Billet - Doux [ RenMark ]

Da NiNE_ZEN

1.6K 189 150

Mark×Renjun Bad Boy and Bad Boy's Boyfriend ! [Just a fictional 🪡 please enjoy] 20.Jan.2022 Altro

One
Two
Three
Four
Six
Seven
Eight
Nine

Five

154 22 17
Da NiNE_ZEN




Dinning room တွင်ထိုင်နေသော သူဌေးကြီးဖြစ်သူတစ်ဖန် တရုတ်ပြည်၌ကြေးစားဂိုဏ်းခေါင်းဆောင် Huang DaHong ။

လဖက်ရည်ကိုခပ်အေးအေးသောက်နေရင်း သတင်းစာကိုစိတ်ရှည်လိုက်ရှည်ထိုင်ဖတ်နေသည် ။

အသက် ၅၀ ကျော်နေပြီဖြစ်သော်လည်း နုပျိုသောရုပ်ရည်နှင့် အသွင်အပြင်တို့က ယခုအချိန်ထိလန်းဆန်းနေဆဲ ။

"သားကြီးမဆင်းလာသေးဘူးလား?"

အိမ်ထိန်းဦးလေးကြီးမှာ သူဌေးကြီး၏အနားတိုးကာ ခါးကိုင်းလိုက်ရင်း

"အကိုလေးတို့နှစ်ယောက်လုံးညထဲကအိမ်ပြန်မရောက်သေးပါဘူး သခင်ကြီး"

"ညထဲကလား?"

"ဟုတ်ပါတယ်"

"အင်း..ဒါဆိုလဲပြီးရောလေ ကားပြင်ထားလိုက် ရုံးကိုသွားရမယ်"

"ဟုတ်ကဲ့ပါ သခင်ကြီး"

သူဌေးကြီး Huang အိမ်မှထွက်လာပြီး ကားပေါ်မတက်ခင် Xiao Zhan ရဲ့ကားဟာလဲ portic ရှေ့သို့ရောက်လာခဲ့သည် ။

ကားပေါ်ကနေ Xiao Zhan ဆင်းလာရင်းအဖေဖြစ်သူကိုအရိုအသေပြုကာ

"ပါပါး ရုံးသွားတော့မလို့လား?"

"အင်း...ညကအပြင်မှာအိပ်ကြတာလား?"

"ဟုတ်တယ် ပါး ရီရှင်းတို့အိမ်မှာအိပ်လိုက်ကြတာပါ"

"မင်းညီအတွက်အချိန်ကုန်သိပ်မခံနဲ့ XiaoZhan ပါး သွားအုံးမယ်"

သူ့ရဲ့ပုခုံးကိုပုတ်ကာ သူဌေးကြီး ထွက်လို့သွားသည် ။

Renjun ရဲ့အကြောင်းကိုသိရင် ပါပါး ရဲ့ဒေါသတွေဟာ သူစိမ်းအပေါ်ထွက်မည်မဟုတ်ပဲ သူ့ညီ Renjun ကသာခံရမှာမဟုတ်ပါလား...

တချို့အချိန်တွေမှာ လိမ်ညာတဲ့စကားဟာ အရာရောက်တယ်တဲ့..

•••••

LAST NIGHT TB

Renjun ကိုထိုနေရာမှခေါ်လာပြီးတော့ XiaoZhan သူ့သူငယ်ချင်းဖြစ်သူ ဒေါက်တာကျိုးချန်ဆီသို့သွားခဲ့သည် ။

ဟိုရောက်မှ Renjun တစ်ယောက် ဓားဒဏ်ရာရှိမှန်း ခေါင်းကွဲထားမှန်းသိရလေသည် ။

"XioaZhan ရေ နောက်ကျလို့တော့မင်းညီအသေပဲ"

"ကျေးဇူးပါကွာ"

"Renjun ကလဲလေ နဲနဲပါးပါးပြန်တီးလာပါလား အရင်က Huang Renjun ဘယ်ရောက်နေတာလဲမသိဘူး"

"အဲ့တာတွေထားစမ်းပါ အခုသက်သာမှာပါနော်"

"ဪ..အခုကုအခုသက်သာရအောင် ငါကနတ်ဆေးဆရာမှမဟုတ်တာကွ! ၂ , ၃ ရက်တော့နားရမှာပေါ့"

"အေးပါ အဲ့လိုဆိုလဲပြီးရော"

ဒေါက်တာကျိုးချန်ဆီကပြန်ခဲ့တာနဲ့ Renjun အား XiaoZhan သူဝယ်ထားသောတိုက်ခန်းသို့သာခေါ်ခဲ့လိုက်သည် ။

"Ren de ဒီမှာ ၂ ရက်လောက်လောလောဆယ်နေအုံး ပြီးမှအိမ်ပြန်လာပေါ့"

"ဟုတ်ကဲ့ ကိုကြီး ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်မနေနဲ့! ပါပါးသိရင်မင်းပဲသေလိမ့်မယ် သူ့လက်စ ကပျော့သေးတာမဟုတ်ဘူး"

"သိပါတယ် ကျွန်တော်ကလဲအသုံးမှမကျတာလေ"

"စိတ်ထဲမထားစမ်းပါနဲ့ကွာ! ငါကြည့်ကျက်လိမ်ပေးထားတယ် ပါပါးမေးရင် ရီရှင်းတို့အိမ်မှာရောက်နေတယ်ပဲပြောနော်!"

"ပါးလားကျွန်တော့်ကိုစိတ်ဝင်စားမှာ သူကစည်းပွားရေးရယ် သူ့လူတွေရယ် ကိုကြီးရယ်.."

"တော်တော့!"

မှန်နေသော်လည်း ခါးသက်တဲ့အဓိပ္ပာယ်ဖြစ်သွားတာကြောင့် XiaoZhan , Renjun ရဲ့စကားတွေကိုပိတ်ပင်လိုက်သည် ။

"တောင်းပန်ပါတယ် ကျွန်တော်မရည်ရွယ်ပါဘူး"

"နားလိုက်တော့! မနက်ဖြန်ဆို ကျောင်းပြန်တက်ရမယ် ren de"

"ဟုတ်ကဲ့..မဟုတ်လဲတက်ချင်နေတာ တစ်ယောက်သောသူကိုတော်တော်သတိရနေပြီ"

ရင်ဘတ်ကိုဖိကာပြောတော့ မနိုင်ဘူးဆိုသည်အကြည်နဲ့ XiaoZhan ရယ်ကာပြုရင်းထွက်သွားသည် ။

•••••••••

PRRSENT DAY

ကျောင်းဝန်းအတွင်းရှိတဲ့ အဆောင်တစ်ခုရှေ့ Jeno နဲ့ Jaemin နှစ်ယောက်သားစကားရပ်ပြောနေကြသည် ။ တခြားတော့မဟုတ် သူတို့ရဲ့သူငယ်ချင်း Renjun အကြောင်း ။

"တော်တော် ဆိုးလား ဒဏ်ရာက?"

"ဗိုက်မှာ ၄၅ ချက်ချုပ်လိုက်ရတယ်တဲ့ ခေါင်းက ၅၅ ချက်ဆိုလား??"

[ဒဏ်ရာသေးသေးလေးတောင်အချက်ရေတော်တော်များပါတယ် အိမ်ကအမတုံးက နေကြာစိတစ်စိစာ ကွဲသွားတာကို ၂၁ ချက်ချုပ်ဖူးလို့အဲ့ဒီအတွေ့အကြုံနဲ့ပဲရေးလိုက်တာပါ]

"ငါတို့ကောင်မပီသတာကွာ! လက်သီးတွေဘယ်နားထားခဲ့တာလဲမသိဘူး"

Jeno ကမကျေမချမ်း ရေရွတ်နေရင်း Jaemin ရဲ့ပုခုံးကိုလဲအားရပါးရဖက်ထားသေး၏ ။

"အပြန်တော့ဝင်ကြည့်လိုက်ကြရအောင်"

"အင်း သွားမယ်လေ"

သူတို့နားကနေ ဖြတ်သွားတဲ့ Mark ဟာစကားအလုံးစုံကိုကြားလိုက်ရသည်မို့စိတ်ထဲမကောင်းသည်လား ဝမ်းနည်းသည်လား မပြောတက် ။

ခေါင်းကိုခပ်ကြမ်းကြမ်းခါရင်းပင် သွားရမယ့်အဆောင်ဆီသို့ခြေလှမ်းတွေဦးတည်ခဲ့လိုက်သည် ။

အခန်းတွင်းထိုင်နေတဲ့ Lucas နဲ့ Bangchan hyg ဟာမျက်နှာမကောင်းကြ ။

"ဘာဖြစ်နေကြတာ?"

"နောက်ကျတာကွာ..."

Bangchan Hyg ရဲ့အပြစ်တင်သံအဆုံး ထိုင်ခုံတွင်ထိုင်ချလိုက်၍ သက်ပြင်းသဲ့သဲ့ပင့်ကာ

"သူတို့ဘာသာသူတို့စောရောက်နေကြပြီးတော့!"

"ကြားပြီးပြီလား? မင်းရဲ့ Renjun အကြောင်း"

"ဘာလဲ မင်းရဲ့ က!!"

"အေးပါကွာ Renjun အကြောင်းကြားပြီးပြီလား? သူ့အဖေစည်းပွားပြိုင်တွေရဲ့လူတွေက Renjun ကိုဓားနဲ့ထိုးသွားကြလို့တဲ့! ဘယ်နှစ်ချက်ချုပ်လိုက်ရတယ်ဆိုလား..."

"အဲ့တာလဲသိတာပဲလား? ဘယ်ကနေကြားလာပြန်တာလဲ?"

"ဪ ဒီတစ်ကျောင်းလုံးကကိစ္စမှန်သမျှငါမသိတာရှိလို့လား? ပြီးတော့ Renjun တစ်ယောက်သနားပါတယ်ကွာ..."

Bangchan hyg ရဲ့စကားအဆုံး ထိုနေ့ညက အဖြစ်အပျက်များအား Mark မျက်လုံးထဲတိတိကျကျပြန်မြင်ခဲ့သည် ။ သွေးသံရဲရဲနဲ့ Renjun ရဲ့ပုံရိပ်တွေ....ပြီးတော့ မျက်နှာထက်ကဒဏ်ရာနီနီတွေ....

"ဓားနဲ့ထိုးခံရတာ??"

သူ့ရဲ့ပါးစပ်ကထွက်သွားတဲ့စကားကို Bangchan hyg ခေါင်းတစ်ဆက်ဆက်ငြိမ့်ကာ

"အေး..Renjun အဖေကကြေးစားဂိုဏ်းပိုင်ရှင်လို့တခါကြားဖူးတယ် သူ့နဲ့ပြိုင်ဖက်ဆိုမှတော့ လုပ်ရဲကိုင်ရဲတွေပေါ့ကွ!"

"ရဲမတိုင်ဘူးလား?"

"ရဲနဲ့ပြီးမှတော့ အရင်ထဲကပြီးနေပြီပေါ့ သူ့အဖေကရဲတွေကိုအိတ်ကပ်ထဲကောက်ထည့်ထားတဲ့လူစား! အခုလဲ Renjun ကထပ်ပြီးအထိုးခံရအုံးမယ်"

"ဘာလို့?"

စိတ်ဝင်စားတယ် တကယ်ကိုစိတ်ဝင်စားတယ်...ဟိုနေ့ညထဲက Huang Renjun ရန်ဖြစ်ရတဲ့အကြောင်းကိုသိချင်ခဲ့တာ အခုအကြောင်းအရာကိုလဲထပ်သိချင်တယ် ။

"သူ့အဖေကတစ်ခုခုဆို Renjun ကိုအသားနာအောင်လုပ်ပြီးဆုံးမတာတဲ့ သူ့လုပ်ငန်းတွေအနှောင့်အယှက်ဖြစ်ရင်တောင် Huang Renjun ကြောင့်လို့ခေါင်းစဉ်တပ်တက်တယ်ပြောတာပဲ.."

သူတို့ရဲ့စကားဝိုင်းအား lucas တစ်ယောက် ဘာမှဝင်မပြောပဲ ထိုင်ရင်းပင်နားထောင်နေလေရဲ့ ။

"သူ့အဖေက Renjun ကိုမချစ်တာလား?"

"ငါလဲအဲ့တာတော့ဘယ်သိမလဲ?! နေပါအုံး မင်းကလဲဒီနေ့ကျမှသူ့အကြောင်းချည်းပြောချင်နေတာလား?"

"ဒါဆို Hyg ကရော? သူ့အကြောင်းတော်တော်သိတယ်နော် သူ့အိမ်ကအလုပ်သမားလား?"

"ဟ!!! Felix လေးက Renjun သူငယ်ချင်းတွေနဲ့ခင်တယ်လေ အမှန်တိုင်းပြောရရင်ငါလဲ Jaemin တို့ Jeno တို့နဲ့သိနေတာကြာပြီ ဟဲဟဲ"

"သိပါတယ်...Hyg ကကျောင်းရဲ့ Dispatch ပဲလေလူတိုင်းနဲ့သိတာမစမ်းဘူး!"

ပြောရင်းဆိုရင်းပင် ဆရာဝင်လာတာကြောင့် စာအုပ်ကိုထုတ်လိုက်၍ အရှေ့ဘက်သို့လှည့်လိုက်သည် ။ သို့ပင်မယ့် အတန်းချိန်တစ်ချိန်သာပြီးသွားခဲ့ပြီး Mark အတွေးထဲတွင်ထိုစာတွေရှိမနေခဲ့ပါပဲ Renjun ရဲ့အကြောင်းတွေသာတွေးမိနေလိမ့်မည်... ။

•••••••••••

Renjun ကျောင်းသွားရန်ဆုံးဖြတ်ခဲ့သော်လည်း ဒဏ်ရာကမသက်သာသေးတာကြောင့် အိမ်ပြန်ကာ လိုအပ်တာတွေယူရန် ဆုံးဖြတ်လိုက်သည်

Taxi ငှားရင်း အိမ်ကိုပြန်တော့ လမ်းတစ်လျှောက်တွေ့နေရတဲ့ နှင်းဖြူဖြူတွေက ရုတ်တစ်ရပ်အကို့ကိုသတိရစေသလို ။

အကို့အသားကအဲ့ဒီ့နှင်းလေးတွေလိုသိပ်ဖြူတာ သူ့အတွက်အကိုကကောင်းကင်ပေါ်ကကျလာတဲ့ နှင်းလေးတွေလိုပဲ ဖြူစင်တယ် , ချစ်ဖို့ကောင်းတယ် , အင်း..ထပ်ပြီးချစ်ဖို့ကောင်းတယ် ။

လမ်းထဲဝင်၍သူတို့ခြံကြီးရှေ့ Taxi ရပ်လိုက်ချိန် ကားပေါ်ကဆင်းကာ ခြံစောင့်ဦးလေးကြီးအား ပြောရင်း ခြံထဲသို့ဝင်ခဲ့သည် ။

ဒီနေ့အလုပ်သမားတွေနားရက်ဖြစ်မည် ။ ခြံစောင့်ဦးလေးကြီးရယ် အစားအသောက်နဲ့သန့်ရှင်းရေးပိုင်းကအိမ်အကူတွေရယ်ကလွဲရင် ကျန်တဲ့သူတွေကိုမတွေ့ပါ ။

Portic အောက်ကနေ အိမ်ထဲကိုဝင်ခဲ့တော့ အပ်ကျသံပင်မကြားရ တိတ်ဆိတ်လှသည် ။ ဒီလိုအခြေအနေအား Renjun တကယ်မကြိုက်ပါ ဒါတစ်ခုခုဖြစ်တော့မလိုအရိပ်ရောင်ကြီး..

နာနေတဲ့ဗိုက်ကဒဏ်ရာလေးကိုသာ အသာလက်နဲ့ကာထားရင်း လှေကားထစ်တွေအတိုင်းအပေါ်ကိုတက်တော့ အပေါ်ကိုပင်မရောက်လိုက် အနောက်ကနေဟိန်းထွက်လာသော ပါပါးရဲ့အသံ....

"Huang Renjun...."

အသံကမာ၍ပျက်တောင်းလှသည် ။ ဒေါသသံလဲနဲနဲစွတ်နေသလို..

တစ်ဖက်လှည့်လိုက်ရင်း...

"ဟုတ် ပါပါး"

နောက်ဖေးခန်းကနေ ဝိုင်ခွက်နဲ့အတူထွက်လာတဲ့ ပါပါးနောက်တပည့် နှစ်ယောက်အတူပါလာသည် ။

ပါပါးကလျှောက်လာရင်း ဧည့်ခန်းရှိ ဆိုဖာကြီးပေါ်တွင် ထိုင်ချလိုက်သည် ။ လက်တစ်ဖက်ကဝိုင်ခွက်တွင်ရှိသော ဝိုင်တွေကိုလှည့်နေရင်း ကျန်လက်တစ်ဖက်ကတော့ စားပွဲခုံပေါ် ထောက်ရင်းလက်ချောင်းတွေအားကစားနေသည် ။

Renjun စိုးရိမ်လာလွန်းလို့ကြက်သီးတွေတောင်ထသည် ပါပါး သိသွားလေပြီလား?

"စေ*က်သုံးမကျတဲ့ကောင်!! ငါ့မျက်နှာကိုအိုးမဲသုတ်နေတာလား????"

ဝိုင်ခွက်ကို ကြမ်းပြင်ချောချောဆီ ရိုက်ခွဲလွှင့်ပစ်လိုက်ရင်း အသံကျယ်ကြီးနဲ့အော်လာသည်မလို့ Renjun သိလိုက်ပါသည်.... ဒီနေ့တော့လဲထပ်မံ၍ထိုးခံရအုံးမည် ။

"ဒီကိုလာစမ်း!!!"

ခပ်သွက်သွက်ပင် လှေကားထစ်တွေပေါ်ကဆင်းသွား၍ ပါပါးရှေ့တည့်တည့်မက်တက်ရပ်လိုက်သည် ။

"Xing Lao ဆိုတာ ဟိုခွေးသူတောင်းစား Jia Xing  ရဲ့သားမလား!??? အဲ့တာကို မင်းကငါ့သားတစ်ယောက်အနေနဲ့ ဘာမှပြန်မလုပ်ခဲ့ဘူးပေါ့လေ??? ဘယ်ရောက်သွားတာလဲ? မင်းရဲ့သတ္တိတွေ ဟမ်??? ဘယ်ရောက်သွားတာလဲလို့!!!!!"

"ကျွန်..ကျွန်တော် ရန်မဖြစ်ချင်တော့ဘူး ပါပါး"

မတိုးမကျယ်လေသံရဲ့ဝန်ခံမှု့အဆုံး Huang DaHong တစ်ယောက်ဒေါသမီးတောက်လို့သွားသည်ထင်သည် ။ ထိုင်နေရာမှထလာ၍ Renjun မျက်နှာထပ်သို့ လက်သီးတစ်ချက်စေလွှတ်လိုက်သည် ။

"ခွေးစကားပြောနေတာလား??? ငါမင်းကိုကျွေးမွေးထားတာအလကားမဟုတ်ဘူး!!! ခွေးကောင်ရဲ့!!! ဟက်! မင်းအမေနဲ့မင်းတူတဲ့အချက်ဆိုလို့ ဒီလိုကြောက်တက်တာတစ်ခုပဲရှိမယ် အမေတူသား အလကားကောင်!!"

"ကျွန်တော်တောင်းပန်ပါတယ် ပါပါး.."

ထပ်မံရောက်ရှိလာတဲ့ထိုးချက်ရဲ့အဆုံး Renjun လဲကျလို့သွားသည် ။ နှုတ်ခမ်းထောင့်နားကသွေးစတို့ကလဲ ကျလျှက်...

"မတောင်းပန်နဲ့ မင်းအမေလဲအဲ့လိုတောင်းပန်တာတစ်ခုပဲတက်တာ!!! အလကား မိန်းမ ယူလိုက်ရတာပဲအဖက်တင်တယ် မင်းလိုကောင်တစ်ယောက်ကိုပါတင်ကျွေးထားရတယ်"

"မာမားကိုတော့မပြောပါနဲ့ ပါပါး..."

အသံတိုးတိုးနဲ့တောင်းဆိုတာလား? ဒါမှမဟုတ် မခံချင်လို့ထွက်သွားတဲ့စကားလား? DaHong မသိပါ ။ သို့ပင်မယ့် သူ့ ရဲ့လက်တွေကတော့ Renjun မျက်နှာပေါ် ထပ်ဆင့်ထိုးလို့နေပြီ ။

"အသိညဏ်မရှိတဲ့ခွေးသားအမိ!! မင်းလိုကောင်မျိုး ငါမွေးထားပေးခဲ့တာမှားတယ်!!"

"ပါပါး!!!!"

Renjun ရဲ့အော်သံဟာ အိမ်ကြီးတစ်အိမ်လုံးထံပျံ့နှံ့လျှက်...

"ကျွန်တော့်ကို ကြိုက်သလောက်ပြောနိုင်တယ် ပါးကြိုက်သလောက်လဲထိုးနိုင်တယ်!! ဒါပေမယ့်မာမားကိုတော့မပြောပါနဲ့ ကျွန်တော့်အမေကမိန်းမကောင်းတစ်ယောက်!! ပါး စော်ကားချင်တိုင်းစော်ကားလို့မရဘူး!"

"ဟာ...ဒီခွေးကောင်!!!"

ထပ်ထိုးဖို့ပြင်လိုက်လက်တွေအား ကိုကြီး ဆွဲလို့ထားသည် ။ ဘယ်အချိန်ထဲကရောက်နေမှန်းမသိတဲ့ကိုကြီး ကအလုပ်မှာရှိနေရမှာလေ ။

"ပါပါး တော်ပါတော့.. Renjun ကနေကောင်းတာလဲမဟုတ်ဘူး.."

DaHong ကသူ့သားအရင်းရဲ့စကားတော့တော်တော်လေး နားထောင်ရှာသည် ချက်ချင်းကိုလက်တွေရုတ်လိုက်ရင်း

"Huang Renjun ကငါ့ဒေါသကိုလာစွနေတာ! သူ့အမေ မိန်းမပျက်ကိုငါကပြောလို့ ငါ့ကိုလာရှည်နေတာလေ"

"မားကမိန်းမပျက်မဟုတ်ဘူး!!!"

"ဟက်! Bar မှာအလုပ်လုပ်တဲ့မိန်းမတစ်ယောက်ကမိန်းမပျက်ပဲမဟုတ်ဘူးလား? ဘာတွေလာပြီးဂုဏ်တက်ချင်နေတာလဲ?"

"အဲ့ဒီမိန်းမပျက်ကြောင့်ပဲ ပါးချစ်ရတဲ့သားကြီးကအသက်ရှင်နေတာမဟုတ်ဘူးလား??? မာမားသာကျောက်ကပ်မလှူခဲ့ရင် သေရမှာမဟုတ်ဘူး!!"

သူ့ရဲ့စကားအဆုံး အံ့ဩသွားကြသူတွေကပါပါးရော ကိုကြီးရော..

"မင်း မင်းကဒါတွေဘယ်လိုလို့သိနေတာလဲ??? ဟမ်!!"

"မာမားရေးထားခဲ့တဲ့သေတမ်းစာကို ပါပါးပဲသိမ်းထားလို့ရမယ်ထင်နေတာလား?"

"Ren De မင်းဘာတွေပြောနေတာလဲ? ကိုကြီးတစ်ခုမှနားမလည်ဘူး"

"Xiao Zhan ဘာမှမသိချင်နဲ့! အရေးကြီးတာလဲမဟုတ်ဘူး ပြီးခဲ့တဲ့ကိစ္စတွေပဲကို"

ပါပါးရဲ့အပြောကို ရယ်လိုက်ရင်း...

"ဟား...ကိုကြီးကသိချင်နေတယ်မလား!! ကျွန်တော်ပြောပြရမှာပေါ့ ပါးရဲ့!!"

မဲ့ရွဲ့လိုက်ရင်းပင် Renjun ပြောလိုက်သည် ဒီနေ့တော့ ကိုကြီးရဲ့အဖေဟာဘယ်လိုတောင်သွေးအေးရက်စက်တဲ့လူလဲဆိုတာ ကျွန်တော်ရှင်းပြရမှာပေါ့......











Zawgyi








"ညထဲကလား?"

"ဟုတ်ပါတယ်"


"ဟုတ်ကဲ့ပါ သခင်ကြီး"










•••••

LAST NIGHT TB




"ကျေးဇူးပါကွာ"












"တော်တော့!"






•••••••••

PRRSENT DAY








"အင်း သွားမယ်လေ"




"ဘာဖြစ်နေကြတာ?"

"နောက်ကျတာကွာ..."




"ဘာလဲ မင်းရဲ့ က!!"





"ဓားနဲ့ထိုးခံရတာ??"



"ရဲမတိုင်ဘူးလား?"


"ဘာလို့?"










•••••••••••








"Huang Renjun...."



"ဟုတ် ပါပါး"






"ဒီကိုလာစမ်း!!!"












"ပါပါး!!!!"



"ဟာ...ဒီခွေးကောင်!!!"
















Continua a leggere

Ti piacerà anche

270K 9.3K 106
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
893K 20.3K 48
In wich a one night stand turns out to be a lot more than that.
1M 25.2K 23
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...
1.9M 85.5K 192
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.