He Is My Man

By HUYGENS199

172K 2.7K 65

More

1
2
3
4
5
How we met !
8
9
A funny moment at morning
10

7

11.9K 230 4
By HUYGENS199

ညက အရက္မူး‌ေန၍ ေနလုံးက အီေကြတာတည့္တည့္ေရာက္ခါမွ ႏိုးေတာ့သည္။ ဝမ္ဝမ္းသည္ သူ၏ မူးေနာက္ေနေသာ ေခါင္းကို ကိုင္ကာ ထလာသည္။ ညတုန္းက ဝတ္ထားတဲ့ အဝတ္အစားအတိုင္းပဲ ရွိေသးသည္။ နံေစာ္ေနတာက တစ္ေၾကာင္းေပါ့ေလ။

ဝမ္ဝမ္း ဖုန္းယူကာ ၾကည့္လိုက္သည္။ ဒီေန႔က စေနေန႔၊ေက်ာင္းပိတ္သည္။ အင္တာနက္ဖြင့္မည္ႀကံၿပီးခါမွ ေတာ္ပါၿပီေလ၊ ႐ြက္ႏုလႊာရဲ႕ သူ႔ရည္းစားပုံအသစ္ေတြ ျမင္ခါမွ စိတ္ဆင္းရဲ‌ေနဦးမယ္။

ေရမိုးခ်ိဳးၿပီးခါမွ သူ႔အိတ္ထဲက ကတ္ျပားေလးတစ္ခု‌ေတြ႕သည္။

"ဉာဏ္မင္းထည္ဝါ ဟင္ ဒါ ဘယ္သူ႔ဟာႀကီးလဲ "

ဝမ္ဝမ္း ညတုန္းက အျဖစ္အပ်က္မ်ားကို ျပန္ေတံးၾကည့္လိုက္သည္။

"အားးးးးးးးး"

အကုန္လုံးကို ျပန္သတိရၿပီးေနာက္ ဝမ္ဝမ္းကုတင္‌ေပၚက ေစာင္ပုံၾကားကို တိုးဝင္လိုက္သည္။

" ေသစမ္း ငါ ငါမသိတဲ့လူကို အဲလိုႀကီး ေျပာခဲ့တယ္။ အား ရွက္လိုက္တာ "

ဝမ္ဝမ္းသည္ ကုတင္ေပၚ သုံးေလးပတ္ လွိမ့္ေနစဥ္ ေအာက္ထပ္က ဦးေဘးက လွမ္းေအာ္မွ သူသတိဝင္ေတာ့သည္။

"ဟူးး ဘာျဖစ္လဲ ထပ္ေတြ႕ရမယ့္ လူမွ မဟုတ္တာ၊ ညေနက်မွ ကိုခန႔္ဆီ သြားရမယ္ "

ညေနတြင္ အိမ္ေနရင္း ညအိပ္ဝတ္စုံ ခဲေရာင္ကိုသာ ဝတ္ထားေသာ ဝမ္ဝမ္းတစ္ေယာက္ ကိုခန႔္ဆီ လာခဲ့တယ္။ ငိုခန႔္က သူ႔သူငယ္ခ်င္းရဲ႕အကို၊ ကိုခန႔္က သူလာေတာ့ ၿပဳံးစိစိလုပ္ေနသည္။

ဝမ္ဝမ္းက ကိုခန႔္ကို မ်က္ေစာင္းခ်ိတ္ၿပီး ေကာင္တာေဘးက ခုံမွာဝင္ထိုင္သည္။ ၿပီးေနာက္ ယူလာေသာ စာအုပ္ကို ထုတ္ကာ စာလုပ္ရသည္။ တကၠသိုလ္ကလည္း စာလုပ္ရတာေျပာမေနနဲ႔။

" မဂၤလာပါ XXX စတိုးမွ ႀကိဳဆိုပါတယ္ အဟမ္း "

မေန႔က အခ်ိန္ထက္ ပိုေစာၿပီး ဉာဏ္လာမိသည္။ အဘယ္ေၾကာင့္လည္း မသိ။ သူလည္း မေန႔က ေကာင္ေလးကို ေတြ႕ခ်င္လို႔ အလုပ္မွာလည္ ဖင္တႂကြႂကြ ျဖစ္ေနတာ။ ရွိမ်ား ရွိေနမလားဆိုၿပီး လာေတာ့ ဝမ္ဝမ္းေလးက ဂ်ယ္လီေခ်ာင္း စုပ္ကာ စာေရးေနသည္။ မဆီမဆိုင္ ဂ်ယ္လီေၾကာင့္ ေခ်ာင္းဆိုးေနမလား ကိုယ့္မွာ ပူရေသးသည္။

"အဟမ္း အဟမ္း ဧည့္သည္က ဘာမ်ား လိုခ်င္လို႔ပါလဲ ?"

"အာ ဪ ဟိုဟာ အင္း ခုံ ခုံ ဟုတ္တယ္။ ဒီမွာ ေကာ္ဖီရႏိုင္တယ္ဆိုလို႔ ထိုင္ေသာက္ခ်င္လို႔ပါ "

" အင္းး ရေစရပါမယ္ ဒီဖက္ပါ "

အေရာင္းစာေရး၏ စကားကို မနာခံႏိုင္စြာ သူသည္ ထိုေနရာကေန မခြာႏိုင္ျဖစ္ေနသည္။ သို႔ေသာ္လည္း ေနာက္ဆုံး၌ တျခားတစ္ဖက္ကို သြားထိုင္လိုက္ရသည္။ ေတာ္ေသး၍ ဝမ္ဝမ္းက သူ႔အေရွ႕မွာ ျဖစ္ေနေသးသည္။ သူ႔ခမ်ာ ဘာလုပ္ရမွန္း မသိလို႔ ေၾကာင္ေတာင္ေတာင္ျဖစ္ေနစဥ္ အေရာင္စာေရးက မဂၢဇင္းတခ်ိဳ႕လာခ်ေပးသည္ ။ မေယာင္မလည္နဲ႔ ရႈိးရတာေပါ့။ ခ်စ္စရာ ကေလးေလးက သူ႔စာသူအာ႐ုံစိုက္ေနပုံက အသည္းယားဖြယ္အတိ။

"ဇင္ေယာ္ေမာင္ မင္း ဟိုနားက ထိုင္ေနတဲ့လူကို သိလား"

ကိုခန႔္က ေဘးနာထိုင္ရင္း ေျပာသည္။ ဝမ္ဝမ္း တခ်က္ၾကည့္ကာ ေခါင္းခါလိုက္သည္

" အဲတာ ဘယ္သူလဲ "

" မင္းက ညက လိုက္ပို႔တဲ့လူ "

"ဗ်ာ !?!!!!!" သူ႔ေအာ္သံက်ယ္သြားသည္ ထင္ပါ့ ။ တဖက္လူက သူ႔ကို ၾကည့္လာသည္။ ရွက္လြန္း၍ သူသည္ ‌မ်က္ႏွာကို ကြယ္ထားမိသည္။ သူ ေခ်ာင္းၾကည့္လိုက္ေတာ့ ထိုလူက သူ႔ကို ၿပဳံးျပသည္။ ဝမ္ဝမ္း စာအုပ္သိမ္းကာ ထေျပးဖို႔ႀကံေတာ့သည္။

ဝမ္ဝမ္းေလးရဲ႕ ရွက္ေနတဲ့ပုံစံလက သူ႔ကို ဘယ္လိုေတာင္အသည္းယားေစလဲ မသိေတာ့ေပ။ ထေျပးဖို႔ႀကံေနတဲ့ ေကာင္ေလးကို အျမန္လိုက္ရတယ္။ တံခါးကို သူအရင္ကိုင္လိုက္ေတာ့ သူ႔ကို မ်က္လုံး႐ြဲႀကီးေတြနဲ႔ ျပန္ၾကည့္တယ္။ သူ႔ရင္ထဲ ဗေလာင္ဆူေနတာကို မသိတဲ့ေပါက္စကေတာ့ ရွက္ေနဆဲ။

"အျပင္ထြက္မွာမလား "

"ဟုတ္ ဟုတ္.....ကဲ့ "

အျပင္ေရာက္ခါမွ ၂ ေယာက္သား အိုးတိုးအန္းတန္းျဖစ္ရျပန္သည္။ ဝမ္ဝမ္းကပဲ အရင္ႏႈတ္ဆက္လိုက္သည္

"ည ညတုန္းက ကူညီေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ၊ "

"ဪ အဲတာလား ရပါတယ္ "

အေျခအေနက ထပ္ၿပီး တိတ္ဆိတ္သြားသည္။ ဝမ္ဝမ္းက ထြက္ေျပးဖို႔လုပ္ေနတာေၾကာင့္ ဉာဏ္ စကားထပ္ေျပာသည္။ မေျပာလို႔မွ မျဖစ္ဘဲ၊ သူက ကိုယ့္ ေန႔ေတြ၊ညေတြ၊ရက္‌ေ‌တရဲ႕ နံပါတ္ဝမ္းျဖစ္ေနၿပီကိုး။ မင္းနဲ႔ ခ်စ္တတ္ၿပီ ဆိုတာကလည္း အဟုတ္တကယ္ပါ ။

"မေန႔ညက ေသာက္ထားေတာ့ အခုသက္သာရဲ႕လား?"

"ဟုတ္ ကြၽန္ေတာ္က ေသာက္ေနၾကပါ၊။ အကို႔ကို အေႏွာင့္အယွက္ျပဳမိသြားတယ္ ထင္ပါရဲါ၊ ေတာင္းပန္....."

"အာ မဟုတ္တာ ရတယ္ ညီ ရတယ္ "

"အဲတာဆို သြားခြင့္ျပဳပါဦးေနာ္ " ဝမ္ဝမ္း ေျပာၿပိးသည္ႏွသ့္ တစ္နာရီမိုင္၁၀၀ ႏႈန္းနဲ႔ ထေျပးေတာ့သည္။

က်န္ရစ္သူရင္ထဲကေတာ့ ခ်စ္စိတ္ေလး တရိပ္ရိပ္နဲ႔ေပါ။

အဲေန႔ကစၿပီး ဉာဏ္ကေတာ့ စတိုးဆိုင္လာမပ်က္။ ဝမ္ဝမ္းကေတာဘ ရည္းစားေကာင္မေလးနဲ႔ တြဲလိုက္ျပတ္လိုက္၊ေကာင္ေလးနဲ႔တြဲလိုက္ ျပတ္လိုက္ပါပဲ။ တခါတရံ ဉာဏ္က စကားမရွိစကားရွာေပမဲ့ အသက္အ႐ြယ္ခ်င္းက‌လည္း ၆ ႏွစ္နီးပါးကြာေလေတာ့ ကေလးႏုႏုထြတ္ထြတ္က ကိုယ္လိုအိုႀကီးအိုမကို စိတ္မလည္ပါေခ်။

ႀကဳံႀကိဳက္တယ္လို႔ပဲ ေျပာရမလား။ အလုပ္ကေန ေန႔လယ္ဖက္ ေကာ္ဖီေသာက္ဖို႔ ထြက္အလာ စာအုပ္ဆိုင္ထဲ ဝင္သြားေသာ သူ႔ေဘဘီေလးေၾကာင့္ သူ႔မွာအေျပးအလႊားလိုက္ရေသးသည္။

ဝမ္ဝမ္း လိုခ်င္တဲ့ စာအုက္က စာအုပ္ဆိုင္ေရာက္ေနၿပီျဖစ္ေၾကာင္း page မွာ ေတြ႕တာေၾကာင့္ ဝယ္ရန္ အျမန္ထြက္လာသည္။ လက္ထဲမွာ ေလာေလာလတ္လတ္ ရထားတဲ့ တစ္ေသာင္းတန္ ၂ ခ်ပ္နဲ႔ေပါ။ ေကာင္မေလးဆီက ျငင္းခံရတဲ့ အထိမ္းအမွတ္ နဲ႔ ေကာင္ေလးနဲ႔ ျပတိသြားတဲ့ အထိမ္းအမွတ္ဆိုၿပီး အေသာက္လြန္တာေၾကာင့္ သူ႔မွာ ဝက္ၿခံေတ စုၿပဳံထြက္ေနတာ ။အာ့ေၾကာင့္ ပလာစတာ ငါးခုေလာက္ ကပ္ထားရတယ္။ သူ႔ဆီမွာ ရွိကလည္း အ႐ုပ္ပုံေတနဲ႔ ပလာစတာေတြပဲရွိတယ္။

႐ုတ္တရက္ထလာေတာ့ လူက JJ ကာတြန္းေဘာင္းဘီနဲ႔ အက်ႌစြပ္က်ယ္လက္ျပတ္နဲ႔ ေကာက္ထားတဲ့ ဆံပင္ေတြကို ၾကက္ေတာင္စည္းလို႔ ယပ္ေတာင္တစ္ခ်က္ကိုကိုသ္ ထီးကိုကိုင္ၿပီး စာအုပ္ဝယ္ေနသည္။ သူကေတာ့ ပခုေလာေလာဆ္ူရည္းစားထားဖို႔အစီအစဥ္မရွိပါ။ အဲေတာ့လည္း အိုင္ဒုန႔္ကဲ ဝတ္ခ်င္တာ ဝတ္မယ္။

ျဖတ္ခနဲ ျမင္လိုက္ရတဲ့ highlight penေလးေတြ သူ႔မွာ ကုန္ေနတာနဲ႔အေတာ္ပဲ။ သူ တစ္ခုယူကာ ေငြရွင္းလိုက္သည္။

"စာအုပ္က ၆၀၀၀ ၊ highlight penက ၁၅၀၀၀ ပါ စုစုေပါင္း ၂၁၀၀၀ ပါ "

" ဟင္ ၁၀၀၀ လိုေနတာပဲ "

အခုခ်ိန္အိမ္ျပန္ၿပီး ျပန္လာရင္လည္း မပူရွပ္ၿပီး ေသေနဦးမယ္။ ၂ ခုလုံးကိုလည္း လိုခ်င္တယ္။ ဝမ္ဝမ္း ေကာင္တာေရွ႕ ေဝခြဲမရျဖစ္ေနတုန္း အသစ္စက္စက္ ေငြစကၠဴ တစ္ေထာင္တန္က သူ႔ေရွ႕က်လာသည္။ ဝမ္ဝမ္းေနာ့က္ျည့ေတာ့

"အယ္ ဟိုလူႀကီး "

" မင္းလိုေနတာ မဟုတ္ဘူးလား ကိုယ္က ဒီမွာ ေဘာပင္လာဝယ္တာ "

" ဟုတ္ ‌စိုက္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်၊ ဟိုေလ ‌အဲပိုက္ဆံကို အိမ္လိုက္ယူမလားဟင္ *

ပိုက္ဆံတစ္ေထာင္နဲ႔ အိမ္ေခၚရတာလည္း လိုက္ရသူဖို႔ ရွင္စရာေကာင္းလွသည္။

"ဒီလိူလုပ္ေလ မင္း ကိုယ့္ကို မင္းရဲ႕ IG account ေလး ေကးေလ ၊က်ဳယ္တို႔အျပန္အလွန္ follow ၿပီရင္ မင္းကိုယ့္ကို လမ္းႀကဳံခဲ့ရင္ ေပးေပါ့"

"အာ ေကာင္းသားပဲ Wangone ပါ ေက်းဇူးတင္ပါတာ္ေနာ္"

အဲေန႔ေလး‌ေတကေန စတင္ခဲ့ေသာ သူတိုါအခ်စ္ခရီးကေတာ့ အခုအထိေပါ့။

ဝမ္ဝမ္း ကိုဉာဏ္ကို ေစာင့္ေနတုန္း ပစၥည္းဝယ္လိုက္တယ္။ မၾကာခင္မွာပဲ ကိုဉာဏ္ ေရာက္လာတယ္။ သူေတာင္းဆိုထားလို႔ ကိုဉာဏ္က အိမ္ျပင္ပမွာ သူငယ္ခ်င္းလိုပဲ ဆက္ဆံသည္။

အိမ္ေရာက္ေတာ့ ဝမ္ဝမ္းက ညေနစာ ခ်က္ျပဳတ္ေနတုန္း ကိုဉာဏ္က ေရခ်ိဳးေနသည္။ ၿပီးေတာ့ တဘတ္ပတ္ကာ မီးဖိုေခ်ာင္ထဲ ဝင္လာသည္

"မိန္းမေလးေရ ဒီေန႔ဘာခ်က္လဲ "

ဝမ္ဝမ္းက မ်က္ေစာင္းေလး ထိုးရင္း ျပန္ေျဖသည္

" ၾကက္သား တုံယမ္းဟင္းခ်ိဳ "

" ၾကည့္ရတာ အရသာ ရွိမယ့္ပုံေလး " ကိုဉာဏ္က ဝမ္ဝမ္း၏ ဖင္ကို ေအးစက္ေနေသာ လက္ဖဝါးျဖင့္ ညႇစ္ေလသည္။

" ကိုကို ညေနစာ အရင္စားမယ္ "

"အိုေခ မိန္းမိန္းသေဘာ "

ဝမ္ဝမ္း သုံးလုတ္မွ်ပင္ စားရေသးသည္။ ကိုဉာဏ္ကေတာ့ အစားကို အေျပာင္ရွင္းကာ လက္ေဆးေနသည္။ ဝမ္ဝမ္းစားၿပီးေတာ့ ကိုဉာဏ္က ဝမ္ဝမ္းကို ေစြ႕ခနဲ ‌‌ေပြ႕ခ်ီသည္။

" စားၿပီးၿပီးခ်င္လား ?"

" အစာေၾက ေလ့က်င့္ခန္းေလးေပါ့ ေဘဘီရယ္ "

ေနာက္ပိုင္းက အဟက္ 🌚🍑




ညက အရက်မူး‌နေ၍ နေလုံးက အီကွေတာတည့်တည့်ရောက်ခါမှ နိုးတော့သည်။ ဝမ်ဝမ်းသည် သူ၏ မူးနောက်နေသော ခေါင်းကို ကိုင်ကာ ထလာသည်။ ညတုန်းက ဝတ်ထားတဲ့ အဝတ်အစားအတိုင်းပဲ ရှိသေးသည်။ နံစော်နေတာက တစ်ကြောင်းပေါ့လေ။

ဝမ်ဝမ်း ဖုန်းယူကာ ကြည့်လိုက်သည်။ ဒီနေ့က စနေနေ့၊ကျောင်းပိတ်သည်။ အင်တာနက်ဖွင့်မည်ကြံပြီးခါမှ တော်ပါပြီလေ၊ ရွက်နုလွှာရဲ့ သူ့ရည်းစားပုံအသစ်တွေ မြင်ခါမှ စိတ်ဆင်းရဲ‌နေဦးမယ်။

ရေမိုးချိုးပြီးခါမှ သူ့အိတ်ထဲက ကတ်ပြားလေးတစ်ခု‌ေတွ့သည်။

"ဉာဏ်မင်းထည်ဝါ ဟင် ဒါ ဘယ်သူ့ဟာကြီးလဲ "

ဝမ်ဝမ်း ညတုန်းက အဖြစ်အပျက်များကို ပြန်‌ေတွးကြည့်လိုက်သည်။

"အားးးးးးးးး"

အကုန်လုံးကို ပြန်သတိရပြီးနောက် ဝမ်ဝမ်းကုတင်‌ေပါ်က စောင်ပုံကြားကို တိုးဝင်လိုက်သည်။

" သေစမ်း ငါ ငါမသိတဲ့လူကို အဲလိုကြီး ပြောခဲ့တယ်။ အား ရှက်လိုက်တာ "

ဝမ်ဝမ်းသည် ကုတင်ပေါ် သုံးလေးပတ် လှိမ့်နေစဉ် အောက်ထပ်က ဦးလေးက လှမ်းအော်မှ သူသတိဝင်တော့သည်။

"ဟူးး ဘာဖြစ်လဲ ထပ်တွေ့ရမယ့် လူမှ မဟုတ်တာ၊ ညနေကျမှ ကိုခန့်ဆီ သွားရမယ် "

ညနေတွင် အိမ်နေရင်း ညအိပ်ဝတ်စုံ ခဲရောင်ကိုသာ ဝတ်ထားသော ဝမ်ဝမ်းတစ်ယောက် ကိုခန့်ဆီ လာခဲ့တယ်။ ကိုခန့်က သူ့သူငယ်ချင်းရဲ့အကို၊ ကိုခန့်က သူလာတော့ ပြုံးစိစိလုပ်နေသည်။

ဝမ်ဝမ်းက ကိုခန့်ကို မျက်စောင်းချိတ်ပြီး ကောင်တာဘေးက ခုံမှာဝင်ထိုင်သည်။ ပြီးနောက် ယူလာသော စာအုပ်ကို ထုတ်ကာ စာလုပ်ရသည်။ တက္ကသိုလ်ကလည်း စာလုပ်ရတာပြောမနေနဲ့။

" မင်္ဂလာပါ XXX စတိုးမှ ကြိုဆိုပါတယ် အဟမ်း "

မနေ့က အချိန်ထက် ပိုစောပြီး ဉာဏ် လာမိသည်။ အဘယ်ကြောင့်လည်း မသိ။ သူလည်း မနေ့က ကောင်လေးကို တွေ့ချင်လို့ အလုပ်မှာလည် ဖင်တကြွကြွ ဖြစ်နေတာ။ ရှိများ ရှိနေမလားဆိုပြီး လာတော့ ဝမ်ဝမ်းလေးက ဂျယ်လီချောင်း စုပ်ကာ စာရေးနေသည်။ မဆီမဆိုင် ဂျယ်လီကြောင့် ချောင်းဆိုးနေမလား ကိုယ့်မှာ ပူရသေးသည်။

"အဟမ်း အဟမ်း ဧည့်သည်က ဘာများ လိုချင်လို့ပါလဲ ?"

"အာ ဪ ဟိုဟာ အင်း ခုံ ခုံ ဟုတ်တယ်။ ဒီမှာ ကော်ဖီရနိုင်တယ်ဆိုလို့ ထိုင်သောက်ချင်လို့ပါ "

" အင်းး ရစေရပါမယ် ဒီဖက်ပါ "

အရောင်းစာရေး၏ စကားကို မနာခံနိုင်စွာ သူသည် ထိုနေရာကနေ မခွာနိုင်ဖြစ်နေသည်။ သို့သော်လည်း နောက်ဆုံး၌ တခြားတစ်ဖက်ကို သွားထိုင်လိုက်ရသည်။ တော်သေး၍ ဝမ်ဝမ်းက သူ့အရှေ့မှာ ဖြစ်နေသေးသည်။ သူ့ခမျာ ဘာလုပ်ရမှန်း မသိလို့ ကြောင်တောင်တောင်ဖြစ်နေစဉ် အရောင်စာရေးက မဂ္ဂဇင်းတချို့လာချပေးသည် ။ မယောင်မလည်နဲ့ ရှိုးရတာပေါ့။ ချစ်စရာ ကလေးလေးက သူ့စာသူအာရုံစိုက်နေပုံက အသည်းယားဖွယ်အတိ။

"ဇင်ယော်မောင် မင်း ဟိုနားက ထိုင်နေတဲ့လူကို သိလား"

ကိုခန့်က ဘေးနာထိုင်ရင်း ပြောသည်။ ဝမ်ဝမ်း တချက်ကြည့်ကာ ခေါင်းခါလိုက်သည်

" အဲတာ ဘယ်သူလဲ "

" မင်းက ညက လိုက်ပို့တဲ့လူ "

"ဗျာ !?!!!!!" သူ့အော်သံကျယ်သွားသည် ထင်ပါ့ ။ တဖက်လူက သူ့ကို ကြည့်လာသည်။ ရှက်လွန်း၍ သူသည် ‌မျက်နှာကို ကွယ်ထားမိသည်။ သူ ချောင်းကြည့်လိုက်တော့ ထိုလူက သူ့ကို ပြုံးပြသည်။ ဝမ်ဝမ်း စာအုပ်သိမ်းကာ ထပြေးဖို့ကြံတော့သည်။

ဝမ်ဝမ်းလေးရဲ့ ရှက်နေတဲ့ပုံစံလက သူ့ကို ဘယ်လိုတောင်အသည်းယားစေလဲ မသိတော့ပေ။ ထပြေးဖို့ကြံနေတဲ့ ကောင်လေးကို အမြန်လိုက်ရတယ်။ တံခါးကို သူအရင်ကိုင်လိုက်တော့ သူ့ကို မျက်လုံးရွဲကြီးတွေနဲ့ ပြန်ကြည့်တယ်။ သူ့ရင်ထဲ ဗလောင်ဆူနေတာကို မသိတဲ့ပေါက်စကတော့ ရှက်နေဆဲ။

"အပြင်ထွက်မှာမလား "

"ဟုတ် ဟုတ်.....ကဲ့ "

အပြင်ရောက်ခါမှ ၂ ယောက်သား အိုးတိုးအန်းတန်းဖြစ်ရပြန်သည်။ ဝမ်ဝမ်းကပဲ အရင်နှုတ်ဆက်လိုက်သည်

"ည ညတုန်းက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ "

"ဪ အဲတာလား ရပါတယ် "

အခြေအနေက ထပ်ပြီး တိတ်ဆိတ်သွားသည်။ ဝမ်ဝမ်းက ထွက်ပြေးဖို့လုပ်နေတာကြောင့် ဉာဏ် စကားထပ်ပြောသည်။ မပြောလို့မှ မဖြစ်ဘဲ၊ သူက ကိုယ့် နေ့တွေ၊ညတွေ၊ရက်‌ေ‌တရဲ့ နံပါတ်ဝမ်းဖြစ်နေပြီကိုး။ မင်းနဲ့ ချစ်တတ်ပြီ ဆိုတာကလည်း အဟုတ်တကယ်ပါ ။

"မနေ့ညက သောက်ထားတော့ အခုသက်သာရဲ့လား?"

"ဟုတ် ကျွန်တော်က သောက်နေကြပါ၊။ အကို့ကို အနှောင့်အယှက်ပြုမိသွားတယ် ထင်ပါရဲ့၊ တောင်းပန်....."

"အာ မဟုတ်တာ ရတယ် ညီ ရတယ် "

"အဲတာဆို သွားခွင့်ပြုပါဦးနော် " ဝမ်ဝမ်း ပြောပြိးသည်နှင့် တစ်နာရီမိုင်၁၀၀ နှုန်းနဲ့ ထပြေးတော့သည်။

ကျန်ရစ်သူရင်ထဲကတော့ ချစ်စိတ်လေး တရိပ်ရိပ်နဲ့ပေါ။

အဲနေ့ကစပြီး ဉာဏ်ကတော့ စတိုးဆိုင်လာမပျက်။ ဝမ်ဝမ်းကတော့ ရည်းစားကောင်မလေးနဲ့ တွဲလိုက်ပြတ်လိုက်၊ကောင်လေးနဲ့တွဲလိုက် ပြတ်လိုက်ပါပဲ။ တခါတရံ ဉာဏ်က စကားမရှိစကားရှာပေမဲ့ အသက်အရွယ်ချင်းက‌လည်း ၆ နှစ်နီးပါးကွာလေတော့ ကလေးနုနုထွတ်ထွတ်က ကိုယ်လိုအိုကြီးအိုမကို စိတ်မလည်ပါချေ။

ကြုံကြိုက်တယ်လို့ပဲ ပြောရမလား။ အလုပ်ကနေ နေ့လယ်ဖက် ကော်ဖီသောက်ဖို့ ထွက်အလာ စာအုပ်ဆိုင်ထဲ ဝင်သွားသော သူ့ဘေဘီလေးကြောင့် သူ့မှာအပြေးအလွှားလိုက်ရသေးသည်။

ဝမ်ဝမ်း လိုချင်တဲ့ စာအုပ်က စာအုပ်ဆိုင်ရောက်နေပြီဖြစ်ကြောင်း page မှာ တွေ့တာကြောင့် ဝယ်ရန် အမြန်ထွက်လာသည်။ လက်ထဲမှာ လောလောလတ်လတ် ရထားတဲ့ တစ်သောင်းတန် ၂ ချပ်နဲ့ပေါ။ ကောင်မလေးဆီက ငြင်းခံရတဲ့ အထိမ်းအမှတ် နဲ့ ကောင်လေးနဲ့ ပြတ်သွားတဲ့ အထိမ်းအမှတ်ဆိုပြီး အသောက်လွန်တာကြောင့် သူ့မှာ ဝက်ခြံတေ စုပြုံထွက်နေတာ ။အာ့ကြောင့် ပလာစတာ ငါးခုလောက် ကပ်ထားရတယ်။ သူ့ဆီမှာ ရှိတာလည်း အရုပ်ပုံတေနဲ့ ပလာစတာတွေပဲရှိတယ်။

ရုတ်တရက်ထလာတော့ လူက JJ ကာတွန်းဘောင်းဘီနဲ့ အင်္ကျီစွပ်ကျယ်လက်ပြတ်နဲ့ ကောက်ထားတဲ့ ဆံပင်တွေကို ကြက်တောင်စည်းလို့ ယပ်တောင်တစ်ချက်ကိုကိုင် ထီးကိုကိုင်ပြီး စာအုပ်ဝယ်နေသည်။ သူကတော့ အခုလောလောဆယ်ရည်းစားထားဖို့အစီအစဉ်မရှိပါ။ အဲတော့လည်း အိုင်ဒုန့်ကဲ ဝတ်ချင်တာ ဝတ်မယ်။

ဖြတ်ခနဲ မြင်လိုက်ရတဲ့ highlight penလေးတွေ သူ့မှာ ကုန်နေတာနဲ့အတော်ပဲ။ သူ တစ်ခုယူကာ ငွေရှင်းလိုက်သည်။

"စာအုပ်က ၆၀၀၀ ၊ highlight penက ၁၅၀၀၀ ပါ စုစုပေါင်း ၂၁၀၀၀ ပါ "

" ဟင် ၁၀၀၀ လိုနေတာပဲ "

အခုချိန်အိမ်ပြန်ပြီး ပြန်လာရင်လည်း အပူရှပ်ပြီး သေနေဦးမယ်။ ၂ ခုလုံးကိုလည်း လိုချင်တယ်။ ဝမ်ဝမ်း ကောင်တာရှေ့ ဝေခွဲမရဖြစ်နေတုန်း အသစ်စက်စက် ငွေစက္ကူ တစ်ထောင်တန်က သူ့ရှေ့ကျလာသည်။ ဝမ်ဝမ်းမော့ကြည့်တော့

"အယ် ဟိုလူကြီး "

" မင်းလိုနေတာ မဟုတ်ဘူးလား ကိုယ်က ဒီမှာ ဘောပင်လာဝယ်တာ "

" ဟုတ် ‌စိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ၊ ဟိုလေ ‌အဲပိုက်ဆံကို အိမ်လိုက်ယူမလားဟင် *

ပိုက်ဆံတစ်ထောင်နဲ့ အိမ်ခေါ်ရတာလည်း လိုက်ရသူဖို့ ရှက်စရာကောင်းလှသည်။

"ဒီလိူလုပ်လေ မင်း ကိုယ့်ကို မင်းရဲ့ IG account လေး ပေးလေ ၊ကိုယ်တို့အပြန်အလှန် follow ပြီးရင် မင်းကိုယ့်ကို လမ်းကြုံခဲ့ရင် ပေးပေါ့"

"အာ ကောင်းသားပဲ Wangone ပါ ကျေးဇူးတင်ပါတာ်နော်"

အဲနေ့လေး‌ေတကနေ စတင်ခဲ့သော သူတို့အချစ်ခရီးကတော့ အခုအထိပေါ့။

ဝမ်ဝမ်း ကိုဉာဏ်ကို စောင့်နေတုန်း ပစ္စည်းဝယ်လိုက်တယ်။ မကြာခင်မှာပဲ ကိုဉာဏ် ရောက်လာတယ်။ သူတောင်းဆိုထားလို့ ကိုဉာဏ်က အိမ်ပြင်ပမှာ သူငယ်ချင်းလိုပဲ ဆက်ဆံသည်။

အိမ်ရောက်တော့ ဝမ်ဝမ်းက ညနေစာ ချက်ပြုတ်နေတုန်း ကိုဉာဏ်က ရေချိုးနေသည်။ ပြီးတော့ တဘတ်ပတ်ကာ မီးဖိုချောင်ထဲ ဝင်လာသည်

"မိန်းမလေးရေ ဒီနေ့ဘာချက်လဲ "

ဝမ်ဝမ်းက မျက်စောင်းလေး ထိုးရင်း ပြန်ဖြေသည်

" ကြက်သား တုံယမ်းဟင်းချို "

" ကြည့်ရတာ အရသာ ရှိမယ့်ပုံလေး " ကိုဉာဏ်က ဝမ်ဝမ်း၏ ဖင်ကို အေးစက်နေသော လက်ဖဝါးဖြင့် ညှစ်လေသည်။

" ကိုကို ညနေစာ အရင်စားမယ် "

"အိုခေ မိန်းမိန်းသဘော "

ဝမ်ဝမ်း သုံးလုတ်မျှပင် စားရသေးသည်။ ကိုဉာဏ်ကတော့ အစားကို အပြောင်ရှင်းကာ လက်ဆေးနေသည်။ ဝမ်ဝမ်းစားပြီးတော့ ကိုဉာဏ်က ဝမ်ဝမ်းကို စွေ့ခနဲ ‌‌ေပွ့ချီသည်။

" စားပြီးပြီးချင်းလား ?"

" အစာကြေ လေ့ကျင့်ခန်းလေးပေါ့ ဘေဘီရယ် "


နောက်တစ်ပိုင်းကတော့ အဟက်🍑🌚

Continue Reading

You'll Also Like

9.9K 1.1K 27
"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"
7.2K 274 68
ဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်...
JUN By CottonHun

Fanfiction

855 104 15
' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '
14.7K 1.4K 26
အချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ