The Marionette Villain's Stag...

By Syota_

20.9K 2.4K 192

Have you seen a marionette , who control his own strings , play on the stage perfectly ? | Author : Syota | G... More

ဇာတ်လမ်းမိတ်ဆက် [ Unicode ]
ဇာတ်လမ်းမိတ်ဆက် [ Zawgyi ]
OFFICAL ARTS COLLECTION
Chapter (1) : Deus Lo Blessing - 1
Chapter (2) : Deus lo blessing 2.
Chapter ( 3 ) : First mission - 1 .
Chapter (4) : First Mission - 2 .
Chapter (5) : First Mission - 3
Chapter ( 6 ) : First Mission - 4 .
CHAPTER (8) : Evil snakes' admixture
Chapter (9) : INSIDE THE BOX
Chapter (10 ) : Stings Gon' Disarray 1
Chapter ( 11 ) : strings gon' dissary - 2
Chapter ( 12 ) : Omasuri
Chapter ( 13 ): Oh He is a Hamster
Chapter ( 14 ) : Empire's Jade
Chapter ( 15 ) : Impacts
Chapter ( 16 ) : My Carriage
Chapter ( 17 ) : What's his Antipathy
Chapter ( 18 ) : The Greatest Goddess's halo
Chapter ( 19 ) : Anytime
CHAPTER ( 20 ) : Aberacio Temple

Chapter ( 7 ) : inauspicious comet and someone's rebirth

622 126 14
By Syota_

[ Zawgyi ]

အခန္း ( ၇ )

( နိမိတ္ဆိုးၾကယ္တံခြန္ ႏွင့္ ျပန္လည္ေမြးဖြားလာသူ )

- အိမ္ေရွ႕စံ မဟုတ္ဘူးပဲ -

       ေယာ့(ခ္)သည္ ' မနက္ျဖန္ ' ဟူေသာ ေန႔ရက္အား အလြန္ေရာက္ခ်င္စိတ္ျဖင့္ အျမန္အိပ္ရန္ ႀကံ႐ြယ္ထားသည္ ။ ထိုသည္မွာ ရု(သ္)လက္(စ္)ကုိယ္တိုင္လည္း ခြၽင္းခ်က္ဟုတ္မေနေခ် ။ ဤဆန္းက်ယ္ေသာ ကမာၻထဲ ေယာ့(ခ္)ေရာက္ေနသည္မွာ တစ္ရက္တာပင္ မျပည့္ေသး။ မနက္ျဖန္ေရာက္မွသာ အေျခအေနမ်ားအား ပို၍ စမ္းသပ္နိုင္မည္ျဖစ္၏ ။ သို႔ေသာ္ ေကာင္းကင္တစ္ခြင္ အုပ္စိုးေသာ မိုးနတ္အရွင္မင္းသည္ ေယာ့(ခ္) ၏ တစ္ေန႔တာ ဟူေသာ အခ်ိန္အား ကုန္ဆံုးသြားေစခ်င္ပံုမရေပ ။

        နန္းေဆာင္ခန္းမ်ားအျပင္ဘက္ရွိ ေကာင္းကင္ယံသည္ တိမ္နက္မ်ား အုံ႔ဆိုင္းေနၿပီး ေရာင္စံုေသာ အလင္းတန္းမ်ားသည္ လွ်ပ္စီးလက္သကဲ့သို႔ တစ္ျပက္ျပက္ျဖင့္ ဦးတည္ရာ တစ္ခုတည္းသို႔ ကူးလူးေနသည္ ။ ေယာ့(ခ္)၏ အခန္းအား အလင္းကာခန္းဆီးထူထူမ်ားျဖင့္ ကာရံထားပါေသာ္ျငား ယင္းအလင္းတန္းမ်ားကို တားဆီးနိုင္ရန္ မစြမ္းသာၾကေခ် ။

        ' ရု(သ္)လက္(စ္) ... အျပင္မွာ တစ္ခုခုမူမမွန္သလိုပဲ .. '

       [ အင္း... ၊ ထြက္ၾကည့္ၾကည့္ပါလား... ]

        ေယာ့(ခ္)သည္ အေတာ္ပင္ပန္းေနေသာေၾကာင့္ ထပ္မထ,ခ်င္ေတာ့ေသာ္လည္း ေလးပင္စြာ အိပ္ရာမွ ထ,၍ အိပ္ခန္းအျပင္သို႔ ထြက္လိုက္သည္ ။ မူလပိုင္ရွင္သည္ အိပ္ေတာ္တြင္း အေစာင့္တပ္သားမ်ားခ်ထားတတ္ေလ့မရွိေလရာ ရွည္လ်ား က်ယ္ဝန္းေသာ စၾကႍလမ္းထက္ သူတစ္ဦးတည္းသာ ရွိေနေတာ့၏ ။ အေစခံမ်ားသည္ အေစခံတန္းလ်ားတြင္ အနားယူေနၾကသည္ျဖစ္ေသာေၾကာင့္ ႀကီးမားလြန္းေသာ ဤ နန္းေဆာင္ႀကီးထဲ အပ္က်သံပင္ ၾကားနိုင္ေလာက္ေလေအာင္ တိတ္ဆိတ္ေနသည္ ။ ညအေတာ္နက္ေနေသာ အခ်ိန္ျဖစ္သည့္အေလ်ာက္ မီးေရာင္ဟူသည္ အလ်င္းမဲ့လ်က္ ၿပိဳးၿပက္ေနေသာ လွ်ပ္စီးအလင္းမ်ားအကူအညီျဖင့္ တစ္ခ်က္ တစ္ခ်က္ လင္းသြားတတ္၏ ။ ေယာ့(ခ္)သည္ စိတ္ထဲေနရခက္စြာပင္ ရွည္လ်ားေသာ စၾကၤန္အား ျဖတ္ကာ အျပင္ဘက္သို႔ ထြက္လိုက္သည္ ။

     ေကာင္းကင္သို႔ ၾကည့္လိုက္ရာ အလင္းတန္းမ်ားသည္ ေရွ႕တူရႈဆီသို႔ ဦးတည္သြားလာေနသည္ကို ေတြ႕ရၿပီး ၊ တစ္ခုခ်င္းဆီမွာလည္း လားရာ တစ္ခုတည္းကိုသာ ဆိုက္ၿမိဳက္ေနေၾကာင္းသိသာ လြန္း၏ ။

       [ မေကာင္းေတာ့ဘူး... ]

        ' ဘာျဖစ္တာလဲ '

       ေယာ့(ခ္)သည္ ရု(သ္)လက္(စ္)၏ အရင္းအဖ်ားမရွိေသာ စကားတြင္ ရင္ေလးမိသြားသည္ ။ သူ ကူးေျပာင္းလာသည္မွာ တစ္ရက္ပင္ မျပည့္ေသး ၊ တစ္စံုတစ္ရာမွာ စတင္မွားယြင္းေနၿပီတဲ့ေလ ။

        [ တစ္ခုခုက စည္းမ်ဥ္းကေနကြဲထြက္--- ျပႆနာပဲ! ]

       ရု(သ္)လက္(စ္)၏ စကားတစ္ဝက္တင္ပဲ ေကာင္းကင္မွ ေနာက္ထပ္ေသာ အနီေရာင္ မီးလံုးသ႑ာန္အလင္း ( ၁၀ ) ခုသည္ အေနာက္ဘက္ဆီသို႔ လွ်ပ္စီးအလ်င္ျဖင့္ ေရွ႕ဆင့္ေနာက္ဆင့္ ေျပးထြက္သြားခဲ့သည္ ။ အလြန္လ်င္ျမန္လြန္းေသာ္လည္း ျမင့္မားေသာ ေမွာ္အဆင့္တြင္ ရွိသည့္ ေယာ့(ခ္)သည္ ယင္းအား ေသခ်ာ ျမင္လိုက္ေပ၏။

        ' မီးလံုး ဆယ္ခု... ဘာေတြျဖစ္ေနတာလဲ ရု(သ္)လက္(စ္) '

        [ ကြၽႏု္ပ္လည္း သိပ္မရွင္းဘူး ... ၊ ဒီကမာၻရဲ႕ မူရင္း ဖြဲ႕စည္းသူ နတ္ဘုရားက ကြၽန္ုပ္မဟုတ္ဘူး ၊ ကြၽႏု္ပ္က အားနည္းပ်က္ယဲ့သြားတဲ့ ဒီကမာၻကို စာအုပ္အသြင္ေျပာင္းၿပီး တည့္တံ့ထားေစတာ ၊ ကမာၻတစ္ခုတိုင္းဆီမွာ ကုိယ္ပိုင္သတ္မွတ္ခ်က္ေတြရွိတယ္ ၊ ဒါကို မူလဖြဲ႕စည္းသူနတ္ဘုရားကပဲ ကိုင္တြယ္နိုင္တာ ... ]

         ' သတ္မွတ္ခ်က္... ဒီၾကယ္တံခြန္ေတြနဲ႔ ဆိုင္ေနတာလား  '

        [ ၾကယ္တံခြန္က နိမိတ္ဆိုးၾကယ္တံခြန္လို႔ေခၚတယ္ ၊ အေရွ႕ဘက္လားရာကို သက္ဆင္းေနၾကေတာ့ အေရွ႕အရပ္မွာ ရွိတဲ့ တစ္စံုတစ္ရာက စၾကာဝဠာကသတ္မွတ္ထားတဲ့ မူလစည္းမ်ဥ္းေတြကို ေသြဖီလာေၾကာင္းျပေနတာပဲ ... ]

         [ ကမာၻေတြမွာ သတ္မွတ္ခ်က္ရွိသလို ၊ ကမာၻဖြဲ႕စည္းရာမွာလည္း ပံုေသေပးထားတဲ့ သတ္မွတ္ခ်က္ေတြရွိတယ္ေလ ၊ ဥပမာေပးရရင္ ကမာၻတစ္ခုမွာ နတ္ဘုရား သံုးပါးတည္း အလုပ္လုပ္နိုင္ခြင့္ရွိတာမ်ိဳး ၊ နတ္ဘုရားစနစ္ေတာ္က လက္ခံသူကို စြန္႔ပစ္လို႔မရတာမ်ိဳး ... အစရွိသျဖင့္ေပါ့]

          ' ေၾသာ္ ... ပင္မဥပေဒလိုေပါ့ ၊ ေကာင္းၿပီ ... တစ္ေယာက္ေယာက္က မူလစည္းမ်ဥ္းကို ေသြဖီတယ္.. အနီေရာင္ မီးေဘာလံုးႀကီးကေရာ .. '

           [ ျပန္လည္ေမြးဖြားျခင္း.... တစ္ေယာက္ေယာက္ကေတာ့ ျပန္လာေနၿပီ ... မိတ္ေဆြဆိုရင္ ေတာ္ေသးေပမဲ့ .. ရန္သူဆိုရင္.. ဇာတ္လမ္းက သိပ္ေကာင္းေတာ့မယ္မထင္ဘူး ]

            ' တစ္စံုတစ္ေယာက္က ေျခတစ္လွမ္းပိုသာေနမယ္ေပါ့ ၊ ရု(သ္)လက္(စ္).... ငါက ကူးေျပာင္းလာတဲ့ သူဆိုတာ မင္းေမ့ေနတာလား ၊ ကိစၥေတြက အတိတ္ကနဲ႔ ဘယ္တူေတာ့မလဲ...'

        [ တစ္အုပ္တည္း ဖတ္ၿပီး ေသြးတက္သြားတဲ့ *ဆင္ဆာ* ကမ်ား...]

        ' ဒီ *ဆင္ဆာ* '

        [ ထားပါ... ၊ အေနာက္ဘက္ကို သြားၾကည့္ရေအာင္ေလ ၊ သင္လမ္းေလွ်ာက္ရတာ အလြန္႔ အလြန္ကို သေဘာက် နွစ္သက္ေနတာမလား ]

            ေယာ့(ခ္)သည္ ရု(သ္)လက္(စ္)၏ မ်က္နွာကို ျမင္ရသည္မဟုတ္ေသာ္ျငား အသံနွင့္ပင္ ထိုနတ္ဘုရား၏ အ႐ြဲ႕တိုက္ေနေသာ မ်က္နွာအား ေျပးျမင္နိုင္ေပသည္ ။

            ' ဘာလဲ ၊ ျပန္လည္ေမြးဖြားလာတဲ့ လူက အေနာက္ဘက္ မွာလား '

           [ ျပန္လည္ေမြးဖြားျခင္း ၾကယ္တံခြန္နီက အေနာက္ဘက္ဆင္းသြားတယ္ေလ ၊ ကန္းေနတာလား ]

          ေယာ့(ခ္) သည္ ေခါင္းသာယမ္းၿပီး အေနာက္ဘက္သို႔ ဦးတည္လိုက္ေတာ့သည္ ။ ညအိပ္ဝတ္သည္ ပါးလႊာလ်က္ ညဘက္ေလေျပသည္ ေအးစိမ့္ေသာ္ျငား ေယာ့(ခ္) ၏ ခႏၶာကုိယ္သည္ အေအးဓာတ္ျဖင့္ အလြန္ ေနသားက်ေနၿပီး ခ်မ္းစိမ့္ေနမႈမွာ သူ႔အတြက္ သာမန္ဆန္ေနခဲ့သည္ ။

          အေစာင့္တပ္သားမ်ားသည္ အိမ္ေတာ္တြင္ မရွိၾကေသာ္လည္း အျပင္တြင္ ကင္းေစာင့္မ်ားစြာ ရွိေသး၏ ။ ေယာ့(ခ္) ထြက္လာေသာအခါ ထူးဆန္းသည္ဟု ခံစားမိသည့္တိုင္ ဘာမွမေျပာဘဲ အလုပ္ကိုသာ ေရွးရႈလုပ္ၾကေပသည္ ။ ေယာ့(ခ္)သည္ အရာအားလံုးကို လစ္လ်ဴရႈလ်က္ ရု(သ္)လက္(စ္) လမ္းျပမႈျဖင့္ ဆက္ေလွ်ာက္ေနခဲ့သည္ ။ သို႔ႏွင့္ နန္းေဆာင္ အျပင္ရွိ ျမက္ခင္းလြင္ျပင္ဆီသို႔ ဆိုက္ၿမိဳက္လာေတာ့၏ ။

          ' ဒီေနရာမွာ ရပ္သြားတာလား '

          [ ဟုတ္တယ္ .. လူလိုက္ရွာၾကည့္ပါလား ]

          ' ျပန္လည္ေမြးဖြားလာတဲ့သူေတြက အၿငိဳးအေတးေတြရွိေနတတ္တယ္မလား ၊ အၿငိဳးအေတးထဲ ငါပါေနရင္ အခုပဲ ေသမသြားနိုင္ဘူးလား '

          [ ဘာမွမျဖစ္-- ]

          ရု(သ္)လက္(စ္)၏ စကားပင္မဆံုးေသး ' ႐ႊစ္ 'ခနဲေသာ ေလတိုးေဝွ႔သံနွင့္အတူ ေယာ့(ခ္)၏ ရင္ဘတ္အား မျမင္နိုင္ေသာ အရာတစ္ခု ေဖာက္ထြက္သြားၿပီး စနစ္တစ္ခုလံုး စတင္ပ်က္စီးလာကာ ကေမာက္ကမျဖစ္လာေတာ့သည္ ။

          [ တီ တီ တီ တီ ၊ သတိေပးခ်က္ ! သတိေပးခ်က္ ! စြမ္းအားအျမန္ျဖည့္တင္းပါ ၊ စြမ္းအားအျမန္ျဖည့္တင္းပါ ၊ လက္ခံသူ အသက္အႏၲရာယ္ရွိေနပါသည္ ၊ စြမ္းအားအျမန္ျဖည့္တင္းပါ ! ]

          Google Translate ကဲ့သို႔ အသံတစ္ခုသည္ ေယာ့(ခ္)၏ ဦးေနွာက္ထဲသို႔ လ်င္ျမန္စြာဝင္ေရာက္လာၿပီး ၊ ထိုအသံေနာက္မွ ရု(သ္)လက္(စ္)၏ ထိတ္ထိတ္ျပာျပာျဖစ္ေနေသာ အသံတစ္ခုကိုလည္း ၾကားေနရသည္ ။ ေယာ့(ခ္)၏ ေျခေထာက္တို႔မွာ ေပ်ာ့ေခြလာခဲ့ၿပီး ရွည္လ်ားေသာ ျမက္ခင္းျပင္ႀကီးေပၚသို႔ အရုပ္ႀကိဳးျပတ္သလို ျပဳတ္က်သြားေတာ့၏ ။ ခႏၶာကုိယ္တြင္ အင္အားယုတ္ေနၿပီး ရင္ဘတ္မွ ထိုးေဖာက္ခံလိုက္ရေသာ ခံစားခ်က္သည္ အေတာ္ပင္ သိသာလြန္းေနသည္ ။ ေခါင္းမူးလြန္း၏ ၊ အမွန္ပင္ ေခါင္းတို႔ မူးေဝေနပါသည္ ။ အေရွ႕မွ ျမင္ကြင္းအား ရွင္းလင္းစြာမျမင္နိုင္ဘဲ ဝါးတားတားျဖစ္ေနကာ ဦးေနွာက္ထဲမွ စနစ္နွင့္ ရု(သ္)လက္(စ္)၏ အသံမွာ တေျဖးေျဖး တိုးဖ်သြား၏ ။

          ထိုစဥ္ ေျခေထာက္တစ္စံုသည္ သူ၏ မ်က္နွာ ေရွ႕တည့္တည့္သို႔ ေရာက္လာခဲ့သည္ ။ ထို႔ေနာက္ အနွီလူသည္ ထိုင္လိုက္ၿပီး မ်က္နွာအနီးသို႔ လက္ဆန္႔တန္းလာ၏ ။

          " ရာရာစစ.. မင္း... ဘယ္သူ.. "

          ေယာ့(ခ္)၏ အသံတို႔မွာ အလြန္ အားအင္ခ်ိနဲ႔ေနသည္ ။ အေရွ႕မွ အိမ္ေရွ႕စံအား လုပ္ႀကံရဲေသာ ငမိုက္သားအား တစ္ခ်က္မွ် ရွင္းရွင္းလင္းလင္း ျမင္ဖူးမိခ်င္၏ ။ သို႔ေသာ္ မ်က္လံုးတို႔သည္ အလြန္ ရီေဝက ဝါးတားေနသည္ ။ ညအေမွာင္လို မည္းနက္ေနေသာ လက္တစ္စံုသည္ မ်က္နွာအနီးတိုးကပ္ကာ ပါးျပင္အား ထိေတြ႕လာသည္ ။ ထိုလူ၏ အေၾကာတို႔မွာ မရဏဗိမာန္မွ မီးေခ်ာ္ရည္မ်ားအလား နီရဲကာ တလက္လက္ရွိေနၿပီး နက္ေမွာင္ေနေသာ အသားအရည္ေပၚတြင္ ထိတ္လန္႔ဖြယ္ရာ တည္ရွိေနသည္ ။ ေအးစက္ေသာ လက္မ,သည္ ပါးျပင္အား ပြတ္သပ္လိုက္ၿပီး ဘယ္ဘက္မ်က္လံုးေလးအား ညင္ညင္သာသာထိေတြ႕လာ၏ ။ ထို႔ေနာက္ ယင္းလက္မ,သည္ မ်က္လံုးအား ထိုးေဖာက္ခ်င္ေနေသာ အရွိန္အဝါျဖင့္ ဖိခ်လိုက္သည္ ။

         " ဟက္ ငါ စိတ္ေစာလြန္းသြားတယ္ .. ဘယ္ႏႈိးဦးမွာလဲ "

           ၾသဇာေညာင္းကာ ေအးစက္မႈမ်ား ေပးစြမ္းေနေသာ အမ်ိဳးသားတစ္ေယာက္၏ ၾသရွရွ အသံသည္ နားထဲသို႔ မုန္းတီးျခင္း ၊ ဝမ္းနည္းျခင္း ၊ သနားျခင္း တို႔နွင့္အတူ လြင့္ျပယ္လာၿပီးေနာက္ အနက္ေရာင္ဖိနပ္ေလးသည္ အျမင္၏ ေဝးရာသို႔ တေ႐ြ႕ေ႐ြ႕ ေရာက္ရွိသြားၿပီး အနည္းငယ္ လွမ္းၿပီးေသာ္ ေျခလွမ္းတို႔အား ရပ္၍ ေနာက္ထပ္ စကားဆိုလာသည္ ။

           " ေနာက္ေတာ့ ထပ္ေတြ႕ၾကတာေပါ့ ... "

           ပုလဲျဖဴနွယ္ ဆံႏြယ္ရွည္တို႔သည္ ေအးစိမ့္စိမ့္ညေလေျပညႇင္း၏ တြန္းတိုက္ရာသို႔ လြင့္လူးလ်က္ ၊ အနက္ေရာင္ ႏွင့္ အျပာပုပ္ေရာင္ ေရာစပ္ထားသည့္ ဝတ္ရံု၏ အနားတို႔သည္ ဆံႏြယ္မ်ားႏွင့္အတူ အရိုင္းဆန္စြာ ကခုန္ေနၿပီး အလြန္ လွပလြန္းေနေပသည္ ။

           ေယာ့(ခ္)သည္ အံႀကိတ္မိလိုက္ၿပီးေနာက္ ေက်ာေပးထားေသာ အရိပ္သည္ တစ္ေျဖးေျဖးေသးငယ္သြားခဲ့ၿပီး အျမင္တို႔လည္း အေမွာင္က်သြားခဲ့ေတာ့၏ ။ သူေနာက္ဆံုးၾကားလိုက္ရသည္မွာ ရု(သ္)လက္(စ္)၏ ' အိပ္မေပ်ာ္သြားနဲ႔ ' ဟူသည့္ စကားပင္ ။

****

         " အရွင့္သား နိုးလာၿပီ "

         စိတ္လႈပ္ရွားေနေသာ မိန္းမငယ္ေလးတစ္ေယာက္၏ အသံသည္ ႏိုးထလာစျဖစ္ေသာ ေယာ့(ခ္)အား မူးေႏွာက္သြားေစသည္ ။ သူမ်က္လံုးဖြင့္ၾကည့္လိုက္ေသာအခါ အိပ္ေဆာင္အတြင္း ခုတင္ေပၚသို႔ ေရာက္ေနေလ၏ ။

          ေယာ့(ခ္) မွာ ေခါင္းအေတာ္ကိုက္ေနေသာေၾကာင့္ ဘာမွမေတြးနိုင္ေသးဘဲ ေဘးတြင္ရွိေသာ အေစခံမေလးအား သံပရာရည္ေဖ်ာ္ေပးရန္ ေစခိုင္းလိုက္၏ ။

          အေစခံမေလးသည္ သုတ္သုတ္ျပာျပာေျပးထြက္သြားၿပီး မၾကာခင္ပင္ သံပရာရည္တစ္ခြက္ႏွင့္အတူ ျပန္ေရာက္လာခဲ့၏ ။ အေနာက္တြင္မူ ဟစ္စလင္းလည္း ပါလာခဲ့သည္ ။ အလြန္ ေအးစက္ေနတတ္ေသာ မ်က္နွာတြင္ အလိုမက်မႈတစ္ခုပါဝင္ေနသည္မွာ အသိအသာပင္ ။

         " အရွင့္သား ... ေနရတာ အဆင္ေျပပါရဲ႕လား "

         ေယာ့(ခ္)သည္ သံပရာရည္ တစ္ခြက္လံုး တစ္က်ိဳက္တည္း ေမာ့ခ်လိုက္ၿပီးေနာက္ စိတ္ထဲၾကည္ၾကည္လင္လင္ျပန္ျဖစ္သြားကာ ဟစ္စလင္း၏ အေမးအား ျပန္ေျဖလာသည္ ။

       " ေျပတယ္ ... "

       " အရွင့္သား ညဘက္ေတြ အျပင္မထြက္သင့္ပါဘူး ၊ ဘြဲ႕ႏွင္းအပ္ပြဲလည္းေရာက္ခါနီးသလို အရွင့္သားက အနာဂတ္ဧကရာဇ္ျဖစ္လာမဲ့ နဂါးေလာင္းဆိုတာ သတိရေပးပါဦး ၊ အရွင့္သား လဲက်ေနတာျမင္ေတာ့ အေစခံေတြအကုန္လံုး အသက္ ၁၀ ႏွစ္ေလာက္ တိုသြားသလိုပါပဲ "

        ေယာ့(ခ္) သည္ ထိုစကားတို႔ေၾကာင့္ အေတြးထဲ ႏွစ္ျမဳပ္သြားေလသည္ ။

        ဟုတ္သားပဲ မေန႔ညက ငါအျပင္ထြက္မိေသးတယ္ .... ဘာလို႔ ထြက္သြားတာပါလိမ့္ .... ၊ က်စ္ တစ္ခုခုေမ့ေနသလိုပဲ ... ဒီ ဘ႑ာစိုးက အခုမွ ၂၀ ေက်ာ္ပဲ ရွိေသးတာမလား .. ဘာကိစၥ သင္းက အဖိုးႀကီးအတိုင္းျဖစ္ေနတာလဲ

         " နားလည္ၿပီ  အခု ဘယ္အခ်ိန္ရွိၿပီလဲ မယ္ေတာ္နဲ႔ ၿမိဳ႕ထဲ သြားေတာ့မွာေလ "

        " မနက္ ၈ နာရီပါ ၊ ဧကရီက မၾကာခင္လာခဲ့ပါမယ္တဲ့ "

        ေယာ့(ခ္)သည္ စိတ္ထဲအလြန္လန္းဆန္းသြားၿပီး တက္ႂကြစြာျဖင့္ အိပ္ရာမွ ထလိုက္သည္ ။ ထို႔ေနာက္ လုိအပ္သည္မ်ားလုပ္ကာ သာမန္ေပါ့ေပါ့ပါးပါးအေပၚဝတ္ အျဖဴနွင့္ ေဘာင္းဘီအနက္ ဝတ္လိုက္ၿပီး မ်က္ႏွာတြင္ အဝတ္စတစ္လႊာကိုပါ ဖံုးထားလိုက္ေတာ့၏။ ထို႔ေနာက္ ေအးေအးေဆးေဆးျဖင့္ ဧကရီဆီသို႔ ထြက္လာလိုက္သည္ ။ ၿမိဳ႕ထဲတြင္ ေပၚေပၚထင္ထင္သြား၍မရေသာေၾကာင့္ အရိပ္နက္တပ္သားမ်ားကိုသာ ေခၚလာခဲ့ၿပီး ယင္းတို႔မွ အျခား မည္သူမွ ပါမလာေတာ့ေခ် ။

        ဧကရီ၏ အိမ္ေတာ္ ေရာက္ေသာအခါ ဟန္႔စ္သည္ မ်ိဳးရိုးျမႇင့္အိမ္ေတာ္မွ သခင္မတစ္ပါးလို ဝတ္ဆင္ထားၿပီး မ်က္ႏွာတစ္ဝက္အား အုပ္၍ ျပာလဲ့ေသာ မ်က္ဝန္းအစံုကိုသာ ေဖာ္ထုတ္ထားေပသည္ ။ ဆံႏြယ္မ်ားအား သာမန္ဆန္စြာ ထံုးရစ္ထားၿပီး ေခါင္းေပၚတြင္ ဦးရစ္ပန္းကံုးေလးတစ္ခု ဆင္ျမန္းထားေပသည္ ။ အၾကည့္တစ္ခ်က္ျဖင့္ပင္ ထိုသည္မွာ မေန႔ညက ေယာ့(ခ္)ေပးထားေသာဟပန္းကံုးျဖစ္မွန္း သိသာသည္ ။ သူ(မ)၏ ပံုစံမွာ ထူးထူးျခားျခား ျမဴးျမဴးႂကြႂကြရွိေနေသာေၾကာင့္ အေစခံမ်ားပင္ လန္႔ေသခ်င္ေနေပ၏ ။

       အငယ္တန္းဗီလိန္မကို ေပ်ာ္႐ႊင္ေစျခင္း ... ။ အလြန္လြယ္ကူလြန္းသည္ ။ ဟန္႔စ္၏ ဘဝတစ္ခုလံုးတြင္ ရတနာႏွစ္ပါးရွိခဲ့ဖူးသည္ ။ ပထမတစ္ပါးသည္ ဧကရာဇ္ဆဗန္ျဖစ္ခဲ့ေလၿပီး ၊ ဒုတိယတစ္ခုသည္ သားေတာ္ေမာင္ျဖစ္ပါ၏ ။ ဧကရီဟန္႔စ္သည္ အၿမဲလိုလို ယင္းနွစ္ေယာက္အား ခ်စ္ျမတ္နိုးခဲ့ေသာ္လည္း ထိုကဲ့သို႔ စိတ္နွလံုးသည္ ဧကရာဇ္ဆဗန္ေၾကာင့္ ကြဲေၾကခဲ့ေလသည္ ။ ဧကရာဇ္ေၾကာင့္ ပူေဆြးခဲ့ေသာ အနွီအမ်ိဳးသမီးသည္ သားေတာ္ေမာင္၏ အရုပ္ကဲ့သို႔ ပံုစံေၾကာင့္ မခ်ိမႏွင့္ျဖစ္ခဲ့ရျပန္၏။ လက္ရွိ ဟန္႔စ္သည္ ျကင္နာမႈေသးေသးေလးျဖစ္ျဖစ္ ၊ ခ်စ္ခင္မႈနည္းနည္းေလးျဖစ္ျဖစ္ အရယူခ်င္မိသည္ ။ အေၾကာင္းမွာ သူတစ္ခါမွမရဖူးခဲ့ေသာေၾကာင့္ပင္ ။

        ' ဧကရီကို ေကာင္းေကာင္းဆက္ဆံေပးရင္ သူလည္းေပ်ာ္မယ္ .. ငါလည္းေပ်ာ္မွာပဲ .. ေကာင္းတယ္မဟုတ္လား ရု(သ္)လက္(စ္)... ရု(သ္)လက္(စ္)... ေဟး ဘယ္ေရာက္ေနလဲ "

         ရု(သ္)လက္(စ္)၏ အသံမွာတိတ္ဆိတ္လ်က္ ။ ေတြးၾကည့္မွပင္ အႏွီနတ္ဘုရားမ၏ အသံအား မနက္ကတည္းက အခုထိ မၾကားရေသးေပ ။

         ' System .. '

         [ ပ်က္ယြင္းမႈ ျပင္ဆင္ျခင္း ၊ စြမ္းအင္ျဖည့္တင္းျခင္း ၊ စြမ္းအားမလံုေလာက္ျခင္း ႏွင့္ အေရးေပၚ ကယ္ဆယ္ေရးစနစ္ ျပန္လည္ အသက္သြင္းျခင္းေၾကာင့္ စနစ္ေတာ္ ယာယီရပ္စဲထားပါတယ္ ၊ စြမ္းအင္စုေဆာင္းနိုင္ရန္ ေက်းဇူးျပဳၿပီး တာဝန္အျမန္ထမ္းေဆာင္ေပးပါ ၊ ေက်းဇူးျပဳၿပီး တာဝန္အျမန္ထမ္းေဆာင္ေပးပါ ၊ ေက်းဇူးျပဳၿပီး-- ]

         ေယာ့(ခ္)သည္ အေရွ႕မွ တူညီေသာ စာမ်ားကိုသာ ဆက္တိုက္႐ြတ္ဆိုလာေသာ စနစ္သံေၾကာင့္ ပိတ္သည့္ခလုတ္အား ႏွိပ္လိုက္ေတာ့သည္ ။

        ေယာ့(ခ္)တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ေနေသာေၾကာင့္ ဟန္႔စ္သည္ ေဘးမွ လမ္းအတူေလွ်ာက္ရင္း စကားဆိုလာ၏ ။

         " ဘာျဖစ္လို႔လဲ "

        ေယာ့(ခ္)သည္ ထိုအခါမွ အသိဝင္လာၿပီး " ေၾသာ္... ဘာမွမျဖစ္ပါဘူး အေမ အေတြးခဏ လြန္သြားမိလုိ႔ပါ ၊ ကြၽန္ေတာ္ၾကားတာ ၿမိဳ႕ေတာ္ထဲက ဟီ(လ္)မ်ိဳးရိုး စားေသာက္ဆိုင္က အဆင့္ ( ၁ ) စားေသာက္ဆိုင္တဲ့ေလ ၊ နန္းေတာ္ထဲက စားေတာ္ကဲမွဴးက  ဟီ(လ္)မ်ိဳးရိုးရဲ႕ သားႀကီးလို႔ ေျပာတယ္ ၊ ၿမိဳ႕ေတာ္က ဆိုင္ကေတာ့ သားငယ္တဲ့ .. ဘယ္လိုလဲ သြားၾကမလား "

        ေယာ့(ခ္)သည္ ရွည္လ်ားလြန္းေသာ စကားႀကီးကို အားရပါးရေျပာလိုက္သည္ ။ ေယာ့(ခ္)သည္ လူတစ္ေယာက္အား စကားအမ်ားႀကီးျဖင့္ လြတ္လပ္စြာမေျပာဖူးခဲ့ေသာ္လည္း ဤ ' အေမ ' ဟူေသာ စကားလံုးအား ေျပာရေသာအခါ အလြန္ သေဘာက်ေပ၏။ ရိုးရွင္းစြာပင္ ယခင္က သူ႔၌ 'အေမ' ဟုေခၚရန္ မည္သူမွ မရွိခဲ့ေသာေၾကာင့္ပင္ ။

        ဟန္႔(စ္) သည္ လွမ္းေနေသာ ေျခလွမ္းမ်ားအား ရပ္တန္႔လိုက္ၿပီး ေက်ာက္ရုပ္ႀကီးလိုျဖစ္သြား၏ ။ ေယာ့(ခ္) ေခၚမွသာ အေတြးနယ္ထဲမွ ျပန္ထြက္ၿပီး ဟီ(လ္)မ်ိဳးရိုးစားေသာက္ဆိုင္သြားရန္ ဦးတည္လိုက္ၾကသည္ ။ ျဖဴလႊေသာ ဇာပိတ္သားေအာက္တြင္မူ ေဖ်ာ့ေတာ့ကာ သူမတူ တမူထူး၍ ႏူးညံ့သိမ္ေမြ႕ေသာ အၿပံဳးေလးသည္ အတိုင္းအဆမဲ့စြာ ထြက္ေပၚလာ၏။
        ၾကည့္ရသည္မွာ အငယ္တန္းဗီလိန္ေလးနွစ္ေယာက္သည္ လူစည္ကားေသာ ၿမိဳ႕ျပထဲ တစ္လွည့္စီ စကားေျပာေနၾကၿပီး ဦးတည္ရာသို႔ လွမ္းလ်က္ အေတာ္ေလး.. အေတာ္ေလးကို ေပ်ာ္ေနၾကပံုရ၏ ။

       ဟီ(လ္) မ်ိဳးရိုးစားေသာက္ဆိုင္၏ အျပင္အဆင္မွာ အလြန္ႀကီးက်ယ္လြန္းၿပီး လူမ်ားလြန္းသည္ ။ ေယာ့(ခ္)သည္ တတိယထပ္သို႔ သြားလိုက္ၿပီးေနာက္ ေထာင့္က်ေသာ စားပြဲဝိုင္းတစ္ခုတြင္ေနရာယူလိုက္ၾက၏ ။ စားပြဲထိုးအား လိုရာမွာလိုက္ၿပီးေနာက္တြင္ က်င့္ဝတ္မ်ားအား အနည္းငယ္ ေလ်ာ့ေပါ့၍ သက္ေတာင့္သက္သာေနလိုက္သည္ ။

       " အေမ.. အဲ့တာဆို ဦးေလးရိုလန္ကို တစ္ခါေလးေတာင္ မျမင္ဖူးဘူးေပါ့"

       " အမ္း.. "

       ေယာ့(ခ္) ႏွင့္ ဟန္႔(စ္)သည္ တစ္လမ္းလံုး အတင္းတုပ္လာၾကသည္ျဖစ္ၿပီး ယခုတြင္ ရိုလန္၏ အေၾကာင္းဆီသို႔ ေျခဦးလွည့္ေနၾကေပသည္ ။ ေတာ္ဝင္မ်ိဳးႏြယ္တို႔ျဖစ္ေသာေၾကာင့္ အတင္းတုပ္ျခင္း ၊ သူတစ္ပါးမေကာင္းေျပာျခင္း တို႔သည္ အလြန္ သိကၡာမဲ့လြန္းေသာေၾကာင့္ ဟန္႔(စ္) လံုးဝ လုပ္မည္မဟုတ္ေခ် ။ သို႔ရာ ေယာ့(ခ္)က သူ(မ)အား နန္းတြင္း၏ အျပင္ေရာက္ေနေသာေၾကာင့္ သာမန္လူကဲ့သို႔ ေနနိုင္ကာ အတင္းတုပ္လွ်င္လည္း ကိစၥမရွိဟုေျပာလာေသာေၾကာင့္ ႏွစ္ဦးသား သူမ်ားအေၾကာင္း ေျပာေနၾကသည္ျဖစ္၏ ။

       " သား နဲ႔ ေတြ႕ၿပီးၿပီ ... ပန္းကံုးက ဦးေလးရိုလန္သင္ေပးထားတာ"

       ဟန္႔(စ္)သည္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေခါင္းေပၚမွ ဦးရစ္ပန္းကံုးေလးအား ထိေတြ႕လိုက္ၿပီး

       " ေၾသာ္ ... သူက ပန္းကံုးလုပ္တတ္တယ္ေပါ့ "

       " လုပ္တတ္တယ္ ... ခိုင္ (ကိုင္x) နဲ႔ေတာင္ ေဆာ့ေသးတယ္ "

       " ကေလးက်ေနတာပဲ ဟမ့္ "

       " အာ အစားအေသာက္ေတြေရာက္ၿပီ "

       စကားေကာင္းေနဆဲအခ်ိန္တြင္ အစားအေသာက္မ်ားေရာက္လာေသာေၾကာင့္ အျပင္မွအျခားအေၾကာင္းအရာတို႔သာ ေျပာင္းေျပာလိုက္ၾကၿပီး အစားအေသာက္မ်ားအား စားေတာ့သည္ ။

       စကားဝိုင္းသည္ သားအမိႏွစ္ေယာက္အား အလြန္ရင္းႏွီးသြားေစၿပီး ဟန္႔(စ္)လည္း သံသယစိတ္တို႔ ေပ်ာက္သြားပံုရ၏ ။ အေၾကာင္းမွာ ေယာ့(ခ္)သည္ ဦးေနွာက္ထဲ ထြက္လာသမွ် ကလိမ္ကက်စ္စကားမ်ားျဖင့္ သူ႔ကိုသူေျပာင္းလဲသြားေၾကာင္း ေဖာ္ျပေပးသြားေသာေၾကာင့္သာျဖစ္သည္။

       စားေသာက္ၿပီးစီးသြားၿပီျဖစ္ရာ ေနာက္ထပ္ ၿမိဳ႕ပတ္ရန္ အျပင္သို႔ထြက္လာလိုက္ရင္း လမ္းေထာင့္မွ တစ္စံုတစ္ခုသည္ ေယာ့(ခ္)၏ အာရံုအား ဆြဲေဆာင္သြားသည္ ။

       ဝတ္ရံုအနက္အား ဝတ္ဆင္ထားကာ အျဖဴေရာင္ဆံႏြယ္ရွိေသာ အရပ္ရွည္ရွည္နွင့္ အမ်ိဳးသားတစ္ေယာက္သည္ မ်က္ႏွာကို ဖံုး၍ လက္ႏွင့္ ေျခေထာက္မ်ား ေနရာကြက္လပ္မက်န္ အျဖဴေရာင္ပတ္တီးစမ်ားျဖင့္ ပတ္ထားသည္ ။ ေလျပင္းတစ္ခ်က္ေဝွ႔သြားေသာအခါ ဝတ္ရံုေခါင္းေဆာင္းမွာ ကြၽတ္သြားၿပီး အႏွီလူ၏ ပုလဲသြင္ဆံႏြယ္တို႔အား  ထြက္ေပၚလာေစ၏ ။

      ရုတ္တရက္ ေယာ့(ခ္) ရင္ဘတ္မွ စူးခနဲေသာ နာက်င္မႈတစ္ခုအား ျပန္လည္သတိရလိုက္သလိုပင္ ။ သူ၏ အၾကည့္တို႔မွာ လမ္းႀကိဳၾကားအေမွာင္ထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြားေသာ လူအေပၚတြင္သာ ရစ္ဝဲေနၿပီး အေတြးနွယ္သည္ တစ္စတစ္စ က်ယ္ျပန္႔လာခဲ့သည္ ။

      ' ေတြ႕ဖူးသလိုပဲ .. '

      " သြားမယ္ေလ ၊ ဘာၾကည့္ေနတာလဲ "

      "ေၾသာ္... အြန္း "

      ေယာ့(ခ္)သည္ အေတြးရပ္လိုက္ၿပီး ဟန္႔(စ္)ႏွင့္အတူ ထြက္ခြာလိုက္သည္ ။ ေနာက္ဆံုးအေနျဖင့္ မည္သူမွမရွိေတာ့ေသာ ေနရာကြက္လပ္အား တစ္ခ်က္မွ် လည္ျပန္ၾကည့္လိုက္ၿပီးေနာက္ စိတ္ထဲမွ ေဖ်ာက္ဖ်က္ထားလိုက္ေတာ့၏ ။

       အနီေရာင္ေတာက္ေတာက္မ်က္ဝန္းတစ္စံုသည္ ေယာ့(ခ္)အား အေမွာင္ထုမွတစ္ဆင့္ ေအးေအးလူလူၾကည့္ေနၿပီး အၿပံဳးေလးမွာ မသိမသာ ေကာ့တက္သြားသည္ ။

       " အိမ္ေရွ႕စံမဟုတ္ဘူးပဲ ... ဘယ္က အေလအလႊင့္ေလးလဲ ... ငါ့အတြက္ အရမ္းလြယ္လြန္းမေနဘူးလား "

***

စာေရးသူမွာ ေျပာစရာရွိပါတယ္ ။

ပဇာတ္အေသးစားေလး

( ML ): အိုးမိုင္ေဂါ့ ကုိယ္ေတာ္ ပါလာၿပီ ! ပထမဆံုးေတြ႕ဆံုမႈေလးကို ၾကည့္လိုက္စမ္း ! အရမ္းလန္းတယ္ !

Yorck : ေမာင္မင္းက ဘယ္သူမ်ားလဲ..

(  ML ) : ..... *ေခါင္းလွည့္လာ* ... ငမိုက္သားစာေရးသူ ကုိယ္ေတာ့္ကို တရားဝင္ ေခၚထုတ္ေပးစမ္း !

ンクスC : *မၾကားခ်င္ေယာင္ေဆာင္*

****

•မရဏၿမိဳ႕ေတာ္ - ငရဲ

•ML ရဲ႕ လက္ရွိform  - skin က အနက္ေရာင္နဲ႔ ေသြးေၾကာက မီးေတာက္ေခ်ာ္ရည္လိုျဖစ္ေနတာမ်ိဳးမွာ နီၿပီး လင္းေနတာမ်ိဳး ၊ ဆံပင္က ေပါင္အထိအရွည္ရွိၿပီး အျဖဴေရာင္ျဖစ္ပါတယ္ ၊ မ်က္လံုးက အနီေရာင္ ။

***

ပထမပိုင္းေတြ ဇာတ္ရည္မလည္ၾကေသးေလာက္ဘူး ╥﹏╥ ၊ ဒါေပမဲ့ စိုးရိမ္မေနၾကပါနဲ႔ ဖတ္ရင္းနဲ႔ လည္လာမွာပါ(≧∇≦)/ , ပ်င္းဖို႔လည္းေကာင္း ? (ಥ ͜ʖಥ)  ဇာတ္ေၾကာင္းက ဘယ္လို လာမလဲဆိုတာ မေျပာျပထားေတာ့ ေတာ္ေတာ္ ပ်င္းဖို႔ေကာင္းပါလိမ့္မယ္ uwaa

ေမးခြန္းအခ်ိဳ့ေပါ့...
•ML ဘယ္သူလဲ ? ဘာလဲ ?
•အၾကင္သူစံရန္ ပုလႅင္ထီးနန္းရဲ႕ Big Boss ကေရာ ?

:3 ေနာက္က်ရင္ သိသြားမွာေပါ့ ဗက္ဟက္ ...

##

[ Unicode ]

အခန်း ( ၇ )

( နိမိတ်ဆိုးကြယ်တံခွန် နှင့် ပြန်လည်မွေးဖွားလာသူ )

- အိမ်ရှေ့စံ မဟုတ်ဘူးပဲ -

       ယော့(ခ်)သည် ' မနက်ဖြန် ' ဟူသော နေ့ရက်အား အလွန်ရောက်ချင်စိတ်ဖြင့် အမြန်အိပ်ရန် ကြံရွယ်ထားသည် ။ ထိုသည်မှာ ရု(သ်)လက်(စ်)ကိုယ်တိုင်လည်း ချွင်းချက်ဟုတ်မနေချေ ။ ဤဆန်းကျယ်သော ကမ္ဘာထဲ ယော့(ခ်)ရောက်နေသည်မှာ တစ်ရက်တာပင် မပြည့်သေး။ မနက်ဖြန်ရောက်မှသာ အခြေအနေများအား ပို၍ စမ်းသပ်နိုင်မည်ဖြစ်၏ ။ သို့သော် ကောင်းကင်တစ်ခွင် အုပ်စိုးသော မိုးနတ်အရှင်မင်းသည် ယော့(ခ်) ၏ တစ်နေ့တာ ဟူသော အချိန်အား ကုန်ဆုံးသွားစေချင်ပုံမရပေ ။

        နန်းဆောင်ခန်းများအပြင်ဘက်ရှိ ကောင်းကင်ယံသည် တိမ်နက်များ အုံ့ဆိုင်းနေပြီး ရောင်စုံသော အလင်းတန်းများသည် လျှပ်စီးလက်သကဲ့သို့ တစ်ပြက်ပြက်ဖြင့် ဦးတည်ရာ တစ်ခုတည်းသို့ ကူးလူးနေသည် ။ ယော့(ခ်)၏ အခန်းအား အလင်းကာခန်းဆီးထူထူများဖြင့် ကာရံထားပါသော်ငြား ယင်းအလင်းတန်းများကို တားဆီးနိုင်ရန် မစွမ်းသာကြချေ ။

        ' ရု(သ်)လက်(စ်) ... အပြင်မှာ တစ်ခုခုမူမမှန်သလိုပဲ .. '

       [ အင်း... ၊ ထွက်ကြည့်ကြည့်ပါလား... ]

        ယော့(ခ်)သည် အတော်ပင်ပန်းနေသောကြောင့် ထပ်မထ,ချင်တော့သော်လည်း လေးပင်စွာ အိပ်ရာမှ ထ,၍ အိပ်ခန်းအပြင်သို့ ထွက်လိုက်သည် ။ မူလပိုင်ရှင်သည် အိပ်တော်တွင်း အစောင့်တပ်သားများချထားတတ်လေ့မရှိလေရာ ရှည်လျား ကျယ်ဝန်းသော စင်္ကြံလမ်းထက် သူတစ်ဦးတည်းသာ ရှိနေတော့၏ ။ အစေခံများသည် အစေခံတန်းလျားတွင် အနားယူနေကြသည်ဖြစ်သောကြောင့် ကြီးမားလွန်းသော ဤ နန်းဆောင်ကြီးထဲ အပ်ကျသံပင် ကြားနိုင်လောက်လေအောင် တိတ်ဆိတ်နေသည် ။ ညအတော်နက်နေသော အချိန်ဖြစ်သည့်အလျောက် မီးရောင်ဟူသည် အလျင်းမဲ့လျက် ပြိုးပြက်နေသော လျှပ်စီးအလင်းများအကူအညီဖြင့် တစ်ချက် တစ်ချက် လင်းသွားတတ်၏ ။ ယော့(ခ်)သည် စိတ်ထဲနေရခက်စွာပင် ရှည်လျားသော စင်္ကြန်အား ဖြတ်ကာ အပြင်ဘက်သို့ ထွက်လိုက်သည် ။

     ကောင်းကင်သို့ ကြည့်လိုက်ရာ အလင်းတန်းများသည် ရှေ့တူရှုဆီသို့ ဦးတည်သွားလာနေသည်ကို တွေ့ရပြီး ၊ တစ်ခုချင်းဆီမှာလည်း လားရာ တစ်ခုတည်းကိုသာ ဆိုက်မြိုက်နေကြောင်းသိသာ လွန်း၏ ။

       [ မကောင်းတော့ဘူး... ]

        ' ဘာဖြစ်တာလဲ '

       ယော့(ခ်)သည် ရု(သ်)လက်(စ်)၏ အရင်းအဖျားမရှိသော စကားတွင် ရင်လေးမိသွားသည် ။ သူ ကူးပြောင်းလာသည်မှာ တစ်ရက်ပင် မပြည့်သေး ၊ တစ်စုံတစ်ရာမှာ စတင်မှားယွင်းနေပြီတဲ့လေ ။

        [ တစ်ခုခုက စည်းမျဉ်းကနေကွဲထွက်--- ပြဿနာပဲ! ]

       ရု(သ်)လက်(စ်)၏ စကားတစ်ဝက်တင်ပဲ ကောင်းကင်မှ နောက်ထပ်သော အနီရောင် မီးလုံးသဏ္ဍာန်အလင်း ( ၁၀ ) ခုသည် အနောက်ဘက်ဆီသို့ လျှပ်စီးအလျင်ဖြင့် ရှေ့ဆင့်နောက်ဆင့် ပြေးထွက်သွားခဲ့သည် ။ အလွန်လျင်မြန်လွန်းသော်လည်း မြင့်မားသော မှော်အဆင့်တွင် ရှိသည့် ယော့(ခ်)သည် ယင်းအား သေချာ မြင်လိုက်ပေ၏။

        ' မီးလုံး ဆယ်ခု... ဘာတွေဖြစ်နေတာလဲ ရု(သ်)လက်(စ်) '

        [ ကျွန်ုပ်လည်း သိပ်မရှင်းဘူး ... ၊ ဒီကမ္ဘာရဲ့ မူရင်း ဖွဲ့စည်းသူ နတ်ဘုရားက ကျွန်ုပ်မဟုတ်ဘူး ၊ ကျွန်ုပ်က အားနည်းပျက်ယဲ့သွားတဲ့ ဒီကမ္ဘာကို စာအုပ်အသွင်ပြောင်းပြီး တည့်တံ့ထားစေတာ ၊ ကမ္ဘာတစ်ခုတိုင်းဆီမှာ ကိုယ်ပိုင်သတ်မှတ်ချက်တွေရှိတယ် ၊ ဒါကို မူလဖွဲ့စည်းသူနတ်ဘုရားကပဲ ကိုင်တွယ်နိုင်တာ ... ]

         ' သတ်မှတ်ချက်... ဒီကြယ်တံခွန်တွေနဲ့ ဆိုင်နေတာလား  '

        [ ကြယ်တံခွန်က နိမိတ်ဆိုးကြယ်တံခွန်လို့ခေါ်တယ် ၊ အရှေ့ဘက်လားရာကို သက်ဆင်းနေကြတော့ အရှေ့အရပ်မှာ ရှိတဲ့ တစ်စုံတစ်ရာက စကြာဝဠာကသတ်မှတ်ထားတဲ့ မူလစည်းမျဉ်းတွေကို သွေဖီလာကြောင်းပြနေတာပဲ ... ]

         [ ကမ္ဘာတွေမှာ သတ်မှတ်ချက်ရှိသလို ၊ ကမ္ဘာဖွဲ့စည်းရာမှာလည်း ပုံသေပေးထားတဲ့ သတ်မှတ်ချက်တွေရှိတယ်လေ ၊ ဥပမာပေးရရင် ကမ္ဘာတစ်ခုမှာ နတ်ဘုရား သုံးပါးတည်း အလုပ်လုပ်နိုင်ခွင့်ရှိတာမျိုး ၊ နတ်ဘုရားစနစ်တော်က လက်ခံသူကို စွန့်ပစ်လို့မရတာမျိုး ... အစရှိသဖြင့်ပေါ့]

          ' သြော် ... ပင်မဥပဒေလိုပေါ့ ၊ ကောင်းပြီ ... တစ်ယောက်ယောက်က မူလစည်းမျဉ်းကို သွေဖီတယ်.. အနီရောင် မီးဘောလုံးကြီးကရော .. '

           [ ပြန်လည်မွေးဖွားခြင်း.... တစ်ယောက်ယောက်ကတော့ ပြန်လာနေပြီ ... မိတ်ဆွေဆိုရင် တော်သေးပေမဲ့ .. ရန်သူဆိုရင်.. ဇာတ်လမ်းက သိပ်ကောင်းတော့မယ်မထင်ဘူး ]

            ' တစ်စုံတစ်ယောက်က ခြေတစ်လှမ်းပိုသာနေမယ်ပေါ့ ၊ ရု(သ်)လက်(စ်).... ငါက ကူးပြောင်းလာတဲ့ သူဆိုတာ မင်းမေ့နေတာလား ၊ ကိစ္စတွေက အတိတ်ကနဲ့ ဘယ်တူတော့မလဲ...'

        [ တစ်အုပ်တည်း ဖတ်ပြီး သွေးတက်သွားတဲ့ *ဆင်ဆာ* ကများ...]

        ' ဒီ *ဆင်ဆာ* '

        [ ထားပါ... ၊ အနောက်ဘက်ကို သွားကြည့်ရအောင်လေ ၊ သင်လမ်းလျှောက်ရတာ အလွန့် အလွန်ကို သဘောကျ နှစ်သက်နေတာမလား ]

            ယော့(ခ်)သည် ရု(သ်)လက်(စ်)၏ မျက်နှာကို မြင်ရသည်မဟုတ်သော်ငြား အသံနှင့်ပင် ထိုနတ်ဘုရား၏ အရွဲ့တိုက်နေသော မျက်နှာအား ပြေးမြင်နိုင်ပေသည် ။

            ' ဘာလဲ ၊ ပြန်လည်မွေးဖွားလာတဲ့ လူက အနောက်ဘက် မှာလား '

           [ ပြန်လည်မွေးဖွားခြင်း ကြယ်တံခွန်နီက အနောက်ဘက်ဆင်းသွားတယ်လေ ၊ ကန်းနေတာလား ]

          ယော့(ခ်) သည် ခေါင်းသာယမ်းပြီး အနောက်ဘက်သို့ ဦးတည်လိုက်တော့သည် ။ ညအိပ်ဝတ်သည် ပါးလွှာလျက် ညဘက်လေပြေသည် အေးစိမ့်သော်ငြား ယော့(ခ်) ၏ ခန္ဓာကိုယ်သည် အအေးဓာတ်ဖြင့် အလွန် နေသားကျနေပြီး ချမ်းစိမ့်နေမှုမှာ သူ့အတွက် သာမန်ဆန်နေခဲ့သည် ။

          အစောင့်တပ်သားများသည် အိမ်တော်တွင် မရှိကြသော်လည်း အပြင်တွင် ကင်းစောင့်များစွာ ရှိသေး၏ ။ ယော့(ခ်) ထွက်လာသောအခါ ထူးဆန်းသည်ဟု ခံစားမိသည့်တိုင် ဘာမှမပြောဘဲ အလုပ်ကိုသာ ရှေးရှုလုပ်ကြပေသည် ။ ယော့(ခ်)သည် အရာအားလုံးကို လစ်လျူရှုလျက် ရု(သ်)လက်(စ်) လမ်းပြမှုဖြင့် ဆက်လျှောက်နေခဲ့သည် ။ သို့နှင့် နန်းဆောင် အပြင်ရှိ မြက်ခင်းလွင်ပြင်ဆီသို့ ဆိုက်မြိုက်လာတော့၏ ။

          ' ဒီနေရာမှာ ရပ်သွားတာလား '

          [ ဟုတ်တယ် .. လူလိုက်ရှာကြည့်ပါလား ]

          ' ပြန်လည်မွေးဖွားလာတဲ့သူတွေက အငြိုးအတေးတွေရှိနေတတ်တယ်မလား ၊ အငြိုးအတေးထဲ ငါပါနေရင် အခုပဲ သေမသွားနိုင်ဘူးလား '

          [ ဘာမှမဖြစ်-- ]

          ရု(သ်)လက်(စ်)၏ စကားပင်မဆုံးသေး ' ရွှစ် 'ခနဲသော လေတိုးဝှေ့သံနှင့်အတူ ယော့(ခ်)၏ ရင်ဘတ်အား မမြင်နိုင်သော အရာတစ်ခု ဖောက်ထွက်သွားပြီး စနစ်တစ်ခုလုံး စတင်ပျက်စီးလာကာ ကမောက်ကမဖြစ်လာတော့သည် ။

          [ တီ တီ တီ တီ ၊ သတိပေးချက် ! သတိပေးချက် ! စွမ်းအားအမြန်ဖြည့်တင်းပါ ၊ စွမ်းအားအမြန်ဖြည့်တင်းပါ ၊ လက်ခံသူ အသက်အန္တရာယ်ရှိနေပါသည် ၊ စွမ်းအားအမြန်ဖြည့်တင်းပါ ! ]

          Google Translate ကဲ့သို့ အသံတစ်ခုသည် ယော့(ခ်)၏ ဦးနှောက်ထဲသို့ လျင်မြန်စွာဝင်ရောက်လာပြီး ၊ ထိုအသံနောက်မှ ရု(သ်)လက်(စ်)၏ ထိတ်ထိတ်ပြာပြာဖြစ်နေသော အသံတစ်ခုကိုလည်း ကြားနေရသည် ။ ယော့(ခ်)၏ ခြေထောက်တို့မှာ ပျော့ခွေလာခဲ့ပြီး ရှည်လျားသော မြက်ခင်းပြင်ကြီးပေါ်သို့ အရုပ်ကြိုးပြတ်သလို ပြုတ်ကျသွားတော့၏ ။ ခန္ဓာကိုယ်တွင် အင်အားယုတ်နေပြီး ရင်ဘတ်မှ ထိုးဖောက်ခံလိုက်ရသော ခံစားချက်သည် အတော်ပင် သိသာလွန်းနေသည် ။ ခေါင်းမူးလွန်း၏ ၊ အမှန်ပင် ခေါင်းတို့ မူးဝေနေပါသည် ။ အရှေ့မှ မြင်ကွင်းအား ရှင်းလင်းစွာမမြင်နိုင်ဘဲ ဝါးတားတားဖြစ်နေကာ ဦးနှောက်ထဲမှ စနစ်နှင့် ရု(သ်)လက်(စ်)၏ အသံမှာ တဖြေးဖြေး တိုးဖျသွား၏ ။

          ထိုစဉ် ခြေထောက်တစ်စုံသည် သူ၏ မျက်နှာ ရှေ့တည့်တည့်သို့ ရောက်လာခဲ့သည် ။ ထို့နောက် အနှီလူသည် ထိုင်လိုက်ပြီး မျက်နှာအနီးသို့ လက်ဆန့်တန်းလာ၏ ။

          " ရာရာစစ.. မင်း... ဘယ်သူ.. "

          ယော့(ခ်)၏ အသံတို့မှာ အလွန် အားအင်ချိနဲ့နေသည် ။ အရှေ့မှ အိမ်ရှေ့စံအား လုပ်ကြံရဲသော ငမိုက်သားအား တစ်ချက်မျှ ရှင်းရှင်းလင်းလင်း မြင်ဖူးမိချင်၏ ။ သို့သော် မျက်လုံးတို့သည် အလွန် ရီဝေက ဝါးတားနေသည် ။ ညအမှောင်လို မည်းနက်နေသော လက်တစ်စုံသည် မျက်နှာအနီးတိုးကပ်ကာ ပါးပြင်အား ထိတွေ့လာသည် ။ ထိုလူ၏ အကြောတို့မှာ မရဏဗိမာန်မှ မီးချော်ရည်များအလား နီရဲကာ တလက်လက်ရှိနေပြီး နက်မှောင်နေသော အသားအရည်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ တည်ရှိနေသည် ။ အေးစက်သော လက်မ,သည် ပါးပြင်အား ပွတ်သပ်လိုက်ပြီး ဘယ်ဘက်မျက်လုံးလေးအား ညင်ညင်သာသာထိတွေ့လာ၏ ။ ထို့နောက် ယင်းလက်မ,သည် မျက်လုံးအား ထိုးဖောက်ချင်နေသော အရှိန်အဝါဖြင့် ဖိချလိုက်သည် ။

         " ဟက် ငါ စိတ်စောလွန်းသွားတယ် .. ဘယ်နှိုးဦးမှာလဲ "

           သြဇာညောင်းကာ အေးစက်မှုများ ပေးစွမ်းနေသော အမျိုးသားတစ်ယောက်၏ သြရှရှ အသံသည် နားထဲသို့ မုန်းတီးခြင်း ၊ ဝမ်းနည်းခြင်း ၊ သနားခြင်း တို့နှင့်အတူ လွင့်ပြယ်လာပြီးနောက် အနက်ရောင်ဖိနပ်လေးသည် အမြင်၏ ဝေးရာသို့ တရွေ့ရွေ့ ရောက်ရှိသွားပြီး အနည်းငယ် လှမ်းပြီးသော် ခြေလှမ်းတို့အား ရပ်၍ နောက်ထပ် စကားဆိုလာသည် ။

           " နောက်တော့ ထပ်တွေ့ကြတာပေါ့ ... "

           ပုလဲဖြူနှယ် ဆံနွယ်ရှည်တို့သည် အေးစိမ့်စိမ့်ညလေပြေညှင်း၏ တွန်းတိုက်ရာသို့ လွင့်လူးလျက် ၊ အနက်ရောင် နှင့် အပြာပုပ်ရောင် ရောစပ်ထားသည့် ဝတ်ရုံ၏ အနားတို့သည် ဆံနွယ်များနှင့်အတူ အရိုင်းဆန်စွာ ကခုန်နေပြီး အလွန် လှပလွန်းနေပေသည် ။

           ယော့(ခ်)သည် အံကြိတ်မိလိုက်ပြီးနောက် ကျောပေးထားသော အရိပ်သည် တစ်ဖြေးဖြေးသေးငယ်သွားခဲ့ပြီး အမြင်တို့လည်း အမှောင်ကျသွားခဲ့တော့၏ ။ သူနောက်ဆုံးကြားလိုက်ရသည်မှာ ရု(သ်)လက်(စ်)၏ ' အိပ်မပျော်သွားနဲ့ ' ဟူသည့် စကားပင် ။

****

         " အရှင့်သား နိုးလာပြီ "

         စိတ်လှုပ်ရှားနေသော မိန်းမငယ်လေးတစ်ယောက်၏ အသံသည် နိုးထလာစဖြစ်သော ယော့(ခ်)အား မူးနှောက်သွားစေသည် ။ သူမျက်လုံးဖွင့်ကြည့်လိုက်သောအခါ အိပ်ဆောင်အတွင်း ခုတင်ပေါ်သို့ ရောက်နေလေ၏ ။

          ယော့(ခ်) မှာ ခေါင်းအတော်ကိုက်နေသောကြောင့် ဘာမှမတွေးနိုင်သေးဘဲ ဘေးတွင်ရှိသော အစေခံမလေးအား သံပရာရည်ဖျော်ပေးရန် စေခိုင်းလိုက်၏ ။

          အစေခံမလေးသည် သုတ်သုတ်ပြာပြာပြေးထွက်သွားပြီး မကြာခင်ပင် သံပရာရည်တစ်ခွက်နှင့်အတူ ပြန်ရောက်လာခဲ့၏ ။ အနောက်တွင်မူ ဟစ်စလင်းလည်း ပါလာခဲ့သည် ။ အလွန် အေးစက်နေတတ်သော မျက်နှာတွင် အလိုမကျမှုတစ်ခုပါဝင်နေသည်မှာ အသိအသာပင် ။

         " အရှင့်သား ... နေရတာ အဆင်ပြေပါရဲ့လား "

         ယော့(ခ်)သည် သံပရာရည် တစ်ခွက်လုံး တစ်ကျိုက်တည်း မော့ချလိုက်ပြီးနောက် စိတ်ထဲကြည်ကြည်လင်လင်ပြန်ဖြစ်သွားကာ ဟစ်စလင်း၏ အမေးအား ပြန်ဖြေလာသည် ။

       " ပြေတယ် ... "

       " အရှင့်သား ညဘက်တွေ အပြင်မထွက်သင့်ပါဘူး ၊ ဘွဲ့နှင်းအပ်ပွဲလည်းရောက်ခါနီးသလို အရှင့်သားက အနာဂတ်ဧကရာဇ်ဖြစ်လာမဲ့ နဂါးလောင်းဆိုတာ သတိရပေးပါဦး ၊ အရှင့်သား လဲကျနေတာမြင်တော့ အစေခံတွေအကုန်လုံး အသက် ၁၀ နှစ်လောက် တိုသွားသလိုပါပဲ "

        ယော့(ခ်) သည် ထိုစကားတို့ကြောင့် အတွေးထဲ နှစ်မြုပ်သွားလေသည် ။

        ဟုတ်သားပဲ မနေ့ညက ငါအပြင်ထွက်မိသေးတယ် .... ဘာလို့ ထွက်သွားတာပါလိမ့် .... ၊ ကျစ် တစ်ခုခုမေ့နေသလိုပဲ ... ဒီ ဘဏ္ဍာစိုးက အခုမှ ၂၀ ကျော်ပဲ ရှိသေးတာမလား .. ဘာကိစ္စ သင်းက အဖိုးကြီးအတိုင်းဖြစ်နေတာလဲ

         " နားလည်ပြီ  အခု ဘယ်အချိန်ရှိပြီလဲ မယ်တော်နဲ့ မြို့ထဲ သွားတော့မှာလေ "

        " မနက် ၈ နာရီပါ ၊ ဧကရီက မကြာခင်လာခဲ့ပါမယ်တဲ့ "

        ယော့(ခ်)သည် စိတ်ထဲအလွန်လန်းဆန်းသွားပြီး တက်ကြွစွာဖြင့် အိပ်ရာမှ ထလိုက်သည် ။ ထို့နောက် လိုအပ်သည်များလုပ်ကာ သာမန်ပေါ့ပေါ့ပါးပါးအပေါ်ဝတ် အဖြူနှင့် ဘောင်းဘီအနက် ဝတ်လိုက်ပြီး မျက်နှာတွင် အဝတ်စတစ်လွှာကိုပါ ဖုံးထားလိုက်တော့၏။ ထို့နောက် အေးအေးဆေးဆေးဖြင့် ဧကရီဆီသို့ ထွက်လာလိုက်သည် ။ မြို့ထဲတွင် ပေါ်ပေါ်ထင်ထင်သွား၍မရသောကြောင့် အရိပ်နက်တပ်သားများကိုသာ ခေါ်လာခဲ့ပြီး ယင်းတို့မှ အခြား မည်သူမှ ပါမလာတော့ချေ ။

        ဧကရီ၏ အိမ်တော် ရောက်သောအခါ ဟန့်စ်သည် မျိုးရိုးမြှင့်အိမ်တော်မှ သခင်မတစ်ပါးလို ဝတ်ဆင်ထားပြီး မျက်နှာတစ်ဝက်အား အုပ်၍ ပြာလဲ့သော မျက်ဝန်းအစုံကိုသာ ဖော်ထုတ်ထားပေသည် ။ ဆံနွယ်များအား သာမန်ဆန်စွာ ထုံးရစ်ထားပြီး ခေါင်းပေါ်တွင် ဦးရစ်ပန်းကုံးလေးတစ်ခု ဆင်မြန်းထားပေသည် ။ အကြည့်တစ်ချက်ဖြင့်ပင် ထိုသည်မှာ မနေ့ညက ယော့(ခ်)ပေးထားသောဟပန်းကုံးဖြစ်မှန်း သိသာသည် ။ သူ(မ)၏ ပုံစံမှာ ထူးထူးခြားခြား မြူးမြူးကြွကြွရှိနေသောကြောင့် အစေခံများပင် လန့်သေချင်နေပေ၏ ။

       အငယ်တန်းဗီလိန်မကို ပျော်ရွှင်စေခြင်း ... ။ အလွန်လွယ်ကူလွန်းသည် ။ ဟန့်စ်၏ ဘဝတစ်ခုလုံးတွင် ရတနာနှစ်ပါးရှိခဲ့ဖူးသည် ။ ပထမတစ်ပါးသည် ဧကရာဇ်ဆဗန်ဖြစ်ခဲ့လေပြီး ၊ ဒုတိယတစ်ခုသည် သားတော်မောင်ဖြစ်ပါ၏ ။ ဧကရီဟန့်စ်သည် အမြဲလိုလို ယင်းနှစ်ယောက်အား ချစ်မြတ်နိုးခဲ့သော်လည်း ထိုကဲ့သို့ စိတ်နှလုံးသည် ဧကရာဇ်ဆဗန်ကြောင့် ကွဲကြေခဲ့လေသည် ။ ဧကရာဇ်ကြောင့် ပူဆွေးခဲ့သော အနှီအမျိုးသမီးသည် သားတော်မောင်၏ အရုပ်ကဲ့သို့ ပုံစံကြောင့် မချိမနှင့်ဖြစ်ခဲ့ရပြန်၏။ လက်ရှိ ဟန့်စ်သည် ကြင်နာမှုသေးသေးလေးဖြစ်ဖြစ် ၊ ချစ်ခင်မှုနည်းနည်းလေးဖြစ်ဖြစ် အရယူချင်မိသည် ။ အကြောင်းမှာ သူတစ်ခါမှမရဖူးခဲ့သောကြောင့်ပင် ။

        ' ဧကရီကို ကောင်းကောင်းဆက်ဆံပေးရင် သူလည်းပျော်မယ် .. ငါလည်းပျော်မှာပဲ .. ကောင်းတယ်မဟုတ်လား ရု(သ်)လက်(စ်)... ရု(သ်)လက်(စ်)... ဟေး ဘယ်ရောက်နေလဲ "

         ရု(သ်)လက်(စ်)၏ အသံမှာတိတ်ဆိတ်လျက် ။ တွေးကြည့်မှပင် အနှီနတ်ဘုရားမ၏ အသံအား မနက်ကတည်းက အခုထိ မကြားရသေးပေ ။

         ' System .. '

         [ ပျက်ယွင်းမှု ပြင်ဆင်ခြင်း ၊ စွမ်းအင်ဖြည့်တင်းခြင်း ၊ စွမ်းအားမလုံလောက်ခြင်း နှင့် အရေးပေါ် ကယ်ဆယ်ရေးစနစ် ပြန်လည် အသက်သွင်းခြင်းကြောင့် စနစ်တော် ယာယီရပ်စဲထားပါတယ် ၊ စွမ်းအင်စုဆောင်းနိုင်ရန် ကျေးဇူးပြုပြီး တာဝန်အမြန်ထမ်းဆောင်ပေးပါ ၊ ကျေးဇူးပြုပြီး တာဝန်အမြန်ထမ်းဆောင်ပေးပါ ၊ ကျေးဇူးပြုပြီး-- ]

         ယော့(ခ်)သည် အရှေ့မှ တူညီသော စာများကိုသာ ဆက်တိုက်ရွတ်ဆိုလာသော စနစ်သံကြောင့် ပိတ်သည့်ခလုတ်အား နှိပ်လိုက်တော့သည် ။

        ယော့(ခ်)တစ်ယောက် မျက်မှောင်ကြုတ်နေသောကြောင့် ဟန့်စ်သည် ဘေးမှ လမ်းအတူလျှောက်ရင်း စကားဆိုလာ၏ ။

         " ဘာဖြစ်လို့လဲ "

        ယော့(ခ်)သည် ထိုအခါမှ အသိဝင်လာပြီး " သြော်... ဘာမှမဖြစ်ပါဘူး အမေ အတွေးခဏ လွန်သွားမိလို့ပါ ၊ ကျွန်တော်ကြားတာ မြို့တော်ထဲက ဟီ(လ်)မျိုးရိုး စားသောက်ဆိုင်က အဆင့် ( ၁ ) စားသောက်ဆိုင်တဲ့လေ ၊ နန်းတော်ထဲက စားတော်ကဲမှူးက  ဟီ(လ်)မျိုးရိုးရဲ့ သားကြီးလို့ ပြောတယ် ၊ မြို့တော်က ဆိုင်ကတော့ သားငယ်တဲ့ .. ဘယ်လိုလဲ သွားကြမလား "

        ယော့(ခ်)သည် ရှည်လျားလွန်းသော စကားကြီးကို အားရပါးရပြောလိုက်သည် ။ ယော့(ခ်)သည် လူတစ်ယောက်အား စကားအများကြီးဖြင့် လွတ်လပ်စွာမပြောဖူးခဲ့သော်လည်း ဤ ' အမေ ' ဟူသော စကားလုံးအား ပြောရသောအခါ အလွန် သဘောကျပေ၏။ ရိုးရှင်းစွာပင် ယခင်က သူ့၌ 'အမေ' ဟုခေါ်ရန် မည်သူမှ မရှိခဲ့သောကြောင့်ပင် ။

        ဟန့်(စ်) သည် လှမ်းနေသော ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး ကျောက်ရုပ်ကြီးလိုဖြစ်သွား၏ ။ ယော့(ခ်) ခေါ်မှသာ အတွေးနယ်ထဲမှ ပြန်ထွက်ပြီး ဟီ(လ်)မျိုးရိုးစားသောက်ဆိုင်သွားရန် ဦးတည်လိုက်ကြသည် ။ ဖြူလွှသော ဇာပိတ်သားအောက်တွင်မူ ဖျော့တော့ကာ သူမတူ တမူထူး၍ နူးညံ့သိမ်မွေ့သော အပြုံးလေးသည် အတိုင်းအဆမဲ့စွာ ထွက်ပေါ်လာ၏။
        ကြည့်ရသည်မှာ အငယ်တန်းဗီလိန်လေးနှစ်ယောက်သည် လူစည်ကားသော မြို့ပြထဲ တစ်လှည့်စီ စကားပြောနေကြပြီး ဦးတည်ရာသို့ လှမ်းလျက် အတော်လေး.. အတော်လေးကို ပျော်နေကြပုံရ၏ ။

       ဟီ(လ်) မျိုးရိုးစားသောက်ဆိုင်၏ အပြင်အဆင်မှာ အလွန်ကြီးကျယ်လွန်းပြီး လူများလွန်းသည် ။ ယော့(ခ်)သည် တတိယထပ်သို့ သွားလိုက်ပြီးနောက် ထောင့်ကျသော စားပွဲဝိုင်းတစ်ခုတွင်နေရာယူလိုက်ကြ၏ ။ စားပွဲထိုးအား လိုရာမှာလိုက်ပြီးနောက်တွင် ကျင့်ဝတ်များအား အနည်းငယ် လျော့ပေါ့၍ သက်တောင့်သက်သာနေလိုက်သည် ။

       " အမေ.. အဲ့တာဆို ဦးလေးရိုလန်ကို တစ်ခါလေးတောင် မမြင်ဖူးဘူးပေါ့"

       " အမ်း.. "

       ယော့(ခ်) နှင့် ဟန့်(စ်)သည် တစ်လမ်းလုံး အတင်းတုပ်လာကြသည်ဖြစ်ပြီး ယခုတွင် ရိုလန်၏ အကြောင်းဆီသို့ ခြေဦးလှည့်နေကြပေသည် ။ တော်ဝင်မျိုးနွယ်တို့ဖြစ်သောကြောင့် အတင်းတုပ်ခြင်း ၊ သူတစ်ပါးမကောင်းပြောခြင်း တို့သည် အလွန် သိက္ခာမဲ့လွန်းသောကြောင့် ဟန့်(စ်) လုံးဝ လုပ်မည်မဟုတ်ချေ ။ သို့ရာ ယော့(ခ်)က သူ(မ)အား နန်းတွင်း၏ အပြင်ရောက်နေသောကြောင့် သာမန်လူကဲ့သို့ နေနိုင်ကာ အတင်းတုပ်လျှင်လည်း ကိစ္စမရှိဟုပြောလာသောကြောင့် နှစ်ဦးသား သူများအကြောင်း ပြောနေကြသည်ဖြစ်၏ ။

       " သား နဲ့ တွေ့ပြီးပြီ ... ပန်းကုံးက ဦးလေးရိုလန်သင်ပေးထားတာ"

       ဟန့်(စ်)သည် တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းပေါ်မှ ဦးရစ်ပန်းကုံးလေးအား ထိတွေ့လိုက်ပြီး

       " သြော် ... သူက ပန်းကုံးလုပ်တတ်တယ်ပေါ့ "

       " လုပ်တတ်တယ် ... ခိုင် (ကိုင်x) နဲ့တောင် ဆော့သေးတယ် "

       " ကလေးကျနေတာပဲ ဟမ့် "

       " အာ အစားအသောက်တွေရောက်ပြီ "

       စကားကောင်းနေဆဲအချိန်တွင် အစားအသောက်များရောက်လာသောကြောင့် အပြင်မှအခြားအကြောင်းအရာတို့သာ ပြောင်းပြောလိုက်ကြပြီး အစားအသောက်များအား စားတော့သည် ။

       စကားဝိုင်းသည် သားအမိနှစ်ယောက်အား အလွန်ရင်းနှီးသွားစေပြီး ဟန့်(စ်)လည်း သံသယစိတ်တို့ ပျောက်သွားပုံရ၏ ။ အကြောင်းမှာ ယော့(ခ်)သည် ဦးနှောက်ထဲ ထွက်လာသမျှ ကလိမ်ကကျစ်စကားများဖြင့် သူ့ကိုသူပြောင်းလဲသွားကြောင်း ဖော်ပြပေးသွားသောကြောင့်သာဖြစ်သည်။

       စားသောက်ပြီးစီးသွားပြီဖြစ်ရာ နောက်ထပ် မြို့ပတ်ရန် အပြင်သို့ထွက်လာလိုက်ရင်း လမ်းထောင့်မှ တစ်စုံတစ်ခုသည် ယော့(ခ်)၏ အာရုံအား ဆွဲဆောင်သွားသည် ။

       ဝတ်ရုံအနက်အား ဝတ်ဆင်ထားကာ အဖြူရောင်ဆံနွယ်ရှိသော အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ယောက်သည် မျက်နှာကို ဖုံး၍ လက်နှင့် ခြေထောက်များ နေရာကွက်လပ်မကျန် အဖြူရောင်ပတ်တီးစများဖြင့် ပတ်ထားသည် ။ လေပြင်းတစ်ချက်ဝှေ့သွားသောအခါ ဝတ်ရုံခေါင်းဆောင်းမှာ ကျွတ်သွားပြီး အနှီလူ၏ ပုလဲသွင်ဆံနွယ်တို့အား  ထွက်ပေါ်လာစေ၏ ။

      ရုတ်တရက် ယော့(ခ်) ရင်ဘတ်မှ စူးခနဲသော နာကျင်မှုတစ်ခုအား ပြန်လည်သတိရလိုက်သလိုပင် ။ သူ၏ အကြည့်တို့မှာ လမ်းကြိုကြားအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသော လူအပေါ်တွင်သာ ရစ်ဝဲနေပြီး အတွေးနှယ်သည် တစ်စတစ်စ ကျယ်ပြန့်လာခဲ့သည် ။

      ' တွေ့ဖူးသလိုပဲ .. '

      " သွားမယ်လေ ၊ ဘာကြည့်နေတာလဲ "

      "သြော်... အွန်း "

      ယော့(ခ်)သည် အတွေးရပ်လိုက်ပြီး ဟန့်(စ်)နှင့်အတူ ထွက်ခွာလိုက်သည် ။ နောက်ဆုံးအနေဖြင့် မည်သူမှမရှိတော့သော နေရာကွက်လပ်အား တစ်ချက်မျှ လည်ပြန်ကြည့်လိုက်ပြီးနောက် စိတ်ထဲမှ ဖျောက်ဖျက်ထားလိုက်တော့၏ ။

       အနီရောင်တောက်တောက်မျက်ဝန်းတစ်စုံသည် ယော့(ခ်)အား အမှောင်ထုမှတစ်ဆင့် အေးအေးလူလူကြည့်နေပြီး အပြုံးလေးမှာ မသိမသာ ကော့တက်သွားသည် ။

       " အိမ်ရှေ့စံမဟုတ်ဘူးပဲ ... ဘယ်က အလေအလွှင့်လေးလဲ ... ငါ့အတွက် အရမ်းလွယ်လွန်းမနေဘူးလား "

***

စာရေးသူမှာ ပြောစရာရှိပါတယ် ။

ပြဇာတ်အသေးစားလေး

( ML ): အိုးမိုင်ဂေါ့ ကိုယ်တော် ပါလာပြီ ! ပထမဆုံးတွေ့ဆုံမှုလေးကို ကြည့်လိုက်စမ်း ! အရမ်းလန်းတယ် !

Yorck : မောင်မင်းက ဘယ်သူများလဲ..

(  ML ) : ..... *ခေါင်းလှည့်လာ* ... ငမိုက်သားစာရေးသူ ကိုယ်တော့်ကို တရားဝင် ခေါ်ထုတ်ပေးစမ်း !

ンクスC : *မကြားချင်ယောင်ဆောင်*

****

•မရဏမြို့တော် - ငရဲ

•ML ရဲ့ လက်ရှိform  - skin က အနက်ရောင်နဲ့ သွေးကြောက မီးတောက်ချော်ရည်လိုဖြစ်နေတာမျိုးမှာ နီပြီး လင်းနေတာမျိုး ၊ ဆံပင်က ပေါင်အထိအရှည်ရှိပြီး အဖြူရောင်ဖြစ်ပါတယ် ၊ မျက်လုံးက အနီရောင် ။

***

ပထမပိုင်းတွေ ဇာတ်ရည်မလည်ကြသေးလောက်ဘူး ╥﹏╥ ၊ ဒါပေမဲ့ စိုးရိမ်မနေကြပါနဲ့ ဖတ်ရင်းနဲ့ လည်လာမှာပါ(≧∇≦)/ , ပျင်းဖို့လည်းကောင်း ? (ಥ ͜ʖಥ)  ဇာတ်ကြောင်းက ဘယ်လို လာမလဲဆိုတာ မပြောပြထားတော့ တော်တော် ပျင်းဖို့ကောင်းပါလိမ့်မယ် uwaa

မေးခွန်းအချို့ပေါ့...
•ML ဘယ်သူလဲ ? ဘာလဲ ?
•အကြင်သူစံရန် ပုလ္လင်ထီးနန်းရဲ့ Big Boss ကရော ?

:3 နောက်ကျရင် သိသွားမှာပေါ့ ဗက်ဟက် ...

##

Continue Reading

You'll Also Like

16.1K 1.3K 35
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...
35.3K 1K 9
«VAGUENESS/SECRET/ROMANCE» LONAR ALIKSANDERO لا غالب على أمرها سوى كونها فتاة أضحت شرسة جراء ما بلورة حياتها السابقة، تلك الطائشة أصبحت ماردة حين رم...
94.9K 1.6K 164
Once transmigrated she entered a fire pit. Yue You Jin as the eldest daughter of the second branch was adorned with a bunch of younger sisters. Her s...
Meenakshi By Raji

Historical Fiction

13K 1K 37
"Do you know, Guruma told me how much she likes me being there." Thirteen year old Meenakshi spoke about her new life. "She is absolutely right. Havi...