မျက်စိရှေ့မှာ လောင်ကျွမ်းနေတဲ့
လက်ကြားထဲ ညှပ်ထားသည့်
သောက်လက်စ ဆေးလိပ်တိုတစ်လိပ်ကို
အဆုတ်ထဲသို့ ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်သည် ။
သက်ပြင်းတစ်ခုနှင့်အတူ မှုတ်ထုတ်လိုက်သော
ဆေးလိပ်ငွေများသည်အမှောင်ကျလုလု
ဖြစ်နေသော အခန်းငယ်အတွင်း
ပျံ့လွင့်သွားကြသည် ။
Toilet နံရံကို ကျောမှီကာ
ဘယ်နှစ်လိပ်မြောက်မှန်းမသိသော
ဆေးလိပ်ကို သောက်နေမိသည် ။
မိမိလက်ထဲမှဆေးလိပ်ကို ဆွဲလုကာ
စိတ်မကြည်သည့် လေသံ
မျက်နှာပေးမျိုးနှင့်ပြောလာသော သူ။
လုယူခံလိုက်ရသော
ဆေးလိပ်ကို ပြန်လုဖို့ရော
နောက်ထပ်အသစ်တစ်လိပ်မီးညှိဖို့ရော
သူမလုပ်ဖြစ် ။ တိတ်ဆိတ်နေသော
အခန်းငယ်သည် တဒင်္ဂပြန်လည်
တိတ်ဆိတ်သွားပြန်သည် ။
" မင်း ဒါတွေနဲ့ပဲ အချိန်ကုန်နေမှာလား ဂျုံအင် "
အဖြေရှာမရတဲ့ မျက်လုံးတွေနဲ့
အတူမော့ကြည့်လာတဲ့
ဂျုံအင့်ကို ဆယ်ဟွန်း နားမလည်နိုင်စွာ
ကြည့်လိုက်တယ် အဲ့ဒီနောက်မှာ ဂျုံအင်က နဖူးပေါ်ဝဲကျနေတဲ့ သူ့ဆံပင်တွေကို
လက်နဲ့ သပ်တင်ရင်း ပြောသည် ။
"မင်း ဘာဖြစ်နေတာလဲ ကျွန်တော် ဘာလုပ်လုပ်
လိုက်Stalk နေတာလား အေးဆေးပေးနေလေ "
ဘာလဲကွာဆိုသည့် အမူအရာဖြင့်
ချက်ချင်းပင်ထရန်ပြင်လိုက်တော့
သူ ကျွန်တော့်၏ လက်ကောက်ဝတ်ကိုဖမ်းဆုပ်ရင်း တားဆီးလိုက်သည် ။
" သဘောကျလို့ "
တိတ်ဆိတ်နေတဲ့ အခန်းအတွင်း
လေတိုးသံပင် မကြားရတော့အောင်
တိတ်ဆိတ်ခြင်းက ပိုလာသည် ။
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်နေရင်းကပင်
ဂျုံအင်က တစ်အံ့တဩနဲ့
မျက်ခုံးတွေကို တွန့်ချိုးလိုက်သည် ။
" မင်း ဘာတွေပြောနေတာလဲ
ကျွန်တော် စိတ်မဝင်စားဘူး "
"ကိုယ် တကယ်ပြောနေတာ ဟွာဖြောင်း
မိတ်ဆတ်ပေးတဲ့နေ့ထဲက
ကိုယ်မင်းရဲ့ ဂျစ်ကန်ကန် ပုံစံလေးကို
သဘောကျခဲ့တာ "
အတည်ပေါက်ကြီး ပြောလာတဲ့
အိုဆယ်ဟွန်းကြောင့်
ရှက်လွန်းလို့ပင် မျက်နှာက နီရဲစ ပြုနေသည် ။
ပထမဆုံး အကြိမ် ယောကျ်ားတစ်ယောက်ဆီက
ခုလိုစကားကြားလိုက်ရတာမို့ ဂျုံအင် စိတ်လဲဆိုးသည် ။
"အဲ့တာ မင်းသဘောပါ ကျွန်တော် မကြိုက်ဘူး "
သူ့ကို ခပ်တိတိပဲ ပြော၍ ဂျုံအင်
ထွက်လာလိုက်သည် ။
အိုဆယ်ဟွန်း ဘယ်လိုကျန်ခဲ့မယ်ဆိုတာကိုလည်း မသိချင်တော့ ။
-----------------------------
အိုဆယ်ဟွန်း သည် ဆရာဝန်တစ်ယောက်
ဖြစ်သည့်တိုင် အရပ်ရှည်ရှည်
အသားဖြူဖြူနှင့် ဥပဓိရုပ်လဲ ကောင်းသည် ။
အညိုရောင် ဆံပင်တွေကို ပြောင်နေအောင်
သပ်တင်ထားပြီး မဲနက်နေတဲ့ မျက်ခုံးတွေ
ဖြောင့်တန်းနေတဲ့ နှာတံတို့က ချောမောမှုကို ပိုပြီး ပေါ်လွင်စေသည် ။
မေးရိုးများကလည်း ထင်းနေအောင်ကို
ပေါ်လွင်နေသည်။ အင်္ကျီ လက်ရှည်နဲ့
ဂျူတီကုတ်ကို အမြဲ ဝတ်ထားတာကြောင့်
ခြုံပြောရမယ်ဆိုရင်တော့ အင်မတန်မှကြည့်ကောင်းသော အမျိုးသားတစ်ဦးဖြစ်သည် ။
ရွေးချယ်စရာများသည့် နာရီများထဲမှ တစ်လုံးကို လက်တွင် ပတ်လိုက်သည် ။
ပြီးတဲ့နောက် ကားသော့ကို ယူကာ အောက်ထပ်သို့ ဆင်းခဲ့သည် ။
"သားသား မနက်စာ အဆင်သင့်ပဲနော် "
ထမင်းစားခန်းမှာ ဆီးကြိုနေတဲ့ အမေ ဖြစ်သူအား ဆယ်ဟွန်း ပြုံးပြလိုက်သည် ။
ခုံတွင် ဝင်ထိုင်ကာ ပြင်ဆင်ပေးထားတဲ့ မနက်စာကို ထိုင်စားလိုက်သည် ။
"သားသား မာမီ ပြောထားတဲ့ ကိစ္စ စဥ◌်းစားနေရဲ့လား "
ဆယ်ဟွန်းစားနေလက်စကို ရပ်ကာ
ရေသောက်သည် ။
အချိုပွဲထဲက ကွတ်ကီးတစ်ခုကို လှမ်းယူ၍
ပြောလိုက်သည် ။
"ကျွန်တော် စားလို့ ပြီးပြီ "
ထထွက်ဖို့ ပြင်နေတဲ့ ခြေလှမ်းတွေကို
တားဖို့ သူ့အမေက
ဆယ်ဟွန်း လက်ကို ဆွဲထားလိုက်တယ် ။
နောက်တော့ မျက်နှာချင်းဆိုင်
ဝင်ရပ်လိုက်ပြီး ပြောသည် ။
"ဆယ်ဟွန်း ဒါဘာလုပ်တာလဲ မာမီ မင်းကို စိတ်မဆိုးချင်ဘူး "
"ကျွန်တော် ဘယ်နှစ်ခါ ပြောရမှာလဲ ဆွန်းဟီးကို လက်မထပ်နိုင်ဘူးလို့
သူက ကျွန်တော့် type လဲမဟုတ်ပြန်ဘူး "
ပြောချင်ရာပြောပြီး ဆယ်ဟွန်း
ကားသော့ကို ကောက်ယူကာ
ထွက်လာလိုက်သည် ။
မနက်စစချင်းမှာ စိတ်ရှုပ်စရာ အပြည့်မို့
ဆယ်ဟွန်း တောက်တစ်ချက်ကို
ပြင်းပြင်းလေး ခေါက်လိုက်မိသည် ။
ကားကို အရှိန် ပြင်းပြင်းမောင်းလာပြီး
ခဏအတွင်းပင်
ကျောင်းကိုရောက်သည် ။
ကားပါကင်မှာ နေရာ ချပြီးတဲ့နောက်
ကန်တင်းဘက်ကို စိတ်ပြေလက်ပျောက်သွားရန် ပြင်လိုက်သည် ။
ဆောင်းရာသီ ဖြစ်တာကြောင့် လမ်းတစ်လျှောက် သစ်ပင်တွေမှာ ရေစက်လေးတွေက တွဲခိုနေသည် ။ နေထွက်လာလို့ ကြည်လင် နေတဲ့ ကောင်းကင်မှာတော့ အမည်မသိငှက်တွေ အုပ်စုလိုက် အသီးသီး
ကူးပျံနေကြသည် ။
"စီနီယာ "
ကန်တင်းကိုမရောက်ခင် နောက်မှ
ထွက်ပေါ်လာတဲ့ အသံကြောင့်
ဆယ်ဟွန်း လှည့်ကြည့်မိသည် ။
" အော် ဟွာဖြောင်း "
ဆယ်ဟွန်းမေးဆတ်ပြကာ သူ့အား
စကားဆက်စေလိုက်ပါသည် ။
" စီနီယာ့ကို တွေ့တာနဲ့ အတော်ပဲ
ကျွန်တော်တို့ ညကြ သောက်ကြမှာ
အကိုတို့လာ Join ဦးမလား ခင်ဗျ "
ဆယ်ဟွန်း ခဏကြာ စဉ်းစားပြီးမှ
"ဘယ်အချိန်လဲ ၆နာရီနောက်ပိုင်း
အကို အားတယ် "
ဟွာဖြောင်းက လိုချင်တာကို
ရသွားတဲ့ ကလေးလို ပြုံး၍ပြောသည် ။
"၆ခွဲမှစမှာ စီနီယာ ကျွန်တော်
ဖုန်းဆက်လိုက်မယ်နော် "
ဟွာဖြောင်းက Wink တစ်ချက် လုပ်ပြကာ
သွားတော့မယ်ဆိုတဲ့ အမူအယာဖြင့်
နှုတ်ဆက်သွားသည် ။
"ခုခေတ် ကလေးတွေများ အားနေ
သောက်ဖို့ပဲ သိကြတယ်"
______________
ညနေ ၆နာရီ ။
မနက်တည်းက ညနေ သောက်ဖို့
အစီအစဉ်ရှိကြောင်း ဟွာဖြောင်းက
ပြောထားတာမို့ အတန်းပြီးတာနဲ့
စာခဏဝင်ဖတ်ကာ ဆိုင်ဆီသို့ပြေးရသည် ။
လူရှုပ်ရင်မကြိုက်ပေမဲ့ ဒီရက်ပိုင်းတော့
ဂျုံအင်အထီးကျန်တယ် ခံစားရသည် ။
အိမ်ပြန်ရောက်တိုင်း ဆေးလိပ်နဲ့ပဲ
အဖော်လုပ်နေတာကလွဲရင် ရေရေရာရာ
ဟူ၍ မရှိ ။
ချယ်ရီပင်တွေတစ်ဆုံး လျှောက်ရတာဖြစ်လို့
ပန်းရနံ့ သင်းသင်းလေးတွေက
လမ်းတစ်လျှောက် သင်းပျံ့နေသည် ။
လမ်းအား ၁၅မိနစ်အကြာလောက်
လျှောက်အပြီးတွင်
သူတို့ချိန်းဆိုထားသော နေရာသို့
ရောက်လေပြီ ။
ဘိုဆန်ဆန် ပြင်ဆင်ထားသည့်
အပြင်အဆင်ကြောင့်
ဆိုင်အနေအထားလေးသည်
အရမ်းလှသည်ဟု ဆိုရမည် ။
ကျွန်တော် ဝင်လာတာ မြင်တော့ ဟွာဖြောင်းက
'ရေးးးးးး ဂျုံအင်လာပြီ 'ဆိုသည့် စကားနဲ့အတူ
သွားများပေါ်နေသည် အထိ ရီပြနေသည် ။
ဂျုံအင်က လက်ပြကာ ဟွာဖြောင်းဘေးဝင်ထိုင်လိုက်သည် ။
"ဂျုံအင် စီနီယာတို့လဲ လာနေပြီတဲ့ "
"...."
ကြောင်အသွားတဲ့ ဂျုံအင့်ကြောင့် ဟွာဖြောင်း
မျက်ခုံးများကို ပင့်တင်ကာ
"အာ ဟုတ်သားပဲ မင်းကိုပြောဖို့မေ့နေတာ
ဟိုတစ်ခေါက်က စီနီယာတွေလဲ ပါတယ် "
ဂျုံအင်ကတော့ သွားပြီပဲဆိုသည့်
အတွေးနဲ့ ခေါင်းငြှိမ့်ပြလိုက်သည်။
၁၀မိနစ်လောက် ကြာတဲ့နောက်မှာတော့
ကားအနက်ရောင် တစ်စီးက ဆိုင်ရှေ့ကို
ထိုးရပ်သည် ။
"ဟိုကိုကိုတွေ လာပြီ ထင်တယ် , ငါစောင့်နေတာ နောက်ဆုံးတော့ လာပြီပဲ "
စသဖြင့် တီးတိုးပြောတဲ့အသံတွေ ထွက်လာသည် ။
ဂျုံအင်က ရူးနေကြပီဆိုတဲ့ အကြည့်ဖြင့် ခေါင်းဆတ်ဆတ်လေး ခါလိုက်တယ် ။
"လာ စီနီယာ ဒီနားနေရာ လွတ်တယ် "
ဟွာဖြောင်းက ဂျုံအင့်ဘေးက ခုံလွတ်ကို မျက်စပစ်ပြကာ ခေါ်လိုက်ပါသည် ။
ဂျုံအင် တစ်ခဏလောက် နားထင်ကြော ထောင်သွားပေမဲ့ ဘာဖြစ်လဲ ဆိုတဲ့
အမူအရာနဲ့သာ ထိုင်နေလိုက်သည် ။
"ကဲ ဒါဆို လူစုံပြီဆိုတော့ စလိုက်ကြရအောင် "
Beer ခွက်ကို မြှောက်ပြီး ပြောလာတဲ့ ဟွာဖြောင်း စကား အဆုံးမှာ
အားလုံးက ခွက်ကိုယ်စီကိုင်ကာ စသောက်ကြတယ် ။
တစ်ခွက် နှစ်ခွက် သုံးခွက်မြောက်
"မင်း အရမ်း မသောက်နဲ့နော် "
အနားတိုးကာ လေသံအေးအေးဖြင့်
ပြောလာတာကြောင့် ဂျုံအင်
မျက်စောင်းထိုးလိုက်သည် ။
မသိသလိုဆက်နေတာ သူငယ်ချင်းတွေနား
ခွက်ကိုင်တာ ထသွားလိုက်သည် ။
"ဟေ့ကောင်တွေ သောက်ကြမယ် Cheer"
ခွက်ချင်းတိုက်တဲ့ အသံပြီးတဲ့နောက်မှာ
ဂျုံအင်က အကုန်မော့သောက်ပစ်လိုက်သည် ။
"မူးမယ်နော် ဂျုံအင် "
လှမ်းထောက်လိုက်တဲ့
ဟွာဖြောင်းစကားကို နှုတ်ခမ်းပါးတွန့်ရုံ ပြုံးကာ
" beer ပါကွာ အေးဆေးပါ "
အချိန်ကား ည၈နာရီ ။
အချိန်ကြာနေပီဖြစ်တာကြောင့်
ခေါင်းမထောင်နိုင်တဲ့လူက မထောင်နိုင်ဖြစ်နေလေပြီ ။ မမူးသေးသူတွေကတော့
အချင်းချင်း စကားစမြည် ထိုင်ပြောနေကြသည် ။
ဂျုံအင်နည်းနည်း ပူလာတာကြောင့်
အပြင်ဘက် လေညှင်းခဏ ထွက်ခံပြီး
ဆေးလိပ်သောက်မယ် ဆုံးဖြတ်လိုက်သည် ။
———-
လောင်မြိုက်နေတဲ့မီးတောက်ကို
ကြည့်ကာ အဆုတ်ထဲသို့ ခပ်ပြင်းပြင်း
ရှိက်ထုတ်လိုက်သည် ။
အပေါ်ထပ်ဖြစ်တာကြောင့်
ဆောင်းလေကလည်း အေးစပြုနေလေပြီ
ဒီအချိန်မှာ ဆေးလိပ်လေး ဖွာရတာက
တကယ် နတ်ပြည်ပါပဲလား ကင်ဂျုံအင်ရယ် ။
ပုခုံးကိုလာတင်တဲ့ လက်ကြောင့်
ဂျုံအင် လန့်ပြီး ဖယ်လိုက်မိသည်
အိုဆယ်ဟွန်း ။
" ...."
ဘာလဲဆိုတဲ့ အမူအရာနဲ့ ဂျုံအင် မေးဆတ်ပြသည် ။
ဆယ်ဟွန်းက သူ့လက်တွေနဲ့ ဂျုံအင့် ပုခုံးတွေကို
ကိုင်တာ သူ့ဘက်သို့ လှည့်စေသည် ။
မူးနေတဲ့အရှိန်ကြောင့် နီစွေးစပြုနေတဲ့
ပါးနှစ်ဖက်အပြင် ဆောင်းလေတိုက်နေတာမို့
နှာခေါင်းထိပ်လေးပါ နီရဲနေသည် ။
"ဘာလို့ ထိတာလဲ "
ဂျုံအင်က လက်တွေကို ဖယ်ချဖို့ ရုန်းသည် ။
အားခြင်းမမျှတာမို့ နေရာပင်မရွေ့ ။
" မင်း မူးနေပြီ ဘာလို့ ဆေးလိပ်ထပ်သောက်နေတာလဲ ကိုယ်ဆေးလိပ်သောက်တာကို မုန်းတယ် "
"အယ် "
လုံးဝ အံ့ဩသွားသည့် ဂျုံအင်က ဆယ်ဟွန်းမျက်နှာကို တည့်ကြည့်၍ ပြောသည် ။
"မင်း ရူးနေတာလား အိုဆယ်ဟွန်း
မင်းမုန်းတာနဲ့ပဲ ကျွန်တော် မလုပ်ရတော့ဘူးလား"
" မင်း "
ဆယ်ဟွန်း စကားတို့ ရပ်သွားတော့ ဂျုံအင်ကည
ဆက်ပြောလေ ဟူသည့်အမူအရာနဲ့ မေးဆတ်ပြသည် ။
"မင်းဆေးလိပ်ဆက်သောက်နေမယ်ဆိုရင်
တစ်ခါသောက်တိုင်း ကိုယ်မင်းကို တစ်ခါနမ်းမယ် "
သူ့စကားတွေကြောင့် ဂျုံအင် အမြဲတမ်း အံ့ဩရပါသည် ။ ဘာမှတောင်မဆိုင်ပဲ ချုပ်ချုပ်ချယ်ချယ်က လုပ်သည် ။ ဂျုံအင်က ဘာတွေလဲကွာဆိုတဲ့ အတွေးနဲ့ အသံထွက်အောင် ရယ်လိုက်သည် ။
" မင်းရူးနေလားကွာ မင်းကို ထိုးမှာ ကျွန်တော့်အသားကို ထိတာနဲ့ "
ပုခုံးကို လက်ညှိုးဖြင့် ထိ၍ပြောလာတဲ့ ဂျုံအင်ကို ဆယ်ဟွန်း စေ့စေ့ကြည့်လိုက်သည်။
" မင်း စမ်းကြည့်လေ ကိုယ်
မနောက်ဘူး ဂျုံအင်"
အဟက်
ဂျုံအင် လက်ထဲမှ ဆေးလိပ်ကို ထုတ်ကာ
မီးခြစ်ဖြင့်တေ့လိုက်သည် ။
အဲ့ဒီနောက် မျက်လုံးကို မှိတ်ချကာ
ပြင်းပြင်းလေး ရှိက်သွင်းလိုက်သည် ။
တစ်စက္ကန့်မျှပင် မကြာ
လက်တွေရဲ့ တင်းတင်း ကြပ်ကြပ်
ဖိထားမှုနဲ့အတူ
စိုစွပ်တဲ့ နှုတ်ခမ်း တစ်စုံရဲ့
အထိအတွေ့ကို သူခံစားလိုက်ရသည် ။
ဂျုံအင် မှိတ်ထားတဲ့ မျက်လုံးတို့
ပြန်ဖွင့်မိတာ မျက်လုံး အပြူးသား
ကြောင်၍ ငြိမ်နေမိသည် ။
" ဘယ်လိုလဲ သောက်ဦးမလား"
ထိုးမယ်ဆိုပီး အသံကောင်းဟစ်ထားပေမဲ့
အခုချိန်ထိ မျက်လုံး အပြူးသားနဲ့ ရပ်နေတဲ့
ဂျုံအင့်ကိုဆယ်ဟွန်း ပြုံး၍ ပြောလိုက်သည် ။
အဲ့ဒီနောက် နီရဲနေတဲ့ ပါးပြင်ကို သူ ခပ်ဖွဖွ နမ်းလိုက်တယ် ။
"ဒါက မင်း အသိပြန်ဝင်လာအောင် နမ်းပေးတာ"
ထွက်သွားတဲ့ ဆယ်ဟွန်း ကြောပြင်ကို
ရီဝေဝေ ကြည့်ကာ လက်သီးနှစ်ဖက်ကို
ခပ်တင်းတင်း ဆုပ်လိုက်သည် ။
ဆက်ရန်