ခ်စ္ေသာ ဧကရီ

Autorstwa Ruumiko

1.1K 60 6

Main Role-မုိးျမင့္ဧကရီ+ၾကည္ျဖဴ႐ွင္းသန္႔ Więcej

"Intro"
"Intro"Uni
Part-1

Part-2

114 12 2
Autorstwa Ruumiko

Zawwgyi code

ပတ္ဝန္းက်င္တစ္ခုလုံး အေမွာင္ထုကႀကီးစိုးေနၿပီး ဘာကိုမွ သူမ သဲသဲကြဲကြဲမျမင္ရေပ။
ထို႔ျပင္တင္းၾကပ္တဲ့အထိအေတြ႕ေၾကာင့္ ေသခ်ာၾကည့္မိလိုက္ေတာ့ ေယာက်ာ္းႀကီး 5ေယာက္ေလာက္က သူမကို ဝိုင္း၍ဖမ္းခ်ဳပ္ထားၾကေလသည္။သူမခ်က္ခ်င္းပင္အတင္း႐ုန္းကန္ေနစဥ္ သူမမ်က္စိေရွ႕အလင္းတန္းတစ္ခုေပၚလာကာ အေဖျဖစ္သူကို ေတြ႕လိုက္ရသည္။ထို႔ေၾကာင့္မ်က္ရည္မ်ား ဝိုင္းလာကာ အေဖျဖစ္သူဆီသို႔ သြားဖို႔ႀကိဳးစားေလသည္။ သို႔ေပမဲ့ထိုလူမ်ားက သူမကိုအတင္းဆြဲကာဖမ္းခ်ဳပ္ထားဆဲပင္။

"လႊတ္ ကြၽန္မကိုလႊတ္ ကြၽန္မဒယ္ဒီဆီသြားမယ္ အခု ဖယ္ေပးၾက"

"ကြၽတ္စ္!ေျပာေနတာမၾကားဖူးလား ဖယ္ေပးလို႔.."

"သမီးရယ္.."

"ဒယ္..ဒယ္ဒီသမီးကိုေခၚေနတာလား..သမီးဒယ္ဒီ့ဆီလာခဲ့မယ္ ဘာလို႔ဒီလူေတြကသမီးကိုမဖယ္ေပးပဲ အတင္းဖမ္းခ်ဳပ္ထားေနၾကတာလဲမသိဘူး ကူေျပာေပးပါဦး ဒယ္ဒီရယ္..."

"သမီးေလး ဒယ္ဒီ့ကိုကယ္ပါဦး သမီးရယ္.."

"ဒယ္ဒီဘာေျပာေနတာလဲ သမီးဘာတစ္ခုမွမၾကားရဘူး ဒယ္ဒီ အဆင္ေျပရဲ႕လား.."

"ဒယ္ဒီသမီးကိုအရမ္းခ်စ္တာကို သမီးသိတယ္မလား ဘယ္တုန္းကမွဒယ္ဒီထုတ္မျပခဲ့ေပမဲ့..အား!!သမီးေလး"

"ဒယ္ဒီဘယ္ေရာက္သြားတာလဲ ဖယ္ၾက ဖယ္ၾက ကြၽန္မကိုလႊတ္..ကြၽန္မဒယ္ဒီ့္္ဆီသြားမယ္"

"ဖယ္ေပးလို႔ေျပာေနတာမၾကားဘူးလား ဖယ္လို႔!!!"

သူမအတင္း႐ုန္းကန္ကာ ေအာ္ဟစ္ေနေပမဲ့ ထိုလူမ်ားက သူမကိုမလႊတ္ေပးသည့္အျပင္ အေဝးႀကီးသို႔တြန္းထုတ္လိုက္ၾကေလသည္။ထို႔ေၾကာင့္သူမလန႔္နိုးကာ ခ်က္ခ်င္းပင္ ဆတ္ကနဲ
ထထိုင္လိုက္သည္။

"ဟင္း ငါအိမ္မက္မက္ေနတာလား?...ဒယ္ဒီဆုံးၿပီးမွငါ
ဘာလို႔ထူးထူးဆန္းဆန္းဒယ္ဒီကိုအိမ္မက္မက္ရတာလဲ?ေနာက္ၿပီးအိမ္မက္ထဲမွာ ဒယ္ဒီကငါ့ကိုတစ္ခုခုေျပာေနခဲ့သလိုပဲ ငါဘာလို႔ဘာမွမၾကားတာလဲ ဒယ္ဒီေျပာတာကို..."

အေတြးေပါင္းမ်ားစြာနဲ႕ နာရီကိုလွမ္းၾကည့္လိုက္ေတာ့ မနက္8နာရီထိုးေနၿပီျဖစ္၍ အိပ္ယာထဲမွထလိုက္ကာ ဖုန္းနံပါတ္တစ္ခုကိုေခၚလိုက္ေလသည္။

"Allen ကုိယ္ဒီေန႔အလုပ္မလာေတာ့ဘူး
အလုပ္ကိစၥေတြၾကည့္စီစဥ္လိုက္ပါ..ေနာက္ၿပီးကိုယ့္ေနရာမွာ
အစားထိုးမဲ့သူေကာေရာက္ၿပီလား.."

"ဟုတ္ကဲ့ မဒမ္ ေနာက္အပတ္ေရာက္မယ္လို႔ေျပာတယ္ ဘာမွစိတ္မပူပါနဲ႕ ကြၽန္မၾကည့္စီစဥ္ထားလိုက္ပါ့မယ္ ဒါနဲ႕ ဒီေန႕မဒမ့္အသံသိပ္မေကာင္းသလိုပဲ အဆင္ေျပရဲ႕လား?"

"ကိုယ္လား အင္း ပုံမွန္ပါပဲ ေနာက္ၿပီး
ကိုယ္မနက္ျဖန္ပဲ ျမန္မာျပည္ျပန္ေတာ့မယ္ ခ်က္ခ်င္းေလယာဥ္လက္မွတ္တစ္ခု
ထပ္ၿပီး စီစဥ္ထားေပးပါ.."

"ဟုတ္ကဲ့မဒမ္ Allenစီစဥ္ထားေပးပါ့မယ္.."

"ေက်းဇူးတင္ပါတယ္ မင္းလဲဒီေတာအတြင္းပင္ပန္းသြားခဲ့ၿပီ အစစအရာရာဂ႐ုစိုက္ပါAllen...အသစ္ထပ္ေရာက္လာမဲ့ အထက္လူႀကီးနဲ႕လည္းအဆင္ေျပပါေစ.."

"မဒမ္ေပးတဲ့ဆုနဲ႕ျပည့္ပါေစ သတိရေနေတာ့မွာပဲ မဒမ္ကို ေနာက္ၿပီးAllenလဲ ေနာက္6ႏွစ္ေလာက္ဆို ျမန္မာျပည္အၿပီးျပန္ျဖစ္မွာပါ.."

"အင္း ေကာင္းပါတယ္ see u...Allen"

"ဟုတ္ကဲ့ပါ ဂ႐ုစိုက္ပါ.."

မိုးျမင့္ဧကရီသည္ လန္ဒန္ၿမိဳ႕ရွိ အႀကီးစား ကုမၸဏီရဲ႕ဒါရိုက္တာတစ္ေယာက္ျဖစ္သည္။လူငယ္ပီပီသြက္လက္ကာ နိုင္ငံျခားဘာသာစကားကုိ ကြၽမ္းက်ြမ္းက်င္က်င္ေျပာနိုင္သည္။အရမ္းကုိထူးခြၽန္တာေၾကာင့္ နာမည္ႀကီးကုမၸဏီတစ္ခုတြင္ေနရာရခဲ့သူလည္းျဖစ္သည္။ ယခုလက္ရွိမွာေတာ့ သူမဟာ သူမဒယ္ဒီဆုံးၿပီျဖစ္၍ ျမန္မာျပည္သို႔ျပန္ကာ ဒယ္ဒီ့ နရာကိုဆက္ခံရေတာ့မည္ျဖစ္ေသာေၾကာင့္ ထိုကုမၸဏီမွ ထြက္စာတင္ထားခဲ့သည္။သူမေနရာအစားထိုးမဲ့သူလဲေတြ႕ၿပီဆိုေတာ့ သူမအလုပ္ကိစၥေတြစိတ္မခ်စရာမရွိေတာ့ေပ။ေနာက္ဆုံးေတာ့ မျပန္ခ်င္တဲ့ျမန္မာျပည္ကိုျပန္ေတာ့ရမွာပဲ ဟုေတြးၿပီး

"ဟင္းးး စိတ္ရႈပ္လိုက္တာ ေခါင္းကေနာက္က်ိက်ိနဲ႕ ေရခ်ိဳးဦးမွပဲ.."

တတြတ္တြတ္ၿငီးတြားရင္းတပတ္အျဖဴေလးတစ္ထည္ပတ္ကာ ေရခ်ိဳးခန္းထဲသို႔ဧကရီဝင္သြားေလၿပီ။ဧကရီသည္ တစ္ေယာက္ထဲေနထိုင္သူျဖစ္သည္..သူမေဖေဖသည္ ျမန္မာျပည္တြင္ အလြန္ပင္ခ်မ္းသာသူတစ္ဦးျဖစ္ပါသည္။သို႔္ေသာ္ သူမသည္ လန္ဒန္တြင္ေက်ာင္းၿပီးခ်ိန္မွစ၍ ဒယ္ဒီ့ဆီက အသုံးစရိတ္မယူေတာ့ေပ။ကုမၸဏီတစ္ခုတြင္အလုပ္ဝင္ၿပီး
ကိုယ္ပိုင္လချဖင့္သာရပ္တည္ခဲ့သည္..
သူမတစ္လ တစ္လရသာလစာက ေဒၚလာမနည္းမေနာပင္။ထို႔ေၾကာင့္သူမဟာ လန္ဒန္တြင္လည္း
အေတာ္ေလးပင္ခ်မ္းသာႂကြယ္ဝေနသူျဖစ္သည္။

ဧကရီဆိုေသာသူမသည္ Clubတတ္ရတာကိုအလြန္ပင္ဝါသနာပါလွပါသည္။လန္ဒန္ၿမိဳ႕Clubေတာ္ေတာ္မ်ားမ်ားတြင္ သူမကိုမသိသူမရွိပါ။အသားျဖဴျဖဴ အရပ္ျမင့္ျမင့္ႏွင့္ ပိန္သြယ္သြယ္ကိုယ္လုံးကိုယ္ေပါက္အျပင္ ေဆးမကူပဲ နွင္းဆီေရာင္နွုတ္ခမ္းရွိသည့္ သူမဟာ ျပံဳးလိုက္လ်ွင္ သြားတတ္ေလးေပၚလာသည္မွာ အင္မတန္ပင္ျကည့္ေကာင္းလွသည္။ခပ္တည္တည္မ်က္နွာထားနဲ႔ အာရွအလွဘုရင္မေလးဧကရီကို နိုင္ငံျခား ပုရိသမ်ားကအသဲစြဲပင္။သူမကိုသေဘာက်ေသာ သူမ်ားထဲတြင္ ေယာက်ာ္းေလးမ်ားသာမက မိန္းကေလးေတာ္ေတာ္မ်ားမ်ားလဲပါဝင္သည္။
အမွန္တိုင္းေျပာရလွ်င္ သူမတစ္ခါမွဘယ္သူ႕ကိုမွမခ်စ္ဖူးပါ..ခ်စ္သူလဲမထားခဲ့ဖူးပါ..ထားဖို႔လဲအခ်ိန္မေပးနိုင္တာေၾကာင့္ပါသည္။
ဒါေၾကာင့္ ေယာက်ာ္းျဖစ္ေစ မိန္းမျဖစ္ေစ အကုန္လုံးကိုျငင္းဆန္ခဲ့မိသည္။တခ်ိန္က်လ်ွင္
သူမသည္ သူမကုိယ္တိုင္ ​ေစ့စပ္ထားေသာမင္းဆက္ပုိင္ခန္႔ဆိုေသာ ​ေယာက်ာ္းႏွင့္
့္လက္ထပ္ရမည့္ မိန္းမတစ္ေယာက္ျဖစ္သည္။မင္းဆက္ပုိင္ခန္႔ကုိ သူမမခ်စ္သလို
အခ်စ္ဆိုတာႀကီးကိုလဲ သူမစိတ္မဝင္စားပါ သိလဲမသိခ်င္ပါ..မခ်စ္ပဲ ဘာေၾကာင့္ေစ့စပ္တာကုိ္လက္ခံခဲ့တာ
လဲလို႔ေမးခဲ့ရင္ အေၾကာင္းျပခ်က္က ဒယ္ဒီေၾကာင့္ပင္ျဖစ္သည္။ သူမၾကားဖူးတာတစ္ခုက ခ်စ္ခ်င္းေမတၱာဆိုတဲ့အရာက ​ေနြးေထြးသည္တဲ့ သို႔ေပမဲ့ဘယ္ေလာက္ပင္ေနြးေထြးပါေစ
သူမ မလိုခ်င္ခဲ့ပါ။

>>>>>>>>>>>>>>>>>>

"ညီမေလးအဆင္ေျပရဲ႕လား ဘာျဖစ္တာလဲ မမကိုေျပာေနာ္.."

"အင္း ဟင့္ နာတယ္ မမ ဗိုက္ကေတာ္ေတာ္ေလးေအာင့္ေနတာ.."

ငိုမဲ့မဲ့ျဖင့္ေျပာေနေသာကေလးမေလးကို ဂ႐ုဏာသက္စြာျဖင့္ ၾကည္ျဖဴၾကည့္ရင္း

"ဟုတ္လား ဘယ္နားေလးလဲညီမေလး ခုနေကတာ့ ညီမေလးေဖေဖကေျပာတယ္ ညီမေလးဝမ္းေလွ်ာေနတယ္မဟုတ္လား.."

ၾကည္ျဖဴေမးေတာ့ထိုကေလးကရယ္ျပျပီး သူ႕ဗိုက္ေလးကိုဖိကာပင္

"ဟုတ္တယ္ မမ ဒါေပမဲ့ ငုဝါေဆးမထိုးခ်င္လို႔ပါေနာ္..."

"ေအာ္ ဘာမ်ားလဲလို႔အင္းပါညီမေလးရဲ႕ ေဆးထိုးရမွာေၾကာက္ေနတာလား.."

"ဟုတ္.."

"ေအာ္ ဟုတ္ပါၿပီရွင္ မမေဆးေပးခဲ့မယ္ေနာ္ ဒါကိုပုံမွန္ေသာက္ေပးဖို႔ေတာ့လိုမယ္ ေနာက္ၿပီး ေဟာဒီ ဓာတ္ဆားကဒ္ေလးေတြကိုယူထား ေရသန႔္ဗူးထဲေဖာက္ထည့္ၿပီး သက္သာသြားတဲ့အခ်ိန္ထိေသာက္ေပးေနာ္ အစားလဲေရွာင္ရမယ္ေနာ္..."

"ဟုတ္ မမ ေက်းဇူးတင္ပါတယ္ေနာ္..."

"အင္း အင္း ညီမေလးေဖေဖကို ေဆးဝယ္ရမဲ့ဟာေတြေျပာျပၿပီး မမလဲျပန္ေတာ့မယ္ နားေတာ့ညီမေလး.."

"ဟုတ္.."

ကေလးမေလးကိုၿပဳံးျပလိုက္ၿပီး အခန္းျပင္ထြက္လာခဲ့လိုက္သည္။

"ဦးေလး သမီးေလးက စိုးရိမ္စရာမရွိေတာ့ဘူးေနာ္။ ဒီအတိုင္း အစာေတြမွားၿပီး ဝမ္းေလွ်ာတာပါ သူ႕ကိုဒီေန႕ေတာ့ ဆန္ျပဳတ္ပဲေႂကြးထားလိုက္ပါ ပါးစပ္ေတာ့ပ်က္ေနလိိမ့္မယ္ ဝမ္းသြားထားတဲ့အရွိန္နဲ႕.."

"ဟုတ္ကဲ့ ေဒါက္တာေက်းဇူးပါဗ်ာ ဒါနဲ႕ ကုသစရိတ္ ဘယ္ေလာက္ေပးရမလဲဟင္.."

"ရပါတယ္ရွင္ မလိုပါဘူး ကြၽန္မတို႔အဖြဲ႕
က ေစတနာနဲ႕လာၿပီး ေဆးေတြ ကုသေပးေနတာမို႔
ကြၽန္မကလဲ အခုေစတနာနဲ႕ ကုသေပးမွာပါ။ဦးေလးသမီးေလးကိုပဲ ေဆးေလးေတြဝယ္တိုက္လိုက္ပါေနာ္.."

"ဟုတ္ကဲ့ ေဒါက္တာ ေက်းဇူးတင္ပါတယ္ခင္ဗ် ေဆးကေတာ့ ေဒါက္တာတို႔ ေဆးကုသေပးေနတဲ့ ေနရာမွာပဲေမးၿပီး
ဝယ္လိုက္ပါ့မယ္ အခုျပန္မယ္ဆို ကြၽန္ေတာ္ ျပန္ပို႔ေပးပါရေစ"

"ေကာင္းပါၿပီရွင္ ဒါဆိုလဲသြားၾကတာေပါ့"

>>>>>>>>>>>>>>>>>>

"သား ဆက္ပိုင္ ဦးျမတ္ထြန္းသမီး
ဧကရီေလးျပန္လာေတာ့မယ္ဆို ဟုတ္လား"

"ဟုတ္တယ္ ေဖေဖ
ဧကရီျပန္လာေတာ့မွာ အခုRoyal ကုမၸဏီနဲ႕
အန္ကယ့္အလုပ္ေတြကုိ ဧကရီကဦးေဆာင္ရေတာ့မယ္.."

"ေအာ္ ဟုတ္ပါၿပီကြာ ေကာင္းတာေပါ့ ဒါမွ
မင္းလဲ အနားယူလို႔ရတာေပါ့.."

"ကြၽန္ေတာ္က အဆင္ေျပပါတယ္ ေဖေဖရဲ႕အန္ကယ္ျမတ္ထြန္းက ကြၽန္ေတာ္တို႔အေပၚ ေက်းဇူးရွိခဲ့ဖူးေတာ့ ျပန္ဆပ္တယ္ပဲ သေဘာထားရမွာေပါ့ဗ်ာ..ကြၽန္ေတာ္တို႔ ခ်မ္းသာၿပီး ကိုယ္ပိုင္လုပ္ငန္းေတြကို လုပ္ကိုင္နိုင္တာလဲ
အန္ကယ့္ေၾကာင့္ပဲေလ"

"ဒါေပါ့ ငါ့သားရဲ႕ ဒါနဲ႕ဧကရီေလး နဲ႕ေကာ အဆင္ေျပရဲ႕လား မင္းသူ႕ကုိအင္မတန္ခ်စ္လို႔ပဲ...ေစ့စပ္ခြင့္ေတာင္း
ခဲ့တာမလားငါ့သား"

"ကြၽန္ေတာ္ဧကရီ႕ကိုခ်စ္တယ္ ေဖေဖ သူကတခ်ိန္က် ကြၽန္ေတာ္နဲ႕လက္ထပ္ရမဲ့မိန္းမတစ္ေယာက္
ပါ ေစ့စပ္တာလဲ သူလက္ခံခဲ့တာပဲ စဥ္းစားလို႔ကုိမရပါဘူးဗ်ာ သူ ကြၽန္ေတာ့္ကိုခ်စ္တယ္လို႔တစ္ခါမွမေျပာဖူးဘူး ေဖေဖ"

"ဟုတ္လား ဧကရီေလးမွာခ်စ္ရမဲ့သူေတြမ်ားရွိေနလို႔လား"

"အဲ့ဒီလိုမ်ိဳးေတာ့မရွိတာေသခ်ာပါတယ္ ကြၽန္ေတာ္က လန္ဒန္ကိုအၿမဲခဏခဏသြားျဖစ္ေနတဲ့ သူပဲဟာ မေစ့စပ္ခင္ထ္ိ ဧကရီ႕မွာ ခ်စ္သူရွိတယ္ဆိုတာမ်ိဳး ေျပာသံမၾကားဖူးပါဘူး..ေနာက္ၿပီးသူက အခုကြၽန္ေတာ္နဲ႔ ေစ့စပ္္ထားတာပဲ ဧကရီက သစၥာမ႐ွိတဲ့သူမဟုတ္တာေတာ့ ေသခ်ာပါတယ္.."

"ဒါဆိုလဲ မင္းကိုခ်စ္လာေအာင္ မင္းႀကိဳးစားေပါ့ကြာ ေဖေဖ့သားအစြမ္းစကုိ ေဖေဖယုံပါတယ္ အခုေတာ့ေဖေဖ နားလိုက္ဦးမယ္ မင္းလဲသြားနားေတာ့..."

ေဖေဖထသြားၿပီးခဏၾကာေတာ့ သူလဲ အခန္းထဲဝင္သြားကာ.ကြန္ပ်ဴတာျဖင့္ အလုပ္ကိစၥမ်ားခဏတာစစ္ေဆးေနလိုက္သည္။ထိုအခ်ိန္ဖုန္းဝင္လာသည္။

တီ~တီ~တီ~တီ

"ဟယ္လို Bossလား"

"ေျပာေဇယ်ာ ငါပဲ ​ဘာျပသနာျဖစ္လို႔ ဖုန္းဆက္တာလဲ"

"ေတာင္းပန္ပါတယ္Boss ကြၽန္ေတာ္တို႔ဂိုဏ္းက လူေတြ သခင္ႀကီးဦးျမတ္ထြန္း Clubကို သြားၾကည့္ေနတုန္း လမ္းမွာလုပ္ႀကံခံလိုက္ရပါတယ္.."

"ဘာ! ငါအခုလာခဲ့မယ္..မင္းတို႔အကုန္ အဲ့ဒီလုပ္ႀကံခံရတဲ့ေနရာမွာပဲရွိေနၾကတယ္မလား.."

"ဟုတ္ ဟုတ္ ရွိေနပါတယ္ Boss ဒါေပမဲ့အကုန္နီးပါးဒဏ္ရာရေနၾကပါတယ္.."

"ဒဏ္ရာရေနတဲ့သူေတြကို အျမန္ဆုံး Royal ကုမၸဏီရဲ႕ ကိုယ္ပိုင္ေဆး႐ုံကိုပို႔ပါ..လုပ္ႀကံခံလိုက္ရတဲ့ေနရာmassageပို႔ထား ငါအခုလာခဲ့မယ္ ရဲေတြေတာ႔လုံးဝအသိခံလို႔မျဖစ္ဘူး အားလုံး ေသေသသပ္သပ္ ၿပီးသြားတာပဲလိုခ်င္တယ္.."

"ဟုတ္ကဲ့ Bossအမိန႔္အတိုင္းပါ"

ငါတို႔ဂိုဏ္းကလူေတြကိုလုပ္ႀကံတာ အန္ကယ္ေအာင္သိုက္တို႔မ်ားျဖစ္ေနမလား..?သူကအန္ကယ္ျမတ္ထြန္းရဲ႕Royal လုပ္ငန္းစုႀကီးကိုလိုခ်င္ေနတဲ့သူပဲ ဒီေတာ့ Royalလုပ္ငန္းကို လက္ရွိဦးေဆာင္ေနရတဲ့ ငါ့ကို သတ္ျပစ္ခ်င္တာမ်ားလား? ဒီေန႕ Clubကု္္ိ ငါကိုယ္တိုင္သြားမယ္ဆိုျပီးသတင္းလႊင့္
ထားတာကို ၾကားျပီး လုပ္ႀကံတာထင္တယ္...
ကြၽန္ေတာ္အသက္ရွင္ေနတဲ့ေတာအတြင္း Royalလုပ္ငန္းစုႀကီး ခင္ဗ်ားလက္ထဲမေရာက္ေစရဘူး ဆိုတာ ၿမဲၿမဲမွတ္ထားသင့္တယ္..။

အမွန္ေတာ့ ဦးျမတ္ထြန္းဆိုတဲ့ ဧကရီ႕ေဖေဖဟာ အရမ္းခ်မ္းသာတာေၾကာင့္ အၿပိဳင္အဆိုင္လဲအေတာ္ေလးမ်ားသည္။ဒါေၾကာင့္ တစ္စုံတစ္ေယာက္က လုပ္ႀကံလာခဲ့လွ်င္ကာကြယ္နိုင္ရန္ ့လက္နက္အျပည့္စုံတပ္ဆင္ထားေသာ
ဂိုဏ္းတစ္တခုကိုဖြဲ႕စည္းထားသည္။ယခုေတာ့ ဂိုဏ္းကလူအခ်ိဳ႕ကိုဦးျမတ္ထြန္းပိုင္တဲ့ Clubမ်ားထဲမွ တစ္ခုကိုသြားေရာက္စစ္ေဆးခိုင္းတာ လုပ္ႀကံခံလိုက္ရသည္။

>>>>>>>>>>>>>

"ဒဏ္ရာရထားတဲ႔သူေတြကုိ ေဆး႐ုံမွာ ေသခ်ာကုသခိုင္းလိုက္ပါ.."

"ဟုတ္ကဲ့ Boss ေျပာျပစရာေလးရွိလို႔ပါ ကြၽန္ေတာ္တို႔ကိုလုပ္ၾကံတာ ဆရာေအာင္သုိက္လူေတြပါ.."

"သိသားပဲ ဒီလူႀကီးဆိုတာကို..အခုခ်က္ခ်င္း ငါ အဲ့ဒီလူၾကီးဆီသြားရွင္းမယ္ မင္းတို႔ကေတာ့ ျပန္နားၾကေတာ့ အိမ္ကုိ..."

"ျဖစ္ပါ့မလား Bossတစ္ေယာက္ထဲ
သူတို႔ကအင္အားေတာင့္တယ္..."

"ရတယ္ ငါဒီအတိုင္းသြား႐ွင္းမွာ...အကုန္လက္စေဖ်ာက္ၿပီးတာနဲ႔ ျပန္ၾကေတာ့ ငါသြားၿပီ..."

"အမိန္႔အတိုင္းပါ.."

မင္းဆက္ပုိင္ခန္႔ ဦးထြန္းျမတ္ ဂုိဏ္းကလူေတြနဲ႔စကားေျပာၿပီး ကားေပၚတက္ကာ ကားေမာင္းေနရာမွာထိုင္ရင္း ဦးေအာင္သုိက္ဆိုေသာ လူၾကီးဆီဖုန္းဆက္လိုက္သည္။

"အန္ကယ္ေအာင္သုိက္ ခင္ဗ်ားအခုဘယ္မွာလဲ အခုခ်က္ခ်င္း က်ဳပ္ခင္ဗ်ားကုိလာေတြ႔မယ္.."

"ဟား ဟား ဟား ေမာင္ဆက္ပုိင္ မင္းေတြ႔ခ်င္တဲ့အခ်ိန္ ငါကေတြ႔ေပးရေအာင္ မင္းကုိမင္းဘာမ်ားမွတ္ေနသလဲကြာ
က်စ္!ငါေမ့ေနတာပဲမင္းက ဟုိေကာင္ျမတ္ထြန္းေနရာ တက္ၿပီး Royalလုပ္ငန္းစုပုိင္႐ွင္လိုလုပ္ေနတယ္ဆိုေတာ့ မင္းအဆင့္မင္းေမ့သြားတာလား..ဟဟ တကယ္ေတာ့မင္းအဆင့္က ျမတ္ထြန္းဆိုတဲ့ေသသြားတဲ့ေကာင္ရဲ႕ ခိုင္းဖက္ေခြးသာသာေလးပဲေလကြာ "

"ခင္ဗ်ားစကားေတြက ေတာ္ေတာ္ရင့္သီးလွခ်ည္လား အန္ကယ္ေအာင္သုိက္..ခင္ဗ်ားကအ႐ူးပဲ က်ဳပ္ကအဲ့ေနရာကို လိုခ်င္တယ္မ်ားထင္ေနတာလား..ကြၽတ္စ္ ကြၽတ္စ္!ခင္ဗ်ားမွားမယ္ေနာ္ က်ဳပ္က က်ဳပ္အပုိင္မဟုတ္တဲ့ ဘယ္အရာကုိမဆိုလိုခ်င္တပ္မက္တဲ့ စိတ္ကိုမ႐ွိတာ..ဟက္! အခုခင္ဗ်ားကုိ ေတြ႔ခ်င္တယ္ဆိုတာ ခင္ဗ်ား အန္ကယ္ျမတ္ထြန္းရဲ႕ လူေတြကုိလုပ္ၾကံလိုက္မလား.."

"မင္းကေစာက္႐ူးပဲ မင္းဆက္ပုိင္ခန္႔ ငါလုပ္တယ္ဆိုတာ သက္ေသမ႐ွိပဲ မင္းငါ့ကုိစြပ္စဲြေနတာပါလား.."

"ခင္ဗ်ားအပုိေတြေျပာမေနပါနဲ႔ ခင္ဗ်ားက်ဳပ္ကုိလုပ္ၾကံခ်င္တာ က်ဳပ္သိၿပီးသား ဒါေပမဲ့အခုေတာ့ က်ဳပ္္လူေတြပဲထိသြားတာ..
ေနာက္တစ္ခါ Royalဂိုဏ္းက လူေတြကုိ ထပ္ထိတာနဲ႔ ခင္ဗ်ားလူေတြအေသပဲဆိုတာမွတ္ထားလိုက္ပါ.."

" မင္းက သခင္အားကုိးနဲ႔ကြၽန္ပါးဝခ်င္ေနတဲ့ ေကာင္ပဲ ဆက္ပုိင္ရ ငါကလဲ မင္းလိုေကာင္မ်ိဳးကုိမွ ငါ့ေ႐ွ႕ဒူးေထာက္ေတာင္းပန္ရတဲ့အထိ တိုက္ခိုက္မယ္ကြာ ဟား.ဟား ျမဲျမဲမွတ္ထားလိုက္ဆက္ပုိင္ ဒီေန႔ကစ မင္းကငါ့ရဲ႕ ရန္သူပဲ.."

"ခင္ဗ်ားက်ဳပ္ကို ခင္ဗ်ားဒူး​ေထာက္ေတာင္းပန္ခိုင္းမယ္ဆိုတဲ့
စကားကုိ ခင္ဗ်ား တည္ႏိုင္ပါေစ..ခင္ဗ်ားတိုက္ခိုက္မယ္ဆ္ုိ္လဲ မင္းဆက္ပိုင္ခန္႔ဆိုတဲ့က်ဳပ္ကအဆင္သင့္ပဲ.."

"ဟဟ ၾကည့္ၾကတာေပါ့ကြာ.."

ဦးေအာင္သုိက္ဆိုတဲ့လူႀကီးကတအားေကာက္က်စ္တာပဲကြာ က်စ္!ဧကရီအခုျမန္မာျပည္ျပန္လာေတာ့မယ္ဆိုေတာ့ ငါေသခ်ာကို ကာကြယ္ေစာင့္ေ႐ွာက္ေပးမွျဖစ္ေတာ့မွာပဲ အဲ့ဒီလူႀကီးငါ့ကုိတိုက္ခိုက္တာ ငါ့အတြက္ က္ိစၥဟုတ္ေပမဲ့ ဧကရီကုိထိပါးလာမယ္ဆိုရင္ေတာ့ ငါသတ္ျပစ္ဖို႔ဝန္ေလးမွာမဟုတ္ဘူး...။

>>>>>>>>>>>>>>>

"ျပန္ေရာက္ၿပီလား ၾကည္ျဖဴ အခ်ိန္ကုိၾကည့္ပါဦး6နာရီေတာင္ေက်ာ္ေနၿပီ စီနီယာတို႔ေရာ ငါတို႔​ေရာအကုန္လံုးနင့္ကုိစိတ္ပူေနၾကတာ..ဇဲြဆို နင္ျပန္မလာေသးလို႔ သူကုိယ္တိုင္သြား႐ွာေနတာ..အခုထိေတာင္ျပန္မလာေသး ဘူး"

"ဟုတ္လားေဝဇင္ ဇဲြက အခုထိျပန္မေရာက္ေသးဖူးလား.."

"ေအးဟုတ္တယ္ ငါတို႔မနက္ျဖန္ေန႔လည္ေလာက္ျပန္ရမယ္လို႔ စီနီယာေတြထဲ အမတစ္ေယာက္ကလာ​ေျပာသြားတယ္...က်န္တဲ့သူေတြကေတာ့ ပစၥည္းေတြသြားသိမ္းေနၾကၿပီ ငါကနင္နဲ႔ဇဲြျပန္မလာေသးလို႔ အေဆာင္ကေန ထြက္လာၿပီးေစာင့္ေနတာ"

"ဟုတ္လား ဒါဆိုငါတို႔ျပန္ရေတာ့မယ္ေပါ့ ဟီး ငါ့ကုိထြက္ၿပီးေစာင့္ေနေပးတာ ေက်းဇူးပါဟာ တကယ္ေတာ့ ငါေဆးသြားကုေပးေနတဲ့အိမ္က ဦးေလးက ငါ့ကို ျပန္လိုက္ပုိ႔ေပးတာ လမ္းမွာ လူတစ္ေယာက္ သတ္ိလစ္ေနေတာ့ ငါပဲကူညီေပးလိုက္ရတာ ဆရာဝန္ဆိုေတာ့ လူနာကုိ မ်က္ကြယ္မျပဳႏိုင္ဘူးေလဟာ.."

"ေအးပါ စိတ္ထားလွတဲ့ဆရာဝန္မႀကီးရယ္ နင္ဖုန္းလဲမပါသြားေတာ့ ငဇဲြကစိတ္ပူေနတာ အခုနင္ျပန္ေရာက္ၿပီဆိုတာေျပာလိုက္ဦး ေရာ့ ဒီမွာ..ေတာ္ၾကာ
နင့္ဇဲြျပည့္ႏိုင္ နင့္ကုိ႐ွာခ်င္ေဇာနဲ႔ ဒုကၡေရာက္ေနမွ နင္ပဲရင္က်ိဳးေနရမယ္.."

ေဝဇင္စကားေၾကာင့္ ၾကည္ျဖဴ႐ွက္သြားကာ ပါးေလးေတြရဲလာေလၿပီ..အဲ့ ေဝဇင္စုတ္ဟာေလ ဘာမွန္းမသိဘူး..ဘယ္ေတာ႔မွစကားေျပာရင္အေ႐ွ႕အေနာက္ကု္ိ မလြတ္ဘူး။

"အာ ေဝဇင္နင္ေနာ္ ငါနဲ႔ဇဲြက ႐ုိး႐ုိးသားသားပါဟ ငါဘာမွရင္က်ဳိးစရာမ႐ွိပါဘူး..ဟြန္႔"

"အမယ္ နင္ကသာ႐ုိးတာ ဇဲြကေကာ ႐ုိးပါ့မလားဟာ အခုပဲနင့္ကုိစိတ္ပူၿပီးလိုက္႐ွာေနတာပဲၾကည့္ေလ.."

"ဟာ ၾကည္ျဖဴ ျပန္ေရာက္ၿပီလား ငါနင့္ကုိလိုက္႐ွာေနတာ နင္ျပန္မေရာက္ေသးလို႔ တစ္ခုခုမ်ားျဖစ္ေနတာလားလို႔...."

အနီေရာင္အက်ႌကိုေကာ္လံႏွင့္ဝတ္ထားၿပီး အက်ႌစကုိ တံေတာင္ဆစ္ထိေခါက္တင္ထားကာ ေခြၽးတရဲႊရြဲွျဖင့္ ေျပးဝင္လာေသာ ဇဲြကုိၾကည့္ၿပီး သူမအားနာေနမိသည္။

"အင္း ဘာမွမျဖစ္ပါဖူး ငါျပန္ေရာက္ေနၿပီပဲ နင္လဲသြားနားေတာ့ေလဇဲြ ေအာ္ ဒါနဲ႔ မနက္ျဖန္ေန႔လည္ျပန္ရေတာ့မယ္တဲ့ ငါတို႔ေတြ..."

"ဟမ္ ဟုတ္လား ငါလဲမသိရပါလားၾကည္ျဖဴ...."

"ေအး ဟုတ္တယ္ေဟ့ ခုနကပဲ စီနီယာအမတစ္ေယာက္လာေျပာသြားတာ ငါလဲၾကည္ျဖဴ႕ကုိ အခုမွေျပာျပရတာ..."

"ေအာ္ ေအးပါ..ဒါဆိုငါလဲသြားနားေတာ့မယ္ ၾကည္ျဖဴ႕ကု္ိ ဂ႐ုစုိက္ေပးလိုက္ဦး ေဝဇင္"

"ေအးပါ နင္မေျပာလဲငါက ဂ႐ုစိုက္ေပးမွာပါ ငါ့အသည္ႏွလံုးေလးကုိ..ဟုတ္တယ္မလား ေျပာလုိက္ခ်စ္ဆံုး ငါနင့္ကုိ ဘယ္ေလာက္ဂ႐ုစု္ိက္သလဲဆိုတာ😏"

"ကြၽန္မကုိစစ္ကူေခၚမေနနဲ႔ မမေဝဇင္ေရ သြားမယ္ ေျခေထာက္ေတြေညာင္းေနၿပီ ဇဲြ ငါတို႔သြားၿပီေနာ္..."

ဇဲြကုိျပံဳးျပၿပီး ေဝဇင္လက္ကိုဆဲြကာ ထိုေနရာမွထြက္လာလိုုက္သည္။အခန္းထဲေရာက္ေတာ့ သိမ္းစရာ႐ွိတာေတြသိမ္းၿပီး ေရမိုးခ်ိဳးကာ ကုတင္ေပၚတြင္ ေဆးပညာႏွင့္ပတ္သတ္ေသာ စာအုပ္ေတြထိုင္ဖတ္ေနစဥ္

"ဟဲ့ ၾကည္ျဖဴ ဒီမွာၾကည့္ ဇဲြ အ​ေဖရဲ႕Royalကုမၸဏီမွာ ယာယီဥကၠ႒ မင္းဆက္ပုိင္ခန္႔ဆိုတဲ့သူ ဦးေဆာင္ေနရာကေန
ပုိင္႐ွင္အစစ္မွန္ျဖစ္တဲ့ ဦးျမတ္ထြန္းရဲ႕သမီး မိုးျမင့္ဧကရီဦးေဆာင္ေတာ့မယ္ဆိုတဲ့ သတင္းဟဲ့..."

"ေအာ္..ဟုတ္လား နာမည္က မိုးျမင့္ဧကရီတဲ့လား..ဇဲြကအျမဲဧကရီလို႔ပဲေျပာေတာ့ ငါကဧကရီလို႔ပဲထင္ထားတာ..."

စာအုပ္ကေနမ်က္ႏွာမခြာပဲေျပာေနတဲ့ သူငယ္ခ်င္းျဖစ္သူကိုေဝဇင္တစ္ခ်က္ၾကည့္ကာ

"ဟဲ့ သူကတအားေခ်ာတာပဲ ေနာက္ၿပီး အသက္ကငါတို႔နဲ႔အတူတူပဲထင္္တယ္ ကံေကာင္းလိုက္တာ ငယ္ငယ္ေလးနဲ႔ဥကၠ႒လုပ္ရေတာ့မွာ ေနာက္ၿပီး
ဇဲြတို႔က တစ္အားခ်မ္းသာတယ္ေနာ္ငါၾကည့္တာ"

"အင္း ဟုတ္မွာေပါ့ ငါလဲေသခ်ာမသိဖူးေဝဇင္.."

"ဒီမွာၾကည့္ မင္းဆက္ပုိင္ခန္႔ဆိုတဲ့ တစ္ေယာက္ရဲ႕ပံု တအားခန္႔တာပဲ ေခ်ာလိုက္တာဟယ္.."

"အင္း ၾကၫ့္ေကာင္းသားပဲ ဘာလဲ
အဲ့ဒီလူကုိသေဘာက်ျပန္ၿပီလား နင္ေနာ္ေတြ႔သမ်ွအကုန္ သေဘာက်ခ်င္ေနတာပဲ.."

"ငါႀကိဳက္ခ်င္ေတာင္ ႀကိဳက္မရဖူးေလ သူကမိုးျမင့္ဧကရီနဲ႔ ေစ့စပ္ထားတာ တႏွစ္ေက်ာ္ၿပီ..."

"ဟုတ္လားသူတ္ုိ႔ကေစ့စပ္ထားတာလား ဒါနဲ႔ မ္ုိးျမင့္ဧကရီဆိုတဲ့နာမည္ကတအားကုိ မတင္စီးလြန္းဖူးလား ေဝဇင္.."

"ဧကရီဆိုေတာ့ ဘုရင္မေပါ့ သူ႔ကုိ
မိုးျမင့္ထက္ကဘုရင္မလို႔ ဆိုလိုခ်င္တာမ်ားလား ဇဲြတို႔မိသားစုက"

"အင္းျဖစ္ေလာက္ပါတယ္ ကဲပါ ငါအိပ္ေတာ့မယ္ မနက္က်ျပန္ရေတာ့မယ္ဆိုေတာ့ ဝယ္ခ်င္တာေလးေတြ႐ွိေသးတယ္ နင္ပါလိုက္ခဲ့ေပးဦး..."

"ေအးေအး ငါလဲကုိးရီးယားကားၾကည့္ၿပီး အိပ္ေတာ့မယ္.."

"မီးလဲပိတ္ဦး အိပ္ရင္ တစ္ခါမွမပိတ္ထားဖူး ငါတေရးႏိုးမွထပိတ္ေပးေနရတယ္ နင့္စားပဲြကမီးကို..."

"ေအးပါဟယ္ ဒီညပိတ္ျဖစ္ေအာင္ ပိတ္လိုက္ပါ့မယ္..."

သူငယ္ခ်င္းျဖစ္သူေဝဇင္ကုိ ျပံဳးျပီးၾကည့္ကာ စာအုပ္ကုိေဘးကစားပဲြေပၚတင္ၿပီး အိပ္ယာေပၚ အိပ္ခ်လိုက္သည္။သို႔ေပမဲ့သူမ မအိပ္ျဖစ္ေသး မ္ိုးျမင့္ဧကရီဆိုေသာ မိန္းကေလး၏နာမည္ကုိ နားထဲတြင္ၾကားေယာင္ေနမိကာ ထိုမိန္းကေလးရဲ႕ပံုစံကုိေတြးၾကည့္မ္ိေသးသည္။..ခဏအ
ၾကာေတာ့ မ်က္လံုးမ်ား ေမွးစင္းလာတာေၾကာင့္ အိပ္ရန္ဆံုးျဖတ္ကာ မ်က္လံုးမ်ားပိတ္ခ်လိုက္ပါေတာ့သည္။

အားေပးၾကပါဦးအားလံုးကုိခ်စ္ပါတယ္😳🖤
Upေလးနဲနဲၾကာသြားတယ္sryပါဗ်😝

Unicode

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကကြီးစိုးနေပြီး ဘာကိုမွ သူမ သဲသဲကွဲကွဲမမြင်ရပေ။
ထို့ပြင်တင်းကြပ်တဲ့အထိအတွေ့ကြောင့် သေချာကြည့်မိလိုက်တော့ ယောကျာ်းကြီး 5ယောက်လောက်က သူမကို ဝိုင်း၍ဖမ်းချုပ်ထားကြလေသည်။သူမချက်ချင်းပင်အတင်းရုန်းကန်နေစဉ် သူမမျက်စိရှေ့အလင်းတန်းတစ်ခုပေါ်လာကာ အေဖျဖစ္သူကို တွေ့လိုက်ရသည်။ထို့ကြောင့်မျက်ရည်များ မျက်ဝန်းတွင် ဝိုင်းလာကာ အဖေဖြစ်သူဆီသို့ သွားဖို့ကြိုးစားလေသည်။ သို့ပေမဲ့ထိုလူများက သူမကိုအတင်းဆွဲကာဖမ်းချုပ်ထားဆဲပင်။

"လွှတ် ကျွန်မကိုလွှတ် ကျွန်မဒယ်ဒီဆီသွားမယ် အခု ဖယ်ပေးကြ"

"ကျွတ်စ်!ပြောနေတာမကြားဖူးလား ဖယ်ပေးလို့.."

"သမီးရယ်.."

"ဒယ်..ဒယ်ဒီသမီးကိုခေါ်နေတာလား..သမီးဒယ်ဒီ့ဆီလာခဲ့မယ် ဘာလို့ဒီလူတွေကသမီးကိုမဖယ်ပေးပဲ အတင်းဖမ်းချုပ်ထားနေကြတာလဲမသိဘူး ကူပြောပေးပါဦး ဒယ်ဒီရယ်..."

"သမီးလေး ဒယ်ဒီ့ကိုကယ်ပါဦး သမီးရယ်.."

"ဒယ်ဒီဘာပြောနေတာလဲ သမီးဘာတစ်ခုမှမကြားရဘူး ဒယ်ဒီ အဆင်ပြေရဲ့လား.."

"ဒယ်ဒီသမီးကိုအရမ်းချစ်တာကို  ဘယ်တုန်းကမှဒယ်ဒီထုတ်မပြခဲ့ပေမဲ့..သမီးသိတယၼမလား အား!!သမီးလေး"

"ဒယ်ဒီဘယ်ရောက်သွားတာလဲ ဖယ်ကြ ဖယ်ကြ ကျွန်မကိုလွှတ်..ကျွန်မဒယ်ဒီ့််ဆီသွားမယ်"

"ဖယ်ပေးလို့ပြောနေတာမကြားဘူးလား ဖယ်လို့!!!"

သူမအတင်းရုန်းကန်ကာ အော်ဟစ်နေပေမဲ့ ထိုလူမ်ားက သူမကိုမလွှတ်ပေးသည့်အပြင် အဝေးကြီးသို့တွန်းထုတ်လိုက်ကြလေသည်။ထို့ကြောင့်သူမလန့်နိုးကာ ချက်ချင်းပင် ဆတ္ကနဲ
ထထိုင်လိုက်သည်။

"ဟင်း ငါအိမ်မက်မက်နေတာလား?...ဒယ်ဒီဆုံးပြီးမှငါ
ဘာလို့ထူးထူးဆန်းဆန်းဒယ်ဒီကိုအိမ်မက်မက်ရတာလဲ?နောက်ပြီးအိမ်မက်ထဲမှာ ဒယ်ဒီကငါ့ကိုတစ်ခုခုပြောနေခဲ့သလိုပဲ ငါဘာလို့ဘာမှမကြားတာလဲ ဒယ်ဒီပြောတာကို..."

အတွေးပေါင်းများစွာနဲ့ နာရီကိုလှမ်းကြည့်လိုက်တော့ မနက်8နာရီထိုးနေပြီဖြစ်၍ အိပ်ယာထဲမှထလိုက်ကာ ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်လေသည်။

"Allen ကိုယ်ဒီနေ့အလုပ်မလာတော့ဘူး
အလုပ်ကိစ္စတွေကြည့်စီစဉ်လိုက်ပါ..နောက်ပြီးကိုယ့်နေရာမှာ
အစားထိုးမဲ့သူကောရောက်ပြီလား.."

"ဟုတ်ကဲ့ မဒမ် နောက်အပတ်ရောက်မယ်လို့ပြောတယ် ဘာမှစိတ်မပူပါနဲ့ ကျွန်မကြည့်စီစဉ်ထားလိုက်ပါ့မယ် ဒါနဲ့ ဒီနေ့မဒမ့်အသံသိပ်မကောင်းသလိုပဲ အဆင်ပြေရဲ့လား?"

"ကိုယ္လား အင်း ပုံမှန်ပါပဲ နောက်ပြီး
ကိုယ်မနက်ဖြန်ပဲ မြန်မာပြည်ပြန်တော့မယ် ချက်ချင်းလေယာဉ်လက်မှတ်တစ်ခု
ထပ်ပြီး စီစဉ်ထားပေးပါ.."

"ဟုတ်ကဲ့မဒမ် Allenစီစဉ်ထားပေးပါ့မယ်.."

"ကျေးဇူးတင်ပါတယ် မင်းလဲဒီတောအတွင်းပင်ပန်းသွားခဲ့ပြီ အစစအရာရာဂရုစိုက်ပါAllen...အသစ်ထပ်ရောက်လာမဲ့ အထက်လူကြီးနဲ့လည်းအဆင်ပြေပါစေ.."

"မဒမ်ပေးတဲ့ဆုနဲ့ပြည့်ပါစေ သတိရေနေတာ့မွာပဲ မဒမ္ကို နောက်ပြီးAllenလဲ နောက်6နှစ်လောက်ဆို မြန်မာပြည်အပြီးပြန်ဖြစ်မှာပါ.."

"အင်း ကောင်းပါတယ် see u...Allen"

"ဟုတ်ကဲ့ပါ ဂရုစိုက်ပါ.."

မိုးမြင့်ဧကရီသည် လန်ဒန်မြို့ရှိ အကြီးစား ကုမ္ပဏီရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်သည်။လူငယ်ပီပီသွက်လက်ကာ နိုင်ငံခြားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည်။အရမ်းကိုထူးချွန်တာကြောင့် နာမည်ကြီးကုမ္ပဏီတစ်ခုတွင်နေရာရခဲ့သူလည်းဖြစ်သည်။ ယခုလက်ရှိမှာတော့ သူမဟာ သူမဒယ်ဒီဆုံးပြီဖြစ်၍ မြန်မာပြည်သို့ပြန်ကာ ဒယ္ဒီ့ နရာကိုဆက်ခံရတော့မည်ဖြစ်သောကြောင့် ထိုကုမ္ပဏီမှ ထွက်စာတင်ထားခဲ့သည်။သူမနေရာအစားထိုးမဲ့သူလဲတွေ့ပြီဆိုတော့ သူမအလုပ်ကိစ္စတွေစိတ်မချစရာမရှိတော့ပေ။နောက်ဆုံးတော့ မပြန်ချင်တဲ့မြန်မာပြည်ကိုပြန်တော့ရမှာပဲ ဟုတွေးပြီး

"ဟင်းးး စိတ်ရှုပ်လိုက်တာ ခေါင်းကနောက်ကျိကျိနဲ့ ရေချိုးဦးမှပဲ.."

တတွတ်တွတ်ငြီးတွားရင်းတပတ်အဖြူလေးတစ်ထည်ပတ်ကာ ရေချိုးခန်းထဲသို့ဧကရီဝင်သွားလေပြီ။ဧကရီသည် တစ်ယောက်ထဲနေထိုင်သူဖြစ်သည်..သူမဖေဖေသည် မြန်မာပြည်တွင် အလွန်ပင်ချမ်းသာသူတစ်ဦးဖြစ်ပါသည်။သို့်သော် သူမသည် လန်ဒန်တွင်ကျောင်းပြီးချိန်မှစ၍ ဒယ္ဒီ့ဆီက အသုံးစရိတ်မယူတော့ပေ။ကုမ္ပဏီတစ်ခုတွင်အလုပ်ဝင်ပြီး
ကိုယ်ပိုင်လခဖြင့်သာရပ်တည်ခဲ့သည်..
သူမတစ္လ တစ္လရသာလစာက ဒေါ်လာမနည်းမနောပင်။ထို့ကြောင့်သူမဟာ လန်ဒန်တွင်လည်း
အတော်လေးပင်ချမ်းသာကြွယ်ဝနေသူဖြစ်သည်။

ဧကရီဆိုသောသူမသည် Clubတတ်ရတာကိုအလွန်ပင်ဝါသနာပါလှပါသည်။လန်ဒန်မြို့Clubတော်တော်များများတွင် သူမကိုမသိသူမရှိပါ။အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ပိန်သွယ်သွယ်ကိုယ်လုံးကိုယ်ပေါက်အပြင် ဆေးမကူပဲ နှင်းဆီရောင်နှုတ်ခမ်းရှိသည့် သူမဟာ ပြုံးလိုက်လျှင်
သွားတတ်လေးပေါ်လာသည်မှာ အင်မတန်ပင်ကြည့်ကောင်းလှသည်။ခပ်တည်တည်မျက်နှာထားနဲ့ အာရှအလှဘုရင်မလေးဧကရီကို နိုင်ငံခြား ပုရိသများကအသဲစွဲပင်။သူမကိုသဘောကျသော သူများထဲတွင် ယောကျာ်းလေးများသားမက မိန်းကလေးတော်တော်များများလဲပါဝင်သည်။
အမှန်တိုင်းပြောရလျှင် သူမတစ်ခါမှဘယ်သူ့ကိုမှမချစ်ဖူးပါ..ခ်စ္သူလဲမထားခဲ့ဖူးပါ..ထားဖို့လဲအချိန်မပေးနိုင်တာကြောင့်ပါသည်။
ဒါကြောင့် ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ အကုန်လုံးကိုငြင်းဆန်ခဲ့မိသည်။တချိန်ကျလျှင်
သူမသည် သူမကိုယ်တိုင် စေ့စပ်ထားသောမင်းဆက်ပိုင်ခန့်ဆိုသော ယောကျာ်းနှင့်
့်လက်ထပ်ရမည့် မိန်းမတစ်ယောက်ဖြစ်သည်။မင်းဆက်ပိုင်ခန့်ကို သူမမခ်စ္သလို
အချစ်ဆိုတာကြီးကိုလဲ သူမစိတ်မဝင်စားပါ သိလဲမသိချင်ပါ..မချစ်ပဲ ဘာကြောင့်စေ့စပ်တာကို်လက်ခံခဲ့တာ
လဲလို့မေးခဲ့ရင် အကြောင်းပြချက်က ဒယ်ဒီကြောင့်ပင်ဖြစ်သည်။ သူမကြားဖူးတာတစ်ခုက ချစ်ချင်းမေတ္တာဆိုတဲ့အရာက နွေးထွေးသည်တဲ့ သို့ပေမဲ့ဘယ်လောက်ပင်နွေးထွေးပါစေ
သူမ မလိုချင်ခဲ့ပါ။

>>>>>>>>>>>>>>>>>>

"ညီမလေးအဆင်ပြေရဲ့လား ဘာဖြစ်တာလဲ မမကိုပြောနော်.."

"အင်း ဟင့် နာတယ် မမ ဗိုက်ကတော်တော်လေးအောင့်နေတာ.."

ငိုမဲ့မဲ့ဖြင့်ပြောနေသောကလေးမလေးကို ဂရုဏာသက်စွာဖြင့် ကြည်ဖြူကြည့်ရင်း

"ဟုတ္လား ဘယ်နားလေးလဲညီမလေး ခုနေကတာ့ ညီမလေးဖေဖေကပြောတယ် ညီမလေးဝမ်းလျှောနေတယ်မဟုတ်လား.."

ကြည်ဖြူမေးတော့ထိုကလေးကရယ်ပြပီြး
သူ့ဗိုက်လေးကိုဖိကာပင်

"ဟုတ်တယ် မမ ဒါပေမဲ့ ငုဝါဆေးမထိုးချင်လို့ပါနော်..."

"အော် ဘာများလဲလို့အင်းပါညီမလေးရဲ့ ဆေးထိုးရမှာကြောက်နေတာလား.."

"ဟုတ်.."

"အော် ဟုတ်ပါပြီရှင် မမဆေးပေးခဲ့မယ်နော် ဒါကိုပုံမှန်သောက်ပေးဖို့တော့လိုမယ် နောက်ပြီး ဟောဒီ ဓာတ်ဆားကဒ်လေးတွေကိုယူထား ရေသန့်ဗူးထဲဖောက်ထည့်ပြီး သက်သာသွားတဲ့အချိန်ထိသောက်ပေးနော် အစားလဲရှောင်ရမယ်နော်..."

"ဟုတ် မမ ကျေးဇူးတင်ပါတယ်နော်..."

"အင်း အင်း ညီမလေးဖေဖေကို ဆေးဝယ်ရမဲ့ဟာတွေပြောပြပြီး မမလဲပြန်တော့မယ် နားတော့ညီမလေး.."

"ဟုတ်.."

ကလေးမလေးကိုပြုံးပြလိုက်ပြီး အခန်းပြင်ထွက်လာခဲ့လိုက်သည်။

"ဦးလေး သမီးလေးက စိုးရိမ်စရာမရှိတော့ဘူးနော်။ ဒီအတိုင်း အစာတွေမှားပြီး ဝမ်းလျှောတာပါ သူ့ကိုဒီနေ့တော့ ဆန်ပြုတ်ပဲကြွေးထားလိုက်ပါ ပါးစပ်တော့ပျက်နေလိိမ့်မယ် ဝမ်းသွားထားတဲ့အရှိန်နဲ့.."

"ဟုတ်ကဲ့ ဒေါက်တာကျေးဇူးပါဗျာ ဒါနဲ့ ကုသစရိတ် ဘယ်လောက်ပေးရမလဲဟင်.."

"ရပါတယ်ရှင် မလိုပါဘူး ကျွန်မတို့အဖွဲ့
က စေတနာနဲ့လာပြီး ဆေးတွေ ကုသပေးနေတာမို့
ကျွန်မကလဲ အခုစေတနာနဲ့ ကုသပေးမှာပါ။ဦးလေးသမီးလေးကိုပဲ ဆေးလေးတွေဝယ်တိုက်လိုက်ပါနော်.."

"ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးတင်ပါတယ်ခင်ဗျ ဆေးကတော့ ဒေါက်တာတို့ ဆေးကုသပေးနေတဲ့ နေရာမှာပဲမေးပြီး
ဝယ်လိုက်ပါ့မယ် အခုပြန်မယ်ဆို ကျွန်တော် ပြန်ပို့ပေးပါရစေ"

"ကောင်းပါပြီရှင် ဒါဆိုလဲသွားကြတာပေါ့"

>>>>>>>>>>>>>>>>>>

"သား ဆက်ပိုင် ဦးမြတ်ထွန်းသမီး
ဧကရီလေးပြန်လာတော့မယ်ဆို ဟုတ္လား"

"ဟုတ်တယ် ဖေဖေ
ဧကရီပြန်လာတော့မှာ အခုRoyal ကုမ္ပဏီနဲ့
အန်ကယ့်အလုပ်တွေကို ဧကရီကဦးဆောင်ရတော့မယ်.."

"အော် ဟုတ်ပါပြီကွာ ကောင်းတာပေါ့ ဒါမွ
မင်းလဲ အနားယူလို့ရတာပေါ့.."

"ကျွန်တော်က အဆင်ပြေပါတယ် ဖေဖေရဲ့အန်ကယ်မြတ်ထွန်းက ကျွန်တော်တို့အပေါ် ကျေးဇူးရှိခဲ့ဖူးတော့ ပြန်ဆပ်တယ်ပဲ သဘောထားရမှာပေါ့ဗျာ..ကျွန်တော်တို့ ချမ်းသာပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို လုပ်ကိုင်နိုင်တာလဲ
အန်ကယ့်ကြောင့်ပဲလေ"

"ဒါပေါ့ ငါ့သားရဲ့ ဒါနဲ့ဧကရီလေး နဲ့ကော အဆင်ပြေရဲ့လား မင်းသူ့ကိုအင်မတန်ချစ်လို့ပဲ...စေ့စပ်ခွင့်တောင်း
ခဲ့တာမလားငါ့သား"

"ကျွန်တော်ဧကရီ့ကိုချစ်တယ် ဖေဖေ သူကတချိန်ကျ ကျွန်တော်နဲ့လက်ထပ်ရမဲ့မိန်းမတစ်ယောက်
ပါ စေ့စပ်တာလဲ သူလက်ခံခဲ့တာပဲ စဉ်းစားလို့ကိုမရပါဘူးဗျာ သူ ကျွန်တော့်ကိုချစ်တယ်လို့တစ်ခါမှမပြောဖူးဘူး ဖေဖေ"

"ဟုတ္လား ဧကရီလေးမှာချစ်ရမဲ့သူတွေများရှိနေလို့လား"

"အဲ့ဒီလိုမျိုးတော့မရှိတာသေချာပါတယ် ကျွန်တော်က လန်ဒန်ကိုအမြဲခဏခဏသွားဖြစ်နေတဲ့ သူပဲဟာ မစေ့စပ်ခင်ထ်ိ ဧကရီ့မှာ ချစ်သူရှိတယ်ဆိုတာမျိုး ပြောသံမကြားဖူးပါဘူး..နောက်ပြီးသူက အခုကျွန်တော်နဲ့ စေ့စပ််ထားတာပဲ ဧကရီက သစ္စာမရှိတဲ့သူမဟုတ်တာတော့ သေချာပါတယ်.."

"ဒါဆိုလဲ မင်းကိုချစ်လာအောင် မင်းကြိုးစားပေါ့ကွာ ဖေဖေ့သားအစွမ်းစကို ဖေဖေယုံပါတယ် အခုတော့ဖေဖေ နားလိုက်ဦးမယ် မင်းလဲသွားနားတော့..."

ဖေဖေထသွားပြီးခဏကြာတော့ သူလဲ အခန်းထဲဝင်သွားကာ.ကွန်ပျူတာဖြင့် အလုပ်ကိစ္စများခဏတာစစ်ဆေးနေလိုက်သည်။ထိုအချိန်ဖုန်းဝင်လာသည်။

တီ~တီ~တီ~တီ

"ဟယ္လို Bossလား"

"ပြောဇေယျာ ငါပဲ ဘာပြသနာဖြစ်လို့ ဖုန်းဆက်တာလဲ"

"တောင်းပန်ပါတယ်Boss ကျွန်တော်တို့ဂိုဏ်းက လူတွေ သခင်ကြီးဦးမြတ်ထွန်း Clubကို သွားကြည့်နေတုန်း လမ်းမှာလုပ်ကြံခံလိုက်ရပါတယ်.."

"ဘာ! ငါအခုလာခဲ့မယ်..မင်းတို့အကုန် အဲ့ဒီလုပ်ကြံခံရတဲ့နေရာမှာပဲရှိနေကြတယ်မလား.."

"ဟုတ် ဟုတ် ရှိနေပါတယ် Boss ဒါပေမဲ့အကုန်နီးပါးဒဏ်ရာရနေကြပါတယ်.."

"ဒဏ်ရာရနေတဲ့သူတွေကို အျမန္ဆုံး Royal ကုမ္ပဏီရဲ့ ကိုယ်ပိုင်ဆေးရုံကိုပို့ပါ..လုပ်ကြံခံလိုက်ရတဲ့နေရာmassageပို့ထား ငါအခုလာခဲ့မယ် ရဲတွေတော့လုံးဝအသိခံလို့မဖြစ်ဘူး အားလုံး သေသေသပ်သပ် ပြီးသွားတာပဲလိုချင်တယ်.."

"ဟုတ်ကဲ့ Bossအမိန့်အတိုင်းပါ"

ငါတို့ဂိုဏ်းကလူတွေကိုလုပ်ကြံတာ အန်ကယ်အောင်သိုက်တို့များဖြစ်နေမလား..?သူကအန်ကယ်မြတ်ထွန်းရဲ့Royal လုပ်ငန်းစုကြီးကိုလိုချင်နေတဲ့သူပဲ ဒီတော့ Royalလုပ်ငန်းကို လက်ရှိဦးဆောင်နေရတဲ့ ငါ့ကို သတ်ပြစ်ချင်တာများလား? ဒီနေ့ Clubကုျိ ငါကိုယ်တိုင်သွားမယ်ဆိုပြီးသတင်းလွှင့်
ထားတာကို ကြားပြီး လုပ်ကြံတာထင်တယ်...
ကျွန်တော်အသက်ရှင်နေတဲ့တောအတွင်း Royalလုပ်ငန်းစုကြီး ခင်ဗျားလက်ထဲမရောက်စေရဘူး ဆိုတာ မြဲမြဲမှတ်ထားသင့်တယ်..။

အမှန်တော့ ဦးမြတ်ထွန်းဆိုတဲ့ ဧကရီ့ဖေဖေဟာ အရမ်းချမ်းသာတာကြောင့် အပြိုင်အဆိုင်လဲအတော်လေးများသည်။ဒါကြောင့် တစ်စုံတစ်ယောက်က လုပ်ကြံလာခဲ့လျှင်ကာကွယ်နိုင်ရန် ့လက်နက်အပြည့်စုံတပ်ဆင်ထားသော
ဂိုဏ်းတစ်တခုကိုဖွဲ့စည်းထားသည်။ယခုတော့ ဂိုဏ်းကလူအချို့ကိုဦးမြတ်ထွန်းပိုင်တဲ့ Clubမ်ားထဲမွ တစ်ခုကိုသွားရောက်စစ်ဆေးခိုင်းတာ လုပ်ကြံခံလိုက်ရသည်။

>>>>>>>>>>>>>

"ဒဏ်ရာရထားတဲ့သူတွေကို ဆေးရုံမှာ သေချာကုသခိုင်းလိုက်ပါ.."

"ဟုတ်ကဲ့ Boss ပြောပြစရာလေးရှိလို့ပါ ကျွန်တော်တို့ကိုလုပ်ကြံတာ ဆရာအောင်သိုက်လူတွေပါ.."

"သိသားပဲ ဒီလူကြီးဆိုတာကို..အခုချက်ချင်း ငါ အဲ့ဒီလူကြီးဆီသွားရှင်းမယ် မင်းတို့ကတော့ ပြန်နားကြတော့ အိမ်ကို..."

"ဖြစ်ပါ့မလား Bossတစ်ယောက်ထဲ
သူတို့ကအင်အားတောင့်တယ်..."

"ရတယ် ငါဒီအတိုင်းသွားရှင်းမှာ...အကုန်လက်စဖျောက်ပြီးတာနဲ့ ပြန်ကြတော့ ငါသွားပြီ..."

"အမိန့်အတိုင်းပါ.."

မင်းဆက်ပိုင်ခန့် ဦးထွန်းမြတ် ဂိုဏ်းကလူတွေနဲ့စကားပြောပြီး ကားပေါ်တက်ကာ ကားမောင်းနေရာမှာထိုင်ရင်း ဦးအောင်သိုက်ဆိုသော လူကြီးဆီဖုန်းဆက်လိုက်သည်။

"အန်ကယ်အောင်သိုက် ခင်ဗျားအခုဘယ်မှာလဲ အခုချက်ချင်း ကျုပ်ခင်ဗျားကိုလာတွေ့မယ်.."

"ဟား ဟား ဟား မောင်ဆက်ပိုင် မင်းတွေ့ချင်တဲ့အချိန် ငါကတွေ့ပေးရအောင် မင်းကိုမင်းဘာများမှတ်နေသလဲကွာ
ကျစ်!ငါမေ့နေတာပဲမင်းက ဟိုကောင်မြတ်ထွန်းနေရာ တတ်ပြီး Royalလုပ်ငန်းစုပိုင်ရှင်လိုလုပ်နေတယ်ဆိုတော့ မင်းအဆင့်မင်းမေ့သွားတာလား..ဟဟ တကယ်တော့မင်းအဆင့်က မြတ်ထွန်းဆိုတဲ့သေသွားတဲ့ကောင်ရဲ့ ခိုင်းဖက်ခွေးသာသာလေးပဲလေကွာ "

"ခင်ဗျားစကားတွေက တော်တော်ရင့်သီးလှချည်လား အန်ကယ်အောင်သိုက်..ခင်ဗျားကအရူးပဲ ကျုပ်ကအဲ့နေရာကို လိုချင်တယ်များထင်နေတာလား..ကျွတ်စ် ကျွတ်စ်!ခင်ဗျားမှားမယ်နော် ကျုပ်က ကျုပ်အပိုင်မဟုတ်တဲ့ ဘယ်အရာကိုမဆိုလိုချင်တပ်မက်တဲ့ စိတ်ကိုမရှိတာ..ဟက်! အခုခင်ဗျားကို တွေ့ချင်တယ်ဆိုတာ ခင်ဗျား အန်ကယ်မြတ်ထွန်းရဲ့ လူတွေကိုလုပ်ကြံလိုက်မလား.."

"မင်းကစောက်ရူးပဲ မင်းဆက်ပိုင်ခန့် ငါလုပ္တယ္ဆိုတာ သက်သေမရှိပဲ မင်းငါ့ကိုစွပ်စွဲနေတာပါလား.."

"ခင်ဗျားအပိုတွေပြောမနေပါနဲ့ ခင်ဗျားကျုပ်ကိုလုပ်ကြံချင်တာ ကျုပ်သိပြီးသား ဒါပေမဲ့အခုတော့ ကျုပ််လူတွေပဲထိသွားတာ..
နောက်တစ်ခါ Royalဂိုဏ်းက လူတွေကို ထပ်ထိတာနဲ့ ခင်ဗျားလူတွေအသေပဲဆိုတာမှတ်ထားလိုက်ပါ.."

" မင်းက သခင်အားကိုးနဲ့ကျွန်ပါးဝချင်နေတဲ့ ကောင်ပဲ ဆက်ပိုင်ရ ငါကလဲ မင်းလိုကောင်မျိုးကိုမှ ငါ့ရှေ့ဒူးထောက်တောင်းပန်ရတဲ့အထိ တိုက်ခိုက်မယ်ကွာ ဟား.ဟား မြဲမြဲမှတ်ထားလိုက်ဆက်ပိုင် ဒီနေ့ကစ မင်းကငါ့ရဲ့ ရန္သူပဲ.."

"ခင်ဗျားကျုပ်ကို ခင်ဗျားဒူးထောက်တောင်းပန်ခိုင်းမယ်ဆိုတဲ့
စကားကို ခင်ဗျား တည်နိုင်ပါစေ..ခင်ဗျားတိုက်ခိုက်မယ်ဆ်ို်လဲ မင်းဆက်ပိုင်ခန့်ဆိုတဲ့ကျုပ်ကအဆင်သင့်ပဲ.."

"ဟဟ ကြည့်ကြတာပေါ့ကွာ.."

ဦးအောင်သိုက်ဆိုတဲ့လူကြီးကတအားကောက်ကျစ်တာပဲကွာ ကျစ်!ဧကရီအခုမြန်မာပြည်ပြန်လာတော့မယ်ဆိုတော့ ငါသေချာကို ကာကွယ်စောင့်ရှောက်ပေးမှဖြစ်တော့မှာပဲ အဲ့ဒီလူကြီးငါ့ကိုတိုက်ခိုက်တာ ငါ့အတွက် က်ိစ္စဟုတ်ပေမဲ့ ဧကရီကိုထိပါးလာမယ်ဆိုရင်တော့ ငါသတ်ပြစ်ဖို့ဝန်လေးမှာမဟုတ်ဘူး...။

>>>>>>>>>>>>>>>

"ပြန်ရောက်ပြီလား ကြည်ဖြူ အချိန်ကိုကြည့်ပါဦး6နာရီတောင်ကျော်နေပြီ စီနီယာတို့ရော ငါတို့ရောအကုန်လုံးနင့်ကိုစိတ်ပူနေကြတာ..ဇွဲဆို နင်ပြန်မလာသေးလို့ သူကိုယ်တိုင်သွားရှာနေတာ..အခုထိတောင်ပြန်မလာသေး ဘူး"

"ဟုတ်လားဝေဇင် ဇွဲက အခုထိပြန်မရောက်သေးဖူးလား.."

"အေးဟုတ်တယ် ငါတို့မနက်ဖြန်နေ့လည်လောက်ပြန်ရမယ်လို့ စီနီယာတွေထဲ အမတစ်ယောက်ကလာပြောသွားတယ်...ကျန်တဲ့သူတွေကတော့ ပစ္စည်းတွေသွားသိမ်းနေကြပြီ ငါကနင်နဲ့ဇွဲပြန်မလာသေးလို့ အဆောင်ကနေ ထွက်လာပြီးစောင့်နေတာ"

"ဟုတ္လား ဒါဆိုငါတို့ပြန်ရတော့မယ်ပေါ့ ဟီး ငါ့ကိုထွက်ပြီးစောင့်နေပေးတာ ကျေးဇူးပါဟာ တကယ်တော့ ငါဆေးသွားကုပေးနေတဲ့အိမ်က ဦးလေးက ငါ့ကို ပြန်လိုက်ပို့ပေးတာ လမ်းမှာ လူတစ်ယောက် သတ်ိလစ်နေတော့ ငါပဲကူညီပေးလိုက်ရတာ ဆရာဝန်ဆိုတော့ လူနာကို မျက်ကွယ်မပြုနိုင်ဘူးလေဟာ.."

"အေးပါ စိတ်ထားလှတဲ့ဆရာဝန်မကြီးရယ် နင်ဖုန်းလဲမပါသွားတော့ ငဇွဲကစိတ်ပူနေတာ အခုနင်ပြန်ရောက်ပြီဆိုတာပြောလိုက်ဦး ရော့ ဒီမွာ..တော်ကြာ
နင့်ဇွဲပြည့်နိုင် နင့်ကိုရှာချင်ဇောနဲ့ ဒုက္ခရောက်နေမှ နင်ပဲရင်ကျိုးနေရမယ်.."

ဝေဇင်စကားကြောင့် ကြည်ဖြူရှက်သွားကာ ပါးလေးတွေရဲလာလေပြီ..အဲ့ ဝေဇင်စုတ်ဟာလေ ဘာမှန်းမသိဘူး..ဘယ်တော့မှစကားပြောရင်အရှေ့အနောက်ကု်ိ မလြတ္ဘူး။

"အာ ဝေဇင်နင်နော် ငါနဲ့ဇွဲက ရိုးရိုးသားသားပါဟ ငါဘာမှရင်ကျိုးစရာမရှိပါဘူး..ဟွန့်"

"အမယ် နင်ကသာရိုးတာ ဇွဲကကော ရိုးပါ့မလားဟာ အခုပဲနင့်ကိုစိတ်ပူပြီးလိုက်ရှာနေတာပဲကြည့်လေ.."

"ဟာ ကြည်ဖြူ ပြန်ရောက်ပြီလား ငါနင့်ကိုလိုက်ရှာနေတာ နင်ပြန်မရောက်သေးလို့ တစ်ခုခုများဖြစ်နေတာလားလို့...."

အနီရောင်အကျႌကိုကော်လံနှင့်ဝတ်ထားပြီး အကျႌစကို တံတောင်ဆစ်ထိခေါက်တင်ထားကာ ချွေးတရွဲှရွဲှဖြင့် ပြေးဝင်လာသော ဇွဲကိုကြည့်ပြီး သူမအားနာနေမိသည်။

"အင်း ဘာမှမဖြစ်ပါဖူး ငါပြန်ရောက်နေပြီပဲ နင်လဲသွားနားတော့လေဇွဲ အော် ဒါနဲ့ မနက်ဖြန်နေ့လည်ပြန်ရတော့မယ်တဲ့ ငါတို့တွေ..."

"ဟမ် ဟုတ္လား ငါလဲမသိရပါလားကြည်ဖြူ...."

"အေး ဟုတ်တယ်ဟေ့ ခုနကပဲ စီနီယာအမတစ်ယောက်လာပြောသွားတာ ငါလဲကြည်ဖြူ့ကို အခုမှပြောပြရတာ..."

"အော် အေးပါ..ဒါဆိုငါလဲသွားနားတော့မယ် ကြည်ဖြူ့ကု်ိ ဂရုစိုက်ပေးလိုက်ဦး ဝေဇင်"

"အေးပါ နင်မပြောလဲငါက ဂရုစိုက်ပေးမှာပါ ငါ့အသည်နှလုံးလေးကို..ဟုတ္တယ္မလား ပြောလိုက်ချစ်ဆုံး ငါနင့်ကို ဘယ်လောက်ဂရုစု်ိက်သလဲဆိုတာ😏"

"ကျွန်မကိုစစ်ကူခေါ်မနေနဲ့ မမဝေဇင်ရေ သွားမယ် ခြေထောက်တွေညောင်းနေပြီ ဇွဲ ငါတို့သွားပြီနော်..."

ဇွဲကိုပြုံးပြပြီး ဝေဇင်လက်ကိုဆွဲကာ ထိုနေရာမှထွက်လာလိုက်သည်။အခန်းထဲရောက်တော့ သိမ်းစရာရှိတာတွေသိမ်းပြီး ရေမိုးချိုးကာ ကုတင်ပေါ်တွင် ဆေးပညာနှင့်ပတ်သတ်သော စာအုပ်တွေထိုင်ဖတ်နေစဉ်

"ဟဲ့ ကြည်ဖြူ ဒီမှာကြည့် ဇွဲ အဖေရဲ့Royalကုမ္ပဏီမှာ ယာယီဥက္ကဋ္ဌ မင်းဆက်ပိုင်ခန့်ဆိုတဲ့သူ ဦးဆောင်နေရာကနေ
ပိုင်ရှင်အစစ်မှန်ဖြစ်တဲ့ ဦးမြတ်ထွန်းရဲ့သမီး မိုးမြင့်ဧကရီဦးဆောင်တော့မယ်ဆိုတဲ့ သတင်းဟဲ့..."

"အော်..ဟုတ္လား နာမည်က မိုးမြင့်ဧကရီတဲ့လား..ဇွဲကအမြဲဧကရီလို့ပဲပြောတော့ ငါကဧကရီလို့ပဲထင်ထားတာ..."

စာအုပ်ကနေမျက်နှာမခွာပဲပြောနေတဲ့ သူငယ်ချင်းဖြစ်သူကိုဝေဇင်တစ်ချက်ကြည့်ကာ

"ဟဲ့ သူကတအားချောတာပဲ နောက်ပြီး အသက်ကငါတို့နဲ့အတူတူပဲထင််တယ် ကံကောင်းလိုက်တာ ငယ်ငယ်လေးနဲ့ဥက္ကဋ္ဌလုပ်ရတော့မှာ နောက်ပြီး
ဇွဲတို့က တစ်အားချမ်းသာတယ်နော်ငါကြည့်တာ"

"အင်း ဟုတ်မှာပေါ့ ငါလဲသေချာမသိဖူးဝေဇင်.."

"ဒီမှာကြည့် မင်းဆက်ပိုင်ခန့်ဆိုတဲ့ တစ်ယောက်ရဲ့ပုံ တအားခန့်တာပဲ ချောလိုက်တာဟယ်.."

"အင်း ကြည့်ကောင်းသားပဲ ဘာလဲ အဲ့ဒီလူကိုသဘောကျပြန်ပြီလား နင်နော်တွေ့သမျှအကုန် သဘောကျချင်နေတာပဲ.."

"ငါကြိုက်ချင်တောင် ကြိုက်မရဖူးလေ သူကမိုးမြင့်ဧကရီနဲ့ စေ့စပ်ထားတာ တနှစ်ကျော်ပြီ..."

"ဟုတ်လားသူတ်ို့ကစေ့စပ်ထားတာလား ဒါနဲ့ မ်ိုးမြင့်ဧကရီဆိုတဲ့နာမည်ကတအားကို မတင်စီးလွန်းဖူးလား ဝေဇင်.."

"ဧကရီဆိုတော့ ဘုရင်မပေါ့ သူ့ကို
မိုးမြင့်ထက်ကဘုရင်မလို့ ဆိုလိုချင်တာများလား ဇွဲတို့မိသားစုက"

"အင်းဖြစ်လောက်ပါတယ် ကဲပါ ငါအိပ်တော့မယ် မနက်ကျပြန်ရတော့မယ်ဆိုတော့ ဝယ်ချင်တာလေးတွေရှိသေးတယ် နင်ပါလိုက်ခဲ့ပေးဦး..."

"အေးအေး ငါလဲကိုးရီးယားကားကြည့်ပြီး အိပ်တော့မယ်.."

"မီးလဲပိတ်ဦး အိပ်ရင် တစ်ခါမှမပိတ်ထားဖူး ငါတရေးနိုးမှထပိတ်ပေးနေရတယ် နင့်စားပွဲကမီးကို..."

"အေးပါဟယ် ဒီညပိတ်ဖြစ်အောင် ပိတ်လိုက်ပါ့မယ်..."

သူငယ်ချင်းဖြစ်သူဝေဇင်ကို ပြုံးပြီးကြည့်ကာ စာအုပ်ကိုဘေးကစားပွဲပေါ်တင်ပြီး အိပ်ယာပေါ် အိပ်ချလိုက်သည်။သို့ပေမဲ့သူမ မအိပ်ဖြစ်သေး မ်ိုးမြင့်ဧကရီဆိုသော မိန်းကလေး၏နာမည်ကို နားထဲတွင်ကြားယောင်နေမိကာ ထိုမိန်းကလေးရဲ့ပုံစံကိုတွေးကြည့်မ်ိသေးသည်။..ခဏအ
ကြာတော့ မျက်လုံးများ မှေးစင်းလာတာကြောင့် အိပ်ရန်ဆုံးဖြတ်ကာ မျက်လုံးများပိတ်ချလိုက်ပါတော့သည်။

Love u all😚😳💜
Upလေး နဲနဲကြာသွားပါတယ် ဒီတလောမအားလို့ ဆောရီးပါဗျ😝















Czytaj Dalej

To Też Polubisz

969K 51.9K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4M 253K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
374K 43.6K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
767K 20.8K 59
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...