Unicode
ခိုးရာလိုက်ဖို့ တိုက်တွန်းခြင်း ~
ငါ ထွက်သွားတော့မယ်။ တစ်ခုတည်းသောပြဿနာက သခင်ကြီးကျောင်းစီလိုက်သတ်တဲ့ရန်ကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာပဲ။
သင်္ဘောက ဒီနေ့ နေ့လည် ၂ နာရီခွဲမှာ ထွက်မှာလေ။
ငါ မနက် ၅ နာရီခွဲမှာ အိပ်ရာထပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ, စာတွေနဲ့ အခကြေးငွေတွေကို စုဆောင်းလိုက်တယ်။ အဲ့ဒါကလွဲလို့ အခြားသူတွေရဲ့ သံသယတွေမဝင်စေဖို့နဲ့ ထွက်ပြေးရတာ လွယ်ကူစေဖို့အတွက် အခြား ဘာကိုမှ ငါ မယူထားဘူး။
ငါ မနက်စာစားပြီးတာနဲ့ အခန်းကို သပ်သပ်ရပ်ရပ်လုပ်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်တယ်။ ငါ ဒီအကြောင်းကို ငါ့သူငယ်ချင်းနဲ့ ပြောထားပြီးသား။ ငါ့ရဲ့သူငယ်ချင်းက ငါ့ခရီးဆောင်အိတ်ကို ရွှေ့ပြောင်းဖို့နဲ့ ရက်အနည်းငယ်အတွင်းမှာ ငါ့ရဲ့ငှားရမ်းထားမှုကို ပြန်အမ်းပေးဖို့ ကူညီလိမ့်မယ်။ ဒါမှမဟုတ် ငါ့ရဲ့လက်ကျန်ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့အတွက် ကူညီပေးမှာဖြစ်တယ်။
ငါ တံခါးကို ဖွင့်လိုက်တော့ ကျောင်းကုန်းဇီကို တွေ့လိုက်ရတယ်။ သူက ကိုယ်အလေးချိန်ကျသွားပြီး ငါ့ရဲ့၀တ်စုံနဲ့ သားရေဖိနပ်တွေ, လည်စည်းနဲ့ ဦးထုပ်ကိုပါ ၀တ်ဆင်ထားတယ်။
သူက ငါနဲ့ စကားပြောချင်တယ်လို့ ပြောတယ်။
ငါ့မှာ သူနဲ့စကားပြောဖို့အတွက် သဘောတူလိုက်ရုံသာ တတ်နိူင်ခဲ့တယ်။
ကျောင်းကုန်းဇီနဲ့ ငါ ကော်ဖီဆိုင်တစ်ဆိုင်ကို သွားလိုက်တယ်။ ငါတို့ တိတ်တိတ်ဆိတ်ဆိတ်ပဲ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေခဲ့ကြတယ်။ ဒါက အတော်လေး နေရခက်တာပဲ။
အချိန်အတော်ကြာပြီးတဲ့နောက် သူက ချက်လက်မှတ်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်, "ဒါကို နိုင်ငံခြားမှာ သုံးလို့ရတယ်, ပြီးတော့ အဲ့တာကို အဖေ ခြေရာခံနိုင်မှာ မဟုတ်ဘူး"
ငါက ပြောလိုက်တယ်, "ငါ ဒါကို လက်မခံနိုင်ဘူး"
ကျောင်းကုန်းဇီက ပြောတယ်, "မင်း လက်မခံဘူးဆိုရင်တောင်မှ လက်ခံရမှာပဲ"
ငါက ပြောလိုက်တယ် "ကျေးဇူးတင်ပါတယ်"
အဲ့နောက် သူက ပြောတယ်, "ခဏစောင့်, ငါ မင်းကို လိုက်ပို့ပေးမယ်, ငါတို့ပြန်အဆင်ပြေသွားသလို ဟန်ဆောင်နေလိုက်"
ငါ အံ့သြသွားတယ်။
"လှည့်မကြည့်နဲ့, အဖေ သတင်းရသွားပြီ"
ငါ သူ့ကို ကြည့်လိုက်မိတယ်။
သူက ခေါင်းငုံ့ပြီး ကော်ဖီသောက်ပြီးတဲ့နောက် ငါ့ကို ကျိန်ဆဲတယ် "သေစမ်း, ဒီညစ်ပတ်တဲ့ဟာက အရသာ လုံးဝကိုမရှိဘူး, မင်းထွက်သွားရင်တော့ ဒါက အကောင်းဆုံးဖြစ်သွားမှာ, လောင်ဇီက ဒီလို စိတ်ညစ်စရာတွေကို သောက်ရတာ မုန်းတယ်နော်, မင်း အမြဲတမ်း အမိုက်စားခေတ်မှီနေရမယ်, မြန်မြန်ထွက်သွားလိုက်တော့"
ဒီလိုအချိန်မျိုးမှာတောင် သူက ငါ့ကိုကျိန်ဆဲနေသေးတယ်။ အဲ့ဒါက ငါ့ကို အရမ်းဒေါသထွက်စေတဲ့အတွက် ငါ ချက်ချင်းဆိုသလို သူ့ကို နက်ခ်တိုင်ကနေ ဆွဲပြီး နမ်းပစ်လိုက်တယ်။
အချိန်အတော်ကြာပြီးမှသာ ငါ သူ့ကို လွှတ်ပေးလိုက်တယ်။
သူက ငါ့ကို ခဏလောက် တိတ်တိတ်လေး စိုက်ကြည့်ပြီးတဲ့နောက် ပြောတယ်, "သူတို့ထဲက တစ်ယောက် ထွက်သွားပြီ"
ပြီးတော့ သူက ငါ့ရဲ့နက်ခ်တိုင်ကို ဆွဲကိုင်ပြီး နောက်ထပ် အနမ်းတစ်ခုကို ထပ်ပေးပြန်တယ်။
အချိန်အတော်ကြာတော့မှ သူ ငါ့ကို လွှတ်လိုက်တယ်။
သူက ငါ့ကို တိတ်ဆိတ်စွာနဲ့ စိုက်ကြည့်နေပြန်တယ်, "နောက်တစ်ယောက်ကျန်သေးတယ်"
"ဒါက အရမ်းနှေးတယ်" ငါ အလုပ်ဖြစ်မယ့် အစီအစဥ်ကို ပြောပြလိုက်တယ်, "အပေါ်ထပ်မှာ ဟိုတယ်ရှိတယ်, အပေါ်ထပ် တက်ရအောင်, အဲ့လိုဆို သူတို့ မြန်မြန်ထွက်သွားလိမ့်မယ်"
ကျောင်းကုန်းဇီက အချိန်မဖြုန်းဘဲ ငါ့ရဲ့လက်ကို ဆွဲကိုင်ပြီး ဓါတ်လှေကားကို သွားရှာတယ်။
ငါတို့ အခန်းတစ်ခန်းယူလိုက်ပြီး အထဲဝင်ကာ ဟိုဟာဒီဟာလုပ်လိုက်တယ်။ ကော်ဖီမှာ လှုံ့ဆော်ပေးတဲ့ ဂုဏ်သတ္တိရှိတယ်။ အဲ့တာကို အလွန်အကျွံမသောက်သင့်တာတော့ အမှန်ပဲ။
ငါတို့နှစ်ယောက်စလုံး စိတ်ငြိမ်သွားတဲ့အခါ တော်တော်လေးနေရခက်နေတယ်။
ကျောင်းကုန်းဇီက ကုတင်ခေါင်းရင်းမှာ ထိုင်ပြီး ဆေးလိပ်သောက်နေတယ်။ ငါကတော့ လက်ပတ်နာရီကို တိတ်ဆိတ်စွာပဲ ကြည့်လိုက်မိတယ်။
အချိန်က ၂ နာရီ ၄၅ မိနစ်။
ကျောင်းကုန်းဇီက ပြောတယ်, "အခုဆို သူတို့အားလုံး ထွက်သွားလောက်ပြီ"
ငါက ပြောလိုက်တယ်, "ပါးစပ်ပိတ်ထား"
ခဏအကြာမှာတော့ ငါက ထပ်ပြောလိုက်တယ်, "ကောင်းကင်ဘုံရဲ့အလိုတော်ပဲ"
ကျောင်းကုန်းဇီက ပြန်ပြောတယ်, "အိုး, ငါ သိပြီ"
"ငါ ဟမ်းနဲ့ သွားတွေ့ပြီး အဝတ်အစားနည်းနည်းယူချင်တယ်, ငါ ဥရောပဘဏ်ကနေ နှုတ်ထွက်ခဲ့ပြီ, အလုပ်အသစ်ရှာရဦးမယ်"
ကျောင်းကုန်းဇီက ပြောတယ်, "အိုး"
ငါက မေးလိုက်တယ်, "ဒါက မင်းရဲ့မိတ်ဆွေတွေကို အထင်မလွဲစေဘူးလား?"
ကျောင်းကုန်းဇီက ပြောတယ်, "ငါ့မှာ မိတ်ဆွေမရှိဘူး"
"ဟမ်းနဲ့အတူ လမ်းလျှောက်ထွက်တဲ့ ဟိုမိန်းကလေးလေ..."
"အဲ့ဒါက ငါ့အမေနဲ့အတူ ဖဲရိုက်တဲ့သူငယ်ချင်းရဲ့ သမီး, သူမက ခွေးတွေနဲ့ လမ်းလျှောက်ထွက်တာကို ဘာလို့သဘောကျတာလဲမသိဘူး"
"ဟမ်းနဲ့ အပြားပစ်တမ်းကစားတဲ့ ဟိုကောင်လေးရောပဲ"
"အဲ့ဒါက အစ်ကိုအကြီးဆုံးရဲ့ အတန်းဖော်ရဲ့တူ, သူက ခွေးတွေနဲ့ အပြားပစ်တမ်းကစားရတာကို ဘာဖြစ်လို့သဘောကျတာလဲမသိဘူး"
ကျောင်းကုန်းဇီက ပြောပြန်တယ်, "သူတို့ ငါ့ဆီကနေ ပိုက်ဆံညာယူချင်တာ ဖြစ်မယ်"
မင်းကို အဝတ်အစားရောင်းတဲ့လူတွေနဲ့ ကျင်းရှန့်ကပဲ မင်းဆီကနေ ပိုက်ဆံညာယူချင်နေတာ။ ဟိုလူတွေကတော့ မင်းကို ညာယူချင်နေတာလေ။ ခြားနားချက်က တော်တော်လေးကွဲပြားတယ်ဆိုပေမယ့် ပြောဖို့ အရမ်းလွယ်တယ်။
"ငါ သိပြီ, သူတို့ ငါ့ကို လှည့်စားချင်နေတာ"
"မှန်တာပေါ့"
ကျောင်းကုန်းဇီက ငါ့ကို လှည့်ကြည့်တယ်။
ငါ သတိမပြုမိသလိုပဲ ဟန်ဆောင်နေလိုက်တယ်။
ကျောင်းကုန်းဇီက ပြောတယ်, "မင်း ငါ့ကို လှည့်စားခဲ့တယ်"
"မင်းနဲ့ငါ့ကြားမှာရှိတဲ့အရာတွေကို လှည့်စားတယ်လို့ခေါ်လို့မရဘူး, အချိတ်အဆက်မမိတာလို့ ခေါ်တယ်"
"ဟမ်"
ဘာပဲဖြစ်ဖြစ် ဒါက တော်တော်လေးနေရခက်နေတုန်းပဲ။
ကျောင်းကုန်းဇီက ဆေးလိပ်ဆက်သောက်တယ်။ ငါကတော့ တိတ်ဆိတ်စွာပဲ မျက်နှာကျက်ကို ကြည့်နေလိုက်တော့တယ်။
Zawgyi
ခိုးရာလိုက္ဖို႔ တိုက္တြန္းျခင္း
ငါ ထြက္သြားေတာ့မယ္။ တစ္ခုတည္းေသာျပႆနာက သခင္ႀကီးေက်ာင္းစီလိုက္သတ္တဲ့ရန္ကေန ဘယ္လို႐ုန္းထြက္ရမယ္ဆိုတာပဲ။
သေဘၤာက ဒီေန႔ ေန႔လည္ ၂ နာရီခြဲမွာ ထြက္မွာေလ။
ငါ မနက္ ၅ နာရီခြဲမွာ အိပ္ရာထၿပီး လိုအပ္တဲ့စာ႐ြက္စာတမ္းေတြ, စာေတြနဲ႔ အခေၾကးေငြေတြကို စုေဆာင္းလိုက္တယ္။ အဲ့ဒါကလြဲလို႔ အျခားသူေတြရဲ႕ သံသယေတြမဝင္ေစဖို႔နဲ႔ ထြက္ေျပးရတာ လြယ္ကူေစဖို႔အတြက္ အျခား ဘာကိုမွ ငါ မယူထားဘူး။
ငါ မနက္စာစားၿပီးတာနဲ႔ အခန္းကို သပ္သပ္ရပ္ရပ္လုပ္ၿပီး အျပင္ထြက္ဖို႔ ျပင္ဆင္လိုက္တယ္။ ငါ ဒီအေၾကာင္းကို ငါ့သူငယ္ခ်င္းနဲ႔ ေျပာထားၿပီးသား။ ငါ့ရဲ႕သူငယ္ခ်င္းက ငါ့ခရီးေဆာင္အိတ္ကို ေ႐ႊ႕ေျပာင္းဖို႔နဲ႔ ရက္အနည္းငယ္အတြင္းမွာ ငါ့ရဲ႕ငွားရမ္းထားမႈကို ျပန္အမ္းေပးဖို႔ ကူညီလိမ့္မယ္။ ဒါမွမဟုတ္ ငါ့ရဲ႕လက္က်န္ပစၥည္းေတြကို ေ႐ႊ႕ေျပာင္းဖို႔အတြက္ ကူညီေပးမွာျဖစ္တယ္။
ငါ တံခါးကို ဖြင့္လိုက္ေတာ့ ေက်ာင္းကုန္းဇီကို ေတြ႕လိုက္ရတယ္။ သူက ကိုယ္အေလးခ်ိန္က်သြားၿပီး ငါ့ရဲ႕၀တ္စုံနဲ႔ သားေရဖိနပ္ေတြ, လည္စည္းနဲ႔ ဦးထုပ္ကိုပါ ၀တ္ဆင္ထားတယ္။
သူက ငါနဲ႔ စကားေျပာခ်င္တယ္လို႔ ေျပာတယ္။
ငါ့မွာ သူနဲ႔စကားေျပာဖို႔အတြက္ သေဘာတူလိုက္႐ုံသာ တတ္ႏိူင္ခဲ့တယ္။
ေက်ာင္းကုန္းဇီနဲ႔ ငါ ေကာ္ဖီဆိုင္တစ္ဆိုင္ကို သြားလိုက္တယ္။ ငါတို႔ တိတ္တိတ္ဆိတ္ဆိတ္ပဲ တစ္ေယာက္ကိုတစ္ေယာက္ ေငးၾကည့္ေနခဲ့ၾကတယ္။ ဒါက အေတာ္ေလး ေနရခက္တာပဲ။
အခ်ိန္အေတာ္ၾကာၿပီးတဲ့ေနာက္ သူက ခ်က္လက္မွတ္ကိုထုတ္ၿပီး စားပြဲေပၚတင္လိုက္တယ္, "ဒါကို ႏိုင္ငံျခားမွာ သုံးလို႔ရတယ္, ၿပီးေတာ့ အဲ့တာကို အေဖ ေျခရာခံႏိုင္မွာ မဟုတ္ဘူး"
ငါက ေျပာလိုက္တယ္, "ငါ ဒါကို လက္မခံႏိုင္ဘူး"
ေက်ာင္းကုန္းဇီက ေျပာတယ္, "မင္း လက္မခံဘူးဆိုရင္ေတာင္မွ လက္ခံရမွာပဲ"
ငါက ေျပာလိုက္တယ္ "ေက်းဇူးတင္ပါတယ္"
အဲ့ေနာက္ သူက ေျပာတယ္, "ခဏေစာင့္, ငါ မင္းကို လိုက္ပို႔ေပးမယ္, ငါတို႔ျပန္အဆင္ေျပသြားသလို ဟန္ေဆာင္ေနလိုက္"
ငါ အံ့ၾသသြားတယ္။
"လွည့္မၾကည့္နဲ႔, အေဖ သတင္းရသြားၿပီ"
ငါ သူ႕ကို ၾကည့္လိုက္မိတယ္။
သူက ေခါင္းငုံ႔ၿပီး ေကာ္ဖီေသာက္ၿပီးတဲ့ေနာက္ ငါ့ကို က်ိန္ဆဲတယ္ "ေသစမ္း, ဒီညစ္ပတ္တဲ့ဟာက အရသာ လုံးဝကိုမ႐ွိဘူး, မင္းထြက္သြားရင္ေတာ့ ဒါက အေကာင္းဆုံးျဖစ္သြားမွာ, ေလာင္ဇီက ဒီလို စိတ္ညစ္စရာေတြကို ေသာက္ရတာ မုန္းတယ္ေနာ္, မင္း အၿမဲတမ္း အမိုက္စားေခတ္မွီေနရမယ္, ျမန္ျမန္ထြက္သြားလိုက္ေတာ့"
ဒီလိုအခ်ိန္မ်ိဳးမွာေတာင္ သူက ငါ့ကိုက်ိန္ဆဲေနေသးတယ္။ အဲ့ဒါက ငါ့ကို အရမ္းေဒါသထြက္ေစတဲ့အတြက္ ငါ ခ်က္ခ်င္းဆိုသလို သူ႕ကို နက္ခ္တိုင္ကေန ဆြဲၿပီး နမ္းပစ္လိုက္တယ္။
အခ်ိန္အေတာ္ၾကာၿပီးမွသာ ငါ သူ႕ကို လႊတ္ေပးလိုက္တယ္။
သူက ငါ့ကို ခဏေလာက္ တိတ္တိတ္ေလး စိုက္ၾကည့္ၿပီးတဲ့ေနာက္ ေျပာတယ္, "သူတို႔ထဲက တစ္ေယာက္ ထြက္သြားၿပီ"
ၿပီးေတာ့ သူက ငါ့ရဲ႕နက္ခ္တိုင္ကို ဆြဲကိုင္ၿပီး ေနာက္ထပ္ အနမ္းတစ္ခုကို ထပ္ေပးျပန္တယ္။
အခ်ိန္အေတာ္ၾကာေတာ့မွ သူ ငါ့ကို လႊတ္လိုက္တယ္။
သူက ငါ့ကို တိတ္ဆိတ္စြာနဲ႔ စိုက္ၾကည့္ေနျပန္တယ္, "ေနာက္တစ္ေယာက္က်န္ေသးတယ္"
"ဒါက အရမ္းေႏွးတယ္" ငါ အလုပ္ျဖစ္မယ့္ အစီအစဥ္ကို ေျပာျပလိုက္တယ္, "အေပၚထပ္မွာ ဟိုတယ္႐ွိတယ္, အေပၚထပ္ တက္ရေအာင္, အဲ့လိုဆို သူတို႔ ျမန္ျမန္ထြက္သြားလိမ့္မယ္"
ေက်ာင္းကုန္းဇီက အခ်ိန္မျဖဳန္းဘဲ ငါ့ရဲ႕လက္ကို ဆြဲကိုင္ၿပီး ဓါတ္ေလွကားကို သြား႐ွာတယ္။
ငါတို႔ အခန္းတစ္ခန္းယူလိုက္ၿပီး အထဲဝင္ကာ ဟိုဟာဒီဟာလုပ္လိုက္တယ္။ ေကာ္ဖီမွာ လႈံ႕ေဆာ္ေပးတဲ့ ဂုဏ္သတၱိ႐ွိတယ္။ အဲ့တာကို အလြန္အကြၽံမေသာက္သင့္တာေတာ့ အမွန္ပဲ။
ငါတို႔ႏွစ္ေယာက္စလုံး စိတ္ၿငိမ္သြားတဲ့အခါ ေတာ္ေတာ္ေလးေနရခက္ေနတယ္။
ေက်ာင္းကုန္းဇီက ကုတင္ေခါင္းရင္းမွာ ထိုင္ၿပီး ေဆးလိပ္ေသာက္ေနတယ္။ ငါကေတာ့ လက္ပတ္နာရီကို တိတ္ဆိတ္စြာပဲ ၾကည့္လိုက္မိတယ္။
အခ်ိန္က ၂ နာရီ ၄၅ မိနစ္။
ေက်ာင္းကုန္းဇီက ေျပာတယ္, "အခုဆို သူတို႔အားလုံး ထြက္သြားေလာက္ၿပီ"
ငါက ေျပာလိုက္တယ္, "ပါးစပ္ပိတ္ထား"
ခဏအၾကာမွာေတာ့ ငါက ထပ္ေျပာလိုက္တယ္, "ေကာင္းကင္ဘုံရဲ႕အလိုေတာ္ပဲ"
ေက်ာင္းကုန္းဇီက ျပန္ေျပာတယ္, "အိုး, ငါ သိၿပီ"
"ငါ ဟမ္းနဲ႔ သြားေတြ႕ၿပီး အဝတ္အစားနည္းနည္းယူခ်င္တယ္, ငါ ဥေရာပဘဏ္ကေန ႏႈတ္ထြက္ခဲ့ၿပီ, အလုပ္အသစ္႐ွာရဦးမယ္"
ေက်ာင္းကုန္းဇီက ေျပာတယ္, "အိုး"
ငါက ေမးလိုက္တယ္, "ဒါက မင္းရဲ႕မိတ္ေဆြေတြကို အထင္မလြဲေစဘူးလား?"
ေက်ာင္းကုန္းဇီက ေျပာတယ္, "ငါ့မွာ မိတ္ေဆြမ႐ွိဘူး"
"ဟမ္းနဲ႔အတူ လမ္းေလွ်ာက္ထြက္တဲ့ ဟိုမိန္းကေလးေလ..."
"အဲ့ဒါက ငါ့အေမနဲ႔အတူ ဖဲ႐ိုက္တဲ့သူငယ္ခ်င္းရဲ႕ သမီး, သူမက ေခြးေတြနဲ႔ လမ္းေလွ်ာက္ထြက္တာကို ဘာလို႔သေဘာက်တာလဲမသိဘူး"
"ဟမ္းနဲ႔ အျပားပစ္တမ္းကစားတဲ့ ဟိုေကာင္ေလးေရာပဲ"
"အဲ့ဒါက အစ္ကိုအႀကီးဆုံးရဲ႕ အတန္းေဖာ္ရဲ႕တူ, သူက ေခြးေတြနဲ႔ အျပားပစ္တမ္းကစားရတာကို ဘာျဖစ္လို႔သေဘာက်တာလဲမသိဘူး"
ေက်ာင္းကုန္းဇီက ေျပာျပန္တယ္, "သူတို႔ ငါ့ဆီကေန ပိုက္ဆံညာယူခ်င္တာ ျဖစ္မယ္"
မင္းကို အဝတ္အစားေရာင္းတဲ့လူေတြနဲ႔ က်င္း႐ွန္႔ကပဲ မင္းဆီကေန ပိုက္ဆံညာယူခ်င္ေနတာ။ ဟိုလူေတြကေတာ့ မင္းကို ညာယူခ်င္ေနတာေလ။ ျခားနားခ်က္က ေတာ္ေတာ္ေလးကြဲျပားတယ္ဆိုေပမယ့္ ေျပာဖို႔ အရမ္းလြယ္တယ္။
"ငါ သိၿပီ, သူတို႔ ငါ့ကို လွည့္စားခ်င္ေနတာ"
"မွန္တာေပါ့"
ေက်ာင္းကုန္းဇီက ငါ့ကို လွည့္ၾကည့္တယ္။
ငါ သတိမျပဳမိသလိုပဲ ဟန္ေဆာင္ေနလိုက္တယ္။
ေက်ာင္းကုန္းဇီက ေျပာတယ္, "မင္း ငါ့ကို လွည့္စားခဲ့တယ္"
"မင္းနဲ႔ငါ့ၾကားမွာ႐ွိတဲ့အရာေတြကို လွည့္စားတယ္လို႔ေခၚလို႔မရဘူး, အခ်ိတ္အဆက္မမိတာလို႔ ေခၚတယ္"
"ဟမ္"
ဘာပဲျဖစ္ျဖစ္ ဒါက ေတာ္ေတာ္ေလးေနရခက္ေနတုန္းပဲ။
ေက်ာင္းကုန္းဇီက ေဆးလိပ္ဆက္ေသာက္တယ္။ ငါကေတာ့ တိတ္ဆိတ္စြာပဲ မ်က္ႏွာက်က္ကို ၾကည့္ေနလိုက္ေတာ့တယ္။