ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...
By Juliexin__
1.9M 333K 9.6K
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More
Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး
*111* ခင်ဗျားသဘောကျလား
10K 1.7K 67
By Juliexin__
ညရောက်တဲ့အခါ ရုန်ဟွမ်က ရုန်ယိရဲ့ခေါင်းအုံးကို ယင်ကျင်းရဲ့အခန်းထဲထည့်ပေးကာ အခန်းထဲက စားပွဲတွေ ကုလားထိုင်တွေအကုန်လုံးကို သူ့သိုလှောင်လက်စွပ်ထဲကို ထည့်သိမ်းလိုက်သည်။ ထို့နောက် ယင်ကျင်းရဲ့နဲ့နှစ်ယောက်တည်း ရင်းရင်းနှီးနှီးနေချင်နေတဲ့ ရုန်ယိရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ရုန်ယိနဲ့အိပ်ရတာကိုဘဲသဘောကျတဲ့ ယင်ထောင်နဲ့ ကျန်းမုတို့ကို ချော့မော့ကာသူ့အခန်းထဲကိုခေါ်သွားပေးလိုက်သည်။
ဘာမှမရှိတော့တဲ့အခန်းကိုကြည့်ရင်း ရုန်ယိတစ်ယောက် စိတ်ကျေနပ်မှုအပြည့်နဲ့ ခေါင်းငြိမ့်လိုက်သည်။ ဒါပေမဲ့လည်း ယင်ကျင်းရဲ့က အိပ်ယာတစ်ဖက်စွန်းမှာထိုင်ကာ တရားထိုင်ကျင့်ကြံနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူစိတ်ဓာတ်တွေထိုးကျသွားပြန်လေသည်။ သူ ရုန်ဟွမ်ကို အိပ်ရာကြီးကိုပါဖယ်ပစ်လိုက်ဖို့ပြောလိုက်ရမှာ...ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင်လည်း သူတို့မှာ အိပ်စရာနေရာတောင်မရှိတော့ဘဲ ဖြစ်သွားမှာပေါ့...။
သူအပြင်ဝတ်စုံကိုချွတ်ပြီး အိပ်ယာတစ်ဖက်မှာထိုင်ချလိုက်ကာ တရားထိုင်ကျင့်ကြံနေတဲ့ ယင်ကျင်းရဲ့ကိုကြည့်ရင်း သူ့ကိုသွားနှောင့်ယှက်တာကလည်းမသင့်တော်ဘူးလို့ခံစားနေရသလို စကားသွားပြောဖို့ခေါင်းစဥ်ကလည်းရှာမတွေ့ချေ။ နောက်ဆုံးတော့ သူတစ်ဖက်လှည့်ကာ အိပ်ဖို့သာပြင်လိုက်တော့၏။
ရုန်ယိအတွက် ဒါကပထမဆုံးအကြိမ် လူတစ်ယောက်ကိုချစ်မိသွားတာဖြစ်လေသည်။ ဒါပေမဲ့ သူချစ်ရတဲ့သူနဲ့ နီးစပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို သူမသိသလို ဒီဆက်ဆံရေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တိတိကျကျသိရှိနိုင်ဖို့နဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲဆိုတာကို မေးဖို့အတွက် သင့်တော်တဲ့သူကိုလည်း သူရှာမတွေ့ပေ။
အင်း....သူ့ရဲ့ ဒုတိယအစ်ကိုသာ ဒီနေရာမှာရှိနေမယ်ဆိုရင်ပေါ့လေ...သူက သူ့ချစ်မှုရေးရာအကြံပေးဖြစ်လာလိမ့်မည်။
ဒါပေမယ့်လည်း မကြာခဏလမ်းခွဲခံနေရတဲ့ ရုန်ချီအကြောင်းပြန်စဥ်းစားမိလိုက်တဲ့အခါ ရုန်ယိ မနေနိုင်ဘဲ မျက်ဆံသာလှန်လိုက်မိသည်။ ကြည့်ရတာတော့ ကိစ္စတွေအကုန်လုံးကို ကိုယ့်အားကိုယ်ကိုးတာက ပိုပြီးယုံကြည်စိတ်ချရမဲ့ပုံပေါ်သည်။ ရုတ်တရက် ရန်ချိုးရွှမ်က သူ့ကို လိင်မှုဆက်ဆံရေးစာအုပ်တစ်အုပ်ပေးဖူးတာ သတိရသွားသည်။ ထိုစာအုပ်က လူတစ်ယောက်ကို ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာ သင်ပေးနိုင်မလားလို့ သူသိချင်မိသွား၏။
ရုန်ယိ သိုလှောင်လက်စွပ်ထဲကနေပြီး စာအုပ်ကိုထုတ်လိုက်ကာ ပထမဆုံးစာမျက်နှာကိုလှန်ကြည့်လိုက်တဲ့အခါ ယောက်ျားနှစ်ယာက်က အိပ်ရာထဲမှာလုံးထွေးနေတဲ့ပုံကိုတွေ့လိုက်ရသည်။
သူ့မျက်လုံးထောင့်တွေ တွန့်သွားရသည်။ သူ ရှေးခေတ်ကပန်းချီဆွဲခြင်းကို ရှုံ့ချတာတော့မဟုတ်ပေမဲ့ ပုံတွေကအတော်လေးကို ရုပ်ဆိုးလှသည်။ ရွဲ့စောင်းနေတဲ့ပုံရိပ်နှစ်ခုက သူ့ရဲ့လိင်စိတ်ဆန္ဒတွေကိုမြင့်တက်လာစေဖို့အတွက်တော့ မဖြစ်နိုင်သလောက်ပင်။ အပေါ်မှာရေးထားတဲ့ ရှင်းလင်းချက်တွေကလည်း ရှေးတရုတ်စာလုံးတွေနဲ့ဆင်တူလေသည်။ ဒီစာရေးသူက သူဒါကိုနားလည်နိုင်လိမ့်မယ်လို့ ဘယ်လိုများတွေးတောလိုက်တာလဲဟ...။
ရုန်ယိ စာမျက်နှာများစွာလှန်လှောကြည့်လိုက်ပေမဲ့ တစ်လုံးမှကိုနားမလည်နိုင်သေးပေ။ ဒါပေမဲ့ သူပုံတွေကိုကြည့်ပြီးတော့ အဓိပ္ပာယ်ကိုတော့ ခန့်မှန်းကြည့်လို့ရသည်။ ပုံတစ်ပုံမှာဆိုရင် အပေါ်ကယောက်ျားက သူ့ရဲ့ညီငယ်လေးကို တစ်ခြားတစ်ယောက်ရဲ့ အနောက်ပေါက်ထဲကိုထည့်နေတာကြောင့် ရုန်ယိမှာ တစ်ကိုယ်လုံး ကြက်သီးတွေထလာတော့သည်။ တစ်နေ့ သူလည်းဒီလိုဖြစ်မယ်ဆိုတာကြီးက ပုံဖော်ကြည့်ဖို့တောင် ခက်ခဲလှ၏။
တရားထိုင်နေတဲ့ ယင်ကျင်းရဲ့က ရုန်ယိရဲ့စာရွက်လှန်သံတွေကြောင့် မျက်လုံးဖွင့်ကာ မေးလာသည်။
"မင်း ဘာစာအုပ်ဖတ်နေတာလဲ"
ရုန်ယိ စာအုပ်ကိုချက်ချင်းကောက်သိမ်းလိုက်ပြီး ကိုးရို့ကားယားပြုံးပြလိုက်သည်။
"ဘာမှမဟုတ်ဘူး"
ယင်ကျင်းရဲ့ "......"
"ခင်ဗျား ကျင့်ကြံတာကပြီးသွားပြီလား"
ရုန်ယိ သူ့ဘေးကနေရာကိုပုတ်ပြလိုက်ပြီး
"လှဲလေ"
ယင်ကျင်းရဲ့သူပုတ်ပြတဲ့အိပ်ရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့အပြင်ဝတ်ရုံကိုချွတ်ကာ လှဲလိုက်သည်။
ရုန်ယိမှာ အနည်းငယ်ရှက်နေတာကြောင့် ကသိကအောက်ဖြစ်နေတဲ့လေထုကို ချိုးဖျက်ဖို့ ပါးစပ်ဖွင့်လိုက်သည်။
"ကလေးတွေအဖေ...."
"အင်း.."
ယင်ကျင်းရဲ့က ရုန်ယိပြောလာမှာကို စောင့်ပေးနေ၏။
ရုန်ယိလည်း သူ ဒီထက်ပိုပြီး ပြန်ပြောလာမယ်လို့ မျှော်လင့်မထားပေ။ သူတို့နှစ်ယောက်ကြားကအကွာအဝေးကိုသိချင်လို့ ခေါင်းလေးစောင်းကြည့်လိုက်တဲ့အခါ တစ်ဖက်လူရဲ့လက်က သူနဲ့နီးကပ်စွာရှိနေတာကို တွေ့လိုက်ရသည်။ ဒါကြောင့် သူ့ညာဘက် လက်ညှိုးနဲ့လက်ခလယ်လေးကို ထောက်ကာ တစ်ဖက်လူဆီသို့ တရွေ့ရွေ့ချည်းကပ်သွားလိုက်ကာ သူ့လက်ချောင်းထိပ်တွေကို ဖွဖွလေးသွားထိကြည့်လိုက်၏။ တစ်ဖက်လူက ရှောင်ဖယ်သွားတာမျိုးမရှိတဲ့အခါ သူ့လက်ကိုအမြန်ဆွဲကိုင်လိုက်ပြီး မေးလိုက်သည်။
"ကျွန်တော် ခင်ဗျားလက်ကို ဒီလိုမျိုးကိုင်လိုက်တဲ့အချိန်မှာ မနှစ်မြို့တာမျိုးရှိလား"
ယင်ကျင်းရဲ့က ချက်ချင်းပြန်ဖြေလာသည်။
"မရှိဘူး"
"ဒီလိုဆိုရင်ရော..."
ရုန်ယိ သူ့လက်ချောင်းတွေနဲ့ယင်ကျင်းရဲ့လက်ချောင်းတွေကို ယှက်ကာဆုပ်ကိုင်လိုက်သည်။
"ဒါက စိတ်အနှောင့်အယှက်ဖြစ်လား"
"မဖြစ်ဘူး"
"ဒါဆို..ဒီလိုမျိုးဆိုရင်ရော..."
ရုန်ယိ သူ့လက်ညှိုးလေးကို ပြန်ဆွဲထုတ်ကာ ယင်ကျင်းရဲ့ရဲ့လက်ဖဝါးပေါ်မှာ စက်ဝိုင်းလေးရေးဆွဲလိုက်၏။
"ခင်ဗျား သဘောကျလား"
ယင်ကျင်းရဲ့သူ့ကို စိုက်ကြည့်ရင်းနဲ့ သူ့လက်တွေကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
"မင်း စာအုပ်ထဲကအတိုင်း မဖြစ်ချင်သေးရင် ကောင်းကောင်းလေးနေ"
စာအုပ်ထဲကအတိုင်း.....ရုန်ယိ ကြောင်အသွားပေမဲ့ မကြာခင်မှာဘဲ ယင်ကျင်းရဲ့က သူ့ဝိညာဥ်စွမ်းအားကိုသုံးပြီး သူဖတ်နေတဲ့စာအုပ်ကို ချောင်းကြည့်ခဲ့တာကို နားလည်သွားတော့သည်။
"ချီး...ခင်ဗျား တစ်ကယ်ဟန်ဆောင်ကောင်းတာဘဲ...ကျွန်တော်က ခင်ဗျားတစ်ကယ် တရားထိုင်ကျင့်ကြံနေတာလို့ ထင်နေတာ.."
ယင်ကျင်းရဲ့နှုတ်ခမ်းတွေ အပေါ်ကိုကွေးတက်သွား၏။
ရုန်ယိ နှာခေါင်းရှုံ့လိုက်ပြီး မေးလိုက်သည်။
"ကလေးတွေအဖေ...ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်သိတာ အချိန်တစ်ခုလောက်တော့ရှိနေပြီဘဲ...ခင်ဗျား ကျွန်တော့်အပေါ်ဘယ်လိုထင်လဲဆိုတာ ပြောပြလို့ရမလား.."
သူ ယင်ကျင်းရဲ့ကိုဆွဲဆောင်နိုင်မဲ့ အခွင့်အရေးဘယ်လောက်ရှိမလဲသိချင်တာကြောင့် ဒီမေးခွန်းကိုမေးကြည့်လိုက်တာဖြစ်သည်။ ဒီလူက သူနဲ့ကလေးတွေအပေါ်မှာ တစ်ခါတစ်ရံ လိုက်လျော မျက်နှာသာပေးကာ သူတို့အပေါ်အတော်လေးကောင်းပေမဲ့လည်း ဘာဘဲဖြစ်ဖြစ် သူက တစ္ဆေကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ ဒါကြောင့် သူ့ရဲ့အပြုအမူကနေပြီး သူ့စိတ်ထဲဘာတွေတွေးနေတယ်ဆိုတာကို ပြောနိုင်မှာမဟုတ်ပေ။
ကိုယ့်အထင်.....
ယင်ကျင်းရဲ့ ထိုအကြောင်းကို သေချာဂရုတစိုက်နဲ့ တွေးတောနေ၏။
ရုန်ယိ အကြာကြီးစောင့်နေပေမယ့်လည်း သူ့ဆီကဘာအသံမှထွက်မလာတာတွေ့တဲ့အခါ သူမနေနိုင်ဘဲ လော်ဆော်လိုက်မိသည်။
"ခင်ဗျားရဲ့အထင်အမြင်ကိုပြောဖို့က ဒီလောက်ခက်လို့လား...ဒါမှမဟုတ် ခင်ဗျားမှာ ကျွန်တော့်အပေါ် ဘာအထင်အမြင်မှမရှိတာလားဟင်...."
ဒုတိယတစ်ခုဆိုရင်တော့ တော်တော်လေးကိုစိတ်ပျက်စရာပင်..ဒါက ယင်ကျင်းရဲ့ရဲ့နှလုံးသားထဲမှာ သူ့အတွက်လုံးဝနေရာမရှိဘူးလို့ ပြောလိုက်တာဘဲဖြစ်၏။
"မင်းက ရုန်စုပြောထားတာနဲ့ တော်တော်လေးမတူဘူး"
ရုန်ယိ "......"
ဘယ်တူပါ့မလဲ...သူက မူလရုန်ယိမှမဟုတ်တဲ့ဟာ...
ရုန်ယိမေးကြည့်လိုက်သည်။
"ကျွန်တော်က ဘာတွေကွဲပြားနေလို့လဲ"
ယင်ကျင်းရဲ့က ခေါင်းလှည့်ကာ သူ့ကိုကြည့်လာပြီး
"မင်းဘာသာမင်း သိမှာပေါ့"
ရုန်ယိ "......"
သူက ရုန်ယိခန္ဓာကိုယ်ကိုယူထားတယ်ဆိုတာ ယင်ကျင်းရဲ့သိနေတာလား...။
သူတို့နှစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်တွေက ကွာခြားလွန်းနေမှတော့ ယင်ကျင်းရဲ့ သိပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါသည်။ ပြီးတော့လည်း ယင်ကျင်းရဲ့က တုံးအတဲ့သူမျိုးမဟုတ်ပေ။ အကယ်၍ ရုန်ယိအစစ်က ကြီးမားလှတဲ့လှုံ့ဆော်မှုကြောင့် ခံစားခဲ့ရတယ်ဆိုရင်တောင်မှ ကျင့်ကြံရေးအကြောင်းဘာမှမသိတဲ့သူကနေ ကျင့်ကြံရေးဗဟုသုတတွေကြွယ်ဝလွန်းတဲ့သူတစ်ယောက်အဖြစ် အများကြီးပြောင်းလဲသွားမှာမဟုတ်ပေ။
ရုန်ယိ အကဲစမ်းပြီးမေးကြည့်လိုက်သည်။
"အကယ်၍ ကျွန်တော်ကမသိဘူးလို့ပြောရင်ရော.."
ယင်ကျင်းရဲ့က ဘာမှပြန်မဖြေဘဲ သူ့ကိုသာတည့်တည့်စိုက်ကြည့်နေလေလေသည်။ ထိုအကြည့်ကြောင့် ရုန်ယိမှာ ပါးစပ်အပြည့်တံတွေးတွေမြိုချမိသွားသည်။
အကယ်၍ သူသာအခုထဲကရှင်းရှင်းလင်းလင်းဖြစ်အောင်မလုပ်ထားရင် သူတို့ရဲ့အနာဂတ်က ဝေဝေဝါးဝါးဖြစ်နေတော့မယ်လို့ ရုန်ယိတွေးလိုက်မိသည်။ သူမေးခွန်းမေးတဲ့ပုံစံပြောင်းလိုက်၏။
"ကျွန်တော်က ရုန်စုပြောပြထားတဲ့တစ်ယောက်ထက် ပိုကောင်းလား"
ယင်ကျင်းရဲ့က ပြန်လှည့်သွားကာ ခဏနေမှပြောလာသည်။
"အင်း"
ရုန်ယိ မနေနိုင်ဘဲ ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်မိသည်။ သူ ယင်ကျင်းရဲ့လက်ကိုယူကာ နမ်းလိုက်၏။
"ခင်ဗျားက အမြင်ကောင်းရှိသားဘဲ"
ယင်ကျင်းရဲ့ နှုတ်ခမ်းတွေကွေးညွှတ်သွားရသည်။
ရုန်ယိ ထပ်မေးလိုက်သည်။
"ဒါဆို ခင်ဗျား ကျွန်တော့်ကိုချစ်လား"
မျက်ခုံးတွေစုကြုံ့သွားပြီး ယင်ကျင်းရဲ့က ပြန်ဖြေမလာပေ။ တစ်ကယ်တော့ အချစ် ဆိုတာဘာမှန်းမသိတာကြောင့် သူဘယ်လိုပြန်ဖြေရမလဲမသိတာဖြစ်သည်။
တစ္ဆေကျင့်ကြံသူတွေမှာ ခံစားချက်တွေမရှိဘူးဆိုတာ ရုန်ယိသိသည်။ သူမချင့်မရဲတော့ဖြစ်သွားပေမဲ့ စိတ်တော့ပျက်မသွားပေ။
သူလှည့်ကာ အိပ်ရာပေါ်မှာမှောက်လိုက်ပြီး ယင်ကျင်းရဲ့ရဲ့နှလုံးသားနေရာကို လက်ညှိုးလေးတဲ့ထောက်ကာ မေးခွန်းပြောင်းမေးလိုက်သည်။
"ကျွန်တော့်ကို ခင်ဗျားရဲ့ ဒီနေရာထဲမှာထည့်ထားလားလို့.."
ယင်ကျင်းရဲ့က သူဘာကိုပြောနေမှန်းကို နားမလည်သေးချေ။
"ကျွန်တော်ပြောတာက....ခင်ဗျားရဲ့နှလုံးသားထဲမှာ ကျွန်တော့်အတွက်နေရာရှိရဲ့လားလို့...ဥပမာပြောရရင်...ခင်ဗျားစာအုပ်တစ်အုပ်ဖတ်တဲ့အခါ အထဲမှာ ကျွန်တော့်မျိုးရိုး ရုန် ဆိုတဲ့စာလုံးတွေ့ရင် ခင်ဗျား ကျွန်တော့်အကြောင်းတွေးမိလား...ဒါမှမဟုတ် တစ်ချို့ပစ္စည်းလေးတွေမြင်ရင် ခင်ဗျားအတွေးတွေထဲမှာ ကျွန်တော်ပေါ်လာလေ့ရှိလား"
"ဟင့်အင်း"
"အာာ.."
ရုန်ယိမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားရကာ ဘာတစ်ခွန်းမှထပ်ပြောချင်စိတ်မရှိတော့ဘဲ ခေါင်းအုံးပေါ်မှောက်ကျသွားတော့သည်။
ယင်ကျင်းရဲ့က ဆက်ပြောလာ၏။
"ကိုယ်မင်းကိုနေ့တိုင်းတွေ့နေရမှတော့..ဘာလို့ တစ်ချို့ပစ္စည်းတွေမြင်တာနဲ့ မင်းကိုတွေးမိရမှာလဲ"
ရုန်ယိ ခေါင်းလေးအမြန်ပြန်မော့လာကာ
"ဒါဆို ကျွန်တော့်ကိုမတွေ့ရရင်ရော...ဥပမာ ခင်ဗျား မိစ္ဆာဘုံတောအုပ်ထဲကို ရောက်နေတဲ့ရက်တွေတုန်းက ကျွန်တော့်အကြောင်းတွေတွေးမိသေးလား"
ယင်ကျင်းရဲ့ ရုန်ယိကိုစိုးရိမ်ပူပန်နေရတဲ့ ထိုညတွေကိုပြန်စဥ်းစားလိုက်ပြီး တိုးတိုးလေးပြန်ဖြေလာသည်။
"အင်း"
ရုန်ယိ စိတ်အေးသွားကာ ပြုံးလိုက်ပြီး
"အင်း ကြည့်ရတာ ခင်ဗျားစိတ်ထဲမှာ ကျွန်တော်က ဘာမှမဟုတ်တဲ့သူတော့ မဟုတ်ဘူးဘဲ...ခင်ဗျား ဟိုဘက်လှည့်လိုက်တာနဲ့ ကျွန်တော်ကဘယ်သူဆိုတာကိုမသိတော့မှာ တစ်ကယ်စိုးရိမ်နေတာ"
"မင်းက ကိုယ့်ကလေးတွေရဲ့မေမေလေ...ကိုယ်မမေ့ပါဘူး"
"ဟာဗျာ...ကျွန်တော်က ယောက်ျားလေးပါ....မေမေဆိုတာကြီးကို မခေါ်စမ်းပါနဲ့"
ထို့နောက် ရုန်ယိ ပျော်မြူးစွာနဲ့ မေးလိုက်၏။
"ခင်ဗျားစိတ်ထဲမှာ ကျွန်တော်က အဆင့်ဘယ်လောက်ချိတ်လဲ"
ယင်ကျင်းရဲ့မှာ ပဟေဠိဖြစ်သွားရသည်။
"အဆင့်.....မင်းဘာကိုပြောချင်တာလဲ"
"ကျွန်တော်ပြောချင်တာက ခင်ဗျားစိတ်ထဲမှာ ဘယ်သူက အရေးအကြီးဆုံးလဲလို့"
"ကိုယ့်အမေ"
ယင်ကျင်းရဲ့က စဥ်းတောင်မစဥ်းစားတော့ဘဲ ပြန်ဖြေလာသည်။
ရုန်ယိ သူ့ကိုပျိုးထောင်လာတဲ့ သူ့အမေနဲမယှဥ်ချင်တာကြောင့် ဆက်မေးလိုက်သည်။
"ဒုတိယကရော..."
"ကိုယ့်ရဲ့ အကြီးဆုံးနို့ထိန်း"
အင်းလေ...ဒီအမျိုးသမီးက ယင်ကျင်းရဲ့ကို ကြင်ကြင်နာနာနဲ့နို့တိုက်ကျွေးပေးခဲ့တာဘဲကို...။
"နောက်တော့ရော..."
"ဒုတိယနို့ထိန်း"
ရုန်ယိမှာ မျက်နှာကြီးသုန်မှုန်သွားရသည်။
"ခင်ဗျားမှာ နို့ထိန်းဘယ်နှစ်ယောက်တောင်ရှိနေရတာလဲ"
ယင်ကျင်းရဲ့ မျက်ဝန်းတွေထဲမှာ ရယ်မြူးရိပ်တွေဖြတ်ပြေးသွားပြီး
"ဆယ်ယောက်"
"ဆယ်ယောက်တောင်....ခင်ဗျားငယ်ငယ်တုန်းက နို့တွင်းကြီးများဖြစ်ခဲ့တာလား.."
ရုန်ယိ သူ့ကိုမျက်ဆံလှန်ပြလိုက်ပြီး
"ထားပါ...ခင်ဗျား နို့ထိန်းတွေနောက်မှာရော ဘယ်သူရှိသေးလဲ"
"ကိုယ့်ဆရာ....ဒုတိယဦးလေး..တတိယဦးလေး...စတုတ္တဦးလေး......."
ယင်ကျင်းရဲ့က ရုန်ယိမသိတဲ့ လူတွေအများကြီးကို ပြောချသွား၏။
သူရေတွက်ကြည့်လိုက်တဲ့အခါ အားလုံးပေါင်းက အယောက် ၅၀ လောက်ရှိပေမဲ့ ထိုအထဲမှာ သူရော ကလေးတွေရောမပါသေးချေ။
"ကျွန်တော်မယုံဘူး"
တစ္ဆေကျင့်ကြံသူတစ်ယောက်က သူ့စိတ်ထဲမှာ ဒီလောက်လူအများကြီးကိုထည့်ထားမယ်ဆိုတာကို သူလုံးဝမယုံကြည်ပေ။
ယင်ကျင်းရဲ့ကပြန်ဖြေလာသည်။
"ဒါဆိုရင်တော့ မင်းကတော်တာပေါ့"
ရုန်ယိ ကြောင်အသွားရသည်။
"ဟမ်....ခင်ဗျားအခုပြောသွားတာတွေက အလိမ်အညာတွေပေါ့.."
ယင်ကျင်းရဲ့ မရယ်ဘဲမနေနိုင်တော့။
"တော်တော်ရယ်ရလား.."
ရုန်ယိ သူ့ကိုတစ်ကယ်ဘဲ ထရိုက်ပစ်လိုက်ချင်နေသည်။
"ခင်ဗျားကို ဒီ့ထက်ပိုတည့်တိုးဆန်တဲ့ မေးခွန်းမျိုးမေးမှရတော့မယ်ထင်တယ်....ခင်ဗျားကို ကျွန်တော်နမ်းတဲ့အချိန်ကျရင် မကြိုက်တာမျိုးရှိလား"
သူမေးခွန်းမေးပြီးတာနဲ့ စိုးရိမ်ပူပန်နေတဲ့မျက်နှာလေးနဲ့ ထိုလူကိုကြည့်လိုက်မိသည်။
ယင်ကျင်းရဲ့က သူ့ကိုစိုးရိမ်နေရအောင်လို့ တမင်သက်သက်ကို ဘာအသံမှမထွက်ဘဲနေနေလေ၏။
"ခင်ဗျား ဘာမှပြန်မဖြေရင် 'သဘောကျတယ်' လို့ဘဲယူဆလိုက်တော့မယ်နော်"
ရုန်ယိ ရှေ့ကိုတိုးလာလိုက်ပြီး
"ခင်ဗျားသဘောကျတယ်ဆိုမှတော့ ကျွန်တော်တို့နောက်တစ်ခေါက်လောက် ထပ်လုပ်ကြရင်ရောဘယ်လိုလဲ"
ယင်ကျင်းရဲ့က ဘာမှပြန်မပြော...။
ရုန်ယိ ခေါင်းလေးကိုတဖြေးဖြေးငုံ့ကိုင်းလိုက်သည်။
"ဟေးး..ကျွန်တော်လာပြီနော်"
ယင်ကျင်းရဲ့က ခေါင်းကိုမရှောင်ဘဲ သူ့ကိုသာ တိတ်တဆိတ်နဲ့စိုက်ကြည့်နေ၏။
"ကျွန်တော် တစ်ကယ်ကြီးပြောနေတာနော်"
ရုန်ယိ သူ့နားကိုကပ်သွားလိုက်သည်။ ရုတ်တရက် ပြတင်းပေါက်အပြင်ကနေပြီး စိတ်လှုပ်ရှားနေတဲ့အသံလေးကထွက်ပေါ်လာလေသည်။
"ဖေဖေ....အဖေ...."
အသံကြားတာနဲ့ သူအမြန်ကုန်းထလိုက်ရပြီးနောက် ကျန်းမုက ယင်ထောင်နဲ့ ယင်စန်စန်ကိုသယ်ကာ ပြတင်းပေါက်အပြင်ကနေပျံသန်းဝင်ရောက်လာတာကိုတွေ့လိုက်ရသည်။
ရုန်ယိမှာတော့ မျက်နှာကြီးစူပုပ်သွားရတော့သည်။
"မင်းတို့က ဒီကိုဘာလာလုပ်တာလဲ"
သူတို့နမ်းပြီးသွားတဲ့အချိန်ထိလေးတောင်မှ မစောင့်နိုင်ကြဘူးလားဟ...
နှောင့်ယှက်ခံလိုက်ရတာကြောင့် ယင်ကျင်းရဲ့လည်းမပျော်မရွှင်ဖြစ်သွားကာ မျက်မှောင်တွေကြုတ်သွား၏။
ယင်ထောင်က ပြုံးရယ်နေပြီး ရုန်ယိရင်ခွင်ထဲကိုပြေးဝင်လာသည်။
"သားတို့ညီလေးက အရင်က သားတို့နဲ့တစ်ခါမှအတူမအိပ်ဖူးသေးဘူးလေ...သားတို့က ဖေဖေရယ် အဖေရယ်နဲ့အတူတူအိပ်ချင်လို့"
သူတို့ ဟိုင်ရှန်းမြို့ကိုပြန်ရောက်လာကတည်းက ယင်စန်စန်ကို ရန်ချိုးရွှမ်ကဘဲ ဂရုစိုက်ပေးထိန်းပေးတာကြောင့် သူက တစ်ခါမှ ရုန်ယိနဲ့အတူမအိပ်ဖူးသေးပေ။ အခု သူ့အဖေရယ် ဖေဖေရယ်နဲ့အတူအိပ်ရတော့မယ်လည်းဆိုရော ယင်စန်စန်မှာအတော်လေးပျော်မြူးနေပြီး အိပ်ယာအလယ်ကို သူ့ဘာသာသူကုပ်တက်သွားတော့သည်။ ထို့နောက် ရုန်ယိကိုကြည့်လိုက် ယင်ကျင်းရဲ့ကိုကြည့်လိုက်နဲ့လုပ်နေပြီး စိတ်လှုပ်ရှားနေတဲ့ပုံလေးနဲ့ သူ့ခြေထောက်လေးတွေနဲ့လေထဲကိုကန်နေလေသည်။
ကျန်းမုကလည်း ပျော်ရွှင်နေတဲ့ပုံလေးနဲ့ ရုန်ယိဆီကိုပြေးဝင်သွားပြီး သူ့ကိုအနံ့ခံနေပြန်လေ၏။
"......."
ဒီတစ်ကြိမ်တော့ ရုန်ယိ သူ့ကိုယ်သူ တစ်ကယ့်အမေတစ်ယောက်ဖြစ်နေသလိုမျိုး ခံစားလိုက်ရတော့လေသည်။
"သခင်လေး...အဲ့တာကျွန်တော့်အမှားပါ...ကျွန်တော် အမှတ်တမဲ့နဲ့ သူတို့ကို သခင်လေးက ဒီညသခင်နဲ့အတူအိပ်မှာလို့ ထုတ်ပြောမိသွားတာ...သူတို့ကအဲ့တာကိုကြားတာနဲ့ သခင်လေးတို့နဲ့အတူအိပ်ချင်ပါတယ်ဆိုပြီး ဝိုင်းပြောကြတော့တာဘဲ....ကျွန်တော်လည်း သခင်ငယ်လေးမုကို မတားနိုင်လို့ သူတို့သခင်လေးဆီလာတာကို ကြည့်နေရုံဘဲတတ်နိုင်တော့တာပါ.."
ကလေးတွေနောက်ကနေလိုက်လာတဲ့ ရုန်စုကအခန်းပြင်ကနေ အော်ပြောလာသည်။
ရုန်ယိမှာတော့ မျက်ဆံသာလှန်လိုက်မိသည်။  အစောနက ကောင်းမွန်နေတဲ့လေထုလေးက လုံးဝလုံးဝကို ဖျက်ဆီးခံလိုက်ရလေပြီ။ သူ ယင်ကျင်းရဲ့ကိုနမ်းပြီးတော့မှ ကလေးတွေကိုလာခိုင်းလိုက်လို့မရဘူးလားကွာ....။
သူ ယင်ထောင်နဲ့ ယင်စန်စန်ကို ချီလိုက်ကာ သူတို့နှစ်ယောက်ကိုအမြန်အိပ်ပျော်သွားအောင် အိပ်မွေ့ချလိုက်လေသည်။ ကျန်းမုအတွက်ကတော့ သူရော ယင်ကျင်းရဲ့ပါ ဘယ်လိုလုပ်ပေးရမလဲမသိပေ။
ကျန်းမုက လေထဲကိုပျံသွားပြီး အိပ်ပျော်နေတဲ့ ယင်ထောင်နဲ့ယင်စန်စန်တို့ကို နားမလည်နိုင်စွာနဲ့ကြည့်လိုက်သည်။
သူတို့က ဘာလို့ ဒီလောက်အမြန်ကြီးအိပ်ပျော်သွားကြရတာလဲ...
ရုန်ယိ အိပ်ပျော်နေတဲ့ ယင်ထောင်နဲ့ယင်စန်စန်တို့ကို အိပ်ယာတစ်ဖက်ခြမ်းမှာနေရာချပေးလိုက်ပြီး ကျန်းမုကိုလက်ယမ်းကာခေါ်လိုက်သည်။
ကျန်းမုက နာခံစွာဘဲ သူ့လက်မောင်းတွေထဲကိုဝင်လာသည်။
ရုန်ယိ ကလေးရဲ့မျက်လုံးတွေကိုလက်နဲ့ကာလိုက်ပြီး ယင်ကျင်းရဲ့နှုတ်ခမ်းတွေကိုအမြန်နမ်းကာ ပြုံးပြလိုက်သည်။
"ကလေးတွေအဖေ..မနက်ဖြန်ကနေစပြီး ကျွန်တော်တို့ရဲ့ခံစားချက်တွေကို တိုးတက်အောင် လုပ်ကြရအောင်လေ"
**************
Zawgyi
"ဘာမှမဟုတ်ဘူး"
ယင်ကျင်းရဲ့ "......"
"လှဲလေ"
"ကလေးတွေအဖေ...."
"အင်း.."
"မရှိဘူး"
"ဒီလိုဆိုရင်ရော..."
"မဖြစ်ဘူး"
"ခင်ဗျား သဘောကျလား"
ကိုယ့်အထင်.....
ရုန်ယိ "......"
ရုန်ယိ "......"
"အင်း"
"ဟင့်အင်း"
"အာာ.."
"ဒါဆို ကျွန်တော့်ကိုမတွေ့ရရင်ရော...ဥပမာ ခင်ဗျား မိစ်ဆာဘုံတောအုပ်ထဲကို ရောက်နေတဲ့ရက်တွေတုန်းက ကျွန်တော့်အကြောင်းတွေတွေးမိသေးလား"
"အင်း"
"ကိုယ့်အမေ"
"ဒုတိယကရော..."
"နောက်တော့ရော..."
"ဒုတိယနို့ထိန်း"
"ဆယ်ယောက်"
"ကျွန်တော်မယုံဘူး"
တစ်ဆေကျင့်ကြံသူတစ်ယောက်က သူ့စိတ်ထဲမှာ ဒီလောက်လူအများကြီးကိုထည့်ထားမယ်ဆိုတာကို သူလုံးဝမယုံကြည်ပေ။
"တော်တော်ရယ်ရလား.."
"ဖေဖေ....အဖေ...."
"......."
**************
13.1.2022
Continue Reading
You'll Also Like
183K 20.2K 99
ဘာသာပြန်သူ - စွဲညို့အသင်း
23.6K 3K 14
543K 63.5K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
92K 9.9K 35
ပရလောကကိုစိတ်ဝင်စားတဲ့သန့်မင်းသွင်ဆိုတဲ့ချာတိတ်လေးကိုမိဘတေကမွှေလွန်းလို့ဦးလေးရှိတဲ့ရိုးမတောင်ခြေကိုပြည်နှင်ဒဏ်ပေးရာကနေ...တစ်ကိုယ်တော်ရွက်လွှင့်ပြီးပေ...