Uni first
Zaw sec
အချိန်အားဖြင့်က ည6 နာရီရောက်နေပြီမလို့ မုသား ဖြစ်နေတဲ့
ပြဿနာတွေကို ခနမေ့ထားပြီး ညစာပဲချက်နေလိုက်တယ်....
သူသိတာက သူဒီညပဲ ကောင်လေးနားကထွက်သွားရမယ်ဆိုတာပဲ.....ဒီတိုင်းထွက်သွားလို့ မရဘူးဟုတ်လား.....သူစိတ်မပူပါဘူး သူ့မှာအကြံရှိပြီးသား .....ဟက်......
ညစာကျက်တာနဲ့ သူဧည့်ခန်းထဲကိုပြန်ထွက်လာပြီး
ကောင်လေးကို ညစာစားဖို့ ခေါ်ရပြန်တယ်.....
" ညစာ စားလို့ရပြီ....."
" အမ်း......လာပြီ ကိုကို......"
ထမင်းစား စားပွဲဆီရောက်တာနဲ့ နှစ်ယောက်သားခုံမှာဝင်ထိုင်ကြကာ ဘာစကားမှမပြောပါပဲ ညစာစားဖို့ပြင်ကြတော့သည်...
" ဒါနဲ့ ကိုကို......"
" အင်းး....."
" ကျွန်တော်တို့ မနက်ဖြန်ပဲ မြန်မာပြည်ပြန်ကြမယ်လေ....."
"..........."
" လိုက္မယ် မဟုတ်လား.......ကိုကို မလိုက်ချင်လည်း လိုက်ရမှာပဲ....ဘာလို့ဆို စာချုပ်ရှိတယ်လေ....."
" အဟင်းး.....လိုက္မှာပေါ့......"
အိပ်မက္ထဲမှာ ဆိုတာကိုတော့ မုသားထည့်မပြောဖြစ်လိုက်....
ခစား သူ့ရှေ့က သူ့အကြံနဲ့သူ ဟုတ်နေတဲ့ ကိုကို့ကို ကြည့်ပြီး တစ်ချက်ပြုံးမိတယ် .....ဘယ်လိုဖြစ်လို့ ဒီရိုးအီေနတဲ့ နည်းလမ်းကြီးကို သုံးဖို့ စဉ်းစားမိသွားတာလဲ သူမသိတော့ဘူး......
" ဒါနဲ့ ဘာလို့ ပြဿနာမရှာတော့တာလဲ...."
" လိုလို့လား.....ပြဿနာ မဖြစ်ချင်တော့လို့လေ...."
" အော်......ဒါနဲ့ ကိုကို ကျွန်တော့်ဆီကနေ လွတ်မယ်လို့ထင်လို့လား......စာချုပ်အတိုင်း မလိုက်နာရင် တရားစွဲလို့ရတယ်နော်....."
" ဘာလို့ ဒါတွေလာပြောနေရတာ.....ခစား....."
" အဟွန်း.....ဘာမှမဟုတ်ပါဘူး.....ဒါနဲ့လေ ဘာလို့ ဗမာကားတွေထဲက နည်းလမ်းအတိုင်း လိုက်လုပ်နေရတာလဲ......အိပ်ဆေးခတ်တယ်ဆိုတဲ့ နည်းလမ်းကြီးကလေ ....
မရိုးလွန်းဘူးလား....."
"..............."
" ထားပါ .....မနက်ဖြန် မြန်မာပြည်ပြန်ဖို့ ပြင်ထား.....ပြီးတော့ ဒီဟင်းချိုဟင်းလေး သွားသွန်လိုက္မယ်လေနော်.....ကိုကို ထွက်သွားကတည်းက ကျွန်တော်က အိပ်ဆေးလည်းမတိုးတော့ဘူးဗျ....သိရဲ့လား......"
" ..............."
ထမင်းစားနေတဲ့ တစ်လျှောက်လုံး မုသား ဘာစကားမှ ဆက်မပြောနိုင်ခဲ့.....ကောင်လေး ပြောသလို သူရွေးတဲ့ နည်းလမ်းက မှားသွားပုံရတယ်......ဒါပေမယ့် သူက ဘယ်သူလဲ ....မုသားလေ.....တစ်နည်းမရတော့ နောက်တစ်နည်းပေါ့.....ဒီတစ်ခါတော့ သူကပြေးကြည့်မယ်လေ .....ကောင်လေးက လိုက်ပေါ့....
ထမင်းစားပြီးတော့ ဧည့်ခန်းထဲ ပြန်ဝင်လာကြကာ ခစားက ဆိုဖာမှာ ဝင်ထိုင်ပေမယ့် မုသားကတော့ ဧည့်ခန်းစားပွဲပေါ်က သူ့ဖုန်းဆွဲသူ ဆွဲယူကာ အိပ်ခန်းထဲ ဝင်သွားတော့သည်.....
" ဟင်းးး......မလွှတ်မှန်းသိရက်နဲ့ ဘာလို့ပြေးချင်နေရတာလဲ
မသိပါဘူး.....လူတွေများ ခက်တယ်......ရချင်တုန်းကလည်း သူပဲ.....အဲ့အချိန်ကတည်းက မြူဆွယ်တာ မဟုတ်ရင် မဟုတ်ဘူးလို့ ငြင်းပေါ့လို့ ......အခုကျ သူများက သူ့ကို ချစ်ပြီ ဆိုကာမှ သူက ထွက်ပြေးချင်နေတယ်...."
ခစား တစ်ယောက် အခန်းထဲ ဝင်သွားတဲ့ မုသားကျောပြင်ကိုကြည့်ကာ တစ်ကိုယ်တည်းရေရွတ်နေတော့သည်....
အခန်းထဲက မုသားကတော့ ခစားဆီက ထွက်သွားရဖို့အရေး သူ့ အရေးလုပ်ကာ မင်းသီဇဆီ ဖုန်းဆက်ပြီး သူ့ကို ညကြီးသန်းခေါင်အချိန် လာေခါ်ဖို့ ဖုန်းဆက်နေတော့သည်......
📱" အိုကေ.....ချစ်လေး.....ကိုကို လာေခါ်မယ် .....
အထုတ်တွေ တစ်ခါထဲပြင်ထားနော်....."
" သီဇ .....မင်းလာမစစမ်းနဲ့.....လာခေါ်ရင်လည်း ကားကို အိမ်နဲ့ အဝေးမှာ ရပ်ပြီး အိမ်ရှေ့ကို လမ်းလျှောက်လာခဲ့....."
📱" မင်း ခစားကို ပိုင်တာ သေချာလို့လား.....ငါသူ့ကို ကြောက်တယ်နော်....."
" ငါရှိပါတယ် .....မကြောက်နဲ့....."
📱" အော်အေအေ.....အာ့ဆို အားကိုးပါရစေ....ဟဟ...."
" ဒါပဲ ....."
📱" အေးအေးးး...."
မုသား ဖုန်းချပြီးတာနဲ့ ဗီဒိုထဲက သူ့အဝတ်အစားတွေနဲ့အပြင်မှာရှိနေတဲ့ သူ့ပစ္စည်းတွေကို အိတ်ထဲ ကောက်ထည့်နေတော့သည်.......တရားစွဲတာလား ....စွဲပါစေပေါ့....သူမကြောက်ပေါင်.....မတတ်နိုင်တော့တဲ့အခါမှ သီဇဆီက ပိုက်ဆံ
ချီးပြီး ပေးလိုက္မယ်.....ေနာက္မှ သီဇကို အေးဆေးပြန်ဆပ်မယ်လေ......သူ့မှာ ပိုက်ဆံတွေရှိပေမယ့် $သိန်းသုံးဆယ်တော့မရှိ.....ဘယ်လိုစိတ်ကူးနဲ့များ သူ့ဆီက တောင်းရက်တာလဲမသိဘူး ......
Time Skip......ည 11 နာရီ.....🕙
မြန်မာပြည်မှာဆို ည 11 နာရီ 12 နာရီဆိုတာက တိတ်ဆိတ်နေသလောက် ဒီကတော့ အဲ့လိုမဟုတ်......
မုသား သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်အိပ်နေတဲ့ ကောင်လေးကို မော့ကြည့်မိတယ်......မတွေ့ရတဲ့ နှစ်တွေအတွင်းမှာ ကောင်လေးက တော်တော်လေး လူကြီးဆန်ပြီး ရင့်ကျက်လာတယ်.....အရင်ကတည်းက ချောမျောေနတဲ့ မျက်နှာလေးပေါ်မှာ ရင့်ကျက္မှုတွေပါထပ်ပေါင်းလိုက်တော့ ကောင်လေးက
တကယ့်ကို သူ့အတွက် တစက္မှ အကြည့်လွဲချင်စရာတောင်
မရှိ.....
မုသား ကောင်လေးရဲ့ မထူမပါး မျက်ခုံးမွှေးလေးရယ် ၊ ဖြောင့်ဆင်းနေတဲ့ နှာတံ ၊ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်း တစ်ခုချင်းဆီတိုင်းကို လိုက်ကိုင်ကြည့်နေမိတယ်.....ပြီးတော့ သူသဘောကျရဆုံး ကောင်လေးရဲ့ ညာဘက်ပါးပေါ်က မှဲ့လေး ကို သူ့လက်ညိုးနဲ့ အသာထိကြည့်မိတယ်......
အိမ်ရှေ့က သီဇရဲ့ လေချွန်သံတစ်ချက်တစ်ချက်ကို မုသားကြားနေရပြီမလို့ သူ့ခါးကို ဖက်ထားတဲ့ ကောင်လေးလက်တွေကို အသာဖြုတ်ချပြီး ဗီဒိုတံခါးကို အသာဖွင့်ကာ အသင့်ပြင်ထားတဲ့ အိတ်ကို အသာဆွဲယူပြီး အခန်းပြင်ထွက်ဖို့ ပြင်ရတော့သည်......
အသက်ရှုတွေပါအောင့်ပြီး တံခါးတွေကို အသံမမြည်စေဖို့
ထိန်းဖွင့်နေရတယ်.....ကောင်လေးအိပ်မောကျနေတဲ့ အချိန်
မလို့သာ တော်သေးတယ်......
အိပ်ခန်းတံခါးကို ကျော်ပြီး အိမ်မကြီးတံခါးကို ဖွင့်ကာ
အပြင်ထွက်ဖို့အပြင် ......
" ဒီလိုအချိန်မှာ ကျွန်တော် အိပ်ပျော်နေမယ်လို့ .....ကိုကို
ဘယ်လိုများ ထင်မိတာလဲ....."
မုသား အပြင်ကို ထွက်ဖို့ ပြင်နေတဲ့ ခြေလှမ်းတွေက သူ့နောက်ကျောကနေ ထွက်လာတဲ့ ခစားအသံကြောင့် ရပ်တန့်ကုန်တော့သည်.......
" ပြီးတော့ အခုက ဘယ်သူလာခေါ်တာလဲ .....ဟိုကောင်
မင်းသီဇလား......."
" ............"
" ဟင်းးးး....ပေးပေး......ဘယ်တွေသွားချင်နေတာတုန်း....
လာ သွားပြန်အိပ်ကြမယ်......ကျွန်တော် အိပ်ချင်နေပြီ....."
ခစား ပြောနေရင်းက မုသားအနားရောက်လာကာ မုသား
လက်ထဲက အဝတ်အိတ်ကို ပြန်ဆွဲယူနေတော့သည်.....
" ဟင့်အင်း......မပေးဘူး......"
" ကျစ်....!!....ပြောရမခက်စမ်းပါနဲ့ ကိုကိုရာ......ဖြစ်ခဲ့သမျှ လုပ်ခဲ့မိသမျှ အပြစ်တွေအတွက် ကျွန်တော်တောင်းပန်ပါတယ်
ဟုတ်ပြီလား......အခုတော့ အထဲပြန်ဝင်ကြမယ်လေနော်.....
တံခါးဖွင့်ထားတော့ အေးတယ်ဗျ......ကိုကို....!!......."
မုသား ခစားပြောနေတာတွေကို နားမထောင်ပဲ ခစားလက်ထဲက သူ့အိတ်ကို ပြန်ဆွဲနေတာမလို့ ခစားစိတ်တိုကာ အော်မိသွားတော့သည် ......
" ကျွန်တော် ကောင်းကောင်းပြောနေတာလေ.....နားထောင်ပါ ....ဘာလို့ ဆိုးနေရတာလဲ......အဲ့တော့ အော်မိသွားရော....
လာ သွားကြမယ်......အခန်းထဲ ပြန်ရောက်ရင် ဟိုကောင့်ကိုလည်း ဖုန်းဆက်ပြီး ပြန်ဖို့ ပြောလိုက်ဦး......"
ခစား မုသားရဲ့ အဝတ်အိတ်မကိုင်ထားတဲ့ လက်ကောက်ဝတ်ကို ဆွဲကာ အခန်းထဲ ပြန်ဝင်ဖို့ ပြင်လိုက်ပေမယ့် မုသားကတော့
ခစားရဲ့ လက်ထဲက ရုန်းထွက်ကာ ခစားကိုတွန်းပြီး အပြင်မှာ ရပ်စောင့်နေတဲ့ သီဇဆီ ပြေးသွားတော့သည်......
မုသားလိုသွားတာ တစ်ခုက ခြံတံခါးသော့ကလည်း ခတ်ထားတာကိုပင် ......ခစားရဲ့ သည်းခံနိုင်စွမ်းကို သွားဆွထားတဲ့ မုသားက ဒီတစ်ခါရော ခစားရဲ့ လက်က လွှတ်နိုင်ပါဦး
မလား.......
" တောက်စ်....!!....."
သူထွက်လာတာကို ခြံတံခါးကြားကနေ လှမ်းမြင်နေတဲ့ မင်းသီဇက အူယားဖားယားနဲ့ ထအော်တော့သည်.....
" မြန်မြန်.....မြန်မြန်လာ ....ချစ်လေး......"
" နေ....နေဦး .....ခြံသော့ .....ခြံသော့ ဖွင့်ရဦးမယ် ......"
" ဟာ.....မြန်မြန် လုပ်လေ.....အာ့ဆိုလည်း....."
" အေး...အေးပါ......"
မုသား ထက္မြန်တဲ့ ခစားက မုသားအနားရောက်လာကာ
မုသားကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ကာ .......
" အထဲပြန်ဝင်......!!....မဟုတ်ရင် ကျွန်တော့်အဆိုးမဆိုနဲ့ .....".
"............."
" ပြန်ဝင်စမ်းလို့ ပြောနေတယ်လေ....အခုအိမ်ထဲကို
ပြန်ဝင်......"
" ကိုယ့်ကို လာအော်မနေနဲ့ ......သက်တံ့ခစား.....ပြီးတော့
ကိုယ်က ဘာလို့ မင်းပြေားကား နားထောင်နေရမှာလဲ .....
မင်းက ကိုယ့်အဖေမလို့လား......ကိုယ့်စိတ်နဲ့ကိုယ် သွားချင်သွားမယ် နေချင်နေမယ် .....မင်းနဲ့မဆိုင်ဘူး......"
" ဟက်......ရတယ်လေ....."
ခစား ခပ်ထေ့ေထ့တစ်ချက်ရီကာ မုသားကိုအကြမ်းပတမ်းဆွဲမကာ ပုခုံးပေါ် ထမ်းပြီး အိမ်ထဲကို ပြန်ခေါ်သွားတော့သည်....
မုသားလက်ထဲက ကျသွားတဲ့ အဝတ်အိတ်ကိုလည်း ပြန်ကောက်ယူဖို့မမေ့.....
" ဟာ.....ဘာလုပ်တာလဲ....လွှတ်စမ်း....."
အိမ်ထဲမရောက်ခင်.....
" မသေချင်ရင် ......နောက်တစ်ခါ ငါ့လူကို ငါ့အနားက ခေါ်သွားဖို့ ထပ်မကြိုးစားနဲ့ မင်းသီဇ......မဟုတ်ရင် မင်းအဖေမျက်နှာလည်း ငါကြည့်နေမှာ မဟုတ်ေတာ့ဘူး....."
" သက်တံ့ခစား......ကိုယ့်ကို ချပေးစမ်းလို့ ပြောနေတယ်နော် ..."
" ကျစ် .....!!...ကိုကို ငြိမ်ငြိမ်နေစမ်း.....ပြုတ်ကျမယ်....."
ခစား နောက်ဆုံးအနေနဲ့ သီဇကို ခြိမ်းခြောက်ခြင်းမမည်တဲ့
ခြိမ်းခြောက္တဲ့ အကြည့်တစ်ချက္ပေးပြီးတာနဲ့ မုသားကို
ထမ်းလျက်အနေအထားနဲ့ပဲ အိမ်ထဲကို ပြန်ဝင်သွားတော့သည်.....
' ဝုန်း....'
အခန်းထဲ ပြန်ရောက်တာနဲ့ ခစား မုသားကို ကုတင်ပေါ်ပစ်ချကာ ......
" ကုတင်ပေါ်က ဆင်းရဲဆင်းကြည့် အလုပ်ခံရမယ်.....
ကျွန်တော် ပြောချင်တဲ့ အဓိပ္ပာယ် ကိုကိုနားလည်မှာပါ .....အဲ့တော့ မလုပ်ရဲဘူးထင်ရင် ဆင်းကြည့်လိုက်......."
ခစား ပြောကာ အခန်းထဲကပြန်ထွက်ပြီး အိမ်မကြီးတံခါးသွားပိတ်ပြန်တော့သည်......
သူအခန်းထဲပြန်ရောက်တော့ ကုတင်ပေါ်မှာ ရုပ်သေကြီးနဲ့
ထိုင်နေတဲ့ သူ့လူ......
" အဲ့ဒါ ဘာဖြစ်နေတာတုန်း မျက်နှာကြီးက ....."
" ..........."
" မှတ်ထားနော် ......ကိုကို လုပ်ထားတဲ့ အပစ်တွေက တော်တော်များနေပြီ......အဲ့အတွက် ဟိုပြန်ရောက္မှ အပြစ်ပေးတော့မယ် .......ပြီးတော့ ဆောင်းသက်လွှာနဲ့ ကိစ္စက ကိုကို ထင်နေတဲ့အတိုင်းမဟုတ်ဘူး......အဲ့အတွက် သက်သေလည်း ကျွန်တော့်မှာ ရှိပြီးသား.....အဲ့တော့ အဖြစ်မှန်တွေမသိခင်ထိ
ငြိမ်ငြိမ်လေးနေ မဟုတ်ရင်........"
ခစားရဲ့ သူ့ရဲ့ စကားအဆုံး ကိုကို့ ရဲ့မျက်ဝန်းတွေထဲမှာ ဆောင်းသက်လွှာနဲ့ သူ့ရဲ့ ကိစ္စကို သိချင်နေတဲ့ အရိပ်အယောင်တစိုးတစကို သူမြင်လိုက်ရတာမို့ .......
" သိရမှာပါ.....ဟိုပြန်ရောက်ရင် ......အခုတော့ အိပ်ကြမယ်....
မနက်ဖြန်ေန့လည်ပဲ ပြန်တော့မှာမလို့ .....အိပ်ရေးဝဝ အိပ်ထားကြရအောင်.......ကျွန်တော့်မှာ အလုပ်တွေလည်း ပိနေပြီ.....
ကိုကိုနဲ့ ကစားပေးနေရတာနဲ့ ......"
"............."
" လာ.......ကျွန်တော့် ရင်ခွင်ထဲ......"
ကုတင်ပေါ်တက်ကာ သူ့အိပ်ယာေပါ်လှဲချပြီး မုသားရဲ့
လက္မောင်းရင်းက အသာဆွဲကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းတော့သည်.......
မုသားကတော့ ခစားလုပ်သမျှကို ငြိမ်ခံနေတော့သည်.....
မရုန်းရဲတာ မငြင်းရဲတာဆို ပိုမှန်ပေလိမ့်မည်.....ဘာလို့ဆို ခစားက ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တယ်ဆိုတာ သူသိသည်လေ....
ခစား သူ့ရင်ခွင်ထဲရောက်နေတဲ့ ကိုကို့ရဲ့ ကျောပြင်သေးသေးလေးကို အသာ သပ်ပေးကာ ကိုကိုအိပ်ပျော်သွားအောင်လုပ်ပေးနေမိတယ်......အတူရှိခဲ့တဲ့အချိန်တွေမှာ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အချိန်တွေက သုံးပုံပုံရင် တစ်ပုံလောက်တောင်ရှိမနေခဲ့တာမို့ ကိုကို သူ့နားထပ်မနေချင်တော့တာကို သူနားလည်ပါတယ်......ဒါပေမယ့် သူကတော့ ကိုကိုမရှိရင် မနေတတ်တော့တဲ့ ဘဝကို ရောက်နေခဲ့ပြီလေ .......
" ကျွန်တော် တောင်းပန်ပါတယ် ကိုကို......ရိုက္မိခဲ့သမျှ၊ လုပ်ခဲ့မိသမျှ နာကျင်စရာ ကိစ္စတွေအတွက်ပါ.....ဒီစကားကို ကျွန်တော် ကိုကို့ကို စတွေ့ကတည်းက ပြောချင်နေခဲ့တာပါ....
ဒါပေမယ့် ကိုကို ကျွန်တော့်ကို အခွင့်အရေးမပေးဘူးလေ.....
ကိုကိုသိလား ကျွန်တော် ကိုကို့ကို ပြန်ရှာတွေ့ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲဆိုတာ ......အဖေကလည်း ရှာမပေးနိုင်ဘူးတဲ့ ကိုယ့်အစွမ်းအစနဲ့ကိုယ်ရှာတဲ့......."
"................"
" ပြီးတော့လေ ......ကျွန်တော် ကိုကို့ကို ချစ်ပါတယ် ......
ကျွန်တော် ကိုယ့်စိတ်ကိုယ် မသိခဲ့လို့ပါ.......ကိုကို အနားမှာ မရှိတော့မှ ကျွန်တော် ကိုကို မရှိရင် မနေတတ်တော့မှန်း တဖြည်းဖြည်းသိလာခဲ့တာ .....ကိုကို ထွက်သွားတုန်းကဆိုလည်း ကျွန်တော့်မှာ အရူးတစ်ပိုင်းပဲ ......"
"..............."
" ပြောစရာစကားတွေ အများကြီးရှိနေသေးပေမယ့် .....အခုပြောမယ့်စကားတွေက ကျွန်တော်ပြောရုံလောက်နဲ့ လုံလောက်မှာမဟုတ်ဘူး.......တမင်သက်သက် အဲ့သက်သေကို ယူမလာခဲ့တာ .....ဘာလို့ဆို ကျွန်တော်ကိုကို့ကို မြန်မာပြည်ကို မရရအောင် ပြန်ခေါ်သွားမယ်လို့ သံဓိဌာန် ချထားလို့လေ......"
"..........."
' ပြွတ်စ်.....'
" အိပ်တော့နော် ......ကျွန်တော် သက်တံ့ခစားက မုသားဆိုတဲ့ ကိုကို့ကို ချစ်ပါတယ်....အဆုံးရှုံး မခံနိုင်တော့လောက်အောင်အထိ ချစ်မိသွားခဲ့တာပါ ......အဲ့ဒါကြောင့် ကျွန်တော့်နားက ထပ်ထွက္မသွားပါနဲ့ ကိုကို ......."
ခစား သူ့ရင်ခွင်ထဲရောက်နေတဲ့ မုသားရဲ့ နဖူးထက်ကို အနမ်းတစ်ချက်ခြွေလိုက်ကာ မုသားကို တင်းနေအောင်ဖက်ပြီး သူလည်း အိပ်စက်ခြင်းဆီသို့ ........
သူ့ရင်ခွင်ထဲက မုသားကလည်း ခစားရဲ့ စကားတွေကြားပြီး မျက်ရည်တွေဝဲနေခဲ့တယ်ဆိုတာကို ခစားကတော့ မသိနိုင်ခဲ့........
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အခြေအနေတွေက မနေ့ကနဲ့မတူ အေးချမ်းနေတော့သည်....
အနက်နဲ့အဖြူစင်းကြောင်းတွေ ရောယှက်ထားတဲ့ အိပ်ယာထက္မှာ ကောင်လေး နှစ်ယောက်က အေးချမ်းစွာ အိပ်မောကျလို့ .....ခနကြာတော့ ထိုကောင်လေးနှစ်ယောက်ထဲက တစ်ယောက္မှာ နိုးလာတော့သည်........
ထုံးစံအတိုင်း ဒီနေ့လည်း သူက ကောင်လေးရင်ခွင်ထဲ ရောက်နေပြန်တာမို့ မုသား တစ်ချက်ပြုံးမိသွားတယ်......မနေ့က ကောင်လေးပြောတဲ့ စကားအသွားအလာတွေအရ သူသိလိုက်တာ တစ်ခုက ကောင်လေးနဲ့ ဆောင်းသက်လွှာက ဘာမှ ဖြစ်ခဲဲ့တဲ့ပုံမပေါ်......ဟုတ်မဟုတ်မသေချာသေးပေမယ့် ဟိုရောက္မှ အခြေအနေကြည့်ပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားတာပေါ့.....
ဒါတင်မကသေးဘူး သူမျှော်လင့်နေခဲ့တဲ့ ကောင်လေးဆီက ချစ်တယိဆိုတဲ့ စကားကြားလိုက်ရ တာမလို့ လူက ပြန်ပြီး
စိတ်ပျော့ချင်လာသလိုလို ......တကယ်ပါပဲ ကောင်လေးက
သူ့ကို ပြုစားနိုင်လွန်းတယ်.......
ထနေလည်း ဘာမှမထူးတာမလို့ မုသား ကောင်လေးရင်ခွင်ထဲ ပြန်တိုးဝင်ပြီး အိပ်နေမိတယ်......
ခစားနိုးနိုးချင်း သူ့ရင်ခွင်ထဲ ရှိနေမယ့် အိကျိအိကျိ ကိုယ်လုံးလေးကို အရင်စမ်းမိတယ်......ရှိတယ်ဆိုမှ လူက စိတ်သက်သာရာရသွားသလိုပင်......ခနနေတော့ သူ့ရင်ခွင်က ကိုယ်လုံးလေးက လှုပ်လာတာမလို့ ........
" နိုးနေပြီလား ....."
" အင်းး......"
" ဘာစားချင်လဲ .....ကျွန်တော်မှာပေးမယ် ....."
" ဘာဖြစ်ဖြစ်ရတယ်.......ဘယ်အချိန်ပြန်မှာလဲ ဟိုကို....."
" နေ့လည်ေလာက္မှပါ ......ဘာဖြစ်လို့လဲ ......"
" ဘာမှမဖြစ်ပါဘူး ......ကိုယ်ပြန်လိုက္မှာဆိုတော့ မင်းသီဇကို
နှုတ်ဆက်စကားပြောမလို့ ......"
" ထပ်ပြီး အဲ့ကောင်ပဲလား......"
" သူက ကိုယ့်သူငယ်ချင်းလေ......ကိုယ်ဒီကိုရောက်လို့ အခက်အခဲ ဖြစ်နေတဲ့ အချိန် သူကပဲ ကူညီပေးခဲ့တာ ....."
" ဖုန်းနဲ့ပဲ လှမ်းနှုတ်ဆက်လိုက်လို့မရဘူးလား ......"
" မရဘူးလေ......သူစိတ်မကောင်းဖြစ်နေမှာပေါ့ ......"
" ဟန့်......ကိုကိုကလည်း ......"
" ဘာလို့တုန်း ......."
" သူ ကိုကို့ကို ချစ်လေး ၊ချစ်လေးနဲ့ ခေါ်နေတာကြီးကို ကျွန်တော်မကြိုက်ပါဘူး ......"
" ..............."
" ပိုင်စိုးပိုင်နင်းနဲ့ သူများလူကို ....."
" ဘယ်သူက ကောင်လေး လူလဲ......ကိုယ်လား......
ကိုယ်က ကောင်လေးရဲ့လူ မဟုတ်ရပါဘူးနော် ....."
" ဟားး.....ပြန်ခေါ်ပြီ......နောက်ဆုံးတော့ ပြန်ခေါ်ခဲ့ပြီ.....
ကိုကိုသိလား ကျွန်တော် ကိုကို့ရဲ့ အဲ့လို ခေါ်သံလေးကို လွမ်းနေရတာ ......တကယ် လွမ်းနေမိတာ ....."
".............."
မုသားတို့ အရှက်ဗြန်းဗြန်းကွဲလေပြီ......မခေါ်သေးဘူးလို့ စိတ်ထဲက စဉ်းစားထားပေမယ့် သစ္စာဖောက်တဲ့ သူ့ပါးစပ်က
လက္မခံပေ......
" ဘာလို့မျက်နှာကြီးက ရဲနေတာလဲ ကိုကို .....ရှက်နေတာလား....."
" ဘယ်မှာ ရှက်လို့လဲ......ပူ.....ပူလို့ ......ဖယ်တော့ လူကို အတင်းဖက်ထားတာ ......တကယ်ပါပဲ......"
" ဟက်......ဗြောင်လိမ်နေပြန်ပါပြီ......ရှက်ရင်ရှက်တယ်ပေါ့....
ကိုကိုကလည်း ....."
" ဖယ်တော့ မျက်နှာသစ်တော့မယ် .....ပြီးရင် ပြန်ဖို့
ပြင်ရဆင်ရဦးမှာနဲ့ ......"
" ဟုတ်ကဲ့ပါ ခင်ဗျာ ......ဖယ်ပါပြီ ဗျ....."
မုသား ပြောင်စပ်စပ်လာလုပ်ပြနေတဲ့ ကောင်လေးကို ဘုကြည့် ကြည့်မိတယ်......ရင့်ကျက်လာတယ် အောက္မေ့တယ် ပိုပြီး
မျက်နှာပြောင်လာတာပဲ.....
နှစ်ယောက်လုံး ရေမိုးချိုး မျက်နှာသစ်ပြီးတာနဲ့ မနက်စာကို အပြင်က ဝယ်စားကာ မြန်မာပြည်က ဦးလေးနဲ့ အန်တီတို့ဖို့ ၊ပြီးတော့ မတွေ့တာ ကြာနေပြီဖြစ်တဲ့ ကြယ်ကလေးတို့ဖို့ရော မုသား လက်ဆောင်ပစ္စည်း ဝယ်ပေးချင်တာမလို့ ကောင်လေးကို ပြောကြည့်တော့ ရတယ်သွားကြမယ်ဆိုပြီး ဦးအောင်ကို လှမ်းခေါ်လိုက်တာမလို့ အခု နှစ်ယောက်လုံးက ဦးအောင်မောင်းတဲ့ ကားပေါ်မှာပင်......
" ဘယ်လိုတွေဖြစ်တုန်း ......ဟိုဘက္မှာ နေရာအကျယ်ကြီးကို
ဘာလို့ ဒီဘက်အရမ်းတိုးနေရတာခဲ ကောင်လေး ......"
" အတူတူ ကပ်ထိုင်ချင်လို့ပါဆို ကိုကိုကလည်း......"
" ဟ.....အခုကကပ်ရုံပါ မကတော့ဘူး ထပ်ပါထပ်တော့မယ်လေ......."
" ထပ်ထပ်လေ......ထပ်တော့ ပိုကောင်းတာပေါ့
ကိုကိုကလည်း....."
"............."
ကားရှေ့ခန်းက ဦးအောင်မှာတော့ အနောက်က အချစ်ငှက်နှစ်ကောင်ရဲ့ မတီမတာအသံလေးတွေကို နားထောင်ရင်း ပြုံးနေလေရဲ့.......
လက်ဆောင်ပစ္စည်း ဝယ်လို့ ပြီးစီးတော့ အိမ်ကိုပြန်လာကာ
ခနအနားယူပြီးတာနဲ့ လေယာဉ်ကွင်းဆီသွားဖို့ပြင်ရတော့သည်....ယာယီ သုံးဖို့အတွက် ဦးအောင်ကို စီစဉ်ခိုင်းထား
တဲ့ ကားကိုလည်း ပြန်အပ်ခဲ့ကာ ......လေယာဉ်ကွင်းကိုတော့ ဦးအောင်ကိုသာ လိုက်ပို့စေသည်......
လေယာဉ်ပေါ်တက်ခါနီ ခစား ဦးအောင် သုံးဖို့ အတွက်
မြန်မာငွေ ငါးသိန်းပေးခဲ့ကာ ကျေးဇူးတင်စကားပြောပြီးမှ မုသားရဲ့ လက်ကို ဆွဲပြီး လေယာဉ်ပေါ်တက်သွားတော့သည် ......
သူ့ရဲ့ လူယုံ သိုက်ကို ဖြတ်ခိုင်းထားတဲ့ VIP တန်းက ခုံမှာ ထိုင်ကာ သူ့ဘေးက မုသားကို မေးထောက်ပြီး တစိမ့်စိမ့်ထိုင်ကြည့်နေတဲ့ ခစား.....
" ကိုကိုသိလား ....."
" ဟင့်အင်း ......."
" ဟာ......ကိုကိုကလည်း ......ကျွန်တော့်စကား ဆံုးအောင်နားထောင်ဦးလေ......"
" အော်......ဆက်ပြော ဆက်ပြော....."
" ကျွန်တော် အခု အရမ်းတေွ စိတ်လှုပ်ရှားပြီး.....အရမ်းတွေ ပျော်နေတာဗျ......ဘာလို့လဲ သိလား....."
" ပြောပြကြည့်လေ......"
" ဘာလို့ဆို ကျွန်တော် ......အဖေနဲ့အမေ့ကို သူတို့ သားမက္
ကို အိမ်ကို အပါပြန်ခေါ်လာနိုင်ပြီဆိုတဲ့ အကြောင်းကြွားနိုင်တော့မှာမလို့လေ......."
"................"
" ကျေးဇူးတင်ပါတယ် ကိုကို ....ကျွန်တော်ပြောတာ
လက်ခံပေးလို့ .....ပြီးတော့ ကျွန်တော် ကိုကို့ကို ချစ်တယ်....."
"..............."
" ဒီစကားကို နေ့တိုင်းပြောတော့မှာမလို့ ......နေ့တိုင်းကြားရဖို့ပြင်ထားတော့ ကိုကို ......."
"............"
" ဟိုရောက်ရင် အလုပ်တွေပြန်လုပ်ရတော့မှာမလို့ ......ခနထပ်အိပ်ဦးမယ်နော် ကိုကို ......."
ခစား ပြောကာ သူ့ဘေးမှာထိုင်နေတဲ့ မုသားရဲ့ ပခုံးပေါ်
ခေါင်းမှီချပြီး မျက်လုံးမှိတ်ထားတော့သည်.....
ဒါဆို မုသားကရော ......သူကတော့ သူ့ပခုံးပေါ်ရောက်နေတဲ့ ခစားရဲ့ ခေါင်းလေူကို မသိမသာ ခိုးနမ်းနေလေရဲ့ ......
To be continued...!!...
အရေးအသား ညံ့ရင် ခွင့်လွှတ်ပါ ....🌼❣️
မကြိုက်ရင် လှည့်ပြန်ပါနော် .....လှောင်သလိုလို ment တွေ လာမပေးပါနဲ့ ......ကိုယ် အရေးအသားမကောင်းတာ ကိုယ်သိပါတယ် ❣️❣️
စာလုံး ပေါင်းမစစ်ထားပါ စာကြည့်နေရလို့ 🙁
..................
Uni first
Zaw sec
အခ်ိန္အားျဖင့္က ည6 နာရီေရာက္ေနၿပီမလို႔ မုသား ျဖစ္ေနတဲ့
ျပႆနာေတြကို ခနေမ့ထားၿပီး ညစာပဲခ်က္ေနလိုက္တယ္....
သူသိတာက သူဒီညပဲ ေကာင္ေလးနားကထြက္သြားရမယ္ဆိုတာပဲ.....ဒီတိုင္းထြက္သြားလို႔ မရဘူးဟုတ္လား.....သူစိတ္မပူပါဘူး သူ႕မွာအႀကံရွိၿပီးသား .....ဟက္......
ညစာက်က္တာနဲ႕ သူဧည့္ခန္းထဲကိုျပန္ထြက္လာၿပီး
ေကာင္ေလးကို ညစာစားဖို႔ ေခၚရျပန္တယ္.....
" ညစာ စားလို႔ရၿပီ....."
" အမ္း......လာၿပီ ကိုကို......"
ထမင္းစား စားပြဲဆီေရာက္တာနဲ႕ ႏွစ္ေယာက္သားခုံမွာဝင္ထိုင္ၾကကာ ဘာစကားမွမေျပာပါပဲ ညစာစားဖို႔ျပင္ၾကေတာ့သည္...
" ဒါနဲ႕ ကိုကို......"
" အင္းး....."
" ကြၽန္ေတာ္တို႔ မနက္ျဖန္ပဲ ျမန္မာျပည္ျပန္ၾကမယ္ေလ....."
"..........."
" လိုကၼယ္ မဟုတ္လား.......ကိုကို မလိုက္ခ်င္လည္း လိုက္ရမွာပဲ....ဘာလို႔ဆို စာခ်ဳပ္ရွိတယ္ေလ....."
" အဟင္းး.....လိုကၼွာေပါ့......"
အိပ္မကၳဲမွာ ဆိုတာကိုေတာ့ မုသားထည့္မေျပာျဖစ္လိုက္....
ခစား သူ႕ေရွ႕က သူ႕အႀကံနဲ႕သူ ဟုတ္ေနတဲ့ ကိုကို႔ကို ၾကည့္ၿပီး တစ္ခ်က္ၿပဳံးမိတယ္ .....ဘယ္လိုျဖစ္လို႔ ဒီရိုးအီေနတဲ့ နည္းလမ္းႀကီးကို သုံးဖို႔ စဥ္းစားမိသြားတာလဲ သူမသိေတာ့ဘူး......
" ဒါနဲ႕ ဘာလို႔ ျပႆနာမရွာေတာ့တာလဲ...."
" လိုလို႔လား.....ျပႆနာ မျဖစ္ခ်င္ေတာ့လို႔ေလ...."
" ေအာ္......ဒါနဲ႕ ကိုကို ကြၽန္ေတာ့္ဆီကေန လြတ္မယ္လို႔ထင္လို႔လား......စာခ်ဳပ္အတိုင္း မလိုက္နာရင္ တရားစြဲလို႔ရတယ္ေနာ္....."
" ဘာလို႔ ဒါေတြလာေျပာေနရတာ.....ခစား....."
" အဟြန္း.....ဘာမွမဟုတ္ပါဘူး.....ဒါနဲ႕ေလ ဘာလို႔ ဗမာကားေတြထဲက နည္းလမ္းအတိုင္း လိုက္လုပ္ေနရတာလဲ......အိပ္ေဆးခတ္တယ္ဆိုတဲ့ နည္းလမ္းႀကီးကေလ ....
မရိုးလြန္းဘူးလား....."
"..............."
" ထားပါ .....မနက္ျဖန္ ျမန္မာျပည္ျပန္ဖို႔ ျပင္ထား.....ၿပီးေတာ့ ဒီဟင္းခ်ိဳဟင္းေလး သြားသြန္လိုကၼယ္ေလေနာ္.....ကိုကို ထြက္သြားကတည္းက ကြၽန္ေတာ္က အိပ္ေဆးလည္းမတိုးေတာ့ဘူးဗ်....သိရဲ႕လား......"
" ..............."
ထမင္းစားေနတဲ့ တစ္ေလွ်ာက္လုံး မုသား ဘာစကားမွ ဆက္မေျပာနိုင္ခဲ့.....ေကာင္ေလး ေျပာသလို သူေ႐ြးတဲ့ နည္းလမ္းက မွားသြားပုံရတယ္......ဒါေပမယ့္ သူက ဘယ္သူလဲ ....မုသားေလ.....တစ္နည္းမရေတာ့ ေနာက္တစ္နည္းေပါ့.....ဒီတစ္ခါေတာ့ သူကေျပးၾကည့္မယ္ေလ .....ေကာင္ေလးက လိုက္ေပါ့....
ထမင္းစားၿပီးေတာ့ ဧည့္ခန္းထဲ ျပန္ဝင္လာၾကကာ ခစားက ဆိုဖာမွာ ဝင္ထိုင္ေပမယ့္ မုသားကေတာ့ ဧည့္ခန္းစားပြဲေပၚက သူ႕ဖုန္းဆြဲသူ ဆြဲယူကာ အိပ္ခန္းထဲ ဝင္သြားေတာ့သည္.....
" ဟင္းးး......မလႊတ္မွန္းသိရက္နဲ႕ ဘာလို႔ေျပးခ်င္ေနရတာလဲ
မသိပါဘူး.....လူေတြမ်ား ခက္တယ္......ရခ်င္တုန္းကလည္း သူပဲ.....အဲ့အခ်ိန္ကတည္းက ျမဴဆြယ္တာ မဟုတ္ရင္ မဟုတ္ဘူးလို႔ ျငင္းေပါ့လို႔ ......အခုက် သူမ်ားက သူ႕ကို ခ်စ္ၿပီ ဆိုကာမွ သူက ထြက္ေျပးခ်င္ေနတယ္...."
ခစား တစ္ေယာက္ အခန္းထဲ ဝင္သြားတဲ့ မုသားေက်ာျပင္ကိုၾကည့္ကာ တစ္ကိုယ္တည္းေရ႐ြတ္ေနေတာ့သည္....
အခန္းထဲက မုသားကေတာ့ ခစားဆီက ထြက္သြားရဖို႔အေရး သူ႕ အေရးလုပ္ကာ မင္းသီဇဆီ ဖုန္းဆက္ၿပီး သူ႕ကို ညႀကီးသန္းေခါင္အခ်ိန္ လာေခၚဖို႔ ဖုန္းဆက္ေနေတာ့သည္......
📱" အိုေက.....ခ်စ္ေလး.....ကိုကို လာေခၚမယ္ .....
အထုတ္ေတြ တစ္ခါထဲျပင္ထားေနာ္....."
" သီဇ .....မင္းလာမစစမ္းနဲ႕.....လာေခၚရင္လည္း ကားကို အိမ္နဲ႕ အေဝးမွာ ရပ္ၿပီး အိမ္ေရွ႕ကို လမ္းေလွ်ာက္လာခဲ့....."
📱" မင္း ခစားကို ပိုင္တာ ေသခ်ာလို႔လား.....ငါသူ႕ကို ေၾကာက္တယ္ေနာ္....."
" ငါရွိပါတယ္ .....မေၾကာက္နဲ႕....."
📱" ေအာ္ေအေအ.....အာ့ဆို အားကိုးပါရေစ....ဟဟ...."
" ဒါပဲ ....."
📱" ေအးေအးးး...."
မုသား ဖုန္းခ်ၿပီးတာနဲ႕ ဗီဒိုထဲက သူ႕အဝတ္အစားေတြနဲ႕အျပင္မွာရွိေနတဲ့ သူ႕ပစၥည္းေတြကို အိတ္ထဲ ေကာက္ထည့္ေနေတာ့သည္.......တရားစြဲတာလား ....စြဲပါေစေပါ့....သူမေၾကာက္ေပါင္.....မတတ္နိုင္ေတာ့တဲ့အခါမွ သီဇဆီက ပိုက္ဆံ
ခ်ီးၿပီး ေပးလိုကၼယ္.....ေနာကၼွ သီဇကို ေအးေဆးျပန္ဆပ္မယ္ေလ......သူ႕မွာ ပိုက္ဆံေတြရွိေပမယ့္ $သိန္းသုံးဆယ္ေတာ့မရွိ.....ဘယ္လိုစိတ္ကူးနဲ႕မ်ား သူ႕ဆီက ေတာင္းရက္တာလဲမသိဘူး ......
Time Skip......ည 11 နာရီ.....🕙
ျမန္မာျပည္မွာဆို ည 11 နာရီ 12 နာရီဆိုတာက တိတ္ဆိတ္ေနသေလာက္ ဒီကေတာ့ အဲ့လိုမဟုတ္......
မုသား သူ႕ကို ရင္ခြင္ထဲ ဆြဲသြင္းၿပီး ဖက္အိပ္ေနတဲ့ ေကာင္ေလးကို ေမာ့ၾကည့္မိတယ္......မေတြ႕ရတဲ့ ႏွစ္ေတြအတြင္းမွာ ေကာင္ေလးက ေတာ္ေတာ္ေလး လူႀကီးဆန္ၿပီး ရင့္က်က္လာတယ္.....အရင္ကတည္းက ေခ်ာေမ်ာေနတဲ့ မ်က္ႏွာေလးေပၚမွာ ရင့္က်ကၼႈေတြပါထပ္ေပါင္းလိုက္ေတာ့ ေကာင္ေလးက
တကယ့္ကို သူ႕အတြက္ တစကၼွ အၾကည့္လြဲခ်င္စရာေတာင္
မရွိ.....
မုသား ေကာင္ေလးရဲ႕ မထူမပါး မ်က္ခုံးေမႊးေလးရယ္ ၊ ေျဖာင့္ဆင္းေနတဲ့ ႏွာတံ ၊ခပ္တင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္း တစ္ခုခ်င္းဆီတိုင္းကို လိုက္ကိုင္ၾကည့္ေနမိတယ္.....ၿပီးေတာ့ သူသေဘာက်ရဆုံး ေကာင္ေလးရဲ႕ ညာဘက္ပါးေပၚက မွဲ႕ေလး ကို သူ႕လက္ညိုးနဲ႕ အသာထိၾကည့္မိတယ္......
အိမ္ေရွ႕က သီဇရဲ႕ ေလခြၽန္သံတစ္ခ်က္တစ္ခ်က္ကို မုသားၾကားေနရၿပီမလို႔ သူ႕ခါးကို ဖက္ထားတဲ့ ေကာင္ေလးလက္ေတြကို အသာျဖဳတ္ခ်ၿပီး ဗီဒိုတံခါးကို အသာဖြင့္ကာ အသင့္ျပင္ထားတဲ့ အိတ္ကို အသာဆြဲယူၿပီး အခန္းျပင္ထြက္ဖို႔ ျပင္ရေတာ့သည္......
အသက္ရႈေတြပါေအာင့္ၿပီး တံခါးေတြကို အသံမျမည္ေစဖို႔
ထိန္းဖြင့္ေနရတယ္.....ေကာင္ေလးအိပ္ေမာက်ေနတဲ့ အခ်ိန္
မလို႔သာ ေတာ္ေသးတယ္......
အိပ္ခန္းတံခါးကို ေက်ာ္ၿပီး အိမ္မႀကီးတံခါးကို ဖြင့္ကာ
အျပင္ထြက္ဖို႔အျပင္ ......
" ဒီလိုအခ်ိန္မွာ ကြၽန္ေတာ္ အိပ္ေပ်ာ္ေနမယ္လို႔ .....ကိုကို
ဘယ္လိုမ်ား ထင္မိတာလဲ....."
မုသား အျပင္ကို ထြက္ဖို႔ ျပင္ေနတဲ့ ေျခလွမ္းေတြက သူ႕ေနာက္ေက်ာကေန ထြက္လာတဲ့ ခစားအသံေၾကာင့္ ရပ္တန႔္ကုန္ေတာ့သည္.......
" ၿပီးေတာ့ အခုက ဘယ္သူလာေခၚတာလဲ .....ဟိုေကာင္
မင္းသီဇလား......."
" ............"
" ဟင္းးးး....ေပးေပး......ဘယ္ေတြသြားခ်င္ေနတာတုန္း....
လာ သြားျပန္အိပ္ၾကမယ္......ကြၽန္ေတာ္ အိပ္ခ်င္ေနၿပီ....."
ခစား ေျပာေနရင္းက မုသားအနားေရာက္လာကာ မုသား
လက္ထဲက အဝတ္အိတ္ကို ျပန္ဆြဲယူေနေတာ့သည္.....
" ဟင့္အင္း......မေပးဘူး......"
" က်စ္....!!....ေျပာရမခက္စမ္းပါနဲ႕ ကိုကိုရာ......ျဖစ္ခဲ့သမွ် လုပ္ခဲ့မိသမွ် အျပစ္ေတြအတြက္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္
ဟုတ္ၿပီလား......အခုေတာ့ အထဲျပန္ဝင္ၾကမယ္ေလေနာ္.....
တံခါးဖြင့္ထားေတာ့ ေအးတယ္ဗ်......ကိုကို....!!......."
မုသား ခစားေျပာေနတာေတြကို နားမေထာင္ပဲ ခစားလက္ထဲက သူ႕အိတ္ကို ျပန္ဆြဲေနတာမလို႔ ခစားစိတ္တိုကာ ေအာ္မိသြားေတာ့သည္ ......
" ကြၽန္ေတာ္ ေကာင္းေကာင္းေျပာေနတာေလ.....နားေထာင္ပါ ....ဘာလို႔ ဆိုးေနရတာလဲ......အဲ့ေတာ့ ေအာ္မိသြားေရာ....
လာ သြားၾကမယ္......အခန္းထဲ ျပန္ေရာက္ရင္ ဟိုေကာင့္ကိုလည္း ဖုန္းဆက္ၿပီး ျပန္ဖို႔ ေျပာလိုက္ဦး......"
ခစား မုသားရဲ႕ အဝတ္အိတ္မကိုင္ထားတဲ့ လက္ေကာက္ဝတ္ကို ဆြဲကာ အခန္းထဲ ျပန္ဝင္ဖို႔ ျပင္လိုက္ေပမယ့္ မုသားကေတာ့
ခစားရဲ႕ လက္ထဲက ႐ုန္းထြက္ကာ ခစားကိုတြန္းၿပီး အျပင္မွာ ရပ္ေစာင့္ေနတဲ့ သီဇဆီ ေျပးသြားေတာ့သည္......
မုသားလိုသြားတာ တစ္ခုက ၿခံတံခါးေသာ့ကလည္း ခတ္ထားတာကိုပင္ ......ခစားရဲ႕ သည္းခံနိုင္စြမ္းကို သြားဆြထားတဲ့ မုသားက ဒီတစ္ခါေရာ ခစားရဲ႕ လက္က လႊတ္နိုင္ပါဦး
မလား.......
" ေတာက္စ္....!!....."
သူထြက္လာတာကို ၿခံတံခါးၾကားကေန လွမ္းျမင္ေနတဲ့ မင္းသီဇက အူယားဖားယားနဲ႕ ထေအာ္ေတာ့သည္.....
" ျမန္ျမန္.....ျမန္ျမန္လာ ....ခ်စ္ေလး......"
" ေန....ေနဦး .....ၿခံေသာ့ .....ၿခံေသာ့ ဖြင့္ရဦးမယ္ ......"
" ဟာ.....ျမန္ျမန္ လုပ္ေလ.....အာ့ဆိုလည္း....."
" ေအး...ေအးပါ......"
မုသား ထၾကၼန္တဲ့ ခစားက မုသားအနားေရာက္လာကာ
မုသားကို နီရဲေနတဲ့ မ်က္လုံးေတြနဲ႕ စိုက္ၾကည့္ကာ .......
" အထဲျပန္ဝင္......!!....မဟုတ္ရင္ ကြၽန္ေတာ့္အဆိုးမဆိုနဲ႕ .....".
"............."
" ျပန္ဝင္စမ္းလို႔ ေျပာေနတယ္ေလ....အခုအိမ္ထဲကို
ျပန္ဝင္......"
" ကိုယ့္ကို လာေအာ္မေနနဲ႕ ......သက္တံ့ခစား.....ၿပီးေတာ့
ကိုယ္က ဘာလို႔ မင္းေျပားကား နားေထာင္ေနရမွာလဲ .....
မင္းက ကိုယ့္အေဖမလို႔လား......ကိုယ့္စိတ္နဲ႕ကိုယ္ သြားခ်င္သြားမယ္ ေနခ်င္ေနမယ္ .....မင္းနဲ႕မဆိုင္ဘူး......"
" ဟက္......ရတယ္ေလ....."
ခစား ခပ္ေထ့ေထ့တစ္ခ်က္ရီကာ မုသားကိုအၾကမ္းပတမ္းဆြဲမကာ ပုခုံးေပၚ ထမ္းၿပီး အိမ္ထဲကို ျပန္ေခၚသြားေတာ့သည္....
မုသားလက္ထဲက က်သြားတဲ့ အဝတ္အိတ္ကိုလည္း ျပန္ေကာက္ယူဖို႔မေမ့.....
" ဟာ.....ဘာလုပ္တာလဲ....လႊတ္စမ္း....."
အိမ္ထဲမေရာက္ခင္.....
" မေသခ်င္ရင္ ......ေနာက္တစ္ခါ ငါ့လူကို ငါ့အနားက ေခၚသြားဖို႔ ထပ္မႀကိဳးစားနဲ႕ မင္းသီဇ......မဟုတ္ရင္ မင္းအေဖမ်က္ႏွာလည္း ငါၾကည့္ေနမွာ မဟုတ္ေတာ့ဘူး....."
" သက္တံ့ခစား......ကိုယ့္ကို ခ်ေပးစမ္းလို႔ ေျပာေနတယ္ေနာ္ ..."
" က်စ္ .....!!...ကိုကို ၿငိမ္ၿငိမ္ေနစမ္း.....ျပဳတ္က်မယ္....."
ခစား ေနာက္ဆုံးအေနနဲ႕ သီဇကို ၿခိမ္းေျခာက္ျခင္းမမည္တဲ့
ၿခိမ္းေျခာကၱဲ့ အၾကည့္တစ္ခ်ေကၸးၿပီးတာနဲ႕ မုသားကို
ထမ္းလ်က္အေနအထားနဲ႕ပဲ အိမ္ထဲကို ျပန္ဝင္သြားေတာ့သည္.....
' ဝုန္း....'
အခန္းထဲ ျပန္ေရာက္တာနဲ႕ ခစား မုသားကို ကုတင္ေပၚပစ္ခ်ကာ ......
" ကုတင္ေပၚက ဆင္းရဲဆင္းၾကည့္ အလုပ္ခံရမယ္.....
ကြၽန္ေတာ္ ေျပာခ်င္တဲ့ အဓိပၸာယ္ ကိုကိုနားလည္မွာပါ .....အဲ့ေတာ့ မလုပ္ရဲဘူးထင္ရင္ ဆင္းၾကည့္လိုက္......."
ခစား ေျပာကာ အခန္းထဲကျပန္ထြက္ၿပီး အိမ္မႀကီးတံခါးသြားပိတ္ျပန္ေတာ့သည္......
သူအခန္းထဲျပန္ေရာက္ေတာ့ ကုတင္ေပၚမွာ ႐ုပ္ေသႀကီးနဲ႕
ထိုင္ေနတဲ့ သူ႕လူ......
" အဲ့ဒါ ဘာျဖစ္ေနတာတုန္း မ်က္ႏွာႀကီးက ....."
" ..........."
" မွတ္ထားေနာ္ ......ကိုကို လုပ္ထားတဲ့ အပစ္ေတြက ေတာ္ေတာ္မ်ားေနၿပီ......အဲ့အတြက္ ဟိုျပန္ေရာကၼွ အျပစ္ေပးေတာ့မယ္ .......ၿပီးေတာ့ ေဆာင္းသက္လႊာနဲ႕ ကိစၥက ကိုကို ထင္ေနတဲ့အတိုင္းမဟုတ္ဘူး......အဲ့အတြက္ သက္ေသလည္း ကြၽန္ေတာ့္မွာ ရွိၿပီးသား.....အဲ့ေတာ့ အျဖစ္မွန္ေတြမသိခင္ထိ
ၿငိမ္ၿငိမ္ေလးေန မဟုတ္ရင္........"
ခစားရဲ႕ သူ႕ရဲ႕ စကားအဆုံး ကိုကို႔ ရဲ႕မ်က္ဝန္းေတြထဲမွာ ေဆာင္းသက္လႊာနဲ႕ သူ႕ရဲ႕ ကိစၥကို သိခ်င္ေနတဲ့ အရိပ္အေယာင္တစိုးတစကို သူျမင္လိုက္ရတာမို႔ .......
" သိရမွာပါ.....ဟိုျပန္ေရာက္ရင္ ......အခုေတာ့ အိပ္ၾကမယ္....
မနက္ျဖန္ေန႕လည္ပဲ ျပန္ေတာ့မွာမလို႔ .....အိပ္ေရးဝဝ အိပ္ထားၾကရေအာင္.......ကြၽန္ေတာ့္မွာ အလုပ္ေတြလည္း ပိေနၿပီ.....
ကိုကိုနဲ႕ ကစားေပးေနရတာနဲ႕ ......"
"............."
" လာ.......ကြၽန္ေတာ့္ ရင္ခြင္ထဲ......"
ကုတင္ေပၚတက္ကာ သူ႕အိပ္ယာေပၚလွဲခ်ၿပီး မုသားရဲ႕
လေကၼာင္းရင္းက အသာဆြဲကာ သူ႕ရင္ခြင္ထဲ ဆြဲသြင္းေတာ့သည္.......
မုသားကေတာ့ ခစားလုပ္သမွ်ကို ၿငိမ္ခံေနေတာ့သည္.....
မ႐ုန္းရဲတာ မျငင္းရဲတာဆို ပိုမွန္ေပလိမ့္မည္.....ဘာလို႔ဆို ခစားက ေျပာရင္ ေျပာတဲ့အတိုင္းလုပ္တတ္တယ္ဆိုတာ သူသိသည္ေလ....
ခစား သူ႕ရင္ခြင္ထဲေရာက္ေနတဲ့ ကိုကို႔ရဲ႕ ေက်ာျပင္ေသးေသးေလးကို အသာ သပ္ေပးကာ ကိုကိုအိပ္ေပ်ာ္သြားေအာင္လုပ္ေပးေနမိတယ္......အတူရွိခဲ့တဲ့အခ်ိန္ေတြမွာ ေပ်ာ္႐ႊင္ၾကည္ႏူးခဲ့ရတဲ့ အခ်ိန္ေတြက သုံးပုံပုံရင္ တစ္ပုံေလာက္ေတာင္ရွိမေနခဲ့တာမို႔ ကိုကို သူ႕နားထပ္မေနခ်င္ေတာ့တာကို သူနားလည္ပါတယ္......ဒါေပမယ့္ သူကေတာ့ ကိုကိုမရွိရင္ မေနတတ္ေတာ့တဲ့ ဘဝကို ေရာက္ေနခဲ့ၿပီေလ .......
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ကိုကို......ရိုကၼိခဲ့သမွ်၊ လုပ္ခဲ့မိသမွ် နာက်င္စရာ ကိစၥေတြအတြက္ပါ.....ဒီစကားကို ကြၽန္ေတာ္ ကိုကို႔ကို စေတြ႕ကတည္းက ေျပာခ်င္ေနခဲ့တာပါ....
ဒါေပမယ့္ ကိုကို ကြၽန္ေတာ့္ကို အခြင့္အေရးမေပးဘူးေလ.....
ကိုကိုသိလား ကြၽန္ေတာ္ ကိုကို႔ကို ျပန္ရွာေတြ႕ဖို႔ ဘယ္ေလာက္ေတာင္ ႀကိဳးစားခဲ့ရသလဲဆိုတာ ......အေဖကလည္း ရွာမေပးနိုင္ဘူးတဲ့ ကိုယ့္အစြမ္းအစနဲ႕ကိုယ္ရွာတဲ့......."
"................"
" ၿပီးေတာ့ေလ ......ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္ပါတယ္ ......
ကြၽန္ေတာ္ ကိုယ့္စိတ္ကိုယ္ မသိခဲ့လို႔ပါ.......ကိုကို အနားမွာ မရွိေတာ့မွ ကြၽန္ေတာ္ ကိုကို မရွိရင္ မေနတတ္ေတာ့မွန္း တျဖည္းျဖည္းသိလာခဲ့တာ .....ကိုကို ထြက္သြားတုန္းကဆိုလည္း ကြၽန္ေတာ့္မွာ အ႐ူးတစ္ပိုင္းပဲ ......"
"..............."
" ေျပာစရာစကားေတြ အမ်ားႀကီးရွိေနေသးေပမယ့္ .....အခုေျပာမယ့္စကားေတြက ကြၽန္ေတာ္ေျပာ႐ုံေလာက္နဲ႕ လုံေလာက္မွာမဟုတ္ဘူး.......တမင္သက္သက္ အဲ့သက္ေသကို ယူမလာခဲ့တာ .....ဘာလို႔ဆို ကြၽန္ေတာ္ကိုကို႔ကို ျမန္မာျပည္ကို မရရေအာင္ ျပန္ေခၚသြားမယ္လို႔ သံဓိဌာန္ ခ်ထားလို႔ေလ......"
"..........."
' ႁပြတ္စ္.....'
" အိပ္ေတာ့ေနာ္ ......ကြၽန္ေတာ္ သက္တံ့ခစားက မုသားဆိုတဲ့ ကိုကို႔ကို ခ်စ္ပါတယ္....အဆုံးရႈံး မခံနိုင္ေတာ့ေလာက္ေအာင္အထိ ခ်စ္မိသြားခဲ့တာပါ ......အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္နားက ထပ္ထြကၼသြားပါနဲ႕ ကိုကို ......."
ခစား သူ႕ရင္ခြင္ထဲေရာက္ေနတဲ့ မုသားရဲ႕ နဖူးထက္ကို အနမ္းတစ္ခ်က္ေႁခြလိုက္ကာ မုသားကို တင္းေနေအာင္ဖက္ၿပီး သူလည္း အိပ္စက္ျခင္းဆီသို႔ ........
သူ႕ရင္ခြင္ထဲက မုသားကလည္း ခစားရဲ႕ စကားေတြၾကားၿပီး မ်က္ရည္ေတြဝဲေနခဲ့တယ္ဆိုတာကို ခစားကေတာ့ မသိနိုင္ခဲ့........
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အေျခအေနေတြက မေန႕ကနဲ႕မတူ ေအးခ်မ္းေနေတာ့သည္....
အနက္နဲ႕အျဖဴစင္းေၾကာင္းေတြ ေရာယွက္ထားတဲ့ အိပ္ယာထကၼွာ ေကာင္ေလး ႏွစ္ေယာက္က ေအးခ်မ္းစြာ အိပ္ေမာက်လိဳ႕ .....ခနၾကာေတာ့ ထိုေကာင္ေလးႏွစ္ေယာက္ထဲက တစ္ေယာကၼွာ နိုးလာေတာ့သည္........
ထုံးစံအတိုင္း ဒီေန႕လည္း သူက ေကာင္ေလးရင္ခြင္ထဲ ေရာက္ေနျပန္တာမို႔ မုသား တစ္ခ်က္ၿပဳံးမိသြားတယ္......မေန႕က ေကာင္ေလးေျပာတဲ့ စကားအသြားအလာေတြအရ သူသိလိုက္တာ တစ္ခုက ေကာင္ေလးနဲ႕ ေဆာင္းသက္လႊာက ဘာမွ ျဖစ္ခဲဲ့တဲ့ပုံမေပၚ......ဟုတ္မဟုတ္မေသခ်ာေသးေပမယ့္ ဟိုေရာကၼွ အေျခအေနၾကည့္ၿပီး ဘာဆက္လုပ္ရမလဲ စဥ္းစားတာေပါ့.....
ဒါတင္မကေသးဘူး သူေမွ်ာ္လင့္ေနခဲ့တဲ့ ေကာင္ေလးဆီက ခ်စ္တယိဆိုတဲ့ စကားၾကားလိုက္ရ တာမလို႔ လူက ျပန္ၿပီး
စိတ္ေပ်ာ့ခ်င္လာသလိုလို ......တကယ္ပါပဲ ေကာင္ေလးက
သူ႕ကို ျပဳစားနိုင္လြန္းတယ္.......
ထေနလည္း ဘာမွမထူးတာမလို႔ မုသား ေကာင္ေလးရင္ခြင္ထဲ ျပန္တိုးဝင္ၿပီး အိပ္ေနမိတယ္......
ခစားနိုးနိုးခ်င္း သူ႕ရင္ခြင္ထဲ ရွိေနမယ့္ အိက်ိအိက်ိ ကိုယ္လုံးေလးကို အရင္စမ္းမိတယ္......ရွိတယ္ဆိုမွ လူက စိတ္သက္သာရာရသြားသလိုပင္......ခနေနေတာ့ သူ႕ရင္ခြင္က ကိုယ္လုံးေလးက လႈပ္လာတာမလို႔ ........
" နိုးေနၿပီလား ....."
" အင္းး......"
" ဘာစားခ်င္လဲ .....ကြၽန္ေတာ္မွာေပးမယ္ ....."
" ဘာျဖစ္ျဖစ္ရတယ္.......ဘယ္အခ်ိန္ျပန္မွာလဲ ဟိုကို....."
" ေန႕လည္ေလာကၼွပါ ......ဘာျဖစ္လို႔လဲ ......"
" ဘာမွမျဖစ္ပါဘူး ......ကိုယ္ျပန္လိုကၼွာဆိုေတာ့ မင္းသီဇကို
ႏႈတ္ဆက္စကားေျပာမလို႔ ......"
" ထပ္ၿပီး အဲ့ေကာင္ပဲလား......"
" သူက ကိုယ့္သူငယ္ခ်င္းေလ......ကိုယ္ဒီကိုေရာက္လို႔ အခက္အခဲ ျဖစ္ေနတဲ့ အခ်ိန္ သူကပဲ ကူညီေပးခဲ့တာ ....."
" ဖုန္းနဲ႕ပဲ လွမ္းႏႈတ္ဆက္လိုက္လို႔မရဘူးလား ......"
" မရဘူးေလ......သူစိတ္မေကာင္းျဖစ္ေနမွာေပါ့ ......"
" ဟန႔္......ကိုကိုကလည္း ......"
" ဘာလို႔တုန္း ......."
" သူ ကိုကို႔ကို ခ်စ္ေလး ၊ခ်စ္ေလးနဲ႕ ေခၚေနတာႀကီးကို ကြၽန္ေတာ္မႀကိဳက္ပါဘူး ......"
" ..............."
" ပိုင္စိုးပိုင္နင္းနဲ႕ သူမ်ားလူကို ....."
" ဘယ္သူက ေကာင္ေလး လူလဲ......ကိုယ္လား......
ကိုယ္က ေကာင္ေလးရဲ႕လူ မဟုတ္ရပါဘူးေနာ္ ....."
" ဟားး.....ျပန္ေခၚၿပီ......ေနာက္ဆုံးေတာ့ ျပန္ေခၚခဲ့ၿပီ.....
ကိုကိုသိလား ကြၽန္ေတာ္ ကိုကို႔ရဲ႕ အဲ့လို ေခၚသံေလးကို လြမ္းေနရတာ ......တကယ္ လြမ္းေနမိတာ ....."
".............."
မုသားတို႔ အရွက္ျဗန္းျဗန္းကြဲေလၿပီ......မေခၚေသးဘူးလို႔ စိတ္ထဲက စဥ္းစားထားေပမယ့္ သစၥာေဖာက္တဲ့ သူ႕ပါးစပ္က
လကၼခံေပ......
" ဘာလို႔မ်က္ႏွာႀကီးက ရဲေနတာလဲ ကိုကို .....ရွက္ေနတာလား....."
" ဘယ္မွာ ရွက္လို႔လဲ......ပူ.....ပူလို႔ ......ဖယ္ေတာ့ လူကို အတင္းဖက္ထားတာ ......တကယ္ပါပဲ......"
" ဟက္......ေျဗာင္လိမ္ေနျပန္ပါၿပီ......ရွက္ရင္ရွက္တယ္ေပါ့....
ကိုကိုကလည္း ....."
" ဖယ္ေတာ့ မ်က္ႏွာသစ္ေတာ့မယ္ .....ၿပီးရင္ ျပန္ဖို႔
ျပင္ရဆင္ရဦးမွာနဲ႕ ......"
" ဟုတ္ကဲ့ပါ ခင္ဗ်ာ ......ဖယ္ပါၿပီ ဗ်....."
မုသား ေျပာင္စပ္စပ္လာလုပ္ျပေနတဲ့ ေကာင္ေလးကို ဘုၾကည့္ ၾကည့္မိတယ္......ရင့္က်က္လာတယ္ ေအာေကၼ့တယ္ ပိုၿပီး
မ်က္ႏွာေျပာင္လာတာပဲ.....
ႏွစ္ေယာက္လုံး ေရမိုးခ်ိဳး မ်က္ႏွာသစ္ၿပီးတာနဲ႕ မနက္စာကို အျပင္က ဝယ္စားကာ ျမန္မာျပည္က ဦးေလးနဲ႕ အန္တီတို႔ဖို႔ ၊ၿပီးေတာ့ မေတြ႕တာ ၾကာေနၿပီျဖစ္တဲ့ ၾကယ္ကေလးတို႔ဖို႔ေရာ မုသား လက္ေဆာင္ပစၥည္း ဝယ္ေပးခ်င္တာမလို႔ ေကာင္ေလးကို ေျပာၾကည့္ေတာ့ ရတယ္သြားၾကမယ္ဆိုၿပီး ဦးေအာင္ကို လွမ္းေခၚလိုက္တာမလို႔ အခု ႏွစ္ေယာက္လုံးက ဦးေအာင္ေမာင္းတဲ့ ကားေပၚမွာပင္......
" ဘယ္လိုေတြျဖစ္တုန္း ......ဟိုဘကၼွာ ေနရာအက်ယ္ႀကီးကို
ဘာလို႔ ဒီဘက္အရမ္းတိုးေနရတာခဲ ေကာင္ေလး ......"
" အတူတူ ကပ္ထိုင္ခ်င္လို႔ပါဆို ကိုကိုကလည္း......"
" ဟ.....အခုကကပ္႐ုံပါ မကေတာ့ဘူး ထပ္ပါထပ္ေတာ့မယ္ေလ......."
" ထပ္ထပ္ေလ......ထပ္ေတာ့ ပိုေကာင္းတာေပါ့
ကိုကိုကလည္း....."
"............."
ကားေရွ႕ခန္းက ဦးေအာင္မွာေတာ့ အေနာက္က အခ်စ္ငွက္ႏွစ္ေကာင္ရဲ႕ မတီမတာအသံေလးေတြကို နားေထာင္ရင္း ၿပဳံးေနေလရဲ႕.......
လက္ေဆာင္ပစၥည္း ဝယ္လို႔ ၿပီးစီးေတာ့ အိမ္ကိုျပန္လာကာ
ခနအနားယူၿပီးတာနဲ႕ ေလယာဥ္ကြင္းဆီသြားဖို႔ျပင္ရေတာ့သည္....ယာယီ သုံးဖို႔အတြက္ ဦးေအာင္ကို စီစဥ္ခိုင္းထား
တဲ့ ကားကိုလည္း ျပန္အပ္ခဲ့ကာ ......ေလယာဥ္ကြင္းကိုေတာ့ ဦးေအာင္ကိုသာ လိုက္ပို႔ေစသည္......
ေလယာဥ္ေပၚတက္ခါနီ ခစား ဦးေအာင္ သုံးဖို႔ အတြက္
ျမန္မာေငြ ငါးသိန္းေပးခဲ့ကာ ေက်းဇူးတင္စကားေျပာၿပီးမွ မုသားရဲ႕ လက္ကို ဆြဲၿပီး ေလယာဥ္ေပၚတက္သြားေတာ့သည္ ......
သူ႕ရဲ႕ လူယုံ သိုက္ကို ျဖတ္ခိုင္းထားတဲ့ VIP တန္းက ခုံမွာ ထိုင္ကာ သူ႕ေဘးက မုသားကို ေမးေထာက္ၿပီး တစိမ့္စိမ့္ထိုင္ၾကည့္ေနတဲ့ ခစား.....
" ကိုကိုသိလား ....."
" ဟင့္အင္း ......."
" ဟာ......ကိုကိုကလည္း ......ကြၽန္ေတာ့္စကား ဆံုးေအာင္နားေထာင္ဦးေလ......"
" ေအာ္......ဆက္ေျပာ ဆက္ေျပာ....."
" ကြၽန္ေတာ္ အခု အရမ္းေတြ စိတ္လႈပ္ရွားၿပီး.....အရမ္းေတြ ေပ်ာ္ေနတာဗ်......ဘာလို႔လဲ သိလား....."
" ေျပာျပၾကည့္ေလ......"
" ဘာလို႔ဆို ကြၽန္ေတာ္ ......အေဖနဲ႕အေမ့ကို သူတို႔ သားမက္
ကို အိမ္ကို အပါျပန္ေခၚလာနိုင္ၿပီဆိုတဲ့ အေၾကာင္းႂကြားနိုင္ေတာ့မွာမလို႔ေလ......."
"................"
" ေက်းဇူးတင္ပါတယ္ ကိုကို ....ကြၽန္ေတာ္ေျပာတာ
လက္ခံေပးလို႔ .....ၿပီးေတာ့ ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္တယ္....."
"..............."
" ဒီစကားကို ေန႕တိုင္းေျပာေတာ့မွာမလို႔ ......ေန႕တိုင္းၾကားရဖို႔ျပင္ထားေတာ့ ကိုကို ......."
"............"
" ဟိုေရာက္ရင္ အလုပ္ေတြျပန္လုပ္ရေတာ့မွာမလို႔ ......ခနထပ္အိပ္ဦးမယ္ေနာ္ ကိုကို ......."
ခစား ေျပာကာ သူ႕ေဘးမွာထိုင္ေနတဲ့ မုသားရဲ႕ ပခုံးေပၚ
ေခါင္းမွီခ်ၿပီး မ်က္လုံးမွိတ္ထားေတာ့သည္.....
ဒါဆို မုသားကေရာ ......သူကေတာ့ သူ႕ပခုံးေပၚေရာက္ေနတဲ့ ခစားရဲ႕ ေခါင္းေလူကို မသိမသာ ခိုးနမ္းေနေလရဲ႕ ......
To be continued...!!...
အေရးအသား ညံ့ရင္ ခြင့္လႊတ္ပါ ....🌼❣️
မႀကိဳက္ရင္ လွည့္ျပန္ပါေနာ္ .....ေလွာင္သလိုလို ment ေတြ လာမေပးပါနဲ႕ ......ကိုယ္ အေရးအသားမေကာင္းတာ ကိုယ္သိပါတယ္ ❣️❣️
စာလုံး ေပါင္းမစစ္ထားပါ စာၾကည့္ေနရလို႔ 🙁
..................