Online Forum [Completed]
By ByunSandy614
10.6K 905 1
ရှောင်းကျန့်က အွန်လိုင်းဖိုရမ်တစ်ခုမှာ သူ့ရဲ့ဘဝကို ပို့စ်တင်လေ့ရှိတယ်။ (Xiao Zhan's POV) ရိုင်းစိုင်း၊ မာနကြ... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22 [End]
19
275 29 0
By ByunSandy614
Z...
ရှာင်းကျန့် ပို့စ်တွေကို ကြည့်ဖို့ 'Annoymous85' ကို ချက်ချင်းနှိပ်လိုက်ကာ ပထမဆုံးတစ်ခုအထိ ဆွဲသွားလိုက်တယ်။
"မကြာသေးခင်က ငါ့ကုမ္ပဏီက လူတစ်ယောက်က ငါ့အာရုံကို ဖမ်းစားသွားခဲ့တယ်။ သူက ကိုးရိုးကားရားနဲ့ အလုပ်ကို အပြေးသွားနေတာ၊ အလုပ်ပြီးရင် သူ မှိန်းနေတာ ဒါမှမဟုတ် ခုန်ပေါက်နေတာကို အမြဲတမ်း ငါ မြင်နေခဲ့ရတယ်။
ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့နောက် ရက်သတ္တပတ်တစ်ခုမှာ သူက မိန်းကလေးတစ်ယောက်နဲ့ ယောကျ်ားလေးတစ်ယောက်ရဲ့လက်ကို ချိတ်ထားတာကို မြင်ခဲ့ရတယ်။ ယောက်ျားလေးက သူ့ခေါင်းကို ခဏခဏရိုက်တော့ သူက မိန်းကလေးကို တိုင်တောနေတယ်။
အဲဒီအခါမှာ မိန်းကလေးက သူ့ခေါင်းကို ပွတ်သပ်ပေးခဲ့တယ်။ ယောကျ်ားလေးက သူ့ကို ထပ်ရိုက်ပြန်တယ်။ ဒါပေမယ့် ငါ့ကို မနာလိုဖြစ်စေတာက သူတို့အပေါ်ကို သူက ဘယ်လိုတောင် နီးနီးကပ်ကပ် တွယ်ကပ်နေရတာလဲ။
အနီးကို တိုးကပ်သွားကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို သူက 'အစ်ကို' နဲ့ 'အစ်မ' လို့ ခေါ်နေသံကို ငါ ကြားလိုက်ရတယ်။ အဲ့ဒါက ငါ့ကို စိတ်သက်သာသွားစေတယ်။ အဲ့ဒီအချိန်ကစပြီးတော့ ဒီတုံးအပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးကို ငါ ချစ်မိနေတယ်ဆိုတာ သိလိုက်ရတယ်။ နောက်ဆုံးမှာ ငါ့အတွက် ဒီလိုခံစားရတာက ဒါပထမဆုံးအကြိမ်ပဲ။
နောက်ထပ် ရက်သတ္တပတ်အနည်းငယ်ကြာတော့ အခွင့်အရေးတစ်ခုကို ငါ တွေ့လိုက်ရတယ်။ ငါတို့က ကော်ဖီဆိုင်ထဲမှာ ရှိနေခဲ့ပြီး သူက ပြတင်းပေါက်နားက အစွန်ဆုံးမှာ ထိုင်နေခဲ့တယ်။ ဝင်ပေါက်အနားမှာ ထိုင်ဖို့ ငါ ဆုံးဖြတ်ခဲ့ပေမယ့် သူနဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာပဲ ဝင်ထိုင်လိုက်တယ်။
သူသာ မော့ကြည့်လိုက်ရင်... သေချာပေါက် ငါ့ကို မြင်ရလိမ့်မယ်။ ဒါပေမယ့် သူက သူ့ဖုန်းကိုပဲ ဆက်ကြည့်နေတယ်။ သူက ထွက်သွားတော့မယ့်အချိန်ထိတောင် သူ့ဖုန်းကိုကြည့်ရင်း ရယ်နေခဲ့တယ်။
ငါ အလျင်စလိုထလိုက်ပေမယ့် သူ့ကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို မသိခဲ့ဘူး။ ဒါပေမဲ့ ဒရာမာဇာတ်ကားပေါင်းများစွာရဲ့ ပထမအပိုင်းတွေကို ငါ သတိရသွားခဲ့တယ်။
အဲ့ဒါက မကောင်းဘူးလို့ ခံစားလိုက်ရပေမယ့်လည်း... ငါ့ခန္ဓာကိုယ်က တုံ့ပြန်မှု ပိုမြန်သွားတယ်။ အေးမြတဲ့ ကော်ဖီတွေကို သူ့အပေါ် သွန်ချလိုက်မိတယ်။
ပြီးတော့ "ဖုန်းကိုကြည့်ရင်း လမ်းလျှောက်နေတာ နည်းတောင်နည်းသေးတယ်" လို့ ပြောခဲ့လိုက်ပြီး ငါ ထွက်လာခဲ့လိုက်တယ်။ သူ ငါ့ကို တစ်ချက်ကြည့်လိုက်တာကို မြင်လိုက်ရတော့ ပြန်လှည့်ပြီး ငါ ပြုံးလိုက်မိတယ်။ နောက်ဆုံးတော့ သူ ငါ့ကို မြင်သွားခဲ့ပြီ။
သူ့အကြည့်တွေက အရမ်းချစ်စရာကောင်းတာပဲ..."
ဒါကိုဖတ်နေရင်း ရှောင်းကျန့်ရဲ့ မေးရိုး ပြုတ်ကျသွားတယ်။ ဒီ..ဒီခိုးကြောင်ခိုးဝှက်နဲ့ ရိပေါ်ကတော့! ရည်ရွယ်ချက်ရှိရှိနဲ့ သူက ငါ့အပေါ် ကော်ဖီတွေ သွန်ချပစ်တာပေါ့။ ရှောင်းကျန့်က သူ့ရဲ့ နောက်ပို့စ်ကို ချက်ချင်းနှိပ်လိုက်တယ်။
"နောက်နေ့ နေ့လည်စာ စားတဲ့အချိန်မှာ သူ့ကို ထပ်တွေ့တယ်။ ငါ သူ့ကို လှောင်ပြုံး ပြုံးပြလိုက်တော့ သူက သူ့ရဲ့ ယုန်မျက်လုံးတွေကို ထပ်ပြီးပစ်လွှတ်လာတယ်။
ဟုတ်တယ်...ဒါတွေအားလုံးက ငါ့ရဲ့အစီအစဉ်ထဲမှာပဲလေ။ မင်းတို့ တွေ့တဲ့အတိုင်းပဲ။ သူ့ကို စိတ်ဆိုးအောင်လုပ်တာက သူ ငါ့ကို တစ်ချိန်လုံး တွေးနေမိအောင်လုပ်တဲ့ နည်းလမ်းတစ်ခုပဲ။ တစ်ချိန်လုံး ငါ့အကြောင်းကို တွေးနေမယ်ဆိုရင် ငါ့အပေါ် သူ့ရဲ့ခံစားချက်တွေ တိုးလာလိမ့်မယ်။ အားလုံးပဲ ဒီနည်းလမ်းလေးကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်တယ်။
ဒါနဲ့ ဓာတ်လှေကားစီးဖို့ သူပြေးလာတာကို ငါ တွေ့လိုက်ရတော့ သူ့ကို လှောင်ပြုံး ပြုံးပြလိုက်ပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်တယ်။ သူ့အရှေ့မှာပဲ ဓာတ်လှေကားတံခါးက ပိတ်သွားခဲ့တယ်။
ငါ့ရဲ့ချစ်စရာကောင်းပြီး တုံးအတဲ့ယုန်လေး... သူက ပြုံးတောင်ပြုံးပြပြီး 'ခဏနေပါဦး' လို့ ပြောလာခဲ့သေးတယ်။ သူ့စိတ်ထဲကနေ ငါ့ကိုမထုတ်နိုင်လို့ သူ ဒေါသထွက်နေတော့မှာ အသေအချာပဲ"
ရှောင်းကျန့်က မယုံနိုင်စွာနဲ့ ဖတ်နေရင်း နှုတ်ခမ်းစူလိုက်မိတယ်။ ဒီဝမ်ရိပေါ်... သူက ငါ့ကို အရမ်းဒေါသထွက်အောင် လုပ်ခဲ့တယ်။ ဒါပေမယ့် ဒါက သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ရှောင်းကျန့် မြန်မြန်ပဲ နောက်ပို့စ်ကို ဖတ်လိုက်တယ်။
"ဒီနေ့ သူနဲ့တွေ့တာ သုံးရက်မြောက်နေ့ပဲ။ ဆိုလိုတာက ငါ သူ့ကို ဒေါသထွက်အောင်လုပ်တဲ့ သုံးရက်မြောက်နေ့ပေါ့။ အားးး... သူငါ့ကိုသာ အမြန်ချစ်မိသွားမယ်ဆိုရင် နေ့တိုင်း ဒေါသထွက်နေရမယ့်အစား နေ့တိုင်း ပျော်ရွှင်လာနိုင်တယ်။
ဒါပေမယ့် သူ ဒေါသထွက်နေတဲ့အခါ အရမ်းချစ်စရာကောင်းတယ်။ သူ ငြူစူဆောင့်အောင့်နေတဲ့အခါဆိုရင် ဆိုးဝါးတဲ့ဝံပုလွေကြီးနဲ့ မတူဘဲ ဆူးတွေ ထုတ်လွှတ်တော့မယ့် ဖြူကောင် ဒါမှမဟုတ် ချစ်စရာ ယုန်လေးတစ်ကောင်အတိုင်းပဲ။ ဒါမှမဟုတ် pufferfishလေး... အရမ်းချစ်စရာကောင်းတဲ့ pufferfishလေး...(pufferfish ဆိုတာ ငါးမျိုးစိတ်ထဲက ငါးတစ်ကောင်ပါပဲ။ သူ့ပုံစံက ဖူးရောင်ပြီး ပွရောင်းရောင်းဖြစ်နေတာမျိုးပါ)
ဘာပဲဖြစ်ဖြစ် သူက ငါ့အတွက် ဓာတ်လှေကားကို ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ငါက 'မလိုဘူး' လို့ ပြောခဲ့လိုက်တယ်။ အားးးး... ဒီအခိုက်အတန့်လေးကို မှတ်တမ်းမတင်နိုင်ခဲ့တာ နှမြောစရာပဲ။
သူက ဒေါသအရမ်းထွက်သွားပြီး မျက်နှာက နီရဲနေခဲ့တယ်။ သူ့ခေါင်းထဲက မီးခိုးငွေ့တွေ ထွက်လာတော့မလိုတောင် ငါ မြင်လိုက်ရတယ်။ ဓာတ်လှေကားတံခါးပိတ်သွားတဲ့အခါ ငါ ရယ်မောလိုက်မိတယ်။
အားးးး...ဒါက ဓါတ်လှေကားထဲမှာ ချစ်ဖို့ကောင်းတဲ့ယုန်လေးတစ်ယောက်နဲ့ ငါ ရှိနေခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ခုပဲ။ ဒါပေမယ့် သူ ငါ့ကို တစ်ချိန်လုံး တွေးနေဖို့ လုပ်ရဦးမယ်လေ။ ငါ သူ့ကို တစ်ချိန်လုံး တွေးနေမိသလိုမျိုး။
ဒီသုံးရက်ဆက်တိုက်လုံး အဆင်ပြေပြေနဲ့ပြီးသွားခဲ့ပေမယ့် ငါရဲ့ CEO က ရုတ်တရက်ကြီး ငါ့ကို နိုင်ငံရပ်ခြားသွားဖို့ အမိန့်ပေးခဲ့တယ်... ငါ့ရဲ့ ယုန်လေးကို သေချာပေါက် သတိရနေတော့မှာ။ သူလည်း ငါ့ကို လွမ်းနေမယ်လို့ မျှော်လင့်ပါတယ်"
"အ..အရှက်မရှိလိုက်တာ!" ရှောင်းကျန့် ဖတ်နေရင်း ရှက်သွားတယ်။ သူက ဖြူကောင် မဟုတ်ဘူး။ pufferfishလည်း မဟုတ်ဘူး! ဒါမှမဟုတ် ယုန်တစ်ကောင်လည်း မဟုတ်ဘူး။ ပြီးတော့ သူက ရိပေါ်ကို သေချာမသိသေးဘူးလေ။ ဒီချောမောပြီး ယုံကြည်မှုအပြည့်ရှိတဲ့လူကတော့...
ရှောင်းကျန့် ရုတ်တရတ် ရိပေါ်ကို အရမ်းလွမ်းသွားတယ်။ ဒါပေမဲ့ သူ့ရဲ့အကြံသမား ချစ်သူကို ဘယ်လို လက်စားချေရမလဲဆိုတာ မစဉ်းစားခင် ပို့စ်တွေအားလုံးကို သူ ပြီးအောင်ဖတ်စေချင်သေးတယ်။
"ငါ့ကို နိုင်ငံခြားပို့လိုက်တဲ့ CEOကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် သူ ဘယ်သူ့ကို ထပ်ပို့လိုက်လဲဆိုတာ ခန့်မှန်းကြည့်ပါလား။ အဲ့ဒီလူက ငါ စက္ကန့်တိုင်းလွမ်းဆွတ်နေမိတဲ့ ငါ့ရဲ့ ချစ်စရာ ယုန်ငတုံးလေးပဲ။
အားးးးး... အရမ်းပျော်စရာကောင်းတော့မှာပဲ။ ငါ သူ့ကို ကျီစားပြီး သူ့ရဲ့ ယုန်မျက်လုံးတွေကို ငါ့ဆီ ပစ်လွှတ်အောင်လုပ်ရမယ်။ နောက်ဆုံး ငါ့ကို ချစ်မိသွားအောင်လုပ်မယ်။
ငါ့ရဲ့ခွန်အားတွေအကုန်လုံးကို သူ့အတွက် သုံးရမှာရယ် ပြီးတော့ တစ်ခုခုကို စီစဉ်ရမှာမို့ ပို့စ်တင်ဖြစ်မှာ မဟုတ်ဘူး။ သူနဲ့ လက်တွဲနိုင်တယ်ဆိုတဲ့ သတင်းကောင်းကို အားလုံးကို မျှဝေနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
ရှောင်းကျန့် ရှက်သွားတယ်။ ရိပေါ်က သူ့အကြောင်းကိုပဲ တွေးနေတာကြောင့် သူပျော်တယ်။ ပို့စ်တွေကတစ်ဆင့် ရိပေါ်က သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ခံစားလို့ရနေတယ်။
ရှောင်းကျန့် နောက်ပို့စ်တစ်ခုကို ဆွဲလိုက်တယ်။ ရိပေါ်ရဲ့ အတွေးတွေကို သိရတာက စိတ်ဝင်စားစရာကောင်းပြီး သူ့နှလုံးသားကိုလည်း နွေးထွေးစေတယ်။
"ခရီးစဉ်တစ်လျှောက်လုံးမှာ ပို့စ်တင်ဖို့ အစီအစဉ်မရှိပေမယ့် ငါ သည်းမခံနိုင်တော့ဘူး။ လူတော်တော်များများက ငါ့လူကို မျက်စိကျနေကြတယ်။
ငါတို့ ငှားထားတဲ့ ဧည့်ကြိုဝန်ထမ်းက သူ့အကြောင်းကို မေးလာခဲ့တယ်။ သူမ ပေးလာတဲ့ ဖုန်းနံပါတ်ကို ယူလိုက်ပြီး ငါ အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့လိုက်တယ်။
ဒါပေမယ့်! ငါတို့တွေ့ရတဲ့ ရင်းနှီးမြှုပ်နှံသူကလည်း တကယ်ကို သူ့အပေါ် မျက်စိကျနေပြီး သူက Singleလားလို့ မေးလာတယ်။ ငါ့ရဲ့ယုန်လေးကို အပေါ်အောက် စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကို တွေးလိုက်ရုံနဲ့ ငါ ဒေါသထွက်နေခဲ့တယ်..။
ငါ့ရဲ့ယုန်လေးက အိမ်ထောင်ကျသွားပြီလို့ ငါပြောခဲ့တယ်၊ သူက ငါ့ရဲ့ယုန်လေးကို တကယ်ကြီး မျက်စိတစ်ဖက်မှိတ်ပြသွားတယ်။ ပြီးတော့ ငါ့ယုန်လေးရဲ့လက်မှာ လက်စွပ်မရှိတာကို သူက လက်ညှိုးထိုးပြပြီး single ဖြစ်သွားရင် သူ့ကို လာရှာလို့ရတယ်ဆိုပြီး ပြောသွားတယ်။
သူ့ကို ဘယ်သူလို့ထင်နေတာလဲ။ ငါ့လက်စွပ်ကို ငါ့ယုန်လေးရဲ့လက်ပေါ် အမြန်ဝတ်ပေးတော့မှာ။ ကောင်းပြီ.. ငါ့ယုန်လေးက ငါ့အပိုင်မဟုတ်သေးဘူးဆိုတာ ငါသိပေမယ့်...
ငါ့ယုန်လေးနဲ့ အချိန်တွေ အတူတူကုန်ဆုံးပြီးတာနဲ့ ငါ့ခံစားချက်တွေက ပိုပိုပြီး ကြီးထွားလာတယ်။ ဒါ့အပြင် သူက ငါ့အပေါ် မသိမသာ ချစ်မိနေပြီဆိုတာ သေချာတယ်။ မကြာခင် သူ့လက်ချောင်းမှာ လက်စွပ်တစ်ကွင်းကို သေချာပေါက် ငါ ဝတ်ပေးရတော့မှာ...
ရှောင်းကျန့်က ဖတ်နေရင်း ရှက်သွားကာ သူ့လက်ချောင်းတွေကို ကြည့်လိုက်တယ်။ လက်စွပ်တစ်ကွင်း...ရိပေါ်ဆီက လက်စွပ်တစ်ကွင်းက သူ့လက်ပေါ်မှာ ပြီးပြည့်စုံနေလိမ့်မယ်။ ရှောင်းကျန့်က ပိုပြီးတော့ ရှက်သွားတယ်။
💠💠💠💠💠💠💠💠💠💠💠💠💠💠