HANARY(S1+S2)

By greyvictor25

6.6M 433K 73.7K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories πŸ’Œ
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ep-41(Uni/Zg)

60.3K 4.5K 430
By greyvictor25

ခံစားချက်မရှိတဲ့ လူတယောက်လိုသွေးအေးနေတဲ့ လူကလောင်းကစားရုံကနေ ဒုတိယပစ်မှတ်နေရာကိုဆက်သွားလိုက်သည်...အဆောက်အဦးပျက်တခုရဲ့ခေါင်မိုးထပ်ထိရောက်အောင် လျှောက်လှမ်းသွားလိုက်ပီး လက်ထဲမှာပါလာတဲ့ အနက်ရောင်အိတ်ကို ခြေထောက်နားမှာချထားလိုက်သည် ပီးမှ အဆင်သင့်ချထားတဲ့ထိုင်ခုံမှာထိုင်လိုက်ပီး ခြေထောက်နှဖက်ကို စားပွဲပေါ်ချိတ်ကာ လက်တွေက ကျည်လွတ်သွားတဲ့သေနတ်ထဲ ကျည်ပြန်ထည့်လိုက်သည်....တုံ့ဆိုင်းခြင်းမရှိတဲ့လက်တွေနဲ့ သေနတ်ကိုင်ပုံကိုင်နည်းတွေက အသေးစိတ်ကျလွန်းတာကြောင့် ကျွမ်းကျင်ပီးသေချာသင်ယူထားတဲ့ လူတယောက်ဆိုတာတော့ငြင်းမရ....အချောသတ်ဖြစ်သွားတဲ့သေနတ်ကို Jacketထဲပြန်ထည့်ထားလိုက်သည်

" wow... ဆရာသမားကရောက်တောင်နေပီလား "

ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ လူတယောက်ကဟန်နရီဆီ ဦးတည်လာလိုက်သည် သူ့နောက်မှာလဲ လူသုံးယောက်ကကပ်ပါလာသည်...

" ပစ္စည်းရခဲ့လား "

ဟန်နရီကထိုလူရဲ့ အမေးကို ပါးစပ်ကပြန်မဖြေပဲ ခြေထောက်နားကိုသာ မျက်စပစ်လိုက်သည်...တခြားလူတယောက်ကိုစကားများပီး အပိုစာသားတွေမပြောတတ်တာ ထိုလူရဲ့အကျင့်ပင်( လွန်းတာနေဆန်းမှလွဲ၍)

" ငွေက အပြည့်အ၀ကောပါရဲ့လား...ငါတို့ကမင်းကို ဘယ်လိုယုံရမှာလဲ "

" ခင်ဗျားကို ငါးစက္ကန့်အချိန်ပေးမယ် အဲ့အချိန်အတွင်း ကျုပ်နဲ့လဲမဲ့ပစ္စည်းကို ဒီစားပွဲပေါ်တင်လိုက်...အဲ့လိုမဟုတ်ပဲ အခုအတိုင်းစကားဆက်များနေရင် လာရာလမ်းအတိုင်းပြန်သွားတာ ပိုကောင်းလိမ့်မယ် "

" တကယ်ကို ဟီရိုရဲ့မြေးပီသပါပေတယ်...ဒီမှာ ငါတို့ပစ္စည်း "

ဟန်နရီက စားပွဲပေါ်ရောက်လာတဲ့ Boxတခုကို လက်ကိုင်ကနေဆွဲယူလိုက်ပီး တဖက်လူလက်ထဲကို အနက်ရောင်အိတ်ကို ပြန်ပေးလိုက်သည်

" ကိစ္စပီးပီဆိုရင် ကျုပ်ပြန်တော့မယ် "

ထိုင်ခုံကနေ ထပီးထွက်ခွာဖို့လုပ်လိုက်တဲ့ ဟန်နရီကို  ချက်ချင်းဆိုသလိုပဲ တဖက်ကလူရဲ့ နောက်လိုက်သုံးယောက်က သေနတ်နဲ့ချိန်ထားလိုက်သည်

" ဒါဘာသဘောလဲ "

" ငါတို့က ဒီပစ္စည်းကိုမင်းလက်ထဲအသာတကြည်ထည့်ပေးလိုက်မယ်ထင်နေတာလား အခုချက်ချင်း မင်းလက်ထဲက Boxကိုပြန်ပေးလိုက်..မဟုတ်ရင် မင်းရဲ့ခေါင်းပွင့်သွားလိမ့်မယ်နော် ဗစ်တာ.".

" ခေါင်းပွင့်တာက ကျုပ်မဖြစ်ပဲခင်ဗျားဖြစ်သွားလိမ့်မယ်ထင်တယ် အဟက် "

သေနတ်ကိုဘယ်လို ကျွမ်းကျင်စွာကိုင်တွယ်ရမယ်မှန်းသိနေတဲ့ ဟန်နရီက သူ့ဘေးကလူရဲ့လက်ကိုလှမ်းဆွဲလိုက်ပီး သေနတ်ကိုဆွဲလှည့်ကာ တုံဆိုင်းခြင်းမရှိပဲ တဖက်လူရဲ့နောက်လိုက်သုံးယောက်ကို ချက်ချင်းသေနိုင်လောက်မဲ့နေရာကိုပဲ ရွေးပစ်လိုက်သည်...ပီးတာနဲ့ သေနတ်ကို လက်ညိုးကြားမှာတင် လှည့်ကစားလိုက်ပီး တဖက်လက်က ကျည်ကဒ်နေရာကိုဆွဲထုတ်ကာ အ၀ေးကိုလွှတ်ပစ်လိုက်သည်...
အရင်ထဲက ဟန်နရီကသေနတ်နဲ့ပတ်သတ်ပီး ကျွမ်းကျင်နေတဲ့လူတယောက်ဆိုတာတော့ သူတို့လောကသားအချင်းချင်းမှာတော့ သိပီးသားပင်...

တုန်ယင်နေတဲ့တဖက်လူနားကို ဟန်နရီပြန်ချဥ်းကပ်လိုက်ပီး Boxကို စားပွဲပေါ်တင်လိုက်သည်..

" ယူလေ ခင်ဗျားသိပ်ကိုလိုချင်နေတဲ့ပစ္စည်းကို ပြန်ယူသွားလိုက် "

တဖြည်းဖြည်းနဲ့ Boxနားကို ချဥ်းကပ်လာတဲ့ တဖက်လူရဲ့လက်ကို ဟန်နရီတယောက်အနီးနားကဓားနဲ့ထိုးချလိုက်သည်...

" အား!!!!!!"

" အဲ့တာ သစ္စာဖောက်ပီးလောဘတက်တဲ့ ခင်ဗျားရဲ့လက်ကို အပြစ်ပေးလိုက်တာ ကျုပ်ရဲ့ဒေါသတွေကို လာမဆွနဲ့ ခင်ဗျားအပေါ်ကို အကုန်လုံးပုံချမိလိမ့်မယ် နားလည်လား!!!!"

စားပွဲပေါ်က Boxကိုဟန်နရီပြန်ဆွဲယူလိုက်ပီး လှည့်ထွက်သွားလိုက်သည်...အကြည့်မျက်၀န်းတွေကတော့ အေးစက်လျှက်ပင်...
**
Bath roomထဲကရေစီးကျသံ....ဖြည်းညင်းစွာကျဆင်းလာတဲ့ ရေပေါက်လေးတွေ...နံရံကို လက်ထောက်ကာ ခံစားချက်မဲ့နေတဲ့လူတယောက်...အင်း...ထုံးစံအတိုင်း အထီးကျန်နေပြန်ပီထင်ပါတယ်
Bath Roomထဲမှာမို့ တကိုယ်လုံးအ၀တ်မရှိဖြစ်နေတဲ့သူက အသက်ကိုဖြည်းညင်းစွာရှုပီး ရေစိုနေတဲ့ဆံပင်တွေကို လက်နဲ့သပ်ချလိုက်သည်...

ခါးစပ်နားက နဂါးရုပ်ရဲ့အမြှီးကလဲ ပေါင်လယ်အပေါ်နားထိရောက်လုနီးပါးပင်....ဘောင်းဘီ၀တ်ထားလျှင်သာ tattooတ၀က်ပဲမြင်ရမည်ဖြစ်သည်...အရင်ထက်ထူးခြားနေတာက ရင်ဘတ်နားက နှင်းဆီပန်းပုံတက်တူးလေးပင် အရင်ကမရှိပဲ အခုတလောမှတွေ့ရတာကြောင့် ထိုးထားတာမကြာသေးတဲ့ပုံပါပဲ သေချာတာတော့နှင်းဆီပန်းနဲ့ပတ်သတ်ပီး ဇာတ်လမ်းလေးတွေရှိခဲ့ပုံပါပဲ
ဟန်နရီကဘေးနားက တဘတ်ကိုလှမ်းယူလိုက်ပီး သူ့ခါးကိုပြန်ပတ်ထားလိုက်သည်...ပီးတာနဲ့ ဖုန်းကိုချက်ချင်းလှမ်းယူပီး အချိန်ကိုကြည့်လိုက်တော့ မနက်3:30...ဒီမှာမနက်သုံးနာရီဆို အချိန်ငါးနာခွဲကွာဟတာကြောင့် တစုံတယောက်ဆီမှာတော့ မနက်9:00ဖြစ်လောက်ရောပေါ့
ဟန်နရီမျက်လုံးကို မှိတ်ကာ အချိန်ခဏငြိမ်သက်သွားသည် ...အချိန်ကြာလာတာနဲ့အမျှအသက်ရှုသံတွေက ပိုမြန်ဆန်လာပီး သူ့အရှေ့ကမှန်ကို အားနဲ့ထိုးချလိုက်သည်...ကွဲကျသွားတဲ့မှန်စလေးတွေကြားမှာ စီးကျနေတဲ့သွေးစက်တွေက ဆုံဆည်းလျှက်ပင်...

" ကိုယ် အဆင်မပြေဘူး အချစ်ရယ်....."

*****

"ဆရာလေး...သူပီးရင် သားအလှည့်နော် "

" ဟုတ်ပါပီဗျာ "

ဂေဟာလေးရဲ့ ခြံ၀န်းလေးထဲမှာ အစီအရီတန်းစီနေတဲ့ကလေးငယ်တွေရဲ့ အသံတွေက၀ေဆာလျှက်ပင် ...ဒီနေ့ရဲ့ ဆရာလေးကတော့ သူ့ကလေးတွေကို ဆံပင်ညှပ်ပေးနေတဲ့ပုံပါပဲ သေချာဂရုတစိုက် အာရုံစိုက်ပီး ဆံပင်ညှပ်ပေးနေတဲ့ ဆရာလေးရဲ့အပြုံးတွေက တောက်ပစွာရွှင်လန်းလျှက်...

" အကို ကျတော်လဲကူလုပ်ပေးချင်တယ် "

" ဒီကိစ္စကမင်းလုပ်လို့မဖြစ်ဘူး ၀ေး၀ေးမှာသွားထိုင်နေ "

" အကိုကလဲ ဒီကလေးတွေ ဆံပင်လောက်က ကျတော်လဲညှပ်တပ်ပါတယ်ဗျာ အရင်ကဆို ကိုယ့်ဆံပင်ကိုယ်ပဲညှပ်တာ "

ဖြစ်နိုင်ပါ့မလားဆိုတဲ့အကြည့်နဲ့ မာန်ဟိန်းက Samအားလှမ်းကြည့်လိုက်သည် ....

" အကိုမယုံလို့လား ကျတော်လက်တွေ့ပြမယ်....ဟိုနားကသားလေး !! လာ..လာ ကိုကြီးဆီလာ ကိုကြီးဆံပင်ညှပ်ပေးမယ် "

Samက သူနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ ကလေးကိုသူ့အနားလှမ်းခေါ်လိုက်သည်...ပီးတာနဲ့ မာန်ဟိန်းရဲ့လှုပ်ရှားမှုအတိုင်း လိုက်လုပ်ကာ ထိုကလေးရဲ့ဆံပင်ကို စမ်းသပ်လိုက်သည်...

" ဟင် သားမျက်ခုံးမွှေးတွေ....ဆရာလေး!!! ဒီကိုကြီးက သားမျက်ခုံးမွှေးတွေကို ဖျက်ဆီးပစ်တယ် အီးဟီး...."

ငိုယိုပီးပြေးလာတဲ့ ကလေးကို မာန်ဟိန်းကသေချာကြည့်ကာ ရယ်ချင်စိတ်များကိုထိန်းထားရသည်...ရှေ့ဆံပင်ညှပ်ပေးတာအတိုလွန်ပီး မျက်ခုံးမွှေးတဖက်ကိုပါညှပ်မိသွားတဲ့ပုံပါပဲ မျက်ခုံးမွှေးတဖက်က ကျိုးတိုးကျဲတဲ...

" မင်းကိုငါ ၀င်မပါပါနဲ့လို့မပြောခဲ့ဘူးလား Sam "

" အဲ့တာကလေ....ကျတော် ...ကျတော် "

နောက်ဆုံးတော့ငိုနေတဲ့ကလေးကို မာန်ဟိန်းကသေချာချော့ပီး မုန့်ထုတ်လေးပေးကာ အငိုတိတ်အောင်လုပ်လိုက်ရသည် ..Samကတော့ မာန်ဟိန်းဘေးမှာပဲ၀င်ထိုင်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ဖြစ်နေတဲ့ပုံပါပဲ..

" အကို "

" ဘာလဲ "

" ကျတော့်ကို စိတ်ဆိုးသွားပီလားဟင် "

" အဲ့တာက ငါ့ကိုမေးရမှာမဟုတ်ဘူး ခုနကကလေးကိုမေးရမှာ "

" ခုနကကလေးကို ကျတော်သေချာတောင်းပန်ပီးပါပီ အကိုကကော ကျတော့်ကိုစိတ်ဆိုးနေလားဟင် "

" အနားကို ဘာလို့အတင်းလာကပ်နေတာလဲ ဒီမှာအလုပ်လုပ်နေတယ်လေ "

" ကျတော်က အကို့နားမှာပဲကပ်နေချင်တာ '

" Sam!!! "

" အကို !!!"

" ဘယ်လိုဖြစ်နေတာလဲ အရှေ့မှာကလေးတွေကြည့်နေတယ်လေ မရှက်ဘူးလား '

" ရှက်ရအောင် ကျတော်က အကို့ကို ဖက်နမ်းနေတာမို့လို့လား "

" Sam!!! ငါစိတ်တိုလာရင် ပြန်ခိုင်းလိုက်မှာနော် "

" အာ ပြန်တော့မပြန်ခိုင်းပါနဲ့ ကျတော်ဟိုနားမှာသွားစောင့်နေမယ်နော် "

Samက မာန်ဟိန်းနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ ခုံတခုံပေါ်မှာ ၀င်ထိုင်လိုက်ပီး မာန်ဟိန်းရဲ့လှုပ်ရှားမှုအသေးစိတ်ကိုကြည့်နေလိုက်သည် အခုနောက်ပိုင်း Samက မာန်ဟိန်းဆီအမြဲလာကာ တခုမဟုတ်တခုအမြဲကူလုပ်ပေးတတ်သည်..ကူလုပ်လိုက်တိုင်း အလွဲလေးတွေလဲဖြစ်သွားတတ်သည်...ဒါပေမဲ့ နှယောက်သားအခြေအနေကတော့ တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့ပုံပါပဲ....

***
Skip time

5လ...အချိန်အားဖြင့်5လကြာသွားခဲ့ပါပီ ကျတော့်ရဲ့ စာမေးပွဲလဲ ဖြေဆိုပီးလို့ အချိန်တွေတောင်ကြာခဲ့ပါပီ...ဒီအတောအတွင်း တခါလေးတောင် မဆက်သွယ်ခဲ့တဲ့သူကိုလဲ အပြစ်မတင်ရက်ပေမဲ့ ကျေးဇူးတင်မိပါတယ် သူ့ကြောင့်လဲ လောကကြီးအကြောင်းကိုသိလာရတယ် ကုန်ဆုံးခဲ့တဲ့နေ့တွေမှာ နေ့စဥ်ရက်ဆက်ငိုခဲ့ရပေမဲ့ အဲ့မျက်ရည်တွေကြောင့်ပဲ တဖြည်းဖြည်းနဲ့သန်မာလာပီထင်ပါတယ်
Diaryစာအုပ်လေးထဲမှာလဲ အလွမ်းဓာတ်တွေနဲ့ပြည့်နှက်ခဲ့ပီးပီမို့ အခုလောက်ဆို တော်သင့်ပီမှတ်လား အများကြီးပြိုလဲခဲ့ပီးပီပဲလေ အခုချိန်ကစပီး ကျတော်ကြံ့ခိုင်မှဖြစ်တော့မယ်... မကြာခင် အလုပ်ခွင်ထဲကိုလဲ ၀င်ရောက်တော့မှာမို့ ပျော့ညံ့နေတဲ့ လွန်းတာနေဆန်းအဖြစ်ဆက်မရှင်သန်တော့ပါဘူး....ကျေးဇူးတင်တယ် ခင်ဗျားကြောင့် ကိုယ့်ဘ၀ကိုယ်ပြန်ရှာတွေ့ခဲ့လို့...

" လွန်းလေး"

" ဟုတ် ကြီးကြီး "

" လွန်း ကြီးကြီးကို ဘာပြောစရာရှိလို့လဲ "

မီးဖိုချောင်ထဲကနေ မထွက်ရပဲ တနေကုန်အလုပ်လုပ်နေတဲ့ ကြီးကြီးကို ကြည့်ပီးကျတော် တော်တော်လေးခံစားလိုက်ရပါတယ်....ကျတော်ဘယ်လောက်တောင် ညံ့ဖျင်းပီး ပျော့ညံ့ခဲ့တဲ့လူတယောက်ဖြစ်ခဲ့ပီးပီလဲ....

" ကြီးကြီး နှစ်အတော်ကြာအောင်ပင်ပန်းခဲ့ပီးပီ ဒီတခါတော့ ကျတော့်အလှည့်မို့လို့ အနားယူလိုက်ပါတော့ "

" သား ဘာတွေပြောနေတာလဲ "

" ကျတော်တို့ ဒီအိမ်ကြီးကနေ ထွက်သွားကြရအောင် "

***
22.1.22
Grey
***

ခံစားခ်က္မရွိတဲ့ လူတေယာက္လိုေသြးေအးေနတဲ့ လူကေလာင္းကစား႐ုံကေန ဒုတိယပစ္မွတ္ေနရာကိုဆက္သြားလိုက္သည္...အေဆာက္အဦးပ်က္တခုရဲ႕ေခါင္မိုးထပ္ထိေရာက္ေအာင္ ေလွ်ာက္လွမ္းသြားလိုက္ပီး လက္ထဲမွာပါလာတဲ့ အနက္ေရာင္အိတ္ကို ေျခေထာက္နားမွာခ်ထားလိုက္သည္ ပီးမွ အဆင္သင့္ခ်ထားတဲ့ထိုင္ခုံမွာထိုင္လိုက္ပီး ေျခေထာက္ႏွဖက္ကို စားပြဲေပၚခ်ိတ္ကာ လက္ေတြက က်ည္လြတ္သြားတဲ့ေသနတ္ထဲ က်ည္ျပန္ထည့္လိုက္သည္....တုံ႔ဆိုင္းျခင္းမရွိတဲ့လက္ေတြနဲ႔ ေသနတ္ကိုင္ပုံကိုင္နည္းေတြက အေသးစိတ္က်လြန္းတာေၾကာင့္ ကြၽမ္းက်င္ပီးေသခ်ာသင္ယူထားတဲ့ လူတေယာက္ဆိုတာေတာ့ျငင္းမရ....အေခ်ာသတ္ျဖစ္သြားတဲ့ေသနတ္ကို Jacketထဲျပန္ထည့္ထားလိုက္သည္

" wow... ဆရာသမားကေရာက္ေတာင္ေနပီလား "

ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ကာ လူတေယာက္ကဟန္နရီဆီ
ဦးတည္လာလိုက္သည္ သူ႔ေနာက္မွာလဲ လူသုံးေယာက္ကကပ္ပါလာသည္...

" ပစၥည္းရခဲ့လား "

ဟန္နရီကထိုလူရဲ႕ အေမးကို ပါးစပ္ကျပန္မေျဖပဲ ေျခေထာက္နားကိုသာ မ်က္စပစ္လိုက္သည္...တျခားလူတေယာက္ကိုစကားမ်ားပီး အပိုစာသားေတြမေျပာတတ္တာ ထိုလူရဲ႕အက်င့္ပင္( လြန္းတာေနဆန္းမွလြဲ၍)

" ေငြက အျပည့္အ၀ေကာပါရဲ႕လား...ငါတို႔ကမင္းကို ဘယ္လိုယုံရမွာလဲ "

" ခင္ဗ်ားကို ငါးစကၠန္႔အခ်ိန္ေပးမယ္ အဲ့အခ်ိန္အတြင္း က်ဳပ္နဲ႔လဲမဲ့ပစၥည္းကို ဒီစားပြဲေပၚတင္လိုက္...အဲ့လိုမဟုတ္ပဲ အခုအတိုင္းစကားဆက္မ်ားေနရင္ လာရာလမ္းအတိုင္းျပန္သြားတာ ပိုေကာင္းလိမ့္မယ္ "

" တကယ္ကို ဟီ႐ိုရဲ႕ေျမးပီသပါေပတယ္...ဒီမွာ ငါတို႔ပစၥည္း "

ဟန္နရီက စားပြဲေပၚေရာက္လာတဲ့ Boxတခုကို လက္ကိုင္ကေနဆြဲယူလိုက္ပီး တဖက္လူလက္ထဲကို အနက္ေရာင္အိတ္ကို ျပန္ေပးလိုက္သည္

" ကိစၥပီးပီဆိုရင္ က်ဳပ္ျပန္ေတာ့မယ္ "

ထိုင္ခုံကေန ထပီးထြက္ခြာဖို႔လုပ္လိုက္တဲ့ ဟန္နရီကို  ခ်က္ခ်င္းဆိုသလိုပဲ တဖက္ကလူရဲ႕ ေနာက္လိုက္သုံးေယာက္က ေသနတ္နဲ႔ခ်ိန္ထားလိုက္သည္

" ဒါဘာသေဘာလဲ "

" ငါတို႔က ဒီပစၥည္းကိုမင္းလက္ထဲအသာတၾကည္ထည့္ေပးလိုက္မယ္ထင္ေနတာလား အခုခ်က္ခ်င္း မင္းလက္ထဲက Boxကိုျပန္ေပးလိုက္..မဟုတ္ရင္ မင္းရဲ႕ေခါင္းပြင့္သြားလိမ့္မယ္ေနာ္ ဗစ္တာ.".

" ေခါင္းပြင့္တာက က်ဳပ္မျဖစ္ပဲခင္ဗ်ားျဖစ္သြားလိမ့္မယ္ထင္တယ္ အဟက္ "

ေသနတ္ကိုဘယ္လို ကြၽမ္းက်င္စြာကိုင္တြယ္ရမယ္မွန္းသိေနတဲ့ ဟန္နရီက သူ႔ေဘးကလူရဲ႕လက္ကိုလွမ္းဆြဲလိုက္ပီး ေသနတ္ကိုဆြဲလွည့္ကာ တုံဆိုင္းျခင္းမရွိပဲ တဖက္လူရဲ႕ေနာက္လိုက္သုံးေယာက္ကို ခ်က္ခ်င္းေသႏိုင္ေလာက္မဲ့ေနရာကိုပဲ ေ႐ြးပစ္လိုက္သည္...ပီးတာနဲ႔ ေသနတ္ကို လက္ညိဳးျခားမွာတင္ လွည့္ကစားလိုက္ပီး တဖက္လက္က က်ည္ကဒ္ေနရာကိုဆြဲထုတ္ကာ အ၀ေးကိုလႊတ္ပစ္လိုက္သည္...
အရင္ထဲက ဟန္နရီကေသနတ္နဲ႔ပတ္သတ္ပီး ကြၽမ္းက်င္ေနတဲ့လူတေယာက္ဆိုတာေတာ့ သူတို႔ေလာကသားအခ်င္းခ်င္းမွာေတာ့ သိပီးသားပင္...

တုန္ယင္ေနတဲ့တဖက္လူနားကို ဟန္နရီျပန္ခ်ဥ္းကပ္လိုက္ပီး Boxကို စားပြဲေပၚတင္လိုက္သည္..

" ယူေလ ခင္ဗ်ားသိပ္ကိုလိုခ်င္ေနတဲ့ပစၥည္းကို ျပန္ယူသြားလိုက္ "

တျဖည္းျဖည္းနဲ႔ Boxနားကို ခ်ဥ္းကပ္လာတဲ့ တဖက္လူရဲ႕လက္ကို
ဟန္နရီက အနီးနားကဓားနဲ႔ထိုးခ်လိုက္သည္...

" အား!!!!!!"

" အဲ့တာ သစၥာေဖာက္ပီးေလာဘတက္တဲ့ ခင္ဗ်ားရဲ႕လက္ကို အျပစ္ေပးလိုက္တာ က်ဳပ္ရဲ႕ေဒါသေတြကို လာမဆြနဲ႔ ခင္ဗ်ားအေပၚကို အကုန္လုံးပုံခ်မိလိမ့္မယ္ နားလည္လား!!!!"

စားပြဲေပၚက Boxကိုဟန္နရီျပန္ဆြဲယူလိုက္ပီး လွည့္ထြက္သြားလိုက္သည္...အၾကည့္မ်က္၀န္းေတြကေတာ့ ေအးစက္လွ်က္ပင္...
**
Bath roomထဲကေရစီးက်သံ....ျဖည္းညင္းစြာက်ဆင္းလာတဲ့ ေရေပါက္ေလးေတြ...နံရံကို လက္ေထာက္ကာ ခံစားခ်က္မဲ့ေနတဲ့လူတေယာက္...အင္း...ထုံးစံအတိုင္း အထီးက်န္ေနျပန္ပီထင္ပါတယ္
Bath Roomထဲမွာမို႔ တကိုယ္လုံးအ၀တ္မရွိျဖစ္ေနတဲ့သူက အသက္ကိုျဖည္းညင္းစြာရႈပီး ေရစိုေနတဲ့ဆံပင္ေတြကို လက္နဲ႔သပ္ခ်လိုက္သည္...

ခါးစပ္နားက နဂါး႐ုပ္ရဲ႕အျမႇီးကလဲ ေပါင္လယ္အေပၚနားထိေရာက္လုနီးပါးပင္....ေဘာင္းဘီ၀တ္ထားလွ်င္သာ tattooတ၀က္ပဲျမင္ရမည္ျဖစ္သည္...အရင္ထက္ထူးျခားေနတာက ရင္ဘတ္နားက ႏွင္းဆီပန္းပုံတက္တူးေလးပင္ အရင္ကမရွိပဲ အခုတေလာမွေတြ႕ရတာေၾကာင့္ ထိုးထားတာမၾကာေသးတဲ့ပုံပါပဲ ေသခ်ာတာေတာ့ႏွင္းဆီပန္းနဲ႔ပတ္သတ္ပီး ဇာတ္လမ္းေလးေတြရွိခဲ့ပုံပါပဲ
ဟန္နရီကေဘးနားက တဘတ္ကိုလွမ္းယူလိုက္ပီး သူ႔ခါးကိုျပန္ပတ္ထားလိုက္သည္...ပီးတာနဲ႔ ဖုန္းကိုခ်က္ခ်င္းလွမ္းယူပီး အခ်ိန္ကိုၾကည့္လိုက္ေတာ့ မနက္3:30...ဒီမွာမနက္သုံးနာရီဆို အခ်ိန္ငါးနာခြဲကြာဟတာေၾကာင့္ တစုံတေယာက္ဆီမွာေတာ့ မနက္9:00ျဖစ္ေလာက္ေရာေပါ့
ဟန္နရီမ်က္လုံးကို မွိတ္ကာ အခ်ိန္ခဏၿငိမ္သက္သြားသည္ ...အခ်ိန္ၾကာလာတာနဲ႔အမွ်အသက္ရႈသံေတြက ပိုျမန္ဆန္လာပီး သူ႔အေရွ႕ကမွန္ကို အားနဲ႔ထိုးခ်လိုက္သည္...ကြဲက်သြားတဲ့မွန္စေလးေတြၾကားမွာ စီးက်ေနတဲ့ေသြးစက္ေတြက ဆုံဆည္းလွ်က္ပင္...

" ကိုယ္ အဆင္မေျပဘူး အခ်စ္ရယ္....."

*****

"ဆရာေလး...သူပီးရင္ သားအလွည့္ေနာ္ "

" ဟုတ္ပါပီဗ်ာ "

ေဂဟာေလးရဲ႕ ၿခံ၀န္းေလးထဲမွာ အစီအရီတန္းစီေနတဲ့ကေလးငယ္ေတြရဲ႕ အသံေတြက၀ေဆာလွ်က္ပင္ ...ဒီေန႔ရဲ႕ ဆရာေလးကေတာ့ သူ႔ကေလးေတြကို ဆံပင္ညႇပ္ေပးေနတဲ့ပုံပါပဲ ေသခ်ာဂ႐ုတစိုက္ အာ႐ုံစိုက္ပီး ဆံပင္ညႇပ္ေပးေနတဲ့ ဆရာေလးရဲ႕အၿပဳံးေတြက ေတာက္ပစြာ႐ႊင္လန္းလွ်က္...

" အကို က်ေတာ္လဲကူလုပ္ေပးခ်င္တယ္ "

" ဒီကိစၥကမင္းလုပ္လို႔မျဖစ္ဘူး ၀ေး၀ေးမွာသြားထိုင္ေန "

" အကိုကလဲ ဒီကေလးေတြ ဆံပင္ေလာက္က က်ေတာ္လဲညႇပ္တပ္ပါတယ္ဗ်ာ အရင္ကဆို ကိုယ့္ဆံပင္ကိုယ္ပဲညႇပ္တာ "

ျဖစ္ႏိုင္ပါ့မလားဆိုတဲ့အၾကည့္နဲ႔ မာန္ဟိန္းက Samအားလွမ္းၾကည့္လိုက္သည္ ....

" အကိုမယုံလို႔လား က်ေတာ္လက္ေတြ႕ျပမယ္....ဟိုနားကသားေလး !! လာ..လာ ကိုႀကီးဆီလာ ကိုႀကီးဆံပင္ညႇပ္ေပးမယ္ "

Samက သူနဲ႔မလွမ္းမကမ္းမွာရွိေနတဲ့ ကေလးကိုသူ႔အနားလွမ္းေခၚလိုက္သည္...ပီးတာနဲ႔ မာန္ဟိန္းရဲ႕လႈပ္ရွားမႈအတိုင္း လိုက္လုပ္ကာ ထိုကေလးရဲ႕ဆံပင္ကို စမ္းသပ္လိုက္သည္...

" ဟင္ သားမ်က္ခုံးေမႊးေတြ....ဆရာေလး!!! ဒီကိုႀကီးက သားမ်က္ခုံးေမႊးေတြကို ဖ်က္ဆီးပစ္တယ္ အီးဟီး...."

ငိုယိုပီးေျပးလာတဲ့ ကေလးကို မာန္ဟိန္းကေသခ်ာၾကည့္ကာ ရယ္ခ်င္စိတ္မ်ားကိုထိန္းထားရသည္...ေရွ႕ဆံပင္ညႇပ္ေပးတာအတိုလြန္ပီး မ်က္ခုံးေမႊးတဖက္ကိုပါညႇပ္မိသြားတဲ့ပုံပါပဲ မ်က္ခုံးေမႊးတဖက္က က်ိဳးတိုးက်ဲတဲ...

" မင္းကိုငါ ၀င္မပါပါနဲ႔လို႔မေျပာခဲ့ဘူးလား Sam "

" အဲ့တာကေလ....က်ေတာ္ ...က်ေတာ္ "

ေနာက္ဆုံးေတာ့ငိုေနတဲ့ကေလးကို မာန္ဟိန္းကေသခ်ာေခ်ာ့ပီး မုန္႔ထုတ္ေလးေပးကာ အငိုတိတ္ေအာင္လုပ္လိုက္ရသည္ ..Samကေတာ့ မာန္ဟိန္းေဘးမွာပဲ၀င္ထိုင္ကာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ျဖစ္ေနတဲ့ပုံပါပဲ..

" အကို "

" ဘာလဲ "

" က်ေတာ့္ကို စိတ္ဆိုးသြားပီလားဟင္ "

" အဲ့တာက ငါ့ကိုေမးရမွာမဟုတ္ဘူး ခုနကကေလးကိုေမးရမွာ "

" ခုနကကေလးကို က်ေတာ္ေသခ်ာေတာင္းပန္ပီးပါပီ အကိုကေကာ က်ေတာ့္ကိုစိတ္ဆိုးေနလားဟင္ "

" အနားကို ဘာလို႔အတင္းလာကပ္ေနတာလဲ ဒီမွာအလုပ္လုပ္ေနတယ္ေလ "

" က်ေတာ္က အကို႔နားမွာပဲကပ္ေနခ်င္တာ '

" Sam!!! "

" အကို !!!"

" ဘယ္လိုျဖစ္ေနတာလဲ အေရွ႕မွာကေလးေတြၾကည့္ေနတယ္ေလ မရွက္ဘူးလား '

" ရွက္ရေအာင္ က်ေတာ္က အကို႔ကို ဖက္နမ္းေနတာမို႔လို႔လား "

" Sam!!! ငါစိတ္တိုလာရင္ ျပန္ခိုင္းလိုက္မွာေနာ္ "

" အာ ျပန္ေတာ့မျပန္ခိုင္းပါနဲ႔ က်ေတာ္ဟိုနားမွာသြားေစာင့္ေနမယ္ေနာ္ "

Samက မာန္ဟိန္းနဲ႔မလွမ္းမကမ္းမွာရွိေနတဲ့ ခုံတခုံေပၚမွာ ၀င္ထိုင္လိုက္ပီး မာမ္ဟိန္းရဲ႕လႈပ္ရွားမႈအေသးစိတ္ကိုၾကည့္ေနလိုက္သည္ အခုေနာက္ပိုင္း Samက မာန္ဟိန္းဆီအၿမဲလာကာ တခုမဟုတ္တခုအၿမဲကူလုပ္ေပးတတ္သည္..ကူလုပ္လိုက္တိုင္း အလြဲေလးေတြလဲျဖစ္သြားတတ္သည္...ဒါေပမဲ့ ႏွေယာက္သားအေျခအေနကေတာ့ တျဖည္းျဖည္းနဲ႔တိုးတက္လာတဲ့ပုံပါပဲ....

***
Skip time ⏰( အခ်ိန္ေလးေတြ ေက်ာ္လိုက္ခ်င္ပါတယ္ )

5လ...အခ်ိန္အားျဖင့္5လၾကာသြားခဲ့ပါပီ က်ေတာ့္ရဲ႕ စာေမးပြဲလဲ ေျဖဆိုပီးလို႔ အခ်ိန္ေတြေတာင္ၾကာခဲ့ပါပီ...ဒီအေတာအတြင္း တခါေလးေတာင္ မဆက္သြယ္ခဲ့တဲ့သူကိုလဲ အျပစ္မတင္ရက္ေပမဲ့ ေက်းဇူးတင္မိပါတယ္ သူ႔ေၾကာင့္လဲ ေလာကႀကီးအေၾကာင္းကိုသိလာရတယ္ ကုန္ဆုံးခဲ့တဲ့ေန႔ေတြမွာ ေန႔စဥ္ရက္စက္ငိုခဲ့ရေပမဲ့ အဲ့မ်က္ရည္ေတြေၾကာင့္ပဲ တျဖည္းျဖည္းနဲ႔သန္မာလာပီထင္ပါတယ္
Diaryစာအုပ္ေလးထဲမွာလဲ အလြမ္းဓာတ္ေတြနဲ႔ျပည့္ႏွက္ခဲ့ပီးပီမို႔ အခုေလာက္ဆို ေတာ္သင့္ပီမွတ္လား အမ်ားႀကီးၿပိဳလဲခဲ့ပီးပီပဲေလ အခုခ်ိန္ကစပီး က်ေတာ္ႀကံ့ခိုင္မွျဖစ္ေတာ့မယ္... မၾကာခင္ အလုပ္ခြင္ထဲကိုလဲ ၀င္ေရာက္ေတာ့မွာမို႔ ေပ်ာ့ညံ့ေနတဲ့ လြန္းတာေနဆန္းအျဖစ္ဆက္မရွင္သန္ေတာ့ပါဘူး....ေက်းဇူးတင္တယ္ ခင္ဗ်ားေၾကာင့္ ကိုယ့္ဘ၀ကိုယ္ျပန္ရွာေတြ႕ခဲ့လို႔...

" လြန္းေလး"

" ဟုတ္ ႀကီးႀကီး "

" လြန္း ႀကီးႀကီးကို ဘာေျပာစရာရွိလို႔လဲ "

မီးဖိုေခ်ာင္ထဲကေန မထြက္ရပဲ တေနကုန္အလုပ္လုပ္ေနတဲ့ ႀကီးႀကီးကို ၾကည့္ပီးက်ေတာ္ ေတာ္ေတာ္ေလးခံစားလိုက္ရပါတယ္....က်ေတာ္ဘယ္ေလာက္ေတာင္ ညံ့ဖ်င္းပီး ေပ်ာ့ညံ့ခဲ့တဲ့လူတေယာက္ျဖစ္ခဲ့ပီးပီလဲ....

" ႀကီးႀကီး ႏွစ္အေတာ္ၾကာေအာင္ပင္ပန္းခဲ့ပီးပီ ဒီတခါေတာ့ က်ေတာ့္အလွည့္မို႔လို႔ အနားယူလိုက္ပါေတာ့ "

" သား ဘာေတြေျပာေနတာလဲ "

" က်ေတာ္တို႔ ဒီအိမ္ႀကီးကေန ထြက္သြားၾကရေအာင္ "

***
22.1.22
Grey

Continue Reading

You'll Also Like

110K 8.9K 70
-Welcome To Mysterious University ............ Mysterious University is a place where full of mysterious and something unexplained or inexplicable un...
3M 251K 66
ကျိန်စာတွေ α€œα€Ύα€œα€½α€”α€Ία€Έα€α€²α€·α€‘α€α€« α€‘α€›α€Ύα€―α€Άα€Έα€•α€±α€Έα€žα€°α€€ ? Start ~24.6.2021πŸ’” End~ 22.11.2021πŸ’”
3.9M 371K 43
α€˜α€šα€Ία€α€―α€”α€Ία€Έα€€α€™α€Ύ α€žα€­α€€α€Ήα€α€¬α€€α€»α€›α€α€šα€Ία€œα€­α€―α€· α€™α€α€½α€±α€Έα€α€²α€·α€–α€°α€Έα€˜α€°α€Έ ထင်စေ။ဒါတွေက α€„α€«α€™α€„α€Ία€Έα€€α€­α€―α€α€»α€…α€Ία€œα€­α€―α€·