Domestic violence

By HintharMay

27.7K 352 53

အချစ် ရေးမပါပါဘူး အိမ်တွင်းအကြမ်းဖက်မှုတွေပဲရေးမှာပါ အချစ်ရေးမပါပေမယ့် အများကြီး ကြိုးစားပြီးရေးမှာမို့လို့ ဖ... More

အပိုင်း၁ စျေးသွားခြင်း
အပိုင်း၂ အဝတ်လှန်းခြင်း
အပိုင်း၃ ဓမ္မတာလာခြင်း
အပိုင်း၄ အိပ်မက်ဆိုး
အပိုင်း၅ gymသွားခြင်း
အပိုင်း၆ ဆွေမျိုးသားချင်း
အခန်း၇ ဝင်ငွေရှာခြင်း
အခန်း၈ ငယ်ဘဝ
အခန်း၉ သူငယ်ချင်း
အခန်း၁၀ ငကြောက်
အခန်း၁၁ အသက်မပြည့်ခြင်း
အပိုင်း ၁၃
အပိုင်း၁၄
အပိုင်း ၁၅

အခန်း ၁၂ ထိုကောင်မနဲ့အိမ်ထောင်ရေး

1.8K 19 3
By HintharMay

အိမ်ပြန်ဖို့ bus စောင့်နေသည် ဒီမှတ်တိုင်က ရန်ရန်နဲ့ ဝက်သားတုတ်ထိုးသွားစားတုန်းက စတက်ခဲ့ရတဲ့မှတ်တိုင်........

ကျွန်တော် အဖေ့ကို အသက်ပြည့်ရင် မိန်းမ ယူပါမယ် ဒါပေမယ့် အဖေမပေးစားပါနဲ့ ကျွန်တော်က စောက်ခြောက်ဆိုတာ အဖေပေးစားတဲ့ကောင်မသိသွားရင် အဖေလည်းအရှက်ကွဲရပါမယ် ကျွန်တော် အဖေဖြစ်စေချင်တဲ့အတိုင်း မိန်းမ ယူလိုက်ပါမယ် အဖေစောင့်ပေးပါလို့ ပြောထားခဲ့တာ ၄ နှစ်လောက် တောင်ကြာပြီထင်ရဲ့ ဒါပေမယ့် အဖေက ကျွန်တော်ခြောက်နေသေးတာ သိတယ် ညနေတိုင်း ကျွန်တော် ယူမယ့်ကောင်မ အကြောင်းမေးလေ့ရှိတယ် မိန်းမ ယူပြီးရင် သူနဲ့နေစရာ မလိုဘူးတဲ့ ဒီအချက်တော့ သဘောကျတယ်

အခု ၂၁ နှစ်ပြည့်ပြီလေ တကယ်တော့ အပေါ်က စကားက အဖေကို ကြောက်လို့ လျှောက်ပြောထားရုံပဲရှိတယ် ကျွန်တော် မိန်းမ မယူချင်ဘူး အခု ကျွန်တော် ရန်ရန် နဲ့ပဲ နေချင်တာ ဒါပေမယ့် ရန်ရန် က နိုင်ငံ ခြားသွားလိုက်ရတယ် သူ့မိဘက တတ်နိုင်တော့ ကောင်းကောင်း မွန်မွန် ပညာသင်ရအောင် ဆိုပြီး လွှတ်လိုက်တာ မတွေ့ရတာ ၃နှစ်လောက် တောင်ရှိပြီ ph ဆက်ဖို့ကလည်း ရန်ရန် ဘာမှ မမှာသွား တစ်ခါတလေတော့ သူ့အမေခေါ်ပြီး ရန်ရန်ထည့်ပေးလိုက်တာတွေကျွန်တော့ကိုပေးတယ်

ရေမွှေးသေးသေးလေးတစ်ပုလင်း ဘောပင်လေးတစ်ချောင်း မီးခြစ်လေး ဇွန်းခက်ရင်း တစ်စုံ သူစိတ်ကူးပေါက်ရာတွေထည့်ပေးထားတာ ကျွန်တော် အံစွဲထဲမှာ အကုန်ထည့်သိမ်းထားတယ်

၁၇ကနေ ၁၈နှစ် တစ်နှစ်လုံး အဖေဆီမှာ အဆော်ခံခဲ့ရတာ အဖေက ရန်ရန်နဲ့တွဲလို့ဆော် အဖေဆော်ကြောင်းရန်ရန်အိမ်မှာသွားရင်ဖွင့် သူ့အိမ်က အပြန်ထပ်ဆဲခံရနဲ့ သားအဖ ၂ယောက် သံသရာလည်နေတာ အမေက ဘာမှ ကိုဝင်မပြောတာ ကျွန်တော့်ကို ဘယ်လောက်ရိုက်ရိုက် ထိုင်နေတာပဲ ကျွန်တော် ၁၈ပြည့်တော့ အမေလည်း အိမ်ပေါ်က ဆင်းသွားသည်

'' အစ်ကို ''
အော် ဒီကောင်မ လာပြီ
''အင်း''
'' အိမ်တန်းပြန်မှာလား အစ်ကို''
အသံက ချွဲနွဲ့နွဲ့ ဒီလို အသံတွေသိပ်မုန်းတာ တအား မိန်းမ ဆန်တာတွေ အဲ့ဒါကြောင့် ဒီကောင်မ ကို ကြည့်မရတာ သူကတော့ လိုက်စကားတွေပြောနေတာပဲ
'' ဟုတ်တယ် ''
'' သမီး ရောပဲ အိမ်တန်းပြန်မှာအစ်ကို ''
သူနဲ့ က တစ်ရပ်ကွက်ထဲ ဒီကားဂိတ်ကနေ တူတူအိမ်ပြန်နေကြ သူက ၁၈လောက် ပဲ ရှိဦးမည်
'' အင်း ဟိုမှာ bus ကားလာပြီ ''

bus ရပ်တော့ ကျွန်တော် ပဲ အရင်တက်လိုက်တယ် သူက လိုက်တက်လာသည် ခုံအလွတ်တွေ့လို့ အရင်ဝင်ထိုင်လိုက်တယ် လူတွေက သူတို့ အပေါ်သဘောမကောင်းပေးရင် ကိုယ့်ကိုလည်း စွန့်ခွာသွားရောမလား

bus ပေါ် မှာ စကား မပြောဖြစ်ကြ ကျွန်တော် မပြောတာက ထုံးစံ ပဲလေ

မှတ်တိုင်ကဆင်း လမ်းထဲဝင်တော့ ထိုကောင်မ ဟာ ခလုတ်တိုက်သွားခဲ့တယ် လှည့်ကြည့်တော့ မြေပေါ်မှာ ထိုင်ရက်သား တူတူပြန်နေတာဆိုတော့ထားခဲ့လို့လည်းမကောင်းတာကြောင့် သူ့နားသွားလိုက်သည်

'' အဆင်ပြေလား ထကြည့်''

သူမ ကုန်းရုံးထသည် ပြီးတော့ ပြန်လဲကျသွားသည်

'' ခြေချင်းဝတ် နာတယ်''
ကျစ် ငါကဘာလုပ်ပေးရမှာလဲ

'' လာ ကူတွဲပေးမယ် မင်းအိမ်လည်းရောက်တော့မှာပဲ ''

ကျွန်တော် ကမ်း​တဲ့လက်ကိုလှမ်းဆွဲသည် ထို့နောက် ကျွန်တော့်လက်မောင်းမှာချိတ်မှီပြီး လိုက်လာသည် သူ့အိမ်ရှေ့ ခြံတံခါးထိလိုက်ပို့ပေးလိုက်သည်
ထိုကောင်မအဖေက ခြံထဲ ကနေ ခပ်စူးစူးကြည့်သည်

................................

ထိုကောင်မ ကို ၁ ပတ်လောက် မတွေ့ ရပ်ကွက် ထဲမှာလည်း မတွေ့ တစ်ပတ်လောက် နေတော့ ပြန်ပေါ်လာသည် မျက်နှာက အတော်ချောင်ကျသွားသည် မျက်လုံး တွေမို့အစ်ပြီး မတွေ့တာလည်းကြာပြီမလို့ ကျွန်တော် အရင် စကားစလိုက်သည်

'' အဆင်ပြေရဲ့လား မတွေ့​ဖြစ်ဘူးဒီရက်ပိုင်း''

ထိုကောင်မက အားကိုးတကြီးမော့​ကြည့်သည်

'' အစ်ကို''

'' အင်း ​ပြော''

'' ကျွန်မ ကိုယ်ဝန် ရနေပြီတဲ့ ''

'' ဘာ'' '' ဘယ်သူနဲ့ လဲ'' ''နေပါဦး ကိုယ်ဝန် ရနေပြီတဲ့ လို့ပြောရအောင် မင်းကို ဘယ်သူအဲ့လိုပြောတာလဲ ''

'' ဖေဖေပြောတာ အစ်ကိုနဲ့လက်တွဲမိလို့တဲ့''

ပြောရင်းဆိုရင်း ထငိုသည် ကျွန်တော် ဒီလို မဟုတ် မှန်းတော့ သိသည် ရန်ရန်ဖတ်ပြထားတဲ့စာအုပ်ထဲမှာ အသားချင်းထိရုံနဲ့ ကိုယ်ဝန် ရသည်ဆိုတာ မရှိ အပြာစာအုပ်တွေတော့ မဖတ်ဖူး ယောကျာ်းချင်း အပြာစာအုပ်တွေကလည်း စာအုပ် တွေမှာ မရှိတတ် အင်း ၁၉၈၀လောက် ဆိုတော့ကျန်းမာရေး အသိမရှိဘူး ထင်တယ် အရမ်းလှောင်ပိတ်တယ် ဆင်းရဲတဲ့ သူတွေဆိုတော့ ပိုဆိုးတယ် ရန်ရန် ဖတ်ပြထားလို့ သူတကယ်ကိုယ်ဝန်မရမှန်းသိနေသည်

'' အစ်ကို ကျွန်မ ကို တာဝန် ယူပေးပါ တောင်းပန်ပါတယ် ''

''ဘာ''

'' ကျွန်မ ရပ်ကွက် ထဲမှာ ဘယ်လိုမျက်နှာပြရမလဲ အစ်ကို တာဝန် ယူပေးပါ ကျွန်မအရှက်မကွဲချင်ဘူး မိန်းမ ကောင်းဖြစ်အောင်နေပါမယ် ကျွန်မကို ယူပေးပါ''

ပြောရင်းနဲ့ ငိုနေတာ ဘာစကားမှ ထပ်မထွက်လာတော့

ကျွန်တော်တွေးလိုက်မိသည် သူကိုယ်မဝန်ရှိမှန်းသူသိဖို့ဆို ၄လ ၆လလောက် ကြာမည် အဲ့အချိန် ပြန်ကွာရှင်းလို့ရနိုင်သည်ပြီးတော့ မကွာရှင်းလည်းရသည် ကျွန်တော်ခြောက်နေတာကို ဒီကောင်မ မသိ ပြီးတော့ ကျွန်တော် ယူပေးလိုက်လျှင် ကျွန်တော် ကယ်ဆယ်ရာရောက်သည် ဘာလုပ်'' သူငြင်းဆန်ရဲမှာ မဟုတ် အဖေနဲ့လည်း ကျွန်တော် မနေရတော့

နေ့ချင်းညချင်းအခြေအနေက ပြောင်းလဲသွားသည် အဖေ့ကိုပြောလိုက်သည် ကျွန်တော်ယူမယ့်ကောင်မကိုတွေ့ပြီလို့....

........

ထိုကောင်မ မိဘတွေက အိမ်ပေးသည် ထိုအိမ်မှာကျွန်တော်နဲ့ ထိုကောင်မနဲ့ နှစ်ယောက် တည်းနေကြသည် ကျွန်တော့် ကိုကျေးဇူး ရှင်လိုဆက်ဆံသည် ထမင်းဟင်းချက်ပြီး စားပွဲရှေ့ရောက် ပြင်ဆင်ပေးသည် ကျွန်တော်က ထမင်း လက်ဆေးစားရုံသာ အဝတ်တွေလျှော်သည်မီးပူတွေတိုက်သည် အိမ်သန့်ရှင်းရေးလုပ်သည်

ဒီလို နဲ့ ၁လ လောက် ကြာသော်

'' အစ်ကို ကျွန်မ ကိုယ်ဝန် ပျက်ကျပြီထင်တယ်''

ဒီလိုပြောမယ်ဆိုတာ သိနေသည်

''ကိုယ်သိတယ် မင်းမှာ အစတည်းက ကိုယ်ဝန် မရှိတာ လက်ကိုင်ရုံနဲ့ကလေးမရဘူး မင်းမိဘကိုတော့ အဆင်ပြေသလိုပြောလိုက်ပါ မင်းမပြောရဲလည်း ငါသွားအကြောင်းကြားလိုက်မယ် မင်းစ​ပြောတည်းက မင်းကိုယ်ဝန်မရှိမှန်းသိတယ် မင်းကို မေတ္တာ ရှိလို့ ယူလိုက်တာ ''

ထိုကောင်မ ကျွန်တော့် ကိုလိုက်ကပ်နေတာလေ ဒီလို ပြောလိုက်တော့ အပြစ်မမြင်တော့ဘူးကျွန်တော့်ကို သူ့ကို တကယ်ချစ်တယ်ထင်သွားရော သူ့အမေကိုတော့ သူပဲ သွားပြောတယ် ကျွန်တော်လိုက်ပို့လိုက်ကြိုလုပ်လိုက်တယ်
.........

အာ ကျစ် ရေလဲ ပုဆိုး ကျန်ခဲ့ပြန်ပြီ

'' မိန်းမ ရေ ရေလဲပုဆိုး အကွက်ယူလာခဲ့ဦး ''

'' အကွက်တော့မတွေ့ဘူးအစ်ကို ဒါပဲတွေ့တယ် ''
ရေချိုး ခန်းအပြင်ကနေ တိုးတိုး ပြောနေသည် တံခါး ကို နည်းနည်း ဟပေးတော့ ပုဆိုး ကို လှမ်းပေးသည် မျက်လုံး ကိုမှိတ်ထားသည်
ရေလဲပုဆိုးကိုဝတ်လိုက်ပြီး အခန်းထဲ ဝင်လိုက်သည် အဝတ်စင်အောက်မှာ ကျနေသည့် ပုဆိုးအကွက်

'' နင်ဒီကိုလာစမ်း ဒါဘာလဲ မြင်လား စောက်လုံးနဲ့သေချာကြည့်''
ထိုကောင်မ မျက်နှာကို လှမ်းကုတ်လိုက်သည်

ဒီနေ့တော့ ဒီလောက် ပါပဲ အဆင်ပြေရင်ဖြစ်စေ မပြေရင်ဖြစ်စေ cmt လေးမန့်ပြီး ပြောပေးပါနော် ကျေးဇူးအများကြီးတင်ပါတယ် ><

Continue Reading

You'll Also Like

153K 17.8K 53
"කේතු දන්නවද මම කේතුට කොච්චරක් ආදරෙයි කියල ?" "හැමතිස්සෙම වචනෙන් නොකිව්වත් සර්ගෙ ඇස් මගේ ඇස් එක්ක පැටලෙනකොට ඒ දිලිසෙන ඇස්වලින් මට පේනවා සර් මට කොච්...
4.7M 182K 52
Eden's mother considers her the ruin of a perfect family. When the only father she's ever known leaves Eden and her family behind at the age of three...
8.9K 271 5
Dorm-Sub relationship
405K 1.4K 11
မွေးစားညီမလေးပေါ့နော်🙃🔞 စာမရတဲ့သူလေးတွေရော ကြိုးစားသလောက်အမှတ်မတတ်တဲ့သူတွေအတွက် အားဆေးလေး🌚✨ Uni + Zgyi