ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယာ...

Bởi NgaChaukMaKyikeBuu

1.2M 214K 9.4K

ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy... Xem Thêm

Synopsis
( ၁ )
( ၂ )
( ၃ )
( ၄ )
( ၅ )
( ၆ )
( ၇ )
( ၈ )
( ၉ )
( ၁၀ )
( ၁၁ )
( ၁၂ )
( ၁၃ )
( ၁၄ )
( ၁၅ )
( ၁၆ )
( ၁၇ )
( ၁၈ )
( ၁၉ )
( ၂၀ )
( ၂၁ )
( ၂၂ )
( ၂၃ )
( ၂၄ )
( ၂၅ )
( ၂၆ )
( ၂၇ )
( ၂၈ )
( ၂၉ )
( ၃၀ )
( ၃၁ )
( ၃၂ )
( ၃၃ )
( ၃၄ )
( ၃၅ )
( ၃၆ )
( ၃၇ )
( ၃၈ )
( ၃၉ )
( ၄၀ )
( ၄၁ )
( ၄၂ )
( ၄၃ )
( ၄၄ )
( ၄၅ )
( ၄၆ )
( ၄၇ )
( ၄၈ )
( ၄၉ )
About Chu Feng ( May Contain Spoilers! )
( ၅၀ )
( ၅၁ )
( ၅၂ )
( ၅၃ )
( ၅၄ )
( ၅၅ )
( ၅၆ )
( ၅၇ )
( ၅၈ )
( ၅၉ )
( ၆၀ )
( ၆၁ )
( ၆၂ )
( ၆၃ )
( ၆၄ )
( ၆၅ )
( ၆၆ )
( ၆၇ )
( ၆၈ )
( ၆၉ )
( ၇၀ )
( ၇၁ )
( ၇၂ )
( ၇၄ )
( ၇၅ )
( ၇၆ )
( ၇၇ )
( ၇၈ )
( ၇၉ )
( ၈၀ )
( ၈၁ )
( ၈၂ )
( ၈၃ )
( ၈၄ )
( ၈၅ )
( ၈၆ )
( ၈၇ )
( ၈၈ )
( ၈၉ ) - END
Thank You!

( ၇၃ )

10.5K 2K 55
Bởi NgaChaukMaKyikeBuu

< Unicode >

အခန်း ( ၇၃ ) - မျက်နှာဖုံးနဲ့လူ

ဘတ်စ်ကားမှတ်တိုင်က အတော်လှမ်းသေးရာ လော့ကျိုးကျိုးသည် ထီးဆောင်း၍ မိုးရေစက်များမှ ထီးရွက်မှနေတဆင့် မြေပြင်ပေါ်သို့ စီးကျသွားသံတို့ကို နားထောင်ရင်း ဖြည်းအေးစွာ လျှောက်လာခဲ့သည်။ ရာသီဥတုကား အအေးဆုံးကာလကို ကျော်လွန်သွားပြီဆိုသော်လည်း လေထန်လျက် ချမ်းခိုက်အောင်လို့ လုပ်နိုင်နေဆဲပင်။

သူ မိုးကာကို လုံအောင် ဆွဲပတ်ကာ ခြေလှမ်းသွက်လိုက်သည်။

လမ်းတစ်ဝက်ရောက်သော် ခြေလှမ်းရပ်တန့်သွားရတော့သည်။ နံဘေးမှ လူလျှောက်လမ်းပေါ်တွင် ရေများ အိုင်ထွန်းနေကာ ဖြတ်လျှောက်တာနှင့် ဖိနပ်များ ဘောင်းဘီအနားစများပါ စိုရွှဲကုန်တော့မှာပင်။ လမ်းနှစ်ဖက်မှ မိုးရေများက ပေါင်းဆုံလျက် ချောင်းငယ်သဖွယ် စီးဆင်းနေလေရာ ရှောင်ဖို့ လမ်းမရှိ။

လော့ကျိုးကျိုး ထီးကိုင်ထားရင်း ဘေးဘီဝေ့ကြည့်လျက် လမ်းမီးရောင်ကို အားကိုးပြု၍ အုတ်ခဲများ၊ အခင်းများ ရှိလိုရှိငြား ရှာကြည့်နေချိန်တွင် တာမီနယ်မှ စူးရှစွာ ထမြည်လာလေသည်။

တာမီနယ်ပေါ်မှ နံပါတ်ကား ချူဖုန်း ဟု ပြသနေချေသည်။

သူ ထီးကို မေးအောက် ညှပ်၍ တာမီနယ်ကို နှိပ်ကာ ပျော်ရွှင်စွာ မေးလိုက်သည် "ချူဖုန်း အလုပ်ပြီးသွားပြီလား!"

"ကျိုးကျိုး မင်း အခုဘယ်မှာလဲ" ချူဖုန်းက ဖြတ်မေးကာ အသံမှာ လေးနက်နေ၏။

လော့ကျိုးကျိုး ဖြေသည် "ကျွန်တော် အခု မှောင်ခိုစျေးရုံအပြင်မှာ အိမ်ပြန်တော့မလို့ကို တက္ကစီငှားမရတာနဲ့ ဘတ်စ်ကားဂိတ်ဆီ သွားနေတာ"

သူ တာမီနယ်တစ်ဖက်ကနေ ပြေးလွှားသံများ၊ ကားစက်နှိုးသံများကို ကြားနေရသည်။

"ကျိုးကျိုး နောက်ပြန်လှည့်ပြီး မှောင်ခိုစျေးရုံဆီ ပြန်သွားလိုက်။ အမှောင်ထဲမှာ မနေနဲ့။ လူတွေ ရှိတဲ့ နေရာမှာ နေ"

ကားအင်ဂျင်စက်မောင်းထွက်သံနှင့်အတူ ချူဖုန်း၏ အသံမှာ သြရှကာ သူ့ကို ငြင်းဆိုခွင့်မပေးထားပေ။ အချိန်နှင့်အမျှ အတွေ့အကြုံပါးဝလာပြီးပြီဖြစ်သော လော့ကျိုးကျိုးသည် ချက်ချင်းပင် နိုးကြားသွားကာ ဘေးဘီဝဲယာကို ကြည့်လိုက်လေသည်။ အနားပတ်ဝန်းကျင်တွင် လမ်းမီးတိုင်အချို့သာ ကျန်ရှိတော့ကာ လူသွားလူလာ မကျန်တော့။ စတိုးဆိုင်များကလည်း တံခါးပိတ်သွားတာ ကြာလှချေပြီ။

"ဒီနားမှာ ဘယ်သူမှမရှိဘူး။ ကျွန်တော် မှောင်ခိုစျေးရုံကို ပြန်သွားနေပြီ" လော့ကျိုးကျိုး သွက်လက်စွာ နောက်ပြန်လျှောက်ခဲ့သည်။

"သူစိမ်းတွေ အနားကပ်လာတာနဲ့ ပြေးရမယ်နော် နားလည်လား"

"နားလည်ပါတယ်"

"ကျိုးကျိုး မင်းက အပြေးအမြန်ဆုံးပဲ။ ဘယ်သူမှ မင်းကို လိုက်မမှီနိုင်ဘူးလို့ ကိုယ် ယုံတယ်"

လော့ကျိုးကျိုး ထိတ်လန့်နေခဲ့သော်လည်း ချူဖုန်း စကားကို ကြားရာ တည်ငြိမ်သွားလေသည်။

"ကျွန်တော် သိပါတယ်။ အနားကပ်လာတာနဲ့ တန်းထွက်ပြေးပြီပဲ" ချူဖုန်းဘက်ကနေ အချက်ပြမီးသံများ၊ အရှိန်အပြည့်ဖြင့် လမ်းကွေ့ရာမှ ကားဘီးတို့ ပွတ်တိုက်သွားသံများကို လော့ကျိုးကျိုး ကြားနေရသည်။

"အခုဘယ်ရောက်နေပြီလဲ" ချူဖုန်းသည် ပါစင်ဂျာခုံထဲတွင် ထိုင်နေသော ချန်စီဟန်နှင့်အတူ အရှိန်မိုင်ကုန်တင်ကာ ကားမောင်းလာခဲ့သည်။ အမူအယာနှင့် အသံတို့က တည်ငြိမ်နေသော်လည်း စတီယာရင်ဘီးကို ကိုင်ထားသော လက်တို့သည် လက်ဆစ်များပါ ဖြူဖွေးတက်ကာ အတွင်းပိုင်းတွင် မည်မျှစိတ်ပူနေရကြောင်း ထုတ်ဖော်ပြသနေချေသည်။

"ကျွန်တော် အခု လမ်းမီးတိုင်နှစ်တိုင် ဆုံတဲ့နေရာကို ရောက်တော့မယ်။ အဲ့နေရာကို သိတယ်မလား။ ဖိနပ်ချုပ်ဆိုင် ဘေးကပ်ရပ်လေ။ ဆိုင်ပိုင်ရှင်ကဆို အရမ်းသဘောကောင်းတယ်။ ဖြတ်သွားတိုင်း အမြဲကျွန်တော့်ကို ပြုံးပြတယ်..."

လော့ကျိုးကျိုးက ဟိုသည်ကျီးကန်းတောင်းမှောက်ကြည့်ကာ မှောင်ခိုစျေးရုံသို့ ပြန်လျှောက်ရင်း ခရားရေတွတ်သလို စကားအဆက်မပြတ် ပြောလာသည်။ ချူဖုန်းနှင့် ဖုန်းပြောနေသရွေ့ သူ စိတ်လုံခြုံမှုခံစားရသည်လေ။

မှောင်နေသည့်ကြားတွင် လမ်းမီးတိုင်တစ်တိုင်သည် မှိန်လိုက်လင်းလိုက်ဖြစ်နေလေသည်။ လော့ကျိုးကျိုး ဖိနပ်ဆိုင်ကို ကျော်လာတာနှင့် နောက်ဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။ ၎င်းကား မိုးသံတို့ဘာတို့မဟုတ်ပဲ ကားတာယာများမှ ရေအိုင်ထဲ ဖြတ်သွားသော အသံမျိုးဖြစ်သည်။

ထီးကို မြဲမြဲကိုင်ထားရင်း လော့ကျိုးကျိုး နောက်သို့ လှည့်ကြည့်လိုက်ရာ မိုးရေထဲ ဖြည်းလေးစွာ မောင်းလာနေသော ကားတစ်စီးကို တွေ့လိုက်ရချေသည်။ ထိုကားမှာ ကြက်သွေးရောင် SUV တစ်စီး ဖြစ်ကာ အလွန်အမင်းကိုမှ ဖြေးနှေးလွန်းလှသော အရှိန်ဖြင့် မောင်းလျက် ကားခေါင်မိုးပေါ်သို့ ကျလာသော မိုးစက်တို့သည် ရေကျသံတစ်မျိုးအား ပေးစွမ်းနေချေသည်။

လော့ကျိုးကျိုး ရှေ့ပြန်လှည့်ကာ ဆက်လျှောက်ရင်း အနောက်ဘက်သို့ လှည့်လှည့်ကြည့်မိလေသည်။ ထိုကားသည် အရှိန်လည်း မတင်ပဲ သူနှင့် မီတာဒါဇင်မျှ အကွာအဝေးချန်ကာ လိုက်ပါလာလေသည်။

လော့ကျိုးကျိုးမှ လမ်းလျှောက်ရပ်လိုက်တာနှင့် ထိုကားကပါ တုံ့ရပ်သွားလေသည်။

သည်းထန်သော မိုးအောက်တွင် လူတစ်ယောက်နှင့် ကားတစ်စီးတို့သည် တိတ်ဆိတ်စွာ ရင်ဆိုင်နေကြရလေသည်။

"ကျိုးကျိုး ဘာလို့ တိတ်နေတာလဲ" ချူဖုန်းက မေးလာသည်။

လော့ကျိုးကျိုးသည် ထိုကားကို သင်္ကာမကင်းစွာ ကြည့်ရင်း ပြန်မဖြေ။

"ကျိုးကျိုး ကျိုးကျိုး"

"ကျွန်တော်ရှိတယ်" သူ တာမီနယ်ထဲ ပြောလိုက်ချေသည် "ကားတစ်စီး ကျွန်တော့်နောက်က လိုက်နေတယ်"

သူ တာမီနယ်တစ်ဖက်မှနေ တာယာပွတ်တိုက်သံများ ကြားလိုက်ရပြန်ကာ ချူဖုန်းက အလောတကောနှင့် ပြောလာသည် "မကြောက်နဲ့နော်။ ကိုယ် ရောက်လာခါနီးပြီ။ လမ်းဘေးဘီကို ကြည့်ကြည့်။ လှေကားတွေ တွေ့ရင် တက်သွားလိုက်။ အဲ့မှာ ကားထဲကနေ လူပါ ထွက်လာရင် တန်းထွက်ပြေးတော့"

"သိပြီ"

လော့ကျိုးကျိုး ထိုသို့ဖြေပြီးပြီးချင်းပင် အနောက်မှ ကားသည် အရှိန်တင်လျက် သူ့ကို ကျော်ဖြတ်မောင်းသွားရာ ဘောင်းဘီအနားစများကို ရေတွေ စင်ကုန်ကြသည်။

"အဆင်ပြေသွားပြီ။ သူ ရှေ့ကိ​ု ဆက်မောင်းသွား-" စကားမဆုံးခင်မှာပင် ထိုကားသည် သူ့ကို ကျော်ကာ ရှေ့မီတာအနည်းငယ်အကွာတွင် ဘရိတ်အုပ်လိုက်သည်ကို တွေ့လိုက်ရတော့သည်။

ခဏတာ တိတ်ကျသွားပြီးနောက် ကားတံခါးပွင့်လာကာ ဒေါက်တိုဘွတ်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသော ခြေထောက်တစ်ဖက်က မြေကြီးပေါ် ဆင်းလာတော့လေသည်။ လော့ကျိုးကျိုးသည် ကားထဲမှ လူထွက်လာတာ မြင်တာနှင့် ထိုလူ့မျက်နှာကိုတောင် ကြည့်မနေတော့ပဲ ထီးကို ပစ်ချကာ နောက်လှည့်၍ တဟုန်ထိုး ပြေးထွက်ခဲ့သည်။

သိပ်မကြာလိုက်၊ နောက်ဘက်မှနေ သဲကြီးမဲကြီးပြေးလိုက်လာသဖြင့် ရေအိုင်နှင့် ဖိနပ်တို့ထိခတ်သံများကို ကြားရတော့သည်။ လော့ကျိုးကျိုးသည် ပြေးရင်းက မြေပြင်ပေါ် ထင်ဟပ်နေသော လူရိပ်ကို ကြည့်လာခဲ့ချေသည်။

ထိုအရိပ်သည် လျင်မြန်လွန်းလှကာ သူနှင့် ဝေးသွားမည့်အစား ပို၍နီးကပ်လာတော့သည်။ အရှေ့တွင်မူ သူ ခုနတင် ကြုံခဲ့သော အိုင်ငယ်လေး ရှိနေလေ၏။ လော့ကျိုးကျိုး မတုံ့မဆိုင်းပင် ဗွက် ဗွက်ဖြင့် အိုင်ထဲ ဖြတ်နင်းကာ ရှေ့ဆက်ပြေးလာခဲ့သည်။

နောက်တွင်လည်း တမဟုတ်ချင်းပင် ရေသံများကြားရကာ ထိုယောက်ျားပါ လိုက်ပါလာတော့သည်။

လော့ကျိုးကျိုး မြေပြင်ပေါ်မှ ထိုလူ့အရိပ်ကို မျက်စိဒေါက်ထောက်ပင် ကြည့်လာခဲ့ပေသည်။ ထိုအရိပ်မှ လက်ကို ဆန့်ထုတ်၍ နောက​်ကနေ သူ့ကို လှမ်းဆွဲတော့မည့်အချိန်တွင် လော့ကျိုးကျိုးသည် ရုတ်ချည်းဆိုသလို ဒူးကွေးငုံ့ချကာ နောက်ပြန်လှည့်ပြီး ထိုလူ့လက်မောင်းအောက်မှ လျှိုဝင်လျက် မှောင်ခိုစျေးရုံဘက်သို့ ပြန်ထွက်ပြေးလာခဲ့သည်။ ထိုလူသည် ခဏတော့ တုံ့ပြန်ချိန်မရဖြစ်ကာ ရှေ့သို့ ယိုင်သွားလျက် ဟန်ချက်ညီအောင် ပြန်ထိန်းပြီးနောက် ဆက်လိုက်လာပြန်တော့သည်။

ဤတစ်ခေါက်တော့ လော့ကျိုးကျိုး အရှိန်မိုင်ကုန်တင်ကာ မှောင်ခိုစျေးရုံရှိရာသို့ ပြေးလာခဲ့သည်။

သူ၏ သမင်သားရေဘွတ်ဖိနပ်များထဲတွင် ရေတွေ ပြည့်လျှံကာ ပြေးရတာ လေးလံလျက် အသံကျယ်လောင်စွာ ထွက်နေလေသည်။ တာမီနယ်တစ်ဖက်မှ ချူဖုန်း ကြားနိုင်ရဲ့လားတော့ မသိသော်ငြား ပြေးရင်း သူ 'မြန်မြန်!' အော်လာခဲ့သည်။

ချူဖုန်း သူ၏ ရဲကားကို မောင်းလာရာ လမ်းပေါ်မှ ကားများက ဘေးဖယ်ပေးကြသည်။ သူ မှောင်ခိုစျေးရုံနှင့် သိပ်မဝေးတော့သော လမ်းထောင့်ဘက်သို့ အရှိန်ဖြင့် ချိုးဝင်လာခဲ့သည်။

"သတိထား!" ချန်စီဟန်က ရုတ်တရက်ထအော်လေသည်။

မှုန်ဝါးသော လမ်းမီးအောက်တွင် ရှေ့မှ ကားနှစ်စီးက လမ်းတွင် ကန့်လန့်ပိတ်ထားလေသည်။ ကြည့်ရသည်မှာ ရှေ့ကားနောက်မြှီးနှင့် ကပ်လိုက်လာရင်းမှ တိုက်မိပုံပေါ်ကာ ကားနှစ်စီး၏ အနောက်နှင့် အရှေ့ပိုင်းတို့ကိုယ်စီမှာ ပိန်လှီချိုင့်ဝင်နေကြ၏။

ကားမောင်းသူပုံရသော လူနှစ်ယောက်မှာ ကားဘေးတွင် စကားများနေကြရင်းမှ အချက်ပြမီးသံကို ကြားသော် ပါးစပ်ပိတ်လျက် ရဲကားလာရာဘက် ကြည့်နေလေသည်။

"ဘာလုပ်ကြမလဲ။ လမ်းက ပိတ်နေပြီ။ ငါ အောက်ဆင်းပြီး သူတို့ကို ကားသွားရွှေ့ခိုင်းလိုက်ရမလား" ချန်စီဟန်က ခေါင်းစောင်းကာ လှမ်းကြည့်နေရင်းမှ ချူဖုန်းကို မေးသည်။

ချူဖုန်းက ပြန်မဖြေ။ ပါးစပ်ကို တင်းကြပ်စွာ စေ့၍ ဘရိတ်မအုပ်ပဲ အရှိန်ဖြင့် ဆက်သွားနေလေသည်။

"အား! တိုက်တော့မယ်။ တိုက်ပြီ။ ရှေ့ကနေ ဖယ်။ ဖယ်ကြစမ်း!"

ချန်စီဟန်သည် နောက်မှ ထိုင်ခုံကို တင်းကြပ်စွာပင် ဖက်ကာ တံခါးမှ လက်တင်ကို ဆွဲကိုင်ရင်း အပြင်မှ လူများ ကြားနိုင်သလား၊ မကြားနိုင်လား မသိ။ ကားထဲမှနေ ကြောက်လန့်တကြားဖြင့် အော်ဟစ်လာလေသည်။

ကားပိုင်ရှင်နှစ်ယောက်သည် အစတော့ ယာဥ်ထိန်းရဲဟု ထင်ခဲ့သော်လည်း အနှီရဲကားမှာ ရပ်မည့်ဟန်မရှိပဲ အရှိန်တင်မောင်းလာသည်ကို တွေ့ရာ အထိတ်တလန့်ဖြင့် နှစ်ကြိမ်တိုင် အော်ကြွေးကာ လမ်းကြားထဲ ဝင်ပြေးကြတော့သည်။

ဝုန်း!

ချူဖုန်းမှ ကားနှစ်စီးကြားနေရာလွတ်ကို ဖြတ်တိုက်လိုက်ရာ ကားတစ်စီး၏ ရှေ့ခြမ်းသည် ရှေ့ဘက်သို့ လည်ထွက်သွားပြီး ရဲကားမှာ ​အလယ်မှ ဖြတ်လျက် ဆက်မောင်းခဲ့တော့သည်။ ဒရိုင်ဘာနှစ်ဦးမှာ ပါးစပ်ဟောင်းလောင်းဖြင့် လမ်းနံဘေးတွင် ရပ်ကာ ရဲကားလေးမှ အချက်ပြမီးနီပြလျက် အဝေးပြေးသွားသည်ကို ကြည့်နေရတော့သည်။

ချန်စီဟန်သည် ပြတင်းပေါက်မှ ခေါင်းထုတ်လျက် နောက်လှည့်ကာ လမ်းမပေါ်တွင် ခုန်ဆွခုန်ဆွလုပ်ရင်း ဆဲကျန်ရစ်နေခဲ့သော ဒရိုင်ဘာနှစ်ယောက်အား လှမ်းကြည့်သည်။

ပြီးနောက် ရှေ့ပြန်လှည့်ကာ သူ့မျက်နှာသူ ပွတ်၍ ဆိုသည် "ငါတော့ သွားပြီ"

လော့ကျိုးကျိုးမှာကား အပြေးရပ်သွားရလေပြီ။ သူ တဟုန်ထိုးဖြင့် မှောင်ခိုစျေးရုံဆီ ပြေးလာခဲ့သော်ငြား စျေးရုံတံခါးများမှာ ပိတ်ထားလျက် ဂိတ်ဝတွင် ဘယ်သူမှရှိမနေ။ စျေးရုံမှနေ နောက်ဆုံးထွက်လာခဲ့သူ ဖြစ်နေရာ သူ ထွက်သွားတာနှင့် အစောင့်များက တံခါးများပိတ်ခဲ့ပုံရသည်။

သူ လှေကားထစ်များပေါ် ပြေးတက်၍ တံခါးပိတ်ထားမှန်း သိလိုက်ရချိန်တွင် နောက်ကျသွားခဲ့လေပြီ။ နောက်ဘက်မှ အရိပ်ကလည်း အပြေးရပ်ကာ ဖြည်းအေးစွာ သူ့ဆီ လျှောက်လာလေသည်။

လူရိပ်မှ အနားကပ်သထက် ကပ်လာရင်း ဘွတ်ဖိနပ်များသည် မိုးရေရွှဲနေသော မြေကြီးထက် ထိခတ်၍ ငြီးငွေ့ဖွယ် အသံတစ်မျိုးကို ပေးစွမ်းနေချေသည်။

ထို့နောက်တော့ အနှီလူတစ်ကိုယ်လုံးပင် မီးအလင်းအောက် ဝင်လာတော့သည်။

ထိုလူသည်ကား နှုတ်ခမ်းထောင့်စွန်းတွင် မှဲ့ပါကာ ခေါင်းတုံးတုံးထားသော ယောက်ျားဖြစ်ပေသည်။

လော့ကျိုးကျိုး ထိုလူအား တွေ့တွေ့ချင်းပင် လင်းဝမ်ချိုင်အိမ်ထဲ မွှေနှောက်ရှာနေရင်းမှ သူနှင့် တိုးကာ လမ်းကြားထဲသို့ ထွက်ပြေးသွားခဲ့သူမှန်း တန်းမှတ်မိသွားသည်။ လော့ကျိုးကျိုးသည် ထိုလူ့ထံမှ နောက်ဆုတ်ရင်း အနီးအနားရှိ မြေပြင်ကို လျှောက်ကြည့်လျက် လက်နက်အဖြစ် အသုံးပြုလို့ရနိုင်မည့် တစ်စုံတစ်ရာများရှိလိုရှိငြား ရှာကြည့်လိုက်သည်။

ဘယ်ဘက်သို့ အကြည့်ရောက်သော် ခြံစည်းရိုးပြင်ရင်းမှလား မသိ၊ ကျန်ရစ်နေခဲ့သော အုတ်ခဲများကို တွေ့လိုက်ရသည်။ လော့ကျိုးကျိုးက ခြေထောက်လှုပ်၍ ထိုနေရာကို ဖြတ်ပြေးရန် ကြံလိုက်ချိန်တွင် ခြံစည်းရိုးတစ်ဘက်ခြမ်းမှ တစ်စုံတစ်ဦးသည် သူ၏ အကြံကို ကြိုသိနေသည့်အလား ခပ်သွက်သွက်ပင် ကာရပ်လိုက်လေသည်။

"မကြောက်နဲ့...မပြေးနဲ့ အိုမီဂါလေး။ မင်းအတွက် မြင့်မြတ်တဲ့ မစ်ရှင်တစ်ခုလုပ်ဖို့ရှိတယ်။ ဂုဏ်တောင် ယူရဦးမှာ" အရှေ့မှ ယောက်ျားက ရုတ်တရက်ပင် ပြောလာသည်။

အသံမှာကား လေထဲ သဲတွေ လွှင့်ပစ်လိုက်သလိုမျိုး အက်ကွဲကာ သဲကွဲစွာ မကြားရ။ ထိုလူက ပြောရင်း လော့ကျိုးကျိုးနားသို့ ခြေတစ်လှမ်းတိုးကပ်လာကာ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ စိတ်လှုပ်ရှားမှုများဖြင့် တောက်လောင်နေလေသည်။

လော့ကျိုးကျိုး ညာဘက်ကို လှည့်ကြည့်လိုက်သည်။ ညာဘက်အမှောင်ထဲတွင် လမ်းကြားတစ်ခု ရှိနေကာ ထိုလမ်းကြားထဲတွင် လမ်းကြားအသေးစားများစွာမှ ပင့်ကူအိမ်အလား ပြန်ဖြာထွက်နေကြောင်း သူ သိရှိထားသည်။

ထိုလမ်းကြားထဲကို​သာ ဝင်ပြေးနိုင်လျှင် ဤလူအား မျက်ခြေဖြတ်နိုင်မည်ဟု သူ အပြည့်အဝယုံကြည်၏။

ထိုယောက်ျားကလည်း အရမ်းမနီးလာသေးရာ ယခုက ပြေးဖို့ အချိန်ကောင်းဖြစ်သည်မို့ သူ အသံမပြုပဲ ညာဘက်သို့ ပြေးထွက်ရန် အသင့်ပြင်လိုက်သည်။ လော့ကျိုးကျိုး ခြေလှမ်းတစ်ချက်လှမ်းရုံမျှပဲ ရှိသေးသည်၊ ကမ္ဘာကြီးသည် ရုတ်တရက်ပင် တိတ်ဆိတ်ကျသွားကာ မိုးသံများ၊ ခြေသံများပါ ပျောက်ကွယ်သွားတော့သည်။

သူ ထိုယောက်ျားကို ကြည့်ရာ ပါးစပ်ဖွင့်လိုက် ပိတ်လိုက်ရှိနေမှန်း တွေ့သော်လည်း အသံကိုမူ မကြားရ။ တစ်ချိန်တည်းမှာပင် မြင်ကွင်းများအကုန်လုံးက တုန်ခါကာ ပတ်ချာလည်လာတော့သည်။

ဤအချိန်ကျမှပဲ ဆည်းဆာမျက်နှာရောဂါလက္ခဏာများ ရိုက်ခတ်လာခြင်းပါပေ။

ထိုယောက်ျားသည် အနားတိုးသထက် တိုးလာကာ လှေကားထစ်များပေါ် ခြေချပြီးလေပြီ။

လော့ကျိုးကျိုး နောက်ဘက်မှ နံရံကို မှီ၍ ဟန်ချက်ပြန်ထိန်းကြည့်သည်။ သူ အမြင်တွေဝေဝါးနေသော်ငြား ထိုယောက်ျားကို စူးစိုက်ကြည့်နေမိသည်။ နားထဲ ဘာအသံမှ မကြားရသော်လည်း ရင်ထဲတွင် နှလုံးမည်မျှခုန်နေမှန်းတော့ သူ ခံစားနိုင်ပါ၏။

ရှေ့မှ လူက လက်ဆန့်ထုတ်လာရာ လော့ကျိုးကျိုး သူ၏ မျက်နှာပေါ်တွင် အေးစက်ကာ စေးကပ်သော လက်ချောင်းထိပ်များ၏ ခံစားချက်မျိုး သိလိုက်ရပြီး တစ်ကိုယ်လုံးပဲ ကြက်သီးများ ထလာရသည်။

"အိုမီဂါလေး မကြောက်နဲ့။ မင်းဘဝရဲ့ အခမ်းနားဆုံး အချိန်လေးကို ရသွားစေရမယ်..." အက်ရှနေသော စိတ်မချမ်းမြေ့ဖွယ် အသံက ဆက်သည်။

လော့ကျိုးကျိုး မူမပျက်အောင် ထိန်းကာ ညာဘက်သို့ ကြိုးစားရွှေ့၍ အချည်းအနှီးပဲ ဖြစ်သော်လည်း လမ်းကြားထဲ ဝင်နိုင်အောင် ကြိုးစားနေမိသည်။

ထိုယောကျာ်း၏ လက်သည် လော့ကျိုးကျိုး မျက်နှာပေါ်မှ လျှောချလာကာ ကုတ်ကျောပေါ် တင်လျက် ချောမွေ့သော အသားကို ပွတ်ရင်း ပျော့ကွက်နေရာကို ဖိဆုပ်ကိုင်လိုက်သည်။

လော့ကျိုးကျိုး ခေါင်းငုံ့ချ၍ ထိုလက်ကို ကိုက်ပစ်ဖို့ ပြင်လိုက်ချိန်တွင် တစ်ဖက်လူမှ လှုပ်ရှားမှုများ ရပ်သွားလေသည်။ ရှေ့မှ လူသည် လက်ကို ပြန်ရုတ်၍ ဘယ်ညာကြည့်ပြီးနောက် ရုတ်ချည်းပင် နောက်ပြန်လှည့်ကာ လှေကားထစ်များပေါ်မှ ပြေးဆင်းချသွားတော့သည်။

လော့ကျိုးကျိုး အဝေးခပ်လှမ်းလှမ်းတွင် မှိတ်တုတ်မှိတ်တုတ်နှင့် အနီရောင်အလင်းတန်းတစ်ခု လာနေမှန်း ဝေဝါးစွာ မြင်လိုက်ရသည်။ သဲကြီးမဲကြီး မျက်တောင်ပုတ်ခတ်လျက် သူ ကြည့်လိုက်လေရာ ရဲကားတစ်စီးဖြစ်နေလေသည်။

'ချူဖုန်းထင်တယ်'

သူ တမဟုတ်ချင်းပင် ခွန်အားအကုန် ဆုတ်လျော့ကျကာ နံရံကို မှီရင်း ကုန်းကုန်းကွကွဖြင့် လျောကျသွားရတော့သည်။

ခေါင်းတုံးယောက်ျားသည် ရှေ့မှ လမ်းအား ရဲကားဖြင့် ပိတ်ထားသည်ကို မြင်ရာ နောက်လှည့်၍ လမ်းတစ်ဖက်ခြမ်းသို့ ထွက်ပြေးသွားတော့သည်။ ချန်စီဟန်သည် ကားပေါ်မှ ခုန်ဆင်းကာ တဟုန်ထိုးပြေးလိုက်သွားတော့သည်။

ချူဖုန်းမှာကား ထိုလူအကြောင်း စိုးရိမ်နေဖို့ အချိန်မရှိ။ 'ကျိုးကျိုး!' ဟု အော်၍ လော့ကျိုးကျိုးထံ ပြေးလာလေသည်။

လော့ကျိုးကျိုးသည် မူးဝေနေသော်လည်း တစ်ဖက်လူက ချူဖုန်းဖြစ်မှန်းသိရာ မသဲမကွဲဖြင့် 'ကျွန်တော် အဆင်ပြေပါတယ်' ပြောလိုက်ပြီး ရင်ခွင်ထဲ ပြိုလဲကျသွားတော့သည်။

ချူဖုန်းသည် လူငယ်လေးကိုယ်ပေါ်တွင် ဒဏ်ရာရှိမရှိ သွက်သွက်စစ်ကြည့်လိုက်ပြီးနောက် ဆည်းဆာမျက်နှာရောဂါ လက္ခဏာပြခြင်းမှန်း သိသွားရ၏။ သို့ဖြစ်ရာ လော့ကျိုးကျိုးကို ချီမ၍ ရဲကားဆီ ပြေးခဲ့ကာ နောက်ခုံထဲ နေရာချပေးပြီး ပြန်လှည့်လျက် ချန်စီဟန်နောက်သို့ ပြေးလိုက်ခဲ့လေသည်။

ခေါင်းတုံးနှင့် လူသည် အပြေးမြန်လှရာ ချန်စီဟန်က သေနတ်နှစ်ချက်ထောင်ဖောက်လိုက်သည်။ သို့သော် ၎င်းက ခေါင်းတုံးနှင့် လူကို ပိုမြန်အောင် ပြေးခိုင်းသလို ဖြစ်သွား၏။ ချန်စီဟန်မှာ အထူးတပ်ဖွဲ့သားဘဝမှ အရှိန်ကို ထုတ်သုံး၍ ပြေးလိုက်ရတော့သည်။ ထိုလူနှင့် မီတာအနည်းငယ်မျှသာ ကွာတော့ချိန်တွင် နောက်မှ ခုန်အုပ်၍ ထိုလူကို မြေပြင်ပေါ် တွန်းလှဲချလိုက်လေသည်။

ခေါင်းတုံးနှင့် လူသည် မြေကြီးပေါ် လဲကျသွားတာနှင့် ခပ်သွက်သွက်ပင် ဘေးသို့ လှိမ့်ကာ တံတောင်ဖြင့် တွတ်၍ ချန်စီဟန်လက်ထဲမှ သေနတ်ကို ဖယ်ထုတ်လိုက်သည်။ ပြီးနောက် ထပြေးဖို့ ကြိုးစားရာ ချန်စီဟန်က ဒူးကွေးကို ဖြတ်ကန်လိုက်လေသည်။

ထောင့်အနေအထားမှာ ခဲရာခဲဆစ်နိုင်လှသဖြင့် ကန်ချက်သာ ထိသွားလျှင် ထိုလူ၏ ခြေထောက်ရိုးတစ်ခုလုံး ကျိုးလျက် ပြေးနိုင်တော့မှာ မဟုတ်ချေ။ သို့သော် ခေါင်းတုံးနှင့်လူက တုံ့ပြန်မှုမြန်သည်။ အနောက်ကိုတောင် မကြည့်ပဲ ဘယ်ဘက်သို့ တိမ်းရှောင်ကာ ဆက်တိုက်ပင် လက်သီးတစ်လုံးပစ်ကျွေးလိုက်လေသည်။

ချန်စီဟန်က ထိုလက်သီးကို ဖမ်းထိန်း၍ လက်ပြန်ရိုက်ချက်ဖြင့် တုံ့ပြန်သည်။ ဤသို့ဖြင့် ထိုယောကျာ်းနှစ်ဦးမှာ မိုးသည်းထန်ကာ လူကင်းမဲ့သော လမ်းမပေါ်တွင် လုံးထွေးနေတော့သည်။

"လောင်ချူ အမြန်လာခဲ့တော့" ချန်စီဟန်က အရေးပေါ်အခြေအနေမို့ လှမ်းအော်သည်။ သူတို့နှစ်ဦးမှာ ဤယောက်ျားအတွက် အချိန်နှင့် ဇွဲလုံ့လအကုန် ပေးဆပ်ထားခဲ့ရပြီးပြီ ဖြစ်ရာ သတ်ပစ်လို့ မရသလို အမှားတစ်ခုလုပ်မိလို့လည်း မဖြစ်။

ခေါင်းတုံးနှင့်လူကား ပြန်တိုက်ခိုက်ဖို့ ဆန္ဒမရှိတော့။ ထွက်ပြေးရန်သာ စိတ်လောနေပုံရသည်။ ချန်စီဟန်သည် ၎င်းကို မြင်သော် လွတ်လမ်းမရအောင် တင်းကြပ်စွာ ဆွဲညှစ်ထားတော့သည်။ နောက်လှည့်ကြည့်လိုက်သောအခါ ချူဖုန်းမှာလည်း အပြေးလာနေကာ မျက်နှာပေါ်တွင်တော့ ရန်လိုမှုများ ထင်ဟပ်နေ၏။

ခေါင်းတုံးနှင့် လူသည် ခြေလှမ်းနှစ်လှမ်းနောက်သို့ ဆုတ်ကာ အသံညှစ်ပြောလိုက်သည် "မင်း ဒီနားမှာ ရှိနေတာ ငါ သိတယ်။ ငါ့ကို လာမကူရင် မင်း ဘယ်သူဆိုတာအပါအဝင် အားလုံးကို ထုတ်ပြောလိုက်မှာနော်"

ချန်စီဟန်သည် ထိုလူမှ ရုတ်တရက်ကြီး စကားပြောလာသည်ကို ကြားရာ အံ့အားသင့်သွားရလျက် ချုပ်နှောင်ထားမှုကို လျှော့ချလိုက်မိချေသည်။ ဤတွင် ထိုလူက ချက်ချင်းပင် ချန်စီဟန်မျက်နှာကို ပိတ်ထိုးကာ နှစ်လှမ်းထပ်ဆုတ်လိုက်လေသည်။ ထို့နောက် အခွင့်ကောင်းယူ၍ ပြေးရန်ကြံချိန်တွင် နှစ်လှမ်းခန့်သာ ရှိသေးသည်၊ သေနတ်သံက ထွက်ပေါ်လာကာ ခြေထောက်နားတွင် ချိုင့်ခွက်တစ်ခုဖြစ်ပေါ်သွားပြီး မိုးရေများ၊ ကျောက်စကျောက်နများ ပျံ့ကြဲလွင့်စင်ကုန်တော့သည်။

သို့ဖြစ်လေရာ ခေါင်းတုံးနှင့်လူသည် အပြေးရပ်ကာ လက်မြှောက်လိုက်ရတော့သည်။

ချန်စီဟန်သည် တုံ့ဆိုင်းမနေပဲ ချက်ချင်းပင် ထိုလူ့လက်များကို နောက်ဘက်သို့ လိမ်ချိုး၍ မြေပြင်ပေါ် တွန်းဖိချလိုက်သည်။

ချူဖုန်းကလည်း အနားရောက်လာကာ ထိုလူကို ငုံ့ကြည့်ပြီး အေးစက်သော လေသံဖြင့် ပြောသည် "ခေါင်းမော့စမ်း"

လက်များကို ကျောနောက်တွင် ဖိချုပ်ခံထားရသော ခေါင်းတုံးနှင့်လူကား ခေါင်းငုံ့လျက်သားပင် မလှုပ်။ ချူဖုန်းက ထိုလူ၏ ခါးကို ဆောင့်ကန်ကာ အော်သည် "ခေါင်းမော့လို့ ငါ ပြောနေတယ်လေ"

ထိုအခါမှ ခေါင်းတုံးနှင့်လူက နာကျင်စွာ ငြီးတွားသံပြု၍ ခေါင်းမော့ကြည့်လာသည်။

ထိုလူ၏ နှုတ်ခမ်းထောင့်စွန်းတွင် သွေးများက စိမ့်ထွက်နေကာ မိုးရေနှင့်အတူ စီးဆင်းသွားကြသည်။

"မင်းနာမည်ကို ပြော"

"ထူကျို့"

ချူဖုန်းမှ ထူကျို့မျက်နှာကို စိုက်ကြည့်နေပြီးနောက် အံကြိတ်၍ မေးလာသည် "လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စစ်တပ်က ပို့လိုက်တဲ့ ဆိုက်ဖာဘူးကို ဖြတ်လုပြီး ဘာဗိုဘုရားကျောင်းကို လာပို့ဖို့ မင်းကို ဘယ်သူခိုင်းခဲ့တာလဲ"

ထူကျို့က ခေါင်းစောင်းလျက် မော့ကြည့်၍ ထေ့ပြုံးပြုံးကာ ပြန်မဖြေ။ ချူဖုန်းက ထူကျို့၏ မျက်နှာကို အားဖြင့် ပိတ်ထိုးလိုက်ကာ အသက်ပြင်းပြင်းရှိုက်၍ ထပ်မေးသည် "လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စစ်တပ်က ပို့လိုက်တဲ့ ဆိုက်ဖာဘူးကို ဖြတ်လုပြီး ဘာဗိုဘုရားကျောင်းကို လာပို့ဖို့ မင်းကို ဘယ်သူခိုင်းခဲ့တာလဲ"

ထူကျို့ဦးခေါင်းသည် ငိုက်စိုက်အောက်ကျကာ ဟစိဖွင့်ထားသော ပါးစပ်မှနေ သွေးများစီးကျလာလျက် မြေပြင်ပေါ်တွင် အိုင်ထွန်းသွားကြသည်။

"ချူဖုန်း စိတ်အေးအေးထား ဒီကောင့်ကို မသတ်နဲ့ဦး။ ဖမ်းရတာတင် ဘယ်လောက်ခက်ခဲလိုက်သလဲ" ချန်စီဟန်က ထူကျို့ကို အောက်လွှတ်ချကာ ချူဖုန်းကို လာဆွဲသည်။

ထူပေးထားသူ မရှိတော့သော ထူကျို့သည် မြေကြီးပေါ် ပစ်လဲကျသွားသော်ငြား ရေခဲတမျှအေးစက်လှသော မိုးရေတို့ကြောင့် ပြန်နိုးလာကာ ချောင်းထဆိုးတော့သည်။ ချူဖုန်းသည် လက်သီးတင်းတင်းဆုပ်ကာ ရန်လိုဟန်အပြည့်ဖြင့် ထူကျို့ကို ကြည့်နေလေသည်။

ချန်စီဟန်သည် မြေပြင်ပေါ်မှ ထူကျို့ကို ဆွဲထူမကာ ချူဖုန်းလက်ထဲရှိ သေနတ်ကို ယူလျက် တစ်ဖက်လူ နားထင်ကို ထောက်တင်လိုက်ပြီး ဆိုသည် "မင်း ဖွင့်ပြောရင် နည်းနည်းကြာကြာအသက်ရှင်ခွင့်ရမယ်။ မပြောရင်တော့ ငါ အခုချက်ချင်းပဲ မင်းကို ပစ်သတ်လိုက်မယ်"

"ရဲမှူးချန် သူက ​ပြစ်မှုကျူးလွန်ထားတဲ့ လူဆိုတောင် ခင်ဗျားကိုယ်တိုင် ကွပ်မျက်လို့ မရဘူးလေဗျာ" ခပ်လှမ်းလှမ်းမှနေ အသံတစ်သံထွက်လာလေသည်။

မိုးရွာနေသည့်အပြင် မြင့်တက်နေသော ခံစားချက်အဟုန်တို့ကြောင့် သူတို့နှစ်ဦးစလုံး မလှမ်းမဝေးရှိ အနောက်ဘက်တွင် ရပ်နေသော လူအုပ်ကို သတိမထားမိခဲ့ခြင်းပါပေ။ နက်မှောင်သော သေနတ်တို့က အတန်းလိုက် သူတို့ကို ချိန်ထားလေသည်။

"ရဲမှူးချန် ဗိုလ်ချုပ်ချူ လက်လေးမြှောက်လိုက်ကြပါလား" စကားဆိုလာသူက ရှေ့ဆုံးတွင် ရပ်နေကာ ချူဖုန်း မြင်မြင်ချင်းပင် ထျန်းလန်မှန်း တန်းသိလိုက်သည်။

ထျန်းလန်အား သေနတ်ကိုင်ထားသော လူတစ်စုက ခြံရံထားလေသည်။ ချူဖုန်း ထိုလူတို့မျက်နှာများကို ခြုံကြည့်လိုက်ရင်း တစ်ယောက်က သူ၏ အာရုံအား ဖမ်းစားလိုက်လေသည်။ ထိုယောက်ျားသည် မျက်နှာတစ်ခုလုံး အလုံဖုံးအုပ်ကာထားသော အနက်ရောင် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားကာ နှုတ်ခမ်းနှင့် မျက်လုံးနေရာတို့ပဲ ဖော်ထားချေသည်။ ထိုလူကား အခြားလူများနှင့်အတူ ထျန်းလန်နောက်တွင် ရပ်နေခဲ့လေသည်။

___

< Zawgyi >

အခန္း ( ၇၃ ) - မ်က္ႏွာဖုံးနဲ႔လူ

ဘတ္စ္ကားမွတ္တိုင္က အေတာ္လွမ္းေသးရာ ေလာ့က်ိဳးက်ိဳးသည္ ထီးေဆာင္း၍ မိုးေရစက္မ်ားမွ ထီးရြက္မွေနတဆင့္ ေျမျပင္ေပၚသို႔ စီးက်သြားသံတို႔ကို နားေထာင္ရင္း ျဖည္းေအးစြာ ေလၽွာက္လာခဲ့သည္။ ရာသီဥတုကား အေအးဆုံးကာလကို ေက်ာ္လြန္သြားၿပီဆိုေသာ္လည္း ေလထန္လ်က္ ခ်မ္းခိုက္ေအာင္လို႔ လုပ္နိုင္ေနဆဲပင္။

သူ မိုးကာကို လုံေအာင္ ဆြဲပတ္ကာ ေျခလွမ္းသြက္လိုက္သည္။

လမ္းတစ္ဝက္ေရာက္ေသာ္ ေျခလွမ္းရပ္တန္႔သြားရေတာ့သည္။ နံေဘးမွ လူေလၽွာက္လမ္းေပၚတြင္ ေရမ်ား အိုင္ထြန္းေနကာ ျဖတ္ေလၽွာက္တာႏွင့္ ဖိနပ္မ်ား ေဘာင္းဘီအနားစမ်ားပါ စိုရႊဲကုန္ေတာ့မွာပင္။ လမ္းႏွစ္ဖက္မွ မိုးေရမ်ားက ေပါင္းဆုံလ်က္ ေခ်ာင္းငယ္သဖြယ္ စီးဆင္းေနေလရာ ေရွာင္ဖို႔ လမ္းမရွိ။

ေလာ့က်ိဳးက်ိဳး ထီးကိုင္ထားရင္း ေဘးဘီေဝ့ၾကည့္လ်က္ လမ္းမီးေရာင္ကို အားကိုးျပဳ၍ အုတ္ခဲမ်ား၊ အခင္းမ်ား ရွိလိုရွိျငား ရွာၾကည့္ေနခ်ိန္တြင္ တာမီနယ္မွ စူးရွစြာ ထျမည္လာေလသည္။

တာမီနယ္ေပၚမွ နံပါတ္ကား ခ်ဴဖုန္း ဟု ျပသေနေခ်သည္။

သူ ထီးကို ေမးေအာက္ ညႇပ္၍ တာမီနယ္ကို ႏွိပ္ကာ ေပ်ာ္ရႊင္စြာ ေမးလိုက္သည္ "ခ်ဴဖုန္း အလုပ္ၿပီးသြားၿပီလား!"

"က်ိဳးက်ိဳး မင္း အခုဘယ္မွာလဲ" ခ်ဴဖုန္းက ျဖတ္ေမးကာ အသံမွာ ေလးနက္ေန၏။

ေလာ့က်ိဳးက်ိဳး ေျဖသည္ "ကၽြန္ေတာ္ အခု ေမွာင္ခိုေစ်း႐ုံအျပင္မွာ အိမ္ျပန္ေတာ့မလို႔ကို တကၠစီငွားမရတာနဲ႔ ဘတ္စ္ကားဂိတ္ဆီ သြားေနတာ"

သူ တာမီနယ္တစ္ဖက္ကေန ေျပးလႊားသံမ်ား၊ ကားစက္ႏွိုးသံမ်ားကို ၾကားေနရသည္။

"က်ိဳးက်ိဳး ေနာက္ျပန္လွည့္ၿပီး ေမွာင္ခိုေစ်း႐ုံဆီ ျပန္သြားလိုက္။ အေမွာင္ထဲမွာ မေနနဲ႔။ လူေတြ ရွိတဲ့ ေနရာမွာ ေန"

ကားအင္ဂ်င္စက္ေမာင္းထြက္သံႏွင့္အတူ ခ်ဴဖုန္း၏ အသံမွာ ၾသရွကာ သူ႔ကို ျငင္းဆိုခြင့္မေပးထားေပ။ အခ်ိန္ႏွင့္အမၽွ အေတြ႕အၾကဳံပါးဝလာၿပီးၿပီျဖစ္ေသာ ေလာ့က်ိဳးက်ိဳးသည္ ခ်က္ခ်င္းပင္ နိုးၾကားသြားကာ ေဘးဘီဝဲယာကို ၾကည့္လိုက္ေလသည္။ အနားပတ္ဝန္းက်င္တြင္ လမ္းမီးတိုင္အခ်ိဳ႕သာ က်န္ရွိေတာ့ကာ လူသြားလူလာ မက်န္ေတာ့။ စတိုးဆိုင္မ်ားကလည္း တံခါးပိတ္သြားတာ ၾကာလွေခ်ၿပီ။

"ဒီနားမွာ ဘယ္သူမွမရွိဘူး။ ကၽြန္ေတာ္ ေမွာင္ခိုေစ်း႐ုံကို ျပန္သြားေနၿပီ" ေလာ့က်ိဳးက်ိဳး သြက္လက္စြာ ေနာက္ျပန္ေလၽွာက္ခဲ့သည္။

"သူစိမ္းေတြ အနားကပ္လာတာနဲ႔ ေျပးရမယ္ေနာ္ နားလည္လား"

"နားလည္ပါတယ္"

"က်ိဳးက်ိဳး မင္းက အေျပးအျမန္ဆုံးပဲ။ ဘယ္သူမွ မင္းကို လိုက္မမွီနိုင္ဘူးလို႔ ကိုယ္ ယုံတယ္"

ေလာ့က်ိဳးက်ိဳး ထိတ္လန္႔ေနခဲ့ေသာ္လည္း ခ်ဴဖုန္း စကားကို ၾကားရာ တည္ၿငိမ္သြားေလသည္။

"ကၽြန္ေတာ္ သိပါတယ္။ အနားကပ္လာတာနဲ႔ တန္းထြက္ေျပးၿပီပဲ" ခ်ဴဖုန္းဘက္ကေန အခ်က္ျပမီးသံမ်ား၊ အရွိန္အျပည့္ျဖင့္ လမ္းေကြ႕ရာမွ ကားဘီးတို႔ ပြတ္တိုက္သြားသံမ်ားကို ေလာ့က်ိဳးက်ိဳး ၾကားေနရသည္။

"အခုဘယ္ေရာက္ေနၿပီလဲ" ခ်ဴဖုန္းသည္ ပါစင္ဂ်ာခုံထဲတြင္ ထိုင္ေနေသာ ခ်န္စီဟန္ႏွင့္အတူ အရွိန္မိုင္ကုန္တင္ကာ ကားေမာင္းလာခဲ့သည္။ အမူအယာႏွင့္ အသံတို႔က တည္ၿငိမ္ေနေသာ္လည္း စတီယာရင္ဘီးကို ကိုင္ထားေသာ လက္တို႔သည္ လက္ဆစ္မ်ားပါ ျဖဴေဖြးတက္ကာ အတြင္းပိုင္းတြင္ မည္မၽွစိတ္ပူေနရေၾကာင္း ထုတ္ေဖာ္ျပသေနေခ်သည္။

"ကၽြန္ေတာ္ အခု လမ္းမီးတိုင္ႏွစ္တိုင္ ဆုံတဲ့ေနရာကို ေရာက္ေတာ့မယ္။ အဲ့ေနရာကို သိတယ္မလား။ ဖိနပ္ခ်ဳပ္ဆိုင္ ေဘးကပ္ရပ္ေလ။ ဆိုင္ပိုင္ရွင္ကဆို အရမ္းသေဘာေကာင္းတယ္။ ျဖတ္သြားတိုင္း အျမဲကၽြန္ေတာ့္ကို ျပဳံးျပတယ္..."

ေလာ့က်ိဳးက်ိဳးက ဟိုသည္က်ီးကန္းေတာင္းေမွာက္ၾကည့္ကာ ေမွာင္ခိုေစ်း႐ုံသို႔ ျပန္ေလၽွာက္ရင္း ခရားေရတြတ္သလို စကားအဆက္မျပတ္ ေျပာလာသည္။ ခ်ဴဖုန္းႏွင့္ ဖုန္းေျပာေနသေရြ႕ သူ စိတ္လုံျခဳံမႈခံစားရသည္ေလ။

ေမွာင္ေနသည့္ၾကားတြင္ လမ္းမီးတိုင္တစ္တိုင္သည္ မွိန္လိုက္လင္းလိုက္ျဖစ္ေနေလသည္။ ေလာ့က်ိဳးက်ိဳး ဖိနပ္ဆိုင္ကို ေက်ာ္လာတာႏွင့္ ေနာက္ဘက္မွ အသံတစ္သံကို ၾကားလိုက္ရသည္။ ၎ကား မိုးသံတို႔ဘာတို႔မဟုတ္ပဲ ကားတာယာမ်ားမွ ေရအိုင္ထဲ ျဖတ္သြားေသာ အသံမ်ိဳးျဖစ္သည္။

ထီးကို ျမဲျမဲကိုင္ထားရင္း ေလာ့က်ိဳးက်ိဳး ေနာက္သို႔ လွည့္ၾကည့္လိုက္ရာ မိုးေရထဲ ျဖည္းေလးစြာ ေမာင္းလာေနေသာ ကားတစ္စီးကို ေတြ႕လိုက္ရေခ်သည္။ ထိုကားမွာ ၾကက္ေသြးေရာင္ SUV တစ္စီး ျဖစ္ကာ အလြန္အမင္းကိုမွ ေျဖးေႏွးလြန္းလွေသာ အရွိန္ျဖင့္ ေမာင္းလ်က္ ကားေခါင္မိုးေပၚသို႔ က်လာေသာ မိုးစက္တို႔သည္ ေရက်သံတစ္မ်ိဳးအား ေပးစြမ္းေနေခ်သည္။

ေလာ့က်ိဳးက်ိဳး ေရွ႕ျပန္လွည့္ကာ ဆက္ေလၽွာက္ရင္း အေနာက္ဘက္သို႔ လွည့္လွည့္ၾကည့္မိေလသည္။ ထိုကားသည္ အရွိန္လည္း မတင္ပဲ သူႏွင့္ မီတာဒါဇင္မၽွ အကြာအေဝးခ်န္ကာ လိုက္ပါလာေလသည္။

ေလာ့က်ိဳးက်ိဳးမွ လမ္းေလၽွာက္ရပ္လိုက္တာႏွင့္ ထိုကားကပါ တုံ႔ရပ္သြားေလသည္။

သည္းထန္ေသာ မိုးေအာက္တြင္ လူတစ္ေယာက္ႏွင့္ ကားတစ္စီးတို႔သည္ တိတ္ဆိတ္စြာ ရင္ဆိုင္ေနၾကရေလသည္။

"က်ိဳးက်ိဳး ဘာလို႔ တိတ္ေနတာလဲ" ခ်ဴဖုန္းက ေမးလာသည္။

ေလာ့က်ိဳးက်ိဳးသည္ ထိုကားကို သကၤာမကင္းစြာ ၾကည့္ရင္း ျပန္မေျဖ။

"က်ိဳးက်ိဳး က်ိဳးက်ိဳး"

"ကၽြန္ေတာ္ရွိတယ္" သူ တာမီနယ္ထဲ ေျပာလိုက္ေခ်သည္ "ကားတစ္စီး ကၽြန္ေတာ့္ေနာက္က လိုက္ေနတယ္"

သူ တာမီနယ္တစ္ဖက္မွေန တာယာပြတ္တိုက္သံမ်ား ၾကားလိုက္ရျပန္ကာ ခ်ဴဖုန္းက အေလာတေကာႏွင့္ ေျပာလာသည္ "မေၾကာက္နဲ႔ေနာ္။ ကိုယ္ ေရာက္လာခါနီးၿပီ။ လမ္းေဘးဘီကို ၾကည့္ၾကည့္။ ေလွကားေတြ ေတြ႕ရင္ တက္သြားလိုက္။ အဲ့မွာ ကားထဲကေန လူပါ ထြက္လာရင္ တန္းထြက္ေျပးေတာ့"

"သိၿပီ"

ေလာ့က်ိဳးက်ိဳး ထိုသို႔ေျဖၿပီးၿပီးခ်င္းပင္ အေနာက္မွ ကားသည္ အရွိန္တင္လ်က္ သူ႔ကို ေက်ာ္ျဖတ္ေမာင္းသြားရာ ေဘာင္းဘီအနားစမ်ားကို ေရေတြ စင္ကုန္ၾကသည္။

"အဆင္ေျပသြားၿပီ။ သူ ေရွ႕ကိ​ု ဆက္ေမာင္းသြား-" စကားမဆုံးခင္မွာပင္ ထိုကားသည္ သူ႔ကို ေက်ာ္ကာ ေရွ႕မီတာအနည္းငယ္အကြာတြင္ ဘရိတ္အုပ္လိုက္သည္ကို ေတြ႕လိုက္ရေတာ့သည္။

ခဏတာ တိတ္က်သြားၿပီးေနာက္ ကားတံခါးပြင့္လာကာ ေဒါက္တိုဘြတ္ဖိနပ္တစ္ရံကို ဝတ္ဆင္ထားေသာ ေျခေထာက္တစ္ဖက္က ေျမႀကီးေပၚ ဆင္းလာေတာ့ေလသည္။ ေလာ့က်ိဳးက်ိဳးသည္ ကားထဲမွ လူထြက္လာတာ ျမင္တာႏွင့္ ထိုလူ႔မ်က္ႏွာကိုေတာင္ ၾကည့္မေနေတာ့ပဲ ထီးကို ပစ္ခ်ကာ ေနာက္လွည့္၍ တဟုန္ထိုး ေျပးထြက္ခဲ့သည္။

သိပ္မၾကာလိုက္၊ ေနာက္ဘက္မွေန သဲႀကီးမဲႀကီးေျပးလိုက္လာသျဖင့္ ေရအိုင္ႏွင့္ ဖိနပ္တို႔ထိခတ္သံမ်ားကို ၾကားရေတာ့သည္။ ေလာ့က်ိဳးက်ိဳးသည္ ေျပးရင္းက ေျမျပင္ေပၚ ထင္ဟပ္ေနေသာ လူရိပ္ကို ၾကည့္လာခဲ့ေခ်သည္။

ထိုအရိပ္သည္ လ်င္ျမန္လြန္းလွကာ သူႏွင့္ ေဝးသြားမည့္အစား ပို၍နီးကပ္လာေတာ့သည္။ အေရွ႕တြင္မူ သူ ခုနတင္ ၾကဳံခဲ့ေသာ အိုင္ငယ္ေလး ရွိေနေလ၏။ ေလာ့က်ိဳးက်ိဳး မတုံ႔မဆိုင္းပင္ ဗြက္ ဗြက္ျဖင့္ အိုင္ထဲ ျဖတ္နင္းကာ ေရွ႕ဆက္ေျပးလာခဲ့သည္။

ေနာက္တြင္လည္း တမဟုတ္ခ်င္းပင္ ေရသံမ်ားၾကားရကာ ထိုေယာက္်ားပါ လိုက္ပါလာေတာ့သည္။

ေလာ့က်ိဳးက်ိဳး ေျမျပင္ေပၚမွ ထိုလူ႔အရိပ္ကို မ်က္စိေဒါက္ေထာက္ပင္ ၾကည့္လာခဲ့ေပသည္။ ထိုအရိပ္မွ လက္ကို ဆန္႔ထုတ္၍ ေနာက​္ကေန သူ႔ကို လွမ္းဆြဲေတာ့မည့္အခ်ိန္တြင္ ေလာ့က်ိဳးက်ိဳးသည္ ႐ုတ္ခ်ည္းဆိုသလို ဒူးေကြးငုံ႔ခ်ကာ ေနာက္ျပန္လွည့္ၿပီး ထိုလူ႔လက္ေမာင္းေအာက္မွ လၽွိုဝင္လ်က္ ေမွာင္ခိုေစ်း႐ုံဘက္သို႔ ျပန္ထြက္ေျပးလာခဲ့သည္။ ထိုလူသည္ ခဏေတာ့ တုံ႔ျပန္ခ်ိန္မရျဖစ္ကာ ေရွ႕သို႔ ယိုင္သြားလ်က္ ဟန္ခ်က္ညီေအာင္ ျပန္ထိန္းၿပီးေနာက္ ဆက္လိုက္လာျပန္ေတာ့သည္။

ဤတစ္ေခါက္ေတာ့ ေလာ့က်ိဳးက်ိဳး အရွိန္မိုင္ကုန္တင္ကာ ေမွာင္ခိုေစ်း႐ုံရွိရာသို႔ ေျပးလာခဲ့သည္။

သူ၏ သမင္သားေရဘြတ္ဖိနပ္မ်ားထဲတြင္ ေရေတြ ျပည့္လၽွံကာ ေျပးရတာ ေလးလံလ်က္ အသံက်ယ္ေလာင္စြာ ထြက္ေနေလသည္။ တာမီနယ္တစ္ဖက္မွ ခ်ဴဖုန္း ၾကားနိုင္ရဲ့လားေတာ့ မသိေသာ္ျငား ေျပးရင္း သူ 'ျမန္ျမန္!' ေအာ္လာခဲ့သည္။

ခ်ဴဖုန္း သူ၏ ရဲကားကို ေမာင္းလာရာ လမ္းေပၚမွ ကားမ်ားက ေဘးဖယ္ေပးၾကသည္။ သူ ေမွာင္ခိုေစ်း႐ုံႏွင့္ သိပ္မေဝးေတာ့ေသာ လမ္းေထာင့္ဘက္သို႔ အရွိန္ျဖင့္ ခ်ိဳးဝင္လာခဲ့သည္။

"သတိထား!" ခ်န္စီဟန္က ႐ုတ္တရက္ထေအာ္ေလသည္။

မႈန္ဝါးေသာ လမ္းမီးေအာက္တြင္ ေရွ႕မွ ကားႏွစ္စီးက လမ္းတြင္ ကန္႔လန္႔ပိတ္ထားေလသည္။ ၾကည့္ရသည္မွာ ေရွ႕ကားေနာက္ျမႇီးႏွင့္ ကပ္လိုက္လာရင္းမွ တိုက္မိပုံေပၚကာ ကားႏွစ္စီး၏ အေနာက္ႏွင့္ အေရွ႕ပိုင္းတို႔ကိုယ္စီမွာ ပိန္လွီခ်ိဳင့္ဝင္ေနၾက၏။

ကားေမာင္းသူပုံရေသာ လူႏွစ္ေယာက္မွာ ကားေဘးတြင္ စကားမ်ားေနၾကရင္းမွ အခ်က္ျပမီးသံကို ၾကားေသာ္ ပါးစပ္ပိတ္လ်က္ ရဲကားလာရာဘက္ ၾကည့္ေနေလသည္။

"ဘာလုပ္ၾကမလဲ။ လမ္းက ပိတ္ေနၿပီ။ ငါ ေအာက္ဆင္းၿပီး သူတို႔ကို ကားသြားေရႊ႕ခိုင္းလိုက္ရမလား" ခ်န္စီဟန္က ေခါင္းေစာင္းကာ လွမ္းၾကည့္ေနရင္းမွ ခ်ဴဖုန္းကို ေမးသည္။

ခ်ဴဖုန္းက ျပန္မေျဖ။ ပါးစပ္ကို တင္းၾကပ္စြာ ေစ့၍ ဘရိတ္မအုပ္ပဲ အရွိန္ျဖင့္ ဆက္သြားေနေလသည္။

"အား! တိုက္ေတာ့မယ္။ တိုက္ၿပီ။ ေရွ႕ကေန ဖယ္။ ဖယ္ၾကစမ္း!"

ခ်န္စီဟန္သည္ ေနာက္မွ ထိုင္ခုံကို တင္းၾကပ္စြာပင္ ဖက္ကာ တံခါးမွ လက္တင္ကို ဆြဲကိုင္ရင္း အျပင္မွ လူမ်ား ၾကားနိုင္သလား၊ မၾကားနိုင္လား မသိ။ ကားထဲမွေန ေၾကာက္လန္႔တၾကားျဖင့္ ေအာ္ဟစ္လာေလသည္။

ကားပိုင္ရွင္ႏွစ္ေယာက္သည္ အစေတာ့ ယာဥ္ထိန္းရဲဟု ထင္ခဲ့ေသာ္လည္း အႏွီရဲကားမွာ ရပ္မည့္ဟန္မရွိပဲ အရွိန္တင္ေမာင္းလာသည္ကို ေတြ႕ရာ အထိတ္တလန္႔ျဖင့္ ႏွစ္ႀကိမ္တိုင္ ေအာ္ေႂကြးကာ လမ္းၾကားထဲ ဝင္ေျပးၾကေတာ့သည္။

ဝုန္း!

ခ်ဴဖုန္းမွ ကားႏွစ္စီးၾကားေနရာလြတ္ကို ျဖတ္တိုက္လိုက္ရာ ကားတစ္စီး၏ ေရွ႕ျခမ္းသည္ ေရွ႕ဘက္သို႔ လည္ထြက္သြားၿပီး ရဲကားမွာ ​အလယ္မွ ျဖတ္လ်က္ ဆက္ေမာင္းခဲ့ေတာ့သည္။ ဒရိုင္ဘာႏွစ္ဦးမွာ ပါးစပ္ေဟာင္းေလာင္းျဖင့္ လမ္းနံေဘးတြင္ ရပ္ကာ ရဲကားေလးမွ အခ်က္ျပမီးနီျပလ်က္ အေဝးေျပးသြားသည္ကို ၾကည့္ေနရေတာ့သည္။

ခ်န္စီဟန္သည္ ျပတင္းေပါက္မွ ေခါင္းထုတ္လ်က္ ေနာက္လွည့္ကာ လမ္းမေပၚတြင္ ခုန္ဆြခုန္ဆြလုပ္ရင္း ဆဲက်န္ရစ္ေနခဲ့ေသာ ဒရိုင္ဘာႏွစ္ေယာက္အား လွမ္းၾကည့္သည္။

ၿပီးေနာက္ ေရွ႕ျပန္လွည့္ကာ သူ႔မ်က္ႏွာသူ ပြတ္၍ ဆိုသည္ "ငါေတာ့ သြားၿပီ"

ေလာ့က်ိဳးက်ိဳးမွာကား အေျပးရပ္သြားရေလၿပီ။ သူ တဟုန္ထိုးျဖင့္ ေမွာင္ခိုေစ်း႐ုံဆီ ေျပးလာခဲ့ေသာ္ျငား ေစ်း႐ုံတံခါးမ်ားမွာ ပိတ္ထားလ်က္ ဂိတ္ဝတြင္ ဘယ္သူမွရွိမေန။ ေစ်း႐ုံမွေန ေနာက္ဆုံးထြက္လာခဲ့သူ ျဖစ္ေနရာ သူ ထြက္သြားတာႏွင့္ အေစာင့္မ်ားက တံခါးမ်ားပိတ္ခဲ့ပုံရသည္။

သူ ေလွကားထစ္မ်ားေပၚ ေျပးတက္၍ တံခါးပိတ္ထားမွန္း သိလိုက္ရခ်ိန္တြင္ ေနာက္က်သြားခဲ့ေလၿပီ။ ေနာက္ဘက္မွ အရိပ္ကလည္း အေျပးရပ္ကာ ျဖည္းေအးစြာ သူ႔ဆီ ေလၽွာက္လာေလသည္။

လူရိပ္မွ အနားကပ္သထက္ ကပ္လာရင္း ဘြတ္ဖိနပ္မ်ားသည္ မိုးေရရႊဲေနေသာ ေျမႀကီးထက္ ထိခတ္၍ ၿငီးေငြ႕ဖြယ္ အသံတစ္မ်ိဳးကို ေပးစြမ္းေနေခ်သည္။

ထို႔ေနာက္ေတာ့ အႏွီလူတစ္ကိုယ္လုံးပင္ မီးအလင္းေအာက္ ဝင္လာေတာ့သည္။

ထိုလူသည္ကား ႏႈတ္ခမ္းေထာင့္စြန္းတြင္ မွဲ႕ပါကာ ေခါင္းတုံးတုံးထားေသာ ေယာက္်ားျဖစ္ေပသည္။

ေလာ့က်ိဳးက်ိဳး ထိုလူအား ေတြ႕ေတြ႕ခ်င္းပင္ လင္းဝမ္ခ်ိဳင္အိမ္ထဲ ေမႊေႏွာက္ရွာေနရင္းမွ သူႏွင့္ တိုးကာ လမ္းၾကားထဲသို႔ ထြက္ေျပးသြားခဲ့သူမွန္း တန္းမွတ္မိသြားသည္။ ေလာ့က်ိဳးက်ိဳးသည္ ထိုလူ႔ထံမွ ေနာက္ဆုတ္ရင္း အနီးအနားရွိ ေျမျပင္ကို ေလၽွာက္ၾကည့္လ်က္ လက္နက္အျဖစ္ အသုံးျပဳလို႔ရနိုင္မည့္ တစ္စုံတစ္ရာမ်ားရွိလိုရွိျငား ရွာၾကည့္လိုက္သည္။

ဘယ္ဘက္သို႔ အၾကည့္ေရာက္ေသာ္ ၿခံစည္းရိုးျပင္ရင္းမွလား မသိ၊ က်န္ရစ္ေနခဲ့ေသာ အုတ္ခဲမ်ားကို ေတြ႕လိုက္ရသည္။ ေလာ့က်ိဳးက်ိဳးက ေျခေထာက္လႈပ္၍ ထိုေနရာကို ျဖတ္ေျပးရန္ ႀကံလိုက္ခ်ိန္တြင္ ၿခံစည္းရိုးတစ္ဘက္ျခမ္းမွ တစ္စုံတစ္ဦးသည္ သူ၏ အႀကံကို ႀကိဳသိေနသည့္အလား ခပ္သြက္သြက္ပင္ ကာရပ္လိုက္ေလသည္။

"မေၾကာက္နဲ႔...မေျပးနဲ႔ အိုမီဂါေလး။ မင္းအတြက္ ျမင့္ျမတ္တဲ့ မစ္ရွင္တစ္ခုလုပ္ဖို႔ရွိတယ္။ ဂုဏ္ေတာင္ ယူရဦးမွာ" အေရွ႕မွ ေယာက္်ားက ႐ုတ္တရက္ပင္ ေျပာလာသည္။

အသံမွာကား ေလထဲ သဲေတြ လႊင့္ပစ္လိုက္သလိုမ်ိဳး အက္ကြဲကာ သဲကြဲစြာ မၾကားရ။ ထိုလူက ေျပာရင္း ေလာ့က်ိဳးက်ိဳးနားသို႔ ေျခတစ္လွမ္းတိုးကပ္လာကာ မ်က္လုံးမ်ားထဲတြင္ စိတ္အားထက္သန္မႈမ်ား စိတ္လႈပ္ရွားမႈမ်ားျဖင့္ ေတာက္ေလာင္ေနေလသည္။

ေလာ့က်ိဳးက်ိဳး ညာဘက္ကို လွည့္ၾကည့္လိုက္သည္။ ညာဘက္အေမွာင္ထဲတြင္ လမ္းၾကားတစ္ခု ရွိေနကာ ထိုလမ္းၾကားထဲတြင္ လမ္းၾကားအေသးစားမ်ားစြာမွ ပင့္ကူအိမ္အလား ျပန္ျဖာထြက္ေနေၾကာင္း သူ သိရွိထားသည္။

ထိုလမ္းၾကားထဲကို​သာ ဝင္ေျပးနိုင္လၽွင္ ဤလူအား မ်က္ေျချဖတ္နိုင္မည္ဟု သူ အျပည့္အဝယုံၾကည္၏။

ထိုေယာက္်ားကလည္း အရမ္းမနီးလာေသးရာ ယခုက ေျပးဖို႔ အခ်ိန္ေကာင္းျဖစ္သည္မို႔ သူ အသံမျပဳပဲ ညာဘက္သို႔ ေျပးထြက္ရန္ အသင့္ျပင္လိုက္သည္။ ေလာ့က်ိဳးက်ိဳး ေျခလွမ္းတစ္ခ်က္လွမ္း႐ုံမၽွပဲ ရွိေသးသည္၊ ကမၻာႀကီးသည္ ႐ုတ္တရက္ပင္ တိတ္ဆိတ္က်သြားကာ မိုးသံမ်ား၊ ေျခသံမ်ားပါ ေပ်ာက္ကြယ္သြားေတာ့သည္။

သူ ထိုေယာက္်ားကို ၾကည့္ရာ ပါးစပ္ဖြင့္လိုက္ ပိတ္လိုက္ရွိေနမွန္း ေတြ႕ေသာ္လည္း အသံကိုမူ မၾကားရ။ တစ္ခ်ိန္တည္းမွာပင္ ျမင္ကြင္းမ်ားအကုန္လုံးက တုန္ခါကာ ပတ္ခ်ာလည္လာေတာ့သည္။

ဤအခ်ိန္က်မွပဲ ဆည္းဆာမ်က္ႏွာေရာဂါလကၡဏာမ်ား ရိုက္ခတ္လာျခင္းပါေပ။

ထိုေယာက္်ားသည္ အနားတိုးသထက္ တိုးလာကာ ေလွကားထစ္မ်ားေပၚ ေျခခ်ၿပီးေလၿပီ။

ေလာ့က်ိဳးက်ိဳး ေနာက္ဘက္မွ နံရံကို မွီ၍ ဟန္ခ်က္ျပန္ထိန္းၾကည့္သည္။ သူ အျမင္ေတြေဝဝါးေနေသာ္ျငား ထိုေယာက္်ားကို စူးစိုက္ၾကည့္ေနမိသည္။ နားထဲ ဘာအသံမွ မၾကားရေသာ္လည္း ရင္ထဲတြင္ ႏွလုံးမည္မၽွခုန္ေနမွန္းေတာ့ သူ ခံစားနိုင္ပါ၏။

ေရွ႕မွ လူက လက္ဆန္႔ထုတ္လာရာ ေလာ့က်ိဳးက်ိဳး သူ၏ မ်က္ႏွာေပၚတြင္ ေအးစက္ကာ ေစးကပ္ေသာ လက္ေခ်ာင္းထိပ္မ်ား၏ ခံစားခ်က္မ်ိဳး သိလိုက္ရၿပီး တစ္ကိုယ္လုံးပဲ ၾကက္သီးမ်ား ထလာရသည္။

"အိုမီဂါေလး မေၾကာက္နဲ႔။ မင္းဘဝရဲ့ အခမ္းနားဆုံး အခ်ိန္ေလးကို ရသြားေစရမယ္..." အက္ရွေနေသာ စိတ္မခ်မ္းေျမ့ဖြယ္ အသံက ဆက္သည္။

ေလာ့က်ိဳးက်ိဳး မူမပ်က္ေအာင္ ထိန္းကာ ညာဘက္သို႔ ႀကိဳးစားေရႊ႕၍ အခ်ည္းအႏွီးပဲ ျဖစ္ေသာ္လည္း လမ္းၾကားထဲ ဝင္နိုင္ေအာင္ ႀကိဳးစားေနမိသည္။

ထိုေယာက်ာ္း၏ လက္သည္ ေလာ့က်ိဳးက်ိဳး မ်က္ႏွာေပၚမွ ေလၽွာခ်လာကာ ကုတ္ေက်ာေပၚ တင္လ်က္ ေခ်ာေမြ႕ေသာ အသားကို ပြတ္ရင္း ေပ်ာ့ကြက္ေနရာကို ဖိဆုပ္ကိုင္လိုက္သည္။

ေလာ့က်ိဳးက်ိဳး ေခါင္းငုံ႔ခ်၍ ထိုလက္ကို ကိုက္ပစ္ဖို႔ ျပင္လိုက္ခ်ိန္တြင္ တစ္ဖက္လူမွ လႈပ္ရွားမႈမ်ား ရပ္သြားေလသည္။ ေရွ႕မွ လူသည္ လက္ကို ျပန္႐ုတ္၍ ဘယ္ညာၾကည့္ၿပီးေနာက္ ႐ုတ္ခ်ည္းပင္ ေနာက္ျပန္လွည့္ကာ ေလွကားထစ္မ်ားေပၚမွ ေျပးဆင္းခ်သြားေတာ့သည္။

ေလာ့က်ိဳးက်ိဳး အေဝးခပ္လွမ္းလွမ္းတြင္ မွိတ္တုတ္မွိတ္တုတ္ႏွင့္ အနီေရာင္အလင္းတန္းတစ္ခု လာေနမွန္း ေဝဝါးစြာ ျမင္လိုက္ရသည္။ သဲႀကီးမဲႀကီး မ်က္ေတာင္ပုတ္ခတ္လ်က္ သူ ၾကည့္လိုက္ေလရာ ရဲကားတစ္စီးျဖစ္ေနေလသည္။

'ခ်ဴဖုန္းထင္တယ္'

သူ တမဟုတ္ခ်င္းပင္ ခြန္အားအကုန္ ဆုတ္ေလ်ာ့က်ကာ နံရံကို မွီရင္း ကုန္းကုန္းကြကြျဖင့္ ေလ်ာက်သြားရေတာ့သည္။

ေခါင္းတုံးေယာက္်ားသည္ ေရွ႕မွ လမ္းအား ရဲကားျဖင့္ ပိတ္ထားသည္ကို ျမင္ရာ ေနာက္လွည့္၍ လမ္းတစ္ဖက္ျခမ္းသို႔ ထြက္ေျပးသြားေတာ့သည္။ ခ်န္စီဟန္သည္ ကားေပၚမွ ခုန္ဆင္းကာ တဟုန္ထိုးေျပးလိုက္သြားေတာ့သည္။

ခ်ဴဖုန္းမွာကား ထိုလူအေၾကာင္း စိုးရိမ္ေနဖို႔ အခ်ိန္မရွိ။ 'က်ိဳးက်ိဳး!' ဟု ေအာ္၍ ေလာ့က်ိဳးက်ိဳးထံ ေျပးလာေလသည္။

ေလာ့က်ိဳးက်ိဳးသည္ မူးေဝေနေသာ္လည္း တစ္ဖက္လူက ခ်ဴဖုန္းျဖစ္မွန္းသိရာ မသဲမကြဲျဖင့္ 'ကၽြန္ေတာ္ အဆင္ေျပပါတယ္' ေျပာလိုက္ၿပီး ရင္ခြင္ထဲ ၿပိဳလဲက်သြားေတာ့သည္။

ခ်ဴဖုန္းသည္ လူငယ္ေလးကိုယ္ေပၚတြင္ ဒဏ္ရာရွိမရွိ သြက္သြက္စစ္ၾကည့္လိုက္ၿပီးေနာက္ ဆည္းဆာမ်က္ႏွာေရာဂါ လကၡဏာျပျခင္းမွန္း သိသြားရ၏။ သို႔ျဖစ္ရာ ေလာ့က်ိဳးက်ိဳးကို ခ်ီမ၍ ရဲကားဆီ ေျပးခဲ့ကာ ေနာက္ခုံထဲ ေနရာခ်ေပးၿပီး ျပန္လွည့္လ်က္ ခ်န္စီဟန္ေနာက္သို႔ ေျပးလိုက္ခဲ့ေလသည္။

ေခါင္းတုံးႏွင့္ လူသည္ အေျပးျမန္လွရာ ခ်န္စီဟန္က ေသနတ္ႏွစ္ခ်က္ေထာင္ေဖာက္လိုက္သည္။ သို႔ေသာ္ ၎က ေခါင္းတုံးႏွင့္ လူကို ပိုျမန္ေအာင္ ေျပးခိုင္းသလို ျဖစ္သြား၏။ ခ်န္စီဟန္မွာ အထူးတပ္ဖြဲ႕သားဘဝမွ အရွိန္ကို ထုတ္သုံး၍ ေျပးလိုက္ရေတာ့သည္။ ထိုလူႏွင့္ မီတာအနည္းငယ္မၽွသာ ကြာေတာ့ခ်ိန္တြင္ ေနာက္မွ ခုန္အုပ္၍ ထိုလူကို ေျမျပင္ေပၚ တြန္းလွဲခ်လိုက္ေလသည္။

ေခါင္းတုံးႏွင့္ လူသည္ ေျမႀကီးေပၚ လဲက်သြားတာႏွင့္ ခပ္သြက္သြက္ပင္ ေဘးသို႔ လွိမ့္ကာ တံေတာင္ျဖင့္ တြတ္၍ ခ်န္စီဟန္လက္ထဲမွ ေသနတ္ကို ဖယ္ထုတ္လိုက္သည္။ ၿပီးေနာက္ ထေျပးဖို႔ ႀကိဳးစားရာ ခ်န္စီဟန္က ဒူးေကြးကို ျဖတ္ကန္လိုက္ေလသည္။

ေထာင့္အေနအထားမွာ ခဲရာခဲဆစ္နိုင္လွသျဖင့္ ကန္ခ်က္သာ ထိသြားလၽွင္ ထိုလူ၏ ေျခေထာက္ရိုးတစ္ခုလုံး က်ိဳးလ်က္ ေျပးနိုင္ေတာ့မွာ မဟုတ္ေခ်။ သို႔ေသာ္ ေခါင္းတုံးႏွင့္လူက တုံ႔ျပန္မႈျမန္သည္။ အေနာက္ကိုေတာင္ မၾကည့္ပဲ ဘယ္ဘက္သို႔ တိမ္းေရွာင္ကာ ဆက္တိုက္ပင္ လက္သီးတစ္လုံးပစ္ေကၽြးလိုက္ေလသည္။

ခ်န္စီဟန္က ထိုလက္သီးကို ဖမ္းထိန္း၍ လက္ျပန္ရိုက္ခ်က္ျဖင့္ တုံ႔ျပန္သည္။ ဤသို႔ျဖင့္ ထိုေယာက်ာ္းႏွစ္ဦးမွာ မိုးသည္းထန္ကာ လူကင္းမဲ့ေသာ လမ္းမေပၚတြင္ လုံးေထြးေနေတာ့သည္။

"ေလာင္ခ်ဴ အျမန္လာခဲ့ေတာ့" ခ်န္စီဟန္က အေရးေပၚအေျခအေနမို႔ လွမ္းေအာ္သည္။ သူတို႔ႏွစ္ဦးမွာ ဤေယာက္်ားအတြက္ အခ်ိန္ႏွင့္ ဇြဲလုံ႔လအကုန္ ေပးဆပ္ထားခဲ့ရၿပီးၿပီ ျဖစ္ရာ သတ္ပစ္လို႔ မရသလို အမွားတစ္ခုလုပ္မိလို႔လည္း မျဖစ္။

ေခါင္းတုံးႏွင့္လူကား ျပန္တိုက္ခိုက္ဖို႔ ဆႏၵမရွိေတာ့။ ထြက္ေျပးရန္သာ စိတ္ေလာေနပုံရသည္။ ခ်န္စီဟန္သည္ ၎ကို ျမင္ေသာ္ လြတ္လမ္းမရေအာင္ တင္းၾကပ္စြာ ဆြဲညႇစ္ထားေတာ့သည္။ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ ခ်ဴဖုန္းမွာလည္း အေျပးလာေနကာ မ်က္ႏွာေပၚတြင္ေတာ့ ရန္လိုမႈမ်ား ထင္ဟပ္ေန၏။

ေခါင္းတုံးႏွင့္ လူသည္ ေျခလွမ္းႏွစ္လွမ္းေနာက္သို႔ ဆုတ္ကာ အသံညႇစ္ေျပာလိုက္သည္ "မင္း ဒီနားမွာ ရွိေနတာ ငါ သိတယ္။ ငါ့ကို လာမကူရင္ မင္း ဘယ္သူဆိုတာအပါအဝင္ အားလုံးကို ထုတ္ေျပာလိုက္မွာေနာ္"

ခ်န္စီဟန္သည္ ထိုလူမွ ႐ုတ္တရက္ႀကီး စကားေျပာလာသည္ကို ၾကားရာ အံ့အားသင့္သြားရလ်က္ ခ်ဳပ္ေႏွာင္ထားမႈကို ေလၽွာ့ခ်လိုက္မိေခ်သည္။ ဤတြင္ ထိုလူက ခ်က္ခ်င္းပင္ ခ်န္စီဟန္မ်က္ႏွာကို ပိတ္ထိုးကာ ႏွစ္လွမ္းထပ္ဆုတ္လိုက္ေလသည္။ ထို႔ေနာက္ အခြင့္ေကာင္းယူ၍ ေျပးရန္ႀကံခ်ိန္တြင္ ႏွစ္လွမ္းခန္႔သာ ရွိေသးသည္၊ ေသနတ္သံက ထြက္ေပၚလာကာ ေျခေထာက္နားတြင္ ခ်ိဳင့္ခြက္တစ္ခုျဖစ္ေပၚသြားၿပီး မိုးေရမ်ား၊ ေက်ာက္စေက်ာက္နမ်ား ပ်ံ႕ၾကဲလြင့္စင္ကုန္ေတာ့သည္။

သို႔ျဖစ္ေလရာ ေခါင္းတုံးႏွင့္လူသည္ အေျပးရပ္ကာ လက္ေျမႇာက္လိုက္ရေတာ့သည္။

ခ်န္စီဟန္သည္ တုံ႔ဆိုင္းမေနပဲ ခ်က္ခ်င္းပင္ ထိုလူ႔လက္မ်ားကို ေနာက္ဘက္သို႔ လိမ္ခ်ိဳး၍ ေျမျပင္ေပၚ တြန္းဖိခ်လိုက္သည္။

ခ်ဴဖုန္းကလည္း အနားေရာက္လာကာ ထိုလူကို ငုံ႔ၾကည့္ၿပီး ေအးစက္ေသာ ေလသံျဖင့္ ေျပာသည္ "ေခါင္းေမာ့စမ္း"

လက္မ်ားကို ေက်ာေနာက္တြင္ ဖိခ်ဳပ္ခံထားရေသာ ေခါင္းတုံးႏွင့္လူကား ေခါင္းငုံ႔လ်က္သားပင္ မလႈပ္။ ခ်ဴဖုန္းက ထိုလူ၏ ခါးကို ေဆာင့္ကန္ကာ ေအာ္သည္ "ေခါင္းေမာ့လို႔ ငါ ေျပာေနတယ္ေလ"

ထိုအခါမွ ေခါင္းတုံးႏွင့္လူက နာက်င္စြာ ၿငီးတြားသံျပဳ၍ ေခါင္းေမာ့ၾကည့္လာသည္။

ထိုလူ၏ ႏႈတ္ခမ္းေထာင့္စြန္းတြင္ ေသြးမ်ားက စိမ့္ထြက္ေနကာ မိုးေရႏွင့္အတူ စီးဆင္းသြားၾကသည္။

"မင္းနာမည္ကို ေျပာ"

"ထူက်ိဳ႕"

ခ်ဴဖုန္းမွ ထူက်ိဳ႕မ်က္ႏွာကို စိုက္ၾကည့္ေနၿပီးေနာက္ အံႀကိတ္၍ ေမးလာသည္ "လြန္ခဲ့တဲ့ ငါးႏွစ္တုန္းက စစ္တပ္က ပို႔လိုက္တဲ့ ဆိုက္ဖာဘူးကို ျဖတ္လုၿပီး ဘာဗိုဘုရားေက်ာင္းကို လာပို႔ဖို႔ မင္းကို ဘယ္သူခိုင္းခဲ့တာလဲ"

ထူက်ိဳ႕က ေခါင္းေစာင္းလ်က္ ေမာ့ၾကည့္၍ ေထ့ျပဳံးျပဳံးကာ ျပန္မေျဖ။ ခ်ဴဖုန္းက ထူက်ိဳ႕၏ မ်က္ႏွာကို အားျဖင့္ ပိတ္ထိုးလိုက္ကာ အသက္ျပင္းျပင္းရွိုက္၍ ထပ္ေမးသည္ "လြန္ခဲ့တဲ့ ငါးႏွစ္တုန္းက စစ္တပ္က ပို႔လိုက္တဲ့ ဆိုက္ဖာဘူးကို ျဖတ္လုၿပီး ဘာဗိုဘုရားေက်ာင္းကို လာပို႔ဖို႔ မင္းကို ဘယ္သူခိုင္းခဲ့တာလဲ"

ထူက်ိဳ႕ဦးေခါင္းသည္ ငိုက္စိုက္ေအာက္က်ကာ ဟစိဖြင့္ထားေသာ ပါးစပ္မွေန ေသြးမ်ားစီးက်လာလ်က္ ေျမျပင္ေပၚတြင္ အိုင္ထြန္းသြားၾကသည္။

"ခ်ဴဖုန္း စိတ္ေအးေအးထား ဒီေကာင့္ကို မသတ္နဲ႔ဦး။ ဖမ္းရတာတင္ ဘယ္ေလာက္ခက္ခဲလိုက္သလဲ" ခ်န္စီဟန္က ထူက်ိဳ႕ကို ေအာက္လႊတ္ခ်ကာ ခ်ဴဖုန္းကို လာဆြဲသည္။

ထူေပးထားသူ မရွိေတာ့ေသာ ထူက်ိဳ႕သည္ ေျမႀကီးေပၚ ပစ္လဲက်သြားေသာ္ျငား ေရခဲတမၽွေအးစက္လွေသာ မိုးေရတို႔ေၾကာင့္ ျပန္နိုးလာကာ ေခ်ာင္းထဆိုးေတာ့သည္။ ခ်ဴဖုန္းသည္ လက္သီးတင္းတင္းဆုပ္ကာ ရန္လိုဟန္အျပည့္ျဖင့္ ထူက်ိဳ႕ကို ၾကည့္ေနေလသည္။

ခ်န္စီဟန္သည္ ေျမျပင္ေပၚမွ ထူက်ိဳ႕ကို ဆြဲထူမကာ ခ်ဴဖုန္းလက္ထဲရွိ ေသနတ္ကို ယူလ်က္ တစ္ဖက္လူ နားထင္ကို ေထာက္တင္လိုက္ၿပီး ဆိုသည္ "မင္း ဖြင့္ေျပာရင္ နည္းနည္းၾကာၾကာအသက္ရွင္ခြင့္ရမယ္။ မေျပာရင္ေတာ့ ငါ အခုခ်က္ခ်င္းပဲ မင္းကို ပစ္သတ္လိုက္မယ္"

"ရဲမႉးခ်န္ သူက ​ျပစ္မႈက်ဴးလြန္ထားတဲ့ လူဆိုေတာင္ ခင္ဗ်ားကိုယ္တိုင္ ကြပ္မ်က္လို႔ မရဘူးေလဗ်ာ" ခပ္လွမ္းလွမ္းမွေန အသံတစ္သံထြက္လာေလသည္။

မိုးရြာေနသည့္အျပင္ ျမင့္တက္ေနေသာ ခံစားခ်က္အဟုန္တို႔ေၾကာင့္ သူတို႔ႏွစ္ဦးစလုံး မလွမ္းမေဝးရွိ အေနာက္ဘက္တြင္ ရပ္ေနေသာ လူအုပ္ကို သတိမထားမိခဲ့ျခင္းပါေပ။ နက္ေမွာင္ေသာ ေသနတ္တို႔က အတန္းလိုက္ သူတို႔ကို ခ်ိန္ထားေလသည္။

"ရဲမႉးခ်န္ ဗိုလ္ခ်ဳပ္ခ်ဴ လက္ေလးေျမႇာက္လိုက္ၾကပါလား" စကားဆိုလာသူက ေရွ႕ဆုံးတြင္ ရပ္ေနကာ ခ်ဴဖုန္း ျမင္ျမင္ခ်င္းပင္ ထ်န္းလန္မွန္း တန္းသိလိုက္သည္။

ထ်န္းလန္အား ေသနတ္ကိုင္ထားေသာ လူတစ္စုက ၿခံရံထားေလသည္။ ခ်ဴဖုန္း ထိုလူတို႔မ်က္ႏွာမ်ားကို ျခဳံၾကည့္လိုက္ရင္း တစ္ေယာက္က သူ၏ အာ႐ုံအား ဖမ္းစားလိုက္ေလသည္။ ထိုေယာက္်ားသည္ မ်က္ႏွာတစ္ခုလုံး အလုံဖုံးအုပ္ကာထားေသာ အနက္ေရာင္ မ်က္ႏွာဖုံးတစ္ခုကို ဝတ္ဆင္ထားကာ ႏႈတ္ခမ္းႏွင့္ မ်က္လုံးေနရာတို႔ပဲ ေဖာ္ထားေခ်သည္။ ထိုလူကား အျခားလူမ်ားႏွင့္အတူ ထ်န္းလန္ေနာက္တြင္ ရပ္ေနခဲ့ေလသည္။

___

Đọc tiếp

Bạn Cũng Sẽ Thích

1M 142K 174
ကဲ..ဇာတ်လမ်း​လေးရဲ့ပုံစံကို ​ပြောပြမယ်​နော်🤗 ဥပ​ဒေ​ကျောင်းသား​တွေ ဖြစ်ကြတဲ့ အန်းနင်နဲ့ချင်​ဝေ့ဟန် သူတို့နှစ်​ယောက်က အခန်း​ဖော်အဖြစ် အတူ​နေထိုင်ရာက...
32.9K 4.2K 30
မာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin
45.5K 3K 6
Summary: Unicode: ရဲတစ်ယောက်က ကုမ္ပဏီတစ်ခုရဲ့ လက်အောက်မှာ လျှို့ဝှက်စုံထောက်အနေနဲ့အလုပ်လုပ်ခဲ့တယ်။ မာဖီးယားဂိုဏ်းခေါင်းဆောင်နဲ့ ရင်းနှီးအောင်လုပ်ပြီး...
21.8K 1.3K 10
ဆရာဝန်လေးနဲ့ Engineer ကောင်လေးတယောက်ရဲ့ ဇာတ်လမ်းလေး♡ Soft typeဖြစ်ပြီးတော့ Art လေးတွေကလဲ မျက်စိအေးနေရော✨ Author(s) : Kona, 高台树色 Artist(s) : 一碗雪, 忻...