If we never met

By Nana_Phoo

2.7K 419 83

Jaeyong🖤 မှားယွင်းတဲ့Timingတစ်ခုမှာ ဆုံတွေ့ပြီးနာကျင်ရတာထက် ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်.... ငါမင်း... More

If we never met : One
If we never met : Two
If we never met : Three
If we never met : Four
If we never met : Five
If we never met : Seven
If we never met : Eight
If we never met : Nine
If we never met : Ten
If we never met : Eleven
If we never met : Twelve
If we never met : Thirteen
If we never met : Fourteen

If we never met : Six

268 34 10
By Nana_Phoo

*Unicode*

"မောင်..ယုံးငယ်တို့တွဲရအောင်"

မဖြစ်သင့်မှန်းသိနေသော်လည်း၊ ယုံးငယ်ကတစ်စုံတစ်ယောက်နဲ့ သူ့မျက်စိရှေ့မှာတင် စေ့စပ်ထားသူဖြစ်ကြောင်း အမှတ်ရနေပါသော်လည်း မငြင်းဆန်နိုင်ခဲ့သူက ကျေကျေနပ်နပ်ပင်လက်ခံဖြစ်ခဲ့သည်။

တစ်ဖက်ကကောင်မလေးအပြင် စီးပွားရေးနယ်ပယ်ထဲ အကျယ်တဝင့်ဖြစ်ခဲ့သော ယုံးငယ်တို့စေ့စပ်ပွဲကြောင့် သူတို့တွဲတဲ့အခါ ဖြစ်လာမဲ့ဝေဖန်မှုတွေ၊ အတင်းအဖျင်းတွေ၊ နောက်ပြီး ယုံးငယ်ကသူ့ကို ဘယ်လိုသဘောထားနေမှန်းလည်း မတွေးတတ်ခဲ့ပေမဲ့၊ စဥ်းစားစရာတွေသိပ်များနေပေမဲ့..

သူကအချစ်ကြောင့် ရူးနေခဲ့ပြီဖြစ်တဲ့ အရူးတစ်ယောက်ပဲမလား။

တစ်ချိန်ကျရင် ပစ်ချထားခံရမယ်။
တစ်ချိန်ကျရင် နောက်မှာကျန်နေခဲ့ရမယ် ဆိုတာသိနေပေမဲ့လည်း သူကရူးမိုက်ခဲ့ပြန်သည်။

ရူးမိုက်လက်စနဲ့ ဆက်ပြီးရူးမိုက်လိုက်တာ အဆိုးကြီးတော့မဟုတ်လောက်ဘူးမလား။

သူကချစ်နေတယ်ဆိုတာ သိပြီးမှ ယုံးငယ်ကတွဲဖို့ပြောလာခဲ့တာက ယုံးငယ်သူ့ကိုလက်ခံလိုက်တာပဲမလား။

ယုံးငယ်ကလည်းသူ့အချစ်ကို လက်ခံပြီးပြီ။
ဒါဆိုဘာကလိုအပ်နေဦးမှာလဲ။

ကျန်တာတွေကို မတွေးဘဲ
သူ့ရဲ့အချစ်တစ်ခု..
သူ့ရဲ့ယုံးငယ်ကိုသာ ကြည့်လို့ ရှေ့ဆက်မည်။

အဆုံးသတ်မှာသူက ကျန်နေခဲ့ရမယ်မလား။
ဒါဆိုကျေကျေနပ်နပ်နေရစ်ခဲ့မည်။

ထွက်သွားမည့်သူက ယုံးငယ်ဖြစ်နေသရွေ့ သူကလောဘတက်ခြင်းမရှိဘဲ ယုံးငယ်ဆန္ဒအတိုင်းလိုက်လျောမည်။

အတူကုန်ဆုံးခဲ့ရသည့် အချိန်တစ်ချို့ကိုဖက်တွယ်ထားရင်း သူကငြိမ်ငြိမ်သက်သက်ကျန်ရစ်ခဲ့မည်။

လောဘမရှိတဲ့ချစ်ခြင်းတွေမဟုတ်ပေမဲ့
အခုဖြစ်လာတဲ့အခြေအနေလေးကပင်
သူ့အတွက်ရောင့်ရဲဖို့လုံလောက်နေခဲ့ပါပြီ။

တရားဝင်ပိုင်ဆိုင်ရသူမဟုတ်ပေမဲ့ ခဏတာသဘောရှိဆုပ်ကိုင်ခွင့်ရတဲ့လက်လေးတွေ၊ သူ့ရင်ခွင်ထဲကကောင်လေးက သူ့လူလေးရယ်ပါလို့ အသိနဲ့အတူ နမ်းရှိုက်ခွင့်ရမဲ့ပါးပြင်လေးတွေ....

တစ်သက်တာမဟုတ်တဲ့ တစ်ခဏတာဆိုရင်တောင် သူ့အတွက်များလွန်းနေခဲ့ပါပြီ။

ဂျယ်ဟျွန်းက အဲ့သလောက်ကို ယုံးငယ်အားရူးသွပ်နေခဲ့ပြီ။

.....

"မောင် Dateလုပ်ချင်လားဗျ!"

တက်တက်ကြွကြွလေးမေးလာတဲ့အသံလေးကြောင့် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်မိသည်။

ပြုံးပျော်သွားတဲ့ယုံးငယ်က ညနေရုံးဆင်းရင်တွေ့မယ်ဟုဆိုလာပြန်သည်။

မျက်လုံးလေးတွေအရောင်တောက်နေသည်အထိ ဘာကယုံးငယ်ကိုပျော်နေစေမှန်းမသိပေမဲ့ အလိုအလျောက်လိုက်ကွေးနေတာက ဂျယ်ဟျွန်းနှုတ်ခမ်းတွေဖြစ်နေသည်။

"ညနေကျရင်တွေ့မှာကို အဲ့လောက်မငေးဘဲ အလုပ်သွားလုပ်တော့လေ..မောင် ရှူး ရှူး~"

တအားငေးနေမိတဲ့ဂျယ်ဟျွန်းကို ယုံးငယ်ကလက်လေးတခါခါနဲ့ နှင်ထုတ်သည်။

ယုံးငယ်အပြုအမူတွေ၊ အပြောအဆိုတွေကပုံမှန်ထက်ပိုပြီး အသည်းယားဖို့ကောင်းနေခြင်းသည် ဂျယ်ဟျွန်း၏နှလုံးသားအား ယားကျိကျိဖြစ်စေသည်။

ယုံးငယ်ရဲ့စကားပြောသံတွေက အရင်လိုမဟုတ်ဘဲ ပြောင်းလဲနေခဲ့တာကိုလည်း သတိထားမိသည်။

ချွဲနွဲ့ပြီးဆိုးချင်နေတဲ့ အဆိုးအသွမ်းလေးလို့ ထင်ရတဲ့အထိကို ပြောင်းလဲနေခဲ့တာ။

ဘာကြောင့်ရယ်ဆိုတာမသိသော်လည်း သူ့မှာအသည်းတယားယားနှင့် သဘောကျနေရတာ။

သဘောကျရလွန်းလို့ စားပွဲကိုပြန်ရောက်သည်အထိ အပြုံးမပျက်နိုင်တဲ့သူ့အား ဘေးကလုပ်ဖော်ကိုင်ဖက်က စနောက်ကာကြည့်လာသည်အထိပင်။

"ဘာတွေပျော်စရာရှိနေလို့ တစ်မိုးအောက်တစ်ယောက်ဂျောင်ဂျယ်ဟျွန်းက ဒီလောက်ပြုံးဖြီးနေရတာလဲ ဘာလဲ လစာတိုးလာလို့လား"

သူနဲ့အတော်ရင်းနှီးသည့်အနေအထားမှာရှိနေသော လုပ်ဖော်ကိုင်ဖက်က သူ့နားကပ်လာကာ ခပ်တိုးတိုးမေးလာသဖြင့် ခေါင်းခါပြလိုက်သည်။

"မဟုတ်ပါဘူး ကျွန်တော်ကနေ့တိုင်းဒီလိုပါပဲ"

"အော်..မင်းကငါ့ကို လိမ်တောင်လိမ်နေပြီပေါ့ ရက်စက်လိုက်တာကွာ မင်းနဲ့ငါ ဒီနေ့ကစပြီးပြတ်ပြီ!"

သူ့ကိုစနောက်ပြီး သူ့စားပွဲဘက်ပြန်ရွှေ့သွားသောလုပ်ဖော်ကိုင်ဖက်ကြောင့် ရယ်လိုက်မိပြီး အလုပ်ထဲအာရုံပြန်စိုက်လိုက်သည်။

မျက်လုံးတွေက စာရွက်တွေပေါ်မှာဖြစ်နေပေမဲ့ အာရုံတွေအားလုံးက ညနေကျရင်သွားရမည့် Dateအပေါ်ကိုသာ ရောက်နေခဲ့သည်။

တစ်ချိန်လုံးDateအကြောင်းသာ စိတ်ကူးယဥ်နေခဲ့သောသူက ထိုနေ့အတွက်အပြီးသတ်ရမည့် ဒီဇိုင်းတစ်ခုကို အပြီးမသတ်နိုင်ခဲ့ပေ။

သို့သော်သူဌေးရဲ့ချစ်သူအရာကို ရောက်နေခဲ့တဲ့သူ့အား သူဌေးဖြစ်တဲ့ယုံးငယ်ကိုယ်တိုင်က နောက်နေ့မှဆက်လုပ်ဖို့ အခွင့်ပေးလာတဲ့အခါ မပြီးသေးတဲ့အလုပ်ကိုဂျောင်ထိုးပြီး ယုံးငယ်နဲ့အတူDateလုပ်ဖို့ သူကတက်တက်ကြွကြွဖြင့် ကုမ္ပဏီအပြင်ကယုံးငယ်ကားပေါ် ရောက်နေခဲ့ပြီဖြစ်သည်။

ယုံးငယ်အစားကားမောင်းနေတဲ့သူ့အား ဘေးမှာထိုင်နေသည့်ယုံးငယ်က ငေးကြည့်နေသည်ကို မျက်လုံးထောင့်ကမြင်နေရ၍လည်း နှလုံးခုန်နှုန်းတွေက အတောမသတ်နိုင်အောင်ဖြစ်ရသေးသည်။

သူ့ကိုအမျိုးမျိုးဖြစ်အောင် ပြုစားနိုင်သည့်ယုံးငယ်က
အတောင်ပံဖွက်ထားသည့် နတ်ဆိုးသေးသေးလေးများ ဖြစ်နေလေမလား။

"မောင်~"

နူးနူးညံ့ညံ့ခေါ်သံလေးက ကားစတီယာတိုင်ပေါ်က လက်တွေကို အကြောတွေထောင်သွားစေပြီး ဆုပ်ကိုင်ထားခြင်းကိုလည်း တင်းကြပ်သွားစေသည်။

"ဗျာ"

"မောင့်ရဲ့ဗျာလို့ထူးသံလေးက ချစ်ဖို့ကောင်းတာပဲ..မောင်လိုမျိုးလေးလေ"

မဟုတ်သေးပါဘူး...
ဒါက ကားမောင်းနေတဲ့သူ့ကို ရင်တွေတအားခုန်ရအောင် ယုံးငယ်ကတမင်ရည်ရွယ်ပြီး လုပ်နေတာမဟုတ်ဘူးလား။

စကားတွေနဲ့တစ်မျိုး အကြည့်တွေနဲ့တစ်မျိုး။

ယုံးငယ်ကဒီလိုပဲထပ်ဆိုးနေရင် ကားမောင်းနေတဲ့သူက စိတ်မထိန်းနိုင်ဖြစ်ရပြီး ဒုက္ခရောက်ကုန်တော့မယ်ထင်တယ်။

"ကျွန်တော်က လှိုင်းတွေကြားထဲ မျောလွင့်ချင်တယ်
တိမ်တွေပေါ်မှာလည်း ခုန်ပေါက်ပြီးဆော့ကစားချင်တယ်"

အဆက်အစပ်မရှိထွက်ချလာတဲ့စကားတွေပေမဲ့ ယုံးငယ်ရဲ့ဆန္ဒလေးတွေဖြစ်နေတဲ့အခါ သူကဂရုတစိုက်မှတ်သားလိုက်သည်။

အဓိကအနေနဲ့ အပိုင်းလေးပိုင်းခွဲထားတဲ့ဦးနှောက်မှာမဟုတ်ဘဲ
ထပ်တူညီစွာ အခန်းလေးခန်းရှိနေတဲ့နှလုံးသားမှာ
မှတ်ကျောက်တင်ထားလိုက်မိတာ။

တိမ်တွေပေါ်မှာခုန်ပေါက်ချင်နေတဲ့ ယုံးငယ်ဆန္ဒကို ဖြည့်ဆည်းပေးဖို့မဖြစ်နိုင်ပေမဲ့ လှိုင်းတွေကြားမျောလွင့်နိုင်အောင်တော့ သူဖြစ်အောင်လုပ်ပေးမယ်။

ဒါက နှလုံးသားထက်ယုံးငယ်ဆန္ဒလေးတွေကို ရေးထိုးပြီးနောက် အလိုအလျောက်ပေါ်လာခဲ့တဲ့ နှလုံးသားထက်က သူ့ရဲ့အဖြူရောင်ကတိ။

"ပြီးတော့မောင်..ကျွန်တော်က ဂျောင်ဂျယ်ဟျွန်းရဲ့ပါးချိုင့်လေးထဲ အေးအေးချမ်းချမ်းနားခိုချင်တယ်..တစ်သက်လုံး"

"ကျွီ!"

ကားဘရိတ်ကိုနင်းချလိုက်မိသောသူ့ခြေထောက်ကြောင့် ကားကလမ်းလယ်ပေါ်ထိုးရပ်သွားတော့သည်။

ပုံမှန်အရှိန်နဲ့လာနေရာက ရုတ်ချည်းထိုးရပ်လိုက်တာကြောင့် ခါးပတ်ပတ်ထားတာတောင် အရှေ့ကိုယိုင်သွားရသည်မှာ ကားကူရှင်နဲ့ပြေးမဆောင့်ရုံတမယ်။

ကားတွေရှင်းနေသောဟန်မြစ်ကမ်းတစ်ဘက်ကို ရောက်နေတာကြောင့်လည်း တော်ပါသေးရဲ့လို့ သက်ပြင်းချရသေးသည်။

တကယ်အတည်ကြီး ယုံးငယ်ကသူ့ကို ဘာဖြစ်စေချင်နေမှန်း စဥ်းစားလို့မရတော့။

ငိုက်ကျနေသောကိုယ်ကို ပြန်မမတ်နိုင်သေးဘဲ ယုံးငယ်နောက်ဆုံးပြောသွားသောစကားကို ပြန်တွေးမိသည်။

ယုံးငယ်က သူ့ပါးချိုင့်ထဲ နားခိုချင်တယ်လို့ ပြောလိုက်တာမလား။

နောက်ပြီးတစ်သက်လုံးတဲ့။

ဒီစကားလေးတွေနဲ့တင် သူ့အတွက်က ဘာမှမလိုတော့ဘူး။

တစ်ချိန်မှာကျန်နေခဲ့ရရင်တောင် ဒီစကားတွေကြား သူ့ကိုသူနစ်မြုပ်ထားရင်း နေပျော်နေလိမ့်မယ်ထင်တယ်။

ကိုယ်ကိုပြန်မတ်ပြီး ယုံးငယ်ဘက်ကို လှည့်ကြည့်လိုက်သည်။

သူ့ကိုကြည့်နေသောယုံးငယ်က သူ့ပါးပေါ်ကိုလက်ချောင်းလေးတင်လာသည်။

"ဒါကြောင့် အခု ယုံးငယ်ကိုပြုံးပြမောင်~"

သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိမယ်ထင်တယ်။

မှေးကျဥ်းသွားသောအမြင်အာရုံကြားကနေ သိပ်ကိုလှနေတဲ့ယုံးငယ်အပြုံးတွေကို သူသေချာကိုမြင်လိုက်ရတာ။

"မောင်ကပြုံးနေရင် ချစ်ချင်စရာကြီး! တအားအူယားဖို့ကောင်းတာပဲ"

သူ့ပါးနှစ်ဖက်ကို လက်တွေနဲ့အားရပါးရဆွဲညှစ်ကာ ဘယ်ညာယိမ်းပစ်တဲ့ယုံးငယ်ကြောင့် နည်းနည်းတော့စပ်ဖျင်းဖျင်းဖြစ်သွားရပေမဲ့ ယုံးငယ်စကားကို သူပြန်ချေပလိုက်သည်။

"ယုံးငယ်ကမှ မောင်သိမ်းထားချင်တဲ့အထိ ချစ်ဖို့ကောင်းပြီး ငုံထားချင်တဲ့အထိ အူယားဖို့ကောင်းတာပါ မောင်ကမဟုတ်ပါဘူး"

"Umm..မောင်တိုက်ခန်းမှာ မှန်မရှိဘူးလား"

အဆက်အစပ်မရှိ မှန်မရှိဘူးလားလို့ ထမေးလာတဲ့ယုံးငယ်ကို အူကြောင်ကြောင်နှင့်ကြည့်ရင်း ခေါင်းခါပြလိုက်သည်။

"ရှိပါတယ်"

"ဒါဆိုတစ်ခါမှ မှန်ထဲကိုယ့်ကိုကိုယ် မကြည့်ဖူးဘူးလား ညပြန်ရောက်ရင် မှန်ထဲပြုံးရင်းကြည့်ကြည့်..မောင်ကဘယ်လောက်အူယားစရာကောင်းလဲ တွေ့လိမ့်မယ်"

"နောက်ပြီး မောင်"

"ဟင်."

"မောင်ကငါ့အပိုင်ဖြစ်ပြီး မောင့်အပြုံး၊မောင့်ပါးချိုင့်ကလည်း ငါ့အပိုင်မလို့ ဘယ်သူကိုမှမပြုံးပြရဘူး မောင်ကော မောင့်အပြုံးတွေကကော မောင့်ပါးချိုင့်တွေကကော အားလုံးယုံးငယ်တစ်ယောက်တည်းအတွက်ဖြစ်ရမှာ ဒါကြောင့် မောင်ကယုံးငယ်ကိုပဲပြုံးပြရမယ် ယုံးငယ်တစ်ယောက်တည်းကိုပဲငေးကြည့်နေရမယ် အတ္တကြီးတဲ့တောင်းဆိုမှုပေမဲ့ ရလားမောင်..ကတိပေးလား"

"အင်း မောင်ကတိပေးတယ် ယုံးငယ်"

မင်းကမပြောရင်တောင် မောင်ကဟိုးအစကတည်းက မင်းတစ်ယောက်တည်းအတွက်ပဲ ရှင်သန်နေခဲ့တာပါ။

သူ့အဖြေကြောင့် ပြုံးရိပ်သန်းသွားသော ယုံးငယ်ရဲ့ မျက်ဝန်းလေးတွေထဲ ငေးစိုက်ကြည့်လိုက်မိသည်။

သူ့ငေးစိုက်ကြည့်နေမိတဲ့မျက်ဝန်းလေးထဲ၌ သူ့ပုံရိပ်ကိုပြန်မြင်နေရသည်က ဒီလောကကြီးတစ်ခုလုံးမှာ သူနဲ့ယုံးငယ်သာရှိနေတော့သလိုမျိုး ခံစားရစေသည်။

ဘယ်လောက်တောင်ကြည်နူးစရာကောင်းလိုက်လေသလဲ။

သူငေးကြည့်ရတဲ့မြတ်နိုးရာလေးကလည်း သူ့ကိုပြန်ငေးကြည့်နေခဲ့ပါတယ်ဆိုတဲ့ ခံစားချက်လေးက နှလုံးသားတစ်ခုလုံးကို နွေးထွေးနေစေတော့တာ။

"တီ!!!"

ကျယ်လောင်ရှည်လျားစွာထွက်ပေါ်လာသော ဟွန်းသံကျယ်ကြီးနောက်မှာ အချင်းချင်းကြည့်နေမိသောသူတို့အကြည့်တွေက အသံလာရာဆီ ပြောင်းရွှေ့သွားတော့သည်။

သူတို့ကားနောက်မှာရပ်နေသောကားတစ်စီးကြောင့် ကမန်းကတန်းကားကိုလမ်းဘေးချရပ်လိုက်သည်။

သူတို့ကားကိုကျော်ကာ မောင်းသွားသောကားကိုလိုက်ကြည့်ပြီး အချင်းချင်းပြန်ကြည့်ကာ ပြိုင်တူရယ်ချလိုက်မိကြပြန်သည်။

လမ်းလယ်မှာကားကိုရပ်ပြီး အကြည်စိုက်နေတဲ့သူတို့အဖြစ်က တကယ်ရယ်စရာပက်လုံးတစ်ခုအလား။

"Ring.."

ရယ်လိုက် ရပ်သွားလိုက် မျက်နှာကြည့်ကာ ပြန်ရယ်လိုက်လုပ်နေခဲ့သော သူတို့ကြား ယုံးငယ်ရဲ့ဖုန်းသံက ဝင်ရောက်လာခဲ့သည်။

Car dashboardပေါ်တင်ထားသောဖုန်းScreenထက်က ဂျင်အာဆိုသောContact nameက ဂျယ်ဟျွန်းပါးပြင်ထက်က ပါးချိုင့်ကိုပျောက်ကွယ်သွားစေခဲ့သည်။

ခုနကလိုမပြုံးနေတော့တဲ့၊ ယုံးငယ်နှစ်သက်ပါတယ်ဆိုတဲ့ ပါးချိုင့်တွေက သူ့ပါးပေါ်မှာမရှိတော့တဲ့အခြေအနေကို ဖုန်းပြောနေတဲ့ယုံးငယ်ကသတိမထားမိပါ။

ရှေ့တည့်တည့်ကိုငေးကြည့်နေရင်း မျက်ဝန်းထောင့်ကမြင်လိုက်ရသော တုန်ယင်လာသည့်ပုံရိပ်လေးကြောင့် ဘေးကိုပြန်လှည့်ကြည့်လိုက်သည်။

ဖုန်းကိုဆုပ်ကိုင်ထားရင်း တစ်ခုခုကိုထိတ်လန့်နေသလို ဖြစ်နေခဲ့သောယုံးငယ်ပုံစံ....

"ယုံး..ဘာဖြစ်လို့လဲ"

"မဖြစ်ဘူး..အဲ့လိုဖြစ်လို့မရဘူး"

"ယုံးငယ်"

"ဂျယ်ဟျွန်း..ကျွန်တော်သွားစရာပေါ်လာလို့ ကျွန်တော်အခုသွားမှဖြစ်မယ် မင်းဒီမှာဆင်းနေခဲ့ပေးလို့ရတယ်မလား"

ကမန်းကတန်းပြောလာသောယုံးငယ်စကားတွေမှာ ဂျယ်ဟျွန်းစိတ်တွေက အေးစက်သွားတော့သည်။

"ရပါတယ် ယုံးအရေးကြီးနေရင် ကျွန်တော်နေခဲ့မယ်လေ"

"ကျေးဇူးဂျယ်ဟျွန်း..ဂျင်အာကကျွန်တော်ကို အခုလိုအပ်နေလို့ ကျွန်တော်သွားမှဖြစ်မယ်"

သူမမေးပါဘဲ အကြောင်းပြချက်ကိုပြောပြပြီး ထွက်သွားခဲ့သောယုံးငယ်က မသိချင်ဘဲသိလိုက်ရတဲ့အကြောင်းပြချက်ကြောင့် ငိုနေရတဲ့သူ့နှလုံးသားကို မမြင်ခဲ့ပါပေ။

ပထမဆုံးဆိုပြီး သူအမျိုးမျိုးစိတ်ကူးယဥ်ကြည့်ခဲ့တဲ့Dateဟာလည်း ဖုန်းကောလ်တစ်ခုနောက် မေ့ဖျောက်ခံလိုက်ရသည်။

မျက်စိရှေ့ကပျောက်ကွယ်သွားသောကားလေးအတိုင်း တစ်နေ့ကျရင် ယုံးငယ်ကသူ့ဘဝထဲကနေ အပြီးအတိုင်ပျောက်ကွယ်သွားမှာပဲ။

သူ့နှလုံးသား၊ သူ့ဦးနှောက်ကသိပြီးသား၊ လက်ခံပြီးသားကိစ္စတစ်ခုက ဘာလို့သူ့ကိုနာကျင်စေနေသေးတာလဲ သူမတွေးတတ်။

ပိုင်ရှင်ကလာတဲ့အခါ အတုအယောင်က ဖယ်ပေးရတယ်။
အရုပ်လေးကိုပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက်ရတာက ဖြစ်ရိုးဖြစ်စဥ်ပါဆိုရင် ဘာလို့ဒီရင်ကနာနေရတာလဲ။

မပေးသင့်တဲ့အချစ်တွေကို ဖောဖောသီသီပေးခဲ့မိလို့လို့ တစ်စုံတစ်ယောက်က အော်ပြောနေခဲ့ပေမဲ့ သူ့အချစ်တွေကဘာတွေများ မှားနေခဲ့လို့လဲလို့ ပြန်မေးရင်း လက်မခံနိုင်ဖြစ်ရသေးတယ်။

တကယ်ကိုအမှတ်မရှိခြင်းတွေပါပဲ။

အချစ်ကြောင့်ရယ်မောရပြီး အချစ်ကြောင့်ပဲငိုကြွေးရတယ်။
သို့သော်အချစ်ရဲ့ဦးတည်ချက်ကယုံးငယ်ဖြစ်နေတဲ့အခါ
ငိုနေရင်းမှကော့ညွတ်နေပါတဲ့သူ့နှုတ်ခမ်းတွေ

ချစ်ရတဲ့ယုံးငယ်ဟာ
နာကျင်ရလည်း သူထွေးပိုက်ထားမဲ့ဆူးအပြည့်နဲ့နှင်းဆီ
နစ်မြုပ်ရမယ်ဆိုပြီး သူခုန်ဆင်းမိဦးမဲ့သဲနွံငယ်ဖြစ်ပြီး

ယုံးငယ်ဆိုတဲ့ဝဲဂယက်ထဲမှာပဲ အကြိမ်ကြိမ်လက်ပစ်ကူးနေမိဦးမဲ့ သစ်ရွက်ဟာသူ....။

..........။..........

*Zawgyi*

"ေမာင္..ယုံးငယ္တို႔တြဲရေအာင္"

မျဖစ္သင့္မွန္းသိေနေသာ္လည္း၊ ယုံးငယ္ကတစ္စုံတစ္ေယာက္နဲ႕ သူ႕မ်က္စိေရွ႕မွာတင္ ေစ့စပ္ထားသူျဖစ္ေၾကာင္း အမွတ္ရေနပါေသာ္လည္း မျငင္းဆန္နိုင္ခဲ့သူက ေက်ေက်နပ္နပ္ပင္လက္ခံျဖစ္ခဲ့သည္။

တစ္ဖက္ကေကာင္မေလးအျပင္ စီးပြားေရးနယ္ပယ္ထဲ အက်ယ္တဝင့္ျဖစ္ခဲ့ေသာ ယုံးငယ္တို႔ေစ့စပ္ပြဲေၾကာင့္ သူတို႔တြဲတဲ့အခါ ျဖစ္လာမဲ့ေဝဖန္မႈေတြ၊ အတင္းအဖ်င္းေတြ၊ ေနာက္ၿပီး ယုံးငယ္ကသူ႕ကို ဘယ္လိုသေဘာထားေနမွန္းလည္း မေတြးတတ္ခဲ့ေပမဲ့၊ စဥ္းစားစရာေတြသိပ္မ်ားေနေပမဲ့..

သူကအခ်စ္ေၾကာင့္ ႐ူးေနခဲ့ၿပီျဖစ္တဲ့ အ႐ူးတစ္ေယာက္ပဲမလား။

တစ္ခ်ိန္က်ရင္ ပစ္ခ်ထားခံရမယ္။
တစ္ခ်ိန္က်ရင္ ေနာက္မွာက်န္ေနခဲ့ရမယ္ ဆိုတာသိေနေပမဲ့လည္း သူက႐ူးမိုက္ခဲ့ျပန္သည္။

႐ူးမိုက္လက္စနဲ႕ ဆက္ၿပီး႐ူးမိုက္လိုက္တာ အဆိုးႀကီးေတာ့မဟုတ္ေလာက္ဘူးမလား။

သူကခ်စ္ေနတယ္ဆိုတာ သိၿပီးမွ ယုံးငယ္ကတြဲဖို႔ေျပာလာခဲ့တာက ယုံးငယ္သူ႕ကိုလက္ခံလိုက္တာပဲမလား။

ယုံးငယ္ကလည္းသူ႕အခ်စ္ကို လက္ခံၿပီးၿပီ။
ဒါဆိုဘာကလိုအပ္ေနဦးမွာလဲ။

က်န္တာေတြကို မေတြးဘဲ
သူ႕ရဲ႕အခ်စ္တစ္ခု..
သူ႕ရဲ႕ယုံးငယ္ကိုသာ ၾကည့္လို႔ ေရွ႕ဆက္မည္။

အဆုံးသတ္မွာသူက က်န္ေနခဲ့ရမယ္မလား။
ဒါဆိုေက်ေက်နပ္နပ္ေနရစ္ခဲ့မည္။

ထြက္သြားမည့္သူက ယုံးငယ္ျဖစ္ေနသေ႐ြ႕ သူကေလာဘတက္ျခင္းမရွိဘဲ ယုံးငယ္ဆႏၵအတိုင္းလိုက္ေလ်ာမည္။

အတူကုန္ဆုံးခဲ့ရသည့္ အခ်ိန္တစ္ခ်ိဳ႕ကိုဖက္တြယ္ထားရင္ သူကၿငိမ္ၿငိမ္သက္သက္က်န္ရစ္ခဲ့မည္။

ေလာဘမရွိတဲ့ခ်စ္ျခင္းေတြမဟုတ္ေပမဲ့
အခုျဖစ္လာတဲ့အေျခအေနေလးကပင္
သူ႕အတြက္ေရာင့္ရဲဖို႔လုံေလာက္ေနခဲ့ပါၿပီ။

တရားဝင္ပိုင္ဆိုင္ရသူမဟုတ္ေပမဲ့ ခဏတာသေဘာရွိဆုပ္ကိုင္ခြင့္ရတဲ့လက္ေလးေတြ၊ သူ႕ရင္ခြင္ထဲကေကာင္ေလးက သူ႕လူေလးရယ္ပါလို႔ အသိနဲ႕အတူ နမ္းရွိုက္ခြင့္ရမဲ့ပါးျပင္ေလးေတြ....

တစ္သက္တာမဟုတ္တဲ့ တစ္ခဏတာဆိုရင္ေတာင္ သူ႕အတြက္မ်ားလြန္းေနခဲ့ပါၿပီ။

ဂ်ယ္ဟြၽန္းက အဲ့သေလာက္ကို ယုံးငယ္အား႐ူးသြပ္ေနခဲ့ၿပီ။

.....

"ေမာင္ Dateလုပ္ခ်င္လားဗ်!"

တက္တက္ႂကြႂကြေလးေမးလာတဲ့အသံေလးေၾကာင့္ ေခါင္းတဆတ္ဆတ္ညိတ္ျပလိုက္မိသည္။

ၿပဳံးေပ်ာ္သြားတဲ့ယုံးငယ္က ညေန႐ုံးဆင္းရင္ေတြ႕မယ္ဟုဆိုလာျပန္သည္။

မ်က္လုံးေလးေတြအေရာင္ေတာက္ေနသည္အထိ ဘာကယုံးငယ္ကိုေပ်ာ္ေနေစမွန္းမသိေပမဲ့ အလိုအေလ်ာက္လိုက္ေကြးေနတာက ဂ်ယ္ဟြၽန္းႏႈတ္ခမ္းေတြျဖစ္ေနသည္။

"ညေနက်ရင္ေတြ႕မွာကို အဲ့ေလာက္မေငးဘဲ အလုပ္သြားလုပ္ေတာ့ေလ..ေမာင္ ရႉး ရႉး~"

တအားေငးေနမိတဲ့ဂ်ယ္ဟြၽန္းကို ယုံးငယ္ကလက္ေလးတခါခါနဲ႕ ႏွင္ထုတ္သည္။

ယုံးငယ္အျပဳအမူေတြ၊ အေျပာအဆိုေတြကပုံမွန္ထက္ပိုၿပီး အသည္းယားဖို႔ေကာင္းေနျခင္းသည္ ဂ်ယ္ဟြၽန္း၏ႏွလုံးသားအား ယားက်ိက်ိျဖစ္ေစသည္။

ယုံးငယ္ရဲ႕စကားေျပာသံေတြက အရင္လိုမဟုတ္ဘဲ ေျပာင္းလဲေနခဲ့တာကိုလည္း သတိထားမိသည္။

ခြၽဲႏြဲ႕ၿပီးဆိုးခ်င္ေနတဲ့ အဆိုးအသြမ္းေလးလို႔ ထင္ရတဲ့အထိကို ေျပာင္းလဲေနခဲ့တာ။

ဘာေၾကာင့္ရယ္ဆိုတာမသိေသာ္လည္း သူ႕မွာအသည္းတယားယားႏွင့္ သေဘာက်ေနရတာ။

သေဘာက်ရလြန္းလို႔ စားပြဲကိုျပန္ေရာက္သည္အထိ အၿပဳံးမပ်က္နိုင္တဲ့သူ႕အား ေဘးကလုပ္ေဖာ္ကိုင္ဖက္က စေနာက္ကာၾကည့္လာသည္အထိပင္။

"ဘာေတြေပ်ာ္စရာရွိေနလို႔ တစ္မိုးေအာက္တစ္ေယာက္ေဂ်ာင္ဂ်ယ္ဟြၽန္းက ဒီေလာက္ၿပဳံးၿဖီးေနရတာလဲ ဘာလဲ လစာတိုးလာလို႔လား"

သူနဲ႕အေတာ္ရင္းႏွီးသည့္အေနအထားမွာရွိေနေသာ လုပ္ေဖာ္ကိုင္ဖက္က သူ႕နားကပ္လာကာ ခပ္တိုးတိုးေမးလာသျဖင့္ ေခါင္းခါျပလိုက္သည္။

"မဟုတ္ပါဘူး ကြၽန္ေတာ္ကေန႕တိုင္းဒီလိုပါပဲ"

"ေအာ္..မင္းကငါ့ကို လိမ္ေတာင္လိမ္ေနၿပီေပါ့ ရက္စက္လိုက္တာကြာ မင္းနဲ႕ငါ ဒီေန႕ကစၿပီးျပတ္ၿပီ!"

သူ႕ကိုစေနာက္ၿပီး သူ႕စားပြဲဘက္ျပန္ေ႐ႊ႕သြားေသာလုပ္ေဖာ္ကိုင္ဖက္ေၾကာင့္ ရယ္လိုက္မိၿပီး အလုပ္ထဲအာ႐ုံျပန္စိုက္လိုက္သည္။

မ်က္လုံးေတြက စာ႐ြက္ေတြေပၚမွာျဖစ္ေနေပမဲ့ အာ႐ုံေတြအားလုံးက ညေနက်ရင္သြားရမည့္ Dateအေပၚကိုသာ ေရာက္ေနခဲ့သည္။

တစ္ခ်ိန္လုံးDateအေၾကာင္းသာ စိတ္ကူးယဥ္ေနခဲ့ေသာသူက ထိုေန႕အတြက္အၿပီးသတ္ရမည့္ ဒီဇိုင္းတစ္ခုကို အၿပီးမသတ္နိုင္ခဲ့ေပ။

သို႔ေသာ္သူေဌးရဲ႕ခ်စ္သူအရာကို ေရာက္ေနခဲ့တဲ့သူ႕အား သူေဌးျဖစ္တဲ့ယုံးငယ္ကိုယ္တိုင္က ေနာက္ေန႕မွဆက္လုပ္ဖို႔ အခြင့္ေပးလာတဲ့အခါ မၿပီးေသးတဲ့အလုပ္ကိုေဂ်ာင္ထိုးၿပီး ယုံးငယ္နဲ႕အတူDateလုပ္ဖို႔ သူကတက္တက္ႂကြႂကြျဖင့္ ကုမၸဏီအျပင္ကယုံးငယ္ကားေပၚ ေရာက္ေနခဲ့ၿပီျဖစ္သည္။

ယုံးငယ္အစားကားေမာင္းေနတဲ့သူ႕အား ေဘးမွာထိုင္ေနသည့္ယုံးငယ္က ေငးၾကည့္ေနသည္ကို မ်က္လုံးေထာင့္ကျမင္ေနရ၍လည္း ႏွလုံးခုန္ႏႈန္းေတြက အေတာမသတ္နိုင္ေအာင္ျဖစ္ရေသးသည္။

သူ႕ကိုအမ်ိဳးမ်ိဳးျဖစ္ေအာင္ ျပဳစားနိုင္သည့္ယုံးငယ္က
အေတာင္ပံဖြက္ထားသည့္ နတ္ဆိုးေသးေသးေလးမ်ား ျဖစ္ေနေလမလား။

"ေမာင္~"

ႏူးႏူးညံ့ညံ့ေခၚသံေလးက ကားစတီယာတိုင္ေပၚက လက္ေတြကို အေၾကာေတြေထာင္သြားေစၿပီး ဆုပ္ကိုင္ထားျခင္းကိုလည္း တင္းၾကပ္သြားေစသည္။

"ဗ်ာ"

"ေမာင့္ရဲ႕ဗ်ာလို႔ထူးသံေလးက ခ်စ္ဖို႔ေကာင္းတာပဲ..ေမာင္လိုမ်ိဳးေလးေလ"

မဟုတ္ေသးပါဘူး...
ဒါက ကားေမာင္းေနတဲ့သူ႕ကို ရင္ေတြတအားခုန္ရေအာင္ ယုံးငယ္ကတမင္ရည္႐ြယ္ၿပီး လုပ္ေနတာမဟုတ္ဘူးလား။

စကားေတြနဲ႕တစ္မ်ိဳး အၾကည့္ေတြနဲ႕တစ္မ်ိဳး။

ယုံးငယ္ကဒီလိုပဲထပ္ဆိုးေနရင္ ကားေမာင္းေနတဲ့သူက စိတ္မထိန္းနိုင္ျဖစ္ရၿပီး ဒုကၡေရာက္ကုန္ေတာ့မယ္ထင္တယ္။

"ကြၽန္ေတာ္က လွိုင္းေတြၾကားထဲ ေမ်ာလြင့္ခ်င္တယ္
တိမ္ေတြေပၚမွာလည္း ခုန္ေပါက္ၿပီးေဆာ့ကစားခ်င္တယ္"

အဆက္အစပ္မရွိထြက္ခ်လာတဲ့စကားေတြေပမဲ့ ယုံးငယ္ရဲ႕ဆႏၵေလးေတြျဖစ္ေနတဲ့အခါ သူကဂ႐ုတစိုက္မွတ္သားလိုက္သည္။

အဓိကအေနနဲ႕ အပိုင္းေလးပိုင္းခြဲထားတဲ့ဦးေႏွာက္မွာမဟုတ္ဘဲ
ထပ္တူညီစြာ အခန္းေလးခန္းရွိေနတဲ့ႏွလုံးသားမွာ
မွတ္ေက်ာက္တင္ထားလိုက္မိတာ။

တိမ္ေတြေပၚမွာခုန္ေပါက္ခ်င္ေနတဲ့ ယုံးငယ္ဆႏၵကို ျဖည့္ဆည္းေပးဖို႔မျဖစ္နိုင္ေပမဲ့ လွိုင္းေတြၾကားေမ်ာလြင့္နိုင္ေအာင္ေတာ့ သူျဖစ္ေအာင္လုပ္ေပးမယ္။

ဒါက ႏွလုံးသားထက္ယုံးငယ္ဆႏၵေလးေတြကို ေရးထိုးၿပီးေနာက္ အလိုအေလ်ာက္ေပၚလာခဲ့တဲ့ ႏွလုံးသားထက္က သူ႕ရဲ႕အျဖဴေရာင္ကတိ။

"ၿပီးေတာ့ေမာင္..ကြၽန္ေတာ္က ေဂ်ာင္ဂ်ယ္ဟြၽန္းရဲ႕ပါးခ်ိဳင့္ေလးထဲ ေအးေအးခ်မ္းခ်မ္းနားခိုခ်င္တယ္..တစ္သက္လုံး"

"ကြၽီ!"

ကားဘရိတ္ကိုနင္းခ်လိဳက္မိေသာသူ႕ေျခေထာက္ေၾကာင့္ ကားကလမ္းလယ္ေပၚထိုးရပ္သြားေတာ့သည္။

ပုံမွန္အရွိန္နဲ႕လာေနရာက ႐ုတ္ခ်ည္းထိုးရပ္လိုက္တာေၾကာင့္ ခါးပတ္ပတ္ထားတာေတာင္ အေရွ႕ကိုယိုင္သြားရသည္မွာ ကားကူရွင္နဲ႕ေျပးမေဆာင့္႐ုံတမယ္။

ကားေတြရွင္းေနေသာဟန္ျမစ္ကမ္းတစ္ဘက္ကို ေရာက္ေနတာေၾကာင့္လည္း ေတာ္ပါေသးရဲ႕လို႔ သက္ျပင္းခ်ရေသးသည္။

တကယ္အတည္ႀကီး ယုံးငယ္ကသူ႕ကို ဘာျဖစ္ေစခ်င္ေနမွန္း စဥ္းစားလို႔မရေတာ့။

ငိုက္က်ေနေသာကိုယ္ကို ျပန္မမတ္နိုင္ေသးဘဲ ယုံးငယ္ေနာက္ဆုံးေျပာသြားေသာစကားကို ျပန္ေတြးမိသည္။

ယုံးငယ္က သူ႕ပါးခ်ိဳင့္ထဲ နားခိုခ်င္တယ္လို႔ ေျပာလိုက္တာမလား။

ေနာက္ၿပီးတစ္သက္လုံးတဲ့။

ဒီစကားေလးေတြနဲ႕တင္ သူ႕အတြက္က ဘာမွမလိုေတာ့ဘူး။

တစ္ခ်ိန္မွာက်န္ေနခဲ့ရရင္ေတာင္ ဒီစကားေတြၾကား သူ႕ကိုသူနစ္ျမဳပ္ထားရင္း ေနေပ်ာ္ေနလိမ့္မယ္ထင္တယ္။

ကိုယ္ကိုျပန္မတ္ၿပီး ယုံးငယ္ဘက္ကို လွည့္ၾကည့္လိုက္သည္။

သူ႕ကိုၾကည့္ေနေသာယုံးငယ္က သူ႕ပါးေပၚကိုလက္ေခ်ာင္းေလးတင္လာသည္။

"ဒါေၾကာင့္ အခု ယုံးငယ္ကိုၿပဳံးျပေမာင္~"

သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးလိုက္မိမယ္ထင္တယ္။

ေမွးက်ဥ္းသြားေသာအျမင္အာ႐ုံၾကားကေန သိပ္ကိုလွေနတဲ့ယုံးငယ္အၿပဳံးေတြကို သူေသခ်ာကိုျမင္လိုက္ရတာ။

"ေမာင္ကၿပဳံးေနရင္ ခ်စ္ခ်င္စရာႀကီး! တအားအူယားဖို႔ေကာင္းတာပဲ"

သူ႕ပါးႏွစ္ဖက္ကို လက္ေတြနဲ႕အားရပါးရဆြဲညွစ္ကာ ဘယ္ညာယိမ္းပစ္တဲ့ယုံးငယ္ေၾကာင့္ နည္းနည္းေတာ့စပ္ဖ်င္းဖ်င္းျဖစ္သြားရေပမဲ့ ယုံးငယ္စကားကို သူျပန္ေခ်ပလိုက္သည္။

"ယုံးငယ္ကမွ ေမာင္သိမ္းထားခ်င္တဲ့အထိ ခ်စ္ဖို႔ေကာင္းၿပီး ငုံထားခ်င္တဲ့အထိ အူယားဖို႔ေကာင္းတာပါ ေမာင္ကမဟုတ္ပါဘူး"

"Umm..ေမာင္တိုက္ခန္းမွာ မွန္မရွိဘူးလား"

အဆက္အစပ္မရွိ မွန္မရွိဘူးလားလို႔ ထေမးလာတဲ့ယုံးငယ္ကို အူေၾကာင္ေၾကာင္ႏွင့္ၾကည့္ရင္း ေခါင္းခါျပလိုက္သည္။

"ရွိပါတယ္"

"ဒါဆိုတစ္ခါမွ မွန္ထဲကိုယ့္ကိုကိုယ္ မၾကည့္ဖူးဘူးလား ညျပန္ေရာက္ရင္ မွန္ထဲၿပဳံးရင္းၾကည့္ၾကည့္..ေမာင္ကဘယ္ေလာက္အူယားစရာေကာင္းလဲ ေတြ႕လိမ့္မယ္"

"ေနာက္ၿပီး ေမာင္"

"ဟင္."

"ေမာင္ကငါ့အပိုင္ျဖစ္ၿပီး ေမာင့္အၿပဳံး၊ေမာင့္ပါးခ်ိဳင့္ကလည္း ငါ့အပိုင္မလို႔ ဘယ္သူကိုမွမၿပဳံးျပရဘူး ေမာင္ေကာ ေမာင့္အၿပဳံးေတြကေကာ ေမာင့္ပါးခ်ိဳင့္ေတြကေကာ အားလုံးယုံးငယ္တစ္ေယာက္တည္းအတြက္ျဖစ္ရမွာ ဒါေၾကာင့္ ေမာင္ကယုံးငယ္ကိုပဲၿပဳံးျပရမယ္ ယုံးငယ္တစ္ေယာက္တည္းကိုပဲေငးၾကည့္ေနရမယ္ အတၱႀကီးတဲ့ေတာင္းဆိုမႈေပမဲ့ ရလားေမာင္..ကတိေပးလား"

"အင္း ေမာင္ကတိေပးတယ္ ယုံးငယ္"

မင္းကမေျပာရင္ေတာင္ ေမာင္ကဟိုးအစကတည္းက မင္းတစ္ေယာက္တည္းအတြက္ပဲ ရွင္သန္ေနခဲ့တာပါ။

သူ႕အေျဖေၾကာင့္ ၿပဳံးရိပ္သန္းသြားေသာ ယုံးငယ္ရဲ႕ မ်က္ဝန္းေလးေတြထဲ ေငးစိုက္ၾကည့္လိုက္မိသည္။

သူ႕ေငးစိုက္ၾကည့္ေနမိတဲ့မ်က္ဝန္းေလးထဲ၌ သူ႕ပုံရိပ္ကိုျပန္ျမင္ေနရသည္က ဒီေလာကႀကီးတစ္ခုလုံးမွာ သူနဲ႕ယုံးငယ္သာရွိေနေတာ့သလိုမ်ိဳး ခံစားရေစသည္။

ဘယ္ေလာက္ေတာင္ၾကည္ႏူးစရာေကာင္းလိုက္ေလသလဲ။

သူေငးၾကည့္ရတဲ့ျမတ္နိုးရာေလးကလည္း သူ႕ကိုျပန္ေငးၾကည့္ေနခဲ့ပါတယ္ဆိုတဲ့ ခံစားခ်က္ေလးက ႏွလုံးသားတစ္ခုလုံးကို ေႏြးေထြးေနေစေတာ့တာ။

"တီ!!!"

က်ယ္ေလာင္ရွည္လ်ားစြာထြက္ေပၚလာေသာ ဟြန္းသံက်ယ္ႀကီးေနာက္မွာ အခ်င္းခ်င္းၾကည့္ေနမိေသာသူတို႔အၾကည့္ေတြက အသံလာရာဆီ ေျပာင္းေ႐ႊ႕သြားေတာ့သည္။

သူတို႔ကားေနာက္မွာရပ္ေနေသာကားတစ္စီးေၾကာင့္ ကမန္းကတန္းကားကိုလမ္းေဘးခ်ရပ္လိုက္သည္။

သူတို႔ကားကိုေက်ာ္ကာ ေမာင္းသြားေသာကားကိုလိုက္ၾကည့္ၿပီး အခ်င္းခ်င္းျပန္ၾကည့္ကာ ၿပိဳင္တူရယ္ခ်လိဳက္မိၾကျပန္သည္။

လမ္းလယ္မွာကားကိုရပ္ၿပီး အၾကည္စိုက္ေနတဲ့သူတို႔အျဖစ္က တကယ္ရယ္စရာပက္လုံးတစ္ခုအလား။

"Ring.."

ရယ္လိုက္ ရပ္သြားလိုက္ မ်က္ႏွာၾကည့္ကာ ျပန္ရယ္လိုက္လုပ္ေနခဲ့ေသာ သူတို႔ၾကား ယုံးငယ္ရဲ႕ဖုန္းသံက ဝင္ေရာက္လာခဲ့သည္။

Car dashboardေပၚတင္ထားေသာဖုန္းScreenထက္က ဂ်င္အာဆိုေသာContact nameက ဂ်ယ္ဟြၽန္းပါးျပင္ထက္က ပါးခ်ိဳင့္ကိုေပ်ာက္ကြယ္သြားေစခဲ့သည္။

ခုနကလိုမၿပဳံးေနေတာ့တဲ့၊ ယုံးငယ္ႏွစ္သက္ပါတယ္ဆိုတဲ့ ပါးခ်ိဳင့္ေတြက သူ႕ပါးေပၚမွာမရွိေတာ့တဲ့အေျခအေနကို ဖုန္းေျပာေနတဲ့ယုံးငယ္ကသတိမထားမိပါ။

ေရွ႕တည့္တည့္ကိုေငးၾကည့္ေနရင္း မ်က္ဝန္းေထာင့္ကျမင္လိုက္ရေသာ တုန္ယင္လာသည့္ပုံရိပ္ေလးေၾကာင့္ ေဘးကိုျပန္လွည့္ၾကည့္လိုက္သည္။

ဖုန္းကိုဆုပ္ကိုင္ထားရင္း တစ္ခုခုကိုထိတ္လန့္ေနသလို ျဖစ္ေနခဲ့ေသာယုံးငယ္ပုံစံ....

"ယုံး..ဘာျဖစ္လို႔လဲ"

"မျဖစ္ဘူး..အဲ့လိုျဖစ္လို႔မရဘူး"

"ယုံးငယ္"

"ဂ်ယ္ဟြၽန္း..ကြၽန္ေတာ္သြားစရာေပၚလာလို႔ ကြၽန္ေတာ္အခုသြားမွျဖစ္မယ္ မင္းဒီမွာဆင္းေနခဲ့ေပးလို႔ရတယ္မလား"

ကမန္းကတန္းေျပာလာေသာယုံးငယ္စကားေတြမွာ ဂ်ယ္ဟြၽန္းစိတ္ေတြက ေအးစက္သြားေတာ့သည္။

"ရပါတယ္ ယုံးအေရးႀကီးေနရင္ ကြၽန္ေတာ္ေနခဲ့မယ္ေလ"

"ေက်းဇူးဂ်ယ္ဟြၽန္း..ဂ်င္အာကကြၽန္ေတာ္ကို အခုလိုအပ္ေနလို႔ ကြၽန္ေတာ္သြားမွျဖစ္မယ္"

သူမေမးပါဘဲ အေၾကာင္းျပခ်က္ကိုေျပာျပၿပီး ထြက္သြားခဲ့ေသာယုံးငယ္က မသိခ်င္ဘဲသိလိုက္ရတဲ့အေၾကာင္းျပခ်က္ေၾကာင့္ ငိုေနရတဲ့သူ႕ႏွလုံးသားကို မျမင္ခဲ့ပါေပ။

ပထမဆုံးဆိုၿပီး သူအမ်ိဳးမ်ိဳးစိတ္ကူးယဥ္ၾကည့္ခဲ့တဲ့Dateဟာလည္း ဖုန္းေကာလ္တစ္ခုေနာက္ ေမ့ေဖ်ာက္ခံလိုက္ရသည္။

မ်က္စိေရွ႕ကေပ်ာက္ကြယ္သြားေသာကားေလးအတိုင္း တစ္ေန႕က်ရင္ ယုံးငယ္ကသူ႕ဘဝထဲကေန အၿပီးအတိုင္ေပ်ာက္ကြယ္သြားမွာပဲ။

သူ႕ႏွလုံးသား၊ သူ႕ဦးေႏွာက္ကသိၿပီးသား၊ လက္ခံၿပီးသားကိစၥတစ္ခုက ဘာလို႔သူ႕ကိုနာက်င္ေစေနေသးတာလဲ သူမေတြးတတ္။

ပိုင္ရွင္ကလာတဲ့အခါ အတုအေယာင္က ဖယ္ေပးရတယ္။
အ႐ုပ္ေလးကိုပိုင္ရွင္လက္ထဲ ျပန္ထည့္ေပးလိုက္ရတာက ျဖစ္ရိုးျဖစ္စဥ္ပါဆိုရင္ ဘာလို႔ဒီရင္ကနာေနရတာလဲ။

မေပးသင့္တဲ့အခ်စ္ေတြကို ေဖာေဖာသီသီေပးခဲ့မိလို႔လို႔ တစ္စုံတစ္ေယာက္က ေအာ္ေျပာေနခဲ့ေပမဲ့ သူ႕အခ်စ္ေတြကဘာေတြမ်ား မွားေနခဲ့လို႔လဲလို႔ ျပန္ေမးရင္း လက္မခံနိုင္ျဖစ္ရေသးတယ္။

တကယ္ကိုအမွတ္မရွိျခင္းေတြပါပဲ။

အခ်စ္ေၾကာင့္ရယ္ေမာရၿပီး အခ်စ္ေၾကာင့္ပဲငိုေႂကြးရတယ္။
သို႔ေသာ္အခ်စ္ရဲ႕ဦးတည္ခ်က္ကယုံးငယ္ျဖစ္ေနတဲ့အခါ
ငိုေနရင္းမွေကာ့ၫြတ္ေနပါတဲ့သူ႕ႏႈတ္ခမ္းေတြ။

ခ်စ္ရတဲ့ယုံးငယ္ဟာ
နာက်င္ရလည္း သူေထြးပိုက္ထားမဲ့ဆူးအျပည့္နဲ႕ႏွင္းဆီ
နစ္ျမဳပ္ရမယ္ဆိုၿပီး သူခုန္ဆင္းမိဦးမဲ့သဲႏြံငယ္ျဖစ္ၿပီး

ယုံးငယ္ဆိုတဲ့ဝဲဂယက္ထဲမွာပဲ အႀကိမ္ႀကိမ္လက္ပစ္ကူးေနမိဦးမဲ့ သစ္႐ြက္ဟာသူ....။

..........။..........

Continue Reading

You'll Also Like

133K 7.8K 94
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
755K 20.5K 76
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
81K 2.1K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
1.4M 32.2K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.