စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချေ...

By Ichika2104

601K 70.9K 1.2K

သူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး... More

Intro
တန်ပြန်တိုက်စစ်
ချွတ်စွပ်တူသော ကလေး
ကလေးတွေရဲ့ အဖေ
စုံစမ်းမှု၏ရလဒ်
Monster နာမည်ရဲ့ နောက်ဆုံးစာလုံးက Hunt
no update 😁😁
ဒုတိယအကြိမ်
ကျွန်တော့မာမီလား။
မေမေကဟိုမှာ
ငါက သူ့ကို ဘယ်လိုမြူဆွယ်လို့လဲ။
ဒီညနေ ၈နာရီမှာ တွေ့ကြမယ်
သူမစကားများပျောက်ရှ
ငါက တစ်ယောက်ထဲ အဖွဲ့လိုက်မဟုတ်ဘူး
Cherryက သူ့အဖေကို ရှာနေတယ်
No update
ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လဲ ရောဂါတစ်မျိုးဖြစ်သည့်အတွက် ကုသရန်လိုအပ်ပေသည်
မောင်နှမ၂ယောက် တွေ့ဆုံခြင်း
ဘာလို့ ငါနဲ့တူနေရတာလဲ
ဘယ်လိုတောင် သူမ အမေကို စော်ကားတာလဲ အကို့ကိုပါ ခုလိုရိုက်နေတာလား
ကျူရှင်ဆရာရဲ့ သင်ခန်းစာ
အကိုက ငါနဲ့ အရမ်းတူတယ်
Dateလုပ်ကြစို့ Mommy,Daddy!!
ခွဲစိတ်ခြင်း!!
Anti!!
အံ့အားသင့်ခြင်း
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်း
For paid group
အစပျိုးတဲ့သူ
ဆဲလ်တစ်ခုပဲရှိတဲ့ သက်ရှိ
မင်းသမီးငယ်လေးPete
မင်းရဲ့သား ဘယ်မှာလဲဆိုတာ ငါသိတယ်
ပထမဆုံး အကူအညီ
သူအသက်ရှင်တယ်
Anti
သူမရဲ့ ကိုယ်ရေးအချက်ကို မြင်သာအောင်ပြခြင်း
အခု သူသိသွားပြီ
ဆင်းရဲတဲ့ဆွေမျိုးတွေလား
နယူးယော့ခ်မှ Andersonမိသားစုများ
Pete၂ယောက်တောင်လား။
ငါတို့ကို ရှာတွေ့သွားပြီ
Noraက Peteရဲ့အမေ?
အခန်းအတူတူမျှဝေခြင်း
သူ့စကားနဲ့သူ ပိတ်မိ
သူတို့လာတာ အရမ်းနောက်ကျတယ်
မာမီ အဘွားကို ကယ်ပေးပါ
ရှင့်ရဲ့ သားဘယ်မှာလဲ
သူ့သား အကြောင်းကို စုံစမ်းပေး
သူမကို ပြောခွင့်မပေးဘူး
Noraရဲ့ သား
Noraအမေရဲ့ လျှို့ဝှက်ချက်
၀န်ခံချက်
တောင်းပန်ပါတယ် မေမေ!!
သူက တစ်ကယ်ပဲ ငါ့ရဲ့ ဟာလား
အိပ်ယာထဲမှာ အနိုင်ယူခြင်း
ဆေးလုံးများ
Mr Hunt ထပ်ပြီး ဘ၀င်မြင့်ခြင်း
ရှင့်သားကလဲ ကျွန်မရဲ့ သားပါပဲ
spoil 😁😁
၇ရက်အကြာ
သူမ ပြောစရာ မရှိလောက်အောင်
Justin မင်းမှာ တကယ်တော့ သမီးလေးတစ်ယောက် ရှိတယ်
Noraဆီကိုသာ သွားရင် မင်းမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိလာနိုင်တယ်
ကျွန်မ သမီးက သူ့အဖေနဲ့တူတယ်
သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း
၄င်းက အမှန်တကယ် Carefree Pillsပဲ
Carefree Pill က Andersons နှင့်သက်ဆိုင်တယ်။
မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်
တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်
ကုသ၍ မရသော ရောဂါ
တိုက်ရိုက် ဆက်ခံသူ
အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။
ဖေဖေ လာပြီ
ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။
Andersonမိသားစုရဲ့ လျှို့ဝှက်ထားသော သူဌေး
အင်တာဗျူး ကင်းလွတ်ခွင့်
Hello, Miss Smith
အရင်က သူမ ဘယ်လို ကိုယ်၀န်ရခဲ့တာလဲ။
ပျင်းရိသော ကြောင်လေး
ပရော်ဖက်ရှင်နယ် တစ်ဦး
Cameraမဖွင့်ရဲဘူးလို့ ဘယ်သူပြောလဲ
သူမ ကင်မရာဖွင့်လိုက်ပြီ
Cherryကို အနည်းငယ်ရင်းနှီးနေပုံပဲ
Tanya Turner
💔💔💔
ရှင့်ရဲ့ စျေးနှုန်းကို ပြောပါ၊ Mr Hunt
Rachel Wood၊ နင့်ရဲ့ အရှက်မရှိမျက်နှာနဲ့ ဝေးဝေးသွား
ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၃ )
🥰🥰🥰
ကျွန်တော့သားကို ဘာလို့ အရမ်းစိတ်၀င်စားနေရတာလဲ။
နင်က ဆိုးတဲ့ မိန်းကလေး တစ်ယောက်။
လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်
ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။
တစ်ထပ်ထဲ တူတဲ့ ကလေး။
သူမသည် မစ္စစ်Huntဖြစ်ရန် အရည်အချင်းပြည့်မီပါသလား။
ဘေးကလူ
တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ
Wet Dream
နင် ဘယ်လိုလုပ် ယောက်ျားလေး ဖြစ်သွားတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်။
Sweetcherryရဲ့ ပုတ်ခတ်ပြောဆိုမှုကြောင့် တိုးလာသောလူများ။
Nora Smithက ငွေရှာပေးတဲ့သူ
အမြတ်များ
မစ္စတာ Hunt ဒီနေ့ ရူးသွားတာလား။
မွေးနေ့လက်ဆောင်
မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...
အဖေ့အတွက် မွေးနေ့လက်ဆောင်
အပိုင်း ( ၁၀၆ )- Sweetcherry က ရေပန်းစားနေသည်~
အပိုင်း ( ၁၀၇ ) - ချယ်ရီသေးသေးလေးက အခု နာမည်ကြီးနေပြီ။
အပိုင်း ( ၁၀၄ )- အဖေ့မွေးနေ့ပွဲကို ကျင်းပနဲ့တော့
အပိုင်း ( ၁၀၅ )-အဖေ၊ တကယ်တော့ မင်းမှာ သမီးတစ်ယောက်ရှိသေးတယ်။
အပိုင်း ( ၁၀၈ ) - ဖေဖေ၊ အိပ်ပျော်နေပြီလား။
အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။
အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။
တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။
ဒါက တကယ်ကို Peteပဲ
Sponsor Daddyဆိုတာ ကိရိယာတစ်ခုလား။
သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!
Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။
ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း
Bossy CEO၊ Yo~
သူ့တွင် ကလေးရှိလျှင်
ငါ့အဖေက Justin Hunt။
ခင်ဗျားကျတော့ ကောင်းကင်ကို သွားပြီး မေးကြည့်ရုံတင်
😁😁😁
အပိုင်း ( ၁၂၁ )- နူးညံ့ပြီး ချစ်စရာကောင်း‌သောသမီး။
အပိုင်း ( ၁၂၂ ) - သူက အရင်ထဲက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီ
အပိုင်း ( ၁၂၃ ) - ကြင်နာတတ်တဲ့ အဖေ နဲ့ နာခံမှုရှိတဲ့ သမီး
အပိုင်း (၁၂၄) - Carefree Pillsရဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများ
အပိုင်း ( ၁၂၅ ) - Lowesမိသားစု ဒေဝါလီခံရလုနီးပါးဖြစ်ခြင်း
အပိုင်း ( ၁၂၆ ) - Mrs.Levin ကို သူ့စကားကြောင့် သူပြန်အရှက်ရခြင်း
အပိုင်း ( ၁၂၇ ) - သူမကို လက်ထပ်ဖို့လား။
အပိုင်း ( ၁၂၈ ) - အမေက ခွေးပေါက်လေးတွေကို ကြိုက်တယ်~
အပိုင်း ( ၁၂၉ ) - နောက်ကွယ်က အမှန်တရား
အပိုင်း ( ၁၃၀ )
အပိုင်း ( ၁၃၁ )- မေမေနှင့်သမီး ၂ယောက်သား တွေ့ဆုံခြင်း
အပိုင်း ( ၁၃၂ ) - အမေ၊ သမီးကို ထားမသွားပါနဲ့...
အပိုင်း ( ၁၃၃ ) - သူတို့က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် တူတယ်။
အပိုင်း ( ၁၃၄ ) - သူ့သား ~
အပိုင်း ( ၁၃၅ ) - သူတို့က လက်ထပ်ပြီးသွားကြပြီလား
အပိုင်း ( ၁၃၆ ) - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ
အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။
အပိုင်း ( ၁၃၈) - အကူအညီပေးဖို့ လာပြီ~
အပိုင်း ( ၁၃၉ ) - Hillary သူ့သေတွင်း သူတူးခြင်း။
အပိုင်း ( ၁၄၀ )- အဓိပ္ပါယ်မရှိ စွန့်လွတ်ခြင်း
အပိုင်း ( ၁၄၁ ) - ချယ်ရီ ဆေးရုံတက်နေရတယ်~
အပိုင်း ( ၁၄၂ ) - Joel Smith အသဲကွဲနေတယ်။
အပိုင်း ( ၁၄၃ ) - Mr. Hunt နဲ့ မစ္စ Smith ရဲ့ဆက်ဆံရေးကဘာလဲ။
အပိုင်း ( ၁၄၄ ) - Nora သည် နားလည်မှုလွဲမှားနေတာကို အမုန်းဆုံး။
အပိုင်း ( ၁၄၅ ) - မွေးစားအမေ... Tanya???
အပိုင်း ( ၁၄၆ ) - သေးငယ်သောကမ္ဘာလေးတစ်ခု
အပိုင်း ( ၁၄၇ ) - သူတို့က တကယ် အဖေနှင့်သမီး တော်တာလား။
အပိုင်း ( ၁၄၈ ) - ဟုတ်တယ်၊ ငါ နင့်ကို အနိုင်ကျင့်တယ်။ အဲ့တော့ ဘာဖြစ်လဲ?
အပိုင်း ( ၁၄၉ ) - လူတွေ့စစ်ဆေးခြင်း သတိပေးချက်
အပိုင်း ( ၁၅၀ ) - အတွေ့များနေသော ကားအမျိုးအစား
အပိုင်း ( ၁၅၁ ) - ဝင်ခွင့်ရလဒ်များ ထွက်ပြီ။
အပိုင်း ( ၁၅၂ ) - အကျော်ကြားဆုံးလမ်းညွှန်ဆရာ။
အပိုင်း ( ၁၅၃ ) - ငါက သူ့အဖေပဲ
အပိုင်း ( ၁၅၄ )- ရောင်းပါ။
အပိုင်း ( ၁၅၅ ) - သူသည် သူ့သမီး၏ကျွန်ဖြစ်တယ်
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၆ )
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၈ )
အပိုင်း ( ၁၅၉ )
အပိုင်း ( ၁၆၀ )
အပိုင်း ( ၁၆၁ )
အပိုင်း ( ၁၆၂ )
အပိုင်း ( ၁၆၃ )
အပိုင်း ( ၁၆၄ )
အပိုင်း ( ၁၆၅ . ၁၆၆ )
အပိုင်း ( ၁၆၇ )
အပိုင်း ( ၁၆၈ )
အပိုင်း ( ၁၆၉ )
အပိုင်း ( ၁၇၀ )
အပိုင်း ( ၁၇၁ )
အပိုင်း ( ၁၇၂ )
အပိုင်း ( ၁၇၃ )
အပိုင်း ( ၁၇၄ )
အပိုင်း ( ၁၇၅ )
အပိုင်း ( ၁၇၆ )
အပိုင်း ( ၁၇၇ )
အပိုင်း ( ၁၇၈ )
အပိုင်း ( ၁၇၉ )
အပိုင်း ( ၁၈၀ )

အခု ဘယ်သူ့ကို နှိမ့်ချတဲ့ အကြည့်နဲ့ လာကြည့်တာလဲ

3.2K 449 2
By Ichika2104

Zawgyi 

သူမ အထဲ မသြားခင္မွာ Quinn ရဲ႕ အသံကို ၾကားလိုက္ရတယ္- "အခု မတ္တပ္ရပ္။  စိတ္ရွည္ရွည္ထား။  ဒါက အေျခခံ ကြၽမ္းက်င္မႈပဲ။  အဲ့အပိုင္းက ငါတို႔ Quinn School of Martial Arts က Irvin School of Martial Arts ထက္ ပိုေကာင္းေစတာပဲ ျဖစ္တယ္ ကိုယ္ခံပညာဆိုတာ ေန႔ခ်င္းညခ်င္း သင္ယူႏိုင္တဲ့ အရာမဟုတ္ဘူး။  အုတ္ျမစ္ခ်ၿပီး ေျဖးေျဖးခ်င္းသင္ဖို႔ အခ်ိန္ယူရမယ္…”

ႏိုရာသည္ တံခါးကိုတြန္းဖြင့္လိုက္ေတာ့ “Cherry” သည္  အမ်ိဳးသားအားကစားဝတ္စုံကို လဲကာ သူမ၏ပုံစံ အေနအထားကို ေလ့က်င့္ေနသည္ကို ေတြ႕လိုက္ရသည္။

Nora ကို ေက်ာခိုင္းထားတဲ့ Quinn က သူမနဲ႔ စကားေျပာေနပါတယ္။  သူက “မင္းအခု ငါ့တပည့္ျဖစ္ေတာ့ အခုကစၿပီး ငါေျပာတာကို မင္းနားေထာင္ရမယ္။  မနက္အိပ္ရာႏိုးတိုင္း နာရီဝက္ေလာက္ ဒီကိုယ္ဟန္အေနအထားကို ေလ့က်င့္ေပးရမယ္။  မင္းအေမက ပ်င္းလြန္းေပမဲ့ ငယ္ငယ္ေလးကတည္းက အၿမဲနာခံေနခဲ့တယ္။ ဒါမဲ့ မင္းက သူ႔လိုေတာ့ ပ်င္းမေနသင့္ဘူး..."

တံခါးကို မ်က္ႏွာမူထားေသာ Peteသည္ Noraကို သတိျပဳမိခဲ့ေသာအခါ ရပ္သြားသည္။

ႏႈတ္ခမ္းကို တင္းတင္းေစ့ကာ မတ္တပ္ရပ္လိုက္သည္။

Quinn က အံ့အားသင့္သြားၿပီး “ဘာလို႔ မလုပ္ေတာ့တာလဲ။  ဆက္မထိန္းႏိုင္ေတာ့ဘူးလား?  မင္း—”

Pete က မၿပီးခင္မွာ သူေျပာခ်င္တဲ့ စကားေတြကို အေႏွာင့္အယွက္ေပးခဲ့တယ္- "ေမေမ။"

Quinn ေတာင့္တင္းသြားသည္။  ထို႔ေနာက္ သူလွည့္ၾကည့္လိုက္ေတာ့ Nora သည္ နံရံကို မွီ၍ ၾကည့္ေနသည္ ။  သူမ၏လက္မ်ားကို အသာပိုက္ထားၿပီး သူတို႔ႏွစ္ဦးကို တိတ္တဆိတ္ၾကည့္ေနစဥ္တြင္ သူမ၏ေၾကာင္မ်က္လုံးေလးမ်ားသည္ အနည္းငယ္ တလက္လက္ျဖစ္ေနသည္။

သူမသည္ သူေဌးနဲ႔တူေနေသာ သူမက Quinnကို ထိတ္လန႔္ေစကာ "အမ္၊ Nora၊ ဒါ..."

Noraက “အဘိုးႀကီး၊  သူ႔ကို ဆုေပးၿပီး စမ္းတာလား၊ ဒါမွမဟုတ္ ျပစ္ဒဏ္နဲ႔ ၿခိမ္းေျခာက္ထားတာလား” ဟု ပ်င္းရိစြာ ေမးသည္။

"...မဟုတ္ဘူး ငါ ဘာမွ မလုပ္ဘူး!"

သူေသခ်ာျပန္ေျဖေနတာကိုေတြ႕ေတာ့ Nora က Pete ကိုျပန္ၾကည့္ၿပီး "Cherry၊ သမီး သိုင္းပညာကို တကယ္စိတ္ဝင္စားလို႔လား" လို႔ ခ်ီတုံခ်တုံနဲ႔ ေမးလိုက္သည္။

Pete က ေခါင္းညိတ္ျပသည္။

အကယ္၍ သူသိုင္းပညာကို သင္ယူခဲ့မည္ဆိုလွ်င္ ေနာင္တြင္ အဲသလို အာဏာရွင္က အေမ့ကို အႏိုင္က်င့္လာခဲ့ရင္ သူ႔အေမႏွင့္ Cherryကို ကာကြယ္ႏိုင္လိမ့္မည္ ။

Nora အံ့ဩသြားသည္။

Cherryသည္ သူမ၏ ပင္ကိုယ္စ႐ိုက္ကို ခံယူကာ ပ်င္းရိလြယ္သည္။  အခ်ဳပ္အေႏွာင္ခံရတာကို သူမ မႀကိဳက္ဆုံး ျဖစ္သည္။  သို႔ေသာ္  အခုတြင္ သူမသည္ ကိုယ္ခံပညာကို အမွန္တကယ္ စိတ္ဝင္စားပါသလား။

ကေလးမ်ား၏ အျမင္မ်ားကို အၿမဲေလးစားေသာ Noraသည္ အနည္းငယ္ စဥ္းစားၿပီးေနာက္ သေဘာတူလိုက္သည္။  “ေကာင္းၿပီေလ။”

ထို႔ေနာက္ သူမက Quinn ကိုၾကည့္ကာ "မနက္ျဖန္ မနက္ ၇ နာရီမွာ ဒီကို လာပို႔ေပးမယ္။  အဘိုးႀကီး၊
ကြၽန္မ ဒီေန႔ တစ္ခုခုလုပ္စရာရွိေနလို႔  အရင္ျပန္လိုက္မယ္"

စကားေျပာၿပီးေနာက္ Pete ထံသို႔ လက္ကိုဆန႔္လိုက္သည္။

Pete သည္ အလြန္သဘာဝက်က် ေရွ႕သို႔ ေျခတစ္လွမ္းတိုးကာ လက္ကိုဆြဲၿပီး တံခါးအျပင္ဘက္သို႔ လိုက္သြားခဲ့သည္။

သူတို႔ႏွစ္ဦး ကိုယ္ခံပညာအားကစား႐ုံမွ ေပ်ာက္ကြယ္သြားသည့္တိုင္ Quinn မွာ ေက်ာက္႐ုပ္လိုပင္ ရပ္က်န္ေနခဲ့သည္။

မဟုတ္ေသးဘူး၊ Nora အဲ့ကေလး...၊ အဲဒါ မင္း အခု  ေခၚသြားတဲ့ ကေလးက မင္းရဲ႕သမီး မဟုတ္ဘူးေလ။

သန္႔စင္ခန္းထဲဝင္သြားေသာ Cherryသည္ မင္းသမီးေလးလို၀တ္ထားေသာ ၀တ္စုံျဖင့္ ေျပးလာေသာအခါ သူ မွင္တက္သြားသည္။ 

"ဟင္?  Pete ဘယ္ေရာက္သြားတာလဲ"

Quinn သူမွင္သက္လြန္းလို႔ စကားေတာင္ ျပန္မေျပာႏိုင္ ျဖစ္ေနသည္။

Cherry ေျပာၿပီးတာနဲ႔ သူ႔ဖုန္းက အသံျမည္လာတယ္။  သူမ ေကာက္ကိုင္လိုက္ၿပီး Pete ထံမွ စာတိုတစ္ေစာင္ကို ခ်က္ခ်င္းေတြ႕လိုက္ရသည္- "Cherry၊ အစ္ကို ေမေမနဲ႔ အတူ အိမ္ျပန္သြားတယ္။  ေဖေဖက ညေန လာႀကိဳေပးလိမ့္မယ္။  မနက္ျဖန္မွ  ျပန္ေျပာင္းၾကမယ္။"

သူမရဲ႕ ေခ်ာေမာလွပတဲ့ အေဖ့ကို ျပန္ေတြ႕ရေတာ့မယ္။

Cherryသည္ စိတ္လႈပ္ရွားစြာျဖင့္ ခုန္ဆြခုန္ဆြ လုပ္ေနကာ “အဘိုး Quinn ၊ အေဖ ဘယ္အခ်ိန္က သမီးကို လာေခၚမွာလဲ” လို႔ ေမးၿပီး Quinn ရဲ႕လက္ကို ကိုင္လိုက္သည္ ။

"...ညေနငါးနာရီ။"

“အင္း ဒါဆို သမီးမွာ ႏွစ္နာရီက်န္ေသးတယ္။  သမီးတို႔ ဘာလုပ္ရင္ေကာင္းမလဲ။  အဘိုး ဒီမွာ Barbie႐ုပ္ေတြ ရွိလား"

“… မရွိဘူး”

"ဒါဆို ဂိမ္းေဆာ့လို႔ရလား"

"မရဘူး၊ မင္းမ်က္လုံးအတြက္မေကာင္းဘူး"

Cherryက စိတ္ပ်က္အားငယ္စြာျဖင့္ ႏႈတ္ခမ္းစူကာ "အဘိုး Quinn၊ Quinn School of Martial Arts မွာ အထူးအဆန္းေတြ မရွိဘူးလား။"

ထိတ္လန႔္သြားေသာ Old Quinn သည္ ႐ုတ္တရက္ တစ္ခုခုကို ေတြးၿပီး "အို၊ ငါတို႔ လုပ္စရာ တစ္ခုရွိတာပဲ!"

ညေနငါးနာရီမွာ Justin သည္ သူ႔သားကို လာေခၚဖို႔ ကိုယ္တိုင္ ကားေမာင္းသြားခဲ့သည္။

သူ၏ ေခ်ာေမာေသာ မ်က္ႏွာသည္ ယခုအခ်ိန္တြင္ ၿငိမ္သက္ေနသည္။  Quinn School of Martial Arts ၏ပုံစံသည္ ေယာက္်ားပီသၿပီး လႊမ္းမိုးထားသည္။  သူ႔သားေလး ေခြၽးေတြ တစိမ့္စိမ့္ စီးက်ေနတာကို ေတြ႕ရေတာ့မွာ ေသခ်ာတယ္ မဟုတ္လား။

အဲဒီစိတ္နဲ႔ ေက်ာင္းထဲကို ဝင္သြားလိုက္သည္။  ေလ့က်င့္ေရးဝင္းအတြင္း အျဖဴေရာင္ အားကစားဝတ္စုံဝတ္ထားေသာ တပည့္တစ္စုကို ခ်က္ခ်င္းေတြ႕လိုက္ရသည္။

သူတို႔ေဘးမွာ သားျဖစ္သူက အျဖဴေရာင္ မင္းသမီးေလးဝတ္ထားတဲ့ ၀တ္စုံကို ၀တ္ထားၿပီး သူတို႔ထဲက တစ္ေယာက္ကို ၫႊန္ျပရင္း မ်က္လုံးေတြ လင္းထိန္ေနသည္ ။  “အဘိုး Quinn၊ မစၥတာ နံပါတ္ ၅ က အေခ်ာဆုံး။  ဒါေပမယ့္ မစၥတာ နံပါတ္ ၉ က အရမ္းမိုက္တယ္။  ဘယ္သူကို ေ႐ြးရမလဲ။  ငါ အရမ္းစိတ္ရႈပ္ေနတယ္!"

Justin အံ့ဩသြားကာ မွင္သက္သြားရသည္။

ထိုအခ်ိန္တြင္ Noraသည္အိမ္သို႔ မေရာက္ေသးေပ။  ယင္းအစား၊ သူမသည္ လက္ရွိနယူးေယာက္ရွိ ေဆးဖက္ဝင္အပင္မ်ားဆိုင္ႏွင့္ ေဆးဆိုင္ Guardian Pharmacy တြင္ ရွိေနသည္။  သူမသည္ဗန္းကိုကိုင္ၿပီး ေသတၱာထဲမွ ဟင္းသီးဟင္း႐ြက္မ်ားကို ေ႐ြးေနသည္။

"Atractylodes lancea၊ wolfberry၊ chrysanthemum၊ cornus၊ rehmannia၊ dendrobium..."

Nora သည္ ေဆးဖက္ဝင္အပင္မ်ား၏ အခ်ိဳးအစားကို ခ်ိန္ညႇိၿပီးေနာက္၊ သူမသည္ ၎တို႔အား ေဆးပညာရွင္ထံ အပ္လိုက္ၿပီး "တစ္၀က္ကို စားဖို႔ ေဆးအခ်ိဳ႕ လုပ္ေပးပါ။  တစ္၀က္ကိုေတာ့ တျခားေနရာမွာ သုံးဖို႔အတြက္ လိမ္းေဆးလုပ္ေပးပါ။  မနက္ျဖန္မွလာၿပီး လာယူလိုက္ပါ့မယ္။"

ေဆးဆရာက "ဟုတ္ကဲ့ ရပါတယ္ ကိစၥမရွိပါဘူး!" လို႔ျပန္ေျဖရင္း သူ႔မ်က္ႏွာတစ္ျပင္လုံးမွာ ႀကီးမားတဲ့ အၿပဳံးတစ္ခုရွိေနသည္။

ေဖာက္သည္သည္ ရက္ေရာေနသည္မို႔၊ သူမကို ဤကဲ့သို႔ မ်က္ႏွာသာေပးလိုသည္မွာ ေသခ်ာပါသည္။

အဲဒီေနာက္ Nora က Pete ကို အိမ္ျပန္ေခၚသြားသည္။

မေန႔ က အိမ္ျပန္ေရာက္ၿပီးေနာက္ သူမ အရမ္းပင္ပန္းေနတာေၾကာင့္ Old Mrs Andersonရဲ႕မ်က္လုံးေတြကို သူမ သိပ္ဂ႐ုမစိုက္မိဘူး။  ဒါေပမယ့္ ဒီေန႔ ႏိုးလာၿပီးေနာက္မွာေတာ့ သူမရဲ႕ ေသြးခုန္ႏႈန္းကို စစ္ေဆးခဲ့ၿပီး မ်က္လုံးကိုလည္း ဂ႐ုတစိုက္ ၾကည့္ခဲ့ပါတယ္။  အဘြားႀကီး၏ အျမင္အာ႐ုံ ဆုံးရႈံးရျခင္း၏ အေၾကာင္းရင္းမွာ ထိုအခ်ိန္က သူမ၏ မ်က္လုံးမ်ား တင္းမာလြန္းသျဖင့္ မ်က္စိအာ႐ုံေၾကာမ်ား ပ်က္စီးျခင္းေၾကာင့္ အျမင္အာ႐ုံ ဆုံးရႈံးရျခင္း ျဖစ္ေၾကာင္း သူမ ေတြ႕ရွိခဲ့သည္။

ခြဲစိတ္ကုသရန္ မလိုအပ္ပါ။  သူမသည္ ၎တို႔အား က်န္းမာေသာ အေနအထားသို႔ ျပန္လည္ ျပဳစုေပးရန္သာ လိုအပ္သည္။

GPS လမ္းေၾကာင္းျပကိရိယာ၏အကူအညီျဖင့္ Nora သည္ Andersons သို႔ ေတာက္ေလွ်ာက္ေမာင္းခဲ့သည္။  မဝင္ခင္မွာ Melissa က တံခါးဝမွာ ရပ္ေနတာကို ေတြ႕လိုက္ရသည္။  သူမသည္ ခ်ည္ထိုးထားေသာ ၀တ္စုံကို ဝတ္ဆင္ထားၿပီး ေၾကာ့ရွင္းၿပီး သိကၡာရွိလွသည္။  သူတို႔ကားကိုျမင္ေတာ့ သူမမ်က္ခုံးေတြက စိတ္ပူလို႔ တြန္႔ေနသည္။

ဗီလာတြင္ ကားကို သူမရပ္လိုက္ေသာအခါတြင္ပင္ Nora သည္ ဇိမ္ခံကားရပ္ထားသည့္ Lincoln ကိုေတြ႕လိုက္ရသည္- ထင္ရွားေသာဧည့္သည္တစ္ဦး လာေရာက္သည္မွာ ထင္ရွားသည္။

သူမ ကားေပၚက ဆင္းၿပီးခ်ိန္မွာေတာ့ Melissa က အလ်င္အျမန္ ေျပးလာၿပီး "Nora မင္းရဲ႕ ဒုတိယ အေဒၚက မင္းဒီမွာ ရွိတယ္ဆိုတာ ၾကားေတာ့ လာၾကည့္ဖို႔ လာခဲ့တာ " လို႔ ေျပာပါသည္။

Old Mrs Andersonတြင္ သမီးႏွစ္ေယာက္ႏွင့္ သားတစ္ေယာက္ရွိသည္။

Simon သည္ တတိယေျမာက္သားျဖစ္ၿပီး Nora ၏မိခင္သည္ အႀကီးဆုံးျဖစ္သည္။  အလယ္မွာ သူမရဲ႕ ဒုတိယေျမာက္သမီးျဖစ္တဲ့ Sheena Anderson ပါ။

Nora ေခါင္းညိတ္လိုက္သည္။  သူမသည္ Pete ကိုသူမႏွင့္အတူေခၚသြားၿပီး Melissa သည္သူမ၏လက္ေကာက္ဝတ္ကိုကိုင္ၿပီးအိမ္ထဲသို႔ဝင္ကာ "သူမ ပါးစပ္က စကားေျပာတာ နဲနဲေတာ့ ႐ိုင္းတယ္၊ ဒါေၾကာင့္သူမ ေျပာတာကိုစိတ္ထဲမထားပါနဲ႔" ဟုေတာင္းပန္ခဲ့သည္။

Noraသည္ ခဏမွ် အံ့အားသင့္သြားရသည္။

တံခါးဝမွ မာနႀကီးေသာ အသံတစ္သံကို သူမ ၾကားလိုက္ရသည္– “… ဒါေပမယ့္ အဆုံးမွာေတာ့ သူဒီလိုေယာက္်ားနဲ႔ လက္ထပ္လိုက္တယ္။  သူ႔သမီးက ကယ္လီဖိုးနီးယားလို ေနရာမ်ိဳးမွာေတာင္ ႀကီးျပင္းခဲ့ၿပီး အထက္တန္းပညာေရးကို တခါမွ မတက္ဖူးပါဘူး… အေမ၊ အေမက သမီးတို႔ကို သူ႔ေလာက္မေတာ္ဘူးလို႔ အၿမဲေျပာေပမယ့္ အခု သမီးတို႔ကို ၾကည့္လိုက္။  အဆုံးမွာေတာ့ သမီးကို Andersonsက  လိုအပ္ေနတာပဲ မဟုတ္လား"

Mrs Andersonက သူ႔ကို ျပစ္တင္ရႈတ္ခ်လိုက္သည္။  "ဒီလိုမ်ိဳး မင္းက ဘယ္လိုလုပ္ ေျပာႏိုင္ရတာလဲ။  Nora ထူးခြၽန္သည္ျဖစ္ေစ မထူးခြၽန္သည္ျဖစ္ေစ သူမ နင့္အစ္မရဲ႕ သမီးပဲ အဲေတာ့   သူမက  Andersons ရဲ႕ အစိတ္အပိုင္းတစ္ခုပဲ!”

“အဲဒီလိုေတြ မေျပာနဲ႔။  Andersons ၏ဂုဏ္သတင္းက ဒီႏွစ္တစ္ေလွ်ာက္လုံး တျဖည္းျဖည္းတိုးတက္ေကာင္းမြန္လာေစဖို႔  ႀကီးမားတဲ့အားထုတ္ႀကိဳးပမ္းမႈေတြကို လုပ္‌ခဲ့ရတာ ၿပီးေတာ့   အခု Andersons ကို အရွက္ရေစမယ့္ အရာေတြ မျဖစ္ေအာင္ အေမက သူ႔ကို တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ေနတာက အေကာင္းဆုံးဘဲ။”

Melissa သည္ အတြင္းလူမ်ားကို သတိေပးသည့္အေနျဖင့္ ေခ်ာင္းဆိုးလိုက္သည္။  ထို႔ေနာက္သူမက “အေမ၊ Sheena၊ Nora ျပန္လာၿပီ”

ထိုမွသာ Nora ဝင္လာခဲ့သည္။  Simonႏွင့္တူေသာ ဆြဲေဆာင္မႈရွိေသာ အမ်ိဳးသမီးတစ္ဦး ဆိုဖာေပၚတြင္ ခန္႔ခန္႔ညားညား ထိုင္ေနသည္ကို ခ်က္ခ်င္းေတြ႕လိုက္ရသည္။

Sheena သည္ ယခုႏွစ္တြင္ အသက္ 46 ႏွစ္ရွိၿပီျဖစ္ေသာ္လည္း သူမသည္ အသက္ 30 ႏွစ္ပဲ ရွိေသးသည္ဟု ထင္ရပါသည္။  သူမသည္ ပေရာ္ဖက္ရွင္နယ္က်တဲ့ ဝတ္စုံကို ၀တ္ဆင္ထားၿပီး ရင့္က်က္ေသာ အမ်ိဳးသမီးတစ္ဦး၏ က်က္သေရကို အျပည့္အဝ ပုံေဖာ္ထားသည္။  Melissa ၏ ေနထိုင္ပုံႏွင့္ ယွဥ္လွ်င္ သူမသည္ အထက္လူႀကီးျဖစ္ပုံရသည္။

Nora ဝင္လာၿပီးေနာက္ သူမအၾကည့္ေတြက Pete ကို ခ်က္ခ်င္းေရာက္သြားၿပီး “ဒါဆို သူက မင္းရဲ႕ သမီးလား?  ဒီႏွစ္သူမက ငါးႏွစ္ျဖစ္မယ္ ဟုတ္တယ္မလား?  သူမ ပီယာႏိုတီးႏိုင္လား။  သူမ ကႏိုင္လား။  သူမ လက္ေရးလွ ေရးႏိုင္လား။  သခ်ၤာအိုလံပစ္အတန္းေကာ တက္လား။  ဘယ္လိုသင္တန္းေတြ တက္ၿပီးၿပီလဲ။"

ငယ္စဥ္ကတည္းက အထက္တန္းပညာေရးကို သင္ယူခဲ့ေသာ Pete သည္ အံ့ၾသသြားခဲ့သည္။

အခု သူမက ဘယ္သူ႔ကို ႏွိမ့္ခ်ၿပီး ၾကည့္ေနတာလဲ။ 

Unicode

သူမ အထဲ မသွားခင်မှာ Quinn ရဲ့ အသံကို ကြားလိုက်ရတယ်- "အခု မတ်တပ်ရပ်။  စိတ်ရှည်ရှည်ထား။  ဒါက အခြေခံ ကျွမ်းကျင်မှုပဲ။  အဲ့အပိုင်းက ငါတို့ Quinn School of Martial Arts က Irvin School of Martial Arts ထက် ပိုကောင်းစေတာပဲ ဖြစ်တယ် ကိုယ်ခံပညာဆိုတာ နေ့ချင်းညချင်း သင်ယူနိုင်တဲ့ အရာမဟုတ်ဘူး။  အုတ်မြစ်ချပြီး ဖြေးဖြေးချင်းသင်ဖို့ အချိန်ယူရမယ်…”

နိုရာသည် တံခါးကိုတွန်းဖွင့်လိုက်တော့ “Cherry” သည်  အမျိုးသားအားကစားဝတ်စုံကို လဲကာ သူမ၏ပုံစံ အနေအထားကို လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။

Nora ကို ကျောခိုင်းထားတဲ့ Quinn က သူမနဲ့ စကားပြောနေပါတယ်။  သူက “မင်းအခု ငါ့တပည့်ဖြစ်တော့ အခုကစပြီး ငါပြောတာကို မင်းနားထောင်ရမယ်။  မနက်အိပ်ရာနိုးတိုင်း နာရီဝက်လောက် ဒီကိုယ်ဟန်အနေအထားကို လေ့ကျင့်ပေးရမယ်။  မင်းအမေက ပျင်းလွန်းပေမဲ့ ငယ်ငယ်လေးကတည်းက အမြဲနာခံနေခဲ့တယ်။ ဒါမဲ့ မင်းက သူ့လိုတော့ ပျင်းမနေသင့်ဘူး..."

တံခါးကို မျက်နှာမူထားသော Peteသည် Noraကို သတိပြုမိခဲ့သောအခါ ရပ်သွားသည်။

နှုတ်ခမ်းကို တင်းတင်းစေ့ကာ မတ်တပ်ရပ်လိုက်သည်။

Quinn က အံ့အားသင့်သွားပြီး “ဘာလို့ မလုပ်တော့တာလဲ။  ဆက်မထိန်းနိုင်တော့ဘူးလား?  မင်း—”

Pete က မပြီးခင်မှာ သူပြောချင်တဲ့ စကားတွေကို အနှောင့်အယှက်ပေးခဲ့တယ်- "မေမေ။"

Quinn တောင့်တင်းသွားသည်။  ထို့နောက် သူလှည့်ကြည့်လိုက်တော့ Nora သည် နံရံကို မှီ၍ ကြည့်နေသည် ။  သူမ၏လက်များကို အသာပိုက်ထားပြီး သူတို့နှစ်ဦးကို တိတ်တဆိတ်ကြည့်နေစဉ်တွင် သူမ၏ကြောင်မျက်လုံးလေးများသည် အနည်းငယ် တလက်လက်ဖြစ်နေသည်။

သူမသည် သူဌေးနဲ့တူနေသော သူမက Quinnကို ထိတ်လန့်စေကာ "အမ်၊ Nora၊ ဒါ..."

Noraက “အဘိုးကြီး၊  သူ့ကို ဆုပေးပြီး စမ်းတာလား၊ ဒါမှမဟုတ် ပြစ်ဒဏ်နဲ့ ခြိမ်းခြောက်ထားတာလား” ဟု ပျင်းရိစွာ မေးသည်။

"...မဟုတ်ဘူး ငါ ဘာမှ မလုပ်ဘူး!"

သူသေချာပြန်ဖြေနေတာကိုတွေ့တော့ Nora က Pete ကိုပြန်ကြည့်ပြီး "Cherry၊ သမီး သိုင်းပညာကို တကယ်စိတ်ဝင်စားလို့လား" လို့ ချီတုံချတုံနဲ့ မေးလိုက်သည်။

Pete က ခေါင်းညိတ်ပြသည်။

အကယ်၍ သူသိုင်းပညာကို သင်ယူခဲ့မည်ဆိုလျှင် နောင်တွင် အဲသလို အာဏာရှင်က အမေ့ကို အနိုင်ကျင့်လာခဲ့ရင် သူ့အမေနှင့် Cherryကို ကာကွယ်နိုင်လိမ့်မည် ။

Nora အံ့ဩသွားသည်။

Cherryသည် သူမ၏ ပင်ကိုယ်စရိုက်ကို ခံယူကာ ပျင်းရိလွယ်သည်။  အချုပ်အနှောင်ခံရတာကို သူမ မကြိုက်ဆုံး ဖြစ်သည်။  သို့သော်  အခုတွင် သူမသည် ကိုယ်ခံပညာကို အမှန်တကယ် စိတ်ဝင်စားပါသလား။

ကလေးများ၏ အမြင်များကို အမြဲလေးစားသော Noraသည် အနည်းငယ် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။  “ကောင်းပြီလေ။”

ထို့နောက် သူမက Quinn ကိုကြည့်ကာ "မနက်ဖြန် မနက် ၇ နာရီမှာ ဒီကို လာပို့ပေးမယ်။  အဘိုးကြီး၊
ကျွန်မ ဒီနေ့ တစ်ခုခုလုပ်စရာရှိနေလို့  အရင်ပြန်လိုက်မယ်"

စကားပြောပြီးနောက် Pete ထံသို့ လက်ကိုဆန့်လိုက်သည်။

Pete သည် အလွန်သဘာဝကျကျ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ကိုဆွဲပြီး တံခါးအပြင်ဘက်သို့ လိုက်သွားခဲ့သည်။

သူတို့နှစ်ဦး ကိုယ်ခံပညာအားကစားရုံမှ ပျောက်ကွယ်သွားသည့်တိုင် Quinn မှာ ကျောက်ရုပ်လိုပင် ရပ်ကျန်နေခဲ့သည်။

မဟုတ်သေးဘူး၊ Nora အဲ့ကလေး...၊ အဲဒါ မင်း အခု  ခေါ်သွားတဲ့ ကလေးက မင်းရဲ့သမီး မဟုတ်ဘူးလေ။

သန့်စင်ခန်းထဲဝင်သွားသော Cherryသည် မင်းသမီးလေးလို၀တ်ထားသော ၀တ်စုံဖြင့် ပြေးလာသောအခါ သူ မှင်တက်သွားသည်။ 

"ဟင်?  Pete ဘယ်ရောက်သွားတာလဲ"

Quinn သူမှင်သက်လွန်းလို့ စကားတောင် ပြန်မပြောနိုင် ဖြစ်နေသည်။

Cherry ပြောပြီးတာနဲ့ သူ့ဖုန်းက အသံမြည်လာတယ်။  သူမ ကောက်ကိုင်လိုက်ပြီး Pete ထံမှ စာတိုတစ်စောင်ကို ချက်ချင်းတွေ့လိုက်ရသည်- "Cherry၊ အစ်ကို မေမေနဲ့ အတူ အိမ်ပြန်သွားတယ်။  ဖေဖေက ညနေ လာကြိုပေးလိမ့်မယ်။  မနက်ဖြန်မှ  ပြန်ပြောင်းကြမယ်။"

သူမရဲ့ ချောမောလှပတဲ့ အဖေ့ကို ပြန်တွေ့ရတော့မယ်။

Cherryသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ဆွခုန်ဆွ လုပ်နေကာ “အဘိုး Quinn ၊ အဖေ ဘယ်အချိန်က သမီးကို လာခေါ်မှာလဲ” လို့ မေးပြီး Quinn ရဲ့လက်ကို ကိုင်လိုက်သည် ။

"...ညနေငါးနာရီ။"

“အင်း ဒါဆို သမီးမှာ နှစ်နာရီကျန်သေးတယ်။  သမီးတို့ ဘာလုပ်ရင်ကောင်းမလဲ။  အဘိုး ဒီမှာ Barbieရုပ်တွေ ရှိလား"

“… မရှိဘူး”

"ဒါဆို ဂိမ်းဆော့လို့ရလား"

"မရဘူး၊ မင်းမျက်လုံးအတွက်မကောင်းဘူး"

Cherryက စိတ်ပျက်အားငယ်စွာဖြင့် နှုတ်ခမ်းစူကာ "အဘိုး Quinn၊ Quinn School of Martial Arts မှာ အထူးအဆန်းတွေ မရှိဘူးလား။"

ထိတ်လန့်သွားသော Old Quinn သည် ရုတ်တရက် တစ်ခုခုကို တွေးပြီး "အို၊ ငါတို့ လုပ်စရာ တစ်ခုရှိတာပဲ!"

ညနေငါးနာရီမှာ Justin သည် သူ့သားကို လာခေါ်ဖို့ ကိုယ်တိုင် ကားမောင်းသွားခဲ့သည်။

သူ၏ ချောမောသော မျက်နှာသည် ယခုအချိန်တွင် ငြိမ်သက်နေသည်။  Quinn School of Martial Arts ၏ပုံစံသည် ယောက်ျားပီသပြီး လွှမ်းမိုးထားသည်။  သူ့သားလေး ချွေးတွေ တစိမ့်စိမ့် စီးကျနေတာကို တွေ့ရတော့မှာ သေချာတယ် မဟုတ်လား။

အဲဒီစိတ်နဲ့ ကျောင်းထဲကို ဝင်သွားလိုက်သည်။  လေ့ကျင့်ရေးဝင်းအတွင်း အဖြူရောင် အားကစားဝတ်စုံဝတ်ထားသော တပည့်တစ်စုကို ချက်ချင်းတွေ့လိုက်ရသည်။

သူတို့ဘေးမှာ သားဖြစ်သူက အဖြူရောင် မင်းသမီးလေးဝတ်ထားတဲ့ ၀တ်စုံကို ၀တ်ထားပြီး သူတို့ထဲက တစ်ယောက်ကို ညွှန်ပြရင်း မျက်လုံးတွေ လင်းထိန်နေသည် ။  “အဘိုး Quinn၊ မစ္စတာ နံပါတ် ၅ က အချောဆုံး။  ဒါပေမယ့် မစ္စတာ နံပါတ် ၉ က အရမ်းမိုက်တယ်။  ဘယ်သူကို ရွေးရမလဲ။  ငါ အရမ်းစိတ်ရှုပ်နေတယ်!"

Justin အံ့ဩသွားကာ မှင်သက်သွားရသည်။

ထိုအချိန်တွင် Noraသည်အိမ်သို့ မရောက်သေးပေ။  ယင်းအစား၊ သူမသည် လက်ရှိနယူးယောက်ရှိ ဆေးဖက်ဝင်အပင်များဆိုင်နှင့် ဆေးဆိုင် Guardian Pharmacy တွင် ရှိနေသည်။  သူမသည်ဗန်းကိုကိုင်ပြီး သေတ္တာထဲမှ ဟင်းသီးဟင်းရွက်များကို ရွေးနေသည်။

"Atractylodes lancea၊ wolfberry၊ chrysanthemum၊ cornus၊ rehmannia၊ dendrobium..."

Nora သည် ဆေးဖက်ဝင်အပင်များ၏ အချိုးအစားကို ချိန်ညှိပြီးနောက်၊ သူမသည် ၎င်းတို့အား ဆေးပညာရှင်ထံ အပ်လိုက်ပြီး "တစ်၀က်ကို စားဖို့ ဆေးအချို့ လုပ်ပေးပါ။  တစ်၀က်ကိုတော့ တခြားနေရာမှာ သုံးဖို့အတွက် လိမ်းဆေးလုပ်ပေးပါ။  မနက်​ဖြန်​မှလာ​ပြီး လာယူလိုက်ပါ့မယ်​။"

ဆေးဆရာက "ဟုတ်ကဲ့ ရပါတယ် ကိစ္စမရှိပါဘူး!" လို့ပြန်ဖြေရင်း သူ့မျက်နှာတစ်ပြင်လုံးမှာ ကြီးမားတဲ့ အပြုံးတစ်ခုရှိနေသည်။

ဖောက်သည်သည် ရက်ရောနေသည်မို့၊ သူမကို ဤကဲ့သို့ မျက်နှာသာပေးလိုသည်မှာ သေချာပါသည်။

အဲဒီနောက် Nora က Pete ကို အိမ်ပြန်ခေါ်သွားသည်။

မနေ့ က အိမ်ပြန်ရောက်ပြီးနောက် သူမ အရမ်းပင်ပန်းနေတာကြောင့် Old Mrs Andersonရဲ့မျက်လုံးတွေကို သူမ သိပ်ဂရုမစိုက်မိဘူး။  ဒါပေမယ့် ဒီနေ့ နိုးလာပြီးနောက်မှာတော့ သူမရဲ့ သွေးခုန်နှုန်းကို စစ်ဆေးခဲ့ပြီး မျက်လုံးကိုလည်း ဂရုတစိုက် ကြည့်ခဲ့ပါတယ်။  အဘွားကြီး၏ အမြင်အာရုံ ဆုံးရှုံးရခြင်း၏ အကြောင်းရင်းမှာ ထိုအချိန်က သူမ၏ မျက်လုံးများ တင်းမာလွန်းသဖြင့် မျက်စိအာရုံကြောများ ပျက်စီးခြင်းကြောင့် အမြင်အာရုံ ဆုံးရှုံးရခြင်း ဖြစ်ကြောင်း သူမ တွေ့ရှိခဲ့သည်။

ခွဲစိတ်ကုသရန် မလိုအပ်ပါ။  သူမသည် ၎င်းတို့အား ကျန်းမာသော အနေအထားသို့ ပြန်လည် ပြုစုပေးရန်သာ လိုအပ်သည်။

GPS လမ်းကြောင်းပြကိရိယာ၏အကူအညီဖြင့် Nora သည် Andersons သို့ တောက်လျှောက်မောင်းခဲ့သည်။  မဝင်ခင်မှာ Melissa က တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။  သူမသည် ချည်ထိုးထားသော ၀တ်စုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းပြီး သိက္ခာရှိလှသည်။  သူတို့ကားကိုမြင်တော့ သူမမျက်ခုံးတွေက စိတ်ပူလို့ တွန့်နေသည်။

ဗီလာတွင် ကားကို သူမရပ်လိုက်သောအခါတွင်ပင် Nora သည် ဇိမ်ခံကားရပ်ထားသည့် Lincoln ကိုတွေ့လိုက်ရသည်- ထင်ရှားသောဧည့်သည်တစ်ဦး လာရောက်သည်မှာ ထင်ရှားသည်။

သူမ ကားပေါ်က ဆင်းပြီးချိန်မှာတော့ Melissa က အလျင်အမြန် ပြေးလာပြီး "Nora မင်းရဲ့ ဒုတိယ အဒေါ်က မင်းဒီမှာ ရှိတယ်ဆိုတာ ကြားတော့ လာကြည့်ဖို့ လာခဲ့တာ " လို့ ပြောပါသည်။

Old Mrs Andersonတွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက်ရှိသည်။

Simon သည် တတိယမြောက်သားဖြစ်ပြီး Nora ၏မိခင်သည် အကြီးဆုံးဖြစ်သည်။  အလယ်မှာ သူမရဲ့ ဒုတိယမြောက်သမီးဖြစ်တဲ့ Sheena Anderson ပါ။

Nora ခေါင်းညိတ်လိုက်သည်။  သူမသည် Pete ကိုသူမနှင့်အတူခေါ်သွားပြီး Melissa သည်သူမ၏လက်ကောက်ဝတ်ကိုကိုင်ပြီးအိမ်ထဲသို့ဝင်ကာ "သူမ ပါးစပ်က စကားပြောတာ နဲနဲတော့ ရိုင်းတယ်၊ ​​ဒါကြောင့်သူမ ပြောတာကိုစိတ်ထဲမထားပါနဲ့" ဟုတောင်းပန်ခဲ့သည်။

Noraသည် ခဏမျှ အံ့အားသင့်သွားရသည်။

တံခါးဝမှ မာနကြီးသော အသံတစ်သံကို သူမ ကြားလိုက်ရသည်– “… ဒါပေမယ့် အဆုံးမှာတော့ သူဒီလိုယောက်ျားနဲ့ လက်ထပ်လိုက်တယ်။  သူ့သမီးက ကယ်လီဖိုးနီးယားလို နေရာမျိုးမှာတောင် ကြီးပြင်းခဲ့ပြီး အထက်တန်းပညာရေးကို တခါမှ မတက်ဖူးပါဘူး… အမေ၊ အမေက သမီးတို့ကို သူ့လောက်မတော်ဘူးလို့ အမြဲပြောပေမယ့် အခု သမီးတို့ကို ကြည့်လိုက်။  အဆုံးမှာတော့ သမီးကို Andersonsက  လိုအပ်နေတာပဲ မဟုတ်လား"

Mrs Andersonက သူ့ကို ပြစ်တင်ရှုတ်ချလိုက်သည်။  "ဒီလိုမျိုး မင်းက ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။  Nora ထူးချွန်သည်ဖြစ်စေ မထူးချွန်သည်ဖြစ်စေ သူမ နင့်အစ်မရဲ့ သမီးပဲ အဲတော့   သူမက  Andersons ရဲ့ အစိတ်အပိုင်းတစ်ခုပဲ!”

“အဲဒီလိုတွေ မပြောနဲ့။  Andersons ၏ဂုဏ်သတင်းက ဒီနှစ်တစ်လျှောက်လုံး တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာစေဖို့  ကြီးမားတဲ့အားထုတ်ကြိုးပမ်းမှုတွေကို လုပ်‌ခဲ့ရတာ ပြီးတော့   အခု Andersons ကို အရှက်ရစေမယ့် အရာတွေ မဖြစ်အောင် အမေက သူ့ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာက အကောင်းဆုံးဘဲ။”

Melissa သည် အတွင်းလူများကို သတိပေးသည့်အနေဖြင့် ချောင်းဆိုးလိုက်သည်။  ထို့နောက်သူမက “အမေ၊ Sheena၊ Nora ပြန်လာပြီ”

ထိုမှသာ Nora ဝင်လာခဲ့သည်။  Simonနှင့်တူသော ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဆိုဖာပေါ်တွင် ခန့်ခန့်ညားညား ထိုင်နေသည်ကို ချက်ချင်းတွေ့လိုက်ရသည်။

Sheena သည် ယခုနှစ်တွင် အသက် 46 နှစ်ရှိပြီဖြစ်သော်လည်း သူမသည် အသက် 30 နှစ်ပဲ ရှိသေးသည်ဟု ထင်ရပါသည်။  သူမသည် ပရော်ဖက်ရှင်နယ်ကျတဲ့ ဝတ်စုံကို ၀တ်ဆင်ထားပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ကျက်သရေကို အပြည့်အဝ ပုံဖော်ထားသည်။  Melissa ၏ နေထိုင်ပုံနှင့် ယှဉ်လျှင် သူမသည် အထက်လူကြီးဖြစ်ပုံရသည်။

Nora ဝင်လာပြီးနောက် သူမအကြည့်တွေက Pete ကို ချက်ချင်းရောက်သွားပြီး “ဒါဆို သူက မင်းရဲ့ သမီးလား?  ဒီနှစ်သူမက ငါးနှစ်ဖြစ်မယ် ဟုတ်တယ်မလား?  သူမ ပီယာနိုတီးနိုင်လား။  သူမ ကနိုင်လား။  သူမ လက်ရေးလှ ရေးနိုင်လား။  သင်္ချာအိုလံပစ်အတန်းကော တက်လား။  ဘယ်လိုသင်တန်းတွေ တက်ပြီးပြီလဲ။"

ငယ်စဉ်ကတည်းက အထက်တန်းပညာရေးကို သင်ယူခဲ့သော Pete သည် အံ့သြသွားခဲ့သည်။

အခု သူမက ဘယ်သူ့ကို နှိမ့်ချပြီး ကြည့်နေတာလဲ။

Continue Reading

You'll Also Like

9.9K 464 22
Avygail Keith Ferrell, also known as Avy. Isang babaeng kilos lalaki. Walang inuurungang kaaway kahit sino ka man. Hindi madaling umatras sa isang la...
1M 46.6K 105
Unicode ဒုက္ခိတ ဖြစ်​​နေတဲ့ သူ​ေဋ္ဌး​ချော​ချော​လေး ကို လက်​မခံနိုင်​တဲ့ညီမဖြစ်​သူက အမဖြစ်​သူရဲ့ ရည်​းစားကိုလုပြီး သူမလိုချင်​တဲ့ ဒုက္ခိတ သူ​ေဋ္ဌးနဲ့...
40.4K 1.8K 22
𝑭𝒊𝒇𝒕𝒚 𝑺𝒉𝒂𝒅𝒆𝒔 𝒐𝒇 𝑱𝒆𝒐𝒏.... Kim Taehyung,an English literature student found himself sitting in the biggest company to interview the mu...
855K 21.6K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...