I never said " Alpha "

By MayThuLay1485

13.9K 1K 29

|| Uni & Zaw || ငါဘယ်တော့မှ Alpha လို့မပြောဖူးဘူး။ #ကုန်းရိဖေး၊ ကျန်းကျန့်ယွင် # Writer - Aeri_Saung(D.W) 🖤�... More

🖤 Intro 🖤
🖤 ငါဆေးမသောက်ချင်ဘူး 🖤
🖤 ဇာတ်ကောင်မိတ်ဆက် / ဇာတ္ေကာင္မိတ္ဆက္ 🖤
🖤 ပထမဆုံး Heat ဝင်ခြင်း 🖤
🖤🔥 အမှတ်အသားပေးခြင်း 🔥🖤
🖤 အရမ်းပင်ပန်းနေပြီ 🖤
🖤 မင်း...လာတယ် 🖤
🖤 ငါက တုံးတာမဟုတ်ပါဘူး 🖤
ငါကမင်းအတွက် ဘာလဲဟင်?

ငါ မမြူဆွယ်ပါဘူး

1.4K 116 8
By MayThuLay1485

|| Unicode ||
Chapter - 8

" ဦးလေးလျန်... သူကဘယ်သူလဲ "

အိမ်တော်ထိန်းဦးလေးလျန်ကလည်း ဘယ်လိုလုပ်ရမယ်မသိတော့ဘူး။ သူတို့သခင်လေး အမြန်ပြန်လာဖို့သာ ဆုတောင်းနေတော့တယ်။

" ဦးလေးလျန် ဘာလို့မပြောတာလဲ ဟေ့...နင့်ရဲ့အနံတွေ...ဒီအနံဘာလို့ရင်းနှီးနေတာလဲ "

ရုတ်တရက် ခြေသံကြားလိုက်ရပြီး တံခါးဝကနေရိဖေးတစ်ယောက်အပြေးဝင်လာခဲ့သည်။ ဦးလေးလျန် ကလည်းအခုမှသက်ပြင်းချနိုင်ပြီး ကျန့်ယွင်ကလည်း ရိဖေးကိုအားကိုးတစ်ကြီးလှမ်းကြည့်ရှာသည်။

မီလိန်က သူ့နဘေးကဖြတ်ပြေးသွားတဲ့ ရိဖေးရဲ့အနံတွေက သူ့အရှေ့ကကောင်လေးရဲ့ အနံနဲ့ဆင်တူနေတာကို သတိထားမိလိုက်သည်။

" နင်တို့...ရိဖေး...မဟုတ်မှလွဲရော နင်သူ့ကို "

" ဟုတ်တယ် မီလိန် ငါသူ့ကိုအမှတ်အသားပေးထားတယ်။ "

မီလိန်ရဲ့မျက်နှာက ပိုနီရဲလာပြီး အသံတွေထိန်းမရတော့ပဲ အော်ဟစ်လာသည်။

" အန်တီသိလား.... ရိဖေး ငါမေးနေတယ် အန်တီသိလားလို့ "

" အမေသိ မသိ မင်းအလုပ်မဟုတ်ဘူး။ ငါ့မှာအမှတ်အသားပေးထားတဲ့သူ ရှိနေပြီ မင်းရှေ့ဆက်တိုးမလာနဲ့တော့ "

မီလိန်က ကျန့်ယွင်အရှေ့တိုးလာခဲ့ပြီး မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ သူ့အကြည့်တွေထဲ အရမ်းမနာလိုမုန်းတီးမှုတွေ ရွံရှာမှုတွေ ရောပါနေသည်။

" ရိဖေး အန်တီကသဘောတူမယ်ထင်လား ငါအန်တီကိုပြောလိုက်ရင် ဘယ်လိုလဲ "

ရိဖေးက မျက်ခုံးကိုပင့်လိုက်ပြီး နားမလည်သလိုကြည့်နေရှာတဲ့ ကျန့်ယွင်ကိုစိတ်မပူဖို့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။

" ပြောပေါ့ အမှတ်အသားပေးပြီးပြီ အမေ ဘာလုပ်နိုင်သေးလဲ "

" ဟက် နင် အရမ်းနှလုံးသားမဲ့တယ်။ ငါ့ကိုကျတော့ ဘာလို့လက်မခံရတာလဲ "

ရိဖေး ခေါင်းကိုခါရမ်းလိုက်ပြီး မဲ့ပြုံးနဲ့အတူပြောသည်။

" မင်းအကြောင်းမင်းသိမှာပေါ့ "

မီလိန် မျက်ဝန်းထဲ ထိန့်လန့်မှုတစ်ချို့ဖြတ်ပြေးသွားပြီးနောက် အပြင်ကိုထွက်သွားတော့သည်။ သူမ ထွက်သွားပြီးမှ ရိဖေးသက်ပြင်းချလိုက်ပြီး ဦးလေးလျန် ကိုပြောလိုက်သည်။

" ဦးလေးလျန် အခုကစ အိမ်တော်အပေါ်ထပ်ကို ကျွန်တော် ကျန့်ယွင် ကပြင်လွဲပြီးတစ်ယောက်မှ မတက်စေနဲ့ "

" ဟုတ်ကဲ့ သခင်လေး "

အိမ်တော်ထိန်းအပြင်ထွက်သွားပြီနောက် ရိဖေးက ကျန့်ယွင်ကိုဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။ Heat ကာလမှာစိတ်ရှုပ်စရာများတာ မကောင်းဘူး။

" ကိုယ့်အမေက ကိုယ်နဲ့သူမကို ငယ်ငယ်ကတည်းက သဘောတူထားတာ ကိုယ်တော့သဘောမကျပါဘူး။ "

ကျန့်ယွင်က မရဲတစ်ရဲနဲ့ ရိဖေးကိုကြည့်ရှာတယ်။

ငါကသူ့အတွက်ဘယ်လိုလူလဲ။ ဒီအတိုင်းဘာခံစားချက်မှမရှိပဲ သက်သက်အမှတ်အသားပေးထားတဲ့ Omega တစ်ယောက်လား။ ငါကအရမ်းတုံးတယ်။ သူငါ့ကိုမချစ်နိုင်ပါဘူး။

" ဟေး...ဘာကြည့်တာလဲ ကိုယ့်ကိုပြောစရာရှိလို့လား "

" ဟင် အင်း...ဟို ငါ... "

ငါမပြောရဲဘူး။ ငါ့ကိုမချစ်တာသေချာတယ်။ ချစ်တယ်ဆို ဘာလို့အမှတ်အသားပေးထားတဲ့ လူလို့ပဲ့ပြောမှာလဲ။

" ငါ...ဗိုက်ဆာလို့ "

ရိဖေး ကကြောင်နေရာမှ ထရယ်လိုက်ပြီး ကျန့်ယွင်အရှေ့ သူ့လက်ကို ဖြန့်လိုက်သည်။

" လာ... အောက်ထပ်ဆင်းမယ်။ အောက်မှာစားတာပေါ့ "

ကျန့်ယွင် ခေါင်းငြိမ့်ရင်း  ရိဖေးလက်ကို​ပြန်ကိုင်လိုက်ကာ  အိမ်အောက်ထပ်ကိုလိုက်ခဲ့သည်။ ထမင်းစားခန်းမှာ စားစရာတွေကိုအဆင်သင့်ပြင်ထားခဲ့သည်။ ကျန့်ယွင် ရိဖေးနဘေးကခုံမှာထိုင်ရင်း ဘယ်ကစစားရမယ်မသိတော့ဘူး။

" ကျန့်ယွင် ကိုယ်မိတ်ဆက်ပေးမယ် "

ကျန့်ယွင် ခေါင်းကိုမော့ကြည့်တော့ သူ့အရှေ့မှာတူညီတဲ့ အဝတ်အစားဝတ်ဆင်ထားတဲ့ အိမ်အလုပ်သမား၇ယောက်လာရပ်နေတာကို တွေ့လိုက်ရသည်။

ငါ ငါတကယ်ကြ်ီး စားစရာကိုပဲ့ အာရုံစိုက်နေမိတာပဲ့။ ရိဖေးတော့ ငါ့ကိုအထင်သေးတော့မှာ....

" သူကကိုယ်ငယ်ငယ်လေးကတည်းက ထိန်းလာတာ ဦးလေးလျန် တစ်ခြားသူတွေက အိမ်တော်ရဲ့ အလုပ်သမားတွေပဲ့.... အိမ်တော်မှာ သခင်လေးတစ်ယောက်တိုးလာပြီ သူ့ကိုကျန်းသခင်လေးလို့ ခေါ် "

အလုပ်သမားတွေက နာခံတာမြင်မှ ကျန့်ယွင်ဘက်လှည့်လာပြီး

" ကျန့်ယွင် မင်းလိုတာဦးလေးလျန်ကို ပြောနိုင်တယ်။ "

ကျန့်ယွင်က ခေါင်းငုံရင်း ဦးလေးလျန် ဘက်လှည့်လိုက်သည်။

" အင်း... ဦး ဦးဦးလျန် ကူညီပေးပါဦး "

" ဒါပေါ့ ကျန်းသခင်လေးလိုတာ အားမနာပဲပြောပါ "

ကျန့်ယွင် ပြုံးပြလိုက်ပြီး ရိဖေးကိုကြည့်လိုက်သည်။ ရိဖေးက တစ်ချိန်လုံးသူ့ကို ကြည့်နေခဲ့တယ်။

" စား...ဗိုက်ဆာနေတယ်မလား "

" အွန်း..မင်း လည်းစားလေ "

ရိဖေးက ကျန့်ယွင်စားနေတာကို ကြည့်ရင်းမနေနိုင်စွာ တွေးနေမိတယ်။

အရင်က ကျောင်းကန်တင်းမှာ တစ်ခါမှမစားတဲ့ကောင်လေး...တစ်ခြားသူတွေနဲ့ ရောနှောနေရတာ မကြိုက်ခဲ့ဘူးလို့ထင်ခဲ့တာ။ အမြဲတန်း နာမည်ကြီးစားသောက်ဆိုင်တွေမှာသာ သီးသန့်စားသောက်နေခဲ့တာ မင်းကOmega တစ်ယောက်ဆိုတာ ပေါ်သွားမှာစိုးလို့လား။

အပြုံးအရယ်နည်းခဲ့တာ ဘယ်လိုပြုံးရမယ်မသိခဲ့လို့လား။

" ကျန့်ယွင် မင်းပြုံးလိုက်ရင် အရမ်းလှတယ်ဆိုတာ မသိဘူးလား "

" ဟမ်! .... လှတယ်... လျှောက်မပြောနေနဲ့ စားသာစား "

စူပုတ်ပုတ်နဲ့ ပြန်ပြောလာတဲ့ ကောင်လေးကို အပြစ်မမြင်ရက်ခဲ့ဘူး။

တော်တော်ရက်စက်တဲ့လူတွေ ကျန်းအိမ်တော်က သူတို့လုပ်ရပ်ကို မသိကြဘူးလား။ Omega တစ်ယောက်ကို ဘယ်လိုဖိအားတွေများပေးနိုင်ကြတာလဲ။

တင်း....တောင်....

အိမ်က ဘဲလ် အသံထွက်ပေါ်လာတာမို့ ရိဖေး အိမ်အပြင်ဘက်လှမ်းကြည့်လိုက်သည်။ အလုပ်သမားတစ်ယောက်က တံခါးသွားဖွင့်ပေးပြီးမကြာဘူး။ အထက်တန်းဆန်လှတဲ့ အမျိုးသမီးကြီးတစ်ယောက်ဝင်လာခဲ့သည်။

" အ...အမေ "

" ဟင်း "

အမေ ဖြစ်သူကရိဖေးကို မျက်စောင်းထိုးပြီး တစ်ဖက်က ကျန့်ယွင်ကိုမျက်မှောင်ကြုတ်ကြည့်လိုက်သည်။

ဘယ်နေရာက Omega နဲ့တူလို့လဲ။ သူ့ရဲ့မျက်ဝန်းတွေ...ပြာလဲ့နေတဲ့ မျက်ဝန်းတစ်စုံကလွဲပြီးကျန်တာ Omega နဲ့တစ်စက်မှတောင်မတူဘူး။ ခန္ဓာကိုယ်က သူ့ရဲ့သားထက်ငယ်တယ်ဆိုပေမဲ့ Beta တစ်ယောက်ထက်တော့ မသေးဘူး။ ရုပ်ရည်ကလည်း omegaလို မနူးညံပေမဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်ပင်။

" နင်က ငါ့သားရဲ့ချစ်သူလား "

ကျန့်ယွင် ဖြေဖို့ခက်နေတာကို မြင်တာမို့ အရှေ့ကနေထွက်ပြောလိုက်သည်။

" အမေ ကျန့်ယွင်ကိုခက်ခဲအောင်မလုပ်ပါနဲ့ သူကအခုHeat ဝင်နေတာ "

" ဟမ်...နင်အသက်ဘယ်လောက်ရှိနေပြီလဲ အခုချိန်ထိ heat ဝင်မှာကို ကြိုမတားနိုင်သေးဘူးလား ငယ်ငယ်က Omega နဲ့ပတ်သက်တာမသင်ဖူးဘူးလား...ဟွန့် ငါ့သားကိုလာမြူဆွယ်သေးတယ်။ "

ကျန့်ယွင် သူ့မှာဘာပြောစရာမှရှိမနေဘူး။ သူomega နဲ့ပတ်သက်တာတွေ သင်ခွင့်မရခဲ့ဘူး။ ဘယ်အချိန်heat ဝင်မလဲဆိုတာ ပိုတောင်မသိနိုင်ဘူး။

ငါရိဖေးကို သဘောကျတယ်။ ဒါမဲ့ သူ က ငါ့ကိုသဘောမကျနိုင်ဘူး။ ဒီတိုင်း ဒီတိုင်း သူအရင်နေ့တွေတုန်းကပြောခဲ့သလို 

** ဟက်....ကျန်းကျန့်ယွင် မင်းသိပ်ပြောင်းလဲနေတယ်။ ဒါမဲ့...Omega တစ်ယောက်ဆို သိသွားတော့ အရင်ကစိတ်နဲ့မတူပဲ ငါမင်းကိုထိန်းချုပ်ချင်တယ်။ Heat ကာလပြီးသွားရင် မင်းဘယ်လိုဖြစ်နေမယ် မြင်ချင်တယ်။ အိုး...မင်းရဲ့ချစ်လှစွာသော မိဘတွေပုံကိုရောပေါ့....**

ဒါကြောင့်အမှတ်အသားပေးခဲ့တာ ဖြစ်မယ်။ ငါ့...ကိုသဘောကျတာမဖြစ်နိုင်ပါဘူး။

" ကျွန်တော်...ရိဖေးကို မြူဆွယ်တာမဟုတ်ပါဘူး။ အန်တီ "

ကျန့်ယွင်ပြောပြီးတာနဲ့ ရိဖေးအမေ အနောက်ကနေ ချန်မီလိန် ထွက်လာခဲ့သည်။

" ဘာမြူဆွယ်တာမဟုတ်ဘူးလဲ... အန်တီ သမီးပြောတာမှန်တယ်မလား ဘယ်နားကမှ Omega တစ်ယောက်နဲ့ မတူတာ ရိဖေးကသူ့ကို ဘယ်လိုမှသဘောမကျနိုင်ဘူး။ "

ရိဖေးက သူထိုင်နေတဲ့ ခုန်ကိုခပ်ကြမ်းကြမ်း အနောက်သို့တွန်းဖယ်လိုက်ပြီး

" ဘာလဲ အမေ ကျန့်ယွင်နဲ့သဘောမတူဘူးမလား...ဒါမဲ့ မတတ်နိုင်ဘူး ကျွန်တော်တို့အတူတောင်နေပြီးသွားပြီ သူ့မှာကိုယ်ဝန်ရလာရင် ဘယ်လိုလုပ်မလဲ သူကအခုကုန်းအိမ်တော်နဲ့ ပတ်သက်နေပြီနော် "

ထိုစကားကြောင့် အားလုံးမျက်နှာအရောင်ပြောင်းသွားရသည်။ ကျန့်ယွင်က ရိဖေးဒီလိုကြီး ပြောလိုက်မယ်မထင်ခဲ့ဘူး။ သူကလူကြားထဲ ရှက်လွန်းလို့ အငွေ့တောင်ထွက်မတတ် ဖြစ်နေရှာတယ်။

" ဟွန့် ကောင်းပြီ အားရိ အမေ ဒီမှာတစ်လနေမယ်။ တစ်လအတွင်း အဲ့ကောင်လေး ဘာလုပ်နိုင်မယ်ကြည့်ရသေးတာပေါ့ "

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

16.Jan.22
Saung's

==============================================

ငါ မျမဴဆြယ္ပါဘူး

|| Unicode ||
Chapter - 8

" ဦးေလးလ်န္... သူကဘယ္သူလဲ "

အိမ္ေတာ္ထိန္းဦးေလးလ်န္ကလည္း ဘယ္လိုလုပ္ရမယ္မသိေတာ့ဘူး။ သူတို႔သခင္ေလး အျမန္ျပန္လာဖို႔သာ ဆုေတာင္းေနေတာ့တယ္။

" ဦးေလးလ်န္ ဘာလို႔မေျပာတာလဲ ေဟ့...နင့္ရဲ႕အနံေတြ...ဒီအနံဘာလို႔ရင္းႏွီးေနတာလဲ "

႐ုတ္တရက္ ေျခသံၾကားလိုက္ရၿပီး တံခါးဝကေနရိေဖးတစ္ေယာက္အေျပးဝင္လာခဲ့သည္။ ဦးေလးလ်န္ ကလည္းအခုမွသက္ျပင္းခ်နိဳင္ၿပီး က်န့္ယြင္ကလည္း ရိေဖးကိုအားကိုးတစ္ႀကီးလွမ္းၾကည့္ရွာသည္။

မီလိန္က သူ႕နေဘးကျဖတ္ေျပးသြားတဲ့ ရိေဖးရဲ႕အနံေတြက သူ႕အေရွ႕ကေကာင္ေလးရဲ႕ အနံနဲ႕ဆင္တူေနတာကို သတိထားမိလိုက္သည္။

" နင္တို႔...ရိေဖး...မဟုတ္မွလြဲေရာ နင္သူ႕ကို "

" ဟုတ္တယ္ မီလိန္ ငါသူ႕ကိုအမွတ္အသားေပးထားတယ္။ "

မီလိန္ရဲ႕မ်က္ႏွာက ပိုနီရဲလာၿပီး အသံေတြထိန္းမရေတာ့ပဲ ေအာ္ဟစ္လာသည္။

" အန္တီသိလား.... ရိေဖး ငါေမးေနတယ္ အန္တီသိလားလို႔ "

" အေမသိ မသိ မင္းအလုပ္မဟုတ္ဘူး။ ငါ့မွာအမွတ္အသားေပးထားတဲ့သူ ရွိေနၿပီ မင္းေရွ႕ဆက္တိုးမလာနဲ႕ေတာ့ "

မီလိန္က က်န့္ယြင္အေရွ႕တိုးလာခဲ့ၿပီး မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္တယ္။ သူ႕အၾကည့္ေတြထဲ အရမ္းမနာလိုမုန္းတီးမႈေတြ ႐ြံရွာမႈေတြ ေရာပါေနသည္။

" ရိေဖး အန္တီကသေဘာတူမယ္ထင္လား ငါအန္တီကိုေျပာလိုက္ရင္ ဘယ္လိုလဲ "

ရိေဖးက မ်က္ခုံးကိုပင့္လိုက္ၿပီး နားမလည္သလိုၾကည့္ေနရွာတဲ့ က်န့္ယြင္ကိုစိတ္မပူဖို႔ ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္သည္။

" ေျပာေပါ့ အမွတ္အသားေပးၿပီးၿပီ အေမ ဘာလုပ္နိုင္ေသးလဲ "

" ဟက္ နင္ အရမ္းႏွလုံးသားမဲ့တယ္။ ငါ့ကိုက်ေတာ့ ဘာလို႔လက္မခံရတာလဲ "

ရိေဖး ေခါင္းကိုခါရမ္းလိုက္ၿပီး မဲ့ၿပဳံးနဲ႕အတူေျပာသည္။

" မင္းအေၾကာင္းမင္းသိမွာေပါ့ "

မီလိန္ မ်က္ဝန္းထဲ ထိန့္လန့္မႈတစ္ခ်ိဳ႕ျဖတ္ေျပးသြားၿပီးေနာက္ အျပင္ကိုထြက္သြားေတာ့သည္။ သူမ ထြက္သြားၿပီးမွ ရိေဖးသက္ျပင္းခ်လိဳက္ၿပီး ဦးေလးလ်န္ ကိုေျပာလိုက္သည္။

" ဦးေလးလ်န္ အခုကစ အိမ္ေတာ္အေပၚထပ္ကို ကြၽန္ေတာ္ က်န့္ယြင္ ကျပင္လြဲၿပီးတစ္ေယာက္မွ မတက္ေစနဲ႕ "

" ဟုတ္ကဲ့ သခင္ေလး "

အိမ္ေတာ္ထိန္းအျပင္ထြက္သြားၿပီေနာက္ ရိေဖးက က်န့္ယြင္ကိုဆိုဖာေပၚထိုင္ခိုင္းလိုက္သည္။ Heat ကာလမွာစိတ္ရႈပ္စရာမ်ားတာ မေကာင္းဘူး။

" ကိုယ့္အေမက ကိုယ္နဲ႕သူမကို ငယ္ငယ္ကတည္းက သေဘာတူထားတာ ကိုယ္ေတာ့သေဘာမက်ပါဘူး။ "

က်န့္ယြင္က မရဲတစ္ရဲနဲ႕ ရိေဖးကိုၾကည့္ရွာတယ္။

ငါကသူ႕အတြက္ဘယ္လိုလူလဲ။ ဒီအတိုင္းဘာခံစားခ်က္မွမရွိပဲ သက္သက္အမွတ္အသားေပးထားတဲ့ Omega တစ္ေယာက္လား။ ငါကအရမ္းတုံးတယ္။ သူငါ့ကိုမခ်စ္နိုင္ပါဘူး။

" ေဟး...ဘာၾကည့္တာလဲ ကိုယ့္ကိုေျပာစရာရွိလို႔လား "

" ဟင္ အင္း...ဟို ငါ... "

ငါမေျပာရဲဘူး။ ငါ့ကိုမခ်စ္တာေသခ်ာတယ္။ ခ်စ္တယ္ဆို ဘာလို႔အမွတ္အသားေပးထားတဲ့ လူလို႔ပဲ့ေျပာမွာလဲ။

" ငါ...ဗိုက္ဆာလို႔ "

ရိေဖး ကေၾကာင္ေနရာမွ ထရယ္လိုက္ၿပီး က်န့္ယြင္အေရွ႕ သူ႕လက္ကို ျဖန့္လိုက္သည္။

" လာ... ေအာက္ထပ္ဆင္းမယ္။ ေအာက္မွာစားတာေပါ့ "

က်န့္ယြင္ ေခါင္းၿငိမ့္ရင္း  ရိေဖးလက္ကိုျပန္ကိုင္လိုက္ကာ  အိမ္ေအာက္ထပ္ကိုလိုက္ခဲ့သည္။ ထမင္းစားခန္းမွာ စားစရာေတြကိုအဆင္သင့္ျပင္ထားခဲ့သည္။ က်န့္ယြင္ ရိေဖးနေဘးကခုံမွာထိုင္ရင္း ဘယ္ကစစားရမယ္မသိေတာ့ဘူး။

" က်န့္ယြင္ ကိုယ္မိတ္ဆက္ေပးမယ္ "

က်န့္ယြင္ ေခါင္းကိုေမာ့ၾကည့္ေတာ့ သူ႕အေရွ႕မွာတူညီတဲ့ အဝတ္အစားဝတ္ဆင္ထားတဲ့ အိမ္အလုပ္သမား၇ေယာက္လာရပ္ေနတာကို ေတြ႕လိုက္ရသည္။

ငါ ငါတကယ်ကြ်ီး စားစရာကိုပဲ့ အာ႐ုံစိုက္ေနမိတာပဲ့။ ရိေဖးေတာ့ ငါ့ကိုအထင္ေသးေတာ့မွာ....

" သူကကိုယ္ငယ္ငယ္ေလးကတည္းက ထိန္းလာတာ ဦးေလးလ်န္ တစ္ျခားသူေတြက အိမ္ေတာ္ရဲ႕ အလုပ္သမားေတြပဲ့.... အိမ္ေတာ္မွာ သခင္ေလးတစ္ေယာက္တိုးလာၿပီ သူ႕ကိုက်န္းသခင္ေလးလို႔ ေခၚ "

အလုပ္သမားေတြက နာခံတာျမင္မွ က်န့္ယြင္ဘက္လွည့္လာၿပီး

" က်န့္ယြင္ မင္းလိုတာဦးေလးလ်န္ကို ေျပာနိုင္တယ္။ "

က်န့္ယြင္က ေခါင္းငုံရင္း ဦးေလးလ်န္ ဘက္လွည့္လိုက္သည္။

" အင္း... ဦး ဦးဦးလ်န္ ကူညီေပးပါဦး "

" ဒါေပါ့ က်န္းသခင္ေလးလိုတာ အားမနာပဲေျပာပါ "

က်န့္ယြင္ ၿပဳံးျပလိုက္ၿပီး ရိေဖးကိုၾကည့္လိုက္သည္။ ရိေဖးက တစ္ခ်ိန္လုံးသူ႕ကို ၾကည့္ေနခဲ့တယ္။

" စား...ဗိုက္ဆာေနတယ္မလား "

" အြန္း..မင္း လည္းစားေလ "

ရိေဖးက က်န့္ယြင္စားေနတာကို ၾကည့္ရင္းမေနနိုင္စြာ ေတြးေနမိတယ္။

အရင္က ေက်ာင္းကန္တင္းမွာ တစ္ခါမွမစားတဲ့ေကာင္ေလး...တစ္ျခားသူေတြနဲ႕ ေရာႏွောေနရတာ မႀကိဳက္ခဲ့ဘူးလို႔ထင္ခဲ့တာ။ အၿမဲတန္း နာမည္ႀကီးစားေသာက္ဆိုင္ေတြမွာသာ သီးသန့္စားေသာက္ေနခဲ့တာ မင္းကOmega တစ္ေယာက္ဆိုတာ ေပၚသြားမွာစိုးလို႔လား။

အၿပဳံးအရယ္နည္းခဲ့တာ ဘယ္လိုၿပဳံးရမယ္မသိခဲ့လို႔လား။

" က်န့္ယြင္ မင္းၿပဳံးလိုက္ရင္ အရမ္းလွတယ္ဆိုတာ မသိဘူးလား "

" ဟမ္! .... လွတယ္... ေလွ်ာက္မေျပာေနနဲ႕ စားသာစား "

စူပုတ္ပုတ္နဲ႕ ျပန္ေျပာလာတဲ့ ေကာင္ေလးကို အျပစ္မျမင္ရက္ခဲ့ဘူး။

ေတာ္ေတာ္ရက္စက္တဲ့လူေတြ က်န္းအိမ္ေတာ္က သူတို႔လုပ္ရပ္ကို မသိၾကဘူးလား။ Omega တစ္ေယာက္ကို ဘယ္လိုဖိအားေတြမ်ားေပးနိုင္ၾကတာလဲ။

တင္း....ေတာင္....

အိမ္က ဘဲလ္ အသံထြက္ေပၚလာတာမို႔ ရိေဖး အိမ္အျပင္ဘက္လွမ္းၾကည့္လိုက္သည္။ အလုပ္သမားတစ္ေယာက္က တံခါးသြားဖြင့္ေပးၿပီးမၾကာဘူး။ အထက္တန္းဆန္လွတဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ဝင္လာခဲ့သည္။

" အ...အေမ "

" ဟင္း "

အေမ ျဖစ္သူကရိေဖးကို မ်က္ေစာင္းထိုးၿပီး တစ္ဖက္က က်န့္ယြင္ကိုမ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။

ဘယ္ေနရာက Omega နဲ႕တူလို႔လဲ။ သူ႕ရဲ႕မ်က္ဝန္းေတြ...ျပာလဲ့ေနတဲ့ မ်က္ဝန္းတစ္စုံကလြဲၿပီးက်န္တာ Omega နဲ႕တစ္စက္မွေတာင္မတူဘူး။ ခႏၶာကိုယ္က သူ႕ရဲ႕သားထက္ငယ္တယ္ဆိုေပမဲ့ Beta တစ္ေယာက္ထက္ေတာ့ မေသးဘူး။ ႐ုပ္ရည္ကလည္း omegaလို မႏူးညံေပမဲ့ ၾကည့္ေကာင္းတဲ့႐ုပ္ရည္ပင္။

" နင္က ငါ့သားရဲ႕ခ်စ္သူလား "

က်န့္ယြင္ ေျဖဖို႔ခက္ေနတာကို ျမင္တာမို႔ အေရွ႕ကေနထြက္ေျပာလိုက္သည္။

" အေမ က်န့္ယြင္ကိုခက္ခဲေအာင္မလုပ္ပါနဲ႕ သူကအခုHeat ဝင္ေနတာ "

" ဟမ္...နင္အသက္ဘယ္ေလာက္ရွိေနၿပီလဲ အခုခ်ိန္ထိ heat ဝင္မွာကို ႀကိဳမတားနိုင္ေသးဘူးလား ငယ္ငယ္က Omega နဲ႕ပတ္သက္တာမသင္ဖူးဘူးလား...ဟြန့္ ငါ့သားကိုလာျမဴဆြယ္ေသးတယ္။ "

က်န့္ယြင္ သူ႕မွာဘာေျပာစရာမွရွိမေနဘူး။ သူomega နဲ႕ပတ္သက္တာေတြ သင္ခြင့္မရခဲ့ဘူး။ ဘယ္အခ်ိန္heat ဝင္မလဲဆိုတာ ပိုေတာင္မသိနိုင္ဘူး။

ငါရိေဖးကို သေဘာက်တယ္။ ဒါမဲ့ သူ က ငါ့ကိုသေဘာမက်နိဳင္ဘူး။ ဒီတိုင္း ဒီတိုင္း သူအရင္ေန႕ေတြတုန္းကေျပာခဲ့သလို

** ဟက္....က်န္းက်န့္ယြင္ မင္းသိပ္ေျပာင္းလဲေနတယ္။ ဒါမဲ့...Omega တစ္ေယာက္ဆို သိသြားေတာ့ အရင္ကစိတ္နဲ႕မတူပဲ ငါမင္းကိုထိန္းခ်ဳပ္ခ်င္တယ္။ Heat ကာလၿပီးသြားရင္ မင္းဘယ္လိုျဖစ္ေနမယ္ ျမင္ခ်င္တယ္။ အိုး...မင္းရဲ႕ခ်စ္လွစြာေသာ မိဘေတြပုံကိုေရာေပါ့....**

ဒါေၾကာင့္အမွတ္အသားေပးခဲ့တာ ျဖစ္မယ္။ ငါ့...ကိုသေဘာက်တာမျဖစ္နိုင္ပါဘူး။

" ကြၽန္ေတာ္...ရိေဖးကို ျမဴဆြယ္တာမဟုတ္ပါဘူး။ အန္တီ "

က်န့္ယြင္ေျပာၿပီးတာနဲ႕ ရိေဖးအေမ အေနာက္ကေန ခ်န္မီလိန္ ထြက္လာခဲ့သည္။

" ဘာျမဴဆြယ္တာမဟုတ္ဘူးလဲ... အန္တီ သမီးေျပာတာမွန္တယ္မလား ဘယ္နားကမွ Omega တစ္ေယာက္နဲ႕ မတူတာ ရိေဖးကသူ႕ကို ဘယ္လိုမွသေဘာမက်နိဳင္ဘူး။ "

ရိေဖးက သူထိုင္ေနတဲ့ ခုန္ကိုခပ္ၾကမ္းၾကမ္း အေနာက္သို႔တြန္းဖယ္လိုက္ၿပီး

" ဘာလဲ အေမ က်န့္ယြင္နဲ႕သေဘာမတူဘူးမလား...ဒါမဲ့ မတတ္နိုင္ဘူး ကြၽန္ေတာ္တို႔အတူေတာင္ေနၿပီးသြားၿပီ သူ႕မွာကိုယ္ဝန္ရလာရင္ ဘယ္လိုလုပ္မလဲ သူကအခုကုန္းအိမ္ေတာ္နဲ႕ ပတ္သက္ေနၿပီေနာ္ "

ထိုစကားေၾကာင့္ အားလုံးမ်က္ႏွာအေရာင္ေျပာင္းသြားရသည္။ က်န့္ယြင္က ရိေဖးဒီလိုႀကီး ေျပာလိုက္မယ္မထင္ခဲ့ဘူး။ သူကလူၾကားထဲ ရွက္လြန္းလို႔ အေငြ႕ေတာင္ထြက္မတတ္ ျဖစ္ေနရွာတယ္။

" ဟြန့္ ေကာင္းၿပီ အားရိ အေမ ဒီမွာတစ္လေနမယ္။ တစ္လအတြင္း အဲ့ေကာင္ေလး ဘာလုပ္နိုင္မယ္ၾကည့္ရေသးတာေပါ့ "

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

16.Jan.22
Saung's

==============================================

Continue Reading

You'll Also Like

1.4M 59.4K 95
!!ORIGINAL STORY!! Chae-hee, a Korean woman that escaped her past pains by moving to America. Enjoying her life working hard in a cafe, if she wasn't...
36.5K 1.1K 59
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
510K 933 14
- hubungan terlarang - konten dewasa - nsfw 18+ - pakde x ponakan