။

"ငါ ေျပာခ်င္တာက..." မိန္လိ ေျပာေနရင္းလမ္းတစ္ဝက္တြင္ ေတာင့္ခဲသြားသည္။
ဟမ္..ငါခုနက ဘာေျပာမလို႔ပါလိမ့္။ ၾကားျဖတ္ခံလိုက္ရေသာေၾကာင့္ ျပတ္ေတာက္သြားရျခင္းပင္။

အခ်ိန္အၾကာႀကီးေနမွ သူမ ဘာေျပာမလို႔လဲ သတိျပန္ရသည္။
"ဟမ့္ငါဘာလို႔ မင္းနဲ႕ ေသျခင္းရွင္ျခင္းစာခ်ဳပ္ ခ်ဳပ္ရလဲ မင္းက တစ္ျခားလူေတြထက္ ပိုသိတာပဲ။ ေတြးလိုက္ရင္ ငါစိတ္တိုရတယ္။ ေနာက္တစ္ခါ ဒီကိစၥကို အစျပန္ေဖာ္ၿပီး ငါ့ေရွ႕ေျပာရင္ မင္းကို ငါလြယ္လြယ္အလြတ္ေပးမွာ မဟုတ္ဘူး"

မိန္လိ သူ႕ၿခိမ္းေျခာက္မႈက မသက္ေရာက္ဘူးလားေတြးမိၿပီး ေခတၱရပ္လိုက္ေသးသည္။ ထို႔ေနာက္ ဆက္ျဖည့္ေျပာလိုက္သည္။
"ငါ မင္းကို မသတ္နိုင္ေပမဲ့ မင္းေျခလက္ေတြကိုေတာ့ အသာေလး ျဖတ္လိုက္နိုင္တယ္။ မင္းက ဘာပဲေျပာေျပာ က်င့္ႀကံမႈအဆင့္တက္ဖို႔ အရိုက္ခံဖို႔ လိုေနတာပဲ။ ငါက မင္းကိုေတာင္ ကူညီရာေရာက္ေသးတယ္။ ဟမ္း..ေတြးၾကည့္မွ တကယ္ တစ္ေခါက္ေလာက္ စမ္းၾကည့္ခ်င္လာတယ္"

မိန္လိမ်က္လုံးမ်ား သူ႕ေျခေထာက္ထံ ေရာက္လာေသာေၾကာင့္ ဇူအန္ ေၾကာက္လန့္သြားရၿပီး အျမန္ျပန္ေျဖသည္။
"အဲ့..အဲ့တာ စမ္းၾကည့္ဖို႔ မလိုပါဘူး။ က်ဳပ္ ခင္ဗ်ားစကားကို ယုံတယ္။ တကယ္ယုံပါတယ္။ အာ ဟုတ္သားပဲ။ က်ဳပ္ေမးခြန္းတစ္ခုရွိေနေသးတာ။ ယင္က်န္းက ခင္ဗ်ားကို သတ္နိုင္မယ့္နည္းသိရင္ ဘာလို႔ အဲ့တုန္းက တစ္ခါတည္း မသန့္စင္ခဲ့ပဲ ခ်ိတ္ပိတ္ထားရတာလဲ".

"အဲ့ဒီ ကမၻာဦးမူလက်င့္စဥ္ရဲ႕ သန့္စင္စြမ္းရည္က ဝိညာဥ္ေတြအတြက္ပဲ အလုပ္ျဖစ္တာ။ ငါက ခႏၶာကိုယ္ရဲ႕ အကာအကြယ္ရွိေတာ့ ဘယ္လိုလုပ္ အဲ့တာကို ေၾကာက္မွာလဲ"

"ဒါေပမဲ့ သူခင္ဗ်ားကိုသတ္ၿပီး ဝိညာဥ္ကို သန့္စင္လိုက္လို႔ရတာပဲ မဟုတ္ဘူးလား။ က်ဳပ္ပြင့္ပြင့္လင္းလင္းေျပာတာကို စိတ္မရွိနဲ႕။ ခင္ဗ်ားက ယင္က်န္းထက္ ပိုအားနည္းတယ္မလား။ ခင္ဗ်ားကိုသတ္ဖို႔ သူ႕မွာ တစ္နည္းနည္းေတာ့ ရွိမွာပဲ ဟုတ္တယ္မလား"

မိန္လိ တစ္ခ်ိန္လုံး ဒီကိစၥကို ေသခ်ာမေျပာေပ။ သို႔ေသာ္ အခု ဇူအန္ႏွင့္သူက ခ်ည္ႏွောင္ထား၍လားမသိ။ ေသခ်ာေျပာျပရန္ ဆုံးျဖတ္လိုက္သည္။
"သူက ေခါင္းမာတဲ့ လူတစ္ေယာက္။ သူက ငါ့ကို အရႈံးေပးေစခ်င္တာ။ ဘယ္လိုလုပ္ အဲ့တာက ျဖစ္နိုင္မွာလဲ။ ေျပာရရင္ ငါတို႔ရဲ႕ စုံတြဲသံေယာဇဥ္ေၾကာင့္ ငါ့ကို ညွာလိုက္တာေတာ့ အမွန္ပဲ။ ငါတို႔ တိုက္ပြဲအၿပီး မၾကာခင္ ယင္က်န္းေသသြားလို႔ ငါက စည္းထဲမွာ ခ်ိတ္ပိတ္ၿပီး က်န္ရစ္ခဲ့တာ"

အတိတ္ကို ျပန္ေျပာင္းသတိရေနသလို ထိုစကားမ်ားေျပာရာတြင္ မိန္လိ၏ ထူးဆန္းေသာ  မ်က္ႏွာထားကို ဇူအန္ သတိထားမိလိုက္သည္။ သူကို တစ္ခုခု ဖုံးကြယ္ထားသလို ဇူအန္ ခံစားလိုက္ရသည္။
ဒီထက္ပိုေမးလည္း မိန္လိ မသိေစခ်င္ေသာအေၾကာင္းကို ထုတ္ေျပာမည္မဟုတ္ေသာေၾကာင့္ ဇူအန္ အခုေတာ့ ေဘးဖယ္လိုက္ကာ ေနာင္တစ္ခ်ိန္ ရင္းႏွီးသြားမွ ထပ္ေမးရန္ ဆုံးျဖတ္လိုက္သည္။

"က်န္းဟန္က ရွန္းယြီနဲ႕ ေပါင္းၿပီး ဝိညာဥ္ႏွစ္သိန္းကို ခ်ိတ္ပိတ္ခဲ့တာလို႔ ခင္ဗ်ားေျပာတယ္ေနာ္။ ရွန္းယြီ ဒီသခၤ်ိဳင္းကိုေရာက္လာမွေတာ့ သူေတာ္ဝင္မိသားစုကို ဒီေလာက္မုန္းတာ ခင္ဗ်ားကိုဘာလို႔ အလြတ္ေပးလိုက္တာလဲ"

"မင္းကတကယ္ပဲ ရွန္းယြီအေၾကာင္း ေကာင္းေကာင္းသိတာပဲ" မိန္လိ အံ့ၾသသြားသည္။
"အမွန္ပဲ ရွန္းယြီက ခ်င္ျပည္ကို အရမ္းမုန္းတယ္။ သူက လက္နက္ခ်တဲ့ ခ်င္စစ္သားေတြကို သတ္ၿပီး နန္းေတာ္ကိုမီးရွို႔၊ ၿမိဳ႕ေတာ္တစ္ခုလုံးကို သူႀကိဳက္သလို ဖ်က္စီးခဲ့တာ။ က်န္းဟန္ဆီက ငါ့အေၾကာင္းကိုၾကားေတာ့ ငါ့ကိုလည္း ႀကံစည္ခ်င္ေသးတာ"

မိန္လိစကားထဲတြင္ ေဒါသတစ္ခ်ိဳ႕ပါေနေသးသည္။
"ငါ့အလွကို သူၾကားဖူးထားၿပီး ခ်င္ဧကရီျဖစ္တဲ့ ငါ့အဆင့္အတန္းကလည္း သူ႕ကို သိမ္းပိုက္ခ်င္စိတ္ျဖစ္ေစတယ္။ ငါ့အေပၚ ယုတ္ညံ့တဲ့အေတြးေတြ ျဖစ္လာတယ္။ သူက ငါ့ကိုသေဘာက်ေၾကာင္း ေျမေအာက္လွိုက္ဂူထဲမွာ ေျပာၿပီး ေနာက္ဆုံး ရမၼက္ႀကီးၿပီး စည္းကိုဖ်က္ဖို႔ ႀကိဳးစားေသးတယ္"

ဇူအန္ လန့္သြားသည္။
"ရွန္းယြီ ခြန္အားအရ ဒီဝိညာဥ္ခ်ဳပ္စည္းကေတာင္ သူ႕ကို တားနိုင္မွာ မဟုတ္ဘူးမဟုတ္လား"
သူ႕အရင္ဘဝတြင္ ရွန္းယြီက အားေကာင္းေသာ သိုင္းပညာေၾကာင့္ နာမည္ႀကီးေသာ စစ္သူႀကီးပင္။ သဘာဝလြန္စြမ္းအင္မ်ားရွိေသာေလာကတြင္ ရွန္းယြီက အလြန္ခြန္အားႀကီးေသာ က်င့္ႀကံသူ ျဖစ္ရမည္။

"မင္းအဲ့တာေတာ့ မွားသြားၿပီ။ ရွန္းယြီက တကယ္ကို အားေကာင္းတဲ့လူဆိုတာ အမွန္ပဲ။ လူစည္းနဲ႕ ေျမစည္းက သူ႕ကို မတားနိုင္ဘူး။ သူက စမ္းသပ္ခ်က္ကို မင္းထက္ေတာင္ ျမန္ျမန္ ေက်ာ္ျဖတ္နိုင္ေသးတယ္" မိန္လိ ေျပာလိုက္သည္။

ဇူအန္ ေခါင္းကုတ္လိုက္မိသည္။
ေျပာခ်င္တာက နာမည္ႀကီး သမိုင္းဝင္ပုဂၢိုလ္တစ္ေယာက္ကို ရႈံးတာ ဘာမွမျဖစ္ဘူးေလ။ ဟုတ္တယ္မလား။

"ဒါေပမဲ့ သူေကာင္းကင္စည္းကို မေက်ာ္နိုင္ဘူး။ သူဘယ္ေလာက္အင္အားႀကီးႀကီး ေကာင္းကင္ရဲ႕ အလိုဆႏၵကိုေတာ့ လြန္ဆန္နိုင္မွာ မဟုတ္ဘူးေလ။ အဲ့တာအျပင္ သူအျပင္ဘက္မွာလည္း ျပႆနာတစ္ခ်ိဳ႕ႀကဳံသြားပုံပဲ။ ဒီသခၤ်ိဳင္းကို တစ္ခါမွ ျပန္မလာေတာ့ဘူး။ အဲ့ေတာေၾကာင့္ ေကာင္းကင္စည္းက အႏၱရာယ္ေတြနဲ႕ျပည့္ေနတယ္လို႔ ငါထင္လိုက္တာ။ ရွန္းယြီလို အင္းအားႀကီးတဲ့လူေတာင္ မေက်ာ္ျဖတ္နိုင္ရင္ မင္းလို အဆင့္ ၃က်င့္ႀကံသူတစ္ေယာက္ကို ငါက ေမွ်ာ္လင့္ခ်က္ မထားနိုင္ဘူးေလ။ ဒါေတာင္ သူက်ရႈံးသြားတဲ့ကိစၥကို မင္းက အနိုင္ရလိုက္ေသးတယ္။ ဒါက ေကာင္းကင္ရဲ႕ဆႏၵလည္း ျဖစ္နိုင္တာပဲ"
မိန္လိ ေတာင့္ေတာင့္တတျဖင့္ အသာရယ္လိုက္သည္။

သို႔ေသာ္ စည္းထဲမွ လြတ္ၿပီးမၾကာခင္ ေနာက္ထပ္ႀကိဳးတစ္ခုျဖင့္ အခ်ည္ႏွောင္ခံလိုက္ရေၾကာင္း သတိရသြားၿပီး မ်က္ႏွာထား တင္းလာသည္။

"ၾကည့္ရတာ က်ဳပ္က ေကာင္းကင္က ေ႐ြးလိုက္တဲ့လူပဲ" ဇူအန္ ေျမာက္ႂကြႂကြ ျပန္ေျဖသည္။

သူ႕ေလသံက မိန္လိကို ပိုမေက်မနပ္ျဖစ္ေစသည္။
"ဟမ့္ ရွန္းယြီ စည္းကိုဖ်က္စီဖို႔ႀကိဳးစားတုန္းက ထိုက္ဝူဓားဒဏ္ရာအျပင္းအထန္ရသြားလို႔သာ မဟုတ္ရင္ မင္းဒီထက္ အဆမ်ားစြာ ပိုခက္ခဲေနမွာ"

ဇူအန္ အေရးမလုပ္ေပ။
"က်ဳပ္အတြက္ အႏၱရာယ္ေတြအမ်ားႀကီးထဲက အကုန္လုံးအဆင္ေျပသြားတာကိုၾကည့္ရင္ ကံတရားဘယ္ေလာက္ အေရးပါလဲ သိသာတာပဲမလား။ ရွန္းယြီလို အင္အားေကာင္းက်င့္ႀကံသူတစ္ေယာက္ မလုပ္နိုင္တဲ့အရာကို က်ဳပ္လို အဆင့္၃သာသာက လုပ္လိုက္နိုင္တာ စိတ္ဝင္စားစရာ မေကာင္းဘူးလား"

မိန္လိ ထိုစကားမ်ားၾကားေသာ္ အံ့ၾသသြားသည္။ တိုးတိုးေရ႐ြတ္လိုက္မိသည္။
"ကံတရား..ဟမ့္.."
အခ်ိန္အေတာ္ၾကာမွ အာ႐ုံျပန္ကပ္သည္။
"မင္းက ငါ့ကို အၾကာႀကီးေမးေနတာ။ အခုငါမင္းကို ျပန္ေမးရမယ့္ အခ်ိန္ေရာက္ၿပီ"

"မမႀကီး ႀကိဳက္တာသာေမး။ က်ဳပ္အကုန္လုံးကို ေသခ်ာေျဖေပးမယ္" ဇူအန္ စိတ္အားထက္သန္စြာ ေျပာေလသည္။

ဘာလိုလိုျဖင့္ ဇူအန္ ဆက္လိမ္ေတာ့မည္ဟု မိန္လိခံစားေနရသည္။
"မင္း ေကာင္းကင္ဖီးနစ္က်င့္စဥ္ကို ဘယ္ကရတာလဲ"

"ေကာင္းၿပီေလ။ က်ဳပ္အဲ့တာကို ထူးဆန္းတဲ့ အဖိုးႀကီးတစ္ေယာက္ဆီက ရလာတာ." မိန္လိနဲ႕ ေသျခင္းရွင္ျခင္းစာခ်ဳပ္ ခ်ဳပ္ထားေသာေၾကာင့္ ဖုန္းကြယ္စရာမရွိေပ။ ခ်ဴအိမ္ေတာ္ကိုျပန္ေရာက္သည္ႏွင့္ သိသြားမည့္ကိစၥပင္။
ၿပီးေတာ့ ေလာင္မိုင္က တစ္ခ်ိန္လုံး ေက်ာခ်မ္းစရာ ခံစားခ်က္မ်ိဳးေပးေန၍ မိန္လိႏွင့္ တိုင္ပင္တာ ေကာင္းေပလိမ့္မည္။

မိန္လိ မ်က္ေမွာင္ႀကဳံ႕၍
"မင္းအေဖလား အဖိုးလား"

"..." ဇူအန္
ငါဘာလို႔ အဆဲခံရသလို ခံစားမိလိုက္တာပါလိမ့္..
"ဘာမွ မေတာ္ဘူး"

"သူက မင္းနဲ႕ မပတ္သက္ရင္ ဒီေလာက္ေကာင္းတဲ့ က်င့္စဥ္ မင္းကို ဘာလို႔ေပးမွာလဲ။ သူတစ္ခုခုႀကံေနတာ သိသာေနတာပဲ" မိန္လိ သေရာ္လိုက္သည္။

ဇူအန္လည္း အေတြးတူေလသည္။ သို႔ေသာ္ ေလာင္မိုင္ ဘာကိုလိုခ်င္မွန္း သူလုံးဝ မေတြးနိုင္ေပ။

"အဲ့တာ က်ဳပ္ရဲ႕ ႐ုပ္ရည္လား။ ခင္ဗ်ားသိတာပဲ။ က်ဳပ္က ေကာင္းကင္က ေ႐ြးခ်ယ္ထားတဲ့ ဇာတ္လိုက္လို႔ ကိုယ့္ကိုကိုယ္ ထင္ထားတာဗ်။ အားေကာင္းတဲ့ သိုင္းပညာရွင္ေတြ က်ဳပ္ကို အေမြေပးခ်င္တာ ပုံမွန္ပဲလို႔ ေတြးထားတာ"

"..."မိန္လိ

ဇူအန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ ေမးလိုက္သည္။
"ဒါနဲ႕ မင္း စိတ္ေရာမွန္ရဲ႕လား"

""ဇူအန္
ခင္ဗ်ားကမွ စိတ္ေဖာက္ျပန္ေနတာ။ ခင္ဗ်ားတစ္မိသားစုလုံးကမွ စိတ္ေဖာက္ျပန္ေနတာ။

"မင္းစိတ္မမွန္ရင္ ငါ့ကို ခ်က္ခ်င္းေျပာသင့္တယ္ေနာ္။ ငါက ေမွာ္အစီအရင္ပညာရွင္ဆိုေပမဲ့ ေဆးပညာလည္း တတ္ေသးတယ္။ မင္းေရာဂါသိပ္မကြၽမ္းေသးခင္ ငါကုရင္ ကုနိုင္မွာ။ စိတ္ေရာဂါေဝဒနာရွင္ေတြက ကုရတာအခက္ဆုံးလို႔ ေဆးေလာကမွာ သိၾကတယ္"

"..."ဇူအန္

သို႔ေသာ္ ဇူအန္ တစ္ခု သတိထားလိုက္မိသည္။
"ေနပါဦး ခင္ဗ်ားက နတ္ေဆးဆရာလား"

"ဒါေပါ့ " မိန္လိ ဂုဏ္ယူစြာ ျပန္ေျဖသည္။
"အရင္တုန္းက ခ်င္ျပည္ကအလယ္ပိုင္းလြင္ျပင္တစ္ခုလုံးကိုအုပ္စိုးၿပီး နိုင္ငံတိုင္းက တန္ဖိုးႀကီးစာအုပ္ေတြအားလုံး နန္းေတာ္ကို သယ္ယူလာတာ။ ငါ့မွာ အခ်ိန္ရွိတဲ့အခါတိုင္း အဲ့ဒီစာအုပ္ေတြ ဖတ္ေလ့ရွိတယ္။ ေနာက္ဆုံး ေမွာ္အစီအရင္နဲ႕ ေဆးပညာကို တတ္ကြၽမ္းၿပီး ငါလမ္းတစ္ခု ေဖာက္နိုင္ခဲ့တာ။ ငါက ေဆးပညာမွာ အေတာ္ေလး ေကာင္းေသးတယ္လို႔ မင္းေျပာလို႔ရတယ္"

မိန္လိက အေတာ္ေလးေကာင္း႐ုံသာဟု ေျပာေသာ္လည္း မ်က္ႏွာထားက ငါ့ကို ခ်ီးက်ဴးၿပီး ကိုးကြယ္လိုက္ဟု ဂုဏ္ယူေနသလိုပင္။
"ခင္ဗ်ားက ေဆးဆရာဆိုမွေတာ့ စနိုးကို ျမန္ျမန္ကုလိုက္ေလ" ဇူအန္ အေပ်ာ္လြန္သြားသည္။ မိန္လိ က သူထင္တာထက္ တန္ဖိုးရွိေနေသးသည္။

မိန္လိမ်က္ႏွာ ခ်က္ခ်င္း ေအးစက္သြားသည္။
"ငါ့ကိုယ္ေပၚမွာ ဘာေဆး႐ြက္ ေဆးလုံးမွ မရွိတာ။ မင္းက ငါ့ကို ဘယ္လို ကုေစခ်င္တာလဲ"

"ကြၽတ္..ခင္ဗ်ားက ထင္သေလာက္လည္း မေတာ္ပါဘူး" ဇူအန္ ေျပာလိုက္သည္။

"နင္ငါ့ကို ဆြေပးဖို႔ မလိုဘူး" မိန္လိ ျပန္ေျဖသည္။
"အေျခအေနက တကယ္လိုအပ္ရင္ သူ႕ကို ငါကုေပးလို႔ရတယ္။ ဒါေပမဲ့ ငါ့အေျခအေနက အရမ္း အားနည္းေနတယ္။ မေကာင္းဆိုးဝါးဝိညာဥ္ေတြေၾကာင့္ ငါ မနည္း ကုထားရတာ။ ငါနဲ႕ ဘာမွမဆိုင္တဲ့ မိန္းမတစ္ေယာက္ အတြက္ ဘာလို႔ ငါ့ကိုယ္ငါ အနစ္နာခံရမွာလဲ။ ၿပီးေတာ့ သူက ေသေလာက္တာလည္း မဟုတ္ဘူး။ သူလိုတာက ရွင္သန္နိုင္စြမ္း ျမႇင့္ေပးတဲ့ ေဆးေလးနည္းနည္းစားလိုက္႐ုံပဲ။ ဒါၿပီးရင္ ခ်က္ခ်င္း ျပန္ေကာင္းလာမွာ"

ဇူအန္လည္း စိတ္ပူလြန္းၿပီး မ်က္စိေမွာက္သြားေၾကာင္း သိလိုက္သည္။ သို႔ေသာ္ အေျပာကေတာ့ မေလွ်ာ့ေပ။
"ခင္ဗ်ားရဲ႕ ေဆးပညာက သိပ္မေကာင္းဘူးလို႔ က်ဳပ္ကေတာ့ ထင္တာပဲ။ မဟုတ္ရင္ ခင္ဗ်ား ဘယ္လိုလုပ္ လြယ္လြယ္ အဆိပ္မိသြားရတာလဲ"

ဒီတစ္ႀကိမ္ေတာ့ မိန္လိ ေဒါသထြက္သြားသည္။
"မိုက္မဲတဲ့ ေကာင္စုတ္။ မင္းဘာသိလို႔လဲ။ ရွန္းအမ်ိဳးသမီးရဲ႕ မ်က္ရည္နီက ေသမ်ိဳးေလာကမွာ ရွိသင့္တဲ့ အရာမဟုတ္ဘူး။ အဲ့တာက ေျမအင္ေမာ္တယ္ကိုေတာင္ သတ္နိုင္တဲ့ အဆိပ္ေလ။ ငါ့ရဲ႕ ေမွာ္အစီအရင္နဲ႕ ေဆးပညာကြၽမ္းက်င္မႈေၾကာင့္ ခႏၶာကိုယ္ထဲက ဝိညာဥ္အျမန္ဆြဲမထုတ္လိုက္ရင္ ငါေသတာၾကာၿပီ"

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၅၁၂ ရယူလိုက္သည္။

ဇူအန္ အံ့အားသင့္သြားသည္။  အဆိပ္ဒီေလာက္ျပင္းမည္ဟု မထင္ထားေပ။ က်န္းဟန္ ေနာက္ဆုံးအစက္ကို သုံးလိုက္တာ ႏွေျမာစရာပင္။ မဟုတ္ပါက ထိုအဆိပ္ျဖင့္ ႀကိဳက္တဲ့လူကို အေသသတ္နိုင္ေပလိမ့္မည္။

ဇူအန္ကို တက္ေျပာေနလွ်င္ ႏွလုံးေရာဂါရနိုင္သည္ဟု ေတြးလိုက္ၿပီး မိန္လိ သူ႕ကို လ်စ္လ်ဴရႉလိုက္သည္။ ထို႔ေနာက္ ဖုတ္ေကာင္တပ္သားမ်ားဘက္ လွည့္၍
"မင္းတို႔ ပင္ပန္းသြားၿပီ။ မင္းတို႔သာ အခ်ိန္ဆြဲဖို႔ အားကုန္မတိုက္ခိုက္ေပးရင္ ငါတို႔ အဲ့ဒီမေကာင္းဆိုးဝါးဝိညာဥ္ေတြကို ေခ်မႈန္းနိုင္မွာ မဟုတ္ဘူး"

တပ္သားမ်ားက ထိုစကားမ်ားၾကားေသာ္ စိတ္လႈပ္ရွားသြားၾကသည္။ သူတို႔ ဒီေျမေအာက္လွိုဏ္ဂူကို ႏွစ္တစ္ေထာင္ေက်ာ္ ေစာင့္ၾကပ္လာၿပီး အခုခ်ိန္မွ သူတို႔ႀကိဳးစားမႈကို အသိအမွတ္ျပဳခံရျခင္းပင္။ ဒါဟာ သူတို႔အတြက္ေတာ့ အလြန္အင္မတန္ ဂုဏ္ယူစရာျဖစ္ေလသည္။

"အခု က်န္းဟန္ေသသြားၿပီ။ ခ်င္ျပည္ကလည္း က်ဆဳံးသြားေတာ့ မင္းတို႔အခုကစၿပီး ငါ့ကိုပဲ ခစားၾကေတာ့" မိန္လိ အေလာင္းေကာင္တပ္မ်ားကို အထက္စီးဆန္ဆန္ ၾကည့္၍ အမိန့္ေပးလိုက္သည္။

တပ္သားမ်ားက တစ္ေယာက္ကိုတစ္ေယာက္ ေတြေဝစြာၾကည့္လိုက္ၿပီး အျမန္ဒူးေထာက္ကာ အေလးျပဳလိုက္သည္။ ဒါက ခ်င္ျပည္တြင္ ခစားမႈ၏ ျပယုဂ္ပင္ျဖစ္သည္။

ဇူအန္ ထိုအရာကိုျမင္ေသာ္ ဝမ္းသာသြားသည္။
ဒီတပ္ဖြဲ႕နဲ႕ ငါလုပ္ခ်င္တာလုပ္လို႔ ရသြားၿပီလား။ ငါ့ကိုဆန့္က်င္တဲ့လူမွန္သမွ်ဆီ ဒီတပ္သားေတြ မိန္လိကို ပို႔ခိုင္းလိုက္မယ္။ အား..ၾကည့္ရတာ ငါက ကပ္စားဖို႔ ေမြးလာသလိုပဲ။
သူအေတြးေျမာေနစဥ္ မေမွ်ာ္လင့္ေသာ အေျခအေနတစ္ခု ျဖစ္သြားသည္။ မိန္လိမ်က္လုံးတြင္ လူသတ္ေငြ႕တစ္ခ်ိဳ႕ ျဖတ္သြားၿပီး ထိုက္ဝူဓားက တပ္သားမ်ားထံ က်ယ္ျပန့္ေသာ အဟုန္ျဖင့္ ပိုင္းျဖတ္လိုက္သည္။

သတိလက္လြတ္ျဖစ္ေနေသာ တပ္သားအားလုံး တစ္ဝက္မွ အပိုင္းခံလိုက္ရသည္။

----- ----- ---------------------------- - - - - - - - - ------- -----

Continue Reading

You'll Also Like

31.1K 2.8K 32
" បងកាន់តែចង់អោយខ្ញុំចេញ ខ្ញុំកាន់តែចង់ចូល!! ខ្ញុំមិនស្តាយក្រោយទេដែលស្រឡាញ់បង!! "
512K 59.4K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
221K 32.5K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
1.1M 113K 61
BL