"ဖောက်ပြန်ခြင်း" "ဖောက်ပြန်ခြ...
Af haruko_88
1.8K 164 320
Fourth Fiction ❤ "ဖောက်ပြန်ခြင်း" ကြောင့်တွေ့ဆုံခဲ့တဲ့ ကောင်လေး၂ယောက်ရဲ့အမှတ်မထင် ဖြစ်ပေါ်လာတဲ့ အချစ်ကိုပုံဖေ... Mere
"သူမနဲ့ငါကတကယ်ချစ်ခဲ့တာလား ?"(u+z) "သူမနဲ႕ငါကတကယ္ခ်စ္ခဲ့တာလား ?"(u+z)
"လက်စားချေချင်ရင် ဘာမဆိုလုပ်နိုင်ရမယ်"(u+z)
"အနမ်း""အနမ္း"(u+z)
"အသစ်တဖန်""အသစ္တဖန္"(u+z)
"အီစီကလီ" "အီစီကလီ" (u+z)
"ချစ်သူကကောင်လေး?""ခ်စ္သူကေကာင္ေလး?"(u+z)
side couple is come out><
"တိုက်ပွဲစတင်!" "တိုက္ပြဲစတင္!" (u+z)
ရှင်းပြခြင်း
"ထိုကောင်လေးနှင့်တွေ့ရသည်မှာ ၃ကြိမ်မြောက်"(u+z)
213 21 55
Af haruko_88
UNICODE
"ဟာယွန်း မင်းအခုဘယ်မှာလဲ ?"
"ဘာဖြစ်တာလဲ ကို နာမည်ခေါ်လို့"
"မေးနေတာဖြေလေ"
"ချစ်စားသောက်ဆိုင်မှာလေ သူဌေးကဝန်ထမ်းတွေနဲ့ နေ့လည်စာလာစားကြတာ ချစ်လည်း လိုက်စားရတာလေ အာ ဒါနဲ့ ကိုရဲ့ ပြဿနာကရှင်းပြီးသွားပြီ ချစ်တို့ company system breakdownဖြစ်သွားတာတဲ့လေ"
ဒါဆို သူထင်တာမှားသွားတာပေါ့ အားးး ဂင်မ်ဂျုံအင်ရာ အခုတလောအရမ်းကြောင်နေတာပဲ ဘယ်လိုဖြစ်လို့ ကိုယ့်ကောင်မလေးကို အထင်လွဲသံသယဝင်နေရတာလဲ ?!!
"ဟုတ်လား အခုကောအဆင်ပြေရဲ့လား sorryပါကွာ ကိုခုနကအော်မိသလို ဖြစ်သွားတာ"
"ရပါတယ်ရှင် ချစ်နားလည်ပါတယ် companyကအဆင်ပြေသွားပြီ သူဌေးကအားနာပြီး ချစ်ကို စောစောပြန်လွှတ်မှာမို့ ချစ်ကိုစောင့်နေနော်"
"အင်း ! ကိုစောင့်နေမယ် ချစ် မွ~"
"Bye see you tonight sweetie"
Call End
ဟူးးး တကယ်ပါပဲ ဒီရက်ပိုင်းဘာဖြစ်နေတာလဲ ဂင်မ်ဂျုံအင်ရယ် အာရုံတွေဘယ်လွင့်နေတာလဲ စိတ်တွေကဘယ်ရောက်နေလို့ ကိုယ့်ကောင်မလေးကို သံသယဝင်နေရတာလဲ ဂင်မ်ဂျုံအင်ရဲ့။
တိုက်ခန်းကိုပြန်ပြီး စောင့်နေတာကောင်းမယ် မုန့်တွေလည်းဝယ်သွားအုံးမှပဲ သူမအကြောင်းတွေးလိုက်တာနဲ့ စိတ်လှုပ်ရှားလာရသည်မို့ ချက်ချင်းပင် အပြင်ဝတ်ကိုလဲလိုက်ကာ ကားသော့ကိုယူ၍ အောက်ဆင်းလာခဲ့သည်။
"ဟမ် အကောင်းတိုင်းပါလား ရင်ကွဲနာကျသင့်နေတာလေ"
"ငါ့ကောင်မလေးကငါ့ကို အကုန်ပြောပြတယ်လေ အဲ့တာကြောင့်မင်းမျှော်လင့်နေသလို ရင်ကွဲနာကျမှာမဟုတ်ဘူး ဒိုးလိုက်တော့ သားကြီး"
"sh*t မင်းတို့ rsတွေကအမျိုးမျိုးကို တတ်နိုင်တယ် ၃၆မျိုးအမြင်ကပ်စရာတွေ"
"ဟားဟား"
အီယွန်းပြောနေတာကို သဘောကျစွာ ရီလိုက်ပြီး သူသည် တိုက်ခန်းနားရှိ
super market သို့ဝင်လိုက်သည်။ အကင်,ကင်စားဖို့အတွက် ပစ္စည်းတွေဝယ်ပြီး ငွေရှင်းရင် ကောင်တာကိုသွားချိန်မှာပဲ။
မနေ့ကbarတွင် အလုပ်လုပ်သော waiterကောင်လေးကိုထပ်မံတွေ့လိုက်ရသည်။ ဦးထုပ်ကို နှာခေါင်းနားထိ ငိုက်ဆောင်းထားတာကြောင့် တစ်ခြားသူသာဆို မမှတ်မိနိုင်လောက်ပင်မယ့် သူကတော့ထူးဆန်းစွာပင်မှတ်မိနေခဲ့သည်။
"ဝမ် ၁၅၅၀၀ကျပါတယ်"
၁သောင်းတန်၂ရွက်ထုတ်ပေးလိုက်ပြီး ရုတ်တရက်ကောင်လေးကိုသနားမိသည်။ ညဘက်ဆို barမှာလုပ်ပြီး ညနေဘက်ဆို ဒီလို super market ငွေရှင်းကောင်တာထိုင်ရသည့် ကောင်လေးဖြစ်လောက်မည်။ မိဘတွေမရှိဘူးထင်ပါတယ် အလုပ်ကိုကြိုးစားလုပ်နေရတာ အဲ့တာကြောင့် အစာလည်းကောင်းကောင်းမစားနိုင်ဘူးလို့ ထင်မိတယ်။
ဘာလို့ဆို ကောင်လေးရဲ့မျက်နှာသည် မီးရောင်အောင်တွင် ပိုလိုတောင်ဖြူဆွတ်နေခဲ့သည်။ ကျန်းမာရေးများချုချာတာလား ?
"အကြွေ၅၀၀ပါ ဝယ်ယူပေးလို့ကျေးဇူးတင်ပါတယ်"
ပစ္စည်းတွေကိုအိတ်နဲ့ထည့်ပေးပြီး အကြွေကိုပါအိတ်ထဲထည့်ကာ ကမ်းပေးလာသော ကောင်လေးရဲ့ လက်ကိုကြည့်မိတော့ ကျစ် ပိန်ကပ်ပြီးဖြူဖွေးနေပြန်ပြီ ဒီကလေးကတကယ်ကိုပဲ အစားကောင်းကောင်းမစားတာလား။
"Customer ဘာများလိုအပ်သေးလို့လဲဗျ"
အခုထိ ထိုကလေးကမ်းပေးထားသော အိတ်ကိုမယူသေးသည့် သူ့ကြောင့် အမေးအမြန်းပြုလာသည် ကလေး သူလည်း အတွေးတွေကို ဖျောက်လိုက်သည်။ ဒီကလေးသည် သူစိမ်းတစ်ယောက် သူနဲ့ဘာမှမဆိုင်ဘူး။ ဟုတ်တယ် မဆိုင်ဘူး။ အိတ်ကိုဆွဲယူလိုက်ပြီး ထိုကလေးကို ကျောပေးပြီး ထွက်လာခဲ့လိုက်သည်။
တိုက်ခန်းကိုပြန်ရောက်ပြီး မကြာ ရေချိုးလိုက်ပြီး ညကျရင်အဆင်သင့်ဖြစ်အောင် အသားတွေကိုလှီးထားလိုက်သည်။ ဝရံတာတွင် အကင်စက်ကိုထုတ်ပြီး ပြင်ထားလိုက်ပြီး စားပွဲခုံပေါ်တွင် အစာအစားများလည်း စီစီရီရီထားလိုက်သည်။
ဘာလိုလိုနဲ့ အချိန်မှာ ညနေ၅နာရီခွဲပင်ဖြစ်ပြီ ဒီအချိန်ဆို ရောက်ချိန်တန်နေပြီကို စောစောလွှတ်ပေးမယ်လည်း ပြောသေး အခုထိမရောက်သေးသောသူမကြောင့် သူ့မှာခြေဂနာမငြိမ်တော့ တိုက်ခန်းတံခါးရှေ့တွင် ဟိုဘက်လျှောက် ဒီဘက်လျှောက်လုပ်နေချိန်မှာပဲ
*တီ တီ တီ တီ* (pwရိုက်သံ)
တံခါးပွင့်သွားပြီးနောက်မှာ မနက်ကပုံစံအတိုင်း သူမကိုမြင်လိုက်ရသည်။
"ပြန်လာပြီလား ချစ်"
"အင်း ကို နည်းနည်းနောက်ကျသွားတယ် ကားပိတ်နေလို့ ဟီး"
"ရပါတယ် အဝတ်သွားလဲချည် ကိုစောင့်နေမယ်နော်"
"အင်း !"
သူမအင်္ကျီလဲပြီးထွက်လာပြီးနောက်မှာ စကားတပြောပြောနှင့် အကင်,ကင်စားခဲ့ကြသည်။ ဘီယာကလည်းမပါမဖြစ်ပေါ့ အလုပ်အကြောင်းပြောလိုက် ရေရေရာရာမရှိတာပြောလိုက်နဲ့ စုံကိုစုံလွန်းသည်။
ည၁၀နာရီမှာ သူမမှောက်သွားပြီဖြစ်သည်။ သူမသည်မူးလာလျှင် ငြိမ်ငြိမ်လေး အိပ်သွားတတ်သောအကျင့်ရှိတာကြောင့် သူ့အတွက်စိတ်အေးရသည်။ သူမအခန်းထဲရှိ သူမချွတ်ထားခဲ့သော အင်္ကျီတွေကို ကောက်ယူပြီး ခြင်းထဲထည့်ချိန်မှာ အနံ့တစ်ခုခုကိုရလိုက်တာကြောင့် သူမအင်္ကျီကိုနမ်းကြည့်တော့ ‌ယောကျာ်းလေးရေမွှေးအနံ့ကိုရလိုက်သည်။
ခနတာတွေဝေသွားပင်မယ့် ဘာမှမဟုတ်လောက်ပါဘူးဆိုပြီး ခြင်းထဲကိုသာပစ်ထည့်လိုက်ပြီး စားသောက်ဆိုင်ပိုင်ရှင် အီဂွန်းကိုဖုန်းဆက်လိုက်သည်။
"ဟယ်လို"
"ဟယ်လို အီဂွန်း ငါဂျုံအင်ပါ"
"ဟမ် ဂျုံအင် ? ဒီအချိန်ကြီးဘာဖြစ်တာလဲ"
"စားသောက်ဆိုင် မင်းတို့စားသောက်ဆိုင်မှာ သူမတစ်ခြားတစ်ယောက်ယောက်နဲ့ ဖက်တာမျိုးတို့ ဘာတို့လုပ်ခဲ့လား ?"
"မသိဘူး ငါ့ဆိုင်မှာ သူတို့ထမင်းစားပြီး ထွက်သွားကြတာပဲ"
"ဝိုင်းနဲ့ဖွဲ့စားကြတာလား ?"
"ငါမြင်လိုက်တာတော့ မင်းကောင်မလေးရယ် နောက်ယောကျာ်းတစ်ယောက်ရယ်ပဲ နောက်ပိုင်းငါလည်းမသိဘူး ဆိုင်လူကျလာလို့"
"အော် အင်း ငါသိပြီ"
"ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"
"ပြေပါတယ် အိမ်မှာကော ဘာမှထွေထွေထူးထူးမရှိဘူးမလား"
"အာ အခုမှသတိရတယ် အိုဂျီဟွန်း ညီလေးလေ နိုင်ငံခြားကပြန်လာလို့ဆိုပဲ ကြိုဆိုပွဲလုပ်ဖို့တဲ့ ငါတို့ကိုဖိတ်ထားတယ်"
"ဟုတ်လား ဘယ်နေ့လဲ"
"မနက်ဖြန်ညပဲ ငါလည်း မင်းကိုပြောမယ်နဲ့ မေ့သွားတာ လာခဲ့နော် ဟျောင့်"
"အေးအေး အိမ်ကနေတူတူသွားတာပေါ့"
"အေး ဒါဆိုလည်း good night"
"Good Night too"
သူသည်လည်း သက်သက်အခန်းတစ်ခန်းသို့ ဝင်အိပ်လိုက်သည်။ သူမနဲ့သူ တစ်ခါမှတူတူမအိပ်ဖူးပါ။ တစ်ခါတစ်လေ ဒီတိုက်ခန်းကိုလာတယ်ဆိုတာတောင် anniversary dayတို့ holidayတို့မှ လာတတ်တာဖြစ်ပြီး များသောအားဖြင့် အပြင်မှာ dateဖြစ်ကြသည်။
သူမ၏မိဘတွေကို သူမြင်လည်းမမြင်ဖူးသလို သူမသည်လည်း သူ့ရဲ့ မိဘမပြောနဲ့ အဒေါ်ကိုတောင် လိုက်တွေ့ဖို့ အချိန်မရှိခဲ့ အဒေါ်သည် သူ့မှာချစ်သူကောင်မလေး ရှိတယ်ဆိုတာကိုသိထားတာဖြစ်တယ်။
လက်ထပ်ဖို့ပြောတိုင်းလည်း သူ့မဘက်ကသူ့ကို ခနပဲစောင့်နေပေးပါ ပြောခဲ့ပြီး ပိုက်ဆံကြိုစုထားရမယ် ပြောခဲ့ပြီး ကျန်တာဘာမှဆက်မပြောလာခဲ့။
သူကတော့ အကောင်အထည်ဖော်ရန်အတွက် သူတို့၂ယောက်ရဲ့ သီးသန့်စုဗူးလေးတောင် လုပ်ထားသေးတယ်။ သူမသည် လစာထုတ်တိုင်း ထိုစုဗူးထဲမှာ ပိုက်ဆံစုတတ်သည်။
ဂျုံအင်လည်း စိတ်လျော့ပြီး သိပ်တွေးမနေတော့ပဲ အိပ်လိုက်သည်။
____
မနက်၁၀နာရီမှာ ဂျုံအင်ခေါင်းမူးနောက်စွာဖြင့် နိုးထလာခဲ့သည်။ သူတောင် ဒီလောက်ထိ ခေါင်းကိုက်နေတာ သူမသာဆို ဟင်း အမူးပြေဟင်းချို ထချက်မှပဲ..။
မျက်နှာသစ်ကာ မီးဖိုချောင်ထဲဝင်လိုက်တော့ ထမင်းစားပွဲပေါ်တွင် ဟင်းချိုနှင့်အရံဟင်းများကို တွေ့လိုက်ရသည်။ သူ့အဒေါ်လာသွားတာလား အနီးကပ်သွားကြည့်တော့မှ
'ကို ချစ်အရင်နိုးနေလို့ အလုပ်ကို အရင်သွားနှင့်ပြီ ညကတူတူသောက်ပေးတာကျေးဇူး ကို့အတွက် အမူးပြေ ပဲပင်ပေါက်ဟင်းချို မှာပေးထားတယ် သေချာပေါက် ချစ်လည်း သောက်သွားတယ်နော် ချစ်ကိုစိတ်မပူနဲ့'
ဟုတ်ပါတယ် သူမသည် ဆိုင်စာပဲစားသည်။ ဟင်းမချက်တတ်သလို ချက်ဖို့လည်း သူမ,မကြိုးစားခဲ့ဘူး။ ပြန်တွေးကြည့်ရင် သူမကို သူဘာလို့ ဒီလောက်ကြိုက်ခဲ့ပြီး ဒီလိုကြာရှည်တဲ့ သွေးအေးသောဆက်ဆံရေး တည်ဆောက်ထားလဲ မသိတော့ပါ။
အမူးပြေဟင်းချိုလည်း သောက်ချင်စိတ်မရှိတာကြောင့် သွန်လိုက်ပြီး အဝတ်အစားလဲကာ အင်အီဂွန်းရဲ့ စားသောက်ဆိုင်ကိုပဲ ထွက်လာလိုက်သည်။
____
"ပြန်လာတာကြိုဆိုပါတယ် ငါ့ညီ"
"ကျွန်တော်ပြန်ရောက်တာ ၁ပတ်ပြည့်တော့မယ် ဘာကို အခုမှလာကြိုဆိုနေတာလဲ"
"စကားပြောဆင်ခြင်နိုင်အောင်လို့ နိုင်ငံခြားမှာ တစ်ယောက်ထဲသွားနေရတာနော်"
"‌ေ*ာက်ပိုတွေပြောမနေနဲ့ ဘာလိုချင်လို့ ကျွန်တော်အခန်းထဲလာတာလဲ အိုဂျီဟွန်း"
ဂျီဟွန်းသည် သူ့ညီလေးကို နံရံဆီ ဆောင့်တွန်းလိုက်ပြီး မေးစေ့ကို ဖျစ်ညစ်ကိုင်လိုက်ကာ
"ငါလိုချင်တာပြောရင်ကော မင်းပေးနိုင်မှာမို့လို့လား"
"အား ! နာတယ် လွှတ်စမ်းပါ ခင်ဗျားအချိုးတွေကလေ တစ်စက်မှကိုမပြောင်းလဲဘူးနော်"
သူ့ညီလေးရဲ့ မြှောက်လိုက်သော လက်ထဲတွင် ပါလာသော ဓာတ်ပုံကြောင့် ဂျီဟွန်းရဲ့မျက်လုံးအစုံမှာပြူးလျက်
"မင်း ! ဘယ်လိုလုပ်ပြီး"
"ခင်ဗျားကိုကြောက်ခဲ့တဲ့ သတ္တိမရှိခဲ့တဲ့ ခင်ဗျားရဲ့ညီကလွန်ခဲ့တဲ့၁၀နှစ်ထဲက ဆုံးသွားပြီ အိုဂျီဟွန်း-ရှီ အခုအခန်းထဲကထွက်သွား !!"
ဂျီဟွန်း တောက်တစ်ချက်ခေါက်ကာ အောက်ထပ်သို့ ဒေါသတကြီး ဆင်းလာခဲ့သည်။ ထိုအချင်းအရာကို အိမ်အကူများကမြင်လိုက်တော့ အနေအထိုင်ဆင်ခြင်ကြသည်။
သခင်မနဲ့သခင်ကြီးရဲ့ သားအကြီးဆုံး သခင်လေးအိုဂျီဟွန်းမှာ ဆိုးသွမ်းသည် မောက်မာသည် မိုက်ရိုင်းသည် အဆင့်အတန်းခွဲခြားသည်။ ထိုကောလဟာလတွေသည် ပတ်ဝန်းကျင်အမြင်မှာ အမှားဖြစ်နိုင်ပင်မယ့် ဒီအိမ်တွင်တော့ အမှန်တရားတွေဖြစ်တယ်။
သားအငယ်ဆုံး အကိုလေးသည် အငယ်နှောင်းနှင့်ရတာဖြစ်ခဲ့ပြီး ဒီအိမ်တွင် ကောင်းကောင်းမွန်မွန်မနေခဲ့ရပဲ နိုင်ငံခြားတွင်သာ အသက်ရှင်သန်စေ၏။
သခင်လေးဂျီဟွန်းမှာလည်း အကိုလေးကိုအရမ်းမုန်းပြီး နိုင်ငံခြားကိုမရရအောင်ပို့ခဲ့သည်။ အကိုလေးနှင့်သခင်လေး၏ အသက်ကွာခြားချက်မှာ ၁၄နှစ်ဖြစ်သည်။
အကိုလေး အသက်၈နှစ်မှာ နိုင်ငံခြားကိုထွက်သွားရပြီး ယခု အသက်၁၈နှစ်မှာ ပြန်လာတာဖြစ်တယ်။
"အလုပ်ကို ဘယ်လိုလုပ်နေတာလဲ !!!"
တွေးနေတာတောင်မဆုံးသေး အိမ်အကူမလေးတွေ ပြဿနာရှာမိပြန်ပြီထင်တယ်။ အဒေါ်ကြီးသည် နောက်ဖေးခန်းကနေ ဧည့်ခန်းကိုပြေးထွက်ရသည်။
"ဘာများဖြစ်လို့ပါလဲ သခင်လေး"
အခြေအနေကို ချုံကြည့်မိတော့ သူ့မတူမလေးသည် သခင်လေးရှေ့မှာ ကြမ်းတိုက်နေတာကို မြင်ရတာ စိတ်အနှောင့်အယှက်ဖြစ်သွားပြန်ပြီထင်တယ်။
"ဆွန်းဂျီ သွားတော့"
"ဟုတ်ကဲ့ ဒေါ်ဒေါ်ကြီး"
တူမလေးထွက်သွားပြီးတော့ နထင်ကြောကို ကိုင်ကာ ဒေါသထွက်နေသော သခင်လေးကို ရှင်းပြရန် ပါးစပ်ဟလိုက်ချိန်
"အဒေါ်ကြီးရဲ့တူမလား"
"ဟုတ်ကဲ့ သခင်လေး"
"နောက်ဆိုဆင်ခြင်ခိုင်းလိုက်ပါ ဒါနောက်ဆုံးဖြစ်ပါစေ"
"ဟုတ်ကဲ့ သခင်လေး ကျေးဇူးတင်ပါတယ်"
အဒေါ်ကြီးသည် အိမ်တွင် ဆယ်နှစ်ကျော်နီးပါး အလုပ်လုပ်လာတာကြောင့် အိမ်ရဲ့လူယုံလို့လည်း ဆိုလို့ရသည်။ ထို့ကြောင့် ပြဿနာရှာလို့မဖြစ် အဖေရဲ့ဆူဆဲဆိုသံတွေကို ကြားရသည်မှာ အရမ်းကိုငြီးငွေ့လှသည်။
ဒါတောင် ညကျရင် ပါတီလုပ်အုံးမယ် နိုင်ငံခြားကိုပို့ပြီး စိမ်းစိမ်းကားကားလုပ်တုန်းကလုပ်ပြီး အခုပြန်လာတာကို ပျော်ရွှင်နေကာ ပါတီလုပ်ပေးအုံးမည်တဲ့။ ဘာတွေများကြံစည်နေလဲမသိဘူး။
*Ringing Ringing*
"ဟယ်လို"
"ဟယ်လို ဟွန်း-ရှီ"
"ကလေး ဘာကိစ္စဖြစ်လို့လဲဗျ"
"ကလေးကရှင့်ကိုတွေ့ချင်လို့"
"ဟုတ်လား ကလေးကတွေ့ချင်တယ်လား ဒါဆို အခုပဲထွက်လာခဲ့မယ်နော်"
"ဟုတ် ×××ပန်းခြံမှာစောင့်နေမယ်"
"အင်း အဲ့ပန်းခြံကိုလာခဲ့မယ်နော် ကလေး"
သူရဲ့ အသစ်စက်စက်ချစ်သူလေးဆီကနေ အချိန်းအချက်ရတာကြောင့် စိတ်ကို ဖြေလျော့လိုက်ပြီး ကားသော့ယူကာ ထိုပန်းခြံကိုထွက်ခဲ့လိုက်သည်။
ဂျီဟွန်းထွက်သွားသည်နှင့်တစ်ပြိုင်နက် အဒေါ်ကြီးသည် အပေါ်ထပ်တက်၍
"အကိုလေး"
"ဗျာ ဒေါ်ဒေါ်လား"
"ဟုတ်ကဲ့"
"ဝင်ခဲ့လေ ဒေါ်ဒေါ်"
အဒေါ်ကြီးလည်း အကိုလေးရဲ့အခန်းထဲကို ဝင်ကာ ခုနကအကြောင်းကိုပြောပြလိုက်သည်။
"ဒါဆို အခုအဲ့ပန်းခြံကိုသွားပြီပေါ့"
"ဟုတ်ကဲ့ အကိုလေး"
"ကျေးဇူးပါ ကျွန်တော်ကိုကူညီပေးလို့"
"မဟုတ်တာ ဒေါ်ဒေါ်ကအသက်ကြီးနေပြီ မကြာခင်သွားရတော့မှာ မသွားခင်လေး မကောင်းမှုတွေကိုဖယ်ရှားချင်တယ် အကိုလေးရယ် ဒီနေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်တောင် ဒေါ်ဒေါ်ကူညီမှာပါ"
"ဒေါ်ဒေါ်ကလူကောင်းတစ်ယောက်ပါ"
သူလည်း သူ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်ကို အိုဂျီဟွန်းနောက်ကိုလိုက်ရန် အမိန့်ပေးလိုက်သည်။ ထိုကနေတစ်ဆင့် ဓာတ်ပုံများကိုရလာပြီး ထုတ်ဖော်လို့ရသည်။
အိုဂျီဟွန်းရဲ့ ချစ်သူကောင်မလေးက....။
____
အီဂွန်းရဲ့ စားသောက်ဆိုင်ကို ရောက်သွားချိန်မှာ ဆိုင်တွင်လူစည်နေတာကြောင့် ဘာများဖြစ်လို့လဲ သွားကြည့်မိသည်။ စိတ်ပါပိုညစ်၏။
အီယွန်းသည် စားသုံးသူများကို အပြုံးချိုချိုလေးများ စွန့်ကြဲပြီး ဓာတ်ပုံပါတူတူရိုက်ပေးသည်။ ထို့ကြောင့် မိန်းကလေးများ အုတ်အုတ်တိုးလို့
အီဂွန်းမှာလည်း စားဖိုမှုးဝတ်စုံနှင့် ကြည့်လို့ကောင်းနေခဲ့ကာ လက်ရာမှာလည်း ကောင်းလှသည်ကြောင့် ဤစားသောက်ဆိုင်သည် အတော်ပင် ရေပန်းစားလှသည်။
"အစ်ကို IG Accountလေးအပ်လို့ရမလား"
စိတ်ညစ်လို့ ထိုအမြွှာတွေကို ထိုင်စောင့်မယ်ဆိုပြီး စားပွဲမှာတစ်ယောက်ထဲ ဝင်ထိုင်နေသည်ကို ကောင်မလေး တစ်ယောက်သည် သူ့ဆီချဉ်းကပ်လာခဲ့တယ်။
"Sorryပါ အစ်ကိုမှာချစ်သူရှိတယ်"
"ဒါဆိုလည်း သူငယ်ချင်းပဲဖြစ်ဖြစ်"
"အာ ချစ်သူကမကြိုက်လို့ တကယ်sorry"
ထိုအခါ ကောင်မလေးသည် ဆူပုတ်စွာထွက်ခွာသွားခဲ့ပြီးနောက်မှာ အီဂွန်းနှင့်အီယွန်းသည် သူ့ကို အခုမှ မြင်သည်နှယ့် ချက်ချင်းပြေးလာကြသည်။
"ဂျုံအင်ဘယ်တုန်းကရောက်တာလဲ"
အီယွန်းကမေးသည်
"ခုနကမှပါ"
"ငါတို့ကိုပြောလေကွ"
အီဂွန်းကဆူအောင့်အောင့်နဲ့ဆိုလာသည်
"မင်းတို့ကိုမြင်ရတာ လင်းထိန်နေလို့ သွားစမ်းပါကွာ မင်းတို့အလုပ်မင်းတို့လုပ်"
"အင်းပါ ရှယ်ယာရှင်ကြီးရယ်"
"သူတစ်ယောက်ထဲသာယာနေတယ်"
ထို၂ကောင်မှာလည်း ဆူပုတ်ကာ တစ်ယောက်တစ်နေရာဆီပြန်သွားကြသည်။ အနည်းငယ်ပြုံးရိပ်သန်းကာ ခေါင်းခါမိသည်။ သူ့အပေါ်ကိုဆို အခုထိ ကလေးဆန်ချင်သော ၂ကောင်ကြောင့် အိပ်တိုင်းခေါင်းကြိမ်းရ၏။
ညနေ၅နာရီကပုံမှန်ဆိုင်ပိတ်ချိန်ဆိုပင်မယ့် ဒီနေ့တော့ စောစောစီးစီးပိတ်ကာ အိမ်သို့ပြန်လာကြခဲ့သည်။
အိမ်တွင်
"သားတို့ စောလိုက်တာ ဟော ဂျုံအင်ပါ,ပါလာတာလား"
"ဟုတ်တယ် ဒေါ်ဒေါ် တူတူသွားစရာရှိလို့"
"ဘယ်တုန်းကွဲ့"
"Dinner party ဒေါ်လေး ဂျီဟွန်းကိုသိတယ်မလား သူဖိတ်ထားတာမို့ကျွန်တော်တို့ ငြင်းမရဘူးရယ်"
"အော် ဟုတ်ပြီ ဟုတ်ပြီ ဂရုစိုက်သွားနော် ဒါဆို ညစာမစားတော့ဘူးပေါ့"
"ဟုတ်တယ် မေမေရေ"
"သားတို့ နည်းနည်းနောက်ကျမယ်နော်"
"ဟုတ်ပါပြီ တစ်ခါတစ်လေ သူငယ်ချင်းနဲ့ကသွားပါ ဘာမှမပြောလိုပါဘူး ရက်ဆက်ကြီးမဖြစ်စေနဲ့"
"ဟုတ်ကဲ့ ဒေါ်လေး"
"ဟုတ်ကဲ့ မေမေ"
"ဟုတ်ကဲ့ နားလည်ပါပြီ"
သူတို့ရေချိုးပြီးနောက်မှာတော့ suitsဝတ်ကာအိုဂျီဟွန်းအိမ်သို့ ထွက်လာကြသည်။ လူကြီးလူကောင်းတွေ ပါလာကြမည့်ပွဲမို့ နာမည်ရှိသည် သူတို့၃ယောက်မှာလည်း ပေါ့ပေါ့ပါးပါးဝတ်သွားရန်အဆင်မပြေ။
____
ဂင်မ်ဂျုံအင်တို့ရောက်သွားချိန်မှာ လူတော်တော်စုံနေပြီဖြစ်သည်။ ဂျီဟွန်းနှင့် ဂျုံအင်သည် သက်တူရွယ်တူသူငယ်ချင်း ဖြစ်တာကြောင့် ရောက်ရောက်ချင်း ဂျီဟွန်းကိုဘယ်မှာလဲ မေးကာ ဂျုံအင်ကလိုက်ရှာခဲ့သည်။
ဟိုအမြွှာ၂ကောင်ကတော့ ကျောင်းကသူငယ်ချင်းများနှင့် အာလူးဖုတ်နေပြီဖြစ်တယ်။
ဂျီဟွန်းတို့အိမ်မှာ တကယ်ကို ကြီးကြီးကျယ်ကျယ်ပင် ရေကူးကန်လည်းရှိပြီး ဂျီဟွန်းရဲ့အမေမှာ ပန်းစိုက်ရတာဝါသနာပါတာကြောင့် ပန်းစိုက်ပျိုးရန် မြေကွက်ကိုလည်း အိမ်ခြံထဲမှာသက်သက်ခွဲထားသေးသည်။
ရေကန်နားမှာ လူရိပ်၂ရိပ်ပေါ်နေခဲ့ပြီး ကျန်တစ်ရိပ်မှာ ဂျီဟွန်းဖြစ်သည်။ ထိုအမည်မသိ အရိပ်မှာ ဂျီဟွန်းကို ဘာပြောလိုက်လဲမသိ ဂျီဟွန်းမှာ ဒေါသပုန်ထနေသည့်နှယ့် လက်သီးများကို ဆုပ်ထားသည်။
အမည်မသိ အရိပ်သည် သူ့ဘက်ကိုလျှောက်လာသည်။ လပြည့်ညမဟုတ်ပင်မယ့် လရဲ့အလင်းရောင်ထင်ဟပ်နေသည့် ထိုမျက်နှာပြင်ကို သူခနတာတွေ့ခဲ့ရသည်။
တကယ်ကိုပင်ချောလှပါတယ် အသေးစိတ်ကြည့်ဖို့ အချိန်လုံလောက်စွာမပေးသည့် ဘုရားသခင်ကိုအပြစ်တင်ရမလား သူမသိ။
ထိုမျက်နှာကိုလည်း သူတစ်နေရာရာမှာ မြင်ဖူးခဲ့ပါတယ် ရင်းနှီးနေခဲ့ပါတယ်။
ထိုမျက်နှာကို စဉ်းစားနေချိန်မှာပဲ ပါတီပွဲတွင်းအသံတစ်သံထွက်လာခဲ့သည်။ ဂျီဟွန်းအဖေရဲ့အသံပင်။ ရေကန်နားကဂျီဟွန်းကို ရှာကြည့်မိတော့ မရှိတော့ပင် ထိုကြောင့် သူသည်လည်း ပါတီပွဲအတွင်းကိုသာပြန်လာလိုက်သည်။
"အားလုံးသိကြတဲ့အတိုင်းပဲ ဒီနေ့ကကျွန်တော့်ရဲ့ သားအငယ်လေး ပြန်လာတဲ့နေ့ပါ"
စင်ပေါ်သို့ သူတက်လိုက်သည်။ လူတွေ့ကိုရင်ဆိုင်ရန် သူကြိုးစားလိုက်၏ ဘယ်လောက်ပဲ စိတ်နာပြီး လူကြောက်ခဲ့ ကြောက်ခဲ့ သူအခုရင်ဆိုင်ရတော့မည်။
"မင်္ဂလာပါ ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပါတယ် ကျွန်တော်နာမည် အိုဆယ်ဟွန်းဖြစ်ပါတယ်"
ထိုကောင်လေး ထိုကောင်လေးနှင့်တွေ့ရသည်မှာ ၃ကြိမ်မြောက် အချိန်ပိုင်းအလုပ် အလယ်အလတ် လူတန်းစားတွေပဲလုပ်တဲ့ အလုပ်မျိုးမှာ၂ခါ အခု၁ခါ သူဌေးသားတဲ့လား သူဌေးသားကဘယ်လိုလုပ်ပြီး ?
ထိုကောင်လေးသည် သူတို့လူကြီးတွေလိုမျိုး suitsကိုမဝတ်ဆင်ထားပဲ free styleကိုသာ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားခဲ့သည်။
တီရှပ်အမဲနှင့် ဘောင်းဘီအမဲကိုဝတ်ဆင်ထားပြီး အပေါ်အဝတ်အဖြစ် ဂျင်းတိုအနွေးထည်ကို ဝတ်ဆင်ထားခဲ့တယ်။ မီးရောင်အောက်တွင် ပေါ်ထွန်းနေသော ထိုမျက်နှာငယ်မှာ သွေးမရှိသလို ဖြူစွတ်နေခဲ့တယ်...။
____
ဂျုံအင်ပြောပြောနေတဲ့ ဖြူစွတ်စွတ်ကောင်လေးကို mediaမှာကြည့်ပေးပါ<33 (မီ့ကောင်လေးနော့်)
၂လပိုင်း၂ရက်နေ့(Wednesday)ကအဖြိုးမွေးနေ့ပါ ဒါကြောင့် ဒီတစ်ပတ်ကို အဖြိုးနားပါမယ်နော် ဒါလေးတောင် ရေးထားတာသောင်တင်နေလို့ တစ်ပိုင်းရေးပြီး တင်ပေးတာပါ ဒီတစ်ပတ်ပဲနားမှာပါဗျ
ကျန်းမာရေးဂရုစိုက်ကြပါနော်ခ✨💌
____
"ထိုကောင်လေးနဲ့တွေ့ရသည်မှာ ၃ကြိမ်မြောက်"
ZAWGYI
"မေးနေတာဖြေလေ"
Call End
"ဟားဟား"
"ဝမ် ၁၅၅၀၀ကျပါတယ်"
*တီ တီ တီ တီ* (pwရိုက်သံ)
"ပြန်လာပြီလား ချစ်"
"အင်း !"
"ဟယ်လို"
"အော် အင်း ငါသိပြီ"
"ဟုတ်လား ဘယ်နေ့လဲ"
"Good Night too"
____
____
"မင်း ! ဘယ်လိုလုပ်ပြီး"
"ဆွန်းဂီ သွားတော့"
"ဟုတ်ကဲ့ ဒေါ်ဒေါ်ကြီး"
"အဒေါ်ကြီးရဲ့တူမလား"
"ဟုတ်ကဲ့ သခင်လေး"
*Ringing Ringing*
"ဟယ်လို"
"ဟယ်လို ဟွန်း-ရှီ"
"အကိုလေး"
"ဗျာ ဒေါ်ဒေါ်လား"
"ဟုတ်ကဲ့"
"ဝင်ခဲ့လေ ဒေါ်ဒေါ်"
"ဟုတ်ကဲ့ အကိုလေး"
____
အီယွန်းကမေးသည်
"ခုနကမှပါ"
"ငါတို့ကိုပြောလေကွ"
အိမ်တွင်
"ဘယ်တုန်းကွဲ့"
"ဟုတ်တယ် မေမေရေ"
"ဟုတ်ကဲ့ ဒေါ်လေး"
"ဟုတ်ကဲ့ မေမေ"
"ဟုတ်ကဲ့ နားလည်ပါပြီ"
____
____
Fortsæt med at læse
You'll Also Like
510K 18.4K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
2.3M 119K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
999K 37.7K 89
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
To hope Af 차콜
Fan Fiktion
160K 20K 32
may be I just wanna be yours