Annoying Zhao Gongzi (Myanmar...

By Eri1485EXOL

84.4K 11.5K 214

This is just a translation ... Original work is 讨厌的赵公子 by Your唯 and we translated from the website, novelupda... More

Description
Just Notes
Chapter - 1 (Part 1)
Chapter - 1 (Part 2)
Chapter - 2 (Part 1)
Chapter - 2 (Part 2)
Chapter - 3 (Part 1)
Chapter - 3 (Part 2)
Chapter - 4 (Part 1)
Chapter - 4 (Part 2)
Chapter - 4 (Part 3)
Chapter - 4 (Part 4)
Chapter - 5 (Part 1)
Chapter - 5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 6 (Part 3)
Chapter - 6 (Part 4)
Chapter - 7 (Part 1)
Chapter - 7 (Part 2)
Chapter - 7 (Part 3)
Chapter - 7 (Part 4)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter - 11 (Part 1)
Chapter - 11 (Part 2)
Chapter - 11 (Part 3)
Chapter - 12 (Part 1)
Chapter - 12 (Part 2)
Chapter - 12 (Part 3)
Chapter - 13 (Part 1)
Chapter - 13 (Part 2)
Chapter - 13 (Part 3)
Chapter - 14 (Part 1)
Chapter - 14 (Part 2)
Chapter - 14 (Part 3)
Chapter - 14 (Part 4)
Chapter - 15 (Part 1)
Chapter - 15 (Part 2)
Chapter - 15 (Part 3)
Chapter - 15 (Part 4)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 17 (Part 4)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 24 (Part 1)
Chapter - 24 (Part 2)
Chapter - 25 (Part 1)
Chapter - 25 (Part 2)
Chapter - 26 (Final)

Chapter - 10 (Part 1)

704 119 0
By Eri1485EXOL

Unicode

မြင့်မားသောကယ်လိုရီစားသုံးခြင်း ~

​ကျောင်းကုန်းဇီက သူ အိမ်ပြန်ပြီး​တော့ သခင်ကြီး​ကျောင်းစီနဲ့ စကားစမြည်ပြောချင်တယ်လို့​ပြောတယ်။

ငါက သူ့ရဲ့ စကား​တွေဟာ ငါနဲ့အငြင်းအခုံဖြစ်ရုံ, ဒေါသ​တွေပေါက်ကွဲပြီး​တော့ အရာဝတ္ထုတွေကို ရိုက်ချိုးရုံသက်သက်ပဲဖြစ်ပြီး ငါ့ကို မလှည့်စားဖို့အတွက် သူ့ကို ​ပြောလိုက်တယ်။

ကျောင်းကုန်းဇီက ဖုန်းကို အဲ့နေရာမှာပဲ ရိုက်ခွဲလိုက်တယ်, "ဒီမှာ ဘယ်သူက ဘယ်သူ့ကို လှည့်စားနေတာလဲ?!"

သူက ငါ့ကို အေးစက်စက်ကြည့်ပြီး ​ပြောတယ်, "​အခု လောင်ဇီ မင်းကို မတွေ့ချင်ဘူး, သွားလိုက်​တော့"

ငါ အိမ်ရှေ့တံခါးဆီကနေ ထွက်မသွားနိုင်ဘူး။ ​ကျောင်းကုန်းဇီကသာ သခင်ကြီး​ကျောင်းစီကို သွားရှာခဲ့မယ်ဆိုရင် သခင်ကြီး​ကျောင်းစီက ငါ့ကို အရှင်လတ်လတ် သင်္ဂြိုဟ်မှာဖြစ်တဲ့အတွက် သူ ငါ့ကို ဘယ်​တော့မှ နောက်တစ်ကြိမ် ပြန်တွေ့နိုင်တော့မှာမဟုတ်ဘူး။

ငါ တံခါးကို မြန်မြန် နှစ်ချက်သော့ခတ်လိုက်ပြီး သော့ကို ပြတင်းပေါက်ကနေ ပစ်ချလိုက်တယ်။ နောက်ဆုံးတော့ သူက ဖုန်းကို ရိုက်ခွဲထားပြီးပြီမို့ သော့လာယူဖို့အတွက် ဘယ်သူ့ကိုမှ မခေါ်နိုင်​တော့ဘူး။

​ကျောင်းကုန်းဇီက ငါ့ကို ခဏလောက် ​အေးစက်စွာစိုက်ကြည့်ပြီး​တော့ လှည့်ပြီး ပြတင်းပေါက်ကနေ ခုန်ထွက်သွားတယ်။

ရှေးကလူတွေဟာ သတိလက်လွတ်ဖြစ်ပြီး​တော့ ကျင်း​ကျောင်းကို ဆုံးရှုံးခဲ့ရတယ်။ ငါက​တော့ သတိလက်လွတ်ဖြစ်ပြီး​ အသက်ရှူမဝ​တော့ဘူး။

သူ ငါ့ရှေ့မှာတင် ပြတင်းပေါက်က ခုန်ဆင်းပြီး​တော့ ပထမထပ်ဆီကို အနည်းငယ်လှုပ်ရှားပြီးဆင်းသွားတာကို ​စောင့်ကြည့်ခဲ့ရတယ်။ အဲ့ဒီတုန်းက ငါ ဒုတိယထပ်အစား ခြောက်လွှာကတိုက်ခန်းကို ရွေးခဲ့သင့်တယ်။ အနည်းဆုံးတော့ ဒါက သူ့ကို ပိုပြီးကြောက်သွား​စေ​လိ​မ့်မယ်​လေ။

ငါလည်း ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို သခင်ကြီး​ကျောင်းစီကို သွားတွေ့ဖို့ ခွင့်မပြုနိုင်ဘူး။

သူက ငါ့ကို လှည့်ကြည့်ပြီး ​အော်တယ်, "ပြန်သွား! ​လောင်ဇီက သော့ယူဖို့ ထွက်လာတာ”

ငါက ပြန်​ဖြေလိုက်တယ်, "မင်းပြန်ရင် ငါလည်းပြန်မယ်"

အခု ဒါက ရှက်စရာ​ကောင်းမှန်းကို သူသိတော့ လှည့်ပတ်ကြည့်ကာ သော့ကို ကောက်ကိုင်လိုက်ပြီး ဖျက်ခနဲ ပြန်လာခဲ့တယ်။

"အဲ့ဒီကနေ ဆင်းခဲ့!"

ငါ ပြတင်းပေါက်ကနေ ဆင်းလာပြီး ​ပြောလိုက်တယ်, "မနေ့ညက ငါ မူးနေတာ"

​ကျောင်းကုန်းဇီက ဆိုဖာပေါ်မှာ ထိုင်ပြီး အေးစက်စွာ ရယ်မောရင်း ​ပြောတယ်, "အရက်က နှုတ်ခမ်းကို ​ဖြည်​စေတယ်​​လေ" (အရက်မူးရင် စကားအမှန်​တွေ ထွက်လာတာကို ဆိုလိုတာ)

အဲ့ဒါကြောင့် ငါ သူနဲ့ ကပွဲတွေ သွားရတာကို သ​ဘောမကျတာ။ ငါ အရက်မူးပြီး​တော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ သူ့ကို လုပ်ချင်လာမှာကို ​ကြောက်တယ်။ အဲဒီ့တုန်းက ငါ အသက် 18 နှစ်မှာလည်း အရက်​တွေ အရမ်းသောက်မိခဲ့တယ်။

"တောင်းပန်ပါတယ်, ထပ်မဖြစ်တော့ပါဘူး"

"ငါက ဖေဖေနဲ့ စကားသွားပြောပြီး​တော့ ငါ မင်းကို အရမ်းသ​ဘောကျသလိုပဲ မင်းကို ရ​အောင်ယူမလို့, ​လောင်ဇီက ​လောင်ဇီလိုချင်တာမှန်သမျှ ရနိူင်တယ်, ​မင်းကို ဒီမှာပဲ အမြဲနာကျင်​အောင်လို့ ​လောင်ဇီ ထပ်လုပ်ရမလား? ဒါမှမဟုတ် အဲ့မှာပဲ နာကျင်​အောင် ​လောင်ဇီ ထားရမလား?"

"ငါ အရှင်လတ်လတ် သင်္ဂြိုဟ်ခံရလိမ့်မယ်"

သူက ငါ့ကို အေးစက်စွာကြည့်တယ်, "ငါ့မိသားစုအားလုံးက လူတွေကို သူတို့ရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်နေတယ်လို့ မင်းထင်လား?"

"ငါ သခင်ကြီးကို တကယ် ကျေးဇူး အရမ်းတင်တယ်, အဲ့တာ အမှန်တရားပဲ"

သူက ထပြီး​တော့ တံခါးဆီ ​လျှောက်သွားတယ်။

ငါ သူ့ကို မြန်မြန်​လေး ပြန်ဆွဲထားလိုက်တယ်။ ဒါ​ပေမယ့် ငါ သူ့ကို လှုပ်ရှား​အောင် လုပ်လို့မရဘဲ အဲ့အစား ငါက တံခါးဆီကို ဆွဲ​ခေါ်ခံလိုက်ရတယ်။

ငါတို့​တွေ ပင်မဆောင်ကို ညအိပ်ဝတ်စုံ​တွေနဲ့ ​ရောက်လာခဲ့ကြတယ်။

သခင်ကြီး​ကျောင်းစီက ကျယ်လောင်စွာ ရယ်မောလိုက်တယ်, "မင်းတို့နားတွေ ပြတ်နေတာ သေချာတယ်!"

ငါနဲ့​ကျောင်းကုန်းဇီက သူ ဘာတွေပြောနေမှန်း လုံးလုံးမသိဘူး။ ဆယ့်သုံးမြောက်မဒမ်က သူမရဲ့ ဗိုက်ချပ်ချပ်ကို ကိုင်ကာ မိခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ပြည့်နေတဲ့ အပြုံးကို ပြုံးလိုက်တယ်, "အမေနဲ့ သူ့ရဲ့သားက နှလုံးသားချင်း ဆက်စပ်နေတာ, တစ်ချိန်က ​ရှောင်း​လောင် မြို့ပြင်မှာ နေမကောင်းဖြစ်တုန်းက ငါ အိပ်မက်တစ်ခုမက်ခဲ့တယ်"

အိုး, ဆယ့်သုံးမြောက်မဒမ်မှာ ကိုယ်ဝန်ရှိနေပြီ။

​ကျောင်းကုန်းဇီက ​ပြောတယ်, "ကျွန်တော်လည်း သိပါတယ်"

ငါ့သွေးတွေ အေးစက်သွားခဲ့တယ်။





Zawgyi

ျမင့္မားေသာကယ္လိုရီစားသုံးျခင္း ~

​ေက်ာင္းကုန္းဇီက သူ အိမ္ျပန္ၿပီး​ေတာ့ သခင္ႀကီး​ေက်ာင္းစီနဲ႔ စကားစျမည္ေျပာခ်င္တယ္လို႔​ေျပာတယ္။

ငါက သူ႕ရဲ႕ စကား​ေတြဟာ ငါနဲ႔အျငင္းအခုံျဖစ္႐ုံ, ေဒါသ​ေတြေပါက္ကြဲၿပီး​ေတာ့ အရာဝတၳဳေတြကို ႐ိုက္ခ်ိဳး႐ုံသက္သက္ပဲျဖစ္ၿပီး ငါ့ကို မလွည့္စားဖို႔အတြက္ သူ႕ကို ​ေျပာလိုက္တယ္။

ေက်ာင္းကုန္းဇီက ဖုန္းကို အဲ့ေနရာမွာပဲ ႐ိုက္ခြဲလိုက္တယ္, "ဒီမွာ ဘယ္သူက ဘယ္သူ႕ကို လွည့္စားေနတာလဲ?!"

သူက ငါ့ကို ေအးစက္စက္ၾကည့္ၿပီး ​ေျပာတယ္, "​အခု ေလာင္ဇီ မင္းကို မေတြ႕ခ်င္ဘူး, သြားလိုက္​ေတာ့"

ငါ အိမ္ေ႐ွ႕တံခါးဆီကေန ထြက္မသြားႏိုင္ဘူး။ ​ေက်ာင္းကုန္းဇီကသာ သခင္ႀကီး​ေက်ာင္းစီကို သြား႐ွာခဲ့မယ္ဆိုရင္ သခင္ႀကီး​ေက်ာင္းစီက ငါ့ကို အ႐ွင္လတ္လတ္ သၿဂႋဳဟ္မွာျဖစ္တဲ့အတြက္ သူ ငါ့ကို ဘယ္​ေတာ့မွ ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ႏိုင္ေတာ့မွာမဟုတ္ဘူး။

ငါ တံခါးကို ျမန္ျမန္ ႏွစ္ခ်က္ေသာ့ခတ္လိုက္ၿပီး ေသာ့ကို ျပတင္းေပါက္ကေန ပစ္ခ်လိုက္တယ္။ ေနာက္ဆုံးေတာ့ သူက ဖုန္းကို ႐ိုက္ခြဲထားၿပီးၿပီမို႔ ေသာ့လာယူဖို႔အတြက္ ဘယ္သူ႕ကိုမွ မေခၚႏိုင္​ေတာ့ဘူး။

​ေက်ာင္းကုန္းဇီက ငါ့ကို ခဏေလာက္ ​ေအးစက္စြာစိုက္ၾကည့္ၿပီး​ေတာ့ လွည့္ၿပီး ျပတင္းေပါက္ကေန ခုန္ထြက္သြားတယ္။

ေ႐ွးကလူေတြဟာ သတိလက္လြတ္ျဖစ္ၿပီး​ေတာ့ က်င္း​ေက်ာင္းကို ဆုံး႐ႈံးခဲ့ရတယ္။ ငါက​ေတာ့ သတိလက္လြတ္ျဖစ္ၿပီး​ အသက္႐ွဴမဝ​ေတာ့ဘူး။

သူ ငါ့ေ႐ွ႕မွာတင္ ျပတင္းေပါက္က ခုန္ဆင္းၿပီး​ေတာ့ ပထမထပ္ဆီကို အနည္းငယ္လႈပ္႐ွားၿပီးဆင္းသြားတာကို ​ေစာင့္ၾကည့္ခဲ့ရတယ္။ အဲ့ဒီတုန္းက ငါ ဒုတိယထပ္အစား ေျခာက္လႊာကတိုက္ခန္းကို ေ႐ြးခဲ့သင့္တယ္။ အနည္းဆုံးေတာ့ ဒါက သူ႕ကို ပိုၿပီးေၾကာက္သြား​ေစ​လိ​မ့္မယ္​ေလ။

ငါလည္း ျပတင္းေပါက္ကေန ခုန္ဆင္းလိုက္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ငါ သူ႕ကို သခင္ႀကီး​ေက်ာင္းစီကို သြားေတြ႕ဖို႔ ခြင့္မျပဳႏိုင္ဘူး။

သူက ငါ့ကို လွည့္ၾကည့္ၿပီး ​ေအာ္တယ္, "ျပန္သြား! ​ေလာင္ဇီက ေသာ့ယူဖို႔ ထြက္လာတာ”

ငါက ျပန္​ေျဖလိုက္တယ္, "မင္းျပန္ရင္ ငါလည္းျပန္မယ္"

အခု ဒါက ႐ွက္စရာ​ေကာင္းမွန္းကို သူသိေတာ့ လွည့္ပတ္ၾကည့္ကာ ေသာ့ကို ေကာက္ကိုင္လိုက္ၿပီး ဖ်က္ခနဲ ျပန္လာခဲ့တယ္။

"အဲ့ဒီကေန ဆင္းခဲ့!"

ငါ ျပတင္းေပါက္ကေန ဆင္းလာၿပီး ​ေျပာလိုက္တယ္, "မေန႔ညက ငါ မူးေနတာ"

​ေက်ာင္းကုန္းဇီက ဆိုဖာေပၚမွာ ထိုင္ၿပီး ေအးစက္စြာ ရယ္ေမာရင္း ​ေျပာတယ္, "အရက္က ႏႈတ္ခမ္းကို ​ျဖည္​ေစတယ္​​ေလ" (အရက္မူးရင္ စကားအမွန္​ေတြ ထြက္လာတာကို ဆိုလိုတာ)

အဲ့ဒါေၾကာင့္ ငါ သူနဲ႔ ကပြဲေတြ သြားရတာကို သ​ေဘာမက်တာ။ ငါ အရက္မူးၿပီး​ေတာ့ ကိုယ့္ကိုယ္ကို မထိန္းႏိုင္ဘဲ သူ႕ကို လုပ္ခ်င္လာမွာကို ​ေၾကာက္တယ္။ အဲဒီ့တုန္းက ငါ အသက္ 18 ႏွစ္မွာလည္း အရက္​ေတြ အရမ္းေသာက္မိခဲ့တယ္။

"ေတာင္းပန္ပါတယ္, ထပ္မျဖစ္ေတာ့ပါဘူး"

"ငါက ေဖေဖနဲ႔ စကားသြားေျပာၿပီး​ေတာ့ ငါ မင္းကို အရမ္းသ​ေဘာက်သလိုပဲ မင္းကို ရ​ေအာင္ယူမလို႔, ​ေလာင္ဇီက ​ေလာင္ဇီလိုခ်င္တာမွန္သမွ် ရႏိူင္တယ္, ​မင္းကို ဒီမွာပဲ အၿမဲနာက်င္​ေအာင္လို႔ ​ေလာင္ဇီ ထပ္လုပ္ရမလား? ဒါမွမဟုတ္ အဲ့မွာပဲ နာက်င္​ေအာင္ ​ေလာင္ဇီ ထားရမလား?"

"ငါ အ႐ွင္လတ္လတ္ သၿဂႋဳဟ္ခံရလိမ့္မယ္"

သူက ငါ့ကို ေအးစက္စြာၾကည့္တယ္, "ငါ့မိသားစုအားလုံးက လူေတြကို သူတို႔ရဲ႕ဆႏၵနဲ႔ ဆန္႔က်င္ၿပီး လုပ္ေနတယ္လို႔ မင္းထင္လား?"

"ငါ သခင္ႀကီးကို တကယ္ ေက်းဇူး အရမ္းတင္တယ္, အဲ့တာ အမွန္တရားပဲ"

သူက ထၿပီး​ေတာ့ တံခါးဆီ ​ေလွ်ာက္သြားတယ္။

ငါ သူ႕ကို ျမန္ျမန္​ေလး ျပန္ဆြဲထားလိုက္တယ္။ ဒါ​ေပမယ့္ ငါ သူ႕ကို လႈပ္႐ွား​ေအာင္ လုပ္လို႔မရဘဲ အဲ့အစား ငါက တံခါးဆီကို ဆြဲ​ေခၚခံလိုက္ရတယ္။

ငါတို႔​ေတြ ပင္မေဆာင္ကို ညအိပ္ဝတ္စုံ​ေတြနဲ႔ ​ေရာက္လာခဲ့ၾကတယ္။

သခင္ႀကီး​ေက်ာင္းစီက က်ယ္ေလာင္စြာ ရယ္ေမာလိုက္တယ္, "မင္းတို႔နားေတြ ျပတ္ေနတာ ေသခ်ာတယ္!"

ငါနဲ႔​ေက်ာင္းကုန္းဇီက သူ ဘာေတြေျပာေနမွန္း လုံးလုံးမသိဘူး။ ဆယ့္သုံးေျမာက္မဒမ္က သူမရဲ႕ ဗိုက္ခ်ပ္ခ်ပ္ကို ကိုင္ကာ မိခင္ရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ျပည့္ေနတဲ့ အျပဳံးကို ျပဳံးလိုက္တယ္, "အေမနဲ႔ သူ႕ရဲ႕သားက ႏွလုံးသားခ်င္း ဆက္စပ္ေနတာ, တစ္ခ်ိန္က ​ေ႐ွာင္း​ေလာင္ ၿမိဳ႕ျပင္မွာ ေနမေကာင္းျဖစ္တုန္းက ငါ အိပ္မက္တစ္ခုမက္ခဲ့တယ္"

အိုး, ဆယ့္သုံးေျမာက္မဒမ္မွာ ကိုယ္ဝန္႐ွိေနၿပီ။

​ေက်ာင္းကုန္းဇီက ​ေျပာတယ္, "ကြၽန္ေတာ္လည္း သိပါတယ္"

ငါ့ေသြးေတြ ေအးစက္သြားခဲ့တယ္။




Continue Reading

You'll Also Like

644K 100K 171
Zawgyi လီေက်ာင္းသည္ ဆင္းရဲႏြမ္းပါးေသာ အသက္၂၀အရြယ္ သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး ေနာက္ထပ္တစ္နပ္စာ မည္သည့္ေနရာမွရမလဲ ဟု ေတြးေတာေနရသူျဖစ္သည္။ တစ္ေယာက္တည္း ေမ...
363K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
11.9K 1.4K 23
လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ❄️ native title...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...