နေ့လည်စာစားချိန် ဒါရာတစ်ယောက်ဆရာခန်းဘက်သို့လာခဲ့သည်။ ခေါင်းထဲတွင်တော့ သောကြာနေ့ညက အကြောင်းနှင့်ပြည့်နှက်လျက်။
<<<<<သောကြာနေ့ည<<<<<
အိမ်ကိုလာကြိုဖို့ဖုန်းဆက်ခေါ်နေသော တေးလေးကို ဒါရာမျက်တောင်မခတ်ဘဲကြည့်နေမိသည်။
"ဒါဒါ.."
"ဘာတဲ့လဲ"
"ကိုကိုက လာကြိုမယ်တဲ့"
"ပြန်နေသေးတယ်တေးကလဲ ဒီညငါနဲ့တူတူအိပ်လိုက်တာမဟုတ်ဘူး"
ဘာမှပြန်မပြောပဲပြုံးပြလိုက်သည့် တေး။
"ဒါနဲ့ ကိုကို ဆိုတာက..."
"ငါ့ရဲ့အစ်ကိုလေ "
"ဟင်..တေးမှာအစ်ကိုရှိတာလား အရင်းလား?"
"အွန်း ဟုတ်တယ်လေ"
"ဘာလို့မိတ်ဆက်မပေးတာလဲ လျှိုထားတယ်ပေါ့"
နှုတ်ခမ်းဆူကာမေးနေသောဒါရာကြောင့် တေးကဗျာပြာပြာသလဲဖြစ်သွားသည်။
"မဟုတ်ပါဘူး စကားလမ်းမသင့်လို့ရယ် ပြီးတော့ ငါ့အစ်ကိုကကျောင်းဆရာဖြစ်နေတော့ ငါအဆင့်ကောင်းတာ အစ်ကို့ကြောင့်လို့ထင်နေကြမှာစိုးလို့ ငါလဲမပြောပြဖြစ်တာပါ ...ဘာလို့ဆိုငါ့ဖေဖေကလဲကျောင်းဆရာဖြစ်နေတော့ ငါ့အစ်ကိုတုန်းကအဆင့်ကောင်းတာ ဖေဖေကမျက်နှာလိုက်တယ်လို့အထင်ခံခဲ့ရဖူးလို့လေ"
"အင်းပါ ဟုတ်ပါပြီတေးရဲ့ အဲ့လောက်ရှင်းပြနေစရာမလိုပါဘူး...ဒါနဲ့ နင့်ရဲ့အစ်ကိုဆိုတာက.."
"ညီမလေး လာပြန်မယ်လေ"
ခြံရှေ့တွင်ရပ်ကာစကားပြောနေကြသော ဒါရာတို့နှစ်ယောက် ကားဘယ်တုန်းကလာရပ်မှန်းတောင်သတိမထားမိကြ။
"ဟင် !!ဆရာတေးသံသာ!!"
"ဒါရာ ဆရာ့ညီမလေးကိုပြန်ခေါ်သွားတော့မယ်နော် ကျောင်းဖွင့်မှတွေ့ကြတာပေါ့"
"ဟုတ်"
>>>>>>ယခု>>>>>>
(သွားပါပြီ သွားပါပြီ မိုးကြိုးတွေတော့ပွတ်ကုန်တော့မှာပဲ )
"ဘာတွေတွေးနေလို့ ဆရာ့ကိုတောင်ဝင်တိုက်လုမတတ်ဖြစ်နေတာလဲ ဒါရာ"
အတွေးများနှင့်ဗျာများနေတုန်း အသံပိုင်ရှင်ကိုဒါရာမေ့ကြည့်မိတော့
(ဆရာတေးသံသာကြီးဟ )
"ဆရာ့ကိုလာရှာတာ နေ့လည်စာတူတူစားမလားလို့"
"အွန်းသွားမယ်လေ ဆရာလဲအခုပဲသွားစားမလို့လုပ်နေတာ "
"ဟုတ်ဆရာအရှေ့ကသွားပါ"
ခေါင်းငြိမ့်ပြကာအရှေ့မှဦးဆောင်ကာထွက်သွားသော ဆရာ့၏နောက်တွင်လိုက်ပါကာပွစိပွစိအငြင်းပွားနေကြသောကျောင်းသူတစ်ယောက်နှင့်ကျောင်းသားနှစ်ယောက်။
"ဒါဒါမင်းကလဲလေ ဘာတွေတွေးနေမှန်းမသိဘူး ခုနတုန်းကကံကောင်းလို့ပေါ့ဝင်မတိုက်မိတာ တိုက်များတိုက်မိရင် ဇာတ်ကားတွေထဲကဇာတ်ဝင်ခန်းတွေလို ညီမနဲ့မညားပဲအစ်ကိုနဲ့ညားနေမယ်"
"မင်းတို့နှစ်ယောက်ရဲ့ပါးစပ်ပုတ်တွေကိုပိတ်ထား!!" ဟု ဂျက်၏အပြောကိုဒါရာငေါက်မိတော့
"ငါဘယ်နှစ်လုံးဝင်ပြောမိလို့ငါကပါလာပြန်ရတာလဲဟ!"
ဟူ၍ဒက်စတင်ကပြန်ပြောသည်။
"ခုပြောတယ် ပိတ်ထားပါဆို!"
{ကျောင်းကန်တင်းတွင်}
"ဆရာက တေးကဗျာရဲ့အစ်ကိုဆို"
"ဟုတ်တယ် ဒါရာက ဆရာ့ညီမလေးကိုသဘောကျနေတာဆို"
"ဟုတ်တယ်.. ဟာ မဟုတ်ပါဘူး"
~ဘုန်း!~
ဒါရာရှက်ရမ်းရမ်းကာဒက်စတင့်ကျောပြင်ကိုရိုက်ချလိုက်၍
"ငါဘာလုပ်မိလို့လဲလို့~" ဒက်စတင်တစ်ယောက်ငိုမဲ့မဲ့နဲ့ပြောပြန်လေသည်။
"ဆ...ဆရာကဘယ်လိုလုပ်သိတာလဲ"
"ဆရာတင်မဟုတ်ဘူး မင်းတို့အတန်းကိုစာသင်ဖူးတဲ့ဆရာတိုင်းလိုလိုသိကြတယ်"
"ဒါဒါ တစ်ကျောင်းလုံးနီးပါးတောင်သိတယ် အားလုံးက ဒီကောင်ဒက်စတင်လို.."
"မင်းသောက်ပေါင်စောက်ကိုပိတ်ထားဂျက်!"
(ငါ့တပည့်တွေကတော်တော်ယဉ်ကျေးတာပဲ)
ဟုတေးသံသာတွေးကာခေါင်းရမ်းလိုက်မိသည်။
ကလေးကလားနှစ်ယောက်ကိုဒါရာမျက်စောင်းထိုးကာဖြင့်
"ဆရာ့ညီမတစ်ယောက်ပဲမသိတော့တာပေါ့"
"သူမသိပဲနေပါ့မလား ဖြစ်နိုင်တာကတော့မိန်းကလေးဆိုတော့သူ့ဘက်ကစပြောလို့မဖြစ်ဘူးလေ"
"ဒါဆို ကျွန်တော်တို့ရဲ့ ဒါဒါကယောကျ်ားကြီးလို့ဆိုလိုချင်တာလား?"
"မဟုတ်ဘူးလေ ဒက်စတင်ရ ဆရာပြောချင်တာက ဒါရာကအရင်စသဘောကျနေတဲ့သူဆိုတော့ ဒါရာ့ဘက်ကအရင်စဖွင့်ပြောမှဖြစ်မှာပေါ့"
ဒါရာက ဆရာနှင့်ဒက်စတင်တို့ကိုကြည့်ကာ
"ဆရာအခုပြောနေတာဆရာ့ညီမအရင်းနော်"
"ငါသိပါတယ်ဟ ခက်တာက အဟမ်း! ကျောင်းသူလေးဒါရာနဲ့ဆရာ့ညီမတို့ကိုသဘောတူတာကိုး ပြီးတော့ သူတို့အတွဲ realဖြစ်ဖို့က ဆရာ့ရဲ့ရည်မှန်းချက်"
(အကျိုးနည်းအကိုအရင်းကြီးပါလား အေးပေါ့လေ အသက်ကလဲနည်းနည်းပဲကွာတာကိုး)
ဂျက်တစ်ယောက်တွေးကာဆရာ့ကိုသာကြည့်နေလိုက်သည်။
"ဒါဆိုဘယ်လိုဖွင့်ပြောရမှာလဲ"
"ဟ! ငါနင့်ကိုချစ်တယ် နင်ငါ့ကိုပြန်ချစ်ပါလို့ဖွင့်ပြောပေါ့!"
"ငါ့ကိုကျငတုံးလို့ပြောတယ် မင်းကမှတစ်ကယ့်ငတုံးကောင်ကွဂျက်ရ အဲ့လိုသွားပြောလို့ဟိုက ရင်ခုန်ပါ့မလားဟ ငါ့ကိုကြည့်ဒါဒါ"
ဟု ဒက်စတင်ကပြော၍ ဆရာ့အနားတိုးကာလက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး ဆရာ့မျက်လုံးကိုစိုက်ကြည့်၍
"ကျွန်တော်ဆရာ့ကိုချစ်တယ် ဆရာကျွန်တော့အချစ်ကိုလက်ခံပေးနိုင်မလား~"
ဟုပြောသံအဆုံး နီရမ်းသွားသောဆရာ့၏မျက်နှာ။
"တွေ့လား အဲ့လိုပြောဒါဒါ"
ဒက်စတင်ကဘာမှမဖြစ်သလိုဟန်နှင့်ဒါရာ့ဘက်ပြန်လှည့်ကာဆရာလုပ်လေသည်။
ဒါရာနှင့်ဂျက်တို့ဆရာ့ကိုစိုက်ကြည့်ကာ
"ဆရာ..ရင်ခုန်ရဲ့လား?"
"အင်း.. ဟာ!!ဘာလို့ခုန်ရမှာလဲဆရာတို့ကဘာ...ဘာမှမှမဟုတ်တာ"
"တွေ့လား!ငါ့ကိုငတုံးလို့လာပြောနေတယ် မင်းကကျအဖြစ်မရှိဘူး ဆရာက ရင်တောင်မခုန်ဘူး"
ဟုအကဲမခတ်သည့်ဂျက်က ဒက်စတင့်ကိုရန်ရှာနေသောလည်း အကဲခတ်တတ်သည့်ဒါရာမှာတော့ ဆရာ့ကိုပြုံးစိစိနှင့်ကြည့်ကာငြိမ်နေတော့သည် ။
......
"တေး~ငါနင့်ကိုပြောစရာရှိတယ်"
"အွန်း ေပြာလေ"
"အဲ့တာကလေ... ဟို.. ဟိုလေ"
"ဘယ်ဟိုလဲ"
"အဲ့တာကဟာ ဟိုဟာ..ဟိုလေ"
ပြောမည့်အရေးမပြောပဲဟိုဟိုဒီဒီလုပ်နေသော ဒါရာကြောင့် တေးကဗျာစိတ်မရှည်ချင်တော့။
"ငါနင့်ကိုချစ်တယ် လို့ပြောမလို့မလား"
"ဟုတ်တယ်.. ဟင်!!"
မိမိပြောမည်ကိုသိနေသော တေးကြောင့်ဒါရာအံ့သြသွားသည်။
"အံ့သြမနေနဲ့ ပြီးတော့ငါလည်းနင့်ကိုမချစ်ရင်နင့်အနားတောင်ကပ်မှာမဟုတ်ဘူး"
"အဟဲ တေးလေးကသတ္တိတွေကောင်းနေတာ"
"လွှတ်!"
ဒါဒါတစ်ယောက်ရွှတ်နောက်နောက်နှင့် ေတး၏လက်ကိုကိုင်လိုက်တော့ ပုတ်ချခြင်းခံလိုက်ရလေသည်။
"အား!!နာတယ်တေးရ"
မိမိလက်ကိုပွတ်ကာတစ်ခုခုကိုသတိထားမိဟန်နှင့်
"ဒါနဲ့လေတေး ပတ်ဝန်းကျင်ကတစ်ခုခုမူမမှန်ဘူးလို့မခံစားရဘူးလား"
"ဘယ်မူမှန်မလဲ မင်းတို့နှစ်ယောက်က ငါ့စာသင်ချိန်ကြီးရည်းစားစကားပြောနေကြတာလေ သွား! အခန်းရှေ့နှစ်ယောက်လုံးမတ်တပ်သွားရပ် !!!"
"ဟုတ်"
တေးနှင့်ဒါရာတို့ထကာအခန်းပြင်အထွက် အခန်းထဲမှကောင်များကလက်မထောင်ပြလိုက်သေးသည်။
"တေး ဒါဆိုငါတို့ချစ်သူတွေဖြစ်သွားကြပြီပေါ့နော်"
"အင်း"
"ဒါဆိုအနမ်းပေးလို့ရပြီပေါ့နော်"
"အခုမရဘူး"
"ဒါဆိုဘယ်တော့လဲဟင်"
''ဒါရာ!!!!!! မတ်တပ်သေချာရပ်!!"
"ဟုတ်လို့!!"
လာချောင်းသောဆရာမပြန်ဝင်သွားမှ
"ဒါကြောင့်အပျိုကြီးဖြစ်နေတာ"
"ငြိမ်ငြိမ်မနေရင် နောက်လာထိဖို့မကြိုးစားနဲ့"
"နေပြီ နေပြီ"
(ဟူး.. အခုထဲက မယကဖြစ်နေရတာ ဘယ်တတ်နိုင်မလဲချစ်တာကိုး)
ဟုတွေးနေသော ဒါရာနှင့် ဒါရာ့၏မျက်နှာကိုပြုံးစိစိကြည့်နေသော တေးကဗျာဟူသည့် အချစ်ငှက်လေးနှစ်ကောင်မှာ ဆရာမက စာသင်နေရင်းခဏခဏ လာချောင်းကြည့်သည်ကိုမသိကြပါချေ။
############End#############
Jan 19