Zawgyi
Justin သည္ သူ၏ နက္ရႈိင္းေသာ မ်က္လုံးမ်ားထဲတြင္ ရႈပ္ေထြးေနေသာ အၾကည့္မ်ား ရွိေနသည္။ သူ႔ဆီေရာက္လာၿပီး သူ႔သားကို ဘာလို႔ေမးေနတာလဲ။
သူ႔အမူအရာ ေျပာင္းလဲမႈမရွိဘဲ သူက ေပါ့ေပါ့ပါးပါးျဖင့္သာ “သူ အရင္ျပန္သြားၿပီ။ ကိစၥတစ္ခုခုရွိလို႔လား?"
ခြဲစိတ္မႈမွာ ေျခာက္နာရီၾကာျမင့္ခဲ့ၿပီး နံနက္ ၁ နာရီထိုးေနၿပီျဖစ္သည္။ Pete သည္ မူလက ခြဲစိတ္မႈကို ေစာင့္ရန္ စီစဥ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ သူသည္ ငယ္႐ြယ္ေသးတာေၾကာင့္ သည္းမခံႏိုင္ေပ။
ဒါေၾကာင့္ Justin က သူ႔ကို အိမ္ျပန္ဖို႔ တစ္ေယာက္ေယာက္ႏွင့္ ေစလႊတ္လိုက္သည္။
သူ ျပန္သြားၿပီလား?
Nora သည္ ခ်က္ခ်င္းပင္ စိတ္ဝင္တစားရွိေနေသာ စိတ္မ်ားက ေပ်ာက္ဆုံးသြားသည္။ သူမ အၾကည့္ေတြကို ျပန္႐ုတ္လိုက္ၿပီး ပ်င္းရိတဲ့ အေနအထားကို ျပန္ေျပာင္းလိုက္သည္။ “မဟုတ္ဘူး၊ ဘာမွမဟုတ္ဘူး။ ရွင္က ဘာလို႔ဒီမွာရွိေနတာတုန္း"
Justin သည္ ျဖည္းညႇင္းစြာ မတ္တတ္ထရပ္ၿပီး သူမကို ေစ့ေစ့ၾကည့္သည္။ သူ႔မ်က္လုံးထဲရွိ သူမရဲ႕ ၿပဳံးေနေသာ အမူအရာသည္ အလင္းေရာင္ေအာက္တြင္ အနည္းငယ္ ေပ်ာက္သြားသည္ကို ျမင္ရေသာအခါ သူ႔အသံက ေလးနက္ၿပီး ဆြဲေဆာင္မႈရွိေသာအသံျဖင့္ “မင္းကို ေစာင့္ေနတာ” ဟု ျပန္ေျဖသည္။
“…”
အခုခ်ိန္သည္ ညဥ့္နက္ေနၿပီ။ ျပတင္းေပါက္မ်ားမွ လေရာင္မ်ားသည္ တိတ္ဆိတ္ၿငိမ္သက္ေသာ စႀကႍေပၚသို႔ လင္းလက္ေနသည္။ သူ႔ေနာက္ေက်ာကို တည့္တည့္မတ္မတ္ထားၿပီးေနာက္
ထိုေယာက္်ားသည္ ယခုအခ်ိန္တြင္ သူမႏွင့္အနည္းငယ္ နီးကပ္ေနၿပီး ေလထုသည္ အနည္းငယ္ ေကာင္းေနပုံရသည္။
ဤအခိုက္အတန႔္တြင္ Noraသည္ ထိုေယာက္်ားက သူမႏွင့္ ပေရာပရည္လုပ္ေနသည္ဟူေသာ အထင္အျမင္လြဲမွားမႈကိုပင္ ျဖစ္ေပၚေစခဲ့သည္။
သူမ စိတ္ထဲမွာ ရႈပ္ယွက္ခတ္ေနတဲ့ အေတြးေတြကို ဖယ္ရွားဖို႔ ေခါင္းကို အနည္းငယ္ခါယမ္းလိုက္သည္ ။ ထို႔ေနာက္ သူမက တိုးညႇင္းစြာ ရယ္ေမာလိုက္ၿပီး “လူနာရဲ႕ မိသားစုက သူ႔အတြက္ စိတ္ပူေနတယ္ဆိုတာ နားလည္ပါတယ္။ စိတ္မပူပါနဲ႔ Mrs Hunt ေနေကာင္းလာပါလိမ့္မယ္။"
ဖုန္းကို ထုတ္ကာ စာသားမက္ေဆ့ခ္်ကို စစ္ၾကည့္သည္။ “Andersonမိသားစုဘက္က ကြၽန္မကို လာေခၚဖို႔ တစ္ေယာက္ေယာက္ကို လႊတ္ထားတယ္။ ကြၽန္မ အရင္သြားလိုက္ ပါဦးမယ္။"
ထိုအမ်ိဳးသမီးက သပ္သပ္ရပ္ရပ္ေျပာၿပီးေနာက္ လွည့္ထြက္သြားသည္။ လမ္းေလွ်ာက္တဲ့အခါ ေျခေထာက္ေတြကို ေျမႇာက္ဖို႔ေတာင္ ပ်င္းေနပုံပါပဲ။ သူမေလွ်ာက္လွမ္းခဲ့ေသာလမ္းသည္ အံဝင္ခြင္က်မဟုတ္သည္မွာ ေသခ်ာပါသည္။ တကယ္ေတာ့ နည္းနည္းပ်င္းေနတယ္လို႔ေတာင္ ခံစားရတယ္။ သို႔ေသာ္လည္း သူမ၏ေနာက္ေက်ာျမင္ကြင္းသည္ အမွန္တကယ္ပင္ ဆန္းၾကယ္လွသည္။
ေျခတစ္လွမ္းေနာက္က်တဲ့ Justin က သူ႔ေနာက္ကို လိုက္သြားသည္။
သူေတြ႕ဖူးတဲ့လူရဲ႕ အရည္အခ်င္းကို သံသယမ၀င္ဘူး။ သူမသည္ ေကာင္းမြန္ေသာ အလုပ္တစ္ခုကို ျပဳလုပ္ခဲ့သည္ဟု ယုံၾကည္ခဲ့သည္။
ထို႔အျပင္၊ သူဤေနရာ၌ေစာင့္ေနေသာ Andersons ထံသို႔ သူမအား ကိုယ္တိုင္ကိုယ္က် ပို႔ေပးရန္ ရည္႐ြယ္ထားေသာေၾကာင့္ပင္ ျဖစ္သည္။
ဒါေပမယ့္ မထင္မွတ္ပဲ ေထာင့္ကို လွည့္ၾကည့္လိုက္ေတာ့ ခုနက ထြက္သြားသည့္ ထိုအမ်ိဳးသမီးက သူ႔လက္ကိုင္ဖုန္းကိုကိုင္ၿပီး ဖုန္းေခၚေနတာကို ေတြ႕လိုက္ရသည္။ "Justin သူ႔အေၾကာင္းကိုရွာပါ" ဟုသူမေျပာလိုက္သည္။ သူမ၏အသံသည္ အနည္းငယ္တိုးေသာ္လဲ သူၾကားလိုက္သည္။
Justin အံ့ဩသြားသည့္ အတြက္ သူသြားေနရင္းမွခဏ ရပ္သြားသည္။ ဤအခိုက္အတန႔္တြင္ သူ၏ ပုံမွန္အားျဖင့္ ေအးခဲၿပီး ၾကမ္းတမ္းေသာ မ်က္ႏွာတြင္ ပေဟ႒ိႏွင့္ ရႈပ္ေထြးမႈအခ်ိဳ႕ ရွိေနသည္မွာ အမွန္ပင္။
ဒီစီးပြားေရးေလာကတြင္ ႏွစ္အေတာ္ၾကာ နစ္ျမဳပ္ေနၿပီးေနာက္၊ လူတိုင္း၏ အေတြးအျမင္မ်ားကို ယခုအခ်ိန္တြင္ ျမင္ႏိုင္ေလာက္ၿပီျဖစ္သည္။ သို႔ေသာ္ ထိုအမ်ိဳးသမီးသည္ ေမွာ္ဆန္ေသာ ကုလားကာျဖင့္ ဖုံးအုပ္ထားပုံရသည့္ တစ္ဦးတည္းေသာ ပုဂၢိဳလ္ျဖစ္သည္။ သူမရဲ႕ပုံစံက မေရမတြက္ႏိုင္ေအာင္ နားမလည္မႈမ်ားႏွင့္ ထူးဆန္းေသာ အသြင္အျပင္နဲ႔ တည္ရွိေနေသာ အမ်ိဳးသမီးပင္ ျဖစ္သည္။
ဥပမာအားျဖင့္၊ သူမသည္ အနည္းငယ္ေပ်ာ့ညံ့သည္မဟုတ္ေလာ။ သူမသည္ မေန႔ညကေရာ ယခုေရာ သူမအေပၚ ေအးေအးေဆးေဆး လ်စ္လ်ဴရႈထားေသာ္လည္း ခဏအၾကာတြင္ သူ႔အေၾကာင္းကို စုံစမ္းရန္ တစ္စုံတစ္ဦးကို ေျပာေနသည္မဟုတ္လား။
သူမေနာက္ကို ထပ္မလိုက္ေတာ့ဘဲက်န္ေနခဲ့သည္။ Noraက သူ႔ေနာက္ကလူကို လုံး၀ သတိမထားမိလိုက္ေခ်။ ေနာက္ပိုင္းတြင္ သူမသည္ ဒုတိယစကားကို ဆက္ေျပာသည္- "ကြၽန္မ သူ႔သားနဲ႔ပတ္သက္တဲ့ အခ်က္အလက္အားလုံးကို လိုခ်င္တယ္"
ဖုန္းေခၚဆိုမႈ၏အျခားတစ္ဖက္တြင္ Solo ၏စိတ္ထဲတြင္ေမးခြန္းအမွတ္အသားမ်ားႏွင့္ျပည့္ေနသည္။ "ဘာလို႔ သူ႔သားရဲ႕ အခ်က္အလက္ကို ၾကည့္ခ်င္တာလဲ။ အိုး..ငါသိၿပီ၊ မင္းက သူ႔မိေထြးျဖစ္ခ်င္ေနတာ မဟုတ္လား။ ေဟ့ ငါမင္းကိုေျပာဖူးပါတယ္ Justin က ပထမတန္းစား အေခ်ာဆုံးေယာက္်ားပဲ မဟုတ္လား ? ေသခ်ာတာေပါ့၊ သူ႔ကိုေတြ႕ၿပီးေတာ့ မင္းကိုယ္မင္း မထိန္းႏိုင္ေတာ့ဘူးမလား။ ေျပာစမ္း၊ သူက တကယ့္ကို အရမ္းေခ်ာတာလား။”
Nora၏ မ်က္လုံးမ်ားမွ အလင္းတန္းမ်ား တဖ်ပ္ဖ်ပ္ခတ္လာသည္။
သူက ႐ုပ္ေခ်ာလား?
မေန႔ညက ဆိုဖာေပၚမွာ သူမူးယစ္ေဆးစြဲေနမွန္း သိသာထင္ရွားေသာ္လည္း သူ႔ကိုယ္သူ တင္းတင္းၾကပ္ၾကပ္ ခ်ဳပ္တည္းထားပုံက တကယ့္ကို ဆြဲေဆာင္မႈရွိလွသည္။
သူမက “သူက ငါ ေက်နပ္ႏိုင္ေလာက္တဲ့အထိပါပဲ မဆိုးပါဘူး” လို႔ စိတ္တိုတိုနဲ႔ ျပန္ေျဖသည္။
Soloက သူမရဲ႕အေျဖေၾကာင့္ စုပ္သက္လိုက္သည္။
“ကြၽတ္စ္ မင္းကို ငါသိခဲ့တာ ဒီႏွစ္ေတြ အတြင္းမွာ မင္း ေက်နပ္တယ္လို႔ေတာင္ ထင္ရတဲ့ လူက ရွားရွားပါးပါး အနည္းငယ္ပဲ ရွိေသးတယ္။ဘာပဲျဖစ္ျဖစ္ နင္တို႔ႏွစ္ေယာက္မွာ အခြင့္အေရးရွိမယ္ထင္တယ္။ မင္း ႀကံေနတာမလား.."
Nora က သူ႔စကားကို ၀င္ေႏွာင့္ယွက္ၿပီး ေျပာလိုက္ေတာ့သည္။
"ႏိုးလာတဲ့အခါ ငါ့Mailထဲမွာ အခ်က္အလက္ေတြကို ျမင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" ။
Solo က “… ေကာင္းၿပီ” ဟု ျပန္ေျဖသည္။
ဖုန္းခ်ၿပီးေနာက္ Andersons က သူမကို ျပန္လာရန္ ပို႔ေပးေသာ ကားထဲသို႔ ဝင္ခဲ့သည္။ နယူးေယာက္ၿမိဳ႕၏ ညရႈခင္းကို ရႈစားလိုေသာစိတ္မရွိပဲ မ်က္လုံးမွိတ္ၿပီး မွိန္းခနဲ အိပ္ေပ်ာ္သြားသည္။
"Miss? Miss Smith?"
မွိန္းေနေသာ Nora တစ္ေယာက္ မ်က္လုံးဖြင့္လိုက္ေသာအခါတြင္ သူမသည္ Andersons အိမ္ေတာ္သို႔ ေရာက္ရွိေနၿပီျဖစ္သည္ကို သူမေတြ႕ရွိခဲ့သည္။ ကားက ၿခံဝမွာ ရပ္သြားေတာ့ သုံးထပ္အိမ္ငယ္ေလးသည္ အလင္းေရာင္ ေတာက္ေတာက္နဲ႔ ေနထိုင္သူေတြ ႏိုးေနေသးတာ သိသာပါသည္။
Noraသည္ ကားေပၚမွ ဆင္းလာစဥ္ အခ်ိန္ကို ငုံ႔ၿပီး ၾကည့္လိုက္ေတာ့ မနက္ ႏွစ္နာရီ ထိုးေနၿပီ ျဖစ္သည္။
Andersons ၏ ဗီလာကို ႐ိုးရွင္းေသာ ဥေရာပစတိုင္ျဖင့္ အလွဆင္ထားသည္။ သူမ ဝင္လိုက္သည္ႏွင့္ ႐ိုးရွင္းၿပီး လန္းဆန္းေသာ ေရာင္ဝါျဖင့္ ႏႈတ္ဆက္လိုက္ရသည္။
ဆိုဖာေပၚမွာ လူေလးေယာက္ထိုင္ေနသည္။ အလယ္မွာ အသက္ 80 နီးပါးရွိတဲ့ အဘြားႀကီးတစ္ေယာက္ ထိုင္ေနတယ္။ ႏွစ္ေတြၾကာလာတာနဲ႔အမွ် သူမရဲ႕မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ရွိေနခဲ့ၿပီး သူမရဲ႕မ်က္လုံးေတြက သူမေရွ႕က ကြက္လပ္ႀကီးၾကည့္ေနသည္။ သူမက ေမးတယ္ “ ဘာလို႔ ကားသံၾကားရတာလဲ သူမ ဒီကို ေရာက္ေနၿပီလား"
ဘယ္ဘက္တြင္ထိုင္ေနေသာ Melissa က ညင္သာစြာၿပဳံးၿပီး " ဟုတ္ကဲ့ သူဒီမွာပါ!"
သက္႐ြယ္ႀကီးေသာ မစၥ Andersonသည္ ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားစြာ ထရပ္လိုက္သည္။ သူမ လက္ေမာင္းကို ဆန႔္တန္းကာ “Nora? မင္းက Noraဟုတ္တယ္မလား မင္းက မင္းအေမနဲ႔တူလား"
ညာဘက္တြင္ အမ်ိဳးသမီးငယ္တစ္ဦး ထိုင္ေနသည္။ သူမသည္ အသက္ 20 ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ Melissa ႏွင့္ အနည္းငယ္ဆင္တူၿပီး သူမ၏ မ်က္လုံးႀကီးမ်ားတြင္ က်က္သေရရွိမႈအခ်ိဳ႕ရွိသည္။ သူမသည္ သက္ႀကီးမစၥအန္ဒါဆင္၏လက္ကိုကိုင္ကာ “အဘြား၊ Noraက သူ႔အေမရဲ႕ ငယ္ငယ္ကနဲ႔ တစ္ပုံစံထဲပဲ။ သူ႔ပုံစံက သူနဲ႔ အရမ္းတူတယ္။"
Melissa က ရယ္ၿပီး "မသိရင္ပဲ နင္ အရင္က နင့္အေဒၚနဲ႔ေတြ႕ဖူးသလိုပဲ လို႔ ေျပာေနတယ္"
ထိုအခ်ိန္က Andersons ၏အႀကီးဆုံးသမီးသည္ အိမ္မွထြက္ေျပးသြားေသာအခါ Melissa သည္ Simon ကိုလက္ထပ္ျခင္းမျပဳေသးေပ။ မဂၤလာေဆာင္ၿပီးသည့္တိုင္ Nora၏မိခင္ဓာတ္ပုံမ်ားကို သူမ၏အစစ္အမွန္ထက္ ပိုမိုျမင္ေတြ႕ခဲ့ရသည္။
Sheril Anderson က သူမရဲ႕ လွ်ာကို တစ္လစ္ ထုတ္ၿပီး “သမီးက သူမနဲ႔ တစ္ခါမွ မဆုံဖူးေပမယ့္ ေသြးက စကားေျပာတယ္ေလ။ Noraနဲ႔ေတြ႕တဲ့အခ်ိန္ သူမနဲ႔ ခင္မင္ရင္းႏွီးေနတယ္လို႔ ခံစားရတယ္။”
“ဟက္!! ဘာကိုရင္းႏွီး” သူတို႔ သုံးေယာက္ရဲ႕ ေဘးမွာ ထိုင္ေနတဲ့ လူငယ္က ေကာလိပ္ေက်ာင္းသား တစ္ေယာက္ ျဖစ္ႏိုင္တယ္။ သူ၏ ေခ်ာေမာေသာ မ်က္ႏွာသည္ ႐ိုင္း႐ိုင္းစိုင္းစိုင္းႏွင့္ ျပည့္ႏွက္ေနသည္။
Sheril က သူ႔ကို လ်စ္လ်ဴရႈၿပီး ေရွ႕ကို ခပ္သြက္သြက္ ေျခတစ္လွမ္း လွမ္းလိုက္သည္။ ထို႔ေနာက္ သူမသည္ Noraကို မစၥAndersonထံ ညင္သာစြာဆြဲလာကာ အဘြားႀကီး၏လက္ေပၚကို တင္လိုက္သည္။
Nora အနည္းငယ္ လန႔္သြားသည္။
သူမသည္ Smiths ႏွင့္အတူႀကီးျပင္းခဲ့သည္။ ငယ္စဥ္ကပင္ အဝလြန္ျခင္းေၾကာင့္ အၿမဲေလွာင္ေျပာင္ခံရဖူးသည္။ ဒါ့အျပင္ သူမရဲ႕ က်န္းမာေရး ခ်ိဳ႕တဲ့မႈေၾကာင့္ အျပင္ သိပ္မထြက္ဘဲ အိပ္ခန္းထဲမွာ တစ္ခ်ိန္လုံး ေနခဲ့ ရပါသည္။
အစကေတာ့ သူမရဲ႕ေန႔စဥ္သုံးနပ္စာအတြက္ ေအာက္ထပ္ကိုဆင္းခဲ့ေသးေပမယ့္ ေနာက္ပိုင္းမွာေတာ့ Wendy က အေပၚထပ္မွာသူမရဲ႕အစားအစာေတြကို ယူလာေပးတဲ့အတြက္ သူမအိပ္ခန္းထဲကထြက္ဖို႔ေတာင္ မလိုအပ္ေတာ့ပါဘူး။
ငယ္ငယ္တုန္းကေတာ့ အထီးက်န္ဆန္တယ္။ သူတို႔သုံးေယာက္ရဲ႕ မိသားစုေလးဟာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲဆိုတာကို သူမ မနာလိုျဖစ္ခဲ့ဖူးတယ္။ Henryကို လက္ဆြဲႏႈတ္ဆက္ၿပီး ညည္းတြားေနတဲ့ Angela ကိုေတြ႕တိုင္း သူမမိသားစုဆီက ခ်စ္ျခင္းေမတၱာကို ေမွ်ာ္လင့္မိလိမ့္မယ္။
ဒါေပမယ့္ Henryက သူမကို ႐ြံရွာတဲ့ပုံစံနဲ႔ ၾကည့္တိုင္း Nora က အဲဒီဆႏၵကို တျဖည္းျဖည္း ဆုံးရႈံးေစခဲ့သည္။
ထို႔ေၾကာင့္၊ ကြန္ျပဴတာဟက္ကာ၊ ေဆးပညာ၊ ကိုယ္ခံပညာစသည္ျဖင့္ အျခားေနရာမ်ားတြင္ အာ႐ုံစိုက္ထားခဲ့သည္။
ထို႔ေၾကာင့္ သူမသည္ လူအမ်ားႏွင့္ ရင္းႏွီးခဲသည္။
သို႔ေသာ္ သူမ စိတ္ကူးယဥ္ခဲ့ေသာ ႐ြံရွာမႈ ေပၚမလာေပ။ အေဒၚႀကီး၏ လက္မ်ားသည္ သူမ၏ ေပ်ာ့ေပ်ာင္းေသာ အသားအေရေၾကာင့္ အနည္းငယ္ ေပ်ာ့ေပ်ာင္းေနေသာ္လည္း သူမ၏ လက္ဖဝါးမ်ားက ေျခာက္ေသြ႕ေသာ အပူရွိန္သည္ သူဝတ္ထားသည့္ အေဝးမွာ ဖုံးကြယ္လိုသည့္ စိတ္အတြင္းသို႔ စိမ့္ဝင္သြားပုံရသည္။
“Nora…”
အဘြားႀကီးသည္ အားနည္းလြန္းသျဖင့္ လက္မ်ားတုန္ေနသည္။ "မင္းဒီႏွစ္ေတြတစ္ေလွ်ာက္လုံး ခက္ခဲတဲ့ အရာေတြကို ႀကဳံခဲ့ရတာပဲ!"
“…”
Nora က ဘာလုပ္ရမွန္း မသိတာကို ျမင္ေတာ့ Melissa က “အေမ၊ Nora က အခုျပန္ေရာက္ေနၿပီ။ မနက္ႏွစ္နာရီထိုးေနၿပီ။ သမီးတို႔ဘာလို႔ အရင္မအိပ္ၾကတာလဲ။ မနက္ျဖန္က်ရင္ သမီးတို႔ စကားေျပာလို႔ရတယ္ေလ။"
“ေကာင္းၿပီ…” မစၥစ္Andersonက သူမမ်က္ရည္ေတြကို သုတ္လိုက္ၿပီး “Nora၊ မင္းလည္း ပင္ပန္းရမွာပဲ” လို႔ ေျပာၿပီး" ေလာေလာဆယ္ အိပ္ရာဝင္လိုက္ပါ။"
Melissa သည္ အဘြားအိုအား သူမ၏ အိပ္ခန္းသို႔ ျပန္ေခၚရန္ Sheril ကို ခိုင္းေစၿပီး Nora သည္ အေပၚထပ္သို႔ လိုက္သြားခဲ့သည္။ Melissa က "မင္းအေမရဲ႕အခန္းကို ဒီႏွစ္ေတြလုံးလုံး မပ်က္မကြက္ ထိန္းသိမ္းထားခဲ့တာ။ အခု မင္းျပန္လာၿပီဆိုေတာ့၊ မင္း သူ႔အခန္းကို ယူလို႔ရတယ္။ Cherryကေတာ့ အိပ္ေပ်ာ္ေနၿပီ”
“ေကာင္းပါၿပီ။”
"စကားမစပ္၊ Nora၊ မစၥတာ Hunt က သူ႔အဖြားကို ခြဲစိတ္ဖို႔ ေဆး႐ုံသြားခိုင္းတယ္လို႔ ဘယ္သူ႔ကိုမွ မေျပာခဲ့ဘူး။ သူတို႔ စိတ္ပူသြားမွာကို အေဒၚေၾကာက္လို႔။”
Nora သည္ သူမ၏ သြင္ျပင္ကို မေဖာ္ျပခ်င္ေပ။ သူမသည္ ဤေနရာတြင္ ရက္အနည္းငယ္သာ တိတ္တိတ္ဆိတ္ဆိတ္ ေနခ်င္သည္။ မစၥစ္ Hunt ႏိုးလာသည္ႏွင့္ ကယ္လီဖိုးနီးယားသို႔ ျပန္သြားကာ သားျဖစ္သူကို ရွာေဖြမည္။
သူမ ေခါင္းညိတ္ျပလိုက္သည္။
ပင္ပန္းလြန္းသျဖင့္ အခန္းကိုပင္ ေကာင္းေကာင္းမၾကည့္ဘဲ အိပ္ရာသို႔ တန္းတန္းမတ္မတ္သြားခဲ့သည္။
ေနာက္တစ္ေန႔တြင္ သူမႏိုးလာသည္ႏွင့္ တံခါးအျပင္ဘက္တြင္ ထိတ္လန႔္တၾကားျဖင့္ Melissa ကိုေတြ႕လိုက္ရသည္။ "Nora၊ ေဆး႐ုံမွာ တစ္ခုခုမွားေနၿပီ!"
Unicode
Justin သည် သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် ရှုပ်ထွေးနေသော အကြည့်များ ရှိနေသည်။ သူ့ဆီရောက်လာပြီး သူ့သားကို ဘာလို့မေးနေတာလဲ။
သူ့အမူအရာ ပြောင်းလဲမှုမရှိဘဲ သူက ပေါ့ပေါ့ပါးပါးဖြင့်သာ “သူ အရင်ပြန်သွားပြီ။ ကိစ္စတစ်ခုခုရှိလို့လား?"
ခွဲစိတ်မှုမှာ ခြောက်နာရီကြာမြင့်ခဲ့ပြီး နံနက် ၁ နာရီထိုးနေပြီဖြစ်သည်။ Pete သည် မူလက ခွဲစိတ်မှုကို စောင့်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် ငယ်ရွယ်သေးတာကြောင့် သည်းမခံနိုင်ပေ။
ဒါကြောင့် Justin က သူ့ကို အိမ်ပြန်ဖို့ တစ်ယောက်ယောက်နှင့် စေလွှတ်လိုက်သည်။
သူ ပြန်သွားပြီလား?
Nora သည် ချက်ချင်းပင် စိတ်ဝင်တစားရှိနေသော စိတ်များက ပျောက်ဆုံးသွားသည်။ သူမ အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး ပျင်းရိတဲ့ အနေအထားကို ပြန်ပြောင်းလိုက်သည်။ “မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး။ ရှင်က ဘာလို့ဒီမှာရှိနေတာတုန်း"
Justin သည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီး သူမကို စေ့စေ့ကြည့်သည်။ သူ့မျက်လုံးထဲရှိ သူမရဲ့ ပြုံးနေသော အမူအရာသည် အလင်းရောင်အောက်တွင် အနည်းငယ် ပျောက်သွားသည်ကို မြင်ရသောအခါ သူ့အသံက လေးနက်ပြီး ဆွဲဆောင်မှုရှိသောအသံဖြင့် “မင်းကို စောင့်နေတာ” ဟု ပြန်ဖြေသည်။
“…”
အခုချိန်သည် ညဉ့်နက်နေပြီ။ ပြတင်းပေါက်များမှ လရောင်များသည် တိတ်ဆိတ်ငြိမ်သက်သော စင်္ကြံပေါ်သို့ လင်းလက်နေသည်။ သူ့နောက်ကျောကို တည့်တည့်မတ်မတ်ထားပြီးနောက်
ထိုယောက်ျားသည် ယခုအချိန်တွင် သူမနှင့်အနည်းငယ် နီးကပ်နေပြီး လေထုသည် အနည်းငယ် ကောင်းနေပုံရသည်။
ဤအခိုက်အတန့်တွင် Noraသည် ထိုယောက်ျားက သူမနှင့် ပရောပရည်လုပ်နေသည်ဟူသော အထင်အမြင်လွဲမှားမှုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
သူမ စိတ်ထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေကို ဖယ်ရှားဖို့ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည် ။ ထို့နောက် သူမက တိုးညှင်းစွာ ရယ်မောလိုက်ပြီး “လူနာရဲ့ မိသားစုက သူ့အတွက် စိတ်ပူနေတယ်ဆိုတာ နားလည်ပါတယ်။ စိတ်မပူပါနဲ့ Mrs Hunt နေကောင်းလာပါလိမ့်မယ်။"
ဖုန်းကို ထုတ်ကာ စာသားမက်ဆေ့ခ်ျကို စစ်ကြည့်သည်။ “Andersonမိသားစုဘက်က ကျွန်မကို လာခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတယ်။ ကျွန်မ အရင်သွားလိုက် ပါဦးမယ်။"
ထိုအမျိုးသမီးက သပ်သပ်ရပ်ရပ်ပြောပြီးနောက် လှည့်ထွက်သွားသည်။ လမ်းလျှောက်တဲ့အခါ ခြေထောက်တွေကို မြှောက်ဖို့တောင် ပျင်းနေပုံပါပဲ။ သူမလျှောက်လှမ်းခဲ့သောလမ်းသည် အံဝင်ခွင်ကျမဟုတ်သည်မှာ သေချာပါသည်။ တကယ်တော့ နည်းနည်းပျင်းနေတယ်လို့တောင် ခံစားရတယ်။ သို့သော်လည်း သူမ၏နောက်ကျောမြင်ကွင်းသည် အမှန်တကယ်ပင် ဆန်းကြယ်လှသည်။
ခြေတစ်လှမ်းနောက်ကျတဲ့ Justin က သူ့နောက်ကို လိုက်သွားသည်။
သူတွေ့ဖူးတဲ့လူရဲ့ အရည်အချင်းကို သံသယမ၀င်ဘူး။ သူမသည် ကောင်းမွန်သော အလုပ်တစ်ခုကို ပြုလုပ်ခဲ့သည်ဟု ယုံကြည်ခဲ့သည်။
ထို့အပြင်၊ သူဤနေရာ၌စောင့်နေသော Andersons ထံသို့ သူမအား ကိုယ်တိုင်ကိုယ်ကျ ပို့ပေးရန် ရည်ရွယ်ထားသောကြောင့်ပင် ဖြစ်သည်။
ဒါပေမယ့် မထင်မှတ်ပဲ ထောင့်ကို လှည့်ကြည့်လိုက်တော့ ခုနက ထွက်သွားသည့် ထိုအမျိုးသမီးက သူ့လက်ကိုင်ဖုန်းကိုကိုင်ပြီး ဖုန်းခေါ်နေတာကို တွေ့လိုက်ရသည်။ "Justin သူ့အကြောင်းကိုရှာပါ" ဟုသူမပြောလိုက်သည်။ သူမ၏အသံသည် အနည်းငယ်တိုးသော်လဲ သူကြားလိုက်သည်။
Justin အံ့ဩသွားသည့် အတွက် သူသွားနေရင်းမှခဏ ရပ်သွားသည်။ ဤအခိုက်အတန့်တွင် သူ၏ ပုံမှန်အားဖြင့် အေးခဲပြီး ကြမ်းတမ်းသော မျက်နှာတွင် ပဟေဋ္ဌိနှင့် ရှုပ်ထွေးမှုအချို့ ရှိနေသည်မှာ အမှန်ပင်။
ဒီစီးပွားရေးလောကတွင် နှစ်အတော်ကြာ နစ်မြုပ်နေပြီးနောက်၊ လူတိုင်း၏ အတွေးအမြင်များကို ယခုအချိန်တွင် မြင်နိုင်လောက်ပြီဖြစ်သည်။ သို့သော် ထိုအမျိုးသမီးသည် မှော်ဆန်သော ကုလားကာဖြင့် ဖုံးအုပ်ထားပုံရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သူမရဲ့ပုံစံက မရေမတွက်နိုင်အောင် နားမလည်မှုများနှင့် ထူးဆန်းသော အသွင်အပြင်နဲ့ တည်ရှိနေသော အမျိုးသမီးပင် ဖြစ်သည်။
ဥပမာအားဖြင့်၊ သူမသည် အနည်းငယ်ပျော့ညံ့သည်မဟုတ်လော။ သူမသည် မနေ့ညကရော ယခုရော သူမအပေါ် အေးအေးဆေးဆေး လျစ်လျူရှုထားသော်လည်း ခဏအကြာတွင် သူ့အကြောင်းကို စုံစမ်းရန် တစ်စုံတစ်ဦးကို ပြောနေသည်မဟုတ်လား။
သူမနောက်ကို ထပ်မလိုက်တော့ဘဲကျန်နေခဲ့သည်။ Noraက သူ့နောက်ကလူကို လုံး၀ သတိမထားမိလိုက်ချေ။ နောက်ပိုင်းတွင် သူမသည် ဒုတိယစကားကို ဆက်ပြောသည်- "ကျွန်မ သူ့သားနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို လိုချင်တယ်"
ဖုန်းခေါ်ဆိုမှု၏အခြားတစ်ဖက်တွင် Solo ၏စိတ်ထဲတွင်မေးခွန်းအမှတ်အသားများနှင့်ပြည့်နေသည်။ "ဘာလို့ သူ့သားရဲ့ အချက်အလက်ကို ကြည့်ချင်တာလဲ။ အိုး..ငါသိပြီ၊ မင်းက သူ့မိထွေးဖြစ်ချင်နေတာ မဟုတ်လား။ ဟေ့ ငါမင်းကိုပြောဖူးပါတယ် Justin က ပထမတန်းစား အချောဆုံးယောကျ်ားပဲ မဟုတ်လား ? သေချာတာပေါ့၊ သူ့ကိုတွေ့ပြီးတော့ မင်းကိုယ်မင်း မထိန်းနိုင်တော့ဘူးမလား။ ပြောစမ်း၊ သူက တကယ့်ကို အရမ်းချောတာလား။”
Nora၏ မျက်လုံးများမှ အလင်းတန်းများ တဖျပ်ဖျပ်ခတ်လာသည်။
သူက ရုပ်ချောလား?
မနေ့ညက ဆိုဖာပေါ်မှာ သူမူးယစ်ဆေးစွဲနေမှန်း သိသာထင်ရှားသော်လည်း သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ချုပ်တည်းထားပုံက တကယ့်ကို ဆွဲဆောင်မှုရှိလှသည်။
သူမက “သူက ငါ ကျေနပ်နိုင်လောက်တဲ့အထိပါပဲ မဆိုးပါဘူး” လို့ စိတ်တိုတိုနဲ့ ပြန်ဖြေသည်။
Soloက သူမရဲ့အဖြေကြောင့် စုပ်သက်လိုက်သည်။
“ကျွတ်စ် မင်းကို ငါသိခဲ့တာ ဒီနှစ်တွေ အတွင်းမှာ မင်း ကျေနပ်တယ်လို့တောင် ထင်ရတဲ့ လူက ရှားရှားပါးပါး အနည်းငယ်ပဲ ရှိသေးတယ်။ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်မှာ အခွင့်အရေးရှိမယ်ထင်တယ်။ မင်း ကြံနေတာမလား.."
Nora က သူ့စကားကို ၀င်နှောင့်ယှက်ပြီး ပြောလိုက်တော့သည်။
"နိုးလာတဲ့အခါ ငါ့Mailထဲမှာ အချက်အလက်တွေကို မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ။
Solo က “… ကောင်းပြီ” ဟု ပြန်ဖြေသည်။
ဖုန်းချပြီးနောက် Andersons က သူမကို ပြန်လာရန် ပို့ပေးသော ကားထဲသို့ ဝင်ခဲ့သည်။ နယူးယောက်မြို့၏ ညရှုခင်းကို ရှုစားလိုသောစိတ်မရှိပဲ မျက်လုံးမှိတ်ပြီး မှိန်းခနဲ အိပ်ပျော်သွားသည်။
"Miss? Miss Smith?"
မှိန်းနေသော Nora တစ်ယောက် မျက်လုံးဖွင့်လိုက်သောအခါတွင် သူမသည် Andersons အိမ်တော်သို့ ရောက်ရှိနေပြီဖြစ်သည်ကို သူမတွေ့ရှိခဲ့သည်။ ကားက ခြံဝမှာ ရပ်သွားတော့ သုံးထပ်အိမ်ငယ်လေးသည် အလင်းရောင် တောက်တောက်နဲ့ နေထိုင်သူတွေ နိုးနေသေးတာ သိသာပါသည်။
Noraသည် ကားပေါ်မှ ဆင်းလာစဉ် အချိန်ကို ငုံ့ပြီး ကြည့်လိုက်တော့ မနက် နှစ်နာရီ ထိုးနေပြီ ဖြစ်သည်။
Andersons ၏ ဗီလာကို ရိုးရှင်းသော ဥရောပစတိုင်ဖြင့် အလှဆင်ထားသည်။ သူမ ဝင်လိုက်သည်နှင့် ရိုးရှင်းပြီး လန်းဆန်းသော ရောင်ဝါဖြင့် နှုတ်ဆက်လိုက်ရသည်။
ဆိုဖာပေါ်မှာ လူလေးယောက်ထိုင်နေသည်။ အလယ်မှာ အသက် 80 နီးပါးရှိတဲ့ အဘွားကြီးတစ်ယောက် ထိုင်နေတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့မျက်နှာမှာ အရေးအကြောင်းတွေ ရှိနေခဲ့ပြီး သူမရဲ့မျက်လုံးတွေက သူမရှေ့က ကွက်လပ်ကြီးကြည့်နေသည်။ သူမက မေးတယ် “ ဘာလို့ ကားသံကြားရတာလဲ သူမ ဒီကို ရောက်နေပြီလား"
ဘယ်ဘက်တွင်ထိုင်နေသော Melissa က ညင်သာစွာပြုံးပြီး " ဟုတ်ကဲ့ သူဒီမှာပါ!"
သက်ရွယ်ကြီးသော မစ္စ Andersonသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ သူမ လက်မောင်းကို ဆန့်တန်းကာ “Nora? မင်းက Noraဟုတ်တယ်မလား မင်းက မင်းအမေနဲ့တူလား"
ညာဘက်တွင် အမျိုးသမီးငယ်တစ်ဦး ထိုင်နေသည်။ သူမသည် အသက် 20 ငယ်ငယ်ရွယ်ရွယ်နှင့် Melissa နှင့် အနည်းငယ်ဆင်တူပြီး သူမ၏ မျက်လုံးကြီးများတွင် ကျက်သရေရှိမှုအချို့ရှိသည်။ သူမသည် သက်ကြီးမစ္စအန်ဒါဆင်၏လက်ကိုကိုင်ကာ “အဘွား၊ Noraက သူ့အမေရဲ့ ငယ်ငယ်ကနဲ့ တစ်ပုံစံထဲပဲ။ သူ့ပုံစံက သူနဲ့ အရမ်းတူတယ်။"
Melissa က ရယ်ပြီး "မသိရင်ပဲ နင် အရင်က နင့်အဒေါ်နဲ့တွေ့ဖူးသလိုပဲ လို့ ပြောနေတယ်"
ထိုအချိန်က Andersons ၏အကြီးဆုံးသမီးသည် အိမ်မှထွက်ပြေးသွားသောအခါ Melissa သည် Simon ကိုလက်ထပ်ခြင်းမပြုသေးပေ။ မင်္ဂလာဆောင်ပြီးသည့်တိုင် Nora၏မိခင်ဓာတ်ပုံများကို သူမ၏အစစ်အမှန်ထက် ပိုမိုမြင်တွေ့ခဲ့ရသည်။
Sheril Anderson က သူမရဲ့ လျှာကို တစ်လစ် ထုတ်ပြီး “သမီးက သူမနဲ့ တစ်ခါမှ မဆုံဖူးပေမယ့် သွေးက စကားပြောတယ်လေ။ Noraနဲ့တွေ့တဲ့အချိန် သူမနဲ့ ခင်မင်ရင်းနှီးနေတယ်လို့ ခံစားရတယ်။”
“ဟက်!! ဘာကိုရင်းနှီး” သူတို့ သုံးယောက်ရဲ့ ဘေးမှာ ထိုင်နေတဲ့ လူငယ်က ကောလိပ်ကျောင်းသား တစ်ယောက် ဖြစ်နိုင်တယ်။ သူ၏ ချောမောသော မျက်နှာသည် ရိုင်းရိုင်းစိုင်းစိုင်းနှင့် ပြည့်နှက်နေသည်။
Sheril က သူ့ကို လျစ်လျူရှုပြီး ရှေ့ကို ခပ်သွက်သွက် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် သူမသည် Noraကို မစ္စAndersonထံ ညင်သာစွာဆွဲလာကာ အဘွားကြီး၏လက်ပေါ်ကို တင်လိုက်သည်။
Nora အနည်းငယ် လန့်သွားသည်။
သူမသည် Smiths နှင့်အတူကြီးပြင်းခဲ့သည်။ ငယ်စဉ်ကပင် အဝလွန်ခြင်းကြောင့် အမြဲလှောင်ပြောင်ခံရဖူးသည်။ ဒါ့အပြင် သူမရဲ့ ကျန်းမာရေး ချို့တဲ့မှုကြောင့် အပြင် သိပ်မထွက်ဘဲ အိပ်ခန်းထဲမှာ တစ်ချိန်လုံး နေခဲ့ ရပါသည်။
အစကတော့ သူမရဲ့နေ့စဉ်သုံးနပ်စာအတွက် အောက်ထပ်ကိုဆင်းခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ Wendy က အပေါ်ထပ်မှာသူမရဲ့အစားအစာတွေကို ယူလာပေးတဲ့အတွက် သူမအိပ်ခန်းထဲကထွက်ဖို့တောင် မလိုအပ်တော့ပါဘူး။
ငယ်ငယ်တုန်းကတော့ အထီးကျန်ဆန်တယ်။ သူတို့သုံးယောက်ရဲ့ မိသားစုလေးဟာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကို သူမ မနာလိုဖြစ်ခဲ့ဖူးတယ်။ Henryကို လက်ဆွဲနှုတ်ဆက်ပြီး ညည်းတွားနေတဲ့ Angela ကိုတွေ့တိုင်း သူမမိသားစုဆီက ချစ်ခြင်းမေတ္တာကို မျှော်လင့်မိလိမ့်မယ်။
ဒါပေမယ့် Henryက သူမကို ရွံရှာတဲ့ပုံစံနဲ့ ကြည့်တိုင်း Nora က အဲဒီဆန္ဒကို တဖြည်းဖြည်း ဆုံးရှုံးစေခဲ့သည်။
ထို့ကြောင့်၊ ကွန်ပြူတာဟက်ကာ၊ ဆေးပညာ၊ ကိုယ်ခံပညာစသည်ဖြင့် အခြားနေရာများတွင် အာရုံစိုက်ထားခဲ့သည်။
ထို့ကြောင့် သူမသည် လူအများနှင့် ရင်းနှီးခဲသည်။
သို့သော် သူမ စိတ်ကူးယဉ်ခဲ့သော ရွံရှာမှု ပေါ်မလာပေ။ အဒေါ်ကြီး၏ လက်များသည် သူမ၏ ပျော့ပျောင်းသော အသားအရေကြောင့် အနည်းငယ် ပျော့ပျောင်းနေသော်လည်း သူမ၏ လက်ဖဝါးများက ခြောက်သွေ့သော အပူရှိန်သည် သူဝတ်ထားသည့် အဝေးမှာ ဖုံးကွယ်လိုသည့် စိတ်အတွင်းသို့ စိမ့်ဝင်သွားပုံရသည်။
“Nora…”
အဘွားကြီးသည် အားနည်းလွန်းသဖြင့် လက်များတုန်နေသည်။ "မင်းဒီနှစ်တွေတစ်လျှောက်လုံး ခက်ခဲတဲ့ အရာတွေကို ကြုံခဲ့ရတာပဲ!"
“…”
Nora က ဘာလုပ်ရမှန်း မသိတာကို မြင်တော့ Melissa က “အမေ၊ Nora က အခုပြန်ရောက်နေပြီ။ မနက်နှစ်နာရီထိုးနေပြီ။ သမီးတို့ဘာလို့ အရင်မအိပ်ကြတာလဲ။ မနက်ဖြန်ကျရင် သမီးတို့ စကားပြောလို့ရတယ်လေ။"
“ကောင်းပြီ…” မစ္စစ်Andersonက သူမမျက်ရည်တွေကို သုတ်လိုက်ပြီး “Nora၊ မင်းလည်း ပင်ပန်းရမှာပဲ” လို့ ပြောပြီး" လောလောဆယ် အိပ်ရာဝင်လိုက်ပါ။"
Melissa သည် အဘွားအိုအား သူမ၏ အိပ်ခန်းသို့ ပြန်ခေါ်ရန် Sheril ကို ခိုင်းစေပြီး Nora သည် အပေါ်ထပ်သို့ လိုက်သွားခဲ့သည်။ Melissa က "မင်းအမေရဲ့အခန်းကို ဒီနှစ်တွေလုံးလုံး မပျက်မကွက် ထိန်းသိမ်းထားခဲ့တာ။ အခု မင်းပြန်လာပြီဆိုတော့၊ မင်း သူ့အခန်းကို ယူလို့ရတယ်။ Cherryကတော့ အိပ်ပျော်နေပြီ”
“ကောင်းပါပြီ။”
"စကားမစပ်၊ Nora၊ မစ္စတာ Hunt က သူ့အဖွားကို ခွဲစိတ်ဖို့ ဆေးရုံသွားခိုင်းတယ်လို့ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ သူတို့ စိတ်ပူသွားမှာကို အဒေါ်ကြောက်လို့။”
Nora သည် သူမ၏ သွင်ပြင်ကို မဖော်ပြချင်ပေ။ သူမသည် ဤနေရာတွင် ရက်အနည်းငယ်သာ တိတ်တိတ်ဆိတ်ဆိတ် နေချင်သည်။ မစ္စစ် Hunt နိုးလာသည်နှင့် ကယ်လီဖိုးနီးယားသို့ ပြန်သွားကာ သားဖြစ်သူကို ရှာဖွေမည်။
သူမ ခေါင်းညိတ်ပြလိုက်သည်။
ပင်ပန်းလွန်းသဖြင့် အခန်းကိုပင် ကောင်းကောင်းမကြည့်ဘဲ အိပ်ရာသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
နောက်တစ်နေ့တွင် သူမနိုးလာသည်နှင့် တံခါးအပြင်ဘက်တွင် ထိတ်လန့်တကြားဖြင့် Melissa ကိုတွေ့လိုက်ရသည်။ "Nora၊ ဆေးရုံမှာ တစ်ခုခုမှားနေပြီ!"