" ကျတော်ရောက်ပီ Boss "
" အခုမှလာလုပ်မနေနဲ့ မင်းကြာနေတာနဲ့ ငါပဲကိစ္စရှင်းလိုက်ပီ "
" တောင်းပန်ပါတယ် Bossရယ် ကျတော် လမ်းမှာ ကားပိတ်နေလို့ပါ "
" ပြောလိုက်ရင်တော့ ဆင်ခြေတွေချည်းပဲ အခုတလောမင်းခြေလှမ်းတွေပျက်နေတယ်နော် Sam... ဘာလဲ ရည်းစားတွေဘာတွေရနေပီလား "
" အာ Bossကလဲ အခုမရသေးပါဘူးဗျ"
" အဲ့တာဆို ရတော့မယ်ဆိုတဲ့သဘောလား "
" အခုမှ ကြိုးစားနေတုန်းပါပဲ "
" ကောင်လေးလား ကောင်မလေးလား "
" ကောင်လေးပါ Boss "
" ကောင်လေးဆိုရင်လဲ ငါနဲ့အဆင်ပြေလောက်မဲ့သူကိုပဲရွေးနော် "
" ဟင် ကျတော့်ကောင်လေးက Bossနဲ့ယူရမှာလား ကျတော်နဲ့ယူရမှာလား "
" ငါ့ကိုရန်လာစနေတာလား Sam "
" မစရဲပါဘူး Bossရဲ့....ကျတော်သဘောကျတဲ့သူကိုလဲ အခုမှကြိုးစားတုန်းပဲရှိပါသေးတယ် သူ့ဘက်ကတော့ကျတော့်ဘက် မပါသေးပါဘူး "
" ရော့.."
" ဒါက??"
" ဘာရယ်မဟုတ်ဘူး မင်းအတွက်မုန့်ဖိုးအနေနဲ့ပေးတာ မင်းသဘောကျနေတဲ့ ကောင်လေးနဲ့တွေ့တဲ့အခါကျ သူစားချင်တာလေးတွေ၀ယ်ကျွေးလိုက်ပေါ့ "
" ရပါတယ် Boss... ပိုက်ဆံတွေကအများကြီးပဲ ကျတော်အဲ့လောက်မလိုပါဘူး "
" ယူမှာလား မယူဘူးလား..မယူရင် ငါမီးရှို့ပစ်လိုက်မှာနော် "
" ယူမယ် ယူမယ် "
" အဲ့တာများ အပိုတွေကလာလုပ်နေသေးတယ် ခွေးကောင်လေး "
'" ကျတော် သဘောကျနေတဲ့သူနဲ့ အဆင်ပြေသွားရင် Bossလိုက်တောင်းပေးအုံးနော် "
" ဟမ် ငါက ??"
" ဟုတ်တယ်လေ ကျတော့်မှာမိဘတွေမရှိတော့ဘူးဆိုတော့ Bossကိုပဲ မိဘနေရာကထားရမှာ "
" အဲ့တာဆို ငါက ငါ့သမက်ကိုလိုက်တောင်းပေးရမှာပေါ့ "
" အမ် အဲ့လိုသဘောမျိုးဖြစ်သွားတာလား "
" အဲ့တော့ပြောစမ်းပါအုံး မင်းကြိုက်နေတဲ့ကောင်က ဘယ်က ကလေကချေကောင်လဲ "
" အကိုက ကလေကချေမဟုတ်ပါဘူး Bossရဲ့ "
" အကို?? ဘယ်ကအကိုလဲ "
" အဲ့တာတော့ Bossကိုပြောလို့မဖြစ်သေးဘူး နောက်မှပဲဘယ်သူဆိုတာ ပြောပြမယ်နော် "
(သူ့ကိုမပြောပြလို့ ကျတော့်ကိုသိပ်ကြည်တဲ့ပုံမပေါက်ပေမဲ့ ကျတော်သဘောကျနေတဲ့အကိုက မာန်ဟိန်းကိုကိုဆိုတာကို အသိပေးလို့မဖြစ် မဟုတ်ရင်ကွိုင်တတ်သွားနိုင်သည်...ကျတော်ကလဲ ကျတော်ပါပဲ....မတည့်တဲ့နှယောက်နဲ့မှ ရေစက်အတူဆုံအောင်လုပ်ပေးသလိုဖြစ်နေပီ လူအများကြီးရှီတဲ့အထဲက Bossနဲ့မတည့်တဲ့ အကို့ကိုမှ ကျတော်ကလဲ သဘောကျမိတာတော့ မတတ်နိုင်...ဘာပဲဖြစ်ဖြစ် Bossတို့အတွဲထက်ဆိုင်ရင် ကျတော်တို့အတွဲကပိုလိုက်ဖက်တာတော့ငြင်းမရ)
*****
" ဟဲ့ ကောင်လေးဒီကိုခဏလာအုံး "
" ဟုတ် အစ်မ "
" ကိုကိုဘယ်သွားလဲ "
" သူအလုပ်ကိစ္စရှိလို့ အပြင်ခဏထွက်သွားတယ်ဗျ "
" အော် အဲ့တာဆို ငါ့အခန်းထဲခဏလိုက်ခဲ့ "
" ခင်ဗျာ "
" ဘာတွေအံ့အောနေတာလဲ ငါကနင့်ကိုခိုင်းစရာရှိလို့ ခေါ်တာ "
" ဟုတ် "
မနက်ထဲကအခွင့်အရေးချောင်းနေတဲ့ အမ်မလီဖို့ ဟန်နရီမရှိတဲ့အချိန်မှာ လွန်းကိုခိုင်းဖို့ အခွင့်အရေးရသွားခြင်းပင်
" ငါမနေ့ညက ဖုန်းကြည့်တာများသွားလို့ ဇာတ်ကြောတွေတတ်နေတာ...အဲ့တာ နည်းနည်းလောက်နှိပ်ပေးစမ်းပါ "
" ဟုတ် ...ဟုတ်အစ်မ "
ဟန်နရီမရှိလို့ အားကိုးရာမဲ့နေတဲ့ ကလေးငယ်ကတော့ တုန်တုန်ယင်ယင်လက်လေးတွေနဲ့ ထိုအမျိုးသမီးစိတ်တိုင်းကျသာ လုပ်ပေးနေရသည်...
" နင်ကဘာတတ်နေတာလဲ "
" Veterinary medicineနောက်ဆုံးနှစ် တတ်နေတာပါဗျ "
" နင်အခုချိန်ထိ ဒီအိမ်မှာတွယ်ကပ်နေတုန်းပဲလား "
" ခင်ဗျာ "
" ကိုကိုက Switzerlandမှာ မိန်းကလေးကော ယောကျ်ားလေးကော သူ့စိတ်ကြိုက်တယောက်ပီးတယောက်တွဲခဲ့တာ..နင့်ကိုကော သူက အတည်ချစ်တယ်ထင်နေတာလား "
(သိမ်ငယ်တတ်တဲ့ကလေးအဖို့ ထိုသို့သောမေးခွန်းအတွက် ဖြေစရာစကားများ မရှိခဲ့ပါ )
" တော်ပီ ပြောလိုက်ရင်ပုံစံက အူတူတူ အတတနဲ့ နင့်အခန်းသာနင်ပြန်တော့ "
" ဟုတ် "
အများစုဆီကကြားရတဲ့ " ဟန်နရီက နင့်ကိုတကယ်ချစ်မယ်ထင်နေတာလား " ဆိုတဲ့စကားက ကျတော့်ကိုတကယ်ခံစားရစေတယ်...သူတို့ပြောသလို ကျတော့်လူကြီးက ကျတော့်ကို တကယ်ချစ်တာဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်တွေက အမြဲ၀င်လာတယ် ကျတော့်အတွက်သာ ထိုလူကအချစ်ဦးဖြစ်ခဲ့ပေမဲ့ ထိုလူအတွက် ကျတော်က အချစ်ဦးမှမဟုတ်ခဲ့ပဲလေ....ကျတော့်ကို ချစ်တယ်လို့ပြောခဲ့တဲ့စကားတွေကလဲ အရင်တုန်းက သူတွဲခဲ့တဲ့သူတွေကိုလဲ ပြောခဲ့ဖူးမှာပဲမှတ်လား...၀မ်းနည်းလွယ်တတ်တဲ့ ကျတော့်အတွက်ကတော့ သေးသေးမွှားမွှားလေးကအစ ခံစားရပါတယ်....
ကျတော့်အတွေးမဆုံးခင်မှာပဲ ခြံ၀င်းထဲ၀င်ရောက်လာတဲ့ ကားသံလေးကြောင့် အခန်းထဲအမြန်ပြေး၀င်ပီး စာလုပ်ချင်ယောင်ဆောင်နေလိုက်တယ်....သူနဲ့တွေ့ရင် စိတ်လှုပ်ရှားပီးအမှားတွေလုပ်မိတတ်လို့ အခုလိုလေးဟန်ဆောင်လိုက်တာက ကျတော့်အတွက် စိတ်သက်သာရာ ပိုရစေမယ်ထင်တယ်
အခန်းထဲ ၀င်ရောက်လာတဲ့ခြေသံလေးကို ကြားနေရပေမဲ့ ဂရုမစိုက်သလိုပဲဟန်ဆောင်နေလိုက်တယ် အပြင်ထွက်သွားတာတောင် ကျတော့်ကိုအသိမပေးပဲ ထွက်သွားခဲ့သေးတာပဲလေ ဒီလောက်တော့ စိတ်ကောက်ချင်ယောင်ဆောင်ရမှာပေါ့...
" စာတွေလုပ်နေတာလား အချစ် "
ကျတော့်ကို အနောက်ကနေသိုင်းဖက်ပီး လည်ပင်းနားကို လာနမ်းရှုံ့လိုက်တာကြောင့် တင်းခံထားတဲ့စိတ်လေးတွေက ပြေလျှော့သွားပြန်ပါတယ် ဘယ်တုန်းကများ ဒီလူကိုအကြာကြီးစိတ်ကောက်ခဲ့ဖူးလို့လဲ.....ကျတော်ကလဲ လွယ်လိုက်တာ..အလွယ်ရခဲ့လို့ ကျတော့်ကို စိတ်တိုင်းကျ ကစားနေခဲ့တာမှတ်လား...
" စာလုပ်နေတာလား "
" အင်း "
" ကိုယ်လာမှ စာလုပ်ချင်ယောင်ဟန်ဆောင်နေတာလား "
" မဟုတ်ပါဘူး ကျတော်စာလုပ်တာကြာနေပီ "
" အဲ့တာဆို စာအုပ်ပြောင်းပြန်ကြီးနဲ့ တချိန်လုံးစာတွေလုပ်နေတာပေါ့ "
(အာ...ကျတော်ကလဲ ရှပ်ပြာလိုက်တာ...စိတ်ကောက်ချင်ယောင်ဆောင်ကာမှပဲ သူ့ရှေ့ဟာသသွားလုပ်ပြသလိုဖြစ်နေပီ ရှက်လွန်းလို့ အ၀ေးသာထွက်ပြေးချင်တော့တာပါပဲ )
" အဲ့...အဲ့တာက..."
" ကို့ ငတုံးလေးကတော့ ဒီကကောင်ကို လိမ်မြဲလိမ်တုန်းပဲနော် ဘယ်အချိန်ထိလိမ်နေအုံးမှာလဲ"
" ကျတော် ဘယ်မှာလိမ်လို့လဲ "
" ပြွတ် "
" လိမ်ပြောလို့ ဆုံးမလိုက်တာ"
" ကျတော့်ကို နမ်းသလိုမျိုး အရင်ကလူတွေကိုလဲ နမ်းဖူးတယ်မှတ်လား "
စာရွက်ဘေးအနားသားလေးတွေကို တွန့်ခြေရင်း နှုတ်ခမ်းလေးဆူကာ ပြောနေတဲ့ ကလေးကြောင့် အံ့သြသွားရပြန်တယ်...ရုတ်တရက်ကြီး ဒီလိုစကားတွေ ဘယ်ကပြောတတ်လာတာလဲသေချာမသိပေမဲ့ ပေါက်ကရဘေးစကားတွေ ကြားလာပြန်ပီထင်ပါတယ်
" ပြောစမ်းပါဘူး ကို့ကလေးလေးက ရုတ်တရက်ကြီး ဒီလိုစကားတွေ ဘာလို့ပြောနေရတာလဲ "
" ခင်ဗျားက ကျတော့်ကိုမှမချစ်တာ "
" မချစ်ပဲနေမလားကွာ ချစ်စရာဒီကလေးလေးတယောက်ပဲ ရှိတာကို "
" မယုံပါဘူး "
" ကိုယ်ပြောခဲ့ဖူးတယ်လေ ကိုယ့် Tattooအပြည့်ကို ချာတိတ်တယောက်ပဲ မြင်ဖူးသေးတာပါလို့...အဲ့တာတောင် မယုံသေးဘူးလား "
" မသိဘူး ဘာမှလာမပြောနဲ့ "
" ဒီလိုပဲဆက်လုပ်နေမယ်ဆိုရင်တော့ နောက်ထပ်တကြိမ် ကိုယ့်tattooအပြည့်ကို ပြရတော့မယ်ထင်တယ် "
ဟန်နရီဆိုလိုတဲ့အဓိပ္ပာယ်ကို သဘောပေါက်သွားတာကြောင့် လွန်းတယောက်မျက်လုံးလေးတွေ ၀ိုင်းစက်ကာ ဟန်နရီကိုတွန်းထုတ်လိုက်ပေမဲ့ တဇွတ်ထိုးသမားကတော့ ခါးသေးသေးကနေပွေ့ချီကာ လွန်းကို စားပွဲပေါ်တက်ထိုင်စေလိုက်သည်
" အချစ်ရဲ့ကိုယ်သင်းရနံ့လေးက မွှေးနေတာပဲ "
" တော်ပါ စကားအပိုတွေလာပြောမနေနဲ့ "
" အခုထိ ကိုယ့်ကိုစိတ်ကောက်နေတုန်းပဲလား "
" ဘယ်သူက စိတ်ကောက်နေလို့လဲ "
" အဲ့လိမ်တဲ့ ပါးစပ်လေးကို ဟောဒီလိုအပြစ်ပေးရမယ် "
လွန်းရဲ့ နှုတ်ခမ်းဖူးဖူးလေးကို ဆွဲယူကာ ဟန်နရီအငမ်းမရ နမ်းရှုံ့လိုက်သည် အရင်ကအမြဲငြင်းဆန်ခဲ့တဲ့ နှုတ်ခမ်းလေးကလဲ ဒီတခါကိုယ့်ဘက်ပါနေတာကြောင့် စိတ်တိုင်းကျ နမ်းရှုံ့ကာ အပိုင်သိမ်းလိုက်သည်..
ဟန်နရီလက်တွေကလဲ Pajamas အပွလေးထဲလျှို၀င်ကာ ကျောပြင်လေးကို ပွတ်သပ်လိုက်သည်...တဖြည်းဖြည်း ရမက်အလိုကပြင်းလာတာကြောင့် လွန်းရဲ့ဖြူဖွေးနေတဲ့ လည်တိုင်လေးကို အငမ်းမရနမ်းရှုံ့ကာ ကိုက်ဆွဲလိုက်သည်
" အာ့...နာတယ် "
" sry... ကိုယ်အသဲယားလာလို့...ကိုယ့်ကိုနမ်းပါအုံး "
မ၀ံ့မရဲလေးနဲ့ ချဥ်းကပ်လာတဲ့ နှုတ်ခမ်းလေးကို နောက်တကြိမ် စိတ်တိုင်းကျ သိမ်းပိုက်လိုက်ပြန်တယ်...ကိုယ်တော့ ကြာရင် ရူးတော့မှာပဲ အချစ်ရယ်.....
" ဒေါက် ဒေါက် "
" သခင်လေး "
" Shit!!!! အရှိန်တတ်နေခါမှကွာ "
" သွားကြည့်လိုက်ပါ မိလှိုင်ဘာပြောစရာရှိလို့လဲမှမသိတာ "
" မသွားချင်ဘူး "
" သွားလိုက်ပါဆို "
" ပီးရော "
စိတ်ထဲတော့ သိပ်မကျေနပ်ပေမဲ့ လွန်းကသွားခိုင်းနေတာကြောင့် ဟန်နရီ တံခါးသွားဖွင့်လိုက်သည်
" ဘာလဲ "
" သခင်မကြီးက ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ အောက်မှာအကုန်လုံးစောင့်နေကြတယ် "
" ပီးရော အခုလာခဲ့မယ် "
" ဟုတ်ကဲ့ "
အခန်းထဲမှာ မတ်တပ်လေးရပ်ပီးရပ်ပီး စောင့်နေတဲ့ လွန်းဆီ ဟန်နရီပြေးသွားလိုက်သည်
" ထမင်းသွားစားရအောင် အချစ်...ပီးမှ ခုနကကိစ္စဆက်လုပ်မယ် "
" ခင်ဗျားနော် "
" ကိုယ့်ကိုပြန်မပြောနဲ့ ကိုယ်ပြောတာနားထောင် "
" ဘာပြောလိုက်တယ် ပြန်ပြောပါအုံး "
" ပြောလို့ရမလားဆိုပီး စကြည့်တာပါကွာ နောက်မပြောတော့ဘူးနော် "
" အချိုးတွေ ပြင်နော် "
" ပြင်ပါ့မယ် ...ကိုယ့်ကိုအဲ့လိုကြီးမကြည့်ပါနဲ့ ကိုယ်မနေတတ်လို့ပါ "
" အဲ့တာဆို နောက်တခါ ကျတော့်ကိုမအော်နဲ့"
" အင်းအင်း လုံး၀မအော်ဘူး "
" ပီးရော "
" အဲ့တာဆို ထမင်းသွားရအောင်နော် "
" အွန်း "
ထမင်းစားခန်းထဲကို နှယောက်တွဲ၀င်လာတဲ့ ဟန်နရီနဲ့လွန်းကို
ဒေါ်ဆရီနာနဲ့ အမ်မလီက သိပ်မကြိုက်တဲ့အကြည့်တွေနဲ့သာကြည့်နေသည် စားပွဲနားမှာ ရပ်နေတဲ့အခိုင်းအစေတွေရဲ့ အကြည့်တွေကလဲ ဟန်နရီတို့နှယောက်ဆီတွင်သာ...
အရင်ထဲက အမြဲတိတ်ဆိတ်နေတဲ့ ထမင်းစား၀ိုင်းလေးက ဒီနေ့လဲ ထုံးစံအတိုင်း တိတ်ဆိတ်ဆဲပင်...
ခဏအကြာ ထမင်းစားနေရင်း လွန်းနှုတ်ခမ်းလေးတွေက ရဲပီး မျက်ရည်၀ဲလာတာကို ဟန်နရီသတိထားမိလိုက်သည် ...
" ဘာဖြစ်လို့လဲ လွန်း "
" ဘာမှမဖြစ်ဘူး "
အရင်ထဲက သူ့ကိုအမြဲလိမ်တတ်တဲ့ကလေးအကြောင်းသိနေတာကြောင့် လွန်းစားနေတဲ့ထမင်းပန်းကန်ကို ဟန်နရီဆွဲယူလိုက်သည်...
ထမင်းပန်းကန်ထဲက ငရုတ်သီးအရည်တွေကြောင့် လွန်းမျက်ရည်လေးတွေ၀ဲနေမှန်း ဟန်နရီ ချက်ချင်းသိသွားသည်
ဒီကလေးက ဘယ်တုန်းကများ အစပ်စားနိုင်လို့လဲ...ဒါ တယောက်ယောက်က ပညာပြလိုက်တယ်ဆိုတာ ခန့်မှန်းစရာတောင်မလို...
" ဒီလောက် စားမရဖြစ်နေတဲ့ ထမင်းကို ဆက်စားနေသေးတာလား "
" ဘာဖြစ်လို့လဲ သား "
" လွန်းပန်းကန်ထဲမှာ ငရုတ်သီးအရည်တွေဒီလောက်များနေတာ ဒီကလေးက ဘယ်လိုလုပ်ပီးစားနိုင်မှာလဲ "
(အခုကိစ္စကို ဒေါ်ဆရီနာလဲမသိတာကြောင့် အံ့သြစွာဖြင့်သာ ပါးစပ်ပိတ်နေလိုက်သည်....အမ်မလီကလွဲ၍ ဘယ်သူများရှိအုံးမှာလဲ....)
" မိလှိုင် ဒီထမင်းပန်းကန်ကို အသစ်ပြန်လဲပေး "
" ဟုတ် သခင်လေး "
" ကျတော် အဆင်ပြေပါတယ် အဲ့တာပဲဆက်စားပါ့မယ် "
" ကိုယ့်ကို စိတ်တိုအောင်လုပ်နေတာလား အခုလိုအချိန်မှာတော့ ခုနကပေးခဲ့တဲ့ ကတိကို ကိုယ်လဲမတည်နိုင်တော့ဘူးနော် "
" ကျတော် တကယ်အဆင်ပြေတာပါ "
အမြဲတမ်း သူ့ကြောင့် တဖက်သား ဒုက္ခမရောက်စေချင်တာကြောင့်ခေါင်းငုံ့ခံနေတတ်တဲ့ ကလေးနဲ့တော့ တကယ်ခက်တာပါပဲ ဒီလိုငြိမ်ခံနေလေလေ ပိုပီးအနိုင်ကျင့်ခံရလေ ဖြစ်မှာပဲလေ လွန်းတာနေဆန်းက တကယ်မလွယ်တဲ့ ငတုံးလေး....
" မင်း လက်ချက်မှတ်လား အမ်မလီ "
" ဟင့်အင်း လီလီလုပ်တာ မဟုတ်ဘူး...မိလှိုင်လုပ်တာ "
" ရှင်!!!! ကျမအဲ့လိုမျိုးတွေ တခါမှမလုပ်ဖူးပါဘူး "
" မလိမ်နဲ့ နင်သူ့ပန်းကန်ထဲ ငရုတ်သီးအရည်တွေလောင်းထည့်လိုက်တာ ငါမြင်တယ် "
အမ်မလီက မိလှိုင်ကို မျက်စောင်းထိုးကာ ပါးစပ်ပိတ်ထားဖို့ အချက်ပေးလိုက်တာကြောင့် မိလှိုင်ပါးစပ်ပိတ်ကာ ခေါင်းလေးငုံ့သွားရှာသည်....သူ့လို အိမ်ဖော်တယောက်က ဘယ်လိုများ ပြိုင်ငြင်းနိုင်ဖို့ အင်အားရှိပါ့မလဲ....
" တော်ပီ ထမင်းအသစ်လဲဆက်မစားနဲ့တော့ ကိုယ်တို့အပြင်မှာ သွားစားကြရအောင် "
" ရပါတယ် ကျတော်ဒါပဲစားပါ့မယ် "
" ကိုယ့်ကို အခုလိုပဲဆက်ငြင်းနေမယ်ဆိုရင် သူတို့ရှေ့မှာတင်ပဲ ချာတိတ်ကို ပွေ့ချီသွားရလိမ့်မယ်နော် "
" သား!!! မင်း လီလီ့ရှေ့မှာ ဘယ်လိုပြောနေတာလဲ လီလီ့ကိုလဲ အားနာပါအုံး "
" သူတောင် အားမနာတတ်တာ ကျတော်က ဘာကိုအားနာရမှာလဲ အခုကိစ္စကလဲ တရားခံဘယ်သူဆိုတာ ကျတော်သိပီးသားမို့ ဒီထမင်းစား၀ိုင်းကနေ ကျတော့်လူကို ခေါ်ထုတ်သွားတာ ကျတော့်အလွန်တော့မဖြစ်လောက်ပါဘူးနော် မာမီ"
" သွားရအောင် "
လွန်းရဲ့လက်ကို ဆွဲကာ အပေါ်ထပ်တတ်သွားတဲ့ ဟန်နရီကို ထမင်းစား၀ိုင်းမှလူတွေအကုန်လုံး မျက်စိတဆုံးသာ ငေးကြည့်နေကြသည်...အမ်မလီကတော့ နှုတ်ခမ်းကိုကိုက်ခါ အသားများပင် တဆက်ဆက်တုန်နေသည်...
**
" ဒီအနွေးထည်လေး၀တ်ထားလိုက် အပြင်ရောက်ရင် အေးမှာ "
" ကျတော်ဗိုက်လဲမဆာတော့ပါဘူး မိုးချုပ်နေပီမို့ အပြင်မသွားနဲ့တော့နော် ကျတော်အဆင်ပြေပါတယ် "
"အမြဲအဆင်ပြေပါတယ်ပြောနေပေမဲ့ ရင်ထဲမှာအဆင်မပြေတာတော့ ကိုယ်သိတယ် "
" ခင်ဗျား ကျတော့်အနားမှာရှိနေသ၍ ကျတော်အဆင်ပြေပါတယ် "
" ကိုယ်က အနားမှာ အမြဲရှိနေပေးမယ်နော် အဲ့အစား အချစ်ကကိုယ့်ကို ပိုချစ်ပေးရင်ရပီ "
အားကိုးရာမဲ့နေတဲ့ ကလေးအတွက် ကျတော်က သူ့ရဲ့တဦးတည်းသော ကာကွယ်ပေးနိုင်မဲ့သူပဲလေ...အတိုက်အခိုက်တွေများနေပေမဲ့ ကိုယ်တို့နှယောက်ရဲ့ ချစ်ခြင်းကို ဘယ်သူကများ ခွဲနိုင်ပါ့မလဲ အချစ်ရယ်....
****
Other side:
" Hello.... "
" အခြေအနေ ? "
" ဟန်နရီဗစ်တာက အခုထိ ခေါင်းမာနေတုန်းပဲ ကို "
" ကိုက အဲ့ကောင်ဘ၀ပျက်သွားတာပဲ မြင်ချင်တာနော် လီလီ "
" သူ့ရဲ့ အားနည်းချက်ကို ကိုကော လီလီကော သိနေတာပဲလေ မကြာခင် ကို့စိတ်တိုင်းကျ ဖြစ်စေရမယ်... သူကိုယ်တိုင် ကို့ရှေ့မှာ ဒူးထောက်လာမှာပါ "
8.1.22
Grey
***
" က်ေတာ္ေရာက္ပီ Boss "
" အခုမွလာလုပ္မေနနဲ႔ မင္းၾကာေနတာနဲ႔ ငါပဲကိစၥရွင္းလိုက္ပီ "
" ေတာင္းပန္ပါတယ္ Bossရယ္ က်ေတာ္ လမ္းမွာ ကားပိတ္ေနလို႔ပါ "
" ေျပာလိုက္ရင္ေတာ့ ဆင္ေျခေတြခ်ည္းပဲ အခုတေလာမင္းေျခလွမ္းေတြပ်က္ေနတယ္ေနာ္ Sam... ဘာလဲ ရည္းစားေတြဘာေတြရေနပီလား "
" အာ Bossကလဲ အခုမရေသးပါဘူးဗ်"
" အဲ့တာဆို ရေတာ့မယ္ဆိုတဲ့သေဘာလား "
" အခုမွ ႀကိဳးစားေနတုန္းပါပဲ "
" ေကာင္ေလးလား ေကာင္မေလးလား "
" ေကာင္ေလးပါ Boss "
" ေကာင္ေလးဆိုရင္လဲ ငါနဲ႔အဆင္ေျပေလာက္မဲ့သူကိုပဲေ႐ြးေနာ္ "
" ဟင္ က်ေတာ့္ေကာင္ေလးက Bossနဲ႔ယူရမွာလား က်ေတာ္နဲ႔ယူရမွာလား "
" ငါ့ကိုရန္လာစေနတာလား Sam "
" မစရဲပါဘူး Bossရဲ႕....က်ေတာ္သေဘာက်တဲ့သူကိုလဲ အခုမွႀကိဳးစားတုန္းပဲရွိပါေသးတယ္ သူ႔ဘက္ကေတာ့က်ေတာ့္ဘက္ မပါေသးပါဘူး "
" ေရာ့.."
" ဒါက??"
" ဘာရယ္မဟုတ္ဘူး မင္းအတြက္မုန္႔ဖိုးအေနနဲ႔ေပးတာ မင္းသေဘာက်ေနတဲ့ ေကာင္ေလးနဲ႔ေတြ႕တဲ့အခါက် သူစားခ်င္တာေလးေတြ၀ယ္ေကြၽးလိုက္ေပါ့ "
" ရပါတယ္ Boss... ပိုက္ဆံေတြကအမ်ားႀကီးပဲ က်ေတာ္အဲ့ေလာက္မလိုပါဘူး "
" ယူမွာလား မယူဘူးလား..မယူရင္ ငါမီးရႈိ႕ပစ္လိုက္မွာေနာ္ "
" ယူမယ္ ယူမယ္ "
" အဲ့တာမ်ား အပိုေတြကလာလုပ္ေနေသးတယ္ ေခြးေကာင္ေလး "
'" က်ေတာ္ သေဘာက်ေနတဲ့သူနဲ႔ အဆင္ေျပသြားရင္ Bossလိုက္ေတာင္းေပးအုံးေနာ္ "
" ဟမ္ ငါက ??"
" ဟုတ္တယ္ေလ က်ေတာ့္မွာမိဘေတြမရွိေတာ့ဘူးဆိုေတာ့ Bossကိုပဲ မိဘေနရာကထားရမွာ "
" အဲ့တာဆို ငါက ငါ့သမက္ကိုလိုက္ေတာင္းေပးရမွာေပါ့ "
" အမ္ အဲ့လိုသေဘာမ်ိဳးျဖစ္သြားတာလား "
" အဲ့ေတာ့ေျပာစမ္းပါအုံး မင္းႀကိဳက္ေနတဲ့ေကာင္က ဘယ္က ကေလကေခ်ေကာင္လဲ "
" အကိုက ကေလကေခ်မဟုတ္ပါဘူး Bossရဲ႕ "
" အကို?? ဘယ္ကအကိုလဲ "
" အဲ့တာေတာ့ Bossကိုေျပာလို႔မျဖစ္ေသးဘူး ေနာက္မွပဲဘယ္သူဆိုတာ ေျပာျပမယ္ေနာ္ "
(သူ႔ကိုမေျပာျပလို႔ က်ေတာ့္ကိုသိပ္ၾကည္တဲ့ပုံမေပါက္ေပမဲ့ က်ေတာ္သေဘာက်ေနတဲ့အကိုက မာန္ဟိန္းကိုကိုဆိုတာကို အသိေပးလို႔မျဖစ္ မဟုတ္ရင္ကြိဳင္တတ္သြားႏိုင္သည္...က်ေတာ္ကလဲ က်ေတာ္ပါပဲ....မတည့္တဲ့ႏွေယာက္နဲ႔မွ ေရစက္အတူဆုံေအာင္လုပ္ေပးသလိုျဖစ္ေနပီ လူအမ်ားႀကီးရွီတဲ့အထဲက Bossနဲ႔မတည့္တဲ့ အကို႔ကိုမွ က်ေတာ္ကလဲ သေဘာက်မိတာေတာ့ မတတ္ႏိုင္...ဘာပဲျဖစ္ျဖစ္ Bossတို႔အတြဲထက္ဆိုင္ရင္ က်ေတာ္တို႔အတြဲကပိုလိုက္ဖက္တာေတာ့ျငင္းမရ)
*****
" ဟဲ့ ေကာင္ေလးဒီကိုခဏလာအုံး "
" ဟုတ္ အစ္မ "
" ကိုကိုဘယ္သြားလဲ "
" သူအလုပ္ကိစၥရွိလို႔ အျပင္ခဏထြက္သြားတယ္ဗ် "
" ေအာ္ အဲ့တာဆို ငါ့အခန္းထဲခဏလိုက္ခဲ့ "
" ခင္ဗ်ာ "
" ဘာေတြအံ့ေအာေနတာလဲ ငါကနင့္ကိုခိုင္းစရာရွိလို႔ ေခၚတာ "
" ဟုတ္ "
မနက္ထဲကအခြင့္အေရးေခ်ာင္းေနတဲ့ အမ္မလီဖို႔ ဟန္နရီမရွိတဲ့အခ်ိန္မွာ လြန္းကိုခိုင္းဖို႔ အခြင့္အေရးရသြားျခင္းပင္
" ငါမေန႔ညက ဖုန္းၾကည့္တာမ်ားသြားလို႔ ဇာတ္ေၾကာေတြတတ္ေနတာ...အဲ့တာ နည္းနည္းေလာက္ႏွိပ္ေပးစမ္းပါ "
" ဟုတ္ ...ဟုတ္အစ္မ "
ဟန္နရီမရွိလို႔ အားကိုးရာမဲ့ေနတဲ့ ကေလးငယ္ကေတာ့ တုန္တုန္ယင္ယင္လက္ေလးေတြနဲ႔ ထိုအမ်ိဳးသမီးစိတ္တိုင္းက်သာ လုပ္ေပးေနရသည္...
" နင္ကဘာတတ္ေနတာလဲ "
" Veterinary medicineေနာက္ဆုံးႏွစ္ တတ္ေနတာပါဗ် "
" နင္အခုခ်ိန္ထိ ဒီအိမ္မွာတြယ္ကပ္ေနတုန္းပဲလား "
" ခင္ဗ်ာ "
" ကိုကိုက Switzerlandမွာ မိန္းကေလးေကာ ေယာက်္ားေလးေကာ သူ႔စိတ္ႀကိဳက္တေယာက္ပီးတေယာက္တြဲခဲ့တာ..နင့္ကိုေကာ သူက အတည္ခ်စ္တယ္ထင္ေနတာလား "
(သိမ္ငယ္တတ္တဲ့ကေလးအဖို႔ ထိုသို႔ေသာေမးခြန္းအတြက္ ေျဖစရာစကားမ်ား မရွိခဲ့ပါ )
" ေတာ္ပီ ေျပာလိုက္ရင္ပုံစံက အူတူတူ အတတနဲ႔ နင့္အခန္းသာနင္ျပန္ေတာ့ "
" ဟုတ္ "
အမ်ားစုဆီကၾကားရတဲ့ " ဟန္နရီက နင့္ကိုတကယ္ခ်စ္မယ္ထင္ေနတာလား " ဆိုတဲ့စကားက က်ေတာ့္ကိုတကယ္ခံစားရေစတယ္...သူတို႔ေျပာသလို က်ေတာ့္လူႀကီးက က်ေတာ့္ကို တကယ္ခ်စ္တာဟုတ္ရဲ႕လားဆိုတဲ့ သံသယစိတ္ေတြက အၿမဲ၀င္လာတယ္ က်ေတာ့္အတြက္သာ ထိုလူကအခ်စ္ဦးျဖစ္ခဲ့ေပမဲ့ ထိုလူအတြက္ က်ေတာ္က အခ်စ္ဦးမွမဟုတ္ခဲ့ပဲေလ....က်ေတာ့္ကို ခ်စ္တယ္လို႔ေျပာခဲ့တဲ့စကားေတြကလဲ အရင္တုန္းက သူတြဲခဲ့တဲ့သူေတြကိုလဲ ေျပာခဲ့ဖူးမွာပဲမွတ္လား...၀မ္းနည္းလြယ္တတ္တဲ့ က်ေတာ့္အတြက္ကေတာ့ ေသးေသးမႊားမႊားေလးကအစ ခံစားရပါတယ္....
က်ေတာ့္အေတြးမဆုံးခင္မွာပဲ ၿခံ၀င္းထဲ၀င္ေရာက္လာတဲ့ ကားသံေလးေၾကာင့္ အခန္းထဲအျမန္ေျပး၀င္ပီး စာလုပ္ခ်င္ေယာင္ေဆာင္ေနလိုက္တယ္....သူနဲ႔ေတြ႕ရင္ စိတ္လႈပ္ရွားပီးအမွားေတြလုပ္မိတတ္လို႔ အခုလိုေလးဟန္ေဆာင္လိုက္တာက က်ေတာ့္အတြက္ စိတ္သက္သာရာ ပိုရေစမယ္ထင္တယ္
အခန္းထဲ ၀င္ေရာက္လာတဲ့ေျခသံေလးကို ၾကားေနရေပမဲ့ ဂ႐ုမစိုက္သလိုပဲဟန္ေဆာင္ေနလိုက္တယ္ အျပင္ထြက္သြားတာေတာင္ က်ေတာ့္ကိုအသိမေပးပဲ ထြက္သြားခဲ့ေသးတာပဲေလ ဒီေလာက္ေတာ့ စိတ္ေကာက္ခ်င္ေယာင္ေဆာင္ရမွာေပါ့...
" စာေတြလုပ္ေနတာလား အခ်စ္ "
က်ေတာ့္ကို အေနာက္ကေနသိုင္းဖက္ပီး လည္ပင္းနားကို လာနမ္းရႈံ႕လိုက္တာေၾကာင့္ တင္းခံထားတဲ့စိတ္ေလးေတြက ေျပေလွ်ာ့သြားျပန္ပါတယ္ ဘယ္တုန္းကမ်ား ဒီလူကိုအၾကာႀကီးစိတ္ေကာက္ခဲ့ဖူးလို႔လဲ.....က်ေတာ္ကလဲ လြယ္လိုက္တာ..အလြယ္ရခဲ့လို႔ က်ေတာ့္ကို စိတ္တိုင္းက် ကစားေနခဲ့တာမွတ္လား...
" စာလုပ္ေနတာလား "
" အင္း "
" ကိုယ္လာမွ စာလုပ္ခ်င္ေယာင္ဟန္ေဆာင္ေနတာလား "
" မဟုတ္ပါဘူး က်ေတာ္စာလုပ္တာၾကာေနပီ "
" အဲ့တာဆို စာအုပ္ေျပာင္းျပန္ႀကီးနဲ႔ တခ်ိန္လုံးစာေတြလုပ္ေနတာေပါ့ "
(အာ...က်ေတာ္ကလဲ ရွပ္ျပာလိုက္တာ...စိတ္ေကာက္ခ်င္ေယာင္ေဆာင္ကာမွပဲ သူ႔ေရွ႕ဟာသသြားလုပ္ျပသလိုျဖစ္ေနပီ ရွက္လြန္းလို႔ အ၀ေးသာထြက္ေျပးခ်င္ေတာ့တာပါပဲ )
" အဲ့...အဲ့တာက..."
" ကို႔ ငတုံးေလးကေတာ့ ဒီကေကာင္ကို လိမ္ၿမဲလိမ္တုန္းပဲေနာ္ ဘယ္အခ်ိန္ထိလိမ္ေနအုံးမွာလဲ"
" က်ေတာ္ ဘယ္မွာလိမ္လို႔လဲ "
" ႁပြတ္ "
" လိမ္ေျပာလို႔ ဆုံးမလိုက္တာ"
" က်ေတာ့္ကို နမ္းသလိုမ်ိဳး အရင္ကလူေတြကိုလဲ နမ္းဖူးတယ္မွတ္လား "
စာ႐ြက္ေဘးအနားသားေလးေတြကို တြန္႔ေျခရင္း ႏႈတ္ခမ္းေလးဆူကာ ေျပာေနတဲ့ ကေလးေၾကာင့္ အံ့ၾသသြားရျပန္တယ္...႐ုတ္တရက္ႀကီး ဒီလိုစကားေတြ ဘယ္ကေျပာတတ္လာတာလဲေသခ်ာမသိေပမဲ့ ေပါက္ကရေဘးစကားေတြ ၾကားလာျပန္ပီထင္ပါတယ္
" ေျပာစမ္းပါဘူး ကို႔ကေလးေလးက ႐ုတ္တရက္ႀကီး ဒီလိုစကားေတြ ဘာလို႔ေျပာေနရတာလဲ "
" ခင္ဗ်ားက က်ေတာ့္ကိုမွမခ်စ္တာ "
" မခ်စ္ပဲေနမလားကြာ ခ်စ္စရာဒီကေလးေလးတေယာက္ပဲ ရွိတာကို "
" မယုံပါဘူး "
" ကိုယ္ေျပာခဲ့ဖူးတယ္ေလ ကိုယ့္ Tattooအျပည့္ကို ခ်ာတိတ္တေယာက္ပဲ ျမင္ဖူးေသးတာပါလို႔...အဲ့တာေတာင္ မယုံေသးဘူးလား "
" မသိဘူး ဘာမွလာမေျပာနဲ႔ "
" ဒီလိုပဲဆက္လုပ္ေနမယ္ဆိုရင္ေတာ့ ေနာက္ထပ္တႀကိမ္ ကိုယ့္tattooအျပည့္ကို ျပရေတာ့မယ္ထင္တယ္ "
ဟန္နရီဆိုလိုတဲ့အဓိပၸာယ္ကို သေဘာေပါက္သြားတာေၾကာင့္ လြန္းတေယာက္မ်က္လုံးေလးေတြ ၀ိုင္းစက္ကာ ဟန္နရီကိုတြန္းထုတ္လိုက္ေပမဲ့ တဇြတ္ထိုးသမားကေတာ့ ခါးေသးေသးကေနေပြ႕ခ်ီကာ လြန္းကို စားပြဲေပၚတက္ထိုင္ေစလိုက္သည္
" အခ်စ္ရဲ႕ကိုယ္သင္းရနံ႔ေလးက ေမႊးေနတာပဲ "
" ေတာ္ပါ စကားအပိုေတြလာေျပာမေနနဲ႔ "
" အခုထိ ကိုယ့္ကိုစိတ္ေကာက္ေနတုန္းပဲလား "
" ဘယ္သူက စိတ္ေကာက္ေနလို႔လဲ "
" အဲ့လိမ္တဲ့ ပါးစပ္ေလးကို ေဟာဒီလိုအျပစ္ေပးရမယ္ "
လြန္းရဲ႕ ႏႈတ္ခမ္းဖူးဖူးေလးကို ဆြဲယူကာ ဟန္နရီအငမ္းမရ နမ္းရႈံ႕လိုက္သည္ အရင္ကအၿမဲျငင္းဆန္ခဲ့တဲ့ ႏႈတ္ခမ္းေလးကလဲ ဒီတခါကိုယ့္ဘက္ပါေနတာေၾကာင့္ စိတ္တိုင္းက် နမ္းရႈံ႕ကာ အပိုင္သိမ္းလိုက္သည္..
ဟန္နရီလက္ေတြကလဲ Pajamas အပြေလးထဲလွ်ိဳ၀င္ကာ ေက်ာျပင္ေလးကို ပြတ္သပ္လိုက္သည္...တျဖည္းျဖည္း ရမက္အလိုကျပင္းလာတာေၾကာင့္ လြန္းရဲ႕ျဖဴေဖြးေနတဲ့ လည္တိုင္ေလးကို အငမ္းမရနမ္းရႈံ႕ကာ ကိုက္ဆြဲလိုက္သည္
" အာ့...နာတယ္ "
" sry... ကိုယ္အသဲယားလာလို႔...ကိုယ့္ကိုနမ္းပါအုံး "
မ၀ံ့မရဲေလးနဲ႔ ခ်ဥ္းကပ္လာတဲ့ ႏႈတ္ခမ္းေလးကို ေနာက္တႀကိမ္ စိတ္တိုင္းက် သိမ္းပိုက္လိုက္ျပန္တယ္...ကိုယ္ေတာ့ ၾကာရင္ ႐ူးေတာ့မွာပဲ အခ်စ္ရယ္.....
" ေဒါက္ ေဒါက္ "
" သခင္ေလး "
" Shit!!!! အရွိန္တတ္ေနခါမွကြာ "
" သြားၾကည့္လိုက္ပါ မိလႈိင္ဘာေျပာစရာရွိလို႔လဲမွမသိတာ "
" မသြားခ်င္ဘူး "
" သြားလိုက္ပါဆို "
" ပီးေရာ "
စိတ္ထဲေတာ့ သိပ္မေက်နပ္ေပမဲ့ လြန္းကသြားခိုင္းေနတာေၾကာင့္ ဟန္နရီ တံခါးသြားဖြင့္လိုက္သည္
" ဘာလဲ "
" သခင္မႀကီးက ထမင္းစားဖို႔ေခၚခိုင္းလိုက္လို႔ပါ ေအာက္မွာအကုန္လုံးေစာင့္ေနၾကတယ္ "
" ပီးေရာ အခုလာခဲ့မယ္ "
" ဟုတ္ကဲ့ "
အခန္းထဲမွာ မတ္တပ္ေလးရပ္ပီးရပ္ပီး ေစာင့္ေနတဲ့ လြန္းဆီ ဟန္နရီေျပးသြားလိုက္သည္
" ထမင္းသြားစားရေအာင္ အခ်စ္...ပီးမွ ခုနကကိစၥဆက္လုပ္မယ္ "
" ခင္ဗ်ားေနာ္ "
" ကိုယ့္ကိုျပန္မေျပာနဲ႔ ကိုယ္ေျပာတာနားေထာင္ "
" ဘာေျပာလိုက္တယ္ ျပန္ေျပာပါအုံး "
" ေျပာလို႔ရမလားဆိုပီး စၾကည့္တာပါကြာ ေနာက္မေျပာေတာ့ဘူးေနာ္ "
" အခ်ိဳးေတြ ျပင္ေနာ္ "
" ျပင္ပါ့မယ္ ...ကိုယ့္ကိုအဲ့လိုႀကီးမၾကည့္ပါနဲ႔ ကိုယ္မေနတတ္လို႔ပါ "
" အဲ့တာဆို ေနာက္တခါ က်ေတာ့္ကိုမေအာ္နဲ႔"
" အင္းအင္း လုံး၀မေအာ္ဘူး "
" ပီးေရာ "
" အဲ့တာဆို ထမင္းသြားရေအာင္ေနာ္ "
" အြန္း "
ထမင္းစားခန္းထဲကို ႏွေယာက္တြဲ၀င္လာတဲ့ ဟန္နရီနဲ႔လြန္းကို
ေဒၚဆရီနာနဲ႔ အမ္မလီက သိပ္မႀကိဳက္တဲ့အၾကည့္ေတြနဲ႔သာၾကည့္ေနသည္ စားပြဲနားမွာ ရပ္ေနတဲ့အခိုင္းအေစေတြရဲ႕ အၾကည့္ေတြကလဲ ဟန္နရီတို႔ႏွေယာက္ဆီတြင္သာ...
အရင္ထဲက အၿမဲတိတ္ဆိတ္ေနတဲ့ ထမင္းစား၀ိုင္းေလးက ဒီေန႔လဲ ထုံးစံအတိုင္း တိတ္ဆိတ္ဆဲပင္...
ခဏအၾကာ ထမင္းစားေနရင္း လြန္းႏႈတ္ခမ္းေလးေတြက ရဲပီး မ်က္ရည္၀ဲလာတာကို ဟန္နရီသတိထားမိလိုက္သည္ ...
" ဘာျဖစ္လို႔လဲ လြန္း "
" ဘာမွမျဖစ္ဘူး "
အရင္ထဲက သူ႔ကိုအၿမဲလိမ္တတ္တဲ့ကေလးအေၾကာင္းသိေနတာေၾကာင့္ လြန္းစားေနတဲ့ထမင္းပန္းကန္ကို ဟန္နရီဆြဲယူလိုက္သည္...
ထမင္းပန္းကန္ထဲက င႐ုတ္သီးအရည္ေတြေၾကာင့္ လြန္းမ်က္ရည္ေလးေတြ၀ဲေနမွန္း ဟန္နရီ ခ်က္ခ်င္းသိသြားသည္
ဒီကေလးက ဘယ္တုန္းကမ်ား အစပ္စားႏိုင္လို႔လဲ...ဒါ တေယာက္ေယာက္က ပညာျပလိုက္တယ္ဆိုတာ ခန္႔မွန္းစရာေတာင္မလို...
" ဒီေလာက္ စားမရျဖစ္ေနတဲ့ ထမင္းကို ဆက္စားေနေသးတာလား "
" ဘာျဖစ္လို႔လဲ သား "
" လြန္းပန္းကန္ထဲမွာ င႐ုတ္သီးအရည္ေတြဒီေလာက္မ်ားေနတာ ဒီကေလးက ဘယ္လိုလုပ္ပီးစားႏိုင္မွာလဲ "
(အခုကိစၥကို ေဒၚဆရီနာလဲမသိတာေၾကာင့္ အံ့ၾသစြာျဖင့္သာ ပါးစပ္ပိတ္ေနလိုက္သည္....အမ္မလီကလြဲ၍ ဘယ္သူမ်ားရွိအုံးမွာလဲ....)
" မိလႈိင္ ဒီထမင္းပန္းကန္ကို အသစ္ျပန္လဲေပး "
" ဟုတ္ သခင္ေလး "
" က်ေတာ္ အဆင္ေျပပါတယ္ အဲ့တာပဲဆက္စားပါ့မယ္ "
" ကိုယ့္ကို စိတ္တိုေအာင္လုပ္ေနတာလား အခုလိုအခ်ိန္မွာေတာ့ ခုနကေပးခဲ့တဲ့ ကတိကို ကိုယ္လဲမတည္ႏိုင္ေတာ့ဘူးေနာ္ "
" က်ေတာ္ တကယ္အဆင္ေျပတာပါ "
အၿမဲတမ္း သူ႔ေၾကာင့္ တဖက္သား ဒုကၡမေရာက္ေစခ်င္တာေၾကာင့္ေခါင္းငုံ႔ခံေနတတ္တဲ့ ကေလးနဲ႔ေတာ့ တကယ္ခက္တာပါပဲ ဒီလိုၿငိမ္ခံေနေလေလ ပိုပီးအႏိုင္က်င့္ခံရေလ ျဖစ္မွာပဲေလ လြန္းတာေနဆန္းက တကယ္မလြယ္တဲ့ ငတုံးေလး....
" မင္း လက္ခ်က္မွတ္လား အမ္မလီ "
" ဟင့္အင္း လီလီလုပ္တာ မဟုတ္ဘူး...မိလႈိင္လုပ္တာ "
" ရွင္!!!! က်မအဲ့လိုမ်ိဳးေတြ တခါမွမလုပ္ဖူးပါဘူး "
" မလိမ္နဲ႔ နင္သူ႔ပန္းကန္ထဲ င႐ုတ္သီးအရည္ေတြေလာင္းထည့္လိုက္တာ ငါျမင္တယ္ "
အမ္မလီက မိလႈိင္ကို မ်က္ေစာင္းထိုးကာ ပါးစပ္ပိတ္ထားဖို႔ အခ်က္ေပးလိုက္တာေၾကာင့္ မိလႈိင္ပါးစပ္ပိတ္ကာ ေခါင္းေလးငုံ႔သြားရွာသည္....သူ႔လို အိမ္ေဖာ္တေယာက္က ဘယ္လိုမ်ား ၿပိဳင္ျငင္းႏိုင္ဖို႔ အင္အားရွိပါ့မလဲ....
" ေတာ္ပီ ထမင္းအသစ္လဲဆက္မစားနဲ႔ေတာ့ ကိုယ္တို႔အျပင္မွာ သြားစားၾကရေအာင္ "
" ရပါတယ္ က်ေတာ္ဒါပဲစားပါ့မယ္ "
" ကိုယ့္ကို အခုလိုပဲဆက္ျငင္းေနမယ္ဆိုရင္ သူတို႔ေရွ႕မွာတင္ပဲ ခ်ာတိတ္ကို ေပြ႕ခ်ီသြားရလိမ့္မယ္ေနာ္ "
" သား!!! မင္း လီလီ့ေရွ႕မွာ ဘယ္လိုေျပာေနတာလဲ လီလီ့ကိုလဲ အားနာပါအုံး "
" သူေတာင္ အားမနာတတ္တာ က်ေတာ္က ဘာကိုအားနာရမွာလဲ အခုကိစၥကလဲ တရားခံဘယ္သူဆိုတာ က်ေတာ္သိပီးသားမို႔ ဒီထမင္းစား၀ိုင္းကေန က်ေတာ့္လူကို ေခၚထုတ္သြားတာ က်ေတာ့္အလြန္ေတာ့မျဖစ္ေလာက္ပါဘူးေနာ္ မာမီ"
" သြားရေအာင္ "
လြန္းရဲ႕လက္ကို ဆြဲကာ အေပၚထပ္တတ္သြားတဲ့ ဟန္နရီကို ထမင္းစား၀ိုင္းမွလူေတြအကုန္လုံး မ်က္စိတဆုံးသာ ေငးၾကည့္ေနၾကသည္...အမ္မလီကေတာ့ ႏႈတ္ခမ္းကိုကိုက္ခါ အသားမ်ားပင္ တဆက္ဆက္တုန္ေနသည္...
**
" ဒီအေႏြးထည္ေလး၀တ္ထားလိုက္ အျပင္ေရာက္ရင္ ေအးမွာ "
" က်ေတာ္ဗိုက္လဲမဆာေတာ့ပါဘူး မိုးခ်ဳပ္ေနပီမို႔ အျပင္မသြားနဲ႔ေတာ့ေနာ္ က်ေတာ္အဆင္ေျပပါတယ္ "
"အၿမဲအဆင္ေျပပါတယ္ေျပာေနေပမဲ့ ရင္ထဲမွာအဆင္မေျပတာေတာ့ ကိုယ္သိတယ္ "
" ခင္ဗ်ား က်ေတာ့္အနားမွာရွိေနသ၍ က်ေတာ္အဆင္ေျပပါတယ္ "
" ကိုယ္က အနားမွာ အၿမဲရွိေနေပးမယ္ေနာ္ အဲ့အစား အခ်စ္ကကိုယ့္ကို ပိုခ်စ္ေပးရင္ရပီ "
အားကိုးရာမဲ့ေနတဲ့ ကေလးအတြက္ က်ေတာ္က သူ႔ရဲ႕တဦးတည္းေသာ ကာကြယ္ေပးႏိုင္မဲ့သူပဲေလ...အတိုက္အခိုက္ေတြမ်ားေနေပမဲ့ ကိုယ္တို႔ႏွေယာက္ရဲ႕ ခ်စ္ျခင္းကို ဘယ္သူကမ်ား ခြဲႏိုင္ပါ့မလဲ အခ်စ္ရယ္....
****
Other side:
" Hello.... "
" အေျခအေန ? "
" ဟန္နရီဗစ္တာက အခုထိ ေခါင္းမာေနတုန္းပဲ ကို "
" ကိုက အဲ့ေကာင္ဘ၀ပ်က္သြားတာပဲ ျမင္ခ်င္တာေနာ္ လီလီ "
" သူ႔ရဲ႕ အားနည္းခ်က္ကို ကိုေကာ လီလီေကာ သိေနတာပဲေလ မၾကာခင္ ကို႔စိတ္တိုင္းက် ျဖစ္ေစရမယ္... သူကိုယ္တိုင္ ကို႔ေရွ႕မွာ ဒူးေထာက္လာမွာပါ "
8.1.22
Grey
***