အချစ်ဦး

By Sun000003

158 4 1

သို့မြတ်နိုးရသောလူသားလေးရေ..🤍 နှစ်တွေဘယ်လောက်ကြာကြာမင်းနာမည်လေးကြားရင်ခံစားချက်တွေထိန်းချုပ်လို့မရတော့တဲ့အထိ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8

Part-9

7 0 0
By Sun000003

ခေတ်သစ်ကြယ်စင့်ကို ဖွင့်ပြောတဲ့နေ့ကစပြီး
ကြယ်စင်အနောက်တန်းကိုလှည့်ကြည့်လျှင်
ခေတ်သစ်ကပြုံးပြတတ်သည်

တစ်နေ့ကျောင်းဆင်းခါနီးခုံတွေစီနေစဉ်
ကြယ်စင်ရင်းနှီးနေသည့် အသံတစ်ခုကိုကြားလိုက်ရသည်

"ကြယ်စင်ငါနင့်ကိုချစ်တယ် ငါ့ကိုအဖြေပြန်ပေး"

ကြယ်စင်ကငုံ့ပြီးခုံတွေကိုစီနေရင်း ခေတ်သစ်အသံကြားလိုက်ရ၍ အပေါ်ကိုပြန်မော့ကြည့်လိုက်ရာ သေချာပါသည် ခေတ်သစ်မှခေတ်သစ်ပင် ကြယ်စင့်ဘေးနားတွင်လည်းသူငယ်ချင်းတစ်ယောက်ကရှိနေသောကြောင့် ကြယ်စင်လည်းရှက်ပြီး ခေတ်သစ်ပြောတာကိုမကြားချင်ယောင်ဆောင်နေသည် မသိချင်ယောင်ဆောင်ပြီးခုံတွေဆက်စီနေရင်း ကြယ်စင့်သူငယ်ချင်းနှင့်ခေတ်သစ်တို့ စကားပြောသံကိုကြားနေရသည်

"ကြယ်စင်ရာ နင်ကလည်းဟိုကပြောနေတာကိုမသိချင်ယောင်ဆောင်နေပြန်ပြီ"

"အေးလေဟာ နင်လည်းတွေ့တယ်မလား ငါချစ်တယ်ပြောနေတာကို သူကမသိချင်ယောင်ဆောင်နေတာ"

နောက်မှကြယ်စင့်သူငယ်ချင်းကကြယ်စင့်ကိုပြန်မေးသည်

"နင်‌လည်းခေတ်သစ်ကိုသဘောကျနေတာမဟုတ်ဘူးလား အဖြေပြန်ပေးလိုက်ပြီးနေတာကို ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ"

"နင်ကလည်းရုတ်တရက်ကြီးဆိုတော့ငါလည်းမသေချာသေးလို့ပါဟ ဆယ်တန်းပြီးရင်အဖြေပြန်ပေးမယ်တော့ပြောထားတယ်လေ"

"အေးနော်ဟိုကနောက်တစ်ယောက်ရသွားမှ မုန့်ကပါးစပ်နားရောက်ခါနီးမစားရပဲပုတ်ချခံရတယ်ဖြစ်မယ်"

သူငယ်ချင်းမပြောချင်သည့်အဓိပ္ပာယ်ကိုတော့ကြယ်စင်သိပါသည် သို့သော်မသိချင်ယောင်ပဲဆောင်နေလိုက်သည် ကြယ်စင်ကိုယ်တိုင်ကလည်း
ခေတ်သစ်ကိုချစ်ပါသည် ချစ်တာထက်တောင်ပိုပါသည် ကြယ်စင့်စိတ်ကိုလည်းကြယ်စင်နားမလည်နိုင် ခေတ်သစ်ကိုပဲမယုံရဲတာလား ကံကြမ္မာကိုပဲကြောက်နေတာလားမသိ

ခေတ်သစ်ကတော့ကျောင်းဆင်းချိန်တွင်ဖြစ်ဖြစ်ကြယ်စင်တစ်ယောက်ထဲရှိနေသည့်အချိန်တွင်ဖြစ်ဖြစ် ကြယ်စင့်ဘေးကိုရောက်လာပြီးအဖြေလိုက်တောင်းတတ်သည် နှစ်လသုံးလလောက်ကြာတော့ သူလည်းမောသွားပုံပေါ်ပါသည်
ကြယ်စင့်ရှေ့ကိုတစ်ခါတစ်ခါပေါ်လာဖို့တော်တော်ခဲယဉ်းလာသည် အရင်အတိုင်းကောင်မလေးတွေနဲ့တော့ တွဲသွားတွဲလာရှိသည်

ဒီလိုနဲ့ကြယ်စင်တို့ဆယ်တန်းနှစ်ကိုရောက်လာတော့ ခေတ်သစ်ကကြယ်စင့်ကိုစိတ်ဝင်စားသည့်အရိပ်အယောင်လေးတောင် မပြသဖြင့်ကြယ်စင်အနေခက်လှပါသည် အသင်းကတော့အတူတူဖြစ်ပေမယ့် ခေတ်သစ်ဖွင့်ပြောထားသည့်အရှိန်ကြောင့် ခေတ်သစ်ကိုစကားသွားပြောဖို့ အရင်ကထက်ပိုလို့တောင်မရဲဖြစ်လာသည်

ဆယ်တန်းရောက်လာတော့စာတွေကပိုပိုပြီးများလာသည် ကျောင်းကတဖက်ကျူရှင်ကတဖက်နှင့် အားလပ်ချိန်ဆိုတာမရှိလောက်အောင်ပင်ရှားသည် ကျောင်းမှာလည်းဆရာမကစည်းကမ်းကြီးလှသည် အခန်းထဲကိုဖိနပ်စီးသွားလို့မရ အပြင်မှာစီစီရီရီချွတ်ခဲ့ရသည် ထို့အပြင်ကိုယ့်အသင်းအလှည့်ကျရင် ဘုရားပန်းအိုးလဲ သောက်ရေအိုးဖြည့် အမှိုက်ပစ် တံမြက်စည်းလှည်း နောက်ဆုံးကျောင်းဆင်းချိန်တွင်တောင် နောက်နေ့ကျသည့်အသင်းကခေါင်းဆောင်ကအခန်း‌တံခါးတွေကိုလိုက်ပိတ်ရပြီး သော့ခတ်သွားရသည် နောက်နေ့တွင်အစောဆုံးလာပြီး အခန်းတံခါးတွေကိုကြိုဖွင့်ပြီးလုပ်စရာရှိတာလုပ်ရသည်

တစ်နေ့ပြီးတစ်နေ့ဒီလိုနဲ့ပဲလည်ပတ်နေရင်း
အချိန်ကုန်ခဲ့ရသည် တစ်နေ့ကြယ်စင်တို့အသင်းအလှည့်နေ့ရောက်တော့ ကျောင်းဆင်းချိန်မှာရှေ့ဆုံးကနေပြေးသည့်ခေတ်သစ်က အခုတော့အခန်းထဲကတောင်မထွက်သေး ကြယ်စင်လည်းလုပ်စရာရှိတာလုပ်နေရင်း ခေတ်သစ်ထွက်သွားပြီအထင်နှင့်ကြည့်လိုက်တော့ သူကပြတင်းပေါက်တွေပိတ်နေလေရဲ့

နင်မပြန်သေးပဲဘာလုပ်နေတာလဲလို့လည်းသွားမေး၍မရ ဒီနေ့ကသူ့အသင်းအလှည့်ဆိုလည်းမှန်ပေသည် ကြယ်စင်လည်းသူ့ကိုမသိချင်ယောင်ဆောင်ပြီး တံခါးပိတ်ဖို့အခန်းအပြင်ကိုထွက်လာလိုက်သည် အခန်းအပြင်ရောက်တော့ခေတ်သစ်က တံခါးဘေးမှာရပ်စောင့်နေသည်

"ငါ့ကိုနင့်အိတ်ပေး"

"အမ် အင်းရော့...ရော့လေ"

ကြယ်စင်လည်း လွယ်အိတ်ကတစ်ဖက် လက်ဆွဲအိတ်ကတစ်ဖက်ထီးကတစ်ဖက်နှင့်မို့
အရူးမနဲ့တောင်တူနေသည် လက်ဆွဲအိတ်ထဲမှာစာအုပ်တွေ အပြည့်ထည့်ထားတာကြောင့်လေးတော့လေးလှသည် ခေတ်သစ်ကကူဆွဲပေးတော့ ကြယ်စင်အလေးသက်သာသွားသည်
ထို့နောက် ကြယ်စင်ဖိနပ်စီးနေသည်ကိုပါ ရပ်စောင့်ပေးသည် နောက်ဆုံးကြယ်စင်တံခါးပိတ်ပြီး လှေကားကနေဆင်းတော့မှနောက်ကနေလိုက်လာသည် ဘာစကားမှတော့ထွေထွေထူးထူးမပြောဖြစ်

အဲ့နေ့တစ်ရက်ပဲ ခေတ်သစ်ကကြယ်စင့်ကိုလိုလိုလားလားစောင့်ပေးသည် ကျန်သည့်ရက်များတွင် ကြယ်စင်ကသာ သူ့ကိုအတင်းဆွဲထားပြီးစောင့်ခိုင်းသလိုပင် ဖြစ်နေသည်

"ခေတ်သစ်ရေ ဘုရားပန်းအိုးတင်ပေးဦး ငါအရပ်မမှီလို့"

"နင်ကလည်းငါဟိုဘက်သွားမလို့"

ဘယ်စော်ကိုသွားကြောင်မလို့လဲမသိ အခန်းထဲကနေထွက်ဖို့လုပ်နေသည့် ခေတ်သစ်ကိုကြယ်စင်လှမ်းမြင်လိုက်သောကြောင့် စိတ်စေရာအတိုင်း အလိုလိုဆွဲထားမိသည်

"ခေတ်သစ်နော် အသင်းနေ့မှာ အလုပ်မလုပ်ပဲ နင်ဘယ်ကိုသွားမလို့လဲ သောက်ရေလည်းမဖြည့်ရသေးဘူးမလား"

"ဟင် ဘုရားပန်းအိုးပေး တင်ပေးမယ်"

ပါးစပ်ကသာပြောနေပေမယ့်ကြယ်စင်ပြောရင်ခေတ်သစ်မလုပ်ပေးသည့်အရာဆိုတာမရှိ
အခုလည်းဘုတ်သိုက်ဝတ်ထားသည့် ပုဆိုးကိုဆွဲတင်ပြီး ခုံပေါ်တက်ကာ ဘုရားပန်းအိုးကိူတင်ပေးရှာသည်

အသင်းအလှည့်နေ့ရောက်ရင် ကြယ်စင်ရောသောပေါသောနှင့် ခေတ်သစ်နားကိုသွားပြီး ကပ်နေတတ်သည် ခေတ်သစ်ကိုတစ်ခုမဟုတ်တစ်ခုအမြဲလုပ်ခိုင်းတတ်သည် ‌

"ဟဲ့ကြယ်စင် ဟိုမှာကြည့်လိုက်ဦး"

"ဟမ် ဘာကိုလဲဟ"

သူငယ်ချင်းဖြစ်သူသီတာကပြော၍ သူလက်ညှိုးထိုးပြနေသည့်နေရာကိုကြယ်စင်ကြည့်လိုက်သည်

"ဟိုမှာလေ ခေတ်သစ်ထိုင်နေတဲ့ပြတင်းပေါက်နားမှာ ကောင်မနှစ်ကောင်လာပြီးတော့ကြောင်နေကြတာ"

"ခေတ်သစ်ကိုကြောင်တာဟုတ်လို့လားဟယ်
နင်ကလည်း"

"ပြောနေကြတာတော့ ခေတ်သစ်ဘေးကကောင်ကိုကြောင်တာတဲ့ မိန်းမတွေလည်းနော်ဟူး"

"အမလေး သီတာမရယ် သက်ပြင်းတွေချလို့နင်ကလည်း ခေတ်သစ်ကိုလာကြောင်တာမှမဟုတ်တာ ငါနဲ့ဘာဆိုင်လို့လဲ တကယ်လို့သူ့လာကြောင်တယ်ဆိုရင်တောင် ငါနဲ့မဆိုင်ဘူး"

"ဟုတ်ပါ့တော် နင်ကလည်းနင် အဖြေတောင်းတာကို ကိုယ်ကလည်းကြိုက်နေရဲ့သားနဲ့ပြန်မပေးတာလေ "

"ဒါကတော့ဟယ်..."

"ပြောရတာမဟုတ်ဘူး ဟိုမိန်းမတွေကရတဲ့သူကြောင်တာဆိုရင် နင့်ခေတ်သစ်ပါသွားဦးမယ်
နဂိုထဲကသူကလည်းမရှုပ်တတ်ဘူးဆိုတော့"

အာပေါင်အာရင်းသန်သန်ပြောနေသည့် သီတာမကိုကြည့်ပြီး ကြယ်စင်ရယ်နေပေမယ့် စိတ်ထဲမှာတော့စိုးရိမ်မိပါသည် ခေတ်သစ်ကကြယ်စင့်ကိုအဖြေတောင်းထားပေမယ့် နောက်တစ်ယောက်နဲ့မတွဲဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူးလေ

တစ်ပတ်တောင်မကြာလိုက်ပါဘူး
ကြယ်စင်ထင်ထားသည့်အတိုင်း ဖြစ်လာသည်

"ငါပြောသားပဲကြယ်စင်ရယ် အခုနင့်အကောင်ကအဲ့ထဲကကောင်မတစ်ကောင်နဲ့ တွဲသွားပြီလေ"

"ငါသိပါတယ်ဟ"

"အမှန်တော့ဟိုကောင်မက ခေတ်သစ်ဘေးကကောင်ကိူလာကြောင်တာ ခေတ်သစ်ကအောင်သွယ်လုပ်တာတဲ့တော် အခုတော့အောင်သွယ်နဲ့ညားပေါ့ဟယ်"

သီတာကတော့ပြောလိုက်ရယ်လိုက်နှင့် သီတာတို့ကနဂိုထဲက ကြယ်စင့်ကိုခေတ်သစ်နှင့်မပတ်သတ်စေချင်ကြသည့်အတွက် အခုဆိုပျော်နေကြလားတောင်မသိ ကြယ်စင်တော့စိတ်ထဲတွင်
တစ်မျိုးခံစားရသည် 'ဘာလို့ငါ့ကိုချစ်တယ်ပြောပြီး တခြားတစ်ယောက်နဲ့တွဲရတာလဲ' ဆိုတဲ့မေးခွန်းက စိတ်ထဲတွင်အခါခါပြန်မေးနေမိသည်

သို့သော်ဇွဲကတော့မလျော့ ပြန်အားယူရင်း
သီတာ့ကိုလှမ်းပြောလိုက်သေးသည်

"ခေတ်သစ်အကြောင်းလည်းငါသိနေတာပဲဟယ်သူဘယ်တုန်းကမိန်းကလေးတစ်ယောက်နဲ့တစ်နှစ်ကြာအောင်တွဲဖူးလို့လဲ ခြောက်လကြာရင်တောင်ကံကောင်း"

"အေးပါ မယ်မင်းကြီးမရယ် ဟိုကပြတ်လို့အဖြေလာတောင်းရင်လည်းမပေးလိုက်နဲ့ဦး ပေးရင်ငါနင့်ကိုသတ်ပြီ"

ကြယ်စင်ပြောတာလည်းအမှန်ပင် ခေတ်သစ်ကိုကြယ်စင်ကြည့်သလောက်တော့ မိန်းကလေးတစ်ယောက်ကိုကြာကြာတွဲတာတစ်ခါမှမတွေ့ဖူးသေး
အဲ့တာကြောင့်မို့ သူ့ကိုအဖြေပြန်ပေးဖို့ တွန့်ဆုတ်ခဲ့လေသလားတော့မသိ

ကြယ်စင်ကျူရှင်သွားတက်နေသည့် ဝိုင်းကတစ်ယောက်ကကြယ်စင့်ကို ကြိုက်တယ်လို့ပြောဖူးသည် ကြယ်စင်လည်းဘာရယ်မဟုတ် တွဲကြည့်မယ်လို့ ဆုံးဖြတ်မိသည် ခေတ်သစ်ကိုတော့စိတ်ထဲမှာမေ့ထားပစ်လိုက်သည် သို့သော်အချစ်ဦးဆိုတာ တစ်ခါတစ်လေတိုက်ဆိုင်တာလေးများတွေ့ရင် စိတ်ထဲတဝဲလည်လည်ပြန်ပေါ်လာသည် မဟုတ်ပါလား

ကြယ်စင်ဆယ်တန်းအောင်တော့ ခေတ်သစ်ကဆယ်တန်းတုန်းကတွဲသည့်တစ်ယောက်နဲ့ ဆက်တွဲဖြစ်နေပါသေးသည် ကြယ်စင်လည်းမထူးမခြားနား အမှတ်မထင်တွဲလိုက်သည့် သံယောဇဉ်ကဖြတ်မရ  တစ်ခါတစ်ခါခေတ်သစ်ကိုသတိရရင်တော့ Facebookမှာ ခေတ်သစ်အကောင့်လေးကိုရှာကြည့်မိသည် ကြယ်စင့်အကောင့်ကိုခေတ်သစ်ကblockထားသည် ဘာရယ်ကြောင့်တော့ ကြယ်စင်လည်းမသိ ကြယ်စင့်အကောင့်ကနေရှာမရတော့ fakeအကောင့်ဖွင့်ပြီး ခေတ်သစ်အကောင့်ထဲသွားသွား ချောင်းကြည့်မိတာကိုတော့ဝန်ခံပါသည်

ကြယ်စင်ချောင်းကြည့်တိုင်း ခေတ်သစ်ဘေးနားတွင်ရှိသောထိုအမျိုးသမီး နှစ်တွေလတွေနာရီတွေပြောင်းလဲသွားပြီး တစ်နှစ်ကျော်ကြာသွားပြီဖြစ်ပေမယ့် ခေတ်သစ်ရဲ့အချစ်ကိုတော့ထိုမိန်းကလေးကပိုင်ဆိုင်ထားသည်

မညာတမ်းဝန်ခံရရင် ကြယ်စင်ထိုအမျိုးသမီးကိုအားကျမိပါသည် ကြယ်စင်အနှစ်နှစ်အလလမျှော်လင့်ခဲ့ရတဲ့ ခေတ်သစ်ဆီကချစ်ခြင်းမေတ္တာကိုထိုအမျိုးသမီးက လက်ဝယ်ပိုင်ဆိုင်ထားသည်မဟုတ်ပါလား ခေတ်သစ်ကလည်းထိုအမျိုး‌သမီးလေးကိုသိပ်ချစ်ပုံရသည်

**၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၂ရက်နေ့ **

ရုတ်တရက် မုန်တိုင်းဝင်လိုက်သလို ကြယ်စင်တို့ရဲ့နေ့စဉ်ဘဝကို ဖျက်ဆီးလိုက်သည့် အာဏာသိမ်းခြင်းဆိုသည့် အရာက ကြယ်စင်တို့ဘဝထဲကိုဝင်ရောက်လာသည် အသက်အရွယ်ကြီးရင့်နေသည့် အဖိုးအဖွားများနှင့် ကလေးငယ်လေးများပါမကျန် အာဏာသိမ်းခြင်းကိုလက်မခံနိုင်သည့်အတွက် စစ်အာဏာရူးတွေကို တိုက်ထုတ်ဖို့ ဆန္ဒထွက်ပြခဲ့ကြသည် ကျောင်းတွေလည်းပိတ်ပြီး ကြယ်စင်လည်းအိမ်မှာပဲနေရသည်

ထိုကြားထဲအမျိုးမျိုးသောအကြောင်းကြောင့် ကြယ်စင်လက်ရှိတွဲနေသည့် သူကိူပါဖြတ်ပစ်လိုက်သည် ဟုတ်ပါသည် ခေတ်သစ်ဆယ်တန်းတုန်းက မိန်းကလေးတစ်ယောက်နှင့်တွဲသွားထဲက ကြယ်စင်လည်းလိုက်တွဲခဲ့သည် ကြယ်စင်တစ်ယောက်ထဲကိုပဲတွဲခဲ့ပါသည်

** ၂၀၂၁ခုနှစ် မေလ၂၄ရက် ** (ယခုလက်ရှိအချိန်)

ကြယ်စင်အတွေးတွေကိုပြန်စုစည်းပြီး စာဆက်ရေးနေလိုက်သည် ထိုစဉ်ဖုန်းထံမှ noti ဝင်လာ၍ကြယ်စင်ဖုန်းကိုလှမ်းယူလိုက်သည်
Facebookမှ friend request ပို့လာသောကြောင့်notiဝင်လာခြင်းပင် Facebookထဲဝင်လိုက်တော့ friend requestကယောကျာ်းလေးတစ်ယောက်ပင်

profile pictureကိုသေချာကြည့်လိုက်တော့ခေတ်သစ်နှင့်ဆင်နေသည် သို့ပေမယ့်လူစိမ်းတွေကိုလက်မခံတတ်တာကြောင့် ခေတ်သစ်ဟုတ်မဟုတ် ဘယ်သူ့ကိုမေးရမလဲဆိုတာကို ကြယ်စင်ဝေခွဲရခက်နေသည် မသေချာသေးတာနဲ့ပဲ လက်ထဲကဖုန်းကိုချပြီး စာပဲဆက်လုပ်နေလိုက်သည်

စိတ်ထဲတွင်တော့ 'ခေတ်သစ်နဲ့တူလိုက်တာ
ခေတ်သစ်များလားမသိဘူး ဒါပေမယ့်သူကငါ့ကိုဘာလို့ အခုမှလာအပ်တာလဲ ပြီးတော့သူတွဲနေတဲ့တစ်ယောက်နဲ့ကရော ပြတ်သွားပြီလား'
ခေါင်းထဲတွင် ကိုယ်ကိုယ်တိုင်တောင်မသိနိုင်တဲ့အဖြေတွေကို မေးခွန်းပြန်ထုတ်ရင်း ခေါင်းစားနေမိသည်

Continue Reading

You'll Also Like

793K 34.6K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
534K 17.9K 126
Read and find out...
4.3M 285K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.1M 41.3K 29
Ethan and almost every other sixteen year old that is under class is auctioned off to one person or a family. Even if you or your family doesn't want...