Billet - Doux [ RenMark ]
By NiNE_ZEN
1.6K 189 150
Mark×Renjun Bad Boy and Bad Boy's Boyfriend ! [Just a fictional 🪡 please enjoy] 20.Jan.2022 More
One
Three
Four
Five
Six
Seven
Eight
Nine
Two
143 24 25
By NiNE_ZEN
ဒီနေ့အတန်းဝင်ဖို့ဆရာတစ်ယောက်မလာတာကြောင့် သူ့ရဲ့အချိန်တွေဟာ library မှာကုန်လွန်နေသည် ။
Final ဆိုတော့ဒါပြီးတာနဲ့ ဘွဲ့ရလျှင်အလုပ်ကောင်းကောင်းကိုလျှောက်မည် ။ ဒါမှ မေမေလဲသူ့ကိုသေသေချာချာ အားကိုးနိုင်မယ် မဟုတ်ပါလား ။
"အကို!!"
ဘယ်အချိန်ထဲကဘေးနားရောက်နေမှန်းမသိတဲ့ Huang Renjun ။
"အမလေး အမေရဲ့!"
သူ့ရဲ့အာမေဍိတ်ကိုကြည့်ရင်းဒီကောင်ကရယ်နေသေးတာ ဖြတ်ရိုက်ချစ်စရာရုပ်နဲ့ ။
"ကျွန်တော်ကအဲ့လောက်လန့်ဖို့ကောင်းတာလား?"
သူ့ကိုယ်သူလက်ညှိုးထိုးရင်းပြောနေ၏ ။
"မင်းငါ့ကိုမနှောင့်ယှက်ပဲနေလို့မရဘူးလား?"
"မရဘူး အကိုနဲ့ခင်ချင်တာ"
"ကျစ်! ဒုက္ခပဲ!"
"ဟ! ဒုက္ခတော့မလုပ်ပါနဲ့အကိုရ ဟိုနေ့ကပြောသလိုပဲ အကိုနဲ့သူငယ်ချင်းဖြစ်ဖို့ဘာတွေလုပ်ရင်ရပြီလဲ?"
Huang Renjun ဒီလောက်ဖြစ်နေတယ်ဟုတ်လား!
"နေစမ်းပါအုံး! မင်းဘာလို့ငါနဲ့အဲ့လောက်ခင်ချင်နေရတာလဲ?"
"အကိုကလဲ! ခင်ချင်တာပဲကို ခင်ချင်လို့ပေါ့"
"ငါကတော့မင်းကိုမခင်ချင်ဘူးကွာ မင်းသာလူလိုနားလည်မယ်ဆို ငါ့ကိုမနှောက်ယှက်စမ်းပါနဲ့"
ပြောပြောဆိုဆို နဲ့သူရဲ့လွယ်အိတ်တွေရယ် စာအုပ်တွေနဲ့ ကော်ဖီခွက်ကို ကိုင်ပြီး Mark ထသွားသည် ။
ပစ္စည်းတွေကများနေသောကြောင့် ခန္ဓာကိုယ်ကိုလဲ ကောင်းကောင်း handle လုပ်လို့မရပေ ။
လက်ထဲကကော်ဖီခွက်လေးပြုတ်ကျတော့မည့်အဆုံး အနောက်ကလိုက်ပါလာသည့် Renjun တစ်ယောက် ပြေးယူလိုက်သည် ။
"ရော့! အကို့ကော်ဖီ"
"မလိုဘူး ပြုတ်ကျသွားလဲကိစ္စရှိတာမှမဟုတ်တာ"
"ဪ...ဟုတ်လား library ထဲမှာအများသူငှာကိုစိတ်ရှုပ်စေရင် ဒဏ်ငွေဆောင်ရမှာနော်! အင်း..ကော်ဖီခွက်မှောက်တာဆိုတော့ ကြမ်းခင်းတွေစိုကုန်မယ် အဲ့တာကြောင့် ဒီနေရာမှာ ကျောင်းသားအချို့ထိုင်လို့မရဖြစ်မယ် ပြီးရင် သန့်ရှင်းရေးသမားတွေအလုပ်ရှုပ်မယ် ဟော..အစကိုလဲပြန်ကြည့်ရော အကို့ကော်ဖီခွက်ကြောင့်ဖြစ်နေရင်??? တချို့စာဂျပိုးတွေအကြောင်းသိတယ်မလား ဘာမှမဟုတ်တာလေးကိုအရေးကြီးခွင်ကျယ်ကြတာလေ အင်းပါ...ကျွန်တော်ကအကို့ကိုကူညီတာ မကြိုက်ဘူးဆိုရင်လဲ မကူညီတော့ပါဘူး"
ကော်ဖီခွက်အား သူသယ်လာတဲ့စာအုပ်တွေပေါ်တင်သွားတာကြောင့် ဆက်သွားရင်လဲသေချာပေါက်မှောက်မှာ ထိုင်ဖို့ပစ္စည်းတွေချရင်လဲမှောက်မှာ
ဒီကောင် ငါ့ကိုဒုက္ခပေးနေတာလား?
Huang Renjun တစ်ယောက် နှစ်လှမ်းသုံးလှမ်းထွက်ကာပြီးသွားမှ သူ့ဘက်ကိုလှည့်ကြည့်လာသည် ။
သူမကူညီရင်မရတော့မယ့်လူလားငါက?
သကောင့်သားကပြန်လှည့်လာကာ ကော်ဖီခွက်အားကောက်ကိုင်လိုက်သည် ။
"လာလေ သွားမယ်"
ပြောမရမယ့်အဆုံးတော့ သူ့နောက်ကနေသာ Mark ပါလာခဲ့သည် ။
•••••••
ဒီကြားထဲကရက်တွေမှာ Huang Renjun တစ်ယောက် Mark ကိုမနှောက့်ယှက်ရရင်မနေနိုင်အောင်ကို အနောက်ကနေတစ်ကောက်ကောက်လိုက်နေသည် ။
ဘယ်လောက်ထိတောင်လဲဆို ကျောင်းက group chat ထဲတောင်သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်နေပုံတွေ အတူတူသွားပုံတွေကို ကျောင်းသား ကျောင်းသူတွေကပို့နေကြပြီ ဖြစ်တယ် ။
"ရော့ အကို့အတွက် ဝယ်လာတာ"
ဘေးနားကိုလာထိုင်ရင်း စတော်ဘယ်ရီကိတ်ပေးလာသည် ။
ဒါကိုမြင်သော Bangchan hyg နဲ့ Lucas ကတော့တိုးတိုးနဲ့ပင် ။
"ငါတို့အတွက်ကျမပါဘူးနော် lucas ရ"
Bangchan hyg ပြောတာကို ကြားသွားသော Renjun က
"အာ ကိတ်က အကို mark အတွက်သီးသန့်ဝယ်ခဲ့တာမလို့ အကိုတို့စားချင်ရင် ဆိုင်လိပ်စာပြောပေးမယ်လေ ဈေးလဲသင့်ပါတယ်"
ရုပ်တည်တည်နဲ့ပြောလာတာကြောင့် Lucas ရော Bangchan hyg ပါဘာမှဆက်မပြောကြတော့ပေ ။
"ငါမစားဘူး မင်းပြန်ယူသွားလိုက်"
စာဖတ်နေရင်းမှ Renjun ကို mark ပြောလိုက်သည် ။
"မရဘူး စားစေချင်လို့ဝယ်လာတာကို"
"ငါမစားဘူးလို့ပြောနေတယ်လေ"
"အကိုကကျွန်တော့်စေတနာကို မလိုလာဘူးပေါ့"
"အစောကြီးထဲကငါစားချင်တယ်ပြောခဲ့လား?"
"ဘယ်လိုပဲဖြစ်ဖြစ်လေ ဝယ်လာတဲ့သူကိုအားနာတဲ့အနေနဲ့တောင် ယူမထားချင်ဘူးလား?"
"ပြီးရောလေ"
ကိတ်မုန့်အား mark ယူလိုက်သည် ။ သို့ပင်မယ့် စားဖို့တော့မဟုတ် သူနဲ့မလှမ်းမကမ်းတွင်ရှိနေသော အမှိုုက်ပုံးထဲကို ထ၍သွားပစ်လိုက်သည်
ထိုလုပ်ရပ်ကို Bangchan ရော Lucas ပါ ပါးစပ်အဟောင်းသားနဲ့အံ့အားသင့်သွားရသည် ။
ဘယ်လိုပဲမုန်းပါစေအုံး ဒီလောက်ထိကတော့ mark လွန်တယ်လို့သူတို့ထင်ကြသည် ။
ဒါပေမယ့် မျက်နှာတစ်ချက်မပျက်သူက Huang Renjun ။
"ကျေနပ်လား? မကျေနပ်လဲမတက်နိုင်ဘူး"
"ရပါတယ် အကိုဘယ်အချိန်ထိပစ်နိုင်အုံးမလဲကြည့်ကြတာပေါ့"
Huang Renjun တစ်ယောက်ထိုနေရာကနေထွက်သွားမှ mark သက်ပြင်းချလိုက်သည် ။
"ဒီကောင်ငါ့ကိုသက်သက်လိုက်ရှုပ်နေတာပဲ"
"Lee Mark မင်းကကွာ မစားချင်လဲ သူ့ရှေ့ယူထားပြီး ကွယ်ရာကျမှပစ်လို့ရပါတယ် အခုဟာကြီးကတော့..."
"ဘာလဲ Hyg ကကျွန်တော်လွန်တယ်ထင်လို့လား?"
"ငါလဲမင်းလွန်တယ်ထင်တာပဲ"
lucas ကပါဝင်ပြောလာသည်မလို့
"အေး မင်းတို့လဲတဖြေးဖြေး သူ့ဘက်ပါကြတော့မယ်နော်"
"ဟင်း..အင်းပါ ငါကဒီအတိုင်းပြောတာ မင်းအဆင်ပြေလဲပြီးတာပါပဲ"
••••••••••••••••
ထိုနေ့ကစလို့ Huang Renjun ဝယ်လာသမျှကို Mark တစ်ယောက် အမှိုုက်ပုံးထဲသာလွှင့်ပစ်သည် ။
ဇွဲမလျှော့တဲ့ Renjun ဆိုသည်မှာလဲ Mark ကိုသီးခံ၍ ဝယ်လာတာတစ်နေ့ထပ်တစ်နေ့မရိုးရပေ ။
အခုဆို သူနဲ့တပူးပူးတတွဲတွဲ Jeno တို့ကတောင်သူ့ကိုအပြစ်ပြောနေကြပြီ ။
"Renjun မင်းဟာက ဘာလဲ? ငါတို့ဘက်တောင်မရောက်တော့ဘူးနော်"
"အေးလေ Hyunjin တို့နဲ့ချိန်းထားတာ ဟိုဘက်ကျောင်းကကောင်တွေကအခုတလော လက်ရဲနေတယ်ဆိုလို့"
Jeno အပြောကို Jaemin ဝင်ထောက်သည်
"ငါရန်မဖြစ်တော့ဘူးလေ မသိဘူးလား?"
"ဘာ???? မင်းက???"
ထိုအာမေဍိတ် ကိုတော့ Jeno ရော Jaemin ပါပြိုင်တူအော်မိကြသည် ။
"အင်း...."
"Nono ငါကြားထားတဲ့ကိစ္စကတကယ်ကြီးနဲ့တူတယ်!"
"ဘာလဲ?"
"Huang Renjun က Lee Mark နဲ့တပူးပူးတတွဲတွဲဆိုတာလေ ဟိုကောင်ကဘာတွေပြောလိုက်လဲမှမသိတာ ဟူး ငါတို့ဖိုက်တာကြီးတောင်ပြောင်းလဲနေပါရော့လား?"
"အေးပါ အမြဲတမ်းကြီးတော့ မရှောင်နေနဲ့ တစ်ပွဲလောက်တော့နွှဲပါအုံး"
Jeno အပြောကို Renjun ပြုံးပြရင်း
"အင်း သူခွင့်ပြုရင်ပေါ့"
ထိုစကားကိုကြားတဲ့အခါ သူငယ်ချင်းတွေရဲ့ဟားတိုက်မှု့ကို Renjun ကောင်းကောင်းခံလိုက်ရသည် ။
"ဟားဟား ဆေးမမှီတော့ဘူး ငါတို့ Renjunnie ဆေးကို မမှီတော့ဘူး"
"အဲ့တာပေါ့ ငါတို့လို ဖိုက်တာအချင်းချင်းတွဲရင်လဲဟုတ်သား ဟိုကောင့်လိုဟာမျိုးကျတော့ သူပြောင်းလဲတာလူသိတာပေါ့"
Jeno ကို Jaemin တတောင်နဲ့တွတ်လိုက်သည်
"မင်းလဲတော်တော်ကဲနော်"
"ချစ်တာကိုး.."
Jaemin ပါးကိုဆွဲ၍ပြောနေတဲ့ Jeno ကို Renjun တစ်ချက်ကြည့်ကာ မျက်နှာရှုံ့လိုက်ရင်း
"သွားပြီ! အားနေ Ro နေတာပဲ ခွေးကောင်တွေ"
"ဪ ဪ..ရည်းစားမရှိတဲ့ Ren ကြီးတစ်ယောက်တော့ လူပုစိတ်တိုနေပြီဟေး"
လှည့်ထွက်သွားတဲ့ Renjun ကလက်အမူအရာနဲ့ရအောင် ဆဲသွားသေး၏ ။
••••••••••••
မနက်အိမ်ကထွက်လာထဲကစိတ်အခြေအနေမကောင်းတဲ့ Renjun က Mark ကိုတွေ့တာနဲ့ ပျော်ရွှင်သွားရသည် ။
ဘာကြောင့်မှန်းတော့မသိပင်မယ့် သူ Mark ကိုတွေ့ရရင် စိတ်ကြည်နူးသည် ။ ပင်ပန်းတာတွေပြေပျောက်တယ်ဟုထင်သည် ။ နောက်ဆုံး အားကိုးချင်မိသည်အထိ ။
အေးနေတဲ့ရာသီဥတုကြား အအေးဒဏ်ကိုအံတုရင်း Mark နားကိုရောက်အောင်ပြေးသွားလိုက်သည် ။
"အကို!!!"
သူ့ကိုတွေ့တာနဲ့ မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားရင်း အလိုမကျတဲ့အကြည့်တွေနဲ့အကိုဟာသူ့ကို တခြားအရာတွေထက်စိတ်မကောင်းဖြစ်စေသည် ။
တခါတလေ သူစဉ်းစားမိသည် ။ အကို Mark ကိုကပ်နေမိတာ မှားနေလား? အကို့ကို သဘောကျတာ ရပ်လိုက်သင့်လား? အင်း သဘောကျတယ်ဆိုတာထက် လောလောဆယ်ပိုတိကျတဲ့အဖြေက အကို့ကိုမတွေ့ရရင်မနေနိုင်တဲ့ သူ့ရဲ့စိတ်ကပဲမှားနေတာလား?
လိုက်ကပ်နေမိတဲ့ကိုယ့်ကိုကိုယ်ပဲ ရပ်တန့်လိုက်သင့်လား?
မေးခွန်းများစွာနဲ့သူဟာ အကို့ရှေ့ရောက်ရင်တော့ ထိုအရာတွေကိုမေ့ရင်း အကို့နားမှာနေ့ချင်မိတာပဲသိသည် ။
အရင်ကခပ်ဆိုးဆိုးကောင်လေးက အကို့ကြောင့်နဲ့ နဲနဲတော့တည်ငြိမ်သွားတယ်ဆိုတာ အမှန်ပဲမို့ ထိုအချက်ကလေးကိုကြည့်ရင်း အကိုသူ့ကိုညာတာဖို့မျှော်လင့်မိသည် ။
"ဘာလာလုပ်ပြန်ပြီလဲ"
အတွေးတွေပြန့်နေတဲ့သူဟာ အကို့ရဲ့အသံဩဩလေးကိုကြားမှ အသိပြန်ဝင်လာခဲ့သည် ။
"အာ..အကို့အတွက် လမ်းကနေဝယ်လာတာ"
သူ့ပြောတာကိုမျက်မှောင်ကျုံ့ကာကြည့်နေတဲ့အကိုက ဘာတွေအလိုမကျပြန်တာလဲ?
"ဘာဖြစ်လို့လဲ အကို?"
"မင်းကလေ အသိဉာဏ်မရှိတာလား? မင်းပဲငါနဲ့ခင်ချင်ပါတယ်ဆို? ငါရန်ဖြစ်တာကိုမကြိုက်တာတောင် အဲ့ဒီမျက်နှာပေါ်ကဒဏ်ရာတွေကဘာတွေလဲ"
ဟုတ်တာပဲ..ဒီဒဏ်ရာတွေကို ကားပေါ်ကနေမိတ်ကပ်နဲ့မဖုံးခဲ့ရဘူး အကို့ကိုပြောလဲ အကိုကယုံမှာမဟုတ်ဘူး
"ဟို အကိုထင်သလိုရန်ဖြစ်လာတာမဟုတ်ဘူး အဲ့တာအကိုယုံပေးပါ"
"ဒီလောက်ထင်းနေတဲ့သက်သေရှိတာတောင်ငါ့ကိုလိမ်ရဲတယ်နော် Huang Renjun"
"ကျွန်တော်တကယ်ပြောတာပါ အကိုမယုံရင်ကျွန်တော့်သူငယ်ချင်းတွေမေးလို့ရပါတယ်"
ဒဏ်ရာတွေကိုမယုံရင်တောင် ကျွန်တော့်မျက်လုံးတွေကမလိမ်ရဲပါဘူး အကို
"မင်းအကောင်တွေလဲ မင်းအတိုင်းပဲလေ ဘာတွေမေးနေရအုံးမှာလဲ မင်းငါ့ရှေ့ကနေထွက်သွားလိုက်တော့ Huang Renjun မင်းကိုငါတော်တော်စိတ်ပျက်တယ်"
သူ့ကိုလက်ညိုးငေါက်ငေါက်ထိုးရင်းပြောနေတဲ့ အကိုက သူသိသလို နူးနူးညံ့ညံ့လေးမဟုတ်တော့ဘူး ။
ဘေးနားကကြည့်နေတဲ့ အကို့သူငယ်ချင်းတွေနဲ့ တချို့ကျောင်းသားကျောင်းသူတွေကိုတောင်ဂရုမစိုက်နိုင်ပဲ Renjun တောင်းပန်မိသည် ။
"အကိုကျွန်တော်ပြောတာယုံပေးပါ ကျွန်တော်ကျိန်ရဲတယ် တကယ်ကိုရန်မဖြစ်ခဲ့ပါဘူး ဒီ..ဒီဒဏ်ရာတွေကလဲတခြား တခြားကိစ္စကြောင့်ပါ"
"သွားစမ်းပါကွာ!! မင်းကိုငါပြောပြီးပြီနော် ငါမင်းမျက်နှာကိုမတွေ့ချင်ဘူး ငါနဲ့ဘယ်တော့မှ သူငယ်ချင်းလာမလုပ်နဲ့"
သူ့ရဲ့လက်ကိုဖြုတ်ချကာ ထွက်သွားသည့် အကိုကျောပြင်ကျယ်ကျယ်အားငေးကြည့်နေမိသည်
အကိုသူငယ်ချင်းတွေကလဲ သူ့ကိုကြည့်ကာ သက်ပြင်းချသွားသလို ဘေးနားကဖြတ်သွားဖြတ်လာတွေကလဲ သူ့ကိုအထူးအဆန်းလိုကြည့်လာကြသည် ။
ထိုနေရာမှာမိနစ်အနဲငယ်ရပ်နေမိတဲ့သူသည် ပါးပေါ်ကစိုစွတ်စွတ်အရာကြောင့် စမ်းမိတော့မှ မျက်ရည်တွေ ။
မေမေဆုံးပြီးထဲက မျက်ရည်ဆိုတာကို အကျမခံတဲ့ကောင်က အခုတော့အကို့ကြောင့်နဲ့ ငိုနေရပြီ ။
လောလောဆယ်တခြားဘယ်အရာတွေကမှသူ့ကို မငိုစေပင်မယ့် အကို့ရဲ့အပြုအမူတွေကတော့ သူ့ကိုတကယ်ခံစားရစေတာအမှန်ပင် ။
"ရပါတယ် အကိုကျွန်တော့်ကိုအဲ့လောက်မုန်းနေလဲ ကျွန်တော်အကို့ကွယ်ရာမှာပဲနေပါ့မယ်"
ပျောက်ကွယ်သွားတဲ့ကျောပြင်ကျယ်ကိုသတိရရင်းနဲ့ တိတ်တဆိတ် ပြောမိတဲ့စကားကိုရောအကိုကြားမိပါ့မလား?
Zawgyi
"အကို!!"
"အမလေး အမေရဲ့!"
"ကျစ်! ဒုက္ခပဲ!"
"ရော့! အကို့ကော်ဖီ"
"လာလေ သွားမယ်"
•••••••
"ပြီးရောလေ"
••••••••••••••••
ထိုနေ့ကစလို့ Huang Renjun ဝယ်လာသမျှကို Mark တစ်ယောက် အမှိုက်ပုံးထဲသာလွှင့်ပစ်သည် ။
"ဘာ???? မင်းက???"
"အင်း...."
"ဘာလဲ?"
"ချစ်တာကိုး.."
••••••••••••
"အကို!!!"
"ဘာလာလုပ်ပြန်ပြီလဲ"
"ဘာဖြစ်လို့လဲ အကို?"
Continue Reading
You'll Also Like
493K 7.5K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
598K 30.2K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
858K 19.5K 48
In wich a one night stand turns out to be a lot more than that.
442K 30.2K 45
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...