မေတ္တာမိုး သွန်းဖြိုးလို့ရွာ

By SpringGenAerri

422K 35.1K 2.1K

သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပ... More

ဇာတ်ကောင်မိတ်ဆက်ခြင်း
part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
အသစ်တစ်ပိုင်းရေးပေးတယ်
လက်ဆောင်

part(9)

7.6K 703 24
By SpringGenAerri

Unicode

သာလွန် ဒီရက်ပိုင်းအလုပ်တော်တော်များတယ်ပြောရမယ်။
အမြဲတမ်းလဲ အလုပ်ကမအားပါဘူး။
ဒါပေမဲ့ ဒီရက်ပိုင်းကတော့အထူးသဖြင့်ပိုပြီး မအားလပ်ဘူးဖြစ်နေတယ်။
ဒါကြောင့် ညဘက်တွေ အိမ်ပြန်နောက်ကျတာလဲရှိသလို မနက်ပိုင်းလဲ စောစောထွက်ပြီး အလုပ်ဆီကိုသွားရတယ်။
အေးနဲ့တောင် ကောင်းကောင်းမွန်မွန်စကားမပြောရဘူး။

သာလွန်က Royal villa ကို စိတ်တိုင်းကျတည်ဆောက်ပြီးခဲ့ပြီ။ အပန်းဖြေအိမ်ယာတစ်ဖြစ်လဲ လူချမ်းသာတို့နေထိုင်ရာအိမ်ယာအဖြစ် နာမည်ကြီးသွားအောင် တည်ဆောက်ခဲ့ပြီးပြီ။

သာလွန်ဆောက်ခဲ့သမျှ အိမ်ယာတွေက နာမည်ကြီးတယ်။ ပြီးတော့ luxury ဆန်တယ်။ မြန်မာပြည်အနှံ့မှာ သာလွန်တည်ဆောက်ထားတဲ့အိမ်ယာတွေ အများကြီးပဲရှိတယ်။
ပြီးတော့ သာလွန်က လုံးချင်းတိုက်တွေကို မြေဝယ် အိမ်ဆောက်ပြီးမှ ပြန်ရောင်းတာမျိုးကိုပိုသဘောကျတာကြောင်​့ အခန်းပေး အခန်းယူစနစ်နဲ့ ဆောက်တာမျိုးရှားတယ်။
Condo တွေ တိုက်ခန်းတွေဆိုတာ သာလွန်ဆောက်တဲ့အထဲမှာ မရှိသလောက်ရှားတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ condoတွေ စပြီးခေတ်စားကာစ သူငယ်ချင်းတစ်ယောက်ပူစာလွန်းလို့ သူတို့ဖိုးဖွားပိုင်မြေမှာ သာလွန်တို့ကုမ္ပဏီက condo ဆောက်ပေးခဲ့တယ်။ အဲ့အဆောက်အဦးတစ်ခုပဲ condoအနေနဲ့ဆောက်ပေးခဲ့တယ်... ဒါတောင် သူငယ်ချင်းကို အားနာလွန်းလို့။

သာလွန်လုပ်ငန်းစုကဆောက်တယ်ဆိုကတည်းက ကြိုပွိုင့်နဲ့တင်အခန်းအားလုံးရောင်းထွက်သည်အထိ သာလွန်က ဒီလောကမှာ နာမည်ကောင်းသည်။

Royal villa ဆိုတာလဲ ဒီတိုင်းပါပဲ။
သာလွန်ဆောက်တယ်ဆိုတာနဲ့ပဲ ကြေငြာစရာမလိုခဲ့ပါဘူး။ အောင်မြင်မှုကို သာလွန် မိမိရရဆုပ်ကိုင်မိထားတာ ကိုယ့်ကိုကိုယ်သိတယ်။ ဘာလုပ်လုပ်စနစ်တကျနဲ့ သေချာစေတနာထားလုပ်တတ်တာကြောင့်လဲ သာလွန်အောင်မြင်ခဲ့တာပါ။

အခု သာလွန့်စိတ်ကူးထဲမှာ အရမ်းကို အကာင်အထည်ဖော်ချင်တဲ့ စိတ်ကူးတစ်ခုရှိနေတယ်။
ဒါကဘာလဲဆိုတော့ တန်ဖိုးသင့်အိမ်ယာတစ်ခုကိုဖော်ဆောင်ချင်နေတာ။

လုံးချင်းလောကမှာ သာလွန်အောင်မြင်တယ်။
ဆယ်စုနှစ်ကြာအောင်မြင်နေတယ်။
အပန်းဖြေအိမ်ယာဆိုလဲ သာလွန် ဝါသနာပါလို့ဆောက်တယ်....အောင်မြင်တယ်။

တန်ဖိုးသင့်အိမ်ယာဆိုတာကတော့ လူလတ်တန်းစားတွေအတွက် ရည်ရွယ်တာ။
သာလွန်တို့လို ချမ်းသာတဲ့လူတွေလဲ ချမ်းသာတဲ့အလျောက် အိမ်တွေရွေးချယ်နေထိုင်ကြသလို သင့်တင့်တဲ့စီးပွားရေးရှိတဲ့သူတွေလဲ သင့်တင့်တဲ့နေထိုင်မှုမျိုး ရှိစေချင်တယ်။
ရန်ကုန်က မြန်မာပြည်တစ်ပြည်လုံးက ရွှေ့ပြောင်းလုပ်သားတွေ အခြေချရာ နေရာဖြစ်တယ်။
ကျောတခင်းစာနေရာအတွက် ငွေကြေးအကုန်အကျများလွန်းတဲ့နေရာလဲ ဖြစ်တယ်။
သာမာန် လူလတ်တန်းစားတွေဟာ အိမ်ငှားနေကြရတဲ့အတွက် အိမ်ပိုင်ဖြစ်ဖို့ကို အလှမ်းဝေးလှတယ်။
ဒါကြောင့် လူလတ်တန်းစားတွေအတွက် သင့်တင့်တဲ့စျေးနှုန်းနဲ့ တန်ဖိုးသင့်အိမ်ယာ ဆောက်ပေးဖို့ သာလွန်စိတ်ကူးခဲ့တာကြာပြီ။
ဒီ စီမံကိန်းပြီးရင်တော့ သာလွန် ကမ္ဘာအနှံ့ခရီးထွက်ပြီး နားအုံးမယ်လို့လဲ စိတ်ကူးတယ်။

လောလောဆယ် သာလွန် အိမ်ယာဆောက်ဖို့ မြေနေရာအတွက်အကြီးအကျယ်ခေါင်းကိုက်နေရတယ်။

ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုန်းမြို့တွေကို သာလွန်ကဦးစားပေးစဥွးစားတယ်။ဘာကြောင့်ဆို မြေနေရာကျယ်ကျယ်လဲ ရနိုင်ပြီးတော့ ရွှေ့ပြောင်းလုပ်သားလဲ များတဲ့နေရာတွေက မြို့စွန်ပဲလေ။

ရွှေပြည်သာ
လှိုင်သာယာ
တောင်ဒဂုံ.....

ဒီမြို့နယ်တွေဟာ စက်မှုဇုံတွေရှိပြီး လူနေထူထပ်တယ်။
မြေနေရာအတွက်ဆိုရင်တော့ ကျယ်ကျယ်ရနိုင်ပေမဲ့ မြေစျေးက ကြီးနေတယ်။
အဆိုးဆုံးကတော့ အိမ်ယာစီမံကိန်းရယ်လို့ ဘယ်ကသတင်းအစအနရတယ် မသိပါဘူး။
ရောင်းမဲ့လူတွေက စျေးတွေချက်ချင်း အော် ပစ်တော့တယ်။
လူတွေလဲ တော်တော်ခက်တာပါပဲ။
ဒီကြားထဲမြေပွဲစားတွေကလဲ ခြေခြင်းလိမ်ကုန်တော့တာပါပဲ။

အမှန်အတိုင်းပြောရရင် ရန်ကုန်မြို့ရဲ့ ဘယ်နေရာမဆို သာလွန် လိုချင်ရင် ရအောင်လုပ်လို့ရနေပါတယ်။
ဒါပေမဲ့ ဒီလို ဆင်ခြေဖုန်းမြို့စွန်တွေကိုတော့ သာလွန် တစ်ခါမှ ​မြေမဝယ်ဖူးဘူး။ စိတ်ကူးရှိပေမဲ့ လ​က်ကမရောက်တာကြောင့်ပါ။ Royal villa ကလဲရန်ကုန်မြို့စွန်မှာပဲဆောက်တာဖြစ်ပေမဲ့ မြေနေရာကအသင့်ရှိပြီးသားကို ဆောက်တာ။ ဒီနေရာတွေကို သာလွန့်အဖေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပိုင်ဆိုင်ခဲ့တာ။
အခုက မြေအရင်ဝယ်ဖို့ကြိုးစားရမယ်။

ဝင်ဒါမီယာ.. ရွှေတောင်ကြား...အင်းယျားလမ်းကခြံတွေထက် ဝယ်ရခက်နေပြန်တော့ သာလွန်ပြုံးမိရသေးတယ်။ ပေါက်စျေးကိုသတ်မှတ်ထားတဲ့ နေရာတွေမှာ သာလွန်အခက်အခဲမရှိဝယ်ယူပြီး အိမ်အလုံးပေါင်းများစွာ ဆောက်နိုင်ခဲ့ပေမဲ့ ပေါက်စျေးက ပါးစပ်ထဲရှိရာပြောလွှတ်တဲ့ကိစ္စမှာတော့ သာလွန် တော်တော်ခေါင်း​ခြောက်နေရတယ်။
.
.
.

"သားသား..... အလုပ်များနေလား"

"ဟုတ်တယ်... အေးရယ် "

"ထိုင်ပါအုံးလား.... ​အေးနဲ့စကားမပြောရတာ ဘယ်နှစ်ရက်ရှိပြီလဲ"

"ဟာ...အေးကလဲ....မနေ့ကပြောသေးတယ်လေ... ဘာလဲ .... အေးက ကျွန်တော့်ကိုသတိရလို့လား"

"သြော်....ကိုသာလွန်ရယ် .... သုံးခွန်းပြည့်အောင် နားထောင်လို့လား....ရှင်က..... ​နေ့လည်စာကိုထည့်ပေးဖို့လဲ မစောင့်ဘူးလေ.... နန္ဒာ့ကိုတောင် ဖုန်းဆက်ပြီး နေ့လည်စာသေချာကျွေးဖို့​ပြောရသေးတယ်"

"ဟုတ်လား.... နန္ဒာက သေချာစီစဥ်ပေးပါတယ်.... သူကျွေးတာစားတော့ စားလိုက်တာပဲ... ဘာတွေကျွေးလဲ မသိပါဘူး ​အေးရယ်"

နန္ဒာက သာလွန့်အတွက်တော့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် သိပ်တော် သိပ်ထက်ပြီး အလိုက်သိလွန်းသူ။
သာလွန့်အကြောင်းကို သိလွန်း နားလည်လွန်းသူ အားလဲကိုးရတယ်။
​အေးတို့ ပိုမိုတို့နဲ့ပါခင်မင်နေသူ။
နန္ဒာတစ်ယောက် သာလွန် ဆူတာငေါက်တာခံရရင်းဘဲ သာလွန့်အတွင်းရေးမှူးအဖြစ် အလုပ်လုပ်တာနှစ်တွေကြာလေ သာလွန့်အကြောင်းပိုပြီးနားလည်လေပေါ့။
အင်း.... နန္ဒာ့အကြောင်းပြောမှ သတိရတယ်။ ဒီနေ့မျက်ပေါက်မှေးလေး အလုပ်ဝင်မှာပဲ။

"သားသားက အလုပ်လျှော့လေ.... ဘာအတွက်အဲ့လောက် လုပ်နေတာလဲ.... မိန်းမမရှိ...ကလေးလဲ မရှိဘဲနဲ့များ....ဟင်း...."

"လာပြန်ပြီ..... ဒီဘူတာ.... မိန်းမရှိမှ ပိုက်ဆံရှာရမှာလား.... အေး အတွက်ရှာနေတာလေ.... မရဘူးလား"

"တော်ပါ... ဘယ်တော့မှ စကားအကောင်းမပြောဘူး.... ကျွန်တော်မျိုးမအတွက်ဆိုရင်တော့ နေပါစေတော့.... မရှာနေပါနဲ့တော့ ကိုသာလွန်ရယ်.... ဟွန်း"

"ဟော...ဗျာ.... အသက်ကြီးရင် ​အေးနဲ့ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ခရီးတွေထွက်မယ်လေ.... မကောင်းဘူးလား"

"မကောင်းဘူး....ဒါနဲ့လေ.... သားသားကို ပြောစရာ ရှိသေးတယ်..."

သာလွန်က ရယ်တယ်။
မိန်းမကိစ္စ စကားစမရလို့ မျက်နှာညိုနေတဲ့ အဒေါ်ဖြစ်သူကို ကြည့်ပြီး ချစ်လွန်းလို့ရယ်နေရတယ်။

"ကဲ.... ပြောပါအုံး.... အခုရော.... ဘယ်က အလိမ္မာအိမ်ပါအကောင်းစားလေး တွေ့ခဲ့လို့တုန်း... ပြောပါအုံး"

မနက်စာ စားရင်း တူဝရီးနှစ်ယောက်ဆွေးနွေးပွဲက ရေရေလည်လည်တော့ မသဲကွဲသေး။

"အင်း..... ဒီ ဝင်းထဲကပဲ.... ဟိုတလောက ပြောင်းလာတာ"

"ဗျာ....."

"ဘာလဲ...သားသားရယ်....လန့်လိုက်တာ..."

သာလွန့်အသံကျယ်ကျယ်ကြောင့် ​အေး တင်မဟုတ်.... မီးဖိုခန်းမှာချက်ပြုတ်နေတဲ့ ဒေါ်ပုတို့သားအမိပါ လန့်သွားသည်။

"အော်....ကျွန်တော်တောင် အဲ့လောက်စျေးပေါသွားပြီကိုး.... ဘယ့်နှယ်.... မျိုးကောင်းရိုးကောင်း ဆွေမျိုးခုနှစ်ဆက်ရင်းနှီးလာတာဆိုပြီး မိတ်ဆက်တာပဲ ဘယ်နှစ်ယောက်လဲ.... ခုတော့ မနေ့တနေ့ကတွေ့တဲ့သူနဲ့တောင် ပေးစားတော့မယ်ပေါ့....ဟုတ်လား"

"ဆွေမျိုးခုနှစ်ဆက်ရင်းနှီးခဲ့တဲ့သူတွေရော.... ပိုမိုသူငယ်ချင်းမလေးတွေရော.... အသိအကျွမ်းမိန်းကလေးမှန်သမျှ တော့်ကို မစောင့်နိုင်လို့ အိမ်ထောင်ပြုပြီး ကလေးပါရကုန်ကြပြီလေ.... မရှိတော့ဘူး.... သိပြီလား"

"မရှိတာ....ပို....ကောင်းသေး"

"ခက်တော့တာပဲ...."

"ဒါဆိုလဲ ဒီလိုလုပ်ပါလား ​အေး ရာ...."

"ဘယ်လို လုပ်ရမလဲ..."

မျှော်လင့်ချက်မဲ့သွားရင်းမှ သာလွန့်ရဲ့စကားကြောင့် ရွှေကိုင်းမျက်မှန်ကိုပင့်ကာ ​အေး က မျှော်လင့်ချက်ထားနေပြန်သည်။

"စပ်ချင်ဟပ်ချင်ရင်လဲ.... ရွှေပြည်သာတို့... တောင်ဒဂုံတို့.... လှိုင်သာယာတို့က တစ်ယောက်ယောက်နဲ့စပ်ဗျာ.... စီမံကိန်းတစ်ခုအတွက် အဲ့နေရာတွေမှာ မြေကျယ်ကျယ်လိုလို့.... မိန်းမပိုင်တဲ့မြေကျယ်ကျယ်ရရင် ပိုကောင်းတယ်.... ရှာပေး"

​အေးရဲ့မျက်စောင်းကြီးကြီးက သာလွန့်ဆီ ဒိုင်းကနဲရောက်လာတယ်။
ဒေါ်ပုတိုသားအမိတွေလဲ ထုံးစံအတိုင်းကြားနေကြတွေ ကြားရပြီဆိုပြီး လုပ်စရာရှိတာဆက်လုပ်နေကြတယ်။

​အေးရဲ့ပါးကို တစ်ချက်နမ်းပြီး သာလွန် ထွက်လာခဲ့တယ်။ ထုံးစံအတိုင်းပါပဲ.... အေးက စကားကိုဆုံးခန်းတိုင်အောင်ပြောခွင့်မရသလို အေးပြောနေတာတွေကိုလဲ သာလွန်ခေါင်းထဲမရောက်ခဲ့ပါ။
​အေးနဲ့ စကားပြောနေတာနဲ့ နောက်ကျပြီထင်တယ်။
ဒီနေ့ သူငယ်ချင်းညွှန်မှူးတစ်ယောက်နဲ့ချိန်းထားတယ်။ သာလွန် ဝယ်ချင်တဲ့မြေနေရာတွေကို မြေပုံရာဇဝင်ကြည့်ရမယ်။
လိုချင်သလာက်ရနိုင်ရဲ့လားဆိုတာရယ် လက်ရှိမှာအဲ့ဒီပတ်ဝန်းကျင်ကနေထိုင်သူတွေပိုင်ဆိုင်တဲ့ မြေနေရာတွေရဲ့ရာဇဝင်ကို ကြည့်ရမယ်လေ။

မြေဆိုတာက အဲ့လိုပဲဖြစ်တတ်တယ်။ အထူးသဖြင့် မြို့စွန်တွေမှာပေါ့။ ကိုယ့်ပိုင်ဆိုင်တဲ့မြေနေရာက အဖိုးအဖွားလက်ထက်ကတည်းကနေလာတာမှန်သော်လည်း ဂရံမရှိတာဆိုရင်အဆင်မပြေနိုင်ဘူး။ တစ်ချို့က လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်ခုနှစ်ဆယ်က နေထိုင်လာခဲ့ပိုင်ဆိုင်လာခဲ့တယ်ဆိုပေမဲ့ အစိုးရမြေဖြစ်နေတတ်တယ်။ ဘယ်သူမှသတိမထားမိသေးခင်နေထိုင်ခွင့်ရနေတာမျိုးပေါ့။ အစိုးရစီမံကိန်းလုပ်မယ်လဲ ကြေငြါရော ကိုယ့်မြေကပြသနာတက်ရော။ ဒါမျိုးတွေဖြစ်မှာစိုးလို့ပေါ့ သာလွန်ကမြေကိစ္စမှာပဲ တော်တော်အလုပ်များနေရပြီ။ ဒါပေမဲ့အလုပ်က များများလုပ်ခွင့်ရနေမှပဲ သာလွန်ကနေသာထိုင်သာရှိတာလေ။

သာလွန်ကောင်းမွန်ရဲ့ တနေ့တာကလဲ ရိုးရှင်းစွာပုံမှန်ပင်။
.
.
.
.

ဆက်ရန်....

Zawgyi

သာလြန္ ဒီရက္ပိုင္းအလုပ္ေတာ္ေတာ္မ်ားတယ္ေျပာရမယ္။
အၿမဲတမ္းလဲ အလုပ္ကမအားပါဘူး။
ဒါေပမဲ့ ဒီရက္ပိုင္းကေတာ့အထူးသျဖင့္ပိုၿပီး မအားလပ္ဘူးျဖစ္ေနတယ္။
ဒါေၾကာင့္ ညဘက္ေတြ အိမ္ျပန္ေနာက္က်တာလဲရွိသလို မနက္ပိုင္းလဲ ေစာေစာထြက္ၿပီး အလုပ္ဆီကိုသြားရတယ္။
ေအးနဲ႕ေတာင္ ေကာင္းေကာင္းမြန္မြန္စကားမေျပာရဘူး။

သာလြန္က Royal villa ကို စိတ္တိုင္းက်တည္ေဆာက္ၿပီးခဲ့ၿပီ။ အပန္းေျဖအိမ္ယာတစ္ျဖစ္လဲ လူခ်မ္းသာတို႔ေနထိုင္ရာအိမ္ယာအျဖစ္ နာမည္ႀကီးသြားေအာင္ တည္ေဆာက္ခဲ့ၿပီးၿပီ။

သာလြန္ေဆာက္ခဲ့သမွ် အိမ္ယာေတြက နာမည္ႀကီးတယ္။ ၿပီးေတာ့ luxury ဆန္တယ္။ ျမန္မာျပည္အႏွံ႕မွာ သာလြန္တည္ေဆာက္ထားတဲ့အိမ္ယာေတြ အမ်ားႀကီးပဲရွိတယ္။
ၿပီးေတာ့ သာလြန္က လုံးခ်င္းတိုက္ေတြကို ေျမဝယ္ အိမ္ေဆာက္ၿပီးမွ ျပန္ေရာင္းတာမ်ိဳးကိုပိုသေဘာက်တာေၾကာင္​့ အခန္းေပး အခန္းယူစနစ္နဲ႕ ေဆာက္တာမ်ိဳးရွားတယ္။
Condo ေတြ တိုက္ခန္းေတြဆိုတာ သာလြန္ေဆာက္တဲ့အထဲမွာ မရွိသေလာက္ရွားတယ္။

လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္ကေတာ့ condoေတြ စၿပီးေခတ္စားကာစ သူငယ္ခ်င္းတစ္ေယာက္ပူစာလြန္းလို႔ သူတို႔ဖိုးဖြားပိုင္ေျမမွာ သာလြန္တို႔ကုမၸဏီက condo ေဆာက္ေပးခဲ့တယ္။ အဲ့အေဆာက္အဦးတစ္ခုပဲ condoအေနနဲ႕ေဆာက္ေပးခဲ့တယ္... ဒါေတာင္ သူငယ္ခ်င္းကို အားနာလြန္းလို႔။

သာလြန္လုပ္ငန္းစုကေဆာက္တယ္ဆိုကတည္းက ႀကိဳပြိုင့္နဲ႕တင္အခန္းအားလုံးေရာင္းထြက္သည္အထိ သာလြန္က ဒီေလာကမွာ နာမည္ေကာင္းသည္။

Royal villa ဆိုတာလဲ ဒီတိုင္းပါပဲ။
သာလြန္ေဆာက္တယ္ဆိုတာနဲ႕ပဲ ေၾကျငာစရာမလိုခဲ့ပါဘူး။ ေအာင္ျမင္မႈကို သာလြန္ မိမိရရဆုပ္ကိုင္မိထားတာ ကိုယ့္ကိုကိုယ္သိတယ္။ ဘာလုပ္လုပ္စနစ္တက်နဲ႕ ေသခ်ာေစတနာထားလုပ္တတ္တာေၾကာင့္လဲ သာလြန္ေအာင္ျမင္ခဲ့တာပါ။

အခု သာလြန့္စိတ္ကူးထဲမွာ အရမ္းကို အကာင္အထည္ေဖာ္ခ်င္တဲ့ စိတ္ကူးတစ္ခုရွိေနတယ္။
ဒါကဘာလဲဆိုေတာ့ တန္ဖိုးသင့္အိမ္ယာတစ္ခုကိုေဖာ္ေဆာင္ခ်င္ေနတာ။

လုံးခ်င္းေလာကမွာ သာလြန္ေအာင္ျမင္တယ္။
ဆယ္စုႏွစ္ၾကာေအာင္ျမင္ေနတယ္။
အပန္းေျဖအိမ္ယာဆိုလဲ သာလြန္ ဝါသနာပါလို႔ေဆာက္တယ္....ေအာင္ျမင္တယ္။

တန္ဖိုးသင့္အိမ္ယာဆိုတာကေတာ့ လူလတ္တန္းစားေတြအတြက္ ရည္႐ြယ္တာ။
သာလြန္တို႔လို ခ်မ္းသာတဲ့လူေတြလဲ ခ်မ္းသာတဲ့အေလ်ာက္ အိမ္ေတြေ႐ြးခ်ယ္ေနထိုင္ၾကသလို သင့္တင့္တဲ့စီးပြားေရးရွိတဲ့သူေတြလဲ သင့္တင့္တဲ့ေနထိုင္မႈမ်ိဳး ရွိေစခ်င္တယ္။
ရန္ကုန္က ျမန္မာျပည္တစ္ျပည္လုံးက ေ႐ႊ႕ေျပာင္းလုပ္သားေတြ အေျခခ်ရာ ေနရာျဖစ္တယ္။
ေက်ာတခင္းစာေနရာအတြက္ ေငြေၾကးအကုန္အက်မ်ားလြန္းတဲ့ေနရာလဲ ျဖစ္တယ္။
သာမာန္ လူလတ္တန္းစားေတြဟာ အိမ္ငွားေနၾကရတဲ့အတြက္ အိမ္ပိုင္ျဖစ္ဖို႔ကို အလွမ္းေဝးလွတယ္။
ဒါေၾကာင့္ လူလတ္တန္းစားေတြအတြက္ သင့္တင့္တဲ့ေစ်းႏႈန္းနဲ႕ တန္ဖိုးသင့္အိမ္ယာ ေဆာက္ေပးဖို႔ သာလြန္စိတ္ကူးခဲ့တာၾကာၿပီ။
ဒီ စီမံကိန္းၿပီးရင္ေတာ့ သာလြန္ ကမၻာအႏွံ႕ခရီးထြက္ၿပီး နားအုံးမယ္လို႔လဲ စိတ္ကူးတယ္။

ေလာေလာဆယ္ သာလြန္ အိမ္ယာေဆာက္ဖို႔ ေျမေနရာအတြက္အႀကီးအက်ယ္ေခါင္းကိုက္ေနရတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ ဆင္ေျခဖုန္းၿမိဳ႕ေတြကို သာလြန္ကဦးစားေပးစဥြးစားတယ္။ဘာေၾကာင့္ဆို ေျမေနရာက်ယ္က်ယ္လဲ ရနိုင္ၿပီးေတာ့ ေ႐ႊ႕ေျပာင္းလုပ္သားလဲ မ်ားတဲ့ေနရာေတြက ၿမိဳ႕စြန္ပဲေလ။

ေ႐ႊျပည္သာ
လွိုင္သာယာ
ေတာင္ဒဂုံ.....

ဒီၿမိဳ႕နယ္ေတြဟာ စက္မႈဇုံေတြရွိၿပီး လူေနထူထပ္တယ္။
ေျမေနရာအတြက္ဆိုရင္ေတာ့ က်ယ္က်ယ္ရနိုင္ေပမဲ့ ေျမေစ်းက ႀကီးေနတယ္။
အဆိုးဆုံးကေတာ့ အိမ္ယာစီမံကိန္းရယ္လို႔ ဘယ္ကသတင္းအစအနရတယ္ မသိပါဘူး။
ေရာင္းမဲ့လူေတြက ေစ်းေတြခ်က္ခ်င္း ေအာ္ ပစ္ေတာ့တယ္။
လူေတြလဲ ေတာ္ေတာ္ခက္တာပါပဲ။
ဒီၾကားထဲေျမပြဲစားေတြကလဲ ေျချခင္းလိမ္ကုန္ေတာ့တာပါပဲ။

အမွန္အတိုင္းေျပာရရင္ ရန္ကုန္ၿမိဳ႕ရဲ႕ ဘယ္ေနရာမဆို သာလြန္ လိုခ်င္ရင္ ရေအာင္လုပ္လို႔ရေနပါတယ္။
ဒါေပမဲ့ ဒီလို ဆင္ေျခဖုန္းၿမိဳ႕စြန္ေတြကိုေတာ့ သာလြန္ တစ္ခါမွ ​ေျမမဝယ္ဖူးဘူး။ စိတ္ကူးရွိေပမဲ့ လ​က္ကမေရာက္တာေၾကာင့္ပါ။ Royal villa ကလဲရန္ကုန္ၿမိဳ႕စြန္မွာပဲေဆာက္တာျဖစ္ေပမဲ့ ေျမေနရာကအသင့္ရွိၿပီးသားကို ေဆာက္တာ။ ဒီေနရာေတြကို သာလြန့္အေဖကလြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းကပိုင္ဆိုင္ခဲ့တာ။
အခုက ေျမအရင္ဝယ္ဖို႔ႀကိဳးစားရမယ္။

ဝင္ဒါမီယာ.. ေ႐ႊေတာင္ၾကား...အင္းယ်ားလမ္းကၿခံေတြထက္ ဝယ္ရခက္ေနျပန္ေတာ့ သာလြန္ၿပဳံးမိရေသးတယ္။ ေပါက္ေစ်းကိုသတ္မွတ္ထားတဲ့ ေနရာေတြမွာ သာလြန္အခက္အခဲမရွိဝယ္ယူၿပီး အိမ္အလုံးေပါင္းမ်ားစြာ ေဆာက္နိုင္ခဲ့ေပမဲ့ ေပါက္ေစ်းက ပါးစပ္ထဲရွိရာေျပာလႊတ္တဲ့ကိစၥမွာေတာ့ သာလြန္ ေတာ္ေတာ္ေခါင္း​ေျခာက္ေနရတယ္။
.
.
.

"သားသား..... အလုပ္မ်ားေနလား"

"ဟုတ္တယ္... ေအးရယ္ "

"ထိုင္ပါအုံးလား.... ​ေအးနဲ႕စကားမေျပာရတာ ဘယ္ႏွစ္ရက္ရွိၿပီလဲ"

"ဟာ...ေအးကလဲ....မေန႕ကေျပာေသးတယ္ေလ... ဘာလဲ .... ေအးက ကြၽန္ေတာ့္ကိုသတိရလို႔လား"

"ေၾသာ္....ကိုသာလြန္ရယ္ .... သုံးခြန္းျပည့္ေအာင္ နားေထာင္လို႔လား....ရွင္က..... ​ေန႕လည္စာကိုထည့္ေပးဖို႔လဲ မေစာင့္ဘူးေလ.... နႏၵာ့ကိုေတာင္ ဖုန္းဆက္ၿပီး ေန႕လည္စာေသခ်ာေကြၽးဖို႔​ေျပာရေသးတယ္"

"ဟုတ္လား.... နႏၵာက ေသခ်ာစီစဥ္ေပးပါတယ္.... သူေကြၽးတာစားေတာ့ စားလိုက္တာပဲ... ဘာေတြေကြၽးလဲ မသိပါဘူး ​ေအးရယ္"

နႏၵာက သာလြန့္အတြက္ေတာ့ လုပ္ေဖာ္ကိုင္ဖက္ေကာင္းတစ္ေယာက္ သိပ္ေတာ္ သိပ္ထက္ၿပီး အလိုက္သိလြန္းသူ။
သာလြန့္အေၾကာင္းကို သိလြန္း နားလည္လြန္းသူ အားလဲကိုးရတယ္။
​ေအးတို႔ ပိုမိုတို႔နဲ႕ပါခင္မင္ေနသူ။
နႏၵာတစ္ေယာက္ သာလြန္ ဆူတာေငါက္တာခံရရင္းဘဲ သာလြန့္အတြင္းေရးမႉးအျဖစ္ အလုပ္လုပ္တာႏွစ္ေတြၾကာေလ သာလြန့္အေၾကာင္းပိုၿပီးနားလည္ေလေပါ့။
အင္း.... နႏၵာ့အေၾကာင္းေျပာမွ သတိရတယ္။ ဒီေန႕မ်က္ေပါက္ေမွးေလး အလုပ္ဝင္မွာပဲ။

"သားသားက အလုပ္ေလွ်ာ့ေလ.... ဘာအတြက္အဲ့ေလာက္ လုပ္ေနတာလဲ.... မိန္းမမရွိ...ကေလးလဲ မရွိဘဲနဲ႕မ်ား....ဟင္း...."

"လာျပန္ၿပီ..... ဒီဘူတာ.... မိန္းမရွိမွ ပိုက္ဆံရွာရမွာလား.... ေအး အတြက္ရွာေနတာေလ.... မရဘူးလား"

"ေတာ္ပါ... ဘယ္ေတာ့မွ စကားအေကာင္းမေျပာဘူး.... ကြၽန္ေတာ္မ်ိဳးမအတြက္ဆိုရင္ေတာ့ ေနပါေစေတာ့.... မရွာေနပါနဲ႕ေတာ့ ကိုသာလြန္ရယ္.... ဟြန္း"

"ေဟာ...ဗ်ာ.... အသက္ႀကီးရင္ ​ေအးနဲ႕ တစ္ေယာက္လက္တစ္ေယာက္ဆြဲၿပီး ခရီးေတြထြက္မယ္ေလ.... မေကာင္းဘူးလား"

"မေကာင္းဘူး....ဒါနဲ႕ေလ.... သားသားကို ေျပာစရာ ရွိေသးတယ္..."

သာလြန္က ရယ္တယ္။
မိန္းမကိစၥ စကားစမရလို႔ မ်က္ႏွာညိုေနတဲ့ အေဒၚျဖစ္သူကို ၾကည့္ၿပီး ခ်စ္လြန္းလို႔ရယ္ေနရတယ္။

"ကဲ.... ေျပာပါအုံး.... အခုေရာ.... ဘယ္က အလိမၼာအိမ္ပါအေကာင္းစားေလး ေတြ႕ခဲ့လို႔တုန္း... ေျပာပါအုံး"

မနက္စာ စားရင္း တူဝရီးႏွစ္ေယာက္ေဆြးႏြေးပြဲက ေရေရလည္လည္ေတာ့ မသဲကြဲေသး။

"အင္း..... ဒီ ဝင္းထဲကပဲ.... ဟိုတေလာက ေျပာင္းလာတာ"

"ဗ်ာ....."

"ဘာလဲ...သားသားရယ္....လန့္လိုက္တာ..."

သာလြန့္အသံက်ယ္က်ယ္ေၾကာင့္ ​ေအး တင္မဟုတ္.... မီးဖိုခန္းမွာခ်က္ျပဳတ္ေနတဲ့ ေဒၚပုတို႔သားအမိပါ လန့္သြားသည္။

"ေအာ္....ကြၽန္ေတာ္ေတာင္ အဲ့ေလာက္ေစ်းေပါသြားၿပီကိုး.... ဘယ့္ႏွယ္.... မ်ိဳးေကာင္းရိုးေကာင္း ေဆြမ်ိဳးခုႏွစ္ဆက္ရင္းႏွီးလာတာဆိုၿပီး မိတ္ဆက္တာပဲ ဘယ္ႏွစ္ေယာက္လဲ.... ခုေတာ့ မေန႕တေန႕ကေတြ႕တဲ့သူနဲ႕ေတာင္ ေပးစားေတာ့မယ္ေပါ့....ဟုတ္လား"

"ေဆြမ်ိဳးခုႏွစ္ဆက္ရင္းႏွီးခဲ့တဲ့သူေတြေရာ.... ပိုမိုသူငယ္ခ်င္းမေလးေတြေရာ.... အသိအကြၽမ္းမိန္းကေလးမွန္သမွ် ေတာ့္ကို မေစာင့္နိုင္လို႔ အိမ္ေထာင္ျပဳၿပီး ကေလးပါရကုန္ၾကၿပီေလ.... မရွိေတာ့ဘူး.... သိၿပီလား"

"မရွိတာ....ပို....ေကာင္းေသး"

"ခက္ေတာ့တာပဲ...."

"ဒါဆိုလဲ ဒီလိုလုပ္ပါလား ​ေအး ရာ...."

"ဘယ္လို လုပ္ရမလဲ..."

ေမွ်ာ္လင့္ခ်က္မဲ့သြားရင္းမွ သာလြန့္ရဲ႕စကားေၾကာင့္ ေ႐ႊကိုင္းမ်က္မွန္ကိုပင့္ကာ ​ေအး က ေမွ်ာ္လင့္ခ်က္ထားေနျပန္သည္။

"စပ္ခ်င္ဟပ္ခ်င္ရင္လဲ.... ေ႐ႊျပည္သာတို႔... ေတာင္ဒဂုံတို႔.... လွိုင္သာယာတို႔က တစ္ေယာက္ေယာက္နဲ႕စပ္ဗ်ာ.... စီမံကိန္းတစ္ခုအတြက္ အဲ့ေနရာေတြမွာ ေျမက်ယ္က်ယ္လိုလို႔.... မိန္းမပိုင္တဲ့ေျမက်ယ္က်ယ္ရရင္ ပိုေကာင္းတယ္.... ရွာေပး"

​ေအးရဲ႕မ်က္ေစာင္းႀကီးႀကီးက သာလြန့္ဆီ ဒိုင္းကနဲေရာက္လာတယ္။
ေဒၚပုတိုသားအမိေတြလဲ ထုံးစံအတိုင္းၾကားေနၾကေတြ ၾကားရၿပီဆိုၿပီး လုပ္စရာရွိတာဆက္လုပ္ေနၾကတယ္။

​ေအးရဲ႕ပါးကို တစ္ခ်က္နမ္းၿပီး သာလြန္ ထြက္လာခဲ့တယ္။ ထုံးစံအတိုင္းပါပဲ.... ေအးက စကားကိုဆုံးခန္းတိုင္ေအာင္ေျပာခြင့္မရသလို ေအးေျပာေနတာေတြကိုလဲ သာလြန္ေခါင္းထဲမေရာက္ခဲ့ပါ။
​ေအးနဲ႕ စကားေျပာေနတာနဲ႕ ေနာက္က်ၿပီထင္တယ္။
ဒီေန႕ သူငယ္ခ်င္းၫႊန္မႉးတစ္ေယာက္နဲ႕ခ်ိန္းထားတယ္။ သာလြန္ ဝယ္ခ်င္တဲ့ေျမေနရာေတြကို ေျမပုံရာဇဝင္ၾကည့္ရမယ္။
လိုခ်င္သလာက္ရနိုင္ရဲ႕လားဆိုတာရယ္ လက္ရွိမွာအဲ့ဒီပတ္ဝန္းက်င္ကေနထိုင္သူေတြပိုင္ဆိုင္တဲ့ ေျမေနရာေတြရဲ႕ရာဇဝင္ကို ၾကည့္ရမယ္ေလ။

ေျမဆိုတာက အဲ့လိုပဲျဖစ္တတ္တယ္။ အထူးသျဖင့္ ၿမိဳ႕စြန္ေတြမွာေပါ့။ ကိုယ့္ပိုင္ဆိုင္တဲ့ေျမေနရာက အဖိုးအဖြားလက္ထက္ကတည္းကေနလာတာမွန္ေသာ္လည္း ဂရံမရွိတာဆိုရင္အဆင္မေျပနိုင္ဘူး။ တစ္ခ်ိဳ႕က လြန္ခဲ့တဲ့ႏွစ္ေျခာက္ဆယ္ခုႏွစ္ဆယ္က ေနထိုင္လာခဲ့ပိုင္ဆိုင္လာခဲ့တယ္ဆိုေပမဲ့ အစိုးရေျမျဖစ္ေနတတ္တယ္။ ဘယ္သူမွသတိမထားမိေသးခင္ေနထိုင္ခြင့္ရေနတာမ်ိဳးေပါ့။ အစိုးရစီမံကိန္းလုပ္မယ္လဲ ေၾကျငါေရာ ကိုယ့္ေျမကျပသနာတက္ေရာ။ ဒါမ်ိဳးေတြျဖစ္မွာစိုးလို႔ေပါ့ သာလြန္ကေျမကိစၥမွာပဲ ေတာ္ေတာ္အလုပ္မ်ားေနရၿပီ။ ဒါေပမဲ့အလုပ္က မ်ားမ်ားလုပ္ခြင့္ရေနမွပဲ သာလြန္ကေနသာထိုင္သာရွိတာေလ။

သာလြန္ေကာင္းမြန္ရဲ႕ တေန႕တာကလဲ ရိုးရွင္းစြာပုံမွန္ပင္။
.
.
.
.

ဆက္ရန္....

Continue Reading

You'll Also Like

108K 9.8K 31
တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ် S2 ကဲစီးမြောလိုက်ကြရအောင်... တင်ပြီးသားကို ဖျတ်မိသွားတယ်...🥴🥴
1.1M 60.2K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
202K 9.4K 97
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...