𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...

By Amethyst_jei

7.8K 1.3K 244

မဖော်ပြတတ်ခဲ့တဲ့ချစ်ခြင်းတရားတွေကြောင့်ဘဝတွေနာရတယ်။ မေဖာ္ျပတတ္ခဲ့တဲ့ခ်စ္ျခင္းတရားေတြေၾကာင့္ဘဝေတြနာရတယ္။ ✓ Ame... More

INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-1]
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎8🤎(💔)
🤎9🤎 [P-1]
🤎9🤎[P-2]
🤎10🤎
🤎11🤎[P-1]
🤎11🤎[P-2]
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎[P-1]
🤎15🤎[P-2]
🤎16🤎
BROWN TAE

🤎17🤎

377 42 8
By Amethyst_jei

Unicode

အချစ်ဆိုတာဟာ ဘဝတွေမှာကြုံဆုံလာရမယ့်အရာတစ်ခု။
စိတ်ခံစားချက်တို့ကိုအလုပ်ပေးဖို့ ဖြစ်တည်လာမယ့်အရာတစ်ခု။

အချစ်ကြောင့်‌ပျော်ရသလိုအချစ်ကြောင့်ဝမ်းနည်းရမယ်။ ရင်ထဲတွေးလိုက်တိုင်းနွေးခနဲဖြစ်ရမယ့်အချစ်တွေဖန်တီးခဲ့ဖူးတယ်ဆို စိတ်ထဲတွေးလိုက်တိုင်း ဆစ်ခနဲနာကျင်ရမယ့်အခိုက်အတန့်တွေကိုပါကြုံဆုံရဖူးမှာပါ။

BROWN TAE🤎

ဘဝတစ်ဆစ်ချိုး။ အသက်နှစ်ဆယ်ပတ်ချာလည်မှာပဲ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆိုးတစ်‌ခုပေါ့။ ချစ်ခြင်းတရားဟာ ဖြစ်ရပ်ဆိုးလို့အမည်ခံလို့မရပေမယ့် အချစ်ကြမ်းတဲ့အရာတွေကတော့ ဖြစ်ရပ်ဆိုးလို့အမည်ခံခဲ့ရတာပါပဲ။

ဒီဖြစ်ရပ်မှာ သက်ဆိုင်သူတို့သာမက အဖက်ဖက်သောကပါ နာကျင်ရတာမို့ အားလုံးကဖြစ်ပြီးသားဆိုပေမယ့် မေ့ပျောက်ပြီးပဲနေလိုက်ချင်သလို မေ့ပျောက်ဖို့လည်းခက်ခဲလှတဲ့ဖြစ်ရပ်တစ်ခုပေါ့။

နောက်ဆုံးတော့လည်းအလိုမတူနိုင်တော့တဲ့ ချစ်ခြင်းတရားတွေထဲက အကုန်လုံးကျောခိုင်းကာ အားလုံးကိုယ့်ဘဝနဲ့ကိုယ်လျှောက်လှမ်းဖို့ခြေလှမ်းပြင်ကြတော့သည်။

ငါးနှစ်အကြာ......

2022 ရဲ့နှစ်တစ်နှစ်လုံးဟာ သူ့အတွက်ကံကောင်းတော့မည်ဟုပဲ ဟိုဆော့တစ်ထစ်ချတွေးလိုက်တော့သည်။ ကိန်းဂဏန်းလေးလုံးလုံးမှာ သုံညကလွဲလို့ကျန်တာဟာဆင်တူလေး။ ဟိုဆော့တော့ နှစ်စ‌ကိုကူးချည်ထဲက စိတ်ထဲပေါ့ပါးနေတော့သည်။

ကိုယ်မကြူးလွန်ပေမယ့် ကိုယ်ပါဝင်ခဲ့တဲ့အမှားတွေအတွက်အားလုံးပြန်ပြင်ဆင်ဖို့ နယ်မြေရပ်ခြားကိုထွက်သွားပြီး ရုံးခွဲတွေ‌ကိုသွားတာဝန်ယူပြီး လိမ္မာနေခဲ့တော့တာ။ စိတ်ထဲမွန်းကြပ်တယ်ခံစားရရင် ထိုနယ်မြေတစ်ဝှိုက်ကို လျှောက်လည်လိုက်နဲ့ ပျော်နေခဲ့ရပါတယ်။

ဒါပေမယ့် မိသားစုမရှိပဲ တစ်ယောက်နေရတာဟာ ညသန်းခေါင်ယံမှာတွေးကြည့်မိရင်ပိုဝမ်းနည်းဖို့ကောင်းနေသလိုပါပဲ။ ငါးနှစ်အကြာမှာတော့ ဘယ်လိုဖြစ်ဖြစ်နေနိုင်နေပြီမို့ မိသားစုရှိရာရပ်ဝန်းလေးဆီပဲပြန်လာခဲ့ပါတယ်။

နေနိုင်ပြီလား ဆို အင်း လို့ပဲဖြေမှာပဲ။ နာကျည်းသင့်တာလို့ထင်တာတွေနာကျည်းပစ်ပြီး မေ့သင့်တာတွေလည်းမေ့လိုက်ပါပြီ။ ‌အိမ်ကိုပြန်ရောက်တဲ့နေ့တွေကတော့ ထိုဖြစ်ရပ်ရဲ့ နောက်ဆုံးနေ့နဲ့အဆိုးရွားဆုံးနေ့ပဲမို့ ပြန်ပြောပြဖို့ခွန်အားတွေလည်းမရှိရသလို တွေးဖို့လည်းမဖြစ်နိုင်တော့တာရယ်။

ဘဝကိုယ်စီအတွက် လမ်းကိုယ်စီရွေးချယ်အပြီးမှာတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ရေစက်လေးဟာလည်း တစ်စက်မျှမကျန်ပဲ ကုန်ဆုံးသွားပြီလို့ထင်ပါတယ်။ ဂျောင်ဟိုဆော့အတွေးတွေဟာလွဲနေတတ်ပေမယ့် 2022 မှာတွေးသမျှတော့မှန်နေပါစေ။ ဒီနှစ်ဟာသူဖို့ ခံစားလို့အကောင်းဆုံးပဲ!

🤎

"ကင်မ်ပေါက်လေး! မူကြိုသွားရမယ်လေ။"

ဖအေဖြစ်သူ ထယ်ယောင်းရဲ့ နှိုးသံကိုကြားတာနဲ့ ကင်မ်ထယ်ရှိုင်း (Kim TaeShine) မှာလွန့်လူးလာတော့သည်။ အားလုံးမှာခြောက်နှစ်မှမူကြိုထားကြသော်လည်း သူကတော့ လေးနှစ်ကျော်လေးကိုမူကြိုထားရသည်။

အမ် မူကြိုဆိုတာထပ် ကလေးထိန်းကျောင်းကိုပေါ့။ ကင်မ်ထယ်ရှိုင်း ဆိုတဲ့ကလေးလေး။ သူ့သားလေး။ ငါးနှစ်အတွင်း အစအချိန်တွေမှာ ပြန်လမ်းမဲ့အပြစ်တွေကို ဆေးကြောသန့်စင်ပြီး အရိပ်မဲဆီကနေခေါ်ဆောင်လာပေးတဲ့ကလေး။

ကိုယ်သည်ငါးနှစ်လုံးလုံးအလုပ်တစ်ဖက် ပိစိကွေးလေးတစ်ဖက်နဲ့သာအချိန်ကုန်နေလိုက်သည်။ ကင်မ်ပေါက်စကြောင့် ရင့်ကျက်လာတယ်ဆိုရမလား ကိုယ့်ဘဝရဲ့ဇာတ်ခုံမှာ ဖျော်ဖြေရမယ့်သူသည် ကိုယ်ကိုယ်တိုင်နှင့် သားလေးသာရှိတော့တာကိုသိရသောအခါ ဘာမှလည်းမ‌တွေးတော့ပဲ အလုပ်လုပ်လိုက် သားဖို့အချိန်ဖြုန်းလိုက်နဲ့ပဲရှိနေလိုက်တော့သည်။

မေ့သင့်တာတွေမေ့ပစ်ပြီး လမ်းဟောင်းကိုထားခဲ့ပြီး လမ်းသစ်တွေဆီမှာ ကိုယ့်ဘဝအတွက်ပဲ ပန်းတွေပျိုးနေခဲ့ပြီပေါ့။ ဘယ်ဆီမှအတွေးမရောက်နိုင်လောက်အောင် အလုပ်နဲ့  ကင်မ်ပေါက်စကသာ ထယ်ယောင်းအပေါ်လွှမ်းမိုးထားလွန်းပါသည်။ တစ်ချို့ဟာရယူလိုတိုင်းမဖြစ်နိုင်ဘူးဆို ဖြစ်နိုင်တာကိုပဲရအောင်ယူရင်းကြိုးစားပါတော့မည် လို့ စိတ်ထဲအမြဲတွေးနေမိသည်။

တင်ပါးလုံးလုံးလေးကို တစ်ချက်ရိုက်လိုက်မှ ကုန်းရုန်းထလာတဲ့ကလေးလေး။

"ဖေ့သားလေး နိုးပြီကွ!"

တုတ်တုတ်တစ်တစ်ကောက်ကွေးလေးကိုချီလိုက်ကာ ရေချိုးခန်းထဲတန်းဝင်လာလိုက်သည်။ အလုပ်တွေဟာတစ်ခုထဲမဟုတ်။ အိမ်အလုပ်တွေဖို့လူမခေါ်ခဲ့။ နှစ်ထပ်အိမ်လေးထဲ သူရယ်သူ့သားရယ်သာ။ မနက်စာကအစ ကလေးဝေယာဝိစ္စအကုန် ထယ်ယောင်းတစ်ယောက်ထဲသာလုပ်သည်။ ညဘက်ဆို ကင်မ်ပေါက်စအိပ်မှ အလုပ်တွေလုပ်သည်။ ဒါပါပဲ။ တစ်နေ့ကနေ တစ်ပတ် တစ်ပတ်ကတစ်လ တစ်လက တစ်နှစ် ပြောင်းလဲလာတဲ့အချိန်တွေမှာ ဒီကလေးနဲ့သာ အချိန်ကုန်ဆုံးခဲ့ပါတယ်။

ကင်မ်ပေါက်စဖို့အားလုံးပြင်ဆင်ပေးပြီး ကင်မ်ပေါက်စရဲ့ ဝက်ဝံရုပ်ပါတဲ့ထမင်းဘူးလေးကိုယူကာ အိမ်ကနေသားအဖနှစ်ယောက်ထွက်လာခဲ့သည်။ အညိုရောင်.... အညိုရောင်တွေကိုမေ့လိုက်ချင်ပေမယ့်လည်း သားဖြစ်သူကအညိုရောင်နဲ့ပက်သက်သမျှကြိုက်လွန်းလှသည်။

အညိုရောင်ဝက်ဝံ အညိုရောင်ကိတ် အညိုရောင်ဖိနပ် အကုန်လုံးကိုအညိုရောင်နဲ့ပက်သက်တာတွေဝယ်ခိုင်းတာများသည်။ဒါတွေက အတိတ်ကိုသတိရစေကာ မေ့မရတဲ့အမှတ်တရတွေကို တစ်ပြန်တူးဖော်စေသည်။

"တာတာ့ "

ကလေးထိန်းကျောင်းဆီ ကားရပ်သောအခါ ဆရာမလေးကခြံအပေါက်ဝမှာစောင့်နေပေးသည်။

တာတာ့ ပြကာ ပုံဆွဲစာအုပ်တစ်အုပ်သာပါသောကျောပိုးအိတ်လေးကိုလွယ်ကာ အဖေဖြစ်သူမှကားတံခါးဖွင့်ပေးလိုက်တာနဲ့တစ်ချိုးတည်းဆင်းပြေးသွားတော့သည်။ ထမင်းဘူးလေးကိုင်ကာ နောက်သို့လိုက်ပေးရင်း

"ဆရာမရယ် မူကြိုလာရမယ်ဆိုသူအရမ်းပျော်နေတာ"

ထမင်းဘူးကိုဆရာမလက်ထဲထည့်ပေးရင်းပြောလိုက်သည်။ ဆရာမကလည်းပြုံးရယ်ရင်း

"ဝက်ဝံလုံးလေးက တက်ကြွတာပဲကွ ဟုတ်လား!" ဟု ကင်မ်ပေါက်စပါးလေးအားဆွဲကာမေးတော့သည်။

ကင်မ်ထယ်ယောင်းအပြင် တော်တော်များများက ထယ်ရှိုင်းကို ဝက်ဝံလေးလို့ချစ်စနိုးခေါ်တာများကြသည်။ အသုံးအဆောင်မှအစ အစားအသောက်ပါ ဝက်ဝံပစ်မှတ်တွေနဲ့မကင်းတာမို့လည်းပါပါလိမ့်မည်။

ကွေးကောက်နေတဲ့ဆံနွယ်တွေဟာ အဖေနဲ့တူရတဲ့အချက်ဖြစ်ပြီး ဖေဖေဝက်ဝံကြီးရဲ့သားလေး သားသားဝက်ဝံပေါက်စလေးဖြစ်တာကြောင့်လည်းဖြစ်မည်။

"အစ်မ?"

"ဟယ် ဟိုဆော့ နင်ဘယ်တုန်းကပြန်ရောက်တာလဲ!"

ဆရာမရဲ့ သူ့နောက်ကျောကိုကြည့်ကာခေါ်လိုက်သောအမည်နာမကြောင့် ထယ်ယောင်းလည်းယောင်ယောင်မှားမှားလှည့်ကြည့်မိသည်။ ဪ..... ယောင်ယမ်းကာဆုပ်ကိုင်မိခဲ့ဖူးသော ဆူးပါတဲ့နေကြာပန်းလေးဖြစ်နေခဲ့တာပဲ။

🤎

"မသွားချင်ဘူးမေမေ သားကလေးတွေထိန်းရတာဝါသနာမပါဘူး"

"နင့်အစ်မမှမနိုင်တာ ကူပြီးတစ်ခါတစ်လေသွားထိန်းပေးရတာဘာဖြစ်လဲ ရောက်တုန်းရောက်ခိုက်မျက်နှာသွားပြချေ"

အစ်မတစ်ဝမ်းကွဲဖြစ်သူ ဂျောင်ဟယ်ယွန်း မှာ ကလေးထိန်းကျောင်းရော မူကြိုပါဖွင့်ကာ  *င်မနိုင်ပဲကြီးဟင်းစားသောဆရာမလေးဖြစ်နေတာမို့ မျက်နှာလည်းပြရင်း ကလေးလည်းထိန်းပေးရင်းပေါ့။

လာရာလမ်းတစ်လျှောက်တော့ ပျော်ပျော်ပါပဲ။ အနည်းဆုံးတော့စိတ်သစ်လူသစ်နဲ့ပျော်ရနေရပြီ။ တစ်ခါပဲရတဲ့လူ့ဘဝမှာ လူသစ်လိုဆယ်ခေါက်လောက်ဖြစ်နေရတာဆန်းပေမယ့် လူသစ်တစ်ခါဖြစ်တိုင်းခံစားရမှုတွေဟာပိုရင့်ကျက်လာရပါတယ်။

ကား‌ကို လမ်းဘေးတစ်နေရာကိုသေချာထိုးရပ်ကာ မူကြိုရှိရာဆီလာခဲ့သည်။ မူကြိုရှေ့က ကားအကောင်းစားကြီးကိုတွေ့ရတဲ့အပြင် အစ်မကိုလည်းအပြင်မှာတွေ့တာမို့ မူကြိုလာပို့တာလို့ပဲထင်လိုက်သည်။ အနားရောက်တော့ မြင်‌ဖူးနေကြလို ကျောကိုတွေ့မိတော့ ယောင်ယောင်မှားမှားပဲ တစ်ယောက်သောသူကိုသတိရမိသည်။

သူဖြစ်နေခဲ့ရင်ရော ဖြစ်နေခဲ့ရင်တောင် ဟန်ဆောင်ပန်ဆောင်ပဲနှုတ်ဆက်ပြပြီးတော့ ဘယ်လောက်ထိနေနိုင်သွားပါကြောင်း မူသရုပ်ဆောင်ပြချင်ပါသည်။

ဘယ်လောက်ပဲလွမ်းရခဲ့ နာကျည်းခဲ့ရ ငိုခဲ့ရပေါ့။ ပြန်တွေ့ခဲ့ဖြစ်တဲ့တစ်ခေါက်တော့ ခေတ်လူငယ်တွေပြောသလို ချေမိုးပြလိုက်ပါအုံးမည်။

အနားရောက်တာနဲ့ မမြင်တွေ့ဖူးသလို အော်ခေါ်တော့တဲ့အစ်မကြောင့် ကိုယ်ထင်ခဲ့တဲ့ ယောင်ယောင်မှားမှားလူသည် တကယ်ဖြစ်နေကာကိုယ့်ကိုလှည့်ကြည့်လာတော့သည်။ လန့်သွားတာပေါ့ စိတ်ထဲတွေးထားတာ တကယ်ကျ ဘယ်ကိုပြန်ပြေးရမှန်းမသိ ရယ်ပြရမှန်းမသိတဲ့အဖြစ်။

ရည်းစားဟောင်းက ဘယ်တုန်းကမှကောင်းကျိုးမပေးပါလား! ရင်တုန်ပန်းတုန်နဲ့ ခုလက်ပါတုန်နေပြီ မဖြစ်ဘူး.....

"အင်း ဪ ထယ်ယောင်းပဲ မတွေ့ရတာတောင်ကြာပြီ ဒါမင်းရဲ့သားလေးလား ချောလိုက်တာ မင်းလိုပဲ ဟင်းးးဟင်းးး"

ဘာပြောရမှန်းလည်းမသိ ချေပြချင်တာလည်းမတရား အစ်မထပ်ကျော်ပြီးတော့ကိုနှုတ်ဆက်ပလိုက်တာ။ ရယ်သံက လုပ်ကြံပြီးရယ်ရတဲ့အသံကြီးနဲ့။ မမကလည်း ပြူးကြောင်ကြောင်။

"နေပါအုံး နေပါအုံး သူကနင့်ရဲ့ထယ်ယောင်းကြီးလား!"

အစ်မသည် အခုမှလန့်ဖြန့်ကာအော်မေးတော့ နှစ်ယောက်လုံးလန့်သွားတော့သည်။ သူ(မ) အနေနဲ့ ထယ်ယောင်းနဲ့ပက်သက်လို့အကြောင်းသာကြားဖူးပြီးလူမမြင်ဖူးခဲ့တာမို့ နာမည်တူမရှာလူတူမရှားလို့ထင်ခဲ့ရတာလေ။ ကင်မ်ပေါက်စ‌ကလည်းဘယ်ထဲကဆော့ချင်နေမှန်းမသိ အထဲဝင်သွားပြီမို့အပြင်မှာသူတို့သုံးယောက်ထဲ။

"ဟုတ်တယ် မမရာ နင်အထဲဝင်တော့လေ ကလေးတွေကြီးပဲမလား"

"အေးအေး"

မမသည်ဦးနှောက်ကိုအလုပ်ပြန်လုပ်ရတော့မယ်ပုံ‌ပေါ်ကာ ခေါင်းကိုလက်နဲ့တထုထုလုပ်ကာဝင်သွားတော့သည်။

"ကျွန်တော့သားလေ "

"မင်းတောင် မိသားစုရနေပြီပဲ"

"အင်း အစ်ကိုကရော?"

"ငါက လူလွတ်ဘဝမှာပျော်ကောင်းတုန်းပဲမို့ ကျန်တာမလိုသေးဘူး သွားခွင့်ပြုပါအုံး"

ထယ်ယောင်းသည် ကြောင်တောင်တောင်လေးရပ်ကာခြံပေါက်ဝမှာကျန်ခဲ့ရသည်။ အစ်ကိုဟိုဆော့သည် သွားခွင့်ပြုပါအုံး ဆိုတဲ့နောက် လှည့်ပင်မကြည့်ပဲ အိမ်လေးဆီဝင်သွားသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ချစ်ခြင်းတရားက ချစ်ခဲ့ဖူးရုံနဲ့တင် ဇာတ်သိမ်းခဲ့ပြီလား။ ပြန်တွေ့ကြတော့လည်း မိတ်ဆွေတစ်ယောက်လိုပဲနှုတ်ဆက်နိုင်လိုက်တာ နေနိုင်သွားဖို့အရမ်းပြင်ဆင်ခဲ့ပုံပဲ။

ထို့နောက်ထယ်ယောင်းလည်း ဆုံးဖြတ်ချက်တစ်ခုချရင်းပြုံး၍သာ ကားမောင်း၍ထွက်သွားတော့သည်။

ခုနောက်ပိုင်းစိတ်လှုပ်ရှားတိုင်းလက်တွေတုန်ရသည်။ပြောချင်ရာပြောပြီးထွက်သာလာရတာ လက်တွေဘယ်လောက်တုန်ရလဲ။ အချစ်ဟောင်းက အိမ်ထောင်ကျပြီး‌တာတောင် သူ့ရှေ့ရောက်ရင်အလွဲလွဲနဲ့ ဘာတွေဖြစ်မှန်းမသိ။

ထယ်ယောင်းပြောတဲ့ မိသားစုဆိုတာ အမျိုးသမီးမပါတဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ဘဝအသစ်ကိုဆိုလိုခဲ့သော်လည်း ဟိုဆော့ထင်တာ‌ကတော့ အိမ်ထောင်ဖက်တစ်ခုနဲ့ ကလေးလေးပါဝင်တဲ့ မိသားစုအသစ်ကိုဆိုလိုတာလို့ထင်ခဲ့သည်။

ဘဝတွေမှာပြီးတာတွေကပြီးသွားတာပဲမို့ အတိတ်ကအကြောင်းတွေကိုပြန်တွေး၍သာအနည်းငယ်ငိုင်မိသွားရသည်။ တကယ့်ကို ဝေးသွားကြရပြီပဲ အညိုရောင်ရယ်။မင်းမှာဖြင့် မိသားစုလေးနဲ့ပေါ့။

| ||||||||||||||||||||||||||||

ဒီလိုပါပဲ အချိန်တစ်ခုမှာချစ်ခဲ့ပြီး အချိန်တစ်ခုကျ ဝေးသွားကြတာပါပဲ။ မတွေ့ခဲ့ရင်သူစိမ်းတွေအဖြစ်ပဲနေခဲ့ရမှာ ချစ်မိကြပြန်တော့လည်း သူစိမ်းတွေပြန်ဖြစ်ခဲ့တယ်ဆိုပေမယ့် သတိတရတော့လည်းရှိပါတယ်။ ကိုယ်မပါတဲ့နေ့တွေမှာသူအဆင်ပြေနေပြီဆိုတာသိပေမယ့်ပေါ့။ ချစ်ခဲ့တယ်ဆိုတာ အတိတ်ရဲ့စိတ္တဇနာမ်တစ်ခုပါပဲ......။

အညိုရောင်ထယ်ဆိုတာ အတိတ်က ကိုယ့်အိမ်မက်တွေကိုလှစေခဲ့သူအပြင်မပိုပါဘူး။အညိုရောင်ထယ်ရေ အနာဂတ်တို့မှာ ထပ်မဆုံရတော့တာလည်းသိတာမို့ မင်းကိုအရမ်းချစ်ခဲ့ကြောင်းကိုလည်း အတိတ်ကိုစကားအကြုံပါးလိုက်ပါတယ်။ မင်းသိခဲ့ပြီးသားဆိုသော်လည်း....

ပြီးပါပြီ။

||||||||||||||||||||||||||||||||

Brown_Tae

အချပ်ပိုမျှော်ပေးပါ🤎

Thanks for reading
Amethyst_Jei

Zawgyi

အခ်စ္ဆိုတာဟာ ဘဝေတြမွာႀကဳံဆုံလာရမယ့္အရာတစ္ခု။
စိတ္ခံစားခ်က္တို႔ကိုအလုပ္ေပးဖို႔ ျဖစ္တည္လာမယ့္အရာတစ္ခု။

အခ်စ္ေၾကာင့္ေပ်ာ္ရသလိုအခ်စ္ေၾကာင့္ဝမ္းနည္းရမယ္။ ရင္ထဲေတြးလိုက္တိုင္းႏြေးခနဲျဖစ္ရမယ့္အခ်စ္ေတြဖန္တီးခဲ့ဖူးတယ္ဆို စိတ္ထဲေတြးလိုက္တိုင္း ဆစ္ခနဲနာက်င္ရမယ့္အခိုက္အတန႔္ေတြကိုပါႀကဳံဆုံရဖူးမွာပါ။

BROWN TAE🤎

ဘဝတစ္ဆစ္ခ်ိဳး။ အသက္ႏွစ္ဆယ္ပတ္ခ်ာလည္မွာပဲ ႀကဳံေတြ႕ခဲ့ရတဲ့ျဖစ္ရပ္ဆိုးတစ္ခုေပါ့။ ခ်စ္ျခင္းတရားဟာ ျဖစ္ရပ္ဆိုးလို႔အမည္ခံလို႔မရေပမယ့္ အခ်စ္ၾကမ္းတဲ့အရာေတြကေတာ့ ျဖစ္ရပ္ဆိုးလို႔အမည္ခံခဲ့ရတာပါပဲ။

ဒီျဖစ္ရပ္မွာ သက္ဆိုင္သူတို႔သာမက အဖက္ဖက္ေသာကပါ နာက်င္ရတာမို႔ အားလုံးကျဖစ္ၿပီးသားဆိုေပမယ့္ ေမ့ေပ်ာက္ၿပီးပဲေနလိုက္ခ်င္သလို ေမ့ေပ်ာက္ဖို႔လည္းခက္ခဲလွတဲ့ျဖစ္ရပ္တစ္ခုေပါ့။

ေနာက္ဆုံးေတာ့လည္းအလိုမတူနိုင္ေတာ့တဲ့ ခ်စ္ျခင္းတရားေတြထဲက အကုန္လုံးေက်ာခိုင္းကာ အားလုံးကိုယ့္ဘဝနဲ႕ကိုယ္ေလွ်ာက္လွမ္းဖို႔ေျခလွမ္းျပင္ၾကေတာ့သည္။

ငါးႏွစ္အၾကာ......

2022 ရဲ႕ႏွစ္တစ္ႏွစ္လုံးဟာ သူ႕အတြက္ကံေကာင္းေတာ့မည္ဟုပဲ ဟိုေဆာ့တစ္ထစ္ခ်ေတြးလိုက္ေတာ့သည္။ ကိန္းဂဏန္းေလးလုံးလုံးမွာ သုံညကလြဲလို႔က်န္တာဟာဆင္တူေလး။ ဟိုေဆာ့ေတာ့ ႏွစ္စကိုကူးခ်ည္ထဲက စိတ္ထဲေပါ့ပါးေနေတာ့သည္။

ကိုယ္မၾကဴးလြန္ေပမယ့္ ကိုယ္ပါဝင္ခဲ့တဲ့အမွားေတြအတြက္အားလုံးျပန္ျပင္ဆင္ဖို႔ နယ္ေျမရပ္ျခားကိုထြက္သြားၿပီး ႐ုံးခြဲေတြကိုသြားတာဝန္ယူၿပီး လိမၼာေနခဲ့ေတာ့တာ။ စိတ္ထဲမြန္းၾကပ္တယ္ခံစားရရင္ ထိုနယ္ေျမတစ္ဝွိုက္ကို ေလွ်ာက္လည္လိုက္နဲ႕ ေပ်ာ္ေနခဲ့ရပါတယ္။

ဒါေပမယ့္ မိသားစုမရွိပဲ တစ္ေယာက္ေနရတာဟာ ညသန္းေခါင္ယံမွာေတြးၾကည့္မိရင္ပိုဝမ္းနည္းဖို႔ေကာင္းေနသလိုပါပဲ။ ငါးႏွစ္အၾကာမွာေတာ့ ဘယ္လိုျဖစ္ျဖစ္ေနနိုင္ေနၿပီမို႔ မိသားစုရွိရာရပ္ဝန္းေလးဆီပဲျပန္လာခဲ့ပါတယ္။

ေနနိုင္ၿပီလား ဆို အင္း လို႔ပဲေျဖမွာပဲ။ နားက်ည္းသင့္တာလို႔ထင္တာေတြနာက်ည္းပစ္ၿပီး ေမ့သင့္တာေတြလည္းေမ့လိုက္ပါၿပီ။ အိမ္ကိုျပန္ေရာက္တဲ့ေန႕ေတြကေတာ့ ထိုျဖစ္ရပ္ရဲ႕ ေနာက္ဆုံးေန႕နဲ႕အဆိုး႐ြားဆုံးေန႕ပဲမို႔ ျပန္ေျပာျပဖို႔ခြန္အားေတြလည္းမရွိရသလို ေတြးဖို႔လည္းမျဖစ္နိုင္ေတာ့တာရယ္။

ဘဝကိုယ္စီအတြက္ လမ္းကိုယ္စီေ႐ြးခ်ယ္အၿပီးမွာေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ေရစက္ေလးဟာလည္း တစ္စက္မွ်မက်န္ပဲ ကုန္ဆုံးသြားၿပီလို႔ထင္ပါတယ္။ ေဂ်ာင္ဟိုေဆာ့အေတြးေတြဟာလြဲေနတတ္ေပမယ့္ 2022 မွာေတြးသမွ်ေတာ့မွန္ေနပါေစ။ ဒီႏွစ္ဟာသူဖို႔ ခံစားလို႔အေကာင္းဆုံးပဲ!

🤎

"ကင္မ္ေပါက္ေလး! မူႀကိဳသြားရမယ္ေလ။"

ဖေအျဖစ္သူ ထယ္ေယာင္းရဲ႕ ႏွိုးသံကိုၾကားတာနဲ႕ ကင္မ္ထယ္ရွိုင္း (Kim TaeShine) မွာလြန႔္လူးလာေတာ့သည္။ အားလုံးမွာေျခာက္ႏွစ္မွမူႀကိဳထားၾကေသာ္လည္း သူကေတာ့ ေလးႏွစ္ေက်ာ္ေလးကိုမူႀကိဳထားရသည္။

အမ္ မူႀကိဳဆိုတာထပ္ ကေလးထိန္းေက်ာင္းကိုေပါ့။ ကင္မ္ထယ္ရွိုင္း ဆိုတဲ့ကေလးေလး။ သူ႕သားေလး။ ငါးႏွစ္အတြင္း အစအခ်ိန္ေတြမွာ ျပန္လမ္းမဲ့အျပစ္ေတြကို ေဆးေၾကာသန႔္စင္ၿပီး အရိပ္မဲဆီကေနေခၚေဆာင္လာေပးတဲ့ကေလး။

ကိုယ္သည္ငါးႏွစ္လုံးလုံးအလုပ္တစ္ဖက္ ပိစိေကြးေလးတစ္ဖက္နဲ႕သာအခ်ိန္ကုန္ေနလိုက္သည္။ ကင္မ္ေပါက္စေၾကာင့္ ရင့္က်က္လာတယ္ဆိုရမလား ကိုယ့္ဘဝရဲ႕ဇာတ္ခုံမွာ ေဖ်ာ္ေျဖရမယ့္သူသည္ ကိုယ္ကိုယ္တိုင္ႏွင့္ သားေလးသာရွိေတာ့တာကိုသိရေသာအခါ ဘာမွလည္းမေတြးေတာ့ပဲ အလုပ္လုပ္လိုက္ သားဖို႔အခ်ိန္ျဖဳန္းလိုက္နဲ႕ပဲရွိေနလိုက္ေတာ့သည္။

ေမ့သင့္တာေတြေမ့ပစ္ၿပီး လမ္းေဟာင္းကိုထားခဲ့ၿပီး လမ္းသစ္ေတြဆီမွာ ကိုယ့္ဘဝအတြက္ပဲ ပန္းေတြပ်ိဳးေနခဲ့ၿပီေပါ့။ ဘယ္ဆီမွအေတြးမေရာက္နိုင္ေလာက္ေအာင္ အလုပ္နဲ႕ ကင္မ္ေပါက္စကသာ ထယ္ေယာင္းအေပၚလႊမ္းမိုးထားလြန္းပါသည္။ တစ္ခ်ိဳ႕ဟာရယူလိုတိုင္းမျဖစ္နိုင္ဘူးဆို ျဖစ္နိုင္တာကိုပဲရေအာင္ယူရင္းႀကိဳးစားပါေတာ့မည္ လို႔ စိတ္ထဲအၿမဲေတြးေနမိသည္။

တင္ပါးလုံးလုံးေလးကို တစ္ခ်က္ရိုက္လိုက္မွ ကုန္း႐ုန္းထလာတဲ့ကေလးေလး။

"ေဖ့သားေလး နိုးၿပီကြ!"

တုတ္တုတ္တစ္တစ္ေကာက္ေကြးေလးကိုခ်ီလိုက္ကာ ေရခ်ိဳးခန္းထဲတန္းဝင္လာလိုက္သည္။ အလုပ္ေတြဟာတစ္ခုထဲမဟုတ္။ အိမ္အလုပ္ေတြဖို႔လူမေခၚခဲ့။ ႏွစ္ထပ္အိမ္ေလးထဲ သူရယ္သူ႕သားရယ္သာ။ မနက္စာကအစ ကေလးေဝယာဝိစၥအကုန္ ထယ္ေယာင္းတစ္ေယာက္ထဲသာလုပ္သည္။ ညဘက္ဆို ကင္မ္ေပါက္စအိပ္မွ အလုပ္ေတြလုပ္သည္။ ဒါပါပဲ။ တစ္ေန႕ကေန တစ္ပတ္ တစ္ပတ္ကတစ္လ တစ္လက တစ္ႏွစ္ ေျပာင္းလဲလာတဲ့အခ်ိန္ေတြမွာ ဒီကေလးနဲ႕သာ အခ်ိန္ကုန္ဆုံးခဲ့ပါတယ္။

ကင္မ္ေပါက္စဖို႔အားလုံးျပင္ဆင္ေပးၿပီး ကင္မ္ေပါက္စရဲ႕ ဝက္ဝံ႐ုပ္ပါတဲ့ထမင္းဘူးေလးကိုယူကာ အိမ္ကေနသားအဖႏွစ္ေယာက္ထြက္လာခဲ့သည္။ အညိုေရာင္.... အညိုေရာင္ေတြကိုေမ့လိုက္ခ်င္ေပမယ့္လည္း သားျဖစ္သူကအညိုေရာင္နဲ႕ပက္သက္သမွ်ႀကိဳက္လြန္းလွသည္။

အညိုေရာင္ဝက္ဝံ အညိုေရာင္ကိတ္ အညိုေရာင္ဖိနပ္ အကုန္လုံးကိုအညိုေရာင္နဲ႕ပက္သက္တာေတြဝယ္ခိုင္းတာမ်ားသည္။ဒါေတြက အတိတ္ကိုသတိရေစကာ ေမ့မရတဲ့အမွတ္တရေတြကို တစ္ျပန္တူးေဖာ္ေစသည္။

"တာတာ့ "

ကေလးထိန္းေက်ာင္းဆီ ကားရပ္ေသာအခါ ဆရာမေလးကၿခံအေပါက္ဝမွာေစာင့္ေနေပးသည္။

တာတာ့ ျပကာ ပုံဆြဲစာအုပ္တစ္အုပ္သာပါေသာေက်ာပိုးအိတ္ေလးကိုလြယ္ကာ အေဖျဖစ္သူမွကားတံခါးဖြင့္ေပးလိုက္တာနဲ႕တစ္ခ်ိဳးတည္းဆင္းေျပးသြားေတာ့သည္။ ထမင္းဘူးေလးကိုင္ကာ ေနာက္သို႔လိုက္ေပးရင္း

"ဆရာမရယ္ မူႀကိဳလာရမယ္ဆိုသူအရမ္းေပ်ာ္ေနတာ"

ထမင္းဘူးကိုဆရာမလက္ထဲထည့္ေပးရင္းေျပာလိုက္သည္။ ဆရာမကလည္းၿပဳံးရယ္ရင္း

"ဝက္ဝံလုံးေလးက တက္ႂကြတာပဲကြ ဟုတ္လား!" ဟု ကင္မ္ေပါက္စပါးေလးအားဆြဲကာေမးေတာ့သည္။

ကင္မ္ထယ္ေယာင္းအျပင္ ေတာ္ေတာ္မ်ားမ်ားက ထယ္ရွိုင္းကို ဝက္ဝံေလးလို႔ခ်စ္စနိုးေခၚတာမ်ားၾကသည္။ အသုံးအေဆာင္မွအစ အစားအေသာက္ပါ ဝက္ဝံပစ္မွတ္ေတြနဲ႕မကင္းတာမို႔လည္းပါပါလိမ့္မည္။

ေကြးေကာက္ေနတဲ့ဆံႏြယ္ေတြဟာ အေဖနဲ႕တူရတဲ့အခ်က္ျဖစ္ၿပီး ေဖေဖဝက္ဝံႀကီးရဲ႕သားေလး သားသားဝက္ဝံေပါက္စေလးျဖစ္တာေၾကာင့္လည္းျဖစ္မည္။

"အစ္မ?"

"ဟယ္ ဟိုေဆာ့ နင္ဘယ္တုန္းကျပန္ေရာက္တာလဲ!"

ဆရာမရဲ႕ သူ႕ေနာက္ေက်ာကိုၾကည့္ကာေခၚလိုက္ေသာအမည္နာမေၾကာင့္ ထယ္ေယာင္းလည္းေယာင္ေယာင္မွားမွားလွည့္ၾကည့္မိသည္။ ဪ..... ေယာင္ယမ္းကာဆုပ္ကိုင္မိခဲ့ဖူးေသာ ဆူးပါတဲ့ေနၾကာပန္းေလးျဖစ္ေနခဲ့တာပဲ။

🤎

"မသြားခ်င္ဘူးေမေမ သားကေလးေတြထိန္းရတာဝါသနာမပါဘူး"

"နင့္အစ္မမွမနိုင္တာ ကူၿပီးတစ္ခါတစ္ေလသြားထိန္းေပးရတာဘာျဖစ္လဲ ေရာက္တုန္းေရာက္ခိုက္မ်က္ႏွာသြားျပေခ်"

အစ္မတစ္ဝမ္းကြဲျဖစ္သူ ေဂ်ာင္ဟယ္ယြန္း မွာ ကေလးထိန္းေက်ာင္းေရာ မူႀကိဳပါဖြင့္ကာ  *င္မနိုင္ပဲႀကီးဟင္းစားေသာဆရာမေလးျဖစ္ေနတာမို႔ မ်က္ႏွာလည္းျပရင္း ကေလးလည္းထိန္းေပးရင္းေပါ့။

လာရာလမ္းတစ္ေလွ်ာက္ေတာ့ ေပ်ာ္ေပ်ာ္ပါပဲ။ အနည္းဆုံးေတာ့စိတ္သစ္လူသစ္နဲ႕ေပ်ာ္ရေနရၿပီ။ တစ္ခါပဲရတဲ့လူ႕ဘဝမွာ လူသစ္လိုဆယ္ေခါက္ေလာက္ျဖစ္ေနရတာဆန္းေပမယ့္ လူသစ္တစ္ခါျဖစ္တိုင္းခံစားရမႈေတြဟာပိုရင့္က်က္လာရပါတယ္။

ကားကို လမ္းေဘးတစ္ေနရာကိုေသခ်ာထိုးရပ္ကာ မူႀကိဳရွိရာဆီလာခဲ့သည္။ မူႀကိဳေရွ႕က ကားအေကာင္းစားႀကီးကိုေတြ႕ရတဲ့အျပင္ အစ္မကိုလည္းအျပင္မွာေတြ႕တာမို႔ မူႀကိဳလာပို႔တာလို႔ပဲထင္လိုက္သည္။ အနားေရာက္ေတာ့ ျမင္ဖူးေနၾကလို ေက်ာကိုေတြ႕မိေတာ့ ေယာင္ေယာင္မွားမွားပဲ တစ္ေယာက္ေသာသူကိုသတိရမိသည္။

သူျဖစ္ေနခဲ့ရင္ေရာ ျဖစ္ေနခဲ့ရင္ေတာင္ ဟန္ေဆာင္ပန္ေဆာင္ပဲႏႈတ္ဆက္ျပၿပီးေတာ့ ဘယ္ေလာက္ထိေနနိုင္သြားပါေၾကာင္း မူသ႐ုပ္ေဆာင္ျပခ်င္ပါသည္။

ဘယ္ေလာက္ပဲလြမ္းရခဲ့ နာက်ည္းခဲ့ရ ငိုခဲ့ရေပါ့။ ျပန္ေတြ႕ခဲ့ျဖစ္တဲ့တစ္ေခါက္ေတာ့ ေခတ္လူငယ္ေတြေျပာသလို ေခ်မိဳးျပလိုက္ပါအုံးမည္။

အနားေရာက္တာနဲ႕ မျမင္ေတြ႕ဖူးသလို ေအာ္ေခၚေတာ့တဲ့အစ္မေၾကာင့္ ကိုယ္ထင္ခဲ့တဲ့ ေယာင္ေယာင္မွားမွားလူသည္ တကယ္ျဖစ္ေနကာကိုယ့္ကိုလွည့္ၾကည့္လာေတာ့သည္။ လန႔္သြားတာေပါ့ စိတ္ထဲေတြးထားတာ တကယ္က် ဘယ္ကိုျပန္ေျပးရမွန္းမသိ ရယ္ျပရမွန္းမသိတဲ့အျဖစ္။

ရည္းစားေဟာင္းက ဘယ္တုန္းကမွေကာင္းက်ိဳးမေပးပါလား! ရင္တုန္ပန္းတုန္နဲ႕ ခုလက္ပါတုန္ေနၿပီ မျဖစ္ဘူး.....

"အင္း ဪ ထယ္ေယာင္းပဲ မေတြ႕ရတာေတာင္ၾကာၿပီ ဒါမင္းရဲ႕သားေလးလား ေခ်ာလိုက္တာ မင္းလိုပဲ ဟင္းးးဟင္းးး"

ဘာေျပာရမွန္းလည္းမသိ ေခ်ျပခ်င္တာလည္းမတရား အစ္မထပ္ေက်ာ္ၿပီးေတာ့ကိုႏႈတ္ဆက္ပလိုက္တာ။ ရယ္သံက လုပ္ႀကံၿပီးရယ္ရတဲ့အသံႀကီးနဲ႕။ မမကလည္း ျပဴးေၾကာင္ေၾကာင္။

"ေနပါအုံး ေနပါအုံး သူကနင့္ရဲ႕ထယ္ေယာင္းႀကီးလား!"

အစ္မသည္ အခုမွလန႔္ျဖန႔္ကာေအာ္ေမးေတာ့ ႏွစ္ေယာက္လုံးလန႔္သြားေတာ့သည္။ သူ(မ) အေနနဲ႕ ထယ္ေယာင္းနဲ႕ပက္သက္လို႔အေၾကာင္းသာၾကားဖူးၿပီးလူမျမင္ဖူးခဲ့တာမို႔ နာမည္တူမရွာလူတူမရွားလို႔ထင္ခဲ့ရတာေလ။ ကင္မ္ေပါက္စကလည္းဘယ္ထဲကေဆာ့ခ်င္ေနမွန္းမသိ အထဲဝင္သြားၿပီမို႔အျပင္မွာသူတို႔သုံးေယာက္ထဲ။

"ဟုတ္တယ္ မမရာ နင္အထဲဝင္ေတာ့ေလ ကေလးေတြႀကီးပဲမလား"

"ေအးေအး"

မမသည္ဦးႏွောက္ကိုအလုပ္ျပန္လုပ္ရေတာ့မယ္ပုံေပၚကာ ေခါင္းကိုလက္နဲ႕တထုထုလုပ္ကာဝင္သြားေတာ့သည္။

"ကြၽန္ေတာ့သားေလ "

"မင္းေတာင္ မိသားစုရေနၿပီပဲ"

"အင္း အစ္ကိုကေရာ?"

"ငါက လူလြတ္ဘဝမွာေပ်ာ္ေကာင္းတုန္းပဲမို႔ က်န္တာမလိုေသးဘူး သြားခြင့္ျပဳပါအုံး"

ထယ္ေယာင္းသည္ ေၾကာင္ေတာင္ေတာင္ေလးရပ္ကာၿခံေပါက္ဝမွာက်န္ခဲ့ရသည္။ အစ္ကိုဟိုေဆာ့သည္ သြားခြင့္ျပဳပါအုံး ဆိုတဲ့ေနာက္ လွည့္ပင္မၾကည့္ပဲ အိမ္ေလးဆီဝင္သြားသည္။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္တို႔ခ်စ္ျခင္းတရားက ခ်စ္ခဲ့ဖူး႐ုံနဲ႕တင္ ဇာတ္သိမ္းခဲ့ၿပီလား။ ျပန္ေတြ႕ၾကေတာ့လည္း မိတ္ေဆြတစ္ေယာက္လိုပဲႏႈတ္ဆက္နိုင္လိုက္တာ ေနနိုင္သြားဖို႔အရမ္းျပင္ဆင္ခဲ့ပုံပဲ။

ထို႔ေနာက္ထယ္ေယာင္းလည္း ဆုံးျဖတ္ခ်က္တစ္ခုခ်ရင္းၿပဳံး၍သာ ကားေမာင္း၍ထြက္သြားေတာ့သည္။

ခုေနာက္ပိုင္းစိတ္လႈပ္ရွားတိုင္းလက္ေတြတုန္ရသည္။ေျပာခ်င္ရာေျပာၿပီးထြက္သာလာရတာ လက္ေတြဘယ္ေလာက္တုန္ရလဲ။ အခ်စ္ေဟာင္းက အိမ္ေထာင္က်ၿပီးတာေတာင္ သူ႕ေရွ႕ေရာက္ရင္အလြဲလြဲနဲ႕ ဘာေတြျဖစ္မွန္းမသိ။

ထယ္ေယာင္းေျပာတဲ့ မိသားစုဆိုတာ အမ်ိဳးသမီးမပါတဲ့ သူတို႔သားအဖႏွစ္ေယာက္ရဲ႕ဘဝအသစ္ကိုဆိုလိုခဲ့ေသာ္လည္း ဟိုေဆာ့ထင္တာကေတာ့ အိမ္ေထာင္ဖက္တစ္ခုနဲ႕ ကေလးေလးပါဝင္တဲ့ မိသားစုအသစ္ကိုဆိုလိုတာလို႔ထင္ခဲ့သည္။

ဘဝေတြမွာၿပီးတာေတြကၿပီးသြားတာပဲမို႔ အတိတ္ကအေၾကာင္းေတြကိုျပန္ေတြး၍သာအနည္းငယ္ငိုင္မိသြားရသည္။ တကယ့္ကို ေဝးသြားၾကရၿပီပဲ အညိုေရာင္ရယ္။မင္းမွာျဖင့္ မိသားစုေလးနဲ႕ေပါ့။

| ||||||||||||||||||||||||||||

ဒီလိုပါပဲ အခ်ိန္တစ္ခုမွာခ်စ္ခဲ့ၿပီး အခ်ိန္တစ္ခုက် ေဝးသြားၾကတာပါပဲ။ မေတြ႕ခဲ့ရင္သူစိမ္းေတြအျဖစ္ပဲေနခဲ့ရမွာ ခ်စ္မိၾကျပန္ေတာ့လည္း သူစိမ္းေတြျပန္ျဖစ္ခဲ့တယ္ဆိုေပမယ့္ သတိတရေတာ့လည္းရွိပါတယ္။ ကိုယ္မပါတဲ့ေန႕ေတြမွာသူအဆင္ေျပေနၿပီဆိုတာသိေပမယ့္ေပါ့။ ခ်စ္ခဲ့တယ္ဆိုတာ အတိတ္ရဲ႕စိတၱဇနာမ္တစ္ခုပါပဲ......။

အညိုေရာင္ထယ္ဆိုတာ အတိတ္က ကိုယ့္အိမ္မက္ေတြကိုလွေစခဲ့သူအျပင္မပိုပါဘူး။အညိုေရာင္ထယ္ေရ အနာဂတ္တို႔မွာ ထပ္မဆုံရေတာ့တာလည္းသိတာမို႔ မင္းကိုအရမ္းခ်စ္ခဲ့ေၾကာင္းကိုလည္း အတိတ္ကိုစကားအႀကဳံပါးလိုက္ပါတယ္။ မင္းသိခဲ့ၿပီးသားဆိုေသာ္လည္း....

ၿပီးပါၿပီ။

||||||||||||||||||||||||||||||||

Brown_Tae🤎

အခ်ပ္ပိုေမွ်ာ္ေပးပါ

Thanks for reading
Amethyst_Jei

Continue Reading

You'll Also Like

427K 88.9K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
80.1K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
2.1M 89.2K 75
" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန္! ! ငါ မင္းကိုေသေလာက္ေအာင္မုန္းတယ္ " "...