SUN { Season 1 }

By AKA_404

1.6M 110K 14.2K

Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov... More

Citation And References Books List
Prologue
Unicode - Prologue
SUN { 1 }
Unicode - 1
SUN { 2 }
Unicode - 2
SUN { 3 }
Unicode - 3
SUN { 4 }
Unicode - 4
SUN { 5 }
Unicode - 5
SUN { 6 }
Unicode - 6
SUN { 7 }
Unicode - 7
SUN { 8 }
Unicode - 8
SUN { 9 }
Unicode - 9
SUN { 10 }
Unicode - 10
SUN { 11 }
Unicode - 11
SUN { 12 }
Unicode - 12
SUN { 13 }
Unicode - 13
SUN { 14 }
Unicode - 14
SUN { 15 }
Unicode - 15
SUN { 16 }
Unicode - 16
SUN { 17 }
Unicode - 17
SUN { 18 }
Unicode - 18
SUN { 19 }
Unicode - 19
SUN { 20 }
Unicode - 20
SUN { 21 }
Unicode - 21
SUN { 22 }
Unicode - 22
SUN { 23 }
Unicode - 23
SUN { 24 }
Unicode - 24
SUN { 25 }
Unicode - 25
SUN { 26 }
Unicode - 26
SUN { 27 }
Unicode - 27
SUN { 28 }
Unicode - 28
SUN { 29 }
Unicode - 29
SUN { 30 }
Unicode - 30
SUN { 31 }
Unicode - 31
SUN { 32 }
Unicode - 32
SUN { 33 }
Unicode - 33
SUN { 34 }
Unicode - 34
SUN { 35 }
Unicode - 35
SUN { 36 }
Unicode - 36
SUN { 37 }
Unicode - 37
SUN { 38 }
Unicode - 38
SUN { 39 }
Unicode - 39
SUN { 40 }
Unicode - 40
SUN { 41 }
Unicode - 41
SUN { 42 }
Unicode - 42
SUN { 43 }
Unicode - 43
SUN { 44 }
Unicode - 44
SUN { 45 }
Unicode - 45
SUN { 46 }
Unicode - 46
SUN { 47 }
Unicode - 47
SUN { 48 }
Unicode - 48
SUN { 49 }
Unicode - 49
SUN { 50 }
Unicode - 50
SUN { 51 }
Unicode - 51
SUN { 52 }
Unicode - 52
SUN { 53 }
Unicode - 53
SUN { 54 }
Unicode -54
SUN { 55 }
Unicode - 55
SUN { 56 }
Unicode - 56
SUN { 57 }
Unicode - 57
SUN { 58 }
Unicode - 58
SUN { 59 }
Unicode - 59
SUN { 60 }
Unicode - 60
SUN { 61 }
Unicode - 61
SUN { 62 }
Unicode - 62
SUN { 63 }
Unicode - 63
SUN { 64 }
Unicode - 64
SUN { 65 }
Unicode - 65
SUN { 66 }
Unicode - 66
SUN { 67 }
Unicode - 67
SUN { 68 }
Unicode - 68
SUN { 69 }
Unicode - 69
SUN { 70 }
Unicode -70
SUN { 71 }
Unicode - 71
SUN { 72 }
Unicode - 72
SUN { 73 }
Unicode - 73
SUN { 74 }
Unicode - 74
SUN { 75 }
SUN { 76 }
Unicode - 76
SUN { 77 }
Unicode - 77
SUN { 78 }
Unicode - 78
SUN { 79 }
Unicode - 79
SUN { 80 }
Unicode - 80
Epilogue
Unicode - Epilogue
Season ( 2 )

Unicode - 75

5K 420 107
By AKA_404

ညနေ စောင်းပြီ ဖြစ်သော်လည်း ကုန်တိုက်ကြီးက လူကြီးလူငယ် မျိုးစုံဖြင့် ပျားပန်းခပ်အောင် စည်ကားနေဆဲ။ တစ်ဆိုင် ဝင်၊ တစ်ဆိုင် ထွက် မမောနိုင်အောင် ဈေးဝယ်နေကြသော ချစ်သူ စုံတွဲများ၏ လှုပ်ရှားမှု ပုံရိပ်တွေကိုပါ အပေါ်စီးမှ အတိုင်းသား လှမ်းမြင်နေရသည်။

ကျယ်ဝန်းသော အပေါ်ထပ် ဟောခန်းမကြီး၏ စင်္ကြံ လျှောက်လမ်း နံဘေးတွင် သစ်သား ခုံတန်းများ စီတန်းထားသည်။ အပေါ်ဆုံး အထပ်တွင် ရုပ်ရှင်ရုံများသာ ရှိတာမို့ ရုပ်ရှင် ဇာတ်ကားများ ပြသနေပါက သာမန် အချိန်များထက် ပို၍ လူ ရှင်းသည်။

အာကာဟိန်းထက် လက်ထဲမှာ ကိုင်ဆွဲလာသည့် အထုပ်အပိုး အသီးသီးကို ခုံတန်း တစ်နေရာပေါ် ခဏ တင်လိုက်သည်။ ခုံတန်းပေါ် တင်လိုက်တော့မှ တစ်ချိန်လုံး သူ သယ်လာသည့် ပစ္စည်းများက တောင်လို ပုံနေမှန်း မထင်မှတ်စွာ သိလိုက်ရသည်။
    
လွန်ခဲ့သော နာရီပိုင်းက နန်းယုဝေ သွားရာ နောက် တကောက်ကောက် လိုက်ရင်း သူမ လက်ညှိုး ထိုးသမျှ အာကာဟိန်းထက် မနားတမ်း ဝယ်ပေးခဲ့ရသည်။ အရုပ် ဆိုလည်း အရုပ်။ စာအုပ် ဆိုလည်း စာအုပ်။ စားစရာ ဆိုလည်း စားစရာ။ တစ်ခုမှ မငြင်းဆန်ဘဲ ဝယ်ပေးခဲ့တာ ဖြစ်၍ မသိလိုက်ခင်မှာဘဲ အထုပ်များက ယခုလို မနိုင်မနင်း သယ်ယူရသည့် အခြေအနေ တစ်ခုအထိ ဖြစ်သွားရသည်။
    
ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် ဖြစ်ရုံမက မွေးရပ်မြေကို အကြာကြီး နေမှ ပြန်ရောက်လာ သူ ဖြစ်၍ မြင်မြင်သမျှ လိုချင်နေတာတော့ ဆိုးလှ၏။ ခက်တာက အာကာဟိန်းထက်သည် တားမြစ်ဖို့ကို အားတုံ့အားနာ ဖြစ်လွန်းနေတာပဲ ဖြစ်သည်။ သို့မဟုတ် အလိုလိုက်လွန်းတာ ဟုပဲ ဆိုရမလား။

"ဦး . . ၊ ဦး ရေခဲမုန့် . . ၊ ရေခဲမုန့်"

အာကာဟိန်းထက် ခုံတန်းမှာတောင် မထိုင်ရသေး။ နန်းယုက သူမ တစ်ကိုယ်စာလောက် ရှိသည့် ပီကာချူး အရုပ်ကြီးကို ဖက်ရင်း ခပ်လှမ်းလှမ်းမှ ပန်းရောင် တွန်းလှည်းကလေးကို လက်ညှိုး ထိုးလာသည်။ ကတော့ ရေခဲမုန့်များကို အရသာ မျိုးစုံဖြင့် ရောင်းသည့် တွန်းလှည်းဆိုင်လေး တစ်ဆိုင်ပဲ ဖြစ်သည်။

"နန်း စားချင်လို့"

"စောစောကလေးတင် ကိုရီးယား အကင်တွေ စားထားတာ မဟုတ်လား၊ ဆက်စားနိုင်သေးတယ်ပေါ့၊ ဗိုက်က ဆံ့သေးတယ်လား"

"ဟုတ်၊ ဆံ့သေးတယ်၊ ဟီး . ."

အဝါရောင် ပီကာချူး အရုပ်ကို ပို တိုးဖက်ရင်း ပြည်တည်တည် အပြုံးဖြင့် နန်းယု မျက်နှာ ချိုသွေးလိုက်သည်။

"အခုလို လျှောက်စားနေတာနဲ့ ညစာ မစားနိုင် ဖြစ်တော့မှာပဲ . . ၊ တစ်ယောက်တည်း သွားဝယ်စားလို့ ဖြစ်တယ်မလား"

အာကာဟိန်းထက် ပြောရင်းမှ ငါးထောင်တန် တစ်ရွက် ထုတ်ပြီး နန်းယု လက်ထဲ ထည့်ပေးလိုက်သည်။

"ကိုယ် ခြေထောက်တွေ အရမ်း ညောင်းနေလို့ . . ၊ ဒီမှာ ခဏလောက် ထိုင်ဦးမယ်"

"ဟုတ် . . ၊ ဦးက ဘယ်အရသာနဲ့ စားချင်လဲ"

"ကိုယ် မစားတော့ဘူး၊ မင်း တစ်ယောက်သာ အဝစားပါ"

"ဒါဆို နန်းက နှစ်ခု စားမယ်"

ပီကာချူး အရုပ်ကို ခုံတန်းပေါ် ချပြီး ရေခဲမုန့် ဆိုင်ဆီ ပြေးသွားလိုက်သည်။

အလုံး သုံးဆင့် ထပ်ထားသည့် ချောကလက် ရေခဲမုန့် တစ်ခုနှင့် ဘီစကွတ်မုန့် နှစ်ချပ်အား တြိဂံ ပုံစံ ထိုးစိုက်ထားသော ပူတင်း အရသာ ရေခဲမုန့် တစ်ခုကို လက်က ကိုင်ပြီး နန်းယု ပြန်ရောက်လာသည့်အခါ အာကာဟိန်းထက်က ခုံတန်းတွင် မရှိတော့။ မတ်တတ်ရပ်လျက် ခါး အနည်းငယ် ကိုင်းကာ စင်္ကြံ ဘေးဝဲယာ တစ်လျှောက် ကာရံထားသည့် မှန်ဘောင်ထက်မှ စတီးလက်ရန်းပေါ် လက် နှစ်ဖက် တင်ယှက်ပြီး ကုန်တိုက်၏ အထပ်တိုင်းက ဆိုင်ခန်းများနှင့် လူရိပ် များစွာကို ငုံ့ကြည့်နေသည်။
    
ငေးကြည့်နေသော အာကာဟိန်းထက် မျက်လုံးများမှာ စူးရှ ရင့်မှောင်နေရုံမက မျက်စံများကပါ တဖျတ်ဖျတ် လက်နေသည်။ နောက်ကျော ပေးထားတာ ဖြစ်၍ ဘေးတိုက် လှမ်းမြင်ရသော ကျောဘက်ပိုင်းက ကဗျာဆန်စွာ ပြီးပြည့်စုံနေသည်။ နောက်ကျောပိုင်းနှင့်တင် သေလောက်သည့် ခန့်ညားမှုမျိုး ဖြစ်သည်။ သူမ ရေးဆွဲခဲ့သည့် ပန်းချီကားထဲမှ ဇာတ်ရုပ်ထက်တောင် အဆပေါင်းများစွာ ပို၍ သာ၍ ပြည့်စုံလွန်းသည့် ကြည့်ကောင်းမှုမျိုး ဖြစ်သည်။

နန်းယု အာကာဟိန်းထက်ကို ဘယ်လောက် ကြာအောင် ငေးနေမိမှန်း မသိ။ သူမ လက်ထဲက ရေခဲမုန့်တွေ အကုန် အရည်ပျော်ပြီး လက် တစ်ခုလုံး ပေပွတော့မှ အသိကပ်သွားသည်။ ရေခဲမုန့်က အကုန် အရည်ပျော်သွားပြီ ဖြစ်၍ ဘယ်လိုမှ စားလို့ မရ။ စားမည် ဆိုပါက ဝေဖာ ကတော့ချွန်သာ ကျန်သည်။

မတတ်နိုင်။
    
အမှိုက်ပုံးထဲ ထည့်ပြီး နီးစပ်ရာ သန့်စင်ခန်းကို ပြေးကာ စေးကပ်နေသည့် လက်ကို အမြန် ဆေးကြောရသည်။ သန့်စင်ခန်းမှ ပြန်ထွက်လာတော့ အာကာဟိန်းထက်က ခုံတန်းမှာ ထိုင်ပြီး သူမကို စောင့်နေပြီ ဖြစ်သည်။ နန်းယု အပြေးလေး သွားလိုက်သည်။

"ရေခဲမုန့် စားမယ် ဆိုပြီး သန့်စင်ခန်းက ထွက်လာတယ်၊ မင်း အကြိုက်က ဒီလိုမှန်း ကိုယ် မသိခဲ့ဘူး"

အာကာဟိန်းထက်က နှစ်ဖက်ကို နောက်ပစ်ရင်း မျက်နှာ မော့လျက် ရယ်ကာ အပြုံးကလေးဖြင့် စနောက်သည်။ ပြုံးလိုက်သည့်အခါ ဝဲရာ ပါးပြင်ထက် ပါးချိုင့် တစ်ခု ပေါ်ထွန်းလာသည်။ နန်းယု ရှက်နေရာမှ အာကာဟိန်းထက်ကို ရအောင် ငေးလိုက်သေးသည်။ အားပြင်းသည့် ဆွဲဆောင်မှုကြောင့် ရင်ပါ တုန်သွားရသည်။

"ဦးကလဲ . . ၊ နန်းက အဲ့ဒီလို မဟုတ်ပါဘူး"

"ကိုယ် သိပါတယ်၊ ကိုယ်က မင်းကို စနောက်ရုံပါ"

အာကာဟိန်းထက် လက်မှ နာရီကို တစ်ချက် ကြည့်သည်။ ထို့နောက် နဖူးပေါ် ငိုက်ကျလာသည့် ရှေ့ဆံပင်အိအိများကို ညှို့အားပြင်းစွာ သပ်တင်လိုက်သည်။ အပြုအမူ တစ်ခုချင်းစီဖြင့် နန်းယုကို အသက်ထွက်အောင် လုပ်နေတော့သည်။

"ခြောက် နာရီ ထိုးပြီ ဆိုတော့ ထမင်း သွားစားရအောင် . . ၊ ရှစ် နာရီကျ ကိုယ် မင်းကို အိမ် ပြန်လိုက်ပို့ပေးမယ်"

"ရှစ် နာရီလား၊ ဖေဖေကြီးက ဆယ် နာရီမှ ပြန်ပို့ခိုင်းထားတာလေ"

အလွန်တရာမှ နှမြောတသ ဖြစ်သွားသည့် လေသံမျိုးနှင့် သူမ ပြောလိုက်မိတာကြောင့် အာကာဟိန်းထက် ဖျတ်ခနဲ စောင်းငဲ့ ကြည့်လာသည်။ နန်းယု ပြောပြီးမှ နောင်တရသွားသည်။ တကယ်ဆို သူမ ထိုသို့ မပြောလိုက်သင့်။ အပြင်မှာ နေချင်သေးသည် ဟု ပြောလိုက်သင့်သည်။ ယခုတော့ ရှက်စရာ။ တွင်း တစ်တွင်း တူးပြီး ယုန် တစ်ကောင်လိုသာ လုံအောင် ပုန်းနေချင်တော့သည်။

နန်းယု မျက်နှာမှ ပန်းနုရောင် အသွေးအသားကို အာကာဟိန်းထက် မြင်ပြီးနောက် ခပ်သဲ့သဲ့သာ ပြုံးသည်။ မဟုတ်မှလွဲရော သူမ တွေးနေသည့် အတွေးတွေကို ရိပ်မိသွားပြီလား။ ခံစားနေရသည့် ရှက်ရွံ့မှုကို ဟန်ဆောင် ဖုံးကွယ်ခြင်းနှင့် ပိတ်ကာ မတားဆီးနိုင်တာ သူမ သိပ် ညံ့လွန်းသည်။
    
နန်းယု အနေခက်စွာ တောင့်တောင့်ကြီး ရပ်နေချိန် မထင်မှတ်ထားသည့် စကား တစ်ခွန်းကို အာကာဟိန်းထက်က ရုတ်တရက် ပြောချလာသည်။ သူမ ဘယ်လိုမှ ထင်မထားသည့် စကားများပဲ ဖြစ်သည်။

"မင်း အပြင်မှာ နေချင်သေးတာကို ကိုယ် သိပါတယ်၊ ဒါပေမယ့် ကိုယ့်မာမီက ကိုယ့်ကို တစ်ဆယ့် နှစ် နာရီ မထိုးခင် အိမ် ပြန်လာဖို့ ပြောထားတယ်၊ ကိုယ်က အိမ် မပိုင်ဘူး၊ ဒီတော့ သန်းခေါင် မကျော်ခင် အိမ် ပြန်ရောက်နေမှ ဖြစ်မယ်" 

"အို . . ဒီလိုလား၊ နန်း အားနာလိုက်တာနော်၊ ဦးမှာ စည်းကမ်းကြီးတဲ့ မာမီ တစ်ယောက် ရှိတာ နန်း မသိခဲ့ဘူး"

"ဟုတ်တယ်၊ သနားစရာ ကောင်းတယ်မလား"

အာကာဟိန်းထက် သက်ပြင်း ချလျက် ခေါင်း တယမ်းယမ်း လုပ်သည်။ စိတ်ဓာတ်ကျသွားပုံက နည်းနည်းတော့ သဘာဝ မကျ။ အကဲပိုဟန် ရှိသည်။ ထို့နောက် မျက်နှာကို လက်ဖဝါးဖြင့် အုပ်ကွယ်ရင်း တိတ်တခိုး ပြုံးသည်။ ပြုံးလိုက်ပုံက တစ်မျိုး။ ထိုအပြုံးကို နန်းယု နားမလည်။ ဝမ်းနည်းသည့် အပြုံး တစ်ခုများလား။ သို့သော် သူမ အကြာကြီး တွေးတောနေဖို့ အချိန် မရ။ အာကာဟိန်းထက်က ခုံတန်းမှ အထုပ်များကို ဆွဲယူနေပြီ ဖြစ်သည်။

"နန်း ကူသယ်ပေးမယ်လေ"

"နေပါစေ၊ ကိုယ် နိုင်ပါတယ်"

"လေးတယ်လေ"

"မလေးပါဘူး၊ ကိုယ် သယ်နိုင်တယ်"

အိတ်တွေ အများကြီးကို ညာဘက် လက်ရှိ လက်ချောင်းများကြား လျှိုသွင်း ချိတ်ဆွဲရင်း လက် တစ်ဖက်တည်းနှင့် ပိုင်ပိုင်နိုင်နိုင် သယ်ယူထားသည်။ ကျန်လက် တစ်ဖက်က ပီကာချူး အရုပ်ကြီးကို သယ်ပြီး လက်မောင်းနှင့် ပြုတ်မကျအောင် ညှပ်ထားလိုက်သည်။ လက်မောင်းနှင့် ခန္ဓာကိုယ်ကြား ညှပ်ထားတာ ဖြစ်၍ ဘယ်ဘက် လက်က အောက်သို့ တွဲလောင်းကျပြီး ဘာပစ္စည်းမှ ကိုင်စရာ မရှိဘဲ ကင်းလွတ်နေသည်။ 
    
နန်းယု ထိုလက်ကို ဆတ်ခနဲ ဖမ်းကိုင်လိုက်သည်။

"ဦး လက်ကလေး ခဏလောက် ကိုင်ကြည့်လို့ ရမလား"

နူးညံ့သော လက်ဖဝါး၏ ထိတို့မှုက နွေးထွေးသည့် ခံစားမှု အာရုံကို သူမအား ပေးအပ်သည်။ ထိုအနွေးဓာတ်က သူမ လက်ဖျားမှ တစ်ဆင့် နှလုံးသားထံ လျင်လျင်မြန်မြန် စီးကူးသွားသည်။ နှုတ်ခမ်းများကပါ မထိန်းနိုင်စွာ ကျေကျေနပ်နပ် ပြုံးမိသွားသည်။
    
အာကာဟိန်းထက် နန်းယုကို ငုံ့ကြည့်လာသည်။ သို့သော် ဘာဆိုဘာမှ မပြော။ ငြိမ်ငြိမ်သက်သက် စူးစိုက် ကြည့်ခြင်းပဲ ဖြစ်သည်။ အကြည့်များက တစ်စုံတစ်ရာကို နားမလည်ဟန်။
    
နန်းယု အာကာဟိန်းထက် လက်ကို သူမ လက်ချောင်းများနှင့် ပိုင်နိုင်စွာ ချိတ်တွယ်ပြီးနောက် ပစ္စည်း တစ်ခု၏ အလေးချိန်ကို ချိန်ဆသလို လေးလံမှုကို တိုင်းတာသည့် ဟန်ပန်မျိုး လုပ်လိုက်သည်။ ထို့နောက် အလေးချိန်ကို မှန်းဆမိပုံဖြင့် အာကာဟိန်းထက် မျက်နှာကို မော့ကြည့်ပြီး စပ်ဖြဲဖြဲ ရယ်ပြလိုက်သည်။

"ကြည့်ရတာ လေးမယ် ထင်တယ်နော်၊ နန်း ကိုင်ထားပေးမယ်"

ထိုအခါမှ အာကာဟိန်းထက် အထာ ပေါက်သွားပြီး ခပ်သဲ့သဲ့ ရယ်တော့သည်။ ရယ်မောပုံက နန်းယု၏ အသားယူမှုနှင့် ရဲတင်းမှုကို အမှတ်ပြည့် ပေးလိုက်သလို။ ထို့နောက် လိုလိုလားလားနှင့်ကို ခွင့်ပြုပေးလာသည်။

"မင်း သဘောပါလေ"

တကယ်ဆို အိတ်တွေ အများကြီးကို သယ်ထားရတာ ဖြစ်၍ လက် တွဲထားဖို့က အနည်းနှင့် အများ အနှောင့်အယှက် ဖြစ်လွန်းသည်။ သို့သော် ပေါ့ပေါ့ပါးပါးနှင့် အပြုံးတောင် မပျက်။ နန်းယု ဖြစ်ချင်တာကို အေးဆေးစွာ ဖြည့်ဆည်းပေးလာသည်။ သူမ တကယ်ကို ကြည်နူးသွားရသည်။

"ဦးက အရမ်း ကောင်းတာပဲ"
    
နန်းယု အာကာဟိန်းထက် လက်ကို မလွတ်တမ်း ဆုပ်ကိုင်ပြီး စားသောက်ဆိုင်များ ရှိရာသို့ ပျော်ပျော်ကြီးကြီး ထွက်လာခဲ့လိုက်သည်။

ညစာအတွက် အပြန်လမ်းတွင် ကြုံသည့် ပင်လယ်စာ ဘူဖေးဆိုင် တစ်ဆိုင်မှာ ဝင်စားဖြစ်ကြသည်။
    
နန်းယုက ပန်းကန်ပြား တစ်ချပ်ကို ကိုင်ပြီး စတီး လင်ပန်း အသီးသီးထဲ ထည့်လျက် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားသော ဆိုင်မှ ဟင်းပွဲများကို လိုက်လံ စပ်စုနေသည့်အခါ အာကာဟိန်းထက်က ဟင်းအမယ်များ ရွေးလို့ ပြီးသွားသည်။ ရွေးယူထားသည့် ညစာက ထမင်းဖြူ နည်းနည်း၊ ကင်ထားသည့် ကြက်သား ရင်အုံ တစ်ပွဲနှင့် အရွက်သုပ် တစ်ပန်းကန်၊ ပဲပင်ပေါက် ဟင်းရည်တို့ပဲ ဖြစ်သည်။

"ကိုယ် စားပွဲမှာ အရင် ထိုင်နှင့်မယ်နော်"

"ဟုတ်ကဲ့၊ နန်း ခဏနေ လိုက်လာခဲ့မယ်"

အာကာဟိန်းထက် နန်းယုကို ထားခဲ့ပြီး ဆိုင် အတွင်းခန်းသို့ အရင် ဝင်သွားသည်။

ဟင်းပွဲများကို သူမ စပ်စုလို့ အားရသည့်အခါ အရွက် နည်းနည်း၊ အသား များများ ရွေးယူပြီး အမယ်စုံအောင် ပန်းကန်ထဲ အပြည့် ဖြည့်လိုက်သည်။ နန်းယု ပန်းကန်ထဲတွင် ရေဘဝဲ၊ ကင်းမွန်၊ ပုစွန်၊ ဝက်သား၊ ကြက်သား၊ ကလီစာ စသည်တို့ဖြင့် ပြည့်နှက်နေပြီး ထမင်း တစ်ဆုပ်၊ အရွက်သုပ် တစ်ဖက် နှစ်ဖက်သာ ပါသည်။ သူမ ဟင်းပွဲများ ရွေးယူလို့ ပြီးသည့်အခါ ဆိုင် အတွင်းပိုင်းထဲ လိုက်ဝင်ပြီး အာကာဟိန်းထက်ကို မျက်စိ ဝေ့ဝဲ လိုက်ရှာမိသည်။

အချိန် အကြာကြီး မယူလိုက်ရ။ အာကာဟိန်းထက်က စားသောက်ဆိုင် မှန်နံရံနှင့် ကပ်လျက် ချောင်ကျသည့် စားပွဲစွန်းမှာ တစ်ယောက်တည်း အေးဆေးစွာ ထိုင်နေသည်။ နန်းယု ရယ်ပြုံးကာ သွားထိုင်တော့မည့် တစ်ခဏ တစ်စုံတစ်ရာသော အနှောင့်အယှက်ကြောင့် သူမ ခြေလှမ်းများ ရပ်သွားရသည်။

မိန်းကလေး နှစ်ယောက် အာကာဟိန်းထက် ထိုင်နေသည့် စားပွဲဆီ လျှောက်လာပြီး အတူ ထိုင်ဖို့ ခွင့်တောင်းနေကြသည်။ အကြောင်းပြချက်က ထိုင်စရာ စားပွဲ မရှိတော့လို့ ဟူ၍ ဖြစ်သည်။ နန်းယု သွေးပူသွားကာ ခန္ဓာကိုယ်ထဲ မီးတောင် ပေါက်ကွဲသည့် အလား ဒေါသ ထွက်သွားရသည်။ သေချာ ကြည့်ပါက ဆိုင်ခန်း အတွင်း၌ လွတ်နေသည့် စားပွဲတွေ အများကြီးကို မြင်ရလိမ့်မည်။
    
ထိုင်စရာ စားပွဲ မရှိတာက အလိမ်အညာ တစ်ခုသာ။
ကလီကမာ၊ မူရာမာယာဖြင့် ဉာဏ်များနေတာပဲ ဖြစ်သည်။

သို့သော် အာကာဟိန်းထက်က သူမတို့ နှစ်ယောက်ကို တည်ငြိမ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်ပြီး တစ်ချက် ပြုံးပြကာ အတူ ထိုင်ဖို့ ခွင့်ပြုတော့မည် ဖြစ်သည်။ စားပွဲပေါ် လက် တင် မေး ထောက်ပြီး ရင်းရင်းနှီးနှီးပင် စကားစမြည် ပြောနေတော့၏။ ကောင်မလေး နှစ်ယောက်ကလည်း တဟီးဟီး၊ တဟားဟား လုပ်ရင်း အကဲပိုနေကြသည်။ ထိုမြင်ကွင်းကို ပုပ်သိုးသည့် မျက်နှာထားဖြင့် စိုက်ကြည့်နေရင်းမှ နန်းယု အမြင်ကတ်လာသည်။ စိတ်ထဲမှာပါ မကျေနပ်တော့။

ထိုခဏ သူမ ခေါင်းထဲ အတွေး တစ်ခု ဖျတ်ခနဲ လင်းသွားသည်။ မရည်ရွယ်ပါဘဲ နှုတ်မှ တစ်ခွန်းတည်းသော စကားကို အကျယ်ကြီး ရွတ်ရင်း အော်ခေါ်ပစ်လိုက်မိသည်။ ထိုစကားလုံးက တိတိကျကျ အာကာဟိန်းထက်ကို ခေါ်ဆိုလိုက်တာပဲ ဖြစ်သည်။

"ဒယ်ဒီ . ."

ကျယ်လောင်လွန်းသော အော်သံ အဆုံး တစ်ဆိုင်လုံးမှ မျက်လုံးများက နန်းယုထံ စုပြုံလာသည်။ ထိုမျက်လုံးများ၏ အကြည့်ကို ရှောင်ဖယ်ရင်း လျင်မြန်သော အရှိန်ဖြင့် အာကာဟိန်းထက် ရှိရာသို့ နန်းယု လှမ်းသွားလိုက်သည်။ မိန်းကလေး နှစ်ယောက်က သူမ မျက်နှာကို တစ်လှည့်၊ အာကာဟိန်းထက် မျက်နှာကို တစ်လှည့် ကြည့်ရင်း မှင်တက်နေကြသည်။ အံ့သြမှုကြောင့် ဟနေသည့် နှုတ်ခမ်းများက မယုံကြည်နိုင်ခြင်း၏ သက်သေ။

"ဒယ်ဒီ . . ၊ ဒယ်ဒီ ဘာလို့ နန်းကို မစောင့်တာလဲ"

နန်းယု စားပွဲ အနား ရပ်နေသည့် မိန်းကလေး နှစ်ယောက်ထဲမှ ဂါဝန်တိုတိုနှင့် ကောင်မလေး၏ လက်မောင်းကို အတင်း တွန်းတိုက်ပြီး စားပွဲရှိ ထိုင်ခုံ၌ အားရပါးရ ဝင်ထိုင်ပစ်လိုက်သည်။ သူမ တိုက်ပစ်လိုက်သည့် အားအင်ကြောင့် ထိုမိန်းကလေးက ဘေးသို့ အနည်းငယ် ယိုင်ထွက်သွားရသည်။
    
သို့သော် အာကာဟိန်းထက် အပြုအမူက အနည်းငယ်တော့ ထူးဆန်းသည်။ ဒယ်ဒီ ဟု ခေါ်ခံလိုက်ရခြင်းအပေါ် ဘယ်လို တုံ့ပြန်မှုမှ မပြု။ ထမင်း တစ်ဇွန်းကို ပါးစပ်ထဲ ပစ်သွင်းရင်း နန်းယု မေးခွန်းကို မဆိုင်သလိုသာ ပခုံး တွန့်ပြသည်။

"ဟဲ့ . . ကလေး အဖေ ထင်တယ်"

"ဟုတ်မယ်၊ မထင်ရဘူး၊ ငယ်ငယ်လေး ရှိသေးတာကို"

"ငါတို့ ချိန်တာ ဒီတစ်ခါတော့ အကြီးကြီးကို လွဲတာပဲ၊ တခြား စားပွဲကိုသာ သွားကြပါစို့ဟာ"

မိန်းကလေး နှစ်ယောက်က တီးတိုး ပြောရင်း သူမတို့ စားပွဲမှ ရှောင်ဖယ်သွားသည်။ နန်းယု ထိုမိန်းကလေး နှစ်ယောက်ကို စပ်ဖြဲဖြဲ အပြုံးဖြင့် ပြုံးပြပြီး ရအောင် နှုတ်ဆက်လိုက်သေးသည်။ ပြီးမှ မျက်နှာက မကျေနပ်သလို မဲ့ရွဲ့ပြီး နှုတ်ခမ်းက အလိုလို စူထွက်လာသည်။ ဒေါသဖြင့် ပန်းကန်ထဲမှ ဟင်းတုံးများကို ဇွန်းဖြင့် တဂွမ်းဂွမ်း ဖိခြေနေတော့သည်။ စိတ်ဖြေစရာ အသားတုံးများ ရှိနေ၍ တော်သေးသည်။ မဟုတ်ပါက မလွယ်။
    
အတွေး မဆုံးသေး။
    
ဟင်းဖတ်များက သူမ မျက်နှာကို ဗြုန်းခနဲ လာစင်၏။
    
ရယ်မောသံ ခပ်ကျိတ်ကျိတ် ကြားရသည်။
    
အာကာဟိန်းထက်ထံမှ ဖြစ်သည်။

"မင်းမှာ အဖေ နှစ်ယောက် ရှိနေတာနဲ့တင် အားမရလို့ ကိုယ့်ကိုပါ အဖေ တော်တော့မလို့လား"

တစ်ရှူးဖြင့် ပေပွသွားသည့် သူမ ပါးပြင်ကို အသာ သုတ်ပေးရင်းမှ တိုးတိုးဖွဖွ ပြောလာသည်။ ထိုဂရုစိုက်မှုကြောင့် နန်းယု စိတ်ထဲ ထကြွနေသည့် ဒေါသတွေ ရေနှင့် ငြိမ်းလိုက်သလို ရှဲခနဲ ဖြစ်သွားတော့သည်။

"နန်းက ဦးကို အဖေ မတော်ချင်ပါဘူးနော်"

သူမ စူစူပုပ်ပုပ် ငြင်းတော့ အာကာဟိန်းထက် အနည်းငယ် ပြုံးသည်။ အပြုံးက မျက်လုံးများ လဲ့ရွှန်းသွားရုံသာ။ နှုတ်ခမ်းများက မလှုပ်မယှက်။ ထို့နောက် အရွက်သုပ်ကို ထမင်းဖြင့် ရောရင်း တစ်လုတ် စားလိုက်သည်။ စားနေပုံက အေးအေးဆေးဆေး။ ညင်သာစွာဖြင့် ဘယ်လို အသံမျိုးမှ မထွက်။ စည်းစနစ် ရှိနေသည်။
    
မှန်နံရံနှင့် ကပ်လျက် စားပွဲမှာ ထိုင်နေတာ ဖြစ်၍ အပြင်မှ သွားလာ လှုပ်ရှားနေသည့် လူများစွာကို သူမတို့ မြင်နေရသည်။ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်များ၊ ကားများဖြင့် ပြည့်သိပ်နေပြီ ဖြစ်သည်။ ရံဖန်ရံခါ ဆိုင်ကယ်များဆီမှ ဟွန်းသံ တတီတီကိုပင် ဆူညံစွာ ကြားနေရသည်။ လမ်းမ ပလက်ဖောင်းပေါ်ရှိ အဝါရောင် လမ်းမီးတိုင်မှ အလင်းက စားသောက်ဆိုင်၏ မှန်နံရံပေါ် လာတင်နေသည်။ အလင်းပြန်ရာ ဆိုင်နံရံထက်၌ L O V E R ဆိုသည့် အင်္ဂလိပ် အက္ခရာများကို ပန်းစာလုံးဖြင့် လှပစွာ ရေးသားထားသည်။

ထိုခဏ ပြတ်တောက်သွားသည့် စကားဝိုင်းကို ပြန်စဖို့ရာအတွက် မေးခွန်း တစ်ခု နန်းယု မဆိုင်းမတွ စဉ်းစားမိသွားသည်။ ရဲတင်းစွာပဲ သူမ မေးခွန်း ထုတ်လိုက်သည်။

"စကားမစပ် ဦးမှာ ကောင်မလေး ရှိလားဟင်"

အာကာဟိန်းထက် စားပြီးသွားသည့် ပန်းကန်ထဲ ဇွန်း ထည့်လိုက်သည်။ သူမ မေးခွန်းကို မဖြေခင် နှုတ်ခမ်းကို လက်ကိုင်ပဝါဖြင့် သုတ်ပြီး ရေ တစ်ခွက် သောက်လိုက်သေးသည်။

"ဟင့်အင်း . . ၊ မရှိဘူး"

မရှိမှန်း သိပြီးသား ဖြစ်သော်လည်း ထိုအဖြေကြောင့် နန်းယု ခန္ဓာကိုယ်က ထိုင်ခုံနှင့် လွတ်သွားသလို လေပေါ် မြောက်ကြွချင်သွားသည်။ အလျင်အမြန် စိတ်ထိန်းလိုက်ရသည်။ ထိန်းမရအောင် ပြုံးချင်နေသည့် မျက်နှာပိုးကို သေသေချာချာ သတ်ပြီးနောက် နောက်ထပ် မေးခွန်း တစ်ခု ထပ်မေးလိုက်သည်။

"ဟုတ်လား၊ ဘာလို့ မရှိတာလဲ"

"ဘာလို့ဆို ကိုယ့်မှာ ချုပ်ချယ်တတ်တဲ့ မာမီ ရှိလို့လေ၊ ကိုယ့်မာမီက ကိုယ့်ကို ရည်းစားထားခွင့် မပေးဘူး"

ထိုအဖြေကြောင့် နန်းယု နည်းနည်းတော့ ရယ်ချင်သွားသည်။ အရွယ် ရောက်နှင့်ပြီးသား ယောကျာ်း တစ်ယောက်က အချစ်ရေး ကိစ္စအတွက် မိခင်၏ ခွင့်ပြုချက်ကို တောင်းခံနေဦးမည်လား။ ကလေးမှ မဟုတ်တော့ဘဲ။ မဖြစ်နိုင်ပါ။ ဒီလောက်ကတော့ သူမ သိသည်။ အာကာဟိန်းထက်က သူမ အဖြေကို ပေါ့ပေါ့လေး ဖြေလိုက်တာပဲ ဖြစ်သည်။

"မင်းရော ကောင်လေး ရှိလား"

"ဟင့်အင်း၊ မရှိဘူး"

"ဟုတ်လား၊ ဘာလို့လဲ"

"ဘာလို့ဆို ဦးမှာ ချုပ်ချယ်တတ်တဲ့ မာမီ ရှိနေလို့ . ."

သူမ အဖြေကြောင့် အာကာဟိန်းထက်က အံ့သြသည့် မျက်လုံးများဖြင့် နန်းယုကို စိုက်ကြည့်လာသည်။ နောက်တော့ လက်သီးဆုပ်ဖြင့် နှုတ်ခမ်းကို ကွယ်ပြီး ချောင်း တစ်ချက် ဟန့်လိုက်သည်။ ပုံစံက ဂနာမငြိမ် ဖြစ်နေခြင်းကို အတင်း ချုပ်တည်းနေရဟန်။ နားရွက်ဖျားနှင့် လက်ချောင်းများကပါ မသိမသာ နီရဲနေသည်။
    
နန်းယု အကဲခတ်တော့ အာကာဟိန်းထက် ခေါင်းပေါ်တွင် လေအေးပေးစက် တစ်လုံး ရှိနေသည်။
    
သို့သော် သူမ သိသည်။
    
ထိုနီမြန်းသည့် အသွေးအသားက အေးစက်မှုကြောင့် မဟုတ်။
    
တစ်စုံတစ်ရာသော ပယောဂကြောင့်ပင်။
    
ထိုပယောဂဟာ သေချာစွာဖြင့်
သူမနှင့်သာ သက်ဆိုင်နေလိမ့်မည်။

~•~ S U N ~•~

8 / November / 2021
3 : 04 PM

Continue Reading

You'll Also Like

3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
622K 6.3K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.7M 118K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
141K 11.3K 94
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...