Mature Scenes Alert !
မှုန်ပြပြ ပြာလဲ့လဲ့ အလင်းရောင် ဖြာကျနေသော မီးအိမ်တိုင်လေးသည် ဘေးရှိ ကုတင်၏ အရွှေ့အလျောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေရသည်။
"ဟား .. အင်း"
မင်းဆက်သည် သူ့လက်ထဲတွင် ယှက်နွယ် ဝင်ရောက်နေသော ကိုကို့ လက်ချောင်းများကို နှုတ်ခမ်းဖြင့် ဖိကပ်နေရာမှ ခေါင်းအုံးထဲ စိုက်ငိုက်ထားသည့် ဆံနွယ်ခွေများကို လှမ်းရှိုက်လိုက်သည်။
"သိုက် .. ဖြည်းဖြည်း"
ခန့်ဦးရှိန်က သူ့လက်ကို သိုက်ဆီမှ ဖြုတ်ချကာ မျက်နှာအောက်ရှိ ခေါင်းအုံးသို့ ဖျစ်ညှစ်၍ အံကို ကြိတ်မိသည်။ သူ့ကျောပေါ် ထပ်လျက်က သိုက်၏ လှုပ်ရှားမှုများသည် ပြောရခက်သော မရိုးမယွ လှိုက်တုန်ခြင်းကို ဖြစ်ပေါ်စေ၏။ ပြင်းပြင်း ရှုထုတ်သော သိုက်၏ ထွက်သက် နှင့် ယောက်ျားဆန်သော ကိုယ်သင်းနံ့ကြောင့် သူ စိတ်လှုပ်ရှားကာ ရင်တွေ အဆမတန် ခုန်နေသည်။
သိုက်သည် သူ့အတွင်း ဝင်ထွက်နေလျက်မှ ပုခုံးဖျားသို့ အနမ်းတွေ ကြဲချ၍ ဆံပင်ခွေတို့ကို လက်ချောင်းများနှင့် ထိုးဆွ ပွတ်သပ်သည်။ ကွေ့ကောက်နေသော ဆံမျှင်တွေကြား ဦးရေပြားထိ နှာဖျားကို စိုက်ချသည်။ ထို့နောက် လက်ချောင်းများကို ခန့်ဦးရှိန်၏ ဗိုက်မှသည် ပေါင်ကြားတစ်ဝှိုက်အထိ ပွတ်သပ်နေသဖြင့် အသက်ရှုအောင့်ကာ ကိုယ်ကို ကြွပေးမိသည်။ အပြာရောင် အငွေ့အသက်များနှင့် ညအလယ်တွင် သိုက်က သူ့ တစ်ကိုယ်လုံးကို တယုတယ ကိုင်တွယ်နေသည်။
"ကိုကို .. ဟင်း အဆင်ပြေရဲ့လား"
သူ့ နားထင်ကို ပါးပြင်ဖြင့် ပွတ်သပ်မေးတော့ အရှက်သည်း၍ မျက်နှာပင် မဖော်လိုတော့။
"ပြေတယ် .. ခဏ .. အာ့"
ခေါင်းအုံးထဲ မျက်နှာဝှက်၍ ဖြေမိစဉ် ပုခုံးရှိ လျှာဖျားလေး စုန်ချည်ဆန်ချည် လှုပ်ပွတ်နေသည်ကို ခံစားမိသည်။ သူ့အပြောကြောင့် သိုက်က ရပ်တန့်ပေးပြီး ကျောပြင်ကို ဖိကပ်ပွေ့ဖက်ထားသည်။
"နာလို့လား"
"မဟုတ်ဘူး .. ဘာလို့ တစ်ကိုယ်လုံးကို လိုက်ပွတ်နေတာလဲ"
ဆောင့်ဆောင့်အောင့်အောင့် အမေးကို သိုက်က ပုခုံးများ တုန်ခါသည်အထိ ရယ်ပြီး တုံ့ပြန်သည်။
"အရင်တုန်းကလဲ သည်လိုပဲလေ ကိုကိုရဲ့ .. ကျွန်တော့် ယောက်ျား ခန္ဓာကိုယ် ကျွန်တော်ကိုင်တာ ဘာဖြစ်လို့လဲ"
"အရင်တုန်းက ဆိုပေမဲ့"
ကြာပြီ။ သူတို့ အတူမနေဖြစ်သည်မှာ အတန်ကြာပြီ။ နေပြည်တော်က ပြန်လာကတည်းက အကြောင်းအမျိုးမျိုးကြောင့် မနေဖြစ်ခဲ့သည်။ သည်လို အနေအထားနှင့် ပွတ်သပ်မခံရတာလည်း ကြာပြီဖြစ်၍ ခန့်ဦးရှိန် ရင်ထဲ ဝုန်းဒိုင်းကြဲနေသည်။
"ပထမဆုံးအကြိမ်လိုပဲ"
မင်းဆက်က ကိုကို့ ပုခုံးတန်းများကို စိုက်ကြည့်နေရာမှ လက်ဖဝါးနှင့် ဖိကိုင်လိုက်သည်။ ထို့နောက် လျှောတိုက် ပွတ်ဆင်းသွားမိရာ မင်းဆက်နှင့် ကိုကို၏ ဆက်နွယ်မှုမတိုင်ခင် ခါးနေရာမှာ အဆုံးသတ်သည်။
"ဘာလို့ သွယ်သွယ်လေးဖြစ်နေရတာလဲ"
"သိုက် .. မကိုင်နဲ့တော့"
သိသိသာသာ မဟုတ်သော်လည်း Gym ပုံမှန် ဆော့သူ၏ ခါးပီပီ အနည်းငယ် သွယ်ကာ သန်မာကျစ်လျစ်နေသည်။ ယခုလို အချိန်တွင် မွေ့ယာတွင်း နစ်နေသော ကိုကို့ ခန္ဓာကို သူရှင်းလင်းစွာ မြင်ရသည်။ သည်ယောက်ျားဟာ သည်လိုပဲ မိုက်သည်။
"ကိုကို့ကို ထိတာ မကြိုက်ဘူးလား"
သူ အမေး ဆုံးသည်နှင့် ကိုကို့ခေါင်းက ချက်ချင်း လှည့်လာသည်။ ဆံပင်ကောက်များက ချွေးဖြင့် ကပ်၍ မျက်သားများ ရဲကာ မျက်ရည်တို့ စို့နေသည်။
"ဘယ်သူက မကြိုက်ဘူးပြောလို့လဲ .. သည်တိုင်း ရင်ခုန်လို့"
ပြွတ် ..
ခေါင်းပြန်မလှည့်မီ မေးဖျားမှ ဆွဲ၍ ကိုကို့ နှုတ်ခမ်းများကို ငုံ့စုပ်မိသည်။ စင်ဖြူသော လက်မောင်းသားများကို ညှစ်ကိုင်၍ နှုတ်ခမ်းတို့ကို အားထည့်တော့ ကိုကို့ လည်ချောင်းတွင်းမှ ညည်းသံများ တိုးထွက်လာသည်။ ရုတ်တရက် လှုပ်ရှားမှုကို ပြန်စခိုက် ကိုကိုက တုန်ရီကာ သူ့ခံတွင်းထဲမှ မင်းဆက်၏ လျှာဖျားကို ဖမ်းကိုက်မိသည်။ ပြီးမှ မနာကျင်စေရန် သူ့လျှာနှင့် ပြန်လည် ရစ်ယှက်၏။
အဝင်အထွက် စိပ်လာသဖြင့် အသက်ရှုရန် လွှတ်ပေးလိုက်သော နှုတ်ခမ်းများသည် လေကို ဖွင့်ဟ ရှိုက်သွင်းကြသည်။ ကိုကိုက သူ့ ဦးခေါင်းကို ပြန်မလှည့်ဘဲ မင်းဆက်နှင့် နှာဖျားချင်း တိုက်၍ နှုတ်ခမ်းများဟကာ မောဟိုက်နေသည်။ ရင်ခုန်သံများက နားထဲသို့ ဆူညံလောက်သည်အထိ ပြင်းပြသည်။
အနီးကပ် မြင်နေရသော ကိုကို့ မျက်နှာထား၏ ပျော့ပျောင်းမှုတွင် မင်းဆက် အကြည့်မလွှဲနိုင်အောင် ဖြစ်ရသည်။ သူ့ ဆက်ဆံမှုကြောင့် ကိုကိုသည် မျက်ခွံများကို ပိတ်၍ တိုးတိုးဖွဖွ ညည်းသကဲ့သို့ အောက်နှုတ်ခမ်းကို ဖိကြိတ်၍လည်း ခံစား မျောပါတတ်သည်။
လက်ကို ကိုကို့ဗိုက်အောက်လျှို၍ ပြီးဆုံးရန် ကူညီပေးစဉ် ကိုကိုသည် ခေါင်းအုံးကို မျက်နှာပြန်အပ်၍ တသိမ့်သိမ့်တုန်သည်။
"အား .. ပြီးပြီ"
အိပ်ရာခင်းတွင်မက သူ့လက်များပါ ရွှဲသွားချိန်၌ မင်းဆက်လည်း ခရီးဆုံးသို့ ရောက်ရှိခဲ့ပြီ။ လှိုင်းများကဲ့သို့ နိမ့်လှည့် မြင့်လှည့် ဖြစ်နေသော ကိုကို့ ကျောပြင်က တဖြည်းဖြည်းငြိမ်ကျသွားသည်။ မင်းဆက် ဘေးသို့ လှဲချလိုက်ရင်း ပက်လက်လှန်လာသည့် ကိုကို့ကို ဆွဲပွေ့မိသည်။
ကိုကိုက သူ့ရင်ခွင်မှ နေ၍ မော်ကြည့်ချိန်တွင် မင်းဆက် ခေါင်းငုံ့ရာနှင့် ဆိုင်ပြီး နှာထိပ်ချင်း တိုက်မိကြသည်။ ဟိုက်နေသော ကိုကို့ အသက်ငွေ့များကို တိတိကျကျ ခံစားနေရသည်။ မည်သည့် အခါမျှ ဝလင်သည်မရှိအောင် ရှုကြည့်ရာတွင် ကိုကို့က သူ့ နှုတ်ခမ်းများကို မော့နမ်းလာသည်။
"ပြွတ် .. ဟင်း"
ကိုကိုက သူ့နှုတ်ခမ်းများကို တစ်ချက်ချင်း တစ်လွှာချင်း စုပ်ယူ၍ နောက်စေ့သို့ပါ လက်ဖြင့် ထိန်းကိုင်ကာ ဆံစညိုများကို ပွတ်သပ်၍ တရှိုက်မက်မက် နမ်းသည်။ မင်းဆက် ကိုကို့ကျောပြင်ကို ထိန်းကိုင်ပေးရင်း မေးရိုးကို လက်ဖနောင့်ဖြင့် မ,ကာ အနမ်းတို့ကို ပိုမိုသိပ်သည်းစေသည်။ ဖြူကြည်သော မျှင်ငွေတန်းများ ရစ်သိုင်းအောင် ရှိုက်ငင်ပြီးသည့်နောက် ကိုကိုက သူ့ပုခုံးတွင် ခေါင်းကို တင်ကာ နွေးထွေးစွာ ဖက်တွယ်သည်။
"ပြွတ် .. "
မင်းဆက်သည် ပြန်လည် သိုင်းပွေ့ရင်း ကိုကို့လည်တိုင်ကို နှာခေါင်းနှင့် မွှေ့ယမ်းမိသည်။ ကိုကို့ထံမှ ရရှိသော ကိုယ်ရနံ့ဖြစ်သည့် ထိုအနံ့မွှေးမွှေးကို ဘယ်သောအခါမျှ ရှိုက်မဝပါ။
••••
"သားက ကိုကို့လက်တွေ အမွေရထားတယ်"
သိုက်က သူ့လက်ချောင်းများကို နှုတ်ခမ်းနား ဖိကပ်ရင်း ပြုံးကာ ဆိုသည်။ သူ့ လက်ချောင်းများက ယောက်ျားပီသသည်။ လက်ဆစ်များက သိပ်မကြီးသည့်တိုင်အောင် လက်ဖဝါးကလွဲ၍ ကျန်နေရာများက ကြမ်းရှချင်သည်။ ဖမိုးနှင့် လက်ချောင်းများ၏ အကြောတို့တွင် သွေးများ ယှက်ဖြာ စီးဆင်းနေကြောင်း မြင်ရသည်။
"သားလက်က ကြမ်းတယ်ပေါ့"
သိုက်၏ နုထွေးသော လက်ကို ဆုပ်ကိုင်လျက် သူ မေးလျှင် သိုက်ဟာ တိုးတိုးရယ်မောသည်။
"မဟုတ်ပါဘူး ကိုကိုရယ် .. ယောက်ျားဆန်တယ်လို့ပြောချင်တာပါ ... ကျွန်တော်တော့ ကိုကို့လက်တွေ အရမ်းသဘောကျတယ် ။ ကျွန်နော်ကကျ ဘာလို့ ကိုကို့လို မဖြစ်ရတာလဲ"
"မင်းက ငယ်ငယ်လေးကတည်းက ဘာလုပ်ရလို့လဲ ... ခုချိန်ထိ ဆေးထိုးအပ်ပဲ ကိုင်ရတဲ့ လက်လေ .. ငါက သေနတ်တွေ ဓားတွေ ကိုင်ရသေးတယ်"
"ကိုကိုက သေနတ်တွေ ဓားတွေကိုင်ရလို့ လက် မနုတာမဟုတ်ဘူး .. သူများကို အားတိုင်း လက်ပါနေလို့"
ဖြောင်း ..
"အ့"
ပြော၍မှ မဆုံးပါ။ ရင်ခွင်ထဲရှိ ကိုကို့လက်က သူ့နားထင်ကို လှမ်းချပြီးဖြစ်သည်။
"အကြီးကို ပြောချင်အုံး"
"ကိုကိုကလဲ"
"ကိုကိုကလဲ လုပ်မနေနဲ့ ... ချမ်းတယ် ဖက်ထားပေး"
ဆူပွပွ လုပ်ရန် ကြံစဉ်မှာပင် ကိုကို့ကို စောင်နှင့် လုံး၍ ထွေးပွေ့ပေးရသည်။ အဝတ်မဲ့ ကိုယ်ခန္ဓာ နှစ်ခုတွင် ချွေးအချို့ တိတ်နေပြီဖြစ်သော်လည်း ဆောင်းညလယ်ကြီးမို့ ချမ်းချင်သည်။
"ပထမဆုံး အကြိမ်တုန်းက ခံစားချက်ပြောပြ"
ဆိုင်းမဆင့် ဘုံမဆင့် မေးသဖြင့် ခန့်ဦးရှိန်က မျက်မှောင်ကြုံ့၍ မော့ကြည့်မိသည်။
"ဘာကိုလဲ"
"သိရက်သားနဲ့ .. ပြောပြလို့"
သိုက် ပြောပုံဟာ ကလေးတစ်ဦး လိုချင်သည်ကို ပူဆာနေသည့်အတိုင်း ဖြစ်သည်။ ခန့်ဦးရှိန် နှုတ်ခမ်းစွန်းများ လှုပ်၍ ပြုံးမိသည်။
"ရှက်တယ်"
"ရှက်ရအောင် ကျွန်တော်က ဘယ်သူမို့လဲ .. ကိုကို့ သိုက်လေးပဲလေ .. ပြောပြနော်"
သည်ညတော့ သည်မေးခွန်းကို သူရှောင်၍ ရပုံမပေါ်ပါ။ အကြံအိုက်အိုက်နှင့် နဖူးကြောတွန့်သည်အထိ စဉ်းစားမိသည်။ သိုက် မျက်နှာမှာ စူးစိမ်းလိုစိတ်အပြည့်မို့ ငြင်းလည်း မငြင်းချင်တော့ပါ။
"ပထမဆုံးအကြိမ်ဆိုတော့ စိတ်လှုပ်ရှားတာပဲ .. မထင်မှတ်ဘဲ ဖြစ်သွားခဲ့တာလေ .. အင်း ငါလဲ စိတ်အလိုလိုက်ခဲ့မိတာပဲ"
"နောင်တရနေတာလား"
မျက်ဝန်းညိုများက ပြိုတော့မည့် မိုးလို မှိုင်းကျလာသဖြင့် သူ လျှင်မြန်စွာ ရှင်းပြရသည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး .. ကိုကို ပြောချင်တာက သည်လိုကွာ .. အဲ့တုန်းက ငါတို့က ရည်းစားဖြစ်ဖြစ်ချင်း အိပ်မိသွားတာမဟုတ်လား .. ဘယ်လိုပဲ ယောက်ျားလေးချင်းဖြစ်စေဦးတော့ နေပြီးသွားတဲ့အခါမှာ ငါ့ဖက်က စိုးရိမ်စိတ်တော့ရှိခဲ့တာပေါ့"
"ဘာကို စိုးရိမ်တာလဲ .. ကျန်းမာရေးလား"
"မဟုတ်ဘူး .. ငါ စိုးရိမ်တာက မင်း ငါ့ကို အထင်သေးသွားမှာ .. မင်း ထက်အရင် တခြားလူတွေနဲ့လဲ အိပ်ရာပေါ်မှာ ပတ်သတ်ခဲ့ဖူးတယ် ထင်နေမှာကို .. အဲ့အချိန်တုန်းက မင်းက သွေးဆူလွယ်တဲ့ အရွယ်မို့ သည်လို ဖြစ်တာ ပြဿနာမရှိပေမဲ့ ငါကကျ အကြီးဖြစ်ပြီး .. "
သူ ဆက်မပြောလို၍ ဦးခေါင်းကို ငိုက်ချမိသည်။ ထိုအခါ တစ်ချိန်လုံး ငြိမ်နားထောင်နေသည့် သိုက်က သူ့ပါးပြင်များကို ဖိကိုင်၍ မော့စေသည်။
"ကိုကို .. ဘာလို့ .. ဒီလိုတွေ တွေးခဲ့ရတာလဲ"
အဖြေမရှိဘဲ တိတ်ဆိတ်နေသည့် ကိုကို့ကို မြင်ပြီး မင်းဆက် ကိုယ့်အမှားကို သိလာသည်။
"ကိုကို့အမှားမဟုတ်ပါဘူး .. ကျွန်တော် မှားတာပါ ကိုကိုရဲ့"
"မဟုတ်ဘူး .. ငါပြောချင်တာ အဲ့လိုမဟုတ်"
ကိုကို့ နှာတံမြင့်၏ ဘေးသို့ သူ့ နှာခေါင်းထိပ်ဖျားကို ပူးကပ်စေတော့ စကားသံများက တိတိပြတ်သည်။
"ကျွန်တော် အတ္တကြီးခဲ့မိတာ .. ကိုကို့ကို ချစ်လွန်းလို့ အပိုင်သိမ်းခဲ့မိတာ ... ယောက်ျားနှစ်ယောက်ရဲ့ ဆက်ဆံမှုက ဘယ်လောက်ထိ အန္တရာယ်များလဲ သိပြီးတိုင်အောင် ဆရာဝန်ဖြစ်လျက်နဲ့ ကျွန်တော်က .. ကျွန်တော် ကိုကို့ကို သိမ်ငယ်စေခဲ့တာပဲ"
"အဲ့လိုမတွေးစမ်းနဲ့ သိုက် .. မင်းအဲ့လိုပြောတော့ ငါငိုချင်လာပြီ"
ကိုကိုက သူ မျက်နှာကို ကိုင်ကာ အကြည့်ချင်း ဆိုင်စေပြီး ဒေါနှင့် ပြောသည်။ သူကတော့ အမှားလုပ်ထားသူလို မျက်နှာ ငယ်ငယ် ဖြစ်နေပေပြီ။
"ငါပျော်ခဲ့တာက အဓိက သိုက်ရဲ့ .. မင်းနဲ့ ပထမဆုံး အကြိမ်မှာ ငါတကယ်ပျော်ခဲ့တာကွ .. စိုးရိမ်မှုက လူတိုင်းမှာ ရှိတာပါပဲ .. အဲ့စိုးရိမ်ခြင်းကလဲ မင်းနဲ့ ကြာကြာမတွဲရသေးလို့လေ ... မင်းကို ချစ်တဲ့ စိတ် တစ်ခုတည်းနဲ့ အတူနေခဲ့ပြီးတာတောင် ခုချိန်ထိ ငါလုံးဝ နောင်တမရဘူး .. မင်းနဲ့မို့ ငါနောင်တမရတာ ။ ဒါကြောင့် မင်းလဲ အပြစ်ရှိသလို ခံစားနေစရာမလိုဘူး .. ငါတို့ နှစ်ယောက်လုံး ဆန္ဒရှိလို့ နေဖြစ်တာလေ ဘာမှမဖြစ်ဘူး "
"တကယ်လား"
ကိုကိုက ငိုမဲ့မဲ့ ဖြစ်နေသည့် သူ့ မျက်နှာကို ကြည့်ပြီး မချိုမချဉ်ပြုံးသည်။
"တကယ်ပေါ့ .. အရူးလေး ခုကိုငိုတော့မယ်"
"အဟင့်"
ရင်ခွင်ထဲ တိုးဝင်မိတိုင်း နွေးထွေးစွာ ကြိုဆိုခံရစမြဲ။ ခါးကို ဖက်၍ ပုခုံးကြားမှာ ခေါင်းထိုးသော သူ့ကို ကိုကိုက ကျောပြင်လေး ပွတ်သပ်၍ နှစ်သိမ့်ပေးလေသည်။
ခန့်ဦးရှိန်ဟာ သူများလိုက်မမှီနိုင်အောင် ဆိုးတတ်သလောက် သိုက်မင်းဆက်ကို မှီအောင်တော့ ချစ်တတ်ပါသေး၏။
••••
Song for this Extra .
I need feedbacks and your voting kub.
••••
မႈန္ျပျပ ျပာလဲ့လဲ့ အလင္းေရာင္ ျဖာက်ေနေသာ မီးအိမ္တိုင္ေလးသည္ ေဘးရွိ ကုတင္၏ အေ႐ႊ႕အေလ်ာက္ လႈပ္လႈပ္ခတ္ခတ္ ျဖစ္ေနရသည္။
"ဟား .. အင္း"
မင္းဆက္သည္ သူ႕လက္ထဲတြင္ ယွက္ႏြယ္ ဝင္ေရာက္ေနေသာ ကိုကို႔ လက္ေခ်ာင္းမ်ားကို ႏႈတ္ခမ္းျဖင့္ ဖိကပ္ေနရာမွ ေခါင္းအုံးထဲ စိုက္ငိုက္ထားသည့္ ဆံႏြယ္ေခြမ်ားကို လွမ္းရွိုက္လိုက္သည္။
"သိုက္ .. ျဖည္းျဖည္း"
ခန႔္ဦးရွိန္က သူ႕လက္ကို သိုက္ဆီမွ ျဖဳတ္ခ်ကာ မ်က္ႏွာေအာက္ရွိ ေခါင္းအုံးသို႔ ဖ်စ္ညွစ္၍ အံကို ႀကိတ္မိသည္။ သူ႕ေက်ာေပၚ ထပ္လ်က္က သိုက္၏ လႈပ္ရွားမႈမ်ားသည္ ေျပာရခက္ေသာ မရိုးမယြ လွိုက္တုန္ျခင္းကို ျဖစ္ေပၚေစ၏။ ျပင္းျပင္း ရႈထုတ္ေသာ သိုက္၏ ထြက္သက္ ႏွင့္ ေယာက္်ားဆန္ေသာ ကိုယ္သင္းနံ႕ေၾကာင့္ သူ စိတ္လႈပ္ရွားကာ ရင္ေတြ အဆမတန္ ခုန္ေနသည္။
သိုက္သည္ သူ႕အတြင္း ဝင္ထြက္ေနလ်က္မွ ပုခုံးဖ်ားသို႔ အနမ္းေတြ ႀကဲခ်၍ ဆံပင္ေခြတို႔ကို လက္ေခ်ာင္းမ်ားႏွင့္ ထိုးဆြ ပြတ္သပ္သည္။ ေကြ႕ေကာက္ေနေသာ ဆံမွ်င္ေတြၾကား ဦးေရျပားထိ ႏွာဖ်ားကို စိုက္ခ်သည္။ ထို႔ေနာက္ လက္ေခ်ာင္းမ်ားကို ခန႔္ဦးရွိန္၏ ဗိုက္မွသည္ ေပါင္ၾကားတစ္ဝွိုက္အထိ ပြတ္သပ္ေနသျဖင့္ အသက္ရႈေအာင့္ကာ ကိုယ္ကို ႂကြေပးမိသည္။ အျပာေရာင္ အေငြ႕အသက္မ်ားႏွင့္ ညအလယ္တြင္ သိုက္က သူ႕ တစ္ကိုယ္လုံးကို တယုတယ ကိုင္တြယ္ေနသည္။
"ကိုကို .. ဟင္း အဆင္ေျပရဲ႕လား"
သူ႕ နားထင္ကို ပါးျပင္ျဖင့္ ပြတ္သပ္ေမးေတာ့ အရွက္သည္း၍ မ်က္ႏွာပင္ မေဖာ္လိုေတာ့။
"ေျပတယ္ .. ခဏ .. အာ့"
ေခါင္းအုံးထဲ မ်က္ႏွာဝွက္၍ ေျဖမိစဥ္ ပုခုံးရွိ လွ်ာဖ်ားေလး စုန္ခ်ည္ဆန္ခ်ည္ လႈပ္ပြတ္ေနသည္ကို ခံစားမိသည္။ သူ႕အေျပာေၾကာင့္ သိုက္က ရပ္တန႔္ေပးၿပီး ေက်ာျပင္ကို ဖိကပ္ေပြ႕ဖက္ထားသည္။
"နာလို႔လား"
"မဟုတ္ဘူး .. ဘာလို႔ တစ္ကိုယ္လုံးကို လိုက္ပြတ္ေနတာလဲ"
ေဆာင့္ေဆာင့္ေအာင့္ေအာင့္ အေမးကို သိုက္က ပုခုံးမ်ား တုန္ခါသည္အထိ ရယ္ၿပီး တုံ႕ျပန္သည္။
"အရင္တုန္းကလဲ သည္လိုပဲေလ ကိုကိုရဲ႕ .. ကြၽန္ေတာ့္ ေယာက္်ား ခႏၶာကိုယ္ ကြၽန္ေတာ္ကိုင္တာ ဘာျဖစ္လို႔လဲ"
"အရင္တုန္းက ဆိုေပမဲ့"
ၾကာၿပီ။ သူတို႔ အတူမေနျဖစ္သည္မွာ အတန္ၾကာၿပီ။ ေနျပည္ေတာ္က ျပန္လာကတည္းက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေနျဖစ္ခဲ့သည္။ သည္လို အေနအထားႏွင့္ ပြတ္သပ္မခံရတာလည္း ၾကာၿပီျဖစ္၍ ခန႔္ဦးရွိန္ ရင္ထဲ ဝုန္းဒိုင္းႀကဲေနသည္။
"ပထမဆုံးအႀကိမ္လိုပဲ"
မင္းဆက္က ကိုကို႔ ပုခုံးတန္းမ်ားကို စိုက္ၾကည့္ေနရာမွ လက္ဖဝါးႏွင့္ ဖိကိုင္လိုက္သည္။ ထို႔ေနာက္ ေလွ်ာတိုက္ ပြတ္ဆင္းသြားမိရာ မင္းဆက္ႏွင့္ ကိုကို၏ ဆက္ႏြယ္မႈမတိုင္ခင္ ခါးေနရာမွာ အဆုံးသတ္သည္။
"ဘာလို႔ သြယ္သြယ္ေလးျဖစ္ေနရတာလဲ"
"သိုက္ .. မကိုင္နဲ႕ေတာ့"
သိသိသာသာ မဟုတ္ေသာ္လည္း Gym ပုံမွန္ ေဆာ့သူ၏ ခါးပီပီ အနည္းငယ္ သြယ္ကာ သန္မာက်စ္လ်စ္ေနသည္။ ယခုလို အခ်ိန္တြင္ ေမြ႕ယာတြင္း နစ္ေနေသာ ကိုကို႔ ခႏၶာကို သူရွင္းလင္းစြာ ျမင္ရသည္။ သည္ေယာက္်ားဟာ သည္လိုပဲ မိုက္သည္။
"ကိုကို႔ကို ထိတာ မႀကိဳက္ဘူးလား"
သူ အေမး ဆုံးသည္ႏွင့္ ကိုကို႔ေခါင္းက ခ်က္ခ်င္း လွည့္လာသည္။ ဆံပင္ေကာက္မ်ားက ေခြၽးျဖင့္ ကပ္၍ မ်က္သားမ်ား ရဲကာ မ်က္ရည္တို႔ စို႔ေနသည္။
"ဘယ္သူက မႀကိဳက္ဘူးေျပာလို႔လဲ .. သည္တိုင္း ရင္ခုန္လို႔"
ႁပြတ္ ..
ေခါင္းျပန္မလွည့္မီ ေမးဖ်ားမွ ဆြဲ၍ ကိုကို႔ ႏႈတ္ခမ္းမ်ားကို ငုံ႕စုပ္မိသည္။ စင္ျဖဴေသာ လက္ေမာင္းသားမ်ားကို ညွစ္ကိုင္၍ ႏႈတ္ခမ္းတို႔ကို အားထည့္ေတာ့ ကိုကို႔ လည္ေခ်ာင္းတြင္းမွ ညည္းသံမ်ား တိုးထြက္လာသည္။ ႐ုတ္တရက္ လႈပ္ရွားမႈကို ျပန္စခိုက္ ကိုကိုက တုန္ရီကာ သူ႕ခံတြင္းထဲမွ မင္းဆက္၏ လွ်ာဖ်ားကို ဖမ္းကိုက္မိသည္။ ၿပီးမွ မနာက်င္ေစရန္ သူ႕လွ်ာႏွင့္ ျပန္လည္ ရစ္ယွက္၏။
အဝင္အထြက္ စိပ္လာသျဖင့္ အသက္ရႈရန္ လႊတ္ေပးလိုက္ေသာ ႏႈတ္ခမ္းမ်ားသည္ ေလကို ဖြင့္ဟ ရွိုက္သြင္းၾကသည္။ ကိုကိုက သူ႕ ဦးေခါင္းကို ျပန္မလွည့္ဘဲ မင္းဆက္ႏွင့္ ႏွာဖ်ားခ်င္း တိုက္၍ ႏႈတ္ခမ္းမ်ားဟကာ ေမာဟိုက္ေနသည္။ ရင္ခုန္သံမ်ားက နားထဲသို႔ ဆူညံေလာက္သည္အထိ ျပင္းျပသည္။
အနီးကပ္ ျမင္ေနရေသာ ကိုကို႔ မ်က္ႏွာထား၏ ေပ်ာ့ေပ်ာင္းမႈတြင္ မင္းဆက္ အၾကည့္မလႊဲနိုင္ေအာင္ ျဖစ္ရသည္။ သူ႕ ဆက္ဆံမႈေၾကာင့္ ကိုကိုသည္ မ်က္ခြံမ်ားကို ပိတ္၍ တိုးတိုးဖြဖြ ညည္းသကဲ့သို႔ ေအာက္ႏႈတ္ခမ္းကို ဖိႀကိတ္၍လည္း ခံစား ေမ်ာပါတတ္သည္။
လက္ကို ကိုကို႔ဗိုက္ေအာက္လွ်ို၍ ၿပီးဆုံးရန္ ကူညီေပးစဥ္ ကိုကိုသည္ ေခါင္းအုံးကို မ်က္ႏွာျပန္အပ္၍ တသိမ့္သိမ့္တုန္သည္။
"အား .. ၿပီးၿပီ"
အိပ္ရာခင္းတြင္မက သူ႕လက္မ်ားပါ ႐ႊဲသြားခ်ိန္၌ မင္းဆက္လည္း ခရီးဆုံးသို႔ ေရာက္ရွိခဲ့ၿပီ။ လွိုင္းမ်ားကဲ့သို႔ နိမ့္လွည့္ ျမင့္လွည့္ ျဖစ္ေနေသာ ကိုကို႔ ေက်ာျပင္က တျဖည္းျဖည္းၿငိမ္က်သြားသည္။ မင္းဆက္ ေဘးသို႔ လွဲခ်လိဳက္ရင္း ပက္လက္လွန္လာသည့္ ကိုကို႔ကို ဆြဲေပြ႕မိသည္။
ကိုကိုက သူ႕ရင္ခြင္မွ ေန၍ ေမာ္ၾကည့္ခ်ိန္တြင္ မင္းဆက္ ေခါင္းငုံ႕ရာႏွင့္ ဆိုင္ၿပီး ႏွာထိပ္ခ်င္း တိုက္မိၾကသည္။ ဟိုက္ေနေသာ ကိုကို႔ အသက္ေငြ႕မ်ားကို တိတိက်က် ခံစားေနရသည္။ မည္သည့္ အခါမွ် ဝလင္သည္မရွိေအာင္ ရႈၾကည့္ရာတြင္ ကိုကို႔က သူ႕ ႏႈတ္ခမ္းမ်ားကို ေမာ့နမ္းလာသည္။
"ႁပြတ္ .. ဟင္း"
ကိုကိုက သူ႕ႏႈတ္ခမ္းမ်ားကို တစ္ခ်က္ခ်င္း တစ္လႊာခ်င္း စုပ္ယူ၍ ေနာက္ေစ့သို႔ပါ လက္ျဖင့္ ထိန္းကိုင္ကာ ဆံစညိုမ်ားကို ပြတ္သပ္၍ တရွိုက္မက္မက္ နမ္းသည္။ မင္းဆက္ ကိုကို႔ေက်ာျပင္ကို ထိန္းကိုင္ေပးရင္း ေမးရိုးကို လက္ဖေနာင့္ျဖင့္ မ,ကာ အနမ္းတို႔ကို ပိုမိုသိပ္သည္းေစသည္။ ျဖဴၾကည္ေသာ မွ်င္ေငြတန္းမ်ား ရစ္သိုင္းေအာင္ ရွိုက္ငင္ၿပီးသည့္ေနာက္ ကိုကိုက သူ႕ပုခုံးတြင္ ေခါင္းကို တင္ကာ ေႏြးေထြးစြာ ဖက္တြယ္သည္။
"ႁပြတ္ .. "
မင္းဆက္သည္ ျပန္လည္ သိုင္းေပြ႕ရင္း ကိုကို႔လည္တိုင္ကို ႏွာေခါင္းႏွင့္ ေမႊ႕ယမ္းမိသည္။ ကိုကို႔ထံမွ ရရွိေသာ ကိုယ္ရနံ႕ျဖစ္သည့္ ထိုအနံ႕ေမႊးေမႊးကို ဘယ္ေသာအခါမွ် ရွိုက္မဝပါ။
••••
"သားက ကိုကို႔လက္ေတြ အေမြရထားတယ္"
သိုက္က သူ႕လက္ေခ်ာင္းမ်ားကို ႏႈတ္ခမ္းနား ဖိကပ္ရင္း ၿပဳံးကာ ဆိုသည္။ သူ႕ လက္ေခ်ာင္းမ်ားက ေယာက္်ားပီသသည္။ လက္ဆစ္မ်ားက သိပ္မႀကီးသည့္တိုင္ေအာင္ လက္ဖဝါးကလြဲ၍ က်န္ေနရာမ်ားက ၾကမ္းရွခ်င္သည္။ ဖမိုးႏွင့္ လက္ေခ်ာင္းမ်ား၏ အေၾကာတို႔တြင္ ေသြးမ်ား ယွက္ျဖာ စီးဆင္းေနေၾကာင္း ျမင္ရသည္။
"သားလက္က ၾကမ္းတယ္ေပါ့"
သိုက္၏ ႏုေထြးေသာ လက္ကို ဆုပ္ကိုင္လ်က္ သူ ေမးလွ်င္ သိုက္ဟာ တိုးတိုးရယ္ေမာသည္။
"မဟုတ္ပါဘူး ကိုကိုရယ္ .. ေယာက္်ားဆန္တယ္လို႔ေျပာခ်င္တာပါ ... ကြၽန္ေတာ္ေတာ့ ကိုကို႔လက္ေတြ အရမ္းသေဘာက်တယ္ ။ ကြၽန္ေနာ္ကက် ဘာလို႔ ကိုကို႔လို မျဖစ္ရတာလဲ"
"မင္းက ငယ္ငယ္ေလးကတည္းက ဘာလုပ္ရလို႔လဲ ... ခုခ်ိန္ထိ ေဆးထိုးအပ္ပဲ ကိုင္ရတဲ့ လက္ေလ .. ငါက ေသနတ္ေတြ ဓားေတြ ကိုင္ရေသးတယ္"
"ကိုကိုက ေသနတ္ေတြ ဓားေတြကိုင္ရလို႔ လက္ မႏုတာမဟုတ္ဘူး .. သူမ်ားကို အားတိုင္း လက္ပါေနလို႔"
ေျဖာင္း ..
"အ့"
ေျပာ၍မွ မဆုံးပါ။ ရင္ခြင္ထဲရွိ ကိုကို႔လက္က သူ႕နားထင္ကို လွမ္းခ်ၿပီးျဖစ္သည္။
"အႀကီးကို ေျပာခ်င္အုံး"
"ကိုကိုကလဲ"
"ကိုကိုကလဲ လုပ္မေနနဲ႕ ... ခ်မ္းတယ္ ဖက္ထားေပး"
ဆူပြပြ လုပ္ရန္ ႀကံစဥ္မွာပင္ ကိုကို႔ကို ေစာင္ႏွင့္ လုံး၍ ေထြးေပြ႕ေပးရသည္။ အဝတ္မဲ့ ကိုယ္ခႏၶာ ႏွစ္ခုတြင္ ေခြၽးအခ်ိဳ႕ တိတ္ေနၿပီျဖစ္ေသာ္လည္း ေဆာင္းညလယ္ႀကီးမို႔ ခ်မ္းခ်င္သည္။
"ပထမဆုံး အႀကိမ္တုန္းက ခံစားခ်က္ေျပာျပ"
ဆိုင္းမဆင့္ ဘုံမဆင့္ ေမးသျဖင့္ ခန႔္ဦးရွိန္က မ်က္ေမွာင္ႀကဳံ႕၍ ေမာ့ၾကည့္မိသည္။
"ဘာကိုလဲ"
"သိရက္သားနဲ႕ .. ေျပာျပလို႔"
သိုက္ ေျပာပုံဟာ ကေလးတစ္ဦး လိုခ်င္သည္ကို ပူဆာေနသည့္အတိုင္း ျဖစ္သည္။ ခန႔္ဦးရွိန္ ႏႈတ္ခမ္းစြန္းမ်ား လႈပ္၍ ၿပဳံးမိသည္။
"ရွက္တယ္"
"ရွက္ရေအာင္ ကြၽန္ေတာ္က ဘယ္သူမို႔လဲ .. ကိုကို႔ သိုက္ေလးပဲေလ .. ေျပာျပေနာ္"
သည္ညေတာ့ သည္ေမးခြန္းကို သူေရွာင္၍ ရပုံမေပၚပါ။ အႀကံအိုက္အိုက္ႏွင့္ နဖူးေၾကာတြန႔္သည္အထိ စဥ္းစားမိသည္။ သိုက္ မ်က္ႏွာမွာ စူးစိမ္းလိုစိတ္အျပည့္မို႔ ျငင္းလည္း မျငင္းခ်င္ေတာ့ပါ။
"ပထမဆုံးအႀကိမ္ဆိုေတာ့ စိတ္လႈပ္ရွားတာပဲ .. မထင္မွတ္ဘဲ ျဖစ္သြားခဲ့တာေလ .. အင္း ငါလဲ စိတ္အလိုလိုက္ခဲ့မိတာပဲ"
"ေနာင္တရေနတာလား"
မ်က္ဝန္းညိုမ်ားက ၿပိဳေတာ့မည့္ မိုးလို မွိုင္းက်လာသျဖင့္ သူ လွ်င္ျမန္စြာ ရွင္းျပရသည္။
"မဟုတ္ပါဘူး မဟုတ္ပါဘူး .. ကိုကို ေျပာခ်င္တာက သည္လိုကြာ .. အဲ့တုန္းက ငါတို႔က ရည္းစားျဖစ္ျဖစ္ခ်င္း အိပ္မိသြားတာမဟုတ္လား .. ဘယ္လိုပဲ ေယာက္်ားေလးခ်င္းျဖစ္ေစဦးေတာ့ ေနၿပီးသြားတဲ့အခါမွာ ငါ့ဖက္က စိုးရိမ္စိတ္ေတာ့ရွိခဲ့တာေပါ့"
"ဘာကို စိုးရိမ္တာလဲ .. က်န္းမာေရးလား"
"မဟုတ္ဘူး .. ငါ စိုးရိမ္တာက မင္း ငါ့ကို အထင္ေသးသြားမွာ .. မင္း ထက္အရင္ တျခားလူေတြနဲ႕လဲ အိပ္ရာေပၚမွာ ပတ္သတ္ခဲ့ဖူးတယ္ ထင္ေနမွာကို .. အဲ့အခ်ိန္တုန္းက မင္းက ေသြးဆူလြယ္တဲ့ အ႐ြယ္မို႔ သည္လို ျဖစ္တာ ျပႆနာမရွိေပမဲ့ ငါကက် အႀကီးျဖစ္ၿပီး .. "
သူ ဆက္မေျပာလို၍ ဦးေခါင္းကို ငိုက္ခ်မိသည္။ ထိုအခါ တစ္ခ်ိန္လုံး ၿငိမ္နားေထာင္ေနသည့္ သိုက္က သူ႕ပါးျပင္မ်ားကို ဖိကိုင္၍ ေမာ့ေစသည္။
"ကိုကို .. ဘာလို႔ .. ဒီလိုေတြ ေတြးခဲ့ရတာလဲ"
အေျဖမရွိဘဲ တိတ္ဆိတ္ေနသည့္ ကိုကို႔ကို ျမင္ၿပီး မင္းဆက္ ကိုယ့္အမွားကို သိလာသည္။
"ကိုကို႔အမွားမဟုတ္ပါဘူး .. ကြၽန္ေတာ္ မွားတာပါ ကိုကိုရဲ႕"
"မဟုတ္ဘူး .. ငါေျပာခ်င္တာ အဲ့လိုမဟုတ္"
ကိုကို႔ ႏွာတံျမင့္၏ ေဘးသို႔ သူ႕ ႏွာေခါင္းထိပ္ဖ်ားကို ပူးကပ္ေစေတာ့ စကားသံမ်ားက တိတိျပတ္သည္။
"ကြၽန္ေတာ္ အတၱႀကီးခဲ့မိတာ .. ကိုကို႔ကို ခ်စ္လြန္းလို႔ အပိုင္သိမ္းခဲ့မိတာ ... ေယာက္်ားႏွစ္ေယာက္ရဲ႕ ဆက္ဆံမႈက ဘယ္ေလာက္ထိ အႏၲရာယ္မ်ားလဲ သိၿပီးတိုင္ေအာင္ ဆရာဝန္ျဖစ္လ်က္နဲ႕ ကြၽန္ေတာ္က .. ကြၽန္ေတာ္ ကိုကို႔ကို သိမ္ငယ္ေစခဲ့တာပဲ"
"အဲ့လိုမေတြးစမ္းနဲ႕ သိုက္ .. မင္းအဲ့လိုေျပာေတာ့ ငါငိုခ်င္လာၿပီ"
ကိုကိုက သူ မ်က္ႏွာကို ကိုင္ကာ အၾကည့္ခ်င္း ဆိုင္ေစၿပီး ေဒါႏွင့္ ေျပာသည္။ သူကေတာ့ အမွားလုပ္ထားသူလို မ်က္ႏွာ ငယ္ငယ္ ျဖစ္ေနေပၿပီ။
"ငါေပ်ာ္ခဲ့တာက အဓိက သိုက္ရဲ႕ .. မင္းနဲ႕ ပထမဆုံး အႀကိမ္မွာ ငါတကယ္ေပ်ာ္ခဲ့တာကြ .. စိုးရိမ္မႈက လူတိုင္းမွာ ရွိတာပါပဲ .. အဲ့စိုးရိမ္ျခင္းကလဲ မင္းနဲ႕ ၾကာၾကာမတြဲရေသးလို႔ေလ ... မင္းကို ခ်စ္တဲ့ စိတ္ တစ္ခုတည္းနဲ႕ အတူေနခဲ့ၿပီးတာေတာင္ ခုခ်ိန္ထိ ငါလုံးဝ ေနာင္တမရဘူး .. မင္းနဲ႕မို႔ ငါေနာင္တမရတာ ။ ဒါေၾကာင့္ မင္းလဲ အျပစ္ရွိသလို ခံစားေနစရာမလိုဘူး .. ငါတို႔ ႏွစ္ေယာက္လုံး ဆႏၵရွိလို႔ ေနျဖစ္တာေလ ဘာမွမျဖစ္ဘူး "
"တကယ္လား"
ကိုကိုက ငိုမဲ့မဲ့ ျဖစ္ေနသည့္ သူ႕ မ်က္ႏွာကို ၾကည့္ၿပီး မခ်ိဳမခ်ဥ္ၿပဳံးသည္။
"တကယ္ေပါ့ .. အ႐ူးေလး ခုကိုငိုေတာ့မယ္"
"အဟင့္"
ရင္ခြင္ထဲ တိုးဝင္မိတိုင္း ေႏြးေထြးစြာ ႀကိဳဆိုခံရစၿမဲ။ ခါးကို ဖက္၍ ပုခုံးၾကားမွာ ေခါင္းထိုးေသာ သူ႕ကို ကိုကိုက ေက်ာျပင္ေလး ပြတ္သပ္၍ ႏွစ္သိမ့္ေပးေလသည္။
ခန႔္ဦးရွိန္ဟာ သူမ်ားလိုက္မမွီနိုင္ေအာင္ ဆိုးတတ္သေလာက္ သိုက္မင္းဆက္ကို မွီေအာင္ေတာ့ ခ်စ္တတ္ပါေသး၏။
••••
Song for this Extra .
I need feedbacks and your voting kub.
••••