Unicode
အရှိန်မှန်မှန်နှင့်ခုန်လှုပ်နေသည့်ရင်ခုန်သံကို သူဂရုတစိုက်နားထောင်နေမိသည်။ ဒုတ်ခနဲမြည်တိုင်းမှာ စီးချက်ကျသည့်တေးသံကိုနားဆင်လိုက်ရသလိုပင်ခံစားရချေ၏။
" ဖယ်စမ်း...! "
အမောပြေသွားသူက သူ့ကိုယ်ကြီးကိုတွန်းဖယ်လျှင် အလိုက်တသိပင်ဘေးသို့လှဲချပေးလိုက်တော့၏။
အသက်ကိုပြင်းပြင်းရှူကာ ဟောဟဲလိုက်နေသူက သူ့အားမျက်စောင်းရွယ်၍ ခပ်စူးစူးကြည့်ချေသည်။ အလိုမကျခြင်း၊ စိတ်တိုခြင်းနှင့် နှဖူးတွင်နိမိတ်ကိုအမြင်ကတ်တယ် ဟု စာတန်းရေးထားမတတ်သော မျက်နှာထားနှင့် ပုံစံကသူ့အားစိစိညက်ညက်ကြေအောင် အမှုန့်ချေချင်သလို။
ထို့နောက် ကောက်ခါငင်ကာထထိုင်လိုက်ပြီး ကုတင်ပေါ်က ဆင်းချေသည်။ အခန်းပြင်သို့ရှေးရှူထွက်သွားသည်မို့ နိမိတ်ကပါအခန်းထဲကထွက်ကာလိုက်ရချေ၏။ အိမ်အနောက်ဖက်မှာကျန်ခဲ့သည့် စာရွက်စာတမ်းများနှင့် laptop ကိုယူပြီးအိမ်ရှေ့ပြန်ထွက်သွားသည်မို့ နောက်ကလိုက်ရင်း အိမ်လေးဆီမှပြန်လာခဲ့ကြလေသည်။
စိမ်းစိုသည့်တောအုပ်လေးထဲ အမှောင်အနည်းငယ်စွက်နေပြီမို့ ၇ နာရီကျော်ဆိုသောအချိန်သည် လမ်းကိုပင်သဲသဲကွဲကွဲမမြင်ရပါချေ။
အရှေ့မှကော့တော့ကော့တော့နှင့်လျှောက်နေသည့်လူနောက် သူတောက်လျှောက်လိုက်ရင်း မြေမညီသည့်လမ်းတွင် ဘယ်တော့ချော်ကျမလဲ သတိထားကြည့်နေရသည်။ သို့သော် ခြေလှမ်းကိုအရှိန်တင်ထားသောသူသည် နည်းနည်းမှလျှော့မည့်ပုံမပေါ်ပေ။
သူထင်သည့်အတိုင်းပင် မဟာမြတ်သူခမျာ သစ်ငုတ်ကိုခြေခလုတ်တိုက်၍ ရှေ့သို့ဟပ်ထိုးမှောက်ကျသွားချေ၏။
လက်ထဲမှစာရွက်များထည့်ထားသည့်ဖိုင်သည် ခပ်ဝေးဝေးတွင် ဘုတ်ခနဲကျသွားပြီး laptop ကတော့ကံကောင်းထောက်မစွာပင် သူ့ရင်ခွင်ထဲပိုက်လျက်သားဖြစ်၏။
လက်မောင်းကနေဆွဲလို့ မျက်နှာချင်းဆိုင်စေတော့ မဟာမြတ်သူကခြေချင်းဝတ်ကိုခပ်ဖွဖွဖိပွတ်ကာ သူ့အားအကြည့်တစ်ချက်မျှပေးမလာပေ။
" ဘယ်လိုဖြစ်လို့ အောက်မကြည့်ဘာမကြည့်နဲ့ လောနေတာတုန်း "
တကျွတ်ကျွတ်နှင့် စုပ်သတ်ရင်းသူပြောတာကိုဂရုမစိုက်တဲ့လူကြောင့် ချက်ချင်းထသွားပြီး ဖိုင်တွဲကိုသွားကောက်ပေးရချေသည်။
သူ့လက်ထဲ ထိုးထည့်ပေးပြီးတာနဲ့ ဒကောက်ကွေးကနေလက်ထိုးကာပွေ့ချီလိုက်လျှင်
" အား နိမိတ်! "
" ဘာဖြစ်ရပြန်လို့ရုန်းနေတာလဲ ခင်ဗျားငြိမ်ငြိမ်လေးတစ်ချက်နေလို့မရဘူးလား "
" ငါ ငါလမ်းလျှောက်မယ် "
ပွေ့ထားတာကို အတင်းရုန်းနေတာကြောင့် အောက်ချပေးလိုက်တော့ ခြေချင်းဝတ်ကနာကာ သူ့ဘက်ကိုပြန်ပြိုလဲလာလေသည်။
ရင်ခွင်ထဲမှ မျက်မှောင်လေးကျုံ့ကာ မော့ကြည့်လာတာကြောင့် မေးငေါ့ပြလိုက်တော့သည်။
" လျှောက်လေ "
ခနဲ့တဲ့တဲ့အပြောကြောင့် ချက်ချင်းမျက်နှာကြောပြောင်းသွားပြီးမှ သူ့ပစ္စည်းတွေကိုတင်းနေအောင် ပိုက်ကာ ထော့နဲ့ထော့နဲ့လျှောက်ချေ၏။
နည်းနည်းလေးတောင် မတောင်းဆိုတတ်ဘူးလား။ မလုပ်နိုင်ဘူး မင်းတွဲကူလို့တောင်းဆိုလိုက်လည်းရပါလျက်နဲ့ မာနကြီးတွေကာခြားနေတာ။ မဟာမြတ်သူက သိပ်ကိုအတ္တကြီးချေသည်။
တစ်လှမ်းချင်းသွားသူက ခပ်လှမ်းလှမ်းရောက်နေလျှင် သူခပ်သုတ်သုတ်နောက်ကလိုက်ရင်း ဆွဲပွေ့ပစ်လိုက်တော့၏။
" မင်း..! "
" ငြိမ်ငြိမ်နေ ဒီတစ်ခါဆိုလွှတ်ချရုံမဟုတ်ဘူး ကိုင်ပေါက်ပစ်မှာ "
" မလိုဘူး ဖယ်စမ်း လွှတ်! "
ရုန်းနေသော်လည်း အားမပါပေ။ မဟာမြတ်သူတအားဉာဏ်များသား။ သူ့တစ်ကိုယ်လုံး ဉာဏ်နီဉာဏ်နက်တွေနဲ့ပြည့်နေသလားတောင်ထင်ရချေသည်။
လွှတ်ချလိုက်မလိုလုပ်လိုက်မှ လည်တိုင်ကိုအတင်းကျစ်အောင်ဖက်လာသည်မို့ ဟက်ခနဲရယ်မိချေ၏။ ထို့နောက်တော့ ချီပွေ့လျက်သားသာ စံအိမ်ကြီးဘက်ကိုပြန်လာခဲ့ကြလေသည်။
ဧည့်ခန်းထဲ သူ့ကိုထိုင်စေပြီး အနောက်ဘက်တန်းလျားကိုဖုန်းဆက်ကာ ဦးမောင်ကို ဆေးပုံးယူခဲ့ဖို့ခေါ်ရသည်။
" မောင်နိမိတ် "
" ဦးမောင် ဒီမယ် မင်းသား သစ်တောဝန်းထဲချော်လဲတာ ခြေထောက်ထိသွားတယ် ကြည့်ပေးလိုက်ပါဦး "
ဦးမောင်က ခေါင်းလေးငြိမ့်ကာ မဟာမြတ်သူ၏ခြေထောက်ဘေးဆောင့်ကြောင့်ဝင်ထိုင်ချေသည်။
" ကိုင်မယ်နော် "
ခွင့်တောင်းပြုပြီးမှ ခြေချင်းဝတ်ကဒဏ်ကိုသေချာကြည့်ရင်း ဆေးပူလိမ်းနှိပ်နယ်ကာ ပတ်တီးလေးစည်းပေးလေ၏။
" အရွတ်ယောင်သွားတာပါ တကယ်လို့စိတ်မချရင် ဓာတ်မှန်ရိုက်ကြည့်စေချင်တယ် "
ဆေးပုံးကိုပိတ်သိမ်းရင်းနဲ့ မတ်တပ်ထရပ်လာတော့ နိမိတ်ကပါ အိတ်ကပ်ထဲလက်ထိုးလိုက်ရင်း နှုတ်ဆက်ဖို့ပြင်သည်။ ကိုယ်တိုင်ဆေးထည့်ပေးဖို့အထိ မဟာမြတ်သူအထိခံမှာမဟုတ်တာကိုသိတာမို့ ဦးမောင်ကိုသာခေါ်လိုက်တာဖြစ်သည်။
မာနအိုးကသူ့ခြေထောက်များထိမိသွားရင် တော်ဝင်မင်းသားကိုယ်ဆိုတဲ့စကားကြီးနဲ့ ကိုင်ပေါက်ဦးမှာအသေအချာမဟုတ်သလား။
" ဘာမှမဖြစ်ဘူးဆိုလည်း ကျုပ်နားတော့မယ် "
" ညစာကော ဦးလေးလာပို့ရမလားနိမိတ် "
" နေပါစေ ခေါက်ဆွဲတစ်ပွဲလောက်ညိုနွဲ့ကိုခေါ်ပြုတ်ခိုင်းလိုက်ပါ ကျွန်တော်ပြန်ဆင်းလာမယ် "
လှေကားထစ်တွေနင်းတက်ရင်းသူပြောတော့ ဦးမောင်ကခေါင်းကိုငြိမ့်သည်။
" ကျွန်တော်ကော "
သူ့ခြေလှမ်းတွေရပ်လို့လှည့်ကြည့်လိုက်တော့ မဟာမြတ်သူက ဘာလဲဟူသောမျက်နှာထားဖြင့်သူ့အားကြည့်ချေသည်။
" ဘာဖြစ်လဲ ငါကောစားမရဘူးလား ငါအခုထိညစာမစားရသေးဘူးနော် မင်းစားတာလိုက်စားတယ်ထင်ရင် လဲသာသေလိုက် "
ဘာမှမတုံ့ပြန်တော့ဘဲ သူတက်လာလိုက်တော့သည်။ ဒီလူနဲ့ပြိုင်ပြောနေရင် မောရုံပဲရှိလိမ့်မည်။ နည်းနည်းမှအဆင်ချောမည်မဟုတ်။ သူထင်သည် သူတို့ကြားကအခြေအနေတွေက ဒီကနေတိုးတက်ဖို့ဝေးနေဦးမည်။
ထို့နောက်တော့ ညစာအဖြစ် ခေါက်ဆွဲပြုတ်စားကြပြီးမှ အိပ်ရာဝင်ခဲ့ကြသည်။ အခန်းခွဲအိပ်ဖို့ရာ ပင်မအိပ်ဆောင်ကနေခွာရင် သိက္ခာကျတယ်ဟုခံယူထားသော မဟာမြတ်သူက အခန်းကနေတစ်လှမ်းမခွာသလို နိမိတ်ကလည်းပေကပ်ကာနေခဲ့သည်။
ဒီလိုနဲ့ပဲနှစ်ယောက်လုံးက တစ်ယောက်မျက်နှာတစ်ယောက်မမြင်ချင်သည့်တိုင် အိပ်ခန်းဆောင်ကနေတော့ရွှေ့မသွားခဲ့ပါချေ။
//
ရက်ပိုင်းလောက်ရထားသောလွတ်လပ်ရေးသည် နိမိတ်မျက်နှာကိုမမြင်ရလို့ဆိုသည်မှာ ဖြစ်နိုင်ချေရှိသည်။
လွန်ခဲ့တဲ့နှစ်ရက်တည်းက နိမိတ်ကပြင်သစ်ကိုရက်ရွှေ့မရတော့လို့ အလုပ်ကိစ္စအတွက်ထွက်သွားခဲ့တာမို့ ရန်မဖြစ်ရတဲ့ရက်တွေမှာ အေးချမ်းနေခဲ့တာဖြစ်သည်။
သို့သော်လည်းသူ့နောက်ကနေကော်လိုကပ်နေသည့် လူတွေကိုတော့ယခုထိခွာထုတ်မရသေးခဲ့။ မသိရင်များဖြင့် အသက်အန္တရာယ်ကြီးစွာရှိနေတဲ့လူတစ်ယောက်လို အခြွေအရံတွေနဲ့မို့ စိတ်ကျဉ်းကျပ်သေးသည်။
ရုံးခန်းထဲဝင်တော့မှပဲ နှစ်ယောက်က အပေါက်ဝမှာကျန်ခဲ့သည်မို့ အသက်ရှူချောင်ကာ နက်ခ်တိုင်ကြိုးကိုဖြေလျှော့ချလိုက်တော့သည်။
စုံလည်ကုလားထိုင်တွင်ဝင်ထိုင်လိုက်ပြီးတာနဲ့ အရှေ့မှာပုံနေတဲ့စာရွက်ဖိုင်တချို့ကြောင့် မျက်ခုံးပင်ပင့်မိသည်။ တစ်ပါတ်တစ်ပါတ်စုရုံးပြီးရောက်လာတတ်သည့် ဖိုင်တွေအတွက် သူလက်မှတ်ထိုးရဦးမည်။
သိပ်မကြာခင် တံခါးခေါက်သံနှင့်အတူ စိမ်းကကော်ဖီခွက်ကိုင်ကာ ဝင်လာလေသည်။
" ကော်ဖီပါမင်းသား ပြီးတော့ မနက်က ဦးသိုက်စိုးက မင်းသားနဲ့တွေ့ဖို့ appointment တောင်းနေတယ် "
စိမ်းချပေးထားတဲ့ကော်ဖီခွက်ကိုတစ်ချက်ယူသောက်လိုက်ပြီးမှ စိမ်းကို မျက်ခုံးပင့်ကာကြည့်လိုက်သည်။
ဦးသိုက်စိုးဆိုတာ နိမိတ်companyက share ရှင်တစ်ဦး မဟုတ်လား။ သူကဘာကြောင့်များ ကိုယ်နဲ့တွေ့ချင်ရတာပါလဲ။
သူ့တွင်အမုန်းဆုံးက ရှုပ်ရှုပ်ယှက်ယှက်အရာများပင်ဖြစ်သည်။ ထိုသို့သော စီးပွားရေးလုပ်ငန်းတွေအတွင်းပွေရှုပ်မှုများကိုသဘောမကျဘူးမို့ ထိုလူနဲ့တွေ့ဖို့ဝေးသည်။
" မအားသေးဘူးပြောလိုက်ပါ "
" ဟို ဒါပေမဲ့ "
စိမ်းရဲ့အင်တင်တင်စကားများကြောင့် သူမျက်မှောင်ကျုံ့ကာ မော့ကြည့်လျှင် စိမ်းကမဝံ့မရဲဆိုလာလေသည်။
" ဘာဖြစ်လဲ စိမ်း "
" သူ အောက်မှာရောက်နေပြီ "
သူ့မျက်ခုံးတွေကိုလိုအပ်သည်ထက်ပို၍ စုကျုံ့လိုက်ပြီးမှ အတော်တန်စဉ်းစားရပြန်သည်။ ရောက်နေပြီဆိုတဲ့အနေအထားကငြင်းဖို့ခဲယဉ်းလှသည်။ မဟုတ်ရင်သူ့အနေနဲ့လေးစားမှုမရှိဘူးဟူသော စကားကထွက်လာဦးမှာ။
" နေ့လည်စာ စားဖို့ချိန်းလိုက်ပါ အခုမတွေ့ချင်ဘူး "
" ရှင် ! ဟုတ်ကဲ့ပါ မင်းသား "
စိမ်းထွက်သွားသည်နှင့် နားထင်နားကိုဖိပွတ်ရင်းမှ တစ်ချက်တစ်ချက်မအီမသာဖြစ်လာတာကြောင့် ရင်ဘတ်ကိုပါဖိပွတ်ရပြန်သည်။ အီလည်နေတဲ့ခံစားချက်ကြီးကိုတကယ်မကြိုက်။ အလုပ်တွေများနေသူအဖို့ ဒီလိုမျိုးကျန်းမာရေးကိစ္စတွေကိုအလေးမပေးနိုင်။ လွန်ခဲ့တဲ့ရက်ကပဲခြေခေါက်လို့ အရွတ်ယောင်ပြီး အလုပ်တွေကိုအိမ်မှာတစ်ရက်လုပ်လိုက်ရသေးသည်။ အခုထပ်ပြီး မအီမသာဖြစ်နေမယ်ဆိုရင်တော့ သူ့အတွက်အဆင်မပြေပေ။
သူနိမိတ်ဆီကို ဦးသိုက်စိုးအကြောင်းပြောဖို့လိုလားစဉ်းစားမိသည်။ ဒါကနိမိတ်အတွက်ကောင်းတာဆိုးတာဖြစ်မယ်ဆိုတာထက် အဲ့ဒီဘက်ကအရှုပ်အရှင်းတွေထဲ သူမပါချင်တာဖြစ်သည်မို့။ တကယ်လို့ဦးသိုက်စိုးက နိမိတ်ရဲ့မကောင်းမှုအတွက်ရောက်လာသည်ဖြစ်စေ ကောင်းမှုအတွက်ပင်ဖြစ်လင့်ကစား သူများအတွင်းရေးကြားဝင်ပါတာကိုမလုပ်နိုင်ပေ။
ထို့နောက်သူကပြင်သစ်မှာရှိနေသည့်နိမိတ်ဆီကိုဖုန်းဆက်ခေါ်ရလေသည်။ ဖုန်းဝင်သွားသည်နှင့် သိပ်မကြာခင်မှာပဲ သြရှရှလေသံကိုကြားရသည်မို့ မသိစိတ်ထဲမှ ဖျင်းခနဲဖြစ်သွားသည်အထိ။
" နိမိတ် "
ပြင်သစ်ကနေ တော်ဝင်ပြန်လာသည့် လေယာဉ်ပေါ်တွင် နိမိတ်နှင့်အထွေထွေအတွင်းရေးမှူးတို့ပါလာပြီး နောက် ၃ နာရီနေရင်ပဲ ဆိုက်တော့မည်ဖြစ်သည်။ ထိုသို့သောခရီးလမ်းမှာ အဝင်call ပေါင်းများစွာရှိသည်ကမထူးဆန်း။ ထူးဆန်းသည်ကတစ်ဖက်က မဟာမြတ်သူဖြစ်နေတာပင်။
နိမိတ်ဖုန်းကိုချက်ချင်းကိုင်လာတာနှင့် အနည်းငယ်တုန်ရီကာ မငြိမ်ချင်သည့် အသံကိုကြားလိုက်ရလေသည်။
" ဘာဖြစ်လို့လဲ ထူးထူးဆန်းဆန်း "
" ဦးသိုက်စိုးကငါ့ကိုတွေ့ချင်တယ်ပြောတယ် ၊ ငါ မင်းတို့ကြားက ပြဿနာတွေကြားကိုမဝင်ချင်ဘူး ၊ မင်းခွင့်ပြုသလားမပြုသလားကိုမေးတာမဟုတ်ပေမဲ့ ငါက ဒီလူဟာပြဿနာပါဆိုရင် ငါ့အတွက်ရှောင်မှာမို့လို့ "
" မလိုပါဘူး ခင်ဗျားတွေ့ချင်တွေ့ပေါ့ ၊ ခင်ဗျားသဘောပဲ အဲ့ဒီလူနဲ့ကျုပ်တို့ကြားမှာ ပြဿနာလည်းရှိမနေပါဘူး "
" အင်း ဟုတ်ပြီ "
တိခနဲပြတ်ကျသွားသည့်ဖုန်းနောက် အသည်းမာနိုင်သူသည် သူ့အားအဆင်ပြေကြောင်းတစ်ခွန်းမမေးခဲ့။
မစရ၊ မစနောက်ရ မဟာမြတ်သူနှင့်ရန်မဖြစ်ရသည့်သူ့အဖို့ ပြင်သစ်မှာရှိနေသည့်နှစ်ရက်ကအဆင်မပြေ။ တဖြေးဖြေးရင်းနှီးလာတဲ့ခံစားချက်တွေက လူနဲ့လည်းအသားကျလို့။
ကိုယ်ထင်မှတ်မိသည်။ ကိုယ်ဟာ အလွမ်းဒဏ်ကိုအလူးအလဲခံစားနေရသည့် လူတစ်ယောက်ပါလားလို့။ ဒီလူနဲ့မှ ထူးထူးဆန်းဆန်း သတိရမိလေခြင်း။
အိန္ဒြေကြီးသည့်ယောက်ျား၊ ချောမောလှသည့်ယောက်ျား။ ဒီယောက်ျား၏ စုကျုံ့သွားတတ်သည့် မျက်လုံးမျက်ခုံးများ၊ ဒေါသထွက်တိုင်းတင်းတင်းစေ့သွားတတ်သည့် နှုတ်ခမ်းပါးများ။ သူ့ကိုဆိုရန်စကားပြောတတ်လွန်းလှသည့် လှုပ်စိလှုပ်လဲ့ နှုတ်ခမ်းဖူးများ။ ဆံဖျားအိအိလေးတွေအစလို့ ခြေချောင်းသွယ်လေးများအထိ စုန်ချီဆန်ချီ ကိုယ်မြတ်နိုးထွေးပိုက်ချင်စရာချည်း။
ဟင်းခနဲရယ်သွေးသွမ်းမိပြီးမှ ကျသွားသည့်ဖုန်းနံပါတ်ကိုငုံ့ကြည့်မိသည်။
အသည်းနှလုံးကတော့တစ်စုံတစ်ယောက်အပေါ်ဦးညွှတ်ခဲ့ပြီဖြစ်သည်။ ဒီလူ့အပြုံးတွေကိုယ့်အတွက်ဖြစ်စေချင်သည်။ ဒီလူ့ပျော်ရွှင်မှုတွေကိုလည်း ကိုယ်ကပဲဖြစ်တည်ပေးချင်မိသည်အထိ။
ရင်နာနာနဲ့ကြည့်နေရတဲ့ တစ်ပါးသူကိုရည်ရွယ်တဲ့အပြုံးများအတွက် ကလေးများလို ကိုယ်သဝန်ကြောင်နေစရာအကြောင်းများလည်းမရှိပါ။ သို့သော်ငြား ကလေးများလို ဒီအပြုံးတွေကို တစ်ကိုယ်စာမက်မောမိသည်။ ရူးသွပ်မိလေခြင်း။
//
" သူဌေး "
မျက်မှန်လေးပင့်ကာပင့်ကာဖြင့် အနားကိုရောက်လာသည့် အထွေထွေအတွင်းရေးမှူးကြောင့် မော့ကြည့်လိုက်လျှင် ထိုင်ခုံဘေးတွင်လာရပ်နေတာဖြစ်သည်။ အထူးတန်းတစ်ခန်းလုံးငှားထားတာမို့လို့အနားတွင်ဘယ်သူမှမရှိ သူနှင့်အတွင်းရေးမှူးသာရှိချေသည်။
မေးငေါ့ပြတော့ သူ့လက်ထဲကိုဖုန်းကိုလွှဲပေးလာသည်။
နိမိတ်ဖုန်းကိုနားနားကပ်လိုက်သည်နှင့် အနည်းလောနေသော်လည်း ပုံမှန်ထက်ပိုအေးစက်သည့်အသံကြောင့် မျက်ခုံးတွေကိုကျုံ့ထားမိသည်အထိ။
" ဦးလှသောင်းက တော်ဝင်မင်းသားကို ဒီနေ့နေ့လည်စာစားချိန်မှာလုပ်ကြံမယ်လို့ သတိပေးခိုင်းလို့ကျုပ်ဖုန်းဆက်လိုက်တာ "
ဒိန်းခနဲဆောင့်ခုန်သွားသည့်ရင်ခုန်သွားသည် ဦးဆံမွှေးများပင်ထောင်ထသွားသည်အထိ ထိတ်လန့်စေကာ နိမိတ်အသက်ရှုသံတွေပင်မြန်လာချေသည်။ လက်ကိုင်ကိုကိုင်ထားသည့်လက်များကို အားပိုထည့်ကာပိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး
" ဘယ်သူလဲ ဘယ်သူပြောခိုင်းတာလဲ မင်းတို့ဘယ်သူလဲ "
" မဟူရာလို့ပြောရင် သိလိမ့်မယ်ထင်ပါတယ် "
" မုန်း၍မဟူ! Hello Hello မုန်း! ဟေ့ကောင် မဟူရာ! "
မဟူရာ့ရဲ့သတိပေးချက်ဆိုလျှင် မှန်နိုင်ချေရှိပြီမို့လို့ နိမိတ်စိတ်လှုပ်ရှားလာရသည်။ သို့သော်အသံက မဟူရာ့အသံမဟုတ်။ မဟူရာကကော ဘာကြောင့်ဒီအဆက်အသွယ်ပြတ်သွားတဲ့ကာလတွေကြားမှာ အခုမှသူ့ဆီဆက်သွယ်ရတာတဲ့လဲ။ သူကြားမိတဲ့အသံတွေအရဆို လွန်ခဲ့တဲ့နှစ်တွေက မဟူရာက ကောင်လေးတစ်ယောက်ကိုရှာနေခဲ့သည်ဆိုလား။
လေယာဉ်ကအခုထိမဆိုက်သေးပေ။ နာရီဝက်လောက်လိုသေးသည်မို့ မြတ်သူရဲ့ဖုန်းနံပါတ်ကိုနှိပ်ကာခေါ်ရသည်။ သို့သော်တုံ့ပြန်မလာခဲ့။
" တောက်ခ်! စိမ်းကို ခုချက်ချင်းဖုန်းခေါ်! "
" ဟုတ် ဟုတ်ကဲ့ "
မျက်မှန်လေးနှင့်အူကြောင်ကြောင်ပုံစံရှိသောအတွင်းရေးမှူးမှာ ချက်ချင်းပင် မင်းသား၏အတွင်းရေးမှူး စိမ်းထံသို့ဖုန်းခေါ်လေသည်။
" hello မစိမ်း! အဲ "
" စိမ်းနွယ် မဟာမြတ်သူဘယ်မှာလဲ "
အတွင်းရေးမှူးလက်ထဲကဖုန်းကိုချက်ချင်းလုလို့ မေးလိုက်သည့်သူဌေးကြောင့် ကိုယ်ရှိန်သပ်ကာ ခပ်လန့်လန့်နှင့်ရပ်နေရရှာသည်။ ထို့နောက်သူရပ်နေရင်ပိုဆိုးမည်ဆိုးတာကြောင့် လေယာဉ်ခေါင်းခန်းသို့သွားကာ မေးရသည်အထိ။
တစ်ဖက်တွင်စိမ်းမှာ အစောပိုင်းလေးတင်ထွက်သွားသည့် မင်းသားနှင့် အခုလေးတင်ဝင်လာသည့်ကိုနိမိတ်၏ဖုန်းကြောင့် အနည်းငယ်တွေဝေရသည်။ သို့သော်ကြောင်အမနေခဲ့။
" အစောနလေးတင်ပဲ ဦးသိုက်စိုးနဲ့နေ့လည်စာစားဖို့ထွက်သွားတယ် "
" ဘယ်အချိန်တည်းကလဲ ဖုန်းမယူသွားဘူးလား "
" လွန်ခဲ့တဲ့နာရီဝက်လောက်ကပါ ဖုန်းလည်းယူသွားပါတယ် ကိုနိမိတ်ရဲ့ "
" အစောင့်တွေကောပါသွားလား "
" ပါ ပါသွားပါတယ် သုံးယောက်ပါ ဒါပေမဲ့ နှစ်ယောက်ကိုအပြင်မှာစောင့်ခိုင်းထားတယ်လို့တော့ ပြန်ပြောပါတယ် "
" တောက်ခ်! သူ့နောက်ကိုလိုက် ရဲတစ်ခါတည်းခေါ်သွားစမ်း စိမ်းနွယ် "
" ရှင်! "
" ငါပြောတာကြားလား "
" ဟုတ် ဟုတ်ကဲ့ "
နိမိတ်ထူပူနေတာဖြစ်သည်။ ဒီလူကဖုန်းယူသွားရက်နဲ့ဘာလို့သူ့ဖုန်းကိုမကိုင်တာတဲ့လဲ။ ဒီအချိန်ကြီးရွဲ့နေသေးတာလားမပြောတတ်။ တကယ်ကိုအတော်ကြီးအမှတ်သညာကြီးတဲ့လူ။
//
" ကျွန်တော့်ဘက်ကစပေးရမှာလား "
" ကျွန်တော်မညာနိုင်ပါဘူး မင်းသားရယ် တကယ်ပါ မင်းသားအတွက်လည်းမလိုဘူး ကျွန်တော်တို့အတွက်လည်းမလိုဘူး ဒီမြေကွက်နှစ်ကွက်ကိုလဲလှယ်လိုက်ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ် "
" ဆိုတော့ နိမိတ်ရှိန်ဝါဆိုတဲ့ကောင်ကကော ဒီလဲလှယ်မှုကိုလက်ခံရဲ့လား "
" လက်ခံပါတယ် သူလက်ခံပါတယ် မယုံရင်ဖုန်းဆက်မေးကြည့်ပါ "
အသားဖတ်ကိုဝါးမြုံ့ရင်းမှ ထိုလူပြောသည့်စကားတွေကိုခေါင်းတငြိမ့်ငြိမ့်နှင့်လက်ခံနေမိသည်။ အနောက်တွင်မတ်တပ်ရပ်နေသည့် အစောင့်တစ်ယောက်ကို အနားနားကပ်လာဖို့လှမ်းခေါ်တော့ ခပ်တည်တည်နှင့်ကပ်တိုးလာလေသည်။
" ဟင်းချိုတစ်ခွက်လောက်သွားယူပေးပါလား နောက်ပြီး ဝိုင်ကော "
အင်တင်တင်နဲ့ထွက်သွားဖို့မလုပ်ချင်သူကြောင့် မျက်လုံးပြူးပြရင် သွားလေဟူသောအမူအရာလုပ်ပြမှ ခေါင်းငြိမ့်ပြီးထွက်သွားလေတော့သည်။
" ခဏလောက်ဖုန်းသွားပြောချင်လို့ "
" ရပါတယ် ရပါတယ် ကျွန်တော်စောင့်နေမှာပါ "
သူတစ်ယောက်တည်းတတွတ်တွတ်စားနေခဲ့သည်မှာ ပွဲပေါင်းမနည်းပေ။ အခုမှအစားစဲသွားသည့်သူက ဝိုင်မှာခိုင်းခဲ့ပြီး ဖုန်းပြောဖို့ထွက်သွားသည်မို့ ဦးသိုက်စိုးသက်ပြင်းကိုကျိတ်ချမိချေ၏။ မင်းသားချည်းပဲစားနေတာ သူအခုထိပါးစပ်ထဲဘာမှမထည့်နိုင်သေးပါချေ။
စားသောက်ဆိုင်၏ အပေါ်ထပ်စားပွဲတွေ၏ အလှမ်းဝေးဝေးတွင် လေသာဆောင်အသေးလေးရှိသည်မို့ ထိုနေရာတွင် လေညှင်းကိုအဝခံစားရင်းမှ သူဖုန်းကိုထုတ်လိုက်သည်။ silent လုပ်ထားသည့်ဖုန်းသည် missed call ပေါင်းများစွာရှိနေသည်မို့ မျက်ခုံးပင့်မိကာ ခေါ်ထားသူသည် နိမိတ်တစ်ယောက်သာဖြစ်သည်။
သူကြည့်နေရင်း နိမိတ်ဆီကဖုန်းထပ်ဝင်လာတာမို့ ချက်ချင်းပင်ကိုင်လိုက်လေတော့သည်။ အတော်ပဲ။ သူလည်းနိမိတ်ဆီဖုန်းခေါ်စရာရှိနေတာမို့လို့ တိုက်ဆိုင်သွားနေသည်။
" နိမိတ် ငါ့ကိုဦးသိုက်စိုးပြောတယ် "
" ခင်ဗျားဘယ်မှာလဲ "
" ငါနေ့လည်စာစားနေတယ် ခဏ ငါပြောတာနားထောင်ဦး "
" အင်း "
နိမိတ်သူ့ကိုအလန့်တကြားမခြောက်ချင်၊ ပြောလိုက်လျှင်လည်း.မဟာမြတ်သူကကြောက်မှာမဟုတ် တော်ဝင်မင်းသားပဲ ဒါမျိုးမှကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်ရင် ဘာသုံးစားရဦးမလဲဆိုပေကပ်နေချေဦးမည်မို့ ဘာမှမပြောဘဲ အင်းသာလိုက်တော့သည်။
" ငါ့ကိုဦးသိုက်စိုးပြောတယ် မြေကွက်လဲချင်တယ်တဲ့ မင်းငါ့ဆီကဖြတ်လုသွားတဲ့ show မြေကွက်နဲ့ မင်းရဲ့ ရုံးခွဲအတွက် မြေကွက် "
" အင်း "
" မင်းလဲချင်လား "
" ခင်ဗျားဘေးမှာအစောင့်တွေရှိလား "
" ဟို ငါပထုတ်လာတာ ကျစ်! မင်းဘာဖြစ်လို့စောက်ရေးမပါတာတွေ လာပြောနေတာလဲ ၊ ငါမေးတာဖြေစမ်းပါ ၊ မင်းလဲချင်ရင် ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို Royal စားသောက်ဆိုင်ကိုယူခဲ့ ၊ နောက်ပြီးငါ့ဘေးနားက မင်းလူတွေပါဂုတ်ကဆွဲခေါ်သွား စိတ်ရှုပ်ဖို့ကောင်းတယ် "
ဒုန်း"
လေသာဆောင်မှန်တံခါးအား အားနှင့်ဆောင့်တွန်းလိုက်သည့်အသံကျယ်ကြီးကြောင့် မဟာမြတ်သူခမျာ အလန့်တကြားဖြင့်နောက်သို့လှည့်ကြည့်မိသည်အထိ။
ထို့နောက် အပေါက်ဝမှခြေလှမ်းကျယ်တွေဖြင့် ဝရန်တာဘက်ခြမ်းသို့ လှမ်းလာသူကြောင့်ကြောင်အနေစဥ်ပင် လက်ကောက်ဝတ်မှအတင်းပင် ဆောင့်ဆွဲခံလိုက်ရလေသည်။
" နိမိတ်ရှိန်ဝါ! "
နိမိတ်ကသူ့တစ်ကိုယ်လုံးကို ပခုံးပေါ်ဆွေ့ခနဲကောက်တင်ပစ်လိုက်လျှင် မြတ်သူခမျာရုန်းချေတော့သည်။
" နိမိတ်ရှိန်ဝါ ခွေးကောင် တောက်ခ်! ငါ့ကိုအောက်ချပေး "
" ခင်ဗျားစောက်ပါးစပ်ပိတ်ထား..! "
ရုတ်တရက်ကြီးပြင်သစ်မှာရှိနေရမယ့်လူက သူ့ရှေ့ကိုဗြုန်းစားကြီးပေါ်လာကာ လူကိုအလိုမတူဘဲကောက်ပွေ့သည်။ ကောက်ပွေ့တာမဟုတ် ပခုံးပေါ်ဇောက်ထိုးကောက်တင်ထားတာ။
" ငါ့ကိုအောက်ချပေး..! ဟေ့ကောင် နိမိတ်ရှိန်ဝါ! အင့်! ဗိုက်အင့်တယ်...! ငါစားထားတာတွေအကုန်ပြန်ထွက်တော့မယ်လို့..! အာ့! ငါ့ဗိုက်! "
နိမိတ်သူ့ကို အပေါ်ထပ်ကနေတစ်လျှောက်လုံးသယ်သွားကာ ကားပေါ်ကိုပစ်တင်လိုက်ပြီးမှ သူပါဝင်ထိုင်ချေသည်။
" ဘာလုပ်တာလဲ "
နိမိတ်ကသူ့ကိုဘာမှပြန်မပြောဘဲ ကားပြတင်းအပြင်ကနေ ဆိုင်ထဲကိုလှမ်းကြည့်လိုက်လေသည်။ ရဲတွေနှင့်ရှုပ်နေသည်ကိုသာမြင်ပြီး မသင်္ကာဖွယ်မမြင်သည်မို့ တစ်ဖက်သို့လှည့်လိုက်လျှင်ပဲ နောက်ကားဆီကနေ သေနတ်ဖောက်သံကိုကြားရချေတော့၏။ ထိုမှသာ driver အား အရှိန်တင်ကာ ချက်ချင်းမောင်းခိုင်းရလေတော့သည်။
သေနတ်ဖောက်သံသုံးလေးချက်ကြားမှာ နိမိတ်သူ့ကိုယ်လုံးကြီးဖြင့် မဟာမြတ်သူကို ရင်ခွင်ထဲဆွဲထည့်ကာ ကာပေးထားလိုက်ပြီးကျစ်နေအောင်ဖက်ထားမိသည်။
" Shit..! မင်းငါ့ကိုကြိုပြောလေ "
" ကြိုပြောတော့ကော ခင်ဗျားစောက်ဂရုစိုက်မှာမို့လား "
ထို့နောက်တော့ အနောက်မှန်တွေကွဲကုန်ပြီး မှန်ကွဲစတွေကအရှေ့ဘက်သို့ဖွာကျဲလာလေတော့သည်။
သူ့အားအသေသတ်ရန်ရွယ်ထားသလားမှတ်ရလေသောထိုလူတွေသည် သူတို့ကားနောက်မှ ဗင်ကားဖြင့် ကပ်လျက်လိုက်လာလေပြန်သည်။
အတွေ့အကြုံရှိနေပုံရသော driver ခမျာ အာရုံကိုစိုက်ကာ တစ်လမ်းဝင်တစ်လမ်းထွက်မောင်းချလေတော့သည်။
အဆက်မပြတ်ထွက်ပေါ်နေဆဲအသံတွေကြား နိမိတ်ကိုယ်လုံးယိမ်းသွားတာမို့ အလန့်တကြားမော့ကြည့်လျှင် နိမိတ်ကသူ့ကိုငုံ့ကြည့်နေတာဖြစ်သည်။
" မင်း ထိသွားတာလား "
" ခင်ဗျားကိုယ်ခင်ဗျားဂရုစိုက်စမ်းပါ ကျုပ်ဘာမှမဖြစ်ဘူး "
သို့သော်လည်း နိမိတ်လက်မောင်းတွင်လျပ်ထိသွားသောဒဏ်ရာရှိနေသည်။ အနက်ရောင်ဝတ်နေကျမို့ သွေးကွက်ကိုမမြင်ရဘူးဖြစ်နေကာ မဟာမြတ်သူကခေါင်းကိုတွင်တွင်ငြိမ့်ရင်း ငုံ့ထားလေသည်။
" ရှေ့သုံးဘလောက်ကျော်ရင် ညာဘက်လမ်းထဲကွေ့ဝင်လိုက် boxing class ရှေ့ရပ်ပေး "
" ဟုတ်ကဲ့ဆရာ "
ကားလေးသည် နိမိတ်လမ်းညွှန်မှုအောက်တွင် တစ်သွေမသိမ်းနာခံစွာပြေးမောင်းနေချေသည်။
လမ်းကြားထဲကွေ့ဝင်သွားသည်နှင့် ဗင်ကားကြီးသည်လမ်းထိပ်တွင်ရပ်ကာ တုတ်ဓားဆွဲပြီးဆင်လာကြချေသည်။ လမ်းကသိပ်မရှည်သည်မို့ လမ်းဆုံးမှာ boxing class တစ်ခုရှိကာ လူနေအိမ်အနည်းငယ်သာရှိသည်။
boxing class ရှေ့တည့်တည့်ရိုက်လိုက်တဲ့ကားကြောင့် တရွေ့ရွေ့တိုးသွားကြသော်လည်း boxing class ထဲကထွက်လာသည့်လူတွေကြောင့် အကုန်ရပ်ကုန်သည်။ ထို့နောက် class နာမည်ကိုလှမ်းကြည့်ရာ ညဥ့်မဟူရာဟူသောဆိုင်းဘုတ်နီရဲရဲကိုတွေ့ချေ၏။
ကားပေါ်မှာမဟာမြတ်သူကိုထားခဲ့ပြီး နိမိတ်ဆင်းလာလိုက်လျှင် နောက်ကလိုက်လာသူတို့က လမ်းထိပ်တွင်သာရပ်နေသည်ကိုတွေ့ရလေသည်။
" ဖွီ! စောက်ကြောက်တွေ "
ဘေးက ဘေ့စ်ဘောတုတ် သံတုတ်မျိုးစုံကိုင်ထားသည့် class ကကောင်လေးတွေကြား ရင်းနှီးနေတဲ့လူတစ်ယောက်ဆီကစကားကြောင့် နိမိတ်နှုတ်ခမ်းတို့တွန့်ကွေးကုန်သည်။
" သိန်းထွဋ် "
" အဟင်း အစ်ကိုလေး "
" မင်းတို့သူဌေးကော "
" အစ်ကိုကြီး အထဲမှာ အစ်ကိုလေး "
နိမိတ်ကသိန်းထွဋ်ကိုဆွဲဖက်လိုက်ရင်းမှ ကားတံခါးကိုဆွဲဖွင့်ကာ အထဲကလူကိုခေါ်ရလေသည်။
" ဆင်းခဲ့ အန္တရာယ်မရှိတော့ဘူး "
ကြောက်နေသည်မဟုတ်သော်ငြား သူနေခဲ့ဟုဆိုတာကြောင့်ကားထဲမှာကျန်ခဲ့ရသူက အခုမှသာခပ်သွက်သွက်ဆင်းလာချေတော့သည်။
သူဆင်းလာသည်နှင့် များပြားသောလူတွေက ရှဲခနဲနောက်ဆုတ်ကုန်ကာ ဒူးပဲထောက်ရမလို ခါးပဲညွတ်ရမလိုမို့ မဟာမြတ်သူခမျာဘာပြောရမည်ပင်မသိပေ။
" ဟို ရတယ် ဒီတိုင်းပဲနေပါ "
" အစ်ကိုလေး "
သိုင်းဖက်ထားသည့်လက်တွေပြေလျော့သွားတာကို သတိထားမိတဲ့သိန်းထွဋ်က နိမိတ်ကိုပခုံးတွေကိုသေချာအုပ်ကိုင်လိုက်လျှင် လက်ဖဝါးတစ်ဖက်မှသွေးတွေကိုစမ်းမိချေသည်။
" ထိလာတယ် "
" ဟင် နိမိတ်! "
အနားသို့တိုးလာသည့် လူကြောင့် မလုံမလဲဖြင့် ချောင်းဟမ့်မိတော့ မဟာမြတ်သူကသူ့ကိုမကျေနပ်သလိုကြည့်ချေသည်။
" မရိုမသေ မင်းသား အစ်ကိုလေးကိုတွဲပေးပါဦး "
" ဟုတ် ဟုတ်ကဲ့ "
နိမိတ်လက်မောင်းတွေကြားဝင်ကာ တွဲကူထားတော့ နိမိတ်တစ်ကိုယ်လုံးကသူ့အပေါ်သို့ မှီကျလာသည်။
ထို့နောက်လမ်းပြသူနောက်လိုက်ကာ class ထဲဝင်တော့ နီယွန်မီးများဖြင့် အလင်းပေးထားသော boxing ခန်းမသည်ထင်ထားသည်ပင်ကျယ်ဝန်းချေသည်။
အခန်းတစ်ခန်းထဲခေါ်သွားသည်မို့ နောက်ကလိုက်လျှင် အပြင်နှင့်မတူ အဖြူရောင်မျက်နှာကျက် ဆိုဖာများနှင့်ကျယ်ဝန်းသည့်အခန်းတွင် အမျိုးသားနှစ်ယောက်နှင့်ကလေးတစ်ယောက်ကိုတွေ့ရချေသည်။
" နိမိတ် "
အနှီယောက်ျားသားနှစ်ယောက်မှထောင်ထောင်မောင်းမောင်းနှင့် တီရှပ်ကိုဝတ်ထားကာ လက်မောင်းကြွက်သားများပေါ်မှ tattoo များအပြည့်ရှိသောယောက်ျားသည် နိမိတ်ကိုမြင်တော့ ချက်ချင်းထလာလေသည်။
" အိမ် သားကိုဟိုဘက်ခန်းကိုခေါ်သွား "
" ဟုတ်ကဲ့ သားလာ ဖေဖေနဲ့တူ မြင်းရုပ်ကြီးသွားစီးရအောင် "
" ဒယ်ဒီရော ဒယ်ဒီရာ ဒယ်ဒီရာရို့ တူသွားရယ်ရေ "
" ဒယ်ဒီခဏနေလိုက်ခဲ့မှာသားရဲ့ လာဖေနဲ့သွားမယ် "
မဟာမြတ်သူခမျာ ထိုကလေးနှင့်လူနှစ်ယောက်ကိုကြောင်အစွာကြည့်နေရင်းမှ နိမိတ်ကိုဆိုဖာပေါ်တွဲချရချေသည်။ ဒီလိုထိုးသတ်မယ့်လက်ဝှေ့ရုံမှာ ထိုကလေးတစ်ယောက်နှင့် မိန်းမချောချောလှသည့်မျက်နှာဝိုင်းနှင့်ကောင်လေးကဘာလုပ်နေသတဲ့လေ။
ထို့နောက်တွင်မူ ထိုလူကနိမိတ်၏ဒဏ်ရာကို လျပ်ထိရုံဟုဆိုကာအစိမ်းလိုက်ချုပ်သည်မို့ နိမိတ်အစား မဟာမြတ်သူနာနေရသေးသည်။ ပြီးတော့မှလက်မောင်းမှာပတ်တီးကြီးနှင့်နိမိတ်က သွေးထွက်လွန်သွားတာကြောင့် မျက်နှာတစ်ခွင်ဖြူစုန့်နေချေတော့၏။
သွေးခွက်များနှင့် သွေးစွန်းအဝတ်စများအားလွှတ်ပစ်ရန်ထွက်သွားသော လူကြောင့် နှစ်ယောက်ထဲရှိခိုက်တွင် သက်သောင့်သက်သာဖြစ်စေရန် နိမိတ်မှီရာတွင် ဆိုဖာတွင်တင်ထားသည့်ခေါင်းလုံးလေးများ ခုပေးထားရင်း ဘေးမှာဝင်ထိုင်လိုက်တော့သည်။
" သက်သာရဲ့လား "
" ကျုပ်ကိုမပူပါနဲ့ ခင်ဗျားကိုယ်ခင်ဗျားဂရုစိုက် "
" မင်းငါ့ကြောင့်ထိသွားတော့ ငါ့မှာတာဝန်ရှိလို့ပါ ဒါနဲ့ဆို နှစ်ခါရှိနေပြီလေ "
" ဟက် ဟုတ်တာပေါ့ ခင်ဗျားမှာတာဝန်ရှိတယ် ကျုပ်ဒဏ်ရာမသက်သာမချင်း ကျုပ်ကိုပြုစုပေး "
တာဝန်အရဟူသောစကားများသည်ခါးလှသည်။ စေတနာကြောင့်စိတ်ပူလို့ကြောင့် အကြောင်းပြချက်များစွာပေးလို့ရပါရဲ့နဲ့ ထိုသို့သော တာဝန်အရဟူသောစကားကြီးသည်ခါးသက်လှသည်။ ရွဲ့လို့သူပြောတော့ ခေါင်းငြိမ့်ချလိုက်သူကြောင့် ပိုပြီးတော့တောင်စိတ်ပျက်ရချေသည်။
" ကျုပ်ဒဏ်ရာစည်းထားတာလျော့နေလို့ ပြေနေလားသေချာကြည့်ပေးပါဦး "
" ဟင် ! အင်း "
ချက်ချင်းအနားတိုးလာကာ လက်မောင်းအောက်ချည်ထားသည့် ပတ်တီးကို ဖြေးဖြေးသာသာမြှောက်ကာကြည့်သည်မို့ ခေါင်းလုံးလေးသည် သူ့အနားပိုနီးလာပြီး shampoo နံ့လေးကိုပါရချင်နေသည်။
" ကိုမြတ်သူ..! "
" ဟင်..! "
ရုတ်တရက်မော့ကြည့်လာမှုကြောင့် မေးဖျားနှင့်ရှပ်တိုက်သွားသော သူ့နှာဖျားလေးသည် ရင်ကိုအဆမတန်ခုန်စေတော့သည်။
ကသောင်းကနင်းဖြစ်သွားရသည့်ရင်ခုန်သံကြောင့် အသက်ရှူပင်မမှန်ချင်ကာ မျက်နှာလေးကတော့ခပ်ဝေးဝေးသို့ရွေ့သွားပြီဖြစ်၏။
" ခင်ဗျားမော့လိုက်တာ ခင်ဗျားဆံပင်ကျုပ်မျက်လုံးကိုသွားထိတာစပ်သွားပြီ လေမှုတ်ပေး "
" မထိပါဘူးဟ မင်းဘာမင်းတစ်ခုခုဝင်တာနေမှာ "
" စပ်တယ် မြန်မြန်လာမှုတ်ပေး "
" အာ ကျစ်! မင်းစောက်လုပ်ချည်းပဲ "
" လာစမ်းပါ "
သူထပ်ခေါ်တော့ အနားကိုတိုးလာပြီး မျက်ခွံလေးကိုဆွဲဖိတင်လေသည်။
နီးကပ်နေသောမျက်နှာနှစ်ခုသည် ဝင်လေထွက်လေကို ကောင်းကောင်းကြီးခံစားမိကာ လေပူနွေးများ မျက်တောင်ဖျားပေါ်ဖြတ်သွားမှန်းပင်သတိထားမိချေ၏။
ဖူး!
နွေးသည့်လေများမျက်ဝန်းကြားတိုးလာသော်လည်း ထိုဖူးအာနေသည့်နှုတ်ခမ်းတွေကိုသာမြင်သည်မို့ နိမိတ်ခါးသိမ်ကနေဆွဲကာကပ်ပစ်လျှင် သူ့ပေါင်ပေါ်သို့ ဒူးထောက်ကျလာလေသည်။
" ဟာ့! ဟေ့ကောင် "
" လုပ်လေ အား စပ်နေပြီ မျက်လုံးက ကန်းတော့မယ်ထင်တယ် အား "
" အာ အာ လုပ်ပေးမယ် ခဏ ခဏလေး "
အပျာပျာအယာယာနှင့် ခါးပေါ်ကလက်ကိုတောင်သတိမထားတော့ဘဲ မျက်ဝန်းတွေကိုသာဂရုစိုက်နေသည်မို့ ခပ်ယဲ့ယဲ့လေးပင်ပြုံးမိလျှင် သူ့အားမယုံသလိုငုံ့ကြည့်လာလေတော့သည်။
" မင်း ဟန်ဆောင်နေတယ် "
" အဟွန်း! "
" နိမိတ်ရှိန်ဝါ..! ခွေးကောင်! မင်းငါ့ကိုဟန်များရဲတယ်ပေါ့ ခွေးမသား! "
အတင်းရုန်းထွက်ဖို့ပြင်ကာမှ နိမိတ်ကထိုလူ့အား ပေါင်ပေါ်ကနေပက်လက်လှန်ကာလှဲချလိုက်လေတော့သည်။
" အင့်! "
သူ့အောက်တွင် ဆံပင်လေးများလန်ကာ အပြိုပြိုအလဲလဲဖြစ်နေသူသည် မျက်လုံးများဝိုင်းလို့ ပေတူးကာ အူကြောင်နေချေသည်။
" မဟာမြတ်သူ "
" ဘာ ဘာလဲ "
" ခင်ဗျားကအရမ်းလှတယ် "
" ဟင်! "
" ကျုပ်ပြောတာ ခင်ဗျားက အရမ်းလှလွန်းတယ်လို့ ၊
ကျုပ်အောက်မှာငိုရင်ပဲဖြစ်ဖြစ် ဒေါသထွက်ရင်ပဲဖြစ်ဖြစ် အဲ့သည့် "
မျက်ခွံလေးတစ်ဖက်ပေါ် လက်မလေးဖိတင်လိုက်တော့ မျက်လုံးလေးတစ်ဖက်ကပိတ်ကျသွားချေသည်။
" အညိုရောင်မျက်စံတွေကို ဖိမှိတ်ထားလည်းလှတယ် ၊ ဟော့သည့် နှုတ်ခမ်းတွေ စုချွန်ထားသည်ဖြစ်စေ၊ တင်းတင်းစေ့ထားသည်ဖြစ်စေ လှတယ်၊ ခင်ဗျားတစ်ကိုယ်လုံး ။ "
" နိမိတ်! "
ရှက်လာသူသည် မျက်ရည်လေးများဖြင့်ရွဲလက်နေသည့် မျက်ဝန်းဝိုင်းကြီးများနှင့် သူ့အားမော့ကြည့်ကာ သူ့နှုတ်ခမ်းတွေပေါ် လက်ဖဝါးလေးနှင့်အုပ်သည်။
" ငါ ငါမင်းနဲ့မတည့်ဘူးလေ မင်းလည်းငါနဲ့မတည့်ဘူးလေ "
" အဲ့တော့ "
" ဘာကိုအဲ့တော့လဲ ၊ ငါတို့ဒီလို ဒီလိုကြီးနေတာက အရမ်းထူးဆန်းတယ်လေ ဖယ်တော့ "
" အဟင်း! ခင်ဗျားကချစ်ဖို့လည်းကောင်းသေးတယ် "
ငြင်းချိန်တောင်မရလိုက် နိမိတ်ကသူ့နှုတ်ခမ်းတွေကိုအငမ်းမရ ငုံ့စုပ်လာသည်မို့ ရင်ဘတ်ကိုသာလက်ထောက်ကာ အတင်းလည်းမရုန်းရဲပေ။ တစ်ဖက်ကဒဏ်ရာကြီးနှင့်မဟုတ်လားလေ။
နှုတ်ခမ်းတွေပေါ်ကျင်လည်စွာထိတွေ့နေသည့် ရင်းနှီးမှုသည် ခံတွင်းထဲလှိုက်၍ ကျူးကျော်ကာလက်တစ်ဖက်ကလည်း မဟာမြတ်သူ၏ ရှပ်အင်္ကျီအတွင်းသို့ဝင်ရောက်ပွတ်သပ်နေချေသည်။
" ပြွတ်! အွန်း...! "
မိန်းမောစွာခံယူရင်းမှ သတိလက်လွတ်ပင် လည်တိုင်ကိုတွယ်ချိတ်ထားမိခဲ့သည်။ ဒီအနမ်းတွေနဲ့တွေ့တိုင်း တစ်ကိုယ်လုံးအားမရှိတော့အောင်ပျော့ခွေသွားမြဲ။ အမြဲတမ်းလည်း မငြင်းနိုင်အောင်ဖြစ်သွားရစမြဲ။ ဘယ်လောက်ရှက်ဖို့ကောင်းတဲ့တုံ့ပြန်မှုလဲ။ အရှက်မဲ့လိုက်တာ။
သို့သော်လည်း ထိုရှည်ကြာလှသောအနမ်းတစ်ခုသည် မည်သို့သောအစပြုနည်းမျိုးဖြစ်ပါသနည်း။
To be Continue...
Jan 15
//
Zawgyi
အရွိန္မွန္မွန္ႏွင့္ခုန္လႈပ္ေနသည့္ရင္ခုန္သံကို သူဂ႐ုတစိုက္နားေထာင္ေနမိသည္။ ဒုတ္ခနဲျမည္တိုင္းမွာ စီးခ်က္က်သည့္ေတးသံကိုနားဆင္လိုက္ရသလိုပင္ခံစားရေခ်၏။
" ဖယ္စမ္း...! "
အေမာေျပသြားသူက သူ႕ကိုယ္ႀကီးကိုတြန္းဖယ္လွ်င္ အလိုက္တသိပင္ေဘးသို႔လွဲခ်ေပးလိုက္ေတာ့၏။
အသက္ကိုျပင္းျပင္းရႉကာ ေဟာဟဲလိုက္ေနသူက သူ႕အားမ်က္ေစာင္း႐ြယ္၍ ခပ္စူးစူးၾကည့္ေခ်သည္။ အလိုမက်ျခင္း၊ စိတ္တိုျခင္းႏွင့္ ႏွဖူးတြင္နိမိတ္ကိုအျမင္ကတ္တယ္ ဟု စာတန္းေရးထားမတတ္ေသာ မ်က္ႏွာထားႏွင့္ ပုံစံကသူ႕အားစိစိညက္ညက္ေၾကေအာင္ အမႈန႔္ေခ်ခ်င္သလို။
ထို႔ေနာက္ ေကာက္ခါငင္ကာထထိုင္လိုက္ၿပီး ကုတင္ေပၚက ဆင္းေခ်သည္။ အခန္းျပင္သို႔ေရွးရႉထြက္သြားသည္မို႔ နိမိတ္ကပါအခန္းထဲကထြက္ကာလိုက္ရေခ်၏။ အိမ္အေနာက္ဖက္မွာက်န္ခဲ့သည့္ စာ႐ြက္စာတမ္းမ်ားႏွင့္ laptop ကိုယူၿပီးအိမ္ေရွ႕ျပန္ထြက္သြားသည္မို႔ ေနာက္ကလိုက္ရင္း အိမ္ေလးဆီမွျပန္လာခဲ့ၾကေလသည္။
စိမ္းစိုသည့္ေတာအုပ္ေလးထဲ အေမွာင္အနည္းငယ္စြက္ေနၿပီမို႔ ၇ နာရီေက်ာ္ဆိုေသာအခ်ိန္သည္ လမ္းကိုပင္သဲသဲကြဲကြဲမျမင္ရပါေခ်။
အေရွ႕မွေကာ့ေတာ့ေကာ့ေတာ့ႏွင့္ေလွ်ာက္ေနသည့္လူေနာက္ သူေတာက္ေလွ်ာက္လိုက္ရင္း ေျမမညီသည့္လမ္းတြင္ ဘယ္ေတာ့ေခ်ာ္က်မလဲ သတိထားၾကည့္ေနရသည္။ သို႔ေသာ္ ေျခလွမ္းကိုအရွိန္တင္ထားေသာသူသည္ နည္းနည္းမွေလွ်ာ့မည့္ပုံမေပၚေပ။
သူထင္သည့္အတိုင္းပင္ မဟာျမတ္သူခမ်ာ သစ္ငုတ္ကိုေျခခလုတ္တိုက္၍ ေရွ႕သို႔ဟပ္ထိုးေမွာက္က်သြားေခ်၏။
လက္ထဲမွစာ႐ြက္မ်ားထည့္ထားသည့္ဖိုင္သည္ ခပ္ေဝးေဝးတြင္ ဘုတ္ခနဲက်သြားၿပီး laptop ကေတာ့ကံေကာင္းေထာက္မစြာပင္ သူ႕ရင္ခြင္ထဲပိုက္လ်က္သားျဖစ္၏။
လက္ေမာင္းကေနဆြဲလို႔ မ်က္ႏွာခ်င္းဆိုင္ေစေတာ့ မဟာျမတ္သူကေျခခ်င္းဝတ္ကိုခပ္ဖြဖြဖိပြတ္ကာ သူ႕အားအၾကည့္တစ္ခ်က္မွ်ေပးမလာေပ။
" ဘယ္လိုျဖစ္လို႔ ေအာက္မၾကည့္ဘာမၾကည့္နဲ႕ ေလာေနတာတုန္း "
တကြၽတ္ကြၽတ္ႏွင့္ စုပ္သတ္ရင္းသူေျပာတာကိုဂ႐ုမစိုက္တဲ့လူေၾကာင့္ ခ်က္ခ်င္းထသြားၿပီး ဖိုင္တြဲကိုသြားေကာက္ေပးရေခ်သည္။
သူ႕လက္ထဲ ထိုးထည့္ေပးၿပီးတာနဲ႕ ဒေကာက္ေကြးကေနလက္ထိုးကာေပြ႕ခ်ီလိုက္လွ်င္
" အား နိမိတ္! "
" ဘာျဖစ္ရျပန္လို႔႐ုန္းေနတာလဲ ခင္ဗ်ားၿငိမ္ၿငိမ္ေလးတစ္ခ်က္ေနလို႔မရဘူးလား "
" ငါ ငါလမ္းေလွ်ာက္မယ္ "
ေပြ႕ထားတာကို အတင္း႐ုန္းေနတာေၾကာင့္ ေအာက္ခ်ေပးလိုက္ေတာ့ ေျခခ်င္းဝတ္ကနာကာ သူ႕ဘက္ကိုျပန္ၿပိဳလဲလာေလသည္။
ရင္ခြင္ထဲမွ မ်က္ေမွာင္ေလးက်ဳံ႕ကာ ေမာ့ၾကည့္လာတာေၾကာင့္ ေမးေငါ့ျပလိုက္ေတာ့သည္။
" ေလွ်ာက္ေလ "
ခနဲ႕တဲ့တဲ့အေျပာေၾကာင့္ ခ်က္ခ်င္းမ်က္ႏွာေၾကာေျပာင္းသြားၿပီးမွ သူ႕ပစၥည္းေတြကိုတင္းေနေအာင္ ပိုက္ကာ ေထာ့နဲ႕ေထာ့နဲ႕ေလွ်ာက္ေခ်၏။
နည္းနည္းေလးေတာင္ မေတာင္းဆိုတတ္ဘူးလား။ မလုပ္နိုင္ဘူး မင္းတြဲကူလို႔ေတာင္းဆိုလိုက္လည္းရပါလ်က္နဲ႕ မာနႀကီးေတြကာျခားေနတာ။ မဟာျမတ္သူက သိပ္ကိုအတၱႀကီးေခ်သည္။
တစ္လွမ္းခ်င္းသြားသူက ခပ္လွမ္းလွမ္းေရာက္ေနလွ်င္ သူခပ္သုတ္သုတ္ေနာက္ကလိုက္ရင္း ဆြဲေပြ႕ပစ္လိုက္ေတာ့၏။
" မင္း..! "
" ၿငိမ္ၿငိမ္ေန ဒီတစ္ခါဆိုလႊတ္ခ်႐ုံမဟုတ္ဘူး ကိုင္ေပါက္ပစ္မွာ "
" မလိုဘူး ဖယ္စမ္း လႊတ္! "
႐ုန္းေနေသာ္လည္း အားမပါေပ။ မဟာျမတ္သူတအားဉာဏ္မ်ားသား။ သူ႕တစ္ကိုယ္လုံး ဉာဏ္နီဉာဏ္နက္ေတြနဲ႕ျပည့္ေနသလားေတာင္ထင္ရေခ်သည္။
လႊတ္ခ်လိဳက္မလိုလုပ္လိုက္မွ လည္တိုင္ကိုအတင္းက်စ္ေအာင္ဖက္လာသည္မို႔ ဟက္ခနဲရယ္မိေခ်၏။ ထို႔ေနာက္ေတာ့ ခ်ီေပြ႕လ်က္သားသာ စံအိမ္ႀကီးဘက္ကိုျပန္လာခဲ့ၾကေလသည္။
ဧည့္ခန္းထဲ သူ႕ကိုထိုင္ေစၿပီး အေနာက္ဘက္တန္းလ်ားကိုဖုန္းဆက္ကာ ဦးေမာင္ကို ေဆးပုံးယူခဲ့ဖို႔ေခၚရသည္။
" ေမာင္နိမိတ္ "
" ဦးေမာင္ ဒီမယ္ မင္းသား သစ္ေတာဝန္းထဲေခ်ာ္လဲတာ ေျခေထာက္ထိသြားတယ္ ၾကည့္ေပးလိုက္ပါဦး "
ဦးေမာင္က ေခါင္းေလးၿငိမ့္ကာ မဟာျမတ္သူ၏ေျခေထာက္ေဘးေဆာင့္ေၾကာင့္ဝင္ထိုင္ေခ်သည္။
" ကိုင္မယ္ေနာ္ "
ခြင့္ေတာင္းျပဳၿပီးမွ ေျခခ်င္းဝတ္ကဒဏ္ကိုေသခ်ာၾကည့္ရင္း ေဆးပူလိမ္းႏွိပ္နယ္ကာ ပတ္တီးေလးစည္းေပးေလ၏။
" အ႐ြတ္ေယာင္သြားတာပါ တကယ္လို႔စိတ္မခ်ရင္ ဓာတ္မွန္ရိုက္ၾကည့္ေစခ်င္တယ္ "
ေဆးပုံးကိုပိတ္သိမ္းရင္းနဲ႕ မတ္တပ္ထရပ္လာေတာ့ နိမိတ္ကပါ အိတ္ကပ္ထဲလက္ထိုးလိုက္ရင္း ႏႈတ္ဆက္ဖို႔ျပင္သည္။ ကိုယ္တိုင္ေဆးထည့္ေပးဖို႔အထိ မဟာျမတ္သူအထိခံမွာမဟုတ္တာကိုသိတာမို႔ ဦးေမာင္ကိုသာေခၚလိုက္တာျဖစ္သည္။
မာနအိုးကသူ႕ေျခေထာက္မ်ားထိမိသြားရင္ ေတာ္ဝင္မင္းသားကိုယ္ဆိုတဲ့စကားႀကီးနဲ႕ ကိုင္ေပါက္ဦးမွာအေသအခ်ာမဟုတ္သလား။
" ဘာမွမျဖစ္ဘူးဆိုလည္း က်ဳပ္နားေတာ့မယ္ "
" ညစာေကာ ဦးေလးလာပို႔ရမလားနိမိတ္ "
" ေနပါေစ ေခါက္ဆြဲတစ္ပြဲေလာက္ညိုႏြဲ႕ကိုေခၚျပဳတ္ခိုင္းလိုက္ပါ ကြၽန္ေတာ္ျပန္ဆင္းလာမယ္ "
ေလွကားထစ္ေတြနင္းတက္ရင္းသူေျပာေတာ့ ဦးေမာင္ကေခါင္းကိုၿငိမ့္သည္။
" ကြၽန္ေတာ္ေကာ "
သူ႕ေျခလွမ္းေတြရပ္လို႔လွည့္ၾကည့္လိုက္ေတာ့ မဟာျမတ္သူက ဘာလဲဟူေသာမ်က္ႏွာထားျဖင့္သူ႕အားၾကည့္ေခ်သည္။
" ဘာျဖစ္လဲ ငါေကာစားမရဘူးလား ငါအခုထိညစာမစားရေသးဘူးေနာ္ မင္းစားတာလိုက္စားတယ္ထင္ရင္ လဲသာေသလိုက္ "
ဘာမွမတုံ႕ျပန္ေတာ့ဘဲ သူတက္လာလိုက္ေတာ့သည္။ ဒီလူနဲ႕ၿပိဳင္ေျပာေနရင္ ေမာ႐ုံပဲရွိလိမ့္မည္။ နည္းနည္းမွအဆင္ေခ်ာမည္မဟုတ္။ သူထင္သည္ သူတို႔ၾကားကအေျခအေနေတြက ဒီကေနတိုးတက္ဖို႔ေဝးေနဦးမည္။
ထို႔ေနာက္ေတာ့ ညစာအျဖစ္ ေခါက္ဆြဲျပဳတ္စားၾကၿပီးမွ အိပ္ရာဝင္ခဲ့ၾကသည္။ အခန္းခြဲအိပ္ဖို႔ရာ ပင္မအိပ္ေဆာင္ကေနခြာရင္ သိကၡာက်တယ္ဟုခံယူထားေသာ မဟာျမတ္သူက အခန္းကေနတစ္လွမ္းမခြာသလို နိမိတ္ကလည္းေပကပ္ကာေနခဲ့သည္။
ဒီလိုနဲ႕ပဲႏွစ္ေယာက္လုံးက တစ္ေယာက္မ်က္ႏွာတစ္ေယာက္မျမင္ခ်င္သည့္တိုင္ အိပ္ခန္းေဆာင္ကေနေတာ့ေ႐ႊ႕မသြားခဲ့ပါေခ်။
//
ရက္ပိုင္းေလာက္ရထားေသာလြတ္လပ္ေရးသည္ နိမိတ္မ်က္ႏွာကိုမျမင္ရလို႔ဆိုသည္မွာ ျဖစ္နိုင္ေခ်ရွိသည္။
လြန္ခဲ့တဲ့ႏွစ္ရက္တည္းက နိမိတ္ကျပင္သစ္ကိုရက္ေ႐ႊ႕မရေတာ့လို႔ အလုပ္ကိစၥအတြက္ထြက္သြားခဲ့တာမို႔ ရန္မျဖစ္ရတဲ့ရက္ေတြမွာ ေအးခ်မ္းေနခဲ့တာျဖစ္သည္။
သို႔ေသာ္လည္းသူ႕ေနာက္ကေနေကာ္လိုကပ္ေနသည့္ လူေတြကိုေတာ့ယခုထိခြာထုတ္မရေသးခဲ့။ မသိရင္မ်ားျဖင့္ အသက္အႏၱရာယ္ႀကီးစြာရွိေနတဲ့လူတစ္ေယာက္လို အေႁခြအရံေတြနဲ႕မို႔ စိတ္က်ဥ္းက်ပ္ေသးသည္။
႐ုံးခန္းထဲဝင္ေတာ့မွပဲ ႏွစ္ေယာက္က အေပါက္ဝမွာက်န္ခဲ့သည္မို႔ အသက္ရႉေခ်ာင္ကာ နက္ခ္တိုင္ႀကိဳးကိုေျဖေလွ်ာ့ခ်လိဳက္ေတာ့သည္။
စုံလည္ကုလားထိုင္တြင္ဝင္ထိုင္လိုက္ၿပီးတာနဲ႕ အေရွ႕မွာပုံေနတဲ့စာ႐ြက္ဖိုင္တခ်ိဳ႕ေၾကာင့္ မ်က္ခုံးပင္ပင့္မိသည္။ တစ္ပါတ္တစ္ပါတ္စု႐ုံးၿပီးေရာက္လာတတ္သည့္ ဖိုင္ေတြအတြက္ သူလက္မွတ္ထိုးရဦးမည္။
သိပ္မၾကာခင္ တံခါးေခါက္သံႏွင့္အတူ စိမ္းကေကာ္ဖီခြက္ကိုင္ကာ ဝင္လာေလသည္။
" ေကာ္ဖီပါမင္းသား ၿပီးေတာ့ မနက္က ဦးသိုက္စိုးက မင္းသားနဲ႕ေတြ႕ဖို႔ appointment ေတာင္းေနတယ္ "
စိမ္းခ်ေပးထားတဲ့ေကာ္ဖီခြက္ကိုတစ္ခ်က္ယူေသာက္လိုက္ၿပီးမွ စိမ္းကို မ်က္ခုံးပင့္ကာၾကည့္လိုက္သည္။
ဦးသိုက္စိုးဆိုတာ နိမိတ္companyက share ရွင္တစ္ဦး မဟုတ္လား။ သူကဘာေၾကာင့္မ်ား ကိုယ္နဲ႕ေတြ႕ခ်င္ရတာပါလဲ။
သူ႕တြင္အမုန္းဆုံးက ရႈပ္ရႈပ္ယွက္ယွက္အရာမ်ားပင္ျဖစ္သည္။ ထိုသို႔ေသာ စီးပြားေရးလုပ္ငန္းေတြအတြင္းေပြရႈပ္မႈမ်ားကိုသေဘာမက်ဘဴးမို႔ ထိုလူနဲ႕ေတြ႕ဖို႔ေဝးသည္။
" မအားေသးဘူးေျပာလိုက္ပါ "
" ဟို ဒါေပမဲ့ "
စိမ္းရဲ႕အင္တင္တင္စကားမ်ားေၾကာင့္ သူမ်က္ေမွာင္က်ဳံ႕ကာ ေမာ့ၾကည့္လွ်င္ စိမ္းကမဝံ့မရဲဆိုလာေလသည္။
" ဘာျဖစ္လဲ စိမ္း "
" သူ ေအာက္မွာေရာက္ေနၿပီ "
သူ႕မ်က္ခုံးေတြကိုလိုအပ္သည္ထက္ပို၍ စုက်ဳံ႕လိုက္ၿပီးမွ အေတာ္တန္စဥ္းစားရျပန္သည္။ ေရာက္ေနၿပီဆိုတဲ့အေနအထားကျငင္းဖို႔ခဲယဥ္းလွသည္။ မဟုတ္ရင္သူ႕အေနနဲ႕ေလးစားမႈမရွိဘူးဟူေသာ စကားကထြက္လာဦးမွာ။
" ေန႕လည္စာ စားဖို႔ခ်ိန္းလိုက္ပါ အခုမေတြ႕ခ်င္ဘူး "
" ရွင္ ! ဟုတ္ကဲ့ပါ မင္းသား "
စိမ္းထြက္သြားသည္ႏွင့္ နားထင္နားကိုဖိပြတ္ရင္းမွ တစ္ခ်က္တစ္ခ်က္မအီမသာျဖစ္လာတာေၾကာင့္ ရင္ဘတ္ကိုပါဖိပြတ္ရျပန္သည္။ အီလည္ေနတဲ့ခံစားခ်က္ႀကီးကိုတကယ္မႀကိဳက္။ အလုပ္ေတြမ်ားေနသူအဖို႔ ဒီလိုမ်ိဳးက်န္းမာေရးကိစၥေတြကိုအေလးမေပးနိုင္။ လြန္ခဲ့တဲ့ရက္ကပဲေျခေခါက္လို႔ အ႐ြတ္ေယာင္ၿပီး အလုပ္ေတြကိုအိမ္မွာတစ္ရက္လုပ္လိုက္ရေသးသည္။ အခုထပ္ၿပီး မအီမသာျဖစ္ေနမယ္ဆိုရင္ေတာ့ သူ႕အတြက္အဆင္မေျပေပ။
သူနိမိတ္ဆီကို ဦးသိုက္စိုးအေၾကာင္းေျပာဖို႔လိုလားစဥ္းစားမိသည္။ ဒါကနိမိတ္အတြက္ေကာင္းတာဆိုးတာျဖစ္မယ္ဆိုတာထက္ အဲ့ဒီဘက္ကအရႈပ္အရွင္းေတြထဲ သူမပါခ်င္တာျဖစ္သည္မို႔။ တကယ္လို႔ဦးသိုက္စိုးက နိမိတ္ရဲ႕မေကာင္းမႈအတြက္ေရာက္လာသည္ျဖစ္ေစ ေကာင္းမႈအတြက္ပင္ျဖစ္လင့္ကစား သူမ်ားအတြင္းေရးၾကားဝင္ပါတာကိုမလုပ္နိုင္ေပ။
ထို႔ေနာက္သူကျပင္သစ္မွာရွိေနသည့္နိမိတ္ဆီကိုဖုန္းဆက္ေခၚရေလသည္။ ဖုန္းဝင္သြားသည္ႏွင့္ သိပ္မၾကာခင္မွာပဲ ၾသရွရွေလသံကိုၾကားရသည္မို႔ မသိစိတ္ထဲမွ ဖ်င္းခနဲျဖစ္သြားသည္အထိ။
" နိမိတ္ "
ျပင္သစ္ကေန ေတာ္ဝင္ျပန္လာသည့္ ေလယာဥ္ေပၚတြင္ နိမိတ္ႏွင့္အေထြေထြအတြင္းေရးမႉးတို႔ပါလာၿပီး ေနာက္ ၃ နာရီေနရင္ပဲ ဆိုက္ေတာ့မည္ျဖစ္သည္။ ထိုသို႔ေသာခရီးလမ္းမွာ အဝင္call ေပါင္းမ်ားစြာရွိသည္ကမထူးဆန္း။ ထူးဆန္းသည္ကတစ္ဖက္က မဟာျမတ္သူျဖစ္ေနတာပင္။
နိမိတ္ဖုန္းကိုခ်က္ခ်င္းကိုင္လာတာႏွင့္ အနည္းငယ္တုန္ရီကာ မၿငိမ္ခ်င္သည့္ အသံကိုၾကားလိုက္ရေလသည္။
" ဘာျဖစ္လို႔လဲ ထူးထူးဆန္းဆန္း "
" ဦးသိုက္စိုးကငါ့ကိုေတြ႕ခ်င္တယ္ေျပာတယ္ ၊ ငါ မင္းတို႔ၾကားက ျပႆနာေတြၾကားကိုမဝင္ခ်င္ဘူး ၊ မင္းခြင့္ျပဳသလားမျပဳသလားကိုေမးတာမဟုတ္ေပမဲ့ ငါက ဒီလူဟာျပႆနာပါဆိုရင္ ငါ့အတြက္ေရွာင္မွာမို႔လို႔ "
" မလိုပါဘူး ခင္ဗ်ားေတြ႕ခ်င္ေတြ႕ေပါ့ ၊ ခင္ဗ်ားသေဘာပဲ အဲ့ဒီလူနဲ႕က်ဳပ္တို႔ၾကားမွာ ျပႆနာလည္းရွိမေနပါဘူး "
" အင္း ဟုတ္ၿပီ "
တိခနဲျပတ္က်သြားသည့္ဖုန္းေနာက္ အသည္းမာနိုင္သူသည္ သူ႕အားအဆင္ေျပေၾကာင္းတစ္ခြန္းမေမးခဲ့။
မစရ၊ မစေနာက္ရ မဟာျမတ္သူႏွင့္ရန္မျဖစ္ရသည့္သူ႕အဖို႔ ျပင္သစ္မွာရွိေနသည့္ႏွစ္ရက္ကအဆင္မေျပ။ တေျဖးေျဖးရင္းႏွီးလာတဲ့ခံစားခ်က္ေတြက လူနဲ႕လည္းအသားက်လိဳ႕။
ကိုယ္ထင္မွတ္မိသည္။ ကိုယ္ဟာ အလြမ္းဒဏ္ကိုအလူးအလဲခံစားေနရသည့္ လူတစ္ေယာက္ပါလားလို႔။ ဒီလူနဲ႕မွ ထူးထူးဆန္းဆန္း သတိရမိေလျခင္း။
အိႏၵျေႀကီးသည့္ေယာက္်ား၊ ေခ်ာေမာလွသည့္ေယာက္်ား။ ဒီေယာက္်ား၏ စုက်ဳံ႕သြားတတ္သည့္ မ်က္လုံးမ်က္ခုံးမ်ား၊ ေဒါသထြက္တိုင္းတင္းတင္းေစ့သြားတတ္သည့္ ႏႈတ္ခမ္းပါးမ်ား။ သူ႕ကိုဆိုရန္စကားေျပာတတ္လြန္းလွသည့္ လႈပ္စိလႈပ္လဲ့ ႏႈတ္ခမ္းဖူးမ်ား။ ဆံဖ်ားအိအိေလးေတြအစလို႔ ေျခေခ်ာင္းသြယ္ေလးမ်ားအထိ စုန္ခ်ီဆန္ခ်ီ ကိုယ္ျမတ္နိုးေထြးပိုက္ခ်င္စရာခ်ည္း။
ဟင္းခနဲရယ္ေသြးသြမ္းမိၿပီးမွ က်သြားသည့္ဖုန္းနံပါတ္ကိုငုံ႕ၾကည့္မိသည္။
အသည္းႏွလုံးကေတာ့တစ္စုံတစ္ေယာက္အေပၚဦးၫႊတ္ခဲ့ၿပီျဖစ္သည္။ ဒီလူ႕အၿပဳံးေတြကိုယ့္အတြက္ျဖစ္ေစခ်င္သည္။ ဒီလူ႕ေပ်ာ္႐ႊင္မႈေတြကိုလည္း ကိုယ္ကပဲျဖစ္တည္ေပးခ်င္မိသည္အထိ။
ရင္နာနာနဲ႕ၾကည့္ေနရတဲ့ တစ္ပါးသူကိုရည္႐ြယ္တဲ့အၿပဳံးမ်ားအတြက္ ကေလးမ်ားလို ကိုယ္သဝန္ေၾကာင္ေနစရာအေၾကာင္းမ်ားလည္းမရွိပါ။ သို႔ေသာ္ျငား ကေလးမ်ားလို ဒီအၿပဳံးေတြကို တစ္ကိုယ္စာမက္ေမာမိသည္။ ႐ူးသြပ္မိေလျခင္း။
//
" သူေဌး "
မ်က္မွန္ေလးပင့္ကာပင့္ကာျဖင့္ အနားကိုေရာက္လာသည့္ အေထြေထြအတြင္းေရးမႉးေၾကာင့္ ေမာ့ၾကည့္လိုက္လွ်င္ ထိုင္ခုံေဘးတြင္လာရပ္ေနတာျဖစ္သည္။ အထူးတန္းတစ္ခန္းလုံးငွားထားတာမို႔လို႔အနားတြင္ဘယ္သူမွမရွိ သူႏွင့္အတြင္းေရးမႉးသာရွိေခ်သည္။
ေမးေငါ့ျပေတာ့ သူ႕လက္ထဲကိုဖုန္းကိုလႊဲေပးလာသည္။
နိမိတ္ဖုန္းကိုနားနားကပ္လိုက္သည္ႏွင့္ အနည္းေလာေနေသာ္လည္း ပုံမွန္ထက္ပိုေအးစက္သည့္အသံေၾကာင့္ မ်က္ခုံးေတြကိုက်ဳံ႕ထားမိသည္အထိ။
" ဦးလွေသာင္းက ေတာ္ဝင္မင္းသားကို ဒီေန႕ေန႕လည္စာစားခ်ိန္မွာလုပ္ႀကံမယ္လို႔ သတိေပးခိုင္းလို႔က်ဳပ္ဖုန္းဆက္လိုက္တာ "
ဒိန္းခနဲေဆာင့္ခုန္သြားသည့္ရင္ခုန္သြားသည္ ဦးဆံေမႊးမ်ားပင္ေထာင္ထသြားသည္အထိ ထိတ္လန႔္ေစကာ နိမိတ္အသက္ရႈသံေတြပင္ျမန္လာေခ်သည္။ လက္ကိုင္ကိုကိုင္ထားသည့္လက္မ်ားကို အားပိုထည့္ကာပိုတင္းက်ပ္စြာဆုပ္ကိုင္လိုက္ၿပီး
" ဘယ္သူလဲ ဘယ္သူေျပာခိုင္းတာလဲ မင္းတို႔ဘယ္သူလဲ "
" မဟူရာလို႔ေျပာရင္ သိလိမ့္မယ္ထင္ပါတယ္ "
" မုန္း၍မဟူ! Hello Hello မုန္း! ေဟ့ေကာင္ မဟူရာ! "
မဟူရာ့ရဲ႕သတိေပးခ်က္ဆိုလွ်င္ မွန္နိုင္ေခ်ရွိၿပီမို႔လို႔ နိမိတ္စိတ္လႈပ္ရွားလာရသည္။ သို႔ေသာ္အသံက မဟူရာ့အသံမဟုတ္။ မဟူရာကေကာ ဘာေၾကာင့္ဒီအဆက္အသြယ္ျပတ္သြားတဲ့ကာလေတြၾကားမွာ အခုမွသူ႕ဆီဆက္သြယ္ရတာတဲ့လဲ။ သူၾကားမိတဲ့အသံေတြအရဆို လြန္ခဲ့တဲ့ႏွစ္ေတြက မဟူရာက ေကာင္ေလးတစ္ေယာက္ကိုရွာေနခဲ့သည္ဆိုလား။
ေလယာဥ္ကအခုထိမဆိုက္ေသးေပ။ နာရီဝက္ေလာက္လိုေသးသည္မို႔ ျမတ္သူရဲ႕ဖုန္းနံပါတ္ကိုႏွိပ္ကာေခၚရသည္။ သို႔ေသာ္တုံ႕ျပန္မလာခဲ့။
" ေတာက္ခ္! စိမ္းကို ခုခ်က္ခ်င္းဖုန္းေခၚ! "
" ဟုတ္ ဟုတ္ကဲ့ "
မ်က္မွန္ေလးႏွင့္အူေၾကာင္ေၾကာင္ပုံစံရွိေသာအတြင္းေရးမႉးမွာ ခ်က္ခ်င္းပင္ မင္းသား၏အတြင္းေရးမႉး စိမ္းထံသို႔ဖုန္းေခၚေလသည္။
" hello မစိမ္း! အဲ "
" စိမ္းႏြယ္ မဟာျမတ္သူဘယ္မွာလဲ "
အတြင္းေရးမႉးလက္ထဲကဖုန္းကိုခ်က္ခ်င္းလုလို႔ ေမးလိုက္သည့္သူေဌးေၾကာင့္ ကိုယ္ရွိန္သပ္ကာ ခပ္လန႔္လန႔္ႏွင့္ရပ္ေနရရွာသည္။ ထို႔ေနာက္သူရပ္ေနရင္ပိုဆိုးမည္ဆိုးတာေၾကာင့္ ေလယာဥ္ေခါင္းခန္းသို႔သြားကာ ေမးရသည္အထိ။
တစ္ဖက္တြင္စိမ္းမွာ အေစာပိုင္းေလးတင္ထြက္သြားသည့္ မင္းသားႏွင့္ အခုေလးတင္ဝင္လာသည့္ကိုနိမိတ္၏ဖုန္းေၾကာင့္ အနည္းငယ္ေတြေဝရသည္။ သို႔ေသာ္ေၾကာင္အမေနခဲ့။
" အေစာနေလးတင္ပဲ ဦးသိုက္စိုးနဲ႕ေန႕လည္စာစားဖို႔ထြက္သြားတယ္ "
" ဘယ္အခ်ိန္တည္းကလဲ ဖုန္းမယူသြားဘူးလား "
" လြန္ခဲ့တဲ့နာရီဝက္ေလာက္ကပါ ဖုန္းလည္းယူသြားပါတယ္ ကိုနိမိတ္ရဲ႕ "
" အေစာင့္ေတြေကာပါသြားလား "
" ပါ ပါသြားပါတယ္ သုံးေယာက္ပါ ဒါေပမဲ့ ႏွစ္ေယာက္ကိုအျပင္မွာေစာင့္ခိုင္းထားတယ္လို႔ေတာ့ ျပန္ေျပာပါတယ္ "
" ေတာက္ခ္! သူ႕ေနာက္ကိုလိုက္ ရဲတစ္ခါတည္းေခၚသြားစမ္း စိမ္းႏြယ္ "
" ရွင္! "
" ငါေျပာတာၾကားလား "
" ဟုတ္ ဟုတ္ကဲ့ "
နိမိတ္ထူပူေနတာျဖစ္သည္။ ဒီလူကဖုန္းယူသြားရက္နဲ႕ဘာလို႔သူ႕ဖုန္းကိုမကိုင္တာတဲ့လဲ။ ဒီအခ်ိန္ႀကီး႐ြဲ႕ေနေသးတာလားမေျပာတတ္။ တကယ္ကိုအေတာ္ႀကီးအမွတ္သညာႀကီးတဲ့လူ။
//
" ကြၽန္ေတာ့္ဘက္ကစေပးရမွာလား "
" ကြၽန္ေတာ္မညာနိုင္ပါဘူး မင္းသားရယ္ တကယ္ပါ မင္းသားအတြက္လည္းမလိုဘူး ကြၽန္ေတာ္တို႔အတြက္လည္းမလိုဘူး ဒီေျမကြက္ႏွစ္ကြက္ကိုလဲလွယ္လိုက္ရင္ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိပါတယ္ "
" ဆိုေတာ့ နိမိတ္ရွိန္ဝါဆိုတဲ့ေကာင္ကေကာ ဒီလဲလွယ္မႈကိုလက္ခံရဲ႕လား "
" လက္ခံပါတယ္ သူလက္ခံပါတယ္ မယုံရင္ဖုန္းဆက္ေမးၾကည့္ပါ "
အသားဖတ္ကိုဝါးၿမဳံ႕ရင္းမွ ထိုလူေျပာသည့္စကားေတြကိုေခါင္းတၿငိမ့္ၿငိမ့္ႏွင့္လက္ခံေနမိသည္။ အေနာက္တြင္မတ္တပ္ရပ္ေနသည့္ အေစာင့္တစ္ေယာက္ကို အနားနားကပ္လာဖို႔လွမ္းေခၚေတာ့ ခပ္တည္တည္ႏွင့္ကပ္တိုးလာေလသည္။
" ဟင္းခ်ိဳတစ္ခြက္ေလာက္သြားယူေပးပါလား ေနာက္ၿပီး ဝိုင္ေကာ "
အင္တင္တင္နဲ႕ထြက္သြားဖို႔မလုပ္ခ်င္သူေၾကာင့္ မ်က္လုံးျပဴးျပရင္ သြားေလဟူေသာအမူအရာလုပ္ျပမွ ေခါင္းၿငိမ့္ၿပီးထြက္သြားေလေတာ့သည္။
" ခဏေလာက္ဖုန္းသြားေျပာခ်င္လို႔ "
" ရပါတယ္ ရပါတယ္ ကြၽန္ေတာ္ေစာင့္ေနမွာပါ "
သူတစ္ေယာက္တည္းတတြတ္တြတ္စားေနခဲ့သည္မွာ ပြဲေပါင္းမနည္းေပ။ အခုမွအစားစဲသြားသည့္သူက ဝိုင္မွာခိုင္းခဲ့ၿပီး ဖုန္းေျပာဖို႔ထြက္သြားသည္မို႔ ဦးသိုက္စိုးသက္ျပင္းကိုက်ိတ္ခ်မိေခ်၏။ မင္းသားခ်ည္းပဲစားေနတာ သူအခုထိပါးစပ္ထဲဘာမွမထည့္နိုင္ေသးပါေခ်။
စားေသာက္ဆိုင္၏ အေပၚထပ္စားပြဲေတြ၏ အလွမ္းေဝးေဝးတြင္ ေလသာေဆာင္အေသးေလးရွိသည္မို႔ ထိုေနရာတြင္ ေလညွင္းကိုအဝခံစားရင္းမွ သူဖုန္းကိုထုတ္လိုက္သည္။ silent လုပ္ထားသည့္ဖုန္းသည္ missed call ေပါင္းမ်ားစြာရွိေနသည္မို႔ မ်က္ခုံးပင့္မိကာ ေခၚထားသူသည္ နိမိတ္တစ္ေယာက္သာျဖစ္သည္။
သူၾကည့္ေနရင္း နိမိတ္ဆီကဖုန္းထပ္ဝင္လာတာမို႔ ခ်က္ခ်င္းပင္ကိုင္လိုက္ေလေတာ့သည္။ အေတာ္ပဲ။ သူလည္းနိမိတ္ဆီဖုန္းေခၚစရာရွိေနတာမို႔လို႔ တိုက္ဆိုင္သြားေနသည္။
" နိမိတ္ ငါ့ကိုဦးသိုက္စိုးေျပာတယ္ "
" ခင္ဗ်ားဘယ္မွာလဲ "
" ငါေန႕လည္စာစားေနတယ္ ခဏ ငါေျပာတာနားေထာင္ဦး "
" အင္း "
နိမိတ္သူ႕ကိုအလန႔္တၾကားမေျခာက္ခ်င္၊ ေျပာလိုက္လွ်င္လည္း.မဟာျမတ္သူကေၾကာက္မွာမဟုတ္ ေတာ္ဝင္မင္းသားပဲ ဒါမ်ိဳးမွကိုယ့္ကိုယ္ကိုယ္မကာကြယ္နိုင္ရင္ ဘာသုံးစားရဦးမလဲဆိုေပကပ္ေနေခ်ဦးမည္မို႔ ဘာမွမေျပာဘဲ အင္းသာလိုက္ေတာ့သည္။
" ငါ့ကိုဦးသိုက္စိုးေျပာတယ္ ေျမကြက္လဲခ်င္တယ္တဲ့ မင္းငါ့ဆီကျဖတ္လုသြားတဲ့ show ေျမကြက္နဲ႕ မင္းရဲ႕ ႐ုံးခြဲအတြက္ ေျမကြက္ "
" အင္း "
" မင္းလဲခ်င္လား "
" ခင္ဗ်ားေဘးမွာအေစာင့္ေတြရွိလား "
" ဟို ငါပထုတ္လာတာ က်စ္! မင္းဘာျဖစ္လို႔ေစာက္ေရးမပါတာေတြ လာေျပာေနတာလဲ ၊ ငါေမးတာေျဖစမ္းပါ ၊ မင္းလဲခ်င္ရင္ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္းေတြကို Royal စားေသာက္ဆိုင္ကိုယူခဲ့ ၊ ေနာက္ၿပီးငါ့ေဘးနားက မင္းလူေတြပါဂုတ္ကဆြဲေခၚသြား စိတ္ရႈပ္ဖို႔ေကာင္းတယ္ "
ဒုန္း"
ေလသာေဆာင္မွန္တံခါးအား အားႏွင့္ေဆာင့္တြန္းလိုက္သည့္အသံက်ယ္ႀကီးေၾကာင့္ မဟာျမတ္သူခမ်ာ အလန့္တၾကားျဖင့္ေနာက္သို႔လွည့္ၾကည့္မိသည္အထိ။
ထို႔ေနာက္ အေပါက္ဝမွေျခလွမ္းက်ယ္ေတြျဖင့္ ဝရန္တာဘက္ျခမ္းသို႔ လွမ္းလာသူေၾကာင့္ေၾကာင္အေနစဥ္ပင္ လက္ေကာက္ဝတ္မွအတင္းပင္ ေဆာင့္ဆြဲခံလိုက္ရေလသည္။
" နိမိတ္ရွိန္ဝါ! "
နိမိတ္ကသူ႕တစ္ကိုယ္လုံးကို ပခုံးေပၚေဆြ႕ခနဲေကာက္တင္ပစ္လိုက္လွ်င္ ျမတ္သူခမ်ာ႐ုန္းေခ်ေတာ့သည္။
" နိမိတ္ရွိန္ဝါ ေခြးေကာင္ ေတာက္ခ္! ငါ့ကိုေအာက္ခ်ေပး "
" ခင္ဗ်ားေစာက္ပါးစပ္ပိတ္ထား..! "
႐ုတ္တရက္ႀကီးျပင္သစ္မွာရွိေနရမယ့္လူက သူ႕ေရွ႕ကိုျဗဳန္းစားႀကီးေပၚလာကာ လူကိုအလိုမတူဘဲေကာက္ေပြ႕သည္။ ေကာက္ေပြ႕တာမဟုတ္ ပခုံးေပၚေဇာက္ထိုးေကာက္တင္ထားတာ။
" ငါ့ကိုေအာက္ခ်ေပး..! ေဟ့ေကာင္ နိမိတ္ရွိန္ဝါ! အင့္! ဗိုက္အင့္တယ္...! ငါစားထားတာေတြအကုန္ျပန္ထြက္ေတာ့မယ္လို႔..! အာ့! ငါ့ဗိုက္! "
နိမိတ္သူ႕ကို အေပၚထပ္ကေနတစ္ေလွ်ာက္လုံးသယ္သြားကာ ကားေပၚကိုပစ္တင္လိုက္ၿပီးမွ သူပါဝင္ထိုင္ေခ်သည္။
" ဘာလုပ္တာလဲ "
နိမိတ္ကသူ႕ကိုဘာမွျပန္မေျပာဘဲ ကားျပတင္းအျပင္ကေန ဆိုင္ထဲကိုလွမ္းၾကည့္လိုက္ေလသည္။ ရဲေတြႏွင့္ရႈပ္ေနသည္ကိုသာျမင္ၿပီး မသကၤာဖြယ္မျမင္သည္မို႔ တစ္ဖက္သို႔လွည့္လိုက္လွ်င္ပဲ ေနာက္ကားဆီကေန ေသနတ္ေဖာက္သံကိုၾကားရေခ်ေတာ့၏။ ထိုမွသာ driver အား အရွိန္တင္ကာ ခ်က္ခ်င္းေမာင္းခိုင္းရေလေတာ့သည္။
ေသနတ္ေဖာက္သံသုံးေလးခ်က္ၾကားမွာ နိမိတ္သူ႕ကိုယ္လုံးႀကီးျဖင့္ မဟာျမတ္သူကို ရင္ခြင္ထဲဆြဲထည့္ကာ ကာေပးထားလိုက္ၿပီးက်စ္ေနေအာင္ဖက္ထားမိသည္။
" Shit..! မင္းငါ့ကိုႀကိဳေျပာေလ "
" ႀကိဳေျပာေတာ့ေကာ ခင္ဗ်ားေစာက္ဂ႐ုစိုက္မွာမို႔လား "
ထို႔ေနာက္ေတာ့ အေနာက္မွန္ေတြကြဲကုန္ၿပီး မွန္ကြဲစေတြကအေရွ႕ဘက္သို႔ဖြာက်ဲလာေလေတာ့သည္။
သူ႕အားအေသသတ္ရန္႐ြယ္ထားသလားမွတ္ရေလေသာထိုလူေတြသည္ သူတို႔ကားေနာက္မွ ဗင္ကားျဖင့္ ကပ္လ်က္လိုက္လာေလျပန္သည္။
အေတြ႕အႀကဳံရွိေနပုံရေသာ driver ခမ်ာ အာ႐ုံကိုစိုက္ကာ တစ္လမ္းဝင္တစ္လမ္းထြက္ေမာင္းခ်ေလေတာ့သည္။
အဆက္မျပတ္ထြက္ေပၚေနဆဲအသံေတြၾကား နိမိတ္ကိုယ္လုံးယိမ္းသြားတာမို႔ အလန႔္တၾကားေမာ့ၾကည့္လွ်င္ နိမိတ္ကသူ႕ကိုငုံ႕ၾကည့္ေနတာျဖစ္သည္။
" မင္း ထိသြားတာလား "
" ခင္ဗ်ားကိုယ္ခင္ဗ်ားဂ႐ုစိုက္စမ္းပါ က်ဳပ္ဘာမွမျဖစ္ဘူး "
သို႔ေသာ္လည္း နိမိတ္လက္ေမာင္းတြင္လ်ပ္ထိသြားေသာဒဏ္ရာရွိေနသည္။ အနက္ေရာင္ဝတ္ေနက်မိဳ႕ ေသြးကြက္ကိုမျမင္ရဘူးျဖစ္ေနကာ မဟာျမတ္သူကေခါင္းကိုတြင္တြင္ၿငိမ့္ရင္း ငုံ႕ထားေလသည္။
" ေရွ႕သုံးဘေလာက္ေက်ာ္ရင္ ညာဘက္လမ္းထဲေကြ႕ဝင္လိုက္ boxing class ေရွ႕ရပ္ေပး "
" ဟုတ္ကဲ့ဆရာ "
ကားေလးသည္ နိမိတ္လမ္းၫႊန္မႈေအာက္တြင္ တစ္ေသြမသိမ္းနာခံစြာေျပးေမာင္းေနေခ်သည္။
လမ္းၾကားထဲေကြ႕ဝင္သြားသည္ႏွင့္ ဗင္ကားႀကီးသည္လမ္းထိပ္တြင္ရပ္ကာ တုတ္ဓားဆြဲၿပီးဆင္လာၾကေခ်သည္။ လမ္းကသိပ္မရွည္သည္မို႔ လမ္းဆုံးမွာ boxing class တစ္ခုရွိကာ လူေနအိမ္အနည္းငယ္သာရွိသည္။
boxing class ေရွ႕တည့္တည့္ရိုက္လိုက္တဲ့ကားေၾကာင့္ တေ႐ြ႕ေ႐ြ႕တိုးသြားၾကေသာ္လည္း boxing class ထဲကထြက္လာသည့္လူေတြေၾကာင့္ အကုန္ရပ္ကုန္သည္။ ထို႔ေနာက္ class နာမည္ကိုလွမ္းၾကည့္ရာ ညဥ့္မဟူရာဟူေသာဆိုင္းဘုတ္နီရဲရဲကိုေတြ႕ေခ်၏။
ကားေပၚမွာမဟာျမတ္သူကိုထားခဲ့ၿပီး နိမိတ္ဆင္းလာလိုက္လွ်င္ ေနာက္ကလိုက္လာသူတို႔က လမ္းထိပ္တြင္သာရပ္ေနသည္ကိုေတြ႕ရေလသည္။
" ဖြီ! ေစာက္ေၾကာက္ေတြ "
ေဘးက ေဘ့စ္ေဘာတုတ္ သံတုတ္မ်ိဳးစုံကိုင္ထားသည့္ class ကေကာင္ေလးေတြၾကား ရင္းႏွီးေနတဲ့လူတစ္ေယာက္ဆီကစကားေၾကာင့္ နိမိတ္ႏႈတ္ခမ္းတို႔တြန့္ေကြးကုန္သည္။
" သိန္းထြဋ္ "
" အဟင္း အစ္ကိုေလး "
" မင္းတို႔သူေဌးေကာ "
" အစ္ကိုႀကီး အထဲမွာ အစ္ကိုေလး "
နိမိတ္ကသိန္းထြဋ္ကိုဆြဲဖက္လိုက္ရင္းမွ ကားတံခါးကိုဆြဲဖြင့္ကာ အထဲကလူကိုေခၚရေလသည္။
" ဆင္းခဲ့ အႏၱရာယ္မရွိေတာ့ဘူး "
ေၾကာက္ေနသည္မဟုတ္ေသာ္ျငား သူေနခဲ့ဟုဆိုတာေၾကာင့္ကားထဲမွာက်န္ခဲ့ရသူက အခုမွသာခပ္သြက္သြက္ဆင္းလာေခ်ေတာ့သည္။
သူဆင္းလာသည္ႏွင့္ မ်ားျပားေသာလူေတြက ရွဲခနဲေနာက္ဆုတ္ကုန္ကာ ဒူးပဲေထာက္ရမလို ခါးပဲၫြတ္ရမလိုမို႔ မဟာျမတ္သူခမ်ာဘာေျပာရမည္ပင္မသိေပ။
" ဟို ရတယ္ ဒီတိုင္းပဲေနပါ "
" အစ္ကိုေလး "
သိုင္းဖက္ထားသည့္လက္ေတြေျပေလ်ာ့သြားတာကို သတိထားမိတဲ့သိန္းထြဋ္က နိမိတ္ကိုပခုံးေတြကိုေသခ်ာအုပ္ကိုင္လိုက္လွ်င္ လက္ဖဝါးတစ္ဖက္မွေသြးေတြကိုစမ္းမိေခ်သည္။
" ထိလာတယ္ "
" ဟင္ နိမိတ္! "
အနားသို႔တိုးလာသည့္ လူေၾကာင့္ မလုံမလဲျဖင့္ ေခ်ာင္းဟမ့္မိေတာ့ မဟာျမတ္သူကသူ႕ကိုမေက်နပ္သလိုၾကည့္ေခ်သည္။
" မရိုမေသ မင္းသား အစ္ကိုေလးကိုတြဲေပးပါဦး "
" ဟုတ္ ဟုတ္ကဲ့ "
နိမိတ္လက္ေမာင္းေတြၾကားဝင္ကာ တြဲကူထားေတာ့ နိမိတ္တစ္ကိုယ္လုံးကသူ႕အေပၚသို႔ မွီက်လာသည္။
ထို႔ေနာက္လမ္းျပသူေနာက္လိုက္ကာ class ထဲဝင္ေတာ့ နီယြန္မီးမ်ားျဖင့္ အလင္းေပးထားေသာ boxing ခန္းမသည္ထင္ထားသည္ပင္က်ယ္ဝန္းေခ်သည္။
အခန္းတစ္ခန္းထဲေခၚသြားသည္မို႔ ေနာက္ကလိုက္လွ်င္ အျပင္ႏွင့္မတူ အျဖဴေရာင္မ်က္ႏွာက်က္ ဆိုဖာမ်ားႏွင့္က်ယ္ဝန္းသည့္အခန္းတြင္ အမ်ိဳးသားႏွစ္ေယာက္ႏွင့္ကေလးတစ္ေယာက္ကိုေတြ႕ရေခ်သည္။
" နိမိတ္ "
အႏွီေယာက္်ားသားႏွစ္ေယာက္မွေထာင္ေထာင္ေမာင္းေမာင္းႏွင့္ တီရွပ္ကိုဝတ္ထားကာ လက္ေမာင္းႂကြက္သားမ်ားေပၚမွ tattoo မ်ားအျပည့္ရွိေသာေယာက္်ားသည္ နိမိတ္ကိုျမင္ေတာ့ ခ်က္ခ်င္းထလာေလသည္။
" အိမ္ သားကိုဟိုဘက္ခန္းကိုေခၚသြား "
" ဟုတ္ကဲ့ သားလာ ေဖေဖနဲ႕တူ ျမင္း႐ုပ္ႀကီးသြားစီးရေအာင္ "
" ဒယ္ဒီေရာ ဒယ္ဒီရာ ဒယ္ဒီရာရို႔ တူသြားရယ္ေရ "
" ဒယ္ဒီခဏေနလိုက္ခဲ့မွာသားရဲ႕ လာေဖနဲ႕သြားမယ္ "
မဟာျမတ္သူခမ်ာ ထိုကေလးႏွင့္လူႏွစ္ေယာက္ကိုေၾကာင္အစြာၾကည့္ေနရင္းမွ နိမိတ္ကိုဆိုဖာေပၚတြဲခ်ရေခ်သည္။ ဒီလိုထိုးသတ္မယ့္လက္ေဝွ႕႐ုံမွာ ထိုကေလးတစ္ေယာက္ႏွင့္ မိန္းမေခ်ာေခ်ာလွသည့္မ်က္ႏွာဝိုင္းႏွင့္ေကာင္ေလးကဘာလုပ္ေနသတဲ့ေလ။
ထို႔ေနာက္တြင္မူ ထိုလူကနိမိတ္၏ဒဏ္ရာကို လ်ပ္ထိ႐ုံဟုဆိုကာအစိမ္းလိုက္ခ်ဳပ္သည္မို႔ နိမိတ္အစား မဟာျမတ္သူနာေနရေသးသည္။ ၿပီးေတာ့မွလက္ေမာင္းမွာပတ္တီးႀကီးႏွင့္နိမိတ္က ေသြးထြက္လြန္သြားတာေၾကာင့္ မ်က္ႏွာတစ္ခြင္ျဖဴစုန့္ေနေခ်ေတာ့၏။
ေသြးခြက္မ်ားႏွင့္ ေသြးစြန္းအဝတ္စမ်ားအားလႊတ္ပစ္ရန္ထြက္သြားေသာ လူေၾကာင့္ ႏွစ္ေယာက္ထဲရွိခိုက္တြင္ သက္ေသာင့္သက္သာျဖစ္ေစရန္ နိမိတ္မွီရာတြင္ ဆိုဖာတြင္တင္ထားသည့္ေခါင္းလုံးေလးမ်ား ခုေပးထားရင္း ေဘးမွာဝင္ထိုင္လိုက္ေတာ့သည္။
" သက္သာရဲ႕လား "
" က်ဳပ္ကိုမပူပါနဲ႕ ခင္ဗ်ားကိုယ္ခင္ဗ်ားဂ႐ုစိုက္ "
" မင္းငါ့ေၾကာင့္ထိသြားေတာ့ ငါ့မွာတာဝန္ရွိလို႔ပါ ဒါနဲ႕ဆို ႏွစ္ခါရွိေနၿပီေလ "
" ဟက္ ဟုတ္တာေပါ့ ခင္ဗ်ားမွာတာဝန္ရွိတယ္ က်ဳပ္ဒဏ္ရာမသက္သာမခ်င္း က်ဳပ္ကိုျပဳစုေပး "
တာဝန္အရဟူေသာစကားမ်ားသည္ခါးလွသည္။ ေစတနာေၾကာင့္စိတ္ပူလို႔ေၾကာင့္ အေၾကာင္းျပခ်က္မ်ားစြာေပးလို႔ရပါရဲ႕နဲ႕ ထိုသို႔ေသာ တာဝန္အရဟူေသာစကားႀကီးသည္ခါးသက္လွသည္။ ႐ြဲ႕လို႔သူေျပာေတာ့ ေခါင္းၿငိမ့္ခ်လိဳက္သူေၾကာင့္ ပိုၿပီးေတာ့ေတာင္စိတ္ပ်က္ရေခ်သည္။
" က်ဳပ္ဒဏ္ရာစည္းထားတာေလ်ာ့ေနလို႔ ေျပေနလားေသခ်ာၾကည့္ေပးပါဦး "
" ဟင္ ! အင္း "
ခ်က္ခ်င္းအနားတိုးလာကာ လက္ေမာင္းေအာက္ခ်ည္ထားသည့္ ပတ္တီးကို ေျဖးေျဖးသာသာျမႇောက္ကာၾကည့္သည္မို႔ ေခါင္းလုံးေလးသည္ သူ႕အနားပိုနီးလာၿပီး shampoo နံ႕ေလးကိုပါရခ်င္ေနသည္။
" ကိုျမတ္သူ..! "
" ဟင္..! "
႐ုတ္တရက္ေမာ့ၾကည့္လာမႈေၾကာင့္ ေမးဖ်ားႏွင့္ရွပ္တိုက္သြားေသာ သူ႕ႏွာဖ်ားေလးသည္ ရင္ကိုအဆမတန္ခုန္ေစေတာ့သည္။
ကေသာင္းကနင္းျဖစ္သြားရသည့္ရင္ခုန္သံေၾကာင့္ အသက္ရႉပင္မမွန္ခ်င္ကာ မ်က္ႏွာေလးကေတာ့ခပ္ေဝးေဝးသို႔ေ႐ြ႕သြားၿပီျဖစ္၏။
" ခင္ဗ်ားေမာ့လိုက္တာ ခင္ဗ်ားဆံပင္က်ဳပ္မ်က္လုံးကိုသြားထိတာစပ္သြားၿပီ ေလမႈတ္ေပး "
" မထိပါဘူးဟ မင္းဘာမင္းတစ္ခုခုဝင္တာေနမွာ "
" စပ္တယ္ ျမန္ျမန္လာမႈတ္ေပး "
" အာ က်စ္! မင္းေစာက္လုပ္ခ်ည္းပဲ "
" လာစမ္းပါ "
သူထပ္ေခၚေတာ့ အနားကိုတိုးလာၿပီး မ်က္ခြံေလးကိုဆြဲဖိတင္ေလသည္။
နီးကပ္ေနေသာမ်က္ႏွာႏွစ္ခုသည္ ဝင္ေလထြက္ေလကို ေကာင္းေကာင္းႀကီးခံစားမိကာ ေလပူႏြေးမ်ား မ်က္ေတာင္ဖ်ားေပၚျဖတ္သြားမွန္းပင္သတိထားမိေခ်၏။
ဖူး!
ႏြေးသည့္ေလမ်ားမ်က္ဝန္းၾကားတိုးလာေသာ္လည္း ထိုဖူးအာေနသည့္ႏႈတ္ခမ္းေတြကိုသာျမင္သည္မို႔ နိမိတ္ခါးသိမ္ကေနဆြဲကာကပ္ပစ္လွ်င္ သူ႕ေပါင္ေပၚသို႔ ဒူးေထာက္က်လာေလသည္။
" ဟာ့! ေဟ့ေကာင္ "
" လုပ္ေလ အား စပ္ေနၿပီ မ်က္လုံးက ကန္းေတာ့မယ္ထင္တယ္ အား "
" အာ အာ လုပ္ေပးမယ္ ခဏ ခဏေလး "
အပ်ာပ်ာအယာယာႏွင့္ ခါးေပၚကလက္ကိုေတာင္သတိမထားေတာ့ဘဲ မ်က္ဝန္းေတြကိုသာဂ႐ုစိုက္ေနသည္မို႔ ခပ္ယဲ့ယဲ့ေလးပင္ၿပဳံးမိလွ်င္ သူ႕အားမယုံသလိုငုံ႕ၾကည့္လာေလေတာ့သည္။
" မင္း ဟန္ေဆာင္ေနတယ္ "
" အဟြန္း! "
" နိမိတ္ရွိန္ဝါ..! ေခြးေကာင္! မင္းငါ့ကိုဟန္မ်ားရဲတယ္ေပါ့ ေခြးမသား! "
အတင္း႐ုန္းထြက္ဖို႔ျပင္ကာမွ နိမိတ္ကထိုလူ႕အား ေပါင္ေပၚကေနပက္လက္လွန္ကာလွဲခ်လိဳက္ေလေတာ့သည္။
" အင့္! "
သူ႕ေအာက္တြင္ ဆံပင္ေလးမ်ားလန္ကာ အၿပိဳၿပိဳအလဲလဲျဖစ္ေနသူသည္ မ်က္လုံးမ်ားဝိုင္းလို႔ ေပတူးကာ အူေၾကာင္ေနေခ်သည္။
" မဟာျမတ္သူ "
" ဘာ ဘာလဲ "
" ခင္ဗ်ားကအရမ္းလွတယ္ "
" ဟင္! "
" က်ဳပ္ေျပာတာ ခင္ဗ်ားက အရမ္းလွလြန္းတယ္လို႔ ၊
က်ဳပ္ေအာက္မွာငိုရင္ပဲျဖစ္ျဖစ္ ေဒါသထြက္ရင္ပဲျဖစ္ျဖစ္ အဲ့သည့္ "
မ်က္ခြံေလးတစ္ဖက္ေပၚ လက္မေလးဖိတင္လိုက္ေတာ့ မ်က္လုံးေလးတစ္ဖက္ကပိတ္က်သြားေခ်သည္။
" အညိုေရာင္မ်က္စံေတြကို ဖိမွိတ္ထားလည္းလွတယ္ ၊ ေဟာ့သည့္ ႏႈတ္ခမ္းေတြ စုခြၽန္ထားသည္ျဖစ္ေစ၊ တင္းတင္းေစ့ထားသည္ျဖစ္ေစ လွတယ္၊ ခင္ဗ်ားတစ္ကိုယ္လုံး ။ "
" နိမိတ္! "
ရွက္လာသူသည္ မ်က္ရည္ေလးမ်ားျဖင့္႐ြဲလက္ေနသည့္ မ်က္ဝန္းဝိုင္းႀကီးမ်ားႏွင့္ သူ႕အားေမာ့ၾကည့္ကာ သူ႕ႏႈတ္ခမ္းေတြေပၚ လက္ဖဝါးေလးႏွင့္အုပ္သည္။
" ငါ ငါမင္းနဲ႕မတည့္ဘူးေလ မင္းလည္းငါနဲ႕မတည့္ဘူးေလ "
" အဲ့ေတာ့ "
" ဘာကိုအဲ့ေတာ့လဲ ၊ ငါတို႔ဒီလို ဒီလိုႀကီးေနတာက အရမ္းထူးဆန္းတယ္ေလ ဖယ္ေတာ့ "
" အဟင္း! ခင္ဗ်ားကခ်စ္ဖို႔လည္းေကာင္းေသးတယ္ "
ျငင္းခ်ိန္ေတာင္မရလိုက္ နိမိတ္ကသူ႕ႏႈတ္ခမ္းေတြကိုအငမ္းမရ ငုံ႕စုပ္လာသည္မို႔ ရင္ဘတ္ကိုသာလက္ေထာက္ကာ အတင္းလည္းမ႐ုန္းရဲေပ။ တစ္ဖက္ကဒဏ္ရာႀကီးႏွင့္မဟုတ္လားေလ။
ႏႈတ္ခမ္းေတြေပၚက်င္လည္စြာထိေတြ႕ေနသည့္ ရင္းႏွီးမႈသည္ ခံတြင္းထဲလွိုက္၍ က်ဴးေက်ာ္ကာလက္တစ္ဖက္ကလည္း မဟာျမတ္သူ၏ ရွပ္အကၤ်ီအတြင္းသို႔ဝင္ေရာက္ပြတ္သပ္ေနေခ်သည္။
" ႁပြတ္! အြန္း...! "
မိန္းေမာစြာခံယူရင္းမွ သတိလက္လြတ္ပင္ လည္တိုင္ကိုတြယ္ခ်ိတ္ထားမိခဲ့သည္။ ဒီအနမ္းေတြနဲ႕ေတြ႕တိုင္း တစ္ကိုယ္လုံးအားမရွိေတာ့ေအာင္ေပ်ာ့ေခြသြားၿမဲ။ အၿမဲတမ္းလည္း မျငင္းနိုင္ေအာင္ျဖစ္သြားရစၿမဲ။ ဘယ္ေလာက္ရွက္ဖို႔ေကာင္းတဲ့တုံ႕ျပန္မႈလဲ။ အရွက္မဲ့လိုက္တာ။
သို႔ေသာ္လည္း ထိုရွည္ၾကာလွေသာအနမ္းတစ္ခုသည္ မည္သို႔ေသာအစျပဳနည္းမ်ိဳးျဖစ္ပါသနည္း။
To be Continue...
Jan 15