ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ (ကံကြမ္မာ...

Von choyee6

658K 62.4K 5.2K

Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu... Mehr

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Character
Chapter - 14
Chapter - 15
Chapter - 16
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Please read ❤
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Return & Character
Chapter - 44
Chapter - 45
Chapter - 46
New Story announce
Chapter - 47
Chapter - 48
Chapter - 49 🚫
Chapter - 50
Chapter - 51
Chapter - 52 [Completed]
Extra
ဆက်အသင်္ခယာရှိန်း@wookie
Please read
To All My beloved Readers ❤
Final Announcement
bullshit!
New Fic Announcement
Special Extra For Water Festival
Unpublished!!
Return
Book Instock

Chapter - 17

9.6K 1.2K 259
Von choyee6

တုိးသဲ့သဲ့စကားေျပာသံေတြ၊ နွာေခါင္းထဲ၀င္လာတဲ့ေဆးအနံ႕တခ်ိဳ႔ေျကာင္႔ အသိကပ္လာသည့္ Shane မွာ မ်ကိလံုးေတြကိုဖြင္႔ျကည္႔လိုက္သည္ႏွင့္ အနားမွာထုိင္ေနသည့္ Devin က ေျပးကပ္လာသည္။

"Shane? သတိရၿပီလား"

"အင္း.."

"ေခါင္းမူးေနလား မအီမသာျဖစ္ေနလား"

"မျဖစ္ပါဘူး.."

"ဘာမွမျဖစ္ပဲေနမလား ။ အမွန္တိုင္းေျပာစမ္းပါ မူးေနလား"

မနက္ခင္းတိုင္း အိပ္ရာကႏိုးထလာသလိုသာ ခံစားခ်က္ေၾကာင့္ ဘာမွမျဖစ္ပါဘူးဟု Shane ေျပာေသာ္လည္း Devin က ယံုၾကည္ဟန္မတူ။

"ငါတကယ္ဘာမွမျဖစ္ေနဘူး Devin။ ငါသတိလစ္သြားတာလား"

"အင္း 2နာရီေလာက္ရွိျပီ"

"ဟိုလူေရာ"

"အဲ့ဒီလူကိုေတာ့မမိဘူး။ မင္းကိုသူက GHB လို႕ေခၚတဲ့ Drug တမ်ိဳးနဲ့ထိုးသြားတာ။ အဲ့ဒီဟာက တကယ္လံုးကို ထံုထိုင္းေစတယ္။ "

"ဟုတ္မယ္ ငါနည္းနည္းေလးေတာင္မလွုပ္နုိင္ခဲ႔ဘူး။"

"မင္း အခ်ိန္မွီမရပ္တန္႕နိုင္ခဲ့ဘူးမဟုတ္လား Shane ။ ငါေျပာပါတယ္ အေျပာမၾကီးပါနဲ႕လို႕ "

"အင္း မင္းေျပာေတာ႔လဲခံရရံုပဲ။ Drug မထိုးသြားရင္ေတာ႔ ငါဒီလိုခံလိုက္ရစရာကိုမရွိဘူး။ "

"ဟိုေကာင္ရဲ႕အစ္ကိုမဟုတ္လား ရဲမွတ္တမ္းက​ေန ေနာက္ေၾကာင္းေသခ်ာစစ္ၿပီးၿပီ"

"အင္း သူဟုတ္တယ္"

ေျပာေနရင္းကေန ထိုအခ်ိန္က ျဖစ္ရပ္တခ်ဳိ့ကိုမ်က္လံုးထဲျပန္လည္ျမင္ေယာင္လာသည္။ ဓားနဲ႔ထိုးအံ့ဆဲဆဲ ထိုလူကိုအေနာက္ဘက္မွတစံုတေယာက္ကေဆာင့္ဆဲြလိုက္ျခင္း....

"Devin မင္းငါ့ဆီလာခဲ့တာလား။ ဘယ္လိုသိလဲ ဟိုလူကေရာ မင္းကို တခုခုလုပ္သြားေသးလား"

"ငါ မလာပါဘူး။ ​ေကာင္းဆက္ေဂ်ဒင္က မင္းဆီလာခဲ့တာ။ ဟိုလူနဲ႕သတ္ပုတ္ထားပံုရတယ္"

ထိုေတာ့မွပင္ ဘာေၾကာင့္ ထိုးေဆးရဲ့ဒဏ္ကိုမခံစားရသလဲဆိုတာကို Shane သ​ေဘာေပါက္သြားခဲ့သည္။ ​ေကာင္းဆက္ကလဲႊယူသြားခဲ့လို႔ပင္။

"သူေရာ Devin? ခဏေခၚေပးပါလား"

"သူက အခုေနေတာ့လာမေတြ႕နိုင္ေသးဘူး။ ခဲြစိတ္ျပီးလို႕ သတိရကာစပဲရွိေသးတာ"

"ဘာာ!! ဘာျဖစ္သြားလို့လဲ။ ဟိုလူ သူ႔ကိုဘာလုပ္သြားတလဲ။ ဓားနဲ႕ထိုးသြားတာလား အမ်ားျကီးထိသြားလား"

ေမးလဲေမး၊ ကုန္း႐ုန္းထကာ လက္ကပိုက္ေတြကိုျဖဳတ္ရန္ျပင္ေနသည့္ Shane ကို မႏုိင္ဘူးဆိုသည့္ဟန္ျဖင့္ Devin က ေခါင္းယမ္းကာ လက္ခံုေပၚကေဆးပိုက္ကိုျဖဳတ္ေပးလာသည္။ထို႔ေနာက္

"မမ်ားပါဘူး။ ဘယ္လိုေတြျဖစ္လဲေတာ့ သူ႕ကိုေမးၾကည့္မွသိမယ္။ သူ႕ပခံုးကို ထိုးမိထားတာရယ္၊ လက္မွာ ျပတ္ရာရွရာေလးေတြေတြ႕တယ္။ ဓားနဲ႕ဆဲြလုထားလို႔ ရွမိတာေနမွာေပါ့။ မင္းတို႕နွစ္ေယာက္လံုးကံေကာင္းတယ္။ အဲ့ဒီအခ်ိန္ parking ကို ၀င္လာတဲ့ကားသာမ႐ွိရင္ အေျခအေနမေကာင္းေလာက္ဘူး"

"ငါ သူ႕ဆီသြားမလို႕ မင္းပါလုိက္ခဲ့ေပး။ သူမိဘေတြေရာေရာက္ေနလား"

"ေလာေလာဆယ္အေၾကာင္းမၾကားရေသးဘူး။ စိတ္မေကာင္းျဖစ္မွာစိုးလို႕"

"ဘာကို စိတ္မေကာင္းျဖစ္မွာလဲ ထိခိုက္မိလို႕လား"

အခန္းျပင္ပကိုထြက္ရန္ျပင္ေနသည့္ Shane ေျခလွမ္းတို႔က နဖူးကိုကုတ္ကာတြန္႔ဆုတ္ေနသည့္ Devin ရဲ႕ဟန္ပန္ေၾကာင့္ ရပ္တန္႔သြားကာ...

"Devin? ေကာင္းဆက္ ဘာျဖစ္ေနလို႔လဲ"

"Shane မင္းမသြားခင္ ငါ တခုၾကိဳေျပာထားမယ္"

"အင္း "

"​ေကာင္းဆက္​ေဂ်ဒင္ကို ရဲစခန္းက မသၤကာမွုနဲ႕ေခတၱထိမ္းသိမ္းထားတယ္။ မင္းကိုသတ္ရန္ၾကံတဲ့သူနဲ႕ တဖဲြ႕တည္းလားဆိုျပီး"

"ဘယ္လို! ငါ့ကို ကယ္တဲ့သူက ရန္ျပဳသူနဲ႔တဖဲြ႕တည္း ျဖစ္နုိင္မလား"

"ဒါေပမယ့္ သူကဘယ္လိုသိျပီး မင္းရွိတဲ့ေနရာကို ေရာက္လာလည္းဆိုတာ ဘယ္သူမွမသိဘူး။ ငါလည္းမသိဘူး။ Company လူ​ေတြလဲမသိဘူး။ ယုတ္စြအဆံုး ႏိုရာ​ေတာင္ ရဲ​ေတြကို​ေျပာမျပတတ္ဘူး။ အဲ့ဒီအ​ေျခအ​ေနက အရမ္းမသကၤာစရာ​ေကာင္းတယ္​ေလ"

"မင္းပါ ​ေကာင္းဆက္ကိုမယံုတာလား Devin"?

"ငါ​ေျပာခ်င္တာက ငါက​ေတာ့မင္းတို႔ရဲ႕အ​ေၾကာင္း​ေတြသိထားသူမို႔လို႔ အဆင္​ေျပ​ေပမယ့္ က်န္သူ​ေတြက၊အထူးသျဖင့္ ရဲ​ေတြအတြက္က​ေတာ့ ​ေကာင္းဆက္ကသံသယျဖစ္စရာအ​ေကာင္းဆံုးအ​ေနအထားမွာ​ေလ။ မဟုတ္ဘူးလား"

"ဒါေပမယ့္ သူ ထိခိုက္ထားတယ္​ေလကြာ။ ဒီအခ်ိန္မွာ သူ႕ကို ထိန္းသိမ္းထားတယ္ဆိုတာ မျဖစ္သင့္ဘူးေလ"

"မင္းနိုးလာျပီး ထြက္ဆိုျပီးရင္ အဆင္ေျပသြားလိမ့္မယ္ထင္တာပဲ။ ​ေသခ်ာ​ေတာ့ ငါမ​ေျပာတတ္ဘူး"

"ဒါျဖင့္လဲ သြားမယ္ Devin"

ေကာင္းဆက္႐ွိရာ အခန္းဝသို႔​ေရာက္႐ွိခ်ိန္မွာ​ေတာ့ အခန္းဝေစာင့္ေနတဲ့ ရဲနွစ္ေယာက္ႏွင့္ အထဲလွမ္း၀င္ခ်ိန္ ခံုမွာ ထိုင္ေနတဲ့ ရဲတေယာက္ကိုျမင္လိုက္ခ်ိန္ Shane မ်က္ခံုး​ေတြကတြန္႔ခ်ိဳးသြားသည္။ ရာဇ၀င္လူဆိုးလည္းမဟုတ္ပဲ အဲ့ဒီေလာက္ထိလိုလို႕လားဟု ေတြးမိကာ ထြက္စျပဳေနတဲ့​ေဒါသေတြက ကုတင္ေပၚမွိန္းေနကာ ကုတင္နဲ႕ပတ္တီးအေဖြးသားျဖစ္ေနတဲ့ လက္ကေလးတဖက္ကို တဲြခတ္ထားတဲ့ လက္ထိပ္တခုကို ျမင္ေတာ့ ေဒါသကငယ္ထိပ္ေရာက္သြားခဲ့သည္။ ထိုလက္ထိပ္ကို လက္ညွိုဳးထိုးကာ

"Holy Shit!! ဒါ ဘာလုပ္ထားတာလဲ။ ဘယ္သူခတ္ထားတာလဲ။ မင္းလား!!"

​ေဒါသအ႐ွိန္​ေၾကာင့္ အသံကအ​ေတာ္​ေလးကို က်ယ္​ေလာင္​ေနမႈက ႏိုရာအပါအဝင္ ကုတင္အနီးခံုမွာထိုင္ေနတဲ့ ရဲကိုပါ တုန္တက္သြား​ေစသည္။ လက္ထိပ္ခတ္ျခင္းနဲ႔ပတ္သတ္လို႔ ေျဖရမယ့္သူက သူသာလ်ွင္႐ွိသည့္ဟု ထိုရဲသားက မွတ္ယူထားပံုႏွင့္ ဝင္ေျဖလာေတာ့သည္။

"ကၽြန္ေတာ္က အထက္ကခိုင္းတဲ့အတိုင္းလုပ္ရတာပါ။ ထြက္ေျပးမွာစိုးလို႕"

"အခုမွ ခဲြစိတ္ျပီးတဲ့သူက ထြက္ေျပးမလား။ ျပီးေတာ့ သူလုပ္ပါတယ္၊ ျကံရာပါျဖစ္ပါတယ္ဆိုတဲ့ သက္ေသ​ေရာ မင္းတို႔မွာ႐ွိလား။ မရွိဘူးမလား အခုျဖဳတ္ေပး"

"ဆရာ့ထြက္ဆိုခ်က္ျပီးလို႕ သံသယ႐ွင္းရင္ျဖဳတ္ေပးမွာပါ"

"ဒါျဖင့္လဲ အခု ထြက္ဆိုမယ္။ ဘယ္သူေမးမွာလဲ ေမးမယ့္သူလာခဲ့"

"ကၽြန္ေတာ္ အမွုစစ္ေတြကိုေခၚလိုက္ပါ့မယ္။ ခဏ​ေလာက္ေစာင့္ေပးပါ"

ဆူညံသြားသည့္အသံဗလံမ်ားေၾကာင့္ထင္သည္။ တေစာင္းေလးမွိန္းေနရာက မ်က္လံုးဖြင့္ၾကည့္လာသည့္ ေကာင္းဆက္။ ေသြးထြက္ထားသည့္အ႐ွိန္၊ Drug အ႐ွိန္ေၾကာင့္  ၾကည္လဲ့​ေနတတ္သည့္ စိမ္းဖန္႔ဖန္႔ မ်က္လံုးေလးေတြက ယခုေတာ့ညႇိဳးႏြမ္းလို႔။ မ်က္ႏွာေလးမွာလဲ မ်က္ႏွာငယ္ေလးနဲ႔မို႔ ေသးေသးေလးသာက်န္ေတာ့သည္။ စိတ္ထဲမေကာင္းလာေတာ့ သက္ျပင္းသဲ့သဲ့ခ်ကာ လက္ေမာင္းတဖက္ကိုဖြဖြကိုင္လိုက္သည္။

"နိုးျပီလား"

"ဟုတ္ကဲ့"

"မအီမသာ ခံစားေနရလား ေကာင္းဆက္? မ်က္ႏွာကႏြမ္းဖက္ေနတာပဲ"

"ေဆးအ႐ွိန္ေၾကာင့္ပါ။ ခဏေနရင္ေကာင္းသြားမွာပါ။ Shane အဲ..Mr Shane ေရာ အဆင္ေျပရဲ႕လား"?

႐ုတ္တရက္ထြက္​ေပၚလာသည့္ Shane ဟူေသာနာမ္စားက ရင္ထဲၿငိမ့္ခနဲ။ လက္ဖဝါးႏွစ္ဖက္လံုးပတ္တီးအေဖြးသား၊ ပခံုးမွဒဏ္ရာကိုခဲြခန္းဝင္ထားရသည့္အျပင္ လက္တဖက္ကိုပါလက္ထိပ္ခတ္ခံထားရသည့္အေနအထားမွာ႐ွိေနေသာ​ေကာင္းဆက္က သူ႔ကိုစိတ္ပူစြာေမးေန႐ွာသည္။ ေခါင္းကိုဘယ္ညာယမ္းျပလိုက္ၿပီးေနာက္..

"ကုိယ္ ဘာမွ​မျဖစ္ပါဘူး။ မင္းရဲ႕ကယ္တင္မႈ​ေၾကာင့္​ေပါ့။ ​ေကာင္းဆက္ဘယ္လိုသိတာလဲ? မင္းျမင္ခဲ့တာအခုျဖစ္ခဲ့တဲ့ အျဖစ္အပ်က္လား"

"အင္း..."

"အဲ့ဒါ ဘာလို႕မေျပာခဲ့တာလဲ...?"

"ကၽြန္ေတာ္က ဘယ္လိုေျပာရမွာလဲ။ ကၽြန္ေတာ္ ခင္​ဗ်ားကို​ေျပာဖူးတယ္​ေလ Mr Shane ။ အေသးစိတ္ေျပာျပလို႕မရဘူး ေျပာလိုက္ရင္ အဲ့ဒီလူဆီေသျခင္းတရားက ေန႕မကူးပဲ ေရာက္လာတဲ့အျပင္ သူ႕ကံၾကမၼာကုိလည္း ထပ္မျမင္နိုင္ေတာ့ပါဘူးဆိုမွ။ ျပီးေတာ့ ကၽြန္ေတာ့္ေနရာမွာ Mr Shane ဆိုရင္​ေရာယံုမွာလား။ အခုမွ စေတြ႕တဲ့သူက ခင္ဗ်ားကို ခင္ဗ်ားဒရိုင္ဘာကဓားနဲ႕ထိုးလို႕ေသလိမ့္မယ္ေျပာရင္ ယံုမွာလား"

"ကုိယ္ မင္းကို ေျပာခဲ့ျပီးသား ​ေကာင္းဆက္။ အဲ့ဒါေတြကို ယံုတယ္လို႕"

"လူေတြက စမ္းသပ္ခ်င္တဲ့စိတ္ေၾကာင့္သာ ယံုတယ္ ယံုတယ္ ဖင္ပိတ္ေအာ္ေနတာ။ တကယ္တမ္းေျပာၾကည့္ပါလား။ ေစာက္ရူး က်ိန္စာတိုက္ေနတယ္ဆိုျပီး ေသြးပ်က္ေနၾကတာ" 

အသားနာထားသည့္အျပင္ ၾကံဳေတြ႔ထားသည့္ကိစၥေၾကာင့္ ေကာင္းဆက္မွာအနည္းငယ္ေဒါသထြက္ေန႐ွိေနတာေၾကာင့္ ဆက္မေျပာလိုေသာ္လည္း လက္ထိပ္ခတ္ခံထားရသည္ကိုေတာ့ ႐ွင္းကို႐ွင္းရမည္။

"ေကာင္းဆက္? မင္းလက္ထိပ္ခံရတာ ဘာေၾကာင့္ဆိုတာ မင္းသိတယ္မလား"

"ဟုတ္ကဲ့..."

"ရဲေတြမလာခင္ ကုိယ့္ကိုအကုန္ေျပာျပ ဘယ္လိုက​ေနဘယ္လို ကိုယ္ရွိေနတဲ့ေနရာကိုေရာက္လာတာလဲဆိုတာ"

ေျပာျပဟုဆိုေသာ္လည္းမေျပာပဲ...အသံတိတ္သာ Shane ရဲ႕မ်က္လံုး​ေတြထဲ စိုက္ၾကည့္ေနတဲ့ ေကာင္းဆက္အေပၚအားမလိုအားမရျဖင့္ လက္​ေမာင္းကိုထပ္မံလွုပ္ကိုင္ကာ...

"အခ်ိန္မရွိဘူး ​ေကာင္းဆက္ရာ။ ယံုတာေတြ၊ မယံုတာေတြ တခြန္းမွထပ္မေျပာပဲ ျဖစ္စဥ္အကုန္သာ ေျပာျပ"

"................."

"ေကာင္းဆက္ေဂ်ဒင္!!"

"Mr Shane ရဲ႕အက်ီၤကိုေတြ႕ခဲ့လို႕"

"ဘယ္လို"

"နိုရာ Pizza ဆင္းယူခ်ိန္ကရိုက္လာတဲ့ Selfie ထဲမွာ ဓာတ္ေလွကားစီးဖို႕ေစာင့္ေနတဲ့ Mr Shane ရဲ႔ပံု ပါလာတာ​ေတြ႔လိုက္တယ္။အက်ီက ကၽြန္ေတာ္ျကိဳျမင္ခဲ့တဲ့ အက်ီၤ။ ဒါ​ေပမဲ့ ခင္ဗ်ားဘယ္မွာလဲဆိုတာ ဘယ္သူ့ကိုမွေမးလို့မရခဲ့ဘူး။ ​ေနာက္ေတာ့ ကၽြန္ေတာ္လိုက္ဆက္စပ္ေတြးရင္းက Car parking မွာ ရွိေနလိမ့္မယ္ဆိုျပီးထြက္လာခဲ့တာ"

"ဟုတ္တယ္ ကိုယ္ အ၀တ္အစားေတြ လဲလိုက္မိတယ္ ညေနစားပဲြက အေရးၾကီးလို့။ ဒါေပမယ့္ အဲ့ဒီလိုဆိုလည္း လူေတြေခၚျပီးလာခဲ့ပါလား။ တေယာက္တည္းလိုက္လာတာ ဘယ္​ေလာက္ေတာင္ အႏၱာရယ္မ်ားလဲသိရဲ႔လား။ အခုဓားနဲ႕ထိုးခံရျပီေလ။"

"ကၽြန္ေတာ္ အဆင္ေျပပါတယ္"

"မင္း တခုခုျဖစ္သြားရင္ ကုိယ္ဘယ္လိုလုပ္ရမလဲ ေကာင္းဆက္...ေနာက္ကိုအရဲမကိုးပါနဲ႔"  

"..........."

"ၿပီးေတာ့ ကုိယ့္ဆီက...."

ဘာဆက္ေျပာမည္ဆိုတာကို ရိပ္မိေနတဲ့ေကာင္းဆက္က Shane စကားမဆံုးမီမွာပင္ ျဖတ္ေျပာလာသည္။

"Poison တခုခုနဲ႕ထိုးသြားတယ္ထင္လို႕ပါ...."

"တကယ့္Poison ဆို မင္းဘယ္လိုလုပ္မလဲ"

"သူမ်ားဆီက စုပ္ယူထားတဲ့ ေ၀ဒနာေတြ၊ နာက်င္ရတာ ေတြက ကၽြန္ေတာ့္ကို တကယ္မသက္ေရာက္ဘူး။ 1မိနစ္ 2မိနစ္ အလြန္ဆံုး 5မိနစ္စာေလာက္ပဲ ကၽြန္ေတာ္ခံစားရတာ။ ျပီးရင္ ေပ်ာက္သြားတယ္ အခု လဲသြားတာက ဒဏ္ရာေၾကာင့္..."

ထပ္မံစကားဆက္ခ်င္ေပမယ့္ စစ္ေမးမည့္အမွုစစ္ေရာက္လာျပီ ျဖစ္တာေၾကာင့္ ေျပာလက္စ စကားေတြကို Shane ရပ္တန္႔လိုက္ရသည္။ အမႈစစ္ကေတာ့အနားကပ္လာၿပီးေနာက္...

"Mr Olivier Shane ဟုတ္ပါတယ္ေနာ္"

"ဟုတ္ပါတယ္..."

"Mr Olivier Shane ကို ေမးျမန္းစရာေတြ အနည္းငယ္ ရွိလို႕ပါ။ အဆင္ေျပမလားမသိဘူး"

"ရပါတယ္ အဲ့ဒီမတိုင္ခင္ တခုေမးခ်င္တာက သူ႕ကို ဘာျဖစ္လို႕ လက္ထိပ္ခတ္ထားရတာလဲ။ CCTV မွာ ျပန္ၾကည့္ရင္ ကၽြန္ေတာ့္ကိုကာကြယ္ဖို႕ သူ ၾကိဳးစားခဲ့တယ္ဆိုတာ ဒီကအရာရွိေတြလည္း သိမွာပါ"

"ကၽြန္ေတာ္တို႔ၾကည့္ျပီးပါျပီ။ ျဖစ္ျဖစ္ခ်င္း အခ်ိန္တုန္းက ေကာင္းဆက္ေဂ်ဒင္က Mr Shane ရဲ႕အနားမွာရွိေနပါတယ္CCTV အရလဲ သူက ဒီကိုလာရင္းနဲ႕ သူေဌး အႏၱာရယ္ၾကံဳေနတာကို ၾကံဳလို႕၀င္ကူညီတာမ်ိဳး မဟုတ္ပဲ ဒီလိုျဖစ္ေနတယ္ဆိုတာသိလို႕ အသည္းအသန္လာျပီး ကူတဲ့ ပံုမ်ိဳးျဖစ္ေနတာပါ။ အကုန္လံုးကို ေမးၾကည့္ေတာ့ ေကာင္းဆက္ေဂ်ဒင္ကို ကားပါကင္သြားခိုင္းတာ တေယာက္မွ မရွိသလို Mr Shane မေရာက္ခင္ကလည္း သူ႕အခန္းထဲမွာ Mr Shane ဘယ္မွာလဲလို႕ အေလာတၾကီးေမးတယ္လို႕ ေျဖဆိုခ်က္ေတြ ထြက္ထားပါတယ္။ "

"အဲ့ဒီ​ေတာ႔..."

"ျကံရာပါလို႕ဆိုလိုခ်င္တာ မဟုတ္ေပမယ့္ ျကိဳသိေနတဲ့ ပံုမို႕လို႔တရားခံနဲ႕ တမ်ိဳးတဖံု ပတ္သတ္ေနလိမ့္မလားလို႕ ယူဆတာေၾကာင့္ ေခတၱထိန္းသိမ္းထားတဲ့သေဘာပါ။ လက္ထိပ္ခတ္ရတာလည္း တာ၀န္အရမို႕လို႕ နားလည္ေစခ်င္ပါတယ္"

"ဟုတ္ပါျပီ တာ၀န္အရဆိုေတာ့လည္း ကၽြန္ေတာ္ေမးစရာ မ႐ွိတာ့ပါဘူး။ ခုန ရဲ အရာရွိေျပာခဲ့တဲ့ အေၾကာင္းေတြထဲမွာ သူ႔အ​ေပၚနားလည္မွုလဲြေနတာေတြ ပါေနပါတယ္။ သူဘာလို႕ၾကိဳသိသလို ျဖစ္ေနရသလဲဆိုရင္.."

Shane ရဲ႕ေျဖ႐ွင္းခ်က္ကို နားေထာင္ေနၾကသူေတြထဲက ေကာင္းဆက္နဲ႔ႏိုရာမွာ ဒီေနရာအေရာက္မွာေတာ့ လႈပ္လႈပ္႐ွား႐ွားျဖစ္သြားကာ ထုတ္ေျပာေတာ့မည္အထင္ႏွင့္လန္႔ဖ်န္႔ေနဟန္။ သူတို႔ထံတခ်က္ေဝ့ၾကည့္ၿပီးေနာက္ ရဲအရာ႐ွိထံ အၾကည့္ပို႔လိုက္သည္။

"ကၽြန္ေတာ္သူ႕ကို ဖုန္းေခၚခဲ့လို႕ပါ။ ေဆးတမ်ိဳးမ်ိဳးပါတဲ့ အရည္နဲ႕အထိုးခံရျပီဆိုတာသိတာနဲ႕ ကၽြန္ေတာ္ ေကာင္းဆက္ေဂ်ဒင္ကို ဖုန္းေခၚခဲ့ပါတယ္။ ေဆးအာနိသင္က ခ်က္ခ်င္းတက္လာေတာ့ ဘာကိုမွ တိတိက်က် ကၽြန္ေတာ္ မေျပာနိုင္ခဲ့ေပမယ့္ ေကာင္းဆက္ေဂ်ဒင္က ကၽြန္ေတာ္တစံုတခုျဖစ္ေနျပီဆိုတာ ရိပ္မိခဲ့တဲ့ပံုပါပဲ။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ဘယ္မွာလဲဆုိတာလုိက္ရွာခဲ့ျပီး ေနာက္ဆံုး ကၽြန္ေတာ့္ဆီေရာက္လာတာပါ။ ကၽြန္ေတာ့္အတြက္ ေကာင္းဆက္ေဂ်ဒင္က အသက္သခင္ေက်းဇူးရွင္ျဖစ္သလို ၀န္ထမ္းေကာင္းတေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒီလို အသက္သခင္ေက်းဇူးရွင္သူ႕ကိုမွ ကၽြန္ေတာ့္ေရွ႔မွာ လက္ထိပ္နဲ႕ျမင္ရေတာ့ အေတာ္စိတ္မေကာင္းျဖစ္မိပါတယ္။ တကယ္ဆို ကၽြန္ေတာ့္ေၾကာင့္ သူေတာင္ ထိခိုက္ဒဏ္ရာ ရခဲ့ေသးတာေလ"

ဒီေလာက္ဆိုရင္ လက္ထိပ္ျဖဳတ္ေပးသင့္ေနျပီ ျဖစ္ေၾကာင္း ထိုအမွုစစ္သေဘာေပါက္လုိက္သည့္ဟန္ျဖင့္ ေခါင္းတခ်က္ညိတ္ျပကာ လက္ထိပ္ျဖဳတ္ေပးလာသည္။

"တရားခံနဲ႕ပတ္သတ္ျပီး Mr Shane ဘယ္လိုလုပ္ခ်င္ပါသလဲ"

"အမွုပိတ္ေပးပါ"

"Shane!"  "ခင္ဗ်ာ..."

မယံုၾကည္နိုင္တဲ့အသံနွစ္ခုက အမွုစစ္နဲ႕ Devin ထံမွာထြက္ေပၚလာၿပီးေနာက္ Devin က အမႈစစ္ကိုလက္ကာျပကာ Shane ကို အခန္းေထာင့္ဆီသို႔ဆဲြေခၚလာသည္။

"မင္းနဲ႕ငါ ခဏစကားေျပာရေအာင္.."

"ဘာေျပာဦးမလို႕လဲ Devin "

"မင္း ရူးေနလား Shane ။ ဟိုလူက မင္းကိုအေသလုပ္တာေနာ္။ ကံ​ေကာင္းလို့ေသေဘးက မင္း လြတ္ခဲ့တာကို အမႈပိတ္မယ္ဟုတ္လား"

"အင္း....."

"အင္း ဘာအင္းလဲ? မရဘူး။ အခု သူလြတ္ေနတာေနာ္။ ေနာက္တၾကိမ္ထပ္လုပ္ၾကံရင္ ဘယ္လိုလုပ္မလဲ..."

"သူက ငါ့ကိုဒုကၡေပးဖို႕ နွစ္ခ်ီျပီးႄကံစည္ခဲ့ေပမယ့္ ဒါေတြကို လက္ရဲစြာနဲ႕လုပ္ရဲတဲ့အထဲ​ေတာ့ မပါ႐ွာပါဘူး..."

"မင္းကဘာကိုၾကည့္ၿပီးေျပာေနတာလဲ"

"သူ႔ငါ့အနားေနခဲ့တာၾကာၿပီ သူတကယ္သာ လက္ရဲဇက္ရဲဆို ငါေသတာၾကာၿပီေပါ့။ သူ မရဲခဲ့လို႔သာ ဒီေန႔အထိေရာက္လာတာ။ ျပီးေတာ့ သူ႔ကိုေထာင္ခ်ပစ္ဖို႔ထက္ တႀကိမ္ေလာက္ခြင့္လႊတ္လိုက္ခ်င္တယ္။သူ႔ညီေလးကိစၥနဲ႔ သူခံစားေနရလို႔ ငါ့ကိုမုန္းတာေနမွာပါ"

"အဲ့ဒီကိစၥကမင္းနဲ႔ ဘာမွမွမဆိုင္တာ။ သူကအဲ့ဒါကိုအထင္ေတြမတရားလဲြေနလို႔ ဘယ္သူ႔စကားမွနားမဝင္ဘူး.."

"ေနာက္တႀကိမ္ၾကံဳခဲ့ရင္ေတာ့ ငါ႐ွင္းျပလိုက္ပါဦးမယ္"

"႐ူးေနၿပီ မင္းတကယ္ကိုသြက္သြက္ခါ႐ူးေနၿပီ။ မွတ္ထား Shane..လူတုိင္းကိုေသခ်ာေျပာျပရံုနဲ႔ နားဝင္မယ္မထင္နဲ႔။ မင္းေသခ်ာေျပာျပလည္း သူရဲ့အသိတရားက လက္ခံႏိုင္တဲ့အဆင့္ထိ​႐ွိ​ေနဦးမွေလ"

"ဒါ​ေပမဲ့ ငါအမႈပိတ္မယ့္လမ္းကိုပဲ ​ေရြးခ်ယ္ခ်င္တယ္။ အဲ့ဒါ​ေၾကာင့္ မင္းဒီလိုပဲသိထားလိုက္​ေတာ့"

Devin ရဲ႕အေတြးနဲ႔သူ႔ရဲ႕ေတြးပံုျခင္းက ကြာျခားေနသည္မို႔ ထပ္ေျပာလည္းပဲလိုခ်င္သည့္ အဆံုးသတ္ကိုေရာက္မည္မဟုတ္ေၾကာင့္ Shane နားလည္ထားသည္မို႔ စကားစကိုျဖတ္လိုက္ကာ အမႈစစ္အရာ႐ွိနဲ႔ အမႈပိတ္ဖို႔ကိစၥအဆံုးသတ္ေျပာၿပီး​ေနာက္မွာ​ေတာ့ ရဲေတြလဲဲျပန္သြားခဲ့ည္။ မိနစ္ပိုင္းမ်ွတိတ္ဆိတ္​ေနရာမွ Devin ကထိုင္ေနရာမွ ထရပ္ကာ...

"Shane? ငါ ႏိုရာ့ကိုေခၚၿပီး တခုခုထြက္စားလိုက္ဦးမယ္။ မိုးအေတာ္ခ်ဳပ္ေနၿပီ ေကာင္းဆက္နဲ႔မင္းကိစၥနဲ႔ႏိုရာဘာမွမစားရေသးဘူး။ ဗိုက္ဆာေနၿပီလားႏိုရာ..."

အျမဲတမ္းအစားဆိုတက္ႂကြေနသည့္ ႏိုရာ့က ဒီတႀကိမ္ေတာ့ ​ေကာင္းဆက္ကို တခ်က္ၾကည့္ကာ ေခါင္းခါျပကာထုိင္ျမဲတုိင္းထိုင္ေနသည္။ လူကျငင္းဆို​ေသာ္လဲ ဗိုက္က​ေတာ့မျငင္းဆိုခဲ့...

"ဂီြ"

ဟူ​ေသာ ႏိုရာ့ဗိုက္ထဲကအစာ​ေတာင္းသံထြက္လာ​ၿပီးေနာက္ ႏုိရာကမ်က္ႏွာ႐ွံု႔မဲ့ကာ

"ငါလူးမဗိုက္ လူကဟန္အျပည့္နဲ႔ေနေနရင္ သူကေစာက္႐ွက္လိုက္ခဲြၿပီ..."

ဟူေသာ စကားတခြန္းက ထြက္ေပၚလာသည္။ ဘာအဓိပၸယ္​လဲ​ေတာ့ Shane ​ေရာ Devin ပါ နားမလည္​ေပမယ့္ ​ေကာင္းဆက္ကရယ္​ေနသည္မို႔ ရယ္စရာပင္ျဖစ္လိမ့္မည္။ ထို႔​ေနာက္ေကာင္းဆက္က တစံုတခုထပ္​ေျပာမွ ​ေခါင္းညိတ္ကာ အျပင္ထြက္ရန္ျပင္ေနေပမယ္႔ ဝ႐ုန္းသုန္းကားႏွင့္ေဆးရံုေျပးလာၾကရသည္မို႔ ႏို႔ရာမွာအေပၚထပ္အက်ီမပါလာ။ ထို႔ေၾကာင့္Devin က သူ႔အက်ီကိုခြၽတ္၍ ကမ္းေပးလိုက္သည္။

"ကိုယ့္အက်ီဝတ္ထားႏိုရာ..."

"ရတယ္ ကြၽန္ေတာ္မဝတ္ေတာ့ဘူး။ Devin မွာအပိုလဲမ႐ွိပဲနဲ႔"

"ရတယ္ ကုိယ္ကဒီႏုိင္ငံမွာေမြးတာအေအးဒဏ္ခံႏုိင္တယ္။ ကုိယ္ျမန္မာႏုိင္ငံအေၾကာင္း႐ွာၾကည့္ၿပီးၿပီ။ တခ်ိန္ခ်ိန္​ေတာ့သြားလည္ဦးမယ္။ ျမန္မာႏုိင္ငံရဲ႕ရာသီဥတုကအပူပိိုင္းဆို။ ႏိုရာက ျမန္မာဆိုေတာ့...."

"ကြၽန္ေတာ္မိဘကျမန္မာေပမယ့္ ကြၽန္​ေတာ္က​ေတာ့ ဒီႏုိင္ငံမွာပဲေမြးတဲ့ဒီႏုိင္ငံသားပဲ။ "

"ဒါေပမဲ့ ကုိယ္ကဆရာဝန္ေလ။ က်န္းမာေရးကိုေစာင့္ေ႐ွာက္ႏုိင္..."

"ဆရာဝန္လဲအ​ေအးမိၿပီးေသတတ္ပါတယ္။ ဘာသားနဲ႔ထုထားတာမို႔လို႔..."

"ဘာပဲျဖစ္ျဖစ္အေႏြးထည္ကိုႏုိရာပဲဝတ္၊ ကုိယ္ကအဆင္ေျပတယ္ ကားေပၚေရာက္ရင္ Heater ဖြင့္မွာ။ လာ သြားၾကစို႔...Shane? မင္းအတြက္ဘာဝယ္ေပးခဲ့ရမလဲ။"

"မဝယ္နဲ႔ငါကျပန္မွာ။ ေကာင္းဆက္အတြက္သာဝယ္ခဲ့။ ေကာင္းဆက္? မင္းစားခ်င္တာႏိုရာ့ကိုမွာလိုက္။"

"အဆင္ေျပတာသာဝယ္ခဲ့ပါႏိုရာ။မင္းဘာစားမွာလဲ မင္းစားတဲ့ဟာပဲ ငါ့အတြက္ဝယ္ခဲ့။"

"ငါကဘာစားမွာလဲဆိုေတာ့​ေလာ​ေလာဆယ္​ေခါင္းထဲ ဆယ္မ်ိဳးေလာက္ျဖစ္ေနတာ။ အစားခ်င္ဆံုးကိုကားေပၚေရာက္မွ စဥ္းစားမယ္။တခုခုဝယ္ခဲ့မယ္ကြာ...ေနာ္.."

"အင္း..."

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ႏိုရာတို႔ထြက္သြားၿပီးေနာက္ ႏွစ္ဦးတည္းသာက်န္ေနခဲ့ခ်ိတ္ဘာေျပာရမွန္းမသိ၍ ေကာင္းဆက္ၿငိမ္ေနခဲ့သည္။ Mr Shane ကေတာ့ သူ႔ေၾကာင့္ထိခိုက္သြားရျခင္းအေပၚစိတ္မေကာင္းျဖစ္ေနဟန္ျဖင့္ ၾကည့္ေနၿပီး ထိုမ်က္လံုးေတြထဲမွာ ဆဲြငင္အားပါ​ေနသလိုလိုမို႔ ေကာင္းဆက္ေစ့ေစ့ပင္ျပန္မၾကည့္ရဲေပ။ ခဏအၾကာေတာ့မွာ Mr Shane က တိတ္ဆိတ္မႈကိုၿဖိဳခြင္းလာသည္။

"မင္း မိဘေတြကို ကိုယ္ အေၾကာင္းၾကားေပးရမလား။ ထိခိုက္မိထားတဲ့အျပင္ လက္ထိပ္ပါအခတ္ခံရထားရေတာ့ မင္းမိဘေတြျမင္ရင္ စိတ္မေကာင္းျဖစ္မွာစိုးလို႔ အေၾကာင္းမၾကားရေသးဘူး"

"မေျပာပါနဲ႔ စိတ္ပူတာပဲအဖတ္တင္မယ္။ ကြၽန္​ေတာ္လဲ Company မွာညဆုိင္း​ေတြဆင္း​ေနတာဆို​ေတာ့ အိမ္ျပန္စရာမလိုတဲ့အတြက္ မိဘ​ေတြလဲမျမင္ရဘူးဆိုေတာ့ေလ။ မနက္ျဖန္ေဆးရံုဆင္းၿပီးရင္..."

"မနက္ျဖန္ ​ေဆးရံုဆင္းလို႔ရမယ္ ဘယ္သူက​ေျပာလဲေကာင္းဆက္?"

"ဘာမွမွမျဖစ္တာ။ မေနခ်င္ဘူး Company မွာပဲေနမယ္။ ေဆးရံုထက္ ကုိယ္ရင္းႏွီးတဲ့ Company ေနရာမွာဆို ပိုၿပီးေနလို႔အဆင္ေျပမယ္ထင္တယ္"

"လက္ႏွစ္ဖက္လံုးပတ္တီးအေဖြးသား၊ ပခံုးကဒဏ္ရာကိုခ်ဳပ္ထားတာနာရီပိုင္းပဲ႐ွိေသးတယ္။ အဲ့ဒါကိုမင္းက အလုပ္လုပ္ဦးမယ္ေပါ့"

"နာက်င္မႈေပါင္းစံုကို မ်ိဳးစံုေနေအာင္ ခံစားဖူးတဲ့ကြၽန္ေတာ့္အတြက္ကေလ အခုဒဏ္ရာေတြက ပမႊားေလးပဲ႐ွိတယ္။  "

ထိုစကားကတကယ္ပင္။ေသခါနီးလူေတြရဲ႕ နာက်င္ခံစားရမႈေတြနဲ႔တစ္ထပ္တည္း ႀကိဳျမင္ရင္းခံစားရတာေတြ၊ သူတပါးနာက်င္ေနတဲ့ေဝဒနာေတြကို စုပ္ယူေပးခဲ့တာေတြက အႀကိမ္ေပါင္းမ်ားလြန္းလို႔ ဓားနဲ႔အထိုးခံရရင္ဘယ္လိုနာတယ္၊ ကားအႀကိတ္ခံရရင္ ဘယ္လိုနာတယ္၊ တုိက္ေပၚကျပဳတ္က်ရင္ဘယ္လိုခံစားရတယ္ဆိုတာေတြကို ေကာင္းဆက္အေသးစိတ္ေတာင္မွတ္မိေနၿပီျဖစ္သည္။ Mr Shane ကေတာ့ ေခါင္းဆတ္ျပကာ...

"Devin ကိုေမးၿပီးရတယ္ဆို မနက္ျဖန္ေဆးရံုဆင္းလို႔ရမွာပါ။ ႏုိရာတို႔ကၾကာဦးမယ္ထင္တယ္။ ေရခဲေသတၱာထဲမွာလဲ အေအးေတြပဲ႐ွိတယ္။ ေသာက္ခ်င္လား ေကာင္းဆက္"

"ဟုတ္ကဲ့..."

ရင္ပူေနသလိုျဖစ္ေနေတာ့ ၿငိမ္သက္ေစဖို႔ရာအေအးေသာက္ဖို႔ တကယ္ပင္အာသီသ႐ွိသည္။ သို႔ေသာ္ခက္သည္က အေအးဗူးကို Mr Shane က ​ေဖာက္​ေပး​ေပမယ့္ စုပ္ေသာက္စရာပိုက္မ႐ွိ၊ လက္ႏွစ္ဖက္လံုးပတ္တီးထူထူစည္းထားရသည္မို႔ ဘူးကိုလည္းမကိုင္ႏိုင္ေတာ့ ဘယ္လိုေသာက္ရမလဲဆိုတာ မသိသည့္အဆံုး မေသာက္ေတာ့ဘူးဟုဆံုးျဖတ္ကာ တစံုတခုေျပာမည္ၾကံေနခိုက္မွာပင္...

Mr Shane က အေအးဘူးထဲကအရည္မ်ားကို ေဆးရံုစားပဲြေပၚကဖန္ခြက္ကေလးထဲေျပာင္းထည့္သည္။ ထိုဖန္ခြက္ကို ေကာင္းဆက္ႏႈတ္ခမ္းဝတြင္ေတ့ေပးကာ ျပံဳးျပလာၿပီးေနာက္...

"ကုိယ္ကူညီေပးမယ္။ ရင္ထဲပူေနတယ္မဟုတ္လား နည္းနည္းေသာက္လိုက္..."

ကေလးတစ္ေယာက္ကိုခြံေကြၽးသလို ေမးေစ့ေအာက္မွ လက္ေလးတဖက္ျဖင့္ခံထားကာ က်န္တဖက္ျဖင့္တငံုျခင္းေသာက္ႏုိင္ေစရန္ အခ်ိန္အဆျဖင့္ႏႈတ္ခမ္းဝကိုေတ့ေပးထားသည္။ အေလ့မ႐ွိသည္ကတစ္ေၾကာင္း၊ဒီအရြယ္​ေရာက္မွ ခြံေကြၽးခံရျခင္းေၾကာင့္ အ႐ွက္သည္းလာသည့္ေကာင္းဆက္မွာ အေအးသီးကာ ေခ်ာင္းဆိုးရံုတင္မက မ်ိဳခ်လိုက္သည့္အေအးမ်ားကအထက္ကိုဆန္တက္၍ ႏွာေခါင္းေပါက္ကထြက္က်လာေတာ့သည္။

အ႐ွက္ေတြကေတာ့အကုန္ကုန္တာပင္။ ႐ွက္လြန္းသြားၿပီးေအာင့္ခံထားေလေလ ႏွာေခါင္းႏွင့္လည္ေခ်ာင္းတစ္ေလ်ွာက္စပ္ဖ်ဥ္းကာ ေခ်ာင္းကတရစပ္ဆိုးေလေလ။

"ေဆာရီး...ေဆာရီး​ေကာင္းဆက္။ကိုယ္အခ်ိန္အဆမ်ားသြားၿပီထင္တယ္။ သီးသြားၿပီ။ သက္သာရဲ႕လား ကုိယ္ဘာလုပ္ရမလဲ"

"မ...မ..ဟုတ္..."

စကားလံုးကမထြက္လာ ေခ်ာင္းကမတရားဆိုးလာေတာ့ မ်က္ႏွာပါရဲတြက္လာကာ မ်က္ရည္ေတြပါထြက္က်လာေတာ့သည္။ ထိုအခ်ိန္မွာပင္ Mr Shane က မိမိရဲ႕နားအံုႏွစ္ဖက္ကို သူ႔လက္ႏွစ္ဖက္ႏွင့္အုပ္ကိုင္လာေတာ့ ေကာင္းဆက္ေၾကာင္၍ၾကည့္ေနခိုက္မွာပင္ နဖူးရဲ႕ထိပ္တည့္တည့္ကို ဖိနမ္းကာ ေလမႈတ္ထုတ္သလို တဖူးဖူးျဖင့္မႈတ္ထုတ္ေပးလာသည္။ ကေလးငယ္ငယ္ေလးေတြ ဂ်ိဳ႕ထိုးသည့္အခါ၊သီးသည့္အခါ ေပ်ာက္သြားေစရန္ ငယ္ထိပ္ကိုေလျဖင့္မႈတ္ေပးတတ္တာမ်ိဳးႏွင့္တစ္ေထရာတည္းတူၿပီး ထူးဆန္းစြာပင္ ေကာင္းဆက္မွာလဲ အေအးသီးသြားျခင္းက ဘယ္ဆီကိုလြင့္သြားမွန္းမသိေတာ့။

"ကုိယ္....ကုိယ္က က​ေလး​ေတြ​သီးသြားရင္လုပ္​ေပးတာ​ေတြ႕ဖူး​ေနလို႔...အဲ့ဒါ...လုပ္မိလုပ္ရာ...ေဟာ Devin တို႔ျပန္လာၿပီ။ ကုိယ္ျပန္ေတာ့မယ္ေနာ္ ေကာင္းဆက္။"

"ဟုတ္ကဲ့..."

အေပါက္ဝနားထိသုတ္ေျခတင္ေျခလွမ္းမ်ားႏွင့္ အေျပးတပိုင္းလွမ္းေနသည့္ Mr Shane ကို အထုတ္ႀကီး၊အထုတ္ငယ္အသြယ္သြယ္ဆဲြ၍ဝင္လာၾကသည့္ ႏိုရာတို႔က ျပဴးျပဴးပ်ာပ်ားျဖင့္လွမ္းၾကည့္ေနၾကၿပီး Mr Shane က အေပါက္ဝနားမွာရပ္လိုက္ကာ Mr Devin ထံသို႔လွမ္း​ေမးလာသည္။ သို႔ေသာ္ေကာင္းဆက္ကိုေတာ့ မၾကည့္လာ​ေတာ့။

"Devin? ေကာင္းဆက္ကေဆးရံုမွာေနရဦးမွာလား။သူကမနက္ျဖန္ဆင္းခ်င္တယ္ေျပာလို႔.."

"ဒဏ္ရာကနည္းနည္းနက္သြားေပမယ့္ အ႐ိုးနဲ႔ အဓိကေသြးေၾကာေတြကိုမထိသြားခဲ့လို႔ ေပ်ာက္တာျမန္တယ္။ လက္ဖဝါးႏွစ္ဘက္က ျပတ္႐ွရာေတြကေတာ့ အသားႏုတဲ့ေနရာလည္းျဖစ္ျပန္ လက္ဆိုေတာ့ကိုင္စရာတြယ္စရာကလည္းမ်ားေတာ့ ပတ္တီးအထူစည္းေပးထားတယ္ မနက္ျဖန္ေလာက္ဆိုရင္ေတာ့ ျပန္ခြာလိုက္လို႔ၿပီး ဆင္းခ်င္ရင္လဲရပါၿပီ..."

"အင္း...ငါသြားေတာ့မယ္ေနာ္"

"Shane ငါေျပာစရာရွိတယ္။ Shane!! ေနဦးေလ"

လွမ္း​တား​ေနသည္ကိုေတာင္ မ​ေစာင့္ေတာ့ပဲေျခကုန္သုတ္သြားသည့္ Shane ေနာက္သို႔ Devin ေျပးလိုက္သြားသည္ကို လိုက္ၾကည့္ေနသည့္ႏိုရာက ေကာင္းဆက္ထံသို႔ျပန္လွည့္ၾကည့္ကာ...

"မင္း Mr Shane ကိုဘာလုပ္လိုက္လဲ။ ေျပးတာတန္းေနတာပဲ။"

"႐ူးေနလား ငါကဘာလုပ္ရမွာလဲ ဗိုက္ဆာတယ္ႏိုရာ။ "

"သိတယ္ေလဒီကႏိုရာကသိေနတယ္။ငါ့သူငယ္ခ်င္းဗိုက္ဆာေနမွာဆိုၿပီး ဝယ္ေကြၽးသူ႐ွိတုန္းစားခ်င္သမ်ွအကုန္လိုက္ဝယ္လာတယ္။ အဟဲ.."

"မင္းစားခ်င္တာေတြမဟုတ္လား။ငါ့ကိုအေၾကာင္းျပဳၿပီး...."

"ေအာ္ ဒါကေတာ့ ဒီလိုပဲ​ေပါ့။ ဒါနဲ႔ေလ ေကာင္းဆက္..."

"အင္း..."

"Devin က လိင္တူႀကိဳက္သူပဲကြ။ငါတို႔အတူတူသြားရင္းတဲ့ သူ႔ရဲ႕ex အေၾကာင္းေျပာျပတယ္။ သူ႔လက္တဲြေဖာ္ကေသသြားတာတဲ့။ သနားပါတယ္။ ငါ့ကိုလဲေမးတယ္ သူကလိင္တူခ်စ္ႀကိဳက္တတ္သူမွန္းသိသြားေတာ့ ရြံသြားလားတဲ့။ ငါကေတာ့ ေခတ္လူငယ္မို႔လို႔ အဲ့ဒီလိုသတ္မွတ္ခ်က္ေတြမ႐ွိဘူး လိင္တူတူ၊မတူတူ စစ္မွန္ဖို႔ပဲအေရးႀကီးတယ္လို႔ေျပာေတာ့ သူကငါ့ကိုေျပာတယ္။ "

"ဘာေျပာလဲ။"

"သူ႔ကုိရြံမသြားတဲ့အျပင္ လိင္တူခ်စ္ျခင္းေပၚမွာထားတဲ့ငါ့သေဘာထားကိုသိလိုက္ရလို႔ သူေတာ္ေတာ္ဝမ္းသာတယ္တဲ့ေလ။ ex အေၾကာင္းကိုလဲတဲ့ ငါ့ကိုသိေစခ်င္လို႔အစကတည္းကကို ပြင္ပြင့္လင္းလင္းေျပာျပတာပါတဲ့။ ငါထင္တာမမွားရင္ေလ...."

ႏိုရာတစ္ေယာက္ Mr Devin ရဲ႕သေဘာထားကိုရိပ္မိသြားၿပီထင္သည္။ တကယ္ေမတၱာ့အမွန္သာဆိုရင္ေတာ့ တားျမစ္ရန္အေၾကာင္းမ႐ွိ။​ထို႔​ေၾကာင့္

"မင္းကဘာထင္လဲႏုိရာ? Mr Devin က မင္းကို..."

"ဟုတ္တယ္...ငါ့ကို Mr Devin က Gay Bar ေတြဘာေတြသြားဖို႔အေဖာ္စပ္ေနတာမ်ားလားမသိဘူး။ သူ႔ရဲ႕ျဖစ္တည္မႈေၾကာင့္ သူငယ္ခ်င္းလဲသိပ္မ႐ွိတာမ်ားလား။ သနားပါတယ္ေနာ္။"

ေလးေလးနက္နက္ေတြးခဲ့သမ်ွကို ႏိုရာကတခြန္းတည္းႏွင့္ဖ်က္ဆီးပစ္ခဲ့သည္။ တတြတ္တြတ္ေျပာရင္း ဝယ္လာသမ်ွကုိပန္းကန္ထဲထည့္ကာ ခြံေကြၽးလာသည့္ႏိုရာ။ ႏုိရာ​ေကြၽးသမ်ွစားရင္း ခုနကျဖစ္ရပ္ကိုျပန္ေတြးမိသြားသည္။ႏိုရာသာသတိထားၾကည့္မိမည္ဆိုလ်ွင္ မ်က္ႏွာတခုလံုးရဲတက္လာသည့္ ေကာင္းဆက္ရဲ႕သြင္ျပင္ကိုျမင္ရမွာအမွန္ေပ။

7100 words

Unicode

တိုးသဲ့သဲ့စကားပြောသံတွေ၊ နှာခေါင်းထဲဝင်လာတဲ့ဆေးအနံ့တချို့ကြောင့် အသိကပ်လာသည့် Shane မှာ မျကိလုံးတွေကိုဖွင့်ကြည့်လိုက်သည်နှင့် အနားမှာထိုင်နေသည့် Devin က ပြေးကပ်လာသည်။

"Shane? သတိရပြီလား"

"အင်း.."

"ခေါင်းမူးနေလား မအီမသာဖြစ်နေလား"

"မဖြစ်ပါဘူး.."

"ဘာမှမဖြစ်ပဲနေမလား ။ အမှန်တိုင်းပြောစမ်းပါ မူးနေလား"

မနက်ခင်းတိုင်း အိပ်ရာကနိုးထလာသလိုသာ ခံစားချက်ကြောင့် ဘာမှမဖြစ်ပါဘူးဟု Shane ပြောသော်လည်း Devin က ယုံကြည်ဟန်မတူ။

"ငါတကယ်ဘာမှမဖြစ်နေဘူး Devin။ ငါသတိလစ်သွားတာလား"

"အင်း 2နာရီလောက်ရှိပြီ"

"ဟိုလူရော"

"အဲ့ဒီလူကိုတော့မမိဘူး။ မင်းကိုသူက GHB လို့ခေါ်တဲ့ Drug တမျိုးနဲ့ထိုးသွားတာ။ အဲ့ဒီဟာက တကယ်လုံးကို ထုံထိုင်းစေတယ်။ "

"ဟုတ်မယ် ငါနည်းနည်းလေးတောင်မလှုပ်နိုင်ခဲ့ဘူး။"

"မင်း အချိန်မှီမရပ်တန့်နိုင်ခဲ့ဘူးမဟုတ်လား Shane ။ ငါပြောပါတယ် အပြောမကြီးပါနဲ့လို့ "

"အင်း မင်းပြောတော့လဲခံရရုံပဲ။ Drug မထိုးသွားရင်တော့ ငါဒီလိုခံလိုက်ရစရာကိုမရှိဘူး။ "

"ဟိုကောင်ရဲ့အစ်ကိုမဟုတ်လား ရဲမှတ်တမ်းကနေ နောက်ကြောင်းသေချာစစ်ပြီးပြီ"

"အင်း သူဟုတ်တယ်"

ပြောနေရင်းကနေ ထိုအချိန်က ဖြစ်ရပ်တချို့ကိုမျက်လုံးထဲပြန်လည်မြင်ယောင်လာသည်။ ဓားနဲ့ထိုးအံ့ဆဲဆဲ ထိုလူကိုအနောက်ဘက်မှတစုံတယောက်ကဆောင့်ဆွဲလိုက်ခြင်း....

"Devin မင်းငါ့ဆီလာခဲ့တာလား။ ဘယ်လိုသိလဲ ဟိုလူကရော မင်းကို တခုခုလုပ်သွားသေးလား"

"ငါ မလာပါဘူး။ ကောင်းဆက်ဂျေဒင်က မင်းဆီလာခဲ့တာ။ ဟိုလူနဲ့သတ်ပုတ်ထားပုံရတယ်"

ထိုတော့မှပင် ဘာကြောင့် ထိုးဆေးရဲ့ဒဏ်ကိုမခံစားရသလဲဆိုတာကို Shane သဘောပေါက်သွားခဲ့သည်။ ကောင်းဆက်ကလွဲှယူသွားခဲ့လို့ပင်။

"သူရော Devin? ခဏခေါ်ပေးပါလား"

"သူက အခုနေတော့လာမတွေ့နိုင်သေးဘူး။ ခွဲစိတ်ပြီးလို့ သတိရကာစပဲရှိသေးတာ"

"ဘာာ!! ဘာဖြစ်သွားလို့လဲ။ ဟိုလူ သူ့ကိုဘာလုပ်သွားတလဲ။ ဓားနဲ့ထိုးသွားတာလား အများကြီးထိသွားလား"

မေးလဲမေး၊ ကုန်းရုန်းထကာ လက်ကပိုက်တွေကိုဖြုတ်ရန်ပြင်နေသည့် Shane ကို မနိုင်ဘူးဆိုသည့်ဟန်ဖြင့် Devin က ခေါင်းယမ်းကာ လက်ခုံပေါ်ကဆေးပိုက်ကိုဖြုတ်ပေးလာသည်။ထို့နောက်

"မများပါဘူး။ ဘယ်လိုတွေဖြစ်လဲတော့ သူ့ကိုမေးကြည့်မှသိမယ်။ သူ့ပခုံးကို ထိုးမိထားတာရယ်၊ လက်မှာ ပြတ်ရာရှရာလေးတွေတွေ့တယ်။ ဓားနဲ့ဆွဲလုထားလို့ ရှမိတာနေမှာပေါ့။ မင်းတို့နှစ်ယောက်လုံးကံကောင်းတယ်။ အဲ့ဒီအချိန် parking ကို ဝင်လာတဲ့ကားသာမရှိရင် အခြေအနေမကောင်းလောက်ဘူး"

"ငါ သူ့ဆီသွားမလို့ မင်းပါလိုက်ခဲ့ပေး။ သူမိဘတွေရောရောက်နေလား"

"လောလောဆယ်အကြောင်းမကြားရသေးဘူး။ စိတ်မကောင်းဖြစ်မှာစိုးလို့"

"ဘာကို စိတ်မကောင်းဖြစ်မှာလဲ ထိခိုက်မိလို့လား"

အခန်းပြင်ပကိုထွက်ရန်ပြင်နေသည့် Shane ခြေလှမ်းတို့က နဖူးကိုကုတ်ကာတွန့်ဆုတ်နေသည့် Devin ရဲ့ဟန်ပန်ကြောင့် ရပ်တန့်သွားကာ...

"Devin? ကောင်းဆက် ဘာဖြစ်နေလို့လဲ"

"Shane မင်းမသွားခင် ငါ တခုကြိုပြောထားမယ်"

"အင်း "

"ကောင်းဆက်ဂျေဒင်ကို ရဲစခန်းက မင်္သကာမှုနဲ့ခေတ္တထိမ်းသိမ်းထားတယ်။ မင်းကိုသတ်ရန်ကြံတဲ့သူနဲ့ တဖွဲ့တည်းလားဆိုပြီး"

"ဘယ်လို! ငါ့ကို ကယ်တဲ့သူက ရန်ပြုသူနဲ့တဖွဲ့တည်း ဖြစ်နိုင်မလား"

"ဒါပေမယ့် သူကဘယ်လိုသိပြီး မင်းရှိတဲ့နေရာကို ရောက်လာလည်းဆိုတာ ဘယ်သူမှမသိဘူး။ ငါလည်းမသိဘူး။ Company လူတွေလဲမသိဘူး။ ယုတ်စွအဆုံး နိုရာတောင် ရဲတွေကိုပြောမပြတတ်ဘူး။ အဲ့ဒီအခြေအနေက အရမ်းမသင်္ကာစရာကောင်းတယ်လေ"

"မင်းပါ ကောင်းဆက်ကိုမယုံတာလား Devin"?

"ငါပြောချင်တာက ငါကတော့မင်းတို့ရဲ့အကြောင်းတွေသိထားသူမို့လို့ အဆင်ပြေပေမယ့် ကျန်သူတွေက၊အထူးသဖြင့် ရဲတွေအတွက်ကတော့ ကောင်းဆက်ကသံသယဖြစ်စရာအကောင်းဆုံးအနေအထားမှာလေ။ မဟုတ်ဘူးလား"

"ဒါပေမယ့် သူ ထိခိုက်ထားတယ်လေကွာ။ ဒီအချိန်မှာ သူ့ကို ထိန်းသိမ်းထားတယ်ဆိုတာ မဖြစ်သင့်ဘူးလေ"

"မင်းနိုးလာပြီး ထွက်ဆိုပြီးရင် အဆင်ပြေသွားလိမ့်မယ်ထင်တာပဲ။ သေချာတော့ ငါမပြောတတ်ဘူး"

"ဒါဖြင့်လဲ သွားမယ် Devin"

ကောင်းဆက်ရှိရာ အခန်းဝသို့ရောက်ရှိချိန်မှာတော့ အခန်းဝစောင့်နေတဲ့ ရဲနှစ်ယောက်နှင့် အထဲလှမ်းဝင်ချိန် ခုံမှာ ထိုင်နေတဲ့ ရဲတယောက်ကိုမြင်လိုက်ချိန် Shane မျက်ခုံးတွေကတွန့်ချိုးသွားသည်။ ရာဇဝင်လူဆိုးလည်းမဟုတ်ပဲ အဲ့ဒီလောက်ထိလိုလို့လားဟု တွေးမိကာ ထွက်စပြုနေတဲ့ဒေါသတွေက ကုတင်ပေါ်မှိန်းနေကာ ကုတင်နဲ့ပတ်တီးအဖွေးသားဖြစ်နေတဲ့ လက်ကလေးတဖက်ကို တွဲခတ်ထားတဲ့ လက်ထိပ်တခုကို မြင်တော့ ဒေါသကငယ်ထိပ်ရောက်သွားခဲ့သည်။ ထိုလက်ထိပ်ကို လက်ညှိုုးထိုးကာ

"Holy Shit!! ဒါ ဘာလုပ်ထားတာလဲ။ ဘယ်သူခတ်ထားတာလဲ။ မင်းလား!!"

ဒေါသအရှိန်ကြောင့် အသံကအတော်လေးကို ကျယ်လောင်နေမှုက နိုရာအပါအဝင် ကုတင်အနီးခုံမှာထိုင်နေတဲ့ ရဲကိုပါ တုန်တက်သွားစေသည်။ လက်ထိပ်ခတ်ခြင်းနဲ့ပတ်သတ်လို့ ဖြေရမယ့်သူက သူသာလျှင်ရှိသည့်ဟု ထိုရဲသားက မှတ်ယူထားပုံနှင့် ဝင်ဖြေလာတော့သည်။

"ကျွန်တော်က အထက်ကခိုင်းတဲ့အတိုင်းလုပ်ရတာပါ။ ထွက်ပြေးမှာစိုးလို့"

"အခုမှ ခွဲစိတ်ပြီးတဲ့သူက ထွက်ပြေးမလား။ ပြီးတော့ သူလုပ်ပါတယ်၊ ကြံရာပါဖြစ်ပါတယ်ဆိုတဲ့ သက်သေရော မင်းတို့မှာရှိလား။ မရှိဘူးမလား အခုဖြုတ်ပေး"

"ဆရာ့ထွက်ဆိုချက်ပြီးလို့ သံသယရှင်းရင်ဖြုတ်ပေးမှာပါ"

"ဒါဖြင့်လဲ အခု ထွက်ဆိုမယ်။ ဘယ်သူမေးမှာလဲ မေးမယ့်သူလာခဲ့"

"ကျွန်တော် အမှုစစ်တွေကိုခေါ်လိုက်ပါ့မယ်။ ခဏလောက်စောင့်ပေးပါ"

ဆူညံသွားသည့်အသံဗလံများကြောင့်ထင်သည်။ တစောင်းလေးမှိန်းနေရာက မျက်လုံးဖွင့်ကြည့်လာသည့် ကောင်းဆက်။ သွေးထွက်ထားသည့်အရှိန်၊ Drug အရှိန်ကြောင့်  ကြည်လဲ့နေတတ်သည့် စိမ်းဖန့်ဖန့် မျက်လုံးလေးတွေက ယခုတော့ညှိုးနွမ်းလို့။ မျက်နှာလေးမှာလဲ မျက်နှာငယ်လေးနဲ့မို့ သေးသေးလေးသာကျန်တော့သည်။ စိတ်ထဲမကောင်းလာတော့ သက်ပြင်းသဲ့သဲ့ချကာ လက်မောင်းတဖက်ကိုဖွဖွကိုင်လိုက်သည်။

"နိုးပြီလား"

"ဟုတ်ကဲ့"

"မအီမသာ ခံစားနေရလား ကောင်းဆက်? မျက်နှာကနွမ်းဖက်နေတာပဲ"

"ဆေးအရှိန်ကြောင့်ပါ။ ခဏနေရင်ကောင်းသွားမှာပါ။ Shane အဲ..Mr Shane ရော အဆင်ပြေရဲ့လား"?

ရုတ်တရက်ထွက်ပေါ်လာသည့် Shane ဟူသောနာမ်စားက ရင်ထဲငြိမ့်ခနဲ။ လက်ဖဝါးနှစ်ဖက်လုံးပတ်တီးအဖွေးသား၊ ပခုံးမှဒဏ်ရာကိုခွဲခန်းဝင်ထားရသည့်အပြင် လက်တဖက်ကိုပါလက်ထိပ်ခတ်ခံထားရသည့်အနေအထားမှာရှိနေသောကောင်းဆက်က သူ့ကိုစိတ်ပူစွာမေးနေရှာသည်။ ခေါင်းကိုဘယ်ညာယမ်းပြလိုက်ပြီးနောက်..

"ကိုယ် ဘာမှမဖြစ်ပါဘူး။ မင်းရဲ့ကယ်တင်မှုကြောင့်ပေါ့။ ကောင်းဆက်ဘယ်လိုသိတာလဲ? မင်းမြင်ခဲ့တာအခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်လား"

"အင်း..."

"အဲ့ဒါ ဘာလို့မပြောခဲ့တာလဲ...?"

"ကျွန်တော်က ဘယ်လိုပြောရမှာလဲ။ ကျွန်တော် ခင်ဗျားကိုပြောဖူးတယ်လေ Mr Shane ။ အသေးစိတ်ပြောပြလို့မရဘူး ပြောလိုက်ရင် အဲ့ဒီလူဆီသေခြင်းတရားက နေ့မကူးပဲ ရောက်လာတဲ့အပြင် သူ့ကံကြမ္မာကိုလည်း ထပ်မမြင်နိုင်တော့ပါဘူးဆိုမှ။ ပြီးတော့ ကျွန်တော့်နေရာမှာ Mr Shane ဆိုရင်ရောယုံမှာလား။ အခုမှ စတွေ့တဲ့သူက ခင်ဗျားကို ခင်ဗျားဒရိုင်ဘာကဓားနဲ့ထိုးလို့သေလိမ့်မယ်ပြောရင် ယုံမှာလား"

"ကိုယ် မင်းကို ပြောခဲ့ပြီးသား ကောင်းဆက်။ အဲ့ဒါတွေကို ယုံတယ်လို့"

"လူတွေက စမ်းသပ်ချင်တဲ့စိတ်ကြောင့်သာ ယုံတယ် ယုံတယ် ဖင်ပိတ်အော်နေတာ။ တကယ်တမ်းပြောကြည့်ပါလား။ စောက်ရူး ကျိန်စာတိုက်နေတယ်ဆိုပြီး သွေးပျက်နေကြတာ" 

အသားနာထားသည့်အပြင် ကြုံတွေ့ထားသည့်ကိစ္စကြောင့် ကောင်းဆက်မှာအနည်းငယ်ဒေါသထွက်နေရှိနေတာကြောင့် ဆက်မပြောလိုသော်လည်း လက်ထိပ်ခတ်ခံထားရသည်ကိုတော့ ရှင်းကိုရှင်းရမည်။

"ကောင်းဆက်? မင်းလက်ထိပ်ခံရတာ ဘာကြောင့်ဆိုတာ မင်းသိတယ်မလား"

"ဟုတ်ကဲ့..."

"ရဲတွေမလာခင် ကိုယ့်ကိုအကုန်ပြောပြ ဘယ်လိုကနေဘယ်လို ကိုယ်ရှိနေတဲ့နေရာကိုရောက်လာတာလဲဆိုတာ"

ပြောပြဟုဆိုသော်လည်းမပြောပဲ...အသံတိတ်သာ Shane ရဲ့မျက်လုံးတွေထဲ စိုက်ကြည့်နေတဲ့ ကောင်းဆက်အပေါ်အားမလိုအားမရဖြင့် လက်မောင်းကိုထပ်မံလှုပ်ကိုင်ကာ...

"အချိန်မရှိဘူး ကောင်းဆက်ရာ။ ယုံတာတွေ၊ မယုံတာတွေ တခွန်းမှထပ်မပြောပဲ ဖြစ်စဉ်အကုန်သာ ပြောပြ"

"................."

"ကောင်းဆက်ဂျေဒင်!!"

"Mr Shane ရဲ့အကျီၤကိုတွေ့ခဲ့လို့"

"ဘယ်လို"

"နိုရာ Pizza ဆင်းယူချိန်ကရိုက်လာတဲ့ Selfie ထဲမှာ ဓာတ်လှေကားစီးဖို့စောင့်နေတဲ့ Mr Shane ရဲ့ပုံ ပါလာတာတွေ့လိုက်တယ်။အကျီက ကျွန်တော်ကြိုမြင်ခဲ့တဲ့ အကျီၤ။ ဒါပေမဲ့ ခင်ဗျားဘယ်မှာလဲဆိုတာ ဘယ်သူ့ကိုမှမေးလို့မရခဲ့ဘူး။ နောက်တော့ ကျွန်တော်လိုက်ဆက်စပ်တွေးရင်းက Car parking မှာ ရှိနေလိမ့်မယ်ဆိုပြီးထွက်လာခဲ့တာ"

"ဟုတ်တယ် ကိုယ် အဝတ်အစားတွေ လဲလိုက်မိတယ် ညနေစားပွဲက အရေးကြီးလို့။ ဒါပေမယ့် အဲ့ဒီလိုဆိုလည်း လူတွေခေါ်ပြီးလာခဲ့ပါလား။ တယောက်တည်းလိုက်လာတာ ဘယ်လောက်တောင် အန္တာရယ်များလဲသိရဲ့လား။ အခုဓားနဲ့ထိုးခံရပြီလေ။"

"ကျွန်တော် အဆင်ပြေပါတယ်"

"မင်း တခုခုဖြစ်သွားရင် ကိုယ်ဘယ်လိုလုပ်ရမလဲ ကောင်းဆက်...နောက်ကိုအရဲမကိုးပါနဲ့"  

"..........."

"ပြီးတော့ ကိုယ့်ဆီက...."

ဘာဆက်ပြောမည်ဆိုတာကို ရိပ်မိနေတဲ့ကောင်းဆက်က Shane စကားမဆုံးမီမှာပင် ဖြတ်ပြောလာသည်။

"Poison တခုခုနဲ့ထိုးသွားတယ်ထင်လို့ပါ...."

"တကယ့်Poison ဆို မင်းဘယ်လိုလုပ်မလဲ"

"သူများဆီက စုပ်ယူထားတဲ့ ဝေဒနာတွေ၊ နာကျင်ရတာ တွေက ကျွန်တော့်ကို တကယ်မသက်ရောက်ဘူး။ 1မိနစ် 2မိနစ် အလွန်ဆုံး 5မိနစ်စာလောက်ပဲ ကျွန်တော်ခံစားရတာ။ ပြီးရင် ပျောက်သွားတယ် အခု လဲသွားတာက ဒဏ်ရာကြောင့်..."

ထပ်မံစကားဆက်ချင်ပေမယ့် စစ်မေးမည့်အမှုစစ်ရောက်လာပြီ ဖြစ်တာကြောင့် ပြောလက်စ စကားတွေကို Shane ရပ်တန့်လိုက်ရသည်။ အမှုစစ်ကတော့အနားကပ်လာပြီးနောက်...

"Mr Olivier Shane ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ်..."

"Mr Olivier Shane ကို မေးမြန်းစရာတွေ အနည်းငယ် ရှိလို့ပါ။ အဆင်ပြေမလားမသိဘူး"

"ရပါတယ် အဲ့ဒီမတိုင်ခင် တခုမေးချင်တာက သူ့ကို ဘာဖြစ်လို့ လက်ထိပ်ခတ်ထားရတာလဲ။ CCTV မှာ ပြန်ကြည့်ရင် ကျွန်တော့်ကိုကာကွယ်ဖို့ သူ ကြိုးစားခဲ့တယ်ဆိုတာ ဒီကအရာရှိတွေလည်း သိမှာပါ"

"ကျွန်တော်တို့ကြည့်ပြီးပါပြီ။ ဖြစ်ဖြစ်ချင်း အချိန်တုန်းက ကောင်းဆက်ဂျေဒင်က Mr Shane ရဲ့အနားမှာရှိနေပါတယ်CCTV အရလဲ သူက ဒီကိုလာရင်းနဲ့ သူဌေး အန္တာရယ်ကြုံနေတာကို ကြုံလို့ဝင်ကူညီတာမျိုး မဟုတ်ပဲ ဒီလိုဖြစ်နေတယ်ဆိုတာသိလို့ အသည်းအသန်လာပြီး ကူတဲ့ ပုံမျိုးဖြစ်နေတာပါ။ အကုန်လုံးကို မေးကြည့်တော့ ကောင်းဆက်ဂျေဒင်ကို ကားပါကင်သွားခိုင်းတာ တယောက်မှ မရှိသလို Mr Shane မရောက်ခင်ကလည်း သူ့အခန်းထဲမှာ Mr Shane ဘယ်မှာလဲလို့ အလောတကြီးမေးတယ်လို့ ဖြေဆိုချက်တွေ ထွက်ထားပါတယ်။ "

"အဲ့ဒီတော့..."

"ကြံရာပါလို့ဆိုလိုချင်တာ မဟုတ်ပေမယ့် ကြိုသိနေတဲ့ ပုံမို့လို့တရားခံနဲ့ တမျိုးတဖုံ ပတ်သတ်နေလိမ့်မလားလို့ ယူဆတာကြောင့် ခေတ္တထိန်းသိမ်းထားတဲ့သဘောပါ။ လက်ထိပ်ခတ်ရတာလည်း တာဝန်အရမို့လို့ နားလည်စေချင်ပါတယ်"

"ဟုတ်ပါပြီ တာဝန်အရဆိုတော့လည်း ကျွန်တော်မေးစရာ မရှိတာ့ပါဘူး။ ခုန ရဲ အရာရှိပြောခဲ့တဲ့ အကြောင်းတွေထဲမှာ သူ့အပေါ်နားလည်မှုလွဲနေတာတွေ ပါနေပါတယ်။ သူဘာလို့ကြိုသိသလို ဖြစ်နေရသလဲဆိုရင်.."

Shane ရဲ့ဖြေရှင်းချက်ကို နားထောင်နေကြသူတွေထဲက ကောင်းဆက်နဲ့နိုရာမှာ ဒီနေရာအရောက်မှာတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ထုတ်ပြောတော့မည်အထင်နှင့်လန့်ဖျန့်နေဟန်။ သူတို့ထံတချက်ဝေ့ကြည့်ပြီးနောက် ရဲအရာရှိထံ အကြည့်ပို့လိုက်သည်။

"ကျွန်တော်သူ့ကို ဖုန်းခေါ်ခဲ့လို့ပါ။ ဆေးတမျိုးမျိုးပါတဲ့ အရည်နဲ့အထိုးခံရပြီဆိုတာသိတာနဲ့ ကျွန်တော် ကောင်းဆက်ဂျေဒင်ကို ဖုန်းခေါ်ခဲ့ပါတယ်။ ဆေးအာနိသင်က ချက်ချင်းတက်လာတော့ ဘာကိုမှ တိတိကျကျ ကျွန်တော် မပြောနိုင်ခဲ့ပေမယ့် ကောင်းဆက်ဂျေဒင်က ကျွန်တော်တစုံတခုဖြစ်နေပြီဆိုတာ ရိပ်မိခဲ့တဲ့ပုံပါပဲ။ အဲ့ဒါကြောင့် ကျွန်တော်ဘယ်မှာလဲဆိုတာလိုက်ရှာခဲ့ပြီး နောက်ဆုံး ကျွန်တော့်ဆီရောက်လာတာပါ။ ကျွန်တော့်အတွက် ကောင်းဆက်ဂျေဒင်က အသက်သခင်ကျေးဇူးရှင်ဖြစ်သလို ဝန်ထမ်းကောင်းတယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒီလို အသက်သခင်ကျေးဇူးရှင်သူ့ကိုမှ ကျွန်တော့်ရှေ့မှာ လက်ထိပ်နဲ့မြင်ရတော့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်ဆို ကျွန်တော့်ကြောင့် သူတောင် ထိခိုက်ဒဏ်ရာ ရခဲ့သေးတာလေ"

ဒီလောက်ဆိုရင် လက်ထိပ်ဖြုတ်ပေးသင့်နေပြီ ဖြစ်ကြောင်း ထိုအမှုစစ်သဘောပေါက်လိုက်သည့်ဟန်ဖြင့် ခေါင်းတချက်ညိတ်ပြကာ လက်ထိပ်ဖြုတ်ပေးလာသည်။

"တရားခံနဲ့ပတ်သတ်ပြီး Mr Shane ဘယ်လိုလုပ်ချင်ပါသလဲ"

"အမှုပိတ်ပေးပါ"

"Shane!"  "ခင်ဗျာ..."

မယုံကြည်နိုင်တဲ့အသံနှစ်ခုက အမှုစစ်နဲ့ Devin ထံမှာထွက်ပေါ်လာပြီးနောက် Devin က အမှုစစ်ကိုလက်ကာပြကာ Shane ကို အခန်းထောင့်ဆီသို့ဆွဲခေါ်လာသည်။

"မင်းနဲ့ငါ ခဏစကားပြောရအောင်.."

"ဘာပြောဦးမလို့လဲ Devin "

"မင်း ရူးနေလား Shane ။ ဟိုလူက မင်းကိုအသေလုပ်တာနော်။ ကံကောင်းလို့သေဘေးက မင်း လွတ်ခဲ့တာကို အမှုပိတ်မယ်ဟုတ်လား"

"အင်း....."

"အင်း ဘာအင်းလဲ? မရဘူး။ အခု သူလွတ်နေတာနော်။ နောက်တကြိမ်ထပ်လုပ်ကြံရင် ဘယ်လိုလုပ်မလဲ..."

"သူက ငါ့ကိုဒုက္ခပေးဖို့ နှစ်ချီပြီးကြံစည်ခဲ့ပေမယ့် ဒါတွေကို လက်ရဲစွာနဲ့လုပ်ရဲတဲ့အထဲတော့ မပါရှာပါဘူး..."

"မင်းကဘာကိုကြည့်ပြီးပြောနေတာလဲ"

"သူ့ငါ့အနားနေခဲ့တာကြာပြီ သူတကယ်သာ လက်ရဲဇက်ရဲဆို ငါသေတာကြာပြီပေါ့။ သူ မရဲခဲ့လို့သာ ဒီနေ့အထိရောက်လာတာ။ ပြီးတော့ သူ့ကိုထောင်ချပစ်ဖို့ထက် တကြိမ်လောက်ခွင့်လွှတ်လိုက်ချင်တယ်။သူ့ညီလေးကိစ္စနဲ့ သူခံစားနေရလို့ ငါ့ကိုမုန်းတာနေမှာပါ"

"အဲ့ဒီကိစ္စကမင်းနဲ့ ဘာမှမှမဆိုင်တာ။ သူကအဲ့ဒါကိုအထင်တွေမတရားလွဲနေလို့ ဘယ်သူ့စကားမှနားမဝင်ဘူး.."

"နောက်တကြိမ်ကြုံခဲ့ရင်တော့ ငါရှင်းပြလိုက်ပါဦးမယ်"

"ရူးနေပြီ မင်းတကယ်ကိုသွက်သွက်ခါရူးနေပြီ။ မှတ်ထား Shane..လူတိုင်းကိုသေချာပြောပြရုံနဲ့ နားဝင်မယ်မထင်နဲ့။ မင်းသေချာပြောပြလည်း သူရဲ့အသိတရားက လက်ခံနိုင်တဲ့အဆင့်ထိရှိနေဦးမှလေ"

"ဒါပေမဲ့ ငါအမှုပိတ်မယ့်လမ်းကိုပဲ ရွေးချယ်ချင်တယ်။ အဲ့ဒါကြောင့် မင်းဒီလိုပဲသိထားလိုက်တော့"

Devin ရဲ့အတွေးနဲ့သူ့ရဲ့တွေးပုံခြင်းက ကွာခြားနေသည်မို့ ထပ်ပြောလည်းပဲလိုချင်သည့် အဆုံးသတ်ကိုရောက်မည်မဟုတ်ကြောင့် Shane နားလည်ထားသည်မို့ စကားစကိုဖြတ်လိုက်ကာ အမှုစစ်အရာရှိနဲ့ အမှုပိတ်ဖို့ကိစ္စအဆုံးသတ်ပြောပြီးနောက်မှာတော့ ရဲတွေလဲပြန်သွားခဲ့ည်။ မိနစ်ပိုင်းမျှတိတ်ဆိတ်နေရာမှ Devin ကထိုင်နေရာမှ ထရပ်ကာ...

"Shane? ငါ နိုရာ့ကိုခေါ်ပြီး တခုခုထွက်စားလိုက်ဦးမယ်။ မိုးအတော်ချုပ်နေပြီ ကောင်းဆက်နဲ့မင်းကိစ္စနဲ့နိုရာဘာမှမစားရသေးဘူး။ ဗိုက်ဆာနေပြီလားနိုရာ..."

အမြဲတမ်းအစားဆိုတက်ကြွနေသည့် နိုရာ့က ဒီတကြိမ်တော့ ကောင်းဆက်ကို တချက်ကြည့်ကာ ခေါင်းခါပြကာထိုင်မြဲတိုင်းထိုင်နေသည်။ လူကငြင်းဆိုသော်လဲ ဗိုက်ကတော့မငြင်းဆိုခဲ့...

"ဂွီ"

ဟူသော နိုရာ့ဗိုက်ထဲကအစာတောင်းသံထွက်လာပြီးနောက် နိုရာကမျက်နှာရှုံ့မဲ့ကာ

"ငါလူးမဗိုက် လူကဟန်အပြည့်နဲ့နေနေရင် သူကစောက်ရှက်လိုက်ခွဲပြီ..."

ဟူသော စကားတခွန်းက ထွက်ပေါ်လာသည်။ ဘာအဓိပ္ပယ်လဲတော့ Shane ရော Devin ပါ နားမလည်ပေမယ့် ကောင်းဆက်ကရယ်နေသည်မို့ ရယ်စရာပင်ဖြစ်လိမ့်မည်။ ထို့နောက်ကောင်းဆက်က တစုံတခုထပ်ပြောမှ ခေါင်းညိတ်ကာ အပြင်ထွက်ရန်ပြင်နေပေမယ့် ဝရုန်းသုန်းကားနှင့်ဆေးရုံပြေးလာကြရသည်မို့ နို့ရာမှာအပေါ်ထပ်အကျီမပါလာ။ ထို့ကြောင့်Devin က သူ့အကျီကိုချွတ်၍ ကမ်းပေးလိုက်သည်။

"ကိုယ့်အကျီဝတ်ထားနိုရာ..."

"ရတယ် ကျွန်တော်မဝတ်တော့ဘူး။ Devin မှာအပိုလဲမရှိပဲနဲ့"

"ရတယ် ကိုယ်ကဒီနိုင်ငံမှာမွေးတာအအေးဒဏ်ခံနိုင်တယ်။ ကိုယ်မြန်မာနိုင်ငံအကြောင်းရှာကြည့်ပြီးပြီ။ တချိန်ချိန်တော့သွားလည်ဦးမယ်။ မြန်မာနိုင်ငံရဲ့ရာသီဥတုကအပူပိုင်းဆို။ နိုရာက မြန်မာဆိုတော့...."

"ကျွန်တော်မိဘကမြန်မာပေမယ့် ကျွန်တော်ကတော့ ဒီနိုင်ငံမှာပဲမွေးတဲ့ဒီနိုင်ငံသားပဲ။ "

"ဒါပေမဲ့ ကိုယ်ကဆရာဝန်လေ။ ကျန်းမာရေးကိုစောင့်ရှောက်နိုင်..."

"ဆရာဝန်လဲအအေးမိပြီးသေတတ်ပါတယ်။ ဘာသားနဲ့ထုထားတာမို့လို့..."

"ဘာပဲဖြစ်ဖြစ်အနွေးထည်ကိုနိုရာပဲဝတ်၊ ကိုယ်ကအဆင်ပြေတယ် ကားပေါ်ရောက်ရင် Heater ဖွင့်မှာ။ လာ သွားကြစို့...Shane? မင်းအတွက်ဘာဝယ်ပေးခဲ့ရမလဲ။"

"မဝယ်နဲ့ငါကပြန်မှာ။ ကောင်းဆက်အတွက်သာဝယ်ခဲ့။ ကောင်းဆက်? မင်းစားချင်တာနိုရာ့ကိုမှာလိုက်။"

"အဆင်ပြေတာသာဝယ်ခဲ့ပါနိုရာ။မင်းဘာစားမှာလဲ မင်းစားတဲ့ဟာပဲ ငါ့အတွက်ဝယ်ခဲ့။"

"ငါကဘာစားမှာလဲဆိုတော့လောလောဆယ်ခေါင်းထဲ ဆယ်မျိုးလောက်ဖြစ်နေတာ။ အစားချင်ဆုံးကိုကားပေါ်ရောက်မှ စဉ်းစားမယ်။တခုခုဝယ်ခဲ့မယ်ကွာ...နော်.."

"အင်း..."

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

နိုရာတို့ထွက်သွားပြီးနောက် နှစ်ဦးတည်းသာကျန်နေခဲ့ချိတ်ဘာပြောရမှန်းမသိ၍ ကောင်းဆက်ငြိမ်နေခဲ့သည်။ Mr Shane ကတော့ သူ့ကြောင့်ထိခိုက်သွားရခြင်းအပေါ်စိတ်မကောင်းဖြစ်နေဟန်ဖြင့် ကြည့်နေပြီး ထိုမျက်လုံးတွေထဲမှာ ဆွဲငင်အားပါနေသလိုလိုမို့ ကောင်းဆက်စေ့စေ့ပင်ပြန်မကြည့်ရဲပေ။ ခဏအကြာတော့မှာ Mr Shane က တိတ်ဆိတ်မှုကိုဖြိုခွင်းလာသည်။

"မင်း မိဘတွေကို ကိုယ် အကြောင်းကြားပေးရမလား။ ထိခိုက်မိထားတဲ့အပြင် လက်ထိပ်ပါအခတ်ခံရထားရတော့ မင်းမိဘတွေမြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့ အကြောင်းမကြားရသေးဘူး"

"မပြောပါနဲ့ စိတ်ပူတာပဲအဖတ်တင်မယ်။ ကျွန်တော်လဲ Company မှာညဆိုင်းတွေဆင်းနေတာဆိုတော့ အိမ်ပြန်စရာမလိုတဲ့အတွက် မိဘတွေလဲမမြင်ရဘူးဆိုတော့လေ။ မနက်ဖြန်ဆေးရုံဆင်းပြီးရင်..."

"မနက်ဖြန် ဆေးရုံဆင်းလို့ရမယ် ဘယ်သူကပြောလဲကောင်းဆက်?"

"ဘာမှမှမဖြစ်တာ။ မနေချင်ဘူး Company မှာပဲနေမယ်။ ဆေးရုံထက် ကိုယ်ရင်းနှီးတဲ့ Company နေရာမှာဆို ပိုပြီးနေလို့အဆင်ပြေမယ်ထင်တယ်"

"လက်နှစ်ဖက်လုံးပတ်တီးအဖွေးသား၊ ပခုံးကဒဏ်ရာကိုချုပ်ထားတာနာရီပိုင်းပဲရှိသေးတယ်။ အဲ့ဒါကိုမင်းက အလုပ်လုပ်ဦးမယ်ပေါ့"

"နာကျင်မှုပေါင်းစုံကို မျိုးစုံနေအောင် ခံစားဖူးတဲ့ကျွန်တော့်အတွက်ကလေ အခုဒဏ်ရာတွေက ပမွှားလေးပဲရှိတယ်။  "

ထိုစကားကတကယ်ပင်။သေခါနီးလူတွေရဲ့ နာကျင်ခံစားရမှုတွေနဲ့တစ်ထပ်တည်း ကြိုမြင်ရင်းခံစားရတာတွေ၊ သူတပါးနာကျင်နေတဲ့ဝေဒနာတွေကို စုပ်ယူပေးခဲ့တာတွေက အကြိမ်ပေါင်းများလွန်းလို့ ဓားနဲ့အထိုးခံရရင်ဘယ်လိုနာတယ်၊ ကားအကြိတ်ခံရရင် ဘယ်လိုနာတယ်၊ တိုက်ပေါ်ကပြုတ်ကျရင်ဘယ်လိုခံစားရတယ်ဆိုတာတွေကို ကောင်းဆက်အသေးစိတ်တောင်မှတ်မိနေပြီဖြစ်သည်။ Mr Shane ကတော့ ခေါင်းဆတ်ပြကာ...

"Devin ကိုမေးပြီးရတယ်ဆို မနက်ဖြန်ဆေးရုံဆင်းလို့ရမှာပါ။ နိုရာတို့ကကြာဦးမယ်ထင်တယ်။ ရေခဲသေတ္တာထဲမှာလဲ အအေးတွေပဲရှိတယ်။ သောက်ချင်လား ကောင်းဆက်"

"ဟုတ်ကဲ့..."

ရင်ပူနေသလိုဖြစ်နေတော့ ငြိမ်သက်စေဖို့ရာအအေးသောက်ဖို့ တကယ်ပင်အာသီသရှိသည်။ သို့သော်ခက်သည်က အအေးဗူးကို Mr Shane က ဖောက်ပေးပေမယ့် စုပ်သောက်စရာပိုက်မရှိ၊ လက်နှစ်ဖက်လုံးပတ်တီးထူထူစည်းထားရသည်မို့ ဘူးကိုလည်းမကိုင်နိုင်တော့ ဘယ်လိုသောက်ရမလဲဆိုတာ မသိသည့်အဆုံး မသောက်တော့ဘူးဟုဆုံးဖြတ်ကာ တစုံတခုပြောမည်ကြံနေခိုက်မှာပင်...

Mr Shane က အအေးဘူးထဲကအရည်များကို ဆေးရုံစားပွဲပေါ်ကဖန်ခွက်ကလေးထဲပြောင်းထည့်သည်။ ထိုဖန်ခွက်ကို ကောင်းဆက်နှုတ်ခမ်းဝတွင်တေ့ပေးကာ ပြုံးပြလာပြီးနောက်...

"ကိုယ်ကူညီပေးမယ်။ ရင်ထဲပူနေတယ်မဟုတ်လား နည်းနည်းသောက်လိုက်..."

ကလေးတစ်ယောက်ကိုခွံကျွေးသလို မေးစေ့အောက်မှ လက်လေးတဖက်ဖြင့်ခံထားကာ ကျန်တဖက်ဖြင့်တငုံခြင်းသောက်နိုင်စေရန် အချိန်အဆဖြင့်နှုတ်ခမ်းဝကိုတေ့ပေးထားသည်။ အလေ့မရှိသည်ကတစ်ကြောင်း၊ဒီအရွယ်ရောက်မှ ခွံကျွေးခံရခြင်းကြောင့် အရှက်သည်းလာသည့်ကောင်းဆက်မှာ အအေးသီးကာ ချောင်းဆိုးရုံတင်မက မျိုချလိုက်သည့်အအေးများကအထက်ကိုဆန်တက်၍ နှာခေါင်းပေါက်ကထွက်ကျလာတော့သည်။

အရှက်တွေကတော့အကုန်ကုန်တာပင်။ ရှက်လွန်းသွားပြီးအောင့်ခံထားလေလေ နှာခေါင်းနှင့်လည်ချောင်းတစ်လျှောက်စပ်ဖျဉ်းကာ ချောင်းကတရစပ်ဆိုးလေလေ။

"ဆောရီး...ဆောရီးကောင်းဆက်။ကိုယ်အချိန်အဆများသွားပြီထင်တယ်။ သီးသွားပြီ။ သက်သာရဲ့လား ကိုယ်ဘာလုပ်ရမလဲ"

"မ...မ..ဟုတ်..."

စကားလုံးကမထွက်လာ ချောင်းကမတရားဆိုးလာတော့ မျက်နှာပါရဲတွက်လာကာ မျက်ရည်တွေပါထွက်ကျလာတော့သည်။ ထိုအချိန်မှာပင် Mr Shane က မိမိရဲ့နားအုံနှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့်အုပ်ကိုင်လာတော့ ကောင်းဆက်ကြောင်၍ကြည့်နေခိုက်မှာပင် နဖူးရဲ့ထိပ်တည့်တည့်ကို ဖိနမ်းကာ လေမှုတ်ထုတ်သလို တဖူးဖူးဖြင့်မှုတ်ထုတ်ပေးလာသည်။ ကလေးငယ်ငယ်လေးတွေ ဂျို့ထိုးသည့်အခါ၊သီးသည့်အခါ ပျောက်သွားစေရန် ငယ်ထိပ်ကိုလေဖြင့်မှုတ်ပေးတတ်တာမျိုးနှင့်တစ်ထေရာတည်းတူပြီး ထူးဆန်းစွာပင် ကောင်းဆက်မှာလဲ အအေးသီးသွားခြင်းက ဘယ်ဆီကိုလွင့်သွားမှန်းမသိတော့။

"ကိုယ်....ကိုယ်က ကလေးတွေသီးသွားရင်လုပ်ပေးတာတွေ့ဖူးနေလို့...အဲ့ဒါ...လုပ်မိလုပ်ရာ...ဟော Devin တို့ပြန်လာပြီ။ ကိုယ်ပြန်တော့မယ်နော် ကောင်းဆက်။"

"ဟုတ်ကဲ့..."

အပေါက်ဝနားထိသုတ်ခြေတင်ခြေလှမ်းများနှင့် အပြေးတပိုင်းလှမ်းနေသည့် Mr Shane ကို အထုတ်ကြီး၊အထုတ်ငယ်အသွယ်သွယ်ဆွဲ၍ဝင်လာကြသည့် နိုရာတို့က ပြူးပြူးပျာပျားဖြင့်လှမ်းကြည့်နေကြပြီး Mr Shane က အပေါက်ဝနားမှာရပ်လိုက်ကာ Mr Devin ထံသို့လှမ်းမေးလာသည်။ သို့သော်ကောင်းဆက်ကိုတော့ မကြည့်လာတော့။

"Devin? ကောင်းဆက်ကဆေးရုံမှာနေရဦးမှာလား။သူကမနက်ဖြန်ဆင်းချင်တယ်ပြောလို့.."

"ဒဏ်ရာကနည်းနည်းနက်သွားပေမယ့် အရိုးနဲ့ အဓိကသွေးကြောတွေကိုမထိသွားခဲ့လို့ ပျောက်တာမြန်တယ်။ လက်ဖဝါးနှစ်ဘက်က ပြတ်ရှရာတွေကတော့ အသားနုတဲ့နေရာလည်းဖြစ်ပြန် လက်ဆိုတော့ကိုင်စရာတွယ်စရာကလည်းများတော့ ပတ်တီးအထူစည်းပေးထားတယ် မနက်ဖြန်လောက်ဆိုရင်တော့ ပြန်ခွာလိုက်လို့ပြီး ဆင်းချင်ရင်လဲရပါပြီ..."

"အင်း...ငါသွားတော့မယ်နော်"

"Shane ငါပြောစရာရှိတယ်။ Shane!! နေဦးလေ"

လှမ်းတားနေသည်ကိုတောင် မစောင့်တော့ပဲခြေကုန်သုတ်သွားသည့် Shane နောက်သို့ Devin ပြေးလိုက်သွားသည်ကို လိုက်ကြည့်နေသည့်နိုရာက ကောင်းဆက်ထံသို့ပြန်လှည့်ကြည့်ကာ...

"မင်း Mr Shane ကိုဘာလုပ်လိုက်လဲ။ ပြေးတာတန်းနေတာပဲ။"

"ရူးနေလား ငါကဘာလုပ်ရမှာလဲ ဗိုက်ဆာတယ်နိုရာ။ "

"သိတယ်လေဒီကနိုရာကသိနေတယ်။ငါ့သူငယ်ချင်းဗိုက်ဆာနေမှာဆိုပြီး ဝယ်ကျွေးသူရှိတုန်းစားချင်သမျှအကုန်လိုက်ဝယ်လာတယ်။ အဟဲ.."

"မင်းစားချင်တာတွေမဟုတ်လား။ငါ့ကိုအကြောင်းပြုပြီး...."

"အော် ဒါကတော့ ဒီလိုပဲပေါ့။ ဒါနဲ့လေ ကောင်းဆက်..."

"အင်း..."

"Devin က လိင်တူကြိုက်သူပဲကွ။ငါတို့အတူတူသွားရင်းတဲ့ သူ့ရဲ့ex အကြောင်းပြောပြတယ်။ သူ့လက်တွဲဖော်ကသေသွားတာတဲ့။ သနားပါတယ်။ ငါ့ကိုလဲမေးတယ် သူကလိင်တူချစ်ကြိုက်တတ်သူမှန်းသိသွားတော့ ရွံသွားလားတဲ့။ ငါကတော့ ခေတ်လူငယ်မို့လို့ အဲ့ဒီလိုသတ်မှတ်ချက်တွေမရှိဘူး လိင်တူတူ၊မတူတူ စစ်မှန်ဖို့ပဲအရေးကြီးတယ်လို့ပြောတော့ သူကငါ့ကိုပြောတယ်။ "

"ဘာပြောလဲ။"

"သူ့ကိုရွံမသွားတဲ့အပြင် လိင်တူချစ်ခြင်းပေါ်မှာထားတဲ့ငါ့သဘောထားကိုသိလိုက်ရလို့ သူတော်တော်ဝမ်းသာတယ်တဲ့လေ။ ex အကြောင်းကိုလဲတဲ့ ငါ့ကိုသိစေချင်လို့အစကတည်းကကို ပွင်ပွင့်လင်းလင်းပြောပြတာပါတဲ့။ ငါထင်တာမမှားရင်လေ...."

နိုရာတစ်ယောက် Mr Devin ရဲ့သဘောထားကိုရိပ်မိသွားပြီထင်သည်။ တကယ်မေတ္တာ့အမှန်သာဆိုရင်တော့ တားမြစ်ရန်အကြောင်းမရှိ။ထို့ကြောင့်

"မင်းကဘာထင်လဲနိုရာ? Mr Devin က မင်းကို..."

"ဟုတ်တယ်...ငါ့ကို Mr Devin က Gay Bar တွေဘာတွေသွားဖို့အဖော်စပ်နေတာများလားမသိဘူး။ သူ့ရဲ့ဖြစ်တည်မှုကြောင့် သူငယ်ချင်းလဲသိပ်မရှိတာများလား။ သနားပါတယ်နော်။"

လေးလေးနက်နက်တွေးခဲ့သမျှကို နိုရာကတခွန်းတည်းနှင့်ဖျက်ဆီးပစ်ခဲ့သည်။ တတွတ်တွတ်ပြောရင်း ဝယ်လာသမျှကိုပန်းကန်ထဲထည့်ကာ ခွံကျွေးလာသည့်နိုရာ။ နိုရာကျွေးသမျှစားရင်း ခုနကဖြစ်ရပ်ကိုပြန်တွေးမိသွားသည်။နိုရာသာသတိထားကြည့်မိမည်ဆိုလျှင် မျက်နှာတခုလုံးရဲတက်လာသည့် ကောင်းဆက်ရဲ့သွင်ပြင်ကိုမြင်ရမှာအမှန်ပေ။

7100 words

Weiterlesen

Das wird dir gefallen

1.1M 116K 49
#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေပးၾကပါရန္ႏွင့္ အေၾကာင္းအရာ လြဲေခ်ာ္မႈမ်...
139K 16.4K 11
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
51.6K 13.7K 50
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
100K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...