Amor is so Dumm

By MochiCookie95

171K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22 ⚠️
Ep-23
Ep-24
The End
Extra-1
Extra-2

Ep-25

6.1K 927 247
By MochiCookie95

Unicode;

"Grazie.. ငါ့ဧည့်သည်တွေထဲ Shopping Mall မှာ share ဝင်ချင်တဲ့သူရှိတယ်.. အဲ့တာ အခု မင်း ရုံးခန်းကို ငါ လွှတ်လိုက်ပြီ"

ဖုန်းထဲက Joon အသံကြောင့် Jimin စားပွဲလေးပေါ် ခြေထောက်တင်ပြီး ထိုင်နေရာမှ ချက်ခြင်းပင် ထိုင်နေသည့် ပုံစံအား ပြောင်းလိုက်သည်။ စားပွဲထက် ဖြစ်သလို တင်ထားသော ဖိုင်တွဲများအား သပ်သပ်ရပ်ရပ် ဖြစ်စေရန် ပြင်ဆင်လိုက်သည်။ အိုခေ.. ငါတင်မကဘူး ငါ့ပတ်ဝန်းကျင်ကပါ ကြည့်ကောင်းနေဖို့ လိုတယ်..။

"ဟဲလို Grazie.. ငါပြောနေတာ ကြားရဲ့လား"
"ဟင်.. အင်း.. ကြားတယ်"
"သူက ဂျာမန်လို နားမလည်လို့ နည်းနည်းလောက် ဂရုစိုက်လိုက်ပါဦး"
"အင်းပါဆိုကွာ"

Jimin ဖုန်းချလိုက်ပြီး အလုပ်စားပွဲရဲ့ အံဆွဲလေးထဲမှ မှန်လေးအား ဆွဲယူကာ ကြည့်လိုက်သည်။ အင်း... ချောနေဆဲပဲ..။ လည်ပင်းနားက necktie လေးကို ပုံစံကျအောင် ပြင်ပြီး အိတ်ထဲ ဆောင်ထားနေကျ ရေမွှေးပုလင်းလေးပါ ထုတ်ကာ ဆွတ်လိုက်သည်။ အရမ်း အိုဗာကြီး လုပ်စရာမလိုဘူး Grazie.. ဘယ်လိုပဲ ဖြစ်ဖြစ် သူက မင်းကို ချစ်လာမှာ..။

ကိုယ့်စကားကိုယ် ခေါင်းညိမ့်ထောက်ခံပြီး ရုံးခန်းစားပွဲကနေ ထကာ ရုံးခန်းအပြင်ဘက် နံရံ ကျောမှီပြီး လက်ပိုက်ကာ စတိုင်လ်အပြည့်နဲ့ ရှယ်ယာရှင်အား စောင့်နေလိုက်သည်။

"အာ.. ist.. ist.. ist es.."

Jimin ရုံးခန်းနား Reception အမျိုးသမီး ငယ်လေးဆီ Ist ကလွဲပြီး ရှေ့မတက်မလာတဲ့ ဂျာမန်စကား ပြောဖို့ကြိုးစားနေသူ Jeon Jungkook အမည်ခံ ကောင်လေးအား Jimin ကြည့်ရင်း ပြုံးနေမိသည်။ ဆရာမဆီ စာပြန်ရင်း စာမေ့သွားသလို မျက်နှာကျက်ကို မော့မော့စဉ်းစားရင်း လက်ညှိုးတစ်ထောင်ထောင်နဲ့ ။ ဘယ်လိုပဲ ပြောပြော အဲ့လို အူတူတူ ဖြစ်နေတာလေးကိုက Jeon Jungkook ရဲ့ ဆွဲဆောင်မှု တစ်ခုလို တစိမ့်စိမ့် ထိုင်ကြည့်နေချင်စဖွယ်။

"Ist es.. အာ.. ist es de.."
"တော်လောက်ပြီ.. ဒါနဲ့ နောက်ရက်ကူးတော့မယ်"

Jimin အသံကြောင့် Jungkook လှည့်ကြည့်လာသည်။ Jimin က လက်ပိုက်ကာ နံရံဘက် မှီရင်း ဆိုဒ် ဂိုက် အပြည့်ဖြင့်

"ဟို ငတုံး ဒီကိုလာ"

Jimin လက်ညှိုးလေး လှုပ်ကာ ခေါ်လိုက်သည်ကို Jungkook ပုံစံက အနည်းငယ် ကြောင်သွားဟန် ပေါ်သည်။ သူ့ရင်ဘတ်သူ လက်ညှိုးထိုးပြရင်း

"ကျွန်တော့်ကို ပြောတာလား"
"ဒီနားတဝိုက်မှာ ငါပြောနေတဲ့ ဘာသာစကားကို နားလည်တဲ့သူ မင်းပဲ ရှိတာ"

Jimin အဖြေကြောင့် Jungkook ပတ်ဝန်းကျင်အား ဟိုဘက် ဒီဘက် လှည့်ကြည့်လေသည်။ အကုန်လုံးက သူတို့အလုပ် သူတို့ လုပ်နေသည်မို့ ကိုရီးယားစကား နားလည်တဲ့သူ သူတစ်ယောက်တည်းဆိုတာ သိသွားကာ Jimin အနား လျှောက်လာသည်။

"မင်္ဂလာပါ သခင်လေး Grazie"
"Park Jimin ပါ"

Jimin သူ့ရုံးခန်းတံခါးလေးကို Jungkook အတွက် ဆွဲဖွင့်ပေးပြီး ပြောလိုက်သည်မို့ Jungkook ဘာမှ ပြန်မပြောပဲ ရုံးခန်းထဲ အရင်ဝင်လိုက်သည်။ ပြီးမှ Jimin က သူပါ ဝင်ရင်း

"ငါ့ ကိုရီးယား နာမည်က Park Jimin"
"အာ.. ကျွန်တော် က ကိုရီးယား နာမည် မရှိဘူးလို့ သိထားတာ"

သိထားတာ..??။ ငါ့ကို စိတ်ဝင်စားလို့ ငါ့အကြောင်းတွေများ စုံစမ်းထားတာလား..။ Jimin မျက်ခုံး ပင့်လိုက်ပြီး သဘောကျသွားသလို ခေါင်းလေး ညိမ့်လိုက်ရင်း ထိုင်ခုံမှာ အရင်ထိုင်လိုက်သည်။

"သိထားတာ ဆိုတော့.. မင်း.. ငါ့ အကြောင်းတွေ ကြိတ်စုံစမ်း ထားတာလား"
"ဗျာ.. ဟိုဟာ အဲ့လို မဟုတ်ပါဘူး.. အဲ့တာ.. ရှယ်ယာရှင်ဆိုတော့ နည်းနည်းလောက် လေ့လာထားတာပါ"

ပြာပြာသလဲ ငြင်းနေတဲ့ Jungkook ပုံစံကြောင့် Jimin နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။ ဘာတွေ အဲ့လောက် ကြောက်နေတာလဲ.. မသိရင် ငါက Mafia ခေါင်းဆောင်ကျလို့..။

"ဒါဆို ငါ့အကြောင်း နည်းနည်းတောင် စုံစမ်းမထားခဲ့ဘူးပေါ့"
"ဟုတ်ပါတယ်.. ကျိန်ဆို ကျိန်ရဲပါတယ်"

ဒီ...။ မစုံစမ်းထားလည်း နည်းနည်းပါးပါး လိမ်ပါဦးဟ ဆိုပြီး အိမ်မက်ထဲကကို ဆံပင်တွေ ဆောင့်ဆွဲလိုက်ချင်စိတ်က တဖွားဖွား။ စိတ်လျော့ Grazie.. ငါတို့က အိမ်မက်ထဲက လို ဆက်ဆံရေး မဟုတ်သေးဘူး..။ အခုချိန် သူ့ဆံပင် ဆောင့်ဆွဲမိရင် တောင်ကိုရီးယားတောင် တန်းပြန် သွားမလား မသိ။

"တကယ်.. တကယ် မစုံစမ်းပါဘူး.. ကိုရီးယားနာမည် မရှိဘူးဆိုတာလည်း SeokJin Hyung နဲ့ စကားဆက်မိလို့ပါ"

Jimin မျက်နှာ သိသိသာသာများ စူပုတ်မိ သွားလား မသိရှေ့က ကောင်လေးက ကြောက်အားလန့်အားဖြင့် အတင်းကို မစုံစမ်းခဲ့ကြောင်း ဖြေရှင်းနေလေသည်။

"သိပါပြီ.. တော်တော့"

Jimin ကိုယ့်ကိုကိုယ် ထိန်းထားသည့်ကြားက ငေါက်သလို ပြောလိုက်မိသည်မို့ ရှေ့က ကောင်လေးဟာလည်း အဆူခံလိုက်ရတဲ့ ကလေးလို ငြိမ်သက်နေလေသည်။

"အာ.. မေ့တော့မလို့.. ဒီက ကျွန်တော်တို့ ကုမ္ပဏီ အကြောင်းပါ.."

Jungkook က သူ့ သယ်လာတဲ့ လက်ဆွဲအိတ်လေး ဖွင့်ကာ စာရွက်စာတမ်း တချို့ကို ထုတ်ပြလေသည်မို့ Jimin စိတ်မရှည်သလို သက်ပြင်းချလိုက်မိသည်။ တကယ် ငါ့အပေါ် နည်းနည်းလေးတောင် မရိုးသားတဲ့ စိတ်မရှိဘူးလား...။

"မင်း စီးပွါးရေး တစ်ခုတည်းကြောင့် ငါ့ဆီလာတာလား"
"ဗျာ..??"
"ကျစ်.. ထားလိုက်တော့ ဆက်ပြော.."

Jimin ပုံစံကို Jungkook နားမလည်နိုင် ဖြစ်နေမှာ သေချာသည်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြင့် အသက်တောင် ပြင်းပြင်း မရူရဲပဲ စာရွက်စာတမ်း တချို့ကို အသံတိတ် ထုတ်နေလေသည်။ Jimin ကတော့ သက်ပြင်းသာ ထပ်ခါ ထပ်ခါ ချရင်း ခေါင်းထဲ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေလေသည်။ အမျိုးသမီး တစ်ယောက်ကိုတောင် မလိုက်ဖူးတဲ့ ငါက ဒီငတုံးကို ဘယ်လို မြောင်းဖောက်ရပါ့...။

"ကျွန်တော်တို့ ကုမ္ပဏီက ကိုရီးယား စားသောက်ကုန်ကို အဓိက ထုတ်လုပ်ပြီး.."
"မင်း နဲ့ Joon ချစ်သူနဲ့ ဘယ်လို ပတ်သက်တာလဲ"
"ဗျာ..?"

အလုပ်ကလွဲရင် ဘာမှ စိတ်မဝင်စားဘူးဆိုတဲ့ သခင်လေးက အလုပ်ကိစ္စပြောနေချိန် တခြားခေါင်းစဉ်ပြောင်းလိုက်တာဟာ သူ ကြောင့် ဆိုတာ ရှေ့က သခင်လေး နားလည်နိုင်ပါ့မလား။ Jungkook ခဏတော့ တိတ်ဆိတ်သွားပေမယ့် သက်ပြင်း တိုးတိုးလေးချကာ

"ငယ်ကတည်းက ညီအကိုအရင်းလို ရင်းနှီးတဲ့ အစ်ကိုပါ.. ဂျာမနီဘက်က လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံ ကြည့်ချင်တာနဲ့.."
"Stop.. အဲ့လောက်ဆို ရပြီ"

ဒါဆို Jin နဲ့ သူနဲ့က ရင်းနှီးတဲ့ ဆွေမျိုးပုံစံပဲပေါ့..။ Jimin ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းတငြိမ့်ငြိမ့်နဲ့ ဆုံလည်ခုံလေးအား ဆော့နေလိုက်သည်။ မျက်စိရှေ့က ကောင်လေးက သက်ပြင်းတစ်ချက်ချရင်း

"သခင်လေး ကျွန်တော်တို့ ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ချင်ရဲ့လား"

Jungkook အမေးကြောင့် Jimin ပျံ့လွင့်နေသော အာရုံများအား အမြန် စုစည်းလိုက်ရသည်။ ငါ အလုပ်ထဲ စိတ်မဝင်စားတာ အရမ်း သိသာနေလား..။

"အဟမ်း.. အဲ့လိုတော့ မဟုတ်ပေမယ့်.."
"သခင်လေးက ကိုရီးယားလူမျိုးတွေကို မုန်းတယ်ဆိုတာ သိ.."
"အရင်ကပါ.. စကားပို မပြောပဲ လုပ်ငန်းကိစ္စသာပြော"

Jungkook စကားမဆုံးခင် Jimin အမြန်ဖြတ် ဖြေလိုက်သည်။ Jungkook ပါးပါးလေး ပြုံး၍ သက်ပြင်းလေး သူယူလာတဲ့ စာရွက်စာတမ်းတွေကို ထိုးပြကာ သူတို့ ကုမ္ပဏီ အကြောင်း အရှည်ကြီး ရှင်းပြလေတော့သည်။ လုပ်ငန်းကိစ္စ အာရုံမရောက်တာမို့ Jimin တစ်ယောက် Jungkook ကိုသာ ခိုးကြည့်ရင်း ဒီယုန်သူငယ်ကို ဘယ်လို ကျော့ကွင်း ထောင်ရမလဲသာ တွေးနေမိသည်။

"အဲ့တော့.. သခင်လေးဘက်က ဘယ်လို သဘောရလဲဗျ"

ရုတ်တရပ် စာရွက်ထောင် ရှင်းပြနေရာမှ Jimin ဘက်လှည့်ကာ မေးလာသည်ကို Jimin ဘာပြန်ဖြေရမှန်း မသိ။ ကိုယ့် အတွေးနဲ့ ကိုယ်မို့ Jungkook ပြောတဲ့ ကုမ္ပဏီအကြောင်း တစ်ခုမှ နားထဲ မဝင်ခဲ့။

"မဆိုးပါဘူး"

သင် စိတ်မဝင်စားတဲ့ အကြံပြုလွှာ မေးခွန်းတစ်ခုအား တစ်စုံတစ်ယောက်က လာမေးနေပါသလား..။ မဆိုးပါဘူး လို့ ဖြေလိုက်ပါ..။ ဒါက အကောင်းဆုံး အဖြေပဲလေ..။ Jimin အလိုက်အထိုက်လေး ဖြေလိုက်သည်ကို ငတုံးလေးကတော့ ရိပ်မိပုံမပေါ် ကျေနပ်စွာ ပြုံးရင်း

"တော်သေးတာပေါ့.. ကျွန်တော်က သခင်လေး သဘောမကျမှာ စိုးရိမ်နေတာ"
"အဟင်း.. ငါက ပုံမှန်လိုဆို လွယ်လွယ် သဘောကျတတ်တဲ့ type မျိုး မဟုတ်ပေမယ့်.."

Jimin စကားချီလေးကို မျက်လုံးဝိုင်းလေးတွေက တစ်ခုခုအား မျှော်လင့်နေဟန် မော့ကြည့်လာသည်။

"သဘောကျပါတယ်"

Jungkook မျက်ဝန်းတို့ကို စိုက်ကြည့်ရင်း ရဲတင်းစွာ ဆိုလာတဲ့ သခင်လေး စကားကြောင့် မျက်လုံးဝိုင်းလေးတွေဟာ သာမန်ထက် ပိုပြူးကျယ်သွားသည်။

"အဟမ်း.. ငါပြောတာ ခုနာ မင်းပြောသွားတဲ့ ဟာကို ပြောတာ"

ဘာပြောသွားတာမှန်းတော့ သေချာ မသိလိုက်ပေမယ့်ပေါ့..။ Jimin စိတ်ထဲက စကားတွေသာ Jungkook တစ်ယောက် ကြားနိုင်ခဲ့ရင် ရယ်နေမလား..။

"အာ.. ကျေးဇူးတင်ပါတယ် သခင်လေး.. ဒါဆို စာရွက်စာတမ်း လုပ်ပြီး မနက်ဖြန် ထပ်လာခဲ့ပါ့မယ်"

မနက်ဖြန် ထပ်လာဦးမှာတဲ့.. Yes..။ Jimin စိတ်ထဲမှာတော့ ခုန်ပေါက်နေပြီပေမယ့် အပြင်မှာတော့ ခေါင်းငြိမ့်ပြလိုက်သည်။ Jungkook ပြန်သွားမှ ထားခဲ့သည့် စာရွက်စာတမ်းလေးများအား မနက်ဖြန် အလုပ်အပေါ် မလစ်ဟာနိုင်ဖို့အတွက် အာရုံစိုက်ကာ ပြန်ကြည့်ရသည်။

"အား.. ပင်ပန်းလိုက်တာ.. နှစ်ရက်လေးပဲ အလုပ်နားလိုက်တာကို အလုပ်မလုပ်ရတာ တစ်လလောက် ရှိနေသလိုပဲ ဘာမှ အာရုံကို စိုက်လို့မရဘူး"

Jungkook ချန်ခဲ့သည့် စာရွက်စာတမ်းလေးများ အားလုံး ဖတ်လို့ အပြီးမှာတော့ ညနေစောင်းနေပြီ ဖြစ်သည်။ Jimin ခါးလေးဆန့်ပြီး အညောင်းအညာပြေ ထကာ မပြန်ခင် Shopping Mall တစ်ခွင် ပတ်စစ်ရန် ထွက်လာခဲ့သည်။ Jimin ထွက်လာသော လမ်းတစ်လျှောက် နောက်က လိုက်လာသည့် ကိုယ်ရံတော် နှစ်ယောက်နဲ့ အတွင်းရေးမှူး ကောင်လေးအား မျက်စိမှာ အမြင်မတော်တာ မှန်သမျှ ပြင်ဆင်ဖို့ မှာကြားနေလိုက်သည်။

"မင်း တို့ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ.. ငါ နှစ်ရက်လောက် မလာနိုင်လိုက်တာ Event အတွက် နေရာ ချထားတာက အစ တစ်စက်ကလေးမှ မလှဘူး"
"တောင်းပန်ပါတယ်ဗျ"
"ဒါကိုရော ဒါကိုရော ဟိုဘက်ရွေ့ထားစမ်း လူသွားလမ်းမှာ အဲ့လို ထားစရာလား.. ဒါတွေက အစ ငါ လိုက်ပြောမှ ဖြစ်မှာလား"

Jimin ပတ်ကြည့်ရင်း မြင်သမျှ အကုန် ဝေဖန်သွားသည်မို့ အလုပ်မပြုတ်စေရန် ဝန်ထမ်းတွေ ချက်ခြင်းခေါ်ကာ ပြင်ဆင်ရသည်။ အကုန်လုံး အလုပ်ရှုပ်နေတဲ့ ကြားထဲ Jimin အာရုံကို ဖမ်းစားလိုက်နိုင်တဲ့ Liquors ဆိုင်လေး။ Alcohol အမျိုးအစားပေါင်းများစွာကို တံဆိပ်များစွာ ပုလင်းအမျိုးစုံအောင် စီရီ ပြသထားလေသည်။ သို့ပေမယ့် Jimin စိတ်ဝင်စားသည်က ထို အရည်ပုလင်းများ မဟုတ်။ Cashier Counter မှာ ငွေရှင်းဖို့ ပြင်နေသည့် ကောင်လေးကိုပင်။

"ဒီကောင်လေး.. မပြန်သေးဘူးပဲ"

တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေရင်း အဝေးကနေပဲ Jungkook လုပ်သမျှ လှမ်းအကဲဖြတ် နေလိုက်သည်။ ခဏ.. ဒီကောင်လေး ငါနဲ့ အတူတူ ပြန်ချင်လို့ စောင့်နေတာ မဟုတ်ဘူးလား..။

"Diese.. အာ.. diese.. gib mir.. အာ.."

ဂျာမန်စကားပြောရင် လက်ညှိုး တစ်ထောင်ထောင်နဲ့ ပြောနေသည့် Jungkook ပုံစံက ဘယ်အချိန်ထကြည့်ကြည့် ရိုးအီသွားစရာ မကောင်းလောက်အောင် ချစ်စရာကောင်းနေလေသည်။

"Willst du das?"

Cashier ကောင်မလေး ပြောသည့်စကားကို Jungkook နားမလည်သည်မို့ ခေါင်းလေးကုတ်ရင်း

"Ok.. Sorry I can't speak German.. Please give me this.."

အဖြစ်အပျက်တွေ အကုန်လုံးကို Jimin သဘောကျစွာ ပြုံးရင်း ရပ်ကြည့်နေမိသည်။ အစက အင်္ဂလိပ်လို ပြောရင် ရရဲ့သားနဲ့.. ဒီငတုံးကတော့..။ သိပ်မကြာ စက္ကန့်ပိုင်း အတွင်းမှာပဲ Jimin အပြုံးတို့ ပျောက်ကွယ်သွားသည်။ အကြောင်းအရင်းကား Cashier ကောင်တာက ကောင်မလေးသည် ငွေရှင်းနေသော ကောင်လေးအား ဖုန်းနံပါတ် ရေးပေးနေခြင်းကြောင့်ပင်။

"Sie sind so süß.. Das ist meine Telefonnummer.. also ruf mich an"

Cashier ကောင်မလေး ပြောလိုက်သည်ကို နားမလည်ပဲ အူကြောင်ကြောင်နဲ့ ရေးပေးလိုက်တဲ့ ဖုန်းနံပါတ်အား ယူလိုက်သော ကောင်လေးကြောင့် Jimin ပိုစိတ်တိုမိသည်။ ရပ်ကြည့်နေရာမှ မနေနိုင်တော့ပဲ ဝင်ပါရသည့် အဆင့်သို့ ကူးပြောင်းလာခဲ့သည်။ ဒီငတုံး... ဂျာမနီလာပြီး ဂျာမန်စကား မလေ့လာခဲ့ဘူးလား မသိဘူး..။

"ဒါဘာလုပ်နေတာလဲ"

Jimin ဂျာမန်လို မေးလိုက်သည်မို့ Cashier ကောင်မလေးမှာ ပြာသလဲ ခါးကိုင်း နှုတ်ဆက်ရလေသည်။ အခြေအနေကို မသိသေးတဲ့ Jungkook ကတော့ ပြုံးပြရင်း

"မင်္ဂလာပါ သခင်လေး"
"မင်းက ဘာနားလည်လို့ ဒါကို ယူတာလဲ"
"ဗျာ..?"

Jungkook လက်ထဲက စာရွက်ဖြူလေးကို မျက်စပစ်ပြရင်း ကိုးရီယားလို မေးလိုက်သည်မို့ Jungkook အနည်းငယ်ကြောင်သွား ပုံပေါ်သည်။ Jimin က ထိုစာရွက်ဖြူလေးအား ဆွဲယူပြီး ကြည့်ကာ တစ်ချက်မဲ့လိုက်လေသည်။ ဖုန်းနံပါတ်အား အသည်းပုံ အဆုံးပိတ်လေးနဲ့ ရေးထားတာကိုက Jimin ရင်ဘတ်ကို မီးနဲ့ တို့နေသလို။ တစ်စဆီ အစအန မှုန်ဝါးသည်အထိ ဆွဲဖြဲလိုက်ပြီးနောက် Cashier ကောင်မလေးအား ထိုစက္ကူစလေးများဖြင့် ပစ်ပေါက်ကာ ဂျာမန်ဘာသာစကားသုံး၍

"ဒီလူရဲ့ ခေါင်းအစ..ခြေအဆုံး.. ဆံချည်မျှင် တစ်မျှင်ကစလို့.. ခြေမှုန့် တစ်မွှားအထိ.. ငါ့အပိုင်"
"တောင်း.. တောင်းပန်ပါတယ် သခင်လေး"
"ဘာတဲ့ အရမ်းချစ်ဖို့ကောင်းတယ်.. ငါ့ဆီ ဖုန်းခေါ်..? ရူးနေလား"

အဆုံးသတ်မှ လွှတ်အော်လိုက်သည့် Jimin ကြောင့် Cashier ကောင်မလေးဆိုတာ မပြောနဲ့ဦး ဘေးက ရပ်နေတဲ့ Jungkook ပင် တစ်ကိုယ်လုံး တုန်သွားသည်။

"နောက်ရက်က စပြီး ငါတို့ လုပ်ငန်းစုနဲ့ ပတ်သက်တဲ့ နေရာမှန်သမျှမှာ မင်းကို မြင်ခဲ့ရင် မသတ်မိဘူးလို့ ငါ အာမ မခံနိုင်ဘူး နားလည်လား.. အလုပ်လာတာ ဒီနေ့ နောက်ဆုံး ဖြစ်ပါစေ"
"ဟုတ်.. ဟုတ်ကဲ့ပါ.. သခင်လေး"
"သခင်လေး.."

ဘေးနားကလာတဲ့ ကိုးရီယား ဘာသာစကား ချိုမြမြအသံလေးကြောင့် Jimin ရင်ဘတ် တစ်ခုလုံး ဒေါသကြောင့် တင်းကြပ်နေရာမှ ပြေလျော့ကုန်သည်။ သက်ပြင်းတိုးတိုးလေး ချလိုက်ရင်း အသံပိုင်ရှင်အား မျက်မှောင်ကြုံ့ ကြည့်ကာ

"ဘာလဲ"
"ဟို.. ဘာတွေ ဖြစ်နေကြလဲ မသိပေမယ့်.. တစ်ခုခု အထင်လွဲနေတယ် ထင်လို့.."
"ဘာကို အထင်လွဲစရာရှိလဲ အရူးရဲ့ မင်း ဂျာမန်စကား နားမလည်ပဲ အူတူနေတာ အမြင်မတော်လို့ ငါ ဝင်ပြောနေတာ"

Jimin ငေါက်လိုက်သည်ကို Jungkook နားမလည်သလို မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြင့် ကြည့်နေလေသည်။ Jimin စိတ်မရှည်ဟန် သက်ပြင်းချလိုက်ရင်း

"သူက မင်းကို ချစ်စရာကောင်းတယ်တဲ့လေ.. သူ့ဖုန်းနံပါတ်ပေးပြီး ခေါ်ခိုင်းနေတာ ငတုံးရဲ့"
"အာ.. သခင်လေးကလည်း အဲ့တာ သူ့ကို ငေါက်စရာ မလိုပါဘူး.. ဟီး ဝန်ခံရမှာ နည်းနည်းတော့ ရှက်ဖို့ကောင်းပေမယ့် ဒါမျိုးက ကျွန်တော် ခဏခဏ ကြုံနေကျပါ"
"မင်း ကို ဖုန်းနံပါတ် အတင်းထိုးပေးနေတာကို ငါက ဒီတိုင်း ထိုင်ကြည့်နေရမှာလား.."

Jimin အော်ပြီးသွားမှ ကိုယ့်နှုတ်ခမ်းကိုယ် တင်းတင်းစေ့ထားမိသည်။ Jungkook ကတော့ အံ့ဩသလို နားမလည်သလို မျက်လုံး အဝိုင်းသားဖြင့် Jimin အား စိုက်ကြည့်နေလေသည်။

"မဟုတ်ဘူး ငါပြောချင်တာ.. မင်းက ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင် ဖြစ်လာတော့မှာလေ.. အဲ့တာကြောင့်.. အဲ့တာ.. ဝန်ထမ်းတစ်ယောက်က မင်းကို ဖုန်းနံပါတ်ပေးတယ် ဆိုတာတော့ မဖြစ်သင့်ဘူး ထင်လို့ပါ"
"ကျွန်တော် နားလည်ပါတယ်.. သူ့ကို ခွင့်လွှတ်ပါတယ် လို့ ပြောချင်တယ် ဂျာမန်လို ဘယ်လိုပြောရမလဲ"
"ဒီ...."

ဒီငတုံး ဘယ်အချိန်ထိ တုံးနေမှာလဲ..။ ဘာပြောပြော အကုန် လွှတ် ယုံနေတော့တာပဲ..။ ဘာမှဆက်မဖြေပဲ နှုတ်ခမ်းကိုက်ပြီး ဆောင့်အောင့်ကာ ထွက်သွားတဲ့ Jimin နောက် Jungkook ပြေးလိုက်ရင်း

"ကျွန်တော် တစ်ခုခု အမှားလုပ်မိခဲ့ရင် တောင်းပန်ပါတယ် သခင်လေး"
"ကျစ်.."

မြောင်းဖောက်ရုံ မကလို့ ပင်လယ်လိုက်ကြီး ချပြရင်တောင် အကျယ်ကြီးပဲနော်က လွဲရင် ဘာမှ ပြောမယ့်ပုံမပေါ်။ Jimin ဆက်ပြောမိရင် ဒေါသနဲ့ ချစ်တဲ့ အကြောင်းတွေ ပွင့်အာကုန်မှာ စိုးတာကြောင့် ငြိမ်သက်နေလိုက်မိသည်။

"သခင်လေး ကျွန်တော့်ကို မုန်းနေတာလား"

F*** ချစ်နေတာဟ..။ အပြင်မှာ ထုတ်မပြောဖြစ်ပေမယ့် Jimin ရင်ထဲမှာတော့ မီးတောင်ပေါင်း တစ်သောင်းလောက် ပေါက်ကွဲနေလေသည်။

"ဟုတ်တယ်မလား.. ကျွန်တော် သိပါတယ်.. သခင်လေးက ကိုးရီယားလူမျိုးတွေကို မုန်းတယ်ဆိုတော့ ကျွန်တော့်ကိုလည်း မုန်းနေမှာပဲလို့လေ.. အာ့"

ဘေးနားကနေ ပွစိပွစိ လိုက်လုပ်နေတဲ့ ကောင်လေးကြောင့် Jimin စိတ်က ထိန်းလို့ရေးပေမယ့် လက်ကတော့ ထိန်းမရတော့ပါ။ Auto စနစ်ဖွင့်ထားသလို ထိုကောင်လေးကို နဘမ်တစ်ချက် တီးလိုက်မိသည်။ မယုံနိုင်သလို မျက်လုံးဝိုင်းလေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ကြည့်လာတဲ့ ကောင်လေးကြောင့် Jimin ထွက်နေတဲ့ ဒေါသတွေပျောက်ကာ ရယ်ချင်ချင် ဖြစ်လာသည်။

"Dummkopf"

တိုးတိုးလေးပြောကာ မျက်စောင်းထိုးပြီး ထွက်သွားတဲ့ သခင်လေးကြောင့် ကျန်နေခဲ့တဲ့ ကောင်လေးက အခုထိ ဘာဖြစ်နေမှန်း မသိသေးပါ။ အတီးခံလိုက်ရတဲ့ နေရာကို ပွတ်ရင်း ရယ်ကာ ကျန်နေခဲ့လေသည်။ ..........။

"သခင်လေး.. သခင်ကြီးဆီက ဖုန်းလာပါတယ်"

ဒီနေ့လည်း ရုံးခန်းကို Jungkook ရောက်လာမည်မို့ Necktie လေးကို ပြင်ကာ ရှိုးအပြည့်နဲ့ စောင့်နေလိုက်စဉ် ရုံးခန်းကြိုးဖုန်းလေးဆီ ဝင်လာတဲ့ အတွင်းရေးမှူး အသံကြောင့် Jimin သက်ပြင်းချလိုက်မိသည်။

"ချိတ်ပေးလိုက်"
"ဟုတ်ကဲ့"

အဖေတဲ့လေ...။ ဘာတွေကို မက်မောပြီး ဘာတွေ ခိုင်းဦးမလို့လဲ မသိ။ လိုင်းချိတ်နေသည့် တတီတီ အသံကအစ Jimin စိတ်ကို ရှုပ်ထွေးစေသလို။

"Hallo mein sohn"

တစ်ခုခုကို ဝမ်းသာနေသလို အသံအကျယ်ကြီးနဲ့ နှုတ်ဆက်လိုက်တဲ့ အဖေ့အသံကြောင့် Jimin သက်ပြင်း ချလိုက်မိသည်။

"ပြောစရာရှိတာ မြန်မြန် ပြောပါ ဒီနေ့ ရှယ်ယာရှင်နဲ့ တွေ့ရမှာမို့"
"အိုးဟိုးဟိုး ငါ့သားလေးက လေသံမာနေပါလား.. လိုရင်းပဲ ပြောပါ့မယ်.. ဟိုတယ်လုပ်ငန်းကို အရင် ငါ့ဆီ ရှေ့နေနဲ့ တရားဝင် အခုလွှဲပေး"
"မရှိတော့ဘူး.. အဘိုးကို အကုန်ပြန်အပ်လိုက်ပြီ"

Jimin စိတ်တည်ငြိမ်အောင် လက်ထဲက ရွှေရောင် ဘောပင်လေးကို လှည့်ကစားရင်း ဖြေလိုက်သည်။

"ဘာ!! အရူးလိုကောင်.. မင်း အသုံးမကျလို့ Joon အသက်ရှင်နေတာကြောင့် ဒီ အဖေ ထွက်ပြေးနေရတယ် ဆိုတာ မသိတာလား"
"အဘိုးက လွှတ်ပေးထားလို့ အဖေက ထွက်ပြေးလို့ ရနေသေးတယ် ဆိုတာရော သိရဲ့လား"

Jimin စကားကြောင့် တစ်ဖက်ဖုန်းထဲက အဖေသည် ဟားတိုက်သလို အကျယ်ကြီး အော်ရယ်လေသည်။

"Joon မှာ သက်သေမရှိပါဘူးကွာ.."
"ကျွန်တော့်မှာ ရှိတယ်လေ"
"မင်း က ငါ့သားပေမယ့် အရမ်းကြောက်ဖို့ကောင်းတာပဲ.. အခု ငါ ပြေးနေရမှန်း သိတော့ နိုင်မယ့် ဘက်ကို ပြောင်းလိုက်တာလား"
"အစကတည်းက အဖေ့ဘက်မှာ နေချင်တယ်လို့ ကျွန်တော် ပြောခဲ့ဖူးလို့လား.. အဖေကပဲ ကျွန်တော့်ကို လိုအပ်လို့ ဆွဲခေါ်ထားခဲ့တာလေ ကျွန်တော်က အဖေ့ကို မလိုအပ်ပေမယ့် အဖေကတော့ ကျွန်တော့်ကို လိုအပ်တယ်လေ.. အခုလည်း ကျွန်တော်ကို လိုအပ်လို့ ဖုန်းဆက်တာလေ မဟုတ်ဘူးလား"

ခပ်အေးအေး အသံနိမ့်ကာ မာကျောစွာ ပြောနေတဲ့ ဂျာမန်လေသံက သခင်လေး Grazie ရဲ့ မူပိုင်တစ်ခုလို ကျောချမ်းစရာကောင်းလွန်းလှသည်။

"မင်းက တကယ် Cobra လို ကောင်ပဲ"
"အဖေ သင်ပေးခဲ့တာပဲလေ"
"ဟား.. အရမ်းတွေ ပညာပြနေတာပဲ.. မင်းအဘိုးကို လုပ်ကြံတဲ့ ကိစ္စမှာ မင်းလည်း တစ်စိတ်တစ်ပိုင်း ပါတယ် ဆိုတာ မမေ့နဲ့ဦး"

တတီတီ အသံနဲ့ အတူ ဖုန်းချသွားသည်မို့ Jimin သက်ပြင်းပါ ချလိုက်မိသည်။ အံဆွဲလေးထဲက Memory stick လေးကို ထုတ်ကြည့်ရင်း အတွေးပေါင်းများစွာ ခေါင်းထဲ ချာလပတ် ရမ်းနေလေသည်။ ဟင့်အင်း.. ငါ တစ်စိတ်တစ်ပိုင်းပါတယ် ဆိုတာမျိုး လုံးဝ မဟုတ်ဘူး.. ငါ က အဲ့လောက်ထိ မရက်စက်တတ်ဘူး.. ငါလုပ်ခဲ့တာဆိုလို့ CCTV မှတ်တမ်းတွေ ဖျက်ပေးခဲ့တာပဲ ရှိတာ..။ အဲ့လောက်တော့ အပြစ် မဟုတ်ဘူးမလား..။

ထို့နောက် တိတ်ဆိတ်နေသော ရုံးခန်းငယ်ထဲ Jimin ဟာ ဖုန်းလေးထုတ်ရင်း Joon ဆိုသည့် Contact လေးကို ခေါ်ကာ စကားတချို့ ပြောပြနေခဲ့သည်။

"ကျွန်တော် ရောက်ပါပြီ သခင်လေး"
"အင်း.."

အခန်းထဲ စဝင်လာတာနဲ့ ကြားလိုက်ရသည့် အေးစက်စက်အဖြေကြောင့် ဖြစ်မည် Jungkook ဆီမှ သက်ပြင်းချသံ တိုးတိုးလေး ထွက်လာသည်။ Jimin ကြားလိုက်ပေမယ့် ကိုယ်တိုင်လည်း စိတ်အခြေအနေ သိပ်မကောင်းလို့ ရှေ့က ခုံဆီကိုသာ မေးငေါ့ပြရင်း

"လာထိုင်လေ ဘာကြောင်နေတာလဲ"

ဘာမှ အတွန့်မတက်ပဲ ငြိမ်ကုပ်စွာ ခုံလေးဆီ လျှောက်လာတဲ့ Jungkook ကို ကြည့်ရင်း Jimin ခိုးပြုံးလိုက်မိသည်။ အနည်းဆုံးတော့ ငါ့မှာ မင်းရှိနေသေးတာပဲလေ..။

"ဒီဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါ"
"အကုန်လား"
"ဟုတ်"

Jungkook စားပွဲထက် တင်ပေးတဲ့ စာရွက်စာတမ်း တချို့ကို Jimin ယူကြည့်လိုက်သည်။ မဆိုးပါဘူး.. ဒီကောင်လေးက အလုပ်လုပ်တဲ့ နေရာမှာလည်း တိကျတယ်..။

'ဒုန်း'

"Grazie မင်း ကိုယ့်အဖေကို ထောင်ချဖို့ ကြိုးစားနေတာလား.. ငါ လုပ်ကြံတဲ့ CCTV မှတ်တမ်း Joon ကို သွားပေးတယ်ဆို Joon အဖေ ဖုန်းဆက်တယ်"

အခန်းတံခါး ဆောင့်ဖွင့်သံနဲ့အတူ အတင်းဝင်လာတဲ့ ဂျာမန်လူကြီးကို Jungkook အံ့ဩနေသလို မှင်သက် ငေးကြည့်နေလေသည်။ Jimin ကတော့ ဂရုမစိုက်သလို Jungkook ပေးထားတဲ့ စာရွက်လေးများကိုသာ တစ်ရွက်ပြီး တစ်ရွက်ကြည့်နေရင်း

"အဖေကရော.. ကျွန်တော့်ကို အဖေ့ကိုယ်စား အပြစ်တွေ ပုံချခံစေချင်လို့ မေ့မြောနေတာတောင် ချန်ထားခဲ့တာပဲလေ.. ကျေပြီမလား"
"Grazie!!!"

အဖေဖြစ်သူရဲ့ ဒေါသနဲ့ အော်ငေါက်သံကို Jimin နှာခေါင်းလေး ရှုံ့ရင်း မျက်မှောင်ကြုံ့ကာ

"ဧည့်သည်ရှိနေတာမို့ စကားအပြောအဆို ဆင်ခြင်ပေးပါ"
"ဟား တောင်ကိုးရီယား လူမျိုးလား.. Grazie တို့ ရေနစ်သွားတာ ရေထဲမှာ ဦးနှောက်ကျန်ခဲ့တာများလား"
"မဟုတ်ပါဘူး နှလုံးသား ပါလာတာပါ.. ကိုယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ သိသွားတာ"

ရှေ့မှာ အဖေတစ်ယောက်လုံး ဒေါသဖြစ်နေသည်အား ဂရုမစိုက်ဟန် စာရွက်လေးများကိုပဲ အာရုံစိုက်နေတဲ့ Jimin ပုံစံကြောင့် ဂျာမန်စကား နားမလည်တဲ့ ကောင်လေးဟာ အခြေအနေကို ပိုတောင် နားမလည်တော့ပါ။ Jimin က သူ့အနားက ကြိုးဖုန်းလေးပေါ်ရှိ နံပါတ်တစ်ခုကို နိုပ်ကာ

"ဝင်လာခိုင်းလိုက်တော့"

သိပ်မကြာ Joon နဲ့ အတူ ရဲအရာရှိများ ရောက်လာကာ အဖေ့ကို လက်ထိပ်ခတ်လေသည်။

"ကျွန်တော့် အဖေ့ဘက်မှာရှိနေတယ်ဆိုတာ အဖေဆွဲခေါ်ထားလို့ပါ.. အဲ့တာ ကျွန်တော့်ရဲ့ ပုံစံအစစ်မဟုတ်ဘူး"

ပြောပြီး အံ့ဆွဲလေးထဲက Memory stick လေးအား Joon ထံ လှမ်းပစ်ပေးလိုက်လေသည်။ ရဲအရာရှိများက Jimin အဖေအား ဆွဲခေါ်သွားလေပြီမို့ Joon, Jungkook နဲ့ Jimin သာ ရုံးခန်းလေးထဲ ကျန်ခဲ့လေသည်။ ဒီကိစ္စကို လက်စသတ်ရန် Joon ကလည်း စခန်း လိုက်သွားရမည်မို့ Jimin အား နှုတ်ဆက်လိုက်သည်။

"ကျေးဇူး Min.. ငါ ဒါကို သက်သေမရှိလို့ ရှေ့ဆက်မရဘူး ဖြစ်နေတာ"
"ကျေးဇူးတင်စရာမလိုပါဘူး.. Hyung အတွက် လုပ်တာမှ မဟုတ်တာ ကိုယ့်အတွက် ကိုယ်လုပ်တာ.. ကျန်တဲ့ဘဝတစ်လျှောက်လုံး စိုးရိမ်ကြောင့်ကြမှုတွေ မပါပဲ နေသွားချင်လို့"

လက်ထဲက စာရွက်လေးများကိုသာ ကြည့်နေရင်း ဖြေလိုက်တဲ့ Jimin စကားကြောင့် Joon က သူ့ပါးချိုင့်ကြီး ပေါ်အောင် ပြုံးရင်း မာနခဲလေးရဲ့ ပခုံးလေးအား ဖွဖွလေး ပုတ်ပေးကာ ထွက်သွားလေသည်။ ထိုစကားများကတော့ ကိုးရီယား ဘာသာစကားမို့ Jungkook ဘာတွေ ဖြစ်နေလဲ ဆိုတာ အနည်းငယ် ရိပ်စားမိလာသည်။ အတိအကျ မသိတောင် သေချာတာကတော့ မျက်စိရှေ့က သခင်လေးဟာ သူ့အဖေ သူ စခန်းပို့လိုက်ပြီ ဆိုတာပါပဲ...။ ဘာမှမဖြစ်သလို ငြိမ်သက်နေတဲ့ သခင်လေးကို ကြည့်ရင်း Jungkook သက်ပြင်း တိုးတိုးလေး ခိုးချမိသည်။

"အဆင်ပြေရဲ့လား သခင်လေး"

နားထဲ စီးဝင်လာတဲ့ သကာရည်လို အသံလေးက ချော့မြူနေဟန် ထင်ယောင်ထင်မှား ဖြစ်စေသည်။ ပြိုလဲ မပြချင်ပေမယ့် ရင်ဘတ်ထဲမှ လှိုက်တက်လာတဲ့ ဝမ်းနည်းမှုက ဟန်မဆောင်နိုင်အောင်ထိ တုန်ယင်စေသည်။

"ပြေတယ်"

ပြတ်သားချင်ယောင်ဆောင် အေးစက်ပြနေသည့် Jimin အား စောင့်ကြည့်နေတဲ့ မျက်လုံးဝိုင်းလေးတွေက ဟန်ဆောင်နေပါတယ်ဆိုတာကို ရိပ်မိနေနိုင်ပါသည်။ Jungkook ဘာမှဆက် မပြောတော့ပဲ တိတ်ဆိတ်စွာ နေပေးလိုက်ပေမယ့် မာကျောလှတဲ့ သခင်လေးထံမှ နှာသံတရှုံ့ရှုံ့ ထွက်လာလေသည်။ ငိုနေပြီမှန်း သိပေမယ့် Jungkook မှာ သခင်လေးအား မထိရဲ မကိုင်ရဲမို့ စိတ်မကောင်းပါ။ ငြိမ်သက်စွာပဲ ငေးကြည့်နေလေသည်။

"အလကား ငုတ်တုတ် ထိုင်ကြည့်နေမယ့် အစား ငါ့ကို ပွေ့ဖက်ပြီးတော့ပဲ ဖြစ်ဖြစ် နှစ်သိမ့်ပေးစမ်းပါ ငတုံးရဲ့"
"ဗျာ.."
"ငါ့အဖေကို ငါကိုယ်တိုင် ထောင်ထဲ ထည့်လိုက်တာလို့.. အဖေ့အမှားတွေမှန်း သိပေမယ့် ထောင်ထဲ ထည့်ဖို့ လုပ်တဲ့သူက ငါကိုယ်တိုင်လို့.. ငါက ငါ့အဖေကို ထောင်ထဲ အရောက်ပို့လိုက်ပြီမို့ မင်းက အလကား ထိုင်ကြည့်မနေပဲ အခုထလာပြီး ငါ့ကို ခဏလောက် ဖက်လိုက်စမ်းပါ"

အော်ငေါက် ပြောရင်း အားပါတရ ငိုချလိုက်တဲ့ သခင်လေးကို မျက်လုံးဝိုင်းလေးက နားလည်နိုင်ပါ့မလား။ နားလည်သလားတော့ မသိပေမယ့် သခင်လေး ညွှန်ကြားချက်အတိုင်း မျက်လုံးဝိုင်းလေးသည် ထိုင်နေရာမှ ထကာ သခင်လေးအား အနွေးဓါတ် ပေးရရှာလေသည်။ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတဲ့ သခင်လေးဟာ အမြဲ လေသံမာမာနဲ့ ပြောတတ်သူ Alex Armanto Grazie လေးပါဆိုတာ တွေးလိုက်တာနဲ့ပင် ပြုံးချင်စဖွယ်။ တကယ်တော့ သခင်လေးက မာကျောချင်ယောင် ဆောင်ထားတဲ့ တိမ်တိုက်ငယ်လေးပါ...။ .........။

"ကျွန်တော်တို့ လုပ်လက်စတွေ ခဏနားပြီး အပြင်ထွက်ကြမလား.. စိတ်ပြေလက်ပျောက်ပေါ့"

လောလောဆယ် ဘာမှမတွေးနိုင်အောင် ခေါင်းထဲ ရှုပ်ထွေးနေပြီမို့ Jungkook အကြံပြုချက်ကို Jimin ခေါင်းငြိမ့်ပြလိုက်သည်။ သခင်လေးရဲ့ ကိုယ်ရံတော်တွေမပါ Jungkook ကိုယ်တိုင် မောင်းလာတဲ့ ကားလေးဟာ ရွေ့လျားချိန် ကြာလာတာနဲ့ အမျှ Jimin လည်း အငို ရပ်သွားပြီး နေရခက်လာသည်။

"အဟမ်း.. ဟိုဟာ"
"ဗျာ"
"ခုနာ ရုံးခန်းထဲက ဖက်ခိုင်းတယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူးနော်.. အဲ့တာ ဂျာမနီနိုင်ငံရဲ့ ယဉ်ကျေးမှု.. ကိုယ့်ရှေ့မှာ လူတစ်ယောက် ငိုနေရင် ဖက်ထားပေးရတယ်"

အင်း.. မတတ်နိုင်ဘူး.. အဓိပ္ပာယ် မရှိမှန်း သိပေမယ့် အရှက်ပြေ ပါးစပ်ထဲ ရှိတာ လျှောက်ရွှီးရတာပဲ။ ပို အဓိပ္ပာယ် မရှိတာ ဘာလဲ သိလား။ အဲ့ဒါကို သံသယတောင် တစ်ချက် မဝင်ပဲ ခေါင်းတညိမ့်ညိမ့်နဲ့ ယုံနေတဲ့သူ ရှိတယ်ဆိုတာပါပဲ..။ ဘယ်လောက် အ လိုက်တဲ့ ငတုံးလေးလဲ...။

Jungkook ရဲ့ 'အော်' ဆိုသည့် အသံတိုးတိုးလေး တစ်ခွန်းတည်းနဲ့ အဆုံးသတ်သွားတဲ့ စကားဝိုင်းလေးကြောင့် လိပ်ပြာမလုံသူ သခင်လေးမှာ ဘာကို ရှက်လို့ ရှက်နေမိမှန်း မသိ။ ခဏအကြာ ကားလေး ရပ်တန့်သွားသည့် နေရာက Victoria ဆိုသည့် ပန်းခြံလေး ဖြစ်သည်။

အိုး.. ငါ့ငတုံးလေးက အခု ငါ့ကို ပန်းခြံခေါ်လာတာလား.. အခု ငါနဲ့ Date တော့မှာလား.. Oh mein Gott.. ဒီလို Date မယ်မှန်း ကြိုသိရင် ပိုကြည့်ကောင်းတာလေး ဝတ်ခဲ့မှာပေါ့...။

Jimin တစ်ယောက် ခုနက စိတ်ရှုပ်ခဲ့သည့် အရာအားလုံး အတွေးထဲ ပျောက်ရှကာ ရင်ခုန်သံ မမြန်အောင်သာ ကိုယ့်ကိုကိုယ် မနည်း ထိန်းထားနေရသည်။ နှစ်ယောက်အတူ ပန်းခြံလေးထဲ လမ်းလျှောက်ရင်း ရေတံခွန်ငယ်လေး ရှေ့ ထိုင်နေသည့် အတွဲများကြား Jungkook ခြေလှမ်းတို့ ရပ်တန့်သွားသည်။

Oh mein gott.. ဘာလို့ ဒီနားကျမှ ရပ်တာလဲ.. အခု ငါ့ကို ချစ်ခွင့်ပန်တော့မလို့လား.. ငါ ဘယ်လို ပြန်ဖြေရမလဲ.. ချစ်ပါတယ်လို့ ဖြေရမလား.. အဲ့ကျ ချက်ခြင်းကြီး လက်ခံတယ် ဖြစ်နေမလား.. ဒါဆို ချစ်ပေးပါ့မယ်လို့ ဖြေရမလား.. ဟုတ်တယ် Grazie အရမ်း စိတ်မလှုပ်ရှားပဲ ဖြေးဖြေးလေး အသက်မှန်မှန်ရှု အားနာလို့ လက်ခံလိုက်ရတဲ့ ပုံစံမျိုးပဲ ဖြစ်ရမယ် အိုခေ...။

တစ်ဖက်က မျက်လုံးဝိုင်း ပိုင်ရှင် ကောင်လေးကတော့ ဘာရည်ရွယ်ချက်နဲ့ ဒီနားရပ်လိုက်လဲ မသိ။ သခင်လေးကတော့ စိတ်ထဲ အတွေးတစ်သောင်းနဲ့ မင်္ဂလာဆောင်ရင် ဝတ်ဖို့ ဝတ်စုံအတွက်ပါ Designer ရွေးချယ်နေပြီလေ။

"ကျွန်တော်တို့ ဒီမှာ ခဏ ထိုင်ကြမလား"
"အင်း.. ထိုင်လေ"

လွတ်နေသည့် နေရာတစ်ခုမှာ Jungkook က မြက်ခင်းပြင်ပေါ် အရင်ထိုင်ချလိုက်ပြီး သူ့ကုတ်အင်္ကျီလေး ချွတ်ကာ Jimin ထိုင်ဖို့ ပြင်လိုက်သည့် နေရာလေးအား ခင်းပေးလေသည်။

"မြက်တွေက ရေနည်းနည်းစိုနေတာမို့ သခင်လေးက ကျွန်တော့် အင်္ကျီပေါ် ထိုင်ပါ"

Jimin ကျေနပ်စွာ ခိုးပြုံးလိုက်ရင်း ထို အင်္ကျီလေးပေါ် ထိုင်လိုက်သည်။ ငါငတုံးလေးက ဘယ်တော့မှ ငါ့ကို မျက်နှာ မငယ်စေဘူး..။ ထာဝရအတွက် အမှတ် တစ်ရာ..။

တသွင်သွင်စီးကျနေသည့် ရေတံခွန်အသေးလေးကို အောက်က ပင့်ကြည့်နေသလို ဖြစ်နေတာမို့ ရေတံခွန်ငယ်လေး ထိပ်မှာ လွှတ်မြောက်ရေး ကျောက်တိုင်ကို ပန်းချီကား ဆန်ဆန် မြင်နေရလေသည်။

"အဲ့ မြင်နေရတဲ့ ရဲတိုက်ပုံစံကြီးကြောင့် ကြည့်ရတာ ကာတွန်းကား ဆန်တယ်နော် ဟီး"

ရယ်ကျဲကျဲလေးနဲ့ လွတ်မြောက်ရေး ကျောက်တိုင်အား လက်ညှိုးထိုးပြီး ပြောလိုက်တဲ့ Jungkook ကြောင့် Jimin ရယ်လိုက်မိသည်။

"အဲ့တာ ကျောက်တိုင်ကြီး ငတုံးရဲ့"
"ပုံစံက ဒီနေရာက ကြည့်တော့ ရဲတိုက်ကြီးလိုပဲကို"
"လွတ်မြောက်ရေး စစ်ပွဲတွေအတွက် အထိမ်းအမှတ် ကျောက်တိုင်လေ.. နပိုလီယံ ရဲ့ ဘိုနာပတ်အပေါ် အောင်ပွဲခံလှုပ်ရှားမှုနဲ့ ပြင်သစ်လွှမ်းမိုးမှုကနေ ဥရောပလွတ်မြောက်ရေးကို ကိုယ်စားပြုပြီး ဆောက်ထားတာ ဒီပန်းခြံက နှစ်တစ်ရာ ကျော်ပြီ"

Jimin ပြောပြသည်ကို အံ့ဩနေသလို ပါးစပ်အဟောင်းသာ ငေးကြည့်နေသည့် Jungkook ကြောင့် Jimin ဟန်မဆောင်နိုင် ရယ်လိုက်မိသည်။

"Ya.. မင်း ဒါတွေမသိပဲ ငါ့ကို ဒီနေရာ ဘာလို့ ခေါ်လာတာလဲ"
"ကျွန်တော် ဂျာမနီမလာခင်က အလည်အပတ်သွားသင့်တဲ့ နေရာတွေထဲ ဒါက ပါနေတာနဲ့ ကျွန်တော်လာချင်လို့.. ဟီး Jin Hyung ကလည်း ဒီရောက်ကတည်းက မအားဘူး Namjoon Hyung ကလည်း အမြဲ မအားနေတော့ လိုက်ပို့ပေးမယ့်သူ မရှိဘူးလေ.. ကျွန်တော်တစ်ယောက်တည်း လည်ဖို့ကျလည်း ဂျာမန်စကား မပြောတတ်တော့.."
"ဒါဆို အခု ငါ့ကို ဒီနေရာခေါ်လာတာ tour guide လုပ်ဖို့လား"

Jimin ဖြတ်မေးလိုက်တဲ့ မေးခွန်းကြောင့် Jungkook က သူ့ယုန်သွားလေးတွေ ပေါ်သည်အထိ လှိုက်လှဲစွာ ပြုံးပြရင်း ခေါင်းတဆက်ဆက် ညိမ့်ပြလေသည်။ ဒီကောင်.. ငါ့မှာတော့ ပြန်ပေးဖို့ အဖြေတောင် ရွေးပြီးသွားပြီ..။ ထာဝရအတွက် သုညမှတ်ပဲဟေ့..။ Jimin စိတ်မထိန်းနိုင် Jungkook ရင်ဘတ်ကျယ်ကြီးအား လက်ဖဝါးဖြင့် မိတ်ဆက်လိုက်လေသည်။ နူးနူးညံ့ညံ့တော့ မဟုတ်ပါ။ 'ဖြန်း' ခနဲပဲ...။

"အာ့"
"ဂျာမနီမလာခင် ဂျာမန်စကားတော့ လေ့လာခဲ့မှပေါ့.. မင်း သိတဲ့ ဂျာမန်ဘာသာစကား ဘာရှိလဲ"
"အင်း....."

Jungkook က စဉ်းစားနသလို သူ့မေးစေ့လေး သူပွတ်ရင်း တွေးနေလေသည်။ ခဏကြာမှ တစ်ခုခုကို စဉ်းစားမိသွားဟန် Jimin ဘက်လှည့်ကာ

"Wingardium Leviosa..?"
"ဒီ သောက်ရူး.."

ဆဲရင်း Jimin တစ်ယောက် Jungkook ကျောပြင်အား တဖြန်းဖြန်း ဆော်လေတော့သည်။

"အဲ့တာ ဂျာမန်စကားမှ မဟုတ်တာ Harry Potter ဇာတ်ကားထဲက Spell ကြီး.. အရူးရဲ့"
"အာ့.. အာ့ ကျွန်တော်မှ မသိတာ.. အသံထွက်က ဂျာမန်ဘာသာ စကားနဲ့ တူလို့ကို"

Jimin ရိုက်ချက်တွေကြားမှာ Jungkook က သဘောကျသလို တဟားဟား ရယ်နေလေသည်။ စိတ်လွတ်ကိုယ်လွတ် ရယ်မောနေတဲ့ Jungkook ကြောင့် Jimin ပါ အတူတူ လိုက်ပြုံးမိသည်။ Jungkook က ပြုံးနေတဲ့ Jimin မျက်နှာကို ငေးမောရင်း

"သခင်လေးက ပြုံးနေရင် ပိုချစ်ဖို့ကောင်းတာကို ဘာလို့ အမြဲ ရုပ်တည်ကြီးနေတာလဲ"
"အင်း.. ရုပ်တည်ကြီးနေလည်း ချောနေမယ်မှန်း သိလို့ပေါ့"

Jimin အဖြေကို Jungkook က ရယ်ရင်း လက်ခုပ်ပါတီးကာ အားပေးဟန် ပြုလေသည်။

"မင်းကရော.. မင်းက ဘာလို့ Joon ကျ Hyung တပ်ခေါ်ပြီး ငါ့ကိုကျ သခင်လေးလို့ ခေါ်တာလဲ"
"အာ.. မတူဘူးလေဗျာ Namjoon Hyung နဲ့က ရင်းနှီးပြီးသားလေ.. သခင်လေးကိုကျ နည်းနည်းလည်း ရှိန်ပြီး ဟီး ကြောက်တယ်"

Jungkook စကားကြောင့် Jimin မျက်စိရှေ့က ရေတံခွန်လေးကို ငေးရင်း အေးချမ်းစွာ ပြုံးလိုက်မိသည်။ Jungkook က မျက်စိရှေ့က အပြုံးလေးအား မြတ်နိူးစွာ ငေးကြည့်နေလေသည်။

"အခုတော့ သိပ် မကြောက်တော့ပါဘူး.. နည်းနည်း ရင်းနှီးသွားသလိုပဲ.."
"ဒါဆို Jimin Hyung လို့ ခေါ်မလား"

ခေါင်းလေးစောင်းပြီး လှည့်မေးလိုက်တဲ့ Jimin မေးခွန်းကို Jungkook ပြုံးရင်း ခေါင်းညိမ့်ပြလေသည်။ ပြီးမှ ရေတံခွန်လေးဘက် လှည့်ငေးရင်း

"ရင်းနှီးတာ နည်းနည်းနောက်ကျသွားလို့ စိတ်မကောင်းလိုက်တာ.."
"ဘာလို့ နောက်ကျတာလဲ"
"ကျွန်တော် တောင်ကိုရီးယား ပြန်ရတော့မှာ.. ဟိုမှာ အလုပ်တွေ တန်းလန်း ထားခဲ့လို့"

ငါ အိမ်မက်က နိူးထလာတုန်းကတော့ ငါ ရှိရမယ့် နေရာက ဂျာမနီ မဟုတ်ဘူးလို့ ထင်ခဲ့တာ.. မင်းနဲ့တွေ့တော့ ဂျာမနီကသာ ငါရှိရမယ့် နေရာလို့ ထင်နေမိပြန်ရော.. အခု မင်းက ပြန်တော့မယ်ဆို ငါရှိရမယ့် နေရာက ဘယ်နေရာလဲ ငါမသိတော့ဘူး...။ Jimin ဘာမှပြန်မပြောနိုင်အောင် ငြိမ်သက်သွားမိသည်။

ဒါဆို ငါတို့ နှစ်ယောက် ဇာတ်လမ်းက ဒီအထိပဲလား..။ ဘာကျော့ကွင်းမှတောင် မထောင်လိုက်ရသေးဘူးလေ..။ ဟို အဒေါ်ကြီးပြောတော့ အလုပ်နဲ့ သင်္ဘောပေါ် ရောက်နေတာပါဆို..။ ငါတို့နှစ်ယောက် ညားဖို့ မဟုတ်ဘူးလား..။ ရှုပ်ထွေးနေတဲ့ အတွေးတို့နဲ့ Jimin, Jungkook မျက်နှာ ခိုးကြည့်လိုက်မိသည်။ မြတ်နိုးရပါသော မျက်လုံးဝိုင်းလေးဟာ တည်ငြိမ်စွာပဲ ရေတံခွန်ငယ်လေးကို ငေးကြည့်နေလေသည်။

"မင်း... Brandenburg Gate ကို ရောက်ပြီးပြီလား"

ကျိုးကြောင်းဆီလျော်မှုမရှိ မေးလိုက်ပေမယ့် မျက်လုံးဝိုင်းလေးဟာ ဘယ်တော့မှ အတွန့်မတက်ခဲ့ပါ။ ညင်သာစွာပဲ ခေါင်းရမ်းပြလေသည်မို့ Jimin ထိုင်ရာကနေ ချက်ခြင်း ထလိုက်သည်။

"သွားကြမယ်.. မင်း တောင်ကိုးရီယားကို ပြန်တော့မယ်မလား.. ရောက်တုန်း ထင်ကရနေရာတွေ လည်ရမှာပေါ့"

Jimin စကားကို Jungkook က ခေါင်းညိမ့်ထောက်ခံလေသည်။ ဒီတစ်ခေါက် လမ်းကြောင်းမှာတော့ ကားမောင်းသူက သခင်လေး ဖြစ်သွားလေသည်။ ကားပါကင် တစ်နေရာတွင် ကားလေးရပ်တန့်လိုက်ပြီး Jimin ကပဲ ဦးဆောင်ကာ Brandenburg Gate ရှေ့မှောက် ရောက်လာခဲ့သည်။

"ဝါး.. ခမ်းနားလိုက်တာ နေဝင်ဆည်းဆာနဲ့ ကွက်တိ လှလိုက်တာ.."

ညနေ လေးနာရီခန့်ထိ ရှိနေပြီမို့ နေမဝင်သေးပေမယ့် ညနေစောင်းနေပြီ ဖြစ်သည်။ Brandenburg Gate ကြီးရဲ့ နောက်ခံ background လိမ္မော်ရောင် တိမ်တိုက်တွေဟာ တစ်နေ့တာရဲ့ အဆုံးသတ် ဖြစ်သလို သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှု အဆုံးသတ်လည်း ဖြစ်သွားနိုင်သည်။ Jimin ကတော့ ရင်ထဲက အပူတွေ ဘယ်သူမှ မသိအောင် သက်ပြင်းလေး ခိုးချနေမိသည်။

"ဒီ Brandenburg Gate ကို 1788 နဲ့ 1791 ကြားမှာ တည်ဆောက်ခဲ့တာ.. အရှေ့ဂျာမနီနဲ့ အနောက် ဂျာမနီဆိုပြီး ခွဲတုန်းကပေါ့.. Gate ရဲ့ ပေါ်ဆုံးမှာ အမျိုးသမီးရုပ်က Quadriga ဆိုတဲ့ အောင်မြင်ခြင်းနတ်သမီးလေ.. သူ(မ) က မြင်းလေးကောင်ဆွဲထားတဲ့ လှည်းယာဉ်ကိုစီးနေတဲ့ပုံစံ.. ဒုတိယ ကမ္ဘာစစ်ဖြစ်တုန်းက အထိအခိုက်တွေ ရှိခဲ့ပေမယ့် ဒါကတော့ ပြန်ပြင်ထားတဲ့ ပုံစံပေါ့... Brandenburg Gate ကို ဘာလင်မြို့နဲ့ ဂျာမနီရဲ့ ပြန်လည်ပေါင်းစည်းခြင်း သင်္ကေတလို့လည်း ပြောကြတယ်"

သခင်လေးမှာ ဒီလို စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ side မျိုး ရှိတယ်ဆိုတာ နည်းနည်းမှ ယုံချင်စဖွယ်မရှိ။ Tour guide လုပ်ပေးနေတဲ့ သခင်ငယ်လေးကို Jungkook ခိုးကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ သခင်လေးက တိမ်ထူထပ်နေတဲ့ ကောင်းကင်ကြီးလိုပဲ.. ထူထပ်နေတဲ့ အပေါ်ယံ တိမ်တွေရဲ့ နောက်မှာ သိပ်လှတဲ့ ကောင်းကင်ပြာကြီး ရှိတယ်လေ...။

Jungkook ငေးကြည့်နေသည်ကို သတိထားမိလိုက်တာမို့ Jimin လည်း Jungkook ဘက် လှည့်လိုက်တော့ မျက်လုံးဝိုင်းလေးဟာ သူခိုးလူမိသွားသလို ချက်ခြင်းရှေ့လှည့်သွားလေသည်။ ငါလည်း မင်းနဲ့ ပေါင်းစည်းချင်လို့ ဒီကို ခေါ်လာခဲ့တာပါ.. အချိန်တန်ရင် ညားလိမ့်မယ်ဆိုပေမယ့်... ငါလေ.. အဲ့ အချိန်တန်မယ့်အထိကို မစောင့်နိုင်တော့ဘူး ထင်တယ်..။

"မင်း.. ကိုးရီယားကို မပြန်လို့ မရဘူးလား"
"ဗျာ.."

ငိုချတော့မလို မျက်ရည်လဲ့နေတဲ့ မျက်ဝန်းလှလှလေးတွေက သခင်လေးရဲ့ အလှကို ပိုအားဖြည့်ထားသလို သိပ်လှလွန်းပေသည်။ Jungkook ဘာပြန်ပြောရမှန်း မသိတာကြောင့်လား သခင်လေးဆီက ဒီလို စကားမျိုး ထွက်လာတာကို အံ့ဩနေလို့ပဲလားတော့ မသိ။ ဘာမှမဖြေပဲ Jimin မျက်နှာကိုသာ ငေးမော ကြည့်နေမိနေလေသည်။

"ငါနဲ့ တွဲမလား"
"ဗျာ!!!"

အိမ်မက်မဟုတ်တဲ့ ပြန်လည်တွေ့ဆုံခြင်းမှာ ပထမဆုံး Jungkook ဆီက အသံကျယ်ကျယ် ကြားဖူးခြင်းပင်။ ဘာလဲ... ငါ ငြင်းခံရတော့မယ့် လက္ခဏာလား..။ အငြင်းတော့ မခံနိုင်ဘူးနော်.. ငါအရင်ငြင်းမှာ..။

"ဘာတွေ အဲ့လောက်လန့်နေတာလဲ ငါနဲ့ တွဲမလားလို့ မေးနေတာလေးကို.. မတွဲချင်လည်း မတွဲနဲ့လေ ဘာလန့်စရာလိုလို့လဲ"
"အဲ့လို မဟုတ်ပါဘူး.. တွဲချင်ပါတယ်"

Jungkook စကားကြောင့် Jimin ရင်ထဲ အသည်းထဲ ကလီစာထဲအထိ လှိုက်ခုန်မောကာ ပျော်သွားပေမယ့် အပြင်မှာတော့ မပြုံးမိအောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

"ဒါပေမယ့်... သခင်လေးပုံစံက ကျွန်တော့်ကို အနိုင်ကျင့်မယ့်ပုံပဲ.. အာ့"

စကားတောင် မဆုံးသေး နားရင်းအုပ်ခံလိုက်ရပြီ ဖြစ်သော ယုန်သူငယ်။

"ငါက ဘယ်မှာ မင်းကို အနိုင်ကျင့်နေလို့လဲ"
"အခုပဲလေ"
"ဒီ****.. မကြိုက်လည်းနေပေါ့.. ဘယ်သူက အတင်း ကြိုက်ခိုင်းနေလို့လဲ.. ဟွန်း.. မင်း မကြိုက်လည်း ငါ့ကို ကြိုက်နေတဲ့သူတွေမှ အများကြီး"

ရန်ထောင်ပြီး ထွက်သွားတဲ့ သခင်လေးကြောင့် Jungkook သဘောကျစွာ ရယ်လိုက်မိသည်။ ဒေါသ တစ်လုံးတစ်ခဲအား ရင်ဝယ်ပိုက်ပြီး လုံးလုံး လုံးလုံးနဲ့ သွားနေတဲ့ သခင်လေးနောက် Jungkook အမှီပြေးလိုက်ပြီး ရှေ့ကနေ ပိတ်ရပ်လိုက်သည်။

"ဘာလဲ ဖယ်"
"ကြိုက်ပါတယ်.. ချစ်လည်း ချစ်ပါတယ်"

Jimin မျက်မှောင်ကြုံ့ကာ ကြည့်လိုက်မိသည်ကို Jungkook က သဘောကျစွာ ရယ်ရင်း

"အနိုင်ကျင့်မယ့်ပုံစံဆိုတာ သခင်လေး စတာပါ သခင်လေး စိတ်ဆိုးတာလေးက ချစ်ဖို့ကောင်းလို့.. တကယ်လည်း အနိုင်ကျင့်တယ် ဆိုပေမယ့်ပေါ့.."
"မင်းအဘပဲ.. ဖယ်တော့"

Jungkook ရင်ဘတ်ကျယ်ကြီးကို Jimin ခပ်ပြင်းပြင်းလေး ရိုက်ကာ ပြောလိုက်သည်ကို Jungkook က မဖယ်ပေးပဲ ရင်ဘတ်ပေါ်က Jimin လက်ဖောင်းဖောင်းလေးတွေကို အမိအရ ဆုပ်ကိုင်ကာ Jimin မျက်ဝန်းတို့ကို စေ့စေ့ကြည့်ရင်း

"စမြင်ကတည်းက ချစ်နေမိတာ.. သခင်လေး ရေမနစ်ခင် ကတည်းက"

Jimin ကိုယ့်နားကိုယ်ပင် မယုံနိုင်။ မတောင်းပဲ ပြည့်ခဲ့တဲ့ ဆုတွေထဲမှာ ဒီဆုကတော့ လိုလိုလားလား သဘောအကျမိဆုံးပါပဲ..။ တစ်ခါတလေကျ ကမ္ဘာကြီးက ကျဉ်းတယ်.. အချစ်ဆိုတာကြီးက ကိုယ့်အနီးနားမှာပဲ ရှိနေနိုင်တယ်...။ ကိုယ် မမြင်နိုင်သေးတာပဲ ရှိတာ...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အစကတော့ ဇာတ်သိမ်းတော့မလိုပဲ Jimin အဖေကို ထွက်ပြေးတာထက် ပိုကောင်းတဲ့ အဆုံးသတ်လေး ပေးချင်လို့ရော ဂျာမနီမှာဆိုတဲ့ background လေး ဖော်ပြချင်လို့ရော နည်းနည်းလေး ဆန့်လိုက်တာပါ
စာလုံးပေါင်း အမှားပါရင် ခွင့်လွှတ်ပါ 💕

Zawgyi;

"Grazie.. ငါ့ဧည့္သည္ေတြထဲ Shopping Mall မွာ share ဝင္ခ်င္တဲ့သူရွိတယ္.. အဲ့တာ အခု မင္း ႐ုံးခန္းကို ငါ လႊတ္လိုက္ၿပီ"

ဖုန္းထဲက Joon အသံေၾကာင့္ Jimin စားပြဲေလးေပၚ ေျခေထာက္တင္ၿပီး ထိုင္ေနရာမွ ခ်က္ျခင္းပင္ ထိုင္ေနသည့္ ပုံစံအား ေျပာင္းလိုက္သည္။ စားပြဲထက္ ျဖစ္သလို တင္ထားေသာ ဖိုင္တြဲမ်ားအား သပ္သပ္ရပ္ရပ္ ျဖစ္ေစရန္ ျပင္ဆင္လိုက္သည္။ အိုေခ.. ငါတင္မကဘူး ငါ့ပတ္ဝန္းက်င္ကပါ ၾကည့္ေကာင္းေနဖို႔ လိုတယ္..။

"ဟဲလို Grazie.. ငါေျပာေနတာ ၾကားရဲ႕လား"
"ဟင္.. အင္း.. ၾကားတယ္"
"သူက ဂ်ာမန္လို နားမလည္လို႔ နည္းနည္းေလာက္ ဂ႐ုစိုက္လိုက္ပါဦး"
"အင္းပါဆိုကြာ"

Jimin ဖုန္းခ်လိုက္ၿပီး အလုပ္စားပြဲရဲ႕ အံဆြဲေလးထဲမွ မွန္ေလးအား ဆြဲယူကာ ၾကည့္လိုက္သည္။ အင္း... ေခ်ာေနဆဲပဲ..။ လည္ပင္းနားက necktie ေလးကို ပုံစံက်ေအာင္ ျပင္ၿပီး အိတ္ထဲ ေဆာင္ထားေနက် ေရေမႊးပုလင္းေလးပါ ထုတ္ကာ ဆြတ္လိုက္သည္။ အရမ္း အိုဗာႀကီး လုပ္စရာမလိုဘူး Grazie.. ဘယ္လိုပဲ ျဖစ္ျဖစ္ သူက မင္းကို ခ်စ္လာမွာ..။

ကိုယ့္စကားကိုယ္ ေခါင္းညိမ့္ေထာက္ခံၿပီး ႐ုံးခန္းစားပြဲကေန ထကာ ႐ုံးခန္းအျပင္ဘက္ နံရံ ေက်ာမွီၿပီး လက္ပိုက္ကာ စတိုင္လ္အျပည့္နဲ႔ ရွယ္ယာရွင္အား ေစာင့္ေနလိုက္သည္။

"အာ.. ist.. ist.. ist es.."

Jimin ႐ုံးခန္းနား Reception အမ်ိဳးသမီး ငယ္ေလးဆီ Ist ကလြဲၿပီး ေရွ႕မတက္မလာတဲ့ ဂ်ာမန္စကား ေျပာဖို႔ႀကိဳးစားေနသူ Jeon Jungkook အမည္ခံ ေကာင္ေလးအား Jimin ၾကည့္ရင္း ၿပဳံးေနမိသည္။ ဆရာမဆီ စာျပန္ရင္း စာေမ့သြားသလို မ်က္ႏွာက်က္ကို ေမာ့ေမာ့စဥ္းစားရင္း လက္ညႇိဳးတစ္ေထာင္ေထာင္နဲ႔ ။ ဘယ္လိုပဲ ေျပာေျပာ အဲ့လို အူတူတူ ျဖစ္ေနတာေလးကိုက Jeon Jungkook ရဲ႕ ဆြဲေဆာင္မႈ တစ္ခုလို တစိမ့္စိမ့္ ထိုင္ၾကည့္ေနခ်င္စဖြယ္။

"Ist es.. အာ.. ist es de.."
"ေတာ္ေလာက္ၿပီ.. ဒါနဲ႔ ေနာက္ရက္ကူးေတာ့မယ္"

Jimin အသံေၾကာင့္ Jungkook လွည့္ၾကည့္လာသည္။ Jimin က လက္ပိုက္ကာ နံရံဘက္ မွီရင္း ဆိုဒ္ ဂိုက္ အျပည့္ျဖင့္

"ဟို ငတုံး ဒီကိုလာ"

Jimin လက္ညႇိဳးေလး လႈပ္ကာ ေခၚလိုက္သည္ကို Jungkook ပုံစံက အနည္းငယ္ ေၾကာင္သြားဟန္ ေပၚသည္။ သူ႔ရင္ဘတ္သူ လက္ညႇိဳးထိုးျပရင္း

"ကြၽန္ေတာ့္ကို ေျပာတာလား"
"ဒီနားတဝိုက္မွာ ငါေျပာေနတဲ့ ဘာသာစကားကို နားလည္တဲ့သူ မင္းပဲ ရွိတာ"

Jimin အေျဖေၾကာင့္ Jungkook ပတ္ဝန္းက်င္အား ဟိုဘက္ ဒီဘက္ လွည့္ၾကည့္ေလသည္။ အကုန္လုံးက သူတို႔အလုပ္ သူတို႔ လုပ္ေနသည္မို႔ ကိုရီးယားစကား နားလည္တဲ့သူ သူတစ္ေယာက္တည္းဆိုတာ သိသြားကာ Jimin အနား ေလွ်ာက္လာသည္။

"မဂၤလာပါ သခင္ေလး Grazie"
"Park Jimin ပါ"

Jimin သူ႔႐ုံးခန္းတံခါးေလးကို Jungkook အတြက္ ဆြဲဖြင့္ေပးၿပီး ေျပာလိုက္သည္မို႔ Jungkook ဘာမွ ျပန္မေျပာပဲ ႐ုံးခန္းထဲ အရင္ဝင္လိုက္သည္။ ၿပီးမွ Jimin က သူပါ ဝင္ရင္း

"ငါ့ ကိုရီးယား နာမည္က Park Jimin"
"အာ.. ကြၽန္ေတာ္ က ကိုရီးယား နာမည္ မရွိဘူးလို႔ သိထားတာ"

သိထားတာ..??။ ငါ့ကို စိတ္ဝင္စားလို႔ ငါ့အေၾကာင္းေတြမ်ား စုံစမ္းထားတာလား..။ Jimin မ်က္ခုံး ပင့္လိုက္ၿပီး သေဘာက်သြားသလို ေခါင္းေလး ညိမ့္လိုက္ရင္း ထိုင္ခုံမွာ အရင္ထိုင္လိုက္သည္။

"သိထားတာ ဆိုေတာ့.. မင္း.. ငါ့ အေၾကာင္းေတြ ႀကိတ္စုံစမ္း ထားတာလား"
"ဗ်ာ.. ဟိုဟာ အဲ့လို မဟုတ္ပါဘူး.. အဲ့တာ.. ရွယ္ယာရွင္ဆိုေတာ့ နည္းနည္းေလာက္ ေလ့လာထားတာပါ"

ျပာျပာသလဲ ျငင္းေနတဲ့ Jungkook ပုံစံေၾကာင့္ Jimin ႏွာေခါင္းတစ္ခ်က္ ရႈံ႕လိုက္မိသည္။ ဘာေတြ အဲ့ေလာက္ ေၾကာက္ေနတာလဲ.. မသိရင္ ငါက Mafia ေခါင္းေဆာင္က်လို႔..။

"ဒါဆို ငါ့အေၾကာင္း နည္းနည္းေတာင္ စုံစမ္းမထားခဲ့ဘူးေပါ့"
"ဟုတ္ပါတယ္.. က်ိန္ဆို က်ိန္ရဲပါတယ္"

ဒီ...။ မစုံစမ္းထားလည္း နည္းနည္းပါးပါး လိမ္ပါဦးဟ ဆိုၿပီး အိမ္မက္ထဲကကို ဆံပင္ေတြ ေဆာင့္ဆြဲလိုက္ခ်င္စိတ္က တဖြားဖြား။ စိတ္ေလ်ာ့ Grazie.. ငါတို႔က အိမ္မက္ထဲက လို ဆက္ဆံေရး မဟုတ္ေသးဘူး..။ အခုခ်ိန္ သူ႔ဆံပင္ ေဆာင့္ဆြဲမိရင္ ေတာင္ကိုရီးယားေတာင္ တန္းျပန္ သြားမလား မသိ။

"တကယ္.. တကယ္ မစုံစမ္းပါဘူး.. ကိုရီးယားနာမည္ မရွိဘူးဆိုတာလည္း SeokJin Hyung နဲ႔ စကားဆက္မိလို႔ပါ"

Jimin မ်က္ႏွာ သိသိသာသာမ်ား စူပုတ္မိ သြားလား မသိေရွ႕က ေကာင္ေလးက ေၾကာက္အားလန္႔အားျဖင့္ အတင္းကို မစုံစမ္းခဲ့ေၾကာင္း ေျဖရွင္းေနေလသည္။

"သိပါၿပီ.. ေတာ္ေတာ့"

Jimin ကိုယ့္ကိုကိုယ္ ထိန္းထားသည့္ၾကားက ေငါက္သလို ေျပာလိုက္မိသည္မို႔ ေရွ႕က ေကာင္ေလးဟာလည္း အဆူခံလိုက္ရတဲ့ ကေလးလို ၿငိမ္သက္ေနေလသည္။

"အာ.. ေမ့ေတာ့မလို႔.. ဒီက ကြၽန္ေတာ္တို႔ ကုမၸဏီ အေၾကာင္းပါ.."

Jungkook က သူ႔ သယ္လာတဲ့ လက္ဆြဲအိတ္ေလး ဖြင့္ကာ စာ႐ြက္စာတမ္း တခ်ိဳ႕ကို ထုတ္ျပေလသည္မို႔ Jimin စိတ္မရွည္သလို သက္ျပင္းခ်လိုက္မိသည္။ တကယ္ ငါ့အေပၚ နည္းနည္းေလးေတာင္ မ႐ိုးသားတဲ့ စိတ္မရွိဘူးလား...။

"မင္း စီးပြါးေရး တစ္ခုတည္းေၾကာင့္ ငါ့ဆီလာတာလား"
"ဗ်ာ..??"
"က်စ္.. ထားလိုက္ေတာ့ ဆက္ေျပာ.."

Jimin ပုံစံကို Jungkook နားမလည္ႏိုင္ ျဖစ္ေနမွာ ေသခ်ာသည္။ မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္ ျဖင့္ အသက္ေတာင္ ျပင္းျပင္း မ႐ူရဲပဲ စာ႐ြက္စာတမ္း တခ်ိဳ႕ကို အသံတိတ္ ထုတ္ေနေလသည္။ Jimin ကေတာ့ သက္ျပင္းသာ ထပ္ခါ ထပ္ခါ ခ်ရင္း ေခါင္းထဲ ဘယ္လိုလုပ္ရမလဲ စဥ္းစားေနေလသည္။ အမ်ိဳးသမီး တစ္ေယာက္ကိုေတာင္ မလိုက္ဖူးတဲ့ ငါက ဒီငတုံးကို ဘယ္လို ေျမာင္းေဖာက္ရပါ့...။

"ကြၽန္ေတာ္တို႔ ကုမၸဏီက ကိုရီးယား စားေသာက္ကုန္ကို အဓိက ထုတ္လုပ္ၿပီး.."
"မင္း နဲ႔ Joon ခ်စ္သူနဲ႔ ဘယ္လို ပတ္သက္တာလဲ"
"ဗ်ာ..?"

အလုပ္ကလြဲရင္ ဘာမွ စိတ္မဝင္စားဘူးဆိုတဲ့ သခင္ေလးက အလုပ္ကိစၥေျပာေနခ်ိန္ တျခားေခါင္းစဥ္ေျပာင္းလိုက္တာဟာ သူ ေၾကာင့္ ဆိုတာ ေရွ႕က သခင္ေလး နားလည္ႏိုင္ပါ့မလား။ Jungkook ခဏေတာ့ တိတ္ဆိတ္သြားေပမယ့္ သက္ျပင္း တိုးတိုးေလးခ်ကာ

"ငယ္ကတည္းက ညီအကိုအရင္းလို ရင္းႏွီးတဲ့ အစ္ကိုပါ.. ဂ်ာမနီဘက္က လုပ္ငန္းတစ္ခုမွာ ရင္းႏွီးျမဳပ္ႏွံ ၾကည့္ခ်င္တာနဲ႔.."
"Stop.. အဲ့ေလာက္ဆို ရၿပီ"

ဒါဆို Jin နဲ႔ သူနဲ႔က ရင္းႏွီးတဲ့ ေဆြမ်ိဳးပုံစံပဲေပါ့..။ Jimin ကိုယ့္အေတြးနဲ႔ကိုယ္ ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ ဆုံလည္ခုံေလးအား ေဆာ့ေနလိုက္သည္။ မ်က္စိေရွ႕က ေကာင္ေလးက သက္ျပင္းတစ္ခ်က္ခ်ရင္း

"သခင္ေလး ကြၽန္ေတာ္တို႔ ကုမၸဏီနဲ႔ အလုပ္တြဲလုပ္ခ်င္ရဲ႕လား"

Jungkook အေမးေၾကာင့္ Jimin ပ်ံ႕လြင့္ေနေသာ အာ႐ုံမ်ားအား အျမန္ စုစည္းလိုက္ရသည္။ ငါ အလုပ္ထဲ စိတ္မဝင္စားတာ အရမ္း သိသာေနလား..။

"အဟမ္း.. အဲ့လိုေတာ့ မဟုတ္ေပမယ့္.."
"သခင္ေလးက ကိုရီးယားလူမ်ိဳးေတြကို မုန္းတယ္ဆိုတာ သိ.."
"အရင္ကပါ.. စကားပို မေျပာပဲ လုပ္ငန္းကိစၥသာေျပာ"

Jungkook စကားမဆုံးခင္ Jimin အျမန္ျဖတ္ ေျဖလိုက္သည္။ Jungkook ပါးပါးေလး ၿပဳံး၍ သက္ျပင္းေလး သူယူလာတဲ့ စာ႐ြက္စာတမ္းေတြကို ထိုးျပကာ သူတို႔ ကုမၸဏီ အေၾကာင္း အရွည္ႀကီး ရွင္းျပေလေတာ့သည္။ လုပ္ငန္းကိစၥ အာ႐ုံမေရာက္တာမို႔ Jimin တစ္ေယာက္ Jungkook ကိုသာ ခိုးၾကည့္ရင္း ဒီယုန္သူငယ္ကို ဘယ္လို ေက်ာ့ကြင္း ေထာင္ရမလဲသာ ေတြးေနမိသည္။

"အဲ့ေတာ့.. သခင္ေလးဘက္က ဘယ္လို သေဘာရလဲဗ်"

႐ုတ္တရပ္ စာ႐ြက္ေထာင္ ရွင္းျပေနရာမွ Jimin ဘက္လွည့္ကာ ေမးလာသည္ကို Jimin ဘာျပန္ေျဖရမွန္း မသိ။ ကိုယ့္ အေတြးနဲ႔ ကိုယ္မို႔ Jungkook ေျပာတဲ့ ကုမၸဏီအေၾကာင္း တစ္ခုမွ နားထဲ မဝင္ခဲ့။

"မဆိုးပါဘူး"

သင္ စိတ္မဝင္စားတဲ့ အႀကံျပဳလႊာ ေမးခြန္းတစ္ခုအား တစ္စုံတစ္ေယာက္က လာေမးေနပါသလား..။ မဆိုးပါဘူး လို႔ ေျဖလိုက္ပါ..။ ဒါက အေကာင္းဆုံး အေျဖပဲေလ..။ Jimin အလိုက္အထိုက္ေလး ေျဖလိုက္သည္ကို ငတုံးေလးကေတာ့ ရိပ္မိပုံမေပၚ ေက်နပ္စြာ ၿပဳံးရင္း

"ေတာ္ေသးတာေပါ့.. ကြၽန္ေတာ္က သခင္ေလး သေဘာမက်မွာ စိုးရိမ္ေနတာ"
"အဟင္း.. ငါက ပုံမွန္လိုဆို လြယ္လြယ္ သေဘာက်တတ္တဲ့ type မ်ိဳး မဟုတ္ေပမယ့္.."

Jimin စကားခ်ီေလးကို မ်က္လုံးဝိုင္းေလးေတြက တစ္ခုခုအား ေမွ်ာ္လင့္ေနဟန္ ေမာ့ၾကည့္လာသည္။

"သေဘာက်ပါတယ္"

Jungkook မ်က္ဝန္းတို႔ကို စိုက္ၾကည့္ရင္း ရဲတင္းစြာ ဆိုလာတဲ့ သခင္ေလး စကားေၾကာင့္ မ်က္လုံးဝိုင္းေလးေတြဟာ သာမန္ထက္ ပိုျပဴးက်ယ္သြားသည္။

"အဟမ္း.. ငါေျပာတာ ခုနာ မင္းေျပာသြားတဲ့ ဟာကို ေျပာတာ"

ဘာေျပာသြားတာမွန္းေတာ့ ေသခ်ာ မသိလိုက္ေပမယ့္ေပါ့..။ Jimin စိတ္ထဲက စကားေတြသာ Jungkook တစ္ေယာက္ ၾကားႏိုင္ခဲ့ရင္ ရယ္ေနမလား..။

"အာ.. ေက်းဇူးတင္ပါတယ္ သခင္ေလး.. ဒါဆို စာ႐ြက္စာတမ္း လုပ္ၿပီး မနက္ျဖန္ ထပ္လာခဲ့ပါ့မယ္"

မနက္ျဖန္ ထပ္လာဦးမွာတဲ့.. Yes..။ Jimin စိတ္ထဲမွာေတာ့ ခုန္ေပါက္ေနၿပီေပမယ့္ အျပင္မွာေတာ့ ေခါင္းၿငိမ့္ျပလိုက္သည္။ Jungkook ျပန္သြားမွ ထားခဲ့သည့္ စာ႐ြက္စာတမ္းေလးမ်ားအား မနက္ျဖန္ အလုပ္အေပၚ မလစ္ဟာႏိုင္ဖို႔အတြက္ အာ႐ုံစိုက္ကာ ျပန္ၾကည့္ရသည္။

"အား.. ပင္ပန္းလိုက္တာ.. ႏွစ္ရက္ေလးပဲ အလုပ္နားလိုက္တာကို အလုပ္မလုပ္ရတာ တစ္လေလာက္ ရွိေနသလိုပဲ ဘာမွ အာ႐ုံကို စိုက္လို႔မရဘူး"

Jungkook ခ်န္ခဲ့သည့္ စာ႐ြက္စာတမ္းေလးမ်ား အားလုံး ဖတ္လို႔ အၿပီးမွာေတာ့ ညေနေစာင္းေနၿပီ ျဖစ္သည္။ Jimin ခါးေလးဆန္႔ၿပီး အေညာင္းအညာေျပ ထကာ မျပန္ခင္ Shopping Mall တစ္ခြင္ ပတ္စစ္ရန္ ထြက္လာခဲ့သည္။ Jimin ထြက္လာေသာ လမ္းတစ္ေလွ်ာက္ ေနာက္က လိုက္လာသည့္ ကိုယ္ရံေတာ္ ႏွစ္ေယာက္နဲ႔ အတြင္းေရးမႉး ေကာင္ေလးအား မ်က္စိမွာ အျမင္မေတာ္တာ မွန္သမွ် ျပင္ဆင္ဖို႔ မွာၾကားေနလိုက္သည္။

"မင္း တို႔ အလုပ္ကို ဘယ္လိုလုပ္ေနၾကတာလဲ.. ငါ ႏွစ္ရက္ေလာက္ မလာႏိုင္လိုက္တာ Event အတြက္ ေနရာ ခ်ထားတာက အစ တစ္စက္ကေလးမွ မလွဘူး"
"ေတာင္းပန္ပါတယ္ဗ်"
"ဒါကိုေရာ ဒါကိုေရာ ဟိုဘက္ေ႐ြ႕ထားစမ္း လူသြားလမ္းမွာ အဲ့လို ထားစရာလား.. ဒါေတြက အစ ငါ လိုက္ေျပာမွ ျဖစ္မွာလား"

Jimin ပတ္ၾကည့္ရင္း ျမင္သမွ် အကုန္ ေဝဖန္သြားသည္မို႔ အလုပ္မျပဳတ္ေစရန္ ဝန္ထမ္းေတြ ခ်က္ျခင္းေခၚကာ ျပင္ဆင္ရသည္။ အကုန္လုံး အလုပ္ရႈပ္ေနတဲ့ ၾကားထဲ Jimin အာ႐ုံကို ဖမ္းစားလိုက္ႏိုင္တဲ့ Liquors ဆိုင္ေလး။ Alcohol အမ်ိဳးအစားေပါင္းမ်ားစြာကို တံဆိပ္မ်ားစြာ ပုလင္းအမ်ိဳးစုံေအာင္ စီရီ ျပသထားေလသည္။ သို႔ေပမယ့္ Jimin စိတ္ဝင္စားသည္က ထို အရည္ပုလင္းမ်ား မဟုတ္။ Cashier Counter မွာ ေငြရွင္းဖို႔ ျပင္ေနသည့္ ေကာင္ေလးကိုပင္။

"ဒီေကာင္ေလး.. မျပန္ေသးဘူးပဲ"

တစ္ေယာက္တည္း တိုးတိုးေလး ေရ႐ြတ္ေနရင္း အေဝးကေနပဲ Jungkook လုပ္သမွ် လွမ္းအကဲျဖတ္ ေနလိုက္သည္။ ခဏ.. ဒီေကာင္ေလး ငါနဲ႔ အတူတူ ျပန္ခ်င္လို႔ ေစာင့္ေနတာ မဟုတ္ဘူးလား..။

"Diese.. အာ.. diese.. gib mir.. အာ.."

ဂ်ာမန္စကားေျပာရင္ လက္ညႇိဳး တစ္ေထာင္ေထာင္နဲ႔ ေျပာေနသည့္ Jungkook ပုံစံက ဘယ္အခ်ိန္ထၾကည့္ၾကည့္ ႐ိုးအီသြားစရာ မေကာင္းေလာက္ေအာင္ ခ်စ္စရာေကာင္းေနေလသည္။

"Willst du das?"

Cashier ေကာင္မေလး ေျပာသည့္စကားကို Jungkook နားမလည္သည္မို႔ ေခါင္းေလးကုတ္ရင္း

"Ok.. Sorry I can't speak German.. Please give me this.."

အျဖစ္အပ်က္ေတြ အကုန္လုံးကို Jimin သေဘာက်စြာ ၿပဳံးရင္း ရပ္ၾကည့္ေနမိသည္။ အစက အဂၤလိပ္လို ေျပာရင္ ရရဲ႕သားနဲ႔.. ဒီငတုံးကေတာ့..။ သိပ္မၾကာ စကၠန္႔ပိုင္း အတြင္းမွာပဲ Jimin အၿပဳံးတို႔ ေပ်ာက္ကြယ္သြားသည္။ အေၾကာင္းအရင္းကား Cashier ေကာင္တာက ေကာင္မေလးသည္ ေငြရွင္းေနေသာ ေကာင္ေလးအား ဖုန္းနံပါတ္ ေရးေပးေနျခင္းေၾကာင့္ပင္။

"Sie sind so süß.. Das ist meine Telefonnummer.. also ruf mich an"

Cashier ေကာင္မေလး ေျပာလိုက္သည္ကို နားမလည္ပဲ အူေၾကာင္ေၾကာင္နဲ႔ ေရးေပးလိုက္တဲ့ ဖုန္းနံပါတ္အား ယူလိုက္ေသာ ေကာင္ေလးေၾကာင့္ Jimin ပိုစိတ္တိုမိသည္။ ရပ္ၾကည့္ေနရာမွ မေနႏိုင္ေတာ့ပဲ ဝင္ပါရသည့္ အဆင့္သို႔ ကူးေျပာင္းလာခဲ့သည္။ ဒီငတုံး... ဂ်ာမနီလာၿပီး ဂ်ာမန္စကား မေလ့လာခဲ့ဘူးလား မသိဘူး..။

"ဒါဘာလုပ္ေနတာလဲ"

Jimin ဂ်ာမန္လို ေမးလိုက္သည္မို႔ Cashier ေကာင္မေလးမွာ ျပာသလဲ ခါးကိုင္း ႏႈတ္ဆက္ရေလသည္။ အေျခအေနကို မသိေသးတဲ့ Jungkook ကေတာ့ ၿပဳံးျပရင္း

"မဂၤလာပါ သခင္ေလး"
"မင္းက ဘာနားလည္လို႔ ဒါကို ယူတာလဲ"
"ဗ်ာ..?"

Jungkook လက္ထဲက စာ႐ြက္ျဖဴေလးကို မ်က္စပစ္ျပရင္း ကိုးရီယားလို ေမးလိုက္သည္မို႔ Jungkook အနည္းငယ္ေၾကာင္သြား ပုံေပၚသည္။ Jimin က ထိုစာ႐ြက္ျဖဴေလးအား ဆြဲယူၿပီး ၾကည့္ကာ တစ္ခ်က္မဲ့လိုက္ေလသည္။ ဖုန္းနံပါတ္အား အသည္းပုံ အဆုံးပိတ္ေလးနဲ႔ ေရးထားတာကိုက Jimin ရင္ဘတ္ကို မီးနဲ႔ တို႔ေနသလို။ တစ္စဆီ အစအန မႈန္ဝါးသည္အထိ ဆြဲၿဖဲလိုက္ၿပီးေနာက္ Cashier ေကာင္မေလးအား ထိုစကၠဴစေလးမ်ားျဖင့္ ပစ္ေပါက္ကာ ဂ်ာမန္ဘာသာစကားသုံး၍

"ဒီလူရဲ႕ ေခါင္းအစ..ေျခအဆုံး.. ဆံခ်ည္မွ်င္ တစ္မွ်င္ကစလို႔.. ေျခမႈန္႔ တစ္မႊားအထိ.. ငါ့အပိုင္"
"ေတာင္း.. ေတာင္းပန္ပါတယ္ သခင္ေလး"
"ဘာတဲ့ အရမ္းခ်စ္ဖို႔ေကာင္းတယ္.. ငါ့ဆီ ဖုန္းေခၚ..? ႐ူးေနလား"

အဆုံးသတ္မွ လႊတ္ေအာ္လိုက္သည့္ Jimin ေၾကာင့္ Cashier ေကာင္မေလးဆိုတာ မေျပာနဲ႔ဦး ေဘးက ရပ္ေနတဲ့ Jungkook ပင္ တစ္ကိုယ္လုံး တုန္သြားသည္။

"ေနာက္ရက္က စၿပီး ငါတို႔ လုပ္ငန္းစုနဲ႔ ပတ္သက္တဲ့ ေနရာမွန္သမွ်မွာ မင္းကို ျမင္ခဲ့ရင္ မသတ္မိဘူးလို႔ ငါ အာမ မခံႏိုင္ဘူး နားလည္လား.. အလုပ္လာတာ ဒီေန႔ ေနာက္ဆုံး ျဖစ္ပါေစ"
"ဟုတ္.. ဟုတ္ကဲ့ပါ.. သခင္ေလး"
"သခင္ေလး.."

ေဘးနားကလာတဲ့ ကိုးရီယား ဘာသာစကား ခ်ိဳျမျမအသံေလးေၾကာင့္ Jimin ရင္ဘတ္ တစ္ခုလုံး ေဒါသေၾကာင့္ တင္းၾကပ္ေနရာမွ ေျပေလ်ာ့ကုန္သည္။ သက္ျပင္းတိုးတိုးေလး ခ်လိုက္ရင္း အသံပိုင္ရွင္အား မ်က္ေမွာင္ႀကဳံ႔ ၾကည့္ကာ

"ဘာလဲ"
"ဟို.. ဘာေတြ ျဖစ္ေနၾကလဲ မသိေပမယ့္.. တစ္ခုခု အထင္လြဲေနတယ္ ထင္လို႔.."
"ဘာကို အထင္လြဲစရာရွိလဲ အ႐ူးရဲ႕ မင္း ဂ်ာမန္စကား နားမလည္ပဲ အူတူေနတာ အျမင္မေတာ္လို႔ ငါ ဝင္ေျပာေနတာ"

Jimin ေငါက္လိုက္သည္ကို Jungkook နားမလည္သလို မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္ျဖင့္ ၾကည့္ေနေလသည္။ Jimin စိတ္မရွည္ဟန္ သက္ျပင္းခ်လိုက္ရင္း

"သူက မင္းကို ခ်စ္စရာေကာင္းတယ္တဲ့ေလ.. သူ႔ဖုန္းနံပါတ္ေပးၿပီး ေခၚခိုင္းေနတာ ငတုံးရဲ႕"
"အာ.. သခင္ေလးကလည္း အဲ့တာ သူ႔ကို ေငါက္စရာ မလိုပါဘူး.. ဟီး ဝန္ခံရမွာ နည္းနည္းေတာ့ ရွက္ဖို႔ေကာင္းေပမယ့္ ဒါမ်ိဳးက ကြၽန္ေတာ္ ခဏခဏ ႀကဳံေနက်ပါ"
"မင္း ကို ဖုန္းနံပါတ္ အတင္းထိုးေပးေနတာကို ငါက ဒီတိုင္း ထိုင္ၾကည့္ေနရမွာလား.."

Jimin ေအာ္ၿပီးသြားမွ ကိုယ့္ႏႈတ္ခမ္းကိုယ္ တင္းတင္းေစ့ထားမိသည္။ Jungkook ကေတာ့ အံ့ဩသလို နားမလည္သလို မ်က္လုံး အဝိုင္းသားျဖင့္ Jimin အား စိုက္ၾကည့္ေနေလသည္။

"မဟုတ္ဘူး ငါေျပာခ်င္တာ.. မင္းက ငါတို႔ ကုမၸဏီရဲ႕ ရွယ္ယာရွင္ ျဖစ္လာေတာ့မွာေလ.. အဲ့တာေၾကာင့္.. အဲ့တာ.. ဝန္ထမ္းတစ္ေယာက္က မင္းကို ဖုန္းနံပါတ္ေပးတယ္ ဆိုတာေတာ့ မျဖစ္သင့္ဘူး ထင္လို႔ပါ"
"ကြၽန္ေတာ္ နားလည္ပါတယ္.. သူ႔ကို ခြင့္လႊတ္ပါတယ္ လို႔ ေျပာခ်င္တယ္ ဂ်ာမန္လို ဘယ္လိုေျပာရမလဲ"
"ဒီ...."

ဒီငတုံး ဘယ္အခ်ိန္ထိ တုံးေနမွာလဲ..။ ဘာေျပာေျပာ အကုန္ လႊတ္ ယုံေနေတာ့တာပဲ..။ ဘာမွဆက္မေျဖပဲ ႏႈတ္ခမ္းကိုက္ၿပီး ေဆာင့္ေအာင့္ကာ ထြက္သြားတဲ့ Jimin ေနာက္ Jungkook ေျပးလိုက္ရင္း

"ကြၽန္ေတာ္ တစ္ခုခု အမွားလုပ္မိခဲ့ရင္ ေတာင္းပန္ပါတယ္ သခင္ေလး"
"က်စ္.."

ေျမာင္းေဖာက္႐ုံ မကလို႔ ပင္လယ္လိုက္ႀကီး ခ်ျပရင္ေတာင္ အက်ယ္ႀကီးပဲေနာ္က လြဲရင္ ဘာမွ ေျပာမယ့္ပုံမေပၚ။ Jimin ဆက္ေျပာမိရင္ ေဒါသနဲ႔ ခ်စ္တဲ့ အေၾကာင္းေတြ ပြင့္အာကုန္မွာ စိုးတာေၾကာင့္ ၿငိမ္သက္ေနလိုက္မိသည္။

"သခင္ေလး ကြၽန္ေတာ့္ကို မုန္းေနတာလား"

F*** ခ်စ္ေနတာဟ..။ အျပင္မွာ ထုတ္မေျပာျဖစ္ေပမယ့္ Jimin ရင္ထဲမွာေတာ့ မီးေတာင္ေပါင္း တစ္ေသာင္းေလာက္ ေပါက္ကြဲေနေလသည္။

"ဟုတ္တယ္မလား.. ကြၽန္ေတာ္ သိပါတယ္.. သခင္ေလးက ကိုးရီယားလူမ်ိဳးေတြကို မုန္းတယ္ဆိုေတာ့ ကြၽန္ေတာ့္ကိုလည္း မုန္းေနမွာပဲလို႔ေလ.. အာ့"

ေဘးနားကေန ပြစိပြစိ လိုက္လုပ္ေနတဲ့ ေကာင္ေလးေၾကာင့္ Jimin စိတ္က ထိန္းလို႔ေရးေပမယ့္ လက္ကေတာ့ ထိန္းမရေတာ့ပါ။ Auto စနစ္ဖြင့္ထားသလို ထိုေကာင္ေလးကို နဘမ္တစ္ခ်က္ တီးလိုက္မိသည္။ မယုံႏိုင္သလို မ်က္လုံးဝိုင္းေလး ပုတ္ခတ္ ပုတ္ခတ္ လုပ္ကာ ၾကည့္လာတဲ့ ေကာင္ေလးေၾကာင့္ Jimin ထြက္ေနတဲ့ ေဒါသေတြေပ်ာက္ကာ ရယ္ခ်င္ခ်င္ ျဖစ္လာသည္။

"Dummkopf"

တိုးတိုးေလးေျပာကာ မ်က္ေစာင္းထိုးၿပီး ထြက္သြားတဲ့ သခင္ေလးေၾကာင့္ က်န္ေနခဲ့တဲ့ ေကာင္ေလးက အခုထိ ဘာျဖစ္ေနမွန္း မသိေသးပါ။ အတီးခံလိုက္ရတဲ့ ေနရာကို ပြတ္ရင္း ရယ္ကာ က်န္ေနခဲ့ေလသည္။ ..........။

"သခင္ေလး.. သခင္ႀကီးဆီက ဖုန္းလာပါတယ္"

ဒီေန႔လည္း ႐ုံးခန္းကို Jungkook ေရာက္လာမည္မို႔ Necktie ေလးကို ျပင္ကာ ရႈိးအျပည့္နဲ႔ ေစာင့္ေနလိုက္စဥ္ ႐ုံးခန္းႀကိဳးဖုန္းေလးဆီ ဝင္လာတဲ့ အတြင္းေရးမႉး အသံေၾကာင့္ Jimin သက္ျပင္းခ်လိုက္မိသည္။

"ခ်ိတ္ေပးလိုက္"
"ဟုတ္ကဲ့"

အေဖတဲ့ေလ...။ ဘာေတြကို မက္ေမာၿပီး ဘာေတြ ခိုင္းဦးမလို႔လဲ မသိ။ လိုင္းခ်ိတ္ေနသည့္ တတီတီ အသံကအစ Jimin စိတ္ကို ရႈပ္ေထြးေစသလို။

"Hallo mein sohn"

တစ္ခုခုကို ဝမ္းသာေနသလို အသံအက်ယ္ႀကီးနဲ႔ ႏႈတ္ဆက္လိုက္တဲ့ အေဖ့အသံေၾကာင့္ Jimin သက္ျပင္း ခ်လိုက္မိသည္။

"ေျပာစရာရွိတာ ျမန္ျမန္ ေျပာပါ ဒီေန႔ ရွယ္ယာရွင္နဲ႔ ေတြ႕ရမွာမို႔"
"အိုးဟိုးဟိုး ငါ့သားေလးက ေလသံမာေနပါလား.. လိုရင္းပဲ ေျပာပါ့မယ္.. ဟိုတယ္လုပ္ငန္းကို အရင္ ငါ့ဆီ ေရွ႕ေနနဲ႔ တရားဝင္ အခုလႊဲေပး"
"မရွိေတာ့ဘူး.. အဘိုးကို အကုန္ျပန္အပ္လိုက္ၿပီ"

Jimin စိတ္တည္ၿငိမ္ေအာင္ လက္ထဲက ေ႐ႊေရာင္ ေဘာပင္ေလးကို လွည့္ကစားရင္း ေျဖလိုက္သည္။

"ဘာ!! အ႐ူးလိုေကာင္.. မင္း အသုံးမက်လို႔ Joon အသက္ရွင္ေနတာေၾကာင့္ ဒီ အေဖ ထြက္ေျပးေနရတယ္ ဆိုတာ မသိတာလား"
"အဘိုးက လႊတ္ေပးထားလို႔ အေဖက ထြက္ေျပးလို႔ ရေနေသးတယ္ ဆိုတာေရာ သိရဲ႕လား"

Jimin စကားေၾကာင့္ တစ္ဖက္ဖုန္းထဲက အေဖသည္ ဟားတိုက္သလို အက်ယ္ႀကီး ေအာ္ရယ္ေလသည္။

"Joon မွာ သက္ေသမရွိပါဘူးကြာ.."
"ကြၽန္ေတာ့္မွာ ရွိတယ္ေလ"
"မင္း က ငါ့သားေပမယ့္ အရမ္းေၾကာက္ဖို႔ေကာင္းတာပဲ.. အခု ငါ ေျပးေနရမွန္း သိေတာ့ ႏိုင္မယ့္ ဘက္ကို ေျပာင္းလိုက္တာလား"
"အစကတည္းက အေဖ့ဘက္မွာ ေနခ်င္တယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့ဖူးလို႔လား.. အေဖကပဲ ကြၽန္ေတာ့္ကို လိုအပ္လို႔ ဆြဲေခၚထားခဲ့တာေလ ကြၽန္ေတာ္က အေဖ့ကို မလိုအပ္ေပမယ့္ အေဖကေတာ့ ကြၽန္ေတာ့္ကို လိုအပ္တယ္ေလ.. အခုလည္း ကြၽန္ေတာ္ကို လိုအပ္လို႔ ဖုန္းဆက္တာေလ မဟုတ္ဘူးလား"

ခပ္ေအးေအး အသံနိမ့္ကာ မာေက်ာစြာ ေျပာေနတဲ့ ဂ်ာမန္ေလသံက သခင္ေလး Grazie ရဲ႕ မူပိုင္တစ္ခုလို ေက်ာခ်မ္းစရာေကာင္းလြန္းလွသည္။

"မင္းက တကယ္ Cobra လို ေကာင္ပဲ"
"အေဖ သင္ေပးခဲ့တာပဲေလ"
"ဟား.. အရမ္းေတြ ပညာျပေနတာပဲ.. မင္းအဘိုးကို လုပ္ႀကံတဲ့ ကိစၥမွာ မင္းလည္း တစ္စိတ္တစ္ပိုင္း ပါတယ္ ဆိုတာ မေမ့နဲ႔ဦး"

တတီတီ အသံနဲ႔ အတူ ဖုန္းခ်သြားသည္မို႔ Jimin သက္ျပင္းပါ ခ်လိုက္မိသည္။ အံဆြဲေလးထဲက Memory stick ေလးကို ထုတ္ၾကည့္ရင္း အေတြးေပါင္းမ်ားစြာ ေခါင္းထဲ ခ်ာလပတ္ ရမ္းေနေလသည္။ ဟင့္အင္း.. ငါ တစ္စိတ္တစ္ပိုင္းပါတယ္ ဆိုတာမ်ိဳး လုံးဝ မဟုတ္ဘူး.. ငါ က အဲ့ေလာက္ထိ မရက္စက္တတ္ဘူး.. ငါလုပ္ခဲ့တာဆိုလို႔ CCTV မွတ္တမ္းေတြ ဖ်က္ေပးခဲ့တာပဲ ရွိတာ..။ အဲ့ေလာက္ေတာ့ အျပစ္ မဟုတ္ဘူးမလား..။

ထို႔ေနာက္ တိတ္ဆိတ္ေနေသာ ႐ုံးခန္းငယ္ထဲ Jimin ဟာ ဖုန္းေလးထုတ္ရင္း Joon ဆိုသည့္ Contact ေလးကို ေခၚကာ စကားတခ်ိဳ႕ ေျပာျပေနခဲ့သည္။

"ကြၽန္ေတာ္ ေရာက္ပါၿပီ သခင္ေလး"
"အင္း.."

အခန္းထဲ စဝင္လာတာနဲ႔ ၾကားလိုက္ရသည့္ ေအးစက္စက္အေျဖေၾကာင့္ ျဖစ္မည္ Jungkook ဆီမွ သက္ျပင္းခ်သံ တိုးတိုးေလး ထြက္လာသည္။ Jimin ၾကားလိုက္ေပမယ့္ ကိုယ္တိုင္လည္း စိတ္အေျခအေန သိပ္မေကာင္းလို႔ ေရွ႕က ခုံဆီကိုသာ ေမးေငါ့ျပရင္း

"လာထိုင္ေလ ဘာေၾကာင္ေနတာလဲ"

ဘာမွ အတြန႔္မတက္ပဲ ၿငိမ္ကုပ္စြာ ခုံေလးဆီ ေလွ်ာက္လာတဲ့ Jungkook ကို ၾကည့္ရင္း Jimin ခိုးၿပဳံးလိုက္မိသည္။ အနည္းဆုံးေတာ့ ငါ့မွာ မင္းရွိေနေသးတာပဲေလ..။

"ဒီဟာ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြပါ"
"အကုန္လား"
"ဟုတ္"

Jungkook စားပြဲထက္ တင္ေပးတဲ့ စာ႐ြက္စာတမ္း တခ်ိဳ႕ကို Jimin ယူၾကည့္လိုက္သည္။ မဆိုးပါဘူး.. ဒီေကာင္ေလးက အလုပ္လုပ္တဲ့ ေနရာမွာလည္း တိက်တယ္..။

'ဒုန္း'

"Grazie မင္း ကိုယ့္အေဖကို ေထာင္ခ်ဖို႔ ႀကိဳးစားေနတာလား.. ငါ လုပ္ႀကံတဲ့ CCTV မွတ္တမ္း Joon ကို သြားေပးတယ္ဆို Joon အေဖ ဖုန္းဆက္တယ္"

အခန္းတံခါး ေဆာင့္ဖြင့္သံနဲ႔အတူ အတင္းဝင္လာတဲ့ ဂ်ာမန္လူႀကီးကို Jungkook အံ့ဩေနသလို မွင္သက္ ေငးၾကည့္ေနေလသည္။ Jimin ကေတာ့ ဂ႐ုမစိုက္သလို Jungkook ေပးထားတဲ့ စာ႐ြက္ေလးမ်ားကိုသာ တစ္႐ြက္ၿပီး တစ္႐ြက္ၾကည့္ေနရင္း

"အေဖကေရာ.. ကြၽန္ေတာ့္ကို အေဖ့ကိုယ္စား အျပစ္ေတြ ပုံခ်ခံေစခ်င္လို႔ ေမ့ေျမာေနတာေတာင္ ခ်န္ထားခဲ့တာပဲေလ.. ေက်ၿပီမလား"
"Grazie!!!"

အေဖျဖစ္သူရဲ႕ ေဒါသနဲ႔ ေအာ္ေငါက္သံကို Jimin ႏွာေခါင္းေလး ရႈံ႕ရင္း မ်က္ေမွာင္ႀကဳံ႔ကာ

"ဧည့္သည္ရွိေနတာမို႔ စကားအေျပာအဆို ဆင္ျခင္ေပးပါ"
"ဟား ေတာင္ကိုးရီယား လူမ်ိဳးလား.. Grazie တို႔ ေရနစ္သြားတာ ေရထဲမွာ ဦးေႏွာက္က်န္ခဲ့တာမ်ားလား"
"မဟုတ္ပါဘူး ႏွလုံးသား ပါလာတာပါ.. ကိုယ္ျဖစ္ခ်င္တာ ဘာလဲ ဆိုတာ သိသြားတာ"

ေရွ႕မွာ အေဖတစ္ေယာက္လုံး ေဒါသျဖစ္ေနသည္အား ဂ႐ုမစိုက္ဟန္ စာ႐ြက္ေလးမ်ားကိုပဲ အာ႐ုံစိုက္ေနတဲ့ Jimin ပုံစံေၾကာင့္ ဂ်ာမန္စကား နားမလည္တဲ့ ေကာင္ေလးဟာ အေျခအေနကို ပိုေတာင္ နားမလည္ေတာ့ပါ။ Jimin က သူ႔အနားက ႀကိဳးဖုန္းေလးေပၚရွိ နံပါတ္တစ္ခုကို ႏိုပ္ကာ

"ဝင္လာခိုင္းလိုက္ေတာ့"

သိပ္မၾကာ Joon နဲ႔ အတူ ရဲအရာရွိမ်ား ေရာက္လာကာ အေဖ့ကို လက္ထိပ္ခတ္ေလသည္။

"ကြၽန္ေတာ့္ အေဖ့ဘက္မွာရွိေနတယ္ဆိုတာ အေဖဆြဲေခၚထားလို႔ပါ.. အဲ့တာ ကြၽန္ေတာ့္ရဲ႕ ပုံစံအစစ္မဟုတ္ဘူး"

ေျပာၿပီး အံ့ဆြဲေလးထဲက Memory stick ေလးအား Joon ထံ လွမ္းပစ္ေပးလိုက္ေလသည္။ ရဲအရာရွိမ်ားက Jimin အေဖအား ဆြဲေခၚသြားေလၿပီမို႔ Joon, Jungkook နဲ႔ Jimin သာ ႐ုံးခန္းေလးထဲ က်န္ခဲ့ေလသည္။ ဒီကိစၥကို လက္စသတ္ရန္ Joon ကလည္း စခန္း လိုက္သြားရမည္မို႔ Jimin အား ႏႈတ္ဆက္လိုက္သည္။

"ေက်းဇူး Min.. ငါ ဒါကို သက္ေသမရွိလို႔ ေရွ႕ဆက္မရဘူး ျဖစ္ေနတာ"
"ေက်းဇူးတင္စရာမလိုပါဘူး.. Hyung အတြက္ လုပ္တာမွ မဟုတ္တာ ကိုယ့္အတြက္ ကိုယ္လုပ္တာ.. က်န္တဲ့ဘဝတစ္ေလွ်ာက္လုံး စိုးရိမ္ေၾကာင့္ၾကမႈေတြ မပါပဲ ေနသြားခ်င္လို႔"

လက္ထဲက စာ႐ြက္ေလးမ်ားကိုသာ ၾကည့္ေနရင္း ေျဖလိုက္တဲ့ Jimin စကားေၾကာင့္ Joon က သူ႔ပါးခ်ိဳင့္ႀကီး ေပၚေအာင္ ၿပဳံးရင္း မာနခဲေလးရဲ႕ ပခုံးေလးအား ဖြဖြေလး ပုတ္ေပးကာ ထြက္သြားေလသည္။ ထိုစကားမ်ားကေတာ့ ကိုးရီယား ဘာသာစကားမို႔ Jungkook ဘာေတြ ျဖစ္ေနလဲ ဆိုတာ အနည္းငယ္ ရိပ္စားမိလာသည္။ အတိအက် မသိေတာင္ ေသခ်ာတာကေတာ့ မ်က္စိေရွ႕က သခင္ေလးဟာ သူ႔အေဖ သူ စခန္းပို႔လိုက္ၿပီ ဆိုတာပါပဲ...။ ဘာမွမျဖစ္သလို ၿငိမ္သက္ေနတဲ့ သခင္ေလးကို ၾကည့္ရင္း Jungkook သက္ျပင္း တိုးတိုးေလး ခိုးခ်မိသည္။

"အဆင္ေျပရဲ႕လား သခင္ေလး"

နားထဲ စီးဝင္လာတဲ့ သကာရည္လို အသံေလးက ေခ်ာ့ျမဴေနဟန္ ထင္ေယာင္ထင္မွား ျဖစ္ေစသည္။ ၿပိဳလဲ မျပခ်င္ေပမယ့္ ရင္ဘတ္ထဲမွ လႈိက္တက္လာတဲ့ ဝမ္းနည္းမႈက ဟန္မေဆာင္ႏိုင္ေအာင္ထိ တုန္ယင္ေစသည္။

"ေျပတယ္"

ျပတ္သားခ်င္ေယာင္ေဆာင္ ေအးစက္ျပေနသည့္ Jimin အား ေစာင့္ၾကည့္ေနတဲ့ မ်က္လုံးဝိုင္းေလးေတြက ဟန္ေဆာင္ေနပါတယ္ဆိုတာကို ရိပ္မိေနႏိုင္ပါသည္။ Jungkook ဘာမွဆက္ မေျပာေတာ့ပဲ တိတ္ဆိတ္စြာ ေနေပးလိုက္ေပမယ့္ မာေက်ာလွတဲ့ သခင္ေလးထံမွ ႏွာသံတရႈံ႕ရႈံ႕ ထြက္လာေလသည္။ ငိုေနၿပီမွန္း သိေပမယ့္ Jungkook မွာ သခင္ေလးအား မထိရဲ မကိုင္ရဲမို႔ စိတ္မေကာင္းပါ။ ၿငိမ္သက္စြာပဲ ေငးၾကည့္ေနေလသည္။

"အလကား ငုတ္တုတ္ ထိုင္ၾကည့္ေနမယ့္ အစား ငါ့ကို ေပြ႕ဖက္ၿပီးေတာ့ပဲ ျဖစ္ျဖစ္ ႏွစ္သိမ့္ေပးစမ္းပါ ငတုံးရဲ႕"
"ဗ်ာ.."
"ငါ့အေဖကို ငါကိုယ္တိုင္ ေထာင္ထဲ ထည့္လိုက္တာလို႔.. အေဖ့အမွားေတြမွန္း သိေပမယ့္ ေထာင္ထဲ ထည့္ဖို႔ လုပ္တဲ့သူက ငါကိုယ္တိုင္လို႔.. ငါက ငါ့အေဖကို ေထာင္ထဲ အေရာက္ပို႔လိုက္ၿပီမို႔ မင္းက အလကား ထိုင္ၾကည့္မေနပဲ အခုထလာၿပီး ငါ့ကို ခဏေလာက္ ဖက္လိုက္စမ္းပါ"

ေအာ္ေငါက္ ေျပာရင္း အားပါတရ ငိုခ်လိုက္တဲ့ သခင္ေလးကို မ်က္လုံးဝိုင္းေလးက နားလည္ႏိုင္ပါ့မလား။ နားလည္သလားေတာ့ မသိေပမယ့္ သခင္ေလး ၫႊန္ၾကားခ်က္အတိုင္း မ်က္လုံးဝိုင္းေလးသည္ ထိုင္ေနရာမွ ထကာ သခင္ေလးအား အေႏြးဓါတ္ ေပးရရွာေလသည္။ ကေလးတစ္ေယာက္လို ရႈိက္ႀကီးတငင္ငိုေနတဲ့ သခင္ေလးဟာ အၿမဲ ေလသံမာမာနဲ႔ ေျပာတတ္သူ Alex Armanto Grazie ေလးပါဆိုတာ ေတြးလိုက္တာနဲ႔ပင္ ၿပဳံးခ်င္စဖြယ္။ တကယ္ေတာ့ သခင္ေလးက မာေက်ာခ်င္ေယာင္ ေဆာင္ထားတဲ့ တိမ္တိုက္ငယ္ေလးပါ...။ .........။

"ကြၽန္ေတာ္တို႔ လုပ္လက္စေတြ ခဏနားၿပီး အျပင္ထြက္ၾကမလား.. စိတ္ေျပလက္ေပ်ာက္ေပါ့"

ေလာေလာဆယ္ ဘာမွမေတြးႏိုင္ေအာင္ ေခါင္းထဲ ရႈပ္ေထြးေနၿပီမို႔ Jungkook အႀကံျပဳခ်က္ကို Jimin ေခါင္းၿငိမ့္ျပလိုက္သည္။ သခင္ေလးရဲ႕ ကိုယ္ရံေတာ္ေတြမပါ Jungkook ကိုယ္တိုင္ ေမာင္းလာတဲ့ ကားေလးဟာ ေ႐ြ႕လ်ားခ်ိန္ ၾကာလာတာနဲ႔ အမွ် Jimin လည္း အငို ရပ္သြားၿပီး ေနရခက္လာသည္။

"အဟမ္း.. ဟိုဟာ"
"ဗ်ာ"
"ခုနာ ႐ုံးခန္းထဲက ဖက္ခိုင္းတယ္ဆိုတာ တျခားေၾကာင့္ မဟုတ္ဘူးေနာ္.. အဲ့တာ ဂ်ာမနီႏိုင္ငံရဲ႕ ယဥ္ေက်းမႈ.. ကိုယ့္ေရွ႕မွာ လူတစ္ေယာက္ ငိုေနရင္ ဖက္ထားေပးရတယ္"

အင္း.. မတတ္ႏိုင္ဘူး.. အဓိပၸာယ္ မရွိမွန္း သိေပမယ့္ အရွက္ေျပ ပါးစပ္ထဲ ရွိတာ ေလွ်ာက္႐ႊီးရတာပဲ။ ပို အဓိပၸာယ္ မရွိတာ ဘာလဲ သိလား။ အဲ့ဒါကို သံသယေတာင္ တစ္ခ်က္ မဝင္ပဲ ေခါင္းတညိမ့္ညိမ့္နဲ႔ ယုံေနတဲ့သူ ရွိတယ္ဆိုတာပါပဲ..။ ဘယ္ေလာက္ အ လိုက္တဲ့ ငတုံးေလးလဲ...။

Jungkook ရဲ႕ 'ေအာ္' ဆိုသည့္ အသံတိုးတိုးေလး တစ္ခြန္းတည္းနဲ႔ အဆုံးသတ္သြားတဲ့ စကားဝိုင္းေလးေၾကာင့္ လိပ္ျပာမလုံသူ သခင္ေလးမွာ ဘာကို ရွက္လို႔ ရွက္ေနမိမွန္း မသိ။ ခဏအၾကာ ကားေလး ရပ္တန္႔သြားသည့္ ေနရာက Victoria ဆိုသည့္ ပန္းၿခံေလး ျဖစ္သည္။

အိုး.. ငါ့ငတုံးေလးက အခု ငါ့ကို ပန္းၿခံေခၚလာတာလား.. အခု ငါနဲ႔ Date ေတာ့မွာလား.. Oh mein Gott.. ဒီလို Date မယ္မွန္း ႀကိဳသိရင္ ပိုၾကည့္ေကာင္းတာေလး ဝတ္ခဲ့မွာေပါ့...။

Jimin တစ္ေယာက္ ခုနက စိတ္ရႈပ္ခဲ့သည့္ အရာအားလုံး အေတြးထဲ ေပ်ာက္ရွကာ ရင္ခုန္သံ မျမန္ေအာင္သာ ကိုယ့္ကိုကိုယ္ မနည္း ထိန္းထားေနရသည္။ ႏွစ္ေယာက္အတူ ပန္းၿခံေလးထဲ လမ္းေလွ်ာက္ရင္း ေရတံခြန္ငယ္ေလး ေရွ႕ ထိုင္ေနသည့္ အတြဲမ်ားၾကား Jungkook ေျခလွမ္းတို႔ ရပ္တန္႔သြားသည္။

Oh mein gott.. ဘာလို႔ ဒီနားက်မွ ရပ္တာလဲ.. အခု ငါ့ကို ခ်စ္ခြင့္ပန္ေတာ့မလို႔လား.. ငါ ဘယ္လို ျပန္ေျဖရမလဲ.. ခ်စ္ပါတယ္လို႔ ေျဖရမလား.. အဲ့က် ခ်က္ျခင္းႀကီး လက္ခံတယ္ ျဖစ္ေနမလား.. ဒါဆို ခ်စ္ေပးပါ့မယ္လို႔ ေျဖရမလား.. ဟုတ္တယ္ Grazie အရမ္း စိတ္မလႈပ္ရွားပဲ ေျဖးေျဖးေလး အသက္မွန္မွန္ရႈ အားနာလို႔ လက္ခံလိုက္ရတဲ့ ပုံစံမ်ိဳးပဲ ျဖစ္ရမယ္ အိုေခ...။

တစ္ဖက္က မ်က္လုံးဝိုင္း ပိုင္ရွင္ ေကာင္ေလးကေတာ့ ဘာရည္႐ြယ္ခ်က္နဲ႔ ဒီနားရပ္လိုက္လဲ မသိ။ သခင္ေလးကေတာ့ စိတ္ထဲ အေတြးတစ္ေသာင္းနဲ႔ မဂၤလာေဆာင္ရင္ ဝတ္ဖို႔ ဝတ္စုံအတြက္ပါ Designer ေ႐ြးခ်ယ္ေနၿပီေလ။

"ကြၽန္ေတာ္တို႔ ဒီမွာ ခဏ ထိုင္ၾကမလား"
"အင္း.. ထိုင္ေလ"

လြတ္ေနသည့္ ေနရာတစ္ခုမွာ Jungkook က ျမက္ခင္းျပင္ေပၚ အရင္ထိုင္ခ်လိုက္ၿပီး သူ႔ကုတ္အက်ႌေလး ခြၽတ္ကာ Jimin ထိုင္ဖို႔ ျပင္လိုက္သည့္ ေနရာေလးအား ခင္းေပးေလသည္။

"ျမက္ေတြက ေရနည္းနည္းစိုေနတာမို႔ သခင္ေလးက ကြၽန္ေတာ့္ အက်ႌေပၚ ထိုင္ပါ"

Jimin ေက်နပ္စြာ ခိုးၿပဳံးလိုက္ရင္း ထို အက်ႌေလးေပၚ ထိုင္လိုက္သည္။ ငါငတုံးေလးက ဘယ္ေတာ့မွ ငါ့ကို မ်က္ႏွာ မငယ္ေစဘူး..။ ထာဝရအတြက္ အမွတ္ တစ္ရာ..။

တသြင္သြင္စီးက်ေနသည့္ ေရတံခြန္အေသးေလးကို ေအာက္က ပင့္ၾကည့္ေနသလို ျဖစ္ေနတာမို႔ ေရတံခြန္ငယ္ေလး ထိပ္မွာ လႊတ္ေျမာက္ေရး ေက်ာက္တိုင္ကို ပန္းခ်ီကား ဆန္ဆန္ ျမင္ေနရေလသည္။

"အဲ့ ျမင္ေနရတဲ့ ရဲတိုက္ပုံစံႀကီးေၾကာင့္ ၾကည့္ရတာ ကာတြန္းကား ဆန္တယ္ေနာ္ ဟီး"

ရယ္က်ဲက်ဲေလးနဲ႔ လြတ္ေျမာက္ေရး ေက်ာက္တိုင္အား လက္ညႇိဳးထိုးၿပီး ေျပာလိုက္တဲ့ Jungkook ေၾကာင့္ Jimin ရယ္လိုက္မိသည္။

"အဲ့တာ ေက်ာက္တိုင္ႀကီး ငတုံးရဲ႕"
"ပုံစံက ဒီေနရာက ၾကည့္ေတာ့ ရဲတိုက္ႀကီးလိုပဲကို"
"လြတ္ေျမာက္ေရး စစ္ပြဲေတြအတြက္ အထိမ္းအမွတ္ ေက်ာက္တိုင္ေလ.. နပိုလီယံ ရဲ႕ ဘိုနာပတ္အေပၚ ေအာင္ပြဲခံလႈပ္ရွားမႈနဲ႔ ျပင္သစ္လႊမ္းမိုးမႈကေန ဥေရာပလြတ္ေျမာက္ေရးကို ကိုယ္စားျပဳၿပီး ေဆာက္ထားတာ ဒီပန္းၿခံက ႏွစ္တစ္ရာ ေက်ာ္ၿပီ"

Jimin ေျပာျပသည္ကို အံ့ဩေနသလို ပါးစပ္အေဟာင္းသာ ေငးၾကည့္ေနသည့္ Jungkook ေၾကာင့္ Jimin ဟန္မေဆာင္ႏိုင္ ရယ္လိုက္မိသည္။

"Ya.. မင္း ဒါေတြမသိပဲ ငါ့ကို ဒီေနရာ ဘာလို႔ ေခၚလာတာလဲ"
"ကြၽန္ေတာ္ ဂ်ာမနီမလာခင္က အလည္အပတ္သြားသင့္တဲ့ ေနရာေတြထဲ ဒါက ပါေနတာနဲ႔ ကြၽန္ေတာ္လာခ်င္လို႔.. ဟီး Jin Hyung ကလည္း ဒီေရာက္ကတည္းက မအားဘူး Namjoon Hyung ကလည္း အၿမဲ မအားေနေတာ့ လိုက္ပို႔ေပးမယ့္သူ မရွိဘူးေလ.. ကြၽန္ေတာ္တစ္ေယာက္တည္း လည္ဖို႔က်လည္း ဂ်ာမန္စကား မေျပာတတ္ေတာ့.."
"ဒါဆို အခု ငါ့ကို ဒီေနရာေခၚလာတာ tour guide လုပ္ဖို႔လား"

Jimin ျဖတ္ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္ Jungkook က သူ႔ယုန္သြားေလးေတြ ေပၚသည္အထိ လႈိက္လွဲစြာ ၿပဳံးျပရင္း ေခါင္းတဆက္ဆက္ ညိမ့္ျပေလသည္။ ဒီေကာင္.. ငါ့မွာေတာ့ ျပန္ေပးဖို႔ အေျဖေတာင္ ေ႐ြးၿပီးသြားၿပီ..။ ထာဝရအတြက္ သုညမွတ္ပဲေဟ့..။ Jimin စိတ္မထိန္းႏိုင္ Jungkook ရင္ဘတ္က်ယ္ႀကီးအား လက္ဖဝါးျဖင့္ မိတ္ဆက္လိုက္ေလသည္။ ႏူးႏူးညံ့ညံ့ေတာ့ မဟုတ္ပါ။ 'ျဖန္း' ခနဲပဲ...။

"အာ့"
"ဂ်ာမနီမလာခင္ ဂ်ာမန္စကားေတာ့ ေလ့လာခဲ့မွေပါ့.. မင္း သိတဲ့ ဂ်ာမန္ဘာသာစကား ဘာရွိလဲ"
"အင္း....."

Jungkook က စဥ္းစားနသလို သူ႔ေမးေစ့ေလး သူပြတ္ရင္း ေတြးေနေလသည္။ ခဏၾကာမွ တစ္ခုခုကို စဥ္းစားမိသြားဟန္ Jimin ဘက္လွည့္ကာ

"Wingardium Leviosa..?"
"ဒီ ေသာက္႐ူး.."

ဆဲရင္း Jimin တစ္ေယာက္ Jungkook ေက်ာျပင္အား တျဖန္းျဖန္း ေဆာ္ေလေတာ့သည္။

"အဲ့တာ ဂ်ာမန္စကားမွ မဟုတ္တာ Harry Potter ဇာတ္ကားထဲက Spell ႀကီး.. အ႐ူးရဲ႕"
"အာ့.. အာ့ ကြၽန္ေတာ္မွ မသိတာ.. အသံထြက္က ဂ်ာမန္ဘာသာ စကားနဲ႔ တူလို႔ကို"

Jimin ႐ိုက္ခ်က္ေတြၾကားမွာ Jungkook က သေဘာက်သလို တဟားဟား ရယ္ေနေလသည္။ စိတ္လြတ္ကိုယ္လြတ္ ရယ္ေမာေနတဲ့ Jungkook ေၾကာင့္ Jimin ပါ အတူတူ လိုက္ၿပဳံးမိသည္။ Jungkook က ၿပဳံးေနတဲ့ Jimin မ်က္ႏွာကို ေငးေမာရင္း

"သခင္ေလးက ၿပဳံးေနရင္ ပိုခ်စ္ဖို႔ေကာင္းတာကို ဘာလို႔ အၿမဲ ႐ုပ္တည္ႀကီးေနတာလဲ"
"အင္း.. ႐ုပ္တည္ႀကီးေနလည္း ေခ်ာေနမယ္မွန္း သိလို႔ေပါ့"

Jimin အေျဖကို Jungkook က ရယ္ရင္း လက္ခုပ္ပါတီးကာ အားေပးဟန္ ျပဳေလသည္။

"မင္းကေရာ.. မင္းက ဘာလို႔ Joon က် Hyung တပ္ေခၚၿပီး ငါ့ကိုက် သခင္ေလးလို႔ ေခၚတာလဲ"
"အာ.. မတူဘူးေလဗ်ာ Namjoon Hyung နဲ႔က ရင္းႏွီးၿပီးသားေလ.. သခင္ေလးကိုက် နည္းနည္းလည္း ရွိန္ၿပီး ဟီး ေၾကာက္တယ္"

Jungkook စကားေၾကာင့္ Jimin မ်က္စိေရွ႕က ေရတံခြန္ေလးကို ေငးရင္း ေအးခ်မ္းစြာ ၿပဳံးလိုက္မိသည္။ Jungkook က မ်က္စိေရွ႕က အၿပဳံးေလးအား ျမတ္ႏိူးစြာ ေငးၾကည့္ေနေလသည္။

"အခုေတာ့ သိပ္ မေၾကာက္ေတာ့ပါဘူး.. နည္းနည္း ရင္းႏွီးသြားသလိုပဲ.."
"ဒါဆို Jimin Hyung လို႔ ေခၚမလား"

ေခါင္းေလးေစာင္းၿပီး လွည့္ေမးလိုက္တဲ့ Jimin ေမးခြန္းကို Jungkook ၿပဳံးရင္း ေခါင္းညိမ့္ျပေလသည္။ ၿပီးမွ ေရတံခြန္ေလးဘက္ လွည့္ေငးရင္း

"ရင္းႏွီးတာ နည္းနည္းေနာက္က်သြားလို႔ စိတ္မေကာင္းလိုက္တာ.."
"ဘာလို႔ ေနာက္က်တာလဲ"
"ကြၽန္ေတာ္ ေတာင္ကိုရီးယား ျပန္ရေတာ့မွာ.. ဟိုမွာ အလုပ္ေတြ တန္းလန္း ထားခဲ့လို႔"

ငါ အိမ္မက္က ႏိူးထလာတုန္းကေတာ့ ငါ ရွိရမယ့္ ေနရာက ဂ်ာမနီ မဟုတ္ဘူးလို႔ ထင္ခဲ့တာ.. မင္းနဲ႔ေတြ႕ေတာ့ ဂ်ာမနီကသာ ငါရွိရမယ့္ ေနရာလို႔ ထင္ေနမိျပန္ေရာ.. အခု မင္းက ျပန္ေတာ့မယ္ဆို ငါရွိရမယ့္ ေနရာက ဘယ္ေနရာလဲ ငါမသိေတာ့ဘူး...။ Jimin ဘာမွျပန္မေျပာႏိုင္ေအာင္ ၿငိမ္သက္သြားမိသည္။

ဒါဆို ငါတို႔ ႏွစ္ေယာက္ ဇာတ္လမ္းက ဒီအထိပဲလား..။ ဘာေက်ာ့ကြင္းမွေတာင္ မေထာင္လိုက္ရေသးဘူးေလ..။ ဟို အေဒၚႀကီးေျပာေတာ့ အလုပ္နဲ႔ သေဘၤာေပၚ ေရာက္ေနတာပါဆို..။ ငါတို႔ႏွစ္ေယာက္ ညားဖို႔ မဟုတ္ဘူးလား..။ ရႈပ္ေထြးေနတဲ့ အေတြးတို႔နဲ႔ Jimin, Jungkook မ်က္ႏွာ ခိုးၾကည့္လိုက္မိသည္။ ျမတ္ႏိုးရပါေသာ မ်က္လုံးဝိုင္းေလးဟာ တည္ၿငိမ္စြာပဲ ေရတံခြန္ငယ္ေလးကို ေငးၾကည့္ေနေလသည္။

"မင္း... Brandenburg Gate ကို ေရာက္ၿပီးၿပီလား"

က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိ ေမးလိုက္ေပမယ့္ မ်က္လုံးဝိုင္းေလးဟာ ဘယ္ေတာ့မွ အတြန႔္မတက္ခဲ့ပါ။ ညင္သာစြာပဲ ေခါင္းရမ္းျပေလသည္မို႔ Jimin ထိုင္ရာကေန ခ်က္ျခင္း ထလိုက္သည္။

"သြားၾကမယ္.. မင္း ေတာင္ကိုးရီယားကို ျပန္ေတာ့မယ္မလား.. ေရာက္တုန္း ထင္ကရေနရာေတြ လည္ရမွာေပါ့"

Jimin စကားကို Jungkook က ေခါင္းညိမ့္ေထာက္ခံေလသည္။ ဒီတစ္ေခါက္ လမ္းေၾကာင္းမွာေတာ့ ကားေမာင္းသူက သခင္ေလး ျဖစ္သြားေလသည္။ ကားပါကင္ တစ္ေနရာတြင္ ကားေလးရပ္တန႔္လိုက္ၿပီး Jimin ကပဲ ဦးေဆာင္ကာ Brandenburg Gate ေရွ႕ေမွာက္ ေရာက္လာခဲ့သည္။

"ဝါး.. ခမ္းနားလိုက္တာ ေနဝင္ဆည္းဆာနဲ႔ ကြက္တိ လွလိုက္တာ.."

ညေန ေလးနာရီခန႔္ထိ ရွိေနၿပီမို႔ ေနမဝင္ေသးေပမယ့္ ညေနေစာင္းေနၿပီ ျဖစ္သည္။ Brandenburg Gate ႀကီးရဲ႕ ေနာက္ခံ background လိေမၼာ္ေရာင္ တိမ္တိုက္ေတြဟာ တစ္ေန႔တာရဲ႕ အဆုံးသတ္ ျဖစ္သလို သူတို႔ႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံမႈ အဆုံးသတ္လည္း ျဖစ္သြားႏိုင္သည္။ Jimin ကေတာ့ ရင္ထဲက အပူေတြ ဘယ္သူမွ မသိေအာင္ သက္ျပင္းေလး ခိုးခ်ေနမိသည္။

"ဒီ Brandenburg Gate ကို 1788 နဲ႔ 1791 ၾကားမွာ တည္ေဆာက္ခဲ့တာ.. အေရွ႕ဂ်ာမနီနဲ႔ အေနာက္ ဂ်ာမနီဆိုၿပီး ခြဲတုန္းကေပါ့.. Gate ရဲ႕ ေပၚဆုံးမွာ အမ်ိဳးသမီး႐ုပ္က Quadriga ဆိုတဲ့ ေအာင္ျမင္ျခင္းနတ္သမီးေလ.. သူ(မ) က ျမင္းေလးေကာင္ဆြဲထားတဲ့ လွည္းယာဥ္ကိုစီးေနတဲ့ပုံစံ.. ဒုတိယ ကမာၻစစ္ျဖစ္တုန္းက အထိအခိုက္ေတြ ရွိခဲ့ေပမယ့္ ဒါကေတာ့ ျပန္ျပင္ထားတဲ့ ပုံစံေပါ့... Brandenburg Gate ကို ဘာလင္ၿမိဳ႕နဲ႔ ဂ်ာမနီရဲ႕ ျပန္လည္ေပါင္းစည္းျခင္း သေကၤတလို႔လည္း ေျပာၾကတယ္"

သခင္ေလးမွာ ဒီလို စိတ္ရွည္လက္ရွည္ ရွင္းျပတတ္တဲ့ side မ်ိဳး ရွိတယ္ဆိုတာ နည္းနည္းမွ ယုံခ်င္စဖြယ္မရွိ။ Tour guide လုပ္ေပးေနတဲ့ သခင္ငယ္ေလးကို Jungkook ခိုးၾကည့္ရင္း ေက်နပ္စြာ ၿပဳံးလိုက္မိသည္။ သခင္ေလးက တိမ္ထူထပ္ေနတဲ့ ေကာင္းကင္ႀကီးလိုပဲ.. ထူထပ္ေနတဲ့ အေပၚယံ တိမ္ေတြရဲ႕ ေနာက္မွာ သိပ္လွတဲ့ ေကာင္းကင္ျပာႀကီး ရွိတယ္ေလ...။

Jungkook ေငးၾကည့္ေနသည္ကို သတိထားမိလိုက္တာမို႔ Jimin လည္း Jungkook ဘက္ လွည့္လိုက္ေတာ့ မ်က္လုံးဝိုင္းေလးဟာ သူခိုးလူမိသြားသလို ခ်က္ျခင္းေရွ႕လွည့္သြားေလသည္။ ငါလည္း မင္းနဲ႔ ေပါင္းစည္းခ်င္လို႔ ဒီကို ေခၚလာခဲ့တာပါ.. အခ်ိန္တန္ရင္ ညားလိမ့္မယ္ဆိုေပမယ့္... ငါေလ.. အဲ့ အခ်ိန္တန္မယ့္အထိကို မေစာင့္ႏိုင္ေတာ့ဘူး ထင္တယ္..။

"မင္း.. ကိုးရီယားကို မျပန္လို႔ မရဘူးလား"
"ဗ်ာ.."

ငိုခ်ေတာ့မလို မ်က္ရည္လဲ့ေနတဲ့ မ်က္ဝန္းလွလွေလးေတြက သခင္ေလးရဲ႕ အလွကို ပိုအားျဖည့္ထားသလို သိပ္လွလြန္းေပသည္။ Jungkook ဘာျပန္ေျပာရမွန္း မသိတာေၾကာင့္လား သခင္ေလးဆီက ဒီလို စကားမ်ိဳး ထြက္လာတာကို အံ့ဩေနလို႔ပဲလားေတာ့ မသိ။ ဘာမွမေျဖပဲ Jimin မ်က္ႏွာကိုသာ ေငးေမာ ၾကည့္ေနမိေနေလသည္။

"ငါနဲ႔ တြဲမလား"
"ဗ်ာ!!!"

အိမ္မက္မဟုတ္တဲ့ ျပန္လည္ေတြ႕ဆုံျခင္းမွာ ပထမဆုံး Jungkook ဆီက အသံက်ယ္က်ယ္ ၾကားဖူးျခင္းပင္။ ဘာလဲ... ငါ ျငင္းခံရေတာ့မယ့္ လကၡဏာလား..။ အျငင္းေတာ့ မခံႏိုင္ဘူးေနာ္.. ငါအရင္ျငင္းမွာ..။

"ဘာေတြ အဲ့ေလာက္လန႔္ေနတာလဲ ငါနဲ႔ တြဲမလားလို႔ ေမးေနတာေလးကို.. မတြဲခ်င္လည္း မတြဲနဲ႔ေလ ဘာလန႔္စရာလိုလို႔လဲ"
"အဲ့လို မဟုတ္ပါဘူး.. တြဲခ်င္ပါတယ္"

Jungkook စကားေၾကာင့္ Jimin ရင္ထဲ အသည္းထဲ ကလီစာထဲအထိ လႈိက္ခုန္ေမာကာ ေပ်ာ္သြားေပမယ့္ အျပင္မွာေတာ့ မၿပဳံးမိေအာင္ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားမိသည္။

"ဒါေပမယ့္... သခင္ေလးပုံစံက ကြၽန္ေတာ့္ကို အႏိုင္က်င့္မယ့္ပုံပဲ.. အာ့"

စကားေတာင္ မဆုံးေသး နားရင္းအုပ္ခံလိုက္ရၿပီ ျဖစ္ေသာ ယုန္သူငယ္။

"ငါက ဘယ္မွာ မင္းကို အႏိုင္က်င့္ေနလို႔လဲ"
"အခုပဲေလ"
"ဒီ****.. မႀကိဳက္လည္းေနေပါ့.. ဘယ္သူက အတင္း ႀကိဳက္ခိုင္းေနလို႔လဲ.. ဟြန္း.. မင္း မႀကိဳက္လည္း ငါ့ကို ႀကိဳက္ေနတဲ့သူေတြမွ အမ်ားႀကီး"

ရန္ေထာင္ၿပီး ထြက္သြားတဲ့ သခင္ေလးေၾကာင့္ Jungkook သေဘာက်စြာ ရယ္လိုက္မိသည္။ ေဒါသ တစ္လုံးတစ္ခဲအား ရင္ဝယ္ပိုက္ၿပီး လုံးလုံး လုံးလုံးနဲ႔ သြားေနတဲ့ သခင္ေလးေနာက္ Jungkook အမွီေျပးလိုက္ၿပီး ေရွ႕ကေန ပိတ္ရပ္လိုက္သည္။

"ဘာလဲ ဖယ္"
"ႀကိဳက္ပါတယ္.. ခ်စ္လည္း ခ်စ္ပါတယ္"

Jimin မ်က္ေမွာင္ႀကဳံ႔ကာ ၾကည့္လိုက္မိသည္ကို Jungkook က သေဘာက်စြာ ရယ္ရင္း

"အႏိုင္က်င့္မယ့္ပုံစံဆိုတာ သခင္ေလး စတာပါ သခင္ေလး စိတ္ဆိုးတာေလးက ခ်စ္ဖို႔ေကာင္းလို႔.. တကယ္လည္း အႏိုင္က်င့္တယ္ ဆိုေပမယ့္ေပါ့.."
"မင္းအဘပဲ.. ဖယ္ေတာ့"

Jungkook ရင္ဘတ္က်ယ္ႀကီးကို Jimin ခပ္ျပင္းျပင္းေလး ႐ိုက္ကာ ေျပာလိုက္သည္ကို Jungkook က မဖယ္ေပးပဲ ရင္ဘတ္ေပၚက Jimin လက္ေဖာင္းေဖာင္းေလးေတြကို အမိအရ ဆုပ္ကိုင္ကာ Jimin မ်က္ဝန္းတို႔ကို ေစ့ေစ့ၾကည့္ရင္း

"စျမင္ကတည္းက ခ်စ္ေနမိတာ.. သခင္ေလး ေရမနစ္ခင္ ကတည္းက"

Jimin ကိုယ့္နားကိုယ္ပင္ မယုံႏိုင္။ မေတာင္းပဲ ျပည့္ခဲ့တဲ့ ဆုေတြထဲမွာ ဒီဆုကေတာ့ လိုလိုလားလား သေဘာအက်မိဆုံးပါပဲ..။ တစ္ခါတေလက် ကမာၻႀကီးက က်ဥ္းတယ္.. အခ်စ္ဆိုတာႀကီးက ကိုယ့္အနီးနားမွာပဲ ရွိေနႏိုင္တယ္...။ ကိုယ္ မျမင္ႏိုင္ေသးတာပဲ ရွိတာ...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အစကေတာ့ ဇာတ္သိမ္းေတာ့မလိုပဲ Jimin အေဖကို ထြက္ေျပးတာထက္ ပိုေကာင္းတဲ့ အဆုံးသတ္ေလး ေပးခ်င္လို႔ေရာ ဂ်ာမနီမွာဆိုတဲ့ background ေလး ေဖာ္ျပခ်င္လို႔ေရာ နည္းနည္းေလး ဆန္႔လိုက္တာပါ
စာလုံးေပါင္း အမွားပါရင္ ခြင့္လႊတ္ပါ 💕

Continue Reading

You'll Also Like

836K 73.6K 67
"မောင်သိခဲ့တာ...မင်းတစ်​ယောက်ထဲ...."
286K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
133K 15.7K 22
[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ေဆာင္က်န္ကြမ္ေက်ာင္းေတာ္ကို ဗဟ...
81.2K 20.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥