" သခင်လေး !!!.. သခင်လေး "
မနက်စောစောစီးစီး အခန်းရှေ့တံခါးလာခေါက်လာနေတဲ့ မိလှိုင်ကြောင့် အရင်နိုးလာသူက လွန်းတာနေဆန်းပင်....ဘေးနားက ဟန်နရီကတော့ တချက်လေးတောင် သိမဲ့ပုံပင်မရ လွန်းရဲ့ခါးကိုဖက်ထားကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်
" ဟိတ်လူ...အခန်းရှေ့မှာ မိလှိုင်ခေါ်နေတယ် သွားကြည့်လိုက်အုံး "
ဒီတိုင်းနှိုးရင် မထမှန်းသိတာကြောင့် လွန်းက ဟန်နရီရဲ့ပါးကို ခပ်ဖွဖွလေးဆွဲလိမ်ကာ နှိုးနေရသည်...
" ထတော့လို့....အခန်းရှေ့မှာ မိလှိုင်ခေါ်နေတယ် "
" အချစ်ကလဲ အစောကြီးပဲရှိသေးတာကို မထချင်သေးဘူး "
" မထလို့မရဘူး သူများခေါ်နေတယ်လေ "
"......."
" ကိုကို !! ကျတော်စိတ်တိုလာပီနော် "
" အဲ့တာဆိုလဲ ထမယ် "
" မြန်မြန်ထပီး သွားကြည့်အုံး "
" ကိုကိုလို့ခေါ်လို့ထတာနော် မဟုတ်ရင် မထဘူး "
" ကဲပါ အင်္ကျီအမြန်၀တ်ပီး သွားတော့ သူများခေါ်နေတာကြာနေပီ "
" ဒီတိုင်းသွားတော့ ဘာဖြစ်လို့လဲ "
" အပေါ်ပိုင်းအင်္ကျီချွတ်ကြီးနဲ့သွားမလို့လား ? ခင်ဗျားနော် "
" အချစ်က ကိုယ့်ကိုသ၀န်တိုတာလား "
" မတိုပါဘူး "
" မတိုရင် မသွားဘူးကွာ ပြန်အိပ်တော့မယ် "
လိုချင်တာမရမချင်း ဂျီတိုက်နေတဲ့ကလေးတယောက်လို ပြုမူနေတာကြောင့် မနက်စောစောစီးစီး စိတ်တိုရပြန်တယ်...ကျတော့်ကို အရွဲ့တိုက်ပီး ပြန်လှဲအိပ်နေတဲ့သူကို ကျတော်လဲမနိုင်တာကြောင့် သူ့ပါးလေးကို မနက်ခင်းအနမ်းပေးပီးပဲ ဆုံးမလိုက်ရတော့တယ်...
သူ့ကိုအနိုင်ယူနိုင်တာဆိုလို့ ဒါပဲရှိတာလေ
" ဟုတ်ပါတယ် ခင်ဗျားကိုသ၀န်တိုလို့ပါ...မျက်နှာကြီးဆူပုတ်မနေနဲ့တော့ "
" အဲ့တာဆို ကိုယ့်ကိုချစ်လား "
" ချစ်တယ် "
" ကိုယ်က ပိုချစ်တယ် "
သူကြားချင်တဲ့စကားကြားမှပဲ အင်္ကျီအမြန်ကောက်၀တ်ကာ အခန်းရှေ့ထွက်သွားတော့တယ်...လူဂွစာကို ချစ်သူတော်ထားရတာလဲ မလွယ်လှပါလား.....
" ဘာကိစ္စလဲ မိလှိုင် "
" သခင်လေးဆီ ဖုန်း၀င်လာလို့ပါ "
" ဘယ်သူမို့လို့ ငါ့ဖုန်းကိုမဆက်ပဲ အိမ်ကဖုန်းကိုလာဆက်နေတာလဲ "
" အဲ့တာတော့ မိလှိုင်လဲမသိလို့ပါသခင်လေး....ဟိုဘက်ကလူက ဗစ်တာကို ခေါ်ပေးလို့ပဲပြောတာပါ "
" ဘာ!!! ဗစ်တာ? "
" ဟုတ် "
တဖက်ကဖုန်းဆက်တဲ့လူ ဘယ်သူမှန်းသိသွားတာကြောင့် ဟန်နရီ အိမ်တော်ရဲ့အောက်ထပ်ကို အမြန်ပြေးဆင်းသွားလိုက်သည်
ပီးမှ ပတ်၀န်းကျင်အခြေအနေကို အကဲခတ်လိုက်ပီး ဖုန်းကိုကောက်ကိုင်လိုက်သည်
အချိန်အတော်ကြာ ဖုန်းပြောပီးနောက် လေးလံတဲ့ခြေလှမ်းတွေနဲ့ ဟန်နရီ သူ့အခန်းထဲရှိရာကို ပြန်တတ်လာခဲ့သည်...လှေကားထိပ်မှာ လမ်းပိတ်ပီး ရပ်နေတဲ့ အမ်မလီကြောင့် ဟန်နရီပိုစိတ်ရှုပ်သွားပုံရသည်...ဟန်နရီရဲ့ အကြည့်တွေက ပိုစူးရှလျှက်....
" ကိုကို့မျက်နှာလဲမကောင်းပါလား ခုနကဘယ်သူနဲ့ဖုန်းပြောနေတာလဲ "
" ဘာလို့ ငါ့ကိစ္စတွေကိုအရမ်းစိတ်၀င်စားနေရတာလဲ "
" ကိုကိုနဲ့ လက်ထပ်ရမဲ့သူပဲလေ ဒီလောက်တော့သိထားသင့်တယ်မှတ်လား "
" အဟက်...မင်းကရယ်စရာတော့ကောင်းသားပဲ မင်းလဲငါ့ကိုမချစ်ဘူးမှတ်လား ဟမ် "
" ကိုကိုကော လီလီ့ကိုချစ်လို့လား "
" အပိိုစကားတွေမပြောပဲငါ့ရှေ့ကဖယ်လိုက်တော့ "
" ဖယ်မှာပါ ကိုကိုရဲ့စိတ်တွေ ဘယ်အချိန်ထိတောင့်ခံနိိင်အုံးမလဲဆိုတာ လီလီစောင့်ကြည့်နေမယ် "
မဲ့ပြုံးလေးတချက်သာပြုံးသွားပီး ဂရုမစိုက်ပဲထွက်သွားတဲ့ဟန်နရီကို အမ်မလီအံကြိတ်ကာ မျက်စောင်းထိုးကြည့်လိုက်သည်..ဟန်နရီနား ရန်သူတွေပေါများလှပါဘိ....
ဖုန်းပြောပီးထဲက မျက်နှာမကောင်းပဲ၀င်လာတဲ့ ကျတော့်လူကြီးကိုသေချာအကဲခတ်ပီး အခြေအနေစောင့်ကြည့်နေလိုက်တယ် ...သူ့ဘက်ကတခုခုပြောပြမလားဆိုပီး မျှော်လင့်မိပေမဲ့ ဘာစကားမှထွက်မလာတောင်ကြောင့် သိချင်စိတ်တွေက ပိုပီးပြင်းထန်လာတယ် ကျတော့်ကိုချစ်တယ်သာပြောတာ အခုထိသူ့အကြောင်းနဲ့ပတ်သတ်ပီး ဘာတခုမှမပြောဖူးတာကြောင့် တခါတလေမှာလဲနည်းနည်းတော့ခံစားရတာပေါ့
" ကိုယ့်ကို ဘာလို့အဲ့လောက်စိုက်ကြည့်နေတာလဲ အချစ်"
" ခင်ဗျား ခုနက ဖုန်းသွားပြောတာမှတ်လား "
" အင်း "
" ဘယ်သူနဲ့လဲ "
" .........."
" ရပါတယ် ခင်ဗျားအဆင်မပြေရင်လဲ မမေးတော့ဘူး "
" ကိုယ် အချစ်ကို ခဏလောက်ဒီမှာ ထားခဲ့ရအုံးမယ်ထင်တယ် "
" ဟင် အဲ့တာဘာကိုဆိုလိုတာလဲ "
" ဒီစကားကိုပြောဖို့ အင်အားမရှိပေမဲ့ ကို Switzerlandကိုပြန်သွားရအုံးမယ် "
" ဘယ်လောက်တောင် ကြာမှာလဲ "
" 2လလောက်ပါပဲ "
" 2လ? ကျတော့်ကို 2လတောင်ထားခဲ့အုံးမယ်ပေါ့ "
" ကို ဘယ်လိုမှမသွားမဖြစ်လို့ပါအချစ်ရယ် ကိုယ်ဘယ်လောက်ထိခံစားနေရလဲကောသိရဲ့လား "
" ကျတော်ကကော မခံစားရဘူးလို့ထင်နေတာလား....ခင်ဗျားပဲကျတော့်ကို အမြဲထားခဲ့နေတာ ငယ်ငယ်ကလဲ ခင်ဗျားကျတော့်ကို 10နှစ်ကျော်လောက်ထိ ထားသွားခဲ့တာပဲလေ "
" ကိုလဲဘယ်လိုမှအဆင်ပြေမနေဘူး ကိုက အချစ်အနားကနေ ခဏလေးတောင် မခွဲချင်တဲ့ကောင်ပါ အခုက ကိုယ့်အတွက်အရမ်းခက်ခဲနေတဲ့အခြေအနေဖြစ်လို့ပါ အချစ်ရယ် ကိုယ့်ကိုနားလည်ပေးပါ "
" ခင်ဗျား ကျတော့်ကိုမေ့ပီး ပြန်မလာတော့ရင်ဘယ်လိုလုပ်မလဲ "
" အဲ့စကားက ကိုပြောရမှာပါအချစ်ရယ် ကိုသွားနေတဲ့အချိန်အတွင်း ချာတိတ်ရဲ့စိတ်တွေ တခြားသူပေါ်ရောက်သွားမှာ ကိုအရမ်းကြောက်နေတာပါ "
" ကျတော့်ရဲ့အချစ်တွေက အဲ့လောက်လွယ်ကူမယ်ထင်နေတာလား ခင်ဗျားက ကျတော့်ရဲ့အချစ်ဦးဆိုတာ မမေ့နဲ့ ကျတော်ကသာ ခင်ဗျားရဲ့ အချစ်ဦးမဖြစ်ခဲ့တာ "
" အချစ်က ကို့ရဲ့ရည််းစားဦးမဟုတ်ပေမဲ့ အချစ်ဦးက လွန်းတာနေဆန်းဆိုတဲ့ အချစ်တယောက်ပဲရှိတာပါ "
" အဲ့တာတွေကျတော်မသိဘူး ကျတော်သိတာ ခင်ဗျားကျတော့်ကို ထားခဲ့တော့မယ်ဆိုတာပဲ "
" ကိုယ့်ကို စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့အချစ်ရယ် အခုချိန်မှာ ကို့အတွက် အရမ်းခက်ခဲနေတဲ့အချိန်ပါ "
" အင်းပါ ခင်ဗျားမှာလဲအရေးကြီးတဲ့ ကိစ္စရှိနေလို့နေမှာပေါ့
2လပြည့်ရင်တော့ ကျတော့်ဆီပြန်လာမယ်မှတ်လားဟင် "
" အချစ်ဆီကိုပဲပြန်လာမှာပါ အဲ့ကျရင်တော့ အချစ်ကို ထားမသွားတော့ဘူး ကိုဟိုမှာ ကိစ္စတွေတခါထဲရှင်းပစ်တော့မယ် "
" ကျတော် ဘွဲ့ယူရင် ခင်ဗျားနဲ့ပဲအတူတူရှိချင်တာနော် "
" ကို့ကလေးက အတွေးတွေလွန်နေပါပီကွာ....အချစ်ဘွဲ့မယူခင် ကိုပြန်လာမှာလေ 2လပဲကြာမှာပါကွာ "
" ဟိုမှာ ကောင်မလေး/ကောင်လေးချောချောလေးတွေကို ငမ်းဖို့မကြံနဲ့နော် "
" ဘာလဲ ကို့ကို သ၀န်တိုတာလား "
" ဟုတ်တယ် သ၀န်တိုနေတာ ဟောဒီက ခင်ဗျားကို...."
" ကို့မှာ အချစ်တယောက်ထဲနဲ့တင် လုံလောက်နေပါပီ "
ကျတော့်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ အချစ်ရဲ့နှုတ်ခမ်းလေးကို ခွင့်မတောင်းပဲ အပိုင်သိမ်းလိုက်တယ် ဒီနှုတ်ခမ်းလေးက ကိုယ့်အပိုင်လေ...တသတ်လုံး အမြဲပိုင်ချင်မိနေတာပါပဲ အချစ်ရယ်...
အချိန်အတော်ကြာ နှုတ်ခမ်းလေးကိုစိတ်ကြိုက်နမ်းရှုံ့ပီးနောက် ဟန်နရီက လွန်းရဲ့ T-shirtထဲလက်၀င်ကာ ဗိုက်သားဖွေးဖွေးလေးတွေပေါ်တဲ့ထိ ဆွဲတင်လိုက်သည်....
" ဟင်......ဒါဘာတွေလဲ "
" ဘာမှမဟုတ်ဘူး "
" ဒီဘက်ကို ပြန်လှည့်စမ်း လွန်း!!! အဲ့ဗိုက်ပေါ်က ဘာတွေလဲ "
" ဘာမှမဟုတ်ဘူး ကျတော် ချော်လဲထားလို့ "
" ကို့ကို ငတုံးလို့များထင်နေတာလား ဒီဘက်ကို အခုချက်ချင်းလှည့် "
" ဟင့်အင်း "
သူ့ကိုကျောပေးကာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ လွန်းကို ဟန်နရီပွေ့ချီကာ သူ့ပေါင်ပေါ်တင်ပီး လွန်းရဲ့ အင်္ကျီကိုဆွဲချွတ်လိုက်သည်...အရင်ထဲက အသားဖြူတဲ့ကလေးဖြစ်တာကြောင့် ဗိုက်ပေါ်က ခရမ်းရောင်ထပီး ညိုမဲစွဲနေတဲ့ ဒဏ်ရာက ထင်းနေသည်..
" တောက်!!!!! ဒါဘယ်သူလုပ်တာလဲ "
" ဘယ်သူမှမလုပ်ဘူး ကျတော်ချော်လဲထားတာ "
" အခုချက်ချင်း ဘယ်ကောင်လုပ်လဲဆိုတာပြောနော် ကိုယ့်စိတ်တွေ မပေါက်ကွဲခင် အချစ်ပြောပြတာပိုကောင်းလိမ့်မယ် "
" ............"
" မြန်မြန်ပြောနော် လွန်းတာနေဆန်း!!!! ငါ့ဘာသာစုံစမ်းပီး လုပ်တဲ့ကောင်ကို သွားသတ်ရမလား "
ဟန်နရီက လွန်းရဲ့မျက်လုံးကို စိုက်ကြည့်ကာ အော်ပြောလိုက်တာကြောင့် ၀မ်းနည်းလွယ်တဲ့ ကလေးကတော့ ချက်ချင်းပင် မျက်ရည်လေးတွေကျလာပါတော့တယ် ဟန်နရီက စိတ်ဆိုးတိုင်း ကြောက်စရာကောင်းတာကြောင့် ပိုပီးခံစားသွားရပုံပင်...
" ကိုယ့်စိတ်တွေသည်းမခံနိုင်တော့ဘူးနော် လွန်းတာနေဆန်း!!!! ဟောဒီက ဒဏ်ရာတွေက ဘယ်ကောင်လုပ်တာလဲဆိုတာ ချက်ချင်းပြော "
" အစ်မလီလီ "
" ဘာ!!!!! "
" ကျတော် အသုံးမကျလို့ဖြစ်တာပါ အစ်မကိုဘာမှသွားမပြောပါနဲ့နော် "
" အချစ်ကို ဒီဒဏ်ရာရအောင် ဘယ်လိုလုပ်တာလဲ "
" ......."
" ထပ်ပီး နှုတ်ဆိတ်နေရင် ဒီအိမ်မှာတင် လူသတ်မှုဖြစ်သွားမယ်ထင်တယ် "
" ခင်ဗျားဘာလို့ သတ်မယ်ဆိုတဲ့စကားတွေချည်းပြောနေရတာလဲ ဘာလို့ ကျတော်အမုန်းဆုံးစကားကိုမှ ရွေးပြောနေရတာလဲ "
" ခုနကမေးခွန်းကိုသာ ချက်ချင်းဖြေ ကိုယ့်စိတ်တွေပေါက်ကွဲမိလိမ့်မယ်နော် "
" ကျတော် အစ်မအင်္ကျီကိုမီးပူတိုက်ပေးတာ မီးကျွမ်းသွားလို့ ကျတော့်ဗိုက်ကို အစ်မက မီးပူနဲ့ကပ်လိုက်တာ"
" ဘာ!!!!! မီးပူနဲ့ကပ်တယ် ??? ဒီစောက်ခွေးမ!!"
" ဟင့်အင်း ကျတော်အသုံးမကျလို့ဖြစ်တာပါ အစ်မကို ဘာမှသွားမပြောပါနဲ့နော် "
" လွန်းတာနေဆန်း!!!! မင်း ဘယ်အချိန်ထိ ငြိမ်ခံနေမှာလဲ ငါမင်းကို ဘယ်နှခါများ ပင်ပင်ပန်းပန်းတွေလုပ်ခိုင်းလို့လဲ ဟမ်!! ဘယ်တုန်းကများ အသားနာကျင်အောင်လုပ်ခဲ့ဖူးလို့လဲ ? ငါတောင်မလုပ်တာ တခြားသူစိမ်းဆိုပို၀ေးသေး မင်းကို မျက်လုံးနဲ့စိုက်ကြည့်တာတောင် ငါမကြိုက်ဘူးရှင်းလား!! "
" ဒီဒဏ်ရာကြောင့် မနေ့ညက ကိုယ်နဲ့အတူနေဖို့ ငြင်းဆန်တာလား "
" ........"
" အခုချက်ချင်း အ၀တ်သွားလဲပီး ဒီမှာစောင့်နေ ပီးရင်ဆေးခန်းသွားမယ် "
" ဟင့်အင်း ဘာမှမဖြစ်ဘူး ကျတော်သက်သာနေပီ "
" အခုချိန်မှာ ကို့စိတ်တွေတအားရှုပ်ထွေးနေတာကြောင့် ဘာစကားမှ ကိုယ့်ကိုထပ်မပြောနဲ့ အ၀တ်လဲပီး ဒီမှာခဏစောင့်နေ "
" ခင်ဗျား ဘယ်သွားမလို့လဲ "
" ကိုယ်အပြင်ခဏသွားစရာရှိတယ် 1နာရီအတွင်းပြန်ရောက်အောင်လာခဲ့မယ် အခန်းအပြင်လုံး၀မထွက်ပဲ ဒီမှာစောင့်နေ ကျောင်းလဲသွားဖို့မကြံနဲ့ "
" ခင်ဗျား ဘာသွားလုပ်မလို့လဲ "
" အခုချိန်မှာ ကိုယ့်ကိုဘာမေးခွန်းမှလာမထုတ်နဲ့ "
" ကျတော် တောင်းပန်ပါတယ်...အစ်မလီလီကို ဘာမှမလုပ်ပါနဲ့ "
လွန်းက ဟန်နရီရဲ့ခါးကိုဖက်ကာ အတင်းငိုယိုပီး တောင်းပန်နေတာကြောင့် ဟန်နရီပို၍စိတ်ရှုပ်ထွေးသွားရသည်...
" ကျတော့်ကြောင့်နဲ့ မကောင်းတဲ့စိတ်ကူးတွေတွေးမိရင်တောင် အမြန်ဖျောက်လိုက်ပါနော် ခင်ဗျားလက်ကို အမြဲသန့်ရှင်းစေချင်တာပါ
ကျတော့်ကြောင့် အစွန်းအထင်းမဖြစ်ပါစေနဲ့နော် ကျတော်တောင်းပန်ပါတယ် "
" ဘာလို့ ကို့ကို အခုလိုတွေတောင်းပန်နေရတာလဲ "
" ခင်ဗျားကို ချစ်လို့ပါ "
" ငါကြာရင် မင်းကြောင့်တကယ်ရူးတော့မှာပဲ "
" စိတ်ငြိမ်အောင်လုပ်ပီးရင် ကျတော့်နားမှာပဲနေပါနော် ဘယ်မှမသွားပါနဲ့ "
" ကိုခဏတော့ သွားမှရမယ် 1နာရီအတွင်းပြန်လာခဲ့မယ် "
" ဟင့်အင်း ကျတော်ခွင့်မပြုဘူး "
" စိတ်ချပါ ကို အမ်မလီကိုဘာမှမလုပ်ပါဘူး အဲ့တာကြောင့် ကို့ကို လွှတ်ပေးပါ "
" ကတိနော် "
" အင်း ကတိ....ကိုခဏနေပြန်လာခဲ့မယ် အ၀တ်လဲပီးဒီမှာပဲစောင့်နေနော် "
" အင်း "
မျက်ရည်လေးတွေ၀ဲနေတဲ့ လွန်းရဲ့နဖူးလေးကို ဟန်နရီနမ်းရှုံ့လိုက်ပီး အခန်းထဲကထွက်လာလိုက်သည်...ပေါက်ကွဲထွက်မတတ် ဖြစ်နေတဲ့စိတ်တွေက ဒီကလေးရဲ့အပြောတွေကြောင့် အနည်းငယ် ငြိမ်သက်သွားတယ်လို့လဲ ဆိုရမည့်ပုံပင်....
ခြံထဲမှာ လမ်းလျှောက်နေတဲ့ အမ်မလီကို ဟန်နရီအမြန်သွားဆွဲခေါ်လိုက်ပီး သူ့ကားထဲ၀င်စေလိုက်သည်...ပီးမှ အိမ်တော်နဲ့၀ေးရာကို မောင်းထွက်သွားလိုက်သည်...
" ကိုကို!!! မပြောမဆိုနဲ့ လီလီကို ဘယ်ခေါ်လာတာလဲ "
" မင်းနဲ့နှယောက်ထဲ စကားပြောချင်လို့ အပြင်ကိုခေါ်ထုတ်လာတာ ဟိုအရှေ့နားဆို ရောက်ပီ "
တိတ်ဆိတ်ပီး လူမရှိတော့တဲ့ အဆောက်အဦးတခုထဲကို ဟန်နရီက အမ်မလီကိုခေါ်သွားလိုက်သည်...အဆောက်အဦးထဲ လူတယောက်ကို ကြိုးတုတ်ထားတာကြောင့် အမ်မလီအနည်းငယ်ထိတ်လန့်သွားသည်...ထိုလူအနောက်တွင်လဲ အနက်ရောင် Suitအပြည့်၀တ်ထားတဲ့ လူငါးယောက်လောက်က ဟန်နရီကို အရိုအသေပြုလျှက်....
" ကိုကို လီလီ့ကို ဘယ်ခေါ်လာတာလဲ "
အမ်မလီရဲ့ အမေးကိုပြန်မဖြေပဲ ရုတ်တရတ်ဆိုသလို ဟန်နရီက ကြိုးတုတ်ထားတဲ့လူကို ဓားနဲ့ထိုးသတ်လိုက်သည်...
" အား.....ရှင်ဘာလုပ်လိုက်တာလဲ "
ဟန်နရီကသွေးစွန်းနေတဲ့လက်တွေကို အ၀တ်တခုနဲ့သုတ်လိုက်ပီး ထိုအ၀တ်ကိုမီးပုံထဲ ပစ်ချလိုက်သည်...မျက်လုံးတွေကတော့ အကြင်အနာတရားမရှိ သွေးအေးလွန်းလှသည်...လွန်းနဲ့တွေ့ချိန်ကလွဲရင် ကျန်တဲ့အချိန်တွေဆို ဟန်နရီက တခြားလူတယောက်လိုပြောင်းလဲသွားတတ်သည်....အရယ်အပြုံးမရှိ သွေးအေးလွန်းတဲ့မျက်၀န်းတွေက ကြောက်စရာကောင်းတာတော့အမှန်....
မျက်စိရှေ့တင် မြင်တွေ့ရလိုက်ရတဲ့ မြင်ကွင်းကြောင့် အမ်မလီကတော့ နေရာမှာတင် မလှုပ်မယှက်တုန်ယင်လျှက်....
" ရှင်.....ရှင် ကျမအနားမလာနဲ့ "
" အဟက်....အခုမှကြောက်နေတာလား အဲ့တာဆို ဘာလို့ ငါ့အပိုင်ကိုများ လာထိခဲ့သေးလဲ "
" ရှင်ဘာတွေပြောနေတာလဲ "
" လွန်းရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက မင်းလက်ချက်ဆိုတာငါသိပီးပီ...ကိုယ့်အကြောင်းကိုယ်သိရင် မင်းငါ့မျက်စိိရှေ့မှာပေါ်မလာရင်ကောင်းလိမ့်မယ် ခုနကလူက ဘယ်သူဆိုတာကော ပြောပြရအုံးမလား အဲ့တာ မင်းလင် ရှိန်းခန့်ပိုင်ရဲ့ နောက်လိုက်ခွေး....ငါ့နောက်ကို အမြဲနောက်ယောင်ခံလိုက်နေလို့ ကိစ္စရှင်းပေးလိုက်တာ"
"ဘာလဲ အရမ်းလန့်သွားလား...မင်းငါ့အိမ်ကို ရောက်လာထဲက ဘာရည်ရွယ်ချက်နဲ့ရောက်လာလဲဆိုတာ ငါသိပီးသား...တကယ်တော့ ငါကမင်းတို့အကွက်ထဲ၀င်သွားတာမဟုတ်ဘူး မင်းတို့ကပဲ ငါ့အကွက်ထဲ၀င်သွားတာ အဟက် "
" အရိုင်းအဆိုင်းကောင် "
" ဒါပဲလား....အဲ့ထက်ပိုတဲ့ အသုံးအနှုန်းတွေနဲ့ပြောလိုက်စမ်းပါ ...အရမ်းလဲ တုန်လှုပ်မနေပါနဲ့ ငါက မိန်းကလေးကိုတော့ ဘယ်တော့မှ ကိုယ်ထိလက်ရောက်မလုပ်ဘူး အဲ့အစား ငါ့မျက်စိရှေ့ကနေ တသတ်လုံးကွယ်ပျောက်သွားပေး "
" ရှင် နောင်တရစေရမယ် "
" ဒီထက်ပိုပီး စကားများနေရင်တော့ ငါ့ရဲ့နိယာမကိုချိုး
ဖောက်ပီးမင်းကို သတ်မိလိမ့်မယ်နော် အမ်မလီ "
" ......."
" ဒီနေ့ကစပီး ငါ့ရှေ့မှာပေါ်မလာစေနဲ့ အော် ကြုံတုန်း မင်းအကောင်ကိုလဲ ပြောလိုက်အုံး ဟိုတခေါက်သူ့စက်ရုံမီးလောင်တာ တရားခံက ငါဆိုတာပေါ့ အဟက်....မင်းတို့ကိုမင်းတို့ ဟုတ်လှပီထင်မနေနဲ့ တကယ်တော့ မင်းတို့နှယောက်လုံး ငါ့အကွက်ထဲ၀င်သွားတာချည်းပဲ "
အမ်မလီကို သတိပေးစကားဆိုလိုက်ပီး အဆောက်အဦးထဲက ဟန်နရီပြန်ထွက်လာလိုက်သည် ရှည်လျားပီးကော့စင်းနေတဲ့ မျက်တောင်လေးတွေရှိနေပေမဲ့ ဒီနေ့မှ ထိုလူရဲ့ မျက်၀န်းတွေက ပိုကြောက်စရာကောင်းနေတာတော့အမှန်....
ကားထဲရောက်တာနဲ့ ဟန်နရီအသက်၀၀ရှုလိုက်ပီး စိတ်ငြိမ်အောင်လုပ်လိုက်သည်....ပီးမှ car boxထဲထည့်သိမ်းထားတဲ့ ရွှေဆွဲပြားကိုထုတ်ကြည့်လိုက်သည်....စာလုံးအလှလေးတွေနဲ့သေချာထိုးသွင်းပုံဖော်ထားတဲ့ စာလုံးလေးတွေက မှေးမှိန်သွားခြင်းမရှိ တောက်ပဆဲပင်...
ဟီရို ဗစ်တာ
ဒေးဗစ် ဗစ်တာ
ဟန်နရီ ဗစ်တာ ......
****
Grey
15.1.22
***
ဒေါက် ဒေါက်....
" သခင်လေး !!!.. သခင်လေး "
"......."
" အဲ့တာဆိုလဲ ထမယ် "
" မတိုပါဘူး "
" ချစ်တယ် "
" ကိုယ်က ပိုချစ်တယ် "
" ဘာကိစ္စလဲ မိလှိုင် "
" ဘာ!!! ဗစ်တာ? "
" ဟုတ် "
" အပိုစကားတွေမပြောပဲငါ့ရှေ့ကဖယ်လိုက်တော့ "
" ဖယ်မှာပါ ကိုကိုရဲ့စိတ်တွေ ဘယ်အချိန်ထိတောင့်ခံနိင်အုံးမလဲဆိုတာ လီလီစောင့်ကြည့်နေမယ် "
" အင်း "
" ဘယ်သူနဲ့လဲ "
" .........."
" 2လလောက်ပါပဲ "
" အချစ်က ကို့ရဲ့ရည်းစားဦးမဟုတ်ပေမဲ့ အချစ်ဦးက လွန်းတာနေဆန်းဆိုတဲ့ အချစ်တယောက်ပဲရှိတာပါ "
" ဟင်......ဒါဘာတွေလဲ "
" ဘာမှမဟုတ်ဘူး "
" ဟင့်အင်း "
" ............"
" အစ်မလီလီ "
" ဘာ!!!!! "
" ......."
" ........"
" ကတိနော် "
" အင်း "
" ရှင်ဘာတွေပြောနေတာလဲ "
" လွန်းရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက မင်းလက်ချက်ဆိုတာငါသိပီးပီ...ကိုယ့်အကြောင်းကိုယ်သိရင် မင်းငါ့မျက်စိရှေ့မှာပေါ်မလာရင်ကောင်းလိမ့်မယ် ခုနကလူက ဘယ်သူဆိုတာကော ပြောပြရအုံးမလား အဲ့တာ မင်းလင် ရှိန်းခန့်ပိုင်ရဲ့ နောက်လိုက်ခွေး....ငါ့နောက်ကို အမြဲနောက်ယောင်ခံလိုက်နေလို့ ကိစ္စရှင်းပေးလိုက်တာ"
" အရိုင်းအဆိုင်းကောင် "
" ရှင် နောင်တရစေရမယ် "
" ......."
ဟီရို ဗစ်တာ
ဒေးဗစ် ဗစ်တာ
ဟန်နရီ ဗစ်တာ ......
****
Grey
15.1.22
***