SUN { Season 1 }
By AKA_404
1.6M 110K 14.2K
Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov... More
Citation And References Books List
Prologue
Unicode - Prologue
SUN { 1 }
Unicode - 1
SUN { 2 }
Unicode - 2
SUN { 3 }
Unicode - 3
SUN { 4 }
Unicode - 4
SUN { 5 }
Unicode - 5
SUN { 6 }
Unicode - 6
SUN { 7 }
Unicode - 7
SUN { 8 }
Unicode - 8
SUN { 9 }
Unicode - 9
SUN { 10 }
Unicode - 10
SUN { 11 }
Unicode - 11
SUN { 12 }
Unicode - 12
SUN { 13 }
Unicode - 13
SUN { 14 }
Unicode - 14
SUN { 15 }
Unicode - 15
SUN { 16 }
Unicode - 16
SUN { 17 }
Unicode - 17
SUN { 18 }
Unicode - 18
SUN { 19 }
Unicode - 19
SUN { 20 }
Unicode - 20
SUN { 21 }
Unicode - 21
SUN { 22 }
Unicode - 22
SUN { 23 }
Unicode - 23
SUN { 24 }
Unicode - 24
SUN { 25 }
Unicode - 25
SUN { 26 }
Unicode - 26
SUN { 27 }
Unicode - 27
SUN { 28 }
Unicode - 28
SUN { 29 }
Unicode - 29
SUN { 30 }
Unicode - 30
SUN { 31 }
Unicode - 31
SUN { 32 }
Unicode - 32
SUN { 33 }
Unicode - 33
SUN { 34 }
Unicode - 34
SUN { 35 }
Unicode - 35
SUN { 36 }
Unicode - 36
SUN { 37 }
Unicode - 37
SUN { 38 }
Unicode - 38
SUN { 39 }
Unicode - 39
SUN { 40 }
Unicode - 40
SUN { 41 }
Unicode - 41
SUN { 42 }
Unicode - 42
SUN { 43 }
Unicode - 43
SUN { 44 }
Unicode - 44
SUN { 45 }
Unicode - 45
SUN { 46 }
Unicode - 46
SUN { 47 }
Unicode - 47
SUN { 48 }
Unicode - 48
SUN { 49 }
Unicode - 49
SUN { 50 }
Unicode - 50
SUN { 51 }
Unicode - 51
SUN { 52 }
Unicode - 52
SUN { 53 }
Unicode - 53
SUN { 54 }
Unicode -54
SUN { 55 }
Unicode - 55
SUN { 56 }
Unicode - 56
SUN { 57 }
Unicode - 57
SUN { 58 }
Unicode - 58
SUN { 59 }
Unicode - 59
SUN { 60 }
Unicode - 60
SUN { 61 }
Unicode - 61
SUN { 62 }
Unicode - 62
SUN { 63 }
Unicode - 63
SUN { 64 }
Unicode - 64
SUN { 65 }
SUN { 66 }
Unicode - 66
SUN { 67 }
Unicode - 67
SUN { 68 }
Unicode - 68
SUN { 69 }
Unicode - 69
SUN { 70 }
Unicode -70
SUN { 71 }
Unicode - 71
SUN { 72 }
Unicode - 72
SUN { 73 }
Unicode - 73
SUN { 74 }
Unicode - 74
SUN { 75 }
Unicode - 75
SUN { 76 }
Unicode - 76
SUN { 77 }
Unicode - 77
SUN { 78 }
Unicode - 78
SUN { 79 }
Unicode - 79
SUN { 80 }
Unicode - 80
Epilogue
Unicode - Epilogue
Season ( 2 )
Unicode - 65
6K 444 161
By AKA_404
ခရမ်းပြာရောင် နွယ်ပင်၏ သစ်ရိပ်ကျသော မြက်ခင်းပြင်တွင် ဖျာကလေး တစ်ချပ်ဖြင့် သူမတို့ အပန်းဖြေ နားနေခဲ့ကြသည်။
သစ်စေးရောင် အကွက်စိပ်စိပ်ကလေးများ ပါသော ဖျာပေါ်တွင် အချိုပွဲ ပန်းကန်နှင့် သစ်သီး ပန်းကန်များ ထည့်ထားသော သစ်သား လင်ပန်း တစ်ခု ရှိနေခဲ့သည်။ သစ်ရွက်သစ်ခက်တို့ ဆေးရိုက်ထားသော ဖန်ခရားအိုးနှင့် သောက်လက်စ အကြည်ရောင် ရေနွေးခွက်ကလေး နှစ်ခွက်က မတုန်မလှုပ် ငြိမ်သက်လျက်။
မစ်ရှယ်လ် အိုဘားမား ရေးသားထားသော ဖြစ်တည်ခြင်း ဟူသည့် စာအုပ်ကိုမူ ပြင်သစ် ကဗျာ စာအုပ်များဖြင့် တွဲလျက် သစ်စေးရောင် ဖျာပေါ်တွင် ထပ်လျက်သား တွေ့ရသည်။ အောက်ဆုံးမှ ခံထပ်ထားသော စာအုပ် အထူကြီးမှာ ရေမွန်ကာဗာ၏ ဝတ္ထုတိုများ စုစည်ထားသော စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်သည်။
မေ Scarlett ဖတ်လက်စ ဆေးပညာ စာအုပ်ကို ပိတ်ကာ အစုလိုက် ထပ်ထားသော စာအုပ်များပေါ် တင်လိုက်သည်။ သူမ ခံစားမှု အာရုံမှာ တစ်ခုခု ကပ်ငြိနေသလို လှုပ်ရှားမှု အားလုံး လေးလံ မောနွမ်းနေ၏။ ဝန်ခံရပါက သူမ စာ မဖတ်ချင်လှ။ မနက်ဖြန် ပြန်မည့် လေယာဉ်ပေါ်မှာ သူမအတွက် စာဖတ်ဖို့ အချိန်တွေ အများကြီး ရသည်။ မြန်မာ နိုင်ငံကို ပြန်ရောက်လျှင်လည်း သူမ သဘောကျသည့် စာအုပ်တွေ ဖတ်ဖို့ အချိန်တွေ ပိုလွန်းလှသည်။
သို့ရာတွင် အေးရိပ်ငြိမ်သော သစ်ပင်ကြီး အောက် နားခိုရင်း သင်းပျံ့ မွှေးထုံသော လွမ်းမောဖွယ်ရာ မေတ္တာဓာတ်ကို ခံယူဖို့ကတော့ ဒီစံအိမ်ထဲမှာသာ ရှိသည်။ ဒီတစ်ရက်၊ ဒီတစ်ည။ သူမတွင် ထိုအခွင့်အရေးကို ရယူဖို့ ဒီတစ်ရက်သာ ရှိတော့သည်။
အလွယ်တကူ မရနိုင်တော့သည့် အခွင့်အရေး တစ်ခု။
ဘဝမှာ ပြန်လှည့် ကြည့်တိုင်း
ဘယ်တော့မှ မမေ့နိုင်လောက်သည့်
အမှတ်တရ တစ်ခု ဆိုပါက မမှားနိုင်။
မေ Scarlett ပန်းပင်များ၏ မွှေးရနံ့ကို ရှူရှိုက်ရင်း ဘေး ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်မိသည်။ သူမ အနားတွင် လက် တစ်ဖက်ကို ဦးခေါင်း အောက် ခုကာ ပက်လက် လဲလျောင်းလျက် တိတ်တဆိတ် စာဖတ်နေသည့် အာကာဟိန်းထက် ရှိနေခဲ့သည်။
သူက ဘယ်လို စကားမှ မပြော။ အဲဗာ့ဒ် မော့၏ ပန်းချီများ စုစည်းထားသော စာအုပ်ထူထူကိုသာ လက် တစ်ဖက်က ကိုင်လျက် တမေ့တမော ကြည့်ရှု လေ့လာရင်း တိတ်ဆိတ်နေခဲ့သည်။
အဲဗာ့ဒ် မော့၏ လက်ရာများက ကြောက်စရာ အနိဋ္ဌာရုံတွေသာ များသည်။ ထိုသို့ အနိဋ္ဌာရုံတွေကို မေ Scarlett ထိတ်လန့် တုန်လှုပ်တတ်သည် ဟု ထင်ခဲ့သော်လည်း အဲဗာ့ဒ် မော့၏ အော်သံ ပန်းချီကားကိုတော့ အတော်လေး စွဲလမ်းခဲ့ရသည်။ တကယ်ဆို ရင့်ကျက် တည်ငြိမ်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးသော မိန်းမသား တစ်ယောက်အနေနှင့် ဗင်းဆင့်ဗန်ဂိုး၏ နှစ်လိုဖွယ် ကောင်းသော ပန်းချီကားများကို ပို၍ သဘောကျဖို့ ကောင်းသည်။
သို့သော် ပန်းချီနှင့် စာပေ ဘာသာရပ်ကို လုံးဝ စိတ်ဝင်စားခြင်း မရှိခဲ့သော အတိတ်ကာလများနှင့် နှိုင်းယှဉ်ပါက ယခု အခြေအနေသည် ဖြေသိမ့်ဖို့ ကောင်းပါသေးသည်။ ထို့အတွက် အစ်ကိုဖြစ်သူကို သူမ ကျေးဇူးတင်သင့်သည်။ အာကာဟိန်းထက်၏ ဖေးမ စောင့်ရှောက်မှုများကြောင့် မေ Scarlett အများကြီး ပြောင်းလဲခဲ့ရသည်။
မေ Scarlett ရင်ခွင်ထဲ ပိုက်ထားသည့် ခေါင်းအုံးလေးကို အာကာဟိန်းထက် ဦးခေါင်း အောက်သို့ ခုပေးလိုက်သည်။ လဲအိပ်နေတာ ကြာလှပြီ ဖြစ်၍ ယှက်ခံထားသော လက်မောင်း တစ်ဖက် နာသွားမည်ကို စိုးရိမ်မိတာကြောင့် ဖြစ်သည်။
"ကိုယ် အဆင်ပြေတာမို့ မင်း ယူထားပါ"
"နေပါစေ၊ မေလေးထက် အစ်ကိုက ပိုပြီး လိုအပ်ပါတယ်"
"ကိုယ်က ရပါတယ်"
"ယူပါ . ."
မေ Scarlett ဇွတ်အတင်း ပြောတော့ အလိုလိုက်ပုံဖြင့် အာကာဟိန်းထက် လက်ခံလိုက်သည်။
"ကောင်းပါပြီ၊ မင်း သဘောအတိုင်းပါပဲ"
သူမ ပြုံးလိုက်မိသည်။ အစ်ကိုဖြစ်သူက သူမအပေါ် အနွံအတာ ခံချင်လွန်း သူ ဖြစ်သည်။ ဒီလို အစ်ကိုမျိုးကို ပိုင်ဆိုင်ခွင့် ရခဲ့တာ မေ Scarlett အတွက် ကံကောင်းလွန်းသည်။ တစ်ဆက်တည်းမှာပဲ ဝမ်းနည်းသွားမိသည်။
အတိတ်က ဖြစ်ရပ်များကို ပြန်လည် အသိ ရောက်မိပါက အပြစ် မကင်းခဲ့သော သူမ လုပ်ရပ်များကို မေ Scarlett ပြန်ပြီး မြင်ယောင်လာမိသည်။ သူမ လိပ်ပြာ မလုံလှ။ သူမအပေါ် အစစ အရာရာ အနွံအတာ ခံကာ ပေးဆပ် ဖြည့်ဆည်းခဲ့သော အစ်ကိုဖြစ်သူအတွက် သူမ ပြန်လည် ပေးအပ်ခဲ့သော အရာများဟာ ရက်စက်ခြင်းနှင့် အမုန်းတရားတွေပဲ ဖြစ်သည်။
ယခုပဲ ဖြစ်ဖြစ် အတိတ်က ကျူးလွန်ခဲ့မိသည့် အမှားများကို ပြန်လည် ပြင်ဆင်ပြီး အစ်ကိုဖြစ်သူကို ကူညီ ဖေးမသွားမည်ဆိုပါက အချိန် မီသေးသည် မဟုတ်လား။ အာကာဟိန်းထက်အပေါ်  သူမ ဂရုစိုက်ပေးဖို့ ကောင်းသည်။
"ည အိပ်တဲ့အခါ အိပ်မက်ဆိုးတွေ မက်တုန်းပဲလားဟင်"
မေ Scarlett ထံမှ မထင်မှတ်ထားသော မေးခွန်း တစ်ခု ထွက်ကျသွားသည်။ ထိုမေးခွန်းကြောင့် အာကာဟိန်းထက် စိတ်ရှုပ်သွားပုံဖြင့် စာဖတ်နေရင်းမှ စာအုပ်ကို ပိတ်လိုက်သည်။ ထို့နောက် လဲလျောင်းရာမှ အနေအထား မပျက် ကိုယ်ကို တစ်ခြမ်း စောင်းလျက် ဦးခေါင်းအား ဘယ်ဘက်လက်ဖြင့် ထောက်ကာ သူမကို ငေးကြည့်သည်။
"ကိုယ့်အတွက် နေသားကျနေပါပြီ"
"မေလေး အတ္တကြီးသွားတယ်၊ တကယ်ဆို အဲ့ဒီတုန်းက အစ်ကို့ကို တစ်ယောက်တည်း ထားပြီး ထွက်မသွားခဲ့သင့်ဘူး၊ အစ်ကို နှလုံးသားမှာ ဒဏ်ရာတွေ များအောင် မေလေး လုပ်ခဲ့မိတာပဲ"
"မဟုတ်တာဘဲ၊ မင်း အပြစ်လို့ ဘယ်တုန်းကမှ ကိုယ် မသတ်မှတ်ခဲ့ဖူးပါဘူး၊ ဘာကြောင့်ဆို ကိုယ့်ရင်ထဲမှာ ဒဏ်ရာတွေက ရှိနှင့်နေခဲ့ပြီးသားပဲ မဟုတ်လား"
"ဒါပေမယ့် ဒီဒဏ်ရာတွေကို နှစ်ဆ နာကျင်အောင် လုပ်ခဲ့မိတာတော့ မေလေး အမှားပဲလေ"
"မင်း အမှား ဖြစ်ခဲ့မယ် ဆိုရင်တောင် ကိုယ် ခွင့်လွှတ်တယ်"
အာကာဟိန်းထက် မေ Scarlett ပါးပြင်ကို လက်ဖဝါးဖြင့် အုပ်ကိုင်လိုက်သည်။ လက်ဖဝါးနှင့် ထိနေသော သူမ ဝဲရာ ပါးပြင်တွင် နှစ်သိမ့်မှု၏ အနွေးဓာတ်ကို ခံစားရ၏။
"ကိုယ် ခွင့်လွှတ်တာမို့ ကိုယ့်ကိုယ်ကိုယ် အပြစ် မတင်ပါနဲ့ . . ဟုတ်ပြီလား"
ထိုနွေးထွေးမှုကြောင့် အာကာဟိန်းထက် လက်ဖဝါးကို မေ Scarlett လက်ချောင်းများဖြင့် ပြန်ပြီး အုပ်ကိုင်မိသွားသည်။ မလွတ်တမ်း ဆွဲယူ ဆုပ်ကိုင်ထားရင်းမှ ပါးပြင်က လွတ်ထွက် မသွားအောင် မျက်နှာဖြင့် မြဲမြဲမြံမြံ အပ်ထားမိသည်။
အာကာဟိန်းထက် လက်ချောင်းများက မေ Scarlett မျက်နှာ တစ်ခုလုံး ပင့်အပ်လို့ ရအောင်အထိ ကြီးမား ကျယ်ပြန့်လွန်းသည်။ ပျော့ပျောင်း ဖြူဖွေးသော လက်ချောင်းများမှာမူ ပန်းချီဆရာ တစ်ယောက် ပီသစွာ ရှည်လျား သွယ်ဖျနေပြီး နှစ်လိုဖွယ်ရာ အမွှေးဓာတ်တို့ သင်းသင်းလေး မွှေး၏။
"အတိတ်က ဖြစ်ပျက်ခဲ့ပြီးသား ကိစ္စတွေကို ဒီအတိုင်းလေးပဲ ထားလိုက်တာ မကောင်းဘူးလား၊ အစ ပြန်ဖော်တာက ကိုယ်တို့ကို နာကျင်စေရုံက လွဲရင် ဘာများ ပြောင်းလဲသွားစေမှာမို့လို့လဲ"
"မေလေး သိပါပြီ"
အာကာဟိန်းထက် တည်ကြည်စွာ ပြုံးရင်း မေ Scarlett ပါးမို့မို့ကို ဖွဖွ ဆွဲဖဲ့ကာ လက်ချောင်းများကို ပြန်ရုပ်လိုက်သည်။ သို့ရာတွင် ရင့်မှောင်သော အညိုဖျော့ရောင် မျက်လုံးများမှ ပင်ပန်း မောနွမ်းမှုတို့ကို သူမ မြင်လိုက်ရသည်။
"အစ်ကို အနားယူမယ် မဟုတ်လား၊ အစ်ကို အိပ်မယ်ဆို အိပ်မက်ဆိုးတွေ မမက်အောင် မေလေး စောင့်ပေးမယ်လေ"
အာကာကာဟိန်းထက် နှုတ်ခမ်း တွန့်ရုံသာ ပြုံးသည်။
"ကောင်းပြီလေ၊ ဒီတစ်ခါတော့ မင်း စကားကို ကိုယ် နားထောင်ရမှာပေါ့"
သူ ထပ်ပြီး မငြင်းတော့။ သူမ ပေးထားသည့် ခေါင်းအုံးကလေးပေါ်မှာပဲ ပက်လက် လဲလျောင်းပြီး မျက်လုံးများထက် ညာဘက် လက်ဖျံကို တင်လိုက်သည်။ ဟန်ဆောင်ထားသော မျက်လုံးများ၏ တင်းခံမှုကို မမြင်စေလို၍ ဖြစ်သည်။ သို့သော် ခံစားနေရသည့် စိတ် ပင်ပန်းမှုများကိုတော့ နှုတ်မှ ဖွင့်ဟလာ၏။ 
"ဝန်ခံရရင် ကိုယ် အရမ်း ပင်ပန်းနေပြီ"
သူမ မအံ့သြမိတော့။
ဝမ်းနည်းစွာသာ ပင့်သက် ရှိုက်လိုက်မိသည်။
"နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါနော်"
အာကာဟိန်းထက် ခေါင်းညိတ်ရုံသာ ညိတ်သည်။ ထိုခဏတွင် အစ်ကိုဖြစ်သူ၏ လက်မောင်းပေါ်သို့ နေပျောက်လေး တစ်ရိပ် ထူးဆန်းစွာ ကျလာခဲ့သည်။ ထူထဲလှသော သစ်ရွက်သစ်ခက် များစွာကို ဖြတ်ကျော်လာခဲ့ပြီးမှ ခက်ခက်ခဲခဲ ကျရောက်လာသော အလင်းပွင့်လေး တစ်ပွင့်ပဲ ဖြစ်သည်။
မေ Scarlett အထက်သို့ မော့ကြည့်လိုက်မိသည်။
ခရမ်းပြာရောင် နွယ်ချုံပင်၏ အကိုင်းအခက်များ အကြားမှ စူးရှ တောက်ပသော နေရောင် တစ်စွန်းတစ်စကို လှမ်းမြင်လိုက်ရသည်။ နေမင်းက ကောင်းကင် အထက် တည့်တည့်သို့ ရောက်ခါနီးနေပြီ ဖြစ်သည်။ သို့ရာတွင် အုပ်ဆိုင်းလှသော သစ်ပင်ရိပ်ကြောင့် အပူဒဏ် မရှိဘဲ အေးချမ်းနေသည်။
ကျဆင်းလာသော အလင်းပွင့်ကပါ သိပ်ပြီး မပူပြင်းလှ။ သို့ရာတွင် အချိန် ကြာလာလေလေ ပူလာတတ်သည့် နေမင်း၏ စွမ်းအားကို သူမ သိနေတာကြောင့် လည်တိုင်ပေါ် ချည်နှောင်ထားသည့် ပဝါစလေးကို ဖြုတ်ယူကာ အာကာဟိန်းထက် ကိုယ်ပေါ်သို့ လွှမ်းခြုံပေးမိသည်။ သေးငယ်သော ပဝါစလေး တစ်စ ဆိုပေမယ့် အပူဓာတ်ကို ကာကွယ်ဖို့တော့ လုံလောက်ပါသည်။
အာကာဟိန်းထက် အိပ်ပျော်သွားသည့်အခါ မေ Scarlett တစ်ဦးတည်း ဆိတ်ငြိမ်စွာ ကျန်ခဲ့သည်။ သူမ နွယ်ချုံပင်၏ ပင်စည်ကို ကျော မှီကာ ဖတ်ဖို့ ကြိုးစားပြီး မဖတ်ချင်ခဲ့သည့် စာအုပ်များ၏ ဆွဲဆောင်မှုကို လျစ်လျူရှုလိုက်သည်။
မိုးကောင်းကင်ကို မမြင်ရလောက်အောင် သူမတို့အပေါ် အုပ်မိုးထားသော နွယ်ချုံပင်သည် ကြီးမားသော ထီး တစ်ခုပမာ အေးမြသော သစ်ရိပ်ကို ပေးစွမ်းထားသည်။ အပင်၏ သေးငယ်သော အရွက်အခက်များက ထူထဲစွာ ရင့်မှောင်ပြီး ခပ်စိပ်စိပ် ဖြစ်နေသည်။ စိမ်းမှောင်သော သစ်ရွက်များ အကြားတွင် ခရမ်းပြာရောင် ပန်းတို့က လိပ်ပြာလေးများ နားခိုနေသည့်အလား ပြန့်ကြဲစွာ ဝေဆာနေကြသည်။ ထိုပန်းများကို မြင်လိုက်ရသည့်အခါ မေ Scarlett ရင်ထဲ လှိုက်ဟာ ဝမ်းနည်းသွားသည်။
သူမ ပြန်တော့မည်။ မကြာခင် ပြန်ရတော့မည်။
သူမ ပြန်သွားသည့်အခါ ဤဥယျာဉ်ခြံဟာ နဂိုအတိုင်း ပန်းရောင်စုံတို့ ဖူးပွင့် ဝေဆာလို့ သစ်ရိပ်တောရိပ်များ မှိုင်းညှို့ကာ မြတ်နိုးဖွယ်ရာ မေတ္တာဓာတ်တို့ သင်းပျံ့နေဦးမည် ဖြစ်သည်။ သစ်ပင်ကြီးများမှ သစ်ရွက်ဝါဝါတို့ ကြွေကျ နှုတ်ဆက်လို့ ပန်းကလေးများလည်း အသစ် ပြန်လည် မွေးဖွားနေဦးမည်။ ကြင်ကြင်နာနာ တေးသီတတ်သော ကျေးဌက်တို့ကပါ နားဝင်ချိုစွာ တေးဆိုလို့ အေးမြ ချမ်းစိမ့်သော ရေကန်ထဲမှ ငါးကလေးများလည်း ပျော်ပျော်ရွှင်ရွှင် ကူးခတ်နေဦးမည် ဖြစ်သည်။
မေ Scarlett ပြန်သွားသည့်အခါ သူမ ချစ်ရသော သူ၏ နေ့စဉ် ဘဝက ဘယ်လိုများ ဖြစ်မှာပါလိမ့်။ သူ ချစ်သော လူကို အနားမှာ ထားလို့ ရက်ပေါင်း များစွာကို နွေးထွေး လုံခြုံစွာ ဖြတ်သန်းသွားမှာပေါ့လေ။ စိတ်ချရပါသည်။ အားကျမိပါသည်။
ဒီအတော်အတွင်း သူမအပေါ် ကြင်နာစွာ ဧည့်ဝတ် ကျေပွန်ခဲ့သည့် ကျေးဇူးတွေကိုတော့ မေ Scarlett မေ့နိုင်မည် မထင်။ တိုက်ဆိုင်မှုတွေ ရှိတိုင်း သတိရနေဦးမည် ဖြစ်သည်။
ပန်းပွင့်ကလေးများဆီမှ လာသော ယစ်မူး ရီဝေသည့် မွှေးရနံ့က မေ Scarlett ၏ စိတ်အစဉ်ကို နွမ်းဖျော့သွားအောင် လွှမ်းခြုံထားသည်။ သူမ တဖြည်းဖြည်း အိပ်ချင်လာသည်။ မှေးခနဲ ငိုက်သွားသည့် အချိန်တွင် သူမ ရှိရာသို့ လျှောက်လာသော ခြေသံ ဖွဖွကို ကြားလိုက်ရသည်။
ဘယ်သူလဲ။
မေ Scarlett သတိကပ်သွားကာ
ကမန်းကတန်း မျက်လုံး ဖွင့်ကြည့်လိုက်သည်။
"ညီမပါ"
သူမကို ရပ်ကြည့်နေသော နန်းယုဝေနှင့် အကြည့်ချင်း ဆုံမိသွားသည်။
"သြော် . . နန်းကိုး"
မေ Scarlett နွယ်ချုံပင်ကို ကျောကပ် မှီထားရာမှ ခွာကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ထိုင်လေ"
နန်းယုက သူမနှင့် မျက်စောင်းထိုး ဖြစ်သော အာကာဟိန်းထက် နံဘေးတွင် ထိုင်သည်။ အိပ်ပျော်နေသည့် အာကာဟိန်းထက် မျက်နှာကို သေသေချာချာ လှမ်းမြင်နိုင်သည့် နေရာ တစ်နေရာပဲ ဖြစ်သည်။ နန်းယုဝေ၏ ပိုင်စိုးပိုင်နင်းဆန်မှုကို မေ Scarlett ရုတ်တရက် ခံစားလိုက်ရသည်။ သူမ ခပ်သဲ့သဲ့ ပြုံးလိုက်မိသည်။
"ဖေဖေဆီက သိခဲ့ရတာ အစ်မက ဦးရဲ့ ညီမဆို . . ၊ တကယ်ပဲလား"
"တကယ်ပေါ့၊ မင်း သဝန်တိုတတ်တာကို တို့ သိပေမယ့် . . တို့အတွက် အာကာဟိန်းထက်က နှစ်ယောက် မရှိတဲ့ အစ်ကိုပါ"
မေ Scarlett စကားကြောင့် နန်းယု ရှက်သွားသည်။
"ဒါ . . ညီမ အပြစ် မဟုတ်ဘူးနော်၊ အစ်မတို့ နှစ်ယောက်က မောင်နှမတွေနဲ့မှ မတူဘဲ"
"အယ် . . ဟဟား"
မေ Scarlett အံ့သြသွားပုံက အနည်းငယ် ထူးဆန်းသည်။ အံ့သြမှုကို ရယ်မောခြင်းနှင့် ထိန်းလိုက်သည့် ဟန်ပန်က နန်းယု ပြောလာသည့် စကားများကို ကြိုတင် တွက်ဆထားပြီးသား ပုံစံမျိုး ဖြစ်သည်။ သို့သော် ထိုစကားအတွက် လွန်သွားလေသလား ဟု သူမ အနည်းငယ်မှ မတွေးမိ။
"ဒါတော့ မင်းကပဲ နားလည်ပေးကွယ်၊ အစ်မတို့က ချစ်ရက်နဲ့ ကွဲခဲ့ရပြီး . . သိပ် မကြာခင်ကမှ အမှတ်မထင် ပြန်ဆုံခဲ့ရတဲ့ မောင်နှမတွေမို့ပါ"
"အို . . တကယ်ပဲလား"
မေ Scarlett ခေါင်းညိတ်ရုံသာ အဖြေ ပေးသည်။ သို့ရာတွင် သိသိသာသာ ညှိုးကျသွားသော နန်းယု မျက်နှာကြောင့် မျက်ခုံး ပင့်ကာ ကြည့်၏။
"စိတ်ပူတတ်လိုက်တာနော်"
မေ Scarlett ၏ ရိတိတိ စကား။
"အဟဲ . . ၊ ဒါကတော့ ချစ်ရတဲ့ သူ ဆိုတော့လဲ"
နန်းယု စပ်ဖြဲဖြဲ ရယ်ရင်း ဆံပင်ကို ခပ်သာသာ ဖွသည်။
"တို့ အစ်ကိုကို ကျိတ် Crush နေတာပေါ့လေ . . ဟုတ်လား၊ ဒါပေမယ့် ဘယ်လိုလုပ်မလဲ၊ အစ်မတို့က မနက်ဖြန်ဆို ပြန်တော့မှာ . ."
ကျိတ် Crush နေသည် ဟူသော စကားကြောင့် ပေါ်တင် ချစ်တာပါ ဟု နန်းယု အတွန့်တက်ဖို့ ပြင်ထားပေမယ့် နောက်မှ ဆက်ပြောလိုက်သည့် ပြန်တော့မည် ဟူသော စကားကြောင့် မျက်လုံး နှစ်လုံး အဆမတန် ပြူးကျယ်သွားသည်။
"ပြန်တော့မယ်၊ ဦးရောလား"
မေ Scarlett နှုတ်ခမ်းကို တင်းတင်း စေ့လျက် ပါး ဖောင်းကာ ငါးပူတင်း တစ်ကောင်လို ရိသဲ့သဲ့ ပုံစံမျိုးဖြင့် ခေါင်းညိတ်ပြသည်။ ယောက်မလေးသည် ယခင်က သူမအပေါ် ချေမိုးခဲ့သော နန်းယုဝေ၏ အပြုအမူများအတွက် ပြန်၍ လက်စားချေချင် ပုံ ရသည်။
ခက်တော့တာပဲ။
ထိုအခိုက် နန်းယု ရင်ခွင်ထဲသို့ ပန်း တစ်ပွင့် ကြွေကျလာသည်။ သူမ ခရမ်းပြာရောင် ပန်းလေးကို ကောက်ယူလိုက်ပြီး အပေါ် တည့်တည့်သို့ မော့ကြည့်လိုက်သည်။
အထက် ကောင်းကင်တွင် ခရမ်းပြာရောင် ကြယ်များ ထွက်ပေါ်နေသည့် အလား နွယ်ပင်၏ အကိုင်းအခက်များတွင် ပန်းပွင့်လွှာတို့ အစီအရီ တွဲခိုနေကြသည်။ သစ်ပင်မှ ပန်းပွင့် တစ်ပွင့် ဆုံးရှုံးသွားရတာအတွက် နွယ်ပင်ကြီးက ဝမ်းနည်းရိပ်ပင် မပြ။ နဂိုအတိုင်း တိတ်ဆိတ်စွာ လည်ဆန့်လို့ သူမ ပိုင်ဆိုင်ထားသည့် အလှတရားများကိုသာ ခမ်းခမ်းနားနား ဝင့်ကြွားနေလေသည်။
သို့ရာတွင် နန်းယုကတော့ ဝမ်းနည်းသည်။ ဘယ်တော့မှ ပြန်လည် ပေါင်းစပ်လို့ မရနိုင်တော့သည့် ကွဲကွာခြင်းက သူမအတွက် ဝမ်းနည်းဖို့ လုံလောက်သည့် အကြောင်းပြချက် တစ်ခုပဲ ဖြစ်သည်။
သူမ ငေးကြည့်မိသော သစ်ရိပ် အောက်မှ အာကာဟိန်းထက်၏ မျက်နှာသည် တင်းမာ ခက်ထန်မှုတို့ ကင်းစင်ကာ မြတ်နိုးဖွယ်ရာ နူးညံ့မှုတို့ ကိန်းဝပ်နေသည်။ ထိုမျက်နှာသည် သူမ မြင်ခဲ့ဖူးသမျှ အာကာဟိန်းထက်၏ မျက်နှာများထဲတွင် စွဲလမ်းစရာ အကောင်းဆုံး၊ တွယ်တာစရာ အကောင်းဆုံး၊ ချစ်ခင် ကြင်နာစရာ အကောင်းဆုံး မျက်နှာ တစ်ခုပဲ ဖြစ်သည်။ ထိုမျက်နှာကြောင့်ပဲ သူမ စိတ်ကူးယဉ်မိသည့် အချစ် ဆိုသော အရာ၊ ပထမဆုံး အကြိမ် ပေါက်ဖွားလာခဲ့တာပဲ ဖြစ်သည်။
အလိုရမ္မက်တို့ ကင်းဝေးပြီး အေးချမ်း ရောင့်ရဲသော အာကာဟိန်းထက် မျက်နှာကို သူမ မှတ်မိအောင် အလွတ်ကျက်သလို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ နောက်တစ်ရက် ရောက်သည့်အခါ ဒီမျက်နှာကို သူမ မြင်တွေ့ခွင့် ရတော့မည် မဟုတ်။ ပြန်လည် မြင်တွေ့ခွင့် ရဖို့ဆို ဘယ်လောက်အထိ ကြာအောင်များ စောင့်ရမည်လဲ။
တစ်လ . . ၊ တစ်နှစ် . . ၊ တစ်ဘဝလုံးစာ။
ရင်ထဲမှာ စူးစူးနစ်နစ် စိုက်ဝင်သွားသော ဓားချက်၏ နာကျင်မှုကြောင့် နန်းယု တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူမတို့ ဝေးရတော့မည်လား။
"တပ်မက်မှု တစ်ခုဟာ အစမှာတော့ မြတ်နိုးစရာပေါ့၊ အမှန်က စူးတယ်၊ အဆိပ် ပြင်းတယ်၊ နောက်ဆုံးမှာ . . အရမ်းကို နာကျင်ရလိမ့်မယ်"
မေ Scarlett ပင့်သက် တစ်ချက် ရှိုက်လိုက်သည်။
အာကာဟိန်းထက်ကို ငေးစိုက် ကြည့်နေရာမှ နန်းယု ဖျတ်ခနဲ အကြည့် ရုပ်လျက် မေ Scarlett ကို မော့ကြည့်လိုက်မိသည်။ မေ Scarlett က သူမကို ငုံ့ကြည့်နေတာနှင့် တိုက်ဆိုင်သွား၍ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားသည်။ မေ Scarlett အကြည့်က စာနာသည့် အကြည့်မျိုး၊ တစ်စုံတစ်ရာကို နင့်နင့်သီးသီး နားလည်သည့်အလား သနား ငဲ့ညှာသည့် အကြည့်မျိုး ဖြစ်သည်။
"အများကြီး ချစ်ရင် အများကြီး ပင်ပန်းရတယ်၊ အချစ် ဆိုတာ နှစ်ဦးနှစ်ဖက် ချစ်နေမှ အဆင်ပြေတာ၊ တစ်ဖက်တည်း စွဲစွဲလမ်းလမ်း ချစ်နေမိရင် စိတ် ပင်ပန်းရတယ်"
ဟုတ်ပါသည်။
တစ်ဖက်သတ် အချစ် ဟူသည်
ဘယ်တုန်းကများ ငြိမ်းချမ်းဖူးလို့ပါလဲ။
မေ Scarlett အနည်းငယ် ပြုံးကာ နန်းယု မျက်နှာကို လက်ဖြင့် ထိကိုင်လိုက်သည်။ ထို့နောက် ခေါင်းကို တစ်ဖက်ဆီသို့ စောင်းကာ ဘယ်ညာ ယိမ်းလျက် စူးစမ်းပြန်သည်။ နန်းယု အံ့သြသွားသည်။
"ဘာကြည့်တာလဲဟင်"
သူမ တစ်ချက် ရယ်သည်။
"သြော် . . မင်းရဲ့ မျက်နှာသွင်ပြင်ကို လေ့လာကြည့်တာလေ၊ လှမှ လှရဲ့လားလို့"
"ဘာလုပ်ဖို့လဲဟင်"
သူမ မဖြေ။
"မဟုတ်မှလွဲရော . . အစ်မမှာ ဦးရဲ့ လက်တွဲဖော်အတွက် စံနှုန်းတွေ သတ်မှတ်ထားတာများ ရှိလို့လား"
နန်းယု မေးတော့ ရယ်ချင်စိတ်ကို ထိန်းမနိုင်ပုံဖြင့် အသံ ထွက်လျက် ဟက်ဟက်ပက်ပက် ရယ်သည်။ သို့သော် အာကာဟိန်းထက် နိုးသွားမည်ကို စိုးရိမ်ပုံဖြင့် ရယ်ချင်စိတ်ကို မေ Scarlett အမြန် ထိန်းလိုက်တာ တွေ့ရသည်။
"မဟုတ်တာကွယ်၊ တို့မှာ တို့အစ်ကိုရဲ့ လက်တွဲဖော်အတွက် စံနှုန်းတွေ သတ်မှတ်ချက်တွေ မရှိပါဘူး၊ တို့ မင်းကို ကြည့်တယ် ဆိုတာက တို့အတွက် တို့ ကြည့်တာပါ"
"ရှင် . ."
နန်းယု နား မရှင်း ဖြစ်သွားသည်။
မေ Scarlett ခပ်သဲ့သဲ့ ရယ်ပြန်သည်။
"တကယ်တော့ မင်းက တို့အကြိုက်ပဲ"
"အယ် . ."
မထင်မှတ်ထားသော စကားကြောင့် နန်းယု မျက်နှာများ ရဲတက်သွားသည်။ သူမ ရှက်သွားပုံကို မေ Scarlett က အရသာ ခံ ကြည့်နေသည်။
"အစ်မကလည်း ဘာတွေ ပြောနေမှန်း မသိဘူး"
"တကယ် ပြောတာ၊ တို့အစ်ကိုအစား တို့ကိုပဲ ပြန်ကြိုက်လိုက်ပါ့လား၊ ဟင် . ."
နန်းယု မရတော့။ ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်သည်။ လစ်တာနှင့် ပြေးနိုင်ဖို့ ဖြစ်သည်။ သူမ ရင်ထဲမှာ ရှက်ရွံ့စိတ်များ ပြင်းထန်နေသည်။ သူမကို ကြိုက်ပါသည် ဟူ၍ တစ်ဦးတစ်ယောက်ကမှ ဖွင့်မပြောဖူးခဲ့။ မကြုံစဖူး အခြေအနေထူးကြောင့် မျက်နှာတွေ ပူထူကာ လက်ဖျားများပါ အေးစက်လာသည်။
"အဲ . . အစ်မ ကြားလိုက်လား၊ ညီမကို ဖေဖေ ခေါ်နေပြီ၊ ယုလေးတဲ့ . . ၊ ညီမ သွားတော့မယ်နော်"
နန်းယု အဖြေကို မစောင့်တော့။ နွယ်ချုံပင် အောက်မှ ချက်ချင်း ထပြေးလာခဲ့တော့သည်။ သို့ရာတွင် နောက်မှ လှမ်းအော်လိုက်သည့် မေ Scarlett စကားကို တိတိကျကျ ကြားလိုက်ရသေး၏။
"ဟိတ် ကောင်မလေး . . တို့ကိုသာ ရွေးမယ်ဆို တို့ ရှာသမျှ အားလုံးက မင်းအတွက်ချည်းပဲနော် . . ၊ စိတ်ကူး မမှားလိုက်နဲ့"
နန်းယု နားကို ပိတ်ကာ အိမ်ထဲသို့ တန်းနေအောင် ပြေးဝင်သွားတော့သည်။
မေ Scarlett သဘောကျစွာ ခပ်ကျိတ်ကျိတ် ရယ်ရင်း စကား တစ်ခွန်းကို တိုးတိုးလေး ရေရွတ်လိုက်သည်။
"ပြဿနာတွေလေ . ."
ထိုစကားကိုတော့ နန်းယု မကြားလိုက်ချေ။
~•~ ~•~ ~•~
စံအိမ် မှန်တံခါးမှ အပြင်သို့ ထွက်လိုက်သည့် အချိန်တွင် ပူနွေးသော လေထုက မျက်နှာကို ဆီးကြို တိုက်ခတ်လိုက်သည်။
မှန်တံခါး အရှေ့မှ အုတ်လှေကားထက်တွင် ဝေယံနှင့် အာကာဟိန်းထက်တို့ နှစ်ဦး အေးဆေးစွာ စကားပြောနေကြသည်။ ကား အသွားအလာ ရှိသော ခြံထဲမှ ကတ္တရာ လမ်းမပေါ်တွင် အနက်ရောင် ကား တစ်စီး ထိုးရပ်ထားတာ မြင်ရသည်။ လေဆိပ်သို့ လိုက်ပို့ပေးမည့် အဋ္ဌားကား တစ်စီးပဲ ဖြစ်သည်။ ထိုကားနှင့် မလှမ်းမကမ်းတွင် မေ Scarlett ရပ်နေသည်။ သူမက လက်ကိုင်အိတ် အသေးလေးကို ကိုင်ကာ အစ်ကိုဖြစ်သူကို စောင့်ဆိုင်းလျက် ရှိသည်။
ဂျပန်ကို လာတုန်းက ခရီးဆောင် အိတ်နှင့် အသုံးအဆောင် ပစ္စည်းများ မပါခဲ့သော အာကာဟိန်းထက်က ယခု မြန်မာကို ပြန်တော့လည်း ဘယ်လို ပစ္စည်းပစ္စယမျိုးကိုမှ သယ်ယူခြင်း မရှိ။ တစ်ကိုယ်တည်း အေးဆေးစွာဖြင့် လွတ်လပ် ပေါ့ပါးလှသည်။
"မင်းတို့ဆီက သတင်းကောင်းကို စောင့်နေမယ်၊ တစ်ခုခု ထူးခြားရင် ကိုယ့်ကို အကြောင်း ကြားလိုက်ပေါ့"
"ကောင်းပြီလေ၊ ဒေါက်တာကတော့ အခုထိ ဖုန်း မဆက်သေးဘူး"
အာကာဟိန်းထက် အနည်းငယ် မျက်မှောင်ကြုတ်၍ ပြုံးသည်။
"ဒီလို ကိစ္စမျိုးက အလျင်လိုဖို့မှ မကောင်းဘဲ၊ နေသူရိန်မင်းခန့်ကိုတော့ ကိုယ်က မေးတယ်လို့ ပြောလိုက်ဦး"
"အင်း . . ပြောလိုက်ပါ့မယ်၊ ဒါလင်က စာမေးပွဲ ရှိလို့ တက္ကသိုလ်ကို အစောကြီး သွားတယ်၊ နှုတ်ဆက်ဖို့တောင် အချိန် မရလိုက်ဘူး"
"ကိုယ် နားလည်ပါတယ်၊ ဒါပေမယ့် နန်းကတော့ ကျောင်း မသွားချင်ဘူး ထင်တယ်နော်"
ဝေယံ အနားတွင် ရပ်ကာ သူတို့ ပြောနေသည့် စကားများအား တစ်ချိန်လုံး ငြိမ်ကာ နားထောင်နေသည့် နန်းယုကို အာကာဟိန်းထက် မေးငေါ့ပြသည်။ နန်းယု ရှက်ရွံ့စွာ ဝေယံ ဘောင်းဘီစကို ဆွဲလျက် မျက်နှာ ဝှက် ပုန်းကွယ်လိုက်မိသည်။
"ဟုတ်တယ်၊ ကျောင်း ပို့လို့ မရဘူး၊ ယုလေးက မင်းကို နှုတ်ဆက်ချင်တာ တဲ့လေ"
ဝေယံ နန်းယု ပခုံး နှစ်ဖက်ကို ကိုင်ကာ အာကာဟိန်းထက်ဆီသို့ အသာ တွန်းထုတ် လွှတ်လိုက်သည်။
နန်းယု သူမကို ငုံ့ကြည့်နေသော အာကာဟိန်းထက်ကို တွန့်ဆုတ်စွာ သတိထားမှုဖြင့် ပြုံးပြလိုက်သည်။ သို့သော် သူက ခါတိုင်းလို ပြုံးပြခြင်း မရှိဘဲ သူမ ရှေ့မှာပဲ ဒူးထောက် ထိုင်ချလိုက်သည်။ ဒူး တစ်ဖက်အား ကြမ်းပြင်ပေါ် ထောက်လျက် သူမကို စိုက်ကြည့်လိုက်သော မျက်လုံးများကြောင့် အယောင်ယောင် အမှားမှားဖြင့် နန်းယု နောက်သို့ ခြေ တစ်လှမ်း ဆုတ်မိသွားသည်။
သို့ရာတွင် အာကာဟိန်းထက် မျက်လုံးများက စူးရှသော အလင်းဓာတ်ကြောင့် မှုန်ရီရီ ဖြစ်နေသည်။ သူမအား ပြင်းပြင်းပြပြ ဆွဲဆောင်နိုင်သော မျက်ဝန်းညိုများကို နန်းယု ဘယ်တုန်းကမှ တင်းခံနိုင်စွမ်း မရှိခဲ့။ သူမအား တိုးတိတ်စွာ ညှို့ယူနိုင်သော ထိုဆွဲဆောင်မှုများနှင့် မဝေးချင်သေးပါ။
"ဦးနဲ့ ခွဲဖို့ နန်း အခုထိ အဆင်သင့် မဖြစ်သေးဘူး"
အာကာဟိန်းထက် ပြုံးသည်။ သို့သော် အပြုံးက မပီပြင်။
"နန်း နှလုံးသားက ဦးကို ကြွေစင်းသွားပြီ ဆိုတော့ ဦး ဘယ်ကိုပဲ ရောက်ရောက် နန်း လွမ်းနေတော့မှာပဲ"
ထို့နောက် သူမကို စိုက်ကြည့်နေရာမှ ဦးခေါင်းကို လက်ချောင်းများဖြင့် ဆွဲယူကာ ပခုံးပေါ် မှီအပ်စေလိုက်သည်။ သူမ အံ့သြသွားသော်လည်း နွေးထွေးသည့် ညှို့ယူမှုကြောင့် ခန္ဓာကိုယ်မှ အားအင်များ လျင်လျင်မြန်မြန် ချည့်နဲ့ကုန်သည်။ နန်းယု မျက်နှာက အာကာဟိန်းထက်၏ ပခုံးစွန်းနှင့် ရင်ခွင်ကြားတွင် ရှိနေသည်။
"ကိုယ်လည်း မင်းနဲ့ မခွဲချင်သေးဘူး"
နန်းယု နောက်ကျော အထက်ပိုင်းဆီမှ ကြားလိုက်ရသော အာကာဟိန်းထက် စကားသံက ညင်သာ နွေးထွေးလှသည်။ တရင်းတနှီး ရှိလှသော အပြုအမူများ၏ ယုယမှုက သူမ တစ်ကိုယ်လုံးသို့ ဖြာဝေ စီးဆင်းသွားသည်။
"ကိုယ် မင်းဆီ ပြန်လာခဲ့မယ်"
နဖူး၊ မျက်လုံး၊ နှုတ်ခမ်းများဖြင့် ထိမိနေသော အာကာဟိန်းထက် ရင်ခွင်တွင် ရင်းနှီးသော လှုပ်ရှားမှုကို သူမ ခံစားရသည်။ ဝတ်ထားသော ချည်သားမွမွ အင်္ကျီစကို ဖောက်ထွင်းပြီး ကြားနေရတာက နှလုံးခုန်သံပဲ ဖြစ်သည်။ တည်ငြိမ်သည့် နှလုံးခုန်သံ၊ စည်းချက် မှန်သည့် နှလုံးခုန်သံ။ လူ တစ်ယောက်၏ သာမန် နှလုံးခုန်သံ တစ်ခုသာ ဖြစ်သည်။
"ဘဝ တစ်ခုလုံးစာ ကြာမယ် ဆိုရင်တောင် ဦးကို နန်း စောင့်ပါ့မယ်"
အာကာဟိန်းထက် သူမကို လိုအပ်တာထက် ပိုပြီး အခွင့်အရေး မယူခဲ့။ ဆံနွယ်များကို ဖွဖွ သပ်ရင်း ချက်ချင်း ပြန်လွှတ်ပေးခဲ့သည်။
နန်းယု နှမြောတသ ဖြစ်စွာ နောက်ဆုတ်ရင်း ဒူးထောက်ရာမှ မတ်တတ်ရပ်လိုက်သည့် အာကာဟိန်းထက်ကို ခပ်လျှမ်းလျှမ်း မော့ကြည့် ပြုံးပြမိသည်။ သူက သူမကို ပြန်ပြီး ပြုံးမပြ။ စူးစူးစိုက်စိုက် ငေးနေခဲ့သည်။ ဝေယံ၏ အသိပေး စကားကို ကြားမှသာ မျက်နှာထား ပြင်လျက် ချက်ချင်း အကြည့် ပြန်ရုပ်သွားသည်။
"ဟိန်းထက် . . မေလေး စောင့်နေတာ ကြာပြီနော်"
"ဟုတ်ပြီ၊ ကိုယ် သွားတော့မယ်"
"ဂရုစိုက်ပါ . ."
အာကာဟိန်းထက် ခေါင်း တစ်ချက် ညိတ်ကာ လှည့်ထွက်သွားသည်။ နန်းယု စိတ်ထင်၍ပဲလားတော့ မသိ။ ကားဆီသို့ လှမ်းသွားသော အာကာဟိန်းထက် ခြေလှမ်းများက သာမန်ထက် ဖြည်းညင်း နှေးကွေးလွန်းနေသည်။ ခြေလှမ်းများကို ရေတွက်ရင်း လမ်းလျှောက်နေသည့် ပုံစံမျိုး ဖြစ်သည်။
ထို့နောက် ကားဆီကို ရောက်သည်။ မေ Scarlett နှင့် စကား တစ်ခွန်း စ နှစ်ခွန်း စ ပြောနေတာ မြင်ရသည်။ စကားပြောပြီးသည့်အခါ ညီမဖြစ်သူအတွက် ကား တံခါး အရင် ဖွင့်ပေးသည်။ ကားပေါ် မတက်ခင် သူမကို တစ်ချက် လှည့်ကြည့်လာသေး၏။
နန်းယု အံ့ကြိတ်၍ ပြုံးပြမိသည်။
သူမ အပြုံးကို မြင်သည့်အခါ ညိုမှောင်သော မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ စာနာသော အပြုံးရိပ် တစ်ခုကို လက်ဆောင် ပေးပြီးနောက် ကားပေါ်သို့ သူ တက်သွားတော့သည်။ အစစ အရာရာ ဆုံးရှုံးသွားရသလို ခံစားလိုက်ရသည့် နာကျင်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိန်းချုပ်လိုက်ရသည်။
နန်းယု ငေးကြည့်နေတုန်းမှာပဲ အနက်ရောင် ကားလေးက ခြံထဲမှ ညင်သာစွာ ထွက်ခွာသွားသည်။ ထိုကားလေး မြင်ကွင်းထဲမှ တရိပ်ရိပ် ပျောက်ကွယ်သွားသည်အထိ သူမ ငေးကြည့်နေမိသည်။
မင်းသားလေး ထွက်သွားပြီ။
မင်းသားလေးနှင့် သူမ ဝေးသွားရပြီ။
သို့သော် မင်းသားလေး ပေးအပ်ခဲ့သော ကြင်နာမှုများက သေးငယ်သော သူမ နှလုံးသားလေးထဲ နွေးထွေးသည့် ချစ်ခြင်းမေတ္တာများအဖြစ် မသိမသာ ကျန်ရစ်ခဲ့သည်။
~•~ S U N ~•~
13 / July / 2021
5 : 09 PM
Continue Reading
You'll Also Like
254K 16.2K 37
ငါ့ဘ၀မှာ​ ​လောဘတက်​ပြီး ပိုင်​ဆိုင်​ချင်​ခဲ့တာမျိုးဆိုတာ မင်းနဲ့မှ ဖြစ်​​ပေါ်လာတာပါ ဒေါသ​တွေ၊မာန်​မာန​တွေနဲ့​မျှော်​လင့်​ချက်​ကင်းမဲ့​နေချိန်​ ပထမဆံ...
202K 14.5K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1M 36.1K 42
1.3M 97.1K 38
MyanmarxOC 1.5.2023 _ 30.6.2023