HANARY(S1+S2)

By greyvictor25

6.6M 432K 73.4K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories πŸ’Œ
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ep-33(Uni/Zg)

63.4K 4.5K 290
By greyvictor25

🎶I want you to know
I love you the most
I'll always be there right by your side
'Cause baby, you're always in my mind
Just give me your forever (give me your forever)🎶

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခါမှ ၀င်ရောက်လာတဲ့ဖုန်းသံကြောင့် ရင်ခွင်ထဲမှာဖက်ထားတဲ့ ကလေးကို ခဏလွှတ်လိုက်ပီး အမြန်ဖုန်းယူကာထပြေးရပြန်တယ် မဟုတ်ရင် ဖုန်းသံကြောင့် အချစ်က နိုးသွားနိုင်တယ်မှတ်လား ...

" Hello "

" ငါ "

" ဘယ်က ငါလဲ "

" ငါ...မာန်ဟိန်းကိုကို "

" အထူးအဆန်းပါလား ဒီအချိန်ကြီးခင်ဗျားက ဘာကိစ္စလဲ "

" ဆက်ချင်လို့ဆက်တာမဟုတ်ဘူး မင်းကိုသတင်းလှမ်းပေးတာ "

" သတင်း? ဘာသတင်းလဲ "

" အရင်တခါ မင်းပြဖူးတဲ့ ဓာတ်ပုံထဲကလူက ငါ့ clubကိုဒီနေ့လာသွားတယ် "

" ဟမ်....အခုကောသူရှိသေးလား "

" မရှိတော့ဘူး ပြန်သွားပီ "

" ခင်ဗျားကို သူ့ကိုတွေ့တာနဲ့ဖုန်းဆက်ဖို့ပြောထားတယ်လေ ဘာလို့သူပြန်မှ ဆက်ရတာလဲ "

" ငါက မင်းလိုအားယားနေတာမဟုတ်ဘူး ဟန်နရီ...ငါ့မှာလဲအလုပ်တွေအများကြီး အခုလိုဖုန်းဆက်ပေးတာပဲ ကျေးဇူးတင် "

" sry... ကျုပ်နဲနဲစိတ်လောသွားလို့....ဒီနေ့ကော အဲ့လူခင်ဗျားဆီလာလောက်လား '

" သူပြန်လာအုံးမယ်လို့တော့ထင်တာပဲ "

" ကျုပ်ဒီညခင်ဗျားဆိုင်ကို လာခဲ့မယ် ကျုပ်ကိုစောင့်နေ "

" ငါက ဘာကိစ္စမင်းကိုစောင့်ရမှာလဲ "

" စောင့်စေချင်လို့ စောင့်ခိုင်းတာမဟုတ်ဘူး ကျုပ်ခင်ဗျားနဲ့မတွေ့မှာစိုးလို့ "

" မင်းလာမှာ ငါ့ဆိုင်လေ...ငါမရှိပဲနေမလား "

" ပီးတာပဲ ခင်ဗျားကရှာရခက်လွန်းလို့ ပြောရတာ "

" ပြောစရာမရှိရင် ဖုန်းချတော့မယ် "

" ကျုပ်ကလဲ ပြောချင်လွန်းတယ်ထင်မနေနဲ့ ဒါပဲ "

" ငါကလဲ မပြောချင်ပါဘူး "

***

ပြတင်းပေါက်နားက မနက်ခင်းကျေးငှက်လေးတွေရဲ့ တေးသီဆိုမှုကြောင့် အအိပ်စက်တဲ့ကျတော်က ချက်ချင်းပဲနိုးလာခဲ့ပါတယ်...
6နာရီဆိုအမြဲအိပ်ယာထတတ်တဲ့ကျတော်က ဒီနေ့တော့ 8နာရီမှနိုးလာတာကြောင့် ကျတော့်အတွက်တော့အထူးအဆန်းပါပဲ မနက်အိပ်ယာနိုးတိုင်း ခိုးကြည့်ရတဲ့အိပ်ပုတ်လေးကတော့ ကျတော့်နားမှာရှိမနေတာကြောင့် အခန်းတလျှောက်ပတ်ရှာမိပြန်တယ်...
ညက ကျတော်ဖျားချင်သလိုဖြစ်နေလို့ Airconပိတ်အိပ်လိုက်တာဆိုတော့ အပူဒဏ်မခံနိုင်တဲ့ ကျတော့်လူကြီးက အစောကြီးနိုးသွားတာများလား...

အခန်းထဲမှာမတွေ့တာကြောင့် ၀ရံတာဘက်ကိုရှာဖွေရေးလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်...ထင်တဲ့အတိုင်း အင်္ကျီချွတ်နဲ့ ၀ရံတာမှာငိုင်နေတာကြောင့် မလှမ်းမကမ်းကနေ ခါးထောက်ကာ သက်ပြင်းချရပြန်တယ်.....မနက်စောစောစီးစီး ဘာတွေကောက်နေလဲတော့မပြောတတ်....ဒီလူရဲ့စိတ်က 24နာရီမှာ အမျိုးမျိုးပြောင်းနေတတ်တာလေ

အနောက်ကနေတိတ်တိတ်လေးလျှောက်လာပီး ကျောပြင်ကျယ်ကြီးကို မ၀ံ့မရဲလေးလှမ်းဖက်လိုက်တော့ ကျတော့်ရဲ့တုန်ယင်နေတဲ့လက်ပေါ်ကို နွေးထွေးတဲ့လက်ဖ၀ါးလေးက  ကျရောက်လာပါတယ်

" နိုးလာပီလား အချစ် "

"အင်း ..ခင်ဗျားက အင်္ကျီမ၀တ်ပဲ ဒီမှာအလှပြနေတာလား "

" ဘာလဲ...ကိုယ့်ကိုသ၀န်တိုလို့လား "

" မတိုပါဘူး "

" ဘယ်တိုမလဲ အချစ်က ကိုယ့်ကိုမှမချစ်တာ "

တကယ်ကို ကောက်စိန်ပီသပါပေတယ်...မနေ့က ကျတော်လုပ်သလို ကျတော့်ကိုပြန်လုပ်နေတာတဲ့လေ...အခုတော့ ကျတော်ချော့အလှည့်ပဲဆိုပါတော့

" ဒါကဘာတုန်း ကျတော့်ကိုစိတ်ကောက်နေတာလား "

" ဟုတ်တယ် "

" ဘာဖြစ်ပီး ကောက်ရပြန်တာလဲ "

" အချစ်က ကိုယ့်ကိုမှ သ၀န်မတိုတာ..."

" သ၀န်မတိုတာနဲ့ပဲ မချစ်ဘူးဖြစ်ရောလား "

" ဟုတ်ရင်လဲ ဟုတ်မှာပေါ့ "

စောစောစီးစီး ကျတော့်ကိုလာရစ်နေတာကြောင့် တဖက်ကိုလှည့်နေတဲ့ကောက်စိန်ရဲ့ ပါးကို ခြေဖျားထောက်ကာ လှမ်းနမ်းပီးချော့ရပြန်ပါတယ်...ဒီခန္ဓာကိုယ်ကြီးက သူများရှေ့သာကြောက်ဖို့ကောင်းပေမဲ့ ကျတော့်ကိုတော့ အမြဲချွဲနေတဲ့လူလေ...ပြွတ်ကနဲ အသံမြည်အောင် နမ်းလိုက်မှ တည်နေတဲ့ရုပ်ကြီးက တဖြည်းဖြည်းနဲ့ အပြုံးစလေးတွေပေါ်ပေါက်လာတော့တယ်

" တဖက်ထဲနမ်းတာလား နောက်တဖက်ကျန်သေးတယ်လေ "

" တော်ပီပေါ့ တဖက်ပဲနမ်းမယ် "

" အင်းလေ အချစ်က ကိုယ့်ကိုမှမချစ်တာ "

" လုပ်ပြန်ပီ....အဲ့တာဆိုလဲ ဟိုဖက်ကိုလှည့် "

" ပြွတ် "

" ရပီလား ကျတော့်ကိုထပ်မရစ်နဲ့တော့ "

" ကိုယ်က အနမ်းခံချင်လို့တမင်စလိုက်တာပါကွာ...အချစ်ကို မရစ်ရပါဘူး "

" တော်တော်အပြောကောင်း "

" အပြောကောင်းလို့ ထပ်နမ်းချင်တယ်ဆိုလဲရပါတယ် "

" တော်ပါတော့ "

" ရေသွားချိုးတော့လေ ကိုယ်ကျောင်းလိုက်ပို့ပေးမယ် "

" အင်း "

" အချစ်ကို ကိုယ်ပြောစရာရှိသေးတယ် "

" ပြောလေ "

" ကျောင်းအပြန်ကျရင် ကိုယ်လာကြိုနိုင်မယ်မထင်ဘူး အလုပ်ကိစ္စလေးရှိလို့ ဖိုးစိန်ကိုလာကြိုခိုင်းလိုက်မယ် "

" အင်း ရတယ်လေ "

" ကိုယ် ညလဲ ပြန်လာနိုင်မယ်မထင်ဘူး "

" ဟင် ဘာလို့လဲ "

" ကိုယ်အလုပ်ကိစ္စလေးရှိလို့ "

" ခင်ဗျားအလုပ်က အိမ်ပြန်မလာနိုင်တဲ့အထိတောင် များနေတာလား "

" ကိုယ် မနက်မိုးမလင်းခင် အိမ်ရောက်အောင်ပြန်လာမှာပါ အချစ်ကို ကိုယ်ကကော ပစ်ထားချင်ပါ့မလား ကိစ္စလေးရှင်းပီးတာနဲ့ ပြန်လာခဲ့မယ် "

" ဘာကိစ္စလဲ "

" ရှုး...အချစ်က စကားသိပ်များလွန်းတယ် ရေအမြန်သွားချိုးတော့ ကိုယ်ပြန်မလာမချင်း ဘယ်သူတံခါးလာခေါက်ခေါက်ဖွင့်မပေးနဲ့နော် ညစာကိုလဲ အောက်ဆင်းမစားနဲ့ အခန်းရှေ့ထိ ညစာပို့ပေးဖို့ မိလှိုင်ကိုမှာထားတယ် "

" ကျတော်လဲ ခင်ဗျားနောက်လိုက်ချင်တယ် "

" ကိုယ့်ကို နောက်ဆံတင်းအောင်မလုပ်ပါနဲ့အချစ်ရယ်...မိုးမလင်းခင် အရောက်ပြန်လာမှာပါ "

" ခင်ဗျား အရင်တခါကလို အန္တရယ်ရှိတာမျိုးတွေမလုပ်ဖူးမှတ်လားဟင် ဒီတခါခင်ဗျားဒဏ်ရာတွေရလာရင် ကျတော်ငိုမိမှာ "

" အချစ်ကိုငိုအောင် ကိုယ်မလုပ်ပါဘူး...အရင်တခေါက်ကလိုလဲ ချောင်းရိုက်ခံရစရာ အကြောင်းမရှိတော့ပါဘူး "

" ပီးရော မိုးမလင်းခင်အရောက်ပြန်လာရမယ်နော် "

" ဟုတ်ကဲ့ပါဗျာ..."

" ဒါနဲ့ ဟိုအစ်မကိုလဲမတွေ့မိပါလား "

" ဘယ်အမလဲ "

" အစ်မလီလီ "

" မာမီနဲ့အပြင်ထွက်သွားတယ် "

" အင်း "

" ကိုယ်ကလွဲပီး တခြားသူအကြောင်းမတွေးပါနဲ့ဆိုတာကို ဘာလို့သူ့အကြောင်းစိတ်၀င်စားနေရတာလဲ "

" အဲ့လိုလဲမဟုတ်ပါဘူး ကျတော်ကဒီအတိုင်း သိချင်လို့ပါ "

" စပ်စုစိန်လေးမလုပ်ပဲ ရေအမြန်သွားချိုးတော့....မဟုတ်ရင် ကျောင်းနောက်ကျတော့မယ် "

အခန်းထဲပြေး၀င်သွားတဲ့ ကလေးငယ်ကိုကြည့်ပီး လွန်ခဲ့တဲ့13နှစ်က ကျတော့်နှလုံးသားကို နိုးထလာစေတဲ့ သွားကျိုးလေး လွန်းတာနေဆန်းကို ပြန်မြင်ယောင်လာပြန်တယ်...အတိတ်က ပုံရိပ်တွေကမလှပခဲ့ပေမဲ့ အမြဲအထီးကျန်နေခဲ့တဲ့ ဒီကကောင်ကို သူနဲ့ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကိုတော့ ကျေးဇူးတင်မိနေမှာပါ ..

*****

" ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လား အခုပဲ10:30နေပီ ဟိုလူကရောက်မလာသေးဘူး "

" မနေ့ကတော့ ဒီလိုအချိန်ရောက်တာပဲ မင်းမစောင့်ချင်ရင် ပြန်ပေါ့ "

" မပြန်ပါဘူး အဲ့လူနဲ့မတွေ့မချင်း ခင်ဗျားဆိုင်ကနေ တဖ၀ါးမှမခွာဘူး "

" အဲ့လူက မင်းနဲ့ဘယ်လိုပတ်သတ်တာလဲ "

" စကားများလှချည်လား "

" ငါ့ဆိုင်လဲ လာသေးတယ် မင်းကငါ့ကို ရန်လာတွေ့နေတာလား "

စကားအချေအတင်ဖြစ်နေသူနှယောက်ကြား ဗျာများနေသူက Samပင်....နှယောက်ကြား ဖြန်ဖြေဖို့ လက်ထဲက ဘီယာခွက်နှခွက်ကိုပဲ အားကိုးရတော့မည့်ပုံ

" ကယ်...အမောပြေ ဘီယာအေးအေးလေးသောက်လိုက်ကြပါဗျာ "

ဟန်နရီက Samလက်ထဲက ဘီယာခွက်ကိုလှမ်းယူလိုက်တော့ မာန်ဟိန်းကပါ အားကျမခံလှမ်းယူသည်...

" အကိုကတော့ ဘီယာမသောက်ပဲ အအေးပဲသောက်ပါ ဒါကိုကျတော်ပဲသောက်လိုက်မယ် "

" ပေးစမ်းပါ ငါအဲ့တာပဲသောက်ချင်တာ "

" အကိုမူးသွားရင် ကျတော်မထိန်းနိုင်ဘူးနော် "

" မင်းကို ဘယ်သူကထိန်းခိုင်းနေလို့လဲ မလိုဘူး "

" အကိုမလိုအပ်ပေမဲ့ ကျတော်လိုအပ်တယ် "

" အဟမ်း!!!"

ဘေးနားကနေ အလိုက်မသိပဲချောင်းဟန့်လိုက်တဲ့ ဟန်နရီကြောင့် မာန်ဟိန်းက Samကိုမျက်စောင်းထိုးကြည့်လိုက်သည်...
Samကတော့ မျက်လုံးတဖက်ပြန်မှိတ်ပြကာ ပြောင်စပ်စပ်ပင်...

" Boss.... ဟိုမှာ ရှိန်းခန့်ပိုင် "

Clubထဲ ဆေးလိပ်ဖွာပီး၀င်ရောက်လာတဲ့ ရှိန်းခန့်ပိုင်ကို လူကွယ်တဲ့တနေရာကနေ ဟန်နရီတို့က စောင့်ကြည့်လိုက်ကြသည်

" အဟက်....တွေ့ကြပီပေါ့ "

" ကျတော်တို့ အခုပဲ၀င်လုံးသင့်လား Boss "

" နေအုံး အဲ့ကောင်အခြေအနေဆက်စောင့်ကြည့်အုံးမယ် "

" မင်းတို့ ကိစ္စပီးပီဆိုရင် ငါသွားလို့ရပီလား "

' ခင်ဗျားက ဘယ်သွားအုံးမလို့လဲ "

" clubထဲမှာ နားညီးလာလို့ အပြင်မှာဆေးလိပ်သွားသောက်မလို့ "

" မြန်မြန်သွားပီး မြန်မြန်ပြန်လာ "

" ဘာကိစ္စငါက မြန်မြန်ပြန်လာရမှာလဲ "

" ခင်ဗျားကို ကျုပ်ပြောစရာတွေကျန်သေးတယ် အဲ့တာကြောင့်မြန်မြန်ပြန်လာ "

ကပိုကရိုလေးစည်းထားတဲ့ ဆံပင်တွေကို ထိုးဖွလိုက်ပီး စိတ်ရှုပ်စွာနဲ့ မာန်ဟိန်းက ဟန်နရီတို့ စား၀ိုင်းမှထထွက်သွားလိုက်သည်
မာန်ဟိန်းထွက်လာတာနဲ့ clubထဲက လူတချို့ရဲ့ အကြည့်က မာန်ဟိန်းဆီသို့သာ ရောက်နေကြသည်....အလှမ်း၀ေးတဲ့စားပွဲမှာ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်နေတဲ့ ရှိန်းခန့်ပိုင်ကလဲ ခြေထောက်ကို စားပွဲပေါ်ယှက်တင်ကာ မီးရောင်အောက်မှာ ပေါ်လွင်နေတဲ့ မာန်ဟိန်းကိုလှမ်းကြည့်လိုက်သည်

" Sam.... တခုခုတော့လွဲနေပီနော် အခုချက်ချင်း မာန်ဟိန်းကိုကို(ကို) သွားပြန်ခေါ်လာခဲ့ "

" ဟုတ်ကဲ့ Boss"

Samနေရာကနေထပီး မာန်ဟိန်းကို သွားခေါ်ဖို့လုပ်စဥ်မှာတင်Maskတပ်ထားတဲ့လူတယောက်က မာန်ဟိန်းကို အနောက်ကနေ သိုင်းဖက်ကာ ခေါင်းကို သေနတ်နဲ့ချိန်ထားလိုက်သည်....လူအုပ်ထဲမှာ ရှိနေတဲ့လူတချို့ကလဲ သေနတ်ကိုယ်စီထုတ်ကာ မိုးပေါ်ထောင်ပစ်လိုက်တာကြောင့် အော်ဟစ်သံများဖြင့်ဆူညံသွားသည်
ဟန်နရီတို့ ရှိရာကိုလဲ လူတချို့ရောက်လာကာ သေနတ်ဖြင့်ချိန်ထားလိုက်သည်

သီချင်းသံတွေနဲ့ ဆူညံနေတဲ့ clubက ရုတ်တရက် တိတ်ဆိတ်ကာကြောက်စရာအနေအထားဖြစ်သွားတာကြောင့် မာန်ဟိန်းအတွက် ထိတ်လန့်နေမှာအမှန်....

" ဘယ်လိုလဲ ငါ့လှည့်ကွက်ထဲ၀င်သွားတာ ပျော်ရဲ့လား ဟန်နရီ "

" အဟက်....ခင်ဗျားကိုခင်ဗျားဟုတ်လှပီထင်နေတဲ့ပုံပဲ ကျုပ်လိုလူတယောက်အတွက်နဲ့ ဒီလောက်လူအင်အားသုံးစရာမလိုပါဘူး"

" မင်းကို ငါဒီမှာတင်ပဲ သတ်လိုက်လိို့ရတယ်နော် ဟန်နရီ "

" $စကားရှည်နေမဲ့အစား ခင်ဗျားလက်ထဲက သေနတ်နဲ့ကျုပ်ခေါင်းတည့်တည့်ကို ပစ်လိုက်တာပိုကောင်းမယ်ထင်တယ် "

" သတ္တိသိပ်ကောင်းနေတယ်ပေါ့ "

" ခင်ဗျားထက်တော့ သတ္တိကောင်းတာအမှန်ပဲ "

" ငါ့အဖေရဲ့ မြေပုံဘယ်မှာလဲ "

" လက်စသတ်တော့ မြေပုံအကြောင်းခင်ဗျားသိလာလို့ အခုလိုကျုပ်ကို အကွက်ဆင်လိုက်တာပေါ့ ဟုတ်လား....လုပ်စမ်းပါအုံး အရင်ကတော့ ကျုပ်ကိုတွေ့တာနဲ့ သတ်မယ်ဆို? အခုခင်ဗျားရှေ့မှာ ကျုပ်ရောက်နေပီလေ သတ်လိုက်ပါတော့လား "

" တောက်!!!! မင်းကိုမသတ်ခင် မင်းဘေးနားက နှယောက်ကနေ အစပြုလိုက်မယ်ဆိုရင်ကော မကောင်းဘူးလား "

*****
11.1.21
Grey

***

🎶I want you to know
I love you the most
I'll always be there right by your side
'Cause baby, you're always in my mind
Just give me your forever (give me your forever)🎶


" Hello "

" ငါ "

" ဘယ်က ငါလဲ "

" ငါ...မာန်ဟိန်းကိုကို "



" သတင်း? ဘာသတင်းလဲ "















" ငါကလဲ မပြောချင်ပါဘူး "

***




" နိုးလာပီလား အချစ် "



" မတိုပါဘူး "




" ဟုတ်တယ် "










" ပြွတ် "



" တော်တော်အပြောကောင်း "


" တော်ပါတော့ "


" အင်း "


" ပြောလေ "


" အင်း ရတယ်လေ "


" ဟင် ဘာလို့လဲ "




" ဘာကိစ္စလဲ "







" ဟုတ်ကဲ့ပါဗျာ..."


" ဘယ်အမလဲ "

" အစ်မလီလီ "


" အင်း "





*****





" စကားများလှချည်လား "










" အဟမ်း!!!"




" အဟက်....တွေ့ကြပီပေါ့ "











" ဟုတ်ကဲ့ Boss"





" မင်းကို ငါဒီမှာတင်ပဲ သတ်လိုက်လို့ရတယ်နော် ဟန်နရီ "







*****
11.1.21
Grey

***

Continue Reading

You'll Also Like

916K 48.5K 43
α€‘α€™α€­α€”α€Ήα‚”α€…α€Šα€Ήα€Έ+α€žα€α€Όα€•α€Ήα‚α€­α€―α€Έ ( α‚α€½α€„α€Ήα€™α‚ˆα€”α€Ήα€Έα€”α€Άα‚”α€žα€¬) α€‘α€™α€­α€”α€·α€Ία€…α€Šα€Ία€Έ+α€žα€α€½α€•α€Ία€›α€­α€―α€Έ ( α€›α€Ύα€„α€Ία€™α€Ύα€―α€”α€Ία€Έα€”α€Άα€·α€žα€¬) ခွင့်ပြုချက်မရပဲ α€„α€«α€·α€‘α€”α€¬α€Έα€€α€‘α€Όα€€α€Ήα€α€Όα€¬α€α€Όα€„α€Ήα€·α€™α€»α€•α€³α€”α€­α€„α€Ήα€˜α€°α€Έ α€‘α€žα€€α€Ήα€”α€²α‚”α€α‚αΆα€¬α€α€Šα€Ήα€»α€™α€²α€±α€”α€ž...
1M 43.7K 56
α€„α€«α€œα€¬α€Έ.... စိတ်ချ...... α€”α€­α€—α€Ήα€—α€¬α€”α€Ία€›α€±α€¬α€€α€Ία€›α€„α€Ία€œα€Šα€Ία€Έ မင်းကိုပဲ ချစ်နေထုဢးမှာ.......... α€žα€―α€”α€±α€α€„α€Ία€‘α€½α€‹α€Ί α€€α€™α€Ήα€˜α€¬α€•α€»α€€α€Ία€žα€œα€­α€― α€œα€±α€•α€Όα€„α€Ία€Έα€™α€­α€―α€Έα€žα€Άα€α€½α€±α€‘...
110K 8.9K 70
-Welcome To Mysterious University ............ Mysterious University is a place where full of mysterious and something unexplained or inexplicable un...