I'm The Husband Of A Villain...
By henryake04
10.6K 815 64
လူနှစ်ဦးရဲ့ ချစ်ခြင်းကို ဖျက်စီး ခဲ့တဲ့သူကို ဗီလန် လို့ သတ်မှတ်ကြတယ်မလား ခက်တာက အဲ့ ဗီလိန်ရဲ့ ခင်ပွန်းက ငါဖြ... More
Part (1)
Part (2)
Character Introduce
Part (3)
Part(4)
Part(5)
Part(6)
Part (7-1)
kwi><
Part (8)
Part (7-2)
383 42 2
By henryake04
Unicode
မနက်ခင်းနေရောင်ခြည်သည် လိုက်ကာကိုထိုးဖောက်ကာ ဒန်နီရယ်၏မျက်နှာပေါ်သို့ကျရောက်လာခဲ့သည်။
ထိုအခြင်းအရာကြောင့် အနည်းငယ်လူလွန့်သွားပြီး ခန္ဓာကိုယ်အားတစ်ဖက်သို့စောင်းကာ ထပ်မံအိပ်ရန်ကြိုးစားလိုက်သည်။သို့သော် အချင်းနှီးမျှသာ vampire တစ်ကောင် နေရောင်ခြည်အားထိတွေ့ရခြင်းကိုစိုးရွံ့သကဲ့သို့ ဒန်နီရယ် သည်လည်းအလားတူပင်
ထို့ကြောင့် သူပြန်အိပ်စက်ရန်မကြိုးစားတော့ပဲ အိပ်ရာမှထကာ အိမ်အောက်ထပ်သို့ဆင်းရန် သူ၏ခြေလှမ်းများကိုရွေ့လိုက်သည်။
ဒန်နီရယ် တံခါးဖွင့်ဖွင့်ချင်း တံခါးပေါက်ဝတွင် ကျောပြင်ကျယ်တစ်ခုအားတွေ့လိုက်ရသောကြောင့် အနည်းငယ်တွန့်စုတ်သွား၏။
ကြွက်သားအစိုင်အခဲများဖြင့်တည်ဆောက်ထားသော ကျောပြင်ကျယ်ကိုပိုင်ဆိုင်ထားသည့်ထိုသူမှ သူ(ဒန်နီရယ်)ရှိရာသို့် သူ(သောမက်စ်)၏မျက်နှာအားလှည့်လိုက်ပြီး
"Bonjour,comment ça va? အိပ်ရာကဘယ်လိုနေလဲ အိပ်ရတာသက်တောင့်သက်သာရှိရဲ့လား?"
"အင်း သက်တောင့်သက်သာရှိပါတယ် ဒါနဲ့ ညတုန်းက ခင်ဗျားဘယ်မှာသွားအိပ်တာလဲ?"
"ကိုယ်က အောက်ထပ်ဧည့်ခန်းထဲက ဆိုဖာမှာအိပ်လိုက်တာပါ"
"အော် အိုကေပါ ဒါနဲ့ ကျွန်တော်တို့ဒီနားမှာပဲ နေကြတော့မှာလား"
ထိုအခါမှ သောမက်စ်က တစ်ခုခုကိုသတိရသွားဟန်ဖြင့် အရှက်ပြေအောင် သူ့(သောမက်စ်)လည်ဂုတ်ကိုတစ်ချက်ပွတ်လိုက်ပြီး
"အာ sorry ကိုယ်မင်းကို မနက်စာစားဖို့လာခေါ်တာ မင်းမနိုးသေးမှာစိုးလို့ ကိုယ်အခန်းရှေ့ကပဲစောင့်နေတာ"
"အင်း ဒါဆို ကျွန်တော်မျက်နှာသစ်ပြီးရင်လာခဲ့မယ် ဒါနဲ့ ရေချိုးခန်းကဘယ်မှာလဲတစ်ချက်ပြပေးပါ"
"ဒီစင်းကြန်လမ်းအဆုံးက အခန်း"
သောမက်စ် ရေချိုးခန်းရှိရာသို့ ဒန်နီရယ့်အား ညွှန်ပြလိုက်ပြီး မနက်စာစားရန်စောင့်နေလိုက်သည်။
ခဏအကြာ ဒန်နီရယ် ပြန်ရောက်လာပြီး
"အကြာကြီး စောင့်လိုက်ရလားမသိဘူး"
"စောင့်ရတာ အလွန်ဆုံးရှိ ၈ မိနစ်လောက်မလို့ မကြာပါဘူး"
"အာ ခင်ဗျားက တိကျလိုက်တာ"
"အင်း စကားမများနဲ့တော့ ဒီမှာ မင်းအတွက် Banana Milk နဲ့ ပေါင်မုန့်"
ဒန်နီရယ်က Banana milk နှင့် strawberry ယိုသုတ်ထားသော ပေါင်မုန့်အားတစ်ချက်ကြည့်ပြီး
"ကျွန်တော် ဘာလို့ coffee မရနိုင်တာလဲ"
သောမက်စ် သူ၏ကော်ဖီအားတစ်ငုံသောက်လိုက်ပြီး
"ကလေးတွေက coffee သောက်လို့မရဘူး"
ဒန်နီရယ် နှာတစ်ချက်ရှုံ၍
"ကျွန်တော်မငယ်တော့ဘူး အသက် ၁၉နှစ်ရှိပြီး"
"မင်းက ကိုယ့်ထက်ငယ်တယ်လေ"
"ခင်ဗျားထက်ငယ်တာနဲ့ coffee သောက်လို့မရတော့ဘူးလား ဘာဆိုင်လို့လဲ ပြီးတော့ ကျွန်တော်က ကလေးမဟုတ်တော့ဘူး"
"ကိုယ့်ထက်ငယ်ရင် ကလေးပဲ စကားပြောတာတွေရပ်ပြီး မနက်စာကိုသေချာစားစမ်းပါ နေ့တစ်နေ့မှာ မနက်စာအရေးအကြီးဆုံးပဲ"
ဒန်နီရယ်၏မျက်နှာ စူပုတ်သွားပြီး ပေါင်မုန့်ကိုတစ်ချက်ကိုက်လိုက်ကာ
"ခင်ဗျားထက်ငယ်တိုင်း ခင်ဗျားကလေးမဟုတ်ဘူးဗျ ဖခင်မေတ္တာ သိပ်ကိုပြည့်ဝနေရင် ကလေးတစ်ယေ​ာက်မွေးစားလေ"
"ဟိတ်ချာတိတ် အစားစားရင်းစကားမပြောနဲ့"
"တကယ့် စာအုပ်ကြီး"
သောမက်စ် ဒန်နီရယ့်၏စကားကြောင့် တစ်ချက်ပြုံးလိုက်ပြီး
"မင်းစားလို့ပြီးပြီလား ပြီးရင် ကိုယ်ပန်းကန်တွေဆေးတော့မလို့"
"အင်း ပြီးပြီ"
သောမက်စ်၏လက်ထဲသို့ ပန်းကန်များ ထည့်ပေးပြီး ဒန်နီရယ်ထိုင်ခုံမှထရပ်မည်အလုပ်
"ပြန်ထိုင်"
"ဟမ် ဘာလို့လဲ"
၃ပုံ၁ပုံမျှသာကျန်တော့သော ငှက်ပျောသီးနွားနို့ခွက်အား သူ့(ဒန်နီရယ်)ထံပြန်ပေးကာ
"ဒါကိုကုန်အောင် သောက်ပြီးမှထ"
ဒန်နီရယ်စိတ်မရှည်စွာ ကောက်မော့လိုက်ပြီး
"ကျေနပ်ပြီမလား"
"အင်း လိမ်မာတယ်"
ဒန်နီရယ် ထိုဖခင်စိတ်အလွန်ပြည့်ဝသောသူကိုဆက်မကြည့်လိုသောကြောင့် ဧည့်ခန်းတွင်သာထိုင်နေရန်စိတ်ကူးလိုက်သည်။
ပြီးနောက်သူ(ဒန်နီရယ်)တွေးမိသည်က ဤသောမက်စ်ဟူသောသူသည် လီယို့ကိုလည်း မိမိကဲ့သို့ပင်ဆက်ဆံလိမ့်မည်။ထိုအတွေးကြောင့် မဲ့ပြုံးတစ်ခုကို သူနှုတ်ခမ်းတွင်ချိတ်စွဲလိုက်ရင်း စိတ်ထဲတွင်ရေရွတ် လိုက်မိသည်က "ညီလေး မင်းဒီလူ့ကို သေချာပေါက်ဆုံးရှုံးစေရမယ်"ဟူ၍ပင်
A/N
ဒါက pt-8 မဟုတ်ပါဘူးနော်
pt-7 ပါပဲ နှစ်ပိုင်းခွဲတင်မိလို့ အားနာရပါတယ်
ဘယ်လိုနေလဲဗျ ဖတ်ရတာအဆင်ရောပြေကြရဲ့လား
ကျွန်တော့်fic ကိုဝေဖန်ပြီးအကြံပေးကြပါဦး
fic လေးကို ပရိုမိုးရှင်းဆင်းပေးရင်လဲ စိတ်မဆိုးပါဘူးဗျ
ကျွန်တော့်ရဲ့ စုတ်ချာချာအရေးအသားကို ဖတ်ရှုပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်
RL ထဲထည့်ပေးတဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်
Zawgyi
မနက်ခင်းနေရောင်ခြည်သညျ လိုက်ကာကိုထိုးဖောက်ကာ ဒန်နီရယ်၏မျက်နှာပေါ်သို့ကျရောက်လာခဲ့သည်။
ဒန်နီရယ် နှာတစ်ချက်ရှုံလိုက်ပြီး
"ခင်ဗျားထက်ငယ်တာနဲ့ coffee သောက်လို့မရတော့ဘူးလား ဘာဆဆိုင်လို့လဲ ပြီးတော့ ကျွန်တော်က ကလေးမဟုတ်တော့ဘူး"
"ကိုယ့်ထက်ငယ်ရင် ကလေးပဲ စကားပြောတာတွေရပ်ပြီး မနက်စာကိုသေချာစာစမ်းပါ နေ့တစ်နေ့မှာ မနက်စာအရေးအကြီးဆုံးပဲ"
"ခင်ဗျားထက်ငယ်တိုင်း ခင်ဗျားကလေးမဟုတ်ဘူးဗျ ဖခင်မေတ္တာ သိပ်ကိုပြည့်ဝနေရင် ကလေးတစ်ယောကျ​မွေးစားလေ"
"တကယ့် စာအုပ်ကြီး"
"အင်း ပြီးပြီ"
"ပြန်ထိုင်"
"ဟမ် ဘာလို့လဲ"
"ကျေနပ်ပြီမလား"
"အင်း လိမ်မာတယ်"
A/N
Continue Reading
You'll Also Like
128K 2.9K 56
imagines as taylor swift as your mom and travis kelce as your dad
94.8K 157 22
just my thoughts tyy for 40k reads in just 16 days BTW MY INSTA USERNAME IS NOW @yum1kim_
172K 11.1K 44
عادةً ما تأتي العائِلة أولاً، بضجيجها، وحِسها، وحروبِها الدائِمة رغماً عن أمانِها المُستقر، جيشك المُتصدي، محطة إيصالك، ملجأك الدائِم، ويقينك الوحيد،...
17.8K 1.4K 36
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...