ပုချီမှာ သူ့ရဲ့မြေခွေးလက်သည်းလိုလက်တွေကို လက်တွေနဲ့ အမြန်ကာလိုက်ရသည်။
ရုန်ယိ အမိန့်သံနဲ့ပြောလိုက်၏။
"ပုချီ....ခင်ဗျားရဲ့ဆရာအနေနဲ့ ခင်ဗျားကိုမလှုပ်ဖို့ ကျွန်တော်အမိန့်ပေးတယ်"
"ဟုတ်ကဲ့"
ပုချီမှာ ထပ်မလှုပ်တော့..။
ရုန်ယိ နှုတ်ခမ်းလေးအနည်းငယ်ကွေးသွားသည်။ ထို့နောက် လက်ဆန့်ပြီး သူ့မျက်နှာဖုံးကိုဆွဲချွတ်လိုက်သည်။ တစ်ခုကျွတ်သွားတဲ့အခါ အောက်မှာနောက်မျက်နှာဖုံးတစ်ခုက ပေါ်လာလေ၏။
သူ့မျက်လုံးထောင့်တွေ တွန့်သွားရသည်။ သူလက်ထဲကဟာကိုလွှတ်ပစ်ပြီး ထပ်ချွတ်လိုက်တဲ့အခါ တတိယတစ်ခုက ပေါ်လာပြန်သည်။
"သောက်လခွီးတဲ့မှဘဲ...ခင်ဗျား မျက်နှာဖုံးတွေကို ဘယ်နှစ်ခုတောင်ဝတ်ထားတာလဲ ဟမ်!"
ပုချီက ပြုံးလိုက်ပြီး
"ကျုပ်လည်း မသိဘူး"
"ခင်ဗျားရဲ့ သောက်မျက်နှာဖုံးတွေကို မချွတ်နိုင်ဘူးဆိုတာ ကျွန်တော်မယုံဘူး"
ရုန်ယိ မျက်နှာဖုံးကိုဆက်ဆွဲချွတ်လိုက်သည်။ သုံးခု...လေးခု...ငါးခု...ခြောက်ခု...ခုနစ်ခု...ရှစ်ခု........၄၆၇ခု.....
ထိုအချိန်မှာ လှည်းကရပ်သွားပြီး လှည်းသမားကပြောလာသည်။
"သခင်လေး...အိမ်တော်ကိုပြန်ရောက်ပါပြီ"
နောက်တစ်ခဏမှာဘဲ လှည်းထဲကနေပြီး ပုံစံမျိုးစုံနဲ့မျက်နှာဖုံးများစွာ ထွက်ကျကုန်တော့သည်။
လှည်းသမားနဲ့ အစောင့်တွေအကုန်လုံး ကြက်သေသေကုန်ကြ၏။
ရုန်ယိ လှည်းထဲကနေ ထွက်သွားလိုက်ပြီး
"ပုချီ!....ကောင်းတယ်!..."
ပုချီရဲ့မျက်နှာပေါ်မှာ မျက်နှာဖုံးဘယ်နှစ်ထပ်တောင်ရှိနေမလဲဆိုတာသူမသိတော့...မျက်နှာဖုံးတွေက မရေမတွက်နိုင်အောင်ရှိနေသကဲ့သို့ပင်။ သူ ပုချီရဲ့မျက်နှာကိုမတွေ့ခဲ့ရပေမယ့်လည်း ပုချီက ဂိုဏ်းချုပ်နဲ့ဆွေမျိုးတော်တာကတော့ သေချာလေသည်။ မဟုတ်ရင် သူတို့အသံတွေက ဒီလောက်ကြီး ဆင်တူနေမှာမဟုတ်။
ပုချီက နောက်ကလိုက်လာပြီး မျက်နှာဖုံးတွေကောက်ကာ သူ့မျက်နှာပေါ်မှာတစ်ခုပြီးတစ်ခုပြန်တပ်နေလေသည်။ ထို့နောက် အော်ခေါ်ရင်းနဲ့ ရုန်ယိကိုအမှီလိုက်လာ၏။
"ဆရာ...ကျုပ်ကိုစောင့်ပါဦး!!.."
ရုန်ယိ ပြန်လှည့်ကာသူ့ကိုတစ်ချက်စိုက်ကြည့်လိုက်သည်။ သူတစ်ဖက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ အဖြူရောင်အရိပ်တစ်ခုက ဖြတ်ခနဲပေါ်လာပြီး ခြံဝန်းထဲကိုအမြန်ဆင်းသက်လာလေသည်။ ထို့နောက် ထိုအရိပ်က သူ့ရဲ့လှပတဲ့အမြှီးကိုဖြန့်ကားလိုက်ကာ မေးလာ၏။
"ရုန်ယိ...မင်းပြောတော့ ငါ့အတွက် မှန်တစ်ချပ်လုပ်ပေးမယ်ဆို ဘယ်မှာလဲ"
ထိုအရိပ်က ဒေါင်းဖြူမှန်းသိလိုက်ရတဲ့အခါ ရုန်ယိက သူ့သိုလှောင်လက်စွပ်ထဲကနေပြီး ခေတ်သစ်ကမှန်တွေနဲ့တူတဲ့ မှန်တစ်ချပ်ကိုထုတ်ကာ ကြီးလိုက်ပြီး ဒေါင်းဖြူကိုကမ်းပေးလိုက်သည်။
"ငါက ကတိတည်တဲ့ယောက်ျားတစ်ယောက်ပါ..ငါပြန်ရောက်ပြီးနောက်တစ်နေ့ထဲက မင်းအတွက်လုပ်ပေးပြီးသား"
မှန်ထဲမှာ သူအရင်ကလောက်အဝါရောင်မသန်းနေတော့တာကိုတွေ့လိုက်ရတဲ့အခါ ဒေါင်းဖြူမှာ အတော်လေးပျော်ရွှင်သွားရပြီး သူ့အတောင်တွေကိုတစ်ဖြတ်ဖြတ်ခတ်ကာ အော်ပြောလိုက်၏။
"ဝိုး...ငါ့ကိုယ်ငါ ပိုပြီးရှင်းရှင်းလင်းလင်းမြင်နေရပြီကွ...အရမ်းလှပတာဘဲ...ငါဒါကိုအရမ်းသဘောကျသွားပြီ..ရုန်ယိ...ကျေးဇူးဘဲ"
##
ရှေးခေတ်က ကြေးဝါမှန်တွေသုံးကြတာမလို့ မှန်ထဲကပုံရိပ်ကအဝါရောင်သန်းနေတာပါ
သူက မှန်ရှေ့မှာ ထပ်ကာထပ်ကာလှည့်ပတ်ကြည့်နေသလို မှန်ထဲက သူ့ပုံရိပ်ကလည်းရွေ့လျားပြောင်းလဲနေသည်။
ရုန်ယိ ပြောလိုက်သည်။
"ဒီမှန်က ခြောက်ဘက်မြင်ဘဲ..မင်းရဲ့တစ်ကိုယ်လုံးကို ဘယ်ရှုထောင့်ကမဆို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်"
ဒေါင်းဖြူမှာ အတော်လေးကိုကျေနပ်သွားပြီး ကျေးဇူးတင်ကြောင်းထပ်ပြောလာသည်။
"မင်းတစ်ကယ်ဘဲ ငါ့ကိုကျေးဇူးတင်တာလား"
ဒေါင်းဖြူက ခေါင်းငြိမ့်ပြလိုက်သည်။ ဘာလို့ဆို သူတစ်ကယ့်ကို ရုန်ယိ သူ့အတွက်လုပ်ပေးထားတဲ့မှန်ကို သဘောကျနှစ်ခြိုက်နေတာကြောင့်ဖြစ်၏။
ထိုအခါ ရုန်ယိ သူ့ဘေးနားက ပုချီကိုလက်ညှိုးထိုးပြလိုက်ပြီး
"မင်း ငါ့တပည့်ရဲ့မျက်နှာဖုံးကို ငါ့အတွက်ချွတ်ပေးစမ်းပါ...ငါတစ်ကယ်သူဘယ်လိုပုံစံရှိလဲဆိုတာကို သိချင်နေလို့"
ဒေါင်းဖြူက ပုချီကိုလှမ်းကြည့်လိုက်ပြီးနောက် သူ့အတောင်ကိုဖြန့်ကာ ပုချီကိုလှမ်းရွယ်လိုက်ပြီး
"မင်းမျက်နှာဖုံးကို အခုချက်ချင်းချွတ်လိုက်စမ်း"
"ဆရာ..ကျုပ်အပေါ် ဘယ်လိုလုပ် ဒီလိုမျိုးလုပ်ရက်ရတာလဲဗျာ.."
ပုချီ အနောက်ခြံဝန်းထဲကို အမြန်ပျံသန်းသွားတော့သည်။
ရုန်ယိ နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားမျက်နှာဖုံးကိုမချွတ်နိုင်ဘူးဆိုတာ ကျွန်တော်တော့လုံးဝကိုမယုံဘူး"
"သခင်လေး!"
ထိုအချိန်မှာ အစေခံတစ်ယောက်က ပြေးဝင်လာသည်။
"သခင်လေး...ခေါင်းဆောင်ရုန်စုက အိမ်တော်အသစ်ကအကုန်ပြင်ဆင်ပြီးသွားပြီမလို့ ဘယ်အချိန်ပြောင်းရွှေ့မလဲလို့ သခင်လေးကိုမေးခိုင်းလိုက်ပါတယ်"
နေ့လည်ရောက်တော့မှာမလို့ ရုန်ယိကပြန်ပြောလိုက်သည်။
"အခုဘဲ ပြောင်းကြတာပေါ့"
အစေခံလေးမှာ အံ့အားသင့်သွားရ၏။
"ဒီလောက်အမြန်ကြီးလား...အရင်ဆုံး မင်္ဂလာရှိတဲ့အချိန်ကို ရွေးသင့်တာမဟုတ်ဘူးလား"
"မလိုဘူး..ငါ့အိမ်အသစ်က ဖုန်းရွှေအရမ်းကောင်းတယ်...ဘယ်အချိန်ပြောင်းပြောင်း ကိစ္စမရှိဘူး..မင်း သူတို့ကို ထုတ်ပိုးပြင်ဆင်ထားကြဖို့ သွားပြောလိုက်တော့..ငါတို့အခုချက်ချင်းပြောင်းကြမယ်"
"ဟုတ်ကဲ့ သခင်လေး"
ထို့နောက် ရုန်ယိ ရန်ချိုးရွှမ်ကိုတွေ့ဖို့ အနောက်ဘက်ခြံဝန်းထဲကိုသွားလိုက်သည်။
ရန်ချိုးရွှမ်က ယင်စန်စန်ကို သင်ပေးနေ၏။
"ဘွားဘွားလို့ခေါ်...ဘွား...ဘွား..."
ကြည့်ရတာ ယင်စန်စန်ကလည်း သူမကိုခေါ်ချင်နေတဲ့ပုံပေါ်သည်။ သူက ပါးစပ်လေးကိုဖွင့်လိုက်ပေမဲ့ အသံထွက်ကတော့မပီသေးချေ။
"ဘား.."
ရန်ချိုးရွှမ်ကတော့ သူခေါ်တာပီပီမပီပီ ဂရုမစိုက်ပေ။ သူက 'ဘား.'လို့ ပြောလိုက်မှတော့ ဒါက သူမကိုခေါ်တာဘဲလို့သာမှတ်ယူလိုက်တော့သည်။ ဒါကြောင့် သူမက ကလေးကိုမြှောက်ချီကာတစ်ပတ်လှည့်နေရင်းနဲ့
"စန်စန်လေးရေ...ကြည့်ပါဦး...ဖေဖေရောက်လာပြီ"
ထိုအခါ ယင်စန်စန်က သူ့ရဲ့လက်သေးသေးလေးတွေကို ကားကာ ရုန်ယိဆီကိုဆန့်တန်းပေးလာသည်။
ရုန်ယိ သူ့ကိုချီလိုက်ပြီး နူးညံ့တဲ့မေးစေ့လေးကိုဖွဖွလေးဆွဲဖြစ်လိုက်သည်။
"ဒီနေ့ ဘွားဘွားစကားကိုနားထောင်ရဲ့လား..ဟင်"
ယင်စန်စန်က ခေါင်းလေးငြိမ့်ပြလာသည်။
ရန်ချိုးရွှမ်က ပြုံးလိုက်ပြီး
"ငါမြင်ဖူးသမျှကလေးတွေထဲမှာတော့ စန်စန်ကအလိမ္မာဆုံးလေးဘဲ...အရင်က သူတို့ငါ့ဆီကလေးတစ်အုပ်ပို့ဘူးတယ်...သူတို့တွေက ဗိုက်ဆာလည်းငို..သေးစိုသွားလည်းငို..သူတို့ကိုဘယ်သူမှချီမထားရင်လည်းငိုနဲ့ ငိုဘဲငိုနေကြတာ..တစ်ယောက်ကငိုရင် တစ်ခြားကလေးတွေကပါလိုက်ငိုရော..ကလေးတွေရှိတဲ့ခြံဝန်းထဲကိုငါသွားတိုင်း သူတို့ငိုသံတွေဘဲကြားနေရတာ..အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်...ငါ့မှာ သူတို့ကိုတိတ်တိတ်လေးနေပါလို့ပြောချင်ပေမယ့်လည်း သူတို့တွေကငယ်လွန်းသေးတော့ ငါပြောတာကိုလုံးဝနားမလည်ကြသေးဘူးလေ..ငါတို့ရဲ့ ယင်စန်စန်လိုမဟုတ်ဘူး..သူက ဗိုက်ဆာရင် ပန်းကန်လုံးကိုစိုက်ကြည့်တယ်..ရေဆာရင် ခွက်လေးကိုညွှန်ပြတယ်..သေးပေါက်ချင်ရင်..."
ဒါကိုကြားလိုက်တာနဲ့ ယင်စန်စန်က ဒါကိုဆက်မပြောစေချင်တဲ့ပုံနဲ့ သူ့လက်လေးကိုအမြန်ခါပြလာကာ 'အာ အာ အာ ' ဆိုတဲ့အသံလေးတွေလုပ်ပြလာသည်။
ရန်ချိုးရွှမ်မှာ ပြုံးလိုက်မိသည်။
"ငါတို့စန်စန်လေးက ရှက်တောင်ရှက်တတ်နေပြီလား"
သူချီးပါပြီးလို့ ဖင်လေးဆေးပေးတဲ့အခါတိုင်း အမြဲတမ်း သူမကိုမကြည့်ဘဲ တစ်ဖက်ကိုလှည့်နေတတ်တာက မထူးဆန်းတော့ပေ။
ထိုအခါ ယင်စန်စန်က သူ့ခေါင်းလေးကို ရုန်ယိလည်ပင်းကြားထဲဖွက်ထားလိုက်လေသည်။
ရုန်ယိ တော်တော်လေးရယ်ချင်လာရသည်။
"သူက သေးသေးလေးရှိသေးတာတောင် ရှက်တတ်နေပြီပေါ့လေ"
ရန်ချိုးရွှမ်က မရယ်မိအောင်ထိန်းထားရင်းနဲ့
"ဟုတ်ပါပြီ...မပြောတော့ဘူး..ရပ်လိုက်ပြီ..ဟုတ်ပြီလား"
"ဒါနဲ့ ချယ်ရီသီးလေးနဲ့ ကျန်းမုတို့ရော ဘယ်ရောက်နေကြလဲ"
"ချယ်ရီသီးလေးက ကျောင်းသွားတယ်..ကျန်းမုက ရုန်ဟွမ်ဆီကနေ စကားပြောတာကိုသင်နေတယ်"
"အင်း..အမေ အမေ့ပစ္စည်းတွေသွားသိမ်းထားလိုက်တော့ ကျွန်တော်တို့ အခုပြောင်းကြတော့မှာ"
ရန်ချိုးရွှမ်က မနေ့တည်းက အိမ်အသစ်ဝယ်ပြီးတဲ့အကြောင်းကို သူ့ဆီကနေကြားပြီးသားဖြစ်၏။
"ငါ့မှာ သိမ်းဆည်းထုတ်ပိုးစရာဘာမှမရှိဘူး..အခုချက်ချင်း သွားလို့ရတယ်"
ထို့နောက် ရုန်ယိ ကလေးကိုချီပြီး ယင်ကျင်းရဲ့ဆီကိုသွားလိုက်သည်။ ယင်ကျင်းရဲ့က လက်ရေးလှလေ့ကျင့်နေတာဖြစ်လေသည်။ သူအနားသွားကာ ကလေးကို ယင်ကျင်းရဲ့လက်ထဲထည့်ပေးလိုက်၏။
"ကလေးတွေအဖေ...ကျွန်တော်တို့ အိမ်အသစ်ကို အခုပြောင်းကြရအောင်"
ယင်ကျင်းရဲ့က 'အင်း' လို့သာပြန်ပြောကာ ကလေးကိုချီလိုက်သည်။
ရုန်ယိ သူ့စာလုံးတွေကိုတစ်ချက်လှမ်းကြည့်လိုက်တဲ့အခါ သူ့စာလုံးတွေက နည်းစနစ်ကျကာ အားမာန်အပြည့်ပါနေတာတွေ့လိုက်ရသည်။ ဒါပေမဲ့ ထိုစာလုံးတွေက ယင်ကျင်းရဲ့လက်ရေးလှလေ့ကျင့်နေတာမဟုတ်ဘဲ ယင်စန်စန်အတွက် ကျင့်ကြံဖို့နည်းလမ်းတွေ စီစဥ်ပေးနေတာဖြစ်၏။
သူယူကာ စာရွက်ကိုလှန်လှောကြည့်ကာ အံ့သြနေတဲ့အသံနဲ့ပြောလိုက်သည်။
"ကလေးကငယ်ငယ်လေးရှိသေးတာကို ခင်ဗျားကသူ့ကို စပြီးကျင့်ကြံစေချင်နေပြီလား..သူက တရားထိုင်တဲ့ပုံစံကိုတောင်မထိုင်နိုင်သေးဘူးလေ"
ရုန်ယိ ကလေးကိုစားပွဲပေါ်တင်လိုက်ကာ
"ယင်စန်စန် မင်းအဖေကို တင်ပလ္လင်ခွေတဲ့ပုံစံလေးထိုင်ပြလိုက်"
ယင်စန်စန်ကလည်း သူထိုင်နိုင်မယ်ထင်ပြီး ရုန်ယိပြောတဲ့အတိုင်း ခြေထောက်တွေခွေထိုင်ဖို့ကြိုးစားလိုက်သည်။ သနားစရာကတော့ သူ့ခြေထောက်လေးတွေက တိုတိုလေးဘဲရှိနေသေးလေသည်။ သူ့မှာ ခြေထောက်တွေယှက်ထိုင်ဖို့မပြောနဲ့ ခြေဖဝါး ခြေဖဝါးချင်းတောင် ထိကပ်ပြီးမထိုင်နိုင်သေးချေ။
သူ့သား ကြိုးကြိုးစားစားလုပ်နေတာကိုကြည့်ပြီး ရုန်ယိမှာ အော်ရယ်မိတော့သည်။
ယင်စန်စန်က ခေါင်းလေးမော့လာကာ သူ့ကိုဒီလောက်ခက်ခဲတာကိုလုပ်ခိုင်းဖို့ သူ့ဖေဖေကိုခိုင်းတယ်ဆိုပြီး စွပ်စွဲအပြစ်တင်နေတဲ့အကြည့်တွေနဲ့ ယင်ကျင်းရဲ့ကိုကြည့်လာ၏။
ယင်ကျင်းရဲ့ "......"
ဒါသူ့အတွက် ပထမဆုံးအကြိမ် တစ်ခြားတစ်ယောက်ကို ကျင့်ကြံတာကိုသင်ပေးတာဖြစ်ပြီး ဒီကလေးကလည်း မွေးထဲက မွေးကင်းစကလေးနဲ့လုံးဝတူမနေပေ။ ဒါကြောင့်သူလည်း အစကတည်းက ယင်စန်စန်ကို ယင်ထောင်နဲ့အတူတူ သုံးနှစ်အရွယ်လို့ဘဲယူဆထားခဲ့တာဖြစ်လေသည်။
ရုန်ယိ ရယ်မောနေတာကို မနည်းရပ်လိုက်ရပြီး ပြောလိုက်သည်။
"ကလေးတွေအဖေ..သူ့ကျင့်ကြံရေးအတွက် အရမ်းအလျှင်လိုမနေပါနဲ့...ဒီကိစ္စက နောက်နှစ်နည်းနည်းလောက်ကြာမှစဥ်းစားရမှာ...ကလေးက ကျွန်တော်တို့ပြောသမျှနားလည်နေတယ်ဆိုမှတော့...သူ အခြေခံအချက်လေးတွေနားလည်နိုင်အောင်လို့ ခင်ဗျားအားတဲ့အချိန်မှာ သူ့ကိုကျင့်ကြံရေးအကြောင်းတွေပြောပြလို့ရတယ်လေ ဒါမှမဟုတ်လည်း သူ့ကိုစကားပြောတတ်အောင်သင်ပေးလို့ရတာဘဲ..ဒီလိုဆိုရင် သူလည်း ကျင့်ကြံရေးနဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတတွေရသွားနိုင်သလို တစ်ချိန်တည်းမှာဘဲ ခင်ဗျားလည်း သူနဲ့ရင်းနှီးနိုင်တာပေါ့..ဒီအကြောင်းထားလိုက်တော့..ကျွန်တော်တို့ အခုအိမ်ပြောင်းကြရအောင်"
ယင်ကျင်းရဲ့က ပြောလာသည်။
"ချီလန်ကို ကိုယ်ပြောလိုက်မယ်"
ချီလန်က သူ့ကိုအမြဲတမ်းဆန့်ကျင်နေပေမဲ့လည်း သူတို့က အတူတူကြီးပြင်းလာတာကြဖြစ်တာမလို့ အနည်းဆုံးတော့ သူ့ကိုအသိပေးသင့်လေသည်။
ရုန်ယိ အနည်းငယ်မပျော်မရွှင်ဖြစ်သွားပေမဲ့လည်း ခေါင်းတော့ငြိမ့်လိုက်သေးသည်။
"ကျွန်တော်လည်း ခင်ဗျားနဲ့အတူသွားမယ်"
သူတို့ ပိလော့ခြံဝန်းကနေထွက်လာတဲ့အခါ ရှင်းယွဲ့က အစေခံတစ်ယောက်ကိုလက်မောင်းကနေဆွဲထားပြီး မေးနေတာကိုတွေ့လိုက်ရသည်။
"နင်တို့တွေ ဘာလို့ ဒီလောက်အလျှင်လိုနေရတာလဲ..တစ်ချို့အစေခံတွေက ပရိဘောကအသုံးအဆောင်တွေကိုပါ သိုလှောင်လက်စွပ်ထဲကိုထည့်နေတာတွေ့လိုက်တယ်..နင်တို့ အိမ်ပြောင်းကြတော့မလို့လား"
အစေခံမှာ အနေရခက်နေပုံပေါ်ပြီး သူမကို အမှန်အတိုင်းပြောလိုက်ရမလား မပြောရဘူးလား သူမသိတော့ပေ။
ရုန်ယိ သူမကိုလှမ်းပြောလိုက်သည်။
"ဒီနေ့ ငါတို့ အိမ်အသစ်ကိုပြောင်းကြတော့မှာ...ယင်အိမ်တော်က မင်းနဲ့မင်းသခင်တို့ရဲ့ အိမ်ဖြစ်သွားပြီ"
ရှင်းယွဲ့ မျက်နှာအမူအယာအနည်းငယ်ပြောင်းသွားပြီး ယင်ကျင်းရဲ့ကိုပြောလိုက်၏။
"သခင်ယင်...ကျွန်မသခင်ကို ဒီမှာတစ်ယောက်တည်းထားခဲ့တော့မှာလား"
"ရှင်းယွဲ့"
ချီလန်က သူ့ခြံဝန်းထဲကနေထွက်လာပြီး ခြံဝန်းတံခါးကိုမှီကာ ရုန်ယိကိုပြုံးပြလိုက်သည်။
"သူတို့ကို ပြောင်းခိုင်းလိုက်ပါ...ဘယ်လိုဘဲဖြစ်ဖြစ် ဆရာတူညီလေးယင်နဲ့ ငါက မကြာခင်လက်ထပ်တော့မှာဘဲလေ..လက်မထပ်ခင်ငါတို့ မတွေ့သင့်ဘူး...ဒါကြောင့် ခွဲနေတာကပိုကောင်းတယ်လေ"
ဒါကိုကြားတာနဲ့ ရှင်းယွဲ့မှာ ပျော်ရွှင်သွားကာ ပြုံးလိုက်ပြီး
"သခင်ပြောတာမှန်တယ်...သခင်ယင်နဲ့သခင်အတွက် သခင်မကြီးက ရက်ကောင်းရက်မြတ်တစ်ရက်ရွေးပေးဖို့က သိပ်မကြာတော့ပါဘူး..ပြီးရင်တော့ ကျွန်မတို့ တုံထန်းနယ်မြေကိုပြန်လို့ရပြီ..ဒီလို အနုတ်စုပ်ကုပ်စုပ်နေရာမှာ ဆက်နေစရာမလိုတော့ဘူး...ဒါ့အပြင် တစ်စုံတစ်ယောက်ကတော့ သူ့ကလေးတွေကိုထပ်မတွေ့ရတော့မှာမလို့ ငိုနေရတော့မှာ"
ရုန်ယိက ပြုံးလိုက်ပြီး
"ငါတို့က ယန်လမ်းထဲက ရုန်အိမ်တော်ကိုပြောင်းကြမှာ...မင်းတို့ကိုအမြဲကြိုဆိုနေပါတယ်"
ရှင်းယွဲ့က သူ့ကို အေးစက်စက်ပြုံးပြလာကာ
"ရှင်သာ ကျွန်မတို့ကို တစ်ကယ်ဘဲကြိုဆိုတယ်ဆိုရင်..ကျွန်မတို့ကိုပါ ရှင်တို့နဲ့အတူ ပြောင်းဖို့ဖိတ်ရမှာပေါ့"
"တံခါးမှာဘာအစောင့်မှလည်းမရှိသလို အမြဲတမ်းလည်းဖွင့်ထားတယ်..ဒါကြောင့် မင်းတို့ကို တားမဲ့သူဘယ်သူမှမရှိဘူး...မင်းတို့ အလိုရှိသလို သွားလာလို့ရတယ်"
ချီလန် မျက်လုံးတွေမှေးကျဥ်းလိုက်သည်။ ရုန်ယိ ဘာညစ်တီးညစ်ပတ်အကြံတွေ ထပ်ကြံစည်နေပြန်ပြီလဲဆိုတာ သူလည်းမသိပေ။
ရုန်ယိ ယင်ကျင်းရဲ့ကိုလှည့်ကြည့်လိုက်သည်။
"ကလေးတွေအဖေ...ခင်ဗျားဆရာတူအစ်ကိုကို ပြောစရာရှိသေးတယ်ဆို"
ယင်ကျင်းရဲ့ပြောမဲ့စကားမှန်သမျှ သူပြောသွားခဲ့ပြီးလေပြီ။ ဒီတော့ သူဘာများထပ်ပြောရဦးမှာလဲ..။ ဒါကြောင့် သူက မထူးခြားနားစွာနဲ့ 'သွားရအောင်' လို့ပြောကာ ကလေးကိုချီရင်းလှည့်ထွက်သွားတော့သည်။
ယင်စန်စန်က ချီလန်နဲ့တစ်ခြားသူတွေကို ပျော်ရွှင်စွာနဲ့ လက်လေးယမ်းပြနေလေ၏။ ရုန်ယိ သင်ပေးထားတာမှန်းသိသာလှသည်။
ချီလန်က နှုတ်ခမ်းကိုတွန့်ကွေးလိုက်ကာ
"ငါ့သားလေးက အရမ်းချစ်ဖို့ကောင်းတာဘဲ...ငါသူ့အဖေဖြစ်လာရင် သူ့ကိုသေချာသင်ကြားပေးမယ်"
ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့ အရှေ့ခြံဝန်းကိုရောက်လာတဲ့အခါမှာတော့ ပုချီတစ်ယောက် ဖရိုဖရဲ ကမောက်ကမနဲ့ပြေးလွှားနေတာကိုတွေ့လိုက်ရသည်။
"ဆရာရေ...သူ့ကိုရပ်ခိုင်းလိုက်ပါတော့ဗျာ...မဟုတ်ရင် ဆရာ့မှာ မြေးတပည့်ဆိုတာရှိလာမှာမဟုတ်တော့ဘူးနော်"
ဒီသောက်ဒေါင်းစုတ်က သူ့မျက်နှာဖုံးကို နှုတ်သီးနဲ့လိုက်ဆိတ်နေရုံသာမက သူ့အောက်ပိုင်းကိုပါ လက်သည်းကို လိုက်ကုတ်ခြစ်နေသေးသည်။ ဘယ်လောက်တောင် ယုတ်မာလိုက်သလဲဆိုတာ...။
ဒေါင်းဖြူက ပျံသန်းနေရင်းနဲ့ ပုချီတင်ပါးကိုဖုံးထားတဲ့ အဝတ်စကိုဆွဲကာ တစ်စစီဆွဲဖြဲပစ်လိုက်သည်။
"မင်းမျက်နှာဖုံးကိုချွတ်လိုက်စမ်း...မဟုတ်လို့ကတော့ လူတိုင်းကို မင်းကိုယ်တုံးလုံးဖြစ်နေတာမြင်ရအောင်လုပ်ပစ်လိုက်မယ်"
မြေပြင်ပေါ်က မျက်နှာဖုံးအချို့ကိုမြင်တဲ့အခါ ရုန်ယိ ယင်ကျင်းရဲ့ကိုမေးလိုက်သည်။
"သူတို့ကျင့်ကြံဆင့်က အတူတူဘဲလား"
ယင်ကျင်းရဲ့က ခေါင်းငြိမ့်လိုက်၏။
"သူ့အတွက် ပုချီရဲ့မျက်နှာဖုံးကိုချွတ်နိုင်ဖို့က လွယ်မှာမဟုတ်ဘူး"
ရုန်ယိ မျက်ခုံးတွေပင့်လိုက်မိပြီး ပုချီနဲ့ ဒေါင်းဖြူတို့ဆီ အကြည့်တွေရွှေ့လိုက်၏။ ဒီနောက် ကျန်းမုက အနောက်ခြံဝန်းရဲ့နံရံပေါ်ကနေ ပျံသန်းလာတာသူတွေ့လိုက်ရသည်။ သူမျက်လုံးလှိမ့်လိုက်ကာ နှုတ်ခမ်းတွေကွေးတက်သွား၏။ သိပ်မကြာခင်မှာဘဲ သူအကြံအသစ်ရသွားလေတော့သည်။
##
ညနေ တစ်ပိုင်းထပ်တင်ပေးမယ်နော် 🖤🖤
************
Zawgyi
ပုခ်ီမွာ သူ႕ရဲ႕ေျမေခြးလက္သည္းလိုလက္ေတြကို လက္ေတြနဲ႕ အျမန္ကာလိုက္ရသည္။
႐ုန္ယိ အမိန့္သံနဲ႕ေျပာလိုက္၏။
"ပုခ်ီ....ခင္ဗ်ားရဲ႕ဆရာအေနနဲ႕ ခင္ဗ်ားကိုမလႈပ္ဖို႔ ကြၽန္ေတာ္အမိန့္ေပးတယ္"
"ဟုတ္ကဲ့"
ပုခ်ီမွာ ထပ္မလႈပ္ေတာ့..။
႐ုန္ယိ ႏႈတ္ခမ္းေလးအနည္းငယ္ေကြးသြားသည္။ ထို႔ေနာက္ လက္ဆန့္ၿပီး သူ႕မ်က္ႏွာဖုံးကိုဆြဲခြၽတ္လိုက္သည္။ တစ္ခုကြၽတ္သြားတဲ့အခါ ေအာက္မွာေနာက္မ်က္ႏွာဖုံးတစ္ခုက ေပၚလာေလ၏။
သူ႕မ်က္လုံးေထာင့္ေတြ တြန့္သြားရသည္။ သူလက္ထဲကဟာကိုလႊတ္ပစ္ၿပီး ထပ္ခြၽတ္လိုက္တဲ့အခါ တတိယတစ္ခုက ေပၚလာျပန္သည္။
"ေသာက္လခြီးတဲ့မွဘဲ...ခင္ဗ်ား မ်က္ႏွာဖုံးေတြကို ဘယ္ႏွစ္ခုေတာင္ဝတ္ထားတာလဲ ဟမ္!"
ပုခ်ီက ၿပဳံးလိုက္ၿပီး
"က်ဳပ္လည္း မသိဘူး"
"ခင္ဗ်ားရဲ႕ ေသာက္မ်က္ႏွာဖုံးေတြကို မခြၽတ္နိုင္ဘူးဆိုတာ ကြၽန္ေတာ္မယုံဘူး"
႐ုန္ယိ မ်က္ႏွာဖုံးကိုဆက္ဆြဲခြၽတ္လိုက္သည္။ သုံးခု...ေလးခု...ငါးခု...ေျခာက္ခု...ခုနစ္ခု...ရွစ္ခု........၄၆၇ခု.....
ထိုအခ်ိန္မွာ လွည္းကရပ္သြားၿပီး လွည္းသမားကေျပာလာသည္။
"သခင္ေလး...အိမ္ေတာ္ကိုျပန္ေရာက္ပါၿပီ"
ေနာက္တစ္ခဏမွာဘဲ လွည္းထဲကေနၿပီး ပုံစံမ်ိဳးစုံနဲ႕မ်က္ႏွာဖုံးမ်ားစြာ ထြက္က်ကဳန္ေတာ့သည္။
လွည္းသမားနဲ႕ အေစာင့္ေတြအကုန္လုံး ၾကက္ေသေသကုန္ၾက၏။
႐ုန္ယိ လွည္းထဲကေန ထြက္သြားလိုက္ၿပီး
"ပုခ်ီ!....ေကာင္းတယ္!..."
ပုခ်ီရဲ႕မ်က္ႏွာေပၚမွာ မ်က္ႏွာဖုံးဘယ္ႏွစ္ထပ္ေတာင္ရွိေနမလဲဆိုတာသူမသိေတာ့...မ်က္ႏွာဖုံးေတြက မေရမတြက္နိုင္ေအာင္ရွိေနသကဲ့သို႔ပင္။ သူ ပုခ်ီရဲ႕မ်က္ႏွာကိုမေတြ႕ခဲ့ရေပမယ့္လည္း ပုခ်ီက ဂိုဏ္းခ်ဳပ္နဲ႕ေဆြမ်ိဳးေတာ္တာကေတာ့ ေသခ်ာေလသည္။ မဟုတ္ရင္ သူတို႔အသံေတြက ဒီေလာက္ႀကီး ဆင္တူေနမွာမဟုတ္။
ပုခ်ီက ေနာက္ကလိုက္လာၿပီး မ်က္ႏွာဖုံးေတြေကာက္ကာ သူ႕မ်က္ႏွာေပၚမွာတစ္ခုၿပီးတစ္ခုျပန္တပ္ေနေလသည္။ ထို႔ေနာက္ ေအာ္ေခၚရင္းနဲ႕ ႐ုန္ယိကိုအမွီလိုက္လာ၏။
"ဆရာ...က်ဳပ္ကိုေစာင့္ပါဦး!!.."
႐ုန္ယိ ျပန္လွည့္ကာသူ႕ကိုတစ္ခ်က္စိုက္ၾကည့္လိုက္သည္။ သူတစ္ဖက္ျပန္လွည့္ၾကည့္လိုက္တဲ့အခါ သူ႕ေရွ႕မွာ အျဖဴေရာင္အရိပ္တစ္ခုက ျဖတ္ခနဲေပၚလာၿပီး ၿခံဝန္းထဲကိုအျမန္ဆင္းသက္လာေလသည္။ ထို႔ေနာက္ ထိုအရိပ္က သူ႕ရဲ႕လွပတဲ့အျမႇီးကိုျဖန့္ကားလိုက္ကာ ေမးလာ၏။
"႐ုန္ယိ...မင္းေျပာေတာ့ ငါ့အတြက္ မွန္တစ္ခ်ပ္လုပ္ေပးမယ္ဆို ဘယ္မွာလဲ"
ထိုအရိပ္က ေဒါင္းျဖဴမွန္းသိလိုက္ရတဲ့အခါ ႐ုန္ယိက သူ႕သိုေလွာင္လက္စြပ္ထဲကေနၿပီး ေခတ္သစ္ကမွန္ေတြနဲ႕တူတဲ့ မွန္တစ္ခ်ပ္ကိုထုတ္ကာ ႀကီးလိုက္ၿပီး ေဒါင္းျဖဴကိုကမ္းေပးလိုက္သည္။
"ငါက ကတိတည္တဲ့ေယာက္်ားတစ္ေယာက္ပါ..ငါျပန္ေရာက္ၿပီးေနာက္တစ္ေန႕ထဲက မင္းအတြက္လုပ္ေပးၿပီးသား"
မွန္ထဲမွာ သူအရင္ကေလာက္အဝါေရာင္မသန္းေနေတာ့တာကိုေတြ႕လိုက္ရတဲ့အခါ ေဒါင္းျဖဴမွာ အေတာ္ေလးေပ်ာ္႐ႊင္သြားရၿပီး သူ႕အေတာင္ေတြကိုတစ္ျဖတ္ျဖတ္ခတ္ကာ ေအာ္ေျပာလိုက္၏။
"ဝိုး...ငါ့ကိုယ္ငါ ပိုၿပီးရွင္းရွင္းလင္းလင္းျမင္ေနရၿပီကြ...အရမ္းလွပတာဘဲ...ငါဒါကိုအရမ္းသေဘာက်သြားၿပီ..႐ုန္ယိ...ေက်းဇူးဘဲ"
##
ေရွးေခတ္က ေၾကးဝါမွန္ေတြသုံးၾကတာမလို႔ မွန္ထဲကပုံရိပ္ကအဝါေရာင္သန္းေနတာပါ
သူက မွန္ေရွ႕မွာ ထပ္ကာထပ္ကာလွည့္ပတ္ၾကည့္ေနသလို မွန္ထဲက သူ႕ပုံရိပ္ကလည္းေ႐ြ႕လ်ားေျပာင္းလဲေနသည္။
႐ုန္ယိ ေျပာလိုက္သည္။
"ဒီမွန္က ေျခာက္ဘက္ျမင္ဘဲ..မင္းရဲ႕တစ္ကိုယ္လုံးကို ဘယ္ရႈေထာင့္ကမဆို ရွင္းရွင္းလင္းလင္းျမင္နိုင္တယ္"
ေဒါင္းျဖဴမွာ အေတာ္ေလးကိုေက်နပ္သြားၿပီး ေက်းဇူးတင္ေၾကာင္းထပ္ေျပာလာသည္။
"မင္းတစ္ကယ္ဘဲ ငါ့ကိုေက်းဇူးတင္တာလား"
ေဒါင္းျဖဴက ေခါင္းၿငိမ့္ျပလိုက္သည္။ ဘာလို႔ဆို သူတစ္ကယ့္ကို ႐ုန္ယိ သူ႕အတြက္လုပ္ေပးထားတဲ့မွန္ကို သေဘာက်ႏွစ္ၿခိဳက္ေနတာေၾကာင့္ျဖစ္၏။
ထိုအခါ ႐ုန္ယိ သူ႕ေဘးနားက ပုခ်ီကိုလက္ညွိုးထိုးျပလိုက္ၿပီး
"မင္း ငါ့တပည့္ရဲ႕မ်က္ႏွာဖုံးကို ငါ့အတြက္ခြၽတ္ေပးစမ္းပါ...ငါတစ္ကယ္သူဘယ္လိုပုံစံရွိလဲဆိုတာကို သိခ်င္ေနလို႔"
ေဒါင္းျဖဴက ပုခ်ီကိုလွမ္းၾကည့္လိုက္ၿပီးေနာက္ သူ႕အေတာင္ကိုျဖန့္ကာ ပုခ်ီကိုလွမ္း႐ြယ္လိုက္ၿပီး
"မင္းမ်က္ႏွာဖုံးကို အခုခ်က္ခ်င္းခြၽတ္လိုက္စမ္း"
"ဆရာ..က်ဳပ္အေပၚ ဘယ္လိုလုပ္ ဒီလိုမ်ိဳးလုပ္ရက္ရတာလဲဗ်ာ.."
ပုခ်ီ အေနာက္ၿခံဝန္းထဲကို အျမန္ပ်ံသန္းသြားေတာ့သည္။
႐ုန္ယိ ႏွာေခါင္းရႈံ႕လိုက္သည္။
"ခင္ဗ်ားမ်က္ႏွာဖုံးကိုမခြၽတ္နိုင္ဘူးဆိုတာ ကြၽန္ေတာ္ေတာ့လုံးဝကိုမယုံဘူး"
"သခင္ေလး!"
ထိုအခ်ိန္မွာ အေစခံတစ္ေယာက္က ေျပးဝင္လာသည္။
"သခင္ေလး...ေခါင္းေဆာင္႐ုန္စုက အိမ္ေတာ္အသစ္ကအကုန္ျပင္ဆင္ၿပီးသြားၿပီမလို႔ ဘယ္အခ်ိန္ေျပာင္းေ႐ႊ႕မလဲလို႔ သခင္ေလးကိုေမးခိုင္းလိုက္ပါတယ္"
ေန႕လည္ေရာက္ေတာ့မွာမလို႔ ႐ုန္ယိကျပန္ေျပာလိုက္သည္။
"အခုဘဲ ေျပာင္းၾကတာေပါ့"
အေစခံေလးမွာ အံ့အားသင့္သြားရ၏။
"ဒီေလာက္အျမန္ႀကီးလား...အရင္ဆုံး မဂၤလာရွိတဲ့အခ်ိန္ကို ေ႐ြးသင့္တာမဟုတ္ဘူးလား"
"မလိုဘူး..ငါ့အိမ္အသစ္က ဖုန္းေ႐ႊအရမ္းေကာင္းတယ္...ဘယ္အခ်ိန္ေျပာင္းေျပာင္း ကိစၥမရွိဘူး..မင္း သူတို႔ကို ထုတ္ပိုးျပင္ဆင္ထားၾကဖို႔ သြားေျပာလိုက္ေတာ့..ငါတို႔အခုခ်က္ခ်င္းေျပာင္းၾကမယ္"
"ဟုတ္ကဲ့ သခင္ေလး"
ထို႔ေနာက္ ႐ုန္ယိ ရန္ခ်ိဳး႐ႊမ္ကိုေတြ႕ဖို႔ အေနာက္ဘက္ၿခံဝန္းထဲကိုသြားလိုက္သည္။
ရန္ခ်ိဳး႐ႊမ္က ယင္စန္စန္ကို သင္ေပးေန၏။
"ဘြားဘြားလို႔ေခၚ...ဘြား...ဘြား..."
ၾကည့္ရတာ ယင္စန္စန္ကလည္း သူမကိုေခၚခ်င္ေနတဲ့ပုံေပၚသည္။ သူက ပါးစပ္ေလးကိုဖြင့္လိုက္ေပမဲ့ အသံထြက္ကေတာ့မပီေသးေခ်။
"ဘား.."
ရန္ခ်ိဳး႐ႊမ္ကေတာ့ သူေခၚတာပီပီမပီပီ ဂ႐ုမစိုက္ေပ။ သူက 'ဘား.'လို႔ ေျပာလိုက္မွေတာ့ ဒါက သူမကိုေခၚတာဘဲလို႔သာမွတ္ယူလိုက္ေတာ့သည္။ ဒါေၾကာင့္ သူမက ကေလးကိုျမႇောက္ခ်ီကာတစ္ပတ္လွည့္ေနရင္းနဲ႕
"စန္စန္ေလးေရ...ၾကည့္ပါဦး...ေဖေဖေရာက္လာၿပီ"
ထိုအခါ ယင္စန္စန္က သူ႕ရဲ႕လက္ေသးေသးေလးေတြကို ကားကာ ႐ုန္ယိဆီကိုဆန့္တန္းေပးလာသည္။
႐ုန္ယိ သူ႕ကိုခ်ီလိုက္ၿပီး ႏူးညံ့တဲ့ေမးေစ့ေလးကိုဖြဖြေလးဆြဲျဖစ္လိုက္သည္။
"ဒီေန႕ ဘြားဘြားစကားကိုနားေထာင္ရဲ႕လား..ဟင္"
ယင္စန္စန္က ေခါင္းေလးၿငိမ့္ျပလာသည္။
ရန္ခ်ိဳး႐ႊမ္က ၿပဳံးလိုက္ၿပီး
"ငါျမင္ဖူးသမွ်ကေလးေတြထဲမွာေတာ့ စန္စန္ကအလိမၼာဆုံးေလးဘဲ...အရင္က သူတို႔ငါ့ဆီကေလးတစ္အုပ္ပို႔ဘူးတယ္...သူတို႔ေတြက ဗိုက္ဆာလည္းငို..ေသးစိုသြားလည္းငို..သူတို႔ကိုဘယ္သူမွခ်ီမထားရင္လည္းငိုနဲ႕ ငိုဘဲငိုေနၾကတာ..တစ္ေယာက္ကငိုရင္ တစ္ျခားကေလးေတြကပါလိုက္ငိုေရာ..ကေလးေတြရွိတဲ့ၿခံဝန္းထဲကိုငါသြားတိုင္း သူတို႔ငိုသံေတြဘဲၾကားေနရတာ..အရမ္းစိတ္အႏွောင့္အယွက္ျဖစ္စရာေကာင္းတယ္...ငါ့မွာ သူတို႔ကိုတိတ္တိတ္ေလးေနပါလို႔ေျပာခ်င္ေပမယ့္လည္း သူတို႔ေတြကငယ္လြန္းေသးေတာ့ ငါေျပာတာကိုလုံးဝနားမလည္ၾကေသးဘူးေလ..ငါတို႔ရဲ႕ ယင္စန္စန္လိုမဟုတ္ဘူး..သူက ဗိုက္ဆာရင္ ပန္းကန္လုံးကိုစိုက္ၾကည့္တယ္..ေရဆာရင္ ခြက္ေလးကိုၫႊန္ျပတယ္..ေသးေပါက္ခ်င္ရင္..."
ဒါကိုၾကားလိုက္တာနဲ႕ ယင္စန္စန္က ဒါကိုဆက္မေျပာေစခ်င္တဲ့ပုံနဲ႕ သူ႕လက္ေလးကိုအျမန္ခါျပလာကာ 'အာ အာ အာ ' ဆိုတဲ့အသံေလးေတြလုပ္ျပလာသည္။
ရန္ခ်ိဳး႐ႊမ္မွာ ၿပဳံးလိုက္မိသည္။
"ငါတို႔စန္စန္ေလးက ရွက္ေတာင္ရွက္တတ္ေနၿပီလား"
သူခ်ီးပါၿပီးလို႔ ဖင္ေလးေဆးေပးတဲ့အခါတိုင္း အၿမဲတမ္း သူမကိုမၾကည့္ဘဲ တစ္ဖက္ကိုလွည့္ေနတတ္တာက မထူးဆန္းေတာ့ေပ။
ထိုအခါ ယင္စန္စန္က သူ႕ေခါင္းေလးကို ႐ုန္ယိလည္ပင္းၾကားထဲဖြက္ထားလိုက္ေလသည္။
႐ုန္ယိ ေတာ္ေတာ္ေလးရယ္ခ်င္လာရသည္။
"သူက ေသးေသးေလးရွိေသးတာေတာင္ ရွက္တတ္ေနၿပီေပါ့ေလ"
ရန္ခ်ိဳး႐ႊမ္က မရယ္မိေအာင္ထိန္းထားရင္းနဲ႕
"ဟုတ္ပါၿပီ...မေျပာေတာ့ဘူး..ရပ္လိုက္ၿပီ..ဟုတ္ၿပီလား"
"ဒါနဲ႕ ခ်ယ္ရီသီးေလးနဲ႕ က်န္းမုတို႔ေရာ ဘယ္ေရာက္ေနၾကလဲ"
"ခ်ယ္ရီသီးေလးက ေက်ာင္းသြားတယ္..က်န္းမုက ႐ုန္ဟြမ္ဆီကေန စကားေျပာတာကိုသင္ေနတယ္"
"အင္း..အေမ အေမ့ပစၥည္းေတြသြားသိမ္းထားလိုက္ေတာ့ ကြၽန္ေတာ္တို႔ အခုေျပာင္းၾကေတာ့မွာ"
ရန္ခ်ိဳး႐ႊမ္က မေန႕တည္းက အိမ္အသစ္ဝယ္ၿပီးတဲ့အေၾကာင္းကို သူ႕ဆီကေနၾကားၿပီးသားျဖစ္၏။
"ငါ့မွာ သိမ္းဆည္းထုတ္ပိုးစရာဘာမွမရွိဘူး..အခုခ်က္ခ်င္း သြားလို႔ရတယ္"
ထို႔ေနာက္ ႐ုန္ယိ ကေလးကိုခ်ီၿပီး ယင္က်င္းရဲ႕ဆီကိုသြားလိုက္သည္။ ယင္က်င္းရဲ႕က လက္ေရးလွေလ့က်င့္ေနတာျဖစ္ေလသည္။ သူအနားသြားကာ ကေလးကို ယင္က်င္းရဲ႕လက္ထဲထည့္ေပးလိုက္၏။
"ကေလးေတြအေဖ...ကြၽန္ေတာ္တို႔ အိမ္အသစ္ကို အခုေျပာင္းၾကရေအာင္"
ယင္က်င္းရဲ႕က 'အင္း' လို႔သာျပန္ေျပာကာ ကေလးကိုခ်ီလိုက္သည္။
႐ုန္ယိ သူ႕စာလုံးေတြကိုတစ္ခ်က္လွမ္းၾကည့္လိုက္တဲ့အခါ သူ႕စာလုံးေတြက နည္းစနစ္က်ကာ အားမာန္အျပည့္ပါေနတာေတြ႕လိုက္ရသည္။ ဒါေပမဲ့ ထိုစာလုံးေတြက ယင္က်င္းရဲ႕လက္ေရးလွေလ့က်င့္ေနတာမဟုတ္ဘဲ ယင္စန္စန္အတြက္ က်င့္ႀကံဖို႔နည္းလမ္းေတြ စီစဥ္ေပးေနတာျဖစ္၏။
သူယူကာ စာ႐ြက္ကိုလွန္ေလွာၾကည့္ကာ အံ့ၾသေနတဲ့အသံနဲ႕ေျပာလိုက္သည္။
"ကေလးကငယ္ငယ္ေလးရွိေသးတာကို ခင္ဗ်ားကသူ႕ကို စၿပီးက်င့္ႀကံေစခ်င္ေနၿပီလား..သူက တရားထိုင္တဲ့ပုံစံကိုေတာင္မထိုင္နိုင္ေသးဘူးေလ"
႐ုန္ယိ ကေလးကိုစားပြဲေပၚတင္လိုက္ကာ
"ယင္စန္စန္ မင္းအေဖကို တင္ပလႅင္ေခြတဲ့ပုံစံေလးထိုင္ျပလိုက္"
ယင္စန္စန္ကလည္း သူထိုင္နိုင္မယ္ထင္ၿပီး ႐ုန္ယိေျပာတဲ့အတိုင္း ေျခေထာက္ေတြေခြထိုင္ဖို႔ႀကိဳးစားလိုက္သည္။ သနားစရာကေတာ့ သူ႕ေျခေထာက္ေလးေတြက တိုတိုေလးဘဲရွိေနေသးေလသည္။ သူ႕မွာ ေျခေထာက္ေတြယွက္ထိုင္ဖို႔မေျပာနဲ႕ ေျခဖဝါး ေျခဖဝါးခ်င္းေတာင္ ထိကပ္ၿပီးမထိုင္နိုင္ေသးေခ်။
သူ႕သား ႀကိဳးႀကိဳးစားစားလုပ္ေနတာကိုၾကည့္ၿပီး ႐ုန္ယိမွာ ေအာ္ရယ္မိေတာ့သည္။
ယင္စန္စန္က ေခါင္းေလးေမာ့လာကာ သူ႕ကိုဒီေလာက္ခက္ခဲတာကိုလုပ္ခိုင္းဖို႔ သူ႕ေဖေဖကိုခိုင္းတယ္ဆိုၿပီး စြပ္စြဲအျပစ္တင္ေနတဲ့အၾကည့္ေတြနဲ႕ ယင္က်င္းရဲ႕ကိုၾကည့္လာ၏။
ယင္က်င္းရဲ႕ "......"
ဒါသူ႕အတြက္ ပထမဆုံးအႀကိမ္ တစ္ျခားတစ္ေယာက္ကို က်င့္ႀကံတာကိုသင္ေပးတာျဖစ္ၿပီး ဒီကေလးကလည္း ေမြးထဲက ေမြးကင္းစကေလးနဲ႕လုံးဝတူမေနေပ။ ဒါေၾကာင့္သူလည္း အစကတည္းက ယင္စန္စန္ကို ယင္ေထာင္နဲ႕အတူတူ သုံးႏွစ္အ႐ြယ္လို႔ဘဲယူဆထားခဲ့တာျဖစ္ေလသည္။
႐ုန္ယိ ရယ္ေမာေနတာကို မနည္းရပ္လိုက္ရၿပီး ေျပာလိုက္သည္။
"ကေလးေတြအေဖ..သူ႕က်င့္ႀကံေရးအတြက္ အရမ္းအလွ်င္လိုမေနပါနဲ႕...ဒီကိစၥက ေနာက္ႏွစ္နည္းနည္းေလာက္ၾကာမွစဥ္းစားရမွာ...ကေလးက ကြၽန္ေတာ္တို႔ေျပာသမွ်နားလည္ေနတယ္ဆိုမွေတာ့...သူ အေျခခံအခ်က္ေလးေတြနားလည္နိုင္ေအာင္လို႔ ခင္ဗ်ားအားတဲ့အခ်ိန္မွာ သူ႕ကိုက်င့္ႀကံေရးအေၾကာင္းေတြေျပာျပလို႔ရတယ္ေလ ဒါမွမဟုတ္လည္း သူ႕ကိုစကားေျပာတတ္ေအာင္သင္ေပးလို႔ရတာဘဲ..ဒီလိုဆိုရင္ သူလည္း က်င့္ႀကံေရးနဲ႕ပတ္သတ္တဲ့ အေျခခံဗဟုသုတေတြရသြားနိုင္သလို တစ္ခ်ိန္တည္းမွာဘဲ ခင္ဗ်ားလည္း သူနဲ႕ရင္းႏွီးနိုင္တာေပါ့..ဒီအေၾကာင္းထားလိုက္ေတာ့..ကြၽန္ေတာ္တို႔ အခုအိမ္ေျပာင္းၾကရေအာင္"
ယင္က်င္းရဲ႕က ေျပာလာသည္။
"ခ်ီလန္ကို ကိုယ္ေျပာလိုက္မယ္"
ခ်ီလန္က သူ႕ကိုအၿမဲတမ္းဆန့္က်င္ေနေပမဲ့လည္း သူတို႔က အတူတူႀကီးျပင္းလာတာၾကျဖစ္တာမလို႔ အနည္းဆုံးေတာ့ သူ႕ကိုအသိေပးသင့္ေလသည္။
႐ုန္ယိ အနည္းငယ္မေပ်ာ္မ႐ႊင္ျဖစ္သြားေပမဲ့လည္း ေခါင္းေတာ့ၿငိမ့္လိုက္ေသးသည္။
"ကြၽန္ေတာ္လည္း ခင္ဗ်ားနဲ႕အတူသြားမယ္"
သူတို႔ ပိေလာ့ၿခံဝန္းကေနထြက္လာတဲ့အခါ ရွင္းယြဲ႕က အေစခံတစ္ေယာက္ကိုလက္ေမာင္းကေနဆြဲထားၿပီး ေမးေနတာကိုေတြ႕လိုက္ရသည္။
"နင္တို႔ေတြ ဘာလို႔ ဒီေလာက္အလွ်င္လိုေနရတာလဲ..တစ္ခ်ိဳ႕အေစခံေတြက ပရိေဘာကအသုံးအေဆာင္ေတြကိုပါ သိုေလွာင္လက္စြပ္ထဲကိုထည့္ေနတာေတြ႕လိုက္တယ္..နင္တို႔ အိမ္ေျပာင္းၾကေတာ့မလို႔လား"
အေစခံမွာ အေနရခက္ေနပုံေပၚၿပီး သူမကို အမွန္အတိုင္းေျပာလိုက္ရမလား မေျပာရဘူးလား သူမသိေတာ့ေပ။
႐ုန္ယိ သူမကိုလွမ္းေျပာလိုက္သည္။
"ဒီေန႕ ငါတို႔ အိမ္အသစ္ကိုေျပာင္းၾကေတာ့မွာ...ယင္အိမ္ေတာ္က မင္းနဲ႕မင္းသခင္တို႔ရဲ႕ အိမ္ျဖစ္သြားၿပီ"
ရွင္းယြဲ႕ မ်က္ႏွာအမူအယာအနည္းငယ္ေျပာင္းသြားၿပီး ယင္က်င္းရဲ႕ကိုေျပာလိုက္၏။
"သခင္ယင္...ကြၽန္မသခင္ကို ဒီမွာတစ္ေယာက္တည္းထားခဲ့ေတာ့မွာလား"
"ရွင္းယြဲ႕"
ခ်ီလန္က သူ႕ၿခံဝန္းထဲကေနထြက္လာၿပီး ၿခံဝန္းတံခါးကိုမွီကာ ႐ုန္ယိကိုၿပဳံးျပလိုက္သည္။
"သူတို႔ကို ေျပာင္းခိုင္းလိုက္ပါ...ဘယ္လိုဘဲျဖစ္ျဖစ္ ဆရာတူညီေလးယင္နဲ႕ ငါက မၾကာခင္လက္ထပ္ေတာ့မွာဘဲေလ..လက္မထပ္ခင္ငါတို႔ မေတြ႕သင့္ဘူး...ဒါေၾကာင့္ ခြဲေနတာကပိုေကာင္းတယ္ေလ"
ဒါကိုၾကားတာနဲ႕ ရွင္းယြဲ႕မွာ ေပ်ာ္႐ႊင္သြားကာ ၿပဳံးလိုက္ၿပီး
"သခင္ေျပာတာမွန္တယ္...သခင္ယင္နဲ႕သခင္အတြက္ သခင္မႀကီးက ရက္ေကာင္းရက္ျမတ္တစ္ရက္ေ႐ြးေပးဖို႔က သိပ္မၾကာေတာ့ပါဘူး..ၿပီးရင္ေတာ့ ကြၽန္မတို႔ တုံထန္းနယ္ေျမကိုျပန္လို႔ရၿပီ..ဒီလို အႏုတ္စုပ္ကုပ္စုပ္ေနရာမွာ ဆက္ေနစရာမလိုေတာ့ဘူး...ဒါ့အျပင္ တစ္စုံတစ္ေယာက္ကေတာ့ သူ႕ကေလးေတြကိုထပ္မေတြ႕ရေတာ့မွာမလို႔ ငိုေနရေတာ့မွာ"
႐ုန္ယိက ၿပဳံးလိုက္ၿပီး
"ငါတို႔က ယန္လမ္းထဲက ႐ုန္အိမ္ေတာ္ကိုေျပာင္းၾကမွာ...မင္းတို႔ကိုအၿမဲႀကိဳဆိုေနပါတယ္"
ရွင္းယြဲ႕က သူ႕ကို ေအးစက္စက္ၿပဳံးျပလာကာ
"ရွင္သာ ကြၽန္မတို႔ကို တစ္ကယ္ဘဲႀကိဳဆိုတယ္ဆိုရင္..ကြၽန္မတို႔ကိုပါ ရွင္တို႔နဲ႕အတူ ေျပာင္းဖို႔ဖိတ္ရမွာေပါ့"
"တံခါးမွာဘာအေစာင့္မွလည္းမရွိသလို အၿမဲတမ္းလည္းဖြင့္ထားတယ္..ဒါေၾကာင့္ မင္းတို႔ကို တားမဲ့သူဘယ္သူမွမရွိဘူး...မင္းတို႔ အလိုရွိသလို သြားလာလို႔ရတယ္"
ခ်ီလန္ မ်က္လုံးေတြေမွးက်ဥ္းလိုက္သည္။ ႐ုန္ယိ ဘာညစ္တီးညစ္ပတ္အႀကံေတြ ထပ္ႀကံစည္ေနျပန္ၿပီလဲဆိုတာ သူလည္းမသိေပ။
႐ုန္ယိ ယင္က်င္းရဲ႕ကိုလွည့္ၾကည့္လိုက္သည္။
"ကေလးေတြအေဖ...ခင္ဗ်ားဆရာတူအစ္ကိုကို ေျပာစရာရွိေသးတယ္ဆို"
ယင္က်င္းရဲ႕ေျပာမဲ့စကားမွန္သမွ် သူေျပာသြားခဲ့ၿပီးေလၿပီ။ ဒီေတာ့ သူဘာမ်ားထပ္ေျပာရဦးမွာလဲ..။ ဒါေၾကာင့္ သူက မထူးျခားနားစြာနဲ႕ 'သြားရေအာင္' လို႔ေျပာကာ ကေလးကိုခ်ီရင္းလွည့္ထြက္သြားေတာ့သည္။
ယင္စန္စန္က ခ်ီလန္နဲ႕တစ္ျခားသူေတြကို ေပ်ာ္႐ႊင္စြာနဲ႕ လက္ေလးယမ္းျပေနေလ၏။ ႐ုန္ယိ သင္ေပးထားတာမွန္းသိသာလွသည္။
ခ်ီလန္က ႏႈတ္ခမ္းကိုတြန့္ေကြးလိုက္ကာ
"ငါ့သားေလးက အရမ္းခ်စ္ဖို႔ေကာင္းတာဘဲ...ငါသူ႕အေဖျဖစ္လာရင္ သူ႕ကိုေသခ်ာသင္ၾကားေပးမယ္"
႐ုန္ယိနဲ႕ ယင္က်င္းရဲ႕တို႔ အေရွ႕ၿခံဝန္းကိုေရာက္လာတဲ့အခါမွာေတာ့ ပုခ်ီတစ္ေယာက္ ဖရိုဖရဲ ကေမာက္ကမနဲ႕ေျပးလႊားေနတာကိုေတြ႕လိုက္ရသည္။
"ဆရာေရ...သူ႕ကိုရပ္ခိုင္းလိုက္ပါေတာ့ဗ်ာ...မဟုတ္ရင္ ဆရာ့မွာ ေျမးတပည့္ဆိုတာရွိလာမွာမဟုတ္ေတာ့ဘူးေနာ္"
ဒီေသာက္ေဒါင္းစုတ္က သူ႕မ်က္ႏွာဖုံးကို ႏႈတ္သီးနဲ႕လိုက္ဆိတ္ေန႐ုံသာမက သူ႕ေအာက္ပိုင္းကိုပါ လက္သည္းကို လိုက္ကုတ္ျခစ္ေနေသးသည္။ ဘယ္ေလာက္ေတာင္ ယုတ္မာလိုက္သလဲဆိုတာ...။
ေဒါင္းျဖဴက ပ်ံသန္းေနရင္းနဲ႕ ပုခ်ီတင္ပါးကိုဖုံးထားတဲ့ အဝတ္စကိုဆြဲကာ တစ္စစီဆြဲၿဖဲပစ္လိုက္သည္။
"မင္းမ်က္ႏွာဖုံးကိုခြၽတ္လိုက္စမ္း...မဟုတ္လို႔ကေတာ့ လူတိုင္းကို မင္းကိုယ္တုံးလုံးျဖစ္ေနတာျမင္ရေအာင္လုပ္ပစ္လိုက္မယ္"
ေျမျပင္ေပၚက မ်က္ႏွာဖုံးအခ်ိဳ႕ကိုျမင္တဲ့အခါ ႐ုန္ယိ ယင္က်င္းရဲ႕ကိုေမးလိုက္သည္။
"သူတို႔က်င့္ႀကံဆင့္က အတူတူဘဲလား"
ယင္က်င္းရဲ႕က ေခါင္းၿငိမ့္လိုက္၏။
"သူ႕အတြက္ ပုခ်ီရဲ႕မ်က္ႏွာဖုံးကိုခြၽတ္နိုင္ဖို႔က လြယ္မွာမဟုတ္ဘူး"
႐ုန္ယိ မ်က္ခုံးေတြပင့္လိုက္မိၿပီး ပုခ်ီနဲ႕ ေဒါင္းျဖဴတို႔ဆီ အၾကည့္ေတြေ႐ႊ႕လိုက္၏။ ဒီေနာက္ က်န္းမုက အေနာက္ၿခံဝန္းရဲ႕နံရံေပၚကေန ပ်ံသန္းလာတာသူေတြ႕လိုက္ရသည္။ သူမ်က္လုံးလွိမ့္လိုက္ကာ ႏႈတ္ခမ္းေတြေကြးတက္သြား၏။ သိပ္မၾကာခင္မွာဘဲ သူအႀကံအသစ္ရသြားေလေတာ့သည္။
##
ညေန တစ္ပိုင္းထပ္တင္ေပးမယ္ေနာ္ 🖤🖤
************
11.1.2022