ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

44.7K 5.9K 37

အတွဲ(၂) More

202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

201

1.4K 54 1
By SoeHmue

Chapter 201: ကလေးများကိုအနိုင်ကျင့်ခြင်း

မကောင်းဆိုးဝါးဝိညာဉ်များ ထိုက်ဝူဓားအရှိန်အဝါကို ခံစားမိသော် နောက်ကိုတန်းပြန်ဆုတ်သွားကြသည်။ အစာငတ်နေသော လူအုပ်တစ်စု ညစာထမင်းစားပွဲကို အပြေးသွားလှပ်ပြီး အုပ်ဆောင်းအောက်တွင် ချီးပုံတစ်ခု တွေ့လိုက်ရသလိုပင်။

ဇူအန် ဘာဖြစ်သွားလဲ မသိသော်ငြား တစ္ဆေများက သရဲတွေ့သလို လန့်ပြေးသွားတာ ကြည့်၍ ယုံကြည်မှု ပြည့်လာသည်။

သေလွန်ဝိညာဉ်ဟု နာမည်တပ်လိုက်သော်လည်း သူတို့တွင် ဒြပ်ရှိပြီး သံချပ်ကာများပါ ဝတ်ထားသေးသည်။ မသေခင်တည်းက ဝတ်ထားသော အဝတ်များဖြစ်နိုင်ပြီး ထို့ကြောင့်လည်း ဖုတ်ကောင်တပ်သားမျ အမြန်ကျရှုံးရခြင်းဖြစ်မည်။

သို့သော် သူတို့ခုခံမှုက ထိုက်ဝူဓားရှေ့တွင် အချည်းနှီးပင်။ ဇူအန် သူတို့ကိုယ်ကို အလွယ်တကူ ခုတ်ဖြတ်နိုင်လေသည်။

ရွှမ်း…ရွှမ်း…ရွှမ်း

အခုတ်ခံရသော ဝိညာဉ်များ အပြာရောင်အမှုန်များအဖြစ် ပြောင်းသွားသောကြောင့်ထိပ်လန့်တကြား အော်နေကြသည်။ ထွက်ပေါ်လာသော ရှေးဟောင်းကီတစ်ချို့ကို ထိုက်ဝူဓားက စုတ်ယူလိုက်ပြီး တစ်ချို့က ဇူအန်ကိုယ်ထဲ ဝင်ရောက်လာကြသည်။

မိန်လိ၏ သိပ်မကြာပါဘူး ဆိုတာ ဇူအန် နားလည်လိုက်သည်။ အများစုက ဇူအန်နှင့် အဆင့်တူပြီး ခေါင်းဆောင်တစ်ချို့ဆို ပို၍ပင် အားကောင်းသေးသည်။ သို့သော် မည်မျှ အားကောင်းပါစေ ဇူအန် တစ်ချက်တည်းနှင့် အပြတ်ခုတ်နိုင်နေသည်။
သတ်ဖြတ်ခြင်းထက် ဇူအန်ငယ်ငယ်က ကစားဖူးသော ပူဖောင်းဖောက်ဂိမ်းမျိုးဖြစ်နေသည်။ သူ့ဓားနှင့် ထိမိသော ဝိညာဉ်တိုင်း ချက်ချင်း ပျောက်ကွယ်သွားကြသည်။

ချူချူယန်က ရှေ့တက်ရန် ကူရန်ပြင်လိုက်သော်လည်း မကြာမီ အပိုဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဇူအန်က မကောင်းဆိုးဝါးဝိညာဉ်များကို အမဲလိုက်နေသလိုပင်။
အစပိုင်းတွင် ဝိညာဉ်များ ရေကန်မှ ထွက်လာခြင်းဖြစ်ပြီး ဇူအန်လက်ချက်ကြောင့် ရေကန်ထဲ ပြန်ခုန်ဆင်းကာ ခိုလှုံကြသည်။
ဝိညာဉ်အမြောက်အများ ရေကန်ထဲ စုပြုံနေပြီး မထွက်လာရဲတော့ပေ။ သို့သော် ပြန်ချိတ်မပိတ်ခံချင်၍ တို့လို့တန်းလန်း ဖြစ်နေသည်။

ဇူအန် အကြပ်ရိုက်သွားသည်။
ငါ ဝိညာဉ်တစ်ရာလားပဲ သတ်ရသေးတယ်။ ဒီလောက် ကြောက်စရာလိုလို့လား။ မင်းတို့က ချင်ပြည်ရဲ့ အထူးစစ်သား.. ရက်စက်မှုနဲ့ ပြည့်နေတဲ့ အငြှိုးကြီးတစ္ဆေတွေဖြစ်ရမှာလေ။ ငကြောက်တွေလို ပုန်းနေရတာ မရှက်ကြဘူးလား။

ဇူအန် လက်ယပ်ခေါ်ကာ ရန်စရင်း လှောင်လိုက်သည်။
"တက်လာရဲရင် တက်လာကြည့်လေ..မလာရဲဘူးလား"

သို့သော် မကောင်းဆိုးဝါးဝိညာဉ်များက ဇူအန်ကို အဖက်မလုပ်ပေ။
ငါတို့ကို ငတုံးထင်နေလား။ မင်းကျ ဘာလို့ ဆင်းမလာတာလဲ။

ဇူအန် ရေကန်ထဲ ခုန်ဆင်းရတဲ့အထိ မတုံးပေ။ သူ ရေကူးတတ်သော်လည်း ရေထဲတွင် တိုက်ခိုက်ရခြင်းက သူ့အတွက် မကောင်းပေ။ အထူးသဖြင့် ရေထဲတွင် ထိုက်ဝူဓားက နှေးသွားသောကြောင့်ပင်။
"အခု ဘာလုပ်ကြမလဲ" ဇူအန် မေးလိုက်သည်။

"နင်က သူများကို ရန်စတဲ့နေရာမှာ တော်တယ်မဟုတ်ဘူးလား။ ဘာလို့ နင်သူတို့အပေါ် မစမ်းကြည့်လဲ" မိန်လိ အေးစက်စက် ပြန်ဖြေသည်။

"..."ဇူအန်
"ကျုပ်သူများတွေကို ရန်စတာတော်ပေမဲ့ တစ္ဆေတွေအပေါ် အကျိုးရှိပါ့မလား မသိဘူး။ ဒီကောင်တွေက အပေါ်တက်ရင် သေမယ်ဆိုတာ သိနေတယ်။ သူတို့ ဘယ်လောက်တုံးတုံး ကျုပ်ထောင်ချောက်ထဲ မကျလောက်ဘူး"

"ပိုပြီး အားထုတ်လေ။ မင်းကို ငါယုံတယ်"မိန်လိ စလိုက်သည်။

မိန်လိ ပြဇာတ်ကြည့်သလို ပေါ့ပျက်ပျက်လုပ်နေခြင်းကို ဇူအန် စိတ်ရှုပ်လာသည်။ စိတ်တိုစွာ ထိုက်ဝူဓားကို လွှင့်ပစ်လိုက်ပြီး မကောင်းဆိုးဝါးဝိညာဉ်များထံ အော်လိုက်သည်။
"ကောင်းပြီလေ။ ဓားမသုံးတော့ဘူး။ မင်းတို့ကို ငါလက်ဗလာနဲ့ တိုက်ပြမယ်"
သူပြောတာကြားသော် အုံကြွသွားသည်။ ဇူအန် အမူအရာက မောက်မာလွန်း၍ အရိုက်ခံရရန် တောင်းနေသလိုပင်။

"ငါ့ဓားကို ပစ်ပြီးတာတောင် မင်းတို့ တွင်းထဲ အောင်းနေဦးမှာလား။ ကျွတ်..ကြောက်လိုက်တဲ့ ကောင်တွေ။ ငါကြားတာတော့ မင်းတို့က ချင်ပြည်ရဲ့ အထူးစစ်သားတွေဆို။ ရှက်စရာကောင်းလိုက်တာ"

သင်သည် မကောင်းဆိုးဝါးဝိညာဉ်များ ထံမှ အမျက်ပွိုင့် ၆..၆..၆..၆..ရယူလိုက်သည်။

လှောင်ခြင်းက အမှန်တကယ် ထိရောက်တာတွေ့သွားပြီ။ ဇူအန် ခပ်ပြင်းပြင်း ဖိအားပေးရန် ကြိုးစားလိုက်သည်။
"ချင်ပြည်ဒီလောက်မြန်မြန် ကျဆုံးသွားတာ မထူးဆန်းတော့ဘူး။ မင်းတို့လို စစ်သားတွေနဲ့ ချင်ပြည်က ဘယ်လိုလုပ် မကျဆုံးဘဲ နေမလဲ"

သင်သည် မကောင်းဆိုးဝါးဝိညာဉ်များ ထံမှ အမျက်ပွိုင့် ၉..၉..၉..ရယူလိုက်သည်။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။

သူက ဒီနေရာတွင် ယင်ကျန်း ချိတ်ပိတ်ခြင်း ခံထားရသော်လည်း သူက ချင်ပြည်၏ ဧကရီဖြစ်နေသေးသည်။ ချင်ပြည်ကို တစ်ခြားလူတစ်ယောက် ဒီလေသံဖြင့် အပြောခံရခြင်းက ဒေါသထွက်စရာပင်။

ဇူအန် ဆက်ပြောရန်ပြင်လိုက်သော်လည်း မကောင်းဆိုးဝါးဝိညာဉ်များ ဆက်လက်သည်းမခံနိုင်တော့ပေ။ ဒေါသတကြီးအော်ဟစ်ကာ ဇူအန်ထံ ပြေးဝင်လာကြသည်။

"အားဇူ" ချူချူယန် ထိပ်လန့်တကြား အော်လိုက်မိသည်။

ချက်ချင်း အပြေးလာကာ ကူညီလေသည်။ ယခင်ဒဏ်ရာပြန်ကောင်းပြီးနောက် ကျင့်ကြံမှု အဆင့် ၁ခု တက်လာကာ လက်ရှိ အဆင့်၆ ထိပ်ဆုံး ဖြစ်လာသည်။

သူမ၏ဒဏ်ရာမှာပြင်းထန်လွန်းခဲ့ပြီး မှေးမှိန်ကြာပွင့်၏ အစွမ်းအားလုံး ကုသခြင်းဘက် မရောက်သွားလျှင် အဆင့် ၇ထိပင် ရောက်ပေလိမ့်မည်။
အသက် ၂၀ မပြည့်သေးဘဲ အဆင့်၇ ရောက်ခြင်းက ကျိုးပြည်တစ်ခုလုံး၏ ပါရမီရှင်များအားလုံးထဲတွင်ပင် အထင်ကြီးစရာဖြစ်နေသည်။

ရှောင်းရွှယ်ယင်ကမူ ဒဏ်ရာပြင်းထန်၍ မလှုပ်နိုင်သောကြောင့် ဘေးကသာ ကြည့်နေနိုင်သည်။

ချူချူယန် လျှပ်စီးအလျင်ဖြင့် လှုပ်ရှားသောကြောင့် ဇူအန်အနား တန်းရောက်လာသည်။ သို့သော် ထိုအချိန်တွင် ဇူအန်ကိုယ်မှာ မကောင်းဆိုးဝါးဝိညာဉ်များ ပြုံထပ်နေပြီ။
သူမ အသိအရ ထိုမကောင်းဆိုးဝါးဝိညာဉ်များ၏ ခွန်အားမှာ ဇူအန်ကို အကြိမ်ကြိမ်သတ်ရန် လုံလောက်သည်ထက် ပိုပေသည်။

"အားဇူ"

သူတို့နှစ်ယောက်၏ လက်ရှိဆက်ဆံရေးကို ချူချူယန် လက်မခံနိုင်သေးသော်လည်း ဇူအန် အန္တရာယ်ကျရောက်နေခြင်းကို ချူချူယန် မကြည့်ရက်ပေ။ လမ်းတွင်ခံနေသော မကောင်းဆိုးဝါးဝိညာဉ်တိုင်းကို အေးခဲကာ ဇူအန်ထံ အပြေးရောက်လာသည်။

သို့သော် ရုတ်တရက် ပေါက်ကွဲသံတစ်ခုဖြင့် ဇူအန်ဘေးမှ ဝိညာဉ်များ တစ်စစီ လွင့်ထွက်လာသည်။
ဇူအန် ဝိညာဉ်များကြားမှ ထွက်လာပြီး လက်သီးချက်များ ကန်ချက်များနှင့်ပင် တိုက်ခိုက်နေသည်။

ချူချူယန် ကြောင်သွားသည်။
ဇူအန်ဘယ်တုန်းကဒီလောက် အားကောင်းလာတာလဲ။

ဒီတစ္ဆေအများစုက အဆင့် ၃များဖြစ်သော်လည်း အဆင့် ၄နှင့် အဆင့် ၅များ ရာပါနေကြောင်း သတိထားမိလေသည်။ သူတို့က ကျန်းဟန်တို့ မိန်လိတို့ကို မယှဉ်နိုင်သော်လည်း အရေအတွက် အားသာလေသည်။ ထို့အပြင် အသက်ရှိစဉ်က စစ်တပ်မှဖြစ်၍ စုပေါင်းတိုက်ကွက်ဆင်ရာတွင် ကျွမ်းကျင်ကြသေးသည်။

ဒါပေမဲ့ ဇူအန်လက်ထဲမှာ လွယ်လွယ် ရှုံးသွားတယ်တဲ့လား။
ထိုစဉ် ဇူအန်မှာ မကောင်းဆိုးဝါးဝိညာဉ်များကို အနိုင်ကျင့်ပြီး စိတ်လှုပ်ရှားနေသည်။ လူကြီးတစ်ယောက် မူကြိုထဲဝင်ကာ ကလေးများကို အနိုင်ကျင့်နေသည်နှင့်ပင်တူသေး၏။ ဒီဝိညာဉ်များက ရှေးဟောင်းကီကို လုံးဝမခံနိုင်၍ ဘယ်မကောင်းဆိုးဝါးဝိညာဉ်မှ အနားမကပ်နိုင်အောင် တစ်ကိုယ်လုံး ရှေးဟောင်းကီဖြင့် ဝန်းရံလိုက်သည်။

သူတို့က ဇူအန်အနားတွင် နေမည့်အစား အားကောင်းသော ချူချူယန်ထံသို့ပင် ဝင်တိုက်လေသည်။

"ငါ့မိန်းမကို ဘယ်လိုတောင် အနိုင်ကျင့်ရဲတာလဲ" ဇူအန် အော်ဟစ်ကာ ပြေးဝင်လာသည်။

ထိုစကားများကြောင့် ချူချူယန် မျက်နှာရဲသွားသည်။ မကောင်းဆိုးဝါးဝိညာဉ်များက အသိဉာဏ်နည်းပါးသော်လည်း ထိုသို့ လူအုပ်ထဲတွင် အခေါ်ခံရခြင်းက အရှက်ရစေသည်။

တစ္ဆေများလည်း ဒေါသထွက်နေပြီ။
မင်းက မပြီးနိုင်သေးဘူးလား။

ထို့ကြောင့် ခေါင်းဆောင်များ တာဝန်ယူကာ တိုက်ကွက်များ ပြောင်းလဲလိုက်သည်။ ဇူအန်ကို အနီးကပ်တိုက်မည့်အစား အဝေးမှ လက်နက်များဖြင့် တိုက်ခိုက်လေသည်။

ဒါက ဇူအန်ကို အကြီးအကျယ် ပြဿနာတက်စေသည်။ သူ့လက်နှင့်ခြေက အဲ့လောက် အဝေးကို မရောက်နိုင်ပေ။ သူ ထိုလက်နက်များကို ရှေးဟောင်းကီဖြင့် ဖျက်စီးနိုင်သော်လည်း ပြဿနာက နေရာလွတ်တွင် နောက်တစ်ယောက် တန်းဝင်လာခြင်းပင်။

ခေတ္တအကြာတွင် ဇူအန် အရှုံးပေါ်လာကြောင်း သိလိုက်သည်။ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ကိုသတ်ရန် အကြာကြီးလုပ်ရပြီး ရလာသော ရှေးဟောင်းကီက ကုန်သွားတဲ့ပမာဏနှင့် မကာမိတော့ချေ။
ရွေးချယ်စရာမရှိ၍ ဇူအန်လက်ကို မြှောက်၍သာ အော်လိုက်ရသည်။
"လာခဲ့ ငါ့ဓား"

အံ့သြစရာ ဒီတစ်ကြိမ်တော့ ထိုက်ဝူဓားက ဇူအန်လက်ထဲ တန်းခနဲရောက်လာသည်။

"အစ်မတော် ခင်ဗျားက ဒီလိုတော့လဲ အတော်လေး စကားနားထောင်တာပဲ" ဇူအန် မှတ်ချက်ချလိုက်သည်။ ဇာတ်လမ်းများထဲကလို ဓားကို ခပ်မိုက်မိုက် ဆင့်ခေါ်လိုက်နိုင်သောကြောင့် ဇူအန် ကျေနပ်နေသည်။

"ဆက်ပြောနေရင် နင့်လျှာကို ငါဖြတ်ပစ်မှာ။ နင်အသက်ရှင်နေသေးသ၍ ငါ့ကို မထိခိုက်ဘူး" မိန်လိ ခပ်စူးစူး ပြန်ဖြေသည်။

"..."ဇူအန်
ဒီမိန်းမက တကယ်လည်း ကြောက်စရာကောင်းတယ်။

ဇူအန် ဒေါသကို တစ္ဆေများအပေါ်ပုံချကာ ပူဖောင်းဖောက်သလို ဆက်လက်ခုတ်ပိုင်းနေပြန်သည်။ ခဏအတွင်း ရေကန်မှတက်လာသူအားလုံးကို ခုတ်ပြီးလေပြီ။ ချူချူယန်ဆီသွားသော အဖွဲ့များပင် ဇူအန် ဖျက်စီးပြီးပြီ။
ကျန်သူများက ရေကန်ထံ အမြန်ပြန်ဆုတ်သွားသည်။

"မင်းတို့က ဘာလို့ပြန်ပြေးသွားရပြန်တာလဲ။ ဆက်တိုက်မယ်လေ" ဇူအန် မကျေမနပ် ပြောလိုက်သည်။

သင်သည် မကောင်းဆိုးဝါးဝိညာဉ်များ ထံမှ အမျက်ပွိုင့် ၆..၆..၆..၆..ရယူလိုက်သည်။

သူ့လက်ထဲက တိုင်အီဓားကို ဒေါသတကြီးကြည့်နေကြကြောင်း သတိထားမိ၍ ဇူအန် ရယ်လိုက်သည်။ ဇူအန် ဓားကို ကမ်းပါးနား ပစ်ချ၍ ပြောလိုက်သည်။
"အာ..ငါတိုက်ပွဲထဲ စိတ်ပါသွားလို့ပါ။ စိတ်မပူနဲ့။ ဒီတစ်ခါတော့ ဓားမသုံးတော့ဘူးလို့ ဂတိပေးတယ်"

သူ့ပါရမီရှိသော လျှာကိုသုံးကာ နောက်တစ်ကြိမ် လှည့်စားလိုက်နိုင်ပြန်သည်။ ဒါပေါ့ ထိုအဖွဲ့လည်း ထွေထွေထူးထူး မတိုက်လိုက်ရဘဲ ထိုက်ဝူဓားသွားထဲ ပျောက်ကွယ်သွားကြသည်။

သင်သည် မကောင်းဆိုးဝါးဝိညာဉ်များ ထံမှ အမျက်ပွိုင့် ၉..၉..၉..၉..ရယူလိုက်သည်။

ဇူအန် ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။
"ဟားဟားဟား တကယ် ဒီတစ်ခါ နောက်ဆုံးပဲ။ ငါအလိုလိုဖြစ်သွားတာ။ စိတ်မပူနဲ့ ဒီတစ်ခါ အဝေးကြီးလွှင့်ပစ်လိုက်မယ်။ မင်းတို့ ငါဓားသုံးမှာ စိတ်ပူစရာမလိုတော့ဘူး"

သင်သည် မကောင်းဆိုးဝါးဝိညာဉ်များ ထံမှ အမျက်ပွိုင့် ၉..၉..၉..ရယူလိုက်သည်။

ငါတို့က ယုံလိမ့်မယ် စောင့်နေ..မင်းက ငါတို့လို မကောင်းဆိုးဝါးဝိညာဉ်တွေ ထက်တောင် ပိုရွံစရာကောင်းသေးတယ်။

ဒီတစ်ကြိမ်တော့ ဇူအန် ဘယ်လို မျှားခေါ်ပါစေ လှောင်ပြောင်ပါစေ ရေကန်ထဲမှ တက်မလာကြတော့ချေ။ ရွေးချယ်စရာ မရှိတော့၍ ထိုက်ဝူဓားကို ပြန်ခေါ်ကာ ပြောလိုက်ရသည်။
"အစ်မတော် သူတို့က ဘယ်လိုပြောပြော တက်မလာတော့ဘူး။ ကျုပ်တို့ ဘာလုပ်သင့်လဲ"

မိန်လိ သက်ပြင်းချကာ ပြောလိုက်သည်။
"သူတို့က မင်းရဲ့မျက်နှာပြောင်မှုကို တုန်လှုပ်ခြောက်ချားသွားတာ ဖြစ်ရမယ်"

ချူချူယန် နှင့် ရှောင်းရွှယ်ယင် လည်း ခေါင်းညိတ်ထောက်ခံသည်။ ဒီမိန်းကလေး၃ယောက် တစ်ခုတည်းသဘောတူတာ ရှားလွန်းလှသည်။

".."ဇူအန်
"အခု ဘာလုပ်ရမလဲ။ သူတို့သာ ထွက်မလာချင်ရင် ကျုပ်တစ်ယောက်ချင်းစီ သန့်စင်ပေးရင်တောင် ပြီးတော့မှာမဟုတ်ဘူး"
ပြောစရာမလိုအောင် သူတို့ နှစ်ခါတောင် ငါ့အလိမ်မိထားတာ။ နောက်တစ်ခါ အလိမ်ခံမှာ မဟုတ်တော့ဘူး။

"ဟိုက အဲ့ဒီ ခေါင်းဆောင်းနဲ့ လှံသွားယူလိုက်" မိန်လိ ဓားကို တစ်နေရာထိုးပြကာ ပြောလိုက်သည်။

ဇူအန်အမြန်သွား၍ နံရံဘေးတွင်ကျနေသော ခေါင်းဆောင်းနှင့် လှံကို ယူလိုက်သည်။ ခဏနေမှ ဇူအန် သဘောပေါက်သွားသည်။
"ဒါကျန်းဟန် ပစ္စည်းတွေပဲ"

မိန်လိ ဘာလုပ်ချင်လဲ သဘောပေါက်သွား၍ ထိုနှစ်ခုကို ရေကန်နား ယူသွားလိုက်သည်။ ထိုအခါမှ မိန်လိ ပုံရိပ် ဓားထဲက ထွက်လာပြီး ဧကရီတစ်ယောက်၏ အရှိန်အဝါပေါ်လာသည်။

"ငါက ချင်ပြည်ရဲ့ ဧကရီ မိန်လိပဲ။ မင်းတို့ထဲက တစ်ချို့တွေ ငါ့ကို မြင်ဖူးကောင်း မြင်ဖူးကြလိမ့်မယ်"

မကောင်းဆိုးဝါးဝိညာဉ်များ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ သူတို့ မိန်လိကို မမြင်ဖူးကြသော်လည်း မိန်လိဝတ်ထားသော တော်ဝင်မျိုးနွယ်၏ ဖီးနစ်ဝတ်ရုံကို မှတ်မိကြသည်။
သို့သော် လူတိုင်း ဧကရီဟု သဘောပေါက်သော်လည်း မည်သူမျှ ဒူးမထောက်ကြချေ။ ထို့အစား ရှုပ်ထွေးပြီး သတိထားသော အမူအရာများ ပေါ်လာကြသည်။

----- ----- -------------------------------- - - - - - - -- -- --- -----

Chapter 201: ကေလးမ်ားကိုအနိုင္က်င့္ျခင္း

မေကာင္းဆိုးဝါးဝိညာဥ္မ်ား ထိုက္ဝူဓားအရွိန္အဝါကို ခံစားမိေသာ္ ေနာက္ကိုတန္းျပန္ဆုတ္သြားၾကသည္။ အစာငတ္ေနေသာ လူအုပ္တစ္စု ညစာထမင္းစားပြဲကို အေျပးသြားလွပ္ၿပီး အုပ္ေဆာင္းေအာက္တြင္ ခ်ီးပုံတစ္ခု ေတြ႕လိုက္ရသလိုပင္။

ဇူအန္ ဘာျဖစ္သြားလဲ မသိေသာ္ျငား တစ္ေဆမ်ားက သရဲေတြ႕သလို လန့္ေျပးသြားတာ ၾကည့္၍ ယုံၾကည္မႈ ျပည့္လာသည္။

ေသလြန္ဝိညာဥ္ဟု နာမည္တပ္လိုက္ေသာ္လည္း သူတို႔တြင္ ျဒပ္ရွိၿပီး သံခ်ပ္ကာမ်ားပါ ဝတ္ထားေသးသည္။ မေသခင္တည္းက ဝတ္ထားေသာ အဝတ္မ်ားျဖစ္နိုင္ၿပီး ထို႔ေၾကာင့္လည္း ဖုတ္ေကာင္တပ္သားမ် အျမန္က်ရႈံးရျခင္းျဖစ္မည္။

သို႔ေသာ္ သူတို႔ခုခံမႈက ထိုက္ဝူဓားေရွ႕တြင္ အခ်ည္းႏွီးပင္။ ဇူအန္ သူတို႔ကိုယ္ကို အလြယ္တကူ ခုတ္ျဖတ္နိုင္ေလသည္။

႐ႊမ္း႐ႊမ္း႐ႊမ္း

အခုတ္ခံရေသာ ဝိညာဥ္မ်ား အျပာေရာင္အမႈန္မ်ားအျဖစ္ ေျပာင္းသြားေသာေၾကာင့္ထိပ္လန့္တၾကား ေအာ္ေနၾကသည္။ ထြက္ေပၚလာေသာ ေရွးေဟာင္းကီတစ္ခ်ိဳ႕ကို ထိုက္ဝူဓားက စုတ္ယူလိုက္ၿပီး တစ္ခ်ိဳ႕က ဇူအန္ကိုယ္ထဲ ဝင္ေရာက္လာၾကသည္။

မိန္လိ၏ သိပ္မၾကာပါဘူး ဆိုတာ ဇူအန္ နားလည္လိုက္သည္။ အမ်ားစုက ဇူအန္ႏွင့္ အဆင့္တူၿပီး ေခါင္းေဆာင္တစ္ခ်ိဳ႕ဆို ပို၍ပင္ အားေကာင္းေသးသည္။ သို႔ေသာ္ မည္မွ် အားေကာင္းပါေစ ဇူအန္ တစ္ခ်က္တည္းႏွင့္ အျပတ္ခုတ္နိုင္ေနသည္။
သတ္ျဖတ္ျခင္းထက္ ဇူအန္ငယ္ငယ္က ကစားဖူးေသာ ပူေဖာင္းေဖာက္ဂိမ္းမ်ိဳးျဖစ္ေနသည္။ သူ႕ဓားႏွင့္ ထိမိေသာ ဝိညာဥ္တိုင္း ခ်က္ခ်င္း ေပ်ာက္ကြယ္သြားၾကသည္။

ခ်ဴခ်ဴယန္က ေရွ႕တက္ရန္ ကူရန္ျပင္လိုက္ေသာ္လည္း မၾကာမီ အပိုျဖစ္ေနေၾကာင္း ေတြ႕လိုက္ရသည္။ ဇူအန္က မေကာင္းဆိုးဝါးဝိညာဥ္မ်ားကို အမဲလိုက္ေနသလိုပင္။
အစပိုင္းတြင္ ဝိညာဥ္မ်ား ေရကန္မွ ထြက္လာျခင္းျဖစ္ၿပီး ဇူအန္လက္ခ်က္ေၾကာင့္ ေရကန္ထဲ ျပန္ခုန္ဆင္းကာ ခိုလႈံၾကသည္။
ဝိညာဥ္အေျမာက္အမ်ား ေရကန္ထဲ စုၿပဳံေနၿပီး မထြက္လာရဲေတာ့ေပ။ သို႔ေသာ္ ျပန္ခ်ိတ္မပိတ္ခံခ်င္၍ တို႔လို႔တန္းလန္း ျဖစ္ေနသည္။

ဇူအန္ အၾကပ္ရိုက္သြားသည္။
ငါ ဝိညာဥ္တစ္ရာလားပဲ သတ္ရေသးတယ္။ ဒီေလာက္ ေၾကာက္စရာလိုလို႔လား။ မင္းတို႔က ခ်င္ျပည္ရဲ႕ အထူးစစ္သား.. ရက္စက္မႈနဲ႕ ျပည့္ေနတဲ့ အျငႇိုးႀကီးတစ္ေဆေတြျဖစ္ရမွာေလ။ ငေၾကာက္ေတြလို ပုန္းေနရတာ မရွက္ၾကဘူးလား။

ဇူအန္ လက္ယပ္ေခၚကာ ရန္စရင္း ေလွာင္လိုက္သည္။
"တက္လာရဲရင္ တက္လာၾကည့္ေလ..မလာရဲဘူးလား"

သို႔ေသာ္ မေကာင္းဆိုးဝါးဝိညာဥ္မ်ားက ဇူအန္ကို အဖက္မလုပ္ေပ။
ငါတို႔ကို ငတုံးထင္ေနလား။ မင္းက် ဘာလို႔ ဆင္းမလာတာလဲ။

ဇူအန္ ေရကန္ထဲ ခုန္ဆင္းရတဲ့အထိ မတုံးေပ။ သူ ေရကူးတတ္ေသာ္လည္း ေရထဲတြင္ တိုက္ခိုက္ရျခင္းက သူ႕အတြက္ မေကာင္းေပ။ အထူးသျဖင့္ ေရထဲတြင္ ထိုက္ဝူဓားက ႏွေးသြားေသာေၾကာင့္ပင္။
"အခု ဘာလုပ္ၾကမလဲ" ဇူအန္ ေမးလိုက္သည္။

"နင္က သူမ်ားကို ရန္စတဲ့ေနရာမွာ ေတာ္တယ္မဟုတ္ဘူးလား။ ဘာလို႔ နင္သူတို႔အေပၚ မစမ္းၾကည့္လဲ" မိန္လိ ေအးစက္စက္ ျပန္ေျဖသည္။

"..."ဇူအန္
"က်ဳပ္သူမ်ားေတြကို ရန္စတာေတာ္ေပမဲ့ တစ္ေဆေတြအေပၚ အက်ိဳးရွိပါ့မလား မသိဘူး။ ဒီေကာင္ေတြက အေပၚတက္ရင္ ေသမယ္ဆိုတာ သိေနတယ္။ သူတို႔ ဘယ္ေလာက္တုံးတုံး က်ဳပ္ေထာင္ေခ်ာက္ထဲ မက်ေလာက္ဘူး"

"ပိုၿပီး အားထုတ္ေလ။ မင္းကို ငါယုံတယ္"မိန္လိ စလိုက္သည္။

မိန္လိ ျပဇာတ္ၾကည့္သလို ေပါ့ပ်က္ပ်က္လုပ္ေနျခင္းကို ဇူအန္ စိတ္ရႈပ္လာသည္။ စိတ္တိုစြာ ထိုက္ဝူဓားကို လႊင့္ပစ္လိုက္ၿပီး မေကာင္းဆိုးဝါးဝိညာဥ္မ်ားထံ ေအာ္လိုက္သည္။
"ေကာင္းၿပီေလ။ ဓားမသုံးေတာ့ဘူး။ မင္းတို႔ကို ငါလက္ဗလာနဲ႕ တိုက္ျပမယ္"
သူေျပာတာၾကားေသာ္ အုံႂကြသြားသည္။ ဇူအန္ အမူအရာက ေမာက္မာလြန္း၍ အရိုက္ခံရရန္ ေတာင္းေနသလိုပင္။

"ငါ့ဓားကို ပစ္ၿပီးတာေတာင္ မင္းတို႔ တြင္းထဲ ေအာင္းေနဦးမွာလား။ ကြၽတ္..ေၾကာက္လိုက္တဲ့ ေကာင္ေတြ။ ငါၾကားတာေတာ့ မင္းတို႔က ခ်င္ျပည္ရဲ႕ အထူးစစ္သားေတြဆို။ ရွက္စရာေကာင္းလိုက္တာ"

သင္သည္ မေကာင္းဆိုးဝါးဝိညာဥ္မ်ား ထံမွ အမ်က္ပြိုင့္ ၆..၆..၆..၆..ရယူလိုက္သည္။

ေလွာင္ျခင္းက အမွန္တကယ္ ထိေရာက္တာေတြ႕သြားၿပီ။ ဇူအန္ ခပ္ျပင္းျပင္း ဖိအားေပးရန္ ႀကိဳးစားလိုက္သည္။
"ခ်င္ျပည္ဒီေလာက္ျမန္ျမန္ က်ဆဳံးသြားတာ မထူးဆန္းေတာ့ဘူး။ မင္းတို႔လို စစ္သားေတြနဲ႕ ခ်င္ျပည္က ဘယ္လိုလုပ္ မက်ဆဳံးဘဲ ေနမလဲ"

သင္သည္ မေကာင္းဆိုးဝါးဝိညာဥ္မ်ား ထံမွ အမ်က္ပြိုင့္ ၉..၉..၉..ရယူလိုက္သည္။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရယူလိုက္သည္။

သူက ဒီေနရာတြင္ ယင္က်န္း ခ်ိတ္ပိတ္ျခင္း ခံထားရေသာ္လည္း သူက ခ်င္ျပည္၏ ဧကရီျဖစ္ေနေသးသည္။ ခ်င္ျပည္ကို တစ္ျခားလူတစ္ေယာက္ ဒီေလသံျဖင့္ အေျပာခံရျခင္းက ေဒါသထြက္စရာပင္။

ဇူအန္ ဆက္ေျပာရန္ျပင္လိုက္ေသာ္လည္း မေကာင္းဆိုးဝါးဝိညာဥ္မ်ား ဆက္လက္သည္းမခံနိုင္ေတာ့ေပ။ ေဒါသတႀကီးေအာ္ဟစ္ကာ ဇူအန္ထံ ေျပးဝင္လာၾကသည္။

"အားဇူ" ခ်ဴခ်ဴယန္ ထိပ္လန့္တၾကား ေအာ္လိုက္မိသည္။

ခ်က္ခ်င္း အေျပးလာကာ ကူညီေလသည္။ ယခင္ဒဏ္ရာျပန္ေကာင္းၿပီးေနာက္ က်င့္ႀကံမႈ အဆင့္ ၁ခု တက္လာကာ လက္ရွိ အဆင့္၆ ထိပ္ဆုံး ျဖစ္လာသည္။

သူမ၏ဒဏ္ရာမွာျပင္းထန္လြန္းခဲ့ၿပီး ေမွးမွိန္ၾကာပြင့္၏ အစြမ္းအားလုံး ကုသျခင္းဘက္ မေရာက္သြားလွ်င္ အဆင့္ ၇ထိပင် ေရာက္ေပလိမ့္မည္။
အသက္ ၂၀ မျပည့္ေသးဘဲ အဆင့္၇ ေရာက္ျခင္းက က်ိဳးျပည္တစ္ခုလုံး၏ ပါရမီရွင္မ်ားအားလုံးထဲတြင္ပင္ အထင္ႀကီးစရာျဖစ္ေနသည္။

ေရွာင္း႐ႊယ္ယင္ကမူ ဒဏ္ရာျပင္းထန္၍ မလႈပ္နိုင္ေသာေၾကာင့္ ေဘးကသာ ၾကည့္ေနနိုင္သည္။

ခ်ဴခ်ဴယန္ လွ်ပ္စီးအလ်င္ျဖင့္ လႈပ္ရွားေသာေၾကာင့္ ဇူအန္အနား တန္းေရာက္လာသည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ ဇူအန္ကိုယ္မွာ မေကာင္းဆိုးဝါးဝိညာဥ္မ်ား ၿပဳံထပ္ေနၿပီ။
သူမ အသိအရ ထိုမေကာင္းဆိုးဝါးဝိညာဥ္မ်ား၏ ခြန္အားမွာ ဇူအန္ကို အႀကိမ္ႀကိမ္သတ္ရန္ လုံေလာက္သည္ထက္ ပိုေပသည္။

"အားဇူ"

သူတို႔ႏွစ္ေယာက္၏ လက္ရွိဆက္ဆံေရးကို ခ်ဴခ်ဴယန္ လက္မခံနိုင္ေသးေသာ္လည္း ဇူအန္ အႏၱရာယ္က်ေရာက္ေနျခင္းကို ခ်ဴခ်ဴယန္ မၾကည့္ရက္ေပ။ လမ္းတြင္ခံေနေသာ မေကာင္းဆိုးဝါးဝိညာဥ္တိုင္းကို ေအးခဲကာ ဇူအန္ထံ အေျပးေရာက္လာသည္။

သို႔ေသာ္ ႐ုတ္တရက္ ေပါက္ကြဲသံတစ္ခုျဖင့္ ဇူအန္ေဘးမွ ဝိညာဥ္မ်ား တစ္စစီ လြင့္ထြက္လာသည္။
ဇူအန္ ဝိညာဥ္မ်ားၾကားမွ ထြက္လာၿပီး လက္သီးခ်က္မ်ား ကန္ခ်က္မ်ားႏွင့္ပင္ တိုက္ခိုက္ေနသည္။

ခ်ဴခ်ဴယန္ ေၾကာင္သြားသည္။
ဇူအန္ဘယ္တုန္းကဒီေလာက္ အားေကာင္းလာတာလဲ။

ဒီတစ္ေဆအမ်ားစုက အဆင့္ ၃မ်ားျဖစ္ေသာ္လည္း အဆင့္ ၄ႏွင့္ အဆင့္ ၅မ်ား ရာပါေနေၾကာင္း သတိထားမိေလသည္။ သူတို႔က က်န္းဟန္တို႔ မိန္လိတို႔ကို မယွဥ္နိုင္ေသာ္လည္း အေရအတြက္ အားသာေလသည္။ ထို႔အျပင္ အသက္ရွိစဥ္က စစ္တပ္မွျဖစ္၍ စုေပါင္းတိုက္ကြက္ဆင္ရာတြင္ ကြၽမ္းက်င္ၾကေသးသည္။

ဒါေပမဲ့ ဇူအန္လက္ထဲမွာ လြယ္လြယ္ ရႈံးသြားတယ္တဲ့လား။
ထိုစဥ္ ဇူအန္မွာ မေကာင္းဆိုးဝါးဝိညာဥ္မ်ားကို အနိုင္က်င့္ၿပီး စိတ္လႈပ္ရွားေနသည္။ လူႀကီးတစ္ေယာက္ မူႀကိဳထဲဝင္ကာ ကေလးမ်ားကို အနိုင္က်င့္ေနသည္ႏွင့္ပင္တူေသး၏။ ဒီဝိညာဥ္မ်ားက ေရွးေဟာင္းကီကို လုံးဝမခံနိုင္၍ ဘယ္မေကာင္းဆိုးဝါးဝိညာဥ္မွ အနားမကပ္နိုင္ေအာင္ တစ္ကိုယ္လုံး ေရွးေဟာင္းကီျဖင့္ ဝန္းရံလိုက္သည္။

သူတို႔က ဇူအန္အနားတြင္ ေနမည့္အစား အားေကာင္းေသာ ခ်ဴခ်ဴယန္ထံသို႔ပင္ ဝင္တိုက္ေလသည္။

"ငါ့မိန္းမကို ဘယ္လိုေတာင္ အနိုင္က်င့္ရဲတာလဲ" ဇူအန္ ေအာ္ဟစ္ကာ ေျပးဝင္လာသည္။

ထိုစကားမ်ားေၾကာင့္ ခ်ဴခ်ဴယန္ မ်က္ႏွာရဲသြားသည္။ မေကာင္းဆိုးဝါးဝိညာဥ္မ်ားက အသိဉာဏ္နည္းပါးေသာ္လည္း ထိုသို႔ လူအုပ္ထဲတြင္ အေခၚခံရျခင္းက အရွက္ရေစသည္။

တစ္ေဆမ်ားလည္း ေဒါသထြက္ေနၿပီ။
မင္းက မၿပီးနိုင္ေသးဘူးလား။

ထို႔ေၾကာင့္ ေခါင္းေဆာင္မ်ား တာဝန္ယူကာ တိုက္ကြက္မ်ား ေျပာင္းလဲလိုက္သည္။ ဇူအန္ကို အနီးကပ္တိုက္မည့္အစား အေဝးမွ လက္နက္မ်ားျဖင့္ တိုက္ခိုက္ေလသည္။

ဒါက ဇူအန္ကို အႀကီးအက်ယ္ ျပႆနာတက္ေစသည္။ သူ႕လက္ႏွင့္ေျခက အဲ့ေလာက္ အေဝးကို မေရာက္နိုင္ေပ။ သူ ထိုလက္နက္မ်ားကို ေရွးေဟာင္းကီျဖင့္ ဖ်က္စီးနိုင္ေသာ္လည္း ျပႆနာက ေနရာလြတ္တြင္ ေနာက္တစ္ေယာက္ တန္းဝင္လာျခင္းပင္။

ေခတၱအၾကာတြင္ ဇူအန္ အရႈံးေပၚလာေၾကာင္း သိလိုက္သည္။ မေကာင္းဆိုးဝါးဝိညာဥ္တစ္ေကာင္ကိုသတ္ရန္ အၾကာႀကီးလုပ္ရၿပီး ရလာေသာ ေရွးေဟာင္းကီက ကုန္သြားတဲ့ပမာဏႏွင့္ မကာမိေတာ့ေခ်။
ေ႐ြးခ်ယ္စရာမရွိ၍ ဇူအန္လက္ကို ျမႇောက္၍သာ ေအာ္လိုက္ရသည္။
"လာခဲ့ ငါ့ဓား"

အံ့ၾသစရာ ဒီတစ္ႀကိမ္ေတာ့ ထိုက္ဝူဓားက ဇူအန္လက္ထဲ တန္းခနဲေရာက္လာသည္။

"အစ္မေတာ္ ခင္ဗ်ားက ဒီလိုေတာ့လဲ အေတာ္ေလး စကားနားေထာင္တာပဲ" ဇူအန္ မွတ္ခ်က္ခ်လိဳက္သည္။ ဇာတ္လမ္းမ်ားထဲကလို ဓားကို ခပ္မိုက္မိုက္ ဆင့္ေခၚလိုက္နိုင္ေသာေၾကာင့္ ဇူအန္ ေက်နပ္ေနသည္။

"ဆက္ေျပာေနရင္ နင့္လွ်ာကို ငါျဖတ္ပစ္မွာ။ နင္အသက္ရွင္ေနေသးသ၍ ငါ့ကို မထိခိုက္ဘူး" မိန္လိ ခပ္စူးစူး ျပန္ေျဖသည္။

"..."ဇူအန္
ဒီမိန္းမက တကယ္လည္း ေၾကာက္စရာေကာင္းတယ္။

ဇူအန္ ေဒါသကို တစ္ေဆမ်ားအေပၚပုံခ်ကာ ပူေဖာင္းေဖာက္သလို ဆက္လက္ခုတ္ပိုင္းေနျပန္သည္။ ခဏအတြင္း ေရကန္မွတက္လာသူအားလုံးကို ခုတ္ၿပီးေလၿပီ။ ခ်ဴခ်ဴယန္ဆီသြားေသာ အဖြဲ႕မ်ားပင္ ဇူအန္ ဖ်က္စီးၿပီးၿပီ။
က်န္သူမ်ားက ေရကန္ထံ အျမန္ျပန္ဆုတ္သြားသည္။

"မင္းတို႔က ဘာလို႔ျပန္ေျပးသြားရျပန္တာလဲ။ ဆက္တိုက္မယ္ေလ" ဇူအန္ မေက်မနပ္ ေျပာလိုက္သည္။

သင္သည္ မေကာင္းဆိုးဝါးဝိညာဥ္မ်ား ထံမွ အမ်က္ပြိုင့္ ၆..၆..၆..၆..ရယူလိုက္သည္။

သူ႕လက္ထဲက တိုင္အီဓားကို ေဒါသတႀကီးၾကည့္ေနၾကေၾကာင္း သတိထားမိ၍ ဇူအန္ ရယ္လိုက္သည္။ ဇူအန္ ဓားကို ကမ္းပါးနား ပစ္ခ်၍ ေျပာလိုက္သည္။
"အာ..ငါတိုက္ပြဲထဲ စိတ္ပါသြားလို႔ပါ။ စိတ္မပူနဲ႕။ ဒီတစ္ခါေတာ့ ဓားမသုံးေတာ့ဘူးလို႔ ဂတိေပးတယ္"

သူ႕ပါရမီရွိေသာ လွ်ာကိုသုံးကာ ေနာက္တစ္ႀကိမ္ လွည့္စားလိုက္နိုင္ျပန္သည္။ ဒါေပါ့ ထိုအဖြဲ႕လည္း ေထြေထြထူးထူး မတိုက္လိုက္ရဘဲ ထိုက္ဝူဓားသြားထဲ ေပ်ာက္ကြယ္သြားၾကသည္။

သင္သည္ မေကာင္းဆိုးဝါးဝိညာဥ္မ်ား ထံမွ အမ်က္ပြိုင့္ ၉..၉..၉..၉..ရယူလိုက္သည္။

ဇူအန္ ေခါင္းကုတ္ကာ ရွက္ကိုးရွက္ကန္း ရယ္လိုက္သည္။
"ဟားဟားဟား တကယ္ ဒီတစ္ခါ ေနာက္ဆုံးပဲ။ ငါအလိုလိုျဖစ္သြားတာ။ စိတ္မပူနဲ႕ ဒီတစ္ခါ အေဝးႀကီးလႊင့္ပစ္လိုက္မယ္။ မင္းတို႔ ငါဓားသုံးမွာ စိတ္ပူစရာမလိုေတာ့ဘူး"

သင္သည္ မေကာင္းဆိုးဝါးဝိညာဥ္မ်ား ထံမွ အမ်က္ပြိုင့္ ၉..၉..၉..ရယူလိုက္သည္။

ငါတို႔က ယုံလိမ့္မယ္ ေစာင့္ေန..မင္းက ငါတို႔လို မေကာင္းဆိုးဝါးဝိညာဥ္ေတြ ထက္ေတာင္ ပို႐ြံစရာေကာင္းေသးတယ္။

ဒီတစ္ႀကိမ္ေတာ့ ဇူအန္ ဘယ္လို မွ်ားေခၚပါေစ ေလွာင္ေျပာင္ပါေစ ေရကန္ထဲမွ တက္မလာၾကေတာ့ေခ်။ ေ႐ြးခ်ယ္စရာ မရွိေတာ့၍ ထိုက္ဝူဓားကို ျပန္ေခၚကာ ေျပာလိုက္ရသည္။
"အစ္မေတာ္ သူတို႔က ဘယ္လိုေျပာေျပာ တက္မလာေတာ့ဘူး။ က်ဳပ္တို႔ ဘာလုပ္သင့္လဲ"

မိန္လိ သက္ျပင္းခ်ကာ ေျပာလိုက္သည္။
"သူတို႔က မင္းရဲ႕မ်က္ႏွာေျပာင္မႈကို တုန္လႈပ္ေျခာက္ခ်ားသြားတာ ျဖစ္ရမယ္"

ခ်ဴခ်ဴယန္ ႏွင့္ ေရွာင္း႐ႊယ္ယင္ လည္း ေခါင္းညိတ္ေထာက္ခံသည္။ ဒီမိန္းကေလး၃ေယာက္ တစ္ခုတည္းသေဘာတူတာ ရွားလြန္းလွသည္။

".."ဇူအန္
"အခု ဘာလုပ္ရမလဲ။ သူတို႔သာ ထြက္မလာခ်င္ရင္ က်ဳပ္တစ္ေယာက္ခ်င္းစီ သန့္စင္ေပးရင္ေတာင္ ၿပီးေတာ့မွာမဟုတ္ဘူး"
ေျပာစရာမလိုေအာင္ သူတို႔ ႏွစ္ခါေတာင္ ငါ့အလိမ္မိထားတာ။ ေနာက္တစ္ခါ အလိမ္ခံမွာ မဟုတ္ေတာ့ဘူး။

"ဟိုက အဲ့ဒီ ေခါင္းေဆာင္းနဲ႕ လွံသြားယူလိုက္" မိန္လိ ဓားကို တစ္ေနရာထိုးျပကာ ေျပာလိုက္သည္။

ဇူအန္အျမန္သြား၍ နံရံေဘးတြင္က်ေနေသာ ေခါင္းေဆာင္းႏွင့္ လွံကို ယူလိုက္သည္။ ခဏေနမွ ဇူအန္ သေဘာေပါက္သြားသည္။
"ဒါက်န္းဟန္ ပစၥည္းေတြပဲ"

မိန္လိ ဘာလုပ္ခ်င္လဲ သေဘာေပါက္သြား၍ ထိုႏွစ္ခုကို ေရကန္နား ယူသြားလိုက္သည္။ ထိုအခါမွ မိန္လိ ပုံရိပ္ ဓားထဲက ထြက္လာၿပီး ဧကရီတစ္ေယာက္၏ အရွိန္အဝါေပၚလာသည္။

"ငါက ခ်င္ျပည္ရဲ႕ ဧကရီ မိန္လိပဲ။ မင္းတို႔ထဲက တစ္ခ်ိဳ႕ေတြ ငါ့ကို ျမင္ဖူးေကာင္း ျမင္ဖူးၾကလိမ့္မယ္"

မေကာင္းဆိုးဝါးဝိညာဥ္မ်ား ႐ုတ္႐ုတ္သဲသဲ ျဖစ္လာသည္။ သူတို႔ မိန္လိကို မျမင္ဖူးၾကေသာ္လည္း မိန္လိဝတ္ထားေသာ ေတာ္ဝင္မ်ိဳးႏြယ္၏ ဖီးနစ္ဝတ္႐ုံကို မွတ္မိၾကသည္။
သို႔ေသာ္ လူတိုင္း ဧကရီဟု သေဘာေပါက္ေသာ္လည္း မည္သူမွ် ဒူးမေထာက္ၾကေခ်။ ထို႔အစား ရႈပ္ေထြးၿပီး သတိထားေသာ အမူအရာမ်ား ေပၚလာၾကသည္။

----- ----- -------------------------------- - - - - - - -- -- --- -----

Continue Reading

You'll Also Like

137K 9.2K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង
273K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...